← Chapters

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

334 01

အခန်း 334

ဆုပိုင်က တစ်ခဏခန့် တွေးတောပြီးနောက် စနစ်၏ဇယားကို ဖွင့်ခိုင်းလိုက်သည်။ တစ်ချက်ကြည့်ပြီးနောက် သူဟာ စိတ်အေးစွာ သက်ပြင်းချလိုက်၏။

ကောင်းပြီ။

ဒီတစ်ကြိမ်တွင် တိရစ္ဆာန်အတွဲများ ရီဖလက်စ့် မဖြစ်လာခဲ့ဘဲ အပိုင်းအစများက ကျပန်းပေါ်လာသည်။

“တိရစ္ဆာန်အပိုင်းအစမောလ်”

အနက်ရောင်မန်ဘာ(အမည်းရောင် သို့ အစိမ်းရောင်ရှိသော အဆိပ်ပြင်းသည့် အာဖရိကမှ မြွေတစ်မျိုး) အပိုင်းအစ;… အံအားသင့်မှု အမှတ် ခြောက်သိန်းနဲ့ လဲနိုင်ပါတယ်။

ဩစတေးလျ ရေခူအပိုင်းအစ;… အံအားသင့်မှုအမှတ် ငါးသိန်းနဲ့ လဲလှယ်နိုင်ပါတယ်။

ကျောက်တုံးငါးအပိုင်းအစ; အံအားသင့်အမှတ် ငါးသိန်းနဲ့ လဲလှယ်နိုင်ပါတယ်။

အပြာကွင်းရေဘဝဲအပိုင်းအစ;… အံအားသင့်မှုအမှတ် ငါးသိန်းနဲ့ လဲလှယ်နိုင်ပါတယ်။

ကြံအပိုင်းအစ အံအားသင့်မှုအမှတ် နှစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။

သမင်ဒရယ်ငယ်အပိုင်းအစ; … အံအားသင့်မှုအမှတ် တစ်သိန်းခွဲနဲ့ လဲလှယ်နိုင်ပါတယ်။

“ကောင်းတယ်”

ဆုပိုင်က ထအော်လိုက်မိသည်။ ထို့ထဲမှ တိရစ္ဆာန်ငါးကောင်က အဆိပ်ပြင်း၏။ သို့ရာတွင် အဆိပ်ရှိသော တိရစ္ဆာန်များကို အချင်းချင်းအကြာကြီး ဂရုစိုက်ရုံနဲ့တင် ထိန်းသိမ်းထား၍ ရအုန်းမည် မဟုတ်သေးချေ။ ခရီးသွားများက ထိတွေ့၍ မရသလို အခြားသော တိရစ္ဆာန်များကလည်း ဝေးဝေးနေရန် လိုအပ်သည်။

refreshဖြစ်လာသော အခြားသော တိရစ္ဆာန်များအတွက်ကမှု ထို့အကောင်တစ်ကောင်ချင်းစီတိုင်းက လူပေါင်းများစွာကို ချက်ချင်းသေအောင် လုပ်နိုင်လေသည်။

အလုံးအရင်းနှင့် မျိုးတုန်းပျောက်ကွယ်သွားပြီးချိန်ကတည်းက လူသားများဟာ တိရစ္ဆာန်များ၏ အဆိပ်ကို မထိန်းချုပ်နိုင်တော့ဘူး။ ထို့ကြောင့် ဖြေဆေးများကလည်း မရှိတော့ပေ။

ဟူး

ဆုပိုင်က အသက်ပြင်းပြင်း ရှုပြီးနောက် နောက်ဆုံးနှစ်ကောင်ကိုသာ ကြည့်လိုက်သည်။ ရိုးရိုးသားသားပြောရသော် ကြံ့ကို မေ့ထားသင့်သည်။

သူဟာ ထိုသမင်ဒရယ်အပိုင်းအစကို တိတ်တဆိတ်သာ လဲလှယ်လိုက်ပြီးနောက် မတ်တပ်ထရပ်ကာ ရုံးခန်းထဲမှ ထွက်သွားလိုက်သည်။

သူမှတ်မိသည်မှာ မှန်ကန်လျှင် ထိုသမင်ဒရယ်များသည် တောင်ထဲတွင် နေထိုင်နေကြဖြစ်သည်။ ဘယ်လို ပြောရမလဲ။ ဒီအကောင်တွေက တော်တော်လေး ရူးကြောင်ကြောင် နိုင်တယ်။

အတိတ်တွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းအတွင်းတွင် ဆိုရိုးစကားတစ်ခုရှိသည်။ တုံးအရူးသွပ်သော သူများကို သမင်ပေါက်အရူးဟု ပြောတတ်ကြ၏။

ပို၍ဆိုးသည်မှာ ထိုတိရစ္ဆာန်များက အလွန်အမင်း လျင်မြန်စွာ သွားလာနိုင်သည်။ ထို့ကြောင့် အနည်းငယ် ရူးကြောင်ကြောင် ဖြစ်နေသည့်တိုင်အောင် အကူအညီ ခေါ်သွားရန် လိုအပ်သည်။

အဝေးမှ အလက်စကားလေးနှင့် ဆော့နေသော ဟာရီကို တစ်ချက်ကြည့်ပြီး ဆုပိုင်က ခေါင်းခါသည်။

“ဒီကောင်တွေကို ခေါ်သွားရမလား”

တစ်ခဏခန့် ရပ်တန့်ပြီးနောက် ဆုပိုင်က ထရိုင်နိုဆော့ရပ်စ့် ရှိရာဘက်သို့ သွားလိုက်သည်။

“အာ ဖူး အာ ဖူး အာ ဖူး”

“ငါ့ကို ကယ်ပါအုန်း။ ငါ့ကို မကိုက်ပါနဲ့တော့ ဟမ်။ မင်းတို့ကောင်တွေ ငါရဲ့ အမွှေးတွေကိုပဲ ဘာလို့ ကိုက်နေတာလဲ။ သေစမ်း မင်း ဘယ်လိုများ ငါရဲ့ရှေ့ကို လာရဲတာလဲ ကြည့်စမ်း။ ငါ မင်းကို သေအောင် မှုတ်ထုတ်ပစ်မယ်”

အနက်ရောင် အယ်လ်ဖာဂါ၏ အော်သံက အဝေးမှပင် ကြားနိုင်သည်။

ထရိုင်နိုဆော့ရပ့်စ်ကလေးက ပါးစပ်ကို ဟလျှက် သူ၏နူးညံ့နေသေးသော သွားလေးများကို ဖြဲပြီး ထိုကုလားအုပ်ပေါ်မှ အမွှေးများကို ဆွဲဖြဲနေသည်။

ထိုအခြေအနေက ဆုပိုင်ကို စွံ့အစေသည်။

အတူတွဲချီထားခြင်းခံရသော အာဟဟာ အိပ်ပျော်နေသည်။

ဒါကို ဘယ်လို ယုံနိုင်မှာလဲ။

334 02

ဒီလောက် ဆူညံနေတာတောင် အိပ်ပျော်နေတယ်။

“တော်တော်လေးကို နှလုံးသားကြီးတာပဲ”

ဆုပိုင်က သက်ပြင်းကို ချသည်။ ထို့နောက် အနားသို့ တိတ်တဆိတ် လျှောက်သွားပြီးနောက် ထရိုင်နိုဆော့ရပ်စ့်ကလေးကို ကောက်ပွေ့ကာ ကြိုးကို ဖြည်လိုက်သည်။

“အား ဟူး”

“ဒါရိုက်တာ ဆုပိုင် မင်းက တအား ကြင်နာတတ်တာပဲ။ ငါ့ကို လာကယ်တာပေါ့”

အနက်ရောင် အယ်လ်ဖာဂါလေးက မြေပြင်တွင် ဆောင့်ကြောင့်ထိုင်နေသော ဆုပိုင်ကို ကြည့်သည်။ တစ်ဖက်သူက သူ့ကို ကြိုးဖြည်ပေးနေ၏။ ထို့ကြောင့် သူဟာ အသံကို မြှင့်ပြီး အော်သည်။

ဟွန့်

ငါ ထွက်သွားပြီးရင် ဒီအကောင်ငယ်လေး သေဖို့သာ စောင့်နေလိုက်။

သို့ရာတွင် ဒါရိုက်တာ ဆုပိုင်က ဟက်စကီးကိုသာ ဆွဲခေါ်သွားပြီး သူ့၏ကိုယ်ပေါ်မှ ကြိုးက ချည်လျှက်သား ကျန်နေခဲ့ကြောင်း မြင်သောအခါ သူဟာ ကြောင်သွားသည်။

ဒါက ဘာကို ဆိုလိုတာလဲ။

ဟက်စကီးကိုပဲ ကယ်တယ်။ သူ့ကို မကယ်ဘူးလား။

“အား ဟူး ဟူး”

“မဟုတ်ဘူး ဒါရိုက်တာဆုပိုင် မင်း မေ့သွားပြီလား။ ငါရှိသေးတယ်လေ။ ငါ့ကို ဖြည်ပေးအုန်း”

“အား မျိုးမစစ်ကောင် ငါ့ကို သေအောင် ကိုက်နေပြန်ပြီ”

“ငါ မင်းနဲ့ တိုက်ခိုက်မှာ သေအောင်ကို တိုက်ခိုက်မှာ ဟမ်။ ငါ အကိုက်မခံရတဲ့ နေရာကို မရှိတော့ဘူး။ အား ကယ်ကြပါ”

ဆုပိုင်က သူ၏လက်ထဲမှ ဟက်စကီးကို ကြည့်သည်။ ထို့အကောင်က ယခုလို ကောက်ပွေ့လာသည့်တိုင်အောင် မနိုးသေးပေ။

ထို့ကြောင့် သူဟာ မျက်မှောင် ကြုတ်သည်။

သူက ထိုအကောင်ကို ရုံးခန်း၏ကြမ်းပြင်ပေါ်သို့ ကောက်ပစ်လိုက်ပြီးနောက် စနစ်ကို ပြောသည်။

“တိရစ္ဆာန်အပိုင်းအစ တာဝန်ကို စတော့”

သူ ဒီတစ်ခေါက် ဟက်စကီးကို ခေါ်သွားရမယ်။ သူ ဟာရီကို ခေါ်သွားချင်တာ ဟာရီက အိုနေတော့ အလက်စကားလေးကိုလည်း စောင့်ရှောက်ရအုန်းမယ်ဆိုတော့ မခေါ်သွားတာဘဲ ကောင်းပါတယ်။

ဒါကြောင့် ဒီအရူးကောင်ကိုပဲ ခေါ်သွားရတော့မယ်။

ဒီကောင်က တော်တော်လေးတော့ အားကိုးလို့ မရဘူး ဆိုပေမဲ့လည်း ဟက်စကီးတွေက အနံခံအား ကောင်းတယ်။ ဒါကြောင့် ဒီသမင်လေးတွေကို ရှာဖို့ လွယ်ကူမှာပဲ။

အရေးကြီးဆုံးအချက်ကမှု ထို့အကောင်က အင်အားအများကြီးသုံးစရာ ရှိသည်။

သမင်ပေါက်အနောက်ကို လိုက်တာက အကြံကောင်းပဲ။

“တီ။ သမင်ပေါက်အပိုင်းအစတာဝန်ကို အောင်မြင်စွာဖြင့် ဖွင့်လိုက်ပါပြီ”

စနစ်၏ ရေတွက်ချိန်။

၁၀

၉

၈

…

334 03

…

ဘန်း

နှင်းထဲသို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားပြီးနောက်တွင် ဆုပိုင်က တင်းမာသော မျက်နှာထားနှင့် ကုန်းထကာ သူ၏အရေပြားများကို ပွတ်သည်။ ထို့နောက် မြေပြင်တွင် အိပ်နေသေးသော ဟက်စကီးကို ကြည့်လိုက်သည်။

ဖြန်း

သူဟာ ထိုဟက်စကီး၏ နဖူးကို ဖြတ်ရိုက်လိုက်သည်။

ဝူး

“ဘယ်သူလဲ။ ငါ့ကို လာမကိုက်နဲ့နော် ဟွန့် ငါ့ဘေးဘက် အကောင်က အမွှေးပို များတယ်”

အာဟက ရုတ်တရက် မြေပြင်မှ ခုန်ထပြီး အပြာရောင် မျက်ဝန်းတစ်စုံဖြင့် အော်သည်။

သို့ရာတွင် မြင်ကွင်းကို ဂရုစိုက်မြင်ပြီးနောက် သူဟာ ရုတ်တရက် ဆုပိုင်ခြေထောက်နားသို့ ကပ်လာကာ နာခံစွာ လာပွတ်သည်။

အား ငါ ထပ်ပြီး ခေါ်လာခံရပြန်ပြီ။

ဘုရားရေ ဒါရိုက်တာရဲ့ နှလုံးသားထဲက သူရဲ့တည်ရှိမှုက အရမ်းကို ခိုင်မာလွန်းနေတာပဲ။

“သွားမယ်။ မင်း အရှေ့ကနေ ဉီးဆောင် လမ်းပြလုပ်တော့ အနံကို သေချာခံကြည့် အခြားတိရစ္ဆာန်အနံကို ရတာနဲ့ ငါ့ကိုပြော”

ဆုပိုင်က သူရဲ့အရှေ့မှ နှင်းများဖုံးလွှမ်းနေသော တောကို တစ်ချက်ကြည့်ပြီး ပါးကို ပွတ်ကာ ပြောသည်။

ဝုတ်

ဟက်စကီးက တစ်ချက် ဟောင်သည်။ ထို့နောက် နှင်းများပေါ်သို့ တက်နင်းလိုက်ပြီး တရှုံရှုံ အနံခံသည်။ အရှေ့မှ ဟက်စကီးနောက်သို့ ဆုပိုင်ဟာ တစ်လှမ်းချင်းစီ လိုက်ရင်း တောထဲသို့ ဝင်လိုက်သည်။

ကျွတ် ကျွတ် ကျွတ်

နူးညံ့သော နှင်းများပေါ်သို့ တက်နင်းမိသောအခါ အသံများက ထွက်သည်။ အချိန်တွေ ကြာပြီးနောက်

ဝုတ်

“ဒီအနံ ကောင်းတယ်”

အရှေ့မှ ဟက်စကီးက နောက်သို့လှည့်လျှက် ဟောင်သည်။

“သွားမယ်။ သွားမယ်။ နောက်က လိုက်ခဲ့”

ဆုပိုင်မျက်နှာထားက ပျက်ယွင်းလျှက် အနောက်မှ အမြန်လိုက်သည်။

သမင်ပေါက်လေး ဖြစ်လောက်ပါတယ်။ ဟုတ်တယ် မှတ်လား။ သမင်ပေါက်လေးတွေကပဲ ဆောင်းတွင်းမှာ အစာရှာထွက်တာလေ။

ပိုဆိုးသည်မှာ ဒီနေရာရှိ တောင်တန်းနဲ့တောအုပ်များက တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းနှင့် တူသည်။

ဆုပိုင်က ဘေးဘက်ရှိ သစ်ပင်များကို ကြည့်လိုက်သောအခါ အနည်းနှင့်အများ တူညီကြောင်း မြင်လိုက်ရသည်။

ထို့သို့ဖြင့် သူဟာ အာဟ၏ အနောက်မှ တစ်လှမ်းချင်းစီ လိုက်သည်။

++++++ 335 01

အခန်း 335

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူတိုင်းကလည်း ဆုပိုင်နှင့်အာဟတို့ကို မြင်သောအခါ စိတ်ရှုပ်ထွေးစွာ မေးကြသည်။

“ဘာလုပ်နေတာလဲ။ သမင်ဆိုတာက ဘာလဲ။ အဲဒါကို ရှာနေတာလား”

“စကားမစပ် သမင်ပေါက်ဆိုတာ ဘာမှန်း ဘယ်သူသိကြလဲ”

“ငါက တရုတ်အရှေ့မြောက်ပိုင်းသားလေ။ ငါတို့မှာ ဒီလို တိရစ္ဆာန်မျိုးနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ ရှိတယ်။ ဒါပေမဲ့ အလုံးအရင်း မပျောက်ကွယ်ခင်ကဆိုရင် ဒီလိုတိရစ္ဆာန်မျိုးတွေက ဒီမှာ နေထိုင်ကျက်စားတာပဲ။ ဒါပေမဲ့ စာအုပ်တွေက ပြောတဲ့အတိုင်း ဆိုတော့ နည်းနည်းလေး ထူးဆန်းတယ်။ ဒီတိရစ္ဆာန်က တော်တော်လေး တုံးတယ်”

“တုံးတယ် ဟုတ်လား။ ဟက်စကီးထက် ပိုတုံးတာလား။ ဒါရိုက်တာ ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှု တာဝန်နဲ့ပတ်သက်ပြီး နည်းနည်းလေးများ သတိမဲ့တာများလား။ ဘယ်လိုကြောင့်များ ဒီဟက်စကီးကို ခေါ်ထုတ်လာတာလဲ။ ဒီတာဝန်က ပြီးမြှောက်ပါ့မလား”

“အပေါ်ကတစ်ယောက်က ပြောတာလည်း ဟုတ်တာပဲ။ ငါတောင်မှ ဒီတာဝန်က မပြီးနိုင်ဘူးလို့ ခံစားလာရပြီ”

“အာ ဟား ဟက်စကီးက တော်တော်လေးတော့ အားကိုးလို့မရတာ အမှန်ပဲ။ ပိုပြီး ရူးကြောင်ကြောင်နိုင်တဲ့ သမင်နဲ့ တိုးရင် ဘယ်လိုလုပ်မလဲ”

…

ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကောမန့်များကို ကြည့်ပြီးနောက် ပြုံးရယ်ကာ ပြောသည်။

“ငါ ဒီဟက်စကီးကို ငါနဲ့အတူ ခေါ်လာတာက နှင်းထဲက အခြေအနေမျိုးကို ကြုံတွေ့တဲ့အခါ ဖြေရှင်းဖို့ပဲ။ ဟက်စကီးက အားကိုးလို့ မရဘူး ဆိုပေမဲ့လည်း အနည်းဆုံးတော့ အနံနိုင်သေးတယ်”

“ဒါပေမဲ့ သမင်တွေက ရူးလွန်းတယ်လို့ ပြောတာကတော့ တအားများ လွန်းပါတယ်။ သူတို့က ဒီအတိုင်း နည်းနည်း ဗုဒ္ဓဆန်တာ”

“ဘယ်လိုပြောရမလဲ။ ဒီတိရစ္ဆာန်တွေရဲ့ သိသာထင်ရှားတဲ့ အချက်က အန္တာရာယ်နဲ့ တွေ့ကြုံတဲ့အခါ ချက်ချင်း ထွက်မပြေးဘဲ ထွက်ပြေးဖို့ လိုမလို စောင့်ကြည့်နေတတ်တာမျိုးပေါ့”

“နောက်ပြီး သူ ထွက်ပြေးတဲ့ပုံစံကလည်း တော်တော်လေး ထူးခြားတယ်။ ခေါင်းကို နှင်းထဲကို မြုပ်လိုက်တာမျိုးလေ”

“ဒီလိုဆိုရင် ငါက မင်းကို မမြင်နိုင်တော့ မင်းကလည်း ငါ့ကို မမြင်ဘူးလို့ သေချာပေါက် တွက်ဆထားတဲ့ ပုံစံပဲ”

“ဒါပေမဲ့ ဒီလိုတိရစ္ဆာန်မျိုးက အရမ်းကို သိချင်စိတ် ပြင်းပြတတ်တာ။ ကြောင်နဲ့တောင် ယှဉ်လို့ရတယ်။ အလုံးအရင်းနဲ့ မျိုးတုန်း မပျောက်ကွယ်ခင်က ဆိုရင် မုဆိုးတွေက သမင်ပေါက်တစ်ကောင်တောင်မှ မဖမ်းမိတတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီသမင်ပေါက်ကို ဖမ်းမိသွားတာနဲ့ သူတို့က ဆူညံသံမျိုး ထုတ်တတ်တယ်။ အဲဒီအခါ အခြားသမင်ပေါက်တွေက အဝေးမှာ ပုန်းနေရာကနေ သိချင်စိတ်ကို မထိန်းနိုင်ဘဲ အပြင်ကို အပြေးထွက်ပြီး ကြည့်တတ်တယ်။ အဲဒီအကြောင်းပြချက်ကြောင့်ပဲ လူတွေက ဒီသမင်ပေါက်တွေကို ရူးလွန်းတယ်လို့ ပြောြကတာ”

“ဒါတင် မဟုတ်သေးဘူး။ သူတို့က တုံ့ပြန်မှုလည်း နည်းနည်း နှေးသေးတယ်။ သဘာဝမှာ ဒီလိုတိရစ္ဆာန်မျိုးက အများကြီးပဲ။ နောက်ပြီး တုံးလွန်းလို့ မင်းလှမ်းခေါ်မှ ရွေးမိတဲ့ ငှက်အမျိုးအစားတစ်မျိုးတောင် ရှိသေးတယ်”

“ဒါကြောင့် အနာဂတ်မှာ အခွင့်အရေးရှိတဲ့အခါ တင်ဆက်သူက အားလုံးနားလည်အောင် ပြပါအုန်းမယ်”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ရှိသူများအား ဗဟုသုတများကို ဝေမျှပြီးနောက်တွင် ဆုပိုင်က အဝေးမှ ဟက်စကီးကို တစ်ချက်ကြည့်သည်။ ထို့အကောင်က အနံနောက်သို့ လိုက်ရင်း ဂူတစ်ဂူထဲသို့ ဝင်သွားကြောင်း မြင်လိုက်ရသည်။

သူဟာ နှင်းရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး မျက်နှာပြူးကာ အတွင်းသို့ စိုက်ကြည့်သည်။၊ ဆုပိုင်က မျက်မှောင်ကြုံပြီး အပြေးအလွှားသွားလိုက်သည်။ ထို့နောက် ဂူ၏ဝင်ပေါက်ကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ ခေါင်းကုတ်သည်။

“ဒီနေရာမှာ တိရစ္ဆာန်ရှိတာလား”

သူဟာ အာဟကို ငုံကြည့်သည်။

“အွန့်”

“တစ်ကောင်ထက်တောင် ပိုသေးတယ်”

335 02

အာဟက တည်ငြိမ်စွာ ခေါင်းညိတ်၏။ သို့ရာတွင် ဆုပိုင်က မည်သို့ပင် ကြည့်ကြည့် ဒီဂူက သမင်နေသော ဂူနှင့် မတူနေပါပေ။

သမင်က ဆောင်းတွင်းမှာ ဂူထဲနေမယ်လို့တော့ မထင်ဘူး။

သို့ရာတွင် အတွင်းတွင် တိရစ္ဆာန်ရှိကတည်းက သေချာပေါက် ဝင်ကြည့်ရပေမည်။

“ရှုး အသံတိုးထား”

ဆုပိုင်က ညွှန်ကြားချက် ပေးလိုက်သည်။

ထို့သို့ဖြင့် လူတစ်ယောက်နှင့် ခွေးတစ်ကောင်က ခန္ဓာကိုယ်များကိုကုန်းပြီး ဂူထဲသို့ ကုန်းကာ ဝင်ကြသည်။ မည်သို့ပင်ဆိုစေ ထိုဂူက လူနှစ်ယောက်အတွက်သာ ကျယ်သည်။

ဝင်နေရင်းမှ ရုတ်တရက် အတွင်းမှ ဟောက်သံလိုလို နှာမှုတ်သံကို ကြားရသည်။ ဆုပိုင်က သူ၏ဓာတ်မီးကို တဖြည်းဖြည်းချင်းစီ ဖွင့်လိုက်သည်။

ထို့အခါ အတွင်းမှ အကောင်ကို မြင်ပြီး သူ၏ခန္ဓာကိုယ်မှ အမွှေးတိုင်းက ထောင်တက်သွားသည်။

လက်စသတ်တော့ ဝက်ဝံနက်ပဲ။

သောက်ငရဲလိုပဲ။

ငါ မင်းကို တိရစ္ဆာန်ရှာခိုင်းတာလေ။ ဘယ်လိုဖြစ်ပြီး ဝက်ဝံနက်အသိုက်ကိုမှ လာရှာတာလဲ။

သူဟာ နောက်သို့လှည့်လျှက် ထွက်ပြေးတော့မည့်အချိန် ရုတ်တရက် အရှေ့မှ ဟက်စကီးက မီး၏အကူအညီဖြင့် ဂူ၏အတွင်းပိုင်းသို့ ခုန်ဝင်ကာ ထို့အကောင်၏အရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ သွားကြည့်နေကြောင်း မြင်လိုက်သည်။

ဝိုး

အရမ်း တော်တာပဲ။

ဒီကောင်က အိပ်နေတဲ့သူကိုတောင် ပူစီဖောင်းနဲ့ သွားမှုတ်တယ်။

ဖြန်း

သူဟာ ထိုအကောင်ကြီး၏ နှာခေါင်းနားမှ ပူစီဖောင်းလေးကိုပင် လက်တစ်ဖက်ဖြင့် သွားရိုက်လိုက်သေးသည်။

“ဒီကို လာစမ်း”

ထိုအခြေအနေကို မြင်သောအခါ ဆုပိုင်က ခပ်မြန်မြန် အသံကို တိုးပြီး လှမ်းအော်သည်။

သွားပြီ။

အိပ်နေတဲ့ ဝက်ဝံနက်က နိုးလာတဲ့အခါ ရူးသွားတော့မှာပဲ။

သူနှင့် အာဟ ဟာ ဒေါသထွက်နေသော ဝက်ဝံ၏ဒဏ်ကို ခံရရုံသာ မကသေးလေပဲ သေနတ်ကိုပင် ထုတ်ချိန်မရဘဲ အသက်ဘေးမှ လွတ်မြောက်အောင် ထွက်ပြေးရလောက်သည်။

ပို၍ဆိုးသည်မှာ ထိုအကောင် ဆာလောင်နေခဲ့သည်မှာ မည်မျှကြာမှန်း မသိနိုင်ချေ။ ဒါက သူ့ဆီ အစာအသစ်လာပို့သူ မဖြစ်သွားဘူးလား။

ဝုတ်

“မနိုးသေးဘူးလား”

အာဟက မျက်မှောင် ကြုတ်သည်။ ထို့နောက် အဝေးမှ အနည်းနှင့်အများ ထိတ်လန့်သော ဒါရိုက်တာ ဆုပိုင်ကိုကြည့်ပြီး အထင်သေးသေး ပြုံးသည်။

ဟွန်း တိရစ္ဆာန်ရုံမှာဆိုရင် ထရိုင်နိုဆောရပ်စ့်တောင် သူ့ကို လာပြီး စိန်ခေါ်ရဲတာ မဟုတ်ဘူး။ ဟက်စကီးက ဒီကောင်လောက်ကို ကြောက်စရာလား။

ဟွန်း ဒါရိုက်တာ ဆုပိုင် ဘယ်လောက်ကြောက်နေပြီလဲ ကြည့်စမ်းပါအုန်း။

ဖြန်း

335 03

သူဟာ လက်ကို မြှောက်လျှက် အရှေ့မှ အကောင်၏ နဖူးကို ဖြတ်ရိုက်လိုက်သည်။ ထို့နောက် အာဟက အပြုံးနှင့်အတူ ချောင်ခနဲ့ လှည့်ပြီး အသံကို မြှင့်ကာ အော်သည်။

“ဒီကောင်က အရမ်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာ။ နိုးမှာ မဟုတ်ဘူး”

“ဘာ မယုံဘူးလား”

ဖြန်း

ဟက်စကီးက လက်ကို ထပ်မြှောက်ပြီး ရိုက်ချလိုက်ပြန်သည်။

ထို့နောက် တစ်ဖက်သို့ လှည့်ပြီး ကြည့်ပြန်သည်။

ဂူအဝင်အဝတွင် ဒါရိုက်တာ ဆုပိုင်ကို မမြင်ရတော့ပေ။ ဂူတစ်ခုလုံးက မဲမှောင်သွားသည်။

ထို့အချိန်တွင်ပင် သူ၏အနောက်ဘက်မှ အနည်းအငယ်တိုးသော ဩရှသည့် ဟိန်းသံကို ကြားရသည်။ အာဟက မျက်နှာကြောတင်းတင်းဖြင့် အနောက်သို့ တိတ်တဆိတ် လှည့်ကြည့်လိုက်သည်။

ဝုတ်

“ဘုရားရေ”

သူဟာ သူ့၏အရှေ့တွင် ပေါ်လာသော သွေးနီရောင် မျက်ဝန်းတစ်စုံကို မြင်လိုက်ရသည်။ အလွန်အမင်း ကြမ်းတမ်းလွန်းသော အရှိန်အဝါတစ်ခုက သူဆီ ဝင်ရောက်လာတာ ခံစားလိုက်ရသည်။

သူဟာ ကြောက်လန့်တကြား အော်ဟစ်ပြီး ခြေထောက်ကို ဖြန့်ကာ အပြင်သို့ ကုန်းထွက်သည်။

“သွားပြီ”

ဆုပိုင်က ဂူအပြင်ဘက်တွင် ရပ်ရင်း အတွင်းမှ ဟက်စကီး၏အော်သံကို နားထောင်နေကာ နောက်လှည့်မကြည့်ဘဲ ပြေးသည်။

အတွင်းမှ ဝက်ဝံက နိုးသွားသည့်နှင့် ပျော်စရာ ကောင်းတော့ပေမည်။

ဝုတ်

“ဒါရိုက်တာ ဆုပိုင် ငါ့ကို ကယ်ပါအုန်း”

အာဟက အရှေ့မှ ပြေးနေသော ဆုပိုင်ကို လှမ်းကြည့်ပြီး ကြောက်လန့်တကြား အော်သည်။

ဗုန်း

အနောက်မှ မြေပြင်က တသိမ့်သိမ့်တုန်လာသည်။ ထို့နောက် အော်ဟစ်သံကိုလည်း ကြားရသည်။

ဝေါင်း

ထိုအကောင်ကြီးက ကုန်းထလာပြီးနောက်တွင် ပါးစပ်ကြီးကို ဖြဲကာ အော်သည်။ ထို့နောက် မြေပြင်ပေါ်သို့ ဝုန်းခနဲ့ ဆင်းသက်လျှက် အလွန်မြန်ဆန်သော အရှိန်နှုန်းဖြင့်လိုက်သည်။

“မင်း လုပ်နိုင်ပါတယ်။ ငါ သိပ်မကြာခင် မင်းကို မှီလာမှာနော်။ မင်း ကိုင်တွယ်နိုင်ပါတယ်”

“ငါတော့ လုပ်နိုင်မယ်လို့ မထင်ဘူး။ ငါ ဒီကောင်ကြီးက ဒီလောက်ရက်စက်မယ်လို့ ဘယ်လို ထင်ထားမှာလဲ”

“ငါနဲ့ ဝေးဝေးနေ”

“မနေပါဘူး”

ဆုပိုင်က အနောက်သို့လှည့်ပြီး ဟက်စကီးကို အော်သည်။

…

ခရက်စ့်

သူဟာ အနောက်မှ လိုက်နေသော ဝက်ဝံနက်ကို တစ်ချက်ကြည့်ပြီး သူ၏အရှိန်နှုန်းကို ထပ်မြှင့်လိုက်ကာ အရှေ့သို့ ပြေးသည်။

ဒီဝက်ဝံနက်က ငါ့နောက်ကို ခဏလောက်လိုက်ပြီးနောက် မောသွားပြီး ရပ်သွားဖို့ မျှော်လင့်ရတာပဲ။ အဲဒီလိုမှ မဟုတ်ရင်…

++++ 336 01

အခန်း 336

အချိန်တွေကြာပြီးနောက်တွင်

ဟူး ဟူး

ဆုပိုင်နှင့် အာဟ တို့က နှင်းပေါ်တွင် ပက်လက်လှန်လျှက် အငမ်းမရ အသက်ရှု နေကြသည်။

သူဟာ ကြောက်လန့်မှုအပြည့်နှင့် နောက်လှည့်ကြည့်သောအခါ ဝက်ဝံနက်ကို မမြင်ရတော့ပေ။

ဖြန်း

သူဟာ ထွက်နိုင်ပြီးနောက်တွင် အာဟ၏နဖူးကို ဖြန်းကနဲ့ ရိုက်ကာ အော်သည်။

“နောက်တစ်ကြိမ် မင်း မင်းဘာသာမင်း လှုပ်ရှားရဲရင် ငါ မင်းကို ခွေးသား ဟော့ပေါ့ လုပ်ပစ်မယ်”

“သေစမ်း ငါတောင် သေအောင် ကြောက်တာ”

ဝုတ်

အာဟကလည်း သူ၏ လက်ကလေးကို ဆန့်လျှက် သူ့နဖူးသူ ပွတ်သည်။ ထို့နောက် မြေပြင်ပေါ်မှ ကုန်းထသည်။

သူဟာ ခေါင်းကို ငုံပြီး အနံခံပြန်သည်။ ထို့နောက် ခေါင်းကို မော့ကာ အော်သည်။

ဝေါင်း

“ဒီမှာ အနံရှိတယ်။ ဒါပေမဲ့ အခု အကောင်ရဲ့ အနံနဲ့တော့ မတူဘူး။ ရှုံ ရှုံ မြက်နံလိုပဲ”

ဆုပိုင်က ကြောင်သွားသည်။

သမင်ပေါက်များ ဖြစ်နေမလား။ ဒါပေမဲ့ အနားမှာလည်း ဝက်ဝံက ရှိသေးတယ်။

တကယ်လို့ …

ဟစ်

သူဟာ အသက်ကို ပြင်းပြင်းရှုလျှက် အာဟ၏နဖူးကို ဖြတ်ရိုက်ပြီးနောက် အနံ၏အရင်းအမြစ်နောက်သို့ လိုက်ခဲ့လိုက်သည်။

…

“ဟူး”

ဆုပိုင်နှင့် သိပ်မဝေးသော နေရာတွင် ဝက်ဝံနက်ကြီးက မြေပြင်ပေါ်တွင် ထိုင်နေကာ လျှာကို ထုတ်လျှက် အငမ်းမရ အသက်ရှုနေသည်။

သူသည် အနံတစ်ခုကို ရသည်။ ထို့ကြောင့် မြေပြင်မှ ရုတ်တရက် ခုန်ထလိုက်သည်။

ထို့နောက် တစ်ဖက်သို့ လှည့်လျှက် အနံနောက်သို့ လိုက်ရင်း အဝေးသို့ စလျှောက်လိုက်သည်။

ဒါက အဲဒီ ရူးကြောင်ကြောင် သမင် အနံပဲ။

ဂလု

ဝက်ဝံနက်၏ဗိုက်က သမင်ပေါက်၏အရသာကို တွေးမိရုံဖြင့် ဟိန်းဟောက်လေသည်။

သူဟာ ခေါင်းကို ငုံပြီး စတင်ကာ ရှာသည်။

ဒီအနံကတင် ဒီအရူးသမင်ရဲ့ အနံပဲ။

အမဲလိုက်စရာတောင် မလိုဘူး။ အချိန်တန် အော်ဟစ်လိုက်ရုံနဲ့ ရောက်လာလိမ့်မယ်။

တစ်ချက်အော်လိုက်ရုံနဲ့ အဲဒီသမင်က ကြောက်ပြီး နှင်းထဲကို ခေါင်းထိုး ဖွက်လိုက်လိမ့်မယ်။

နောက်ထပ် အစားကောင်း အသောက်ကောင်း စားသောက်ရမည်ဖြစ်ကြောင်း တွေးမိသောအခါ ဝက်ဝံနက်ကြီးက စိတ်လှုပ်ရှားစွာဖြင့် လျှာသပ်လေသည်။

ကျွတ် ကျွတ် ကျွတ်

နှင်းထဲတွင် လဲနေသော ဝက်ဝံနက်ကြီးက အဝေးရှိ အညိုရောင်အမွှေးများကို တစ်ချက် ကြည့်လိုက်လေသည်။ သူ၏ဖင်မှ အမွှေးဖြူများက တုန်ယင်နေကြောင်း မြင်လိုက်ရသည်။

ဟွန်း အရွယ်ရောက်ပြီးသား သမင်ပဲ။

ဒီအကောင်က ငါ့ကို ဆောင်းတွင်းတစ်တွင်းလုံးစာအတွက် လုံလောက်စေနိုင်တယ်။

ထို့အချိန်တွင် အဝေးရှိ ရူးကြောင်ကြောင် သမင်ပေါက်က သူ၏ခေါင်းကို နှင်းထဲသို့ ထိုးထည့်လျှက် သူ မြက်ခြောက်များကို တူးနေသည်။

သူဟာ ပတ်ဝန်းကျင် အခြေအနေကို ကြည့်ရန်ပင် ခေါင်း မမော့လာခဲ့ပေ။

ဝက်ဝံနက်များသည် မရေမတွက်နိုင်သော သမင်ပေါင်းများစွာကို သတ်ဖြတ်နေကြဖြစ်လေရာ ထို့အကောင်များ အလေ့အကျင့်ကို သိနေခဲ့ပြီးသား ဖြစ်သည်။

336 02

ထို့ကြောင့် မြေပြင်မှ တဖြည်းဖြည်းချင်းစီသာ ထလိုက်သည်။ သူဟာ ပါးစပ်ကြီးကို ဟလျှက် အသက်ကို ပြင်းပြင်းရှုသည်။ သူ၏ရင်ဘတ်ကိုလည်း ဖောင်းကား တက်လာစေလျှက် တအားကုန် အော်ဟစ်ရန် ပြင်ဆင်လိုက်သည်။

ဝုတ်

ရုတ်တရက် မည်သည့်နေရာကမှန်းမသိ ခွေးဟောင်သံကို ကြားရသည်။

ထို့အခါ ယခုလေးတင် အပြေးလိုက်ခဲ့သော အကောင်နှစ်ကောင်က ထပ်ပေါ်လာပြန်ကြောင်း မြင်လိုက်ရသည်။

သူ့ကို နှစ်ချက် ဖြတ်ရိုက်ခဲ့သောကောင်က အဝေးရှိ သမင်ပေါက်ဆီ အလွန်လျင်မြန်လွန်းသော အရှိန်နှုန်းဖြင့် ပြေးသွားသည်။

“အား”

သမင်ပေါက်က ခွေးဟောင်သံလို တူသော အသံမျိုးကို ထုတ်သည်။ ထို့နောက် ဖင်ရှိ အမွှေးများက ချက်ချင်းဆိုသလို ဖွာထွက်လာ၏။ ထို့နောက် မျက်လုံးကြီးများကို ပြူးလျှက် အဝေးသို့ စပြေးလေသည်။

ထို့သို့ဖြင့် မျက်လုံးကြီးကို ပြူးလျှက် သူ့ဆီ အပြေးလာသော အကောင်ကို စိုက်ကြည့်နေသည်။

ဘယ်လို လုပ်ရမလဲ။ သူ ထွက်ပြေးရမလား။ မပြေးရဘူးလား။ အခု ပြေးသင့်ပြီလား။ မပြေးသင့်သေးဘူးလား။ အရှေ့ဘက်ကို ပြေးရမလား။ အနောက်ဘက်ကို ပြေးရမလား။ ဒါမှမဟုတ် ဘယ်ဘက်ကို ပြေးရမလဲ။ ညာခြေထောက်နဲ့ စပြေးရမလား။ ဘယ်ခြေထောက်နဲ့ စပြေးရမလား။

“အား”

ထို့သို့ အချိန်တွေကြာအောင် တွေးတောနေပြီးနောက်တွင် သူဟာ ထပ်အော်သည်။ ထို့နောက် နှင်းထဲသို့သာ ခေါင်းကို ထပ်မြုပ်လိုက်သည်။

သောက်ငရဲကို ပြေးရမှာလား။ မင်း ငါ့ကို မမြင်နိုင်တော့ဘူးလေ။

“ဟား ဟား ဟား ဒါက ဘာဖြစ်တာလဲ။ သူက နှင်းထဲကို ခေါင်းမြုပ်လိုက်တယ်။ လုံးဝကို ယုံကြည်လို့ မရဘူးပဲ”

“ငါ လက်လျှော့လိုက်ပြီး။ ငါ မင်းကို မမြင်နိုင်ဘူးဆိုရင် မင်းလည်း ငါ့ကို မမြင်နိုင်တော့ဘူးပေါ့ ဟုတ်လား”

“ဒီကောင်ရဲ့ ပုံစံကို ကြည့်ရုံနဲ့တင် ဒီလိုဖြစ်မယ်လို့ မထင်ရဘူး။ တော်တော်လေးကို လေးစားစရာပဲ။ ဒီဟက်စကီးက ရောက်လာတော့မှာလေ။ ဒါတောင်မှ သူက မပြေးသေးဘူးပေါ့”

“ဒါပေမဲ့ ဒီကောင်ရဲ့ဖင်က အမွှေးတွေက ဖွာထွက်နေတာ တော်တော်လေး ရယ်ရတယ်။ မက်မွန်အသည်းပုံလိုပဲ”

“ဒီကောင်က အရမ်းကြောက်နေလောက်တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတောင် တုန်နေပြီ”

“ဆုပိုင် မြန်မြန်လေး ပြေးတော့ သတိလည်း ထားအုန်း။ ဝက်ဝံနက်ကြီးက သိပ်မကြာခင် ရောက်လာမှာ ဒီလိုဆိုရင် သမင်ကို ခေါ်ပြီး မပြေးရလိမ့်မယ်”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ရှိသူများက သမင်ပေါက်ဟာ ကြောက်လန့်ရာမှ တည်ငြိမ်သွားကြောင်း ကြည့်နေကြရင်း မနေနိုင်ဘဲ အော်ရယ်ကြလေသည်။

ဝုတ်

အာဟကလည်း သူ၏အရှေ့မှ အကောင်ကို သိချင်စိတ်ပြင်းပြစွာ ကြည့်ပြီး နှစ်ကြိမ်ခန့် ခုန်ပေါက်ကာ ဝိုင်းပတ်နေလေသည်။

ဒါက ဘာလုပ်တာလဲ။ ကစားမလို့လား။

နှင်းထဲမှာ ကစားလို့ ရလို့လား။

သူဟာ သမင်ပေါက်၏မျက်နှာချင်းဆိုင်တွင် ရပ်ရင်း လက်သည်းကို ဆန့်ထုတ်လျှက် နှင်းကို အနည်းငယ်တူးကြည့်လိုက်ကာ သူ၏ခေါင်းကိုလည်း နှင်းထဲသို့ မြုပ်သည်။

အချိန်တွေကြာပြီးနောက်

ဝေါင်း

336 03

သူဟာ ဒေါသကြီးကြီး အော်လိုက်သည်။

လူလိမ်

ဘာမှလည်း ဆော့စရာ မရှိဘူး။

ဖြန်း

သူဟာ မတ်တပ်ကို ထရပ်ပြီး သမင်၏ဖင်ကို ဖြတ်ရိုက်လိုက်ကာ ဟောင်သည်။

“ထွက်လာခဲ့စမ်း။ အရိုက်ခံချင်လို့လား”

ဘန်း

သမင်လေးက သူ၏ခေါင်းကို ဆွဲထုတ်လိုက်ပြီး သူ၏အနောက်က အကောင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်သည်။

ဘာဖြစ်တာလဲ။ ငါ့ကို မြင်နိုင်တာလား။

ဘယ်လိုဖြစ်နိုင်မှာလဲ။

သူ ထင်ယောင်ထင်မှား ဖြစ်တာ ဖြစ်မယ်။

သူဟာ ခေါင်းကိုခါသည်။ ထို့နောက် နှင်းကို ထပ်တူးပြန်ကာ ဒူးထောက်လိုက်သည်။ ဒီလိုဆိုရင် တွေ့တော့မှာ မဟုတ်ဘူး။

ဆုပိုင်က အမောတကော အပြေးလာသည်။ ထို့နောက် သူ၏အရှေ့မှ သမင်ပေါက်ကို ကြည့်ပြီး နဖူးကို ပွတ်နေလေသည်။

သူ ဘယ်လိုလုပ်ရမလဲ။

ဒီအကောင်ကို တရွတ်တိုက်ဆွဲလို့တော့ မရဘူးနော် ဟုတ်တယ်မှတ်လား။

“ထွက်လာခဲ့ ဘယ်သူမှ မင်းကို ထိခိုက်အောင် မလုပ်ဘူး”

သူဟာ ထို့အကောင်၏အရှေ့တွင် ဆောင့်ကြောင့်လေးထိုင်ပြီး ခပ်တိုးတိုး ပြောကာ နှစ့်သိမ့်လိုက်သည်။

“အား”

“ငါ့ကို မမြင်ဘူး။ ငါ့ကို မမြင်ဘူး”

ဒါး

အတွင်းမှလာသော အော်သံကို နားထောင်ပြီး ဆုပိုင်နှုတ်ခမ်းက တွန့်သွားသည်။

အရမ်း ခက်တာပဲ။

သူ ဒီတာဝန်ကို ဘယ်လိုပြီးအောင် လုပ်ရမှာလဲ။

သမင်ပေါက်ကို တွေ့ပြီ ဒါပေမဲ့ ဒီအကောင်ကို ဘယ်လိုများ ကာကွယ်နေရမှာလဲ။

ဝေါင်း

ထို့အခိုက်အတန့်တွင် အဝေးမှ ကျယ်လောင်သော အော်ဟစ်သံကို ကြားရသည်။

ဆုပိုင်က တစ်ချက်မော့ကြည့်လိုက်ပြီး အဝေးရှိ တစ်နေရာမှ ခုန်ဝင်လာသော ဝက်ဝံနက်ကို မြင်လိုက်ရသည်။ တစ်ဖက်အကောင်၏အမွှေးများက ဖွထွက်လျှက် သူ့ဆီ အပြေးလာနေသည်။

ဝုတ်

“ဒါရိုက်တာ ဆုပိုင်ရေ ပြေးတော့”

အာဟ၏မျက်နှာက ပြောင်းလဲသွားပြီးနောက် အဝေးမှ အကောင်၏ ကြမ်းတမ်းသော ပုံစံကို ကြည့်ပြီး ခန္ဓာကိုယ်ရှိအမွှေးများအားလုံးက ထောင်တက်သွားသည်။

“ထ”

ဆုပိုင်က သမင်၏ခြေထောက်ကို စောင့်ဆွဲလျှက် ကောက်မလိုက်သည်။ ထို့နောက် ပုခုံးပေါ်သို့ ကောက်တင်လေပြီး တောင်ပေါ်က ပြေးဆင်းရသည်။

နှစ်ကြိမ်တောင်

သူ ဒီတစ်ကြိမ်တော့ ဒီဝက်ဝံကို ဒေါသထွက်အောင် လုပ်မိပြီ ထင်တယ်။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်လေ။ သူရဲ့လက်ထဲက သမင်ကိုတော့ ထားခဲ့လို့ မရဘူး။

ဝေါင်း

“ပြန်လာခဲ့စမ်း အား ငါ စိတ်တိုလို့ သေတော့မယ်”

တိရစ္ဆာန်ဘာသာစကားဖန်ရှင်မှတစ်ဆင့် သူသည် အနောက်ဘက်မှ ဒေါသထွက်နေသော ဝက်ဝံ၏အသံကို ကြားနိုင်သည်။

ဆုပိုင်က မရပ်ရဲပေ။ သူသည် တောင်ပေါ်မှ တုံ့ဆိုင်းမနေဘဲ ပြေးဆင်းသည်။

သမင်က ဆုပိုင်၏ ပုခုံးနားမှတစ်ဆင့် ခေါင်းလေးကို ထောင်ပြီး အပြေးလိုက်နေသော ဟက်စကီးကို ကြည့်သည်။ သူဟာ မျက်လုံးပြူးနေပြီး မျက်မှောင်ကို ကြုတ်သည်။

“မင်းတို့က ဘာလုပ်တာလဲ”

သူဟာ မနေနိုင်ဘဲ မေးလိုက်သည်။

ထူးဆန်းလိုက်တာ ဒီကောင်တွေ ဘာပြောလဲဆိုတာကို သူနားလည်နေတယ်။

336 04

“ငါက မင်းရဲ့ဉီးလေး”

အာဟက မယုံကြည်ဖြစ်သလို ဖြေသည်။

ဘယ်လိုဖြစ်ပြီး ဒီကောင်က ဒီလောက်တုံးတာလဲ ဟမ်။ သူ့ထက် တုံးတဲ့ကောင်တောင် ရှိသေးတယ်။

အနောက်မှ အကောင်က လိုက်မှီလုနီးပါးဖြစ်လာတာ မြင်သောအခါ အာဟက လျှာကို ထုတ်လျှက် အမောတကော အသက်ရှုရင်း ခပ်မြန်မြန် ပြေးသည်။

သူ နောက်ထပ် ဘယ်တော့မှ ဒါရိုက်တာ ဆုပိုင်နဲ့ ခရီး မသွားတော့ဘူး။ အရမ်း ကြောက်ဖို့ကောင်းတာပဲ။

အခုပြေးလွှားနေရတာ သူရဲ့ အင်အားအများစုတောင် ကုန်သွားပြီ။ အခု သူ ထွက်ပြေးရပြန်ပြီ။ အား အရမ်း ခက်ခဲတာပဲ။

“ဘာအသံမှ မထွက်နဲ့။ သိပ်မကြာခင် တောင်ပေါ်က ဆင်းနိုင်လိမ့်မယ်”

ဆုပိုင်က တစ်ခဏခန့် ညည်းညူးပြီးနောက် အဝေးရှိ လမ်းလေးပေါ်သို့ ခုန်ဝင်လိုက်သည်။

ထို့နောက် အနောက်သို့ ပြန်လှည့်ကြည့်သည်။

ဝေါင်း

ဝက်ဝံနက်ကြီးက ဒီနယ်မြေအခြေအနေကို နားလည်ပုံပေါ်သည်။ မည်သို့ပင်ဆိုစေ မုဆိုးများ၏နည်းလမ်းများကို တွေ့တွေ့နေသည့်အလျှောက် အလျင်စလို အပြေး မထွက်လာခဲ့သည်။ ထို့အစား သစ်ပင်တစ်ပင်နောက်တွင် ပုန်းလျှက် ခပ်ကျယ်ကျယ် အော်သည်။

ခရက်စ့်

သူဟာ သစ်ပင်ကြီးကို တစ်ချက်ချိုးပြီးမှသာ အနောက်လှည့်လျှက် ဒေါသကြီးကြီး ထွက်သွားသည်။

ဟွန်း နောက်တစ်ကြိမ် ထပ်မတွေ့စေနဲ့ အဲဒီလိုမှ မဟုတ်ရင်

ဟူး

ဝက်ဝံနက်ကြီး ထွက်သွားတာ မြင်သောအခါ ဆုပိုင်က စိတ်အေးစွာ သက်ပြင်းချသည်။ သူဟာ သမင်ပေါက်ကို အရှေ့ရှိ ရေခဲလမ်းပေါ်သို့ ကောက်ပစ်လိုက်ပြီးနောက် အမောတကော အသက်ရှုသည်။

ယခုအချိန်အထိ စနစ်က တာဝန်ပြီးမြောက်ကြောင်း အကြောင်းမကြားသေးပေ။

++++++

All Chapters