← Chapters

ကျမ်းများ

Vol. 20 Ch. 273

ကျမ်းများ

Vol. 20 Ch. 273

အခန်း (၂၇၃) : ကျမ်းများ

ဝမ်ဝေ့က နေရာယူပြီးသည့်နောက်တွင် ကျိုချက်ထားသော ဉာဏ်အလင်းပွင့်အဖန်ရည်ကို ထုတ်ကာ သောက်လိုက်သည်။ ထို့နောက် သူက ခရမ်းရောင် ကုသိုလ်ကိုပါ ထုတ်ယူပြီး စုပ်ယူလိုက်သည်။ ဝူဟုန်က သူ့အား ဘာပြဿနာမှ မရှိကြောင်း အာမခံထား၍ သူ့အနေနှင့် စိတ်ပူစရာမလိုဘဲ အားကောင်းကာ ထူးခြားသည့် ကျင့်စဉ်ကို ဖန်တီးဖို့အတွက် စိတ်ချလက်ချ သုံးနိုင်လေပြီ။

ထို့နောက် ဝမ်ဝေ့က ချက်ချင်းဆိုသလို ဉာဏ်အလင်းပွင့်အခြေအနေသို့ ကျရောက်သွားလေသည်။

သူ တစ်ယောက်တည်း ဒီလိုလုပ်ခြင်း မဟုတ်ပေ။ တခြားသော အားကောင်းသည့် ကောင်းကင်ရွေးချယ်ခံများကလည်း ဉာဏ်အလင်းပွင့်အခြေအနေကို တိုးမြှင့်ပေးနိုင်သည့် ပစ္စည်းမျိုးကို ထုတ်လာကြသည်။ အများစုက ကမ္ဘာတွင် လတ်တလော အဖြစ်အပျက်များကြောင့် ရရှိထားသည့် ကုသိုလ်ကို အသုံးပြုကြလေသည်။

ဤဖြစ်စဉ်အတွက် လင်းဖန်ပင် ကုသိုလ်ဖြင့် ချီးမြှင့်ခံထားရသည်။ သူတို့က ကျောင်းတော်၏ ထိန်းသိမ်းထားမှုတချို့မှ သူ့အား ထုတ်ပေးလာသည်။ ထို့ကြောင့် ကျောင်းတော်ဘက်မှ ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် သူ့ထံ မည်မျှ ရင်းနှီးမြှုပ်နှံဖို့လိုကြောင်း ပြသလာလေသည်။

ဤသည်က အဆုံးသတ် မဟုတ်ပေ။ ကောင်းကင်ရွေးချယ်ခံအားလုံးက သူတို့၏ အင်အားစုတစ်ခုလုံးက ချီကံကောင်းမှုဖြင့် ကောင်းချီးပေးခံထားရသောကြောင့် သူတို့၏ နားလည်နိုင်စွမ်းက သိသိသာသာ တိုးမြင့်လာလေသည်။

ထိုထိပ်တန်း ကောင်းကင်ရွေးချယ်ခံများ၏ အရေးသာချက်များက နောက်ခံ နိမ့်ကျသူများကို အားကျစေသည်။ သူတို့က သူတို့၏ အင်အားစုများမှ ချီကံကောင်းမှု အကျိုးအမြတ်ကို ရရှိနိုင်သော်လည်း ဧကရာဇ်မျိုးနွယ်များနှင့် ယှဉ်နိုင်မည်လား။

လေလွင့်ကျင့်ကြံသူများက ထိပ်တန်းအယောက်သုံးဆယ်အတွင်း ဝင်နိုင်ဖို့ ကံကောင်းဖို့ လိုအပ်ပြီး သူတို့က လေလွင့်ကျင့်ကြံသူအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက် မဟုတ်သရွေ့ အခွင့်အရေး မရှိပေ။ ထို့အပြင် လေလွင့်ကျင့်ကြံသူ မဟာမိတ်က အရင်းအမြစ်အတွက် တစ်ယောက်နှင့်တစ်ယောက် အသုံးချလိုသည့် လူများဖြင့်သာ ဖွဲ့စည်းထားသောကြောင့် သူတို့၏ ချီကံကောင်းမှုက ပြန့်ကျဲနေလေသည်။

ဝမ်ဝေ့က မျက်လုံးမှိတ်ပြီးလိုက်သည့်နောက်တွင် ဗလာကျင်းနေသော နေရာလွတ်တစ်ခုအတွင်းသို့ ရောက်ရှိသွားကြောင်း သိလိုက်ရသည်။ သူ့နောက်တွင် သစ်ပင်တစ်ပင် ရှိနေ၏။ သူက ထိုသစ်ပင်ကိုမှီရင်း တင်ပျဉ်ခွေ ထိုင်လိုက်သည်။

သိပ်မကြာခင် သူ့ရှေ့တွင် ပုံရိပ်ယောင်ပုံရိပ်များစွာ ပေါ်ထွက်လာလေသည်။ ထိုထဲတွင် အမျိုးသား၊ အမျိုးသမီး၊ အကြီးအကဲနှင့် ကလေးများပင် ပါဝင်လေ၏။ သူတို့၏ သွင်ပြင်များက မည်သို့ပင် ဖြစ်စေကာမူ တူညီချက်က တစ်ခုတော့ ရှိလေသည်။ သူတို့အားလုံး၏ ခန္ဓာကိုယ်မှ မြင့်မြတ်သည့် အငွေ့အသက်များ ထုတ်လွှတ်နေ၏။ ထိုလူများ ပေါ်ထွက်လာသည့်နှင့် ဝမ်ဝေ့က ထိုလူများသည် မဟာဧကရာဇ်များဖြစ်ကြောင်း တန်းသိလိုက်သည်။

ထို့နောက် သူတို့ပေါ်ထွက်လာပြီးနောက် ထိုဧကရာဇ်များက စတင်ဟောပြောကြလေသည်။ တချို့က သူတို့၏ တာအိုအကြောင်းကို ဟောပြောကြပြီး၊ တချို့က တခြားတာအိုများ၏ သူတို့၏ နားလည်နိုင်စွမ်းအပေါ် ဟောပြောပို့ချကြသည်။

အကယ်၍ သာမန်ကျင့်ကြံသူသာ ထိုလူများ၏ ဟောပြောချက်ကို နားထောင်ပါက ၉၉ရာခိုင်နှုန်းလောက်က ထိုစကားများ၏ အဓိပ္ပာယ်ကို နားလည်မည် မဟုတ်ပေ။ ကျန်ရှိနေသော တစ်ရာခိုင်နှုန်းအတွက်မူ ထိုစကားများ၏ အဓိပ္ပာယ်ကို ဖမ်းဆုပ်နိုင်ရုံမျှသာ ဖြစ်လိမ့်မည်။

ကံဆိုးစွာဖြင့် ဝမ်ဝေ့၏ နားလည်နိုင်စွမ်းက ကောင်းကင်ဘုံ သွေဖယ်နေလေသည်။ သူက ထိုတာအိုများ၏ အနှစ်သာရကို အလျင်အမြန် စုပ်ယူပြီး သူ့ကိုယ်ပိုင်အဖြစ် ပြောင်းလဲနိုင်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက သူ့ကိုယ်ပိုင်အဖြစ် စတင်ပုံဖော်လိုက်၏။

ဤသို့ဖြင့် နှစ်နှစ်ရာ ကုန်ဆုံးသွားလေသည်။ လျှို့ဝှက်နယ်မြေအတွင်း ကောင်းကင်ရွေးချယ်ခံများ နေရမည့် အချိန်ပမာဏကန့်သတ်ချက်က ရောက်ရှိလာလေပြီ။ ယခုအချိန်တွင် နိုးထဖို့ လူငါးယောက်သာ ကျန်ရှိတော့၏။ အခြားသောလူများက ဉာဏ်အလင်းပွင့်အခြေအနေတွင် အကြာကြီး မနေနိုင်ကြသောကြောင့် နိုးထလာကြသည်။ အပျင်းသမား ကိုယ်လူချောပင် နှစ်၁၂၀ အထက် ကြာကြာ မနေနိုင်ပေ။

ပထမဆုံး နိုးထလာသူမှာ ၅ခုံမြောက်တွင် ထိုင်နေသည့် စွင်းကျောင်းလုံ ဖြစ်၏။ သူ့ဝန်းကျင်တွင် အမြင်အာရုံတစ်ခု ပေါ်ထွက်လာသည်။ ဤသည်က သရဖူဆောင်းထားပြီး ရွှေရောင်ဓားကို ကိုင်ဆောင်ထားသည့်သူ ဖြစ်သည်။ သူ့အား ဦးညွှတ်နေသည့် လူသားစစ်တပ်ကြီး ရှိနေပြီး သူက သူတို့အား ဦးဆောင်ကာ မိုးမြေကြား တိုက်ခိုက်နေသည်။

ထိုအမြင်အာရုံ ဖြစ်တည်လာပြီးသည့်နောက် သိပ်မကြာခင် စွင်းကျောင်းလုံ၏ ရှေးဟောင်းမီးအိမ်မှ မူလအမှတ်အသား ၅၀၊ ကံကြမ္မာကောင်းမီးတောက် ၁၂ရောင်တို့ဖြင့် ပုံပေါ်လာသည်။ ထို့နောက် မီးတောက်က သူ့ခန္ဓာကိုယ်အား စတင်လောင်ကျွမ်းလာသောကြောင့် ညည်းညူလိုက်ရသည်။

ထိုဖြစ်စဉ်က မိနစ်ပိုင်းမျှသာ ကြာမြင့်သော်လည်း သိပ်မကြာခင် သူ့ခန္ဓာကိုယ်မှ အားကောင်းသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့်၏ အရှိန်အဝါ ဖြစ်၏။

စွင်းကျောင်းလုံက သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ကောင်းကင်တွင် တိမ်တိုက်များ စုဝေးလာလေသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ကောင်းကင်ထံသွားကာ သူ့ ကောင်းကင်စမ်းသပ်ချက်နှင့် တွေ့ဆုံလိုက်သည်။

ထိုစဉ် လျှို့ဝှက်နယ်မြေအပြင်ဘက်ရှိ လူများက အဖြစ်အပျက်ကို စောင့်ကြည့်နေကြသည်။ ယခင်က ပထမပိုင်းတွင် ပြိုင်ပွဲအတွင်း ထိုကောင်းကင်ရွေးချယ်ခံများ ဖန်တီးထားသည့် ကျမ်းများက မည်မျှအားကောင်းကြောင်း သိရှိလိုကြ၍ ထုတ်လွှင့်ခြင်း ဖြစ်ပြီး ဤအပိုင်းကား အနည်းငယ် ထူးခြားလေသည်။

ဤတစ်ကြိမ် ကျောင်းတော်က ရုပ်သံလွှင့်ဖို့ ကန့်ကွက်ချင်သော်လည်း တခြားအင်အားစုအားလုံးက သဘောမတူခဲ့ကြပေ။ သူတို့က ကျောင်းတော်သည် သူတို့ ကောင်းကင်ရွေးချယ်ခံများ၏ သတင်းအချက်အလက်များကို စုဆောင်းနိုင်စဉ် သူတို့က အတူတူ မလုပ်နိုင်၍ သဘောမတူကြပေ။ ထို့ကြောင့် ဆက်လက် ရုပ်သံလွှင့်ဖို့သာ သဘောတူညီချက် ဖြစ်သွားကြ၏။

စွင်းကျောင်းလုံက ကောင်းကင်စမ်းသပ်ချက် ခံယူစဉ် လူများစွာက သူ့အား မှတ်ချက်ပေးနေကြသည်။

“ ဒါက တပ်မဟာအုပ်ချုပ်သူ သဘောတရားကို အခြေခံထားတဲ့ ကျမ်းပဲ။ အုပ်ချုပ်သူအရှင်က သူ့လူတွေကို ဦးဆောင်ပြီး ရန်သူတွေအားလုံးကို သတ်ဖြတ်နှိမ်နင်းပစ်မယ်။ သံမဏိသွေး အုပ်ချုပ်သူ….အရမ်းအားကောင်းတာပဲ”

“ ဟုတ်တယ်။ သူ့လက်ထဲက လူသားကံကြမ္မာဓားနဲ့ဆိုရင် သူက ပိုတောင်အားကောင်းလာဦးမယ်။”

“ အခု သူက ပြဿနာက ဘာလို့ အခုမှ ထုတ်ပြလဲဆိုတာပဲ။ မဟာဝူတော်ဝင်တိုင်းပြည်က လူတွေက ဒီဓားအကြောင်း ငြင်းဆန်နေတာ ကြာလှပြီပဲ။ အခုမှ ဘာလို့ ဒီအချက်အလက်ကို ထုတ်ဖော်ပြရတာလဲ”

“ အခု သူက နောက်အဆင့် မရောက်ခင်အထိ ကောင်းကင်တာအိုရဲ့ ကာကွယ်ခြင်းခံရပြီး မသေရတော့လို့ မဟုတ်ဘူးလား”

“အဲလိုဖြစ်နိုင်တယ်။ သူတို့တစ်ခုခု ကြံစည်နေတာလည်း ဖြစ်နိုင်တယ်”

ထိုစဉ် စွင်းကျောင်းလုံက သူ့ကောင်းကင် စမ်းသပ်ချက်အပြီးတွင် ဉာဏ်အလင်းပွင့် အခြေအနေတွင် ရှိနေဆဲလူများကို ကြည့်ကာ မျက်မှောင်ကြုတ်မိသွားသည်။ သူက ပထမဆုံး နိုးထလာ၍ အနည်းငယ် အံ့အားသင့်သွားမိ၏။ သို့သော်လည်း သိပ်မကြာခင် သူက သူ့အံ့ဖွယ်အသိစိတ်ထဲရှိ ရွှေရောင်ဓားကို စစ်ဆေးကြည့်လိုက်ပြီးနောက် ယုံကြည်ချက် ရှိသည့်အမူအရာ ပေါ်ထွက်လာလေသည်။

သူက ဘာမှမပြောဘဲ သူ့နေရာတွင် ထိုင်ကာ ဝင်စောင့်လိုက်သည်။

နာရီအနည်းငယ် ကြာမြင့်ပြီးနောက် နောက်လူတစ်ယောက် နိုးထလာလေသည်။ ထိုလူက တတိယနေရာတွင် ထိုင်နေသည့် စုယာ ဖြစ်၏။ စွင်းကျောင်းလုံကဲ့သို့ သူမနောက်တွင် အမြင်အာရုံတစ်ခု ပေါ်ထွက်လာသည်။ ထိုအမြင်အာရုံတွင် စုယာက လူအုပ်ကြီးရှေ့ မတ်တပ်ရပ်နေလေသည်။ သို့သော် ထိုလူအုပ်ကြီးက သူမပင် ဖြစ်နေသည်။ ထို့အပြင် အမြင်အာရုံအသီးသီးက အဆုံးမဲ့လေဟာနယ်အတွင်းရှိ ကမ္ဘာအသီးသီးဆီ ပြန့်ကျဲသွားလေသည်။ ကြည့်ရသည်မှာ အရေအတွက်က အဆုံးမဲ့လှဟန်ပေါ်သည်။

သိပ်မကြာခင် စုယာ၏ ရှေးဟောင်းမီးအိမ်နှင့် ကံကြမ္မာကောင်းမီးတောက်တို့ ပေါ်လာကာ အံ့ဖွယ်ခန္ဓာကိုယ်အဆင့်သို့ တက်လှမ်းသွားလေသည်။ ထို့နောက် စုယာက မျက်လုံးဖွင့်ကြည့်လိုက်သော်လည်း ကောင်းကင်စမ်းသပ်ချက်ကို ချက်ချင်း မခံယူသေးပေ။

သူ့ရှေ့တွင် ကျမ်းစာအုပ် ၇အုပ် မြောလွင့်နေပြီးနောက် ၈ခုမြောက် ဖြစ်တည်လာသည်။

ငါတို့ဂိုဏ်းက ဧကရာဇ်တိုင်းက စိတ်ခံစားချက် ၇မျိုးထဲက တစ်ခုကို အဆုံးစွန်အထိ ကျင့်ကြံပြီး တာအိုကို သက်သေပြခဲ့ကြတယ်။ ငါ့မျိုးဆက်မှာငါက စိတ်ဆန္ဒ ၆ မျိုးကို စတင်ကျင့်ကြံတယ်။ ငါက အသက်ရှင်ဖို့၊ ရှင်ကျန်ဖို့၊ ပြောရရင် သေခြင်းတရားကို ရှောင်လွှဲဖို့ သက်ရှိတွေအားလုံးမှာရှိတဲ့ စိတ်ဆန္ဒကို ရွေးချယ်ခဲ့တယ်….

သူမက ဘေးပတ်လည်ကို ကြည့်ပြီးနောက် ဒုတိယမြောက် နိုးထလာသူဖြစ်ကြောင်း သတိပြုလိုက်မိသည်။ သူမက မျက်မှောင်ကြုတ်ကာ နောက်တွင် ထိုင်နေသည့် လင်းဖန်အား ကြည့်လိုက်သည်။

ဒီကောင်က အားနည်းချက်တွေရှိနေပေမဲ့ သူ့အလားအလာကတော့ တကယ်အစစ်အမှန်ပဲ။ သူ့ကို လျှော့တွက်လို့ မဖြစ်ဘူး

ထို့နောက် သူမက ရှေ့တွင် ထိုင်နေသည့် ကျန့်ဝူရွှမ်းအား ကြည့်လိုက်သည်။

ရှင့်အတွက်တော့ ရှင့်ကို ရှင်းပစ်ဖို့ ကျွန်မအစီအစဉ် စတင်ရမဲ့အချိန်ပဲ …

စုယာက တိမ်တိုက်ဆီ ပျံသန်းသွားပြီးနောက် ကောင်းကင်စမ်းသပ်ချက်ကို ခံယူလိုက်သည်။ ထိုစဉ် အပြင်ဘက်ရှိလူများက သူမအား မှတ်ချက် ပေးနေကြသည်။

“ ဒီမျိုးဆက်ရဲ့ သူတော်စင်မက သူမဘိုးဘေးတွေရဲ့ အမွေအနှစ်ကို ဆက်လက်တည်မြဲစေမှာပဲ”

“ ဟုတ်တယ်။ ယင်စန္ဒာနန်းတော် ချီယွီလျှိုချင်ကျမ်း … အဲဒါက ဧကရာဇ်ကျမ်း ၇ခုကို တစ်ခုတည်းအဖြစ် ပေါင်းထားတဲ့ဟာလေ။ အခု သူမက ၈ခုမြောက် အခန်းဆက်ကို ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီ”

“ တကယ်လို့ သူတို့သာ ၁၃ယောက်မြောက် ဧကရာဇ်ကို မွေးထုတ်နိုင်ပြီး စာအုပ်ကို အပြီးသတ်နိုင်ခဲ့ရင် ဘယ်လောက်တောင် အားကောင်းသွားလိုက်မလဲ”

“ အတိတ်၊ ပစ္စုပ္ပန်။ အနာဂတ် ဗုဒ္ဓကျမ်းထက်တောင် အားကောင်းသွားလောက်တယ်။ အဲဒီကျမ်းကို ညီအစ်ကိုတွေဖြစ်တဲ့ ဗုဒ္ဓသုံးပါးက ရေးခဲ့တယ်လို့ ကောလဟာလတွေ ထွက်နေတာမဟုတ်ဘူးလား”

“ မင်းပြောတာ မှန်တယ်။ ယင်စန္ဒာနန်းတော် တည်ထောင်သူက အဲဒီအတွေးကို သူတို့ဆီက ရခဲ့ပုံပဲ”

“ မင်း ခန့်မှန်းချက်က မှန်လောက်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ယုံကြည်မှုခေတ်ကာလအတွင်းမှာ တည်ထောင်ခဲ့တာ မဟုတ်ဘူးလား”

လျှို့ဝှက်နယ်မြေအတွင်း စုယာက စမ်းသပ်ချက် ခံယူပြီးသည့်နောက်တွင် လေဟာနယ်ထဲ လက်ဝှေ့လိုက်သည်။ ထိုအခါ အဖြူရောင်အလင်းများက ပြန့်ကျဲသွားကာ ကမ္ဘာ၏ အစိတ်အပိုင်းအနှံ့သို့ ဝင်ရောက်သွားလေသည်။ ထိုအလင်းများက လူထူထပ်သည့်နေရာသို့ ရောက်ရှိသွားသည်နှင့် သူတို့က ဘေးပတ်ဝန်းကျင်ရှိ လူများ၏ စိတ်ခံစားချက်များကို စုပ်ယူလိုက်သည်။

ထို့နောက် သူတို့က စုယာအဖြစ် ပြောင်းလဲသွားလေသည်။ ပြောရလျှင် စုယာ၏ ကိုယ်ပွားများ ဖြစ်၏။ ထိုကိုယ်ပွားများက မွေးဖွားပြီးပြီးချင်း ကျင့်စဉ်တစ်ခုကို ထုတ်သုံးကာ သူတို့၏ အရှိန်အဝါနှင့် ရုပ်ခန္ဓာသွင်ပြင်များအား ပြောင်းလဲလိုက်ပြီးနောက် လူထုကြားရောနှောသွားလေသည်။

“ ကောင်းတယ်” စုယာက ထိုအရာကို မြင်ပြီး ရေရွတ်လိုက်သည်။

ငါ့ကိုယ်ပွားသာ အသက်ရှင်နေမယ်ဆိုရင် ငါသေတော့မှာ မဟုတ်ဘူး။ ငါက အခု ကိုယ်ပွားတစ်ထောင်ပဲ ဖန်တီးနိုင်ပေမဲ့ ငါ့ဆီမှာ အသက်တစ်ထောင်ရှိတာနဲ့ အတူတူပဲ။ ပြီးတော့ စိတ်ခံစားချက်တွေက လုံလုံလောက်လောက် ရှိလာရင်နောက်ထပ် ထပ်လုပ်နိုင်သေးတယ်။

ငါ အားကောင်းလာတာနဲ့ သူတို့တွေကို အဆုံးမဲ့ လုပ်နိုင်တာနဲ့ ငါ့ဆီမှာ အသက်ပေါင်းကန့်သတ်ချက်မဲ့ ဖြစ်လာမှာပဲ။ တကယ်လို့ ငါ တာအိုကို သက်သေမပြနိုင်ခဲ့ဘူးဆိုရင်တောင် ငါ ဒီနည်းလမ်းနဲ့ မသေမျိုးအဖြစ် နေလို့ရသေးတယ်

သူမက ခေါင်းညိတ်လိုက်ပြီး နေရာတွင် ဝင်ထိုင်လိုက်ကာ ကျန်သူများ နိုးထလာသည်အထိ စောင့်ဆိုင်းလိုက်သည်။

နိုးထလာသည့် နောက်လူကား…

All Chapters