← Chapters

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

346 01

အခန်း 346

“ရှာတွေ့ပြီ။ အဝေးမှာ”

ထို့အချိန်တွင် စစ်သားတစ်ယောက်က တအံတဩ အော်သည်။ ထို့နောက် လက်ထဲမှ စက်သေနတ်ကို ခပ်မြန်မြန် မြှောက်လိုက်ပြီးနောက် အဝေးရှိ စက်လှေသို့ ချိန်လိုက်သည်။

ထို့နောက် ထို့စက်လှေက အရှေ့သို့ ဆက်မသွားလေဘဲ ရေထဲတွင် မျောနေကြောင်း မြင်လိုက်ရသည်။

ထို့နောက် …

အတွင်းမှ လူတိုင်းကလည်း သေသလား ရှင်သလား မသိရလေပဲ ထိုင်ခုံနေရာတွင် အသီးသီး ထိုင်နေကြသည်။

ဟူး

ဆုပိုင်က အသက်ပြင်းပြင်းရှု၍ လေးနက်သော လေသံနှင့် ပြောသည်။

“အနီးကပ် မောင်းသွား”

ဆုပိုင်က ခပ်မြန်မြန် လှမ်းပြီးနောက် ဆိုးရွားလွန်းသော အနေအထားမျိုးဖြင့် သေသွားသည့် လူများကို ကြည့်သည်။ ထို့နောက် နှုတ်ခမ်းထောင့်ကို တစ်ချက်ယက်သည်။

“ထွက်လာခဲ့”

သူဟာ ခပ်တိုးတိုး ခေါ်သည်။

ကွက်

ရွှေအဆိပ်မြှားဖားက လူတစ်ယောက်ရင်ထဲမှ ခုန်ထွက်လာပြီး ဆုပိုင်ကို နှာမှုတ်သည်။

“အားလုံး ရှင်းပြီးပြီ။ ဒါပေမဲ့ ဒါတွေအားလုံး ငါ့အမှားပါ။ အဲဒီမြွေက တအားနှေးတယ်လေ”

“ပိုးကောင်တွေက ဘယ်မှာလဲ”

ဆုပိုင်က ခေါင်းကို ငုံ၍ သူ၏အိတ်ကပ်ထဲမှ အနက်ရောင် နောက်ချေးပိုးထိုးအကောင်ကို ထုတ်ယူလိုက်သည်။ ထို့သတ္တဝါကို ထိုဖားက ပါးစပ်ထဲသို့ ထည့်ကာ တဖြည်းဖြည်းချင်း ဝါးမျိုးလိုက်သော မြင်ကွင်းကို ကြည့်ပြီးမှသာ အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။

ထို့နောက် သူ၏ဘောင်းဘီခြေထောက်နားတွင် ခွေနေသော အနက်ရောင်မန်ဘာမြွေကို တစ်ချက်ကြည့်ပြီး ဆုပိုင်က တစ်ဖက်သို့လှည့်ကာ ထွက်လာခဲ့လိုက်သည်။

စက်လှေထဲမှ စစ်သားများအားလုံးက တိုက်ပွဲအတွက် အသင့်ပြင်ထားရင်း စောင့်ဆိုင်းနေကြသည်။ သို့သော် ထို့မြင်ကွင်းကို မြင်လိုက်ပြီး အားလုံးက ချွေးစီးများ ပြန်လာကြသည်။

ဒါက တကယ်ကို ဖြေရှင်းပြီးသွားတာလား။

တိရစ္ဆာန်လေး နှစ်ကောင်တည်းနဲ့လေ။ မိနစ်ပိုင်းအတွင်းမှာတင် စက်လှေပေါ်က လူတွေအားလုံးကို ရှင်းလိုက်တာပေါ့။

ဒါက မယုံနိုင်စရာ ကောင်းတာပဲ။

“ဖက်စ့် တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်။ ဒီလူတွေ သေသွားတာကို ကြည့်အုန်း။ သူတို့ရဲ့မျက်လုံးတွေက ပြူးထွက်နေတာ”

“သူတို့ကို ကောင်းကောင်းလေး လုပ်ပေးလိုက်စမ်းပါ။ အဲလူတွေက သူတို့ သေသွားတာက ဒီတိရစ္ဆာန်အကောင်လေး နှစ်ကောင်ကြောင့်ဆိုတာ သိမှာ မဟုတ်ဘူး”

“ဒါပေမဲ့ ဒါရိုက်တာဆုပိုင်က ဘယ်လိုဖြစ်ပြီး အဆင်ပြေနေတာလဲ”

“ပေါက်ကရတွေ ပြောမနေနဲ့။ ဒီတိရစ္ဆာန်တွေအားလုံးကို ဒါရိုက်တာဆုပိုင်ရဲ့ အနောက်က အသင်းက ကယ်ထားတာလေ။ ဒီတော့ သူက အဆင်ပြေရမှာပေါ့”

“…”

ထိုလူများကလည်း ဒါရိုက်တာဆုပိုင်ဟာ ချက်ချင်း ပြန်ဝင်လာတာ မြင်သောအခါ သူတို့အားလုံးက ထိတ်လန့်သွားကြသည်။

“တကယ်ကို အံဩဖို့ ကောင်းတယ်”

နန်ကုန်းယွမ်ကပင် ဆုပိုင်ကို ကြည့်ပြီး သက်ပြင်းချသည်။

ထို့ကဲ့သို့သော တိရစ္ဆာန်မျိုးကိုသာ ကောင်းကင်ပြာတိရစ္ဆာန်ရုံမှ အကောင်များနှင့် ပေါင်းထားလိုက်မည်ဆိုလျှင် ဘယ်သူကမှ ကောင်းကင်ပြာတိရစ္ဆာန်ရုံကို သွားမရှုပ်ရဲတော့မည် မဟုတ်ပေ။

ဒါက ထရိုင်နိုဆောရပ်စ့်လို ကြောက်စရာကောင်းတဲ့ သားရဲပုံစံမျိုးလည်း မဟုတ်ဘူး။ အနည်းဆုံး ထရိုင်နိုဆောရပ်စ့်ဆီမှာဆိုရင် ထွက်ပြေးနိုင်အုန်းမယ်။

346 02

ဒါပေမဲ့ ဒီအကောင်လေးတွေက တအားသေးတယ်။ ဒါပေမဲ့ သဘာဝရဲ့ လုပ်ကြံသတ်ဖြတ်သူတွေ ဖြစ်နေတယ်။ တစ်ချက်တည်းနဲ့တင် လူပေါင်းများစွာကို သတ်ဖြတ်နိုင်တာပဲ။

ထို့အကြောင်းကို တွေးမိသော နန်ကုန်းယွမ်က သူဟာ ကံကောင်းလွန်းသလို့ ခံစားလိုက်ရသည်။

ကံကောင်းသည့်မှာ ဆုပိုင်ဟာ တရုတ်လူမျိုး ဖြစ်နေသည်။ ထို့အပြင် တရုတ်လူမျိုးများကလည်း တိရစ္ဆာန်များကို ကာကွယ်ရန် လက်ခံထားပြီးသား ဖြစ်နေသည်။

သို့မဟုတ်လျှင် …

အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ်သွားပြီးနောက် ထို့အဆိပ်များကတင် လူသားမျိုးနွယ်ကြီးတစ်ခုလုံးကို ရှင်းပစ်နိုင်လေသည်။

“ဒါရိုက်တာ နန်ကုန်း။ လျို့ကျန်းကို ငါတို့မရောက်ခင်အထိ မလှုပ်နဲ့လို့ အကြောင်းကြားလိုက်”

ဆုပိုင်က သူ၏လက်မောင်းမှ အနက်ရောင် မန်ဘာမြွေကို အသာရစ်ပတ်စေရင်း ခေါင်းလှည့်ကာ ခပ်တိုးတိုးပြောသည်။

“ကောင်းပြီ”

“သွားမယ်”

နန်ကုန်းယွမ်က လက်ကို ရမ်းသည်။ ချက်ချင်းဆိုသပင် စက်လှေပေါင်းများစွာက အဝေးရှိ ကမ်းစပ်သို့စတင်ကာ မောင်းနှင်သွားလေသည်။

မရေမတွက်နိုင်သော အလောင်းများပြည့်နေသည့် စက်လှေကို မည်သူကမှ ထည့်ပြောြခင်း မရှိကြတော့ပေ။

ဒီလူတွေက သူတို့ကို လာပြီး ငွေညှစ်ရဲတယ်။ ကိုယ့််ထိုက်နဲ့ ကိုယ့်ကံပဲ သေပေါ့။

သူတို့ဟာ တရုတ်နိုင်ငံမှ နောက်ဆုံးပေါ် အဆိပ်ရှိ သတ္တဝါ၏ လက်ထဲတွင် သေဆုံးသွားခဲ့ရခြင်း ဖြစ်နေသည်။ ထို့ကြောင့် နောက်ဆုံး သူတို့၏ ခန္ဓာကိုယ်များက အကောင်းတိုင်း ကျန်သည့်အတွက် ကံကောင်းသည်ဟု တွေးသင့်ကြလေသည်။

ကောင်းကင်ပြာတိရစ္ဆာန်ရုံမှ အခြားသော တိရစ္ဆာန်များကသာ လှုပ်ရှားပါက သူတို့အတွက် အခွင့်အရေးပင် ရနိုင်မည် မဟုတ်ပေ။

…

လျို့ကျန်းက အသင်းဝင်များ၏ အရှေ့တွင် ရပ်ရင်း လေးနက်သော လေသံနှင့် ပြောသည်။

“အခုချက်ချင်း လှုပ်ရှားမယ်”

“တစ်ဖွဲ့က အဆောက်အဦးရဲ့ ဝင်ပေါက်ကို စောင့်။ ကျန်တဲ့လူတွေကို မထွက်စေနဲ့”

“အဖွဲ့နှစ်က အရှေ့ဘက်ကနေ ကုန်းတက်ပြီး အိမ်ထဲက လူတိုင်းကို သုတ်သင်ဖို့ လုပ်ရမယ်”

“အဖွဲ့သုံးက ငါတို့နောက်ကို လိုက်ပြီး မျဉ်းအောက်ဘက်ကို တစ်ဖြောင့်တည်း ဝင်မယ်။ ငါတို့တွေလည်း ဓားစားခံက မြေအောက်ခန်းမှာဆိုတာကို သိပြီးပြီပဲ”

“အားလုံးပဲ”

“ကျည်ဆံတွေကို အသင့်ပြင်ထား။ မောင်းကိုလည်း တင်ထားကြ။ ငါတို့ ဒီပြဿနာကို အင်အားသုံး ဖြေရှင်းဖို့ မလိုအပ်ဘူးဆိုရင် အလွယ်တကူ မပစ်နဲ့”

“နောက်ဆုံး တစ်ခေါက် ထပ်ပြောမယ်”

ထို့သို့ပြောပြီးနောက် လျို့ကျန်း၏ မျက်နှာက အလွန်ပင် လေးနက်လာသည်။

“ဒီလူတွေက အရမ်းကို ရက်စက်လွန်းတဲ့ လုပ်ကြံသတ်ဖြတ်သူတွေ။ သူတို့ရဲ့ တုံ့ပြန်တဲ့ အရှိန်နှုန်းက ကြောက်စရာကောင်းလောက်အောင် မြန်တယ်။ ငါတို့က တရုတ်နိုင်ငံ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေ။ ငါတို့က စစ်ဆေးမှု တစ်ခုပြီးတစ်ခုကို ကျော်ဖြတ်ခဲ့ပြီးကြတဲ့ လူတွေ”

“ဒီတော့ ဘယ်လို ဆုံးရှံးမှုကိုမှ ဖြစ်ခွင့်ပြုလို့ မရဘူး”

“မင်းတို့ ရှင်းရှင်းလင်းလင်း ကြားကြလား”

346 03

အော်သံတစ်ချက်နှင့်အတူ လျို့ကျန်းက လက်ကို မြှောက်၍ အရှေ့ကို ပြန်ဆန့်သည်။ ထို့နောက် လေးလံစွာ ခေါင်းငြိမ့်၍ လက်ကို ရမ်းရန် ပြင်လိုက်သည်။

ရုတ်တရက် ထို့လူများအားလုံးက တစ္ဆေများအလား အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။

“သွားရအောင်”

ဆုပိုင်က လောင်ကျိုုးကို တစ်ချက်ကြည့်၍ သူ၏နှုတ်ခမ်းကို သပ်သည်။ ထို့နောက် သူ၏မျက်ဝန်းက တောက်ပလာကာ အရှေ့သို့ အပြေးထွက်လာလိုက်သည်။

“ဘယ်လိုလဲ”

“ပုံမှန် မဟုတ်တာ ရှိသေးလား”

ဝတ်စုံအပြည့် ဝတ်ထားသော ကတုံးနှင့် လူက အဆောက်အဦးအပြင်ဘက်သို့ ထွက်လာပြီး စီးကရက်ကို ထုတ်ကာ ဘေးဘက်မှ လူများကို ကြည့်ပြီး မေးသည်။

“ဒီနေ့က လဲလှယ်တဲ့နေ့လေ။ အားလုံးက ဝမ်းသာအားရ ဖြစ်နေကြတယ်။ တရုတ်နိုင်ငံက ငါတို့တွေ ဓားစားခံကို မထုတ်ပေးမှန်း သိသွားခဲ့ရင် သေချာပေါက်လာပြီး တိုက်ခိုက်မှာပဲ”

“ဒီတော့ သူတို့တွေကို အဆောက်အဦးထဲကို ဝင်ခွင့်ပြုလို့ မရဘူး”

ကလစ်

အနီးတွင်ရှိသော လက်အောက်ငယ်သားတစ်ယောက်က မီးခြစ်ကို ထုတ်ပြီး သူ့အတွက် မီးညှိပေးသည်။ ထို့နောက် ရယ်ကာ ပြောသည်။

“ခေါင်းဆောင်က ဒီအခြေအနေကို မျှော်လင့်ထားပြီးသား ငါတို့တွေ ဒီလောက်အများကြီး ဝင်ပေါက်မှာ စောင့်ကြပ်နေတာ ဘယ်သူက ဝင်တိုးရဲမှာလဲ”

“နောက်ပြီး အဆောက်အဦးထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေ အများကြီးပဲ”

“ဟေ့ သူဌေး တရုတ်တွေကသာ အထဲကို ပြေးဝင်ပြီး အဲဒီလူအုပ်နဲ့အတူ အသတ်ခံလိုက်ရရင် ဘယ်လိုနေမလဲ”

ဖြန်း

ထို့လူကြီးက အရှေ့မှလူကို ဖြောင်းကနဲ့ ရိုက်ပြီး အော်သည်။

“မင်းက အသက်ရှင်ရတာ ပင်ပန်းနေပြီလို့ ငါထင်တယ်။ မင်းက စကားတော် တော်များတာပဲ”

“ငါတို့တွေ ခေါင်းဆောင်ရဲ့အတွေးကို ခန့်မှန်းလို့ မရဘူး”

“ကောင်းကောင်း ကင်းလှည့်နေ”

ကတုံးနှင့်လူက မီးခိုးများကို မှုတ်ထုတ်ပြီးနောက် စီးကရက်ကို မြေပြင်ပေါ်သို့ ပြန်ပစ်ချကာ ချေမွလိုက်သည်။ ထို့နောက် အဆောက်အဦးထဲသို့ ပြန်ဝင်သွားသည်။

ဟေ့ ဟေ့

ရုတ်တရက် သူ၏ခေါင်းအထက်မှ ထူးဆန်းသော နှာမှုတ်သံလို အသံမျိုးကို ကြားရသည်။ သူဟာ မော့ကြည့်လိုက်၏။

သိပ်သည်းသော သစ်ရွက်များအကြားတွင် အနီရင့်ရောင် မျက်ဝန်းတစ်စုံက အလင်းရောင်များနှင့် တောက်ပနေပြီး သူ၏အရှေ့တွင် သွေးလန်းသော ပါးစပ်ကြီးကို ဟလိုက်သည်။

ခရက်စ့်

အနက်ရောင် မန်ဘာမြွေက ထို့လူ၏လည်ပင်းကို ကိုက်လိုက်ပြီးနောက် ခေါင်းပတ်ပတ်လည်မှ ကိုယ်ကြီးတစ်ခုလုံးကို ရစ်ပတ်ပစ်လိုက်သည်။

ကျွတ် ကျွတ် ကျွတ်

အနောက်ဘက်မှ ကင်းလှည့်နေသော လူတိုင်းကလည်း ထိုထူးဆန်းသောအသံများကို ကြားရသဖြင့် လှည့်ကြည့်ကြသည်။

ထို့အခါ ထူးဆန်းသော သတ္တဝါတစ်ကောင်က ကတုံးနှင့် လူ၏ခေါင်းကို ရစ်ပတ်ပြီးနောက် ထို့လူဟာ နေရာတွင်ပင် တောင့်ခဲနေကြောင်း မြင်လိုက်ရသည်။

346 04

ဖူး

ထိုအချိန်တွင် သူ၏လည်ဇလုတ်ထဲသို့ ဓားမြှောင်တစ်ချောင်းက ဝင်ရောက်သွားသည်။

ဖူး

အေးစက်သော လေက လွင့်လာသည်။ သွေးများက ပန်းလာသည်။

“ကင်းလှည့်တဲ့အဖွဲ့တွေအားလုံးကို ကိုင်တွယ်ပြီးပြီ”

“အဖွဲ့နှစ် အဆင်သင့်ပြင်ထား။ လှေကားတွေပေါ်ကို တက်ကြမယ်”

လျို့ကျန်းက တစ်ချက်အော်၍ အကြောင်းကြားပြီးသည့်နှင့် အရှေ့မှ ကတုံးနှင့်လူ၏ခန္ဓာကိုယ်ကို ကြောက်လန့်တကြား ကြည့်သည်။ ထို့နောက် သူသည်လည်း သူ၏စက်သေနတ်ကို ထုတ်ကာ အဆောက်အဦးထဲသို့ ဝင်သွားလိုက်သည်။

ထိုအချိန်တွင်

အဆောက်အဦးတစ်ခုလုံးတွင် မရေမတွက်နိုင်သော ပြတင်းပေါက်များက ဖွင့်နေသည်။

ဒက် ဒက် ဒက် ဒက် ဒက် ဒက် ဒက် ဒက် …..

စက်သေနတ်အသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေသည်။ လူပေါင်းများစွာက သေဆုံးကြသည်။

တရုတ်လူမျိုး စစ်သည်တော်များက အခန်းများထဲမှ အပြေးထွက်၍ ထိပ်ဆုံးထပ် တစ်ထပ်လုံးကို ရှင်းလင်းပစ်လိုက်သည်။

ဘန်း

ဆုပိုင်က မြေပြင်မှ အနက်ရောင် မန်ဘာမြွေကို ကောက်ယူလိုက်ပြီးနောက် တံခါးကို ဖွင့်ကာ မြေအောက်ခန်းထဲသို့ ဝင်သည်။

ထို့နောက် တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။

“ဒါရိုက်တာဆုပိုင် သတိထား”

“တစ်ခုခု မှားနေပြီ။ အပေါ်ထပ်က လူတွေကို ရှင်းလင်းပြီးသား။ အောက်ထပ် တစ်ထပ် လူတွေကလွဲပြီး ဗီဒီယိုထဲက ဘယ်သူကမှ ရှိမနေဘူး”

လျို့ကျန်းက အပြေးအလွှား ရောက်လာပြီးနောက် လေသံတိုးတိုးနှင့်ပြောသည်။

“သူတို့တွေ ပြင်ဆင် ထားပြီးသားဖြစ်မယ်”

လောင်ကျိုးကလည်း တစ်ချက် အော်သည်။ ထို့နောက် အရှေ့မှ တံခါးကို ပြန်ကြည့်သည်။

ဘန်း

ဆုပိုင်က အံကိုကြိတ်၍ သူ့ကို ကန်လိုက်သည်။

သံမဏိဂိတ်ကြီးကလည်း ပြိုကျသွားသည်။ လူပေါင်းများစွာက အပြေးအလွှား ဝင်သွားကြသည်။

“ကျိုးဝမ်”

တစ်ချက်ကြည့်လိုက်ရုံဖြင့် လေထဲတွင် တွဲလောင်းအဆွဲခံထားရသော လူကို မြင်လိုက်ရသည်။

“အနားကို မလာနဲ့”

ဆုပိုင်တို့က အပြေးလာနေကြောင်း မြင်သောအခါ ကျိုးဝမ်က စူးရှသော လေသံဖြင့် အော်သည်။

“အနောက်ဆုတ်”

“ဒီမှာ ဒီမှာ ဗုံးကို ချည်ထားတယ်။ ကျေးဇူးပြုပြီး နောက်ဆုတ်ကြပါ”

“အနားကို မလာနဲ့ ထွက်သွား”

346 05

ထိုအခါမှသာ ဆုပိုင်သည်လည်း ကျိုးဝမ်၏ ဝမ်းဗိုက်နားတွင် နီရဲစွာ တောက်ပနေသည့် အလင်းကို မြင်လိုက်ရပြီး ပင်သက်ရှိုက်လိုက်သည်။

“မင်းတို့တွေ နောက်ဆုတ်ကြ။ ငါသွားပြီး ကြည့်လိုက်မယ်”

တစ်ခဏခန့် ရပ်တန့်ပြီးသည့်နှင့် သူဟာ တည်ငြိမ်သော ခြေလှမ်းများဖြင့် အ‌ရှေ့သို့ လျှောက်သွားလိုက်သည်။

“အို့ ဘာလို့လဲ”

“မြန်မြန်လေး ဆယ်မိနစ်ပဲ ကျန်တော့တာ ပေါက်ကွဲသွားရင် နင်တို့ပါ သေလိမ့်မယ်”

“ငါ့အတွက်နဲ့ မတန်ပါဘူး။ သွားကြပါ”

ကျိုးဝမ်က သူမ၏အရှေ့မှ သူမထံ တစ်လှမ်းချင်းစီ လာနေသော သူကို ကြည့်ပြီး ရုတ်တရက် ထငိုသည်။

သူမသည် ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်သည့်အထိ စားစရာပင်ဖြစ်စေ လက်နက်အတွက်ပင်ဖြစ်စေ အရာအားလုံးအတွက် တိုက်ခိုက်ပြီး နေထိုင်နေခဲ့ရသည်။ ကျရှူံးသွားသည့်နှင့် သေဆုံးခြင်းကလည်း စောင့်ကြိုနေပေလိမ့်မည်။

ထို့အပြင် မိသားစုကဲ့သို့ ဆက်ဆံရမည့် ဘယ်သူကမှလည်း မရှိခဲ့ဖူးပေ။ ကျိုးဝမ်သည်လည်း သူမ၏အရှေ့မှ ဆုပိုင်ဟုခေါ်သော သူက သူမကို လာကယ်လိမ့်မည်ဟု မထင်မိပေ။

သူမသည်လည်း ဒီအဖွဲ့အစည်း၏အင်အားကို ကောင်းကောင်း သိသည်။

ထို့အဖွဲ့မှ လူများက အလွန်ပင် ရက်စက်ကြသည်။ သူတို့ကသာ ကြီးမားသော တန်ကြေးကို မပေးထားလျှင် ဒီနေရာသို့ အပြေးအလွှား လာလိမ့်မည် မဟုတ်ပေ။

ထို့အပြင် သူမ၏ကိုယ်ပေါ်တွင် ဗုံးတစ်လုံးကို တပ်ထားသေးသည်။

ရှုး

ဆုပိုင်က သူ၏လက်ညှိုးဖြင့် သူမရဲ့နှုတ်ခမ်းနားကပ်၍ ကိုယ်ပေါ်မှ ဒဏ်ရာများကို တစ်ချက်ကြည့်ပြီး ရင်နာလာသည်။

သူမရဲ့လက်ဆယ်ချောင်းလုံးမှာ အလွန်ရှည်လျားသော လက်သည်းများကို ဆွဲနှုတ်ခံလိုက်ရသည်။ ထိုမိန်းကလေးက မည်မျှသော နာကျင်မှုများကို တောင့်ခံထားကြောင်း စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်သည်။

ယခုလို လူမဆန်သည့် နှိပ့်စက်မှုများနှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် လက်မလျော့ခဲ့ပါပေ။

“ထွက်သွား ဒီဗုံးက အရမ်း ရှုပ်ထွေးတယ်။ ဒါကို ဖြုတ်ဖို့ မလွယ်ဘူး”

“ကျေးဇူးပြုပြီး ငါ့ကို လက်လျော့လိုက်ပါတော့”

“ငါ နောက်ဘဝမှာ ကောင်းကင်ပြာတိရစ္ဆာန်ရုံကို ဝင်မှာပါ။ ဝူး ဒါရိုက်တာဆုပိုင် ကျေးဇူးပြုပြီး ငါ့ကို လက်လျော့လိုက်ပါ။ ငါ့ကို လက်လျော့လိုက်ပါ”

“တိတ်တိတ်နေ”

ဆုပိုင်က သူမ၏ဝမ်းဗိုက်နားမှ ဗုံးကို ငုံကြည့်ပြီးနောက် နှုတ်ခမ်းထောင့်ကို တစ်ချက်သပ်ကာ ပြောသည်။

“ငါ မင်းကို ကောင်းကင်ပြာတိရစ္ဆာန်ရုံကို ဝင်ဖို့ ပြောထားပြီးသား။ မင်းလည်း အခြားလူတွေလိုပဲ ငါရဲ့မိသားစုဝင်ဖြစ်နေပြီ”

“ဘယ်လိုနည်းနဲ့မဆို ငါတို့ မင်းကိုလည်း ကယ်မှာ”

“ဝူး ဝူး ဝူး”

ကျိုးဝမ်က အော်ငိုသည်။ အနောက်မှ လူများကလည်း အလွန်ပင် ခံစားသွားရသည်။ သူတို့သည် စစ်သားများဖြစ်သည်။ ထို့ကြောင့် သေခြင်း၊ ရှင်ခြင်း အခြေအနေကို ခံစားတတ်လေသည်။

အားလုံး၏ မျက်လုံးက အနည်းငယ်နီလာသည်။

“ဒါရိုက်တာဆုပိုင် ငါတို့အသင်းထဲမှာ ဒီလို ဗုံးဖြုတ်တဲ့ နည်းပညာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ သူမျိုး မရှိဘူးဆိုတော့ တိုင်းပြည်ကို အရေးပေါ်ဆက်သွယ်ဖို့ လိုအပ်တယ်”

“တကယ်လို့ အခြားနည်းလမ်း မရှိတော့ဘူးဆိုရင်”

“ငါ ဒီဗုံးနဲ့ နေခဲ့ပါ့မယ်”

လျို့ကျန်းက အသက်ကို ပြင်းပြင်းရှ၍ အရှေ့သို့ တက်လာကာ လေးနက်သော လေသံနှင့် ပြောသည်။

“ငါ လာမယ်”

“အသင်းခေါင်းဆောင်၊ ဒါရိုက်တာဆုပိုင် ငါ့ကို လုပ်ခိုင်းစမ်းပါ။ ငါ့အိမ်မှာ အစ်ကိုကြီးတစ်ယောက် ရှိသေးတယ်။ ဒီတော့ ငါက အသင့်တော်ဆုံးပဲ”

“မတိုက်ခိုက်နဲ့ ငါနေခဲ့မယ်”

လောင်ကျိုးက အင်္ကျီလက်ကို မြှောက်တင်၍ မျက်လုံးပြူးကာ အော်လိုက်သည်။

******

347 01

အပိုင်း 347

“လောင်ကျိုး မြန်မြန်ထ”

“မြန်မြန်”

“အရမ်း နောက်ကျနေပြီ။ ယာဉ်မောင်းက အောက်မှာ အသင့်စောင့်နေတယ်။ မင်း အဲဒီကို သုံးမိနစ်အတွင်း သွားရမယ်”

အသက် ၈၀ ပင် ဖြစ်နေသည့် လူအိုကြီး ကျိုးက အထက်မှ အမိန့်ကို ရသောအခါ အိပ်ရာပေါ်တွင် လဲအိပ်ပြီးခါစ ဖြစ်သည်။

“ဘာဖြစ်လို့လဲ”

သူ၏ဇနီးကလည်း ဘေးဘက်မှ ထလာသည်။ သူမ၏စာဖတ်မျက်မှန်ကိုပင် ထတပ်ပြီး အထွ့န်တက်လာသည်။

“ရှင်က အခုအနားယူပြီးသွားပြီနော်။ ဒီလူတွေက ဘာဖြစ်တာလဲ”

“ရှင်က အသက် ၈၀ တောင် ဖြစ်နေပြီ။ လူငယ်လေးလည်း မဟုတ်တော့ဘူးလေ။ အချိန်က ဒီလောက် နောက်ကျနေတာ သုံးမိနစ်အတွင်း ဟုတ်လား”

“တကယ်ကို”

သူမက ထို့သို့ အထွန့်တက်နေသည့်တိုင်အောင် ထို့အဘိုးကြီး၏ဇနီးကလည်း အိပ်ရာထဲမှ အလျင်စလို ထွက်ပြီး အဘိုးကြီးကျိုး အပြင်ဘက်သို့ ထွက်ရန် လိုအပ်သည်များကို ပြင်ဆင်ပေးသည်။

“အိုး မင်းက အကောင်းဆုံးပဲ”

ဇနီးဖြစ်သူ၏ အလုပ်များနေသည့် ပုံစံကို မြင်သောအခါ အဘိုးကျိုးက သက်ပြင်းချသည်။

ဒါဟာ ငယ်ချိန်ကတည်းက စတင်ခဲ့သည်။ တိုင်းပြည်မှ ဗုံးဖယ်ရှား ရှင်းလင်းရေးနှင့် ဗုံးဖြုတ်ခြင်းကျွမ်းကျင်ပညာရှင်အချို့ထဲမှ တစ်ယောက်ဖြစ်သည့်အလျှောက် အဘိုးကြီးကျိုးဟာ ယခုလိုမျိုး သူ၏အငြိမ်းစားဘဝကို ရှင်သန်နေထိုင်နေရသည်။

အကြိမ်ပေါင်းများစွာလိုလို သူတို့၏ညသန်းခေါင်အချိန်တိုင်းလိုလို အထက်မှ အမိန့်များကို ရရှိတတ်သည်။ သူသည်လည်း အိပ်ရာပေါ်မှ အလျင်စလို ထပြီး တာဝန်ကို သွားရောက် ထမ်းဆောင်ရပြန်သည်။

ထို့နောက် …

ယခုလိုမျိုး ဗုံးဖြုတ်သည့် ကိစ္စတွင် ကြိုးတစ်ချောင်း ချင်းစီတိုင်းက ရှင်သန်ခြင်း သေဆုံးခြင်းပေါ်တွင် မူတည်နေသည်။ မရေမတွက်နိုင်သော လူပေါင်းများစွာရဲ့အသက်နှင့်လည်း ဆက်စပ်နေသေးသည်။

“ကောင်းပြီ။ မြန်မြန်လေး လုပ်။ ရှင်နဲ့အတူ အိတ်ယူသွားလိုက်အုန်း။ လမ်းမှာ သတိထားအုန်း”

“ငါနင်ပြန်လာတာကို စောင့်နေမယ်”

သူ၏ဇနီးက သူ့အား ခပ်ထူထူ မာလာတစ်ထည်ကို ပေးရင်း ပြောသည်။

“အရမ်းကြီးလည်း ကြိုးစားမနေနဲ့။ လူငယ်တွေကို အခွင့်အရေးနည်းနည်း ပိုပေးလိုက်။ ရှင်တော့ အိုနေပြီ။ နောက်ပြီး နှလုံးရောဂါလည်း ရှိသေးတယ်။ အရမ်း စိတ်မလှုပ်ရှားနဲ့အုန်း”

“နားလည်လား”

“ဟုတ်ပြီ။ ဟုတ်ပြီ။ ငါ သိပါပြီ။ မင်း ငါ့ကို စောင့်မနေနဲ့တော့ စောစော အိပ်ရာဝင်တော့”

အဘိုးကြီး ကျိုးက လက်ကို ရမ်းပြီးနောက် အခန်းထဲမှ ထွက်သွားသည်။

ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ရင်း သူ၏ဇနီးဖြစ်သူက သက်ပြင်းချသည်။

တစ်ဘဝလုံး

သို့သော် သူမသည်လည်း အဘိုးကြီးကျိုးက ဒီတိုင်းပြည်ကို တာဝန် ထမ်းဆောင်ရန် အလိုဌာ ထို့စွမ်းရည်များကို လေ့လာခဲ့ကြောင်း နားလည်လေသည်။ ထို့နောက် သူသည်လည်း အောင်မြင်ခဲ့သည်။

347 02

ယခင်က သူ့ကို ရွေးချယ်ခဲ့သည်မှာလည်း သူ၏တစ်ကိုယ်ကောင်းမဆန်တတ်သော စိတ်ကို သဘောကျသွားခြင်း ဖြစ်သည်။

သူမဟာ ပြတင်းပေါက်နားတွင် ရပ်၍ တဖြည်းဖြည်းချင်းစီ ပျောက်ကွယ်သွားသော အနက်ရောင်ကားကို ကြည့်နေပြီးနောက် သူ့ဘက်သို့ လက်ရမ်းနှုတ်ဆက်ပြကာ အခန်းထဲသို့ ပြန်ဝင်လိုက်သည်။

ကားထဲတွင်

“ဘာဖြစ်တာလဲ”

အဘိုးကြီး ကျိုးက ဝင်လာသည့်နှင့် ချက်ချင်း မေးသည်။

“ဘယ်နေရာမှာ ဗုံးက ပေါ်လာပြန်ပြီလဲ။ အနားက လူတွေ ဘယ်လိုနေလဲ”

“လူတွေ ရှင်းထုတ်ပြီးပြီလား”

“ပါမောက္ခ ကျိုး”

ယာဉ်မောင်းက အရှိန်ကို တအားကုန် မြှင့်လိုက်ပြီး လမ်းများ တောက်လျှောက် သွားလာကာ အနီရောင်မီးများ တစ်ခုပြီးတစ်ခု ကျော်ခဲ့သည်။

“ဒီလိုပါ။ ငါတို့ ခင်ဗျားကို ဗုံးဖြုတ်တဲ့ ဖြစ်စဉ်တောက်လျှောက် ပြောပြပေးစေချင်လို့ပါ”

“အခု ငါးမိနစ်နီးပါး ဖြစ်နေပြီ ဗုံးက နောက်ဆုံး ဆယ်မိနစ်အထိ သတ်မှတ်ထားတာ”

“နောက်ပြီး အဲဒီလူက အရမ်းအရေးကြီးတယ်”

ထို့စကားကို ကြားပြီးနောက် အဘိုး ကျိုးက မျက်မှောင် အသာကြုတ်ပြီး တိတ်ဆိတ်သွားသည်။

“ကောင်းကင်ပြာတိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာဆုပိုင်ပဲ”

“ဒါကြောင့် ဒါရိုက်တာ ယုံလုံက ဒီဗုံးကို ဘယ်လိုနည်းနဲ့ မဆို အောင်အောင်မြင်မြင်နဲ့ ဖြုတ်ရမယ်ဆိုပြီး သေမိန့်ထုတ်ထားတယ်”

“ဘယ်လိုနည်းလမ်းနဲ့မဆိုပေါ့”

ယာဉ်မောင်း၏ပုံပြင်ကို နားထောင်ပြီးနောက် အဘိုးကြီးကျိုး၏ အမူအရာက အနည်းငယ် တန့်သွားသည်။

သူသည်လည်း ထို့လူငယ်အကြောင်း ကြားဖူးသည်။ ထို့ကြောင့် တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်များကို ကယ်ဆယ်သည့် ဖြစ်ရပ်ဟာ မည်မျှ အရေးကြီးကြောင်း နားလည်နေလေသည်။

သူတို့၏ဌာနမှ မှတ်တမ်းများအရ ဖောက်ခွဲရေးခွေးဆိုသော တိရစ္ဆာန်တစ်ကောင် ရှိခဲ့ဖူးသည်။ ထို့တိရစ္ဆာန်က အသက်ပေါင်းများစွာကို အချိန်မရွေး ကယ်တင်နိုင်လေသည်။

ဒေတာများအရ ဖြစ်စဉ်အများစုတွင် လေ့ကျင့်ပေးထားသော တိရစ္ဆာန်များက အချိန်မရွေး ပေါက်ကွဲနိုင်သည့် ဗုံးများကို ရှာဖွေ့ရန် နောက်တန်းတွင် ကြိုးစား လုပ်ဆောင်ပေးကြောင်း မြင်တွေ့နေကြ ဖြစ်သည်။

ထို့ကြောင့် လူအိုကြီးကျိုးဟာ ထိုအကြောင်းအရာများကို ဖတ်လေလေ မျက်ရည်များကျမတတ် ခံစားရလေလေ ဖြစ်သည်။ ဒါဟာ လူသားများအတွက် ယုံကြည်သက်ဝင်နေရန် ထိုက်တန်သော အပေါင်းအဖော် တစ်ယောက် ဖြစ်သည်။ သို့သော် အလုံးအရင်းနဲ့ မျိုးတုန်းပျောက်ကွယ်မှုက တိရစ္ဆာန်များအားလုံးကို သေဆုံးသွားစေခဲ့သည်။

အချိန်တန်ကြာအောင် စူးစမ်းရှာဖွေ့ပြီးနောက်တွင် သူတို့၏ဖောက်ခွဲရေးဌာနက လူ့အသက်ပေါင်းများစွာကို တစ်သုတ်ပြီး တစ်သုတ် ဖျက်စီးနိုင်သည့် ထိုဗုံးများကို ဆက်လက်ပြီး ရှာဖွေနေခဲ့သည်။

အကယ်၍ သူတို့ကသာ ထို့ကဲ့သို့သော တိရစ္ဆာန်မျိုးရိုးကို ရရှိမည်ဆိုလျှင် သူတို့၏ဆုံးရှုူံးနစ်နာမှုများက တစ်ဝက်ခန့်အထိ လျော့ကျသွားနိုင်သည်။

“ဟစ်”

အဘိုးကြီး ကျိုးက အသက်ကို ပြင်းပြင်ရှုပြီး အရှေ့မှ ထိုင်ခုံအချက်ဘုတ်အား လေးနက်သော လေသံနှင့် ပြောသည်။

“မြန်မြန်မောင်း”

347 03

“ကောင်းပြီ”

ယာဉ်မောင်းက တည်ငြိမ်စွာ တုံ့ပြန်ပြီး အရှိန်နှုန်းကို အမြှင့်ဆုံး မြှင့်တက်ပြန်သည်။

“မလာသေးဘူးလား”

ယုံလုံက အမိန့်ပေးစင်တာတွင် နေပြီး အရှေ့မှ ဖန်သားပြင်ကြီးကို ကြည့်ကာ အော်သည်။

“လာနေပြီ”

“ပါမောက္ခကျိုး ရောက်လာပြီ”

“လမ်းဖယ် လမ်းဖယ်”

ထို့အချိန်တွင် တံခါးဝမှ လူတစ်အုပ် ဝင်လာသည်။ ယုံလုံက အရှေ့မှ အဘိုးကြီးကို ကြည့်လိုက်ပြီး သူ၏လက်ကို အလျင်စလို ကိုင်၍ လေးနက်သော လေသံနှင့် ပြောသည်။

“ပါမောက္ခကျိုး ခင်ဗျားက တိုင်းပြည်က ထိပ်တန်းအဆင့် ဗုံးဖြုတ်ပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင် တစ်ယောက်ပဲ။ ငါ ခင်ဗျားနဲ့ပဲ လွှဲထားတော့မယ်”

“ကောင်းပြီ”

လောင်ကျိုးက ခေါင်းညိတ်သည်။ ထို့နောက် သူ၏ မျက်မှန်ကို ထုတ်ကာ ကောက်ဝတ်လိုက်ပြီးနောက်တွင် ဖန်သားပြင်မှ ဗုံးကို ကြည့်သည်။

“ကင်မရာကို အနောက်ဘက်က ပိုးမျှင်ကိုပြ ငါကြည့်မယ်”

ဖန်သားပြင်အနောက်မှ ဆုပိုင်က ချက်ချင်းဆိုသလိုပင် မြေပြင်တွင် ဒူးထောက်လိုက်ကာ ထို့ လေးထောင့် ပုံသဏ္ဌာန် ဗုံးနေရာတစ်ခုလုံးကို ပြသည်။

သူဟာ ဂရုစိုက် ကြည့်ပြီးနောက် အချို့သော ပိုးမျှင် ဆယ်ခုကျော်ကိုပင် ဘေးသို့ဖယ်လိုက်ပြီးနောက် ဖန်သားတစ်ဖက်ခြမ်းမှ လူအိုကြီးကို စိုးရိမ်တကြီး ကြည့်သည်။

အဘိုးကြီး ကျိုးက အသက်ကို ပြင်းပြင်းရှု၍ နှုတ်ခမ်းကို ကိုက်သည်။

“အဝါရောင်တစ်ခုကို ဖြတ်”

“မြန်မြန်လုပ်”

ထို့စကားကို ကြားပြီးနောက် ဆုပိုင်က လက်မောင်းထဲတွင် ညှပ်ထားသော ကတ်ကြေးတစ်လက်ကို ထုတ်၍ ကျိုးဝမ်ကို ကြည့်သည်။ ထို့နောက် ကတ်ကြေးကို ဖြည်းဖြည်းချင်းစီ ဖွင့်လိုက်သည်။

“လုပ်လိုက်ပါ”

“ခင်ဗျား ကျေးဇူးပြုပြီး အဲလောက်အထိ မရင်းနှီးပါနှင့်”

“နင် သွားပါတော့”

ကျိုးဝမ်က တောင်းပန်လုနီးပါး ဖြစ်နေသည်။

ဆုပိုင်က နှုတ်ခမ်းကို စေ့ပိတ်ပြီး ခပ်တိုးတိုး ပြောသည်။

“ပါမောက္ခကျိုးက ငါတို့တိုင်းပြည်က ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်ပဲ။ သူက ဘယ်တော့မှ အမှား မလုပ်ဘူး”

ခရက်စ့်

အဝါရောင်ကြိုးက တိုက်ရိုက်ပြတ်တောက်သွားသည်။ သူ၏နဖူးမှလည်း ချွေးများပင် စီးကျသွားစေသည်။

လူတိုင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ အသက်တောင် ကောင်းကောင်း မရှုရဲကြပဲ အရှေ့မှ လူငယ်ကို အနှောင့်အယှက်ပြုမိမည့်အခြေအနေကို စိုးရိမ်နေကြသည်။

“အစိမ်းရောင်”

“ပန်းရောင်”

“အနက်ရောင်”

347 04

“အဖြူ”

“…”

ဗီဒီယို၏အခြားတစ်ဖက်ခြမ်းမှ လူအိုကြီးကလည်း အမိန့်များကို အလွန်အမင်း လျင်မြန်စွာ ပေးသည်။ ဆုပိုင်ကလည်း သူပြောသည့်အတိုင်း တစ်ခုပြီးတစ်ခု ဖြတ်သည်။ ထို့သို့ဖြင့် အချိန်က တစ်စက္ကန့််ချင်းစီ ကုန်လွန်နေခဲ့သည်။

“တစ် တစ် တစ် တစ်”

ထို့ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်လွန်နေသော အသံက သေမိန့်ခေါ်သံလား ထင်ရသည်။

အမိန့်ပေးစင်တာမှ လူတိုင်းက ထို့ဗုံး၏ရေတွက်ချိန်ကို ကြည့်နေကြသည်။

ယခုအခါ သုံးမိနစ်သာ ကျန်သည်။

ထို့အပြင် အရေးကြီးဆုံးသော ကြိုးသုံးကြိုး ကျန်နေသေးသည်။ ထို့ကြောင့် ထို့အခွင့်အရေးသုံးခုထဲမှ တစ်ခုက ပေါက်ကွဲနိုင်စွမ်းရည်ရှိနေသည်။

“ရေရှိလား”

အဘိုးကြီး ကျိုးက သူ၏ အခုန်လွန်မြန်ဆန်နေသော နှလုံးသားကို ခံစားမိသဖြင့် ရေခွက်ကို ကိုင်ရင်း ပြောသည်။

“မြန်မြန် ရေ”

ယုံလုံက အော်သည်။

အဘိုးကြီးကျိုးက သူ၏ဆေးကို ခပ်မြန်မြန် ထုတ်ပြီး ရေများများနှင့် မြန်မြန်သောက်လိုက်သည်။ ထို့နောက် ကုလားထိုင်ပေါ်မှ ပြန်ထရပ်လိုက်၏။

“ခရမ်းရောင်၊ အဖြူရောင်၊ တောက်ပလွန်းတဲ့ အနီရောင်”

သူ၏ မျက်လုံးက ထို့ကြိုးသုံးကြိုးအကြား ဆက်လက်ဆိုသလို ဖြတ်ပြေးနေသည်။

လူတိုင်းကလည်း ထို့အဘိုးကြီး ကျိုးဟာ အလွန်ပင် တုံ့ဆိုင်းနေတာ သတိထားမိသည်။ သူ၏နှလုံးသားဟာ လည်မျိုသို့ ရောက်လာသည်။

“အဖြူရောင်”

ထို့အဘိုးကြီးက နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လိုက်ပြီး တစ်လုံးချင်းစီ ပြောသည်။

“ကောင်းပြီ”

ဆုပိုင်က ခေါင်းကို ညိတ်လိုက်ပြီးနောက် သူ၏အနောက်မှ လူကို လှမ်းပြောသည်။

“မင်းတို့တွေ အရင်ထွက်ကြ”

“ကျောပိုးအိတ်ထဲက ကလေးနှစ်ကောင်ကိုလည်း ခေါ်သွားအုန်း”

++++++ 348 01

အခန်း 348

“ဒါရိုက်တာ ဆုပိုင် ငါနေခဲ့ပါ့ရစေ”

လောင်ကျိုးက ရှေ့သို့ ခပ်မြန်မြန် ထွက်လာပြီးနောက် သူ၏ကျောပိုးအိတ်ကို အနောက်မှ လူဆီသို့ ထိုးထည့်ကာ စိတ်လှုပ်ရှားစွာ အော်သည်။

“မင်းတို့မှာ ဘာပြဿနာမှ မရှိဘူးဆိုရင် ငါ လုပ်ပေးမယ်”

“နောက်ပြီး ရှောင်ရုန့်ကို မင်းတို့ ဂရုစိုက်ပေးပါ”

“ဒါရိုက်တာ ဆုပိုင် မင်းကြောင့်သာ မဟုတ်ရင် ငါ ဒီကျိုးက ဒီသမီးကို ဘယ်လို ကယ်တင်ရမှန်းတောင် သိမှာ မဟုတ်ပါဘူး။ ကောင်းကင်ပြာတိရစ္ဆာန်ရုံကသာ ငါတို့ကို ဘဝအသစ် တစ်ခုပေးတာပါ”

“မင်းတို့တွေ မထွက်သွားကြဘူးလား”

ဆုပိုင်ကလည်း လူတိုင်း၏မျက်နှာက တည်ကြည်စွာနဲ့ ရောက်ရာနေရာတွင်သာ ရပ်ကာ ထွက်ခွာသွားမည့် အရိပ်အယောင်ကို မပြသဖြင့် သူဟာ မနေနိုင်ဘဲ ပြောလိုက်ရသည်။

“ဒါဆိုရင်လည်း အတူပေါ့”

ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်မှာပါ။

ဂလု

ဆုပိုင်ကိုယ်တိုင်က တံတွေးများကို မျိုချပြီးနောက် နဖူးက ချွေးကို သုတ်သည်။ သူသည် တုန်နေသော လက်ကို တည်ငြိမ်အောင် မနည်းရုန်းကန်၍ ကတ်ကြေးအား ထို့အဖြူရောင် ကြိုးမျှင်လေးကို ဖြတ်လိုက်သည်။

ခရက်စ့်

ကြိုးမျှင်က အသံတစ်သံနဲ့အတူ ပြတ်သွားသည်။

လူတိုင်းကလည်း ဗုံးက ပြောင်းလဲသွားခြင်း မရှိတာကြောင့် စိတ်အေးသွားကြသည်။

ယခုအခါမှသာ နောက်ဆုံး နှစ်ကြိုးသာ ကျန်သည်။

ဆိုလိုသည့်မှာ ၅၀ ရာခိုင်နှုန်းသော ပေါက်ကွဲနိုင်သည့် အခွင့်အရေးရှိနေသည်။ ထို့အခွင့်အရေးက ပိုကြီးလာသည်။

“ဆုပိုင် ငါ ပြောတာနားထောင်”

ထို့အချိန်တွင် ကျိုးဝမ်၏မျက်ရည်များက ကြိုးပြတ်သွားသလို စီးကျလာသည်။

“ငါတို့ နောက်မှ ပြောရအောင်”

“မဟုတ်ဘူး ငါပြောတာ နားထောင်။ သုံးမိနစ်ပဲ ကျန်တော့တယ်”

ကျိုးဝမ်က အော်ဟစ်ပြီးနောက် ဩရှသော လေသံဖြင့် ပြောသည်။

“နင်အနေနဲ့ ငါ့ကို ဒီလို ကယ်ဖို့ မတန်ပါဘူး။ ငါက လူတွေအများကြီး သတ်ခဲ့တာ”

“ငါက ကလေးဘဝတည်းက ဒီလိုနေရာမျိုးမှာ ကြီးပြင်းလာခဲ့တာ။ ငါအရမ်း ငယ်တဲ့အရွယ်တုန်းကဆိုရင် ဒီမြေအောက်ခန်းမှာပေါ့ ငါတို့လိုမျိုး လူဆယ်ယောက်က ပေါက်စီတစ်လုံးအတွက် တိုက်ခိုက်ခဲ့ကြရတာ။ အဆုံးသတ်မှာ ငါတို့ သုံးယောက်ပဲ အသက်ရှင်ခဲ့တယ်”

“ငါက အစားတစ်လုတ် စားရဖို့အတွက်နဲ့လေ ငါရဲ့သွားနဲ့ ငါရဲ့အပေါင်းအဖော်ကို သေအောင်ကိုက်သတ်ခဲ့ရတာ”

“တကယ်ပါ။ နင့်အနေနဲ့ ငါ့ကို ကယ်ဖို့ မတန်ပါဘူး”

“ငါ့အမေက ဒီလူတွေရဲ့အကျဉ်းချတာကို ခံခဲ့ရတာ နောက်ပြီး ငါ့အဖေက ဒီလူသတ်သမားတွေထဲက တစ်ယောက်ပဲ။ ငါမှာ ရွေးချယ်စရာ မရှိဘူး”

“ငါ့ကို သေခွင့်ပေးပါ။ ငါ ဒီဝန်ထုပ်ဝန်ပိုးတွေကို မထမ်းထားချင်တော့ဘူး”

“ကျေးဇူးပြုပြီး ငါ့ကို မကယ်ပါနဲ့တော့”

348 02

“နင်တို့တွေ ထွက်ပြေးသွားဖို့ အချိန်လောက်သေးတယ်။ အစ်ကိုကျိုး ရှောင်ရုန့်ကို ပြောပေးပါ။ တကယ်တော့ ရှောင်ရုန့် ဆံပင်ချည်တဲ့ ပုံစံက အရမ်းရိုးရှင်းပါတယ်။ နောက်ပြီး ဘေဘီတို့က ကူညီပေးနိုင်တယ်လေ။ နောက်ပြီး တိရစ္ဆာန်တွေလည်း ရှိသေးတယ်”

“ငါ ငါရဲ့ဘဝမှာ ငြိမ်းချမ်းတဲ့ ရက်အနည်းငယ်ကို ပိုင်ဆိုင်ခဲ့တဲ့အတွက် တကယ် ကျေနပ်ပါတယ်”

“ကျေးဇူးတင်ပါတယ်။ သွားပါတော့”

ထို့မြေအောက်ခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ လူတိုင်းကလည်း ကျိုးဝမ်ကို စိတ်မကောင်းသလို့ ကြည့်ကြသည်။

“ဝူး ဝူး”

အမိန့်ပေးစင်တာမှ အမျိုးသမီးဝန်ထမ်းအချို့က သူတို့၏ပါးစပ်များကို အုပ်၍ စတင်ကာ ငိုနေကြသည်။ လူတိုင်းကလည်း ဖန်သားပြင်ရှေ့တွင် ရပ်နေသော ပုံရိပ်ကို ကြည့်သည်။

ဟူး

အဘိုးကြီးကျိုးက သက်ပြင်း အသာ ချသည်။ သူ၏မျက်ဝန်းထောင့်မှ အနီရောင်လေးများက အနည်းငယ် နီဆွေးလာပြီးနောက်တွင် အသက်ကို ပြင်းပြင်းရှုရင်း မျက်လုံးကို မှေးကျဉ်းလိုက်သည်။

“ခရမ်းရောင်”

သူဟာ လေးနက်သော လေသံနှင့် ပြောသည်။

အမိန့်ပေးစင်တာဖြစ်စေ၊ မြေအောက်ခန်းတွင် ဖြစ်စေ၊ ပင်အပ်ကျသံပင် ကြားလောက်အောင် တိတ်ဆိတ်သွားသည်။

လူတိုင်းက အသက်ရှုအောင့်ထားကြပြီး ဒါရိုက်တာဆုပိုင်ကိုသာ တိတ်တဆိတ် ကြည့်နေကြသည်။

“ဝူး ဝူး ဝူး”

“ဘာလို့ အရမ်း ရူးကြတာလဲ”

ကျိုးဝမ်ဟာ ဆုပိုင်က ကတ်ကြေးကို မြှောက်လိုက်ကြောင်း မြင်သောအခါ သူမ၏ မျက်လုံးက နီသွားသည်။ သူမက တအားကုန် ထအော်သည်။

“ငါ မင်းကို တိရစ္ဆာန်ရုံရဲ့ အဖွဲ့ဝင်တစ်ယောက်လို့ ပြောထားပြီးသား။ တန်ကြေးက ဘာဖြစ်ဖြစ် ငါတို့ မင်းကို ရအောင် ကယ်မှာ”

ဆုပိုင်က နီရဲသော မျက်လုံးဖြင့် ပြောသည်။

သူမှာ သူ၏ကိုယ်ပိုင် စနစ်ရှိတယ်။ နောက်ပြီး သူ မကယ်ရသေးတဲ့ တိရစ္ဆာန်တွေလည်း အများကြီးပဲ။ စနစ်ကလည်း သူ့ကို ဒီအတိုင်းတော့ မသေခိုင်းပါဘူး။

ဆုပိုင်က ကတ်ကြေးကို ခရမ်းရောင်ကြိုးထံသို့ တိတ်တဆိတ် တင်လိုက်ပြီးနောက် အံကိုကြိတ်၍ မျက်လုံးကို မှိတ်လိုက်သည်။

ခရက်စ့်

တစ်ခန်းလုံးက ရပ်တန့်သွားပုံပေါ်သည်။

လူတိုင်းက သူတို့၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်၍ ကျိုးဝမ်၏ဝမ်းဗိုက်နားမှ ဗုံးကို ကြည့်ကြသည်။

“တစ် တစ် တစ်”

ထို့အချိန်တွင် စက္ကန့်ရေတွက်သံက ရုတ်တရက် တိတ်ဆိတ်သွားပြီး မရေမတွက်နိုင်သော လူပေါင်းများစွာက အော်ငိုကြသည်။

“အား အလုပ်ဖြစ်သွားပြီ”

“ဟား ဟား အလုပ်ဖြစ်သွားပြီပဲ။ နောက်ဆုံးတော့လည်း အလုပ်ဖြစ်ပြီ”

“ငါ သိတယ်။ ငါ သိနေတယ်။ ဒါရိုက်တာဆုပိုင်လိုမျိုး ဒီလောက် ကောင်းတဲ့လူက ဘယ်လိုကြောင့် ဒုက္ခရောက်ရမှာလဲ”

348 03

အမိန့်ပေးစင်တာမှ မရေမတွက်နိုင်သော လူပေါင်းများစွာက အချင်းချင်း ဖက်ပြီး ခါးသီးစွာ ငိုနေကြသည်။ သူတို့အောင်မြင်သွားလေပြီ။ ထို့ဗုံးကို အောင်မြင်စွာဖြင့် ဖြုတ်လိုက်နိုင်၏။

ဟူး

အဘိုးကြီး ကျိုးကလည်း သက်ပြင်းရှည်ကို ချသည်။ သူသည် သူ၏ရင်ဘတ်ကို တဖြည်းဖြည်းချင်းစီ ထိလိုက်ပြီး အနားမှ အချင်းချင်း ဖက်နေကြသော လူများကို ကြည့်သည်။ ထို့နောက် ဖန်သားပြင်ပေါ်မှ ငိုနေသော ကောင်မလေးကို ကြည့်လိုက်ကာ စိတ်အေးစွာ ပြုုံးလိုက်သည်။

သူ ဒီလိုအခြေအနေမျိုးကြောင့် ဒီအလုပ်ကို ကြိုက်တာ။ ဘဝအသစ်ရဲ့ ပျော်ရွှင်မှု။

ဒါဟာ သူတစ်ဘဝလုံး လိုက်နေခဲ့သည့် ခံစားချက်လည်း ဖြစ်သည်။

“ကောင်းပြီ။ အချိန်က ကုန်နေပြီ။ ငါတို့ နောက်ဆုံးအမျှင်ကို ဖယ်ပြီးတာနဲ့ ဗုံးကို ဖြုတ်လို့ ရပြီ”

“သိပ်မကြာခင် အဆင်သင့် ဖြစ်မှာပါ”

ဆုပိုင်က ကတ်ကြေးကို ခပ်မြန်မြန် ပြန်ယူလိုက်ပြီး နောက်ဆုံးတစ်ကြိုးကို ခပ်ကြမ်းကြမ်း ညှပ်ပစ်လိုက်သည်။

ထို့နောက် အနီရောင်အလင်းက ပိတ်သွားလေပြီ။ ထို့အခါမှသာ သူလည်း စိတ်အေးသွားသည်။

သူက ကျိုးဝမ်၏ အနောက်ဘက်မှ သံချိန်းကြိုး၏ချိတ်ကို ဖယ်ရှားပြီးနောက် မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် ဆုပိုင်က သူမကို တွဲ၍ ထို့အဆောက်အဦးထဲမှ ဂရုစိုက် ထွက်လာခဲ့လိုက်သည်။

ထို့အဖွဲ့အစည်း၏ ထိပ်တန်းအဆင့် ခေါင်းဆောင်များကို ရှာမတွေ့သေးသော်လည်း

ကျိုးဝမ်ကို အောင်မြင်စွာ ကယ်ဆယ်သွားပြီးသည့်နောက်တွင်

ဆုပိုင်မျက်လုံးက အနည်းငယ်မှေးကျဉ်းသွားသည်။

နောက်ထပ် အဟွန်း အဲဒီလူတွေ အဆုံးအစမဲ့တဲ့ ကလဲ့စားချေမှုတွေကိုပဲ စောင့်နေဖို့လိုမယ်။

…

အမိန့်ပေးစင်တာ။

ရုံးခန်းထဲတွင်

ယုံလုံက နီရဲသော မျက်နှာဖြင့် ခုံတွင် ထိုင်နေသည်။ အခြားသော အောက်မှ လူများကလည်း အသက်ပင် ကောင်းကောင်း မရှုရဲကြပေ။

သူတို့သည်လည်း သူတို့၏ခေါင်းဆောင်က ထို့မျှအထိ ဒေါသထွက်နေသည့်ကို မမြင်ဖူးကြပေ။

ဘန်း

သူဟာ အရှေ့မှ စားပွဲကို ခပ်ကြမ်းကြမ်း ရိုက်ချသည်။ ယုံလုံက သုန်မှုန်သော မျက်နှာနှင့် ပြောသည်။

“နောက်… အခုချက်ချင်း သတင်းအချက်အလက်ရှာဖွေရေး အရာရှိတွေ အားလုံးကို လွှတ်လိုက်စမ်း။ ဘယ်လိုတန်ကြေးကို သုံးရသုံးရ ငါ အဲဒီအဖွဲ့အစည်းက လူတွေအားလုံးကို ရအောင် ရှာချင်တယ်”

“သူသေသွားရင်တောင်မှ အလောင်းပြန်ယူရမယ်”

“အဟား ဘယ်လောက် မုန်းဖို့ ကောင်းလိုက်သလဲ။ ဒီလောက် နီးကပ်နေတာ”

“ငါတို့က အသက်အများကြီး ဆုံးရှံးရတော့မလို့။ ငါတို့တွေ … ငါတို့တွေ တရုတ်နိုင်ငံတစ်ခုလုံး ကစဉ့်ကလျားဖြစ်စေမိတော့မလို့”

“နောက်ကွယ်က ဌားထားတဲ့ လူတွေလည်း ရှိသေးတယ်။ ဟွန်း သူတို့ဆီကို ချက်ချင်းပို့ပေးလိုက် ဝန်ခံဖို့ ငြင်းနေရင်တော့ နှုတ်ဆက်စရာကို မလိုတော့ဘူး”

“သတင်းအချက်အလက်တွေ ဘယ်မှာလဲ”

348 04

ထို့နောက် အသက်လတ်ပိုင်း လူတစ်ယောက်က ထရပ်သည်။

“အခုချက်ချင်း ထွက်”

“ငါတို့ တိုက်ခိုက်ရဲလားဆိုတာကို ပြလိုက်ရအောင်”

“ဟုတ်ကဲ့”

အသက်လတ်ပိုင်းလူက အလေးပြုပြီးသည့်နှင့် ချက်ချင်း ထွက်သွားသည်။

ဟူး

ယုံလုံက လေပြင်းများကို ရှထုတ်သည်။ ထို့နောက် ကုလားထိုင်မှ တဖြည်းဖြည်းချင်းစီ ထရပ်ပြီးနောက် အောက်ဘက်ရှိ လူများကို ငုံကြည့်သည်။

“ဘယ်လိုနည်းနဲ့မဆို ငါတို့ ဒီတစ်ကြိမ် ဒီအမှိုက်ကောင်တွေကို ခြောက်ပစ်ရမယ်”

“သူတို့ရဲ့အရိုးထဲ စွဲသွားတဲ့အထိ ကြောက်သွားမှ ကောင်းကင်ပြာတိရစ္ဆာန်ရုံက တိရစ္ဆာန်တွေကို လာပြီး ရန်မစရဲတော့မှာ နောက်ပြီး ငါဒီမှာ ကြော်ငြာတယ်”

“အခုကစပြီး ပြည်တွင်းက တိရစ္ဆာန်တစ်ကောင်ကို ဒီနောက်ကွယ်က ပါဝင်ပတ်သတ်သူတွေဆီ ရောင်းချခဲ့မယ်ဆိုရင် အကြောင်းပြချက်ဖြစ်တိုင်းကို သစ္စာဖောက်မှုအဖြစ် သတ်မှတ်မယ်”

“ငါတို့ သိပ်မကြာခင်မှာ တိရစ္ဆာန်အမြှောက်အများကို အလုံးအရင်းနဲ့ မျိုးပွားနိုင်တော့မှာ။ အခုချက်ချင်း ဒီအမိန့်ကို ထုတ်ပြန်လိုက်။ စာချုပ်ချုပ်ထားတဲ့ တိုင်းပြည်တွေအပါအဝင် အားလုံးက ဒီကိစ္စကို လိုက်နာရမယ်။ တိုင်းပြည်တစ်ပြည်ကသာ ဖီဆန်ပြီး အဲဒီလူတွေဆီကို တိရစ္ဆာန်တွေ ရောင်းချရဲတယ်ဆိုရင် စာချုပ်ကို ချက်ချင်းဖျက်ပြီး ညှာတာမှု မရှိ ကိုင်တွယ်ရမယ်”

ဗုံးကို အောင်မြင်စွာ ဖြုတ်ပြီးသွားသော်လည်း နောက်ကွယ်က အဆင့်မြှင့် လူသတ်သမားများကို မဖမ်းမိသေးပေ။ ထို့အပြင် ထို့လူများကို သေချာပေါက် ကလဲ့စားချေရပေမည်။

သူတို့ တရုတ်လူမျိုးများက ထို့ရာဇဝတ်သားများကို ကိုင်တွယ်ရန် ကြမ်းတမ်းသော အမှုအပြုမျိုးကို ပြသရပေမည်။

မည်သည့်နည်းနှင့်မဆို ထို့ကဲ့သို့သော ကိစ္စမျိုးကို တဖန် ထပ်ပြီး ဖြစ်ခွင့်ပြု၍ မရသလို့ ဒါရိုက်တာ ဆုပိုင်ကိုလည်း ထိခိုက်ခွင့် မပြုနိုင်ပေ။ မတော်မဆ တစ်ခုခုသာ ဖြစ်လာခဲ့သော်

တိရစ္ဆာန်များကို ကယ်တင်မည့်ကိစ္စက ရပ်တန့်သွားရုံသာမကသေးလေဘဲ တည်ရှိနေသော တိရစ္ဆာန်များကပင် အနည်းနှင့်အများ ဒုက္ခများ တွေ့ရပေလိမ့်မည်။

တစ်တိုင်းပြည်လုံး၏ ကြိုးစားအားထုတ်မှုများ အားလုံးကြောင့်သာ ယခုအတိုင်းအတာအထိ ရရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က လာရောက်ဖျက်စီးမည့် အခြေအနေကို ခွင့်မပြုနိုင်ပါပေ။

******

All Chapters