အခန်း (၃၅၅-၃၅၇)
Vol. 24 Ch. 355-357
355 01
အခန်း 355
ယခုအခါ အပြင်ဘက်မှ လာသော ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအသင်းများက ပူးပေါင်း၍ အပျက်စီးပုံများ၏ အောက်တွင် မြုပ်နေသော လူများကို ဆက်လက်ပြီး ကယ်တင်ရန် ကြိုးစားနေကြသည်။ ယခုလိုမျိုး အဖွဲ့ဆယ်ဖွဲ့ကျော်သာလျှင် ရှိနေသောကြောင့် အလုပ်က တွင်ကျယ်ခြင်း မရှိပါပေ။
ဆုပိုင်ကလည်း အနည်းငယ် စိတ်ဓာတ်ကျသလို ခံစားလာရသည်။
သူဟာ ဟိန်းကျစ်ကို ရိုးရှင်းစွာ ဆေးလိမ်းပြီးသည့်နှင့် ဆုပိုင်က မတ်တပ်ထရပ်လိုက်ကာ ကျောင်းထဲမှ လူတိုင်းနှင့် အတူ လိုက်ပြီး ထွက်သွားလိုက်သည်။
ဝုတ်
“ထွက်ခွာမယ်”
ဆုပိုင်၏ အနောက်မှ လိုက်လာသော အနက်ရောင် သတ္တဝါလေးက သူ၏ခြေထောက်ကို ခေါင်းဖြင့် အသာပွတ်၍ ခပ်တိုးတိုး ခေါ်သည်။
“အလုပ်သွားလုပ်ရအောင်”
ဆုပိုင်ကလည်း ပြန်ပြောသည်။ ထို့သို့ဖြင့် ထိုခွေးကို ဉီးဆောင်စေလျှက် အသင်းထဲမှ ခပ်မြန်မြန်ထွက်ကာ မြို့ထဲသို့ ဉီးတည်လိုက်လေသည်။
ဝုတ်
ဝုတ်
ဝုတ်
ကျန်သော ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများကလည်း အလားတူ ဟောင်ကြသည်။ ထို့နောက် ဆုပိုင်နောက်သို့ လိုက်ကာ အပြေးထွက်လာခဲ့လိုက်ကြသည်။
မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက သူ၏အနောက်မှ စတင်ကာ အပြေးလိုက်လာကြသည်။ သူတို့၏ကယ်ဆယ်မှုကို စောင့်ကြိုနေသည့် လူပေါင်းများစွာ မရေမတွက်နိုင်အောင်ရှိနေသည်။
အနောက်မှ လိုက်လာသော လူများကလည်း အလွန်ပြင်းထန်သော မိုးများ အောက်တွင်ပင် လျင်မြန်စွာ ထွက်ခွာသွားသော လူအုပ်ကို ကြည့်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။
“ငါတို့လည်း လိုက်ရအောင်”
“ သူတို့က ငါတို့ကို ကယ်ဆယ်ဖို့ သွားမှ ငါတို့မှာ လူအင်အား အများကြီး လိုအပ်နေတယ်။ ဒီရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးတွေကလည်း ဒဏ်ရာရထားကြတယ်။ နောက်ပြီး ဒီအတောအတွင်းသူတို့တွေ ရေတစ်စက်နဲ့ စားစရာတစ်ကိုက်တောင် စားရသေးတာ မဟုတ်ဘူး။ ဒီတော့ ငါတို့မှာ ရှိတဲ့ စားစရာတွေ အားလုံးကို ပေးရမယ်။ ဒါက လူတွေကို ကယ်နေတဲ့ အဓိကအင်အားစုပဲ”
“ငါမှာလည်း မုန့်တွေ ရှိသေးတယ်။ ငါမှာလည်း ရှိသေးတယ်။ ငါအခု ချက်ချင်း သွားပေးလိုက်မယ်။ ငါတို့တွေ ဒီကယ်ဆယ်ရေးခွေးတွေနောက် အနီးကပ် ကပ်လိုက်သွားရမယ်။ တိရိစ္ဆာန်တွေကသာ ငါတို့အတွက် ဒီလို လုပ်ပေးနိုင်မှတော့ ငါတို့က ဘာလို့ ပြန်မလုပ်ပေးနိုင်ရမှာလဲ”
ထိုလူတစ်ဖွဲ့က ခပ်တိုးတိုးဖြင့် အော်ဟစ်ကြပြီးသည်နှင့် သူတို့၏ ခြေလှမ်းများကို မြန်ဆန်လျှက် တူညီသော အရှိန်နှုန်းဖြင့် အပြေးလိုက်ကြသည်။
…
“ဝူး ဝူး ဝူး”
“ ငါ့ယောက်ျားနှင့် ငါ့ကလေးကို ကယ်နိုင်တဲ့ သူများ မရှိကြတော့ဘူးလား”
“ကျေးဇူးပြုပြီး တစ်ယောက်ယောက်များ အနားမှာ မရှိဘူးလား။ ငါ့ကလေးက အောက်ဖက်မှာ ပိတ်မိနေတယ်။ ဘုရားရေ ဘာလို့ ငါ့ကို အထဲကို ဆွဲသွင်းပြီး ငါ့ကလေးကို မထုတ်ပေးကြတာလဲ”
355 02
လူလတ်ပိုင်း အရွယ် အမျိုးသမီးကြီး တစ်ယောက်က ပြိုကျနေသော အိမ်၏အရှေ့တွင် ဒူးထောက်၍ ငယ်သံပါအောင် ငိုနေသည်။
သူမ၏ယောက်ျားနှင့် ကလေးနှစ်ယောက်က အောက်ဖက်တွင် မြုပ်နေကြသည်။ ထို့နောက်…
နှစ်ဖက်လုံးက ဝရုန်းသုန်းကား ဖြစ်နေပြီး အော်ဟစ် အကူအညီတောင်းသံများက ပြည့်နှက်နေသည်။ သူမ၏ အိမ်က မြို့အစွန့်နားတွင် ဖြစ်ပြီး ဘယ်သူကမှ လာရောက် မကူညီပေးကြပေ။ သူမတစ်ယောက်ထဲ တူးနေခဲ့သည်မှာ နာရီပေါင်းများစွာ ကြာသွားခဲ့ပြီ ဖြစ်သည်။ သို့သော မျှော်လင့်ချက် မရှိခဲ့ပေ။
သူမ၏ သွေးအလိမ့်လိမ့်ဖြစ်နေသော လက်များကို ကြည့်ပြီးနောက် ထိုအမျိုးသမီးက မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထို့နောက် တုန်တုန်ယင်ယင်ဖြင့် အပျက်အစီးများကို စတင်ကာ တူးဖယ်ပြန်သည်။
“တောင့်ထား”
“မား ဒီမှာ ကယ်ဖို့ ရှိနေတယ်။ တောင့်ထားကြနော်”
“မားက ဒီမှာ ရှိတယ်။ မားရှိတယ်နော် ငါကလေးတွေ ကျေးဇူးပြုပြီး အသံလေး ပေးကြပါအုံး။ အသံလေး ပေးကြပါအုံး။ မင်းတို့ အသက်ရှင်နေလျှက်ဆို မားကို အသိလေး ပေးကြပါအုံး။ မားကို အသံလေးပေးကြပါ။ ဝူးဝူး…”
သွေးများက ဆက်တိုက်စီးကျလာသည်။ ထိုအမျိုးသမီးကြီးက အုတ်ခဲများကို တစ်ခုပြီးတစ်ခု ဖယ်ထုတ်ပြီးနောက် အနောက်ဖက်သို့ ပစ်သည်။
ထိုကဲ့သို့ အပျက်အစီးမျိုးကို လူတစ်ယောက်က ရင်ဆိုင်ရသော အခါကူကယ်ရာမဲ့မှုက လွှမ်းခြုံလာသည်။
“အား”
ထိုအမျိုးသမီးကြီးက ရွံ့များထဲသို့ ထိုင်ချလိုက်ပြီး ပါးစပ်ကို အုပ်ကာ ကျယ်လောင်စွာ အော်ဟစ်ငိုယိုသည်။
“ကလေးတွေ ကျေးဇူးပြုပြီး အသံပေးကြပါ။ အသက်ရှင်နေသေးမလား ငါ့ကို အသံပေးကြပါ”
သူမသည် ရှစ်နာရီလုံးလုံး မရပ်မနား ဆက်တိုက်တူးထုတ်နေခဲ့ပြီး နောက် နောက်ဆုံးတွင် ပြိုလဲကျသွားပြီဖြစ်သည်။ မိုးစက်များ၏ အသံကလွဲပြီး မည်သူ၏ အသံကိုမှ မကြားရပေ။
“သေပြီ။ အားလုံးသေကုန်ပြီ ထင်တယ်”
“ဒါဆိုရင် ငါလည်း အသက်ရှင်မနေတော့ဘူး။ ငါရဲ့မိသားစုကမှ မရှိတော့တာ ငါလည်း သေရမှာပေါ့။ နောက်ပြီး ကလေးတွေကလည်း မရှိတော့ဘူး။ ငါဘာလို့ အသက်ရှင်နေမှာလဲ”
“ငါဘာလို့ ရှင်နေရမှာလဲ”
ထိုအမျိုးသမီးကြီးက ထို့သို့ အော်ဟစ်ပြီး သည့်နှင့် ရုတ်တရက် ဘေးဖက်ခြမ်းရှိ အုတ်ခဲတစ်ခုကို ကောက်ယူလိုက်ကာ သူမ၏ခေါင်းကို ခပ်ကြမ်းကြမ်းရိုက်ခွဲရန် ကြံစည်လိုက်သည်။
“မလှုပ်နဲ့”
ရုတ်တရက် အနောက်ဖက်မှ အော်သံက ထွက်လာသည်။ ထိုအုတ်ခဲကိုလည်း လုယူသွားသည်။
ဆုပိုင်က ထိုအမျိုးသမီးကို မြေပြင်ပေါ်မှ ဆွဲထူလိုက်ပြီးနောက် သူမ၏ မျက်နှာကို သုတ်ပေးရင်း အော်ပြောသည်။
“ငါဒီမှာ ကယ်ဖို့ရောက်လာပြီ ငါဆီမှာ ကယ်ဆယ်ရေး ခွေးရှိတယ်”
“စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့”
“ငါပြောတာ ကြားရလား မင်းရဲ့မိသားစုက သေချာပေါက် အသက်ရှင်နေမှာ။ မင်းသေသွားခဲ့ရင် သူတို့ကို ဘယ်သူက ကယ်မှာလဲ"
သူ၏အရှေ့မှ ထိုအသက်လတ်ပိုင်းလူ၏ အပြုအမှုကို လူအများစုက နားမလည်နိုင်လောက်ပေ။
355 03
သို့သော်ယခုလိုမျိုး သဘာဝကပ်ဘေးကို ရင်ဆိုင်ကြုံတွေ့ရသောအခါ ယခုလိုမျိုး တုန့်ပြန်တတ်သည့် အခြေအနေမျိုးကို မြင်တွေ့ရလွယ်လေသည်။
အလွန်အမင်း ခက်ခဲသော အခြေအနေကို ရင်ဆိုင်ရသောအခါ လူတစ်ယောက်ဟာ အချိန်တွေကြာအောင် တိတ်တဆိတ် တူးဖော်ထုတ်နေခဲ့သော်လည်း တုန့်ပြန်မှုကို မရရှိသော အခါ စိတ်အခြေအနေက ထိုးကျသွားမည်ဖြစ်ပြီး ပြိုလဲရန်လွယ်ကူလေသည်။
ထိုအမျိုးသမီးကို သေချာ ပြောဆိုပြီးသည့်နှင့် လမ်းပြခွေးကို လှမ်းအော်လိုက်သည်။
“လာ လာ လာ အထဲကို ဝင်ပြီး လူရှာရအောင်”
ဝုတ်
ဟိန်းကျစ်က တုန့်ပြန်ပြီးသည့်နှင့် အပြေးအလွှား အတွင်းသို့ ဝင်သွားသည်။
“အား… သဘာဝကပ်ဘေးကို ရင်ဆိုင်ရတဲ့အခါ လူသားတွေက တော်တော်လေးကို အားအင်မဲ့တာပဲ။ အလုံးအရင်းနဲ့ မျိုးသုန်းပျောက်ကွယ်သွားပြီးတဲ့ နောက်မှာ ဒီအခြေအနေထက် ပိုဆိုးတဲ့ ဖြစ်ရပ်တစ်ခုကို ငါတို့ ကြုံတွေ့ခဲ့ဖူးသေးတယ်”
“ဟုတ်တယ်။ ဒါကြောင့်ပဲ ငါတို့ သဘာဝကို ကြောက်ရွံ့ရိုသေဖို့ လိုတာပေါ့။ ဒီလိုကပ်ဘေးက ဖြစ်လာခဲ့ရင် ဒီလိုမျိုး ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးတွေ မရှိတဲ့အခါ ဒီလူတွေကို ဘယ်လို ကယ်ထုတ်မှာလဲ”
“ဟုတ်တယ် ဒီအမျိုးသမီးကို ကြည့်ရုံနဲ့တင် တော်တော်လေး ဝမ်းနည်းလာပြီ။ ငါသာဆိုရင်လည်း ပြိုလဲကျသွားမှာပဲ”
“ငါတို့ရဲ့ တစ်မိသားစုလုံးက နှလုံးပေါက်ထွက်မတတ် ငိုနေကြတာလေ။ တော်တော်လေးကို သနားဖို့ကောင်းတယ်။ ငါ တကယ်ကို တွေးတောင် မတွေးရဲဘူး။ သူမယောက်ျားနဲ့ ကလေးအလောင်းတွေကိုသာ ရှာတွေ့မယ်ဆိုရင် ဘယ်လို လုပ်ကြမလဲ”
“သေချာပေါက်တော့ အသက်ရှင်နေလောက်မှာပါ။ ငါ ဒါရိုက်တာဆုပိုင်ကို ယုံတယ်။ ဟိန်းကျစ်ကိုလည်း ယုံတယ်ဆိုတော့ အလောင်းတော့ ရှာမတွေ့လောက်ပါဘူး”
“ကြိုးစားထားကြ”
တိုက်ရိုက်ထုတ်လွှင့်မူ အခန်းထဲမှ လူတိုင်းကလည်း ထိုအမျိုးသမီးက ငေးငိုင်စွာ ထိုင်နေသော မြင်ကွင်းကိုကြည့်ပြီး အားလုံးက ခံစားချက်များ မကောင်းကြတော့ပေ။ ထိုသို့သော ကူကယ်ရာမဲ့သည့် ခံစားချက်ကို လူတိုင်းက နားလည်နိုင်ကြသည်။
တကယ်လို့ အလောင်းကိုသာ ရှာတွေ့မယ်ဆိုလျှင် ထိုအမျိုးသမီး ဘယ်လိုရှင်သန်မှာလဲ။
လူတိုင်းက ဖန်သားပြင်ကိုသာ စိုက်ကြည့်နေကြသည်။ သူတို့သည်လည်း အပျက်အစီးပုံအတွင်းသို့ ဝင်ရောက်ကာ ကူညီပေးလိုကြ၏။ ဒါရိုက်တာဆုပိုင်က အမှန်တကယ် ကယ်ထုတ်ပေးနေရန် မျှော်လင့်နေကြသည်။
“အောက်မှာ သက်ရှိလူတွေ ရှိတယ်”
ဝုတ်
ဝုတ်
ဝုတ်
ဆုပိုင်က အပျက်အစီးပုံထဲတွင် ရပ်၍ မျက်နှာမှ မိုးများကို သုတ်လိုက်သည်။ ထို့နောက် သူ၏အရှေ့တွင် နှာခေါင်းတရှုံ့ရှုံ့ လုပ်နေသော ဟိန်းကျစ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်ခုံးများက ကျုံ့သွားသည်။
မိုးက ပိုသည်းလာသည်။ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများက အနံ့ကိုသုံပြီး ရှာဖွေရခြင်း ဖြစ်သည်။ ယခုလို အခြေအနေမျိုးတွင် အပျက်အစီးပုံကြီးတစ်ခုလုံးက မိုးများဖြင့် စိုစွတ်နေပြီဖြစ်ပြီး ထိုတွင် အနံ့က ပိုပေါ့လာသည်။
ဟိန်းကျစ်ကလည်း ပို၍ပင် စိတ်မရှည်ဖြစ်လာသည်။ သူသည် အပျက်အစီးပုံထဲမှ အနက်ရောင်တွင်းထဲသို့ ခေါင်းကို အတင်းတိုးဝင်၍ ကျန်ရစ်နေသည့် အနံ့များကို အငမ်းမရ ရှုရှိက်နေသည်။
ခရက်စ့်
သူဟာ သူ၏လက်သည်းကိုပင် သုံးကာ အရှေ့ဘက်မှ ကျောက်တုံးကို ခွဲလိုက်ပြီးနောက် နှာခေါင်းကို သုံးကာ အနံ့ခံသည်။ ထို့နောက် သူ၏အမှုအယာက မှင်သက်သွားပုံရသည်။ သူသည် အရှေ့မှ အပျက်အစီးပုံကို ရူးသွပ်စွာ တူးထုတ်သည်။
355 04
ဝုတ်
“ရှာတွေ့ပြီ”
သူဟာ အနောက်သို့ လှည့်ပြီး အဝေးမှ လူငယ်ကို လှမ်းအော်လိုက်သည်။ ဆုပိုင်ကလည်း အပြေးလာသည်။
မိုးထဲတွင် ထိုင်နေသော အမျိုးသမီးကလည်း မျက်လုံးများ ပြူးသွားပြီးနောက် မြေပြင်မှ ချက်ချင်းဆိုသလို့ ကုန်းထကာ သူမ၏အသက်ကိုပင် ဂရုမစိုက်တော့ဘဲ ထို့နေရာသို့ အပြေးလာသည်။
“အရမ်း စိတ်မလှုပ်ရှားနဲ့အုန်း။ သူ အသက်တော့ ရှင်လောက်အုန်းမှာပါ”
ဆုပိုင်က သူမကို တားပြီးသည့်နှင့် အပျက်အစီးပုံအောက်တွင် ခန္ဓာကိုယ်တစ်ခုလုံး မြုပ်နေသော အရှေ့မှ လူကိုကြည့်ပြီး ခပ်တိုးတိုး ပြောသည်။
“အပျက်အစီးတွေကို အရင်ဖယ်”
“ဒီနေရာကို ပိုရှင်းလိုက်ကြ”
“ဟိန်းကျစ် လူသွားခေါ်”
ရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေးက မိုးထဲသို့ အပြေးထွက်သွားသော မြင်ကွင်းကို ကြည့်နေပြီးနောက် ဆုပိုင်က နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်သည်။ ထို့နောက် ခေါင်းကို ငုံ၍ ထိုလူအနီးနားဝန်းကျင်မှ အုတ်ခဲများကို ဂရုစိုက် ဖယ်လေသည်။
ထိုလူက မရေမတွက်နိုင်သော အုတ်အပိုင်းအစကြီးများဖြင့် ဖိချထားခံရလေရာ အလွန်ပင် အားနည်းနေလေသည်။
သူဟာ ဆူညံသံတချို့ကို ကြားသလိုမျိုး မျက်လုံးကို ခက်ခက်ခဲခဲ ဖွင့်ပြီးနောက် အသက်ပြင်းပြင်း ရှူသည်။
“မတူးနဲ့တော့ မြန်မြန်”
“ဘေးဘက်ခြမ်းကို တူး။ အဲဒီမှာ ကလေးရှိတယ်။ အသက်ရှင်နေတုန်းပဲ”
“ကျေးဇူးပြုပြီး ကလေးကို အရင်ကယ်ပါ”
“ဝူး ဝူး ဝူး ထောင်ကျစ် ဝူး ဝူး ဝူး”
အမျိုးသမီးက အပျက်အစီးပုံထဲသို့ လှဲချလျှက် သူမရဲ့တုန်ယင်နေသော လက်များကို ဆန့်ထုတ်ကာ ထိုအမျိုးသားရဲ့ပါးကိုကိုင်ရင်း ငိုသည်။
“နင် အသက်ရှင်ရမယ်နော်။ ဝူး ဝူး ဝူး နင် အသက်ရှင်ရမယ်”
“ချန်ဟွာ သွား ကလေးကို အရင် သွားကယ်။ ကလေးက ငါရဲ့ညာဘက်ခြမ်းမှာ အဆင်ပြေတယ်။ ငါ ဘာမှ မဖြစ်ဘူး။ ကလေးကို အရင် သွားကယ်”
“ကောင်းပြီ။ ကောင်းပြီ။ ငါ သွားမယ်။ ခဏတောင့်ထားအုန်း”
ထို့အမျိုးသမီးက မြေပြင်တွင် ဒူးထောက်ပြီး သူမ၏လက်ကို သုံး၍ ဘေးဘက်ခြမ်းရှိ အပျက်အစီးများကို လေသည်။
ဘန်း
ဘန်း
ဘန်း
ဆုပိုင်က အံကို ကြိတ်၍ ကြီးမားသော ကျောက်သားနံရံကြီးများကို ဘေးဘက်သို့ ဖယ်ရှား လွှတ်ပစ်နေရင်း ထိုနေရာကို တဖြည်းဖြည်းချင်းစီ ရှင်းလင်းပေးနေသည်။
ဝုတ်
ထို့အချိန်တွင် အဝေးမှ လူတစ်ဖွဲ့က အပြေးလာနေပြီ ဖြစ်သည်။
“မြန်မြန် မြန်မြန် အားလုံးပဲ မြန်မြန် လာကယ်ကြ”
ဉီးဆောင်လာသော လူလတ်ပိုင်းကြီးက အပြေးအလွှား အော်ဟစ်၍ ဝင်ရောက်လာသည်။
ခရက်စ့်
ထို့နောက် ခပ်ထူထူ သစ်သားချောင်းကြီး တစ်ချောင်းကိုလည်း အပျက်အစီးပုံထဲမှ ဆွဲထုတ်လိုက်သည်။
“အား ရှောင်တုံး”
ချန်ဟွာက ခေါင်းများပေါ်လာသော ကလေးများကို ကြည့်ပြီးနောက် ရူးသွပ်စွာ အပြေးဝင်သွားသည်။
“ဝူး ဝူး ဝူး မား မား မား တကယ်ကြောက်သွားတာ”
“အဖေက ငါတို့ကို စားပွဲအောက်ထဲ ထိုးထည့်ထားတာ။ သူက သွေးလည်း အများကြီး ထွက်နေတယ်။ ငါ အရမ်းကြောက်တာပဲ”
“ဝူး ဝူး”
အသက်ငါးနှစ်ပင် မရှိသေးသော ကလေးနှစ်ယောက်က အချင်းချင်း တင်းကြပ်စွာ ဖက်ထားပြီး စားပွဲအောက်တွင် ကျုံ့နေကြခြင်း ဖြစ်သည်။ ထိုစားပွဲက စကျင်ကျောက် စားပွဲမျိုး ဖြစ်သည်။
“လာ လာ လာ ကလေးကို အရင် ကယ်ထုတ်”
355 05
ဆုပိုင် ဂရုတစိုက် ကြည့်ရှုပြီးနောက် ထို့ကလေးနှစ်ယောက်တွင် မည်သည့်ဒဏ်ရာမှ မရှိနေကြောင်း သိလိုက်သည်။
ငလျင်လှုပ်သည့် အခိုက်အတန့်တွင်ပင် အမျိုးသားကလည်း သူ ထွက်ပြေးနိုင်တော့မည် မဟုတ်ကြောင်း သိသဖြင့် ကလေးနှစ်ယောက်ကို စားပွဲအောက်သို့ ထိုးထည့်လိုက်ခြင်း ဖြစ်လောက်သည်။
မြေပြင်တွင် လှဲနေရင်းမှ အရှေ့မှ အပေါက်ကို အတင်းဖွင့်၍ စားပွဲအောက်မှ အခြေအနေကို လှမ်းကြည့်လိုက်ပြီးနောက် ကြောင်အသွားသည်။
“ဒါ”
အားလုံကလည်း ဓာတ်မီးများကို သုံး၍ ကျိုးနေသော စားပွဲခြေထောက်ကို ကြည့်လိုက်သည်။ ထို့နောက် အရိုးများပင် ပေါ်နေသော ခြေထောက်တစ်ဖက်က ထိုစားပွဲကို ခပ်တင်းတင်း ထောက်ထားကြောင်းကို မြင်လိုက်ရသဖြင့် အားလုံးက စိတ်မကောင်းကြီးစွာ ဖြစ်သွားကြသည်။
ထို့နောက် အပျက်အစီးပုံထဲတွင် ဘေးတစ်စောင်း မြုပ်နေသော အသက်လတ်ပိုင်း လူကြီးကို ကြည့်ကာ အားလုံး၏ မျက်လုံးက မျက်ရည်များ ပြည့်နှက်လေသည်။ သူသည် သူ၏ခြေထောက်ကို သုံးပြီး စားပွဲကို ထောက်ထားပေးခြင်းဖြစ်သည်။
ဒီနာကျင်မှုကို ဘယ်လောက်တောင် ခံလိုက်ရမလဲ။
သိသာစွာပင် သူ၏ပေါင်ရိုးက အနည်းငယ်ပင် ကွေးနေပြီ ဖြစ်သည်။ သို့တိုင်အောင် ထိုအမျိုးသားက ဆက်လက်ပြီး တောင့်ခံနေခဲ့သည်။
ငလျင်လှုပ်သည်မှာ ဆယ်နာရီကျော် ကြာပြီ ဖြစ်သည်။ ထို့အမျိုးသားဟာ ဆယ်နာရီကျော်ကြာသည့်အထိ ထိုမျှအထိ တောင့်ခံနိုင်ခဲ့သည်။
“ဝူး ဝူး ထောင်ကျစ် ထောင်ကျစ်”
“အား ထောင်ကျစ်”
“တောင့်ထားအုန်း”
ချန်ဟွာကလည်း ထိုမြင်ကွင်းကိုမြင်ပြီး လဲပြိုကျသွားသည်။ သူမက အပျက်အစီးပုံထဲတွင် လဲနေသော ယောက်ျားဖြစ်သူထံသို့ ကပ်၍ အော်ငိုသည်။
“ကလေးတွေကို အရင် ကယ်။ ငါ အဆင်ပြေတယ်”
“ကလေးကို အရင်ကယ်လိုက်ပါ”
“ကလေးတွေ အဆင်ပြေသမျှ ချန်ဟွာ မြန်မြန်လေး ကလေးတွေကို အရင်ကယ်”
ထောင်ကျစ်က ထို့သို့ပြောပြီးနောက် အမောတကော အသက်ရှုကာ တုန်လာသည်။
ဆုပိုင်က အသက်ကို ပြင်းပြင်းရှု၍ သူ၏ခန္ဓာကိုယ်တစ်ဝက်ခန့်ကို ထို့အပျက်အစီးထဲသို့ တိုးဝင်လိုက်ကာ သလင်းကျောက်ကို လှမ်းကိုင်ပြီး ဆွဲထုတ်လိုက်သည်။
“တစ်ယောက် ရှိသေးတယ်”
“မကြောက်နဲ့”
အရှေ့မှ ကောင်လေးကို ကြည့်ပြီးနောက် ဆုပိုင်က နှစ့်သိမ်၍ စကားကို ခပ်တိုးတိုး ပြောကာ သယ်ထုတ်လိုက်သည်။
ထို့နောက် ကလေးနှစ်ယောက်လုံးကို ကယ်တင်ပြီးသွားလေပြီ။ လူတိုင်းက တိတ်ဆိတ်သွားကြ၏။
အကြောင်းမှုကား အထဲမှ ထို့အသက်လတ်ပိုင်းလူကြီးကို ကယ်တင်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ မရေမတွက်နိုင်သော အပျက်အစီး နံရံကြီးပေါင်းများစွာက သူ၏ကိုယ်ပေါ်သို့ ပိကျနေခဲ့ခြင်း ဖြစ်သည်။ ပိုအရေးကြီးသည်မှာ ကလေးနှစ်ယောက်ကို ဆွဲထုတ်ကယ်တင်ပြီးသောကြောင့် ထိုအမျိုးသားက ဆက်လက်ပြီး တောင့်ထိန်းထားတော့မည် မဟုတ်ပေ။
လူတိုင်းကလည်း အခြေအနေကို နားလည်သည်။ ထို့ကြောင့် မိုးထဲတွင် ရပ်ရင်း တဖြည်းဖြည်းချင်းစီ သေဆုံးသွားသော ထိုအမျိုးသားကို ကြည့်ကာ မျက်ရည်များ ကျလာကြသည်။
“မဟုတ်ဘူး။ မဟုတ်ဘူး”
“သူ့ကို ကယ်လို့ရသေးတယ်။ ကျေးဇူးပြုပြီး ကယ်ပေးကြပါ”
“ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးကြပါ”
ချန်ဟွာကလည်း လက်များကို ဆန့်ထုတ်လျှက်သား ရပ်နေကြသည့် လူများကို ကြည့်၍ တစ်စုံတစ်ရာကို နားလည်လိုက်ပုံရသည်။ သူမက တစ်ဖက်သို့လှည့်၍ မြေပြင်တွင် ဒူးထောက်ပြီး အသနားခံသည်။
“ဝူး ဝူး ဉီးလေး ငါရဲ့အဖေကို ကယ်ပေးနိုင်မလား”
“ငါရဲ့အဖေကို ကယ်ပါ”
“ကျေးဇူးပြုပြီး”
အသက် ငါးနှစ်သာလျှင်ရှိသေးသော ကလေးနှစ်ယောက်လည်း လူတိုင်း၏အရှေ့တွင် ဒူးထောက်လိုက်ကြသည်။
“ချန်ဟွာ”
ထောင်ကျစ်က ခပ်တိုးတိုး လှမ်းအော်သည်။
“ကလေးတွေကို အနားခေါ်လာခဲ့ပါအုန်း။ တစ်ချက်ကြည့်ရအောင်”
355 06
“မြန်မြန် ငါ့ကို တစ်ချက်ပေးကြည့်ပါအုန်း”
“ဝူး ဝူး ဝူး”
ချန်ဟွာက ကလေးနှစ်ယောက်ကို ပွေ့ဖက်၍ ခင်ပွန်းဖြစ်သူ၏အနားတွင် လှဲလိုက်ပြီးနောက် ရင်ကွဲမတတ်အော်ငိုသည်။
“နင် သေလို့ မရဘူးနော်။ နင်သေရင် ငါ ဘယ်လိုလုပ်ရမလဲ။ ကလေးနှစ်ယောက်ကို ငါနဲ့ လွှဲထားခဲ့မလို့လား”
“ဟူး”
ထောင်ကျစ် ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာသည်။ ထို့အခါမှသာ သူသည် နာကျင်လွန်းသောကြောင့် သူ၏သွားများကိုပင် ကိုက်ဖြတ်မိကြောင်း သိလိုက်ရသည်။
“ငါရဲ့ကလေးတွေ လုံခြုံတာ မြင်ရတော့ ငါ စိတ်အေးပြီ”
“ချန်ဟွာ ငါ ငါရဲ့ဘဝမှာ ဘာမှ တကယ်တော့ လုပ်နိုင်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့မှာ မင်းရှိတာ အရမ်းကောင်းတယ်။ မင်းက ငါ့ကို ဒီကလေးနှစ်ယောက် မွေးပေးခဲ့တာ”
“အခုကစပြီး ငါ မင်းနဲ့ လွှဲထားပေးခဲ့ရတော့မယ်”
“ငါ”
“ငါ နောက်ဘဝမှာတော့ မင်းကို ပိုပြီး ဂရုစိုက်ပေးမှာပါ”
အားလုံးကလည်း သူပြောသည့် စကားကို နားထောင်နေပြီး တွန့်ဆုတ်စွာဖြင့် ခေါင်းများကို လွှဲလိုက်ကြသည်။ လူတိုင်း၏ခန္ဓာကိုယ်များက တသိမ့်သိမ့်တုန်နေကြ၏။
“အား… ထောင်ကျစ်”
အနောက်ဘက်မှ စူးရှသော အော်သံထွက်လာပြီးနောက် လူတိုင်းက မျက်လုံးကို မှိတ်၍ သက်ပြင်းကို ချလိုက်ကြသည်။ ထို့အမျိုးသားက ကလေးများကို ကယ်တင်ပြီးသည့်အထိ တောင့်ခံထားခဲ့သည်။ နောက်ဆုံးတွင် သူသည် ဆက်ပြီး မတောင့်ခံနိုင်တော့ပေ။
ဆုပိုင်ကလည်း အံကို ကြိတ်၍ မျက်ရည်များကို သုတ်ပြီး မွန်းကြပ်နေသော လေများကို မှုတ်ထုတ်ကာ ဟိန်းကျစ်ကို လက်ရမ်းပြလိုက်သည်။
အခုက ဝမ်းနည်းရမဲ့အချိန် မဟုတ်ဘူး။ ဒီမြို့၏အနေအထားအရ မရေမတွက်နိုင်သော လူပေါင်းများစွာကလည်း သူတို့၏ ကယ်ဆယ်မှုကို စောင့်မျှော်နေကြသေးလေသည်။
******
356 01
အပိုင်း 356
ဟိန်းကျစ်က သူ၏သွေးသံရဲရဲဖြစ်နေသော လက်များကို သုံးကာ သူ၏အရှေ့ဘက်မှ အပျက်အစီးပုံကို ဆက်တိုက်ဆိုသလို တူးခတ်နေသည်။ သူ၏ပါးစပ်ထဲမှလည်း အမောတကော အသက်ရှုသံကို ကြားရ၏။
နာရီ ၂၀
ထို့အချိန်တွင် မရေမတွက်နိုင်သော လူပေါင်းများစွာက မြေပြင်တွင် ပြိုလဲကျနေပြီး ခဏခန့် အနားယူနေကြသည်။
သို့သော် ကယ်ဆယ်ရေးခွေးများက အပျက်အစီးပုံအတွင်း ဆက်လက်ကာ အလုပ်လုပ်နေကြပြီး ရှင်သန်ကျစ်ရစ်နေလောက်သေးမည့် လူသားများကို ရှာဖွေနေကြသည်။
“ဂလု”
“ဟိန်းကျစ်”
ဆုပိုင်က ရေသန့်ဗူးထဲမှ ရေတစ်ငုံ့ ယူသောက်လိုက်ပြီးနောက် အပျက်အစီးပုံထဲမှ ပုံရိပ်လေးကို လှမ်းအော်သည်။
“ဖြည်းဖြည်းလုပ်”
“ဖြည်းဖြည်းလုပ်တော့”
ဆုပိုင်က ထိုရေဗူးလေးအား သူ၏အရှေ့မှ ကယ်ဆယ်ရေးခွေးထံ အနည်းငယ် စောင်းပေးလိုက်သောအခါ ထို့ခွေးက လျှာကို လျင်မြန်စွာ ထုတ်၍ တဗျက်ဗျက် သောက်လေသည်။
ယခုအချိန်အထိ မရေမတွက်နိုင်သော ကယ်ဆယ်ရေးသမားများက အပြေးဝင်လာခဲ့ပြီးသားဖြစ်ပြီး ပထမဦးဆုံးကတည်းက စတင်ပါဝင်သူများက ခေတ္တရပ်နားကာ အနားယူနေကြပြီ ဖြစ်သည်။ သို့သော် …
ရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေးက ဆယ်ကောင်သာ ရှိနေသောကြောင့် ဟိန်းကျစ်နှင့် ထိုတိရစ္ဆာန်အဖွဲ့ဟာ အပျက်အစီးပုံအတွင်း ဆက်လက်ရှာဖွေနေရလေသည်။
ဆုပိုင်သည် သူ၏အရှေ့မှ အကောင်လေးကို ရင်နာစွာ ကြည့်လိုက်သည်။ ထို့နောက် နဖူးကို ညှင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
သူ၏လက်သည်းများက ဒဏ်ရာများ ပြည့်နှက်နေပြီ ဖြစ်သည်။ သို့သော်… ဆုပိုင်သည်လည်း သူ့ကို ပတ်တီးစည်းပေး၍ပင် မရတော့လေချေ။ ထို့ကြောင့် ဆေးကိုသာ ထပ်လိမ်းပေးလိုက်ရသည်။
ကယ်ဆယ်ရေးခွေးများက သူတို့၏လက်ဖဝါးကို မှီခိုပြီး အပျက်အစီးပုံအတွင်းမှ အန္တရာယ်ကို အာရုံခံခြင်း ဖြစ်သည်။ ထို့ကြောင့် ပတ်တီးစည်းလိုက်ပါက သူ၏အသက်ကိုပင် ဆုံးရှုံးစေနိုင်သည်။ ကယ်ဆယ်ရေးခွေးတိုင်းက အဖိုးတန်လွန်းသည်။
“ငါ့မှာ စားစရာ နည်းနည်း ရှိသေးတယ်။ သူ့ကို ကျွေးလိုက်”
“ငါ့မှာလည်း ရေရှိသေးတယ်။ အားလုံးပဲ အကုန် မသောက်ကြနဲ့အုန်း။ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးခွေးတွေကို အရင်အနားယူခိုင်းရအောင်။ သူတို့ကို ရေနည်းနည်း တိုက်လိုက်ရအောင်။ မိုးကလည်း ရွာတော့တာ မဟုတ်ဘူးဆိုတော့ နေက တအားပူနေပြီ”
“သွားမယ်။ သွားမယ်။ အနားယူ မနေနဲ့တော့။ ဒီအကောင်လေးတွေတောင် ထိန်းနိုင်သေးတယ်။ ငါတို့လည်း သွားပြီး ကူညီပေးရအောင်”
အနီးနားတွင် အနားယူနေသော လူက ဆုပိုင်၏အနီးနားမှာ ဝိုင်းနေသော ရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေးများကို ကြည့်လိုက်ကြပြီး သူတို့တွင် ကျန်နေသေးသည့် စားစရာနှင့် ရေများကို လာခွဲပေးကြသည်။
သူတို့သည်လည်း နားလည်နိုင်ကြသည်။ အဝေးရှိ လူငယ်တွင် ပိုင်ဆိုင်ထားသော စားစရာများက ထိုရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများအားလုံးအတွက် မလုံလောက်ပေ။ သောက်စရာ ရေကပင် လုံလောက်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် သူတို့အားလုံးကလည်း ထိုခွေးများ၏လုပ်ရပ်ကို မြင်ခဲ့ပြီးသား ဖြစ်သည်။ ဒီနေရာရှိ လူပေါင်းများစွာကို ထို့ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများကသာ ကယ်တင်ခဲ့ခြင်းဟု ပြောလျှင် ချဲ့ကားရာ မရောက်နိုင်ပေ။
ထို့အတွက်ကြောင့် အားလုံးသည်လည်း အမောတကော အသက်ရှုနေသည့် ခွေးများကို မြင်သည့်အခါ စိတ်မကောင်း ဖြစ်ကြသည်။
356 02
ဆုပိုင်က ထို့ရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေးများအားလုံးကို ရေအဝ တိုက်ပြီးမှသာ လက်ခုပ်တစ်ချက်တီး၍ ထရပ်လိုက်သည်။ ထို့အချိန်တွင် သေးငယ်သော မြေပြင်၏ နေရာက ဝရုန်းသုန်းကား ဖြစ်နေပြီ ဖြစ်သည်။
စစ်သားများကလည်း ကူညီပြီး ယာယီ နေရာစရာများကို ပြင်ဆင်ပေးထားကြသလို့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများကိုလည်း ဆုပိုင်ကို အပ်သွားသည်။
“သွားရအောင်”
ဆုပိုင်က နှုတ်ခမ်းကို တစ်ချက် တင်းတင်း စေ့ပိတ်လိုက်ရင်း ခြေကို ဆန့်ကာ ထရပ်လိုက်သည်။ ထို့နောက် အပျက်အစီးပုံဘက်သို့ တစ်ချက်ကြည့်ရင်း တစ်စုံတစ်ရာကို ခပ်တိုးတိုး ရေရွတ်သည်။ သူဟာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများကို ဉီးဆောင်၍ ထပ်၍ ပြေးသွားလိုက်သည်။
ဝုတ်…
ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများက မားမတ်စွာ ရပ်နေကြသည်။ သူတို့သည် သူတို့၏အရှေ့မှ အိုဟောင်းလွန်းနေသော နေရာကို ကြည့်ပြီး အနည်းငယ် တွန့်ဆုတ်နေကြသည့်တိုင်အောင် ဆုပိုင်၏နောက်သို့ လိုက်ပြီး သွားကြသေးသည်။
အများစုက လမ်းလျှောက်နေရင်း ခွေယိုင်နေကြသည်။ သို့တိုင်အောင် မည်သူကမှ နောက်မတွန့်သွားကြပေ။
သူတို့က နာကျင်မှုများကို ခံစားနေရသော်လည်း ယခုလေးတင် ဆေးလိမ်းပြီးသား လက်ဖဝါးများကို ဖိချ၍ အပျက်အစီးပုံထဲသို့ ပြန်ဝင်ရသည်။
သို့ရာတွင် ထို့ခွေးများထံမှ မည်သည့်အသံကိုမှ မကြားရပေ။ ရေရှည်လေ့ကျင့်ထားပြီးနောက် သူတို့သည်လည်း အောက်ဘက်တွင် ပို၍ စိုးရိမ်စရာများသော လူသားများက စောင့်ကြိုနေကြကြောင်း နားလည်နေကြသည်။
ဒါဟာ သူတို့၏ တာဝန် ဖြစ်သည်။ ဒါဟာ လူသားများ၏ အသက်နှင့် ပတ်သက်နေသော တာဝန်ယူမှု တစ်မျိုး ဖြစ်သည်။
“နာရီ ၂၀ ကြာသွားပြီ။ ဒါရိုက်တာ ဆုပိုင်က ဒီခွေးတွေကို တကယ်ပဲ မနားခိုင်းတော့ဘူးလား။ ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ဒီခွေးတွေက အမောဖောက်ပြီး သေသွားလိမ့်မယ်”
“ဒါရိုက်တာဆုပိုင်လည်း မနားဘူးလေ။ သူက ဒီတိရစ္ဆာန်တွေကို ဒီလောက် ချစ်တာ ဘာလို့ မနားခိုင်းရမှာလဲ။ ဒီအတိုင်း နားလို့ မရလို့ပေါ့။ ခွေးက ဆယ်ကောင်တည်း ရှိတာ အပျက်အစီးနယ်တွေက များလွန်းတယ်”
“ဟုတ်တယ်။ မင်းတို့ မြင်တဲ့အတိုင်းပဲ ဒီခွေးတွေက လမ်းလျှောက်နေရင်းတောင်မှ ခွေချင်နေကြပြီ။ ဒါကို မြင်ရုံနဲ့ ငါ ရင်နာတယ်”
“သူတို့က လူသားတွေရဲ့ သစ္စာရှိတဲ့ အပေါင်းအဖော်ဆိုတာ မှန်ကန်နေတာပဲ။ ငါတို့ ကွန်ပြူတာရှေ့မှာ နာရီ ၂၀ လုံးလုံး ထိုင်နိုင်တာတောင် မဟုတ်ဘူး။ သူတို့လိုမျိုး အနားမယူဘဲ နာရီ ၂၀ လုံးလုံး အလုပ်လုပ်တာမျိုးကို တွေးကြည့်ပါအုန်း.”
“အနာဂတ်မှာ ဒီလို ကပ်ဘေးမျိုးကို ကြုံတွေ့ရလိမ့်မယ်လို့ ငါ လုံးဝ မတွေးရဲဘူး။ တိရစ္ဆာန်တွေနဲ့ လူတွေက တော်တော်လေးကို ခက်ခဲတဲ့ အခြေအနေကို ပိုင်ဆိုင်ခဲ့ကြမှာပဲ”
“ဒါကြောင့်ပဲ ဒါရိုက်တာ ဆုပိုင်က ဒီလောက်အထိ အင်အား စိုက်ထုတ်ပြီး တိရစ္ဆာန်တွေကို ကာကွယ်ဖို့ ပြောဆိုနေရတာပေါ့။ တိရစ္ဆာန်တွေရဲ့ ခံစားတွေက အရမ်းကို စစ်မှန်တယ်။ သူတို့က မပျင်းတတ်ဘူး။ အမြဲတမ်း ရှာဖွေမှုကိုပဲ အာရုံစိုက်ထားတာ။ ဒါက လူသားတွေ မလှုပ်နိုင်တဲ့ ကိစ္စမျိုးပေါ့”
…
ငလျင်စလှုပ်ကတည်းက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ မည်သူကမှ မထွက်သွားကြတော့ချေ။ ကယ်ဆယ်ရေးအသင်းနဲ့ ယခုအချိန်အထိ ရှိနေကြသည်။
သူတို့သည်လည်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများ၏ အားအင်ချိနဲ့ပုံကို မြင်ယောင်ရင်း စိတ်မကောင်းဖြစ်လာကြသည်။ သို့သော် အခြားသော နည်းလမ်းလည်း မရှိပါပေ။
သူတို့က အရေးကြီးတာလား။ သူတို့သည် အရေးကြီးသည်။ သို့သော် အပျက်အစီးအောက်တွင် သူတို့၏ ကယ်ဆယ်မှုကို စောင့်ကြိုနေသော မရေမတွက်နိုင်သော လူပေါင်းများစွာလည်း ရှိသေးသည်။ ထို့ကြောင့် ဒါဟာ လမ်းဆုံးကဲ့သို့ ဖြစ်နေသည်။
356 03
ပို၍ ဆိုးသည်မှာ ဒါရိုက်တာဆုပိုင်က ထို့အကောင်လေးများကို ရေတိုက်ပြီး အစာကျွေးထားသောကြောင့်သာ မဟုတ်လျှင် အခြားသော လူများကလည်း သူတို့ကိုယ်သူတို့ ကယ်တင်ရင်း အလုပ်များနေကြကာ ထို့ခွေးများကို မေ့လျော့သွားလောက်သည်။
မည်သူက ဒီခွေးတွေကို ဂရုစိုက်မှာလဲ။
လူတိုင်းက အန္တရာယ်အများဆုံး နေရာတွင် ပတ်ပြေးနေခဲ့သော ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများကို ကြည့်လိုက်ပြီး မြေအောက်မှ လူများကို အမြန်ဆုံး ရှာတွေ့ရန် မျှော်လင့်နေကြသည်။ ထို့နည်းအားဖြင့် လူသားများသာ ရှင်သန်ရုံသာမကသေးလေဘဲ ထိုကယ်ဆယ်ရေးခွေးများကလည်း ရှင်သန်လာပေလိမ့်မည်။
…
ကယ်ဆယ်ရေးနှင့် လေ့ကျင့်ရေးစင်တာ။
ထို့အချိန်တွင် ကစားကွင်းအတွင်း လူများ အုံနေသေးလေသည်။
နေ့အချိန်ပြီးနောက် မရေမတွက်နိုင်သော ကျောင်းသားများက သူတို့၏အဆောင်များမှ ထကာ ကစားကွင်းထဲတွင် စုစည်းနေသော ကျောင်းသားများကို လာရောက်ကြည့်ရှုကြသည်။ သို့သော် လာရောက်ကြည့်ရှုပြီးသည့်နှင့် လူအများစုက သူတို့၏ မျက်နှာကို သစ်ရန်ပင် မေ့လျော့သွားကြကာ မြေပြင်တွင်သာ ထို့အတိုင်း ထိုင်ပြီး တိတ်တဆိတ်နှင့် စောင့်ကြည့်နေကြလေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် အရာအားလုံးက ပျက်စီးယိုယွင်းနေသော နေရာများကိုသာ မြင်နိုင်မည် ဖြစ်ပြီး မရေမတွက်နိုင်သော လူပေါင်းများစွာက အပျက်အစီးပုံအတွင်းနားတွင် အော်ဟစ် နေကြသည်။ အမှိုက်များကို သယ်ပြီး ကြိုးစားနေကြသော မရေမတွက်နိုင်သော လူပေါင်းများစွာ ရှိသည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက အပျက်အစီးပုံထဲမှ အလောင်းများကို သယ်ထုတ်နေကြသည်။
ကင်မရာက ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများကိုသာ အမြဲတစေ ဦးတည် ပြသနေတတ်သည်။ သူတို့က သံဘားချောင်းတိုင်များ သို့မဟုတ် ကွဲကြေနေသော ဖန်ကွဲစများ ပြည့်နှက်နေသော နေရာ တစ်ခုပြီးတစ်ခုကို ကျော်ဖြတ်ကာ အနက်ရောင် တွင်းပေါက်မှ တစ်ဆင့် အချက်ပြပေးနေကြသည်။
မြေပြင်မှ သွေးများ ပေကျံနေသည့် လက်ရာကြီးများကို ကြည့်ပြီးနောက် အားလုံးရဲ့နှလုံးသားက နာကျင်လာကြသည်။
ဟူး
ရွှီကျန်းက သူ၏ခြောက်သွေ့နေသော နှုတ်ခမ်းထောင့်ကို ယက်လိုက်ပြီး မူးဝေလာသလို ခံစားရသည်။ သူသည် အံကို ကြိတ်၍ ဆက်ရပ်နေသည်။
သူသည် တစ်ညလုံး ထို့အတိုင်း ရပ်နေခဲ့သည်။၊ သူသည် အတော်လေး မောပန်း နွမ်းနွယ်လာပြီ ဖြစ်သည်။
ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများကဲ့သို့ သူတို့သည်လည်း အလားတူ အခြေအနေမျိုးကို ကြုံတွေ့ရမည်ဆိုလျှင် နာရီ ၂၀ လုံးလုံး မည့်သို့နေနိုင်မည် ဖြစ်ကြောင်း တွေးတောကြည့်နိုင်လေသည်။
သူတို့တွေက ဒီရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးလောက်တောင် မတော်တာပဲ။
ဒီလိုမျိုးသာဆိုရင် သူတို့ဟာ ဒီခွေးတွေကို ဘာကို သုံးပြီး ကာကွယ်ပေးနေမှာပဲ။ သူဟာ တစ်ဖက်သို့ လှည့်လျှက် သူ၏အနောက်ဘက်မှ များပြားလာသော လူအုပ်ကို ကြည့်သည်။
ထို့အချိန်တွင် ကယ်ဆယ်ရေးနှင့် လေ့ကျင့်ရေးစင်တာမှ ခေါင်းဆောင်များကလည်း တည်ကြည်လေးနက်သော မျက်နှာများဖြင့် လျှောက်လာနေကြသည်။
သူ့ကို ခေါင်းညိတ်ပြီးသည့်နှင့် ခေါင်းဆောင်က လက်ကို တဖြည်းဖြည်းချင်းစီ မြှောက်ကာ ရမ်း၍ ကျယ်လောင်စွာ အော်ပြောသည်။
“ဒီနေ့ရဲ့ လေ့ကျင့်မှုတွေ အားလုံးကို ဖျက်သိမ်း လိုက်ပြီ။ ကျောင်းသားတွေ အားလုံး ထွက်လာပြီး စုစည်းကြ”
“ဒီတိုက်ရိုက်ထုတ်လွှင့်မှုက ငါတို့ရဲ့အကောင်းဆုံး လေ့ကျင့်မှုပဲ။ ငါလည်း မနေ့ညက တစ်ညလုံး မအိပ်ထားဘူး။ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကိုပဲ စောင့်ကြည့်နေခဲ့တာ”
“မင်းတို့ကိုလည်း ကျေးဇူးအများကြီးတင်တယ်။ ဒါရိုက်တာဆုပိုင်က ငါတို့ကို ဒီလို တက်တက်ကြွကြွ ပြပေးတာက ဒီလို ကပ်ဘေးကနေ ကယ်ဆယ်တဲ့ ဖြစ်ရပ်တစ်ခုလုံးကို အပြောင်းအလဲ ဖြစ်စေချင်လို့ပဲ”
356 04
“ငါတို့ ပြန်လည် သုံးသပ်ဖို့ လုံလောက်နေပြီ။ ငါတို့ကသာ ဒီလို ကပ်ဘေးမျိုးနဲ့ ကြုံ့တွေ့ရမယ်ဆိုရင် ငါတို့ရဲ့ နေ့စဉ်လေ့ကျင့်မှုတွေကို မှတ်မိနိုင်ပါ့မလား။ ငါတို့က နေရာမှာတင် တိုက်ရိုက်တုန့်ပြန်ပြီး အခြေအနေအရ လုပ်ဆောင်ရမှာ မဟုတ်လား။ ဒီတော့ ခက်ခဲကြမ်းတမ်းမှုတွေကို ကြောက်ရွံ့နေစရာ မလိုဘူး။ ရှေ့တန်းမှာ အမြဲတမ်း တိုက်ခိုက်နေရမယ်”
ထိုသို့ပြောပြီးနောက် ထို့ခေါင်းဆောင်က အသက်ကို ပြင်းပြင်းရှုသည်။ သူ၏မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်ပြီးနောက်တွင် အလွန်ပင် လေးနက်သော မျက်နှာထားမျိုးဖြင့် ဆက်ပြောသည်။
“အားလုံးလည်း အထဲက ကယ်ဆယ်ရေးခွေးတွေအကြောင်းကို သိပြီးလောက်ပြီလို့ ထင်တယ်။ ငါ မင်းတို့ကို မေးချင်တယ်။ မင်းတို့ သူတို့ ဒီလိုမျိုး အနားမယူဘဲ နာရီ ၂၀ လုံးလုံး အလုပ်လုပ်နေတာကို စိတ်မကောင်းဖြစ်သလို့ ခံစားရလား”
“ငါတော့ ရင်နာတယ်”
ကျောင်းသားများအားလုံးကလည်း နီရဲသော မျက်လုံးများဖြင့် အော်ကြသည်။
ခေါင်းဆောင်က ကျေနပ်စွာနှင့် ခေါင်းညိတ်ပြီး လေးနက်သော လေသံနှင့် ဆက်ပြောသည်။
“ရိုးရိုးသားသား ပြောရမယ်ဆိုရင် ငါ အများကြီး ငိုပြီးသွားပြီ။ ဒါ ကပ်ဘေးကြောင့်တင်မကဘဲ ဒီကယ်ဆယ်ရေး အလုပ်သမားတွေရဲ့ စိတ်ဝိဉာဏ်အတွက် နောက်ပြီး ဒီကယ်ဆယ်ရေး ခွေးတွေရဲ့ ခက်ခဲမှုကို ရင်ဆိုင်ရတဲ့အချိန်မှာ ဇွဲမလျော့တမ်း ကြိုးစားမှုတွေအတွက်ပေါ့”
“ငါ မင်းတို့ကို အမှန်တိုင်းပြောရမယ်ဆိုရင် ဒါက ဒီအတိုင်း ငလျင်ပဲ ရှိနေသေးတာ။ ဒါပေမဲ့ ရေကြီးရင် ဘယ်လိုလုပ်မလဲ။ မီးလောင်ရင် ဘယ်လိုလုပ်မလဲ။ အခုထက် အခြေအနေအများကြီး ဆိုးသွားတဲ့ အနေအထားမျိုးတွေ ရှိနိုင်သေးတယ်”
“ငါ ဒီမှာ ပြောချင်တာက …”
“တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးဌာနနဲ့ ဆက်သွယ်ပြီးတဲ့နောက်မှာ ဒီရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးတွေကို အောင်အောင်မြင်မြင်နဲ့ ရရှိနိုင်ဖို့ အလားလာ အရမ်း များမှန်း သိလိုက်ရတယ်။ အဲဒီနောက် ငါတို့ရဲ့ အသင်းကလည်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက ဒီလိုချစ်စရာကောင်းတဲ့ ကောင်လေးတွေကို ရရှိလာလိမ့်မယ်”
“ဒါပေမဲ့ အခုပိုကြီးတဲ့ စိန်ခေါ်မှုက ဒီခွေးတွေကို နာကျင်မှုလျော့အောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ။ ဒါက ငါတို့ စဉ်းစားဖို့ လိုအပ်တဲ့ ကိစ္စဖြစ်နေတယ်”
“တိရစ္ဆာန်တွေကို ပြန်လည်ကယ်တင်ဖို့ လွယ်တာ မဟုတ်ဘူး။ အခုလိုမျိုး လူသားတွေအတွက် အရေးကြီးတဲ့ တိရစ္ဆာန်ဆိုရင် ပိုတောင် ဆိုးနေသေးတယ်”
“ငါတို့ ဒီအကြောင်းတွေ အားလုံးကို သေချာတွေးထားဖို့ လိုအပ်တယ်။ ကယ်ဆယ်ရေးခွေးတစ်ကောင်ကသာ ငါတို့ရဲ့လက်မောင်းဖော် ဖြစ်လာမယ်ဆိုရင် ငါတို့က ဘယ်လို ပူးပေါင်း လုပ်ဆောင်ရင် လူတွေကို ဘယ်လိုကယ်တင်ပြီး ထိခိုက်မှုတွေကို ဘယ်လိုလျော့နည်းအောင် လုပ်နိုင်မလဲဆိုတာကို သေချာ စဉ်းစားရမယ်”
ထိုစကားများ ထွက်လာသည့်နှင့် အားလုံးက တိတ်ဆိတ်သွားကြသည်။
သူတို့သည် ဖန်သားပြင်တွင်ပေါ်နေသော အပျက်အစီးပုံတွင် ပြေးလွှားနေသည့် ကယ်ဆယ်ရေး ခွေးတစ်ကောင်ကို ကြည့်ရင်း ခေါင်းကို ငုံကာ စတင်ကာ တွေးတောကြသည်။
ဟုတ်တယ်။
သူတို့သာဆိုရင် ဒီကယ်ဆယ်ရေးခွေးတွေကလည်း ဒဏ်ရာရထားပြီး ဒီလောက် အကြာကြီး ဘယ်လိုများ အလုပ်လုပ်ခိုင်းရမှာလဲ။
ကယ်ဆယ်ရေးခွေးတွေက သူတို့ရဲ့ ဘေဘီလေးတွေလေ။
လူတိုင်းကလည်း ထို့ရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေးများက လူသားများထက် ပို၍ အရေးပါလွန်းသော နေရာတွင် ပါဝင်ကြောင်း နားလည်လို့ နေသည့်တိုင်အောင် ထူးကဲသော ပြဿနာ ဖြစ်သွားသည်။
သို့ရာတွင် အလုံးအရင်းနှင့် မျိုးတုန်း ပျောက်ကွယ်ပြီးနောက် လူတိုင်းဟာ ထို့ခွေးများ၏ လုံခြုံရေးကို ဦးစွာ ရှေ့တန်းတင်ပေလိမ့်မည်။ နာရီပေါင်းများစွာ အလုပ်လုပ်ပြီးနောက် အမျိုးမျိုးသော ကြုံတွေ့ရနိုင်မည့် အန္တရာယ်များကြောင့် စတေးသွားရသည့်အခြေအနေမျိုးကို ဖြစ်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
356 05
“ကောင်းပြီ။ အားလုံးပဲ ဒီတိုက်ရိုက် ထုတ်လွှင့်မှုကို ဆုံးသွားတဲ့အထိ အတူတူ ကြည့်ကြရအောင်”
…
ရွှီကျန်းက အသင်းထဲမှ လျှောက်ထွက်လာပြီးနောက် ကျယ်လောင်စွာ အော်ပြောသည်။
“ဒါက တိုက်ရိုက်ဆိုပေမဲ့ ဒါရိုက်တာဆုပိုင်က လုံးဝ မရပ်ထားဘူး။၊ ဒီကယ်ဆယ်ရေးခွေးတွေကလည်း လုံးဝ မရပ်ဘူး။ ငါတို့က ဒီအတိုင်း အေးအေးဆေးဆေးနဲ့ ကြည့်နေရုံပဲ။ ငါတို့မှာ စားစရာရှိတယ်။ ရေရှိတယ်”
“မင်းတို့ ဒါမျိုးကိုတောင် မထိန်းထားနိုင်ရင် မင်းတို့ကို အခု ထွက်သွားလို့ အကြံပေးချင်တယ်”
“ကယ်ဆယ်ရေးအလုပ်က မင်းတို့အတွက် မဟုတ်ဘူး”
“ကောင်းပြီ။ ဆက်ကြည့်တော့”
ဝုတ်
ဆုပိုင်က အဝေးမှ ဟိန်းကျစ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်သို့ လှည့်ကာ လှမ်းအော်ကြောင်း မြင်လိုက်သဖြင့် အပြေးသွားလိုက်သည်။ သူသည် လက်ကို ဆန့်ထုတ်၍ အနားရှိ လူများကိုလည်း လှမ်းခေါ်လိုက်လေသည်။ နောက်ထပ် ရှင်သန်သူတစ်ယောက်ကို ရှာတွေ့လေပြီ။
အားလုံးက အပြေးအလွှား လာကြပြီးနောက် အပျက်အစီးပုံနားတွင် ရပ်ကာ မရေမတွက်နိုင်သော သံမဏိဘားချောင်းများ၊ အောက်ဘက်ရှိ ကွန်ကရစ်များကို ကြည့်ကာ မျက်မှောင်များ ကြုတ်သွားကြသည်။
ဝုတ်
“အောက်မှာ လူရှိတယ်”
ဟိန်းကျစ်က ဘေးဘက်ရှိ လူများကိုကြည့်ပြီး ဆုပိုင်ကို ခပ်တိုးတိုး ပြောသည်။
“အောက်ခြေမှာ လူတစ်ယောက်ရှိတယ်”
“ကယ်ဆယ်ရေးခွေးတွေက ရွေးချယ်မှုမှားမှာ မဟုတ်ဘူး။ အောက်ဘက်မှာ ရှင်သန်သူ သေချာပေါက် ရှိရမယ်။ ဆိုတော့ တူးထုတ်ကြည့်ရအောင်”
ဆုပိုင်က သူ၏နဖူးကို ညှင်သာစွာ ပွတ်လိုက်ပြီးနောက် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ စတင်ကာ တူးသည်။
ထို့သို့ဖြင့် အပေါ်ဘက်မှ အပျက်အစီးများကို ဖယ်ရှားရသည်။ မရေမတွက်နိုင်သော ကျောက်တုံး ကျောက်ပြားများက အရပ်မျက်နှာအနှံ့ စုပုံအောကာ ရှိနေလေသည်။ ထို့နောက် အောက်ဘက်တွင်လည်း ကျောက်ပြားကြီးတစ်ခု ရှိနေပြန်သည်။
မြေပြင်တွင် ခွေယိုင်ကာ လဲနေသော ကလေးလေးတစ်ယောက် ရှိနေသည်။ ကလေးလေး၏ ဘေးဘက်တွင် ခန္ဓာကိုယ်တစ်ခုလုံး ကွေးကာ ထို့ကလေးကို ပွေ့ဖက်ထားသည့် အမျိုးသမီးတစ်ယောက်လည်း ရှိသည်။ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်က သွေးများ စွန်းထင်းနေပြီး ထိုသွေးများက အမျိုးသမီးကို ဝိုင်းကာ အိုင်နေလေ၏။ လူတိုင်းက ထို့အခြေအနေကို မြင်ပြီးနောက် ပင့်သက် ရှိုက်လိုက်ကြသည်။
ထိုအခြေအနေကို ကယ်ဆယ်ရန် အလွန်ခက်သည်။
မရေမတွက်နိုင်သော ကျောက်ပြားများက အတူတကွ စုစည်းနေလေရာ မည်သည့်ကျောက်ပြားက အလေးချိန်ဒဏ်ကို ခံနိုင်မည်ဖြစ်ကြောင်း ပြောရန် ခက်ခဲသည်။ သို့မဟုတ်လျှင်လည်း အားလုံးက အလေးချိန်ဒဏ်ကို ခံနိုင်လျှင်ပင် …
ကျောက်ပြားများအကြားမှ အကျယ်က လူကြီးတစ်ယောက်အတွက် မလုံလောက်ပေ။
“ဒီကျောက်ပြားနှစ်ခုကို အရင်မချင်တာ”
“မဟုတ်ဘူး။ ဒါ ပြုတ်ကျသွားရင် အထဲက ကလေးက သေသွားလိမ့်မယ်။ ငါတို့ ဒီလို ရှင်းလို့ မရဘူး”
“ဒါပေမဲ့ ငါတို့ ထပ်စောင့်လို့ မရတော့ဘူးလေ။ နောက်ထပ်လှုပ်ခတ်မှုက ဘယ်အချိန်လာမလဲဆိုတာကို မသိနိုင်သေးဘူး”
“ဟုတ်တယ်။ ကလေး သေချာပေါက်ကို အသက်ရှင်နေသေးမှာ”
“ငါတို့ သံမဏိချိတ်ကောက်တစ်ခုခု ရှာပြီး ကြိုးတစ်ကြိုးနဲ့ ပေါင်းချည်လို့ ကလေးကို ဆွဲတင်ရမလားလို့ ကြည့်ရမယ်”
356 06
“ငါ့အထင် ဒါက တော်တော်လေး အန္တရာယ်များမယ် ထင်တယ်။ နောက်ပြီး အဲဒီအမျိုးသမီးက ကလေးကို တင်းတင်းကြပ်ကြပ် ဖက်ထားသေးတာ။ သူမသာ ကလေးကို ဆွဲတင်ခွင့် မပြုရင် ဘယ်လိုလုပ်မလဲ”
“…”
ဆုပိုင်က ဆွေးနွေးမှုများကို နားထောင်နေပြီး အောက်ဘက်ရှိ ကလေးကို ငုံကြည့်လိုက်သည်။
နေရာက အလွန်ကျဉ်းသည်။ ထိုအမျိုးသမီးကလည်း ကလေးကို တင်းတင်းကြပ်ကြပ် ပွေ့ထားသေး၏။ အရေးကြီးဆုံး ကိစ္စကမှု ထိုအမျိုးသမီးဟာ သေဆုံးနေပြီ ဖြစ်သည်။
သေဆုံးပြီး သူ၏ခြေလက်များက အလွန်တောင့်တင်းနေသည်။ ထို့ကြောင့် ထွေးဖွေ့ထားသော ကလေးကို သံမဏိချိတ်ကောက်တစ်ခုဖြင့် ချိတ်ကာ ယူရုံလောက်ဖြင့် ဖယ်ရှားရန် ခက်ခဲလေသည်။ ထို့အခိုက်အတန့်တွင် လူတိုင်းက တိတ်ဆိတ် သွားကြသည်။
ဆုပိုင်က တစ်ဖက်သို့ လှည့်ပြီးနောက် အရှေ့သို့ နှစ်လှမ်းခန့် လှမ်းလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို လှမ်းခေါ်လိုက်ကာ အခန်းထဲမှ လူများက အကြံကောင်းပေးနိုင်ခြင်း ရှိမရှိ ကြည့်လိုလေသည်။
မည်သို့ပင်ဆိုစေ လူတစ်ယောက်၏အင်အားက အကန့်အသတ်နှင့် ဖြစ်သည်။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းလေးတွင် လူသိန်းပေါင်းများစွာ ရှိနေလေရာ ကောင်းမွန်သော အကြံများ ရရှိနိုင်ရန် မျှော်လင့်သည်။
“ငါ အခု ဘယ်လိုလုပ်ရမလဲ။ ဖြေရှင်းချက်ကောင်း မရှိတော့ဘူးလား။ တစ်ယောက်ယောက်များ အကြံများ ပေးကြပါအုန်း”
“ဒါရိုက်တာဆုပိုင်ကသာ သူတို့နဲ့အတူ တိရစ္ဆာန်လေးတွေကို ခေါ်လာမယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်တယ်။ အဲဒီမှာ ရွှေမြွေသာ ရှိနေမယ်ဆိုရင် ချက်ချင်း ရစ်ပတ်ပြီး ပြန်တက်လာမှာပဲ”
“ဟေ့ အပေါ်က အကြံကတော့ ကောင်းတယ်။ ဒီမှာ ပေါ်နေတဲ့ တိရစ္ဆာန်တွေ အားလုံးက အဲဒီအဟကြားကို ဘယ်လို ဝင်ပြီး တိုးတက်နိုင်မှာလဲ။ ကယ်ဆယ်ရေးခွေးက အောက်ဆင်းဖို့တောင် အန္တရာယ်များလွန်းတယ်”
“နောက်ပြီး ဒါက ကလေးလေ။ ကလေးက မျက်လုံးတောင် သေချာ မဖွင့်သေးဘဲ ဒီလောကကနေ ထွက်သွားရတော့မှာလား”
“ဒါရိုက်တာဆုပိုင် ငါတို့သာ ကယ်ဆယ်ရေးခွေးကို ကြိုးနဲ့ ချည်ပြီး အောက်ကို ဆင်းခိုင်း နောက်ပြီး ကလေးကို ကိုက်ခိုင်းလိုက်မယ်ဆိုရင်တော့ အဆင်ပြေလောက်မလားလို့ပဲ”
“ဖြစ်နိုင်တယ်။ ဒါပေမဲ့ ရင်းနှီးမှုက အရမ်းကြီးတယ်နော်။ နောက်ပိုင်း လှုပ်ခတ်မှု ဆက်ဖြစ်လာခဲ့ရင် ကလေးကို မကယ်နိုင်တဲ့အပြင် ဟိန်းကျစ်ပါ သေသွားမှာ”
“ဒါက အရမ်း ဖိအားများလွန်းပါတယ်။ ဘယ်လို လုပ်ကြမလဲ။ ဒီကျောက်ပြားတွေကို တွန်းဖယ်ပြီး ဆက်ကြည့်ကြရင် ကောင်းမလား”
…
ဆုပိုင်က များပြားလှစွာသော ကောမန့်များကို ကြည့်ပြီးနောက် သူ၏နှုတ်ခမ်းက တင်းတင်း စေ့ပိတ်သွားသည်။ သူသည် တိရစ္ဆာန်များကို ဝင်ခိုင်းမည့် အကြံကို တွေးမိသေးသည်။ သို့သော် …
သူသည်လည်း အမှန်တကယ် မလိုအပ်သမျှ ထို့နည်းလမ်းကို အသုံးမပြုချင်ပါပေ။
အပျက်အစီးပုံထဲမှ အခြေအနေကလည်း လျင်မြန်စွာ ပြောင်းလဲနိုင်သည်။ နောက်ပိုင်း လှုပ်ခတ်မှုက မည်သည့်အချိန်တွင် ရောက်လာမည်ဖြစ်ကြောင်း မည်သူကမှ မသိနိုင်သေးပေ။
ထို့နောက် …
အောက်ဘက်ရှိ ကလေးကလည်း အသက်တစ်ခု ဖြစ်သည်။ ကယ်ဆယ်ရေး ခွေးကလည်း တစ်ခု ဖြစ်သည်။
ဝုတ်
ထိုအချိန်တွင် ဘေးဘက်မှ တစ်ချိန်လုံးစောင့်ကြည့်နေသည့် ဟိန်းကျစ်က အောက်ဘက်ရှိ ကလေးကို လှမ်းကြည်ကာ ဟောင်သည်။ လူတိုင်းက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။ ဆုပိုင်က ကြောင်သွားသည်။ သူတစ်ယောက်တည်းကသာ သူပြောသည့် စကားကို နားလည်သည်။
“ငါ အောက်ကို ဆင်းပြီး ကလေးကို ကယ်လို့ ရတယ်။ ငါ့ကို ဆင်းခိုင်းပါ”
******
357 01
အပိုင်း 357
ဝုတ်
“ငါ ဆင်းနိုင်တယ်”
ဆုပိုင်က သူ၏ ခြေရင်းနားတွင် လှည့်ပြီး ပြန်လည်ပြီး တုံ့ပြန်ခြင်း မရှိတော့သည့် ကယ်ဆယ်ရေး ခွေးကို မျက်မှောင် ကြုတ်သွားသည်။
ထိုကယ်ဆယ်ရေးခွေးက သူ၏အသိစိတ်အရ အသက်ကို ရင်း၍ အောက်သို့ဆင်းပြီး ကလေးကို ကယ်လိုသည်။
ဟူး
ဆုပိုင်က အသက်ကို ပြင်းပြင်းရှုလိုက်ပြီးနောက် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ ထို့အကောင်လေး၏ နဖူးကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ပြီး ညှင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
“အောက်ကို ဆင်းသွားတာက အန္တရာယ်များတယ်ဆိုတာကို မင်းသိလား”
သူဟာ တစ်ဖက်သူ၏နားအနားကပ်ကာ ခပ်တိုးတိုး ပြောသည်။
“ဟူး”
“ငါ သိတယ်။ ဒါပေမဲ့ ဒါက ငါရဲ့ တာဝန်လေ။ ငါ အန္တရာယ်ကို မကြောက်ဘူး”
ထို့တုံ့ပြန်မှုကို ကြားရသည့်အခါ ဆုပိုင်လည်း ဟိန်းကျစ်ကို ရင်နာမှုအပြည့်နှင့် ပွေ့ဖက်လိုက်သည်။
တာဝန်ယူမှုဆိုတဲ့ စကားတစ်လုံး။
အသက်ထက်တောင် ပိုကြီးသေးတယ်။
“ကောင်းပြီ။အဲဒါဆို အဆင်ပြေပြီ”
ဆုပိုင်က တစ်ခဏခန့် ရပ်တန့်ပြီးနောက် မြေပြင်မှ ထရပ်လိုက်ကာ ဘေးနားတွင် ဆွေးနွေးနေသေးသော လူများကို လှမ်းပြောလိုက်သည်။
“ငါ့မှာ အကြံတစ်ခုရှိတယ်။ ကြိုးတစ်ချောင်းရှာပြီး ဒီကယ်ဆယ်ရေး ခွေးကို ချည်လို့ အောက်ကို ဆင်းခိုင်းကာ ကလေးကို အပေါ်တင်ခိုင်းလို့ ရတယ်”
ထို့စကားကို ကြားသောအခါ အားလုံးကလည်း ခေါင်းကို ငုံ၍ နာခံလွန်းသော ဟိန်းကျစ်ကို ငုံကြည့်ကြသည်။ သူတို့က ပါးစပ်ကို ဟလိုက်သော်လည်း မည်သို့ ပြောသင့်မှန်းပင် မသိတော့ပေ။
“ဒါက အန္တရာယ် မများလွန်းဘူးလား။ သူတို့က အကြာကြီး အလုပ်လုပ်ထားတာ ငါတို့တွေ …”
“ဟုတ်တယ်။ သူတို့က ငါတို့အများကြီးကို ကယ်ပြီးပြီ။ နောက်ပိုင်း လှုပ်ခတ်မှု ထပ်ဖြစ်လာရင် အကျိုးဆက်က ကြောက်စရာ ကောင်းတယ်”
“ငါတို့ သဘော မတူဘူး။ ဒီကယ်ဆယ်ရေး ခွေးတွေက အသုံးဝင်လွန်းတယ်”
လူတိုင်းကလည်း ထို့ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများက ဒုက္ခရောက်သူများကို မည်သို့ မည်ပုံ ကယ်တင်ခဲ့ကြောင်း မြင်ခဲ့ပြီးသား ဖြစ်သည်။ သူတို့ဟာ ဒီအတိုင်း တိရစ္ဆာန်သာ ဖြစ်သည့်တိုင်အောင် လူတိုင်းတွင် ကြင်နာတတ်သော နှလုံးသား ရှိသည်။ ဒါကို ဘာလို့ စိတ်မကောင်း မဖြစ်ရမှာလဲ။
“ဆက်လုပ်ပါ။ ဟိန်းကျစ်က ကိုယ်တိုင်ကိုယ်ကျ ဆင်းချင်တာ။ ငါတို့ ဒီအတိုင်း အချိန်ထပ်ဖြုန်းလို့ မရတော့ဘူး။ နောက်ပိုင်း လှုပ်ခတ်မှု ဆက်ဖြစ်မလာခင်ဆိုရင် အောင်မြင်မှု အခွင့်အရေးက ပိုများတယ်”
ဆုပိုင်က လေးနက်သော နှလုံးသားဖြင့် ပြောလိုက်သည်။
လူတစ်ယောက်က အောက်ဘက်မှ ကလေးကို တစ်ချက်ကြည့်ကာ အံကို ကြိတ်ပြီး ပြောသည်။
“ငါ ကြိုးသွား ယူလိုက်မယ်”
ထို့သို့ ပြောပြီးနောက် သူက အပျက်အစီးပုံထဲမှ တိုက်ရိုက် ခုန်ထွက်သွားသည်။
357 02
ဆုပိုင်သည်လည်း အပျက်အစီးပုံများပေါ်တွင် လဲရင်း သူ၏အရှေ့မှ ကျောက်ပြားအကြားမှ အဟနေရာကို သေချာ စစ်ဆေး ကြည့်သည်။ ဟိန်းကျစ်က အတွင်းသို့ ဝင်နိုင်သည်။ သို့သော် ကလေးတစ်ယောက်ကို သယ်ကာ ပြန်တက်ရန် ကိစ္စက ထင်သလောက် မလွယ်ကူနိုင်ပေ။ အချိန်တွေကြာပြီးနောက်
ဝုတ်
“အသင့်ပြင်”
ဟိန်းကျစ်က သူ၏နှုတ်ခမ်းကို တစ်ချက်ယက်၍ ဟောင်သည်။ ထို့နောက် သံမဏိစစ်သည်တော် တစ်ယောက်အလား တိုက်ပွဲနယ်မြေထဲသို့ အပြေးဝင်ရောက်သလို့မျိုး ရင်ကို ကော့ကာ ခုန်ဝင်သွားသည်။
“ကောင်းပြီ”
ဆုပိုင်ကလည်း သူ့ကို လေးလံစွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကြိုးကို လက်တစ်ဖြင့် ကိုင်ပြီး အခြားလက်တစ်ဖက်က ကျောက်တုံးပြားအကြားရှိ နေရာသို့ ကြိုးကို ချပေးလိုက်သည်။
“သတိထား ကျောက်ပြားကို သိပ်မထိမိနဲ့”
သူဟာ ညွှန်ကြားချက်များ ပေးလိုက်ပြီးနောက် အခြားကြိုးတစ်ဖက်ကို ဖြည်းဖြည်းချင်းစီ နှိမ့်ပေးလိုက်လေသည်။
လူတိုင်းကလည်း မျက်လုံးများကို ပြူးကာ စိုက်ကြည့်နေကြသည်။ ထို့နောက် သူဟာ ကလေး၏ဘေးနားသို့ အောင်မြင်စွာ ဆင်းသက်သွားကြောင်း မြင်မှသာ စိတ်အေးစွာ သက်ပြင်းချကြသည်။
အောင်မြင်ပြီ။
အောင်အောင်မြင်မြင် ဆင်းသွားပြီ။
“ဖြည်းဖြည်း။ ဖြည်းဖြည်း။ ကလေးကို အဝတ်တွေကနေပဲ ဆွဲနော်”
ဆုပိုင်က နဖူးမှ ချွေးများကို သုတ်ပြီးနောက် အောက်ဘက်ရှိ ဟိန်းကျစ်ကို ခပ်တိုးတိုး ပြောသည်။ ဟိန်းကျစ်ကလည်း မော့ကြည့်သည်။ ထို့နောက် သူ၏ ခေါင်းအား အမျိုးသမီး၏ လက်မောင်းထဲသို့ လျှိုသွင်းကာ အနှီးဖြင့် ပတ်ထားသော ကလေးကို ဖြည်းဖြည်းချင်းစီ ဆွဲထုတ်သည်။
သူဟာ ပါးစပ်ကို ဟ၍ အနှီးဝတ်ကို ကိုက်လိုက်သည်။ ထို့နောက် ကလေးကို မထိမိအောင် ဂရုစိုက်နေသေးသည်။
“အူး”
ထို့အချိန်တွင် အနှီးထုပ်ထဲက ကလေးက မျက်လုံးဖွင့်လာသည်။
သူဟာ အရှေ့မှ အနည်းနှင့်အများ ကြောက်စရာကောင်းသော တိရစ္ဆာန်ကို ကြည့်ပြီးနောက် သူ၏မျက်လုံးထဲက သိချင်စိတ်ပြင်းပြလာသည်။
သူမက လက်သေးသေးလေးကို ထုတ်ကာ ဟိန်းကျစ်၏ ပါးစပ်နားကို ညှင်သာစွာ ထိသည်။
“အရမ်း ရင်ထဲထိတာပဲ။ ဒီလောက် ငယ်ရွယ်သေးတဲ့ ကလေးကတောင် ဒီခွေးက သူ့ကို လာကယ်မှန်း ပြောနိုင်တယ်”
“ဟုတ်တယ်။ ကယ်ဆယ်ရေး ခွေးအတွက်လည်း လွယ်တာ မဟုတ်ဘူး။ ဒီလောက် အန္တရာယ်အများဆုံး နေရာထဲကို ရောက်သွားရသေးတဲ့အပြင် သူတို့ကို အသိအမှတ် မပြုတဲ့ လူတွေလည်း ရှိအုန်းမှာပဲ”
“မပြောနဲ့တော့။ ဒါရိုက်တာဆုပိုင်ရှိတယ်။ ဒါရိုက်တာဆုပိုင် ကြိုးကို မြန်မြန်လေး ဆွဲပြီး ဟိန်းကျစ်ကို ခေါ်လိုက်တော့”
“အောင်မြင်တော့မှာ ဟိန်းကျစ်။ ဟိန်းကျစ်က အတော်ဆုံးပဲ။ ကလေးကို အနှီးထုပ်အဝတ်တွေကနေ ကိုက်ပြီး ဂရုစိုက် သယ်နော်”
“မြန်မြန်။ မြန်မြန်”
“မြန်မြန် လုပ်ကြ။ သေချာပေါက် လုံခြုံဘေးကင်းရမယ်”
…
…
357 03
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများကလည်း ထို့လက်သေးသေးလေးက ဟိန်းကျစ်၏နှုတ်ခမ်းထောင့်ကို ထိတွေ့လိုက်တာ မြင်သောအခါ တိတ်ဆိတ်သွားကြသည်။
ထို့မျှ ငယ်ရွယ်လွန်းသော ကလေးကပင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေးက သူ့ကို ခြိမ်းခြောက်ခြင်း မရှိကြောင်း မြင်နိုင်သည်။ အစစ်မှန် လက်တွေ့ဘဝတွင် ရက်စက်ကြမ်းကြုတ်သော လူမည်းတစ်ယောက်က နေ့သထူးက ကိစ္စများတွင်ပင် လူအများစု၏ အထင်သေးမှု ခံရတတ်သည်။ ဒါဟာ ရှောင်လွှဲလို့ မရနိုင်ပေ။
လူတိုင်းကလည်း ဒါဟာ လူသားများ၏ ပုံမှန် ပြုမှုပုံသာ ဖြစ်ကြောင်း နားလည်ကြသည်။ တစ်ဖက်သူကို လိုအပ်သည့်ဟု ခံစားရသောအခါ တစ်ဖက်သူက အမှန်တကယ် အရေးကြီးကြောင်း သိပေလိမ့်မည်။ ထို့ကိစ္စပြီးသွားသည့်နှင့် အမှန်တကယ် အဆုံးသတ်သွားပြီ ဖြစ်သည်။
“သတိထား”
ဆုပိုင်က လှမ်းအော်လိုက်သည်။ သူ၏နဖူးမှ သွေးကြောများပင် ထောင်တက်လာ၏။ သူဟာ ကြိုးကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ပြီး ဖြည်းဖြည်းချင်စီ ဆွဲတင်သည်။
“ရတော့မယ်။ မီတာနည်းနည်းပဲ လိုတော့တာ”
အားလုံးကလည်း ထိတ်လန့်တကြား စောင့်ကြည့်နေကြသည်။ လူတိုင်းကလည်း အလွန်ပင် စိတ်လှုပ်ရှားနေကြပြီး ကယ်ဆယ်ရေးခွေးနှင့် ကလေးတို့ မြှောက်တက်လာသည့်ကို ကြည့်နေကြ၏။ နောက်ထပ် အသက်တစ်ခု ကယ်တင်နိုင်လေပြီ။ ဒါဟာ မွေးကာစ ကလေးလည်း ဖြစ်သည်။
ဗုန်း
ရုတ်တရက် မြေပြင်တစ်ခုလုံးက လှုပ်ခါသွားသည်။
ဆုပိုင်၏မျက်လုံးက အနည်းငယ်မှေးကျဉ်းသွားပြီးနောက် ချက်ချင်းဆိုသလို အရှိန်ကို မြှင့်လိုက်သည်။ သို့သော်
ဗုန်း ဗုန်း ဗုန်း
မြေပြင်က စတင်ကာ လှုပ်ခါလာသည်။
“ဒါက နောက်ပိုင်း လှုပ်ခတ်မှုပဲ။ မြန်မြန်လေး ဆွဲတော့”
အဝေးမှ အော်ဟစ်သံများကို ကြားရသည်။
“အရင် ဆွဲတင်လိုက်”
ဆုပိုင်က ကြိုးကို ဘေးဘက်ရှိ လူကို ပေးလိုက်ပြီးနောက် သူကိုယ်တိုင်က ထို့အပျက်အစီးပုံနားတွင် လှဲချလိုက်ကာ သူ၏လက်နှစ်ဖက်လုံးကို ဆန့်ထုတ်ပြီး ထို့အဟကြားထဲသို့ ထိုးထည့်လိုက်ကာ လှမ်းဆွဲသည်။
“မြန်မြန် မြန်မြန်”
ထို့နောက် အော်သံက ထွက်လာ၏။ သူ၏အရှေ့မှ ကလေးကို လှမ်းမှီတော့ပေမည်။
ဘန်း
ရုတ်တရက် ကျောက်တုံးပြားကြီးတစ်ခုက ပြိုကျသွားပြီးနောက် အခြားတစ်ဖက်ခြမ်းသို့ ထိုးကျသွားကာ ဟိန်းကျစ်ကို ခပ်ကြမ်းကြမ်း ရိုက်မိသွားသည်။ သို့သော် အစမှအဆုံးထိ ဟိန်းကျစ်၏အကြည့်က ဆုပိုင်ထံမှ မရွေ့သွားခဲ့ချေ။ သူဟာ ဟောင်သံကိုပင် မပေးပါပေ။
“ဟူး”
“မင်းတက်လာနိုင်တယ်။ မင်းတက်လာလို့ ရတယ်”
သူ၏ဝမ်းဗိုက်ထဲမှပင် လှိုင်ခေါင်းသံလို အသံမျိုးက ထွက်လာသည်။ ဟိန်းကျစ်က အနှီးထုပ်ကို ခပ်တင်းတင်း ကိုက်ထားပြီးနောက် သူ၏လက်လေးဖြင့် ထို့ကျောက်တုံးပြားများပေါ်သို့ နှင်းတက်လိုက်သည်။
ဗွီ ဗွီ ဗွီ
ထို့နောက် သံများက အသားနှင့် ပွတ်တိုက်မိသည့်အသံမျိုးက ထွက်လာသည်။
“မြန်မြန် သူ့ကို အရင်ချပေးလိုက်”
357 04
“ငါရဲ့ခြေထောက်ကို ဆွဲထား”
“မြန်မြန်လုပ်”
ဆုပိုင်က နီရဲသော မျက်လုံးဖြင့် အော်ဟစ်လိုက်ပြီးနောက် ချက်ချင်းဆိုသလို အောက်ဘက်သို့ ဇောက်ထိုး ဆင်းလိုက်သည်။ ထို့နောက် သူ၏လက်နှစ်ဖက်ကို သုံးပြီး ဟိန်းကျစ်ရဲ့ရှေ့လက်နှစ်ဖက်ကို ခပ်ကြမ်းကြမ်း ဆွဲလိုက်သည်။
သူက ဆွဲမတင်လိုက်ပြီးသည့်အချိန်အထိ သူဟာ ပါးစပ်ထဲမှ ကလေးကို ခပ်တင်းတင်း မြှောက်ကာ ကိုင်ထားသေးကြောင်း မြင်လိုက်ရသည်။ ထို့နောက် ဆုပိုင်ကို ပြူးကျယ်သော မျက်လုံးများဖြင့်ကြည့်သည်။
“ကလေးကို အရင်ကယ်”
ဆုပိုင်က အသက်ကို ပြင်းပြင်းရှုပြီး သူ၏လက်တစ်ဖက်ကို သံမဏိဘားချောင်းပေါ်သို့ တင်လိုက်ကာ သူ၏ပါးစပ်ထဲမှ ကလေးကို ဆွဲထုတ်လိုက်သည်။
“မြန်မြန် ကလေးကို ကယ်ပြီးပြီ။ သူ့ကို ဆွဲတင်လိုက်တော့”
ကျွတ်
ထို့အခိုက်အတန့်တွင် ဆုပိုင်၏လက်ထဲမှ ကလေးလေးက မငိုပါပေ။ သို့သော် သူ၏လက်သေးသေးလေးများကို ဆန့်ထုတ်၍ ခပ်တိုးတိုးပင် ရယ်သေးသည်။
သူဟာ ကလေးကို ကမ်းပြီးသည့်နှင့် ဆုပိုင်က ပြန်ထိုးဆင်းလိုက်သည်။
“ဟိန်းကျစ် အပေါ်နည်းနည်း ထပ်တက်။ မင်းရဲ့ လက်ကို မြှောက်ပေးထား”
“မြန်မြန်လုပ်”
“လာစမ်းပါ။ ရောက်တော့မယ်။ မြန်မြန် လုပ်စမ်းပါ”
++++++