← Chapters

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

337 01

အခန်း 337

ကောင်းကင်က မှောင်သထက် မှောင်လာကြောင်း မြင်သောအခါ ဆုပိုင်က မျက်မှောင်ကို ကြုတ်သည်။

သူတို့ဒီတစ်ည နေဖို့ နေရာ ရှာရတော့မယ်။

ဒီလောက် ရေခဲတွေ နှင်တွေ ပြည့်နေတဲ့ ဝန်းကျင်မျိုးမှာ ရွက်ဖျင်တဲကို ထုတ်ရုံနဲ့တင် မလုံလောက် လောက်ဘူး။

ထို့အချက်ကို တွေးမိတော့ ဆုပိုင်က အာဟကို ကောက်မပြီး လေးနက်သော လေသံနှင့် ပြောသည်။

“မင်း ဒီဘေးက ကောင်ကို ကြည့်ထား။ သူ့ကို ထွက်မပြေးသွားစေနဲ့”

“နားလည်လား”

“မဟုတ်ရင် ငါပြန်ပြီး ခွေးသားဟော့ပေါ့ လုပ်ပစ်မယ် ဟွန်း။ ဖာလာစေ့ အရသာနဲ့”

“ဝုတ်”

အာဟက ဒေါသကြီးကြီး အော်သည်။ ထို့နောက် ရူးကြောင်ကြောင် အကောင်၏အနားသို့ တိတ်တဆိတ် ကပ်သွားပြီးနောက် ပြင်းထန်စွာ စိုက်ကြည့်နေလိုက်သည်။

“အား”

“ငါ့ကို ဘာလို့ လာကြည့်နေတာလဲ။ မင်းက တအား ရူးတာပဲ”

သမင်ပေါက်ကလည်း ဟက်စကီးကို ပြန်ကြည့်သည်။

ထို့နောက် ရှေ့ဘက်သို့ ခပ်မြန်မြန် နှစ်လှမ်း လှမ်းလျှက် ရေခဲထဲတွင် လျှောဆင်းသည်။

ဝိုး

ဒီလိုနည်းလမ်းလည်း ရှိသေးတာလား။

ဟက်စကီးက အနောက်မှ လိုက်လျှောစီးသည်။ ထို့သို့ဖြင့် ရေပြင်ထဲတွင် ခေါင်းထိုးစိုက်လျှက် လှဲပြီး လျှောဆင်း ကြည့်လိုက်သည်။

ဆုပိုင်ဟာ သူ၏အရှေ့မှ နှစ်ကောင်ကို ကြည့်ပြီး သက်ပြင်းချသည်။

အား ဒီလိုတာဝန်တွေကို မုဆိုးတွေတောင် ကိုင်တွယ်နိုင်မယ် မထင်ဘူး။

ဖြန်း

မှေးမှိန်သော အိမ်တစ်ခုထဲတွင်

သံမဏိချိတ်တွင် အဆွဲခံထားရသော ပုံရိပ်တစ်ခုအား ရက်စက်သော အပြုံးနှင့် ရွှေအိုရောင် ဆံပင်နဲ့ လူငယ်တစ်ယောက်က ကြာပွတ်ဖြင့် ရိုက်သည်။

ဖြန်း

“အနက်ရောင် မုဆိုးမဆိုတဲ့ အတိုင်းပဲ တကယ် သန်မာတာပဲ”

“ကြည့်ရတာ မင်းက အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေကို ကောင်းကောင်း သင်ကြားနိုင်ခဲ့တဲ့ ပုံပဲ”

ဖြန်း

သူက ကြာပွတ်ဖြင့် ခပ်ကြမ်းကြမ်းရိုက်ပြီးနောက် နောက်သည်။

“ဒီတစ်ကြိမ်ပြီးသွားရင် မင်း ထပ်ပြီး ခေါင်းမာအုန်းမလား ကြည့်မယ်။ ငါ့မှာ မင်းကို နှိပ်စက်မဲ့ နည်းလမ်းတွေ အများကြီးပဲ”

“ဘာလဲ မင်းကိုခေါ်ထားတဲ့ အဲဒီတရုတ်ကောင် မင်းကို လာကယ်မယ် ထင်လို့လား”

“ဟား ဟား ဟား အိမ်မက် မက်မနေနဲ့။ ခေါင်းဆောင်က တိရစ္ဆာန်တွေကို အရယူတဲ့ တာဝန်တွေကို လက်မခံခဲ့ရင် အဲဒီ တရုတ်ကောင်က သေသွားပြီးလောက်ပြီ”

“နင် အောင်မြင်မှာ မဟုတ်ဘူး”

“နင်တို့ သားရဲကောင်တွေ”

337 02

“နင်တို့ အဲဒီလူ ဒါမှ မဟုတ် တိရစ္ဆာန်တစ်ကောင်ကောင်ကို ထိခိုက်အောင် လုပ်ရဲရင် ငါ သရဲဖြစ်သွားရင်တောင် နင်တို့ကို မလွှတ်ပေးဘူး”

ကျိုးဝမ်က မျက်လုံးကို တဖြည်းဖြည်းချင်းစီ ဖွင့်လျှက် သူမ၏အရှေ့မှ လူကို ခက်ထန်စွာ စိုက်ကြည့်လိုက်ကာ အံကြိတ်သံနှင့် ပြောသည်။

ဖြန်း

ရွှေအိုရောင် ဆံပင်နှင့် လူငယ်က သူ၏နီရဲနေတဲ့ လက်ဖဝါးများကို ပွတ်ရင်း ခပ်ကြမ်းကြမ်း ရိုက်လိုက်ပြန်သည်။

“ဟွန်း ပါးစပ်အတော်မာတယ်ပေါ့”

“ငါတို့ အဲဒီလူတွေကို ဒီနေရာကို ခေါ်လာပြီးတဲ့နောက်မှာ မင်းရဲ့မျက်နှာမျိုး ဘယ်လိုဖြစ်သွားမလဲဆိုတာကို သိချင်သေးတယ်”

“မင်းရဲ့အမေလိုပဲ သူ့ကို ထိခိုက်အောင် မလုပ်ပါနဲ့။ ငါ့ကို လုပ်ချင်တာ လုပ်ပါဆိုပြီး တောင်းပန်မှာလား”

“ဟား ဟား ဟား”

“ဟူး”

ဆုပိုင်က သူမရဲ့အရှေ့မှ မိစ္ဆာလိုရုပ်နှင့် ကောင်ကို ကြည့်ပြီး အံကိုကြိတ်ကာ အသက်ပြင်းပြင်း ရှူသည်။

“ခေါင်းဆောင် လာနေပြီ”

ထိုအချိန်တွင် သံမဏိတံခါးလေးက ပွင့်သွားပြီး ဆံပင်ဖြူများနှင့် လူကြီးတစ်ယောက်က ဝင်လာသည်။

သူဟာ ဘေးဘက်ရှိ ကုလားထိုင်ခုံတွင် ဝင်ထိုင်လျှက် ကျိုးဝမ်ကို တိတ်တဆိတ် ကြည့်သည်။

“ခေါင်းဆောင် ဒီကောင်မက တအား ခေါင်းမာတာ။ ကောင်းကင်ပြာတိရစ္ဆာန်ရုံထဲက ဘယ်လိုထွက်ရမလဲဆိုတာကို မပြောပြသေးဘူး”

လူအိုကြီးက ခေါင်းကို အသာညိတ်ပြီး ဩရှသော လေသံနှင့် ပြောသည်။

“ငါတို့ ကောင်းကင်ပြာတိရစ္ဆာန်ရုံဆီ လူပို့ထားပြီးသား။ ညတွင်းချင်းတော့ ဝင်နိုင်မှာ မဟုတ်ဘူး။ ဘယ်လို လုံခြုံရေးနည်းလမ်းတွေကို ဖုံးကွယ်ထားလဲ ဆိုတာကိုလည်း မသိနိုင်သေးဘူး”

“ဒါပေမဲ့ ငါတို့ကိုယ်ငါတို့ နေ့အချိန်မှာ ခရီးသွားတွေအဖြစ် ရုပ်ဖျက်ပြီး တိရစ္ဆာန်တွေကို ခေါ်ထုတ်ဖို့ကတော့ မဖြစ်နိုင်ဘူး”

“တိရစ္ဆာန်တစ်ကောင်ကို တစ်ဘီလီယံတောင် ရမှာ”

“အဖွဲ့အစည်းတိုင်းကို ရူးသွပ်စေတဲ့ ပမာဏပဲ”

“အနက်ရောင် မုဆိုးမ ငါ့သမီး ငါ မင်းကို ငယ်ငယ်ထဲက မွေးလာခဲ့တာနော်။ ဒီလိုအခြေအနေမျိုးမှာ ငါတို့နဲ့ တကယ်ပဲ အဆက်အသွယ် ဖြတ်ချင်တာလား။ ဒီတရုတ်ကောင်အတွက်ကြောင့်နဲ့လေ”

လူအိုကြီးက ကျိုးဝမ်ကို တောက်ပသော မျက်ဝန်းတစ်စုံဖြင့် ကြည့်ပြီး တစ်လုံးချင်းစီ ပြောသည်။

ဖူး

“ငါက နင့်သမီး မဟုတ်ဘူး။ ဟား ဟား”

“နင့်မှာ သမီးရှိဖို့ တန်လို့လား။ ငါ ကလေးဘဝက ဘယ်လိုရှင်ခဲ့ရလဲ ငါ မေ့ပါ့မလား”

ကျိုးဝမ်က မျက်လုံးကို ပြူးကျယ်စွာဖွင့်ရင်း မုန်းတီးမှုအပြည့်နဲ့ အော်ပြောသည်။

“ကလေးအယောက် တစ်ရာတောင် နှစ်ယောက်ပဲ ရှင်တယ်။ ဒါက နင် ငါတို့ကို မွေးတဲ့ပုံစံလား”

“နင်က ငါတို့ရဲ့မိဘတွေကို ရက်ရက်စက်စက် သတ်တယ်။ ငါတို့မှာ ဘာမှတ်ညာဏ်မှ မရှိဘူးလို့ ထင်နေလား”

337 03

“ဒါမှမဟုတ် သူ့လိုလား။ သေတဲ့အထိ နင့်နောက် လိုက်တာမျိုးလေ။ ဒါမှမဟုတ် သူရဲ့မိဘတွေကလည်း နင်ရဲ့လက်မှာ သေခဲ့တာလည်း ဖြစ်နိုင်တာပဲ”

ဘန်း

ထို့စကားကို ကြားသောအခါ ရွှေအိုရောင်ဆံပင်နှင့် အမျိုးသားက ကြောင်သွားပြီး သူမ၏ ဝမ်းဗိုက်ကို ဆောင့်ကန်ကာ မျက်မှောင်ကြုတ်ပြီး သုန်မှုန်စွာ ပြောသည်။

“ငါက မင်းနဲ့ မတူဘူး။ ငါ့ကို ခေါင်းဆောင်က ကိုယ်တိုင်မွေးလာတာ။ ငါက ကလေးအယောက် တစ်ရာထဲက တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့သူ။ ငါက အသန်မာဆုံး”

“ငါ မင်းကို မသတ်ရဲဘူးလို့ ထင်နေလား”

“အဆိပ်ပြင်းပင့်ကူ”

လူအိုကြီးက လက်ကို အသာမြှောက်လိုက်ပြီးနောက် သူ၏ထိုင်ခုံမှ ထရပ်လျှက် တလှမ်းချင်းစီ လျှောက်လာကာ ကျိုးဝမ်ကို ပြောသည်။

သူဟာ ကျိုးဝမ်၏မျက်နှာကို အသာ မော့လျှက် ပြော၏။

“ပြီးပြည့်စုံတဲ့ သတ်ဖြတ်နည်းက ဘာလဲ။ ဟွန့် ငါ ဒီလောက် အင်အား အများကြီး စိုက်ထုတ်ခဲ့ရတာ”

“မင်းက အဲဒီတရုတ်လူမျိုးရဲ့ခေါင်းကို ပြန်ယူလာပေးနိုင်ရင် ငါ မင်းကို အဖွဲ့အစည်းထဲကို ပြန်ဝင်ခွင့်ပြုမယ်။ နောက်ထပ် မင်းကို ဘယ်တာဝန်ကိုမှ လုပ်စရာ မလိုတဲ့ လွတ်ငြိမ်းခွင့်မျိုးကို ပေးမယ်”

“မင်း သာမန်ဘဝမှာ မနေချင်ဘူးလား။ ငါ မင်းကို အဲဒီအခွင့်အရေး ပေးနိုင်တယ်”

ထိုလူအိုကြီးက မနှေးလွန်း မမြန်လွန်းသော အသံဖြင့် ပြောသည်။

“ဟား ဟား”

ကျိုးဝမ်က ရယ်သည်။ အရှေ့မှ လူအိုကြီးကို အထင်သေးမှုအပြည့်နှင့် ကြည့်သည်။

“နင် သူမကို ဘယ်လို နှိပ်စက်ခဲ့လဲဆိုတာကို ငါ မမေ့သေးဘူး မိစ္ဆာကောင်ရဲ့”

“နင်တို့အားလုံး သေသင့်တာ”

“ငါ မသေမချင်း နင်တို့ ဘယ်တော့မှ မအောင်မြင်စေရဘူး”

“အား ရန်ငြိုးကြီးလွန်းတဲ့ ကလေးပဲ”

လူအိုကြီးက ခေါင်းကို အသာခါသည်။ ထို့နောက် သူမ၏ခေါင်းကို တဖြည်းဖြည်းချင်းစီ ပြန်ချလိုက်ပြီး လက်ကိုင်ပုဝါကို ထုတ်ကာ လက်မှ သွေးများကို သုတ်သည်။

“တရုတ်နိုင်ငံရဲ့ ရာဇဝတ်မှု ဉပဒေက အရမ်းစိတ်ဝင်စားဖို့ကောင်းတာကို ငါ တွေ့ထားတယ်”

“လက်ဆယ်ချောင်းလုံးက နှလုံးသားနဲ့ ဆက်နေတယ်ဆိုပဲ”

“အဆိပ်ပြင်းပင့်ကူ ဒီနည်းလမ်းကို သုံးပြီး နှိပ့်စက်ကြည့် သူမရဲ့အသည်းတွေအားလုံးကို ဆွဲဖြုတ်ပြီး လက်သည်း ညှပ်ပေးလိုက်ပါလား”

ထို့သို့ပြောပြီးနောက် လူအိုကြီးက အနားရှိ လူများကို တစ်ချက်ကြည့်လိုက်ပြီး သုန်မှုန်သော မျက်နှာနှင့် အေးစက်သော လေသံကို သုံးကာ ပြောလိုက်သည်။

“ဒီဗီဒီယိုကို မှတ်တမ်းတင်ပြီး အဲဒီ တရုတ်နိုင်ငံက လူငယ်ဆီ ပို့ပေးလိုက်။ သူ သူမကို ပြန်လိုချင်ရင် တိရစ္ဆာန်နှစ်ကောင်နဲ့ လဲရမယ်လို့ ပြောလိုက်”

“အား နောက်ပြီး နောက်ထပ် ကော်ပီတစ်ခုကိုလည်း ငါ့ဆီ ပို့ပေးအုန်း။ ငါ အသက်ကြီးလာပြီ။ ငါ ညတိုင်း ဒီဗီဒီယိုမျိုးကိုမှ မကြည့်ရရင် ကောင်းကောင်း အိပ်မပျော်တော့ဘူး”

“ငါရဲ့ချစ်ရတဲ့ကလေး မင်း မသေဘဲ ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်”

ထို့သို့ပြောပြီးနောက် ထိုလူအိုကြီးက မှေးမှိန်သောအခန်းထဲမှ တစ်လှမ်းချင်းစီ လျှောက်ထွက်သွားသည်။

“နင် မိစ္ဆာကောင်။ နင် သေရမှာ”

337 04

“အား”

“နင်တို့အားလုံး သေရမှာ”

ထိုလူအိုကြီးက တံခါးနားတွင် ရပ်လျှက် အတွင်းမှလာသော အော်ဟစ်သံများကို နားထောင်ပြီးနောက် နှမြောတသ ဖြစ်သလို့ အကြည့်မျိုးက ဖြတ်ပြေးသွားသည်။ သို့သော် ခပ်မြန်မြန် ပျောက်ကွယ်သွားသည်။

“မင်း ပြန်လာနိုင်သမျှ လိမ္မာတဲ့ကလေးပါပဲ”

သူဟာ ခပ်တိုးတိုး ရေရွတ်ပြီးနောက် တံခါးဝမှ ခပ်ဖြည်းဖြည်း ထွက်သွားသည်။

ဟူး

ဆုပိုင်က အဝေးရှိ ယာအိမ်ကို ကြည့်လျှက် သက်ပြင်းချလိုက်သည်။ သူဟာ အဝတ်ပေါ်မှ နှင်းများကို တစ်ဖက်သပ်ချရင်း မီးရှိရာဘက်သို့ တဖြည်းဖြည်းချင်းစီ လျှောက်လိုက်သည်။

သူ ခြောက်နာရီနီးပါး လမ်းလျှောက်ပြီးမှသာ ဒီနေရာကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ဒီနေရာရှိ လေနှင့် နှင်းများက ပြင်းထန်သထက် ပြင်းထန်လာသည်။ အနောက်ဘက်မှ နွမ်းလျှနေသော အကောင်နှစ်ကောင်ကို ကြည့်ပြီး ဆုပိုင်က လေးနက်သော လေသံနှင့် ပြောလိုက်သည်။

“ကြိုးစားထား ငါတို့ ရောက်တော့မယ်”

“ဒါဆိုရင် ငါ ကောင်းကောင်း နားနိုင်တော့မှာပေါ့”

“မင်း ကြားလား”

ဝုတ်

“အား ကြားတယ်။ ကြားတယ်”

ဟက်စကီးက လျှာကိုထုတ်ပြီး တုံ့ပြန်သည်။ ယခုအခါ သူ့ကို အိမ်ဖြိုရန် မဆိုထားဘီ နှုတ်ပင် လှုပ်ခိုင်းရန် မဖြစ်နိုင်တော့ပေ။

သူ ခြောက်နာရီလုံးလုံး နည်းနည်းလေးမှ မရပ်ဘဲ လမ်းလျှောက်နေခဲ့ရတာ။

သူဟာ နောက်သို့ ပြန်လှည့်ပြီး သူ့ဘေးမှ အကောင်ကို ခပ်ကြမ်းကြမ်း စိုက်ကြည့်သည်။

ဒါတွေအားလုံး ဒီကောင်ကြောင့်ပဲ။ ဟွန့် သူ့မှာသာ အရှက်ရှိရင် ဒီကောင့်နောက်ကို လျှောက်လိုက်နေစရာလား။

သူသည် ယခုအချိန်အထိ ခြေထောက်များမှ နာကျင်မှုကို ခံစားနေရသေးသည်။

အား လမ်းလျှောက်လိုက်တိုင်း နာတယ်။

“အား”

သမင်ပေါက်ကလည်း ပါးစပ်ထဲမှ မြက်ခြောက်များကို ကိုက်ဝါးရင်း ခေါင်းကိုခါသည်။

++++++ 338 01

အခန်း 338

ဗုန်း

ရုတ်တရက် အနောက်ဘက်မှ အင်ဂျင်စက်သံကို ကြားရသည်။ ဆုပိုင်က ခပ်မြန်မြန် လှည့်ကြည့်၏။

ထို့အခါ အဝေးမှ တောက်ပလွန်းသော မီးသီးလုံးနှစ်လုံးကို မြင်လိုက်ရ၏။ ထို့မီးသီးက ကြိမ်းလွန်းသဖြင့် မျက်လုံးကိုပင် ဖွင့်ရန် မဖြစ်နိုင်လောက်အောင် ဖြစ်သွားစေသည်။ ကြီးမားသော ကုန်တင်ကားကြီးက လျင်မြန်စွာ ပေါ်လာနေခြင်း ဖြစ်သည်။

ကျွတ် ကျွတ် ကျွတ်

သံချိန်းကြီးက ရေခဲကို ဖြတ်တိုက်လာသောအခါ ဆူညံသံများက ထွက်၏။

“အား”

ထို့အချိန်တွင် သူရဲ့နောက်မှ သမင်ပေါက်က ထအော်ပြီး ဆုပိုင်၏ဘေးဘက်မှ ချက်ချင်းထွက်ပြေးသည်။

ထို့နောက် သူသည် လမ်းပေါ်သို့ ပြေးတက်သွားသည်။

“ပြန်လာခဲ့”

ထိုအခြေအနေကို မြင်သောအခါ ဆုပိုင်က အနောက်ဘက်မှ ကုန်တင်ကားကို တစ်ချက်ကြည့်ပြီး အပြေးအော်သည်။

ဘန်း

သမင်ပေါက်က အနောက်သို့ လှည့်ကြည့်ပြီး ရယ်သည်။ ထို့နောက် ခြေချော်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျ၏။

“သောက်ကျိုးနည်း ဘာလုပ်ချင်တာလဲ”

“မြန်မြန်လေး လမ်းဖယ်လေ။ ရှောင်တောင် မရှောင်တတ်ဘူးလား”

“ဟုတ်တယ်။ ဘာလို့ ဒီသမင်က အရမ်း ရူးပြီး လမ်းလယ်ပေါ် ပြေးတက်ရတာလဲ”

“အား ဘုရားရေ ငါ ဒါကို ကြည့်ရင်းနဲ့ အရမ်းကို စိုးရိမ်လွန်းလို့ သေတော့မယ်။ ဒါရိုက်တာ ဆုပိုင် ဘာလို့ အပြေးမသွားတာလဲ။ ကုန်တင်ကားက ရပ်မှာ မဟုတ်ဘူး။ လမ်းက ဒီလောက်ချော်နေတာ”

“မဖြစ်ပါစေနဲ့”

“ဒါရိုက်တာ ဆုပိုင်က အပြေးလာနေပြီ”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများကလည်း အရှိန်နှုန်း မြှင့်ကာ မောင်းလာသော ကားကို မျက်လုံးပြူးကာ ကြည့်နေကြသည်။ ချက်ချင်းဆိုသလိုပင် သူတို့၏နဖူးတွင် ချွေးများ စိုလာ၏။

ကုန်တင်ကားက ရှင်းလင်းစွာပင် မရပ်သွားခဲ့ချေ။ ထို့အချိန်တွင် အရှေ့သို့ ဆက်သွားမည်ဆိုပါက သေချာပေါက် …

လူတိုင်းက သူတို့၏လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်လျှက် ဖန်သားပြင်ကိုသာ စိုက်ကြည့်နေကြသည်။

သေချာပေါက် ဖယ်ပေးစမ်းပါ။

“သောက်ငရဲလိုပဲ”

ကုန်တင်ကား မောင်းသောသူက ရုတ်တရက် ထဆဲသည်။

သူဟာ ကားထဲတွင် သီချင်းအကျယ်ကြီး ဖွင့်ထားသည်။ ရုတ်တရက် ကားရှေ့တွင် ပေါ်လာသော တိရစ္ဆာန်ကောင်ကို ကြည့်ရင်း တအံတဩ အော်ဟစ်လိုက်မိသည်။

သို့ရာတွင် သေချာရှင်းလင်းစွာ မြင်ရပြီးနောက်တွင် ရူးကြောင်ကြောင်နှင့် သမင်ကောင်သာ ဖြစ်ကြောင်း မြင်ရပြီးနောက် သူ၏ခြေထောက်ကို ဖြည်းဖြည်းချင်းစီ ပြန်ဖယ်လိုက်သည်။

338 02

ဒီလမ်းကြောင်းကို မောင်းနေကြလူတိုင်းက ထို့အကြောင်းကို သိပေလိမ့်မည်။ ထို့ သမင်ရူးများက ကားမီးသီးရောင်မြင်သည့်နှင့် အတင်း ပြေးတက်လာတတ်သည်။ အန္တာရာယ်ကိုပင် မကြောက်တတ်ပေ။

ထို့နောက် …

ကုန်တင်ကားမောင်းသောသူများကလည်း ချော်ထွက်လွန်းနေသော လမ်းပေါ်တွင် မောင်းနေရသည့်အခါ အကာအကွယ်ချိန်းကြိုးများနှင့်ပင် အန္တရာယ်များသည်။ ထို့ကြောင့် အလွန်နီးကပ်သော အကွာအဝေးမျိုးတွင် ဘရိတ်အုပ်လိုက်ပါက ကားတိုက်မှု ဖြစ်နိုင်သည်။

ထို့သမင်ပေါက်က အကာအကွယ်ခံရမည် သတ္တဝါဖြစ်နေသော်လည်း …

ဒါပေမဲ့ သူရဲ့အထက်က ကုမ္မဏီကလည်း ဒီလိုတိရစ္ဆာန်မျိုးကိုသာ တွေ့ရင် ဘရိတ်ကို မအုပ်နဲ့လို့ ပြောထားပြီးသား။

ဒီအတိုင်း တိုက်ပါ့စေပေါ့။

ဒီလိုသမင်မျိုးက အရှိန်နှုန်းနှေးသွားတာနဲ့ ကားရှေ့ကို ချက်ချင်းဝင်လာလိမ့်မယ်။ ဒါကြောင့် ဘယ်လောက်ပဲ ဟွန်းတီးတီး ထွက်သွားတော့မှာ မဟုတ်ဘူး။ ဒီလိုမျိုးဆိုရင် သူတို့ရဲ့ သယ်ယူပို့ဆောင်မူအရှိန်နှုန်းကို အများကြီး ထိခိုက်သွားလိမ့်မယ်။

“သေစမ်း ငါ ဘယ်လိုဖြစ်ပြီး ဒီလိုကောင်နဲ့ လာတိုးတာလဲ”

“တကယ်ကို တောင်းပန်ပါတယ်”

ယာဉ်မောင်းက အော်လိုက်သည်။ ထို့နောက် စတီယာတိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး အရှေ့ဘက်သို့ အပြေးမောင်းထည့်လိုက်သည်။

သို့သော် ထို့အခိုက်အတန့်တွင်

ရုတ်တရက် ဘေးဘက်မှ အရိပ်တစ်ခုခုက ခုန်ဝင်လာပြီးနောက်တွင် ယာဉ်မောင်းက နေရာတွင်ပင် တောင့်ခဲသွားသည်။ သူ၏နဖူးမှ ချွေးများ စို့တက်လာသည်။

“ဆင်းတော့”

“အား နောက်ကျသွားပြီ”

“အား”

အပြေးခုန်ဝင်လာသောလူက လူဖြစ်နေသည်။ သူဟာ သမင်၏လည်တိုင်ကို ကောက်မလေပြီး လမ်းဘေးဘက်သို့ အပြေးခုန်ဆင်း၏။

သို့သော် …

ကားနှင့် သူက မီတာ ၁၀ ကျော်သာ ဝေးကွာတော့သည်။

ထို့ကြောင့် ရှောင်တိမ်းနိုင်ခဲ့ခြင်းသာ မရှိလျှင် ထို့လူကို သေအောင် တိုက်မိလိုက်ပေ။ ထို့အချက်ကို တွေးမိသော ယာဉ်မောင်းက ဘရိတ်ကို ချက်ချင်း ဆောင့်အုပ်လျှက် လက်နှစ်ဖက်လုံးဖြင့် စတီယာတိုင်ဘီးကို ကောက်ကိုင်ထားလိုက်သည်။

ကျွီ ကျွီ ကျွီ ကျွီ ကျွီ

ကျောချမ်းဖွယ် ကောင်းလွန်းသော ပွတ်တိုက်သံကြီးက ကျယ်လောင်စွာ ဟိန်းထွက်လာသည်။ ထို့နောက် ကုန်တင်ကားတစ်ခုလုံးက ခပ်ကြမ်းကြမ်း ရုန်းခါထွက်သွားသည်။

“ထွက်လာခဲ့”

ဆုပိုင်က ထို့သမင်ကို အဝေးဘက်သို့ ကန်ထုတ်လိုက်ပြီးနောက်တွင် ချက်ချင်း ခုန်အုပ်လိုက်သည်။

ပြင်းထန်သော လေက ဆုပိုင်ကို ကျော်ြဖတ်သွားသည်။ ကုန်တင်ကားကလည်း ဆုပိုင်၏ခြေထောက်နားကို ပွတ်တိုက်ကာ ကျော်ဖြတ်သွားသည်။

ဘန်း

မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျပြီးနောက် ဆုပိုင်က မြေပြင်မှ ခပ်မြန်မြန် ကောက်ထလျှက် လမ်းပေါ်တွင် တုန်ခါနေသေးသော ကုန်တင်ကားရှိရာဘက်သို့ အပြေးသွားသည်။

338 03

ကျွီ ကျွီ ကျွီ

ပြင်းထန်သော ပွတ်တိုက်သံကို ကျယ်လောင်စွာ ကြားနေရသည်။ မချော်ထွက်စေရန် တောက်လျှောက် ဆွဲလာသည့် ချိန်းကြိုးနှင့် ကုန်တင်ကား ဘီးအောက်မှ မီးပွှားများကပင် ထွက်နေသည်။

ဗုန်း

ဘေးဘက်သို့ ချော်ကျသွားပြီးနောက်တွင် နှင်းများအတွင်း အကြိမ်အနည်းငယ်ခန့် လိမ့်သွားပြီးနောက် ကားက ရပ်တန့်သွားသည်။

ဝုတ်

“ဒါရိုက်တာ ဆုပိုင်”

ဟက်စကီးက ထို့အခါမှသာ တုံ့ပြန်နိုင်သွားသည်။ သူဟာ မျက်လုံးပြူးကျယ်ကာ ဖွင့်ရင်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်စွာဖြင့် အော်ဟစ်ကာ ခပ်မြန်မြန် လိုက်လာသည်။

ထို့အချိန်တွင် ဒုက္ခဖြစ်စေမှန်း မသိသွားသော သမင်ပေါက်လေးက ထို့နေရာတွင် ရပ်နေသေးသည်။

ဒီလို ဖြစ်သွားမယ်လို့ သူလည်း မထင်ထားဘူး။

သူက ဒီအတိုင်း မီးလေးကို ကြည့်ချင်ရုံပါ။ ဒီလူက ဒီလိုကြီး လိမ့်သွားမယ်လို့ မထင်ထားဘူးလေ။

အား

သမင်ပေါက်က တစ်ချက်အော်ပြီးနောက် ထိတ်လန့်စွာ ပြေးလာသည်။

ဘန်း

ဆုပိုင်က အရှေ့မှ ကုန်တင်ကားပေါ်သို့ ချက်ချင်းခုန်တက်လိုက်ပြီး သွေးများ လိပ့်လိပ့်ပေကျန်နေသော မျက်နှာနှင့် ယာဉ်မောင်းကို ကြည့်လိုက်သည်။ ထို့နောက် သူဟာ မှန်ကို တဒိုင်းဒိုင်း ထုကာ ပြောသည်။

“ငါပြောတာ ကြားရလား။ ငါပြောတာ ကြားရလား”

အော်သံက ထွက်လာသည်။ သို့သော် အတွင်းမှ ယာဉ်မောင်းက သတိလစ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် မတုံ့ပြန်တော့ပေ။

“သေစမ်း”

ဆုပိုင်က တစ်ချက်အော်ဟစ်ပြီးနောက် အံကိုကြိတ်ကာ ကုန်တင်ကားပေါ်သို့ ကုန်းတက်သည်။ ထို့နောက် ဘေးဘက်မှ တံခါးကို ခပ်ကြမ်းကြမ်း ထုရိုက်ကြည့်သောအခါ ကားတံခါးက လော့ခ်ကျနေကြောင်း တွေ့လိုက်သည်။ ဖွင့်၍ မရနိုင်ပေ။

ဗုန်း

ထို့အချိန်တွင် ကုန်တင်ကားထဲတွင် မီးက စတင် တောက်လာသည်။ ဆုပိုင်၏စိတ်က ဗလာဖြစ်သွားသည်။

သွားပြီ။ ကားက ပေါက်ကွဲတော့မယ်။

“အား”

“ငါလည်း လာပြီ”

သမင်ပေါက်က အဝေးမှ ရူးသွပ်စွာ ပြေးလာသည်။ သူ၏ခေါင်းဖြင့် လေအိတ်ကို ကောက်တိုက်သည်။ သူ၏နဖူးမှ သွေးများ ပန်းထွက်လာသည်။

“ငါ လုပ်မယ်။ ငါ လုပ်မယ်”

ဆုပိုင်ကလည်း ကားထဲမှ ချက်ချင်းပြန်ခုန်ချပြီး ပြင်းထန်သော အားဖြင့် လေအိတ်ကို ဆောင့်ကန်သည်။ ထို့နေရာက ချက်ချင်းဆိုသလို့ ကွဲထွက်သွား၏။ ဖန်သားများက မည်မျှပင် ချွန်ထက်နေစေကာမှု သူဟာ ခေါင်းကို ငုံပြီး အတွင်းသို့ ရအောင် ဝင်သည်။

ထို့နောက် ကုန်တင်ကားယာဉ်မောင်းကို လက်နှစ်ဖက်လုံးဖြင့် ကောက်ဆွဲလျှက် အပြင်သို့ ဆွဲထုတ်သည်။

ဗုန်း

338 04

ထို့သို့ ဆွဲထုတ်ပြီးချိန်တွင်ပင် ကုန်တင်ကားက မီးတောက်များက ကြီးသထက် ကြီးလာသည်။ ဆုပိုင်က ယာဉ်မောင်းကို ကောက်ဖက်လျှက် ဘေးဘက်မှ နှစ်ကောင်ကို လှမ်းအော်သည်။

“သွား”

“ပြေးတော့”

“ပေါက်ကွဲတော့မယ်”

ထို့စကားကို ပြောပြီးနောက် သူကလည်း လျင်မြန်စွာ ပြေးသည်။

ဘန်း

သူတို့၏အနောက်ဘက်မှ မီးတောက်လုံးတစ်လုံးက ရုတ်တရက် ပေါက်ထွက်လာပြီးနောက်တွင် လေထဲသို့ အားလှိုင်းလုံးကြီးများအဖြစ် မြောက်တက်သွားသည်။

ဆုပိုင်က နှင်းများပေါ်တွင် လဲချရင်း အဝေးမှ မီးလောင်နေသော ကုန်တင်ကားကြီးကို ကြည့်ကာ အမောတကော အသက်ရှုနေရသည်။

အန္တာရာယ်များလိုက်တာ။

သူသာ အလျင်စလိုပြေးပြီး သမင်ကို မကယ်ခဲ့လျှင် သမင်က သေချာပေါက် ကြိတ်သတ်ခံရလောက်သည်။ သို့သော် သူကိုယ်တိုင်က ပြေးလွှတ်ခဲ့သလို့ ထို့ယာဉ်မောင်းကမှု

သောက်ငရဲလိုပဲ။ ဒီတာဝန်က တအားခက်လိုက်တာ။

“ကောင်းပြီ”

ဘေးဘက်က ယာဉ်မောင်းထံမှ ခပ်တိုးတိုး ညည်းသံကို ကြားသောအခါ ဆုပိုင်က ခပ်မြန်မြန် ထူမပေးလျှက် ခပ်တိုးတိုး မေးလိုက်သည်။

“မင်း အဆင်ပြေလား။ ခန္ဓာကိုယ်မှာ အခြားဒဏ်ရာတွေ ရှိသေးလား”

အရှေ့မှ ယာဉ်မောင်းက သူ့ကို မှင်သက်စွာ စိုက်ကြည့်သည်။ ထို့နောက် ကုန်တင်ကားကို ပြန်ကြည့်၏။

“အား ငါ့ကား အဲဒီပေါ်မှာ ပစ္စည်းတွေ ပါတယ်။ ငါ ဒါကို ဘယ်လို လျော်ရမှာလဲ”

“မင်း ဘာလုပ်တာလဲ ဟမ်။ ညသန်းခေါင်ကြီး လမ်းပေါ်တက်ပြီး လူသတ်တာလား”

“ဝူး ဝူး ငါကတော့ သွားပြီ။ ငါရဲ့ တစ်မိသားစုလုံးက ဒီကားကို မှီခိုပြီး ရှင်သန်နေရတာ။ ငါအခု ဘယ်လိုလုပ်ရမလဲ”

ယာဉ်မောင်း၏‌အော်ညည်းသံကို နားထောင်နေရင်း ဆုပိုင့်နှုတ်ခမ်းများက စွံ့အစွာဖြင့် မဲ့သွားသည်။

အား ပြောရရင် ဒီကိစ္စက သူတို့အမှားပဲ။

ဒါပေမဲ့ သမင်လိုမျိုး တိရစ္ဆာန်က မီးအလင်းရောင်ကို မြင်ရလေ အနီးကပ် ကြည့်လေလေပဲ။ ဒါကြောင့် လူတွေက သူတို့ကို ရူးတယ်လို့ ပြောတာ။

ဒါပေမဲ့ သေအောင် တိုက်သတ်မယ်ဆိုရင်တောင်မှ သူတို့က မရှောင်တတ်ဘူး။

သို့ရာတွင် ဒါဟာ သဘာဝ၏ တိရစ္ဆာန်များ ဖြစ်နေသည်။ ဒီလိုမီးအလင်းရောင်ရှိသော နေရာများတွင် နေထိုင်ရခြင်းအား သဘောကျရုံသာ ဖြစ်သည်။

သူတို့မှာ အခြားအတွေး ရှိတာ မဟုတ်ဘူး။

“ဒီလိုဆိုရင် ဘယ်လိုလဲ။ ငါ မင်းကို မင်းရဲ့ကုန်တင်ကားထဲက ပစ္စည်းတွေအားလုံးရဲ့တန်ကြေးကို လျော်ပေးမယ်”

“ဘယ်လိုလဲ”

ဆုပိုင်က ယာဉ်မောင်း၏ဘေးနားတွင် ဆောင့်ကြောင့်လေးထိုင်ပြီး ခပ်တိုးတိုး နှစ့်သိမ့်လိုက်သည်။

338 05

အခြေအနေကို ကြည့်ချင်းအားဖြင့် တစ်ဖက်သူက ကြိုးစားသော အလုပ်သမား ဖြစ်လောက်သည်။ သို့သော် တောအုပ်၏ ကာကွယ်မှုနှင့် ပတ်သက်ပြီး ပြဿနာအချို့ ရှိနေသည်မှာလည်း မှန်ကန်သည်။

ယခုလို တောမျိုးကို သေချာပေါက် ခြံစည်းရိုး ခတ်ထားသင့်သည်။ ဒီနည်းအားဖြင့် ကျူးကျော်သတ်ဖြတ်သူများကို ကာကွယ်ရုံသာမကသေးလေပဲ တိရစ္ဆာန်များက လမ်းပေါ်သို့ အပြေးတက်ပြီး မလိုလားအပ်သော ပြဿနာ မဖြစ်အောင်လည်း တားမြစ်နိုင်ပေလိမ့်မည်။

“မင်း ပေးမှာလား”

“မင်းက အရူးလား”

“တိရစ္ဆာန်တစ်ကောင်အတွက်နဲ့ ပေးမယ်ပေါ့။ ဒီကုန်တင်ကားတစ်စီးက ဘယ်လောက်တန်လဲ သိလား”

ထို့လူက သူ၏အ‌ရှေ့မှ လူငယ်ကို ကြည့်ပြီး ခါးသီးစွာ ပြောသည်။

“ငါ ကံဆိုးတာပါ။ လမ်းတွေပေါ်မှာ သေဆုံးတဲ့ သမင်ပေါက်တွေရဲ့ အရေအတွက်က အနည်းဆုံး အကောင် ၈၀၀ ကျော်နိုင်တယ်။ ငါ ဘယ်လိုကြောင့်များ ဒီလိုအကောင်မျိုးကို လာတွေ့တာလဲ”

“ကောင်းပြီ။ ကောင်းပြီ။ ဘယ်လောက်ပဲ ဖြစ်ဖြစ် ငါ မင်းကို သေချာပေါက် လျော်ကြေးပေးမယ်။ ဒါပေမဲ့ မင်း ဒီတောင်ပေါ်ကနေ ပြေးဆင်းလာတဲ့ တိရစ္ဆာန်တွေကို တွေ့နေကြလား”

“အမြဲတမ်းတော့ မဟုတ်ဘူး”

ယာဉ်မောင်းက မျက်ရည်များကို သုတ်ပြီး အထွ့န်တက်သည်။

“ငါတို့ ဒီလမ်းပေါ်မှာ ခြံစည်းရိုးတွေ ဆောက်ဖို့ အမြဲလိုလို အကြံပြုနေကြပါ။ ဒါပေမဲ့ အပေါ်ကလူတွေ ဂရုမစိုက်ဘူးလေ။ တစ်ဖက်မှာ သူတို့က တောတွင်းဝန်းကျင်ကို ကာကွယ်ချင်လို့တဲ့။ အခြားတစ်ဖက်မှာတော့ ခြံစည်းရိုးတွေကို မဆောက်ပေးချင်ကြဘူး”

“ဆောင်းတွင်းရောက်လာတဲ့အခါ လမ်းက တအားချော်တာ။ ဒါကြောင့် အချိန်မှီ ဘရိတ်မအုပ်နိုင်တတ်ဘူး။ ဒီလိုအခြေအနေမျိုးမှာ ငါတို့က ဘယ်လိုရှောင်ရမှာလဲ”

“ဒါ့အပြင် သမင်ပေါက်တင် မဟုတ်ဘူး။ တစ်ခါတလေဆိုရင် ဝက်ဝံတွေနဲ့တောင် တွေ့သေးတယ်”

ယာဉ်မောင်း၏ ပုံပြင်ကို နားထောင်ပြီး ဆုပိုင်၏ မျက်နှာက ပျက်ယွင်းလာသည်။

ကြည့်ရတာ ဒီတစ်ကြိမ် တာဝန်က ဒါ ဖြစ်လောက်တယ်။

******

339 01

အပိုင်း 339

“ဒါက ဘာလဲ”

ကောင်းကင်ပြာ တိရစ္ဆာန်ရုံ ဝင်ပေါက်။ မနက်ခင်းအစောပိုင်းတွင် …

လောင်ကျိုးက တံခါးကို တဖြည်းဖြည်းချင်းစီ ဖွင့်လိုက်ပြီးနောက် အနီးအနားရှိ သစ်ပင်တွင် တွဲလောင်းလေး ချိတ်ဆွဲထားသော ဗူးတစ်ဗူးကို မြင်လိုက်သဖြင့် ခပ်တိုးတိုး ညည်းညူလိုက်ပြီးနောက် လက်ကို ဆန့်ထုတ်ကာ ဆွဲဖြုတ်ယူလိုက်သည်။

“သူဌေး ဒါကို ဒီမှာ ဘယ်သူ လာချိတ်သွားတာလဲ။ သူဌေး သိလား”

သူက အဝေးရှိ ဆိုင်ပိုင်ရှင်ကို လှမ်းကြည့်လိုက်ပြီး မေးလိုက်သော်လည်း အားလုံးက ခေါင်းခါပြကြသည်။ ထို့နောက် သူသည်လည်း အတွင်းသို့ လှည့်ဝင်ကာ တိရစ္ဆာန်ရုံထဲသို့ ဝင်လာခဲ့လိုက်သည်။

အခုတလော ငါးပြတိုက်ကို ဖွင့်ထားသောကြောင့် ကျိုးကျန်းက ထိုဘက်သို့ ပြောင်းရွေ့ခံလိုက်ရလေသည်။

တကယ် ဒီတစ်ခေါက်တော့ ဝက်မွေးတဲ့ ကောင်မလေးကလည်း မရှိပြန်ပေ။ လောင်ကျိုးကလည်း ငါးပြတိုက်ကို သွားနေသဖြင့် သူသည် ဒီနေရာတွင်သာ နေနေရလေသည်။

သူဟာ အစောင့်အခန်းသို့ တလှမ်းချင်းစီ ဝင်သွားပြီနောက် သူ၏အရှေ့မှ အနက်ရောင်ဗူးလေးကို ကြည့်ကာ တဖြည်းဖြည်းချင်းစီ ဖွင့်လိုက်သည်။ အတွင်းတွင် MP-4တစ်ခုကိုသာ မြင်ရသည်။

“ကောင်းကင်ပြာ တိရစ္ဆာန်ရုံ”

“မင်း ဒါကို ဖွင့်ပြီး တစ်ချက်ကြည့်ရမယ်။ အဲဒီလိုမှ မဟုတ်ရင် တစ်ယောက်ယောက် သေသွားတော့မှာ”

အပေါ်တွင် ကပ်ထားသော စာရွက်လေးကို သွေးစာဖြင့် ရေးသားထားခြင်းဖြစ်သည်။

“ဟမ့် လှည့်ကွက် လာသုံးနေတယ်”

လောင်ကျိုးက တစ်ချက်ဆဲလိုက်သည်။ ထို့နောက် MP-4ကို ဖွင့်လိုက်သည်။

“ဟား ဟား ဟား ဟား”

အတွင်းဘက်မှ ရက်စက်သော ရယ်သံက ထွက်လာသည်။ ထို့နောက် MP-4ကင်မရာရှေ့တွင် ရွှေအိုရောင် ဆံပင်နှင့် လူငယ်တစ်ယောက်က ပေါ်လာသည်။ သူဟာ သူ၏စားပွဲပေါ်တွင် ချွန်ထက်သည့် နှိပ်စက်သော ပစ္စည်းများစွာ ရှိနေလေသည်။

“ဟယ်လို အားလုံးပဲ … ငါကိုယ့်ကိုကိုယ် မိတ်ဆက် ပါရစေ။ ငါကတော့ အဆိပ်ပင့်ကူလို့ ခေါ်တယ်”

“အနက်ရောင်မုဆိုးမလိုပေါ့။ သူမကလည်း အမှောင်လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့က အဖွဲ့ဝင်တစ်ယောက်ပဲ။ သေစမ်း ဒီမိန်းမက မင်းတို့ရဲ့ တိရစ္ဆာန်ရုံကို ရောက်ဖူးခဲ့တယ် မဟုတ်လား။ သူမ၏နာမည်က ကျိုးဝမ်တဲ့။ ဒါပေါ့ ကျိုးဝမ်လေ”

“မင်းတို့တွေ နောက်ရှိုးကိုတော့ မျက်တောင် မခတ်ဘဲ ကြည့်ဖို့ မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းမှာလေ”

မြင်ကွင်းက အတည့်ပြောင်းသွားသည်။

ပလက်ယာ တစ်လက်ကိုင်ထားသော ထိုလူငယ်က လေထဲတွင် ကြိုးဖြင့် အဆွဲခံနေရသော အမျိုးသမီးအနားသို့ ရောက်သွားသည်။ ထို့အမျိုးသမီးက သတိလစ်နေ၏။

လောင်ကျိုးသည်လည်း တစ်ဖက်သူ၏ ဆံပင်များက ရှုပ်ပွနေသဖြင့် ထို့သူကို သေချာ မသိနိုင်ပေ။ သို့သော် ဒါက ရင်းနှီးလွန်းနေသည်ဟု ခံစားနေရသည်။ သူ၏ အရပ်အမြှင့်က ထိုအမျိုးသားက ပြောသောသူ ဖြစ်လောက်သည်။

“ရှောင်ကျိုး”

လောင်ကျိုး၏ မျက်လုံးဟာ အနည်းငယ် ပြူးသွားသည်။ သူဟာ ဖန်သားပြင်ကိုသာ စိုက်ကြည့်နေသည်။

“ဟား ဟား ဘယ်လောက် လှလိုက်တဲ့ လက်ချောင်းတွေလဲ”

339 02

ရွှေအိုရောင် ဆံပင်နှင့် အမျိုးသားက အမျိုးသမီး၏လက်ကို တဖြည်းဖြည်းချင်းစီ လှမ်းယူလိုက်ပြီးနောက် ကျောချမ်းဖွယ်ကောင်းသော ရယ်သံမျိုးကို ထုတ်သည်။ ထို့နောက် ထို့ချွန်ထက်သော ပလက်ယာတစ်လက်နဲ့ သူမ၏လက်သကြွယ်မှ လက်သည်းကို ဆွဲညှစ်လိုက်သည်။

ဘန်း

“အား”

သူက ခပ်ကြမ်းကြမ်း ဆွဲနှုတ်ပစ်လိုက်သည်။ ထိုအခါမှသာ မမှတ်မိနိုင်လောက်အောင် အနှိပ့်စက်ခံထားရသည့်သူ၏ မျက်နှာကို မြင်လိုက်ရသည်။

ဒါဟာ အမှန်တကယ် ရှောင်ကျိုး ဖြစ်နေသည်။ ထို့အခိုက်အတန့်တွင် သူမ၏ မျက်နှာက အလွန်အမင်း ကြောက်စရာ ကောင်းနေလေပြီး စူးရှသော အော်သံကို ထုတ်သေးသည်။

“နင် အောင်မြင်မှာ မဟုတ်ဘူး”

“သူတို့ကို ကတိပေးမနေနဲ့။ ငါ့ကို အသေခံခိုင်းလိုက်”

“ဒါရိုက်တာဆုပိုင်ကို ပြောလိုက်စမ်းပါ။ ငါ နောက်ဘဝမှာ နင်တို့ရဲ့ မိသားစုထဲကို ဝင်မှာပါ”

ကျိုးဝမ်က အံကို ကြိတ်ထားသည်။ သူမ့ ခန္ဓာကိုယ်တစ်ခုလုံးက အနည်းငယ် တုန်နေ၏။ သူမသည် မျက်လုံးများကို တဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီးနောက် သိပ်မဝေးသောနေရာရှိ ကင်မရာကို လှမ်းကြည့်ကာ အသံကို ဟစ်ပြီး အော်သည်။

“သူတို့ကို ကတိမပေးနဲ့”

“သေစမ်း သူတို့ကို လုံးဝ သဘောမတူနဲ့နော်”

“မလိုဘူး…”

“ဟား ဟား ဟား”

ကင်မရာထဲမှ လူက ရယ်သည်။ ထို့နောက် တစ်ဖက်ခြမ်းမှ သေးသွယ်သော သံမဏီသံလေးတစ်ချောင်းကို ထုတ်ယူလိုက်ပြီးနောက် ကင်မရာကို ကြည့်သည်။

“ဒါက အဆုံးသတ်လို့ ထင်နေတာလား။ မဟုတ်ဘူးနော် မဟုတ်ဘူး လုံးဝ မဟုတ်ဘူး”

“အခုမှ စတာ”

လောင်ကျိုးက ကုလားထိုင်ရှေ့တွင် ထိုင်ကာ ပြသနေသော ဗီဒီယိုကို ကြည့်နေရင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ရေခဲကန်ကြီးထဲ ပြုတ်ကျသွားသလို့ ခံစားနေရကာ အေးစက်ဖွယ်ကောင်းသော အသက်ရှုသံများ ထွက်လာသည်။

လက်သည်း ဆယ်ချောင်းလုံးက အနှုတ်ခံရသည်။ လက်သည်းတိုင်း …

ရှောင်ကျိုးသည် ထိုအချိန်ကာလအတောအတွင်း တစ်ခါတစ်လေ သတိလစ်သွားသည်။ သို့သော် နိုးထလာသည့်အချိန်တိုင်းလိုလို ကင်မရာကိုကြည့်ကာ သဘောမတူရန် အော်ဟစ်ပြောဆိုနေခဲ့သည်။

ဒါ

“အဖေ”

တံခါးဝနားမှ ရှောင်ရုန့်က သူမ၏ လမ်းပြခွေးနဲ့အတူ လျှောက်လာပြီး ခပ်တိုးတိုး ခေါ်သည်။

“ဘာဖြစ်လို့လဲ”

လောင်ကျိုးက ဗီဒီယိုကို ခပ်မြန်မြန် သိမ်းလိုက်သည်။ ထို့နောက် သမီးဖြစ်သူ၏ အရှေ့တွင် ဆောင့်ကြောင့်လေး ထိုင်ကြည့်ကာ ခပ်တိုးတိုး မေးသည်။

“ဘာဖြစ်လို့လဲ”

“အစ်မကြီး ကျိုးဝမ် ဘယ်ရောက်သွားတာလဲ။ အရင်တစ်ခေါက် အစ်မကြီးကျိုးဝမ် သင်ပေးထားတဲ့ ဆံပင်ချည်တဲ့ နည်းကို ကောင်းကောင်း တတ်သေးတာ မဟုတ်ဘူး။ ဘယ်တော့ ပြန်လာမှာလဲ”

ဟူး…

“သိပ်မကြာခင် ပြန်လာမှာပါ။ အဲဒီအခါမှ အဖေ သမီးကို သင်ခိုင်းမယ်နော်”

လောင်ကျိုးက အသက်ကို ပြင်းပြင်းရှုလိုက်သည်။ သူ့သမီးဖြစ်သူ၏နဖူးကို ညှင်သာစွာ ပွတ်လိုက်၏။

ထို့အဖွဲ့၏ နောက်ဆုံးတောင်းဆိုမှုက တိရစ္ဆာန်နှစ်ကောင် ဖြစ်သည်။ ထို့အပြင် ကျိုးဝမ်၏ နေ့စဉ်ပုံစံအရ လောင်ကျိုးက ခန့်မှန်းမိပြီးသား ဖြစ်သည်။ ထို့ကောင်မလေးက ထို့လုပ်ကြံသတ်ဖြတ်ခြင်း အဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ယောက် ဖြစ်လောက်သည်။ သို့သော် အချို့အချို့သော အကြောင်းပြချက်များက သူမသည် ဒါရိုက်တာဆုပိုင်၏နောက်သို့ လိုက်လိုစိတ် ရှိလာသည်။ ထို့လူများက ကောင်းကင်ပြာတိရစ္ဆာန်ရုံကို သုံးပြီး သူမကို ခြိမ်းခြောက်နေသည်။

ဒါရိုက်တာဆုပိုင်ကလည်း သူမကို ကောင်းကင်ပြာတိရစ္ဆာန်ရုံကို ဝင်ခွင့်ပြုထားကတည်းက သူမ တစ်စိတ်တစ်ပိုင်း ဖြစ်လာပေလိမ့်မည်။

လောင်ကျိုး၏ မျက်လုံးက အသာ မှေးကျဉ်းသွားသည်။

“သမီး မြက်ခင်းပေါ်မှာ ဘေဘီနဲ့အတူ သွား မကစားချင်ဘူးလား”

သူဟာ သမီးဖြစ်သူကို ခပ်တိုးတိုး ပြောလိုက်သည်။

ထို့နောက် ကလေးမလေးက မြက်ခင်းပြင်ရှိရာသို့ တစ်လှမ်းချင်းစီ လျှောက်သွားသည်။ ထို့အခါမှသာ သူသည် အထဲသို့ လှည့်ကာ အခန်းထဲသို့ ပြန်ဝင်လိုက်သည်။

339 03

ထို့နောက် ခုတင်အောက်မှ စနိုက်ပါရိုင်ဖယ်ကိုထု တ်လိုက်သည်။

လောင်ကျိုးဟာ သက်ပြင်း အသာ ချသည်။

ဒါရိုက်တာဆုပိုင်က တိရစ္ဆာန်ရုံမှာ မရှိဘူး။ ဒါပေမဲ့ သူက တိုက်ရိုက်ထုတ်လွှင့်နေတာ။ သူက တစ်ယောက်တည်း ရှိတာ။ နောက်ပြီး ပြည်ပကို သွားရအောင်ဆိုပေ့မဲ့လည်း သူ ရှောင်ကျိုးကို ကယ်ဖို့ ခက်ခဲနိုင်ပေ့မဲ့လည်း ဒါပေမဲ့ …

ဘန်း

သူဟာ သေတ္တာကို ကောက်လွယ်လိုက်ပြီး အခန်းထဲမှ ထွက်သည်။

ဘာပဲဖြစ်ဖြစ်

ကောင်းကင်ပြာတိရစ္ဆာန်ရုံကို ထိခိုက်အောင်လုပ်နေတာ ဘယ်သူကမဆို သူရဲ့ရန်သူပဲ။

…

တရုတ်ပြည်။

ကျိုတို။

“အား”

“ဒါရိုက်တာဆုပိုင်ကို သူတို့ကို သဘောမတူဖို့ ပြောလိုက်”

“ငါ့ကို သေခိုင်းပါ”

အစည်းအဝေးအခန်းထဲမှ ယုံလုံနှင့်အဖွဲ့က ဖန်သားပြင်ကြီးတွင် ပေါ်နေသော ဗီဒီယိုကို တိတ်တဆိတ် ကြည့်နေကြသည်။ လူတိုင်းကလည်း အတွင်းမှ အမျိုးသမီးကို အမှန်တကယ် လေးစားမိသွားသည်။

သားပိုက်ကောင်ကျွန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကယ်တင်ရန် ကျိုးဝမ်ဟု အမည်တွင်သော ထိုအမျိုးသမီးက မည်သို့ ကြိုးစားခဲ့ကြောင်း အားလုံးက နားလည်ခဲ့ပြီးသား ဖြစ်သည်။

သူသည် ဒါရိုက်တာဆုပိုင်ကို အဖော်ပြုကာ တိရစ္ဆာန်များကို ကယ်တင်ရန်အတွက်နှင့် မီးထဲသို့ မရေမတွက်နိုင်အောင် ဝင်ရောက်ခဲ့သည်။ ထို့အခြေအနေက လူတိုင်း၏ရင်ထဲကို ထိခဲ့သည်။ သို့သော် …

သို့သော် ထို့ကဲ့သို့သော အမျိုးသမီးက လုပ်ကြံသတ်ဖြတ်သည့်အဖွဲ့အစည်းတစ်ခုမှ ဟု မထင်ထားကြပေ။ သိသာစွာပင် သူမဟာ ဒါရိုက်တာဆုပိုင်ထံ အခြားသော ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ခြင်းဖြစ်သည်။

“ငါ စကား နည်းနည်း ပြောမယ်”

ယုံလုံက သူ၏လူများကို ကြည့်ပြီး တဖြည်းဖြည်းချင်းစီ ပြောသည်။

“ဒီမိန်းမနဲ့ ဒါရိုက်တာဆုပိုင်အကြားက ဆက်ဆံရေးက ဘယ်လိုပဲဖြစ်ဖြစ် အခုကစပြီး ဒီ ဗီဒီယိုက စစ်မှန်နေတယ်”

“ပိုဆိုးတာက အဲဒီအထဲက အဖွဲ့အစည်းက သူမကို ပေါ်တင် တရားခံအဖြစ်သုံးပြီး ငါတို့ဆီက တိရစ္ဆာန်တွေ တောင်းနေတာ”

“ဒါက ငါတို့ သည်းခံလို့ မရတဲ့ ကိစ္စပဲ”

“လုပ်ကြံသတ်ဖြတ်တဲ့အဖွဲ့အစည်း သေးသေးလေးလောက်က တိုင်းပြည်တစ်ပြည်ကို ပေါ်တင် အတိုက်အခံ လုပ်ရဲတယ်။ ဒီသတင်းသာ ပြန့်သွားခဲ့ရင် ငါတို့ရဲ့မျက်နှာ ဘယ်ရောက်သွားမှာလဲ”

“ဒါရိုက်တာဆုပိုင်က ဒီနေရာမှာ မရှိနေဘူး။ နောက်ပြီး လောင်ကျိုးလို့ခေါ်တဲ့ အနားထားတဲ့ စစ်သားတစ်ယောက်က ပြည်ပတိုင်းပြည်ကို ထွက်ပြီး အဲဒီအဖွဲ့အစည်းနေရာကို ရှာဖို့ သွားနေပြီ”

ထို့သို့ပြောပြီးနောက် ယုံလုံက ခေါင်းကို လှဲ၍ သူ၏ဘေးဘက်မှ ခပ်ပိန်ပိန် လူတစ်ယောက်ကို ကြည့်သည်။ ထို့နောက် လေးနက်သော လေသံနှင့် ပြောသည်။

“အခု မင်းလှုပ်ရှားရမဲ့အချိန်ပဲ”

“ဒီလို အမှောင်ဝပ်ပေါ်က လုပ်ကြံသတ်ဖြတ်တဲ့ အဖွဲ့အစည်းတစ်ဖွဲ့လောက်က ငါတို့တိုင်းပြည်က သေချာ လေ့ကျင့်ပေးထားတဲ့ စုံစမ်းစစ်ဆေးသူတွေထက် အင်အားကြီးမယ်လို့တော့ ငါ မယုံဘူး”

339 04

“ဒီတော့ ငါတို့ အင်တိုက်အားတိုက်ကြိုးစားပြီး ဒီအဖွဲ့အစည်းရဲ့ တည်နေရာကို ရှာရမယ်”

“ဟုတ်ကဲ့”

ပိန်ပါးသောလူကလည်း ချက်ချင်းဆိုသလို ထရပ်ကာ အလေးပြုသည်။

“နောက်ပြီး ဒီလူတွေကို ငှားထားတဲ့ နောက်ကွယ်က လူသတ်သမားကိုလည်း ရှာရမယ်”

“ဘယ်လိုနည်းနဲ့မဆို”

ယုံလုံက သုန်မှုန်သော မျက်နှာနှင့် ပြောသည်။

“ကောင်းကင်ပြာတိရစ္ဆာန်ရုံက တိရစ္ဆာန်တွေကို အာရုံစိုက်ရဲတဲ့ လူတွေက တော်တော် ထောင်လွှားတယ်”

“လိုအပ်ရင် အားလုံးကို ရှင်းလိုက်”

“သူတို့က ဘယ်အင်အားစုပိုင်ဖြစ်ဖြစ် မင်းတို့ ဂရုစိုက်စရာ မလိုဘူး။ ငါ တာဝန်ယူတယ်”

******

All Chapters