အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အပိုင်း ၂၃ : ဂရစ်၏ ငယ်ဘဝ
“ဟေး မသေနိုင်သေးတဲ့ အဘိုးကြီး အခုထိ မဆုံးဖြတ်ရသေးဘူးလား ခင်ဗျားသာ ဒီအဆောက်အဦးကြီးကို မီရိုကုမ္ပဏီဆီရောင်းလိုက် ခင်ဗျားသေတဲ့ အထိ သောက်လို့ရအောင် ငွေများများပေးမယ်လေ”
ပန်းပဲဖိုထဲကို ဝင်လာတဲ့ လူတွေက ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ မနာခံရင် တကယ်လုပ်မဲ့ ရုပ်တွေပါ။ သူတို့က မေမေ့အသည်းနှလုံးလေးပျော်နေသည် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းက လုံခြုံရေးတွေနဲ့တောင် ခပ်ဆင်ဆင်ပါ။ သူတို့ပုံစံတွေကို ကြည့်ရတာ ဒီလူအိုကြီးဆီကို ရိုးရိုးသားသားလာတာ ဟုတ်ပုံမရဘူး။
‘သူပြောလိုက်တာက’
ဒီအဆောက်အအုံကြီးကို မီရိုကုမ္ပဏီဆီ ရောင်းဖို့ ပြောတာပဲ။ ဒီလူမိုက်တွေကို မီရိုကုမ္ပဏီက လွတ်လိုက်တာ ထင်တယ်။
‘အတွေ့အကြုံအရ ဒီမှာရပ်နေရင် ကြောင်တောင်တောင်တာဝန်တွေ ထွက်လာမှာ’
ဒီလိုတော့ ဘယ်အဖြစ်ခံမလဲ။ အခုအချိန်မှာ အရေးအကြီးဆုံးက အိုင်တမ်လုပ်ပြီး ပိုက်ဆံရှာဖို့ပဲ။
‘အသုံးမဝင်တဲ့ တာဝန်တွေနဲ့ ဖြုန်းဖို့ အချိန်မရှိဘူး’
အခြေအနေမှ ရုန်းထွက်ရန် ဦးနှောက်ကို အလုပ်လုပ်ခိုင်းလိုက်သည်။ ကျွန်တော့်အစီအစဉ်က ဘယ်တုန်းက အလုပ်ဖြစ်ဖူးလို့လဲ။ နည်းနည်းလေးပဲ ရွေ့ကာရှိသေး လူမိုက်အုပ်စုတားတာ ခံလိုက်ရသည်။
“ဒီက လူသစ်လေးက ဘယ်သူလဲ ငါတို့အလုပ်လုပ်နေတာကို ကြားထဲကနေ အမြတ်ထုတ်ချင်တာလား”
သူတို့က ကျွန်တော့်ကို မျက်နှာထားတင်းတင်းနှင့် မေးနေသည်။
“ငါတို့ စာချုပ်ချုပ်တာ ဝင်မရှုပ်ဖို့ မင်း မင်းက စပိုင်လား စကင်နာ ကုမ္ပဏီက လွှတ်လိုက်တဲ့ ကောင်လား”
ဘယ်တုန်းက ဒီကောင်တွေနဲ့ စာချုပ်ချုပ်ဖူးလို့လဲ။
‘လအု ငါ ဒီကို မလာခဲ့သင့်ဘူး’
ကျွန်တော် ကြောက်နေပေမဲ့ ဂရုမစိုက်ပုံဖမ်းပြီး လေသံတင်းတင်းနှင့် ပြန်ပြီး မေးခွန်းထုတ်လိုက်သည်။
“စပိုင် ငါလား ဘာတွေ လာရောင်းနေတာလဲ ငါက ဒီတိုင်း ဖြတ်သွားဖြတ်လာပဲ”
သို့သော် သူတို့ သံသယမကင်းဖြစ်နေပါသည်။
တံတွေးမျိုချလိုက်ပြီး
‘လအု မယုံဘူးဟ’
မျိုချပြီးရော နဖူးမှ ချွေးစေးများ ထွက်လာသည်။ ကျွန်တော် အရင်က အနိုင်ကျင့်ခံရတာတွေတောင် ပြန်သတိရလာသလိုပဲ။
ဒီဆယ်ကျော်သက် NPC လူမိုက်များက ဒီလိုပဲ ကစားသမားတွေကို ဖြဲနေကြလား။ ဟိုလုံခြုံရေးတွေကို နမူနာယူပြီး ပရိုဂရမ်ဆွဲထားတာလား မသိဘူး။
ဒီလို အုပ်စုလိုက်ပြီးကို ဘယ်လိုလုပ် ရိုက်ပြီး ထွက်ပြေးလို့ရမှာလဲ။
‘ငါ တည်တည်တံ့တံ့နေရမယ်’
ဒီလို လူမိုက် NPC တွေကို တွေ့ရင် ကြောက်တဲ့ပုံ မပြရဘူးတဲ့။ မဟုတ်ရင် ပိုခြောက်ပြီး သတ်တာတောင် ခံရနိုင်တယ်။ ဖြေရှင်းနည်းက မြို့စောင့်များကို အကြောင်းကြားဖို့ပဲ။ ဒီလိုလုပ်ဖို့ဆို လျင်ဖို့တော့ လိုတာပေါ့။ သူတို့ကို ဒေါသမထွက်စေတာက အကောင်းဆုံးအဖြေပဲ။
‘သူတို့ပုံက ရိုးရိုးလူမိုက်မဟုတ်ဘူး ဂိုဏ်းတွေက ဖြစ်နိုင်တယ်’
မီရိုကုမ္ပဏီဆိုတာက ဒီထာဝရနိုင်ငံတော်ကြီးမှာ ဒုတိယအကြီးဆုံးကုမ္ပဏီပါ။ သူတို့က ဒီလိုလူမိုက်များကို လက်သပ်မွေးထားတာပေါ့။
‘သူတို့ရဲ့ ကိရိယာများ အရဆိုရင် အနည်းဆုံး အဆင့်သုံးဆယ့်ငါးပဲ’
လူမိုက်တောင် အဆင့်သုံးဆယ့်ငါးကျော်သတဲ့။ ဒီကောင်တွေ အဟန့်ကောင်းဖို့ ဘယ်လိုတောင် အဆင့်တင်ထားပါလိမ့်။
‘ငါက အဆင့်သုံးလေးပဲ ရှိသေးတာ ငါ့အညွှန်းကိန်းတွေကြောင့် အဆင့်တူမှာ ပြိုင်ဘက်ကင်းရင်တောင်မှ ဒီကောင်များကို ငါတစ်ယောက်ထဲ ဘယ်လိုမှ မနိုင်ဘူး’
အခြေအနေများ တအားကြီးဆိုးမလာခင် ပြေးမှ။ ဒီကောင်တွေကို ငါမှ မနိုင်တာ။
‘လက်တွေ့ကျကျပေါ့ ဂုဏ်သိက္ခာတွေက နောက်မှ’
ကျွန်တော် တောက်ပစွာ ပြုံးလိုက်ပြီး ရှင်းပြလိုက်သည်။
“ကျွန်တော်က စပိုင်မဟုတ်ပါဘူး ကျွန်တော်က ဒီတိုင်း ဖြတ်သွားဖြတ်လာဈေးဝယ်လာတာပါ အကိုကြီး အရမ်းကြီး သတိထားစရာမလိုပါဘူး ဟီးဟီး”
ကျွန်တော့်ပုခုံးကို ကိုင်ထားသည့်လက်များက အားများ ဖြည်းဖြည်းချင်းလျော့သွားသည်။
“ဈေးလာဝယ်တာ ဒီနေရာမှာလား”
“ဟုတ်ကဲ့”
“ဟို ဒီပန်းပဲဖိုရဲ့ ဖောက်သည်လား”
ကျွန်တော့်ပုခုံးကို တင်းတင်းကြပ်ကြပ်ကြီး ပြန်ကိုင်လိုက်ပါသည်။
‘အောက် နာတယ်ဟ’
နာကျင်မှုကြောင့် မှောက်မှောင်ကြုတ်မိသွားပါသည်။ ကျွန်တော့်ပါးစပ်ကနေ ထွက်မလိုဖြစ်နေသည့် ကျိန်ဆဲတော့မဲ့ စကားများကို မျိုသိပ်ပြီး သည်းခံလိုက်ပါသည်။ ဒီအစား ပိုပြီးတော့တောင် ပြုံးပြလိုက်ပါသည်။
ဘာကြောင့်လဲ ဟုတ်လား။ အရိုက်ခံရမှာ စိုးလို့ပေါ့။ ရှေးလူကြီးများ ပြောခဲ့တာလေ။ တဖက်လူရဲ့ မျက်နှာမှာ အပြုံးလေးရှိနေရင် တံတွေးတောင် မထွေးရက်ဘူးတဲ့။
လူမိုက်များရဲ့ မျက်လုံးမှာ သံသယများ ပြည့်နေပါသည်။
“ဒီလမ်းမှာ မီရိုကုမ္ပဏီကနေ ဖွင့်ထားတဲ့ လက်နက်ဆိုင်အများကြီးကို မင်းက ဒီပန်းပဲဖိုကိုမှ လာဝယ်တော့ ဒီကိစ္စက ထူးဆန်းမနေဘူးလား”
“လက်နက်ဆိုင်များပေမဲ့ ပန်းပဲဖိုမှ မဟုတ်တာ ကျွန်တော်က လက်နက်ဝယ်ချင်တာ မဟုတ်ဘူး ပန်းပဲဆရာရှာပြီး ထုတ်လုပ်ရေးနည်းစနစ်လိုချင်တာ ဒါကြောင့် ကျွန်တော်ဒီကို ရောက်လာတာပေါ့ ဟီးဟီး ကျွန်တော်က ခုမှ ဝင်စတန်ကို ရောက်လာတာပါ”
ကျွန်တော့်သရုပ်ဆောင်စွမ်းရည်က အော်စကာဆုတောင် ရသင့်ပါသည်။ ရုပ်ရော လေသံကပါ အောက်ကျို့နေသည့် ပုံနှင့်။ ကျွန်တော်လည်း ဆက်ပြုံးနေတော့ လူမိုက်လည်း သံသယများ အပြည့်နှင့် လွှတ်ပေးလိုက်သည်။
“မင်းက ပန်းပဲဆရာဖြစ်နေတော့ မင်းကို မရိုက်တော့ဘူး ဟူး သွား သွား မင်းလို ပျော့တဲ့ကောင်က စပိုင်လဲ မဖြစ်နိုင်ပါဘူး... အိုကေလေ ဒီနေရာကို ပြန်လာဖို့ စိတ်တောင် မကူးနဲ့နော်”
သူက ကျွန်တော့်ကို ရိုက်ချင်တယ်တဲ့။ ငါ့ကြည့်ရတာ ဆင်းရဲပြီး ပျော့တဲ့ပုံ ပေါက်နေလို့လား။ ဒီကောင်တွေ ငါ့ကို ရှေ့မှာထားပြီး လာလှောင်နေတာလား။
ဒေါသကြောင့် ကျွန်တော့်နှလုံးမှာပင် အငွေ့များထွက်နေချေပြီ။ သည်းခံ သည်းခံ။
“ဟီးဟီး ကျွန်တော့်ကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ် အကိုကြီး သွားပြီနော်”
ကျွန်တော် နောက်ဆုံးမိနစ်အထိ ပြုံးပြပြီး ပန်းပဲဖိုကနေ လှစ်ကနဲ ထွက်ပြေးလာပါသည်။ ဒီအချိန်မှာပဲ ပန်းပဲဆရာအဖိုးကြီးရဲ့ ဒေါသထွက်နေသည့်အသံကို ကြားလိုက်ရသည်။
“ဟုတ်ပါတယ် .... ဒီညစ်ပတ်တဲ့ အလုပ်ကြီးက ကြာကြာလည်းဆက်လုပ်လို့ မရတော့ပါဘူး ငါလဲ ပင်ပန်းနေပြီဆိုတော့ အနားယူတာ ပိုကောင်းမယ်”
ကျွန်တော် အဘိုးကြီးကို ကြည့်လိုက်တော့ သွေးမျက်ရည်များပင် သူ့မျက်လုံးမှ စီးကျလာသလို။
“ငါ့ကို စာချုပ်ပေး မင်းလိုချင်သလို လက်မှတ်ထိုးပေးမယ်”
“အမ် တကယ်လား”
“အို ခင်ဗျား နောက်ဆုံးတော့ အလင်းဝင်သွားပြီပေါ့”
“အချိန်များ ကြာသွားပေမဲ့ အမျှော်အမြင်ရှိသည့် ဆုံးဖြတ်ချက်ကို ချခဲ့တာပဲ အဘိုးကြီး”
လူမိုက်များက လူအိုကြီးကို စကားနှင့် ချီးမွမ်းနေပါသည်။ ခေါင်းဆောင်လို့ ထင်ရသည့်လူက အဘိုးကြီးကို စာချုပ်ကမ်းပေးလိုက်သည်။
“ဒီနေရာမှာ လက်မှတ်ထိုးပေးရုံပဲ အကုန်လုံး အဆင်ပြေသွားမှာပါ”
“……”
လူအိုကြီးက စာချုပ်ကို ငေးကြည့်ရင်း တုန်ယင်နေသည့်လက်များနှင့် ယူလိုက်သည်။ မျက်ရည်များကလည်း မျက်လုံးကနေ ကျလို့ပေါ့။
“မျိုးဆက်ခုနှစ်ဆက်လောက် ထိန်းသိမ်းလာသည့်လုပ်ငန်းလေးက ငါ့လက်ထဲမှာ ပျက်စီးသွားပြီ သေသွားရင် ဘိုးဘေးတွေကို မျက်နှာမပြရဲတော့ပါဘူး”
လူအိုကြီးမှာ ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။ ဒါပေမဲ့ သူ့ရှေ့က လူမိုက်များကတော့ ကြည့်ပြီး လှောင်နေပါသည်။
“ ဖောက်သည်မရှိတော့ ပန်းပဲအလုပ်ကို ရပ်လိုက်တာမလား အဘိုးကြီး ခင်ဗျားမှာ ကလေးမှ မရှိတော့တာ ရှိတဲ့ သားက သေသွားပြီဆိုတော့ ပုလင်းပဲပြန်ဆွဲပြီး သောက်စမ်းပါ ဆက်ခံမဲ့သူ မရှိမှတော့ ခင်ဗျားမိသားစုစီးပွားအလိုလိုပျက်တာပေါ့ ခင်ဗျား ဘာလို့ဇွဲကြီးကြီးနှင့် ငြင်းဆန်နေအုံးမှာလဲ အကြွေးတိုးလာအောင်လို့လား”
“မင်း မင်းရဲ့ပါးစပ်ပုတ်ကြီးကနေ ငါ့သားအကြောင်းမပြောနှင့်”
“အဘိုးကြီး ကျုပ်ကို အော်ရဲလား ကျုပ်ကို နောက်ထပ်မဆဲနိုင်တော့အောင် လုပ်ပေးလိုက်ရမလား”
ဂျွန်ဆန်လို့ခေါ်သည့် လူမိုက်က လူအိုကြီးကို ရိုက်လိုက်သည်။ ကျွန်တော်လည်း သူ့လုပ်ရပ်ကြောင့် ဒေါသထွက်သွားတာပေါ့။
‘ဒီလူကြီးက မင်းအဘိုးအရွယ်လောက်ရှိသည် ရိုင်းရိုင်းစိုင်းစိုင်းပြောရုံမကဘဲ ရိုက်ပါ ရိုက်ရဲတယ်ပေါ့...’
ဒီအချိန်မှာပဲ လူမိုက်တယောက်က။
“ကြည့်အုံး စာချုပ်မှာပါသည့်ရက်စွဲက ဒီနေ့ နောက်ဆုံးနေ့ပဲ”
ပရကာ လို့ခေါ်သည့်တယောက်က စိတ်လှုပ်ရှားဟန်ဖြင့် ထခုလိုက်သည်။
“မဟုတ်သေးဘူးလေ ရူးတော့မှာပဲ ဒီလထဲမှာ ဒီအဘိုးကြီးငြင်းနေတာ ဘယ်နှစ်ခါရှိပြီလဲ သူ့ကြောင့် ငါတို့တော်တော်နစ်နာခဲ့ရတာမလား”
ဂိုဏ်းလူမိုက်နီရယ်က သဘောတူလိုက်သည်။
“ငါလည်း ထောက်ခံတယ်.... လအု ဒီအဘိုးကြီးက ကောင်းကောင်းမွန်မွန်ဆက်ဆံနေတာကို လက်မခံဘူးပဲ ရက်မတိုင်ခင်မပြီးရင် ငါတို့ရမဲ့ ငွေလျော့ကုန်မှာပေါ့”
အဲ့ဒီအချိန်မှာ တိတ်ဆိတ်နေသည့်ခေါင်းဆောင်ဗဲလ်က အေးစက်စွာပြုံးလိုက်ပြီး ပြောခဲ့သည်။
“မှန်တယ် ခင်ဗျားကြီး ကျုပ်တို့ နစ်နာခဲ့ရတာအတွက် လျော်ကြေးပေးရမယ်”
ဗဲလ် အဘိုးကြီးပါးကို ဖြတ်ရိုက်ပြီး ပြောလိုက်သည်။
“ဟေး အဘိုးကြီး ခင်ဗျား ဒီပန်းပဲဖိုအတွက် ငွေလက်ခံပြီးသွားပြီလေ ပိုက်ဆံတဝက်အကြွေးဆပ်ပြီး နောက်တဝက်တော့ ကျန်သေးတယ်မလား ဒီငွေများကို ကျုပ်တို့နစ်နာခဲ့ရတာအတွက် လျော်ကြေးပေးသင့်တယ်လို့ မထင်ဘူးလား”
“မင်းတို့ ခွေးသူတောင်းစားတွေ” အဘိုးကြီးခန်က ဒေါသတကြီးနှင့် ဗဲလ်ကို အော်လိုက်သည်။
“ဟေး ခင်ဗျားမှာ ကျွေးစရာမိန်းမကော သားပါ ရှိမှမရှိတော့တာ ဘာလို့များ ဒီလောက်ငွေအများကြီးလိုအုံးမှာလဲ ကျွန်တော့်လို ငယ်ရွယ်ပြီး ဆင်းရဲသူတွေကို ကူညီပေးသင့်တာပေါ့”
“……”
ကျွန်တော့်ကိုယ်ထဲမှာတော့ ဒေါသကြောင့် ဆူပွက်နေပြီ။
‘ငါက စီနီယာမြို့သားများကို မလေးမစားမလုပ်ချင်ပါဘူး ဒါပေမဲ့…’
ကျွန်တော် အများသုံးပို့ဆောင်ရေး ဥပမာ ဘက်စကားလိုပေါ့။ ကျွန်တော် ဘယ်တော့မှ အသက်ကြီးသည့်လူများကိုတွေ့ရင် မဖယ်ပေးဘဲ မနေပါဘူး။ တက်စီဌားရင် ထိုင်ခုံများပါ ဦးစားပေးတယ် ကျွန်တော် ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ဖယ်ပေးတာပဲ။
‘ဒါပေမဲ့...’
ကျွန်တော် ဒီဂိုဏ်းလူမိုက်တွေလို အကြီးကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံပါဘူး။ အခုတကယ်ကို ဒေါသထွက်နေပြီ။
‘ဒီလို အဖွားအရွယ် အဖိုးအရွယ်ကို ရိုင်းရိုင်းပြပြဆက်ဆံတာ ဆိုးလွန်းတယ်’
ဒီတော့ ကျွန်တော် ဒီအဘိုးကြီးကို ကူညီပေးသင့်တယ်မလား။
မဟုတ်သေးဘူး မဟုတ်ဘူး ငါ့မှာ တရားမျှတတဲ့ စိတ်မှ မရှိတာ။ ကျွန်တော် တခြားသူများကို ကူညီဖူးလို့လား ကျွန်တော် ကိုယ့်အတွက်အကျိုးမရှိဘဲ ဘာတခုမှမလုပ်ဖူးပါဘူး။ ကလေးဘဝကတည်းက တခြားကလေးများလို စူပါဟီးရိုးများကို လေးစားရမဲ့အစား ဒီကောင်တွေကို စိတ်ပျက်ပါသည်။
‘ ဘာလို့များ အနစ်နာခံပြီး တခြားလူများကို ကယ်ပေးနေရတာလဲ ဒီကောင် ရူးများနေတာလား’
ကျွန်တော် ဟီးရိုးများ ဘာကြောင့်များ ကိုယ့်ကိုယ်ကိုအနစ်နာခံပြီး ဗီလိန်များကို အနိုင်တိုက်လဲ နားမလည်နိုင်ခဲ့ပါဘူး။ သူတို့ရဲ့ ကျိုးကြောင်းမညီညွတ်သည့် အနစ်နာခံတာများကို ကြည့်ရတာ စိတ်ပျက်စရာကောင်းလွန်းလို့ပါ။ ဒါကြောင့် သူရဲကောင်းလုပ်တိုင်း ကစားရင် ကျွန်တော် အမြဲတမ်းဗီလိန်ဇာတ်ကောင်ပဲ ယူပါသည်။ သူရဲကောင်းဘက်က ကစားသည့် သူငယ်ချင်းများက ဗီလိန်ကျွန်တော့်ကို ထပ်တလဲလဲတိုက်ခိုက်ပေမဲ့ ကျေနပ်မှုကို ခံစားရပါသည်။ ဇာတ်လမ်းအဆုံးသတ်မှာ ဗီလိန်က သေပြီး လူများ ပျော်ရွှင်နေသည်ဆိုပါစို့ ကျွန်တော် တခြားကလေးများလို ကျေနပ်နှစ်သိမ့်မှုများ မခံစားရပါဘူး။
‘ကလေးဘဝကတည်းက တွေးမိတာ ငါဒီလိုလူမျိုးပါလားလို့ ဒါကြောင့် အစကတည်းက ဒီမတရားမှုကို မြင်တာတောင် မျက်စိမှိတ်ထားခဲ့တာပေါ့’
ဒါကြောင့် ကျွန်တော်က ဒီအဘိုးကြီး အရှက်ခွဲခံရပြီး မျိုးရိုးခုနှစ်ဆက်ထိန်းသိမ်းလာသည့်စီးပွားရေးကို ဆုံးရှုံးတော့မယ်လို့ သိတာတောင် လှည့်ထွက်သွားခဲ့တာပေါ့။ သေချာပါသည် တုံ့ဆိုင်းမှုများ ကျန်နေတုန်းပါ။
‘အခြေအနေက ဒီလိုဖြစ်လာတော့လည်း ဒီပန်းပဲဖိုကနေ အိုင်တမ်လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး တခြားရွာများကို ရွှေ့ချင်ရင် ရထားလုံးက ထပ်ပေးရအုံးမှာမလား မလုပ်တော့ဘူး မလိုမှ မလိုတာ ဒီပန်းပဲဖိုမှာ ပိုင်ရှင်အသစ်ရတဲ့ အချိန်အထိစောင့်ပြီး အမဲလိုက် အဆင့်ပဲ တင်တော့မယ်’
နေအုံးဟ။
‘အမဲလိုက်ထွက်ဖို့ ကိရိယာများမှ မရှိတော့တာ။ လအုပဲကွာ။ ဓားနှင့် ချပ်ဝတ်ကို ဘယ်လိုများ ဂိုဒေါင်မှာ ထားပစ်ခဲ့တာလဲ။ ငါ့ရဲ့ငွေပြားလေးရေ’
ကျွန်တော် အခုသွေးတက်နေတာ နောက်စရာမဟုတ်ပါဘူး။ ပိုက်ဆံများ ဆုံးပြီလို့တွေးလေလေ ဗိုက်ကနေ အောင့်အောင့်လာသလိုပဲ။ ဒီဟာက ကံပဲလား။ အု... ဗိုက်နာလိုက်တာ။ ငါ ဒီနေရာကနေ အမြန်ဆုံးသွားသင့်တယ်’
ထူးထူးဆန်းဆန်း ခြေထောက်က မရွေ့ပါလား။
‘ဒီအဘိုးကြီးကိုပဲ... ဘာလို့တွေးမိနေတာလဲ’
အာ၊ တကယ်ကြီးလား၊ ချီးပဲ။
ဒီမတရားမှုကို ငါမျက်စိနဲ့ မြင်လို့လား။ ငါ အိပ်မက်မက်ထားတဲ့ ဘဝကြီးက ဒီကနေ ထွက်သွားရင် ပြည့်စုံပြီလေ။ လူအိုကြီးနားက ဂိုဏ်းလူမိုက်လူအုပ်ကြီးက ငါ လုပ်နိုင်တာထက် အများကြီးလွန်နေပြီ။
‘မရဘူး ငါ့ကိုငါ ဘာလို့အနစ်နာခံရမှာလဲ ငတုံးမို့လား’
ကျွန်တော် ဒီကနေ မျက်စိမမြင်ချင်ယောင်ဆောင်ပြီး လှည့်ထွက်သွားချင်ပါသည်။ ဒီတော့ ဘာကြောင့်များ တုန့်ဆိုင်းမိနေတာလဲ။
‘ဘယ်အချိန်ကများ ငါ သူတော်ကောင်းကြီး ဖြစ်သွားတာလဲ။ ဒီဟာက ငါမဟုတ်ဘူး။ ငါ့မျက်စိက အမြဲတမ်း မမြင်ချင်ယောင်ဆောင်ခဲ့တာလေ’
ကျွန်တော် ကိုယ့်ကိုကို ပန်းပဲဖိုကနေထွက်သွားဖို့ တိုက်တွန်းနေပြီး အတွေးများနေမိသည်။
[ဂိုဏ်းလူမိုက်များ၏ ပန်းပဲဆရာအပေါ် ပြုမူသောမတရားမှုကို တွေ့မြင်ရာတွင် သင်၏ ဒေါသမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားသည်]
[ပန်းပဲဆရာ၏ ဒေါသတာဝန်ကို ဖန်တီးပေးလိုက်ပါပြီ]
အပိုင်း ၂၄ : ပန်းပဲဆရာဒေါသ
[ပန်းပဲဆရာဒေါသ]
ခက်ခဲမှု : B
သင်သည် ပက်မာ၏ စိတ်ဆန္ဒနှင့် နည်းစနစ်ကိုပါ အမွေဆက်ခံထားသည့် ဆက်ခံသူတစ်ယောက်ဖြစ်သည်။ သင်သည် ‘ပန်းပဲဆရာများက သူတပါးကို ကူညီရမည်’ ဟူသော ပက်မာ၏ လူသားချင်းစာနာမှုစိတ်ဆန္ဒကိုပါ အမွေဆက်ခံထားသည်။
သင်သည် အသက်ကြီး၍ အားနည်းသော ပန်းပဲဆရာအပေါ် ဖိနှိပ်ချုပ်ချုယ်သော မီရိုကုမ္ပဏီနှင့် သူ့နောက်လိုက်အပေါ် ဘယ်တော့မှ ခွင့်လွှတ်မပေးနိုင်တော့ပါ။
မီရိုကုမ္ပဏီ၏ လှည့်ကွက်အောက်တွင် ဖောက်သည်များဆုံးရှုံးသွားသော ပန်းပဲဆရာခန်ကို ကူညီပေးပါ။
တာဝန်ရှင်းလင်းရန် အခြေအနေများ : မီရိုကုမ္ပဏီနောက်လိုက်များကို နှင်ထုတ်၍ ပန်းပဲဖိုလွှဲပြောင်းသည့် စာချုပ်ကို ဖျက်ဆီးပစ်ပါ။
ဆုလာဘ်: ပန်းပဲဆရာခန်၏ အရက်စွဲခြင်းပြဿနာ ကောင်းမွန်လာမည်။ ခန်နှင့် ရင်းနှီးမှု အမြင့်ဆုံးသို့ရောက်မည်။
* အမှန်တကယ်တော့ ခန်သည် ပန်းပဲဆရာကောင်းတယောက်ဖြစ်သည်။ မီရိုကုမ္ပဏီ၏ လှည့်ကွက်အောက်တွင် စီးပွားရေးကျရှုံးပြီးနောက် ဖိအားများအောက်တွင် အရက်စွဲသွားသည်။ သူသည် ယခုတွင် အသုံးမကျသောအဘိုးကြီးဖြစ်သော်လည်း အရက်စွဲခြင်း ကောင်းမွန်လာပါက ယခင်က အညွှန်းကိန်းများပြန်လည်ရရှိ၍ ပန်းပဲဆရာကောင်းပြန်ဖြစ်လာမည်မှာ အမှန်ပင်။ ထိုအချိန်ရောက်လာပါက သူသည် သင်၏သရုပ်မှန်ကို ရှာတွေ့၍ သင့်အား အရည်အချင်းတိုးတက်လာရန် ကူညီပေးမည်။
တာဝန်လက်ခံပါက ရမည့်ဆု : ပန်းပဲဆရာဒေါသစွမ်းရည်။
တာဝန်ကျရှုံးမှု : ရက်အနည်းငယ်အကြာတွင် ခန်သေ၍ သူနှင့်ပတ်သတ်သောတာဝန်များ ထာဝရပျောက်ကွယ်သွားမည်။
“အမ်”
ပန်းပဲဆရာစိတ်ဆန္ဒ။
“လူသားချင်းစာနာမှုသည့် စနစ်က ငါ့ကို သရော်နေတာတော့မဟုတ်ဘူးမလား”
အိုး ဒါကြီးက ဒဏ္ဍာရီလာပက်မာကြီးရဲ့ဆောင်ပုဒ်တဲ့။
“…ကြက်သွန်ဖြူချည်း နေ့တိုင်းစားပြီး ဒဏ္ဍာရီလာဖြစ်လာသလား ပက်မာကြီးရဲ့”
ဟာ နောက်စရာမဟုတ်ဘူးလေ။
“အင်း တာဝန်ကတော့ ပေါ်လာပြီ”
ကျွန်တော် ထင်သလိုပဲ။ ဖိုအပျက်ကြီးနဲ့ ပန်းပဲဆရာ။ ပြီးတော့ လူမိုက်ပါ ပါလာတော့ ကယ်တင်ရှင်တာဝန်ကြီး ဖြစ်လာရော။
[တာဝန်ကို လက်ခံချင်ပါသလား]
ရန်သူအရေအတွက်က ငါးယောက်။ အကဲခတ်ရသလောက် အဆင့်က သုံးဆယ့်ငါးနှင့် အထက်တွေပဲ။ ငါ့ဖက်ကဆိုရင် အဆင့်သုံးကိုမှ တစ်ယောက်။ ဒီအတိုင်းဆို ဂိုဒေါင်ထဲက ဓားနှင့် ချပ်ဝတ်ရှိရင်တောင် နိုင်ခြေမရှိဘူး။
ဒီတော့ တာဝန်ကို ငြင်းပယ်သင့်တယ်ဟုတ်။ ဘာလို့ငြင်းမှာလဲ။
“လက်ခံမယ်”
ဒီတာဝန်ကို ငြင်းဖို့အကြောင်းပြချက်မလိုဘူး။
ကျွန်တော့်အဆင့်က သုံးပဲဆိုပေမဲ့ အညွှန်းကိန်းက လာတဲ့ အစစ်အမှန်ခွန်အားက အဆင့်နှစ်ဆယ်။ ပြီးတော့ ဒဏ္ဍာရီလာပန်းပဲဆရာသည်းခံမှုစွမ်းရည်နှင့် အာရုံစူးစိုက်မှု၊ သက်လုံ နှင့် ကာကွယ်နိုင်စွမ်းက တနာရီကြာတက်လာမယ်။
ဒါတင်ပဲ ဘယ်ဟုတ်မလဲ။ ကျွန်တော့်ရဲ့ အသက်ဝင်စွမ်းရည်နှင့်ဆို သေခါနီးချိန်ကျ ငါးစက္ကန့်လောက် မသေမျိုးဖြစ်ပြီလေ။
“တွက်ချက်မှုအရဆိုရင် လက်နက်မလိုဘူး”
ကျွန်တော် သိုလှောင်ခန်းကို ဖွင့်လိုက်သည်။ ကျွန်တော် မြားတချောင်းကိုထုတ်ပြီး နောက်မှာ လက်ဆောင်ပေးဖို့လိုလို ကိုင်ထားလိုက်သည်။
[အထူးဂျယ်ဖာမြား]
အဆင့် : မော်ကွန်း
တိုက်ခိုက်စွမ်းအား : 35~42
ဤမြားကို မြင့်မားသောစွမ်းရည်နှင့် အလားလာရှိသော်လည်း အတွေ့အကြုံနှင့် ဂုဏ်သတင်းချို့တဲ့နေသော လက်မှုပညာရှင်မှ ပြုလုပ်ထားသည်။
ဂျယ်ဖာနှင့် စတီးစပ်ထားခြင်းကြောင့် ထိုးဖောက်နိုင်စွမ်းအလွန်မြင့်မား၍ ရန်သူအချို့၏ ခုခံမှုကို လျစ်လျူရှုနိုင်သည်။
* ရန်သူ၏ ကာကွယ်မှုကို လျစ်လျူရှုရန် သေချာသော ဖြစ်နိုင်ခြေရှိသည်။
အလေးချိန် : 0.1
မြားများက တခါသုံးများပါ လေးနဲ့ ပစ်ရင်ပေါ့။
“ကိုင်ပြီး ဓားမြောင်လိုသုံးရင်တော့ တခါသုံးဘယ်ဟုတ်မလဲ”
သီအိုရီအရ မြားများကို ပစ်ပြီးရင် ပြန်ကောက်လို့ရနိုင်ခြေရှိသည်။ ပစ်မှတ်က မြားနှင့်ယှဉ်လို့ အားအရမ်းနည်းလွန်းရင် ပြန်သုံးလို့ရသည်။ သေချာတော့မသိပါဘူး။ လေးမှမပစ်ဖူးတာ။
‘ မြားက ထူးထူးခြားခြားကို ဈေးတက်သွားတော့ အသုံးဝင်မယ်ထင်ပြီး သီအိုရီကို စမ်းကြည့်မယ်။ မြားက တခါသုံးအမြဲတမ်း မဟုတ်ပါဘူးလို့ ကြားမိတာကို ကျေးဇူးတင်ရမှာပဲ။ ဟက်ဟက်။ သတင်းအချက်အလက်ကလည်း စွမ်းအားပဲကွ။ အနာဂတ်မှာ ငါသတင်းအသေးအမွှားလေးကအစ လျစ်လျူမရှုသင့်တော့ဘူး’
ကျွန်တော် ကျေနပ်နေဟန် ပြုံးလိုက်ပြီး မေးခွန်းထုတ်နေသည့် ဂိုဏ်းလူမိုက်များဆီ သွားလိုက်သည်။ ဒီကောင်များက သားရေချပ်ဝတ်ကို ဝတ်ထားပြီး လက်မှာလဲ ပုဆိန်၊ ဓားနှင့် သံတင်းပုတ်များလို လက်နက်များလဲ ကိုင်ထားသေးသည်။
‘ကောင်းကင်ဘုံရေ ကျွန်တော့်ကို ဒီတခါလေးပဲ ကူညီပေးပါ’
သံချပ်ဝတ်မဝတ်ထားဘူးဆိုတော့ ကျွန်တော် ဂျယ်ဖာမြားကို အကြိမ်များများသုံးလို့ရနိုင်သည်။
‘ဒီမြားကို ငါ့နှလုံးသားနှင့် ထုဆစ်ထားတာကွ။ ဒီကောင့်တန်ဖိုးက ပုံမှန်မြားများနှင့် ဘယ်ယှဉ်ရမလဲ။ အဆင့်နှစ်ဆယ်စွမ်းအားကြောင့် လုပ်ရဲတာမဟုတ်ဘူး၊ ဒီမြားကို ယုံလို့။ ပြီးတော့ ကာကွယ်မှုကို လျစ်လျူရှုတဲ့ စွမ်းဆောင်ရည်နှင့် ပေါင်းရင် ကျွန်တော် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ပဲ လိုသည်။ ငါ့မှာ စစ်သည်တော်ဘဝက အနီးကပ်တိုက်ခိုက်သည့်အတွေ့အကြုံရှိတာပဲ’
သာလွန်သည့် အညွှန်းကိန်းမှတ်များ၊ သင့်တော်သည့် လက်နက်၊ ညစ်ထားသည့် စွမ်းရည်နှင့် အတိတ်က အတွေ့အကြုံအရ ကျွန်တော် ဒီတာဝန်ကို ရှင်းနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
‘ဖြစ်နိုင်ခြေက မရှိသလောက် နည်းနေပေမဲ့’
တာဝန်ကို လက်ခံပြီးမှတော့ အကောင်းဆုံးလုပ်ရမှာပဲ။ အသိအသာကြီးပဲမလား။
ပထမအချက် တာဝန်ကျရှုံးရင်တောင် ပြစ်ဒဏ်မရှိဘူး။ NPC ခန်သေတာနဲ့ သက်ဆိုင်တာဝန်တွေ ပျက်သွားမယ်ဆိုတာက မသိတဲ့ တာဝန်အတွက် ဘာလို့စိုးရိမ်ရမလဲ။
ဒုတိယက လက်ခံလိုက်ရင်ကို ဆုရမှာလေ။
[တာဝန်ကို လက်ခံလိုက်ပါသည်]
[တာဝန်ကို လက်ခံလိုက်ခြင်းကြောင့် ပန်းပဲဆရာဒေါသစွမ်းရည်ကို ပိုင်ဆိုင်ခဲ့သည်]
တာဝန်လက်ခံဆုလာဘ်က တာဝန်ရှင်းဆုလာဘ်နှင့် မတူပါဘူး။ ကျွန်တော် တာဝန်ကိုလက်ခံလိုက်တော့ စွမ်းရည်တခုကို ဆုလာဘ်အနေနှင့် ရလိုက်သည်။ ဘယ်လိုလူကများ ဒီလိုအကျိုးအမြတ်ကြီးကို ခုခံနိုင်မှာလဲဗျာ။ ကျွန်တော် ချက်ချင်းပဲ ရလာသည့်စွမ်းရည်အသစ်လေးကို စစ်ဆေးကြည့်လိုက်သည်။
[ပန်းပဲဆရာဒေါသ]
Lv. 1
တိုက်ခိုက်စွမ်းအား တစ်ဆယ်ရာခိုင်နှုန်းနှင့် တိုက်ခိုက်အမြန်နှုန်း သုံးဆယ်ရာခိုင်နှုန်းတို့သည် စက္ကန့်နှစ်ဆယ်တိုးလာမည်။
မှော်စွမ်းအင်သုံးစွဲမှု : 50
ပြန်လည်အသုံးပြုရန်ကြာချိန် : 60 စက္ကန့်
ပန်းပဲဆရာများကဲ့သို့ ထုတ်လုပ်ရေးနှင့်ဆိုင်သည့် ဇာတ်ကောင်က တိုက်ခိုက်စွမ်းရည်များကို သင်ယူဖို့ မဖြစ်နိုင်ဘူးလို့ ပြောရသည်။ အခုချိန်မှာ ကျွန်တော်က ပန်းပဲဆရာနှင့်ဆိုင်သည့်တာဝန်လေးလက်ခံလိုက်တာနှင့် တိုက်ခိုက်စွမ်းရည်သင်နိုင်ခဲ့တာဆိုတော့ ဒီထက်ကောင်းတဲ့ အရာမရှိတော့ပါဘူး။
‘ဒီတိုက်ပွဲစွမ်းအားမြင့်ပေးတဲ့ စွမ်းရည်က ငါ စစ်သည်တော်ဘဝက စွမ်းရည်ထက်တောင် သာနေပြီ’
စစ်သည်တော်ဘဝမှ စွမ်းအားတိုးစွမ်းရည်က ပြန်သုံးရန် သုံးမိနစ်တောင်ကြာပြီး တိုက်ခိုက်စွမ်းအားကို နှစ်ဆယ်ရာခိုင်နှုန်းပဲ တိုးပေးသည်။ အခု စွမ်းအားတိုးစွမ်းရည်ကတော့ တိုက်ခိုက်စွမ်းအားရော တိုက်ခိုက်အမြန်နှုန်းပါ တိုးပေးပြီး တစ်မိနစ်ကြာရင် ပြန်သုံးလို့ရသည်။
‘ရေကန်အသင့် ကြာအသင့်ပဲ။ ခူးခူးခ... အို၊ လျှို့ဝှက်တာဝန်များ ရှိလား။ လျှို့ဝှက်တာဝန်ပေါ်လာဖို့က ဒီတာဝန်အခက်အခဲက နိမ့်လွန်းနေတယ်။ ချိတ်ဆက်တာဝန် ဖြစ်ဖို့များတယ်...။ ပန်းပဲဆရာခန်ဆီက ချိတ်ဆက်တာဝန်ရမှာထင်တယ်’
ကျွန်တော် ပန်းပဲဆရာခန်ရဲ့အရေးပါမှုကို နားလည်သဖြင့် တာဝန်ကို ရှင်းနိုင်ရန်အကောင်းဆုံးကြိုးစားသည်။
‘အသစ်ရစွမ်းရလာတဲ့ စွမ်းရည်ကြောင့် ဒီတာဝန်ကိုအောင်မြင်နိုင်ခြေမြင့်သွားတာ’
ကျွန်တော် ပြတ်သားဟန်နှင့် ဂိုဏ်းလူမိုက်များဆီ ရင်ကော့ပြီး သွားလိုက်သည်။
“ဒီကောင် ဘာလုပ်တာလဲ” လူမိုက်များက ကျွန်တော် ထွက်သွားရမဲ့အစား ပြန်လာသဖြင့် ခေါင်းကို စောင်းပြီး ကြည့်လိုက်သည်။
ကျွန်တော် မြားကို သူတို့ဖက် ရွယ်လိုက်သည်။
“မင်းတို့ကောင်များ စည်းကျော်သွားပြီ။ ငါက လူကောင်းမဟုတ်ပေမဲ့ မင်းတို့လိုတော့ မယုတ်မာဘူးကွ။ အကြီးကို မလေးစားချင်နေ၊ ယဉ်ကျေးမှုလေးတော့ အနည်းဆုံးထိန်းသိမ်းသင့်တာပေါ့။ စာမတတ် ပေမတတ်ကောင်များ။ မင်းတို့ကို ငါ ခွင့်မလွှတ်ဘူးကွ”
ကျွန်တော် သူတော်ကောင်းယောင်ဆောင်နေတာမဟုတ် ဒီလူများကို မကြိုက်ရုံသက်သက်ပါ။
ကျွန်တော် သူတို့နားကပ်လာသဖြင့် ဂိုဏ်းလူမိုက်များက လက်နက်များကို ဆုပ်ကိုင်လိုက်သည်။
“ခွေးသူတောင်းစား။ ဒီခွေးမသားက ငါတို့ကို ပြောရဲတယ်ပေါ့။ ဒီကောင် ရုတ်တရက်ကြီး ဘာဖြစ်သွားတာလဲ။ ငရဲသွားချင်နေတော့လည်း ပို့ပေးရတာပေါ့”
“ဒီကောင်က လွှတ်ပေးတာကို ကျေးဇူးမတင်နှင့်အပြင် ငါတို့ကို ရန်လာစနေတယ်….”
NPC တွေက ကြောက်သွားရမဲ့အစား ကျွန်တော့်ကို သတ်ဖြတ်ချင်စိတ်များ ဖြစ်လာပါသည်။ ဒီကောင်တွေက တကယ်လုပ်မဲ့ကောင်တွေပါ။
ဒါပေမဲ့ ကြောက်တာနဲ့ပဲ သူတို့ကို ရှောင်လို့မရပါဘူး။ အခု ကျွန်တော့်မျက်လုံးမှာ သူတို့က တာဝန်အောင်ဖို့ ပစ်မှတ်ပါ။ စစ်သည်တော်သွေးက ကျွန်တော့်ကိုယ်ထဲမှာ တောင်လောင်နေပါသည်။
ကျွန်တော် လက်ကို မြောက်ပြီး စိန်ခေါ်လိုက်သည်။
“အသုံးမဝင်တာများမပြောနဲ့ လာခဲ့”
ဂိုဏ်းလူမိုက်များက ချက်ချင်းပဲ ပြန်တုံ့ပြန်ပါသည်။
“ဒီရူးနေသည့်မျိုးမစစ်”
“သူ့ကို ထိန်း။ မဟုတ်ဘူးသတ်။ ရအောင်သတ်”
နီရဲနေသည့်မျက်နှာများနှင့် ဂိုဏ်းလူမိုက်များက ကျွန်တော့်ဆီ တရကြမ်းဝင်လာသည်။ ငါးယောက်လောက်က ကျွန်တော့်ပတ်ပတ်လည်ဝိုင်းပြီး သတ်ဖြတ်ချင်စိတ်များ ထုတ်နေသည်။ ကျွန်တော်လည်း နောက်ကျောလုံအောင် ဒုတိယထပ်ကိုသွားသည့်လှေကားဆီ ပြေးသည်။ လှေကားက လူကြီးနှစ်ယောက်လောက် ကပ်ရပ်မတ်တပ်ရပ်အကျယ်ရှိပါသည်။
ကျွန်တော် လှေကားအလယ်မှာ နေရာယူလိုက်သည်။
“ငါ့ကို တိုက်ချင်တဲ့ ဘယ်သူမဆို လာခဲ့ကြ”
ကျွန်တော့်မှာ မြေပြင်အားသာချက်နှင့် လက်က လက်နက်ကို မြင်တော့ တွန့်ဆုတ်သွားသည်။
“ဘာလက်နက်လဲ မြားလား”
“ဟဟဟ။ မြားပဲလား။ လေးက ဘယ်မှာကျန်ခဲ့တာလဲ။ မင်းအမေ ထဘီအောက်မှာလား လူသစ်လေး”
“ကြည့်ရတာ ဒီပန်းပဲဆရာပေါက်စက မြားမပစ်တတ်ဘူးထင်တယ်။ တခြားလက်နက်များလဲ မသုံးတတ်တော့ ရှိတဲ့ မြားပဲ ပတ်ရမ်းမလို့လားမသိ”
ဒီကောင်တွေ ကျွန်တော့်ကို လှောင်နေကြသည်။ ဂျွန်ဆန်ဆိုသည့် တယောက်က ရှေ့ထွက်လာကာ ပြောသည်။
“ငါအရက်မြည်းဖို့ ပန်းပဲဆရာအသားလေးတော့ မစားဖူးသေးဘူး”
ကျွန်တော်လည်း ဂျွန်ဆန်နှင့် မျက်နှာချင်းဆိုင်လိုက်ပြီး စွမ်းရည်အသစ်လေးစမ်းလိုက်သည်။
“ပန်းပဲဆရာဒေါသ”
[ပန်းပဲဆရာဒေါသအသက်ဝင်လာပါပြီ။ တိုက်ခိုက်စွမ်းအားနှင့် တိုက်ခိုက်အမြန်နှုန်းစက္ကန့်နှစ်ဆယ်ကြာအောင် တိုးလာမည်]
အသိပေးစာရဲ့ထိပ်ဆုံးမှာ စက္ကန့်နှစ်ဆယ်က စပြီးရေတွက်နေပြီ။
ဒက် ဒက်
ဂျွန်ဆန်က သူ့ရဲ့ပုဆိန်ကို လွှဲချလိုက်သည်။ ဒီအချိန်မှာပဲ ကျွန်တော်က မြားနှင့်သူ့ရင်ဘတ်ကို နှစ်ချက်လောက်ထိုးချပြီးပြီ။ လက်နက်ကြီးများက ထိခိုက်မှုနှင့် ခံနိုင်ရည်မြင့်မားပေမဲ့ တိုက်ခိုက်နှုန်းကတော့နှေးပါသည်။ တခြားတဖက်မှာတော့ မြားရဲ့ပေါ့ပါးသည့်အလေးချိန်ကြောင့် ကျွန်တော်က အရမ်းကို မြန်ဆန်နေတာပေါ့။ ထပ်ပေါင်းပြောရရင် ပန်းပဲဆရာဒေါသစွမ်းရည်ကြောင့် အရမ်းကိုမြန်ဆန်လွန်းနေသည်။
[ထိခိုက်မှုတိုးသွားသည်]
[အထူးဂျယ်ဖာမြားသက်ရောက်မှုကြောင့် ရန်သူ့ခုခံမှုကို လုံးဝလျစ်လျူရှုထားသည်]
“အဟွတ်”
ဒီတိုက်ခိုက်မှုနှစ်ခုမှာ အစွမ်းအကုန်မသုံးရသေးပါဘူး။ တချက်ကတော့ ထိခိုက်မှုကိုတိုးပေးလိုက်ပြီး နောက်တချက်က အထူးဂျယ်ဖာမြားကြောင့် ရန်သူရဲ့ခုခံမှုကို လုံးဝလျစ်လျူရှုထားလိုက်ပါသည်။ ဒီအခိုက်အတန့်မှာ ကျွန်တော့်ကို ကံနတ်မင်းကြီးက ကောင်းချီးပေးနေသည်လို့ ယုံကြည်သည်။ မြားက ဒီလောက်ထိ ထိခိုက်မှုပေးနိုင်မယ်လို့ ဘယ်တော့မှ စိတ်တောင်မကူးဖူးပါဘူး။
“ဘ..ဘာကြောင့်”
မြားက သားရေချပ်ဝတ်ကို ထိုးစိုက်ခံလိုက်ရသည့်အချိန် ဂျွန်ဆန်ရဲ့မျက်နှာပေါ်မှာ မယုံကြည်နိုင်ဟန်ဖြစ်နေပါသည်။ ပြီးနောက် သွေးချောင်းတဟွတ်ဟွတ်ဆိုးပြီး လှေကားပေါ်ကနေ လိမ့်ကျသွားသည်။ သူ မီးခိုးရောင်အငွေ့အဖြစ် ပြောင်းသွားချိန်မှာတော့ မျက်စိမှာ အသိပေးစာပေါ်လာသည်။
[ဝင်စတန်ဝရမ်းပြေးဂျွန်ဆန်ကို သင် အနိုင်ယူလိုက်သည်]
[ဝင်စတန်ရွာတွင် ဂုဏ်သတင်းအမှတ်ခြောက်ဆယ်တိုးသည်]
[ဝင်စတန်ဝရမ်းပြေးများနှင့် သင့်ကြားဆက်ဆံရေးသည် ရန်လိုလာသည်]
[ဝင်စတန်ဝရမ်းပြေးများသည် သင့်အားရှာတွေ့သည်နှင့် သတ်ရန် ကြိုးစားကြမည်]
[အတွေ့အကြုံအမှတ် လေးထောင့်သုံးရာရရှိသည်]
[အဆင့်တက်သွားသည်]
[အဆင့်တက်သွားသည်]
[အဆင့်တက်သွားသည်]
[အဆင့်တက်သွားသည်]
[အဆင့်တက်သွားသည်]
“ဝိုး”
လူမိုက်တယောက်က အဆင့်သုံးဆယ့်ငါးရှိမည်ဟု ကျွန်တော်ခန့်မှန်းထားပါသည်။ ဂျွန်ဆန်သေသွားတော့ အဆင့်ငါးခုတောင် တိုးသွားသဖြင့် ကျွန်တော့်မှန်းဆချက်မှန်သည် ထင်သည်။
‘အဆင့်သုံးဆယ့်ငါးရန်သူကို နှစ်ချက်ထဲနှင့် အနိုင်ယူလိုက်တာလား’
ကိုယ့်ဟာကိုယ်တောင် မယုံကြည်နိုင်ပါဘူး။ ထိခိုက်မှုတိုးပေးတာနှင့် ရန်သူ့ခုခံမှုကို လျစ်လျူရှုရင်တောင်မှ နှစ်ချက်ထဲနှင့်ကိစ္စပြီးသွားမယ်လို့ မမျှော်လင့်ထားတာအမှန်ပါ။
‘ဒီကောင်များ ထင်တာထက် အသက်မှတ်နည်းပုံရတယ်’
ဒီဟာက အကောင်းဆုံးဖြေရှင်းချက်ပါ။ ဒီလူမိုက်များက သူတို့အမှတ်များကို ခွန်အားမှာပဲ စုပြုံသုံးထားတာ ထင်သည်။
‘အိုကေလေ’
ကျွန်တော် အခုပိုပြီးတော့တောင် နေလို့ ထိုင်လို့ကောင်းသွားပြီ။
“အညွှန်းကိန်း”
အမည် : ဂရစ်
အဆင့် : 8 (125/1,400)
ဇာတ်ကောင် : ပက်မာ၏ မျိုးဆက်
* သင့်အား မကောင်းသည့် သဘောဆောင်သော သက်ရောက်မှုများ အားနည်းမည်။
* အသက်အမှတ်အနည်းဆုံးရောက်ပါက ခဏတာမသေဆုံးခြင်းပုံစံသို့ ရောက်ရှိမည်။
* လွယ်လွယ်ကူကူ အသိအမှတ်ပြုခြင်း ခံရမည်။
အသက်- 316/316 မှော်စွမ်းအင်- 87/87
ခွန်အား- 24 သက်လုံ- 22 လျင်မြန်မှု- 16 ဉာဏ်ရည်- 29
ကျွမ်းကျင်မှု- 55 ဇွဲလုံ့လ- 21
တည်ငြိမ်မှု- 14 အနိုင်မခံအရှုံးမပေး- 16 ဂုဏ်သိက္ခာ- 14 ဉာဏ်အလင်း- 14
အညွှန်းကိန်းအမှတ်များ- 110
အလေးချိန်- 842/1,000
အဆင့်ငါးခု တိုးသွားတော့ အခု ငါ့မှာ အညွှန်းကိန်းမှတ်တစ်ရာ့တစ်ဆယ်ရှိပြီ။
‘အညွှန်းကိန်းမှတ်တွေကို သုံးဖို့ အကောင်းဆုံးအချိန်ပဲ’
ကျွန်တော် ချက်ချင်းပဲ အညွှန်းကိန်းအမှတ်အားလုံးကို ခွန်အားနှင့် လှုပ်ရှားနှုန်းမှာ ရင်းနှီးလိုက်သည်။
[ခွန်အားတွင် အမှတ်ငါးဆယ်ရင်းနှီးမြှုပ်နှံသည်။ မှန်ကန်ပါသလား]
“အင်း”
[အမှတ်များကို ရင်းနှီးမြှုပ်နှံလိုက်သည်နှင့် ပြန်လည်ရရှိရန်မဖြစ်နိုင်တော့ပါ။ ဆက်လက်လုပ်ဆောင်မည်လား]
“လုပ်မယ်”
[သင်သည် လျင်မြန်မှုတွင် အမှတ်ခြောက်ဆယ်ရင်းနှီးမြှပ်နှံမည်။ မှန်ကန်ပါသလား]
“ဟုတ်တယ်”
သတိပေးစာများ ပေါ်လာပြီးတာနှင့် ကျွန်တော့်ရဲ့ခွန်အားရော လျင်မြန်မှုပါ ကြီးကြီးမားမားတိုးတက်သွားပါသည်။ ဂိုဏ်းလူမိုက်များကတော့ ရုတ်တရက်ကြီးသေသွားသည့်သူတို့အဖော်ကို အံ့အားသင့်စွာကြည့်ပြီး လှေကားကို မတက်ရဲကြတော့ပါဘူး။
“ဒီကောင်က ဘယ်သူလဲ။ ဂျွန်ဆန်ကို လွယ်လွယ်နှင့် ကိုင်တွယ်လိုက်တယ်”
“ဂျွန်ဆန်သတိမထားမိလို့များ နှလုံးကို မြားနှစ်ခါအထိုးခံလိုက်ရတာလား”
“ဒီသကောင့်သားရဲ့လက်နက်က မြားပဲလေ။ လေးနှင့်တောင်မပြစ်ပဲ ဒီတိုင်းလက်နှင့်စိုက်လိုက်ရုံနှင့် သားရေချပ်ဝတ်ပျက်စီးသွားပြီး ဒီလောက်ထိခိုက်သွားရလား။ အဓိပ္ပာယ်မရှိလိုက်တာ။ မဖြစ်နိုင်တာကြီး”
“...ဒီပန်းပဲဆရာက ဘာလက်နက်မှမပါဘဲတောင် ဒီလောက်သန်မာနေတာ။ သူ့ရဲ့ပထမဇာတ်ကောင်ကပန်းပဲဆရာမဟုတ်လောက်ဘူး။ ဒီကောင်က စစ်သည်တော်ပဲ။ ငါသေချာတယ်”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ဒီလောက်ပျော့ဖတ်နေတာကို”
“သူ့ရဲ့ အပြင်ပုံစံကိုကြည့်ပြီး အထင်မသေးကြနှင့်”
ဂိုဏ်းလူမိုက်များက ကျွန်တော့်ကိုသတိထားပြီး ကြည့်နေကြသည်။ ပန်းပဲဆရာဒေါသက နောက်တစ်ဆယ်စက္ကန့်လောက်ဘဲ သုံးလို့ရတော့မယ်။
“မင်းတို့ ဘာလုပ်နေကြတာလဲ။ မတိုက်တော့ဘူးလား။ လေးယောက်တယောက်ကိုကွာ။ တတိယမြောက်က လူကောင်ကြီးပြီး အချိန်မစီးသည့်ကောင်”
“တတိယ ဒီခွေးသားက ငါ့ကိုရန်လာစနေသည်”
“ပရကာ နေအုံး”
ဂိုဏ်းလူမိုက်ပရကာက ဒေါသတကြီးနှင့် ပြေးတက်လာသည်။ ဒီတခါလက်နက်က သံတင်းပုတ်အကြီးကြီးပါ။ အမြန်နှုန်းကတော့ ဂျွန်ဆန်နှင့်အတူတူပါပဲ။
ရား ....
လှေကားပေါ်ပြေးတက်လာပြီး ကျွန်တော်မျက်နှာကို တင်းပုတ်နှင့်ချိန်လိုက်သည်။ ကျွန်တော်လည်း ရှောင်လိုက်ပြီး မြားနှင့်ထိုးလိုက်သည်။
ပပပက်
လျင်မြန်မှုတိုးလာတာကြောင့် ဒီတခါတော့မြားကို သုံးခါလောက်ထိုးစိုက်ပစ်လိုက်နိုင်သည်။
“အား”
ပရကာ ဒဏ်ရာနှင့် နောက်ကိုဆုတ်သွားသည်။
‘ချီးပဲ’
ဒီတခါ အပိုထိခိုက်မှုမရဘူး။ အထူးဂျယ်ဖာမြားကလည်း အလုပ်မလုပ်။ ဘာလို့လဲ။ ခွန်အားကို ငါးဆယ်မှတ်တောင် တိုးထားတာတောင် ပရကာမသေဘူး။
“ဟေး အဆင်ပြေရဲ့လား”
“....ဒီလောက်နှင့် ငါ့ကိုသတ်လို့မရပါဘူး”
“ဟမ်....ဂျွန်ဆန်ကို နှစ်ခါထဲနှင့် ကိုင်တွယ်လိုက်လို့ စိုးရိမ်နေတာ။ တိုက်ခိုက်တာက ငါထင်တာထက်ပျော့တာပဲ”
ဂိုဏ်းလူမိုက်များက ကျွန်တော့်ခွန်အားကို အတည်ပြုလိုက်ပါပြီ။ ဗဲလ်က သူ့လူများကိုရှင်းပြလိုက်သည်။
“အခု ငါတို့ သူ့ရဲ့ အမြန်နှုန်းကိုပဲ ဂရုစိုက်ရတော့မှာ။ ငါတို့က လက်နက်ကြီးမို့ နှေးတယ်။ ဒါကြောင့် တယောက်တယောက်ချင်းတိုက်လို့မရဘူး”
“ဒါဆိုရင် ဘာလုပ်ကြမလဲ”
“ဘာလုပ်သင့်လဲ ဟုတ်လား။ ရိုးရိုးလေးပါ”
ဗဲလ်ဦးဆောင်ပြီး လှေကားခြေရင်းမှာ အုပ်စုလိုက်ပိတ်ရပ်လိုက်သည်။
“ငါက အပေါ်တက်ပြီး မင်းကိုမတိုက်နိုင်ဘူး။ မင်းလဲ အပေါ်မှာ တသက်လုံးတော့ မနေနိုင်ဘူးမလား။ မင်းအောက်ကိုဆင်းလာတာနဲ့ ငါတို့ မင်းကိုသတ်မယ်”
ဟီးဟီး.....ပါးနပ်လိုက်တာကွာ
‘ဒီကောင်တွေက မွန်းစတားလို မစဉ်းစားပဲမလုပ်ဘူး’
ငါ့ရဲ့အစီအစဉ်က ပျက်ပြီ ထင်တယ်။
‘လေးယောက်ကျန်တယ်။ တယောက်က ဒဏ်ရာရထားပြီ ဒါပေမဲ့ တိုက်နိုင်တုန်း။ ချီးပဲ....ဘာပဲလုပ်လုပ် အားလုံးနှင့်တခါတည်းရင်ဆိုင်တာက အန္တရာယ်များလွန်းတယ်။ ဒီတာဝန်ကို ငါ ဘယ်လိုရှင်းလို့ရမှာလဲကွာ’
ကျွန်တော်က တာဝန်ကနေ စွမ်းရည်အသစ်လေးရလို့ ကျေနပ်တုန်း ရှိပါသေးသည်။ ချိတ်ဆက်တာဝန်များကို ခန်ဆီကနေ ရမှာလို့တောင် ထင်ထားတာ။ ဒီပြဿနာဘယ်လိုရှင်းမတုန်း။
‘သေမဲ့အစား တာဝန်ကိုပစ်ပြီးပြေးတာက ဉာဏ်ရှိသည့်ဆုံးဖြတ်ချက်ပဲ။ ဒါပေမဲ့...’
ကျွန်တော့်မျက်လုံးများက တနေရာကိုကြည့်နေပါသည်။ ဒီတခဏမှာ ထောင့်မှာ မတ်တပ်ရပ်နေသည့် ခန်နှင့် မျက်လုံးချင်းဆုံသွားသည်။ ဒီအဘိုးကြီး ငါ့ကိုကြည့်သည့်အကြည့်မှာ မျှော်လင့်ချက်ပါနေပါလား။
သူက သူရဲကောင်းတယောက်ကို ကြည့်နေသည့်အကြည့်ပဲ။
‘ငါ့ကို ဒီမျက်လုံးနဲ့ မကြည့်နဲ့။ ငါက သူရဲကောင်းမဟုတ်ဘူး’
ကျွန်တော် အဘိုးကြီးအကြည့်ကို လျစ်လျူရှုဖို့ ကြိုးစားပါသည်။ ပြီးနောက် ဂိမ်းက ထွက်ဖို့လုပ်နေတုန်း ရပ်သွားခဲ့သည်။
‘တာဝန်လက်ခံတာနှင့်တင် စွမ်းရည်အသစ်ရခဲ့တာ။ လျှို့ဝှက်တာဝန်ရှိမယ်လို့ တစ်ရာရာခိုင်နှုန်းသေချာတယ်။ ဒီအဘိုးကြီးနဲ့ ပတ်သတ်ပြီး ချိတ်ဆက်တာဝန်တွေ ဘယ်လောက်တောင်ရှိမလဲမသိဘူး။ ဒီလောက်ရှားတဲ့ တာဝန်ကို စွန့်လွှတ်တာက မိုက်မဲတာပဲ’
ငါ ကြိုးစားကြည့်သင့်တယ်။
ကျွန်တော်လှေကားအောက်ကို ဆင်းလာလိုက်သည်။ ဂိုဏ်းလူမိုက်များစောင့်နေသည့်နေရာကို ချက်ချင်းပဲရောက်သွားသည်။
‘ကျွန်တော့်ခုခံမှုက သုညနီးပါးပါပဲ။ အသက်မှတ်ကလည်းနည်းသည်။ ဒီကောင်များတိုက်ရင် နှစ်ချက် သုံးချက်ပဲခံနိုင်မှာ။ မြန်ဖို့က အရေးအကြီးဆုံးပဲ။ သတိထားပြီး ဂရုတစိုက်လုပ်ရမယ်’
ကျွန်တော်တတ်နိုင်သမျှ အာရုံစူးစိုက်ထားသည်။ ပန်းပဲဆရာဒေါသစွမ်းရည်ကလည်း သုံးမရသည့်အချိန်ပြည့်သွားတော့ ထပ်သုံးလို့ရနေပြီ။
“ပန်းပဲဆရာဒေါသ”
[ပန်းပဲဆရာဒေါသအသက်ဝင်လာပါပြီ။ တိုက်ခိုက်စွမ်းအားနှင့် တိုက်ခိုက်အမြန်နှုန်းစက္ကန့်နှစ်ဆယ်ကြာအောင် တိုးလာမည်]
အိုကေ။ နောက်ထပ်က
“ဒဏ္ဍာရီလာပန်းပဲဆရာသည်းခံမှု”
[ဘာမှမဖြစ်လာပါ]
“အမ်.....”
စွမ်းရည်က အသက်မဝင်ဘူးလား။ ကျွန်တော် စိတ်ရှုပ်သွားပြီး စွမ်းရည်ကို မြန်မြန်ဖွင့်လိုက်သည်။ ပြီးတော့ ဒဏ္ဍာရီလာပန်းပဲဆရာသည်းခံမှုစွမ်းရည်အကြောင်း အသေးစိတ်ဖတ်သည်။
[ဒဏ္ဍာရီလာပန်းပဲဆရာသည်းခံမှု]
တက်ကြွမှု၊ ခုခံမှုနှင့် ကျွမ်းကျင်မှုတို့ဟာ နှစ်ရာရာခိုင်နှုန်း တစ်နာရီမြင့်တက်လာမည်။
* ဤစွမ်းရည်သည် မှော်စွမ်းအင်မကုန်ပါ။
* ဤစွမ်းရည်ကို ရည်ရွယ်ချက်ဖြင့် တမင်အသုံးပြု၍မရပါ။ သည်းခံ၍ ကြိုးစားမှသာ အလိုအလျောက်အသက်ဝင်လာမည်။
“....အာ..ချီး”
ဒီသောက်ကျိုးနည်းကိစ္စ။ အသက်ဝင်စွမ်းရည်လား။
ကျွန်တော့်ဝှက်ဖဲထဲက တခုကတော့ သုံးစားမရဘူး။ လူမိုက်တွေနဲ့လဲ နီးလာပြီ။
“ဟေး ငရဲကို သွားဖို့အဆင်သင့်ဖြစ်ပြီလား”
“ငါ့ကို ဒဏ်ရာရအောင် လုပ်တာရော အဖွဲ့ဝင်အတွက်ပါ မင်းပြန်ပေးဆပ်ရမယ်”
ကျွန်တော် ခြိမ်းခြောက်ခံနေရသည်။