← Chapters

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

340 01

အပိုင်း 340

ဗုန်း

ဆုပိုင်က လမ်းဘေးတစ်နေရာတွင် ရပ်ပြီး အဝေးရှိ မရပ်မနား အလုပ်လုပ်နေသော အလုပ်သမားများကို ကြည့်ကာ သူ၏အနောက်မှ ဒရယ်ပေါက်လေး၏ နဖူးကို အသာ ထိလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ်”

“ကျေးဇူးအများကြီးတင်ပါတယ်။ မင်းက ငါတို့အတွက် ပြဿနာကြီးကို ဖြေရှင်းပေးလိုက်တာပဲ”

“ယာဉ်မောင်းသူအဖွဲ့အစည်းတစ်ခုလုံးရဲ့ကိုယ်စား ငါတို့က မင်းကို ဂါဝရ ပြုပါတယ်”

အဖွဲ့ကိုဉီးဆောင်လာသော ကတုံးနှင့် လူကြီးက ဆုပိုင်၏အရှေ့တွင် ရပ်လျှက် လေးစားစွာ ပြောသည်။

“တကယ်ကို အခြားနည်းလမ်း မရှိတော့ဘူး။ ငါတို့လည်း ဒီတောအုပ်ကို ခြံစည်းရိုး ခတ်ချင်ပါတယ်။ ဒါပေမဲ့ အရမ်းဈေးကြီးလွန်းတယ်။ ဆောင်းတွင်းတိုင်းလိုလို နှင်းတွေကို ဖယ်ထုတ်ရတာကလည်း ငါတို့ရဲ့အင်အားတွေအများကြီး ကုန်နေခဲ့တာ။ နောက်ပြီး ခြံစည်းရိုး တည်ဆောက်ဖို့အတွက် ငါတို့မှာ ပိုက်ဆံရော အင်အားရော မရှိတော့ပါဘူး”

“ဒါပေမဲ့ မင်းက ဒီလို ခြံစည်းရိုး တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ကုန်ကျစရိတ်အားလုံးကို လှူဒါန်းသွားမယ်လို့ မထင်ထားဘူး”

“ငါတို့ အစိုးရက ဒီတိရစ္ဆာန်တွေ လမ်းပေါ်ကို ဘယ်တော့မှ တက်မပြေးစေရဘူးလို့ မင်းကို အာမခံပါတယ်”

“နောက်ပြီး ဒီလမ်းတွေကို စောင့်ကြပ်ဖို့ လူချထားမှာပါ”

ဆုပိုင်က အရှေ့မှ လူများကို ကြည့်ပြီး အသာ ပြုံးကာ ခေါင်းညိတ်သည်။ သူ၏ကြိုးစားအားထုတ်မှုများအပြီးနောက် နောက်ဆုံးတွင် ထို့လူများအား ကောင်းမွန်စွာ နှစ့်သိမ့်၍ ခြံစည်းရိုးတည်ဆောက်ရန် ဒေါ်လာသန်းပေါင်းများစွာကို ပေးကမ်းခဲ့သေးသည်။

ယခုအချိန်မှ စတင်လေပြီး ထိုတိရစ္ဆာန်များက လမ်းပေါ်သို့ ပြေးပြေးတက်သည့် အခြေအနေမျိုးကို စိုးရိမ်စရာ မလိုအပ်တော့ပေ။ ယာဉ်မောင်းသူများကလည်း အန္တာရာယ် ကင်းသွားပြီ ဖြစ်သည်။

“အား”

ဒရယ်ပေါက်လေးက အော်ဟစ်သံကို ပေးသည်။ သူက လူအုပ်ထဲမှ တောအုပ်ထဲသို့ ဝင်ပြေးရန် ကြံစည်ထားသည်။ သို့သော် ထို့အခိုက်အတန့်တွင်

အဝေးရှိ သစ်ပင်တစ်ပင်၏အနောက်ဘက်မှ အနက်ရောင်ခေါင်းလေးက ထွက်လာပြီး သုန်မှုန်သော မျက်နှာဖြင့် နမ်းကြည့်သည်။

ဟစ်

ဘာလို့ ဒီအနက်ရောင် ဝက်ဝံကြီးက လာပြန်ပြီလဲ။

ဘယ်လို လုပ်ရမလဲ။

ဘန်း

သူဟာ သူ၏ခေါင်းကို နှင်းထဲသို့ ချက်ချင်းဆိုသလို မြုပ်လျှက် စတင်ကာ တုန်လေသည်။

ဝေါင်း

“စောင့်နေ”

အနက်ရောင် ဝက်ဝံကြီးက အော်သည်။ သူဟာ အောက်ဘက်မှ လူသားများကို တစ်ချက်ကြည့်ပြီး အံကို ကြိတ်လိုက်ကာ အနောက်သို့လှည့်လျှက် တောထဲသို့ ပြန်ဝင်သွားသည်။

လူသားစုတ်တွေ ဟမ် အနှေးနဲ့အမြန်ပေါ့။ ငါ မင်းရော အဲဒီသမင်ကိုရော အပြစ်ပေးမှာ။

အဲဒီသမင်ကလည်း နှင်းထဲမှာ ခေါင်းမြုပ်ပြီး ဖင်က တုန်နေတယ်။ သူ့ကို အထင်သေးတာပဲ။

340 02

အနက်ရောင်ဝက်ဝံ၏ ပျောက်သွားသော ကျောပြင်ကို ကြည့်ပြီး ဆုပိုင်က သမင်၏ဖင်ကို စွံ့အစွာ ရိုက်လိုက်သည်။ ထို့နောက် သူ၏ခေါင်းမှ ချိုကို လှမ်းဆွဲလိုက်ကာ ထုတ်ရသည်။

“တီ။ ဂုဏ်ယူပါတယ်။ ပိုင်ရှင်က သမင်ပေါက်အပိုင်းအစတာဝန်ကို အောင်မြင်စွာ လုပ်ဆောင်လိုက်နိုင်ပါပြီ”

“တီ။ ဂုဏ်ယူပါတယ်။ ပိုင်ရှင်က သမင်ပေါက်လေးကို အောင်အောင်မြင်မြင်နဲ့ ကယ်ဆယ်လိုက်နိုင်ပါပြီ။ အရှိန်နှုန်း အပေါင်း တစ်”

“စနစ်က အစစ်အမှန်လောကကို ပြန်လည်ပို့ဆောင်ပေးပါတော့မယ်။ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း ဖျက်သိမ်းလိုက်ပါပြီ”

…

ဟူး ဟူး

ဆုပိုင်က နက်ရှိုင်းစွာ အသက်ရှုရန် ဝေဝါးနေသော ခေါင်းကို ခါလိုက်သည်။ ထို့နောက် ရုံးခန်းတံခါးကို ဖွင့်လိုက်ပြီး အပြင်သို့ ထွက်လိုက်သည်။

သူဟာ အချိန်ကို တစ်ချက်ကြည့်လိုက်သောအခါ နေ့လည် ရောက်နေလေပြီ။ သို့ရာတွင် တိရစ္ဆာန်ရုံကြီးတစ်ခုလုံးတွင် ခရီးသွား တစ်ယောက်မှ ရှိမနေခဲ့ပေ။

“တစ်ခုခု ထပ်ဖြစ်တာလား”

သူဟာ ခပ်တိုးတိုး ရေရွတ်ပြီးနောက် အလျင်စလို ထွက်ကာ ဝင်ပေါက်သို့ သွားသည်။ ထို့အခါ စက်သေနတ်များနှင့်အတူ ဝင်ပေါက်တွင် စောင့်ကြပ်နေသော စစ်သားတစ်ဖွဲ့ကို မြင်လိုက်ရသည်။ အားလုံး၏မျက်နှာက သတိဖြင့် ကပ်ထားသည်။

“ဒါရိုက်တာဆုပိုင် လာပြီလား”

ဈေးဆိုင်ပိုင်ရှင်တစ်ယောက်က ဆုပိုင်ကို မြင်သောအခါ အလျင်စလို အပြေးလာသည်။ သူ၏မျက်နှာက ဖျော့တော့နေသည်။

“တစ်ယောက်ယောက်က ဒီမနက်လေးတင် သွေးတွေ စိုရွှဲနေတဲ့ လက်သည်းတွေပါတဲ့ ဗူးတစ်ဗူး လာပို့သွားတယ်”

“အို့ အဲလောက်အထိ ကြောက်စရာ ကောင်းတာလား”

“မင်းက ဘာသိလို့လဲ။ အဲဒီအချိန်က အထဲမှာ ကလေးတွေအများကြီးပဲလေ။ သူတို့အားလုံး ကြောက်ပြီး မျက်ရဉ်တွေ ကျကုန်တာ”

“လက်သည်း ဟုတ်လား”

ဆုပိုင်က မျက်မှောင် အသာကြုတ်သည်။ ထို့နောက် ခပ်မြန်မြန် မေးသည်။

“ပစ္စည်းပဲလား။ ဘာမှ မပါဘူးလား”

ထို့ကဲ့သို့အရာကို ပို့လာသော လူတိုင်းက တိရစ္ဆာန်များကို ထိခိုက်အောင် ပေးချင်သော လူများ ဖြစ်ပေလိမ့်မည်။ ဒါပေမဲ့

ဒီလက်သည်းက

ဆုပိုင်က ရုတ်တရက် သူ၏ မျက်နှာထားက တောင့်ခဲသွားပြီး မျက်လုံးက ပြူးကျယ်သွားသည်။ တိရစ္ဆာန်ရုံတွင် ဆက်စပ်သော လွန်ခဲ့သော သူဖြစ်ပြီး ဒီနေရာတွင် မရှိသောလူက ကျိုးဝမ်သာ ဖြစ်သည်။

သူများ ဖြစ်နေမလား။

“ငါ မင်းကို ပြောပြမယ်။ ငါ မှတ်စုယူလာတယ်။ ပြောထားတာက မင်းသာ သူတို့ တောင်းဆိုတာကို သဘောမတူဘူးဆိုရင်၊ နောက်တစ်ကြိမ်ဆိုရင် သူရဲ့ လက်တွေ၊ ခြေထောက်တွေတဲ့”

ဆိုင်ပိုင်ရှင်က အံကြိတ်ကာ အော်သည်။

“ဒါရိုက်တာဆုပိုင် အဲဒီလူက တကယ်ပဲ ဘယ်လိုလူလဲ။ ဆိုးလိုက်တဲ့ ကောင်ပဲ”

“ဘယ်လိုကြောင့်များ မင်းကို ဒီလိုမျိုး ခြိမ်းခြောက်ရဲရတာလဲ။ သေစမ်း ဘယ်ကောင်လဲဆိုတာကို မသိစေနဲ့။ အဲဒီလိုမှ မဟုတ်ရင်တော့ ငါတို့ အဘိုးကြီးတွေက လွှတ်ပေးမှာ မဟုတ်ဘူး”

340 03

ဒါရိုက်တာဆုပိုင်က တစ်ဖက်သူကို ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့ဆီ လျှောက်လာသော ဒါရိုက်တာလီယီုကို ကြည့်လိုက်ပြီးနောက် ခပ်မြန်မြန် သွားတွေ့သည်။

“ဒါရိုက်တာဆုပိုင် တကယ်ကို ငါတို့အမှားပါ။ တစ်စုံတစ်ယောက်က ဒီလိုမျိုး လာပို့သွားမယ်လို့ မထင်ထားဘူး”

ဒါရိုက်တာ လီယိုက တည်ကြည်သော မျက်နှာနှင့် ပြောသည်။

“တိရစ္ဆာန်ရုံထဲက လောင်ကျိုးက ဒီအဖွဲ့ရဲ့တည်နေရာကို စုံစမ်းဖို့အတွက် ထွက်သွားကြပြီ။ ငါတို့ တရုတ်နိုင်ငံရဲ့ နည်းပညာအချက်အလက်ဌာနကလည်း လှုပ်ရှားနေတယ်”

“ငါတို့တွေ ဒီအဖွဲ့က လူတွေကို ရှာနိုင်မှာပါ”

“နောက်ပြီး အဲဒီကောင်မလေးက ဒုက္ခခံနေရတာ”

လက်သည်းများအားလုံးက အတင်းဆွဲနှုတ်ထားခြင်း ဖြစ်သည်။ သိသာစွာပင် ထို့လူများဟာ မိန်းကလေးတစ်ယောက်ကိုပင် ထိုသို့ ပြုမှုနိုင်လောက်အောင် ရက်စက်သည်။

“ဒီလူတွေက ဆက်သွယ်ရမဲ့ အချက်အလက်တွေ မထားပေးခဲ့ဘူးလား”

ဆုပိုင်က ပြန်မဖြေပဲ မေးခွန်းကိုသာ မေးသည်။

“ထားပေးခဲ့တယ်။ ဒါပေ့မဲ့ သူတို့ရဲ့အခြေအနေက တိရစ္ဆာန်နှစ်ကောင်ကို လိုချင်တာတဲ့။ သတ်မှတ်ရက်ကလည်း အခုကနေစပြီး သုံးရက်”

“လဲလှယ်မဲ့ နေရာက ပြည်ပမှာ။ ငါတို့ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားပြီးပြီ။ ဒါပေ့မဲ့ သူတို့ကို တိရစ္ဆာန်တွေတော့ ပေးလို့ မရဘူးလေ။ ဒီလူတွေက တအား ရက်စက်တာ။ လူသားတွေကိုတောင် ဒီလိုလုပ်နိုင်တာ တိရစ္ဆာန်တွေဆိုရင် မပြောနဲ့တော့”

“ငါ့ကို ဆက်သွယ်ရမဲ့ အချက်အလက်ပေး” …

ဒါရိုက်တာဆုပိုင်က ဆက်သွယ်ရမဲ့အချက်အလက်ကို ရရှိသည်နှင့် ရုံခန်းထဲသို့ ပြန်ဝင်သွားသည်။ ထို့နောက် အထက်ပါ နံပါတ်ကို တဖြည်းဖြည်းချင်းစီ ဆက်သည်။

“ဟား ဟား ဒါရိုက်တာဆုပိုင် မဟုတ်လား”

တစ်ဖက်မှ စနောက်နေသော အသံက ထွက်လာသည်။

“ငါ ကျိုးဝမ်ရဲ့ အသံကို ကြားချင်တယ်”

ဆုပိုင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

“ရတယ်”

သိပ်မကြာခင် တစ်ဖက်မှ အားနည်းသော အမျိုးသမီးတစ်ယောက်၏ အသံက ထွက်လာသည်။

“ဒါရိုက်တာဆုပိုင် ငါပြောတာ နားထောင်။ သူတို့ကို သဘော မတူနဲ့။ နင် သူတို့ကို ပထမဦးဆုံးအကြိမ် သဘောတူလိုက်ရင် သူတို့က ဒုတိယအကြိမ် ထပ်တောင်းမှာပဲ။ သူတို့က ဒီတစ်ကြိမ် ငါကနေ တစ်ဆင့် နင်တို့ကို ခြိမ်းခြောက်တယ်ဆိုရင် နောက်တစ်ကြိမ် ရှောင်ရုန်နဲ့ ပေါင်ပေါင်တို့ ဖြစ်လိမ့်မယ်”

“ငါ ဒီလူတွေကို သဘောတူခိုင်းမဲ့အစား ငါ အသေပဲ ခံလိုက်မယ်”

“မလုပ် … အား …”

တစ်ဖက်မှ လာသော အော်သံကိုကြားပြီးနောက် ဆုပိုင်က အံကိုကြိတ်ကာ ခပ်တိုးတိုး ပြောသည်။

“ငါ့ကို စောင့်နေ”

“သုံးရက်နေရင် တွေ့မယ်”

ထို့သို့ ပြောပြီးနောက် သူဟာ ဖုန်းကိုချလိုက်သည်။

တိရစ္ဆာန်နှစ်ကောင် …

မင်းတို့က လိုချင်မှတော့ ငါက နှစ်ကောင် ပေးရမှာပေါ့။ ဒါပေ့မဲ့ မင်းတို့အားလုံး ဒီနှစ်ကောင်ကို ထိန်းနိုင်မလားဆိုတာကတော့ စိုးရိမ်စရာပဲ။

340 04

ဆုပိုင်၏မျက်လုံးက အသာ မှေးကျဉ်းသွားသည်။

အချိန်က သုံးရက်ရှိသေးသည်။ ထို့ကြောင့် တာဝန်နှစ်ခုကို လုပ်ရန် လုံလောက်သည်။

ထို့အပြင် နောက်ဆုံး ရီဖလက်စ့် ဖြစ်ထားသော အပိုင်းအစများက

“စနစ် အဆိပ်အပိုင်းအစ နှစ်ခုကို လဲလိုက်တော့”

စနစ်၏ မောလ်ထဲတွင် သူတို့ဟာ အဖြစ်အပျက်ကို သိနေသလို့မျိုး တိရစ္ဆာန်နှစ်ကောင်၏ အပိုင်းအစများက ရီဖလက်စ့် ဖြစ်လာသည်။

နာမည်များအရ အားလုံးဟာ အင်အားကြီးသော အဆိပ်ရှိသည့် သတ္တဝါများ ဖြစ်နေသည်။

“တီ။ အောင်အောင်မြင်မြင်နဲ့ လဲလိုက်ပါပြီ။ ပိုင်ရှင် ကျေးဇူးပြုပြီး ဒီတစ်ကြိမ် အဆိပ် နှစ်သွယ်အပိုင်းအစက ပိုင်ရှင် ဖမ်းယူမိနိုင်တဲ့ တိရစ္ဆာန်အပေါ် မူတည်တယ်ဆိုတာကို နားလည်ထားမှ ဖြစ်ပါမယ်။ ဒီတာဝန်က ကယ်ဆယ်ဖို့ မဟုတ်ပဲ ရှင်သန်ဖို့ပါ”

“ဒီတာဝန်က အရမ်းခက်တယ်။ ဒီတော့ ကျေးဇူးပြုပြီး ဂရူစိုက်ပေးပါ”

“ဒီတာဝန်ကို စတင်ချင်ပါပြီလား”

ဆုပိုင်က စနစ်၏သတိပေးချက်ကို နားထောင်ပြီးနောက် လိုအပ်သည့် ပစ္စည်းများ အားလုံးကို ကျောပိုးအိတ်ထဲသို့ ထည့်သည်။ ထို့နောက် ကျောပေါ်တွင် ကောက်တင်ကာ လွယ်လျှက် ခေါင်းညိတ်သည်။

“ဖွင့်တော့”

သုံးရက်

သူသာ ဒီတာဝန်ကို သုံးရက်အတွင်း ပြီးမြောက်သွားရင် အဆိပ်ရှိတဲ့ သတ္တဝါနှစ်ကောင်က ဒီနေ့ အဲဒီလူတွေအားလုံးကို သတ်စေမှာပဲ။

မျိုးတုန်သွားခဲ့သည့်မှာ အချိန်တွေ ကြာပြီဖြစ်သည့် တိရစ္ဆာန်များကြောင့် လူအများဟာ အဆိပ်ရှိ သတ္တဝါများထံမှ ကိုယ့်ကိုကိုယ် မည်သို့ ကာကွယ်သင့်မှန်း မသိထားကြပေ။ သို့သော် …

“အဆိပ်ပြင်းလွန်းတဲ့ သတ္တဝါတစ်ကောင်ကောင်နဲ့ တွေ့ဖို့ မျှော်လင့်တယ်”

ဆုပိုင်က တစ်ချက် ညည်းညူသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

…

++++++ 341 01

အခန်း 341

“မက်”

“အရူးပဲ”

“ဒီလောက် ပြင်းထန်တဲ့ အကာအကွယ်”

လောင်ကျိုးက အဆောက်အဦးတစ်ခု၏ ခေါင်းမိုးပေါ်တွင် လဲနေသည်။ သူသည် အဝေးကြည့်မှန်ပြောင်းမှတစ်ဆင့် မျက်နှာဆိုင်အဆောက်အဦးထဲမှ အသေးစိတ်ကျသော ခုခံမှုများအားလုံးကို စိုက်ကြည့်နေသည်။

သူသည် ထို့နေရာတွင် တစ်ညလုံးနီးပါး စောင့်ကြည့်နေခဲ့သည်။

ညဘက်တွင်ပင် မရေမတွက်နိုင်သော လူများက ကင်းလှည့်နေကြသေးသည်။ သူသည် ကျိုးဝမ်ကို တစ်ယောက်တည်း ကယ်ဆယ်လိုလျှင် ဒါဟာ အိမ်မက်ဖြစ်နေပေလိမ့်မည်။ သို့သော် …

သူသည် နောက်ဆုံးတော့ ထို့အဖွဲ့အစည်း၏ တည်နေရာကို ရှာတွေ့သွားပြီ ဖြစ်သည်။

“ရှူး”

ရုတ်တရက် အနောက်ဘက်မှ လက်တစ်ဖက်က ပေါ်လာပြီး လောက်ကျိုး၏ပါးစပ်ကို လာအုပ်သည်။

လောင်ကျိုး၏မျက်လုံးက ချက်ချင်းဆိုသလို မှေးကျဉ်းသွားပြီးနောက် ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ သူသည် ချက်ချင်းဆိုသလိုပင် ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ထား၍ ဝမ်းဗိုက်နားတွင် ဖွက်ထားသော ဓားမြှောင်ကို လက်ဖြင့် လှမ်းဆွဲယူလိုက်သည်။

“ထိစရာ မလိုဘူး”

“ဒီမှာ ဓားမြှောင်”

အနောက်ဘက်မှ စနောက်သော အသံက ထွက်လာသည်။

လောင်ကျိုးက လှည့်ကြည့်လိုက်သောအခါ ညနက်ပိုင်းတွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူအချို့က အနောက်ဘက်တွင် ဆောင့်ကြောင့် ထိုင်နေကြောင်း မြင်ရသည်။

“တွေ့ရတာ ဝမ်းသာပါတယ်။ ငါက လျို့ကျန်း တရုတ်နိုင်ငံ စုံစမ်းစစ်ဆေးရေးအသင်းရဲ့ ခေါင်းဆောင်ပါ”

“ငါတို့ မင်းနဲ့အတူ ဒီနေရာမှာ တစ်ချိန်လုံး ရှိနေခဲ့တာ။ မင်း မိုက်ရူးဆန်ဆန် လုပ်မှာကို စိုးရိမ်လို့လေ”

“စုံစမ်းစစ်ဆေးရေးအသင်း ဟုတ်လား”

လောင်ကျိုးက စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ ထိုသတင်းများအား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်မှာ သက်ရောက်မှု ရှိပုံရသည်။

“ဒီနေရာက တိုက်ခိုက်ဖို့ အရမ်းခက်တယ်။ နောက်ပြီး စောင့်ကြည့်စစ်ဆေးမှုတွေအရ အထဲမှာ အနည်းဆုံး လူ ၂၀၀ ရှိတယ်”

“ငါတို့က အဖွဲ့အစည်းတစ်ခုလုံး အဲဒီကို မရွေ့နိုင်သမျှ ငါတို့အတွက် ဖောက်ဝင်ဖို့ ခက်မှာ”

“ငါတို့ကိုသာ ရှာတွေ့သွားခဲ့မယ်ဆိုရင် အခြားတစ်ယောက်က ဒုက္ခရောက်လိမ့်မယ်”

“ကောင်းပြီ”

လျို့ကျန်းက ဘေးဘက်ခြမ်းတွင် အသာ ပုန်းရင်း အောက်ဘက်သို့ အနည်းငယ် ငုံကိုင်းလိုက်ကာ လေးနက်သော မျက်နှာဖြင့် ခေါင်းညိတ်သည်။

“ငါတို့တွေ ဒီအဖွဲ့အစည်းကို ကောင်းကောင်း စုံစမ်းစစ်ဆေးပြီးပြီ။ သူတို့က အမှောင်Webမှာ အရမ်းကို လျှို့ဝှက်တတ်လွန်းတဲ့ လုပ်ကြံသတ်ဖြတ်တဲ့ အဖွဲ့အစည်းတစ်ခုပဲ”

“သူတို့တွေက အစိုးရအရာရှိ တော်တော်များများကို ဝန်ဆောင်မှု ပေးကြတာ။ ဒါကြောင့် လုံလုံလောက်လောက်သာ ပေးတာနဲ့ တိုင်းပြည်ခေါင်းဆောင်ကိုတောင် လုပ်ကြံသတ်ဖြတ် ပေးကြလိမ့်မယ်”

“ဒီအဖွဲ့က လူတွေက ရာဇဝတ်သား တစ်သိုက်ပါပဲ။ ဒီတစ်ကြိမ် ငါတို့ရဲ့ ပန်းတိုင်က ကျိုးဝမ်ရဲ့ လုံခြုံရေးကို သေချာစေဖို့နဲ့ လုံလုံခြုံခြုံ ကယ်တင်နိုင်ဖို့ပဲ”

လျို့ကျန်းက အသံကို တိုးပြီး ဆက်ပြောသည်။

341 02

“မင်းထွက်သွားတဲ့ နောက်တစ်ရက်မှာ ကောင်းကင်ပြာတိရစ္ဆာန်ရုံကို နောက်ထပ် ဗူးတစ်ဗူး လာပို့တယ်။ အလဲအလှယ်လုပ်ရမဲ့ နေရာကိုလည်း ဆုံးဖြတ်ထားပြီးသား။ အဲဒီနေရာက တောင်ကြားထဲမှာ။ ဒါပေမဲ့”

“ဒါရိုက်တာဆုပိုင်က သဘောတူလိုက်တယ်”

“အခု ငါတို့တွေ အဲဒီအလဲအလှယ် လုပ်မဲ့အချိန်ကိုပဲ စောင့်ပြီးမှ ကျိုးဝမ်ကို ခိုးပြီး ကယ်ရမယ်။ ငါတို့ စောင့်ကြည့်လေ့လာထားတဲ့ အခြေအနေအတိုင်းဆိုရင် ဒီလူတွေရဲ့ စိတ်နေသဘောထားအရ သူတို့က ကျိုးဝမ်ကို တိုက်ရိုက်အပ်မှာ မဟုတ်ဘူး”

“ဆိုတော့ ငါတို့ သတိအပြည့် ကပ်ထားရမယ်”

လောင်ကျိုးက သဘောတူညီမှုအပြည့်နှင့် ခေါင်းညိတ်သည်။

စုံစမ်းစစ်ဆေးရေးအသင်းခေါင်းဆောင် လျို့ကျန်း၏ ပြောစကားကလည်း ဖြစ်သင့်လေသည်။

ထိုလူများကသာ လဲလှယ်မှု ပြီးမြောက်သွားသည့်နှင့် တစ်ဖက်မှ လူကို မအပ်လာခဲ့လျှင် သူတို့၏ကြိုးစားအားထုတ်မှုများ အားလုံးက အလဟဿ ဖြစ်သွားလိမ့်မည်။

ထို့လူများ၏ပမာဏက များပြားလွန်းသည်။ ထို့အပြင် ကျိုးဝမ်ကိုလည်း မည်သည့်အခန်းတွင် သိုလှောင်ထားမှန်း မသိနိုင်ပေ။

ပို၍ဆိုးသည်မှာ ထို့လူများဟာ ရက်စက်လွန်းသဖြင့် အဆိုးဆုံးအခြေအနေသို့ ပြင်ဆင်ထားရန် လိုအပ်လေသည်။

သူတို့က လဲလှယ်နေချိန်တွင်လည်း အဆောက်အဦးထဲသို့ ခိုးဝင်ပြီး ကျိုးဝမ်ကို ကယ်ရပေမည်။ ထို့နည်းနဲ့မှသာ ထို့လူများကို ကိုင်တွယ်နိုင်လောက်သည်။

“ဒါဆိုရင် ငါတို့ ဒီမှာ သုံးရက်နေမယ်။ အဲဒီနောက် ဒီလူတွေ ကျိုးဝမ်ကို အခြားတစ်နေရာကို ရွေ့ဖို့ မခေါ်ထုတ်သွားတာနဲ့ ခင်ဗျားရဲ့အကြံအစည်အတိုင်း အထဲကို ဖောက်ဝင်ကြမယ်”

လောင်ကျိုးက တစ်ခဏခန့် တွေးတောပြီးနောက် တည်ကြည်သော မျက်နှာဖြင့် ပြန်ပြောလိုက်သည်။

လူတိုင်းက ရုပ်သေးရုပ်များအတိုင်း ထို့ခေါင်းမိုးထပ်အစွန့်နားတွင် တိတ်တဆိတ် လဲကာ အသံတစ်စက်မှ မထွက်ပဲ ရှိနေကြလေသည်။ ထို့သို့ဖြင့် သူတို့ဟာ တစ်ဖက်မှ လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းကို အေးစက်စွာ စိုက်ကြည့်နေကြသည်။

“ခေါင်းဆောင်”

အဆိပ်ပင့််ကူက ဖုန်းကိုယူပြီး တံခါးကို လေးစားစွာ ဖွင့်သည်။

“ခေါင်းဆောင် မျှော်လင့်ထားတဲ့အတိုင်းပဲ။ နေရာကို သူတို့ ထိန်းချုပ်လိုက်ပြီ”

“ကြည့်ရတာ တရုတ်နိုင်ငံက လူတွေ ဒီတိရစ္ဆာန်တွေအပေါ် တော်တော်လေးကို အလေးထားတဲ့ပုံပဲ။ ဒါက ငါတို့ ထင်ထားတာထက်တောင် ကျော်လွန်နေသေးတယ်။ သူတို့က ဒီလို အလဲအလှယ်လုပ်တဲ့ အချိန်အတောအတွင်းမှာ ငါတို့ကို တစ်သုတ်တည်းနဲ့ ဖမ်းမှာကို စိုးရိမ်ရတယ်”

“ဟား ဟား”

ဓားမြှောင်ကို လက်ထဲတွင် လှည့်ကာ ကစားနေသော လူအိုကြီးက ရယ်သည်။

ဖြန်း

သူဟာ တစ်ချက် လှောင်လိုက်သည်။ ထို့နောက် သူ၏လက်ဖြင့် စားပွဲကို ဖြောင်းကနဲ့ ရိုက်ရင်း ရယ်ပြန်သည်။

“ရတယ်။ သူတို့က အလဲအလှယ်နေရာကို ထိန်းချုပ်ထားလိမ့်မယ်။ ငါတို့က အလဲအလှယ် ကဏ္ဏာအတောအတွင်းမှာ ရှိနေမှာ မဟုတ်တာ။ အဲဒီတိုင်းပြည်က လူတွေကိုပဲ ကိုင်တွယ်ခိုင်းလိုက်”

“အနက်ရောင် မုဆိုးမအတွက်ကတော့”

“ငါတို့က သူမကို ထိန်းချုပ်နိုင်စွမ်းအား ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် သူမက ငါ့သမီးလေ။ ငါ ဘယ်လိုကြောင့် ငါ့သမီးကို သူများဆီ ပေးရမှာလဲ”

341 03

“ဒီလူတွေက တိရစ္ဆာန်တွေကို ကယ်တင်နိုင်မလားဆိုတာကတော့ ငါတို့နဲ့မှ မသက်ဆိုင်တာ”

ထို့သို့ပြောပြီးနောက် ထို့လူအိုကြီး၏နှုတ်ခမ်းများက အသာ ကော့တက်သွားသည်။ ထို့သို့ဖြင့် ရက်စက်သော အပြုံးက ပေါ်ထွက်လာသည်။ သူဟာ တိုးလှသော လေသံနှင့်ပြောသည်။

“တစ်စုံတစ်ယောက်က ငါတို့အဖွဲ့အစည်းထဲကို ဖောက်ဝင်ရဲတဲ့ ပထမဦးဆုံးအကြိမ်ပဲ”

“ဒါက နောက်ဆုံးတစ်ကြိမ် ဖြစ်ဖို့လည်း မျှော်လင့်တယ်။ ဒီဆုပိုင်လို့ခေါ်တဲ့ တရုတ်လူမျိုးက သေရမယ်။ အဲဒီလိုမှ မဟုတ်ရင် အနာဂတ်မှာ အသင်းကို ဉီးဆောင်ဖို့ ခက်သွားမှာ”

“ဟုတ်ကဲ့”

ပင့်ကူက သဘောတူသည်။

“ခေါင်းဆောင် ငါတို့ သိထားတဲ့အတိုင်းဆိုရင် ကောင်းကင်ပြာတိရစ္ဆာန်ရုံမှာ တိရစ္ဆာန်တွေက အများကြီးပဲ။ တစ်ကောင်ကို ရရုံနဲ့တင် အရမ်း ချမ်းသာသွားနိုင်တယ်။ ငါတို့တွေ …”

“အရူး”

လူအိုကြီးက အေးစက်စွာ ကျိန်ဆဲသည်။

“ငါတို့က ငါတို့လက်ခံထားတဲ့ တာဝန်ကိုပဲ ပြီးမြောက်အောင် လုပ်မှာ။ ဒီတိရစ္ဆာန်တွေက ဘယ်လောက်တန်တန်”

“ငါတို့က ဝင်ပါသင့်တဲ့ ကိစ္စ မဟုတ်ဘူး။ တရုတ်တွေကို အထင်သွား မသေးနဲ့။ အဲဒီတိုင်းပြည်က လူတွေ ဒေါသထွက်သွားတာနဲ့ ငါတို့ ကိုင်တွယ်နိုင်တော့မှာ မဟုတ်ဘူး”

“အခု ငါတို့ရဲ့ လက်ထဲမှာ တရားခံ ရှိတယ်။ ဒါကြောင့် အခြေအနေက အစွန်းအထင်း ဖြစ်လာပြီး အဲဒီအနက်‌ရောင် မုဆိုးမက သက်ရောက်မှု မရှိတော့တာနဲ့ ငါတို့ ဒုက္ခရောက်လိမ့်မယ်”

“အဲဒီနောက် ဒီလဲလှယ်မှုက ပြီးမြောက်သွားပြီးတဲ့နောက်မှာ အားလုံး သုံးနှစ်လုံးလုံး ငြိမ်ငြိမ်စိမ်စိမ် နေရမယ်။ ဘယ်လိုတာဝန်ကိုမှ လက်ခံပိုင်ခွင့် မရှိဘူး”

“အဲဒီ သုံးနှစ်တည်း။ ဒီသုံးနှစ် ပြီးသွားတဲ့နောက်မှာ တရုတ်နိုင်ငံက ကစဉ်းကလျား ဖြစ်နေလောက်ပြီ”

“အနက်ရောင်မုဆိုးမကို မျက်စိ ဒေါက်ထောက် ကြည့်ထား။ ဘာမှ မဖြစ်စေနဲ့”

သူဟာ လက်ကို ရမ်းလိုက်ပြီးနောက် ထို့အဆိပ်ပြင်းပင့်ကူကို မောင်းထုတ်ပစ်လိုက်သည်။ တံခါးက တဖြည်းဖြည်းချင်းစီ ပိတ်သွားသည်။

“ဟား ဟား တိရစ္ဆာန်မျိုးရိုးဗီဇ”

“ဒါကိုသာ လူသားရဲ့ ကိုယ်ထဲကို လွှဲပြောင်း လိုက်မယ်ဆိုရင် အပြီးအပြည့်စုံဆုံး သတ်ဖြတ်သူက ပေါ်လာမှာ မဟုတ်လား”

အိမ်အတွင်းမှ တိုးလျှသော ညည်းညူးသံကို ကြားနိူင်သည်။

…

ဂလု

ဆုပိုင်က သူ၏တံတွေးများကို ခက်ခက်ခဲခဲ မျိုချပြီးနောက် အနောက်သို့ တစ်လှမ်းချင်းစီ ဆုတ်သည်။ သူ၏မျက်လုံးက သူ၏အရှေ့တွင် ကြီးမားသော မကောင်းဆိုးဝါးကြီးထံတွင် ရှိနေသည်။

ထို့အကောင်က မီတာ ၁၀ ကျော် ရှည်လျားသော ကြီးမားသော ဖွတ်ကြီး ဖြစ်သည်။ သူဟာ ဆုပိုင်ရှိရာ တဖြည်းဖြည်းချင်းစီ လှမ်းလာနေသည်။

ဝေါင်း

တစ်ချက်အော်လိုက်ရုံဖြင့် သူ၏ချွန်ထက်ရှသော အစွယ်များက ပေါ်လာသည်။ သူ၏လည်တိုင်ပေါ်မှ ငါးအဆူးတောင်ကဲ့သို့အရာများက ဖွင့်ထွက်သွားပြီးနောက်တွင် ရှည်လျားသော အညိုရောင် လျှာကြီးက အရှေ့သို့ ပေါက်ကနဲ့ ထွက်လာကာ လေထဲတွင် ငါးညှီရနံက ထောင်တက်လာသည်။

ထို့နောက် …

341 04

ဆုပိုင်သည် ပစ္စတိုကို ကိုင်ထားရင်း အရှေ့မှ ထိုဖွတ်ကြီး၏ ခြေရင်းနားကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းထောင့်ကို တစ်ချက်သပ်သည်။

မင်းက တကယ် မပြေးဘူးလား။

ထို့နေရာတွင် ရှိနေသော သောက်ကျိုးနည်း ပင့်ကူက ရူးနေပြီ ထင်သည်။

ငါတို့နှစ်ယောက်လုံး သေရတော့မယ်။

“ငါ ဘာလို့ တစ်ခုခုက မှားတယ်လို့ ခံစားမိနေတာလဲ။ ဒါရိုက်တာဆုပိုင်က လက်ထဲမှာ သေနတ်ရှိတယ်။ ဒါကို သူ့ရှေ့က အကောင်ကြီးကို ကြောက်စရာအကြောင်း မရှိဘူးလေ”

“ထူးဆန်းလိုက်တာ နောက်ပြီး ဘာလို့ ဒါရိုက်တာဆုပိုင်ရဲ့တစ်ကိုယ်လုံးက တုန်နေတယ်လို့ ခံစားမိတာလဲ”

“မပြောနဲ့တော့ ငါကြည့်နေရင်းနဲ့ စိုးရိမ်လာပြီ”

“ဒီတိုက်ရိုက်ထုတ်လွှင့်မှုရဲ့ နာမည်က အဆိပ်နှစ်သွယ်တဲ့”

“အဲ စာကြည့်တိုက်မှူး ဒါက ဘယ်လို တိရစ္ဆာန်မျိုးလဲ။ ဒါရိုက်တာဆုပိုင်က စကားတောင် မပြောရဲဘူး။ ကျေးဇူးပြုပြီး အားလုံးကို ရှင်းပြပေးပါအုန်း”

“ငါ မသိဘူး။ ဒီဖွတ်နဲ့ ပတ်သက်တဲ့ ဘာအချက်အလက်မှ မရှိဘူး။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက ဒီနာမည်က … ငါစစ်ကြည့်ပြီးပြီ။ ဒီလိုနာမည်မျိုးနဲ့ တိရစ္ဆာန်မရှိဘူး”

“ဒီလောက်ပဲ။ ငါတို့တွေ ဒါရိုက်တာဆုပိုင် ငါတို့ကို ပြောပြမဲ့ အချိန်ကို စောင့်ရတော့မယ်”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လူတိုင်းက တိုက်ရိုက်ထုတ်လွှင့်မှု အဆုံးသတ်အထိ စောင့်ကြည့်နေကြသည်။ သူတို့သည်လည်း နာရီဝက်ပင် မကြာသေးခင် ဒါရိုက်တာဆုပိုင်က တဖန် ထပ်ပြီး တိုက်ရိုက်ထုတ်လွှင့်မည်ဟု မထင်ထားပေ။ ထို့အပြင် …

ထို့နာမည်က လူတိုင်းကို ပဟေဠိဖြစ်စေသည်။

“အဆိပ်နှစ်သွယ်အပိုင်းအစ တာဝန်”

ဒါက ဘယ်လို တိရစ္ဆာန်လဲ။

သို့ရာတွင် လူတိုင်း ဝင်လာပြီးသည့်အခိုက်အတန့်တွင်ပင် ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ ဒါရိုက်တာဆုပိုင်မျက်နှာအရ ထို့အခြေအနေဟာ အလွန်အမင်း အန္တရာယ်များကြောင်း ခံစားမိလိုက်ကြ၏။

ထရိုင်နိုဆောရပ်စ့်ကို ရင်ဆိုင်ခဲ့ရသည့် အချိန်တွင်ပင် ဆုပိုင်က ထို့ကဲ့သို့သော မျက်နှာမျိုးကို မပြဖူးပေ။

++++++ 342 01

အခန်း 342

ဝေါင်း

သူ၏အရှေ့မှ ဖွတ်ကြီးက အော်ဟစ်လိုက်သည်။ ထို့နောက် နောက်ထပ် ခြေတစ်လှမ်း လှမ်းပြန်သည်။

ဆုပိုင်က လက်ကို ဆန့်ထုတ်၍ ခပ်တိုးတိုး ပြောသည်။

“မလုပ် …”

အောက်ဘက်ရှိ ပင့်ကူက ဖြည်းဖြည်းချင်းစီ တွားသွားတက်လာတာ မြင်သောအခါ ဆုပိုင်၏ဆံပင်မွှေးများက ထောင်တက်သွားသည်။

ငါသာ အထင်မမှားရင် …

သူ့ရှေ့က ရှည်လျားပြီး ပါလျာတဲ့ အညိုရောင်နဲ့ အနက်ရောင် အမွှေးရှည်တွေကို ပိုင်ဆိုင်ထားတဲ့ အဲဒီ သတ္တဝါက လောကက အဆိပ်အပြင်းဆုံး ပင့်ကူတွေထဲက တစ်ကောင် ဖြစ်တဲ့ ဗီအိပ်စ့် လည့်လည်သွားလာသူ ပင့်ကူ ဖြစ်မယ်။

ဒီကောင်က တစ်ချက် ကိုက်လိုက်တာနဲ့ ပြင်းထန်လွန်းတဲ့ နာကျင်မှုကို တောင့်ခံရမဲ့အပြင် အဲဒီအဆိပ်က သွေးကြောထဲကို တောက်လျှောက် ထိုးဝင်သွားမှာ အဲဒီနောက် တိုက်ရိုက် ထုံထိုင်းသွားစေလိမ့်မယ်။ အချိန်မှီသာ မကုသဘူးဆိုရင် အချိန်တိုအတွင်း သေမှာ။

“ဝေါင်း”

သို့ရာတွင် အရှေ့မှ ဖွတ်ကြီးကလည်း သိသာစွာပင် ပင့်ကူက သူ၏ကိုယ်ပေါ်သို့ ကုန်းတက်လာတာကို သတိမထားမိခဲ့ပေ။ သူဟာ တစ်ဖန် ထပ်အော်လိုက်ပြီးနောက် ဆုပိုင်ဆီ အပြေးဝင်လာသည်။

“သွားပြီ”

ဆုပိုင်က တစ်ချက် ညည်းသည်။ ထို့ပင့်ကူက ပါးစပ်ကို ဖြည်းဖြည်းချင်း ဟလိုက်ပြီး အစွယ်ကို မြှောက်လိုက်တာ မြင်လိုက်၏။ ထို့နောက် ခပ်ကြမ်းကြမ်း ကိုက်ချသည်။

ဘန်း

ဝေါင်း

ဖွတ်ကြီးက ရုတ်တရက် နာကျင်မှုများဖြင့် အော်သည်။ သူဟာ မြေပြင်မှ ခုန်ထပြီးနောက် ခန္ဓာကိုယ်ကို ခပ်ကြမ်းကြမ်း ခါထုတ်သည်။ ထို့နောက် …

စက္ကန့် ၁၀ ကျော် အတွင်းပင် ထိုဖွတ်ကြီးက မြေပြင်တွင် အော်ညည်းနေသည်။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ဆက်တိုက်ဆိုသလို တွ့န်လိမ်နေသည်။

ဂလု

ဆုပိုင်က နှုတ်ခမ်းထောင့်ကို တစ်ချက်သပ်လိုက်ပြီး အနားရှိ သစ်ပင်ပေါ်သို့ ဖြည်းဖြည်းချင်းစီ တက်သွားသော လည့်လည်သွားလာသူ ပင့်ကူကို ကြည့်လိုက်သည်။ သူသည် ချက်ချင်းဆိုသလိုပင် ကျောပိုးအိတ်ထဲမှ ဖောက်ထွင်းမြင်ရမတတ် ကြည်လင်သော ဖန်ပုလင်းလေးကို ထုတ်လိုက်ပြီးနောက် ရာဘာလက်အိတ်ကိုလည်း ကောက်စွတ်လိုက်ကာ အနားသို့ တလှမ်းချင်းစီ ကပ်သွားလိုက်သည်။

ထို့အချိန်တွင် မြေပြင်မှ ဖွတ်ကြီးက သိသာစွာပင် သေဆုံးသွားပြီ ဖြစ်သည်။

ထို့နောက် ငိုညည်းသံကပင် တိုးသထက် တိုးသွားသည်။

ထို့နောက် လှုပ်ရှားမှု ကင်းမဲ့ သွားလေပြီ။ ကျောရှိ ဒဏ်ရာက လျင်မြန်စွာဖြင့် သွေးနီရောင် သန်းလာသည်။

ရှူး မလှုပ်နဲ့။

ဆုပိုင်က ဂရုစိုက်ကပ်သွားပြီးနောက် ဖန်ပုလင်းလေးဖြင့် အုပ်ချသည်။

ဟစ်

ပင့်ကူက ချက်ချင်းဆိုသလို သစ်ပင်ပေါ်မှ ခုန်ချလာပြီး ဆုပိုင်၏ဖိနပ်ကို ကိုက်သည်။

ကြည်လင်သော အရည်များကို ချန်ထားရစ်ပြီးသည့်နှင့် သူဟာ တစ်ဖက်သို့ လျင်မြန်စွာဖြင့် လှည့်ကာ မြက်ခင်းထဲသို့ ဝင်ပုန်းရန် ကြိုးစားလေသည်။

342 02

ဆုပိုင်က သူ၏ဖိနပ်ပေါ်မှ အမှတ်အသားအရာကို ကြည့်လိုက်ပြီး သူ၏ရင်ဘတ်အတွင်း ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။

တကယ်ကို အန္တရာယ်များလိုက်တာ။

သူလည်း စရောက်လာတာနဲ့ အဆိပ်အပြင်းဆုံး ပင့်ကူတွေထဲက တစ်ကောင်နဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။

သို့ရာတွင် ထို့အကောင်က ထို့လုပ်ကြံသတ်ဖြတ်သူများကို ကိုင်တွယ်ရန် အမှန်ပင် ပြီးပြည့်စုံသော ပစ်မှတ်ဖြစ်နေသည်။

ဆုပိုင်ကလည်း ထို့လူများကသာ သူတို့၏လက်ဖဝါးဖြင့် ဂရုစိုက် ကောက်ယူလိုက်မည်ဆိုရင် သေချာပေါက် ခပ်ကြမ်းကြမ်း အကိုက်ခံရမည်ဖြစ်ကြောင်း သိရသည်။

ရုတ်တရက် သေစေနိုင်ခြင်း မရှိလျှင်ပင် ပစ်မှတ်က တိုတောင်းလွန်းသော ကာလအတွင်းတွင် ထုံထိုင်းသွားပေလိမ့်မည်။ ထို့သို့ဖြင့် ပန်းတိုင်အောင်မြင်သမျှ အဆင့်သင့် ဖြစ်လေပေ။

ထို့သို့ဖြင့် ထို့ပင့်ကူက တောထဲသို့ ထပ်ဝင်သွားသည်။ ဆုပိုင်က ခြေလှမ်းခြင်းစီတိုင်းကို ဂရုစိုက်ထားသည်။

စနစ်က သူ့အား ဒီနေရာမှ အဆိပ်ရှိ သတ္တဝါကို ဖမ်းခွင့် ပြုထားသော်လည်း ထို့နေရာတွင် မရေမတွက်နိုင်သော သတ္တဝါများ ရှိနေကြောင်း ဆိုလိုသည်။

ထို့ပင့်ကူများက မျိုးဆက်တစ်ခုသာ ဖြစ်လောက်သည်။

ထို့အပြင် …

အတိတ်လောကတွင်သာဆိုရင် မရေမတွက်နိုင်သော အဆိပ်ပြင်းတိရစ္ဆာန်ပေါင်း များစွာရှိပြီး ထို့ပင့်ကူထက် အဆပေါင်းများစွာ ကြောက်စရာကောင်းတဲ့ အကောင်ပေါင်းများစွာလည်း ရှိသေးသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကောမန့်ကို ကြည့်ပြီးနောက် ဆုပိုင်က လူတိုင်း၏မေးခွန်းကို ခပ်တိုးတိုး အဖြေပေးသည်။

“အဆိပ်နှစ်သွယ်အပိုင်းအစဆိုတာက နာမည်အတိုင်းပေါ့။ တိုက်ရိုက်ထုတ်လွှင့်သူက အဆိပ်ရှိ တိရစ္ဆာန်နှစ်ကောင်ကို ဖမ်းမှာ။ အွန်း သေစေနိုင်တဲ့ အဆိပ်ရှိတဲ့ တိရစ္ဆာန်မျိုးပေါ့”

“အားလုံးလည်း အခု ပင့်ကူကို သတိမိထားမိကြမယ် ထင်တယ်။ ဒီဖွတ်က အရမ်းကို လုံလောက်အောင် ကြီးတယ်။ ဒါပေမဲ့ သုံးမိနစ်တောင် မကြာသေးခင် သေသွားတယ်။ ဒါကတင် အဲဒီ ပင့်ကူရဲ့အဆိပ်က ဘယ်လောက် ပြင်းလဲ ဖော်ပြနိုင်ပြီ”

“တင်ဆက်သူက အဲဒီ လည့်လည်သွားလာသူလို့ခေါ်တဲ့ ပင့်ကူကို ဖမ်းဖို့ စီစဉ်ထားတယ်”

“ငါတို့သိတဲ့အတိုင်းပဲ ပင့်ကူတွေက ပင့်ကူအိမ်နဲ့ နေတယ်။ ဒါပေမဲ့ ဒီလိုသတ္တဝါအမျိုးအစားကတော့ ပင့်ကူအိမ် မလုပ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ ပိုးမျှင်တစ်မျှင်တောင် မရှိလို့ပဲ”

“သူတို့ဟာ တော်တော်လေးကို ကြမ်းတမ်းတယ်။ ဘယ်လို သတ္တဝါကိုမဆို တိုက်ခိုက်တယ်။ အလုံးအရင်းနဲ့ မျိုးတုန်းပျောက်ကွယ်သွားတဲ့ကာလ မတိုင်ခင်ကဆို ဒီလို ပင့်ကူ အမျိုးအစားက ငှက်ပျောသီး တောအုပ်လို့ နေရာမျိုးမှာ အနေတတ်ဆုံးပဲ။ ဒါကြောင့် ငှက်ပျောသီးခူးတဲ့လူတွေအတွက် တော်တော်လေးကို ဒုက္ခပေးနိုင်တယ်။ နှစ်တိုင်းလိုလို ဒီလိုသားရဲတွေကြောင့် အကိုက်ခံရတဲ့ လူတွေအများကြီးပဲ။ အချိန်တန်ကြာ ကြိုးစား အားထုတ်ပြီးတဲ့နောက်မှာ လူသားတွေက အဆိပ်ဖြေဆေးကို တီထွင်နိုင်ခဲ့တယ်”

“ဒါပေမဲ့ ထုံထိုင်းသွားပြီး ရင်ကွဲသွားရသလို့ ခံစားချက်မျိုးကတော့ ဘယ်သူကမှ မခံစားချင်လောက်တဲ့ အတွေ့အကြုံ့မျိုးပဲ”

“နောက်ပြီး အလုံးအရင်းနဲ့ မျိုးတုန်းပျောက်သွားပြီးတဲ့နောက်မှာ ဒီအဆိပ်ကို ဘယ်သူကမှ မဖြေရှင်းနိုင်တော့ဘူးလို့ ငါ ယုံတယ်။ ဘာပဲဖြစ်ဖြစ် တော်တော်ကြာခဲ့ပြီလေ”

“ဒါက အဆိပ်သယ်ဆောင်ထားတဲ့ ပထမဦးဆုံးတွေ့ရတဲ့ တိရစ္ဆာန်တစ်ကောင်ပဲ ဖြစ်နေသေးတယ်။ နောက်ထပ် အဆိပ်သယ်ထားမဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ကိုများ ဆက်တွေ့မလားလို့ ကြည့်ရအောင်။ တကယ်လို့ ပိုပြီးကြောက်စရာကောင်းတဲ့ အကောင်မျိုးရှိရင်တော့ တင်ဆက်သူက ဒီလိုကောင်ကို ပြောင်းပြီး ဖမ်းရလိမ့်မယ်”

“ဒါပေမဲ့ ဒီတစ်ကြိမ် တာဝန်က အရမ်းကို အန္တရာယ်များတယ်။ ဒီလိုတိရစ္ဆာန်တွေကို ကယ်တင်ပြီးသွားတဲ့နောက်မှာ တောထဲကို သွားနေတဲ့ အဆိပ်ရှိတဲ့ တိရစ္ဆာန်တွေကို တွေ့မယ်ဆိုရင်တော့ သေချာပေါက် ဝေးဝေးနေမှ ဖြစ်မယ်။ သူတို့ကို သွားပြီး ရန် မစမိစေနဲ့။ ကိုယ့်အသက်ကို ဟာသမလုပ်နဲ့။ ဒီနေ့ခေတ် လူမှုအသိုင်းအဝိုင်း အနေအထားမျိုးအရ ဒီလို အဆိပ်ရှိတဲ့ သတ္တဝါတစ်ကောင် ကောက်လိုက်တာနဲ့ သေချာပေါက် သေရမှာပဲ”

342 03

ထို့သို့ပြောပြီးနောက် ဆုပိုင်က အရှေ့မှ သစ်ရွက်များကို ဖယ်လိုက်ပြီး အောက်သို့ ကုန်းကာ တစ်လှမ်းချင်းစီ လျှောက်ဝင်သွားသည်။

ထို့အချိန်တွင် ပင့်ကူကို မမြင်ရတော့ပေ။

ဆုပိုင်က မျက်လုံးကို မှေးကျဉ်းလိုက်သည်။ ထို့နောက် ထို့မြေပြင်နားရှိ မြက်ပင်ကို ဂရုစိုက် ငုံကြည့်သည်။

ထို့အကောင်က တိုက်ရိုက်ခုန်ထွက်လာမည်ကို စိုးရိမ်မိနေသည်။

ဖြန်း

ရုတ်တရက် သူ၏လည်ဂုတ်ပေါ်သို့ တစ်စုံတစ်ရာက ကျလာသည်။ သူ၏ဆံပင်မွှေးများက ထောင်တက်သွားသည်။

ဆုပိုင်က မကောင်းသော ခံစားချက် ခံစားလိုက်ရသည်။ သူဟာ လည်ပင်းကို ခပ်ကြမ်းကြမ်း ရမ်းခါပြီးနောက် အနောက်ဘက်မှ အကောင်ကို ခါထုတ်ပစ်ရန် ကြံစည်လိုက်သည်။ သို့သော် …

ထို့အကောင်က အင်္ကျီကောလံမှ တစ်ဆင့် အတွင်းဘက်သို့ ကုန်းဝင်ရန် ကြိုးစားနေလေသည်။

ဖက်စ့်

ဆုပိုင်က ခေါင်းကို ငုံ၍ ခပ်တိုးတိုး ကျိန်မ်ဆဲသည်။ သူက ချက်ချင်းဆိုသလိုပင် အဝတ်များကို ချွတ်ပစ်သည်။

ဘန်း

သူက သူ၏လည်ဂုတ်အနောက်မှ အကောင်ကို ခါထုတ်၍ ဘေးဘက်သို့ ကောက်ပစ်လိုက်သည်။

လည့်လည်သွားလာသူ ပင့်ကူပဲ။

ထို့အချိန်တွင် ထို့အကောင်၏ခန္ဓာကိုယ်ပေါ်မှ အမွှေးတိုင်းက ထောင်လျှက် မြေပြင်ပေါ်တွင် ထို့အတိုင်း ရပ်နေရင်း ပါးစပ်ကို ဟကာ အဆိပ်များကို မှုတ်ထုတ်လိုက်သည်။

ဟူး

“ငါ ကြောက်လိုက်တာ”

ဆုပိုင်က နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်လိုက်သည်။ ထို့နောက် အနောက်ဘက်မှ ဖန်ပုလင်းကို ကောက်ယူလိုက်ပြီး ရာဘာလက်အိတ် ကိုင်ထားသော လက်ဖြင့် ထို့အကောင်ကို အုပ်လိုက်သည်။

ဂါး

ထို့နောက် ကိုက်ခဲသံကို ကြားရပြန်သည်။

ဘန်း

ထို့အခြေအနေကို မြင်သောအခါ ဆုပိုင်က ပုလင်းကို ခပ်မြန်မြန် ပိတ်လိုက်ပြီးနောက် ထို့အကောင်ကို အောက်ဘက်သို့ ဖိချထားလိုက်သည်။

ပုလင်းဖင်ကို တဖြည်းဖြည်းချင်းစီ ကိုက်ဝါးနေသော ထို့အကောင်ကို မျက်လုံးနားကပ်ကာ တဖြည်းဖြည်းချင်းစီ ကြည့်လိုက်သည်။

ထို့ကဲ့သို့သော ပင့်ကူမျိုးက အမှန်တကယ် ကြောက်စရာကောင်းသည်ဟု ပြောရပေမည်။ သူ၏ပုံစံက ကြောက်စရာကောင်းသည့်အပြင် အဆိပ်ကလည်း အလွန်ပင် အင်အား ကြီးမားသေးသည်။

…

သူသည် ထို့ကဲ့သို့သော အဆိပ်ရှိ သတ္တဝါများနှင့် အဆက်အသွယ်လုပ်ရန် ကြိုတင်ပြင်ဆင်ထားသောကြောင့်သာ မဟုတ်ရင် ဒီတိုက်ရိုက်ထုတ်လွှင့်မှုက သေချာပေါက် ကျရှုံးသွားတတ်သည်။

ဘာပဲဖြစ်ဖြစ် ဒီအကောင်တွေကို လက်ဗလာနဲ့ ဖမ်းရမှာလေ ဒါက အရမ်း ခက်တယ်။

သူသည် လူသားတစ်ယောက်ဖြစ်သည်။ သူ့တွင် စနစ်ရှိသော်လည်း အဆိပ်ကို တွန်းလှန်နိုင်သည့်ဟု မဆိုလိုပေ။

++++++

All Chapters