← Chapters

မမျှော်လင့်ထားသည့် ဧည့်သည်

Vol. 20 Ch. 276

မမျှော်လင့်ထားသည့် ဧည့်သည်

Vol. 20 Ch. 276

အခန်း (၂၇၆) : မမျှော်လင့်ထားသည့် ဧည့်သည်

ယန်းချန်၏ စွမ်းအားဖြင့် ဝမ်ဝေ့က အာကာပြင်ကို ချိုးဖောက်ကာ တာအိုအခွင့်အလမ်းဂိုဏ်းသို့ ပြန်လာခဲ့သည်။ ကံဆိုးစွာဖြင့် လမ်းတွင် မတော်တဆမှုတစ်ခု ဖြစ်သွားလေသည်။ ဝမ်ဝေ့နှင့် ယန်းချန်တို့က သူတို့၏ ပြောင်းရွေ့သွားလာမှု နှောင့်ယှက်ခံလိုက်ရပြီး သဲများသာရှိသည့် ကန္တာရအတွင်းသို့ ကျရောက်သွားကြောင်း တွေ့လိုက်ရသည်။

သိပ်မကြာခင် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလာကာ ကမ္ဘာကြီးက ပြောင်းလဲသွားဟန်ပေါ်သည်။ သို့သော် ယန်းချန်က မတုံ့ပြန်နိုင်ခင် ဝမ်ဝေ့ရှေ့မှောက်မှ ပျောက်ကွယ်သွားလေသည်။

ဝမ်ဝေ့အတွက်မူ အခြေအနေတစ်ခုလုံး တည်ငြိမ်နေဆဲသာ ဖြစ်၏။ သူက သိထားပြီးသားဟူသော အပြုံးမျိုး ပန်ဆင်ထားလေသည်။ သူက လေဟာနယ်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် ယန်းချန်က ကြယ်တာရာများစွာ ဝန်းရံထားသည့် သီးသန့်လေဟာနယ်တစ်ခုထဲအတွင်း ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။

ယန်းချန်က သူ့ဓမ္မခန္ဓာကိုယ်ဖြင့် ပတ်ဝန်းကျင်ကို တိုက်ခိုက်ကာ သူ့ကို သူ့သခင်လေးအား ကာကွယ်ရန် တားဆီးနေသည့်အရာများကို ချိုးဖောက်ရန် ကြိုးစားနေလေသည်။

ယန်းချန် အဆင်ပြေကြောင်း စစ်ဆေးပြီးသည့်နောက်တွင် ဝမ်ဝေ့က တခြားတစ်ဖက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည် “ ထွက်ခဲ့။ ခင်ဗျား ဒီမှာရှိတာ ကျုပ်သိတယ်”

“ အော် မင်း ဘယ်လိုများ သိပါလိမ့်” အေးစက်စက်အသံပိုင်ရှင်က ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်၏ ယခင်ကျောင်းအုပ် ပိုင်ဟန် ဖြစ်နေလေသည်။

“ ဒီနေ့ ကျုပ်အတွက် ကံဆိုးမယ်ဆိုပြီးတော့ ခံစားမိနေတယ်။ ဒါပေမဲ့ ကျုပ်ခန့်မှန်းချက်က အန္တရာယ်ခြိမ်းခြောက်နှုန်းက အလယ်အလတ်ကနေ နည်းပါးတယ်လို့ ပြသနေတယ်။ ကျုပ်သာ ကောင်းကောင်း ကစားနိုင်ရင် အကျိုးအမြတ်တောင် ရနိုင်သေးတယ်။”

“ မင်းရဲ့ ယုံကြည်မှုကိုတော့ လေးစားမိပါရဲ့” ပိုင်ဟန်က လှောင်ပြုံးဖြင့် ပြောလိုက်သည် “ ဒါပေမဲ့ မင်းက မင်းအခြေအနေကို နားမလည်ပုံပဲ။ ငါက ဒီပတ်ဝန်းကျင်တစ်ခုလုံးကို အထွတ်အထိပ်အဆင့် အစီအရင်တစ်ခုလုံး ခင်းကျင်းဖို့ နှစ် ၂၀၀ ကြာ အချိန်ယူခဲ့ရတာ။ ဒါက သာမန်အစီအရင်မျိုး မဟုတ်ဘူး။

ဒါနဲ့ဆိုရင် ယန်းချန်ကို နောက်ထပ် တစ်နာရီကြာအောင် ထိန်းထားလို့ရတယ်။ တာအိုအခွင့်အလမ်းဂိုဏ်းကိုတော့ မင်းအဆင့်အတန်းနဲ့ သူတို့တွေ မင်းကိုဘယ်လောက် အားကိုးယုံကြည်တယ်ဆိုတာကို ထည့်တွက်ပြီး သူတို့အနေနဲ့ တစ်ခုခုမှားယွင်းတာ သတိထားမိဖို့ အနည်းဆုံး ဆယ်မိနစ် အချိန်ယူရလိမ့်မယ်။ ပြီးရင် ဒီနေရာကို အာရုံခံဖို့ ငါးမိနစ်၊ ဒီအစီအရင်ကို ချိုးဖောက်နိုင်ဖို့ နောက်ထ ပ်ငါးမိနစ်တော့ လိုလိမ့်မယ်။ အဲဒါဆိုတော့ ငါ့ဆီမှာ မင်းကို သတ်ဖို့ မိနစ်နှစ်ဆယ် အချိန်ရတယ်ဆိုတာပဲ။”

“ ကျုပ်ကို လျှော့တွက်ထားတာပဲ” ဝမ်ဝေ့က တိတ်တဆိတ် ခေါင်းခါလိုက်သည်။ ပိုင်ဟန်က အချိန်နှင့် အခွင့်အလမ်းများစွာကို အသုံးချကာ ဤသို့အားကောင်းသည့် အစီအရင်မျိုး ခင်းကျင်းခဲ့သော်လည်း သူက သတ်ဖြတ်ရမည့်အစား သီးသန့်သာ ခွဲထုတ်ခဲ့လေသည်။

သူက ငါ့ကို သတ်ချင်တာပဲဖြစ်ရမယ် ဒါမှမဟုတ် သူ့စိတ်က ကပ်ဘေးချီ သက်ရောက်ခံနေရတုန်းလား…

“ ခင်ဗျား ဒီလိုဖြစ်သွားအောင် ဘယ်အရာက လှုံ့ဆော်ပေးလိုက်လဲဆိုတာ သိချင်မိသား” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“ အချိန်ဆွဲနေဖို့ မလိုဘူး။ မင်းက  ကျောင်းတော်အတွက် ခြိမ်းခြောက်မှုပဲ။ မင်းကို ရှင်းပစ်ရမယ်။ မဟုတ်ရင် ငါတို့တွေ နောင်ကျရင် ထိခိုက်လိမ့်မယ်”

ပိုင်ဟန်က သူ့ပိုင်နက်ကို ချက်ချင်းထုတ်သုံးကာ ပတ်ဝန်းကျင်ရှိ မိုးမြေစည်းမျဉ်းများအား ထိန်းချုပ်လိုက်သည်။

ဝမ်ဝေ့အတွက်မူ သူ့စိတ်ဝိညာဉ်နှင့် ဝိညာဉ်အပေါ် တိုက်ရိုက်ကျရောက်လာသည့် ဖိအားကို ခံစားမိလိုက်သော်လည်း သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှအပ ဘယ်ကျင့်စဉ်မှ ထုတ်သုံးမထားပေ။

ဝမ်ဝေ့နောက်တွင် တုံ့ဆိုင်းခြင်းမရှိဘဲ အမြင်အာရုံတစ်ခု ဖြစ်တည်လာသည်။ ထိုစွမ်းရည်က အံ့ဖွယ်ခန္ဓာကိုယ်အဆင့်ရှိ ကျင့်ကြံသူတချို့၏ အမြင်အာရုံများဖြစ်ပြီး ထိုအမြင်အာရုံများက လူတစ်ယောက်ချင်းစီ၏ စိတ်ဆန္ဒနှင့် လိုလားချက်များအပေါ် မူတည်၍ သူတို့၏ စွမ်းအားများကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ပါရမီကောင်းသူများသာ ထိုသို့အမြင်အာရုံမျိုး ပိုင်ဆိုင်နိုင်ကြသည်။ ကောင်းကင်ရုပ်ခန္ဓာဖြင့် မွေးဖွားလာသူများ သို့မဟုတ် ထိုသို့ရနိုင်ချေရှိသည့် ရုပ်ခန္ဓာပိုင်ရှင်များပင် အာမ မခံနိုင်ပေ။

နမူနာကောင်းက ဟန်လီ ဖြစ်၏။ သူ့တွင် ကောင်းမွန်သော ကောင်းကင် ရုပ်ခန္ဓာရှိသော်လည်း အမြင်အာရုံ မရှိခဲ့ပေ။

ဝမ်ဝေ့က သူ့အမြင်အာရုံကို စွမ်းအားလှုံ့ဆော်ဖို့ ထုတ်ဖော်ပြသခြင်း မဟုတ်ဘဲ အမြင်အာရုံက ထူးခြားလှသည်။ ထိုအရာက သူဧကရာဇ်ငယ် အမြင်အာရုံနှင့် ပေါင်းစပ်ထားလေ၏။

ထို့ကြောင့် ထိုအရာပေါ်ထွက်လာသည်နှင့် သူ့ ပိုင်နက်တစ်ပိုင်းစွမ်းရည်ကို အသက်သွင်းပြီးသားဖြစ်သွားပြီး ပိုင်ဟန်၏ ပိုင်နက်စွမ်းရည်ကို တစ်ဝက် လျှော့ချနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ ကံဆိုးစွာဖြင့် သူ့မျှော်လင့်ထားမှုက လုံးဝ မှန်ကန်မနေခဲ့ပေ။ ထိုစွမ်းရည်က ပိုင်ဟန်၏ ခွန်အားကို ၁၅ရာခိုင်နှုန်းမျှသာ လျှော့ချပေးနိုင်လေသည်။

သို့သော်လည်း ဝမ်ဝေ့က သူ့အဓိက ရည်ရွယ်ချက် အောင်မြင်သွားသည့်အတွက် ကျေနပ်နေမိသေးသည်။ ပိုင်နက်တစ်ပိုင်းကို အသုံးပြု၍ သူက ပိုင်ဟန်၏ ပိုင်နက်အစစ်အမှန် စွမ်းအားအများစုကို တားဆီးနိုင်ခဲ့၏။

ဝမ်ဝေ့က မူလအဆီအနှစ်ကို ထိန်းချုပ်ကာ နောက်တိုက်ပွဲအတွက် အသင့်ပြင်လိုက်သည်။

ပိုင်ဟန်အတွက်မူ သူ့အမူအရာ ပျက်ယွင်းသွားပြီး “ ငါ မှန်တယ်။ မင်းက ငါ ထင်ထားတာထက်တောင် ပိုပြီးတော့ အန္တရာယ်ကြီးနေတာပဲ”

သူက လေထဲ လက်ကို ဝှေ့လိုက်ကာ “ သမာသမတ် စုတ်တံ”

ထိုစဉ် ဝေဟင်၌ ဧရာမရွှေရောင် စုတ်တံကြီးတစ်ချောင်း ပေါ်လာလေသည်။ ထိုစုတ်တံက မီးတောက်ဟူသော စာလုံးကို ရေးသားလိုက်၏။ ထိုစာလုံးက လှပခမ်းနားကြီးကျယ်လှသည်။ သိပ်မကြာခင် ထိုမြောက်များစွာသော ရွှေရောင်မီးတောက်များက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ဝမ်ဝေ့ဆီ ဦးတည်လာကာ သူ့ဝိညာဉ်အား သန့်စင်ပစ်ချင်နေဟန်ပေါ်သည်။

ထိုအရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားလေသည်။ ဝမ်ဝေ့အတွက်မူ ထိုတိုက်ကွက်ကို မြင်ပြီးနောက် ရေရွတ်လိုက်သည် “ ဒြပ်မဲ့ကံကြမ္မာ”

ဝုန်း…

ပိုင်ဟန်၏ တိုက်ကွက်က ကျရောက်လာလေသည်။ ကီလိုမီတာ ဝန်းကျင်လောက်က ပြန်ပြင်နိုင်ဖို့ မဖြစ်နိုင်လောက်အောင် ပျက်စီးသွားလေသည်။ ကန္တာရထဲရှိ သဲများက မြက်ပင်အဖြစ် ပြောင်းလဲလာပြီး ထူးထူးဆန်းဆန်း ရွှေရောင်အလင်းများကို နေရာအနှံ့ တွေ့နေရသည်။

ဝမ်ဝေ့အတွက်မူ လေထဲတွင် ပျံသန်းကာ ခြစ်ရာတစ်စက်ပင် မရှိဘဲ လုံးဝ အဆင်ပြေနေလေသည်။

ပိုင်ဟန်က ထိုအရာကို မြင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

ကံကြမ္မာက မမြင်နိုင်ဘူး၊ ကိုယ်ထည် မရှိဘူး၊ အဲဒါဆိုတော့ သူကိုယ်တိုင်ကလည်း အဲလိုဖြစ်မှာပဲ

ထို့နောက် သူက နှာခေါင်းရှုံ့လိုက်၏။

ဝမ်ဝေ့က ငါတို့ကို ဆက်သွယ်ပေးထားတဲ့ အားကောင်းကောင်း ကံကြမ္မာအဆက်အနွယ် ရှိနေတယ်ဆိုတော့ မင်း မလွတ်မြောက်နိုင်ပါဘူး

သူက လက်ကိုဝှေ့လိုက်သည့်အခါ ရွှေရောင်စုတ်တံက နောက်ထပ် စာလုံးတစ်ခုကို ရေးသားလာသည်။ ဤတစ်ကြိမ် ဧရာမရွှေရောင်လက်ကြီး ပေါ်ထွက်လာပြီး ဖိနှိပ်လွှမ်းမိုးလိုသည့် အရှိန်အဝါများ ထုတ်လွှတ်နေလေသည်။

ဝမ်ဝေ့က ထိုအရှိန်အဝါသည် သူ့နဂါးအရှင် လက်သီးနှင့် တူညီနေကြောင်း သတိထားလိုက်မိသည်။

ထို့ကြောင့် ထိုရွှေရောင်လက်ကြီး သူ့နား ရောက်လာလေလေ လှုပ်ရှားဖို့၊ အသက်ရှူဖို့ ခက်လာပြီး သူ့အတွေးများပင် ထုံထိုင်းထိုင်း ဖြစ်လာသလို ခံစားလိုက်ရသည်။ သူက အန္တရာယ်ကျရောက်နေသည်ကို ခံစားမိကာ နည်းစနစ်အသစ်ကို ထုတ်သုံးလိုက်သည်။

[ကံကြမ္မာ လွတ်မြောက်ရေး]

အကယ်၍ တစ်ယောက်ယောက်ကသာ ကံကြမ္မာအနှောင့်အဖွဲ့ကြားမှ လွတ်မြောက်နိုင်မည်ဆိုလျှင် မည်မျှပင် မြန်ဆန်နေမည်နည်း။

ဝမ်ဝေ့က မီးခိုးရောင်အလင်းအဖြစ် ပြောင်းလဲလိုက်ပြီးနောက် ရွှေရောင်လက်ရှေ့မှ ပျောက်ကွယ်သွားကာ ပိုင်ဟန်အနား ရောက်လာလေသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ လက်သီးတစ်ချက် ပစ်ခွင်းလိုက်၏။ ဤတစ်ကြိမ် အသုံးပြုထားသည့် ကျင့်စဉ်မှာ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းမှ နည်းစနစ်တစ်ခု ဖြစ်သည်။

 [အထီးကျန် နတ်ဘုရားလက်သီး]

ကြေးနီရောင် ဧရာမလက်သီးကြီးက ဝမ်ဝေ့ဆီမှ ဖြစ်ပေါ်လာသည်။ ထိုလက်၏ အရှိန်အဝါက အကြမ်းဆန်လှ၏။ ထိုအရာက မိုးမြေရှိ အရာအားလုံးကို လက်ဗလာဖြင့် ဆုတ်ဖြဲနိုင်လိမ့်မည်ဟူသော ခံစားချက်ကို ပေးစွမ်းနေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးသွားကာ မြက်ပင်များပင် မီးခိုးရောင် အသက်မဲ့သော အခြေအနေသို့ ပြောင်းလဲသွားကာ လင်းထိန်နေသော ကောင်းကင်ကြီးကလည်း ချက်ချင်းဆိုသလို မှောင်မိုက်ကျသွားသည်။

အရာအားလုံးက အထီးကျန် ပျက်သုဉ်းလာလေ၏။

ဝုန်း…

ကြေးနီလက်ကြီးက ပိုင်ဟန်ကို ထိမှန်သွားသည်။ သို့သော် ထိုတိုက်ကွက်က ထိခိုက်မှု များများစားစား မဖြစ်စေပေ။ တစ်ဖက်တွင် ထိုတိုက်ကွက်၏ တန်ပြန်အားက ဝမ်ဝေ့အား ပိုင်ဟန်နှင့် ဝေးကွာသွားအောင် ခြားလိုက်စေသည်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ သူ့ဘာသာသူ တွေးလိုက်မိ၏။

သူက သူ့ပိုင်နက်နဲ့ ကိုယ့်ဘာသာကို လုံးဝရစ်ပတ်ထားတယ်ဆိုတော့ ငါ့တိုက်ကွက်ကနေ လုံးဝ ကာကွယ်ထားသလို ဖြစ်နေမှာပဲ။ ပိုင်နက်တွေကို ဒီလိုအသုံးပြုလို့ရမှန်း မသိခဲ့ဘူး။

သာမန် သူတော်စင်အဆင့်သာဆိုရင် ဒီတိုက်ကွက်က သူတို့အပေါ် ကြီးကြီးမားမား ထိခိုက်မှု ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ သူ့အပေါ် ဘာမှမဖြစ်သေးဘူး။ အဖေ့စကားအရ သူတို့မျိုးဆက်မှာ ပိုင်ဟန်က သူနဲ့ယှဉ်ရင် ဒုတိယဆိုတာ ပြောထားတော့ ဒီဟာကို မျှော်မှန်း ပြီးသားပဲ

ထိုအရာကို သိသော်လည်း သူက မရပ်တန့်ပေ။ သူက မီးခိုးရောင်အလင်းအဖြစ် ပြောင်းလဲကာ ပိုင်ဟန်ဆီသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။ သူက နောက်တစ်ဖက်မှ တိုက်ခိုက်လိုက်ပြီးနောက် နောက်တစ်ကြိမ်တွင် တခြားဘက်မှ တိုက်ခိုက်လိုက်ပြန်သည်။ ဝမ်ဝေ့၏ အရိပ်များစွာက ပိုင်ဟန်အနားတွင် မြင်နေရပြီး ဆက်တိုက် တိုက်ခိုက်နေလေသည်။

ကျောင်းအုပ်ဟောင်းအတွက်မူ မျက်မှောင်ကြုံ့လျက် အကောင်းအတိုင်း တည်ရှိနေလေသည်။

သူ့အမြန်နှုန်းက မဖြစ်နိုင်တဲ့ အလင်းအမြန်နှုန်းကို ကျော်လွန်သွားပြီပဲ။ သူ့ကို လေ့လာကြည့်လိုက်တော့ သူ့ပြစ်ချက်တွေထဲက တစ်ခုက အရှိန်ပဲ ဖြစ်ရမယ် …

တခြားစွမ်းအားကြီးနေတဲ့ဟာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် သူ့အရှိန်က တော်တော်လေးကို ပုံမှန် ဖြစ်နေတယ်။ ဒါက သက်တံလွတ်မြောက်ရေးစနစ်နဲ့ သူနဲ့ မကိုက်ညီလို့ပဲ ဖြစ်ရမယ်။

ဒါပေမဲ့ အခု သူက သူ့ဘာသာ အရှိန်သက်ဆိုင်တဲ့ကျင့်စဉ်ကို ဖန်တီးဖို့ ကံကြမ္မာစွမ်းအားကို အသုံးပြုလို့ရပြီ …

ပိုင်ဟန်က ထိုအရာကို တွေးမိပြီးနောက် အမူအရာက ပို၍ပင် လေးနက်လာသည်။ သဘောတရားအရပြောရလျှင် ကမ္ဘာဦးစိတ်ဝိညာဉ်နယ်ပယ်အတွင်း ပါရမီကောင်းသူတချို့သာ အလင်းနှုန်းသို့ နီးကပ်နိုင်ကြသည်။ ပါရမီကောင်းသော လေဟာနယ်ချိုးဖောက်ခြင်း ကျင့်ကြံသူများသာ စည်းမျဉ်းစွမ်းအားကို အသုံးပြုကာ အလင်းနှုန်းကို ရရှိနိုင်ကြ၏။

အလင်းထက် မြန်ဆန်ဖို့အတွက်မူ သူတော်စင်အဆင့် ကျင့်ကြံသူများသာ လုပ်နိုင်ကြလေသည်။ အကြောင်းအရင်းမှာ သူတို့၏ ပိုင်နက်ကြောင့် ဖြစ်၏။ အကြောင်းအရင်းမှာ သူတို့၏ ပိုင်နက်အတွင်း သူတော်စင်များက သဘာဝ ကမ္ဘာ၏ ကန့်သတ်ချက်များကို လျစ်လျူရှုထားနိုင်သည့် နတ်ဘုရားများသာ ဖြစ်ကြလေသည်။

သူတို့၏ ပိုင်နက်အတွင်း စည်းမျဉ်းများကို ကောင်းကင်တာအိုမှ မအုပ်စိုးတော့ဘဲ သူတို့ကိုယ်ပိုင် သူတို့ဆန္ဒဖြင့်သာ ဖြစ်တည်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုပိုင်နက်က တစ်ကမ္ဘာလုံးနှင့်ယှဉ်လျှင် သေးငယ်သော်လည်း သူတို့၏ မူလအဆီအနှစ်နှင့် ဝိညာဉ်စွမ်းအားအရ အံ့မခန်းဖြစ်နေလေပြီ။

“ မင်းက ခြိမ်းခြောက်နိုင်စွမ်း ကြီးတယ်ဆိုပြီးတော့ တွေးထားပေမဲ့ ငါ မင်းကို လျှော့တွက်မိခဲ့တာပဲ” ပိုင်ဟန်က ရေရွတ်လိုက်သည်။

“ အခု လေးလေးနက်နက် တိုက်ခိုက်ဖို့ အချိန်ကျပြီ”

All Chapters