အခန်း (၃၃၁-၃၃၃)
Vol. 23 Ch. 331-333
331 01
အခန်း 331
ဖျံပေါင်းများစွာကို ကယ်တင်ပြီးနောက်တွင် ဆုပိုင်ဟာ ထို့အကောင်ငယ်လေးများနဲ့ နက်ရိုင်းသော ဆက်ဆံရေးကို တည်ထောင်နိုင်လိုက်လေသည်။
နောက်ဆုံး ရေခဲပြင် ဖုံးလွှမ်းနေသော သမုဒ္ဒရာထဲတွင် ဖျံများထက် သင့်လျော်သော သတ္တဝါဟု၍ မရှိချေ။
ထို့လူတစ်ဖွဲ့က ထွက်ခွာပြီးနောက် ဆုပိုင်က သတင်း တန်းရသည်။ ထို့ကြောင့် သူဟာ တိတ်တဆိတ် ချောင်းဝင်လာခဲ့ပြီး ထိုစစ်သားများကို ကိုင်တွယ်လိုက်ခြင်းဖြစ်သည်။ သို့သော် …
အပြင်ဘက်ရှိ မုဆိုးအရေအတွက်က တစ်ရာကျော်သည်။
“ဟူး”
ဆုပိုင်က အသက်ကို ပြင်းပြင်းရှုပြီး သေနတ်၏မောင်းတံကို ဆွဲလျှက် တံခါးနားမှ ဖျံလေးကို ကောက်ယူကာ ကျောပိုးအိတ်ထဲသို့ ပြန်ထိုးထည့်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
“အား ပြန်လည်တိုက်ခိုက်မှုက စတင်တော့မယ်။ ဒါပေမဲ့ မင်းတို့ သတိထားမိလား။ ဒါရိုက်တာ ဆုပိုင်ကလည်း ပိုပိုပြီးတော့ အင်အားကြီးလာတယ်။ သူက အခန်းထဲက ဒီလူတွေကို မိနစ်ပိုင်းအတွင်း ကိုင်တွယ်လိုက်တာနော်။ အသံတစ်ချက်တောင် မထွက်ဘူး”
“ဟုတ်တယ်။ ဒါပေမဲ့ ဒါက တိုက်ရိုက်ထုတ်လွှင့်မှုလေ။ ဒီတော့ ဇာတ်လိုက်က ပြိုင်ဘက်ကင်းတာပေါ့။ ဒါကို နားလည်လို့ရပါတယ်။ ဒါရိုက်တာ ဆုပိုင်ကသာ ထိခိုက်သွားမယ်ဆိုရင် ငါတောင် မကြည့်ရက်ဘူး”
“ဒီလူတွေကို ဒီလိုမျိုး တိုက်ရိုက်သတ်သင့်တယ်”
“သူတို့က ပိုပိုပြီး ရက်စက်လာတာ။ ဒီလူတွေက သေဖို့ပဲ သင့်တယ်။ မင်းတို့အခု မြင်လိုက်ကြလား။ သစ်သားတုတ်ရဲ့ထိပ်မှာလေ ချွန်ထက်နေတဲ့သံတွေအများကြီးပဲ သူတို့က ဒါကို ဖျံခေါင်းထဲကို ထိုးထည့်ကြတာ အဲဒီနောက် ဒီအတိုင်း မြေပြင်မှာ တရွတ်တိုက်ဆွဲလာတာပေါ့။ သောက်ကျိုးနည်း ဘယ်လို သားရဲတစ်အုပ်လဲ”
“ငါကတော့ ဒါရိုက်တာဆုပိုင်ကို အားပေးတယ်။ ပိုဆိုးတာက ဒါက တိုက်ရိုက်ထုတ်လွှင့်မှုလေ။ ငါသာဆိုရင် ဒီလူတွေ သတ်ဖို့ ဗုံးလေးနည်းနည်းလောက် ပစ်လွှတ်လိုက်မှာပဲ”
“လာ ဒီလောက် ဝမ်းနည်းဖွယ်ကောင်းတဲ့ ကိစ္စပြီးတဲ့နောက်မှာ ဒီတိုင်းပြည်က ဒီလူတွေက နောက်နှစ် ဖျံတွေကို အမဲလိုက်ရဲမယ်လို့ မယုံဘူး”
…
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ရှိသူအများစုက ဒါရိုက်တာ ဆုပိုင်ဟာ သုန်မှုန်သော မျက်နှာနှင့် အခန်းထဲမှ ထွက်သွားသော မြင်ကွင်းကိုကြည့်ပြီး ကီးဘုတ်ပေါ်သို့ လက်များတင်ကာ စာရိုက်ကြသည်။
ရက်အနည်းငယ်ခန့် ကြာပြီးနောက် လူတိုင်းက ထုံထိုင်းလာကြပြီ ဖြစ်သည်။
နှင်းမှုံများသာ မကျလျှင် ထိုရေခဲပြင်ကြီး တစ်ခုလုံးက သွေးကြောင့် နီရဲနေမည်ဟု ပြောရင်ပင် ချဲ့ကားရာ မရောက်ပေ။
ရက်အနည်းငယ်ထဲနှင့်တင် ဒါရိုက်တာ ဆုပိုင်၏ အင်တိုက်အားတိုက်ဖြင့် ကြိုးစားကယ်ဆယ်မှုများက မည်မျှ ပြင်းထန်စေကာမှု မုဆိုးများ၏လက်ထဲတွင် ဖျံထောင်ပေါင်းများစွာ သေဆုံးနေသေးသည်။
ထို့ထဲမှ သုံးပုံတစ်ပုံခန့်က သိပ်မကြာခင်ကမှ မွေးထားသော အကောင်ပေါက်လေးများ ဖြစ်နေသည်။ ဖြူဖွေးစွတ်နေသော အမွှေးများက လူတိုင်း၏နှလုံးသားကို နာကျင်စေ၏။
ဘန်း
“ဟား ဟား ဟား ဟား… မြန်မြန်လေး ရိုက်ကြ။ နောက်ထပ်တစ်သုတ်က ထပ်ရောက်လာတော့မယ်”
“ဖြတ်တောက်မဲ့လူတွေ ဘယ်ရောက်သွားတာလဲ။ မြန်မြန်လေး ဒီမှာ ဖျံပေါက်လေးတွေ အများကြီး။ မြန်မြန်လာလုပ်ကြ”
“နေပါအုန်း ဒီဖျံပေါက်လေးတွေရဲ့ အမွှေးတွေက များနေပြီ။ လှေထဲကို ရွေ့ကြတော့”
ဆုပိုင်က လှေဝမ်းဗိုက်ပေါ်တွင် ရပ်ရင်း မုဆိုးတစ်အုပ်က အလုပ်များနေသော မြင်ကွင်းကို လှမ်းကြည့်နေလိုက်သည်။
ထိုမုတ်ဆိတ်မွှေးနှင့် လူကြီးက လှေပေါ်သို့ တက်လာခဲ့သည်မှာ ငါးမိနစ်ပင် မကြာသေး။ ထိုငါးမိနစ်ထဲနှင့်တင် ဖျံရာပေါင်းများစွာ၏အလောင်းများက ပုတ်နေပြီဖြစ်သည်။ သူတို့က မုဆိုးများ လာရောက်ပြီး အရေခွံချွတ်ရန် ခန္ဓာကိုယ်ကို ခွဲစိတ်ရန် စောင့်နေကြသည်။
စီးဆင်းနေသာ သွေးများက စမ်းချောင်းတစ်ခုအလား ပင်လယ်ထဲသို့ စိမ့်ဝင်နေသည်။
ဖြူဖွေးစွတ်နေသော ရေခဲပြင်ကြီးက သွေးချင်းချင်းရဲနေပြီ ဖြစ်သည်။
ထိုလူတစ်ဖွဲ့၏ ရယ်သံ၊ ဆူပူသံများကို နားထောင်ရင်း သူ၏ကျောပိုးအိတ်ထဲမှ ဖျံလေးက ခေါင်းလေး ဆန့်ထုတ်လာသည်။
331 02
သူဟာ သေးငယ်သော မျက်ဝန်းလေးတစ်စုံဖြင့် အောက်ဘက်မှ အလောင်းကောင်များစွာကို ကြည့်ပြီး စိတ်ရှုပ်ထွေးစွာ မေးသည်။
“ဒါရိုက်တာဆုပိုင် သူတို့တွေ ထွက်သွားပြီ မဟုတ်ဘူးလား။ ဘာလို့ ပြန်လာတာလဲ”
ဟူး။
ဆုပိုင်က အသက်ပြင်းပြင်းရှုပြီး သူ၏ရင်ဘတ်ထဲမှ မွန်းကြပ်နေသော လေများကို ရှုထုတ်သည်။ ထို့နောက် ထိုကောင်လေး၏နဖူးကို ပွတ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
“ပြန်လာသေတာ”
တိရစ္ဆာန်များ၏ သဘာဝအရ ဟန်ချက်ညီမှု လိုအပ်သော်လည်း လူသားများရဲ့ ဝင်ရောက်စွက်ဖက်မှုကို မလိုအပ်ပါချေ။ ဖျံများ၏အရေအတွက် တိုးလာသောအခါ သမုဒ္ဒရာထဲမှ သတ္တဝါများပေါင်းစွာအတွက် အစာအရင်းအမြစ် တိုးလာရုံသာမကသေးလေဘဲ ပိုလာဝက်ဝံများ၊ နှင်းဝံပုလွေများနှင့် အခြားသော သတ္တဝါများကလည်း လုံလောက်သော အစာကို ရရှိပေလိမ့်မည်။ ဒီတိုင်းပြည်က မြေပြင်ပေါ်တွင် ဖျံများလွန်းသည်ဟု ယူဆလျှက် ပြင်းထန်လွန်းသော အမဲလိုက်မှုကို တက်ကြွစွာ လုပ်ဆောင်နေကြသည်။
ဖျံများ၏အရေအတွက် လျော့ကျမှုမှ ဒီအဖွဲ့ပေါ်သာ သက်ရောက်ခဲ့ခြင်း မဟုတ်ချေ။ ဖျံများကို စားသောက်ပြီး နေထိုင်သော တိရစ္ဆာန်အများစုကလည်း ဆာလောင်ငတ်မွတ်ပြီး သေရပေလိမ့်မည်။ ဒါဟာ လူသားတွေကြောင့်ပဲ။
ကလစ်
ဆုပိုင်က မောင်းတံတင်ပြီးသည်နှင့် သူ၏အရှေ့မှ လူသားကို ချိန်ရွယ်လိုက်သည်။ ထို့နောက် လှေပေါ်မှ တဖြည်းဖြည်းချင်းစီ ဆင်းသည်။
ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း
“ငါ့ကို မသတ်ပါနဲ့။ ငါ့ကို မသတ်ပါနဲ့”
“ကယ်ပါ။ သောက်ကျိုးနည်း စစ်သားတွေ ဘယ်ရောက်သွားတာလဲ။ သူတို့က ဒီကောင်ကို ကိုင်တွယ်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘာလို့ ငါတို့ရဲ့လှေပေါ် ရောက်နေတာလဲ”
သေနတ်ပစ်သံထွက်လာချိန်တွင် မရေမတွက်နိုင်သော ကလပ်မုဆိုးပေါင်းများစွာက စတင်ကာ ထွက်ပြေးကြသည်။
ဆုပိုင်က လူအုပ်၏အနောက်မှ တဖြည်းဖြည်းချင်းစီ လိုက်ပြီး လူတိုင်းကို ပစ်သည်။
ဗုန်း
ဗုန်း
ဗုန်း
ရုတ်တရက် ရေခဲပြင်တစ်ခုလုံးက လှုပ်ခါသွားသည်။
ငေးငိုင်ကာ ရပ်နေသော လူတစ်အုပ်က ပင်လယ်ထဲမှ ခုန်တက်လာသော ဖျံများကို မြင်လိုက်ကြသည်။ မရေမတွက်နိုင်သော ဖျံပေါင်းများစွာက သူတို့၏ခန္ဓာကိုယ်ကြီးများကို လှုပ်လျှက် ထိုလူအုပ်ကို ဝိုင်းလိုက်သည်။
ကွက် ကွက် ကွက်
ကွက်
ကွက်
အားလုံးက ရူးသွပ်စွာ အော်ဟစ်ကြသည်။ သူတို့ဟာ အားနည်းသည်။ သို့သော် ခုခံနိုင်စွမ်းရည် မရှိဟု မဆိုလိုပေ။
ကွက်
“တွန်းချ”
ခေါင်းဆောင်ဖျံကြီးက ပြင်းပြင်းထန်ထန်ကြိုးစားလျှက် ခန္ဓာကိုယ်ကို ဖြောင့်မတ်ရင်း သူ၏လည်တိုင်ကို မြှောက်ကာ အော်သည်။
မရေမတွက်နိုင်သော ဖျံပေါင်းများစွာက ထိုလူတစ်အုပ်ထံ အပြေးအလွှား ဝင်တိုးကြသည်။
331 03
ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း
လူတစ်ယောက်က သစ်သားတုတ်ကို မြှောက်လိုက်သည်နှင့် ဆုပိုင်က ထိုလူကို သတ်အောင် ပစ်သတ်သည်။
ထို့နောက် …
ဖျံများက နောက်မှ ဆက်တိုက်လိုက်နေမှုနှင့်အတူ ထိုမုဆိုးများက ရေခဲအစွန်းနားသို့ မောင်းထုတ်ခံရသည်။
ဘန်း ဘန်း ဘန်း
ကြီးမားသော ဖျံအုပ်ကြီးက ရေခဲထဲမှ ခုန်တက်လျှက် ထိုလူများကို အောက်သို့ တွန်းချကြသည်။ ထို့နောက် ပင်လယ်ထဲတွင်ပင် သူတို့၏အဝတ်များကို ဆွဲဖြဲလျှက် ပင်လယ်အောက်ခြေသို့ ကူးခတ်သွားလိုက်သည်။
“ဒါက ဒါရိုက်တာ ဆုပိုင် သူတို့ကို သင်ပေးထားတဲ့ နည်းလမ်းလား”
“မယုံနိုင်စရာပဲ။ ဒါရိုက်တာဆုပိုင် မရှိဘဲ လူသားတွေက ဆက်ပြီး အမဲလိုက်နေမယ်ဆိုရင် ဒီလိုမျိုး ဖြစ်လာလောက်မှာပဲ”
“ဆိုရိုးစကားတစ်ခုလိုပေါ့။ ယုန်တွေတောင်မှ ဒေါသထွက်ရင် ပြန်ကိုက်တတ်တယ်။ အခြားတိရစ္ဆာန်တွေဆိုရင် ပြောမနေနဲ့တော့”
“သူတို့နဲ့ တန်တာပဲ။ ဒီလူတွေက ဖျံတွေကြောင့် ပင်လယ်ထဲအထိ အဆွဲချခံရပြီး ရေမွှန်သေသွားသင့်တာ။ သူတို့က လူမှ မဟုတ်ကြတာ အရမ်း ရက်စက်တဲ့အကောင်တွေ”
“ဟုတ်တယ်။ ဒါပေမဲ့ ဖျံတွေက စည်းလုံးနေသမျှ အမဲလိုက်တဲ့အသင်းတွေ ထပ်လာရင်တောင်မှ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မှာပါ”
“အား ဆိုးယုတ်တဲ့ကိစ္စတွေကို လုပ်တဲ့ အကျိုးဆက်ကို ခံစားရမှာပဲ။ ဒါက ဆိုရိုးစကားဟောင်းပဲ။ ဒီဆိုရိုးစကားဟောင်းက မှန်နေတာပဲ”
…
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရှိသူပေါင်းများစွာက ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ မြှောက်တက်လာသော လူအလောင်းများကိုကြည့်ပြီး ခံစားချက်များ ပြည့်နှက်သွားကြသည်။
ဒါက ကိုယ့်ထိုက်နဲ့ကိုယ်ကံ ခံရတာပဲ ဖြစ်လိမ့်မယ်။
ပိုပြီးလေးနက်တဲ့ တန်ပြန်ခံစားမှုကို ခံရအုန်းမှာ။ အလုံးအရင်းနဲ့ မျိုးတုန်းပျောက်ကွယ်မှုက စတင်လာတဲ့အခါ တိရစ္ဆာန်တွေအားလုံးက ပျောက်ကွယ်သွားလိမ့်မယ်။ လူသားတွေက ရှင်သန်နိုင်လိမ့်မယ်။ ဒါပေမဲ့ လူဉီးရေက ခြောက်ဘီလီယံကနေ သန်းငါးရာတောင် မရှိတဲ့အထိ ထိုးကျသွားလိမ့်မယ်။
ဒါက သဘာဝက ပြန်လည်ဒဏ်ခတ်တာ ဖြစ်မယ်။
ကွက် ကွက် ကွက်
ဆုပိုင်က ရေခဲပေါ်တွင် ရပ်နေလျှက် သူတို့၏ခြေထောက်နားတွင် ဝိုင်းနေသော အမွှေးဖြူလေးများနှင့် ဖျံပေါက်လေးများကို ကြည့်ကာ တဖြည်းဖြည်းချင်းစီ ဆောင့်ကြောင်ထိုင်လိုက်သည်။
သူဟာ ချစ်စရာကောင်းလွန်းတဲ့ ထိုအကောင်လေးများကို တဖြည်းဖြည်းချင်းစီ ပွတ်သပ်သည်။
သူတို့အားလုံးဟာ သေဆုံးသွားသော မိခင်ဖျံများက ချန်ထားရစ်ခဲ့သည့် အကောင်ပေါက်လေးများ ဖြစ်သည်။ မည့်သည့်အကောင်ကမှ တစ်ယောက်တည်း သီးသန့်ရှင်သန်နိုင်စွမ်းရည် မရှိချေ။ သူတို့ဟာ ရေပင် မကူးတတ်သေးချေ။ ထိုအကောင်လေးများကို ဆုပိုင်ဟာ ပြန်လည်ခေါ်သွားရန် ဆုံးဖြတ်ထားသည်။
ထိုဖျံတစ်အုပ်က အဝေးမှ ဖျံတစ်အုပ်ကလည်း စတင်ကာ လူစုခွဲနေတာ မြင်သောအခါ ဆုပိုင်က လက်ရမ်းလိုက်သည်။
“တီ။ ဂုဏ်ယူပါတယ်။ တင်ဆက်သူက စောင်းကောက်ဖျံအပိုင်းအစတာဝန်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်လိုက်ပါပြီ။ အံအားသင့်မှု အမှတ်က နှစ်ဆခန့် ရရှိလိုက်ပါတယ်”
“တီ။ ပိုင်ရှင်က စောင်းကောက်ဖျံကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ချစ်စရာကောင်းတဲ့စွမ်းအင် အပေါင်း တစ်”
“စနစ်က လက်ရှိလောကကို ပြန်လည်ပို့ဆောင်ပါတော့မယ်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖျက်သိမ်းလိုက်ပါပြီ”
…
++++++ 332 01
အခန်း 332
ရုတ်တရက်တွင် ဆုပိုင်က ကောင်းကင်ပြာတိရစ္ဆာန်ရုံ၏ဝင်ပေါက်တွင် မနက်အစောပိုင်း မရောက်ခင်ကတည်းက ရပ်လျှက် ဖုန်းကိုသာ ဆက်တိုက်ငုံကြည့်နေသည်။
“ဒါရိုက်တာ ဆုပိုင်”
ဆိုင်ပိုင်တစ်ယောက်က အပြုံးမျက်နှာနှင့်အတူ ထွက်လာပြီး ဆုပိုင်ဘေးနားတွင် ရပ်လျှက် ခပ်တိုးတိုး ပြောသည်။
“မင်း ဒီနေရာမှာ မနက်အစောပိုင်းကတည်းက ရပ်နေတာ ငါ တွေ့တယ်။ တစ်ယောက်ယောက်ကို စောင့်နေတာလား”
“အွန်း”
ဆုပိုင်က ပြုံးပြီး ခေါင်းညိတ်သည်။ ထို့နောက် အရှေ့မှ ဆိုင်ပိုင်ရှင်များနှင့် စကားဆက်ပြောသည်။
“မင်းတို့ရဲ့ စီးပွားရေး ဘယ်လိုနေလဲ”
“အို့ အဲဒီလိုဆိုမှ ငါတို့ ဒါရိုက်တာ ဆုပိုင်ကိုပဲ ငါတို့အဘိုးကြီးတွေကို အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ရမယ်”
“ဟုတ်တယ်။ ငါတို့ရဲ့ တိရစ္ဆာန်ရုံက လူအဝင်အထွက်များတယ်လေ။ ဒါကြောင့် ငါတို့က ဘာမှ မရောင်းပဲ တိရစ္ဆာန်ရုံထဲဝင်နေမယ်ဆိုရင်တောင်မှ ငှက်တောက ကူညီပြီးရောင်းပေးတယ်လေ။ ဒါက ငါတို့ အရင်က မတွေးဖူးတဲ့အရာမျိုးပဲ”
“ဒါရိုက်တာ ဆုပိုင် ငါတို့ မင်းကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိပါဘူး”
ထိုမေးခွန်းကို ကြားသည့်နှင့် အခြားသောလူများကလည်း ဝိုင်းပြီး အပြေးအလွှားပြောကြသည်။
တိုတောင်းသော လအနည်းငယ်အတွင်းတွင်ပင် ထို့အဖွဲ့၏စီးပွားရေးက ယခင်တစ်နှစ်လုံးစာရှာသော စရိတ်ထက်ပင် သာလွန်သည်ဟု ပြောရင် ချဲ့ကားရာ မရောက်ပေ။
ဟူး
ဆုပိုင်က အနည်းငယ်ပြုံး၏။
သူရဲ့အရှေ့မှ ထိုဈေးဆိုင်ငယ်ပိုင်ရှင်များက ယခင်လိပ်စာဟောင်းကတည်းက သူ့နောက်သို့ လိုက်ကာ ဒီနေရာသို့ ရောက်ရှိလာခဲ့သူများ ဖြစ်သည်။ ထိုလူများက ပိုက်ဆံအများကြီးရှာနိုင်သော်လည်း သူတို့တွင်လည်း တာဝန်ယူမှုအများကြီး ရှိသည်။ ထိုလူများက တိရစ္ဆာန်ရုံအပြင်ဘက်ရှိ အမှိုက်များအားလုံးကို တာဝန်ယူ စီမံခန့်ခွဲပေးသည်။
သူတို့ဟာ နေ့တိုင်းလိုလို ဆိုင်ပိတ်သွားချိန်တွင် ထိုလူများက သူတို့၏ ဓာတ်မီးများကို ဖွင့်လျှက် တိရစ္ဆာန်ရုံ၏အစွန့်နားအထိ အမှိုက်လိုက်ကောက်ပေးကြသည်။ ထို့သို့ဖြင့် မြင်တွေ့သမျှအရာများအားလုံးကို ရှင်းလင်းပေးသည်။
မနက်ပိုင်းတွင် တိရစ္ဆာန်ရုံမဖွင့်ခင်ကတည်းက သူတို့ဟာ ကြိုတင်လာရောက်ပြီး အမှိုက်များ ကျန်ခဲ့ခြင်း ရှိမရှိ ရှာပေးကြသေးသည်။ ထို့မြင်ကွင်းကြောင့် တိရစ္ဆာန်ရုံကို ယခုချိန်အထိ သန့်ရှင်းစွာ ဖွင့်နိုင်နေခဲ့ခြင်း ဖြစ်သည်။
နေပူပူ မိုးရွာရွာ သူတို့၏စီးပွားရေးက မရပ်တန့်သွားခဲ့ချေ။ ဈေးဆိုင်များကလည်း ဘယ်တော့အခါမှ မပိတ်တတ်ချေ။
ထို့တွင်သာမကသေးပေ ထို့လူများက အတွင်းမှ တိရစ္ဆာန်များအတွက် စားစရာများကိုလည်း ဆက်တိုက်ဆိုသလို ဝယ်ယူပေးကြသည်။
“စီးပွားရေးကောင်းရင် ပြီးတာပါပဲ”
“တိရစ္ဆာန်ရုံက အနာဂတ်မှာ ထပ်ရွေ့သွားခဲ့ရင် ခင်ဗျားတို့ လိုက်လာဖို့ ဆန္ဒရှိလား”
“အာ”
332 02
“ဒါရိုက်တာ ဆုပိုင် တကယ်ပြောနေတာလား။ အနာဂတ်မှာ တိရစ္ဆာန်ရုံက ထပ်ပြီး ရွေ့အုန်းမှာလား”
“ဒါဆိုရင် ငါတို့ သေချာပေါက် လိုက်ခဲ့မှာပေါ့။ ငါ ဒီတိရစ္ဆာန်တွေကို တစ်ရက် မမြင်ရရင် အဲဒီည အိပ်ပျော်တော့မှာ မဟုတ်ဘူး။ ငါက ဆိုင်ဖွင့်ဖို့ တအားအိုနေပါပြီ။ ဒီထက်ပိုပြီး အိုသွားလို့ မဖွင့်နိုင်တော့တဲ့အခါ ငါ ဒါရိုက်တာ ဆုပိုင်အတွက် ဂိတ်စောင့် လာလုပ်ပေးရင် ဘယ်လိုလဲ”
ထိုစကားကို ကြားသောအခါ ဝိုင်းနေသော လူတစ်ဖွဲ့က မျက်လုံးပြူးကာ မေးကြသည်။
“ဟုတ်သားပဲ။ အနာဂတ်မှာ တိရစ္ဆာန်တွေ ပိုများလာမယ် မဟုတ်လား။ ဒီတော့ ဒီနေရာက မလုံလောက်လောက်ဘူး”
“ဟုတ်တယ်”
ဆုပိုင်က အနောက်ဘက်မှ တိရစ္ဆာန်ရုံကို ကြည့်ပြီး ခပ်တိုးတိုး ပြောသည်။
သူပြောင်းလောက်သည်။ အနှေးနဲ့အမြန် ဆိုသလို ပြောင်းရလောက်၏။ စနစ်မှ အကောင်းဆုံး တိရစ္ဆာန်ရုံကို တည်ထောင်ပြီးသောအခါ တိရစ္ဆာန်များအားလုံး ရှင်သန်နေထိုင်နိုင်မည့် ကျွန်ကြီးတစ်ကျွန်း တည်ဆောက် ဖြစ်လောက်သည်။ ထို့သို့ဖြင့် ဒိုင်နိုဆောကျွန်းများ၊ ငှက်ကျွန်းများ၊ အသားစားတိရစ္ဆာန်ကျွန်းများ စသဖြင့် အမျိုးမျိုးရှိလာလောက်လေသည်။
ပိုဆိုးသည်မှာ ကောင်းကင်ပြာတိရစ္ဆာန်ရုံ၏ ပင်လယ်သမုဒ္ဒရာပြတိုက်ကိုလည်း ကျွန်းအပြင်ဘက်သို့ တိုက်ရိုက် ဖွင့်လို့ရအုန်းမည်ဖြစ်သည်။ ထို့သို့ဖြင့် ဒါဟာ စနစ်က စီစဉ်ပေးသော ပြိုင်ဘက်ကင်းသော ပန်းတိုင်တည်း ဖြစ်လာပေလိမ့်မည်။
ဒါပေမဲ့ …
ထို့နေ့ရက်ဟာ မည်မျှ ဝေးကွာသေးကြောင်း သူကိုယ်တိုင်လည်း မသိနိုင်သေးပေ။
လပေါင်းများစွာဟာ ကုန်လွန်သွားသည်။ သို့သော် တိရစ္ဆာန်အနည်းငယ်ကိုသာ ကယ်တင်နိုင်သေး၏။ သဘာဝတွင် မရေမတွက်နိုင်သော တိရစ္ဆာန်ပေါင်းများစွာရှိသည်။ သူဟာ သူ၏တစ်ဘဝလုံး စိတ်နှစ်မြုပ်ထားပေ့မဲ့ အားလုံးကို ကယ်တင်နိုင်မည်တော့ မသေချာသေးပေ။
“ဟေး ဒါရိုက်တာ ဆုပိုင် တိရစ္ဆာန်ရုံကို စောင့်ရှောက်ရေးဌာနက ဒါရိုက်တာ နန်ကုန်းယွမ် မဟုတ်လား။ သူက ဘာလို့ နိုင်ငံခြားသားတစ်ဖွဲ့ကို ခေါ်လာတာလဲ”
ဆုပိုင်က လက်ရမ်းနှုတ်ဆက်ပြရင်း အနားသို့ သွားသည်။
“ဒါရိုက်တာ ဆုပိုင်”
နှထင်တွင် မီးခိုရောင်ဆံပင်များနှင့် လူအိုကြီးတစ်ယောက်က အဖွဲ့ထဲမှ အပြေးအလွှားထွက်လာလျှက် စုပိုင့်လက်ကို လာကိုင်ရင်း အလေးနက်ထားကာ ပြောသည်။
“ကျေးဇူးတင်ပါတယ်။ မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကြောင့်သာ မဟုတ်ရင် ငါတို့ရဲ့တိုင်းပြည်က အခုချိန်အထိ အမှားတွေကို သိမှာ မဟုတ်ဘူး”
“နိုင်ငံလုံးဆိုင်ရာ မဲပေးမှုပြီးတဲ့နောက်မှာ ငါတို့တွေ တရုတ်နိုင်ငံရဲ့ ခြေရာနောက်ကို လိုက်ပြီး မင်းရဲ့အနောက်ဘက်မှာ အမြဲတစေရှိနေပေးဖို့ ဆုံးဖြတ်လိုက်တယ်”
“နောက်ပြီး ငါတို့ရဲ့ တိုင်းပြည်က မင်းနဲ့ ဘယ်လိုအခြေအနေမျိုးနဲ့မဆို စာချုပ်ချုပ်ဆိုဖို့ ဆန္ဒရှိပါတယ်။ ဒါက ကောင်းကင်ပြာတိရစ္ဆာန်ရုံက ဘယ်လိုလိုအပ်ချက်မျိုးရှိရှိ ငါတို့ တိုင်းပြည်က ပေးနိုင်သမျှ သေချာပေါက် ပေးမှာပါ။ နောက်ပြီး ဘယ်လိုဝန်ဆောင်မှုကိုမှ မကောက်ခံပါဘူး”
“မင်းရဲ့နောက်ကွယ်က အသင်းကိုလည်း ငါတို့တိုင်းပြည်ရဲ့ ရတနာတွေကို ပြန်လည်ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
“နှစ်တွေ အများကြီး ကြာသွားပြီး ငါတို့နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ တိုင်းပြည့်ရတနာကို ပြန်မြင်နိုင်တော့မယ်”
“ကျေးဇူးအများကြီးတင်ပါတယ်”
သူဟာ ထို့သို့ ပြောနေပြီးနောက်တွင် ဖြည်းဖြည်းချင်းစီနောက်ဆုတ်လျှက် ဆုပိုင်ကို လေးနက်စွာ ဂါဝရပြုသည်။
သူတို့၏တိုင်းပြည်မှ လူများအားလုံးက တရုတ်နိုင်ငံနှင့် စာချုပ်ချုပ်ဆိုရန် အကန်အသတ်မဲ့ စာချုပ်ချုပ်ရန် ဆန္ဒမရှိလောက်ဟု ထင်ထားသည်။ သို့သော် …
332 03
မဲပေးမှု စတင်သည့်နှင့် တစ်ရက်အတွင်းတွင်ပင် အသိအမှတ်ပြုမှု အရေအတွက်က သန်းကိုးရာ ကျော်သွားခဲ့သည်။ တိုင်းပြည်ရှိ လူတိုင်းနီးပါးက တရုတ်နိုင်ငံနှင့် ပူးပေါင်းရန် သဘောတူကြ၏။ ဒါဟာ သူတို့၏ မည်သည့်အစိုးရကမှ မမျှော်လင့်ထားသော ရလဒ်ဖြစ်သည်။
“ဟား ဟား အေဇက်ရဲ့ခေါင်းဆောင် ဘားလက်”
“အနောက်ကလူတွေအားလုံးကလည်း သူတို့ရဲ့အစိုးရဘက်က ရာထူးမြှင့်တဲ့ ပုဂ္ဂိုလ်တွေပဲ။ တရုတ်နိုင်ငံနဲ့ စာချုပ်ချုပ်ဆိုဖို့အတွက် သူတို့က အထူးတလေ ရောက်လာကြတာ”
“နောက်ပြီး ငါ ဖုန်းကနေ တစ်ဆင့် မင်းနဲ့ ပြောထားပြီးသား မဟုတ်လား။ မင်း သူတို့တွေကို အဖြူရောင် အစင်းကြား ဝက်နှစ်ကောင်မွေးဖို့ ပေးမယ်ဆိုတာ သေချာလား”
နန်ကုန်းယွမ်က စုပိုင့်ဘေးဘက်သို့ သွားလျှက် တည်ငြိမ်စွာ ပြောသည်။
“ဟုတ်တယ်။ သူတို့နိုင်ငံရဲ့ ရာသီဉတုအခြေအနေက ဒီတိရစ္ဆာန်တွေ ရှင်သန်ဖို့အတွက် သင့်တော်တယ်။ အရင်ဆုံးအချက်က အတ္တလန်တိတ်ပဲ။ အဲဒီနယ်မြေဘက်က ကယ်တင်ထားပြီးတဲ့ တိရစ္ဆာန်အများစုက အဲဒီနိုင်ငံမှာပဲ နေထိုင်နိုင်လိမ့်မယ်”
ဆုပိုင်က သူ့ကို ကြည့်ပြီး အပြုံးနှင့် ပြောသည်။
“အနာဂတ်မှာ တိရစ္ဆာန်ရုံမှာ ကယ်တင်ခံရပြီးတဲ့ ပထမမျိုးဆက်ပဲ ဆက်ရှိနေလိမ့်မယ်။ သူတို့ရဲ့ ဆက်ခံသူတွေအတွက်ကတော့ တိရစ္ဆာန်တွေ ပိုများလာတဲ့အခါ သေချာပေါက် သဘာဝကို ပြန်ပို့ပေးရမှာပေါ့”
“ကျေးဇူးတင်ပါတယ်”
ဆုပိုင်က အရှေ့မှ ဘားလက်ကို အသာပြုံးပြပြီး တစ်ဖက်သို့ လှည့်လျှက် လက်ကို ဆန့်ထုတ်ကာ လူတိုင်းကို ကြိုဆိုဟန်ပြုသည်။
“ဝိုး”
“ဒီနေရာက ကောင်းကင်ဘုံလိုပဲ”
“ကောင်းကင်ပြာတိရစ္ဆာန်ရုံမှာ တိရစ္ဆာန်တွေအများကြီး ရှိနေမယ်လို့ ငါ မထင်ထားဘူး။ ငါ တကယ် မယုံနိုင်ဘူး”
ထိုလူများက ဝင်ရောက်လာပြီးနောက်တွင် အတွင်းမှ တိရစ္ဆာန်များကို ကြည့်ပြီး စိတ်လှုပ်ရှားလာကြသည်။
“ဟား ဟား လာ လာ လာ ငါ မင်းတို့ကို လိုက်ပြပေးမယ်”
သူတို့တိုင်းပြည်၏ ထူးခြားမှုကြောင့် တရုတ်နိုင်ငံနှင့် စာချုပ်ချုပ်ဆိုမှုက ခြားနားသည်။ တရုတ်နိုင်ငံနှင့် သဘောတူညီမှု ယူဆောင်ရာတွင် အဓိက လိုအပ်ချက်တစ်ခုတည်းသာ ရှိသည်။
ဆုပိုင်က စာချုပ်ပါ အချက်အလက်များအားလုံးကို ဖတ်ထားပြီးသားဖြစ်သည်။ ထို့တိုင်းပြည်၏ အသစ်စက်စက် အသက်သွင်းထားတဲ့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး စည်းမျဉ်းများက တရုတ်နိုင်ငံထက်ပင် ပို၍ တင်းကြပ်သေးသည်။
ထိုတိုင်းပြည်ကလည်း သူတို့ကိုယ်ပိုင်နယ်မြေတွင် တိရစ္ဆာန်များကို အမှန်တကယ်ပြန်မြင်ချင်နေကြောင်း သူကိုယ်တိုင်လည်း နားလည်သည်။ အထူးသဖြင့် တိုင်းပြည်၏ ပိုင်နက် နယ်မြေတစ်ခုလုံးတွင် မြို့မရှိသော နယ်မြေဖြစ်သမျှ ထိုလူများက ကောင်းကင်ပြာတိရစ္ဆာန်ရုံ မည်မျှလိုအပ်စေကာမှု အလကားအသုံးပြုခွင့် ပေးထားသည်။
“ဒါက တရုတ်နိုင်ငံရဲ့ အထူးသတ္တဝါတွေ သူ့ကို ပန်ဒါကြီးလို့ ခေါ်တယ်။ ကောင်းကင်ပြာတိရစ္ဆာန်ရုံက အရင်ဉီးဆုံး ကယ်တင်ခဲ့တဲ့ တိရစ္ဆာန်ဆိုလည်း မမှားဘူး။ ဒီအကောင်ငယ်လေးအားလုံးရဲ့ အစ်ကိုကြီးပေါ့”
ဆုပိုင်က တပိုင်၏နဖူးကို အသာပွတ်ပြီး လူတိုင်းကို အပြုံးနဲ့ မိတ်ဆက်ပေးသည်။
အိုး
တပိုင်က မျှစ်လေးကို ကိုင်ထားရင်း အရှေ့မှ လူတစ်ဖွဲ့ကို့ ကြည့်ကာ နှုတ်ခမ်းများ ကွေးသွားပြီး အော်သည်။
“ဒါရိုက်တာ ဆုပိုင် မင်း ကတိတည်မှာလား။ ငါက တကယ်ပဲ အစ်ကိုကြီးလား”
“ဒါဆိုရင် နဂါးအမေကရော”
ဖြန်း
332 04
ဆုပိုင်က ထိုကောင်၏နဖူးကို ပိတ်ရိုက်ပြီးနောက် တစ်ဖက်သို့ လှည့်ထွက်သွားသည်။
“ခင်ဗျားတို့တိုင်းပြည်မှာလည်း ဒီတိရစ္ဆာန်အကြောင်းကို မှတ်တမ်း တင်ထားလောက်တယ်။ ဒါက တစ်ချိန်က အတ္တလန်တိတ် သမုဒ္ဒရာမှာ နေထိုင်ခဲ့ဖူးတဲ့ ပိုလာဝက်ဝံ လေ”
“ဒါက ခွေးတူဝက်တူအကောင်။ သူ့ကို ခေါင်းပြားအစ်ကိုကြီးလို့ ခေါ်ကြတယ်”
“ဒါက အလက်စခမ်း မာလာမြို့”
“ဒါကတော့ သားဖောက်ရုံပဲ။ ဒီတိရစ္ဆာန်တွေက ALS လိုရောဂါမျိုးကို ကုသတဲ့နေရာမှာ အရမ်းအရေးပါတဲ့ ကဏ္ဏာက ပါဝင်တယ်။ ဒါပေမဲ့ အခုအရေအတွက်က တအားကို နည်းနေသေးတဲ့အတွက်ကြောင့် အချိန်တစ်ခုကြာတဲ့အထိတော့ အလုံးအရင်းနဲ့ မထုတ်ပေးနိုင်သေးဘူး”
“ဒါကတော့ …”
ဆုပိုင်က တွေ့သမျှ တိရစ္ဆာန်များကို တစ်ကောင်ပြီးတစ်ကောင် မိတ်ဆက်ပေးချိန်တွင် ထိုလူများ၏မျက်နှာပေါ်မှ မနာလိုမှုများကို ကြည့်နေသည်။
++++++ 333 01
အခန်း 333
ရုတ်တရက် ဘားလက်က အဝေးရှိ မြေပြင်တွင် ဆော့ကစားနေသော ပုံရိပ်လေးကို တစ်ချက်ကြည့်ပြီး အသက်ပြင်းပြင်း ရှုလိုက်သည်။
“ဒါရိုက်တာ ဆုပိုင် မင်း ငါ့ကို ကိုအာလာနဲ့ ထိတွေ့ခွင့်ပြုနိုင်မလား”
“ဒါပေါ့။ ရတာပေါ့”
ဆုပိုင်ကလည်း လက်ကိုဆန့်ထုတ်ပေးရင်း သွားနိုင်ကြောင်း အမှုအရာပြသည်။
ဘားလက်က နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးက အနည်းငယ် တုန်လာသည်။ သူတို့၏အရှေ့မှ ထိုသတ္တဝါလေးက သူတို့၏တိုင်းပြည်မှ ထူးခြားသော နိုင်ငံ့ရတနာဖြစ်သည်။ သူတို့က အလွန်အမင်းချစ်ရသော နိုင်ငံ့ရတနာ ဖြစ်သည်။ သို့သော် …
အချိန်ပေါင်းများစွာက ကုန်ဆုံးသွားခဲ့သည်။ သူဟာ တလှမ်းချင်းစီ လျှောက်သွားနေရင်း မျက်လုံးများက မျက်ရည်များဖြင့် ဝိုင်းလာသည်။
ကွက်
ကိုအာလာလေးက မျှစ်လေးကို ဖက်ထားရာမှ အနောက်ဘက်မှ ခြေသံကို ကြားရသဖြင့် မြေပြင်မှ ခပ်မြန်မြန် ထလိုက်သည်။ ထို့နောက် ကြောက်လန့်မှုအပြည့်နှင့် သူ၏ရင်ဘတ်ကို သူပုတ်သည်။
အား… ငါ တပိုင် လာတယ် ထင်နေတာ။
သို့ရာတွင် ထိုမျှစ်က ထင်သလောက် အရသာမရှိပေ။
ဒါကို ဘာလို့ ဒီလောက်အထိ အဖိုးတန်နေတာလဲ။
နောက်ပြီး ဘာလို့ သူ့ရှေ့က လူက ငိုနေတာလဲ။
“ငါ မင်းကို ထိလို့ရလား”
ဘားလက်က မြေပြင်တွင် တဖြည်းဖြည်းချင်းစီ ဆောင့်ကြောင့်ထိုင်လျှက် လက်ကို တုန်ယင်စွာ ဆန့်ရင်း ကိုအာလေး၏လက်ဖဝါးလေးကို အသာပွတ်သည်။ နောက်ဆုံးတွင် သူဟာ အော်ငိုလေသည်။ ပထမဉီးဆုံးအကြိမ်အဖြစ် သူသည် နိုင်ငံ့ရတနာကို အမှန်တကယ် ခံစားထိတွေ့ဖူးခြင်း ဖြစ်သည်။
“တောင်းပန်ပါတယ်။ ငါတို့ မင်းကို မကာကွယ်နိုင်ခဲ့ဘူး”
“တောင်းပန်ပါတယ်”
“တကယ် တောင်းပန်ပါတယ်”
သူဟာ မျက်ရည်များကို သုတ်ပြီး ခပ်တိုးတိုး ရေရွတ်နေသည်။
“ဝူး ဝူး ဝူး … ငါတို့နဲ့ တကယ်တန်တာပါ။ ငါတို့ ဒီလောက် ချစ်စရာကောင်းတဲ့ အကောင်လေးတွေကို ဒီလိုဖြစ်စေခဲ့တယ်”
“ကောင်လေး ငါလည်း ထိလို့ရလား”
“အရမ်း ချစ်ဖို့ကောင်းတာပဲ။ ငါတို့တိုင်းပြည်မှာ ဘယ်အချိန်မှများ ဒီအကောင်လေး ရောက်လာမှာလဲ”
ထို့လူတစ်ဖွဲ့က ကိုအာလာလေးကို ဝိုင်းပြီး ဂရုတစိုက် ပွတ်သပ်နေကြသည်။
“ဒီတိုင်းပြည်က လူတွေက တကယ်လိုချင်တာ ဖြစ်လောက်တယ်”
နန်ကုန်းယွမ်က ဘေးဘက်တွင် ရပ်ရင်း စိတ်လှုပ်ရှားနေသော လူတစ်အုပ်ကို ကြည့်ကာ သက်ပြင်းချသည်။
“တိုင်းပြည်တိုင်းက လူတွေကသာ ဒီလိုမျိုးဆိုရင် တိရစ္ဆာန်တွေကို ကာကွယ်ဖို့က အများကြီး ပိုလွယ်သွားလိမ့်မယ်”
“ဟုတ်တယ်”
ဆုပိုင်ကလည်း အလွန်ခံစားသွားရသည်။ တိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ခြင်းသည် တိုင်းပြည်တစ်ပြည်ချင်းစီ၏ အင်အားအလိုက် ဆက်ဆံပုံ ကွာခြားမှုအရ ခက်ခဲမှု ကွာခြားသွားသည်။ သို့သော် …
333 02
သူသည်လည်း အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ်သွားပြီးနောက်တွင် တိုင်းပြည်အများစုက အမှားကို နားလည်ရန် မျှော်လင့်မိသည်။ ထို့အပြင် ခရီးအရှည်ကြီး ရှိနေသေး၏။
အချိန်တွေ ကြာပြီးနောက် …
လူတိုင်းက ဝက်ခြံသို့ ရောက်လာကြသည်။ ဆုပိုင်က အတွင်းမှ ဆိုးသွမ်းသော ဝက်လေးများကို ညွှန်ပြရင်း အပြုံးနှင့် ပြောသည်။
“မင်းတို့နှစ်ကောင် ရွေးသွားလို့ ရတယ်။ တရုတ်နိုင်ငံက ဒီတိရစ္ဆာန်တွေကို မင်းတို့အတွက် သားဖောက်လက်ဆောင်အဖြစ် ပေးလိုက်မယ်”
“ဘာ”
ဘားလက်က ရုတ်တရက် မျက်လုံးပြူးသွားပြီး အရှေ့မှ သတ္တဝါများကို မယုံနိုင်သလို့ ကြည့်သည်။
ပထမဉီးဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံက သူတို့အား တိရစ္ဆာန်များ လက်ဆောင်ပေးလိုက်သည်။ နောက်ပြီး ဒါက သက်ရှိပဲ။
နောက်ပြီး မျိုးပွားနိုင်တဲ့ တိရစ္ဆာန်မျိုး ဒါက …
“မဟုတ်ဘူး လက်ဆောင်က ဈေးကြီးလွန်းတယ်။ ငါတို့ လက်မခံနိုင်ဘူး”
အချိန်အနည်းငယ် တွေးတောပြီးနောက် ဘားလက်က ငြင်းသည်။
“ငါတို့ မလိုချင်တာ မဟုတ်ဘူးနော်။ ဒါပေမဲ့ အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ်သွားပြီးချိန်ကတည်းက ငါတို့တိုင်းပြည်က တိရစ္ဆာန်တွေကို မွေးမြူနိုင်စွမ်းရည် မရှိတော့ပါဘူး။ ဒါကြောင့် ဒီတိရစ္ဆာန်တွေကို မမွေးနိုင်လောက်ဘူး”
“တစ်ခုခု မှားသွားခဲ့ရင် ငါသေသွားမယ်ဆိုရင်တောင်မှ ကိုယ့်ကိုကိုယ် ခွင့်လွှတ်မှာ မဟုတ်ဘူး”
“ဟား ဟား”
ဆုပိုင်က အရှေ့မှ လူအိုကြီး၏ လေးနက်တည်ကြည်လွန်းသော မျက်နှာကိုကြည့်ပြီး ရယ်သည်။
ထို့နောက် လက်ကို ရမ်းရင်း ပြောလိုက်သည်။
“မဟုတ်ဘူး ဒီအဖြူရောင်အစင်းကြား ဝက်လိုအမျိုးအစားမျိုးက မွေးဖို့တအားလွယ်တာ။ နောက်ပြီး အခု ပြန်ကယ်ပြီးသား တိရစ္ဆာန်တွေ အရေအတွက်က သိပ်များသေးတာ မဟုတ်ဘူး။ ဒါကြောင့် သူတို့မှာ အရင်လို ရောဂါမျိုးကလည်း မရှိဘူး။ ဒါက ဒီအတိုင်း ဂရုစိုက် မွေးထားရုံနဲ့ ပြဿနာ မရှိနိုင်ဘူး”
“နောက်ပြီး ခင်ဗျားတို့ ဒီမှာ ဝန်ထမ်းတွေကို အရင်ထားခဲ့လို့ ရတယ်။ အဲဒီနောက် ဝက်မွေးတဲ့ဖြစ်စဉ်ကို ရင်းနှီးသွားပြီဆိုတော့မှ ပြန်ခေါ်သွားပေါ့”
ဘားလက်က အရှေ့မှ လူငယ်ကို ကြည့်ပြီး အနောက်သို့ တစ်လှမ်းဆုတ်လိုက်ပြန်သည်။ ထို့နောက် သူတို့တိုင်းပြည်မှ အမြှင့်ဉီးဆုံး လေးစားမှုမျိုးဖြင့် ဂရုစိုက် အလေးပြုလိုက်သည်။
ထို့အခြေအနေကို မြင်သောအခါ အနောက်မှ လူများကလည်း အလားတူ အလေးပြုကြသည်။
“အခုကစပြီး ငါတို့တိုင်းပြည်က တရုတ်နိုင်ငံရဲ့ ခြေရာကို လိုက်နင်းပြီး တိရစ္ဆာန်တွေကို ထာဝရ ကာကွယ်စောင့်ရှောက်သွားမယ်”
“ဒါရိုက်တာ ဆုပိုင် ဒီနေရာကို ရောက်လာတဲ့ ငါတို့အားလုံးကလည်း ငါတို့တိုင်းပြည်က ဘယ်တိရစ္ဆာန်ကိုမှ ထိခိုက်အောင် မလုပ်ဖူးလို့ အာမခံပေးနိုင်ပါတယ်”
“ပြဿနာတစ်ခုခု ရှိလာခဲ့ရင် ငါ ဘားလက်က နှုတ်ထွက်လိုက်မယ်”
တိရစ္ဆာန်တွေကို မွေးလို့ရတယ်။
သူတို့က တရုတ်နိုင်ငံက ပထမဉီးဆုံး တိရစ္ဆာန်တွေ လှူဒါန်းခြင်းကို ခံရတဲ့ တိုင်းပြည်ဖြစ်လောက်တယ်။ အခြားတိုင်းပြည်တွေက သဘောတူစာချုပ် ချုပ်ထားရင်တောင်မှ ဒါက တိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်မယ်လို့ ကတိပေး၊ ထောက်ခံအားပေးရုံပဲ ရှိသေးတာ။ တရုတ်နိုင်ငံက ပြည်တွင်းမှာ မွေးလို့ရတဲ့ တိရစ္ဆာန်တွေကို အမှန်တကယ် ပေးမပေးဆိုတဲ့ ပြောရေးဆိုခွင့် ရှိနေသည်။
333 03
“အခုကစပြီး ဒါရိုက်တာ ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်တဲ့အချိန်တိုင်းလိုလို ဘယ်အချိန်မှာပဲ ထုတ်လွှင့် ထုတ်လွှင့် ငါတို့က တိုင်းပြည်မှာမှ ပြန်လည်ထုတ်လွှင့်ပေးမယ်။ နောက်ပြီး တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ပုံတွေကိုလည်း သင်ယူပြီး ကျောင်းတွေကနေတစ်ဆင့် တိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးကြောင်း သင်ကြားပေးမယ်”
“ဒါက ငါတို့ အနာဂတ်မှာ သေချာအားစိုက်ထုတ်ရမဲ့ အလုပ်ပဲ”
ဘားလက်က သူ့နောက် လိုက်ပါလာသော လက်ထောက်ကို ကြည့်ပြီး လေးနက်သော လေသံနှင့် ပြောသည်။
“ငါတို့ရဲ့အရိုးသားဆုံးအပြုအမှုတွေနဲ့မှ တရုတ်နိုင်ငံနဲ့ တကယ်ရင်းနှီးနိုင်မှာ။ အဲဒီနောက် ရင်းချင်းဆက်နေတဲ့ မိတ်ဆွေဖြစ်နိုင်မှာ”
“တိရစ္ဆာန်တွေကို ထိခိုက်အောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို ငါတို့က ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်”
“ဒါကို မှတ်ထား”
“ဟုတ်ကဲ့”
လက်ထောက်က လေးလံစွာ ခေါင်းညိတ်သည်။
တိရစ္ဆာန်ရုံ၏ဝင်ပေါက်တွင် ရပ်နေသော ဆုပိုင်က ဘားလက်နှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် အပြုံးနှင့်ပြောသည်။
“ခင်ဗျားတို့တွေ ကောင်းကင်ပြာ ပင်လယ်သမုဒ္ဒရာငါးပြတိုက်ကို အမြန်ဆုံး သွားကြည့်သင့်တယ်။ ဖျံပေါက်လေးတွေကို ရေခဲအခန်းထဲမှာ ထားထားတယ်။ ငါမှာလည်း လုပ်စရာရှိသေးတာမို့လို့ လိုက်မပို့ပေးနိုင်တော့ဘူး”
“ကျေးဇူးတင်ပါတယ်။ ဒါရိုက်တာ ဆုပိုင်”
“ကျေးဇူးအများကြီးတင်ပါတယ်”
“ဟုတ်တယ်။ ဟုတ်တယ်။ တရုတ်တွေက အရမ်းကို ဖော်ရွေပြုဌာပါတယ်”
ထို့လူတစ်ဖွဲ့က စတင်ကာ ချီးကျူးကြသည်။ အားလုံးထွက်သွားပြီးမှသာ ဆုပိုင်က စိတ်အေးစွာ သက်ပြင်းချနိုင်၏။
အခုအခါ အေဇက်တိုင်းပြည်မှ ဝန်းကျင်အပေါ်ထိန်းချုပ်မှု ရရှိသွားပြီ ဖြစ်လေရာ အာတိတ်အနားမှ သမုဒ္ဒရာကိုပင် ကိုင်တွယ်နိုင်ပြီ ဖြစ်သည်။
ထို့ကြောင့် သူသည် တိရစ္ဆာန်များကို ကယ်ဆယ်သည့်ဖြစ်စဉ်ကို အရှိန်တိုးမြှင့်နိုင်လေပြီ။
ထို့သို့ဖြင့် သူဟာ ရုံးခန်းထဲသို့ တလှမ်းချင်းစီ ဝင်သည်။
စားပွဲပေါ်မှ ကုလားထိုင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တရုတ်နှစ်သစ်ကူးသို့ ရောက်ရန် လဝက်ပင် မကြာတော့ကြောင်း သိလိုက်သည်။
နေဉီး ကျိုးဝမ်ဆိုတဲ့ ကောင်မလေးထွက်သွားတာ ရက်အနည်းငယ်တောင် ကြာသွားပြီ ဘာသတင်းမှလည်း မကြားရဘူး။
“တစ်ခုခုတော့ မဖြစ်လောက်ပါဘူးနော်။ ဟုတ်တယ် မှတ်လား”
“ဒီတာဝန် ပြီးသွားတဲ့အခါ သူ ပြန်မလာသေးရင် ငါ တရုတ်နိုင်ငံရဲ့ သတင်းအချက်အလက်ဌာနကိုပဲ အကူအညီ တောင်းရတော့မယ်”
++++++