ကျမ်းများ
Vol. 20 Ch. 274
အခန်း (၂၇၄) : ကျမ်းများ
နောက်ထပ် နိုးထလာသူက စွင်းကျောင်းလုံ၏ နောက်တွင် ထိုင်နေသော ဖန်းလီကျွမ်း ဖြစ်၏။
သူမ၏ အမြင်အာရုံထဲတွင် သူမအနား၌ လူများစွာ ရှိနေလေသည်။ သူမ လက်ဝှေ့လိုက်သည့်အခါ ထိုလူအားလုံးက ကိုယ်ပျောက်သွားလေသည်။ နောက်ထပ် လက်တစ်ချက်အဝှေ့တွင် မိုးမြေလည်း ပျောက်ကွယ်သွားပြီး နောက်ဆုံးအနေနှင့် တာအိုကလည်း ပျောက်ကွယ်သွားပုံပေါ်သည်။
သူမအား ကံကြမ္မာကောင်းမီးတောက် ၁၂ရောင် လွှမ်းခြုံသွားပြီးသည့်နောက်တွင် အံ့ဖွယ်ခန္ဓာကိုယ်အဆင့် တက်လှမ်းသွားသည်။ သူမက ဝေဟင်မှ ကောင်းကင်စမ်းသပ်ချက်အား မော့ကြည့်လိုက်ပြီးနောက် သူမက အားလုံးရှေ့မှောက်တွင် ပျောက်ကွယ်သွားလေသည်။
သိပ်မကြာခင် ကောင်းကင်မိုးကြိုးက စွမ်းအားစုစည်းလိုက်သော်လည်း ပစ်ခတ်ရမည့်သူကို ရှာမတွေ့ပေ။ ထိုစမ်းသပ်ချက်က အချိန်အတော်ကြာသည်အထိ ရှာဖွေနေသော်လည်း ဘာမှရှာမတွေ့ပေ။
ထိုအရာ ဒေါသထွက်လာသည့်အလား ဝေဟင်ရှိ တိမ်တိုက်များက စုဝေးလာကာ ပို၍ကြီးမားကာ အားပြင်းလာလေသည်။ ထို့နောက် သူက ဖန်းလီကျွမ်းကို ထပ်ရှာလေသည်။ သို့သော် ဘယ်မှာမှ ရှာမတွေ့ခဲ့ပေ။ အကယ်၍ လျှို့ဝှက်နယ်မြေသာ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီကို သီးခြားခွဲထားဖို့ ပုံဖော်ထားခြင်းသာ မဟုတ်လျှင် မိုးကြိုးစမ်းသပ်ချက်သည် တခြားကောင်းကင်ရွေးချယ်ခံများအား ပစ်ခတ်လောက်၏။
ရှာဖွေခြင်းမှာ အသုံးမဝင်မည်မှန်း သိသွားပြီးနောက် မိုးကြိုးစမ်းသပ်ချက်က ပျောက်ကွယ်သွားလေသည်။ ဤသို့ဖြင့် ဖန်းလီကျွမ်းက သူမ၏ စမ်းသပ်ချက်ကို အောင်မြင်သွားလေ၏။
ထိုစဉ် အပြင်ဘက်ရှိလူများစွာက တအံ့တဩဖြင့် ကြည့်နေကြလေသည်။
“သူမက ကိုယ်ပျောက်အဆောင်ရဲ့ စွမ်းအားကို အဆုံးစွန်ထိ ထုတ်သုံးနိုင်တဲ့ပုံပဲ”
“ ဒါက သူမအတွက် လုံးဝကို ပြီးပြည့်စုံတယ်”
“ သူမက ဒါအတွက် ကံကြမ္မာဖန်လာပြီးသားပဲ”
အရာအားလုံးပြီးစီးသွားသည့်အခါ ဖန်းလီကျွမ်းက ဉာဏ်အလင်းပွင့်အခြေအနေတွင် ရှိနေဆဲဖြစ်သည့် တခြားလူများအား ကြည့်ကာ ဘာမှမပြောဘဲ သူမနေရာတွင်သာ ဝင်ထိုင်လိုက်သည်။
နောက်ထပ် နိုးထလာသူက ဝမ်ဝေ့၏ နောက်တွင်ထိုင်နေသော ကျန့်ဝူရွှမ်း ဖြစ်၏။ သူ့အမြင်အာရုံက ဓားနှစ်ချောင်း တိုက်ခိုက်နေခြင်း ဖြစ်သည်။ ပထမဓားက လမ်းရှိ အရာအားလုံးကို ပိုင်းဖြတ်ကာ စကြဝဠာရှိ အရာအားလုံးကို ပိုင်းဖြတ်နိုင်သည်။ ထိုအရာက ပိုင်းဖြတ်ခြင်းသည် အနှစ်သာရ ဖြစ်ကြောင်း သဘောတရားအပေါ် အခြေခံထား၏။ ဒုတိယဓားအတွက်မူ ပထမဓား၏ တိုက်ကွက်ကို ဆက်တိုက်ခုခံနေပြီး ပို၍အားကောင်းလာလေသည်။
ဒုတိယဓားက ပထမဓားကို “ငါကအဆုံးမဲ့တယ်၊ ငါက အဆုံးမဲ့ ကြီးထွားနိုင်တယ်၊ ငါက အဆုံးမဲ့ ဆင့်ကဲပြောင်းလဲနိုင်တယ်၊ မင်းရော အဆုံးမဲ့အထိ ဖြတ်တောက်နိုင်လို့လား” ဟု ပြောနေပုံပေါ်သည်။
ပထမဓားက ဒုတိယဓားကို ဖြတ်တောက်ဖို့ ရှုံးနိမ့်သွားသည့်အခါ ဒုတိယဓားက အနိုင်ရသူ ဖြစ်လာလေသည်။ နောက်ဆုံးတွင် ကျန့်ဝူရွှမ်းက ပေါ်လာပြီး ဒုတိယဓားကို ကိုင်ဆောင်လိုက်၏။ ထိုအခါ သူ့ခန္ဓာကိုယ်မှ အားပြင်းပြင်း ဖိအားတစ်ခု ထွက်ပေါ်လာလေသည်။ ထိုဖိအားက အကန့်အသတ်မဲ့ကာ မိုးမြေအတွင်း ပျံ့နှံ့သွားပြီး ဓားသမားအားလုံးကို သူ့ဆီ ဦးညွှတ်လာစေသည်။
အကယ်၍ ဝမ်ဝေ့သာ နိုးထနေပါက ထိုပထမဓားသည် သူ့အဖေ၏ ဓားဆန္ဒနှင့် တူညီသည်မှန်း ချက်ချင်း သတိပြုမိလိမ့်မည်။ သို့သော် အပြင်ဘက်ရှိလူများစွာကမူ သတိပြုမိလိုက်လေသည်။
“ ဒီကျန့်ဝူရွှမ်းက တော်တော် တော်တာပဲ။ ဝမ်ထျန်းရဲ့ အကြွင်းမဲ့ပိုင်းဖြတ်ခြင်း ဓားဆန္ဒနဲ့ သူ့အဆုံးမဲ့ ဓားဆန္ဒကို လေ့ကျင့်ခဲ့တာပဲ။ အဲဒါက သူ့ကို ပိုပြီးတော့ တိုးတက်သွားစေတယ်”
“ ဓားရေးစံအိမ်က ဝမ်ထျန်းလက်ထဲမှာ အရှက်ကွဲထားတယ်ဆိုတော့ ဒီနည်းနဲ့ ပြန်လည်ဖြေရှင်းဖို့ နည်းလမ်းရှာရတာပေါ့။ ဒါက သူတို့ နှစ်များစွာ လေ့လာပြီးတဲ့နောက်မှာမှ တွေ့လာတဲ့ နည်းလမ်းပဲ ဖြစ်ရမယ်”
“ ဒါပေမဲ့ ကျန့်ဝူရွှမ်းကိုတော့ ချီးကျူးသင့်တယ်။ ဝမ်ထျန်းရဲ့ ဓားဆန္ဒကို နားမလည်ရင် ဒီအရာက ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူး”
“ ကျန့်ဝူရွှမ်းရဲ့ ဓားပါရမီက ဝမ်ထျန်းထက် မနိမ့်ကျဘူး။ သူ့ဓားဆန္ဒက သူ့ထက်မဆိုးဘူး။ သူတို့နှစ်ယောက်ကြားတိုက်ပွဲက တကယ့်ကို ဒဏ္ဍာရီလာဖြစ်မှာပဲ”
ကျန့်ဝူရွှမ်းက အဆင့်တက်ပြီးသည့်နောက်တွင် ဝေဟင်မှ ကောင်းကင်စမ်းသပ်ချက်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ဓားကို ထုတ်ကာ ဝှေ့ယမ်းလိုက်လေ၏။ ထိုစဉ် အဖြူရောင်ဓားချက်က တိမ်တိုက်အတွင်း ပျံဝဲသွားပြီးနောက် တိမ်တိုက်များအား လွင့်ပြယ်သွားစေသည်။
ထိုစဉ် စုယာက ကျန့်ဝူရွှမ်း၏ အမူအရာကို တွေ့လိုက်ပြီးနောက် အံ့အားသင့်သည့် အရိပ်အယောင် ဖြတ်ပြေးသွားလေသည်။ သူမက သူမဘာသာ တွေးလိုက်မိ၏။
ဒီလူတော့ ပြောင်းလဲသွားပြီပဲ။ သူက ပိုပြီးတော့ ယုံကြည်ချက်ရှိတဲ့ပုံ ပေါ်လာတယ်။ အရင်တုန်းကလိုပုံဆိုရင် ဒီလိုမျိုး ခပ်ကြွားကြွား ပြုမူနေမှာ မဟုတ်ဘူး။ အထူးသဖြင့် ကောင်းကင်စမ်းသပ်ချက်က အံ့ဖွယ်ခန္ဓာကိုယ်နယ်ပယ်ရဲ့ လူသားအဆင့် ကျင့်ကြံနှုန်းကို တိုးမြှင့်ပေးနိုင်တဲ့အခါမျိုးမှာပေါ့။
ဒီလိုသာဆက်ဖြစ်ရင် ငါ့အစီအစဉ်က ပိုပြီးလွယ်ကူသွားလောက်တယ်။
ကျန့်ဝူရွှမ်းက သူ အဆင့်တက်ပြီးသွားသည့်နောက်တွင် နိုးထနေသော လူများကို ကြည့်ကာ အနည်းငယ် အံ့ဩသွားလေသည်။ အကြောင်းမှာ လင်းဖန်က မျက်လုံးပိတ်လျက် ဉာဏ်အလင်းပွင့်အခြေအနေတွင် ရှိနေဆဲဖြစ်၍ ဖြစ်သည်။ ထို့နောက် သူ့မျက်နှာက အနည်းငယ် စိတ်ခုသွားဟန်ပေါ်သည်။ မည်သို့ပင်ဆိုစေကာမူ သူက ဘာမှမပြောဘဲ နေရာတွင်သာ ဝင်ထိုင်ပြီး စောင့်ဆိုင်းလိုက်သည်။
နောက်ထပ်နိုးထလာသူမှာ လေးခုံမြောက်တွင် ထိုင်နေသည့် လင်းဖန် ဖြစ်သည်။
သူ့အမြင်အာရုံထဲ ကောင်းကင်တွင် တိမ်တိုက်သုံးထောင် မြောလွင့်လာသည်။ ထိုတိမ်တိုက်များအကြား အသံများကိုလည်း ကြားနေရပြီး ထိုအသံများက တာအိုအမျိုးအစားကွဲများစွာအကြောင်း ပို့ချနေလေသည်။ ထိုပို့ချချက် အဆုံးသတ်သွားသည့်အခါ တိမ်တိုက်သုံးထောင်လုံးက လင်းဖန်ခန္ဓာကိုယ်အတွင်း ပေါင်းစပ်သွားလေ၏။
လင်းဖန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အရှိန်အဝါ ထွက်ပေါ်လာလေသည်။ လျှို့ဝှက်နယ်မြေတစ်ခုလုံး တုန်ခါသွားပြီး အခြေအနေကို ကြည့်ရှုနေသည့်သူများပင် အလန့်တကြား ဖြစ်သွားလေသည်။ ထိုလူများအထဲ ကျောင်းတော်မှ လူများလည်း အပါအဝင် ဖြစ်၏။
“ သူက ဘာလုပ်နေတာလဲ” ဆရာတစ်ယောက်က မေးလိုက်သည် “ သူ့အတွက် ငါတို့အစီအစဉ်က သူ ဟွင်သွမ်းရုပ်ခန္ဓာကို သုံးပြီး ငါတို့ ဧကရာဇ်ကျမ်း ၈ခုလုံးကို ပေါင်းစပ်ပြီး ကျင့်ကြံဖို့ မဟုတ်ဘူးလား။ ဒါပေမဲ့ အခုတော့…”
“ အခုသူက တာအိုသုံးထောင်လုံးကို ပေါင်းစပ်ပြီး ကျင့်ကြံချင်နေတာ” တစ်ယောက်က ဖြေလိုက်သည်။
“ အဲလိုက ဖြစ်နိုင်လို့လား”
“ ဟွင်သွမ်းဆိုတာက မဟာတာအိုတွေရဲ့ နဂိုပုံစံဆိုတော ဖြစ်နိုင်ပါတယ်”
ဆရာများစွာက ထိုအရာကို ကြားပြီးနောက် အသက်ရှူနှုန်းများပင် မြန်ဆန်လာကာ သူတို့၏ ကောင်းကင်ရွေးချယ်ခံက မည်မျှပင် အားကောင်းသွားလိမ့်မည်ဖြစ်ကြောင်း စိတ်ကူးယဉ်ကြည့်နေမိကြသည်။
“ ငါတို့တွေ နောက်ထပ် ထာဝရဧကရာဇ်တစ်ပါးတော့ ပြုစုပျိုးထောင်နိုင်တော့မယ်”
“ အဲလောက်ကြီးလည်း စိတ်မလှုပ်ရှားသေးနဲ့ဦး” ကျောင်းအုပ်အသစ်က ပြောလိုက်သည် “ မနိုးထရသေးတဲ့ လူတစ်ယောက်ရှိနေသေးတယ်ဆိုတာကို အမှတ်ရကြဦး”
ဆရာများက သူတို့ဘာသာသူတို့ စိတ်ပြန်ထိန်းလိုက်ပြီးနောက် လျှို့ဝှက်နယ်မြေကို အာရုံစိုက်ထားလိုက်ကြသည်။ ထိုစဉ် တိမိသားစု မြောလွင့်ရုံငယ်အတွင်း တိထျန်းက လင်းဖန်၏ အမြင်အာရုံကို မြင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက နှာခေါင်းရှုံ့လိုက်၏။
နောက်ထပ်တစ်ကောင်က လျှို့ဝှက်အထွတ်အထိပ် တာအိုထဲကတစ်ခုက ထိန်းချုပ်ဖို့ ကြိုးစားနေတာပဲ။ ဒီလင်းဖန်က ကြာကြာလွှတ်ထားလို့ မဖြစ်ဘူး။ အထူးသဖြင့် သူ့နာမည်ကို ကောင်းကင်တာအိုကာကွယ်ရေး စာအုပ်ပေါ် ရေးထိုးပြီးပြီဆိုတော့… တကယ်လို့ ပိုင်ဟန်သာ ရှိနေသေးရင် ဒီအရူးတွေကို သူက သတိပေးလိမ့်မယ်
ထို့နောက် သူက သူ့အာရုံကို ဝမ်ဝေ့အပေါ် အာရုံစိုက်လိုက်သည်။ တိထျန်း၏ စိတ်ထဲတွင် မဟာဧကရာဇ်ဖြစ်လာမည့် သူ့အကြံအစည်အား စိတ်အနှောင့်အယှက်ပေးနိုင်သည့် တစ်ဦးတည်းသောသူ ရှိမည်ဆိုလျှင် ဝမ်ဝေ့သာ ဖြစ်လိမ့်မည်ဟု ယုံကြည်ထားလေသည်။ အကယ်၍ ထိုဖြစ်နိုင်ချေက ၀.၁ ရာခိုင်နှုန်းသာ ရှိနေလျှင်ပင် သူက ထိုအခွင့်အရေးကို အဖြစ်ခံနိုင်မည် မဟုတ်ပေ။
လင်းဖန်က မိုးကြိုးစမ်းသပ်ချက် ခံယူပြီးသည့်နောက်တွင် သူ နောက်ဆုံးမှ နိုးထလာခြင်း မဟုတ်ကြောင်း သတိပြုမိသွားသည်။ သူက မျက်မှောင်ကြုတ်ပြီးနောက် ကျန့်ဝူရွှမ်းနောက်ရပ်ကာ အကြည့်တစ်ချက် ပေးလိုက်သည်။
သူတို့နှစ်ဦး အကြည့်ချင်းဆုံတွေ့ပြီးနောက် ကျန့်ဝူရွှမ်းက ဖယ်ပေးလိုက်သည်။ နောက်ထပ် ကောင်းကင်ရွေးချယ်ခံများကလည်း သူတို့နိုးထလာသည့်အချိန်ပေါ် မူတည်၍ နေရာများကို ဖယ်ပေးလိုက်ကြသည်။
လင်းဖန်က ဒုတိယနေရာတွင် ထိုင်နေပြီး ကျန့်ဝူရွှမ်းက တတိယနေရာတွင် ဖြစ်၏။ ဖန်းလီကျွမ်းက စတုတ္ထနေရာတွင် ဖြစ်ကာ စုယာက ငါးခုံမြောက်တွင် ဖြစ်လေသည်။ ထို့နောက်တွင် စွင်းကျောင်းလုံ ဖြစ်၏။ ခုနစ်ယောက်မြောက်တွင် မိုရှင်းယွင် ရှိပြီး ရှစ်ခုံမြောက်တွင် အဆုံးမဲ့လေဟာနယ် ရုပ်ခန္ဓာပိုင်ဆိုင်ထားသည့် ကျန်းရွှမ် ရှိလေသည်။
ကောင်းကင်ရွေးချယ်ခံများက နေရာစီနေစဉ် ဝမ်ဝေ့၏ အမြင်အာရုံက ပေါ်ထွက်လာလေသည်။
ထိုအရာက သူ ဧကရာဇ်ငယ်အမြင်အာရုံနှင့် တူညီပြီး ခမ်းနားကြီးကျယ်မြင့်မြတ်လှသည့် ဝမ်ဝေ့က ပညာရှိများ၊ အထွတ်အထိပ်များ၊ ကမ္ဘာများနှင့် မျိုးနွယ်စုများ မရှိဘဲ ပလ္လင်ပေါ်တွင် ထိုင်နေလေသည်။ သို့သော်လည်း ယခုမြင်ကွင်းက ယခင်နှင့် အနည်းငယ်ကွဲပြားနေသည်။ အတိတ်တုန်းက ဝမ်ဝေ့၏ လက်ထဲတွင် ကံကြမ္မာကြိုးမျှင်များရှိပြီး လူများစွာကို ထိန်းချုပ်ထားလေသည်။ သို့သော် ထိုကြိုးမျှင်များက သူ့ခြေထောက်တွင် ဖြစ်ပြီး သူက သူတို့ထက် သာလွန်နေသလိုမျိုး ဖြစ်၏။
ထိုအမြင်အာရုံ ပေါ်ထွက်လာသည်နှင့် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်နယ်မြေတစ်ခုလုံး တုန်ခါသွားလေသည်။ ထို့အပြင် အာရုံခံကောင်းသူတချို့က ထိုအမြင်အာရုံ ပေါ်ထွက်လာပြီးသည့်နောက် ကောင်းကင်တာအို၏ အမျက်ဒေါသကို ခံစားမိလိုက်ကြသည်။ ထိုလူများက ကောင်းကင်ဘုံသည် ဤမျှ ဒေါသထွက်ဖူးကြောင်း မမြင်ဖူးကြပေ။
သို့သော်လည်း သူတို့အတွေးများဖြင့် ကွဲလွဲစွာ ဘာမျှဖြစ်မလာခဲ့ပေ။ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးလည်း မရှိလာပေ။ အရာအားလုံးက ပုံမှန်အတိုင်း ငြိမ်သက်နေလေ၏။
ထိုစဉ် ဝမ်ဝေ့က သူ့အံ့ဖွယ်ခန္ဓာကိုယ်အဆင့်သို့ တက်လှမ်းရန် အာရုံစိုက်ထားလွန်းသဖြင့် အပြင်ဘက်ရှိ အခြေအနေ၊ ဖြစ်နေသည့် အရာများကို ဂရုမပြုမိပေ။
သူ့ရှေးဟောင်းမီးအိမ်က ပေါ်ထွက်လာသည့်အခါ လူများစွာက တစ်ဖန် အံ့အားသင့်သွားပြန်သည်။ သူ့တွင် ကံကြမ္မာကောင်းမီးတောက် ၁၃ ခုရှိနေရုံသာမက မီးအိမ်တွင်လည်း မူလအမှတ်အသား ၁၈၄ ခု ရှိနေလေသည်။
ထိုအဖြစ်အပျက်ကို မအံ့ဩမိသည့် တစ်ဦးတည်းသောသူမှာ တိထျန်းသာ ဖြစ်၏။ သူက ပိုင်ရှင်ပင် မသိထားသည့် ထိုသဘာဝ၏ နောက်ကွယ်မှ အမှန်တရားကို သိထားသည့် တစ်ဦးတည်းသောသူ ဖြစ်နေနိုင်သည်။
ထိုမီးအိမ် ပေါ်ထွက်လာသည်နှင့် ဝမ်ဝေ့က သူ့အတွက် လွယ်ကူသည့် အဆင့်တက်လှမ်းမှုအပေါ် အာရုံစိုက်ထားလိုက်သည်။ ထိုအရာက ဆန္ဒ၊ အိပ်မက်၊ ရည်မှန်းချက်နှင့် စိတ်ဆန္ဒများကို ကံကြမ္မာကောင်း မီးတောက်အတွင်း ပေါင်းစပ်လိုက်ခြင်း ဖြစ်၏။ ထိုအရာက ရိုးရှင်းသည့်အရာဟု ထင်ရသော်လည်း တကယ်တမ်းတော့ မဟုတ်ခဲ့ပေ။ အတွေးများ သို့မဟုတ် ရည်မှန်းချက်များ ထည့်သွင်းပေါင်းစပ်လိုက်သည့်အခါ ထိုရည်မှန်းချက်အတွက် သူတို့ဘဝကိုပင် စတေးခံနိုင်လိမ့်မည်ဟု ယုံကြည်ချက်မျိုး ရှိဖို့ လိုအပ်သည်။
ထိုသို့ဆုံးဖြတ်ချက်မျိုး မရှိဘဲ သူတို့က အံ့ဖွယ်ခန္ဓာကိုယ်အဆင့်ကို တက်လှမ်းနိုင်မည် မဟုတ်ပေ။
ဝမ်ဝေ့၏ ရည်မှန်းချက်အတွက်မူ အမြဲတမ်းလိုလို အနှောင်အဖွဲ့ကင်းကင်း နေရဖို့ဖြစ်ပြီး သူ့စိတ်ကြိုက် သူ့ကံကြမ္မာကို ထိန်းချုပ်ဖို့ ဖြစ်၏။