အခန်း (၃၄၉-၃၅၁)
Vol. 24 Ch. 349-351
349 01
အပိုင်း 349
“ဝုတ်”
“ဝိုး ဘာလို့ ဒီကောင်က ဖန်အိမ်ထဲမှာအပိတ်ခံထားရတာလဲ။ သနားဖို့ ကောင်းလိုက်တာ”
အာဟက မြက်ခင်းထဲတွင် ရပ်၍ သူ၏အရှေ့မှ မှန်လုံအိမ်လေးကို ကြည့်ကာ ရယ်မောနေသည်။ သူ၏နဖူးကလည်း ဖန်သားနား ကပ်နေ၏။
ထို့အခြေအနေနှင့်တင် မဟုတ်သေးချေ။ ထို့ ဖန်လှောင်အိမ်လေး အနားတွင် ပါးစပါကြီးကို ဖြဲပြီး မကြာခဏဆိုသလို လျှာထုတ်ထုတ်ပြနေသည့် အနက်ရောင်မြွေကြီး တစ်ကောင်လည်း ရှိသေးသည်။
“အစ်မကြီးကျင် ဒီကောင်က မင်းထက်တောင် ပိုကြမ်းသေးတယ်”
သူဟာ တစ်ဖက်သို့လှည့်လျှက် ရွှေရောင်မြွေကို ခပ်တိုးတိုး ပြောလိုက်သည်။
“ဟစ် ဟစ် ဟစ် ဟစ် ဟစ် ဟစ်”
ရွှေမြွေက ခေါင်းကို မော့၍ တစ်ချက်ကြည့်သည်။ ထို့နောက် ပြန်လှည့်ကာ ထွက်သွားသည်။
ဒီကောင်တွေနဲ့ ဝေးဝေးနေရမယ်။ အဲဒီ အနက်ရောင် မန်ဘာမြွေက ရန်စလို့ ကောင်းတာ မဟုတ်ဘူး။
“နောက်ပြီး ဒီဖားက တစ်ကိုယ်လုံး ရွှေရောင်နော်။ ငါ့ထက်တောင် လှသေးတယ်”
ငှက်တောကလည်း ဖန်လှောင်အိမ်ပေါ်တွင် သွားနားပြီးနောက် အတွင်းမှ ရွှေအဆိပ်မြှားဖားကို တစ်ချက်ကြည့်ကာ အသံကိုမြှင့်ပြီး အော်သည်။
“ဒါရိုက်တာဆုပိုင်က ငါတို့ ဒီကောင်လေးကို ထိခိုက်အောင် လုပ်မှာ ကြောက်လို့လား”
“ဒါက အဲဒီ ဟက်စကီးကို တားချင်လို့ ဖြစ်လိမ့်မယ်။ သူက အရင် အရူးသမင်ပေါက်ကို ဘယ်လောက် အနိုင်ကျင့်ခဲ့လဲ ကြည့်အုန်း။ မနေ့ညကဆို သူရဲ့ခေါင်းကို တစ်ညလုံး မြက်ခင်းထဲမှာ ဖွက်ထားတာလေ။ ငါ ဆွဲတောင် မထုတ်ရဲဘူး”
တိရစ္ဆာန်အများစုက တစ်ဖက်သို့ လှည့်၍ အာဟကို ခက်ထန်စွာ ကြည့်ကြသည်။
ဝုတ်
“ပေါက်ကရတွေ”
အာဟရဲ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်သွားသည်။ သူဟာ ခက်ထန် ကြမ်းတမ်းစွာ ပြန်ဟောင်သည်။
“မင်းတို့မှာ သတ္တိရှိရင် ငါက သူ့ကို အနိုင်ကျင့်တာလို့ သူ့ကို သွားမေးကြည့်လေ”
ဟစ်
ဆုပိုင်က ရုံးခန်းထဲမှ ထွက်လာပြီး အေးအေးလူလူ အသက်ပြင်းပြင်း ရှုသွင်းတော့မည်အချိန်တွင် ရွှေအဆိပ်မြှားဖား ထည့်ထားသော ဖန်လုံအိမ်၏ အရှေ့တွင် အုံနေသော တိရစ္ဆာန်များကို မြင်လိုက်ရသည်။
သေစမ်း။
ငါ စကားတစ်ခွန်း အပိုမပြောတာနဲ့ဘဲ ဒီကောင်တွေက ဒီလိုမျိုးတွေ သွားလုပ်နေပြီ။
ဒီကောင်ကသာ လွှတ်သွားရင် ဒီကောင်တွေ အားလုံး အသက်ရှင်ဖို့ အခွင့်အရေးရှိမှာလား။
ရွှေအဆိပ်မြှားဖားက တောထဲမှ ပြန်သယ်လာစဖြစ်ပြီး သူ၏အဆိပ်က အထွန့်အထိပ် အနေအထားမျိုးတွင် ဖြစ်သည်။ သို့ရာတွင် နှစ်တစ်ဝက်ခန့် သားဖောက်ပြီးနောက် အဆိပ်ရှိသော ပိုးကောင်များသာ မကျွေးခဲ့ပါက သူ၏အဆိပ်က တဖြည်းဖြည်းချင်းစီ လျော့သွားပေလိမ့်မည်။
ထို့ကြောင့် သူဟာ အနားသို့ အပြေးအလွှား သွားပြီးနောက် သူ၏ဖိနပ်ပါးကို မြှောက်လိုက်သည်။
ဖြန်း
ဝုတ်
349 02
“ဘယ် သောက်ကောင်က လာပြီး ရိုက်”
“အား”
သူဟာ အနောက်သို့ လှည့်ကြည့်လိုက်ပြီးသည့်နှင့် ထိုဟက်စကီး၏အမြှီးက ခြေထောက်ကြားထဲသို့ ညှပ်သွားပြီး မြေပြင်ပေါ်တွင် နာခံစွာ လဲချလိုက်သည်။
အချိန်တွေ ကြာပြီးနောက်
ဆုပိုင်ဟာ သူ၏ဖိနပ်ပါးကို ခပ်ကြမ်းကြမ်း လွှဲရမ်းနေရင်း မြက်ခင်းပြင်ပေါ်မှ အကောင်တိုင်း၏ဖင်ကို လိုက်ရိုက်သည်။
“မင်းတို့တွေကို ဒီနေရာနားကို လာခွင့်မပြုထားဘူး။ ငါပြောတာ နားလည်လား”
“မင်းတို့ ဒီဖန်လုံအိမ်နှစ်အိမ်ကိုသာ ဆွဲဖြဲရဲရင်တော့ အဲဒီအကောင်က သေအောင် ကိုက်သတ်ခံရမယ်ဆိုတာ ငါ သေချာ ပြောရဲတယ်။ ငါ့ကို သတိမပေးလို့ မပြောနဲ့”
“ဒီထဲက နှစ်ကောင်လုံးက အဆိပ်အရမ်းပြင်းတဲ့ တိရစ္ဆာန်တွေ။ မင်းတို့ အသက်ရှင်ရတာ ပင်ပန်းနေလို့လား”
ထို့အကောင်များကို သင်ခန်းစာ ပေးပြီးသည့်နှင့် ဆုပိုင်က တစ်ဖက်သို့လှည့်၍ အနောက်ဘက်မှ ဖန်လုံအိမ်နှစ်ခုကို ကြည့်ကာ မျက်မှောင် အသာကြုတ်သည်။
သူသည် ထို့တိရစ္ဆာန်များကို စောင့်ကြပ်နေရန် လိုအပ်ရုံသာမကသေးလေဘဲ လာရောက်မည့် ခရီးသွားများကိုလည်း သတိပေးရန် လိုအပ်ပြန်သည်။
ကောင်းကင်ပြာတိရစ္ဆာန်ရုံမှ တိရစ္ဆာန်များက လွတ်လပ်ပေါ့ပါးစွာ နေထိုင်ကြသည်။ လူသားများနှင့် ပေါင်းသင်းဆက်ဆံနေကြ ဖြစ်သည်။ သို့သော် ထို့အထဲမှ အကောင်နှစ်ကောင်ကမှု အဆိပ်အရမ်းပြင်းလွန်းသည်။ မရင်းနှီးသော ခရီးသွားဧည့်သည်တစ်ယောက်ယောက်က တံခါးကို ဖွင့်မိပါက အကျိုးဆက်က ပြင်းထန်သွားပေလိမ့်မည်။
ထိုအကြောင်းအရာကို တွေးမိသော ဆုပိုင်က အဝေးမှ လောင်ကျိုးကို လှမ်းပြီး လက်ရမ်းပြလိုက်သည်။
“ခဏနေရင် ဒီနေရာကို ခြံစည်းရိုး ကာထားလိုက်။ ဘယ်သူကိုမှ မဝင်စေနဲ့”
“အဝေးကပဲ ကြည့်ခိုင်း။ နောက်ပြီး အစားကျွေးရင်လည်း သတိထားအုန်း။ အထူးသဖြင့် ဒီအဆိပ်မြှားဖားပဲ။ ဒီအတိုင်း ပိုးကောင်တွေကိုပဲ တုတ်ကိုသုံးပြီး အထဲကို ထည့်လိုက်ပါ”
“ကောင်းပြီ။ ငါ သေချာမှတ်ထားလိုက်မယ်”
လောင်ကျိုးကလည်း ထို့အကောင်နှစ်ကောင်က မည်မျှအင်အားကြီးကြောင်း မြင်ခဲ့ဖူးပြီးသား ဖြစ်သည်။ ထို့ကြောင့် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
“စကားမစပ် ကျိုးဝမ် ဘယ်လိုနေလဲ”
“သူဆေးရုံမှာ အရေးပေါ် ကုသမှုကို ခံယူပြီးလို့ လုံခြုံတဲ့ အနေအထားကို ရောက်ရှိသွားပါပြီ။ ဒါပေမဲ့ သူ ဆေးရုံဆင်းဖို့ကတော့ တရုတ်နှစ်သစ်ကူး မတိုင်ခင်လောက်မှ ဖြစ်မယ် ထင်တယ်”
“ကောင်းပြီ။ ကောင်းပြီ။ မင်းတို့ အလုပ်များလိုက်ပါအုန်း”
ဆုပိုင်က လက်ရမ်းပြပြီးသည့်နှင့် သူ၏ဖိနပ်ပါးကို ပြန်ဝတ်လိုက်ကာ တစ်ဖက်သို့ လှည့်၍ ရုံခန်းထဲ ပြန်ဝင်လိုက်သည်။
သူပြန်လာပြီးသည်မှာ သုံးရက် ကြာသွားလေပြီ။ နောက်ကွယ်မှ ဌားရမ်းခဲ့သော ထို့တိုင်းပြည်ကိုလည်း တရုတ်ပြည်က ကိုင်တွယ်ပြီးသား ဖြစ်သည်။ သူတို့သည်လည်း ခုခံခြင်းပင် မပြုဘဲ တိုက်ရိုက်ပင် အဖမ်းခံသွားသည်။
သို့သော် …
ထိုသတ်ဖြတ်သူများက မြေကမ္ဘာမှ ပျောက်ကွယ်သွားသလို့မျိုး ပျောက်ကွယ်သွားသည်။ သုံးရက်ခန့် ရှာဖွေပြီးသည့်တိုင်အောင် သဲလွန်စကိုပင် ရှာမတွေ့ခဲ့ချေ။
တိရစ္ဆာန်ရုံက လုံခြုံရေးကိုလည်း မြှင့်တင်ထားသည်။ တရုတ်စစ်သားများကပင် ဒီနေရာတွင် ရှိနေ၏။ ဒီနည်းအားဖြင့် ထို့လူများ တိရစ္ဆာန်ရုံသို့ ရုပ်ဖျက်ပြီး မဝင်ရောက်နိုင်အောင် ကာကွယ်ရန် ဖြစ်သည်။
ဟူး
349 03
ဆုပိုင်က ပြန်လည်တည်ငြိမ်သွားသော တိရစ္ဆာန်ရုံကို ကြည့်ပြီးနောက် လတ်ဆတ်သော လေများကို ရှုရှိုက်သွင်းလိုက်သည်။
လူသားများကသာ လောဘကြီးလွန်းနေသောကြောင့် မဟုတ်လျှင် တိရစ္ဆာန်များကို ပြန်လည်ကယ်တင်ပြီးနောက် သူတို့၏အရေအတွက်က သေချာပေါက် မြှင့်မားလာမည် ဖြစ်သည်။ အနှေးနဲ့အမြန်ဆိုသလို နဂိုပုံစံအနေအထားတိုင်း ပြန်ရောက်သွားနိုင်လေသည်။
“ဟား ဟား”
“အဲဒီတိုင်းပြည်မှာ တိရစ္ဆာန်တစ်ကောင်မှ မရှိမှာကို စိုးရိမ်တယ်”
သူဟာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
တရုတ်နိုင်ငံသည် များပြားလှစွာသော တိုင်းပြည်များနှင့် သဘောတူညီမှု စာချုပ်များ လက်မှတ် ရေးထိုးထားပြီး ထိုတိုင်းပြည်ကို ရောင်းချခွင့် တားမြစ်လိုက်ပြီးသား ဖြစ်သည်။ တောရိုင်းတိရစ္ဆာန်ပင်ဖြစ်စေ အိမ်မွေးတိရစ္ဆာန်ပင်ဖြစ်စေ ယခုလိုမျိုး စားစရာအဖြစ် သတ်မှတ်နိုင်လေပြီ ဖြစ်သည်။ နာမည်ကျော်များကိုပင်ဖြစ်စေ ထိုပြည်သို့ ရောင်းချပိုင်ခွင့် မရှိပါပေ။
ထိုတွင်သာမကသေးပေ တရုတ်ပြည်က သူတို့အား တရုတ်နိုင်ငံသို့ ဝင်ခွင့်ပိတ်ထားသေးသည်။
ထိုနိုင်ငံမှ လူများ တရုတ်နိုင်ငံသို့ ယခုကစပြီး ဝင်ရောက်နိုင်ခွင့် မရှိတော့ပေ။
တစ်ရက်တွင် ထိုအဖွဲ့ကလည်း လူအများ၏ခွင့်လွှတ်မှုကို ရရှိနိုင်ရန် ကြိုးစားလောက်သည်။ ဒါပေမဲ့ ဖြစ်နိုင်မှာလား။
သူဟာ အထင်သေးသော အပြောတစ်ခုနှင့် တစ်ဖက်သို့လှည့်၍ ရုံးခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။
အမြင့်ပိုင်းက လူသတ်သမားတွေကို အချိန်တစ်ခုကြာတဲ့အထိ မရှာနိုင်သေးဘူးဆိုမှတော့ တိရစ္ဆာန်အပိုင်းစတာဝန်တွေကိုပဲ အရင်လုပ်တာပေါ့။
ထို့အပြင် အဆိပ်နှစ်သွယ်အပိုင်းအစ အဆုံးသတ်သွားပြီးနောက် အထူးအပိုင်းအစတစ်ခုက Refresh ဖြစ်လာသည်။
“အပိုင်းအစ မောလ်ဘက် ပြန်ဖွင့်ပါ”
ထို့အကောင်က တရုတ်နိုင်ငံက အချိန်တန်ကြာ မျှော်လင့်စောင့်စားနေသော သတ္တဝါတစ်ကောင် ဖြစ်နိုင်သည်။ အခုအချိန်အထိ ဆုပိုင်သည် အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသည်။
ဘယ်လို တိရစ္ဆာန်မျိုး ရလောက်မှာလဲ။
“စနစ် ဆုလဒ်အပိုင်းအစကို ယူလိုက်ပါ”
“တီ။ ဒီအပိုင်းအစရဲ့ခက်ခဲမှုက အမြှင့်ဆုံးအဆင့်မှာ ရှိပါတယ်။ တာဝန်အချိန်ကလည်း အရှည်ကြာဆုံး ဖြစ်ပါလိမ့်မယ်။ ကျေးဇူးပြုပြီး တာဝန် စတင်ခင် ကိုယ့်ကိုကိုယ်အကောင်းဆုံး ပြင်ဆင်ထားပေးပါ”
ထိုစနစ်၏အသံကို ကြားသည့်နှင့် ဆုပိုင်က မှင်သက်သွားသည်။
အင်အားသင့်မှုအမှတ် ငါးသောင်းကို အသုံးပြုပြီးနောက် သူသည် ခက်ခဲမှု အမြှင့်ဆုံးအဆင့်တွင်ရှိသော အပိုင်းအစတစ်ခုကို ရရှိလာသည်။ ပို၍အရေးကြီးသည့်မှာ တာဝန်ချိန်ကလည်း ရှည်သွားသည်။
ဆိုလိုတာက သူ ပြန်လာဖို့ ပိုကြာမယ်ပေါ့။
ဒါပေမဲ့ တိရစ္ဆာန်ရုံက အခု ပုံမှန်လမ်းကြောင်းအတိုင်း ပြန်ဖြစ်နေပါပြီ။ ကျိုးဝမ်၏ကိစ္စကို ကိုင်တွယ်ပြီးနောက် ထိုလုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းကလည်း အချိန်တစ်ခု ကြာသည်အထိ ပြဿနာ လာရှာရဲလိမ့်မည် မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ အရှေ့ဘက်တွင် စောင့်ကြပ်ကာကွယ်နေသော တရုတ်စစ်သားအပေါင်းများစွာ ရှိနေသည်။ သူတို့သည် တိရစ္ဆာန်ရုံကို ကောင်းကောင်း ကာကွယ်ပေးပေလိမ့်မည်။
ဒီတစ်ကြိမ် ဆုလက်အပိုင်းအစထံမှ ရရှိမည့် တိရစ္ဆာန်ကို သူဟာ မသိသေးသော်လည်း ခပ်ရေးရေး ခန့်မှန်းနိုင်နေမိသည်။
ဒါဟာ လူသားများကို အများဆုံး ကူညီပေးနိုင်သည့် ခွေး ဖြစ်လောက်သည်။
349 04
အိမ်မွေးတိရစ္ဆာန်များစွာထဲတွင် ထိုတိရစ္ဆာန်ကသာ လူသားများအကြားတွင် အတက်ကြွဆုံး ဖြစ်သည်။ ကောင်းကင်ပြာတိရစ္ဆာန်ရုံတွင်ဆိုရင်လည်း လမ်းညွှန်ခွေးနှင့် စွတ်ဖားလှည်းဆွဲခွေးတို့ပင် ရောက်ရှိနေပြီးသား ဖြစ်သည်။ ယခင်အတိတ် လူမူ့အသိုင်းအဝိုင်းတွင် အရေးကြီးသော တာဝန်များကို လုပ်ဆောင်သည့် ခွေးအမျိုးအစား အမျိုးမျိုး ရှိသည်။
ရှာဖွေခြင်းနှင့်ကယ်ဆယ်ရေး ခွေးများ၊ ဖျက်စီးရေး ခွေးများ၊ ရဲခွေးများ၊ ကင်းလှည့်ခွေးများ၊ မူခင်းခွေးများ၊ မူးယစ်ရေး ရှာဖွေသော ခွေးများ စသည်ဖြင့် အမျိုးအမျိုး ဖြစ်လေသည်။
“ဒီတစ်ကြိမ် ငါ့ကို အဲဒီလို ချစ်စရာကောင်းတဲ့ ကောင်လေးတွေ ဖြစ်ဖို့ မျှော်လင့်တယ်”
ဆုပိုင်က တစ်ခဏခန့်် တွေးတောပြီးနောက် သူ အသုံးပြုနိုင်မည့်အရာအားလုံးအတွက် ပြင်ဆင်ထားလိုက်သည်။ အရာအားလုံးက အဆင်သင့်ဖြစ်သွားပြီးနောက်
“စနစ် တိုက်ရိုက်ထုတ်လွှင့်မှုကို စလိုက်တော့”
“တီ။ ဆုလဒ်အပိုင်းအစ တာဝန်ကို အောင်မြင်စွာ အသက်သွင်းပြီးပါပြီ”
“သတိပေးချက်။ … ဒီတာဝန်က ခက်ခဲမှုအမြင့်ဆုံးအဆင့်မှာ ရှိပါတယ်။ ဒီတာဝန်ကို ပြီးမြှောက် အောင်မြင်သွားရင် ရရှိမဲ့ဆုလဒ်က အလုပ်လုပ်တဲ့ခွေးတွေကို စွမ်းရည် လေ့ကျင့်ပေးတာပဲ”
“တာဝန်က စတင်ပါပြီ”
“ရေတွက်ချိန်”
“၁၀”
“၉”
“၈”
“…”
++++++ 350 01
အခန်း 350
“အ ဟား ဟား”
“ငါရဲ့နောက်ကို လိုက်တယ်”
“ငါရဲ့နောက်ကို လိုက်နေတယ် ဟုတ်လား”
ဆရာများက အချင်းချင်းပတ်ပြေးကာ ဆော့နေသည့် ကစားကွင်းထဲမှ ကလေးများကို ကြည့်ပြီးနောက် အပြုံးနှင့် ပြောသည်။
“ဒီနေ့ ကလေးတွေက ပိုပိုပြီး တက်ကြွလာတယ်”
“ဟေး သူဆိုရင် တော်တော် တက်ကြွတာနော်။ ဒါပေမဲ့ တော်တော်လေးလည်း ဆိုးတော့ သင်ကြားပေးဖို့ ခက်တယ်”
တိုင်ကို မှီနေသော ငယ်ရွယ်သည့် အမျိုးသမီးတစ်ယောက်က အောက်ဘက်တွင် ဆော့ကစားနေသည့် ကလေးများကို ငုံကြည့်ပြီးနောက် အနည်းငယ် ရှက်ရွံ့စွာ ပြောသည်။
“ငါ ဘွဲ့ရတာ တစ်နှစ်ပဲ ရှိသေးတာ။ ကျောင်းအုပ်က ဘာများ တွေးနေတာလဲ။ ငါ့ကိုတောင် ဒီအတန်းကို တိုက်ရိုက်သင်ခိုင်းလိုက်သေးတယ်။ ဒါက တော်တော်ခက်တာပဲ။ ငါဆိုရင် ဒီကလေးတွေကို ကောင်းကောင်း မသင်နိုင်မှာကို စိုးရိမ်လို့ ညဘက်ဆိုရင် ကောင်းကောင်းတောင် အိပ်မပျော်ဘူး”
“ရှောင်သိုက် အများကြီး ဝန်ထုပ်ဝန်ပိုးဖြစ်မနေနဲ့။ ငါတို့ရဲ့နေရာက တော်တော်လေး ခေါင်တယ်လေ။ ဒီတော့ ငါတို့ တတ်နိုင်တာမှ မရှိတော့တာ အစ်မကြီး လျို့နဲ့ အစ်မ ဝမ် တို့လည်း ဘွဲ့ရပြီးတာနဲ့ အတန်းကို ကောင်းကောင်း သင်ကြား နိုင်ခဲ့တာပဲ”
အသက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ခံစားချက် အပြည့်နှင့် ပြောသည်။
“မသိလိုက် မသိဖာသာနဲ့ ဆယ်နှစ်တောင် ကုန်သွားပြီ။ ငါ ဒီနေရာမှာ ဆယ်နှစ်တောင် နေပြီးမယ်လို့ မထင်ထားဘူး”
“ဟုတ်တယ်”
“ငါတို့ရဲ့ ငယ်ရွယ်မှုတွေ အားလုံးက ဒီမှာပဲ”
လူတိုင်းက မနေနိုင်ပဲ သက်ပြင်းချကြသည်။
သူတို့အားလုံးက သာမန် တက္ကသိုလ်တစ်ခုမှ ဘွဲ့ရထားသူများ ဖြစ်သည်။ သူတို့သည် ယခုလိုမျိုး ဆင်းရဲ နွမ်းပါးသော နေရာမျိုးတွင် အလုပ်သင် နှစ်နှစ်ခန့် နေပြီးရုံနှင့် ပြန်သွားရန် ကြိုးစားခဲ့ကြသည်။ သို့သော် …
အလုပ်သင်ကသာ ပြီးဆုံးသွားပြီးနောက် ရောက်လာသော ခြောက်ယောက်ထဲတွင် ငါးယောက်ခန့်က ဆက်နေခဲ့ရန် ရွေးချယ်ခဲ့သည်။ အခြားမည်သည့်အတွေးကြောင့်မှ မဟုတ်လေပဲ ဒီနေရာက အမှန်တကယ် ဆင်းရဲလွန်းသောကြောင့် ဖြစ်သည်။
ကျောင်းဆောင်က နှစ်ထပ်တည်းသာ ရှိပြီး အစိုးရကလည်း ရန်ပုံငွေကို မနည်းချိုးခြံ၍ တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။ ဒီနေရာတွင် ကျောင်းသား ရာကျော် ရှိသော်လည်း ဆရာက ငါးယောက်တည်းသာ ရှိသည်။ ထို့အပြင် ကျောင်းအုပ်ကိုပါ ထည့်တွက်ထားခြင်း ဖြစ်နေသည်။
ထို့အခြေအနေကတင် ဒီနေရာဝန်းကျင်မှ မြေမျက်နှာအသွင်အပြင်အနေအထားက မည်မျှ ဆိုးရွားကြောင်း ဖော်ပြရာ ရောက်သည်။
ယခုလို့ ကြမ်းတမ်သော ဝန်းကျင်မျိုးတွင်ပင် သူတို့ ငါးယောက်က ဆယ်နှစ်ခန့်ကြာအောင် ဆက်နေနိုင်ခဲ့သည်။
“တင် တင် တင် တင် တင် တင်”
ထို့သို့ဖြင့် အတန်းတက်သော ခေါင်းလောင်းသံက ထွက်လာသည်။
သူတို့အားလုံးက အချင်းချင်း ကြည့်လိုက်ကြပြီး စာသင်ခန်းထဲသို့ အပြေးဝင်သွားသော ကလေးများကို တစ်ချက်ကြည့််ကာ ပြုံးသည်။ ထို့နောက် သူတို့၏စာအုပ်များကို ကောက်ယူ၍ အဝတ်များကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် အခန်းထဲသို့ လျှောက်ဝင်လာခဲ့လိုက်သည်။
“ဒါ”
ဆုပိုင်က ကစားကွင်းထဲတွင် ရပ်ပြီး သူ၏အရှေ့မှ အိုဟောင်းနေသော ကျောင်းကို ကြည့်ကာ တစ်ခဏခန့် မှင်သက်သွားသည်။
သူသည်လည်း ဒီတာဝန်ကို နားမလည်နိုင်တော့ပေ။ သို့သော် ထို့ကျောင်းဟာ အမှန်ပင် စုတ်ချာနေသည်။
ကျောင်းဆောင်က နှစ်ထပ်သာရှိပြီး စာသင်ခန်းက ခြောက်ခန်းတည်းသာ ရှိသည်။ ကစားကွင်းကလည်း ရွံ့များအပြည့်ရှိနေလေပြီး ပင်ပေါင်စာပွဲဆိုလျှင်လည်း အုတ်များဖြင့် ဆောက်ထားခြင်းဖြစ်သည်။
ထို့အချိန် ကစားကွင်း၏အလယ်တွင် ရှိသည့် အလံထောင်အုတ်ခုံလေး၏ အထက်တွင် လေနှင်ရာ လွင့်နေသော အနီရောင်အလံတစ်ခုကို မြင်ရသည်။
ဆုပိုင်က နှုတ်ထောင့်ကို တစ်ချက် သပ်၍ ကစားကွင်းထဲမှ တစ်ဆင့် သင်ကြားရေးအဆောင်ထဲသို့ တစ်လှမ်းချင်းစီ ဝင်သွားလိုက်သည်။
350 02
စနစ်က သူအား ဒီနေရာသို့ အလားဟသတ် ပို့လိုက်လိမ့်မည် မဟုတ်ပေ။ ဒီတစ်ကြိမ် တာဝန်က ဆုလဒ်တာဝန်နှင့် ပတ်သက်နေသည်။
သူခန့်မှန်းထားသည့်အတိုင်း အမျိုးမျိုးသော ခွေးများ ဖြစ်လောက်သည်။
ထို့တစ်ချက်ကို တွေးမိသော ဆုပိုင်က ခြေလှမ်းများကို မြန်ဆန်စေလောက်သည်။
“ဆုလဒ်တာဝန် ဟုတ်လား။ ဒါရိုက်တာဆုပိုင်က ဘာဆုလဒ်တာဝန်ကို လုပ်တာလဲ။ နောက်ပြီး ဆုလဒ်ဆိုတော့ ဘယ်သူ့ကို ပေးမှာလဲ။ ဒီကျောင်းရဲ့ ပုံစံက တအားကို စုတ်ချာတာပဲနော်။ အရင်က တရုတ်ကျောင်းတွေ မျိုးတုန်းပျောက်ကွယ်သွားခြင်းကာလမတိုင်ခင်က တရုတ်ကျောင်းတွေက ဒီလိုပဲလား”
“ဒီမှာ သင်ကြားရေးအဆောင်တစ်ခုတည်း ရှိတာ။ ဆိုလိုတာက တစ်တန်းကို တစ်ခန်းပေါ့ ဟုတ်လား”
“အရာအားလုံးက တော်တော်လေးကို ဟောင်းနွမ်းနေတာ။ ဒါပေမဲ့ ကောင်းကောင်းတော့ သန့်ရှင်းထားကြတာပဲ”
“ငါ့အထင့် အရင်တစ်ခေါက် တိရစ္ဆာန်အပိုင်းအစတာဝန်နဲ့အတူတူပဲ ထင်တယ်။ တိရစ္ဆာန်တွေက အဆုံးနားအထိ ပေါ်လာအုန်းမှာ မဟုတ်ဘူးလေ။ နောက်ပြီး လမ်းပြခွေးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို မေ့သွားပြီလား။ ဒီလိုပဲ ထင်တယ်”
“အပေါ်ကတစ်ယောက်ပြောတာလည်း ဟုတ်သလိုလိုပဲ။ နောက်ပြီး ဆုလဒ်ဆိုတော့ နာမည်အတိုင်းဆိုရင် ဒီတိုက်ရိုက်ထုတ်လွှင့်မှုက နောက်ထပ် ယဉ်ပါးတဲ့ တိရစ္ဆာန်တစ်ကောင်ကောင်က အရေးကြီးတဲ့ ကဏ္ဏာမှာ ပါဝင်တဲ့ အကြောင်း ပြောချင်တာ ထင်တယ်”
“မဟုတ်လောက်ဘူး။ ငါရဲ့ ကွန်ပြူတာက မှားနေတာလား။ ဘာလို့ ဒီပုံစံက နည်းနည်းလေး လှုပ်ခါနေတယ်လို့ ထင်ရတာလဲ”
“ဟေး ငါလည်း အဲဒီလို ထင်တယ်။ တော်တော်လေးတောင် လှုပ်လာပြီနော်”
“သေစမ်း ငလျင်လှုပ်တာလား”
…
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများက ကင်မရာနောက်မှ လိုက်ရင်း ထို့နေရာကို သေချာလိုက်ကြည့်ကြသည်။ ဘေးဘီကို သိပြင်းစိတ် ပြင်းပြစွာ ကြည့်ပြီးနောက် လူတစ်ယောက်ကလည်း ပြဿနာကို ရှာတွေ့သွားသည်။ ထို့သင်ကြားရေးအဆောင်က အနည်းငယ်လှုပ်နေသည်။
လူတိုင်းကလည်း တိုက်ရိုက်ထုတ်လွှင့်မှုက မှားယွင်းနေသည်ဟုသာ ထင်ထားကြသည်။ သို့သော် …
ထို့နောက် ဖန်သားပြင်ရှိ အရာအားလုံးက ပြင်းထန်စွာ လှုပ်ခါလာပြီးနောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုက တုန်ခါသွားသလို့မျိုး ပေါ်လာသည်။
ငလျင်လှုပ်တာပဲ။
ထို့အပြင် ငလျင်လှုပ်သော အရှိန်က အတော်ပြင်းလေသည်။
ဗုန်း
ဗုန်း
ဆုပိုင်က သူ့ကိုယ်သူ တည်ငြိမ်အောင် ခပ်မြန်မြန် ထိန်းပြီးနောက်တွင် မျက်လုံးက ပြူးကျယ်သွားသည်။
သူ အကြောက်ဆုံးအရာက ဖြစ်လာသည်။
ယခုလေးတင် အိုဟောင်းနေသော အဆောက်အဦးကို ကြည့်ပြီး တွေးနေမိသည်။ သို့သော် မမျှော်လင့်ထားစွာပင် အဆောက်အဦးထဲသို့ မရောက်သေးခင် မြေပြင်တစ်ခုလုံးက လှုပ်ခါလာသည်။
“အား ဆရာလျို့ မြန်မြန်လေး မြန်မြန်လေး ထွက်လာပါအုန်း”
“အရမ်းနောက်ကျ နောက်ကျသွားပြီ။ မှန် မှန် မှန် က ကွဲသွားပြီ”
“ပြိုတော့မယ်။ ပြိုတော့မှာ”
“ဝူး ဝူး ဝူး ဆရာ”
350 03
“ကယ်ကြပါ”
“…”
အဝေးရှိ အဆောက်အဦးက ဝသုန်းရုန်းကား ဖြစ်နေသည့်တိုင်အောင် ဆုပိုင်က ဒုတိယအထပ် လေသာဆောင်နားတွင် ရပ်နေသော ဆရာတစ်ယောက်က အောက်ဘက်ရှိ တအားကုန် အော်ဟစ်နေကြောင်း မြင်ရသည်။ သူသည် အံကိုကြိတ်၍ အရှိန်နှုန်းကို မြှင့်တင်လိုက်ပြီး အပြေးသွားလိုက်သည်။
ဗုန်း
“မဟုတ်ဘူး”
သူက စအော်လိုက်သည့် အခိုက်အတန့်တွင်ပင် သူ၏အရှေ့မှ အဆောင်ကြီးတစ်ခုလုံးက ပြိုကျသွားသည်။ မရေမတွက်နိုင်သော ဖုန်လုံးများက မြှောက်တက်လာသည်။
ထို့အချိန်တွင် ငလျင်က ပို၍ပင် ပြင်းထန်လာလေသည်။
ခရက်စ့်
ကစားကွင်းအနောက်ဘက်ရှိ မြေပြင်က ကွဲအက်ရာများ ပြည့်နှက်လာသည်။
“ဟူး ဟူး ဟူး”
ဆုပိုင်သည်လည်း ထို့အခိုက်အတန့်တွင် အမှန်ပင် မှင်သက်သွားသည်။ သူသည်လည်း ယခုလို ကပ်ဘေးကြီးကို မကြုံတွေ့ဖူးချေ။ ပထမအထပ်မှ အပြေးဆင်းလာခဲ့သော ကျောင်းသား ဆယ်ယောက်ကျော်ကလွဲပြီး ကျန်သောလူတိုင်းက ထို့အပျက်အစီးပုံထဲတွင် မြုပ်သွားသည်။
“အား ငါ့ကလေး”
“ငါ့ကလေး”
“ကလေး”
ထို့အချိန်တွင် ခြေဗလာနှင့် အသက်အရွယ်ကြီးရင့်သော လူတစ်ယောက်က ကျောင်းဂိတ်ပေါက်ဝမှ အပြေးအလွှားလာပြီး စူးရှစွာ အော်ဟစ်သည်။ သူသည် ထို့အပျက်အစီးပုံ၏အရှေ့တွင် ဒူးထောက်လျှက်သား လဲကျသွားပြီး သူ၏နဖူးကို အုပ်ကာ ထိုင်နေလေသည်။
“ကစားကွင်းကို မြန်မြန်သွား”
သူက မြေပြင်တွင် လဲကာ တုန်ယင်နေသည့် ကျောင်းသားများကို အော်ဟစ်လိုက်ပြီးနောက် အပျက်အစီးပုံထဲသို့ အပြေးသွားလိုက်သည်။
“ကျောင်းအုပ် အဘိုး”
“မြန်မြန်သွား”
ကျောင်းအုပ်တုံးက သူ၏အရှေ့တွင် ငိုနေသော ကလေးတစ်အုပ်ကို ကြည့်ပြီး အော်လိုက်ပြန်သည်။
သူသည်လည်း အပျက်အစီးပုံထဲသို့ ခုန်ဝင်လိုက်သည်။ သူသည် တုန်ယင်နေသော လက်များဖြင့် သူ၏အရှေ့မှ ဘိလပ်မြေတုံးများ၊ သံမဏိတုံးများကို ကောက်ယူကာ ဖယ်ရှားရန် ကြိုးစာသည်။
“ကလေး”
“ဆရာလျို့ တစ်ယောက်ယောက် အသက်ရှင်သေးလား”
“ဝိုး တစ်ယောက်ယောက် အသက်ရှင်ကြသေးလား”
ကျောင်းအုပ်တုံးက အပျက်အစီးပုံများထဲမှ အုတ်ခဲများကို ဘေးဘက်သို့ ရွေ့ဖယ်ရင်း ခပ်တိုးတိုး ရေရွတ်နေသည်။
ဗုန်း
ထိုအချိန်တွင်ပင် ထို့မြေပြင်ကြီးတစ်ခုလုံးက လှုပ်ခါလာပြန်သည်။ အပေါ်ဘက်မှ အလွန်မြှင့်မားကာ ကြီးမားသည့် နံရံကြီးတစ်ခုက လိမ့်ကျလာသည်။
++++++351 01
အခန်း 351
“လမ်းက ဖယ်”
ဆုပိုင်က ကြမ်းတမ်းသော မျက်နှာမျိုးနှင့် တအားကုန် အော်ဟစ်ကာ အရှေ့သို့ အပြေးဝင်လိုက်သည်။ ထို့နောက် ထိုလူအိုကြီးကို ဘေးဘက်သို့ တွန်းပစ်လိုက်သည်။
ဘန်း
ထိုနံရံအလွှာလိုက်ကြီးတစ်ခုလုံးက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသောအခါ ဆုပိုင်က လူအိုကြီးကို တင်းတင်းကြပ်ကြပ် ဖက်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီ ဖြစ်သည်။
“တုန်နေတုန်းပဲ။ အလျင်စလို မဝင်သွားနဲ့”
“ငါရဲ့ကလေးတွေ။ အဲဒီမှာ ကလေးတွေ အများကြီး မြုပ်သွားတာ။ မဟုတ်ဘူး ငါ သွားရမယ် ငါရဲ့ကလေးတွေ”
“ဝူး ဝူး ငါရဲ့ ကလေးတွေ”
လူအိုကြီးက စူးရှစွာ အော်ဟစ်နေသည်။ သူသည်လည်း မြေပြင်ပေါ်တွင် လဲပြိုကျသွား၏။ သူဟာ အရှေမှ အပျက်အစီးပုံဆီသို့ လက်နှစ်ဖက်လုံးဖြင့် ညွှန်ပြနေသေးသည်။
ဟူး
ဆုပိုင်က အသက်ကို ပြင်းပြင်းရှု၍ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“သိပ်မကြာခင် ရပ်သွားလိမ့်မယ်။ ငါလည်း ခင်ဗျားနဲ့အတူ တူးပေးမှာပါ ဟုတ်ပြီလား။ ခင်ဗျားနဲ့အတူ တူးပေးမှာ။ ဒီအနီးနားဝန်းကျင်မှာ အခြားလူတွေများ မရှိတော့ဘူးလား”
အရာအားလုံးက ယုတ်ချည်းဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ တစ်မိနစ်ပင် မကြာသေးခင် ဆရာများနှင့် ကျောင်းသားရာကျော်က ထိုအပျက်အစီးပုံထဲတွင် မြုပ်သွားပြီဖြစ်သည်။
ပို၍ဆိုးသည်မှာ ဒီကျောင်းက မူလတန်းကျောင်း ဖြစ်သည်။ ကလေးများအားလုံးက အသက် ဆယ်နှစ်ဝန်းကျင်ခန့်သာ ဖြစ်သည်။
“ရပ် ရပ် ရပ်”
“လျှောက်”
လှုန်ခါနေမှုက ငြိမ်သထက်ငြိမ်သွားသည့်နှင့် ဆုပိုင်က မြေပြင်မှ ချက်ချင်းဆိုသလို ကုန်းထလိုက်ပြီး အပျက်အစီးပုံထဲသို့ အပြေးဝင်သွားသည်။ ထို့နောက် သူ၏လက်ဗလာနှင့်ပင် ကွဲကြေနေသော သံချောင်းများအားလုံးကို ဖယ်ထုတ်သည်။
စက္ကန့်အနည်းငယ်ခန့် အချိန်ပိုရမည်ဆိုလျှင် အတွင်းမှ လူများကို မျှော်လင့်ချက် အနည်းငယ် ပိုပေးနိုင်ပေလိမ့်မည်။
“ဝူး ဝူး ကလေးတွေ တောင့်ထားအုန်းနော် ကျောင်းအုပ်က လာကယ်ပြီ”
ကျောင်အုပ်တုံးက မြေပြင်ပေါ်မှ ကုန်းထလာပြီးနောက်တွင် သူ၏ သွေးသံရဲရဲ ဖြစ်နေသော လက်ကိုပင် ခါရမ်း၍ အော်ဟစ်ရင်း ထိုအပျက်အစီးပုံဆီသို့ သွားကာ အပျက်အစီးများကို ဖယ်ထုတ်လေသည်။
သူသည် အတွင်းမှ တုံ့ပြန်မှုကို မျှော်လင့်နေသည်။
တစ်ယောက်ဆိုရင်တောင်မှ…
ကလေးတစ်ယောက်သာ အသက်ရှင်နေရင်တောင်မှ…
…
“မြန်မြန်လုပ်”
“ထွက်ခွာဖို့ အသင့်ပြင် အခုချက်ချင်း ထွက်ခွာဖို့ လုပ်”
“မြန်မြန်လုပ်”
ရုပ်ဖျက်ထားသော ယူနီဖောင်းကို ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်းအရွယ် လူတစ်ယောက်က လည်ပင်များ နီတက်လာသည့်အထိ အော်ဟစ်နေသည်။
“ငါတို့မှာ အချိန်မရှိတော့ဘူး။ သိပ်မကြာခင် နောက်ထပ်တစ်ကြိမ် ပြန်လှုပ်လာလောက်တယ်။ ငါတို့တွေ မမှောင်ခင် အခင်းဖြစ်ရာနေရာကို အမြန်ဆုံးရောက်ဖို့ လိုအပ်တယ်”
351 02
“လမ်းတွေက ပိတ်သွားတော့မှာ။ အားလုံးပဲ မြန်မြန် ပြေးရမယ်”
“ငါတို့ ကုန်းပြီး သွားရမယ်ဆိုရင်တောင်မှ မမှောင်ခင် အဲဒီနေရာကို ရောက်ဖို့ လိုအပ်တယ်”
“ဟုတ်ကဲ့”
ထို့စစ်သားတစ်ဖွဲ့လုံးက ကျယ်လောင်စွာ အော်ဟစ်ကြသည်။
ထို့နောက် သူ၏အရှေ့တွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးဆယ်ကောင်ကလည်း အခြေအနေ၏လေးနက်မှုကို နားလည်သလိုမျိုး တည်ကြည်စွာ ရပ်နေကြသည်။ သူတို့ကလည်း တည်ငြိမ်သော မျက်နှာမျိုးဖြင့် တိတ်တဆိတ် စောင့်ပေးနေကြသည်။
“ထွက်တော့”
“မြန်မြန်”
ထို့အမိန့်နှင့်အတူ အားလုံးက အပြေးအလွှားထွက်ကြသည်။ ထို့ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများကလည်း ကားအသီးသီးပေါ်သို့ ခုန်တက်ကြပြီးနောက် အဖွဲ့အစည်း အမြှောက်အများနှင့်အတူ ကပ်ဘေးဖြစ်ရာ နေရာသို့ ထွက်လာခဲ့လိုက်ကြသည်။
သို့သော် …
သူတို့၏အသင်းက လူအယောက် ငါးဆယ်ပင် မရှိချေ။ ထို့မျှ ပြင်းထန်သော ငလျင်မျိုးနှင့်ဆိုလျှင် ထို့အရေအတွက်နှင့် လူများကို ကယ်ဆယ်ခြင်းက ရေပုံးထဲမှ ရေတစ်စက်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ကယ်ဆယ်ရေးယာဉ်က အမြန်နှုန်းကို မြှင့်ကာ မောင်းနှင်လာခဲ့ပြီး နောက်ဆုံးတွင် သုံးနာရီခန့် ကြာပြီးနောက် တောင်တက်လမ်းသို့ ရောက်ရှိသွားလေသည်။
ထို့အချိန်တွင် ကပ်ဘေးဖြစ်ရာ နေရာသို့ ဉီးတည်နေသော လမ်းကြီးတစ်ခုလုံးကို လိမ့်ကျလာသော ကျောက်သားများက ပိတ်ဆို့နေပြီ ဖြစ်သည်။
ဘန်း
ခေါင်းဆောင်ကလည်း ကားပေါ်မှ ခုန်ချပြီးနောက် မရပ်မနားအော်သည်။
“အားလုံးပဲ စားစရာတွေ ယူလာပြီး အပြေးဝင်သွားကြတော့”
“ဝုတ် ဝုတ် ဝုတ်”
ထို့လမ်းပြခွေးများကလည်း ကျောက်စလစ်ခဲများ ဆက်တိုက်ကျနေသေးသည့် တောင်တက်လမ်းဆီသို့ အလျင်မြန်စွာ အပြေးသွားကြသည်။ သူတို့၏အနောက်မှ မရေမတွက်နိုင်သော စစ်သားများက အမျိုးမျိုးသော ရိက္ခာခြောက်များပါသည့် အထုပ်များကို သယ်၍ လျင်မြန်စွာပင် ဝင်ရောက်သွားကြလေသည်။
လူတိုင်း၏မျက်နှာက တည်ကြည်နေကြပြီး အံကိုပင် ကြိတ်ထားကြသည်။
မိနစ်အနည်းငယ်ထဲနှင့် သူတို့၏ကိုယ်က ရေများလောင်းချိုးထားသလိုမျိုး စိုရွဲနေကြကာ အဝတ်များကပင် စိုနေလေသည်။
သို့တိုင်အောင် မည်သူကမှ ချွေးသုတ်ချိန် မရှိကြပေ။
အဝေးရှိ အပျက်အစီးပုံထဲတွင် မရေမတွက်နိုင်သော လူပေါင်းများစွာက သူတို့၏ကယ်ဆယ်မှုကို စောင့်ဆိုင်းနေကြသည်။ မရေမတွက်နိုင်သော အသက်ပေါင်းများစွာကလည်း ပျောက်ကွယ်နေသည်။
“မြန်မြန်”
“မြန်မြန်သွား”
ခေါင်းဆောင်ကလည်း သူ၏ကျောမှ ရိက္ခာထုပ်ကို ခပ်တင်းတင်း ကိုင်လိုက်ပြီးနောက် အနောက်ဘက်မှ စစ်သားများကို လှမ်းအော်လိုက်ပြန်သည်။ ထို့နောက် ထို့တစ်ဖွဲ့က သူ့ကို ကျော်ြဖတ်သွားသောအခါ သူသည်လည်း အရှိန်နှုန်းကို မနှေးကွေးစေလေပဲ အရှိန်ကို မြှင့်လိုက်ကာ အနောက်မှ လိုက်သည်။
“ဟိန်းကျစ်”
သူက သူ၏အရှေ့မှ အဝါရောင်နှင့် အနက်ရောင်အမွှေးများပါသည့် ခွေးတစ်ကောင်ကို လှမ်းအော်သည်။
351 03
“အား”
ချက်ချင်းဆိုသလိုပင် ကယ်ဆယ်ရေးခွေးက အရှေ့ဘက်သို့ ခုန်ဝင်သွားလေသည်။
ဟူး
ခေါင်းဆောင်က အသက်ကို ပြင်းပြင်းရှုသည်။ သူသည် အဝေးရှိ အပျက်အစီးပုံကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
“မင်းတို့ အရင် ပြေးသွားကြ။ အထဲက လူတွေက မင်းတို့ကို ငါတို့ရောက်လာမှန်း သိလိမ့်မယ်”
“အရင်ဉီးဆုံး အပျက်အစီးပုံထဲက လူတွေကို အရင်ကယ်ရအောင် နားလည်လား”
“ဟုတ်”
ဟိန်းကျစ်အမည်ရသော ရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေးက တစ်ချက် ပြန်ဟောင်ပြီးနောက် အမိန့်ကို လက်ခံရယူပြီးသည့်နှင့် တစ်ဖက်သို့ လှည့်ကာ ခပ်မြန်မြန် ထွက်သွားလေသည်။
ဟိန်းကျစ်၏ပျောက်ကွယ်သွားသောကျောကို ကြည့်နေပြီးနောက် သူဟာ ခပ်တိုးတိုး ရေရွတ်သည်။
“အားလုံး အသက်ရှင်ပါစေ”
ခေါင်းဆောင်က တစ်စုံတစ်ရာကို ရေရွတ်ပြီးနောက် သူ၏လက်မောင်းကို ရမ်း၍ ထို့အသင်း၏ အနောက်မှ အမှီလိုက်သွားလေသည်။
…
“ဝူး ဝူး ဝူး ငါဆက်မကြည့်နိုင်တော့ဘူး။ မတူးပါနဲ့တော့ ကျေးဇူးပြုပြီး မတူးပါနဲ့”
“ဘယ်လိုကြောင့် ဒီလို ဖြစ်သွားတာလဲ။ ကယ်ဆယ်ရေးအသင်းက ဘယ်ရောက်နေလဲ။ ဘာလို့ မလာကြသေးတာလဲ။ နာရီပေါင်းများစွာ ကြာနေပြီလေ”
“အရမ်း ဆိုးတာပဲ။ ငါ ငါ မကြည့်ရက်တော့ဘူး”
“သူတို့အားလုံးက ဆယ်နှစ်အောက် ကလေးတွေနော်။ ဒီလိုမျိုးဖြစ်သွားတာက ဘယ်လိုတောင် ဆိုးယုတ်လိုက်သလဲ”
“ဒါရိုက်တာဆုပိုင် နင် တောင့်ထားရမယ်နော်။ သေချာပေါက် အသက်ရှင်တဲ့ ကလေးတော့ ရှိမှာပါ။ သူတို့ တစ်ယောက်လောက်တော့ ရှိမှာပါ”
“ဟုတ်တယ်။ ဟုတ်တယ်။ ရှင်သန်တဲ့ ကလေးတွေ သေချာပေါက် ရှိမှာပါ။ အားလုံးပဲ အားတင်းထားကြပါ”
“ဒီလို သဘာဝကပ်ဘေးကို ရင်ဆိုင်ရတဲ့အချိန်မှာ ငါတို့ လူသားတွေက တအား အားငယ်တယ်။ ဒါက ကြည့်နေရုံနဲ့တင် ရင်နာစေတယ်”
…
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများက အပျက်အစီးပုံနှင့် သိပ်မဝေးသော နေရာတွင် ကလေးဆယ်ယောက်ကျော် သို့မဟုတ် အလောင်း ဆယ်ခုကျော်က ပုံလျှက်သား ရှိနေကြောင်း မြင်သောအခါ အော်ငိုကြသည်။
ဒါရိုက်တာဆုပိုင်နှင့် ကျောင်းအုပ်တို့က နာရီပေါင်းများစွာ မရပ်မနား ကြိုးစားခဲ့သော်လည်း လူသေအလောင်းများကိုသာ ရှာတွေ့ခဲ့သည်။ ထို့နောက် …
351 04
ထို့အခိုက်အတန့်တွင် အားလုံးသည်လည်း မီးခိုးရောင်ဆံပင်နှင့် ကျောင်းအုပ်က ပြိုလဲလုနီးပါး ဖြစ်နေကြောင်း မြင်နိုင်သည်။ သူသည် မျက်ရည်များကို ဆက်တိုက်ကျနေရင်း အတတ်နိုင်ဆုံး တူးထုတ်နေခဲ့သည်။
သူဟာ ထိုသို့ တူးနေစဉ် တောက်လျှောက် စကားတစ်ခွန်းမှ မပြောတော့ဘဲ ခန္ဓာကိုယ်ကသာ တသိမ့်သိမ့် တုန်နေသည်။
ယခုအချိန်အထိ သူ၏လက်များက ဆက်တိုက် တုန်နေသေးသည်။ သူဟာ ကြောက်နေသည်။
တကယ်လို့ သူထပ်ပြီး တူးထုတ်နေတာသာ အလောင်းဖြစ်နေရင် ဘယ်လို လုပ်မလဲ။
ဒီသင်ကြားရေးအဆောင်တစ်ခုလုံးရဲ့ ကလေးတွေအားလုံးက …
“မဟုတ်ဘူး။ မဟုတ်ဘူး။ သေချာပေါက် တစ်ယောက်ယောက်တော့ အသက်ရှင်မှာပါ။ ဝူး ဝူး ဝူး ကျောင်းအုပ်က မင်းတို့ကို ကယ်ဖို့ ဒီနေရာမှာ ရှိနေတယ်။ ကျောင်းအုပ်က မင်းတို့ကို ကယ်မှာ တောင့်ထား တောင့်ထား”
++++++