← Chapters

ကျမ်းများ

Vol. 20 Ch. 275

ကျမ်းများ

Vol. 20 Ch. 275

အခန်း (၂၇၅) : ကျမ်းများ

အံ့ဖွယ်ခန္ဓာကိုယ်နယ်ပယ်အဆင့်ကို သုံးပိုင်းခွဲခြားထားပြီး လူသား၊ မြေကမ္ဘာနှင့် ကောင်းကင်အဆင့်တို့ ဖြစ်ကြသည်။ အဆင့်တစ်ခုလုံး၏ ရည်ရွယ်ချက်မှာ စည်းမျဉ်းစွမ်းအားကို ခံနိုင်ရည်ရှိသည့် ခန္ဓာကိုယ်ဖြစ်သော “အံ့ဖွယ်ခန္ဓာကိုယ်”ကို မွမ်းမံသန့်စင်ရန်အတွက် ဖြစ်သည်။

ထို့ကြောင့် လူသားအဆင့်တွင် ကျင့်ကြံသူများက သူတို့၏ ကံကြမ္မာကောင်း မီးတောက်ဖြင့် သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပြုပြင်ခြင်း သို့မဟုတ် ပြန်လည်ဖန်တီးခြင်းများ ပြုလုပ်ကြသည်။ သူတို့က သူတို့၏ အရေပြား၊ ကြွက်သား၊ အရိုးများ၊ အတွင်းအင်္ဂါများနှင့် သွေးများကို ပြန်လည်သန့်စင်မွမ်းမံကြသည်။

ယေဘုယျအားဖြင့် သူတို့က ဝမ်ဝေ့တစ်ယောက် ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ကျင့်ကြံစဉ်ကလိုမျိုး ဖြစ်စဉ်ကို အတူတူဖြတ်ကျော်ရမည်သာ ဖြစ်သည်။

ဝမ်ဝေ့အတွက်မူ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းက သူ့ကျမ်းအတွက် ပုံကြမ်းလို ဖြစ်နေသည့်အတွက် လူသားအဆင့်ကို ဖြတ်ကျော်စရာ မလိုပေ။ ထို့ကြောင့် သူက သူ့ရည်မှန်းချက်ကို မီးတောက်နှင့် ပေါင်းစပ်ပြီးသည့်နောက်တွင် လူသားအဆင့်အများစုကို အလျင်အမြန် ဖြတ်ကျော်လိုက်ပြီး လေ့ကျင့်ရာ၌ သူ့ခန္ဓာကိုယ်၏ အသေးဆုံး အစိတ်အပိုင်းအထိ အပြန်ပြန်အလှန်လှန် စစ်ဆေးလိုက်သည်။

သူက ဟာကွက်တစ်ခု ရှာတွေ့သွားသည်။ သူ့ဦးနှောက် ဖြစ်၏။ အင်္ဂါရပ်တစ်ခုက ကျိုးပဲ့လွယ်နေသောအချက်ကြောင့် ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းဖြင့် ထိုအရာကို သီးသန့်မွမ်းမံလေ့ကျင့်ပေးနိုင်မည့် နည်းလမ်း မရှိပေ။ ထို့ကြောင့် ထိုအရာက သူ့အားနည်းချက်တစ်ခု ဖြစ်နေလေ၏။

ထိုအရာကို သိကာ သူက ကံကြမ္မာကောင်းမီးတောက်ဖြင့် သူ့ဦးနှောက်ကို ပြုပြင်မွမ်းမံလိုက်သည်။ လူများစွာက ထိုအရာကို မြင်ပြီးနောက် မျက်မှောင်ကြုတ်သွားကြသည်။ ကောင်းကင်ရွေးချယ်ခံအားလုံးက သူတို့အဆင့်တက်လှမ်းပြီးသည့်နောက်တွင် အရေပြားကိုသာ သန့်စင်ခဲ့ကြသော်လည်း သူကတော့ ဦးနှောက်ကို ရွေးချယ်ခဲ့လေသည်။

သို့သော်လည်း သူတို့က ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သူ့အားကောင်းလှသော ခန္ဓာကိုယ်ဖြင့် အံ့ဖွယ်ခန္ဓာကိုယ် နယ်ပယ်အဆင့်သို့ တက်လှမ်းရာတွင် သူ့အတွက် ကွဲပြားသည်က အဓိပ္ပာယ်ရှိကြောင်း သတိပြုမိလာကြသည်။

ဝမ်ဝေ့က သူ့ဦးနှောက်ကို လောင်ကျွမ်းစေလိုက်ပြီးနောက် ရလဒ်ကို ကျေနပ်သွားလေသည်။ ယခုမှစ၍ သူ့အနေနှင့် တစ်ယောက်ယောက်က ဦးနှောက်ကို လာဖောက်ခွဲလျှင်ပင် ချက်ချင်း သေမည် မဟုတ်ပေ။ သူတို့အနေဖြင့် သူ သေဆုံးအောင် အနည်းဆုံး ငါးကြိမ်မက ဖောက်ခွဲဖို့ လိုအပ်ပေမည်။

သူက သွေးကို လေ့ကျင့်ပြီးသည့်နောက်တွင် သွေးတစ်စက်ဖြင့် ပြန်လည်မွေးဖွားခြင်း အဆင့်အနေအထားသို့ ကျရောက်သွားလေသည်။ ဆိုလိုသည်မှာ သူ့သွေးစက်တစ်စက် ကျန်ရှိနေသရွေ့ ချက်ချင်းဆိုသလို ခန္ဓာကိုယ်တစ်ခုလုံး ပြန်လည်ကောင်းမွန်လာနိုင်သည်။

ထို့နောက်တွင် သူ့အပေါ် အံ့ဖွယ်ခန္ဓာကိုယ်နယ်ပယ်အဆင့်၏ အရှိန်အဝါ ပေါ်ထွက်လာသည်။ သူက မျက်လုံးဖွင့်လိုက်ရင်း စွမ်းအားနှင့် သက်တမ်းမှာ တိုးမြှင့်သွားသည်ကို ခံစားရင်း လက်သီးဆုပ်လိုက်မိသည်။

ပုံမှန် အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်တွင် သက်တမ်းက နှစ်ပေါင်းသုံးသောင်း ရှိ၏။ သို့သော်လည်း သူက ကောင်းကင်ရုပ်ခန္ဓာကြောင့် ဝမ်ဝေ့က ထိုသက်တမ်းကို ရရှိထားပြီးသား ဖြစ်သည်။ ဤအဆင့်တက်လှမ်းမှုဖြင့် ယခုတွင် သူက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ သာမန်သက်တမ်းဖြစ်သည့် နှစ်ကိုးသောင်းကို ရရှိသွားလေသည်။ ဤသည်မှာ မူလလမ်းစဉ်၏ စနစ်မှ ချီးမြှင့်ပေးထားသော သက်တမ်းမျှသာ ဖြစ်လေ၏။ သူ့ခန္ဓာကိုယ်အနေအထားကလည်း သူ့သက်တမ်းကို သိသိသာသာ တိုးမြှင့်သွားစေသည်။

ဝမ်ဝေ့က ခေါင်းမော့ကာ မိုးကြိုးစမ်းသပ်ချက်အား လှမ်းကြည့်လိုက်သည်။ ပထမမိုးကြိုး ကျရောက်လာသည့်အခါ သူက ပါးစပ်ကို ဖွင့်၍ ဝါးမျိုလိုက်သည်။ ထိုအရာကို စမ်းသပ်ချက် မပြီးခင်အထိ သူက ဆက်တိုက်ပြုလုပ်လိုက်၏။

ဝမ်ဝေ့က ဖြည်းဖြည်းချင်း လှည့်လာကာ ကောင်းကင်ရွေးချယ်ခံများကို မကြည့်ဘဲ အဝေးတစ်နေရာကိုသာ ကြည့်လိုက်သည်။ သူ့မျက်ဝန်းက လျှို့ဝှက်နယ်မြေကို ထိုးဖောက်သွားပြီး အလွှာများစွာကို ဖြတ်သန်းကာ ကျောင်းတော်၏ ပိုင်နက်အတွင်းရှိ သေမျိုးနေရာတစ်ခုသို့ ရောက်ရှိသွားလေသည်။

သူက အခန်းအတွင်း ထိုင်နေသည့် လူအိုကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူအိုကြီး၏ဆံပင်က မီးခိုးရောင်သန်းနေပြီး မျက်နှာထက်တွင် ပါးရည်တွဲကျနေသည်။ ထိုလူအိုကြီး၏ ဦးခေါင်းအထက်တွင် ဝမ်ဝေ့က မီးခိုးရောင် ကြိုးတစ်ခုကို မြင်လိုက်ရသည်။ ဤသည်က ကံကြမ္မာကြိုးမျှင် ဖြစ်၏။ ယခင်ကတည်းက သူ မြင်ခဲ့ဖူးသော်လည်း ဘယ်လိုအသုံးပြုရမယ်မှန်း မသိခဲ့ချေ။ သို့သော် ယခု သူက သိသွားလေပြီ။

ကံကြမ္မာကြိုးမျှင်ကို အာရုံစိုက်လိုက်ပြီးနောက်တွင် ထိုလူအိုကြီး၏ မွေးဖွားစဉ်မှ ယခုလက်ရှိအထိ ကံကြမ္မာအကြောင်း မြင်လိုက်ရသည်။ ဝမ်ဝေ့က ထိုလူ ပထမဆုံး ငိုကြွေးစဉ်မှစ၍ သူ့မိဘများနှင့်အတူ ပထမဆုံး လယ်စိုက်သည့်အချိန်၊ သူ့အချစ်ဦး၊ သူ့သားဦးနှင့် မြေးဦးတို့ ရသည့်အချိန်တို့ကိုပင် မြင်လိုက်ရသည်။ ထိုစဉ် သူက ထိုလူအိုကြီး၏ မွေးဖွားစဉ်မှ လူလတ်အရွယ်၊ ယခုလိုအိုမင်းလာသည်အထိ သက်တမ်းတစ်လျှောက်လုံးကို ကြည့်လိုက်သည်။ ဤသည်က ကန့်သတ်ချက် မရှိပေ။ ထို့နောက် ဝမ်ဝေ့က ထိုလူအိုကြီး၏ ဘိုးဘေးများ၏ ကံကြမ္မာကိုပါ စတင်ကြည့်လိုက်သည်။ သူက ထိုလူအိုကြီး၏ အဖိုး၊ အဖိုး၊ အဖိုး၏ ဘဝများကိုပါ ကြည့်လိုက်သည်။ အတိအကျဆိုရလျှင် သူက ထိုလူအိုကြီးမိသားစု၏ မျိုးဆက် ၁၅ဆက်လောက်ထိကို ကြည့်လိုက်မိသည်။

ထို့နောက်တွင် ဝမ်ဝေ့က ထိုလူအိုကြီး၏ အနာဂတ်ကို ကြည့်လိုက်သည်။ နောက်နှစ်နှစ်ကြာလျှင် ထိုလူကြီးက ကြမ်းပြင်ပေါ်မှ တစ်ခုခုကို ကုန်းကောက်ရင်း လဲကျသွားကာ ဘယ်တော့မှ ပြန်ထမလာနိုင်တော့သည်ကို မြင်လိုက်ရသည်။ သူ့မိသားစုက သူ့အား မြှုပ်နှံကာ သူတို့၏ ဘဝကို လယ်သမားအဖြစ် ဆက်လက်အသက်မွေးသွားကြသည်။ နောက်မျိုးဆက်သုံးခု ကြာပြီးသည့်နောက်တွင် တစ်ရွာလုံး ကပ်ဘေးအတွင်း ပျက်သုန်းသွားကာ ထိုလူအိုကြီး၏ သွေးမျိုးဆက်လည်း အဆုံးသတ်သွားလေသည်။

ဝမ်ဝေ့က သေမျိုးများ၏ ဘဝသည် မည်မျှသေးနုတ်ကြောင်းကို မြင်လိုက်ရ၍ သက်ပြင်းချလိုက်သည်။ သူတို့၏ ကံကြမ္မာကို မွေးဖွားလာကတည်းက တစ်သတ်မတ်တည်း ရေးသားပြီးသားဖြစ်ပြီး သူတို့က သိလည်းမသိကြသလို သိလျှင်ပင် ကူကယ်ရာမဲ့နေမည်သာ ဖြစ်၏။ သူတို့က စကြဝဠာ၏ လုပ်ငန်းစဉ်များ ပုံမှန်လည်ပတ်ဖို့ သို့မဟုတ် ပို၍အားကောင်းသော သက်ရှိများကို ခစားဖို့အတွက် ကြိုးဆွဲခံထားရသည့် ရုပ်သေးရုပ်များသာ မဟုတ်ပါလော။

ထိုသေမျိုးကို ရွေးချယ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ကောင်းကင်ရွေးချယ်ခံများကို ကြည့်လိုက်သည်။ သူ၏ အေးစက်စက် ခဲဖြူရောင်မျက်ဝန်းက သူတို့၏ ဝိညာဉ်များအထိ ထိုးဖောက်သွားကာ သူတို့က ကိုယ်လုံးတီးဖြင့် ရပ်နေရသလိုမျိုး ခံစားရစေသည်။

ထို့နောက် သူတို့က ဘာဖြစ်နေသည်ကို သတိပြုမိသွားသည်။ ထိုကောင်းကင်ရွေးချယ်ခံများသည် ဝမ်ဝေ့က သူတို့၏ မွေးဖွားစဉ်မှ လျှို့ဝှက်ချက်များအကုန် ပါဝင်သည့် ကံကြမ္မာကို ဖတ်ရှုနေကြောင်း သတိထားမိလိုက်ကြသည်။

သူတို့က အမူအရာပျက်ယွင်းစွာဖြင့် ခုခံလိုက်ကြ၏။ ယခင် ထိုလူများ၏ အမြင်အာရုံများက သူတို့ရှေ့တွင် ဖြစ်ပေါ်လာပြီး ထူးထူးဆန်းဆန်း တိုက်ကွက်ကို တားဆီးဖို့ ကြိုးစားလိုက်ကြသည်။ သို့သော်လည်း အသုံးမဝင်ပေ။ အနည်းဆုံးတော့ အများစုအတွက် ဖြစ်၏။

“ ဟင်း” ဝမ်ဝေ့က လင်းဖန်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

ဒီလူက ငါ့ကံကြမ္မာဖတ်ရှုရေး နည်းစနစ်ကို တားဆီးနိုင်တာလား။ သူ့ရဲ့ ဟွင်သွမ်းတာအိုက ငါ့ရဲ့ ကံကြမ္မာတာအိုနဲ့ အဆင့်အတူတူမလို့များလား။ ဒါပေမဲ့ သူက အရမ်းအားနည်းနေသေးတယ်။

ထို့နောက် သူက ချက်ချင်းဆိုသလို လင်းဖန်အပေါ် ဖိအားကို တိုးမြှင့်လိုက်သည်။ ထို့ကြောင့် ဝမ်ဝေ့က သူ့ကံကြမ္မာကို ဖတ်နိုင်လိုက်၏။ သူက အလွှာနိမ့်တွင် မည်သို့ကြီးပြင်းလာကြောင်း၊ ဟွင်သွမ်းရုပ်ခန္ဓာကြောင့် သူတို့၏ အနိမ့်ဆုံးကျင့်စဉ်ကိုပင် မကျင့်နိုင်သောကြောင့် မျိုးနွယ်စုမှ ပစ်ပယ်ခံထားရပုံ၊ သူ့တာအိုကာကွယ်သူ သို့မဟုတ် ဆရာနှင့် မည်သို့တွေ့ဆုံခဲ့ကြောင်း၊ သူ့မျိုးနွယ်နှင့် တစ်ကမ္ဘာလုံးအနက် မြင့်တက်လာပုံကိုပါ မြင်တွေ့လိုက်ရသည်။

ကောင်းကင်ရွေးချယ်ခံများက သူတို့၏ လျှို့ဝှက်ချက်များ ဝမ်ဝေ့ထံ ပေါက်ကြားသွားလေသည်။ အားကောင်းသည့် တားမြစ်ချက်ဖြင့် ကာကွယ်ထားသည့် ဧကရာဇ်ကျမ်းများမှလွဲ၍ ဝမ်ဝေ့က သူတို့၏ လျှို့ဝှက်ချက်များကို သင်ယူလိုက်ရသည်။

သူတို့က အခြေအနေကို သတိထားမိကာ တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။ သို့သော်လည်း ဝမ်ဝေ့က ထိုလူများကို လျစ်လျူရှုထားရင်း ပင်ကိုစက်ကွင်းကို အသက်သွင်းလိုက်ပြီး သူတို့တိုက်ကွက်အားလုံးကို တားဆီးထားလိုက်သည်။

ထိုဖြစ်စဉ်အတွင်း ဝမ်ဝေ့က သူ့ဘာသူတွေးလိုက်မိ၏။

ငါက သူတို့ရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်ကို ဖတ်နိုင်ပေမဲ့ အနာဂတ်ကိုတော့ မဖတ်နိုင်သေးဘူး။ ကျင့်ကြံရေးဆိုတာက ဘက်မလိုက်တဲ့ ဖြစ်စဉ်တစ်ခုဆိုတော့ သူတို့ရဲ့ ကံကြမ္မာကို စာအုပ်ထဲ ရေးချထားမှာ မဟုတ်ဘူး။ သူတို့ရဲ့ ကံကြမ္မာက လက်ရှိ သူတို့လုပ်ထားတဲ့ ဆုံးဖြတ်ချက်တွေအပေါ် မူတည်ပြီးတော့ ဖြစ်နိုင်ချေအမြောက်အများ ရှိနေနိုင်တယ်

ဒါပေမဲ့ ငါအပါအဝင် ကျင့်ကြံသူအားလုံးက ကံကြမ္မာဆက်စပ်မှုလို့ ခေါ်တဲ့ ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ဟာတွေ ရှိတယ် ... ကံဆိုးတာက ငါ့သာလွန်ကံကြမ္မာကျမ်းက  ကံကြမ္မာဆက်စပ်မှုတွေကို မမြင်တွေ့နိုင်သေးဘူး။ ဘာဖြစ်ဖြစ် အချိန်တစ်ခုပဲ လိုပါတော့တယ်။

ထို့နောက် ဝမ်ဝေ့က ကျောင်းတော်ဘက်ကို လှမ်းကြည့်လိုက်သည်။ အတိအကျဆိုရလျှင် တိမျိုးနွယ်၏ မျှောလွင့်ရုံငယ်သို့ ဖြစ်၏။ ယခင် သူ လုပ်လိုက်သလိုမျိုး တိထျန်း၏ ကံကြမ္မာကို ဖတ်ရှုလိုက်သည်။

သို့သော်လည်း တိထျန်းက လက်ဝှေ့လိုက်သည့်အချိန် အဖြူနှင့် အနက်ရောင် စက်ဝန်းတစ်ခု ပေါ်ထွက်လာသည်။ ထိုစက်ဝန်းက ပြန်လည်ဝင်စားခြင်းစွမ်းအားများ ထုတ်လွှတ်လာပြီး ဝမ်ဝေ့၏ စွမ်းရည်ကို အလွယ်တကူ တားဆီးထားလေသည်။

အဲလောက်မလွယ်မှန်းတော့ ငါ သိပြီးသားပါ။ ဒီလူက နောက်တစ်ဆင့်ကို ရောက်နေပြီ။ ဟား…ဟား…ဒီလိုအားကောင်းတဲ့ရန်သူမျိုးကို အနိုင်ယူရတာက ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ပိုပြီးစိတ်ဝင်စားဖို့ ကောင်းစေတယ်။ မဟုတ်ရင်တော့ အရာရာတိုင်းက အလွယ်တကူပဲ ဖြစ်နေတော့မှာပဲ

ထို့နောက် ဝမ်ဝေ့က သူ့အား တစ်ပြိုင်တည်းတိုက်ခိုက်နေပြီး သူ့ကာကွယ်နိုင်စွမ်းအား မချိုးဖျက်နိုင်သေးသည့် ထိုလူများကို ကြည့်လိုက်သည်။ သူ့အကြည့်က မိုရှင်းယွင်ဆီ ကျရောက်သွားလေ၏။

သူမနဲ့ ပတ်သက်ပြီးတော့ ငါ့သုံးသပ်ချက်က မှန်နေတာပဲ။ ဒါပေမဲ့ သူမနဲ့ အပေးအယူလုပ်လိုက်တဲ့သူက ဖုန်းဟွမ် မဟုတ်ဘူးဆိုတော့ ဘယ်သူများလဲ။ ငါ ဖုန်းဟွမ်ကို ကိုယ်တိုင်တွေ့ပြီး ကံကြမ္မာကို စစ်ဆေးကြည့်ဖို့လိုတယ်။ ဒါပေမဲ့ ငါ ဇူဇကာဝါးမျိုခြင်းကျမ်းကို စိတ်ဝင်စားမိသွားပြီ။

ထို့နောက် သူက စွင်းကျောင်းလုံကို ကြည့်လိုက်သောကြောင့် စွင်းကျောင်းလုံးက နှလုံးခုန်ပင် တစ်ချက်မြန်သွားမိသည်။

ငါ့အစီအစဉ် အလုပ်ဖြစ်ဖို့ လူသားကံကြမ္မာဓားက အကူအညီကြီး ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အခု အချိန်မကျသေးဘူး။

ဝမ်ဝေ့က လက်သီးဆုပ်ကာ လေကို တစ်ချက်ပစ်ခွင်းလိုက်သည်။ ထိုစဉ် သူ့ဆီမှ အားကောင်းသည့် တုန်ခါလှိုင်းများ ထွက်ပေါ်လာပြီး ကောင်းကင်ရွေးချယ်ခံအားလုံးကို လွင့်ထွက်သွားလေစေသည်။ ထိုအခါမှ သူက လျှို့ဝှက်နယ်မြေမှ ထွက်လာဖို့ အမှတ်အသားပြားကို အသက်သွင်းလိုက်သည်။

ထိုစဉ် လွင့်ထွက်သွားသည့် လူအားလုံးတွင် အတွေးတစ်ခုသာ ရှိလေသည်။

သူက ဘယ်လောက်တောင် အားကောင်းနေရတာလဲ …

ထိုလူများထဲတွင် လွင့်ထွက်သွားသည့်လူများထဲတွင် မတ်တပ်ရပ်နေဆဲ တစ်ဦးတည်းသောလူ ဖြစ်သည့် လင်းဖန်လည်း အပါအဝင် ဖြစ်သည်။ သူက ဝမ်ဝေ့၏ ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ကာ အံကြိတ်လိုက်မိသည်။

သူက များစွာ အားစိုက်ခဲ့ရသော်လည်း မမှီသေးပေ။ သို့သော် လင်းဖန်က အလျင်အမြန် စိတ်ထိန်းလိုက်၏။ သူ့တွင် ဆက်လက်ကြီးထွားဖို့ အခွင့်အရေးများစွာ ရှိနေသေးသည်။ သူ့ဟွင်သွမ်းတာအိုတွင် ကံကြမ္မာတာအိုလည်း ထည့်သွင်းနိုင်လေသည်။

ထို့ကြောင့် သူ့မျက်ဝန်းအတွင်း ဆုံးဖြတ်ချက်တစ်ခု ဖြတ်ပြေးသွားလေသည်။

All Chapters