← Chapters

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

343 01

အခန်း 343

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လူများက ထိတ်လန့်ကြားဖြင့် ပါးစပ်ကို အုပ်ထားကြကာ အသံပင် မထွက်ရဲကြပေ။

ဆုပိုင်၏ နာမည်ကျော် သိပ္ပံသင်ခန်းစာကတစ်ဆင့် ကြီးမားသော ဖွတ်ကြီး၏ သေဆုံးပုံအကြောင်း ကောင်းမွန်စွာ နားလည်သွားကြပြီ ဖြစ်သည်။

ထို့အခါမှသာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လူများလည်း ထို့အကောင်လေးက မည်မျှ ကြောက်စရာကောင်းကြောင်း သိလိုက်ကြသည်။

ထို့ကဲ့သို့သော နေရာမျိုးတွင် အကိုက်ခံရမည်ဆိုပါက သေချာပေါက် သေဆုံးသွားမည်ဆိုရင်ပေ ချဲ့ကားရာ မရောက်ပေ။

ကံကောင်းသည်မှာ ဒါရိုက်တာဆုပိုင်က ကောင်းကောင်း ပြင်ဆင်ထားသည်။

အားလုံးကလည်း ထို့အကောင်ကို အောင်မြင်စွာ ဖမ်းယူပြီးကြောင်း မြင်မှသာ စိတ်အေးစွာ သက်ပြင်းချလိုက်သည်။

“ဖက်စ့် ငါရဲ့နှလုံးသားတောင် ခုန်ထွက်တော့မယ်။ ဒါက အရမ်း ထိတ်လန့် သည်းဖို ဆန်လိုက်တာ။ ကိုယ့်ကိုကိုယ် သတ်သေသလိုမျိုး ရူးသွပ်တာပဲ”

“ဟုတ်တယ်။ ဒီပင့်ကူက ဒါရိုက်တာဆုပိုင်ကို ချက်ချင်း မကိုက်သွားတာ တော်သေးတယ်လို့ ပြောရမယ်။ အဲဒီလိုမှ မဟုတ်ရင် အကျိုးဆက်က တော်တော်လေး ကြောက်ဖို့ကောင်းတယ်”

“ငါအခုလေးတင် အားလုံးကို အကြောင်းကြားပြီးပြီ လူငယ်ဖြစ်ဖြစ် လူကြီးဖြစ်ဖြစ်ပေါ့။ အားလုံးကို အကြောင်းကြားထားတယ်။ ငါ့ကို ကယ်ကြပါ”

“ဟို အပေါ်ကတစ်ယောက်က လူဟုတ်ရဲ့လား။ ဘယ်လိုကြောင့်များ ဒီလိုအခြေအနေမျိုးမှာ အလေးအနက်ကြီး ထငိုနေတာလဲ”

…

ဒါရိုက်တာဆုပိုင်က လုံခြုံရေးဘေးကင်းကြောင်း အားလုံးက မြင်မှသာ လူတိုင်းက စိတ်အေးသွားကြပြီး လေးစားမိသွားကြသည်။

ဒီတိုက်ရိုက်ထုတ်လွှင့်မှုက အစစ်အမှန်ဖြစ်စေ အတုအယောင်ဖြစ်စေ ဒါရိုက်တာဆုပိုင်၏ လက်ဗလာနှင့် ချဉ်းကပ်သွားသော အကွက်က လူတိုင်းကို လေးနက်စွာ ခံစားသွားရစေသည်။

ထို့နောက် …

မည်သို့ပင် ကြည့်ကြည့် ထို့ပင့်ကူက စစ်မှန်ကြောင်း ခံစားမိပေလိမ့်မည်။ ကံကောင်းသည်မှာ ဖမ်းမိလိုက်သည်။ လူတိုင်းကလည်း သက်ပြင်းချမိကြသည်။

သို့ရာတွင် ထို့မျှ အဆိပ်ပြင်းလွန်းသော တိရစ္ဆာန်ကို ရှာတွေ့သည့်အကြောင်းကို သတိထားမိသွားသောအခါ စိုးရိမ် ထိတ်လန့်လာကြပြန်သည်။

…

တရုတ်ပြည်။

အဆင့်မြှင့် အစည်းအဝေးစင်တာ။

ထို့အချိန်တွင် အစည်းအဝေးခန်မအတွင်းတွင် စစ်တပ်ဆိုင်ရာ အရာရှိများသာလျှင် မကသေးလေပဲ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနမှ လူများလည်း ရှိနေကြပြီး အစည်းအဝေးစားပွဲကိုသာ ထိုင်ကြည့်နေကြသည်။

သူတို့အားလုံးက အရှေ့မှ တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

“ဒါရိုက်တာဆုပိုင်က ဒီလောက်အလျင်စသလိုနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်လိုက်တာက အဲဒီလုပ်ကြံသတ်ဖြတ်သူ အဖွဲ့အတွက်ကြောင့်လား”

ယုံလုံ၏မျက်လုံးများက မှေးကျဉ်းသွားပြီးနောက် ဖန်သားပြင်ကို ကြည့်ကာ တွေးတောစဉ်းစား ပြောသည်။

343 02

“ငါတော့ ဟုတ်လောက်မယ်လို့ ထင်တယ်”

“တစ်ဖက်သူက ဒါရိုက်တာဆုပိုင်ကို ကျိုးဝမ်ကို ပြန်ပေးဖို့ တိရစ္ဆာန်နှစ်ကောင်နဲ့ လဲချင်တာ။ ငါ့အထင် ကောင်းကင်ပြာတိရစ္ဆာန်ရဲ့ တိရစ္ဆာန်အားလုံးကို လူတိုင်းက သိထားပြီးသားပဲ။ ဒီတော့ လူတိုင်းကလည်း တိရစ္ဆာန်တွေကို ကာကွယ်ချင်နေကြတာ”

“ဒီအတွက်ကြောင့်ပဲ ဒါရိုက်တာဆုပိုင်က လောလောလတ်လတ် ကယ်ဆယ်ပြီးကာစ တိရစ္ဆာန်တွေကို ယူထုတ်ဖို့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုကို ထုတ်လွှင့်လိုက်တာ ဖြစ်မယ်”

နန်ကုန်းယွမ်က ခေါင်းငြိမ့်ပြီးနောက် သုန်မှုန်သော မျက်နှာနှင့် ပြောသည်။

“ငါတို့လည်း ဒီပင့်ကူကို မြင်ပြီးသားပဲ၊။ ငါတို့သာ သတိအပြည့် မထားထားရင် ငါ့အထင် … ငါတို့အသင်းတောင်မှ ဒီပင့်ကူကို မယှဉ်နိုင်လောက်ဘူး။ ငါတို့ အဆုံးသတ်မှာ သေသွားရမယ်ဆိုရင်တောင်မှ လူသတ်သမားကို သိမှာ မဟုတ်ဘူး”

ဟူး

ယုံလုံက အသက်ပြင်းပြင်း ရှုသည်။ သူဟာ ဖန်သားပြင်ကို ကြည့်ပြီး လေးနက်သော လေသံနှင့် ပြောသည်။

“ဒီလောက် အဆိပ်ပြင်းလွန်းတဲ့ သတ္တဝါ တစ်ကောင်ကို ပြန်လည်ကယ်ဆယ်ဖို့ လိုအပ်လို့လား။ ဘာပဲဖြစ်ဖြစ် ဒီလိူအရာမျိုးက လူသားတွေအတွက်ပဲ ဖြစ်ဖြစ် အခြားတိရစ္ဆာန်တွေအတွက်ပဲ ဖြစ်ဖြစ် အန္တာရာယ် များလွန်းတယ်လေ”

ယခုမြင်လိုက်သော ဗီဒီယိုမှ တစ်ဆင့် ထိုသတ္တဝါကသာ အနာဂတ် တောရိုင်းထဲတွင် ရှိနေခဲ့မည်ဆိုလျှင် သို့မဟုတ် မျိုးပွားသွားမည်ဆိုလျှင် အကျိုးဆက်ကို မျှော်လင့်လို့ပင် မရနိုင်ကြောင်း သိနိုင်ပေလိမ့်မည်။

“ငါတော့ အဲဒီလို မထင်ဘူး”

နန်ကုန်းယွမ်က အသာ ပြုံးသည်။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ မရှိပါပေ။

“မင်းက စိုးရိမ်လွန်းနေတာ သဘာဝက မှော်ဆန်တယ်။ ပြိုင်ဘက်ကင်းတဲ့ တိရစ္ဆာန်ဆိုတာ မရှိဘူး။ ဒီပင့်ကူက တော်တော်လေး အဆိပ်ပြင်းပေမဲ့လည်း သဘာဝရန်သူ ရှိမှာပဲ”

“ခွေးတူဝက်တူကောင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုပဲ ပြန်ကြည့်ကြည့်။ မြွေဟောက်ဘုရင်လို့ခေါ်တဲ့ အဲဒီအကောင်ရဲ့အဆိပ်က ဒီပင့်ကူလောက်တောင် အဆိပ်ပြင်းတာ မဟုတ်ဘူး။ ဒါပေမဲ့ ခွေးတူဝက်တူကောင်နဲ့ တွေ့တဲ့အခါ ပြန်လည် တိုက်ခိုက်နိုင်စွမ်းရည်တောင် မရှိဘူး မဟုတ်လား”

“ဒါက ဟန်ချက်ညီမှုပဲ”

“တိရစ္ဆာန်တစ်ကောင်က ပြိုင်ဘက်ကင်းတယ်ဆိုတာမျိုး မရှိသလို့ မျိုးမပွားနိုင်လောက်အောင် အားနည်းလွန်းတဲ့ သတ္တဝါမျိုးဆိုတာလည်း မရှိဘူး”

“ကောင်းပြီ။ အခု မင်းတို့ပြောတာကို နားလည်ပြီ”

ယုံလုံက ခေါင်းညိတ်သည်။ ထို့နောက် ခံစားချက်အပြည့်နှင့် ပြောသည်။

“ဒါပေမဲ့ ဒါရိုက်တာဆုပိုင်က အရမ်းကို ကြိုးစားလွန်းနေတယ်။ သူသာ ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် သူ၏ခန္ဓာကိုယ်က တောင့်မခံနိုင်မှာကို စိုးရိမ်မိတယ်”

ထို့သို့ပြောပြီးနောက် ယုံလုံက တစ်စုံတစ်ရာကို မှတ်မိသွားပုံရကာ အံကြိတ်သံဖြင့် ပြောသည်။

“ငါတို့ နောက်ကွယ်က လူတွေကို စစ်ဆေးပြီးပြီ။ အဲဒီ တိုင်းပြည်ကပဲ”

“ငါ တကယ် မထင်ထားဘူး။ အရင်တစ်ခေါက်က သင်ခန်းစာက မလုံလောက်သေးဘူး ထင်တယ်။ သူတို့က ဒီလို နည်းလမ်းနဲ့ လာရန်စတယ်”

“ဒါပေမဲ့ ငါတို့ ဒီတစ်ကြိမ် အလောတကြီး လုပ်လို့ မရဘူး။ လဲလှယ်မူက ပြီးမြောက်သွားတဲ့နောက်မှာ အဲဒီလူတွေ ဒီအဆိပ်ရှိတိရစ္ဆာန်နှစ်ကောင်ကို ဘယ်လို ပြန်သယ်သွားမလဲ ကြည့်မယ်”

“ဒါရိုက်တာဆုပိုင်ကလည်း ပြင်ဆင်ထားပြီးသားဖြစ်မယ်လို့ ငါ ယုံတယ်။ အဲဒီလိုမှ မဟုတ်ရင် သူက နောက်ထပ် စိုးရိမ်တကြီး တိုက်ရိုက်ထုတ်လွှင့်တာမျိုး လုပ်မှာ မဟုတ်ဘူး”

နန်ကုန်းယွမ်က ထိုတိုင်းပြည်နာမည်ကို ကြားသောအခါ သူ၏မျက်နှာက မည်းမှောင်လာသည်။

343 03

“အရမ်းကို အဆိပ်ပြင်းလွန်းတဲ့ တိရစ္ဆာန်နှစ်ကောင်ကတင် ဒီလူတွေအားလုံးကို သတ်ဖို့ လုံလောက်တယ်”

“ငါတို့ ကျိုးဝမ်ရဲ့လုံခြုံရေးကို တတ်စွမ်းသမျှ အာမခံချက်ရှိအောင် လုပ်ပေးရမယ်။ ဒါရိုက်တာဆုပိုင်က တိရစ္ဆာန်တစ်ကောင်ကို သူမအတွက် လဲလှယ်ပေးဖို့ ဆန္ဒရှိကတည်းက ဒီလူကို ကောင်းကင်ပြာတိရစ္ဆာန်ရုံက အသိအမှတ် ပြုထားပြီးပြီဆိုတာကို ဖော်ပြတာပဲ”

“အမှားအယွင်းရှိလို့ မရဘူး”

“မစိုးရိမ်နဲ့”

ယုံလုံက သူ၏လက်ချောင်းများဖြင့် စားပွဲကို အသာခေါက်သည်။

“စုံစမ်းစစ်ဆေးအသင်းက ဒီလုပ်ကြံသတ်ဖြတ်တဲ့အဖွဲ့အစည်းအကြောင်း သိနေပြီးပြီ။ ကျိုးဝမ်ကိုသာ လဲလှယ်တဲ့အချိန်အတောအတွင်း ခေါ်လာခဲ့မယ်ဆိုရင် အဲဒီနေရာကို ငါတို့ စပြီး ဝင်စီးလိုက်လို့ ရတယ်။ အဲဒီလူတွေက ကတိစကား မတည်ခဲ့ဘူးဆိုရင်လည်း ငါတို့ရဲ့ လူတွေက အပြေးဝင်ပြီး ကျိုးဝမ်ကို ကယ်လို့ ရတယ်”

“ငါတို့ရဲ့ လက်ရွေးစင် ကင်းထောက်တွေ လွှတ်ထားတာဆိုတော့ အမှားအယွင်းတော့ မရှိနိုင်ပါဘူး”

သူတို့နှစ်ယောက်က တစ်ခဏခန့် စကားပြောနေပြီးနောက် ဖန်သားပြင်ကို ပြန်ကြည့်လိုက်ကြသည်။

ထိုအချိန် ဒါရိုက်တာဆုပိုင်က သူ၏လက်မောင်းကို လက်ချောင်းတမျှထူသည့် တိရစ္ဆာန်တစ်ကောင် ရစ်ပတ်ထားသည်အား ခံလိုက်ရသည်။

ဟစ် ဟစ် ဟစ်

ထို့မြွေ၏လျှာက တလစ်လစ် ထွက်နေသည်။ ဆုပိုင်က မြွေ၏ပါးစပ်ကို ဖိထားပြီး အစွယ်ထဲမှ အဆိပ်ရည်များကို ပန်းထုတ်နေသည့်အား ကြည့်ကာ ကင်မရာကို ပြောသည်။

“ဒီလိုမြွေအမျိုးအစားကတော့ တရုတ်နိုင်ငံမှာ သာမန်မြွေလို့ပဲ ပြောလို့ရတယ်။ သူ့ကို ဝါးရွက်မြွေစိမ်းလို့ ခေါ်တယ်။ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကတစ်ဆင့် လူတိုင်းမြင်နိုင်အောင် ပြသပေးရုံပါ”

ဆုပိုင်ကလည်း ဒီလိုနေရာမျိုးတွင် ဝါးစိမ်းမြွေကို တွေ့ရမည်ဟု မထင်ထားမိပေ။

အဆိပ်ရှိ သတ္တဝါလေး အချို့နှင့် တွေ့ဆုံပြီးနောက် ဆုပိုင်က နောက်ဆုံးတွင် နားလည်သွားပြီ ဖြစ်သည်။

ဒီတစ်ကြိမ် နေရာက အတိတ်မှာ အစစ်အမှန် အသိုင်းအဝိုင်းကြီး မဟုတ်ဘဲ စနစ်က မရေမတွက်နိုင်သော အဆိပ်သတ္တဝါပေါင်းများစွာကို တစ်နေရာတည်းတွင် စုစည်း ပေးထားခြင်း ဖြစ်သည်။

ထို့အခြေအနေကို သိပြီးနောက် ဆုပိုင်က ပို၍ သတိကပ်လိုက်သည်။ မည်သို့ပင်ဆိုစေ ဒီနေရာတွင်ရှိသော ပင့်ကူသေးသေးလေးလေးတစ်ကောင်ကပဲဖြစ်စေ ပုရွက်ဆိတ်တစ်ကောင်ကပဲဖြစ်စေ သတ်ဖြတ်နိုင်ပေလိမ့်မည်။

ကံကောင်းသည်မှာ သူသည် နောက်ဆုံးတွင် တစ်ကောင် ဖမ်းမိထားသည်။ ထို့နောက် နောက်ထပ်တစ်ကောင်သာ လိုအပ်တော့သည်။ ဆုပိုင်က ပြဿနာတစ်ခုကို သိလိုက်သည်။

ထိုဖမ်းယူမိထားသော သတ္တဝါများက သူ ယခင်က ကယ်ဆယ်ထားသော အကောင်များနှင့် အလွန်ခြားနားသည်။ ဆက်သွယ်၍ မရပေ။ ထို့အပြင် ညာဏ်လည်း မကောင်းပါပေ။

ထို့ကြောင့် သူတို့သည် အရိုင်းဆန်စိတ်အပြည့်နှင့် ဖြစ်သည်။ သူ ဖမ်းမိထားသော ထို့ပင့်ကူကိုလည်း ဆက်သွယ်၍ မရနိုင်ပြန်ပေ။

ကွက်

ရုတ်တရက် အဝေးမှ ဖားတစ်ကောင်က အော်သည်။ ဆုပိုင်က မှင်သက် သွားသည်။

ဒီနေရာမှာ ပေါ်လာတဲ့ အဲဒီဖားက …

“ကောင်လေး ဝေးဝေးသွား”

သူ၏လက်ထဲမှ ဝါးစိမ်းမြွေကို သစ်ပင် တစ်ပင်ပေါ် ပြန်ချိတ်တင်ပြီးနောက် ဆုပိုင်က အသံလာရာဘက်သို့ လိုက်ကာ ဂရုစိုက်သွားလိုက်သည်။

++++++ 344 01

အခန်း 344

အဝေးမှ တစ်ချက်ကြည့်လိုက်ရုံဖြင့် မြစ်ငယ်လေး တစ်စင်းကို မြင်ရသည်။ ထို့နားတွင် ရန်သူနှစ်ယောက် ထိပ်တိုက်ရင်ဆိုင်နေကြသည်။

တစ်ကိုယ်လုံး ရွှေရောင်သန်းနေပြီး ပါးများ ဖောင်းတက်နေသော ဖားတစ်ကောင်က အရှေ့မှ အဆိပ်ပြင်းမြွေကို ကြည့်နေသည်။

သိပ်မဝေးသော နေရာမှ မီးခိုရောင်ကိုယ်နှင့် အဆိပ်ပြင်းမြွေက ပါးပြင်းထောင်၍ ပိန်းပိတ်အောင် မည်းမှောင်နေသော လျှာတစ်ချောင်းကို တစ်လစ် ထုတ်နေသည်။ ထူးဆန်းသော အချက်ကမှု သူ၏ပါးစပ်အတွင်းဘက်ကြီး တစ်ခုလုံးက မည်းတူးနေခြင်း ဖြစ်သည်။

သူ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျောချမ်းစေသည်။

ဂလု

ဆုပိုင်က နေရာတွင် ဆောင့်ကြောင့်လေးထိုင်လိုက်ပြီးနောက် ထိုတိရစ္ဆာန်နှစ်ကောင်ကို ကြည့်လိုက်သည်။

သူ၏ဉာဏ်ရည်ကသာ မှန်ကန်နေခဲ့မည်ဆိုရင် ထို့ရွှေရောင်ဖားက လောကမှာ အဆိပ်အပြင်းဆုံး ဖား ဖြစ်လောက်သည်။

ရွှေအဆိပ်မြှားဖား။

ထိုအကောင်၏ ကိုယ်ထဲမှ အဆိပ်က လူ ၁၀ ယောက်ကျော်ခန့်ကို အလွယ်တကူ သတ်နိုင်သည်။ သူ၏ကိုယ်ပေါ်မှ ရွှေရောင်အရေပြားကြီး တစ်ခုလုံးမှ ပြင်းထန်သည့် အဆိပ်များကို သယ်ဆောင်ထားသည်။ အဆိပ်ရည်တစ်စက်လေးကတင် ကြွက် နှစ်သောင်းကို သတ်နိုင်၏။ ထို့အပြင် ကြောက်စရာကောင်းသော အချက်ကမှု ထို့ရွှေအဆိပ်မြှားဖားက လူသားများကလွဲပြီး သဘာဝရန်သူ မရှိပေ။

ထို့ကြောင့် သူဟာ တစ်ဖက်က မည်သို့သော သတ္တဝါ ဖြစ်နေစေကာမှု သူ့ကို သတ်ဖြတ်ချင်သည်နှင့် နှစ်ကောင်လုံး သေရပေလိမ့်မည်။

ထို့အပြင် ထို့မြွေကလည်း အလွန်အမင်း နာမည်ကျော်လွန်းသော အနက်ရောင် မန်ဘာ မြွေ ဖြစ်သည်။

ထို့မြွေသည် အတိတ်က မြေကမ္ဘာပေါ်တွင် သေစေနိုင်စွမ်းရှိလောက်အောင် အဆိပ်အပြင်းဆုံး အကောင် ဖြစ်လုနီးပါး ဖြစ်သည်။ ထို့အပြင် အမြန်ဆန်ဆုံးနှင့် အကြမ်းတမ်းဆုံး မြွေလည်း ဖြစ်သည်။

ဆုပိုင်သည်လည်း ထို့ကဲ့သို့နှစ်ကောင်မှ အချင်းချင်း ရင်ဆိုင်မည်ဟု မထင်ထားမိပေ။

သူ၏ပုလင်းထဲမှ ပင့်ကူက ထိုနှစ်ကောင်နဲ့ ခြားနားသည်။ အဆိပ်၏စွမ်းရည်ခြင်း ကွာခြားချက်ကလည်း သိသာထင်ရှားလွန်း၏။

“ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ဒီလို သတ္တဝါသေးသေးလေးက မြွေကို ရင်ဆိုင်နေတာလဲ ဟမ်။ ဒီမြွေက အရမ်း ကြောက်နေသလို့ပဲ”

“ဟုတ်တယ်။ ဟုတ်တယ်။ သူရဲ့ ကိုယ်က နှစ်မီတာကျော်တောင် ရှည်တာလေ။ ဒါပေမဲ့ တိုက်တောင် မတိုက်ခိုက်ရဲဘူး။ အရှေ့က အဲဒီအကောင် သေးသေးလေးကို သူက တစ်လုတ်တည်းနဲ့ မျိုလို့ရမှာကို ဘာလို့ ကြောက်နေတာလဲ။ နောက်ပြီး ရွှေရောင်မြွေသာဆိုရင် မျိုပြီးလောက်ပြီ”

“ဒီရွှေရောင်သတ္တဝါလေးက အရမ်း ချစ်စရာကောင်းလွန်းလို့ မွေးချင်လာပြီ။ ဒါရိုက်တာဆုပိုင် ငါတို့ မွေးလို့ရလား”

“ဟစ် မင်းတို့က ဘာလို့ ဒီအနက်ရောင် မန်ဘာမြွေကို မမွေးတာလဲ။ သူက အရမ်း အင်အားကြီးမဲ့ပုံပဲ။ ပိုပြီး သေချာတဲ့အချက်က အဆိပ်ဒဏ်ပြီးသွားစေမှာပဲလေ။ ငါ စာကြည့်တိုက်ထဲမှာ စစ်ပြီးသွားပြီ ဒီမြွေကို အနက်ရောင် မန်ဘာ မြွေလို့ ခေါ်တယ်။ သူက အရမ်းကို အကြမ်တမ်းဆုံး အဆိပ်ပြင်း မြွေတစ်ကောင်ပဲ။ လူပေါင်းများစွာကို သေအောင် အဆိပ်နဲ့ သတ်နိုင်တယ်”

“အယ် စာကြည့်တိုက်မှုး ဒီမြွေက အဲဒီလောက် အင်အားကြီးနေရင် အဲဒီရွှေရောင်အကောင်သေးသေးလေးက ပိုပြီး အင်အားကြီးမှာပေါ့ ဟုတ်တယ်မှတ်လား”

“ဖက်စ့် အခု ဒီတစ်ကောင်ကို မွေးချင်တယ်လို့ ပြောသွားတဲ့ တစ်ယောက်အကြောင်းကို တွေးမိတာနဲ့ ငါ တအား ကြောက်လာတယ်။ ငါရဲ့မိသားစုက အိမ်မှာ အခေါင်းတွေ လုပ်ပါတယ်။ ဒါကြောင့် ငါ လျော့ဈေးပေးနိုင်တယ်”

344 02

…

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများက စာကြည့်တိုက်မှူးက ပြောလာသည့် အကြောင်းအရာများကို သိရှိပြီးနောက် အရှေ့မှ ထိုအကောင်လေးကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

ပို၍ဆိုးသည်မှာ အနက်ရောင်မန်ဘာမြွေ၏ပုံစံကို တစ်ချက်ကြည့်လိုက်သောအခါ ထို့အကောင်သည် အရှေ့မှ ဟိုအကောင်လေးကို ကြောက်နေပုံရသည်။ သူဟာ လျှာတစ်လစ်ကို ထုတ်နေသော်လည်း သူ၏ကြွက်သားများက တင်းကြပ်နေ၏။ သူသည် မတိုက်ခိုက်ရဲပေ။

ကွက်

လူတိုင်းသည် ထို့ရွှေရောင်အကောင်လေးက ထူးခြားသော အော်သံထုတ်လိုက်တာ ကြားလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်လုံးက လေထဲသို့ ခုန်တက်သွားပြီးနောက်တွင် ထို့မန်ဘာမြွေ၏အရှေ့တွင် ပေါ်လာကာ သိချင်စိတ်ပြင်းပြစွာဖြင့် စိုက်ကြည့်သည်။

ဟစ် ဟစ် ဟစ်

အနက်ရောင် မန်ဘာမြွေက ခန္ဓာကိုယ်ကို ဆက်တိုက်ဆိုသလို လှုပ်ခါနေပြီး အနောက်သို့ လျင်မြန်စွာ ဆုတ်ကာ အကွာအဝေးတစ်ခု ခြားသည်။

ဟူး

ဆုပိုင်က အသက်ကို ပြင်းပြင်း ရှုလိုက်ကာ အရှေ့မှ အကောင်နှစ်ကောင်ကို စိုက်ကြည့်သည်။ သို့ရာတွင် ထို့အခြေအနေက ဖမ်းဆီးရန် အလွန်ပင် ခက်ခဲနေလေသည်။ အနက်ရောင်မန်ဘာမြွေ၏ တိုက်ခိုက်တဲ့ အရှိန်နှုန်းက ဖော်ပြ၍ခက်ခဲလောက်အောင် မြန်သည်။ သူ၏လက်ရှိ အရှိန်နှုန်းဖြင့် ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။ သို့သော် အခက်အခဲဆုံးအပိုင်းက အရှေ့မှ ရွှေအဆိပ်မြှားဖား ဖြစ်နေသည်။

ထို့အကောင်က ယခင်က ပြည်ပသို့ ရောက်ခဲ့ဖူးသည်။ အဝေးမှ သေအောင်ရိုက်သတ်ခံရပြီးမှသာ အားလုံးက အရှေ့သို့ တက်ရဲကြ၏။ ယခုလို့ အသက်ရှင်နေသည့် အနေအထားမျိုးတွင်ဆိုရင် အရှေ့သို့ပင် မတက်ရဲလောက်ပေ။

ထို့ကဲ့သို့သော အကောင်က အဆိပ်ဖြင့် မှုတ်ထုတ်လိုက်ပါက ကုလားအုတ်ထက် ပို၍ အင်အားကြီးပေလိမ့်မည်။

“တိုက်ခိုက်ရအောင်”

ဆုပိုင်က အံကိုကြိတ်သည်။ အနောက်သို့လှည့်ပြီးနောက် ခြေလှမ်းအနည်းငယ်နဲ့အတူ လျှောက်သွားလိုက်သည်။ ထို့နောက် ကျောပိုးအိတ်ထဲမှ အကာအကွယ်ဝတ်စုံကို ကောက်ဝတ်လိုက်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို လုံအောင်ဖုံးပြီး ခေါက်ထားသည့် ပိုက်ကွန်အိတ်ကို ဖွင့်လိုက်သည်။

အခွင့်အရေးက ထွက်ပြေးနိုင်သည်။ ဒီတစ်ကြိမ် ပျောက်သွားသည်နှင့် ဘယ်တော့အခါမှ ပြန်မလာနိုင်ပေ။

ထို့အကောင်နှစ်ကောင်က ထိပ်တိုက် ရင်ဆိုင်နေချိန်တွင် သူက ထို့ရွှေရောင်အဆိပ်မြှားဖားကို တစ်သုတ်တည်းနဲ့ ဖမ်းမိနိုင်သည့်နှင့် ထို့မြွေကလည်း သေချာပေါက် ထွက်ပြေးနိုင်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ အယုတ်ရင်း ကြမ်းတမ်းဆုံး မြွေဆိုသော နာမည်က အလဟာသတ် မဟုတ်ပေ။

ဂလု

အကာအကွယ် ဝတ်စုံအတွင်းတွင် သူဟာ နှုတ်ခမ်းထောင့်ကို တစ်ချက်သပ်လိုက်ပြီးနောက် သစ်ပင်၏အနောက်ဘက်တွင် တဖြည်းဖြည်းချင်စီ လျှောက်သွားလိုက်ကာ ထို့ဖား၏အနားသို့ ကပ်သွားလိုက်သည်။

ကွက်

သူ၏အရှေ့မှ အနက်ရောင် မန်ဘာမြွေကို ကြည့်နေရင်း ထို့ရွှေရောင်အဆိပ်မြှားဖားက ပါးများကို ဖောင်းတက်လာပြန်သည်။ ထို့နောက် သူသည် စိတ်ဝင်ဖွယ် စွန့်စားသလို့မျိုး တစ်ဖက်သို့ လှည့်ထွက်ရန် ကြံစည်လိုက်သည်။

ဘန်း

သို့ရာတွင် ရုတ်တရက် ကောင်းကင်ပေါ်မှ ပိုက်ကွန်အိတ်တစ်အိတ်က ပြုတ်ကျလာပြီး သူ့ကို အုပ်လိုက်သည်။

344 03

ဆုပိုင်က ပိုက်ကွန်အိတ်ကို ခပ်မြန်မြန် ပိတ်လိုက်ပြီးနောက် အဝတ်များဖြင့် အုပ်လိုက်သည်။

အရာအားလုံးက ချက်ချင်းဆိုသလို ဖြစ်ပျက်သွားလေသည်။

အနက်ရောင် မန်ဘာမြွေက သူ၏ ခန္ဓာကိုယ်ကို လေထဲသို့ အတင်းခုန်တက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ဟစ်

“သေတော့”

ရုတ်တရက် နှာမှုတ်သံက ထွက်လာပြီးနောက် သူသည် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် ခုန်ဝင်လာသည်။

ဘန်း

ဆုပိုင်က ချက်ချင်းဆိုသလို ရှောင်လိုက်ပြီးနောက် တစ်ဖက်သူ၏ အမြှီးပေါ် တက်နင်းလိုက်ကာ ခေါင်းက လျင်မြန်စွာဖြင့် ပြန်လှည့်လာကာ ပါးပြင်း ထောင်လာပြန်သည်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏လက်ထဲတွင် ရူးသွပ်စွာ ခုန်လှုပ်နေလေ၏။

ထို့အကောင်၏ မျက်လုံးများက ဝေဝါးလာပြီး မြူဆိုင်းလာသလို့ ပုံစံမျိုး ဖြစ်လာမှသာ သူဟာ မြေပြင်ပေါ်သို့ ပြန်ပစ်ချလိုက်သည်။

သူသည် ယခု တိရစ္ဆာန်ဘာသာစကား ဖန်ရှင်မှတစ်ဆင့် ထို့အကောင်နှင့် ဆက်သွယ်နိုင်ခဲ့ပုံရသည်။

ဒါက

သူ ဘာလို့ ပင့်ကူနဲ့တော့ မဆက်သွယ် နိုင်ခဲ့တာလဲ။ ပိုးကောင်မို့လို့လား။

ဆုပိုင်က မျက်မှောင် အသာကြုတ်ပြီး ပိုက်ကွန်အိတ်ထဲမှ ဖားကို လှမ်းမေးသည်။

“အခု အော်လိုက်တာ မင်းလား”

ဖားကလည်း သူ၏ရှေ့မှ လူသားကို မျက်လုံးပြူးကျယ်ကာ မှင်သက်စွာ ကြည့်သည်။

သူ တကယ် အော်လိုက်မိတယ်။

ဘာအတွက်လဲ။

ကွက်

“သေချင်တာလား”

ထို့သို့ ခပ်ကြမ်းကြမ်း နှာမှုတ်လိုက်ပြီးနောက် သူဟာ အဆိပ်များကို မှုတ်ထုတ်လိုက်သည်။

ဘန်း

ဆုပိုင်က အကာအကွယ်ဝတ်စုံပေါ်မှ အရည်များကို ကြည့်ရင်း နှုတ်ခမ်းထောင့်က တွန့်သွားသည်။

အား ဒီဝတ်စုံကတော့ သွားပြီ။

သို့ရာတွင် ယခုအခြေအနေအရ ထို့အဆိပ်ပြင်း တိရစ္ဆာန်များကို အမှန်တကယ် ဆက်သွယ်နိုင်တာ သိလိုက်သည်။

ဆို‌တော့ ပိုးကောင်တွေကိုပဲ ဆက်သွယ်လို့ မရတာပေါ့။

ဟူး

ဆုပိုင်က အသက်ပြင်းပြင်း ရှုသည်။ ထို့နောက်မှ ပင့်ကူကို ဖြည်းဖြည်းချင်းစီ ထုတ်လိုက်ပြီးနောက် ဖား၏အရှေ့တွင် လှုပ်ခါပြသည်။

သို့ရာတွင် ထို့အရှေ့မှ ဖားကလည်း ထို့ပင့်ကူကို တစ်ချက်သာ ကြည့်ပြီး ထို့နောက် လျစ်လျူရှုသွားသည်။

ဟစ်

344 04

ထို့အချိန်တွင် မြေပြင်တွင် လဲနေသော မြွေက နှာမှုတ်သံထုတ်ပြန်သည်။ ဆုပိုင်က တစ်ချက် ပြန်ကောက်လိုက်ပြန်ပြီး နောက်သို့လှည့်ကာ မြေပြင်ပေါ်သို့ ပြန်ပစ်လိုက်ပြန်သည်။

ဘုရားရေ အရမ်းကို ကြမ်းတမ်းတာပဲ။

ဖားက သူ၏အရှေ့မှ မြင်ကွင်းကို ကြည့်ပြီး နောက်သို့ ကြောက်လန့်တကြား ဆုတ်သည်။

ဆုပိုင်ကလည်း ပုလင်းအဖုံးကို ခပ်မြန်မြန်ဖွင့်၍ ပင့်ကူကို ပြန်လွှတ်ပေးလိုက်သည်။ ထို့နောက် ဖားကို အထဲသို့ ထည့်သည်။

ထို့အကောင်နှစ်ကောင်သာ ရှိနေလျှင် နောက်ထပ် အဆိပ်ပြင်းသတ္တဝါများကို ဖမ်းဆီးရန် မလိုအပ်တော့ပါပေ။

ထို့ဖားတစ်ကောင်နှင့်တင် ထို့လူသားများအားလုံးကို သတ်နိုင်မည်ဟု ယုံကြည်သည်။

အဆိပ်က အရေပြားတောက်လျှောက် စိမ့်ဝင်နိုင်ပြီး အရေးပြားနဲ့ ထိလိုက်သည့်နှင့် အဆိပ်မိပြီဖြစ်သည်။

ထို့အပြင် ထို့အကောင်၏အရောင်က တောက်ပသည်။ ထို့ကြောင့် မည်သို့ပင် ကြည့်ကြည့် ပထမဦးဆုံးအကြိမ် သူ့ကို တမ်းမြင်ပေလိမ့်မည်။ ထို့ကြောင့် ကောက်ယူပြီး စောင့်ကြည့်မိလောက်သည်။

ဘန်း

ပုလင်းအဖုံးကို ခပ်မြန်မြန် ပိတ်ပြီးသည့်နှင့် ကျောပိုးအိတ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ဆုပိုင်က မြေပြင်ပေါ်မှ မြွေကိုလည်း ကောက်ယူလိုက်ကာ သူ၏လက်တစ်ဖက်ဖြင့် ပါးစပ်ကို အသာ တင်းတင်းဖိလိုက်၍ သူ၏လက်မောင်းနားတွင် ခွေခိုင်းလိုက်သည်။

“ငါရဲ့ချစ်ရတဲ့ ကြည့်ရှုသူတို့ တိုက်ရိုက်ထုတ်လွှင့်မှုက သိပ်မကြာခင် အဆုံးသတ်တော့မှာပါ”

သူဟာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပြန်လှည့်ပြီးနောက် ပြောသည်။

“ဒီတိရစ္ဆာန်နှစ်ကောင်က အရမ်းကို အကြမ်းတမ်းဆုံး၊ ကြောက်စရာအကောင်းဆုံး အကောင်နှစ်ကောင်ပါပဲ။ အထူးသဖြင့် ဒီရွှေအဆိပ်မြှားဖားပေါ့။ သူရဲ့အဆိပ်တစ်စက်ကတင် လူဆယ်ယောက်ကျော်ကို မိနစ်ပိုင်းအတွင်း သေစေနိုင်တယ်”

“နောက်ပြီး တိရစ္ဆာန်တွေအားလုံးကို ကယ်တင်ပြီးသွားတဲ့နောက်မှာ ငါ အားလုံးကို သတိပေးရအုန်းမယ်။ မင်းတို့တွေ အရောင်တောက်တောက်နဲ့ တိရစ္ဆာန်တွေကို တောထဲမှာသာ တွေ့ခဲ့မယ်ဆိုရင် အပြေးအလွှား မသွားစေနဲ့။ ဘာလို့လဲဆိုတော့ သေဆုံးခြင်းက စောင့်ကြိုနေမှာ ဖြစ်လို့ပဲ”

“ကောင်းပြီ။ တိုက်ရိုက်ထုတ်လွှင့်မှုက ဒီနေရာမှာပဲ အဆုံးသတ်ပါတယ်”

ဆုပိုင်က လက်ကို အလျင်စလို ရမ်းခါလိုက်ပြီးသည့်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပိတ်လိုက်သည်။

အဆိပ်ပြင်းသတ္တဝါများကို ဖမ်းယူသည့် တာဝန်က အလွန်ရိုးရှင်းပုံရသည်။ လိုအပ်သည့် ကာကွယ်မှုများကို လုပ်ဆောင်ထားရုံဖြင့် အဆိပ်ရှိသော သတ္တဝါများကို ကယ်တင်နိုင်ပေလိမ့်မည်။

“တီ။ ဂုဏ်ယူပါတယ်။ ပိုင်ရှင်က အောင်မြင်စွာနဲ့ တာဝန်ကို ပြီးမြှောက်သွားပါပြီ”

“တီ။ ဂုဏ်ယူပါတယ်။ ပိုင်ရှင်က အောင်အောင်မြင်မြင်နဲ့ ရွှေအဆိပ်မြှားဖားနဲ့ အနက်ရောင်မန်ဘာမြွေကို ဖမ်းယူလိုက်နိုင်ပါပြီ။ ပိုင်ရှင်အနေနဲ့ ဒီတိရစ္ဆာန်နှစ်ကောင်ကို ကောင်းကောင်း ဂရုစိုက်နိုင်ဖို့အတွက်ကြောင့် ဒီအဆိပ်ရှိသတ္တဝါတွေရဲ့ အဆိပ်ကို မူစရာမလိုတဲ့ စွမ်းရည်တစ်မျိုးကို ချီးမြှင့်လိုက်ပါတယ်”

“စနစ်က ပြန်လည်ပို့ဆောင်ပေးနေပါပြီ”

…

++++++ 345 01

အခန်း 345

ဘန်း

ဆုပိုင်က ရုတ်တရက် ကုလားထိုင်ပေါ်မှ ထရပ်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်သောအခါ သူဟာ ရုံခန်းထဲတွင် ရှိနေကြောင်း သိလိုက်ရသည်။ ထို့နောက် မြွေကို ကိုင်ရင်း ခပ်မြန်မြန် ထွက်လာသည်။

ထို့မြွေကို ကိုင်တွယ်ရ လွယ်ကူသည်။ သူသည် အဆိပ်ပြီးနေသော်လည်း အကိုက်ခံရရင် ပျော်စရာ ကောင်းလိမ့်မည် မဟုတ်ပေ။

ထို့အပြင် …

တိရစ္ဆာန်ရုံထဲတွင် ခွေးတူဝက်တူအကောင် ရှိသည်။ ထိုအကောင်ကို သင်ခန်းစာ ပေးရပေမည်။

အဆိပ်ရှိ သတ္တဝါများအားလုံးသည် ရန်သူများ ရှိသည်။ အကိုက်ခံရသည့်နှင့် ပြဿနာမရှိနိုင်ပေ။

ကွက်

ခွေးတူဝက်တူအကောင်က ဒါရိုက်တာဆုပိုင်၏လက်ထဲမှ အဆိပ်ရှိ မြွေကို လှမ်းကြည့်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် မြေပြင်ပေါ်သို့ ခုန်ဆင်းလာသည်။ သူဟာ သူ၏နှုတ်ခမ်ထောင့်ကို တစ်ချက်ယက်ပြီး သူ့ဆီ တစ်လှမ်းချင်းစီ တိုးလာသည်။

အား သူ မစားရတာ ကြာပြီ။

သိသာစွာပင် ဒါက အဆိပ်ရှိမြွေ မဟုတ်လား။ သူ့ကို ကျွေးမလို့လား။

သူ၏ခေါင်းထက်တွင် မေးခွန်းသင်္ကေတလေးက ခုန်တက်လာသည်။

ဆုပိုင်က မြေပြင်တွင် ဆောင့်ကြောင့် ထိုင်လိုက်ပြီးနောက် သူ၏နဖူးကို အသာတို့သည်။ ထို့နောက် မြေပြင်ပေါ်မှ တဖြည်းဖြည်းချင်းစီ ထလာသော အနက်ရောင်မန်ဘာမြွေကို ကြည့်ကာ ပြောသည်။

“ငါ မင်းနဲ့ လွှဲထားပေးခဲ့မယ်။ သေအောင် ကိုက် မသတ်နဲ့”

“သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးထား။ သူ့ကို နာခံအောင် သိမ်းသွင်းပေးလိုက်”

ကွက်…

“ဟား ဟား မစိုးရိမ်နဲ့။ ငါက ဒီလိုကောင်မျိုးတွေကို ကိုင်တွယ်တာ တော်တယ်”

ထိုစကားကို ကြားပြီးရုံနှင့် ခေါင်းပြားတာ့ကောက ကျယ်လောင်စွာ အော်ရယ်သည်။ သူသည် ထို့အနက်ရောင် မန်ဘာမြွေထံ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်ချကာ လက်ကို ဆန့်ထုတ်၍ ထို့အကောင်၏ ခေါင်းကို ထိသည်။

“နိုးပြီလား”

“နိုးပြီဆိုရင် လာ။ ငါ့ကို ကိုက်ကြည့်”

ဟစ်

အနက်ရောင် မန်ဘာမြွေက သူ၏ခေါင်းကို မော့၍ အရှေ့မှ အကောင်ကို ကြည့်သည်။ ထို့သို့ရမ်းကားသော စကားများကို ကြားပြီးနောက် သူဟာ နှာကို မှုတ်လိုက်ကာ ပါးစပ်ကို ဖွင့်၍ သူ၏ထက်ရှသော အစွယ်များကို ထုတ်ပြပြီး ခက်ထန်စွာ မာန်ဖီလေသည်။

ထိုအစွယ်များက တုန့်ရီ၍ အရေပြားပေါ်သို့ ပေါက်သွားသော မြင်ကွင်းကို မြင်လိုက်ရသည်။ သူသည် သွားထဲမှ အဆိပ်များကို မှုတ်ထုတ်လိုက်သည်။

ထို့နောက် တဖြည်းဖြည်းချင်းစီ နောက်ဆုတ်သည်။

သူသည် အရှေ့မှ အကောင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

သေဖို့ စောင့်နေ…

သိပ်မကြာခင် သေ။

ကွက်

“တော်တော် ပြင်းတာပဲ”

ခွေးတူဝက်တူကောင်က ခေါင်းကို ကို့ယို့ကားယား ကုတ်သည်။ သူသည် မြေပြင်မှ တုန်ခါစွာ ထရပ်လိုက်ပြီးနောက်တွင် ထို့မြွေ၏လည်တိုင်ကို တစ်ချက်ကိုက်၍ ခပ်ကြမ်းကြမ်း ခါလိုက်သည်။

345 02

“ဖက်စ့် ဒီလူတွေ ဘာဖြစ်တာလဲ။ တစ်ရက်တည်းနဲ့ သုံးကြိမ်တောင် မေ့သွားတယ်။ နောက်ပြီး လွှတ်ပစ်နေကြသေးတယ် ဟုတ်လား”

ထိုအတွေးက သူ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။ သူသည် ရုတ်တရက် မူးဝေသွားပြီနောက်တွင် အနက်ရောင် မန်ဘာမြွေကလည်း ယိုင်ထိုးကာ သတိလစ်သွားပြန်သည်။

“အင်အား ကြီးလိုက်တာ”

“အရမ်း လှတယ်”

“သူလောက် လှတာ ရှိနေသေးလား”

ဆုပိုင်က ခွေးတူဝက်တူ၏ ရယ်သံများကို နားထောင်နေရင်း အနက်ရောင် မန်ဘာမြွေကို လှမ်းယူလိုက်သည်။

ဆုံးဖြတ်ချက် မှားတာပဲ။

ငါမင်းကို သင်ခန်းစာ ပေးခိုင်းတာလေ။ မင်းက စပြီး ပျော်မွေ့နေတာပဲ။

ထို့ခွေးတူဝက်တူအကောင်က လျင်မြန်စွာ အိပ်ပျော်သွားသော မြင်ကွင်းကို ကြည့်နေရင်း ဆုပိုင်က အနက်ရောင် မန်ဘာမြွေကို သူ၏ကျောပိုးအိတ်ထဲသို့ ကောက်ထည့်လိုက်ပြီး ရုံးခန်းထဲသို့ အပြေးဝင်လိုက်သည်။

ယခုအခါ သူသည် ထို့ဖားအဆိပ်ကို ပြီးနေပြီးသားဖြစ်သည်။ ထို့ကြောင့် အကာအကွယ်များ မလိုအပ်တော့ပါပေ။

ထို့ကြောင့် သူသည် ပုလင်းအဖုံးကို ဖွင့်လိုက်ပြီး ထို့အကောင်လေးကို လှမ်းကောက်ယူလိုက်သည်။ ထိုအကောင်လေးက စိတ်ရှုပ်ထွေးသော အကြည့်မျိုးနှင့် ဖြစ်သည်။ ဆုပိုင်က သူ၏လက်ဖြင့် ကျောကုန်းမှ အဆိပ်များကို တစ်ချက် သုတ်လိုက်ပြီးနောက် ရယ်သည်။ ထို့နောက် ထို့ပုလင်းကို သူ့၏အိတ်ထဲသို့ ပြန်လည် ထိုးထည့်လိုက်ကာ ပြန်လျှောက်ခဲ့လိုက်သည်။

…

သူတို့သာ ယခုထွက်မည်ဆိုလျှင် မနက်ဖြန်ဆိုရင် လဲလှယ်သောနေရာ ရောက်သွားနိုင်သည်။

သို့သော် …

သူကသာ တိရစ္ဆာန်များကို ပေးမည်ဆိုလျှင် ထို့လူများက အမှန်တကယ် ယူနိုင်ပြီး ရှင်သန်နိုင်ခြင်း ရှိမရှိကို ကြည့်ရအုန်းပေမည်။

…

နှစ်ရက်ခန့် ကြာပြီးနောက် …

လူသူရှင်းလင်းသော တောင်ကြား။

ဆုပိုင်က ထို့နေရာတွင် တိတ်တဆိတ် ရပ်နေပြီး ကျောပိုးအိတ်တစ်လုံးကို လွယ်ကာ စောင့်နေသည်။

“တီ တီ တီ”

ထိုအခိုက် ဆဲလ်ဖုန်းက မြည်လာသည်။ သူဟာ တစ်ချက်ထုတ်ပြီး ဖြေဆိုလိုက်သည်။ တစ်ဖက်မှ အသက်လတ်ပိုင်း လူတစ်ယောက်၏ တည်ငြိမ်သောအသံက ထွက်လာသည်။

“တောင်ကြားထဲကို ဝင်လာခဲ့။ အဲဒီ ပစ္စည်းတွေကို မြစ်အစွန့်နားမှာ ချထားခဲ့။ အဲဒီနောက် လှည့်ထွက်သွားတော့”

“လူက ဘယ်မှာလဲ။ ဘယ်အချိန် လွှတ်ပေးမှာလဲ”

ဆုပိုင်က သုန်မှုန်သော မျက်နှာဖြင့် မေးသည်။

“ဟား ဟား”

မြစ်တစ်ဖက်ခြမ်း လှေငယ်လေးပေါ်တွင် ပုန်းနေသော အသက်လတ်ပိုင်းအရွယ် လူကြီးက တစ်ချက်လှောင်ပြီး ပြောသည်။

“ငါတို့ ပြန်ပြောမယ်။ မလိုအပ်တဲ့ မေးခွန်းတွေကို မမေးနဲ့။ သုံးမိနစ်အတွင်း အဲဒီ ပစ္စည်းတွေကို မမြင်ရဘူးဆိုရင်တော့ အဲဒီမိန်းမရဲ့အလောင်းကိုပဲ ကောက်ဖို့ စဉ်းထားတာ”

345 03

ထို့သို့ ပြောပြီးနောက် သူဟာ ဖုန်းကို ချသည်။

“ဘယ်လိုလဲ”

ဖုန်းချပြီးသည့်နှင့် အနားမှ လူအများက စိတ်လှုပ်ရှားစွာ မေးကြသည်။

“သူ တကယ်ကို လာတာလား”

အသက်လတ်ပိုင်း လူက တစ်ချက်လှောင်သည်။ ထို့နောက် ခိုင်မာစွာ ပြောသည်။

“မင်းတို့ လက်နက်တွေကို ထုတ်ပြီး စက်လှေကို စနိုးထားလိုက်တော့။ ဒီအနီးအနားမှာ ချောင်းနေတဲ့ တရုတ်လူတွေ ရှိလောက်တယ်။ ဒါပေမဲ့ ငါတို့ ဘယ်လိုနည်းနဲ့မဆို အဲဒီတိရစ္ဆာန်တွေကို ရအောင်ယူရမယ်”

“သူ ယူလာတဲ့ တိရစ္ဆာန်နှစ်ကောင်က ဘာလဲ။ တရုတ်နိုင်ငံက တိရစ္ဆာန်တွေကို ကာကွယ်ထားတာ မဟုတ်ဘူးလား”

“သူတို့က စစ်ပွဲဖြစ်ချင်နေရင် ဘယ်လိုလုပ်မလဲ”

“နောက်ပြီး အဲဒီ မိန်းမက ဘာလဲ”

အသက်လတ်ပိုင်းလူက သုန်မှုန်သောမျက်နှာဖြင့် မြစ်ဖက်ခြမ်းသို့ ကြည့်ပြီး ခက်ထန်သောအကြည့်မျိုးနှင့် ပြောသည်။

“အဲဒီ သောက်ကျိုးနည်း လုပ်ကြံသတ်ဖြတ်တဲ့ အဖွဲ့အစည်းက ငါတို့ကို ဒီနေရာအထိ လာပြီး ကိုယ်တိုင်လုပ်ခိုင်းတယ်။ အဲဒီမိန်းမက အပြည့် ပစ်မှတ်ကိုလည်း မပေးလောက်ဘူး”

“ဒါပေမဲ့ ငါတို့ရဲ့တာဝန်က ပြီးမြောက်သွားပြီ။ အဲဒီမိန်းမ သေသွားရင်တောင်မှ ငါတို့နဲ့မှ မဆိုင်တာ”

“ဒါပေမဲ့ ဒီတရုတ်က ဘာကိုဆိုလိုလဲဆိုတာကို‌တော့ ငါနားမလည်နိုင်ဘူး။ သူတို့က အဲဒီလုပ်ကြံသတ်ဖြတ်တဲ့အဖွဲ့ရဲ့ အသိုက်ကို ရှာမတွေ့ဘူးလား”

“လာပြီ။ လာပြီ”

ရုတ်တရက် လူတစ်ယောက်က အလန့်တကြား အော်သည်။ ထို့နောက် ကျောင်းလွယ်အိတ်လေးကို လွယ်ထားသော လူငယ်လေးတစ်ယောက်က မြစ်နားသို့ လျှောက်လာကြောင်း မြင်လိုက်ရသည်။ သူဟာ ဘေးဘီကို ကြည့်ပြီးနောက် လှည့်ထွက်သွားသည်။

ဗုန်း

စက်လှေက ခပ်မြန်မြန် မောင်းဝင်လာသည်။ လူတစ်ယောက်က ခပ်မြန်မြန် ခုန်ချပြီးနောက် ကျောပိုးအိတ်ကို ကောက်ယူသည်။

“မြန်မြန်”

“ဒီနေရာက ထွက်”

“အားလုံးပဲ အသင့်ပြင်ထား။ တစ်ယောက်ယောက်က လာတားဖို့ ကြိုးစားရင် သတ်လိုက်”

ထို့လူတစ်ဖွဲ့က သေနတ်များကို မြှောက်၍ မြစ်တစ်ဖက်ခြမ်းသို့ ချိန်ကြသည်။

စက်လှေက အဝေးသို့ မောင်းနှင်သွားသည်။

ထို့နောက်

ဆုပိုင်က သစ်ပင်အနောက်ဘက်မှ လျှောက်ထွက်လာပြီးနောက် ထိုစက်လှေအား သုန်မှုန်သော မျက်နှာဖြင့် ကြည့်သည်။

“ဆုပိုင် မင်း တကယ်ပဲ မလိုက်ဘူးလား”

“အခုသွားရင် နောက်မကျသေးဘူး”

နန်ကုန်းယွမ်က ဘေးဘက်တွင် ရပ်နေပြီး ပျောက်ကွယ်သွားသော စက်လှေကို ကြည့်ကာ အံကြိတ်သံဖြင့် ပြောသည်။

“ဒီလူတွေက တိရစ္ဆာန်နှစ်ကောင်ကို ယူသွားခဲ့ရင် အနာဂတ်မှာ ငါတို့အတွက် ခက်ခဲလိမ့်မယ်”

345 04

မူလကမှု သူတို့အားလုံးက ချုံ့ခိုတိုက်ခိုက်ရန် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ထို့နောက် တိရစ္ဆာန်ကို သူတို့၏အသက်ကိုပင် ရင်းကာပြန်ယူရန် စဉ်းစားထားသည်။

ထို့နောက်

လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းကို စောင့်ကြည့်နေသော လူများကလည်း အမိန့်ကို စောင့်နေကြသည်။ တိရစ္ဆာန်ကို လုယူပြီးသည့်နှင့် သူတို့ကလည်း ကျိုးဝမ်ကို သွားကယ်မည် ဖြစ်သည်။

သို့ရာတွင် ဆုပိုင်က ရောက်လာပြီး အားလုံးကို တားသည်။ ထို့သို့ဖြင့် ထို့တိရစ္ဆာန်များအား ထိုလူများကို အပ်လိုက်သည်။

ဟူး

ဆုပိုင်က အချိန်ကိုတစ်ချက် ကြည့်လိုက်သည်။ သုံးမိနစ်က ကျော်လွန်သွားပြီ ဖြစ်သည်။ ထို့နောက် ပြုံးကာ ပြောသည်။

“ခင်များ သင်္ဘောကို လာခိုင်းလို့ရပြီ။ အဲဒီနောက် တိရစ္ဆာန်တွေကို ပြန်သွားယူရအောင်။ နောက်ပြီး အဲဒီ လုပ်ကြံသတ်ဖြတ်တဲ့အဖွဲ့အစည်းရဲ့ အသိုက်ကို သွားမယ်”

“သူတို့က ငါ့ကို သတ်ချင်တာ မဟုတ်လား ဒါဆိုရင်လည်း သူတို့က ဘယ်လိုများ လုပ်နိုင်မလဲလို့ သွားကြည့်ရမှာပေါ့”

“မြန်မြန်”

နန်ကုန်းယွမ်က ဆုပိုင်ကို အော်သည်။ ထို့နောက် စက်လှေများက အရှိန်နှုန်းမြှင့်ကာ လာကြသည်။ ဆုပိုင်က ခုန်တက်ပြီး လူတိုင်းကို အော်ပြောသည်။

“အဲဒီကို ရောက်တဲ့အခါ အမိန့်မရှိဘဲ ဘယ်သူကမှ အောက်ကို မဆင်းရဘူး။ သွားမယ်”

“အဲဒီ တိရစ္ဆာန်နှစ်ကောင်က တကယ်ပဲ အဆိပ်ပြင်းတာလား”

နန်ကုန်းယွမ်က စက်လှေပေါ်တွင် ရပ်ရင်း မသေချာ မရေရာသလို ကြည့်သည်။

“အွန်း”

ဆုပိုင်က ခေါင်းကို လေးလံစွာ ညိတ်ပြီး ခပ်တိုးတိုး ပြောသည်။

“ငါပြောတာထက် အများကြီးပိုတယ်”

“လူသားတွေကသာ ညာဏ်ရည် မမြင့်မားနေခဲ့ရင် ဒီလိုတိရစ္ဆာန်မျိုးကို အလဲမထိုးနိုင်ဘူး။ ဘယ်လို အဆိပ်ရှိတဲ့ သတ္တဝါကမဆို မရေမတွက်နိုင်သော လူပေါင်းများစွာကို သတ်နိုင်တယ်”

“ဒါပေမဲ့ မင်းတို့ ဒီစစ်သားတွေကို ဂရုစိုက် စောင့်ကြည့်ထား။ အဲဒီ စက်လှေပေါ်ကို မတက်စေနဲ့”

“စိတ်အေးအေးထားပါ”

ဆုပိုင်၏ ယုံကြည့်မှုရှိသော စကားများကို ကြားသောအခါ နန်ကုန်းယွမ်က စိတ်အေးသွားသည်။

သူသည် တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်ခဲ့သလို့ ဆုပိုင်ကလည်း ကောင်းကောင်းမွန်မွန် ရှင်းရှင်းလင်းလင်း ပြောသားထားပြီးသား ဖြစ်သည့်တိုင်အောင် ထို့တိရစ္ဆာန်အကောင်လေးနှစ်ကောင်က ထို့မျှအထိ အဆိပ်ရှိမည်ဟု မယုံကြည်နိုင်သေးပေ။

ဒီလူတွေက တိရစ္ဆာန်တွေကို ထိခိုက်အောင် လုပ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဒါက …

သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏မျက်လုံးများက စူးရှလာသည်။

++++++

All Chapters