အခန်း (၃၅၂-၃၅၄)
Vol. 24 Ch. 352-354
352 01
အခန်း 352
သူဟာ လေသံတိုးတိုးနှင့် တစ်စုံတစ်ရာကို ခပ်တိုးတိုး ရွတ်ဆိုပြီးနောက် သူ့အရှေ့မှ ကြီးမားသော သံမဏိကြမ်းခင်း ကျောက်ပြားကြီးကို လက်နှစ်ဖက်လုံးဖြင့် အတင်းဆွဲကာ မတင်လိုက်သည်။ သို့သော်
“ငါ လုပ်နိုင်တယ်။ ငါ လုပ်နိုင်တယ်”
ထိုအခြေအနေကို မြင်သော ဆုပိုင်က ဘေးဘက်မှ အပြေးအလွှားလာပြီး သူ့ကို ကူညီကာ မပေးလိုက်သည်။
“မလှုပ်နဲ့။ မလှုပ်နဲ့”
ရုတ်တရက် အတွင်းမှ အသံတိုးတိုးကို ကြားရသည်။ ဆုပိုင်က တစ်ခဏခန့် ကြောင်အသွားပြီးနောက် လုပ်လက်စကို ရပ်တန့်လိုက်သည်။
အတွင်းတွင် သက်ရှိ လူတစ်ယောက်ရှိနေသည်။ ဆရာမတစ်ယောက် ဖြစ်လောက်သည်။
ဘန်း ဘန်း ဘန်း
သူက ထို့ကျောက်ပြားဘေးတစ်ဖက်ခြမ်းရှိ အပျက်အစီးများအားလုံးကို အခြားတစ်ဖက်ခြမ်းသို့ ရွေ့လိုက်ပြီးနောက် သေးငယ်သော အနက်ရောင် တွင်းပေါက်လေးကို မြင်လိုက်ရသည်။
“ငါပြောတာ ကြားရလား။ ငါက ကျောင်းအုပ်တုံးပါ”
“ကြားရ”
“ဒီကျောက်ပြားကို ရွေ့လို့ မရဘူး။ အောက်မှာ တစ်ခုခု ရှိနေတယ်။ ဒါကို ရွေ့လိုက်ရင် အထဲက ကလေးက မြုပ်သွားမှာ”
ဆုပိုင်က အထဲမှ ထပ်ထွက်လာသော အသံကို ကြားပြီးနောက် မျက်ရည်များပင် ကျလာသည်။ သူသည်လည်း အလွန်အမင်း စိတ်ဓာတ်ကျနေမိသည်။
သူတို့ ယခု ကလေးအလောင်း ဆယ်လောင်းကျော် တူးထုတ်ထားပြီးသား ဖြစ်သည်။ တစ်လောင်းချင်းစီတိုင်း၏ ပိုင်ရှင်က အသက်ဆယ်နှစ်ပင် မရှိသော ကလေးများ ဖြစ်နေသည်။
မိသားစုတွေ ဘယ်လောက်များ ပျက်စီးသွားလိမ့်မလဲ။
ယခုမှသာ နောက်ဆုံးအသက်ရှင်သန်သူ တစ်ယောက်ကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မည်သည့်တန်ကြေးကို အသုံးပြုရစေကာမှု သူတို့သည်လည်း အတွင်းမှ လူကို ရအောင် ကယ်တင်ရပေမည်။
ဆုပိုင်က ငလျင်လှုပ်ချိန်ကတည်းက သူ၏တာဝန်တောင် မေ့လျော့နေပြီ ဖြစ်သည်။ သူ ယခုလုပ်နိုင်သမျှက အောက်တွင် မြုပ်နေသည့် ကလေးများကို အတတ်နိုင်ဆုံး ရှာဖွေကာ ကယ်ဆယ်ရန် ဖြစ်သည်။ ထို့နောက် …
ထို့ငလျင်မှ တစ်ဆင့် ဆုပိုင်သည်လည်း ယခုလိုအချိန်တွင် မည်သို့သော တိရစ္ဆာန်မျိုးက ပေါ်လာလောက်ကြောင်း သိနေပြီး ဖြစ်သည်။ ဒါဟာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေး ဖြစ်လောက်သည်။ သို့သော်
ယခုလောက်ကြီးမားသော ငလျင်ကြောင့် တောင်တက်လမ်းက ပိတ်သွားလောက်လေပြီ။ အပြင်ဘက်မှ လူများ အပြေးဝင်လာလိုလျှင်ပင် နာရီပေါင်းများစွာ ကြာပေလိမ့်မည်။
သို့သော် ထို့နာရီအနည်းငယ်ကတင် အောက်ဘက်တွင် မြုပ်နေသော သူများအတွက် အလွန်အရေးပါသည်။ တစ်စက္ကန့်တိုင်း တစ်မိနစ်တိုင်းက ကုန်လွန်သည့်နှင့် ကလေးတစ်ယောက်က မွန်းကြပ်သေသွားနိုင်သည်။
ထို့အကြောင်းကို တွေးမိလေ ဆုပိုင်၏နှလုံးသားက သွေးစိမ်းရှင်ရှင် ထွက်လာသလို့ ခံစားရသည်။
“အထဲမှာ ကလေးတွေ ဘယ်လောက်များလဲ”
352 02
ဆုပိုင်က ထို့အပျက်အစီး၏ပုံထဲတွင် အသာလဲလိုက်ရင်း ဘေးဘက်မှ အနက်ရောင် တွင်းပေါက်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
“ဟိုလေ ဒီထဲမှာ ငါးယောက် ရှိတယ်”
“ဝူး ဝူး ဦးလေး ကျေးဇူးပြုပြီး ဆရာမကို ကယ်ပေးပါ။ ဆရာမက သွေးတွေ ထွက်နေတာ”
“ဉီးလေး ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ဆရာမကို အရင် ကယ်ပေးပါ။ ဆရာမက ငါတို့ကို ကာကွယ်ရင်းနဲ့ ဒဏ်ရာရသွားတာ”
အထဲမှ ကလေးများ၏ အော်သံကို ကြားသောအခါ ဆုပိုင်က မျက်မှောင် ကြုတ်သည်။
သူတစ်ယောက်တည်းအားဖြင့် ထိုကျောက်တုံးကြီးကို မရန် မဖြစ်နိုင်ပေ။ ကန့်လန့်ခံနေသလိုဖြစ်နေသော ကျောက်ပြားကြီးကို ဖယ်လိုက်သည့်နှင့် အပျက်အစီးများစွာက အောက်သို့ ပြုတ်ကျသွားပေလိမ့်မည်။ အပေါ်ဘက်မှ အပျက်အစီးများကို ပိတ်ဆို့ရန် တစ်စုံတစ်ရာကတော့ဖြင့် လိုအပ်နေသေးသည်။
“ခဏစောင့်အုန်း။ ငါ မင်းတို့ကို အခုချက်ချင်း ကယ်ပေးမယ်”
ဆုပိုင်က အတွင်းဘက်သို့ လှမ်းအော်လိုက်ပြီးနောက် ဘေးဘက်ခြမ်းမှနေ၍ စတင်ကာ တူးလိုက်သည်။
“မြန်မြန်”
ထိုအချိန်တွင် ကျောင်းဂိတ်မှ လူအမြောက်အများ ဝင်လာကြသည်။ သူတို့ကလည်း အရှေ့မှ မြင်ကွင်းကို မြင်သောအခါ ကျယ်လောင်စွာ အော်ဟစ်ရင်း အပြေးလာကြသည်။
“ငါတို့က ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအသင်းကပါ။ အထဲက အခြေအနေ ဘယ်လိုလဲ”
ဆုပိုင်က အတွင်းမှ အခြေအနေကို ပြန်ပြောင်းပြောလိုက်သည်။
ထို့နောက် အပိုစကားတစ်ခွန်း မဆိုတော့လေဘဲ ထိုလူများအားလုံးက အနီးနားရှိ ကိရိယာများကို ကောက်ယူလျှက် ထိုကျောက်ပြားဝန်းကျင်ကို စတင်ကာ တူးထုတ်ကြသည်။
ထို့နေရာတစ်ခုလုံးက ဟောင်းလောင်းပေါက် ဖြစ်သွားမှသာ ကျောက်ပြားကို ဆွဲထုတ်နိုင်ပေလိမ့်မည်။ ထို့နောက် …
သို့သော် အတွင်းရှိ ကလေးများကို ကယ်ဆယ်နိုင်မည်ဟု မည်သူကမှ အာမ မခံနိုင်ကြပေ။ မည်သို့ပင်ဆိုစေ ငလျင်လှုပ်ပြီးနောက်ဖြစ်သော လှုပ်ခါမှုများက ဆက်လာလောက်သေးသည်။
ထိုလှုပ်ခါမှုက အထဲမှ အပျက်အစီးများကိုလည်း အောက်သို့ ပြုတ်ကျသွားစေနိုင်လေသည်။
“ဟိန်းကျစ် လူသွားခေါ်”
စစ်သားက ရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေးကို လှမ်းပြောလိုက်သည်။
သိပ်မကြာခင် အချိန်တွင် ထို့ကယ်ဆယ်ရေးခွေးက ပြန်ရောက်လာသည်။ ထို့နောက် အနောက်ဘက်မှ ငလျင်အောက်တွင် ရှင်သန်ကျန်ရစ်ခဲ့သည့် စစ်သားများနှင့် မရေမတွက်နိုင်သော ရွာသားများ ရောက်ရှိလာကြသည်။
သူတို့ကလည်း အပြေးအလွှား တက်လာကြသည်။ ထိုနောက် လူများက ပစ္စည်းများကို ကိုင်လာပြီး အချို့သော လူများက ဘာမှ မသယ်လာကြပေ။
ထိုသို့ဖြင့် အနီးအနား ဝန်းကျင်ရှိ ပစ္စည်းများကို သုံးကာ စတင်ကာ ရှင်းလင်းပေးကြသည်။
“မြန်မြန်လာ။ အချို့တွေက ဒီကျောက်ပြားကို မ”
“အားလုံးပဲ အသင့်ပြင်ထားကြပါ။ အောက်က ကလေးတွေကို အပေါ်ကို အရင်တင်ထုတ်ရမယ်။ အားလုံးပဲ သတိထားကြ။ နောက်ပြီး အထဲက ဆရာမက ဒဏ်ရာရထားတယ်တဲ့။ ကျေးဇူးပြုပြီး သတိထားကြပါ။ ကြားကြရဲ့လား”
“မြို့က ဆရာဝန်က အသက်တွေကို ကယ်ဖို့ အသင့်ပါပဲ”
“လှုပ်ရှားတော့”
ခေါင်းဆောင်က အော်ဟစ်ပြီးသည့်နှင့် အန္တရာယ်အများဆုံး နေရာတွင် သူ၏ကျောဖြင့် ပင်မထားလိုက်ကာ အပေါ်ဘက်သို့ တွန်းတင်ရန် လုပ်သည်။
“ငါ ဒီမှာ ရပ်နေပေးမယ်”
352 03
ဆုပိုင်ကလည်း အနားသို့ လျှောက်သွားပြီးနောက် လေသံတိုးတိုးနှင့် လှမ်းပြောလိုက်သည်။
“မလိုဘူး။ မင်းက လူကယ်တာ ဒီလောက်ကြာပြီ။ အခု ငါတို့ အလှည့်ပဲ”
“ဒါက ငါတို့ရဲ့ တာဝန်ပါ။ ငါတို့ နှောင့်နှေးစေလို့ မရဘူး”
“နောက်ထပ်တစ်ကြိမ် လှုပ်ခတ်မှုက ဘယ်အချိန်လာမလဲဆိုတာကို ငါတို့ မသိသေးဘူး။ ဒီတော့ အမြန်ဆုံး ကယ်ထုတ်မှ ဖြစ်မယ်။ နောက်ပြီး မရေမတွက်နိုင်တဲ့ လူပေါင်းများစွာက သူတို့ကို ကယ်ဖို့စောင့်နေကြသေးတယ်”
ဆုပိုင်က သူ့ကို မဖျောင်းဖျနိုင်ပေ။ ထို့ကြောင့် သူသည်လည်း သူ၏လက်နှစ်ဖက်လုံးဖြင့် ကျောက်ပြားကို ကိုင်ပြီး အသက်ကို ပြင်းပြင်းရှုလိုက်သည်။
၃ ၂ ၁
မ
“အား”
လူအုပ်က ရုတ်တရက် အော်ဟစ်ကြပြီးနောက် ထိုကျောက်ပြားကြီးကို တဖြည်းဖြည်းချင်းစီ မကြသည်။
“ထိန်းထားကြအုန်း”
“မြန်မြန်လေး ကလေးတွေ ထွက်လာခဲ့”
စစ်သားတစ်ယောက် ထိုအပေါက်ကြားထဲသို့ သူ၏ကိုယ်တစ်ဝက်ကို ခပ်မြန်မြန် ကိုင်းဝင်၍ လက်မောင်းကို ဖွင့်ကာ အောက်ဘက်က ကလေးကို ဆွဲထုတ်သည်။ ထို့နောက် ထို့ကလေးကို အနောက်ဘက်မှ လူသို့ ပေးလိုက်ပြီးနောက် ပြန်ဝင်သွားပြန်သည်။ မည်သို့ပင်ဆိုစေ အထဲမှာ ကလေးငါးယောက်ရှိနေလေသည်။ ကလေး ငါးယောက်လုံးကို ထုတ်ပြီးနောက်တွင်
“ဆရာမ ငါ့ကို လက်ပေးပါ။ ငါ ဆွဲထုတ်ပေးမယ်”
အတွင်းတွင် ကျန်ရစ်နေသော လူက ဆရာမသာ ဖြစ်သည်။ သူမက ထူးဆန်းသော ပုံစံမျိုးဖြင့် ကျောက်ပြားထဲတွင် လှဲနေသည်။ ထို့စစ်သားက သူ၏လက်ကို လှမ်းပေး၍ ခပ်တိုးတိုး ခေါ်လိုက်သည်။
“အွန်း”
“ကလေးတွေ အားလုံး ထွက်သွားပြီလား”
ထို့ဆရာမက မျက်လုံးကို တဖြည်းဖြည်းချင်းစီ ဖွင့်ပြီး ဘေးဘက်မှ ကလေးများကို ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။
သူမက စိတ်အေးစွာနှင့် ပြောသည်။
“ကလေးတွေ ထွက်သွားရင် ပြီးတာပါပဲ”
“ဒီဆရာမက အသုံးမဝင်တော့ဘူး။ သူ ဒီကလေးတွေကိုပဲ ကယ်နိုင်တယ်။ နင်တို့ ငါ့ကို ကယ်စရာမလိုဘူး”
“ငါက ဒဏ်ရာရထားပြီးသား။ ငါ ထွက်နိုင်မှာ မဟုတ်ဘူး။ သိပ်မကြာခင် နောက်ထပ် လှုပ်ခတ်မှုက ရောက်လာတော့မှာဆိုတော့ ဒီကျောက်ပြားကို ဆွဲထားလိုက်ပါတော့”
ထို့စကားများကို ပြောပြီးသည့်နှင့် တစ်ဖက်သူကို ကယ်တင်ရန် ကြိုးစားနေသော စစ်သားသာမကသေးလေဘဲ အနီးနားမှာ ကျောက်ပြားကို ကိုင်ထားသော လူများအားလုံးက အံဩသွားကြသည်။
“ဆရာမလျို့ ငါတို့ မင်းကို ကယ်နိုင်တယ်လေ။ ငါတို့ မင်းကို သေချာပေါက် ကယ်နိုင်တယ်”
ကျောင်းအုပ်တုံးကလည်း ထိုအပျက်အစီးပုံနားတွင် လဲရင်း အောက်ဘက်သို့ ကြည့်ကာ လှမ်းပြောသည်။
“ဝူး ဝူး ဝူး ငါ တောင်းပန်ပါတယ်။ ငါ အဲဒီအချိန်က မင်းကို မနေခိုင်းခဲ့သင့်ဘူး”
“ငါ မင်းရဲ့ မိဘတွေနဲ့ ယောက်ျားကို ဘယ်လိုများ ရှင်းပြရတော့မှာလဲ”
352 04
ဆရာမ ငါးယောက်က ဒီနေရာတွင် နှစ်ပေါင်းများစွာ နေခဲ့ကတည်းက သူသည်လည်း ထိုဆရာမများက တဖြည်းဖြည်းချင်းစီ အရွယ်ရောက် ကြီးပြင်းလာသည့် မြင်ကွင်းကို မြင်တွေ့နေကြဖြစ်သည်။ ဒါဟာ သူတို့၏ အိမ်ကဲ့သို့ပင် ဖြစ်လာသည်။ သို့သော်
သူမက အသက် ၃၀ အရွယ်သာ ရှိနေသေးသည်။ သူမ၏ ဘဝက အထွန့်အထိပ်တွင်သာ ဖြစ်ပြီး ဒီနေရာတွင် သေရတော့မည်။
သူ ဒါကို ဘယ်လို လက်ခံနိုင်မှာလဲ။
ထိုလူများက အတတ်နိုင်ဆုံး ကြိုးစားပြီး အခုလို့ ဆင်းရဲခေါင်လွန်းသော နေရာမျိုးတွင် နေကာ ကူညီပေးနေကြခြင်း ဖြစ်သည်။
“မဟုတ်ဘူး ကျောင်းအုပ် ငါ ငါ မထွက်နိုင်ဘူး။ ကျေးဇူးပြုပြီး အဲဒါကို ပစ်ချလိုက်ပါတော့”
“ငါတို့ ဒီမှာ နေရတာကို နောင်တ မရပါဘူး”
“ငါ တကယ် နောင်တ မရပါဘူး။ သိပ်မကြာခင် လှုပ်ခါမှုက ရောက်လာတော့မယ်။ အဲဒီအစား ငါနဲ့ အချိန်ဖြုန်း မနေဘဲ ကလေးတွေကိုသာ သွားကယ်လိုက်ပါ။ သွားတော့”
အထဲမှ လာတဲ့ အသံကို နားထောင်ပြီးနောက် ဆုပိုင်က အသက်ကို ပြင်းပြင်းရှု၍ အရှေ့မှ လူကို လှမ်းအော်သည်။
“တစ်ယောက်ယောက် လာ ဒီကျောက်တုံးကို မထား။ လုံလောက်အောင် မြှင့်မယ်ဆိုရင် ငါ အထဲကို ကုန်းဝင်သွားလို့ရတယ်”
“ငါ လူသွားကယ်မယ်”
ထိုစကားကို ကြားပြီးနောက် အားလုံးက ရင်ထဲထိသွားကြသည်။ မည်သူကမှလည်း နောက်ပိုင်း လှုပ်ခါမှုက ရောက်ရှိလာမည့်အချိန်ကို ကြိုမသိထားကြပေ။
ထိုကျောက်ပြားအောက်ဘက်မှ အပျက်အစီးများက မညီညာသော ဘားတိုင်များပင် ရှိနေသေးသည်။၊ ထို့ကြောင့် လှုပ်ခါမှုက ဖြစ်လာသည့်နှင့် အတွင်းရှိ လူများ သေပေလိမ့်မည်။
“မဟုတ်ဘူး။ တစ်ယောက်ယောက် ငါ့ကို သယ်ပေး ငါ ဝင်သွားနိုင်တယ်။ အထဲက အရမ်း အန္တရာယ်များတာ မင်းကို ဆင်းခွင့်ပြုလို့ မရဘူး”
“ခေါင်းဆောင် ငါ ဝင်မယ်။ မင်းတို့တွေ မလှုပ်ကြနဲ့။ ဒီအတိုင်းပဲ ဒီကျောက်ပြားကို ကိုင်ထားကြ”
“အထဲက အခြေအနေက ဘယ်လိုမှန်း ငါတို့ သိသေးတာ မဟုတ်ဘူး။ ဒီတော့ ငါတို့ အပြေးအလွှား ဝင်သွားလို့ မဖြစ်ဘူး။ အထဲက ကယ်ဆယ်ဖို့ စောင့်နေတဲ့ ကလေးတွေလည်း အများကြီး ရှိသေးတယ်။ အားလုံး လုံခြုံရမယ်”
ဆုပိုင်က လူတိုင်းကို တစ်ချက်ကြည့်ပြီးနောက် လက်တစ်ဖက်တည်းဖြင့် ကျောက်ပြားကို ကောက်မလိုက်ပြီး ဘေးဘက်မှ လူကယ်ရန် အဆင်သင့်ရှိနေသော စစ်သားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူဟာ ထိုကျောက်ပြားကို လှမ်းပေးလိုက်သည်။
ရှိနေသမျှသော လူများထဲတွင် သူကသာ အမြန်ဆုံးသော အရှိန်နှုန်းနှင့် ခွန်အားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့ကြောင့် သူ၏လူကယ်နိုင်စွမ်းရည်က အမြင့်ဆုံးတွင် ဖြစ်သည်။
++++++ 353 01
အခန်း 353
“မထား အရှိန်မြှင့်”
ထို့နောက် အပိုစကားတစ်ခွန်းမှ မဆိုတော့လေဘဲ သူဟာ ခန္ဓာကိုယ်တစ်ဝက်ခန့်ကို အတွင်းသို့ ကုန်းဝင်ရင်း လူတိုင်းကို လှမ်းအော်လိုက်သည်။
“မ”
ခေါင်းဆောင်က အော်သည်။ သူ၏ နဖူးမှ သွေးကြောများပင် ထောင်တက်လာ၏။
သူ၏ခေါင်းအထက်မှ ကျောက်ပြားက ဖြည်းဖြည်းချင်းစီ မြှောက်သွားကြောင်း ခံစားလိုက်မိသည့်နှင့် ဆုပိုင်က ဂရုစိုက် အတွင်းသို့ ကုန်းဝင်လိုက်သည်။
အတွင်းသို့ ဝင်ရောက်ပြီးမှသာ ထို့ဆရာမက မည်သည့်အတွက်ကြောင့် မထွက်နိုင်မှန်း သိလိုက်သည်။
လက်ညှိုးတစ်ချောင်းစာခန့် တုတ်သော သံမဏိဘားတိုင်ကြီးတစ်ခုက သူမ၏ပေါင်ထဲသို့ တိုက်ရိုက် ဖောက်ဝင်နေသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ထိုအမျိုးသမီးက သူမ၏ အားနည်းသော ခန္ဓာကိုယ်ကို အသုံးပြု၍ ကလေး ငါးယောက်ကို ကာကွယ်ပေးခဲ့သည်။
ဒါက
“မလှုပ်နဲ့”
ဆုပိုင်က တဖြည်းဖြည်းချင်းစီ ကုန်းဝင်သွားလိုက်သည်။ အတွင်းရှိနေရာက အလွန်ကျဉ်းသည်။ လူတစ်ယောက် ကုန်းနိုင်ရန်သာ လုံလောက်သည်။
သူဟာ ခပ်တိုးတိုး ပြောပြီးသည့်နှင့် ထို့ဘားတိုင်အနောက်ဘက်သို့ သွားလိုက်သောအခါ ဆက်စပ်နေသော ကျောက်ပြားကြီးကို မြင်လိုက်ရသည်။
“တောင့်ထား”
ဆုပိုင်က အံကိုကြိတ်၍ ဆရာမကို ပြောသည်။
သူမက ခေါင်းအသာညိတ်တာ မြင်လိုက်သည့်နှင့် ဆုပိုင်က သူ့လက်ကို သံမဏိဘားတိုင်ထံသို့ ပို့ပြီး တဖြည်းဖြည်းချင်းစီ ဆွဲညှစ်လိုက်သည်။
“ငါ မင်းရဲ့ခြေထောက်ကို ဒီဘားတိုင်ထဲက ဆွဲနှုတ်ပေးရုံပဲ တတ်နိုင်မှာ။ ဒါပေမဲ့ တော်တော်လေးကို နာမှာ။ အရမ်း နာရင် အော်လိုက်”
ဆုပိုင်က သူမ၏ခြေထောက်ကို တဖြည်းဖြည်းချင်းစီ မြှောက်ပြီးနောက် လေးနက်သော လေသံနှင့် ပြောသည်။
ထို့ နာကျင်မှုက တောင့်ခံထားနိုင်ရန် မဖြစ်နိုင်လောက်ပေ။ ပို၍ဆိုးသည်မှာ ထို့ကဲ့သို့သော ဆောက်လုပ်ရေး သံမဏိဘားများက ချောမွတ်နေခြင်း မရှိချေ။ အခုလိုမျိုး ပြန်ဆွဲထုတ်သော ကိစ္စက
“ရတယ်။ အချိန်က ကုန်နေပြီ။ နင် စတော့”
ဆရာမလျို့က မျက်လုံးကို ပိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှုသည်။
“ဒါဆိုရင် ငါ စပြီ”
ဆုပိုင်က သူမခြေထောက်ကို ကိုင်ပြီးနောက် သံမဏိဘားတိုင်ထဲမှ ဖြည်းဖြည်းချင်းစီ ဆွဲထုတ်သည်။
ကျွတ် ကျွတ် ကျွတ်
ထို့အမျိုးသမီး၏ ခန္ဓာကိုယ်က ဆက်တိုက်ဆိုသလို တုန်ခါနေကြောင်း ခံစားမိနိုင်သည်။ သူမ၏ မေးရိုးကလည်း တကိုက်ကိုက် ရိုက်နေကာ ဆူညံသံများ ထွက်လာသည်။
“အား”
အပြင်ဘက်ရှိ လူများက အော်သံကို ကြားပြီး တိတ်ဆိတ်သွားကြသည်။
353 02
အထွက်ပေါက်နားတွင် အသင့်စောင့်နေသော စစ်သားများက ထိုမျှ ဝမ်းနည်းဖွယ်ကောင်းသော မြင်ကွင်းကို မြင်ပြီး မျက်ရည်များပင် ပြည့်လာကြသည်။ ထိုဆရာမက အမှန်တကယ် သန်မာသည်။
သိထားရမည်မှာ ငလျင်လှုပ်ပြီးသည်မှာ ငါးနာရီကျော် ကြာသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ပြောစကားများနှင့် ပြင်းထန်လွန်းသော နာကျင်မှုကို တောင့်ခံကာ ကလေးများအတွက်ကြောင့်ဖြင့် လက်မလျော့ခဲ့သော အခြေအနေက လေးစားစရာပင် ဖြစ်သည်။
ဘန်း
ဆုပိုင်က ထိုဆရာမကို တစ်ချက်ပွေ့ပြီးနောက် စိတ်အေးစွာ သက်ပြင်းချသည်။
“အသင့်ပြင်ထား။ ငါ လူကို ထုတ်ပေးတော့မယ်”
အပေါ်အထပ်သို့ လှမ်းအော်လိုက်ပြီးသည်နှင့် ဆုပိုင်က ထို့နေရာလေးတွင် တဖြည်းဖြည်းချင်းစီ ထရပ်လိုက်သည်။
ဗွီ
အနီးနားရှိ မရေမတွက်နိုင်သော ချွန်ထက်သည့် သံနှင့် ဘားတိုင်းများက သူ၏အဝတ်ကို ထိုးဖြဲပြီး သွေးအစင်းရာများ ဖြစ်ပေါ်လာစေသည်။
သူဟာ ထို့အမျိုးသမီးကို အပြင်ဘက်သို့ ပို့ပြီးမှသာ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်း၍ အသက်ကို ပြင်းပြင်းရှုသည်။
သူသည် အရှေ့မှ ကျောက်တုံးကို လက်နှစ်ဖက်လုံးဖြင့် ကိုင်၍ အပြင်ဘက်သို့ ကုန်းထွက်တော့မည့်အချိန်တွင်
ဗုန်း
ရုတ်တရက် မြေပြင်က လှုပ်ခါလာသည်။
“မြန်မြန်”
“ပြန် လှုပ်လာပြီ”
“မြန်မြန် ထွက်လာခဲ့။ ငါ့ကို လက်ပေး”
“အား အရမ်းနောက်ကျသွားပြီ။ အပေါ်က အပျက်အစီးတွေ ကျလာပြီ”
ကျောက်ပြားကို သယ်ထားသော လူများ၏မျက်နှာထားများက ပျက်ယွင်းသွားကြသည်။ အနောက်ဘက်မှနေ၍ အော်သံများနှင့်အတူ သူတို့၏မျက်လုံးများက ကျဉ်းမြောင်းသွားကြသည်။
“မလှုပ်နဲ့”
ခေါင်းဆောင်က အော်သည်။
“ကျောက်ပြားကို နည်းနည်း မြှင့်လိုက်”
“ခေါင်းဆောင် သတိထား”
ရုတ်တရက် အသင်းဝင်များထဲတွင် တစ်ယောက်က အထိတ်တလန့် အော်လိုက်သည်။ ထို့နောက် မျက်ရည်များ ကျလာသည်။
ဘန်း
လူတစ်ရပ်စာမျှ မြှင့်သော နံရံကြီးတစ်ခုက အတွင်းဘက်မှ ပြုတ်ကျလာပြီးနောက်တွင် ခေါင်းဆောင်၏ကျောကို ရိုက်မိသည်။
ထို့သို့ဖြင့် သူ၏နဖူးဘယ်ဘက်ခြမ်းတွင် ကြောက်စရာကောင်းသော ဒဏ်ရာကြီးက ဖြစ်ပေါ်လာလေပြီး သွေးများက စီးကျလာသည်။
ခေါင်းဆောင်က ယိုင်သွားသည်။ ထို့နောက် သူဟာ အံကိုကြိတ်ပြီး မျက်လုံးကို ဆက်တိုက် ပြူးကျယ်အောင် ဖွင့်ထားလျှက် အော်သည်။
“မလှုပ်နဲ့။ အောက်က လူငယ်ကို အရင်ကယ်”
“မြန်မြန်လုပ် ငါတို့က ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအသင်းဝင်တွေပဲ။ ဒီလို လူကယ်ဖို့က ငါတို့ရဲ့ အရေးကြီးဆုံး တာဝန်ပဲ”
353 03
“ငါ အဆင်ပြေတယ်။ ငါ့ကို မစိုးရိမ်နဲ့။ လူကို ဆွဲထုတ်လိုက်”
“ဟုတ်ကဲ့”
စစ်သားများက ခေါင်းဆောင်ရဲ့ဝတ်စုံကို ကြည့်ပြီးနောက် မျက်ရည်များအပြည့်ပင် အော်ကြသည်။ ထို့နောက် မရေမတွက်နိုင်သော အပျက်အစီးများက သူတို့ကို လာရောက်ရိုက်ခတ်မိသည့်တိုင်အောင် သူတို့ဟာ ကျောက်ပြားကို မြဲမြံစွာ ကိုင်ထားကြသည်။ မည်သူကမှ နောက်မဆုတ်ကြပေ။
“ဝူး”
“မြန်မြန်လေး တက်လာ ဒါက အကူအညီဖြစ်ပါတယ်”
“ငါတို့လည်း သွားကယ်ရအောင်”
“ငါတို့ ငါတို့ကို လာကယ်တဲ့ လူတွေကို အနှောင့်အယှက် ဖြစ်စေလို့ မဖြစ်ဘူး”
ထို့လှုပ်ခါမှုကြောင့် အပျက်အစီးပုံထဲမှ ထွက်လာပြီးသား လူအဖွဲ့ကလည်း သူတို့၏အရှေ့မှ အနေအထားကို မြင်လိုက်ကြသည်။ အထူးသဖြင့် သွေးများ စိုရွဲနေသော စစ်သား၏မျက်နှာကို မြင်လိုက်ချိန်တွင် ဖြစ်သည်။ သူတို့သည် အစက အဆုံးအထိ မည်သည့်အသံမှ မထွက်ကြချေ။ သူတို့ဟာ ကျောက်သားများအလား သူတို့ကို လာရောက် ရိုက်ခတ်သည့် ကျောက်တုံးများ၊ အချွန်အထက် ပစ္စည်းများ၏ ဒဏ်ရာကို မမှုသည့်အတိုင်း တောင့်ခံနေကြသည်။
လူတိုင်းက အံကိုကြိတ်ထားကြပြီး အရှေ့သို့ အပြေးအလွှားသွား၍ ကူညီပေးကြသည်။
“ထွက်လာပြီ”
ဆုပိုင်ကို ဆွဲထုတ်ပြီးသည့်နှင့် စစ်သားတစ်ယောက်က စိုးရိမ်တကြီး အော်သည်။
“မြန်မြန် ပစ်ချလိုက်တော့။ အရင်ထွက်လိုက်”
ခေါင်းဆောင်၏မျက်လုံးက စီးကျလာသော သွေးများကြောင့် နီရဲသည်။ သူဟာ မျက်တောင်ကို ခပ်ကြမ်းကြမ်းပြီး လေးနက်သော လေသံနှင့် ပြောသည်။
“အမိန့်ကို နာခံ”
အပြင်သို့ ကုန်းထွက်ပြီးလာခါစ ဆုပိုင်က ခြေထောက်တစ်ချောင်းနဲ့သာ ရပ်ရသေးသည်။ သူ၏ ခေါင်းအနောက်ဘက်မှ ဒဏ်ရာကို ကြည့်ပြီး အံကို ကြိတ်လိုက်သည်။
“လွှတ်”
“လွှတ်ချလိုက်တော့”
“ငါ့ကို မင်းရဲ့ခေါင်းဆောင်းပေး”
“မစိုးရိမ်နဲ့။ ဘာမှ မဖြစ်စေရဘူး”
ထိုအနားရှိ လူတိုင်းက လှုပ်ခါမှုကြောင့် ရမ်းခါနေကြသည်။ သို့သော် သူတို့၏မျက်လုံးများက အရှေ့မှ လူများထံတွင် ဖြစ်သည်။
“ချ”
ဆုပိုင်က အော်ဟစ်လိုက်ပြီးသည့်နှင့်အတူ လှုပ်ခါနေသော သူ၏ခေါင်းဆောင်ကို ခေါ်ကာ အပျက်အစီးပုံထဲသို့ ခပ်မြန်မြန် ပြေးဝင်သွားလိုက်ပြန်သည်။
ဗုန်း
ဗုန်း
ဗုန်း
ထိပ်ဆုံးမှ မရေမတွက်နိုင်သော အပျက်အစီးတုံးပေါင်းများစွာက အောက်ဘက်သို့ ကြမ်းတမ်းစွာ ပြုတ်ကျလာပြီးနောက် လူတိုင်း အခုလေးတင် နေခဲ့သည့်နေရာကို မြုပ်သွားစေသည်။
“အား ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်”
“ဝူး ဝူး ကံကောင်းလို့ အဆင်ပြေသွားတာ တော်ပါသေးတယ်”
“ဟား ဟား ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်”
353 04
လူတိုင်းက အချင်းချင်းဖက်ကာ စိတ်လှုပ်ရှားစွာ အော်ကြသည်။ ထိုအခြေအနေက ထိတ်လန့်သည်းဖို ဆန်နေသည်။
ထိုစစ်သားတစ်ဖွဲ့သာ မဟုတ်ချေ။ အခုလေးတင် မည်သည့်နေရာကမှန်း မသိထွက်လာသော လူငယ်လည်း ရှိသည်။ သူတို့ အားလုံးက လူအများ၏အသက်ကို သူတို့၏အသက်ကို ရင်းပြီး ကယ်တင်နေသည်ဟု ပြောရင်ပေ ချဲ့ကားရာ မရောက်ပေ။
စက္ကန့်အနည်းငယ် နောက်ကျသွားခဲ့ပါက ထိုပြုတ်ကျလာသည့် အရာများအောက်တွင် အားလုံးက မြုပ်သွားလောက်လေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို စောင့်ကြည့်နေသော လူများ၏ နှလုံးသားက လည်မျိုတွင်ပင် တစ်နေကြသည်။ သူတို့၏လက်များကိုလည်း ခပ်တင်းတင်း ဖစ်ညှစ်ထားမိ၏။
ထိုနောက်ပိုင်း လှုပ်ခတ်မှုကို မြင်တွေ့ပြီးနောက်တွင် အားလုံး၏မျက်လုံးက ပြူးကျယ်သွားကြကာ ကုလားထိုင်များပေါ်မှပင် ခုန်ထလိုက်မိကြသည်။
သူတို့သည် အသက်ကို အောင့်ထားကြပြီး ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေကာ အပျက်အစီးပုံအောက်မှ လူများအတွက် စိုးရိမ်နေကြသည်။
ထိုနောက် အာလုံးက နောက်ဆုံးအခိုက်အတန့်မှာ အပြေးအလွှား ထွက်လာတာ မြင်သောအခါ စိတ်အေးသွားကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံးက ဝမ်းသာအားရ အော်ကြသည်။
“အား သောက်ငရဲလိုပဲ။ အရမ်း ရယ်ရတာပဲ။ ဒါရိုက်တာဆုပိုင်က တော်လိုက်တာ။ ဒီစစ်သားတွေကလည်း တော်တာပဲ”
“ငါရဲ့နှလုံးသားက ရင်ဘတ်ထဲကနေ ပြုတ်ထွက်တော့မလို့ သူတို့ တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေတာ။ ဘာမှ မဖြစ်တာ တော်ပါသေးတယ်”
“ဝိုး ငါရဲ့မျက်ရည်တွေက စီးတာ မရပ်တော့ဘူး။ ငါ အရမ်း ရင်ထဲ ထိသွားပြီ။ ဒါက ငါတို့ တရုတ်နိုင်ငံက လူတွေ ကယ်နေကြ ပုံစံမျိုးလား။ အရမ်းကို လေးစားဖို့ အကောင်းဆုံးပဲ”
“ဟုတ်တယ်။ ငါ့သားကို ကြီးလာတဲ့အခါလည်း ဒီလို လူကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ အရမ်းကို ရင်ထဲ ထိချင်စရာပဲ”
“ဒါပေမဲ့ အထဲမှာ မြုပ်နေတဲ့ လူတွေအများကြီးပဲ။ ခေါင်းဆောင်ကတော့ သိသိသာသာပဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာဆိုတော့ အခု ဘယ်သူက အမိန့်ပေးမှာလဲ”
“ကြည့်အုန်း။ ကယ်ဆယ်ရေးခွေးတွေက အပြေးဝင်သွားပြန်ပြီ။ သူတို့က လူတွေအားလုံးကို ကယ်နိုင်မယ် ထင်တယ်”
“အလုပ်ဖြစ်ဖို့ မျှော်လင့်ရတာပါပဲ။ အလုပ်ဖြစ်လောက်မှာပါ။ ကြိုးစားထား ဒါရိုက်တာဆုပိုင် ကြိုးစားထား အားလုံးပဲ ကြိုးစားထားကြ”
…
++++++ 354 01
အခန်း 354
အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ်သွားပြီးချိန်ကတည်းက သဘာဝကပ်ဘေးများက မကြာခဏဆိုသလို ဖြစ်ပျက်တတ်သော်လည်း ထို့မျှအထိ ဆိုးရွားလွန်းသော အခြေအနေမျိုးက မဖြစ်ပျက်ခဲ့ဖူးသေးချေ။
ပုံမှန်အားဖြင့် လေးနက်တည်ကြည်စွာ ရှိနေတတ်သော ထို့စစ်သားများက သူတို့၏အသက်ကိုပင် ပဓာနမထားဘဲ လူကယ်နေသော မြင်ကွင်းကို မြင်ရသောအခါ အားလုံးက ရင်ထဲထိသွားကြသည်။
လူတိုင်းက စိတ်အေးစွာ သက်ပြင်းချနေချိန်တွင် ဒါရိုက်တာဆုပိုင်က ကယ်ဆယ်ရေးခွေးတစ်ကောင်၏ အမွှေးကို တစ်ချက် ပွတ်သပ်ပြီး အပျက်အစီးပုံထဲသို့ ဝင်ရန် ပြင်ဆင်နေကြောင်း မြင်သောအခါ အာလုံး၏ နှလုံးသားက ပြန်မြှောက်တက် သွားကြပြန်သည်။
“ဒါက ဟိန်းကျစ်တဲ့။ သူရဲ့နောက်ကို လိုက်သွား။ သူက တော်တော်လေးကို နာခံတာ။ အထဲမှာ မြုပ်နေတဲ့လူတွေကိုလည်း ရှာဖွေပေးနိုင်တယ်။ အန္တရာယ်များတဲ့ နေရာတွေဆိုရင် ဟိန်းကျစ်ကို အရင်ဆုံး စစ်ကြည့်ခိုင်းလိုက်။ သူက အရမ်း ဉာဏ်ကောင်းတယ်”
ခေါင်းဆောင်၏အားနည်းသော စကားကို ကြားရသောအခါ ဆုပိုင်က ထိုကယ်ဆယ်ရေးခွေး၏ နဖူးကို အသာပွတ်ပေးလိုက်ပြီးနောက် ခေါင်းကို အသာ ညိတ်သည်။
“မစိုးရိမ်နဲ့ ငါ လူတိုင်းကို ကယ်ပေးမှာ”
“သွား”
ဘေးဘက်မှ အကောင်၏ နဖူးကို အသာ ပွတ်လိုက်ပြီးနောက် ဆုပိုင်က သူ၏အနောက်မှ လိုက်ကာ အပျက်အစီးပုံထဲသို့ ပြေးဝင်သွားပြန်သည်။
ဟိန်းကျစ်က မရေမတွက်နိုင်သော အပျက်အစီးပုံများကို နင်းလျှောက်ကာ ကျော်ဖြတ်သွားသည်။ သိပ်မကြာခင်အချိန်တွင် သွေးအစင်းရာလေးများကို မြင်ရသည်။ သို့သော် ထိုရှာဖွေ့ရေးနှင့် ကယ်ဆယ်ရေးခွေးက မရပ်တန့်သွားခဲ့ချေ။
သူဟာ အလွန်အမင်း အန္တရာယ်များသော အနက်ရောင် တွင်းပေါက်လေးများ တစ်ခုပြီး တစ်ခုထဲသို့ ခုန်ကူးဝင်သွားတတ်သည်။ ထို့နောက် ခေါင်းကို ငုံပြီး အတွင်းသို့ နှာခေါင်းရှုံ့ကာ အနံခံကြည့်သည်။
“ဝုတ်”
ရုတ်တရက် ဆုပိုင်က အဝေးရှိ ကယ်ဆယ်ရေးခွေးတစ်ကောင် ဟောင်သံကို ကြားရသည်။ သူဟာ တစ်စုံတစ်ရာကို ခပ်မြန်မြန် တူးနေ၏။ ထို့နောက် အလျင်စလို သွားလိုက်သည်။
ဝုတ်
“အထဲမှာ လူရှိတယ်။ သက်ရှိလူပဲ”
တိရစ္ဆာန်ဘာသာစကားဖန်ရှင်ကို သုံး၍ သူက ဆောင့်ကြောင့်လေး ထိုင်ပြီး ဟိန်းကျစ်နှင့်အတူ စတူးသည်။
ခရက်စ့် ခရက်စ့် ခရက်စ့်
ထို့သို့ဖြင့် အုတ်ခဲများကို တစ်ခုပြီးတစ်ခု တူးထုတ်ပြီးနောက် ကလေးတစ်ယောက်၏ လက်မောင်းက ပေါ်လာသည်။
“ဒီမှာ ကလေးရှိတယ်”
ဆုပိုင်က ခပ်မြန်မြန် လှမ်းအော်လိုက်သည်။ မရေမတွက်နိုင်သော လူများက အပြေးလာကြ၏။ ထို့သို့ဖြင့် ကလေးကို ဖိထားသော အပျက်အစီးများကို ဖယ်ထုတ်ကြသည်။
ဟူး
အချိန်တွေကြာပြီးနောက် ဆုပိုင်က ထိုကောင်မလေးကို ဘေးဘက်ရှိ လူသို့ လွှဲပေးလိုက်ပြီး သူ၏ခေါင်းကို ငုံကာ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး ခွေးကို ကြည့်သည်။
သူဟာ နောက်ထပ်နေရာတစ်ခုကို အပြေးအလွှားပြန်သွားပြီး ဆက်ပြီး အလုပ်လုပ်နေပြန်သည်။
သူအား မည်သူကမှ အမိန့်ပေးရန်ပင် မလိုအပ်ပါပေ။
354 02
လူတစ်ယောက်ကို ရှာဖွေပြီးသည့်နှင့် ထိုကဲ့သို့ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးခွေးက ချက်ချင်းဆိုသလို့ အကြောင်းကြားမည် ဖြစ်သည်။ ထို့နောက် ထို့လူ ကယ်ဆယ်ပြီးသည့်အထိ ဆက်လက် ကူညီပေးမည် ဖြစ်သည်။ ထို့နောက်မှာတော့ နောက်ထပ်တစ်ယောက်ကို ဆက်လက်ပြီး ရှာဖွေပေးပေလိမ့်မည်။
ထို့ကဲ့သို့ နာခံသော ကယ်ဆယ်ရေးခွေးက လူသားများကို အမှန်တကယ် သစ္စာရှိသော အဖော် ဖြစ်လေသည်။
သူ၏လက်လေးများက အမာရွတ်များ ပြည့်နှက်လာသည့်တိုင်အောင် သူဟာ အနည်းငယ်မှ အထွန့်မတက်ပါပေ။ ဆုပိုင်ကလည်း နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လိုက်ပြီး အပြေးအလွှား လိုက်သွားလိုက်သည်။ ထို့သို့ဖြင့် လူတစ်ယောက်နှင့် ခွေးတစ်ကောင်က အပျက်အစီးများအကြား ကုန်းတက်ရင်း သက်ရှိ ကလေးများ သို့မဟုတ် အလောင်းများကို ရှာဖွေနေကြသည်။
…
တရုတ်နိုင်ငံ။
ကစားကွင်းတစ်ခုတွင်
ထို့အချိန်က ည ၁၀ နာရီ ဖြစ်ပြီး ကစားကွင်းတစ်ခုလုံးက လူအပြည့် ရှိနေသည်။ အားလုံးက အဝေးရှိ ပရိုဂျက်တာကိုသာ မျက်ရည်များအပြည့်နှင့် ကြည့်နေကြသည်။
အသားမည်းမည်းနှင့် တောင့်တင်းသန်မာသော လူတစ်ယောက်က ကျောဘက်သို့ လက်ပစ်ရင်း အရှေ့ဆုံးတွင်ရပ်ကာ ထို့ဖန်သားပြင်ကို သေချာစိုက်ကြည့်နေသည်။
သို့ရာတွင် သူ၏ အနည်းငယ် တုန်နေသော ခန္ဓာကိုယ်အရ သူသည်လည်း ခံစားချက် ပြင်းထန်နေပုံရကြောင်း သိသာလေသည်။
“ဝူး ဝူး ဝူး နောက်ထပ် အလောင်းတစ်ခု ထွက်လာပြန်ပြီ။ ဘယ်လိုတောင် …”
“ဟူး အနာဂတ်မှာ ငါတို့တွေ သူတို့ထက် ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားနိုင်ရမယ်။ မိနစ်တိုင်း စက္ကန့်တိုင်းက အရမ်းအရေးကြီးတယ်။ ဒါက အသက်တစ်ခုလေ”
“ဒါပေမဲ့ အထဲက အဲဒီ ရှာဖွေရေးနဲ့ကယ်ဆယ်ရေး ခွေးက တကယ်တော်တာပဲ။ သူက အောက်ဘက်မှာ မြုပ်နေတဲ့ လူ ဆယ်ယောက်ကျော်လောက်ကို ရှာဖွေ့နိုင်ခဲ့တယ်”
“…”
အနားရှိ ကျောင်းသားများ၏ ဆွေးနွေးသံကို နားထောင်ပြီးနောက် ရွှီကျန်းကလည်း သူ၏မျက်လုံးမှ မျက်ရည်များကို စိတ်အေးစွာ သုတ်သည်။
သူသည် ဘွဲ့ရပြီးသည့်နှင့် ထိုကလေးများက ယခုမြင်နေရသော သူများအတိုင်း ကြိုးစားသူများ ဖြစ်လာပေလိမ့်မည်။
ရှာဖွေပြီး ကယ်ဆယ်တာ။
သူတို့သည် ပိတ်ရက်များတွင် လေ့ကျင့်ရေး ဆင်းနေရသော်လည်း ကပ်ဘေးကြီးတစ်ခု ဖြစ်လာသည့်နှင့် သူတို့ကသာ ရှေ့တန်းသို့ အပြေးအလွှား သွားကြသူများ ဖြစ်သည်။
“ဘယ်လိုလဲ”
ဘေးဘက်တွင် ရပ်နေသော နန်ကုန်းယွမ်က အရှေ့မှ ရွှီကျန်းကို ကြည့်ပြီး လေးနက်သော မျက်နှာထားနှင့် ပြောသည်။
“ဒီတိုက်ရိုက်ထုတ်လွှင့်မှုက တော်တော်လေးကို ကြာနေခဲ့ပြီ။ ဒီရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေးကို မင်း ဘယ်လိုထင်လဲ”
နန်ကုန်းယွမ်က ယခုလိုမျိုး လူအများကို စုကာ ကြည့်ရှုခိုင်းသည့်မှာ ရုတ်တရက် ရလာသော အကြံတစ်ခုကြောင့် ဖြစ်သည်။ ထို့နောက် …
ထို့ရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေးများ ပေါ်လာသည့်အခိုက်အတန့်တွင် နန်ကုန်းယွမ်ဟာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ နာမည်ကို ကြည့်ပြီး အရာအားလုံးကို နားလည်သွားသည်။
ဒါက သူတို့ အချိန်တွေကြာအောင် စောင့်နေရတဲ့ ရှာဖွေရေးနဲ့ကယ်ဆယ်ရေး ခွေးပဲ။ တာဝန်အများကြီးကို လုပ်ပေးနိုင်စွမ်းရည်ရှိတဲ့ ခွေးတွေ။
ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုက လူတိုင်းအား ထို့ခွေးများကို ရရန် မည်မျှခက်ခဲကြောင်း ဖော်ပြခြင်းလည်း ဖြစ်သည်။ အမှန်တကယ်လည်း မလွယ်ကူပါပေ။
354 03
အပျက်အစီးများထဲမှ ရှင်သန်ကျန်ရစ်သူများကို ရှာဖွေသော တာဝန်က အလွန်အမင်း အန္တရာယ်များသည်။ သတိမထားမိရုံနှင့် သေဆုံးသွားနိုင်သည်။
သို့သော် ရှာဖွေရေးနှင့်ကယ်ဆယ်ရေး ခွေးများကလည်း ဘယ်တော့အခါမှ နောက်မဆုတ်သွားတတ်ချေ။ သူတို့၏လက်သည်းများက ဖန်သားအကွဲများကြောင့် ရှပြီး သွေးများ ထွက်နေတိုင်အောင် လူကယ်မှုကို မရပ်တန့်ဘဲ ဆက်လုပ်နေခဲ့သေးလေသည်။
ဒါက ဒါရိုက်တာဆုပိုင် ပြောလိုတဲ့ စကား ဖြစ်မယ်။
ထို့လမ်းပြခွေးများက မရေမတွက်နိုင်သော လူပေါင်းများစွာကို ကာကွယ်ပေးခဲ့သည်။ လမ်းပြခွေးများက တဖြည်းဖြည်းချင်းစီ သားဖောက်နိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့် သိပ်မကြာခင် အချိန်တွင် လမ်းပြခွေးအရေအတွက်က မြင့်တက်လာပေလိမ့်မည်။
သို့ရာတွင် ယခုလို ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများကမှု ခြားနားသည်။ သူတို့က အလုပ်စလုပ်သည့်နှင့် သေခြင်းနှင့်ရှင်ခြင်း ဘောင်ပေါ်တွင် ရှိနေလေ့ရှိသည်။
ထို့ကြောင့် တရုတ်နိုင်ငံတွင်သာလျှင် ရှိသော မှတ်တမ်းများအရ ထို့ကဲ့သို့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများ၏ သေဆုံးနိုင်ချေက ဖောက်ခွဲရေး ခွေးပြီးလျှင် ဒုတိယမြောက် ဖြစ်သည်။ ကယ်ဆယ်ရေး ခွေးတစ်ကောင်ချင်းစီတိုင်းက လူသားများအတွက် သေနေကြရသည်။
နန်ကုန်းယွမ်က ယခုလို ကိုယ်ကျိုးမဲ့စွာ အလုပ်လုပ်ပေးသော ထို့ခွေးများကို အလွန်ပင် ခံစားသွားရသည်။
“ဒါက တော်တော်လေးကို အံဩဖို့ ကောင်းတယ်။ ဒါပေမဲ့ ဒါရိုက်တာနန်ကုန်း ငါတို့ ဒီလို ခွေးမျိုးကို လွှတ်ပေးဖို့ တကယ်ကို တွန့်ဆုတ်မိလိမ့်မယ်”
ရွှီကျန်းက အသက်ကို ပြင်းပြင်းရှု၍ တုံ့ဆိုင်းစွာ ပြောသည်။
“မင်းပြောတာ မှန်မယ်ဆိုရင် ဒါရိုက်တာဆုပိုင်က ဒီခွေးတွေကို အမှန်တကယ် ကယ်တင်နိုင်ခဲ့ရင် အဲဒီနောက် တစ်ကောင်ချင်းစီတိုင်းက အရမ်းကို အဖိုးတန်လိမ့်မယ်။ ငါတို့ ဘယ်လိုကြောင့်များ သူတို့ကို အန္တရာယ်နဲ့ တွေ့ပေးရက်မှာလဲ”
“ငါတို့မှာ ရွေးချယ်စရာသာ ရှိမယ်ဆိုရင် ငါတို့အသက်ကိုပဲ စတေးပြီး သူတို့အစား ဒုက္ခပဲ ခံလိုက်မှာ”
ဟူး…
နန်ကုန်းယွမ်က အသက်ကို ပြင်းပြင်း ရှုသည်။ သူသည်လည်း ရွှီကျန်း၏အတွေးကို အလွန်ပင် ကောင်းမွန်စွာနားလည်သည်။ အလားတူသာ ဖြစ်သည်။ သို့သော် ဒါရိုက်တာဆုပိုင်က ထိုတိရိစ္ဆာန်များကို ကယ်တင်နေခဲ့သည်မှာ လူသားများအတွက် ဖြစ်သည်။
“ဒါပေါ့ တစ်ကောင်ချင်းစီတိုင်းက အရေးကြီးတာပေါ့။ ဒါပင်မဲ့ သူတို့က ငါတို့ရဲ့ လက်အောက်ငယ်သားတွေမဟုတ်ပဲ ရဲဘော်ရဲဘက်တွေလေ”
နန်ကုန်းယွမ်က တခဏခန့် တွေးတော ပြီးနောက် ဖြည်းဖြည်းချင်းစီ ပြောသည်။
“တခြားသူတွေကို ကယ်ဆယ်တဲ့အချိန်မှာ အန္တရာယ်တော့ ရှိမှာပဲ။ ငါတို့တွေ သေချာပေါက်အကောင်းဆုံးကြိုးစားပြီး သူတို့ကို ကယ်ဆယ်ရမယ်။ နောက်ပြီး ဒီခွေးတွေကိုလည်း အသက်ရှင်အောင် ကြိုးစားရမယ်”
“အန္တရာယ်ကတော့ ရှိနေမှာပဲ။ ဒါပေမဲ့ ငါတို့ တစ်ချိန်လုံး ကျေးဇူးတင်တတ်ဖို့လည်း လိုတယ်”
“နောက်ပြီး အခု ဒါရိုက်တာဆုပိုင်ပြောသလိုပေါ့။ တိရိစ္ဆာန်တွေမှာ ခံစားချက်သီးသန့်ပဲရှိတာ။ သူတို့ကသာ မင်းတို့ သူတို့အပေါ် ကြင်နာတယ်လို့ထင်ရင် သူတို့ရဲ့ အသက်ကို ပေးရမယ်ဆိုရင်တောင်မှပဲ ကယ်တင်ကူညီပေးမှာပဲ”
“ဒီကယ်ဆယ်ရေးခွေးတွေကို ပြန်လည်ကယ်တင် ပြီးသွားတဲ့ နောက်မှာ မင်းတို့အားလုံး နောက်ပြီး တာဝန် မယူရသေးတဲ့ လေ့ကျင့်ရေးဆင်းသူတွေအားလုံးက ဒီကယ်ဆယ်ရေးခွေးတွေကို ချစ်တတ်တဲ့ နှလုံးသားအပြည့်နဲ့ ကြည့်ရှုပေးပြီး ကိရိယာတစ်ခုလို့ သဘောမထားဖို့ မျှော်လင့်တယ်။ နောက်ပြီး သူတို့က ငါတို့နဲ့ သေခြင်းရှင်ခြင်း ဆက်စပ်နေတဲ့ မိတ်ဆွေတွေအပေါင်းအဖော်တွေ ဆိုတာကို နားလည်ရမယ်”
“ဟူး”
ရွှီကျန်းက ခေါင်းကို ညိတ်သည်။
အနာဂတ်တွင်သာ သူတို့တွေ ထိုကဲ့သို့သော ခွေးမျိုးရှိမည်ဆိုလျှင်…
သူတို့သည်လည်း သေဖော်ရှင်ဖက်များအဖြစ် ဆက်ဆံသွားမည်ဖြစ်သည်။ ထိုကြောင့် ကိုယ်ပိုင်အသက်ကို ရင်းပြီး ကယ်တင်ရမယ်ဆိုလျှင်ပင် နောက်တွန့်နေလိမ့်မည် မဟုတ်ပေ။
….
354 04
“ဝူးဝူးဝူး”
ပြင်းထန်သော မိုးနှင့် ပြင်းထန်သော လေပြင်းများက ဆက်လက်ပြီး ရန်ငြိုးတကြီး တိုက်ခတ်နေသည်။ ကျောင်းအပျက်အစီးပုံ အရှေ့တွင်
ထိုအချိန်တွင် လူတိုင်းက အတူတကွ ကြိုးစားအားထုတ်မှုနှင့် အတူ အပျက်အစီးပုံကြီးကို ရွေ့နိုင်လုနီးနီးဖြစ်လာသည်။ သို့သော်…
ငလျင်လှုပ်ခတ်ပြီးသည်မှာ ဆယ်နာရီကျော်ကြာသွားပြီ ဖြစ်သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ သို့သော် မရေမတွက်နိုင်သော အလောင်းများကိုလည်း ရွေ့နေရသည်။
ထိုအချိန်တွင်ပင် မရေမတွက်နိုင်သော အလောင်းများစွာက ရွံ့များပြည့်နှက်နေသော ကစားကွင်း ထဲတွင်ပုံနေပြီ ဖြစ်သည်။ အားလုံးက ကျန်သော နောက်ဆုံး လူအနည်းငယ်ကို ကယ်ဆယ်ရန် ကြိုးစားနေကြသည်။
ထိုအချိန်တွင် ကျောင်းထဲက ကလေးများအားလုံးကို ရှာဖွေတွေ့ရှိပြီးလေပြီ။ ထို့နောက်
လူတိုင်းက လေးလံသော မိုးအောက်တွင်ရပ်၍ သူတို့ရဲ့ အရှေ့မှ အလောင်းဆယ်လောင်းကျော်ကို ကြည့်ကာ ငိုကြသည်။
“အားဖူးဖူး ကျောင်းအုပ် ငါ တောင်းပန်ပါတယ်”
ကျောင်းအုပ်တုံး၏ ငိုသံကို ကြားသော အခါ လူတိုင်းကလည်း တိတ်ဆိတ်သွားကြသည်။
ကျောင်းထဲမှ ဆရာများထဲတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသော ဆရာမတစ်ယောက်သာ ရှင်သည်။ ကျန်သော လူတိုင်းက ကလေးများကို ကာကွယ်ပေးရင်း သေသွားကြသည်။
ဟူး
ဆုပိုင်က အသက်ကို ပြင်းပြင်းရှူပြီး မြေပြင်တွင် ပြိုလဲကျနေသော ခွေး၏ အနက်ရောင်အမွှေးများကို အသာပွတ်သပ်ပေးကာ သူ၏ လက်ကို ဂရုတစိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏လက်ထဲမှ ဖန်ကွဲစ များကို တစ်ချောင်းချင်းစီ ထုတ်ပေးသည်။
ထိုရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေးများက ဆယ်နာရီကျော်လုံးလုံး အနားမယူဘဲ အလုပ်လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ သူတို့သည် မြေပြင်တွင် လဲကာ အငမ်းမရ အသက်ရှုနေကြသည်။
သိပ်မကြာခင် နောက်ထပ် တစ်လှည့်ကို တိုက်ခိုက်ရအုံးမည် ဖြစ်သည်။ ကျောင်းကို ကယ်ဆယ်၍ ပြီးသွားလေပြီ။ သို့သော် အပြင်ဘက်မှ ပြေးလာသော လူများပြောစကားအရ တစ်မြို့လုံးနီးပါး ပြိုကျသွားပြီ ဖြစ်သည်။
++++++