အခန်း (၃၅၈-၃၆၀)
Vol. 24 Ch. 358-360
358 01
အခန်း 358
ထို့အချိန်တွင် နောက်ပိုင်း လှုပ်ခတ်မှုက ရပ်တန့်သွားပြီ ဖြစ်သည်။ လူတိုင်းကလည်း အပျက်အစီးပုံပေါ်တွင် ရပ်လျှက် ကျောက်တုံးပြားအကြားတွင် ညှပ်နေသော အနက်ရောင် အကောင်လေးကို ကြည့်နေကြသည်။ လူအများစုက သူတို့၏လက်ကို မြှောက်၍ မငိုမိအောင် ထိန်းနေကြသည်။
ယခုလိုမျိုး တိုတောင်းသော နေ့ရက်အတောအတွင်းတွင်ပင် အလွန်အမင်း ရင်ထဲထိစေသည့် မြင်ကွင်းများကို မြင်ခဲ့ရသည်။
“ဝူး ဝူး ဝူး အကောင်လေးကို ကြည့်ပါအုန်း။ သူက မင်းကို ကယ်ထားတာ”
အမျိုးသမီးတစ်ယောက်က ကလေးကို ချီထားရင်း ဆက်တိုက်ဆိုသလို မျက်ရည်များ စီးကျနေကာ ကလေးရဲ့အနှီးထုပ်ကပင် စိုရွှဲသွားသည်။ လူတိုင်းကလည်း မြင်နိုင်သည်။ ထို့ကယ်ဆယ်ရေးခွေးက ကျောက်ပြားကြားတွင် ပိတ်မိနေသည်။ သူဟာ ရိုက်မိသောကြောင့် ဒဏ်ရာကိုလည်း ရရှိသွားပုံရသည်။ အနှီးထုပ်တွင်ပင် သွေးရာများကို မြင်နိုင်သည်။
သူဟာ သွေးအန်ထားခြင်း ဖြစ်လောက်သည့်တိုင်အောင် ပါးစပ်ကို မဖွင့်ခဲ့ပါပေ။
ဟူး
“ငါ နည်းနည်း ထပ်ဆင်းလိုက်မယ်”
ဆုပိုင်က အသက်ကိုပြင်းပြင်း ရှုပြီးနောက် လက်နှစ်ဖက်လုံးဖြင့် သံမဏိဘားချောင်းများကို ထိန်းကိုင်ကာ အောက်ဘက်သို့ နည်းနည်းချင်းစီ ဆင်းသည်။
အပေါ်ဘက်မှ လူများက ဆုပိုင်ကို သေချာ ထိန်းချပေးကြသည်။
ဝုတ်
“မဟုတ်ဘူး”
ဟိန်းကျစ်က အောက်သို့ ဆင်းလာသော ဆုပိုင်ကို ကြည့်ပြီး ခေါင်းကို မော့ကာ အော်သည်။
သူသည်လည်း သူ နှစ်ရက်တည်းသာ အနောက်မှ လိုက်ခဲ့သည့် ထို့လူသားက သူ့ကို အသက်ကို ရင်းပြီး ကယ်မည်ဟု မထင်ထားမိပေ။ ဒါဟာ ရိုးရှင်းစွာ မဖြစ်နိုင်သော အခြေအနေမျိုး ဖြစ်သည်။
ယခင်က မရေမတွက်နိုင်သော တာဝန်ပေါင်း များစွာကို ကြုံ့တွေ့ခဲ့ဖူးသည်။ အန္တရာယ်များသော အခြေအနေများကိုလည်း ကြုံ့ခဲ့ဖူး၏။ ကယ်ဆယ်ရေးစစ်သားများက သူတို့ကို လက်လျော့ရန် တွ့န်ဆုတ်သည့်တိုင်အောင် ရွေးချယ်စရာ မရှိသည့်အခါ သူတို့ကို လက်လျော့တတ်ကြသည်။ ဘာပဲဖြစ်ဖြစ် …
“ရတယ်။ ရတယ်”
ဆုပိုင်က ဟိန်းကျစ်၏လည်ပင်းလေးကို လက်နှစ်ဖက်လုံးဖြင့် သေချာကိုင်ပြီးနောက် ထို့ညှပ်နေသော နေရာအကြားမှ ဆွဲထုတ်လိုက်သည်။
လက်ထဲမှ အကောင်လေးက သူ့ကို လျှာဖြင့် လာယက်ကြောင်း ခံစားမိသည့်အခါ ဆုပိုင်က သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
“အား ငါတို့ သူ့ကို ကယ်လိုက်နိုင်ပြီ။ မြန်မြန်လေး ဆွဲတင်တော့။ မြန်မြန် မြန်မြန် သတိထား”
“ကောင်းတယ်။ ကောင်းတယ်။ ဒီကယ်ဆယ်ရေးခွေးက တော်လိုက်တာ။ ဒီလူတွေကလည်း တော်တာပဲ”
“ဝူး ဝူး ဝူး သူတို့အားလုံးက သူရဲကောင်းတွေပဲ။ သူရဲကောင်းတွေပဲ”
ဆုပိုင်နှင့် ကယ်ဆယ်ရေးခွေးကို အောင်မြင်စွာ ဆွဲတင်ပြီးကြောင်း မြင်သောအခါ အားလုံးက စိတ်လှုပ်ရှားစွာ အော်ကြသည်။
358 02
ဘန်း
ဆုပိုင်က အပေါ်သို့ တက်လာပြီးသည့်နှင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထို့နောက် သူ၏ဘေးဘက်တွင် လဲနေသော ဟိန်းကျစ်ကို ကြည့်လိုက်ပြီးနောက် စတင်ကာ စစ်ဆေးကြည့်သည်။
“မဟုတ်ဘူး”
တစ်ဖက်ခြမ်းမှ အရိုးကျိုးသွားပုံရသော ဒဏ်ရာကို မြင်သောအခါ ဆုပိုင်က ညည်းညူ၍ ကောက်ပွေ့လိုက်သည်။
ကုသဖို့ နေရာတစ်ခုကို အမြန်ဆုံးရှာရမယ်။ အဲဒီလိုမှ မဟုတ်ရင်
ဆုပိုင်က ထိုအပျက်အစီးပုံကြားထဲမှ ခပ်မြန်မြန် ဆင်းချသွားသည်။ ထို့နောက် အဝေးရှိ ကုသရေးစင်တာသို့ အပြေးသွားလိုက်သည်။
သူက ကုသပေးနိုင်သော်လည်း ဒီနေရာတွင် မည်သည့်ဆေးဝါးမှ မရှိချေ။ ထို့ကြောင့် ထို့ကုသရေးစင်တာတွင် ဟိန်းကျစ်ကို ကုသပေးနိုင်ရန် လိုအပ်သည့် ဆေးဝါးများ ရှိရန် မျှော်လင့်မိလေသည်။
ထို့အတွက်ကြောင့်လည်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများက ပြင်းထန်သည့် ထိခိုက်မှုများ ရှိနေတတ်ခြင်း ဖြစ်သည်။ ကပ်ဘေးတစ်ခု ဖြစ်ပျက်လာသောအခါ အရင်းအမြစ်များအားလုံးက လူသားများအတွက်သာ အသုံးပြုကြသည်။ သူတို့က ဒဏ်ရာရရှိသွားပြီးနောက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများက ဒဏ်ရာကိုသာ အောင့်ခံ၍ အလုပ် ဆက်လုပ်ကြရသည်။
ဒဏ်ရာများက ပြင်းထန်လွန်းနေခဲ့လျှင် ယခုလိုမျိုး ဖြစ်နေခဲ့ပါက သေရန်အတွက်သာ တိတ်တဆိတ် စောင့်ရပေလိမ့်မည်။
သူတို့ကို အဖော်ပြုပေးမည့် မည်သည့််လူမှ ရှိနေလိမ့်မည် မဟုတ်ချေ။ မည်သည့်ဆေးဝါးကမှလည်း သူတို့အတွက် အသုံးပြုပေးလိမ့်မည် မဟုတ်ပေ။
ဟူး
ထို့အကြောင်းကို တွေးမိပြီးသည်နှင့် ဆုပိုင်၏ မျက်နှာက တဖြည်းဖြည်းချင်းစီ သုန်မှုန်လာသည်။ သူ၏လက်ထဲမှ ကယ်ဆယ်ရေးခွေးကို ဖက်ပြီး သူဟာ ခပ်တိုးတိုး ပြောလိုက်သည်။
“မစိုးရိမ်နဲ့ ငါ မင်းကို သေချာပေါက် ကယ်မှာ”
ဝုတ်
ဟိန်းကျစ်က ခပ်တိုးတိုး အော်သည်။ သူဟာ ဆုပိုင်၏ ပါးကို သူ၏လျှာလေးဖြင့် ယက်လိုက်သည်။
တိရစ္ဆာန်ဘာသာစကားဖန်ရှင်မှတစ်ဆင့် ဟိန်းကျစ်ပြောသည့် စကားကို နားထောင်ပြီးနောက် ဆုပိုင်က အံကြိတ်လိုက်မိသည်။
“မလိုဘူး။ ရှောင်ပိုင်ကလည်း ဒီလိုပုံစံအတိုင်း သေသွားတာပဲ။ နောက်ပြီး ရှောင်ဟိန်း၊ အေရီ၊ ရှောင်ပေါင်၊ ရှောင်ပေ့ သူတို့အားလုံးလည်း တာဝန်အတောအတွင်းမှာ သေသွားတာ”
“ငါလည်း ဒီနေ့ ဒီမှာ သေရမှာပဲ”
“ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်”
“မဟုတ်ဘူး”
ဆုပိုင်က လည်ချောင်း သွေးကြောများ ထောင်တက်လာသည့်အထိ အော်ဟစ်လိုက်ပြီးနောက် ခြေလှမ်းများကို မြန်ဆန်စေလိုက်သည်။ ထို့နောက် ကယ်ဆယ်ရေးစင်တာသို့ သွားသည်။
ဘန်း
သူဟာ သူ၏ခေါင်းဖြင့် အမျိုးသမီးတစ်ယောက်ကို တစ်ချက်တွန်းလိုက်ပြီးနောက် ရွက်ဖျင်တဲအတွင်းသို့ ဝင်လိုက်သည်။ အတွင်းတွင် အရက်ပြန်ရနံများ ပြည့်နှက်နေသည်။ သူဟာ ဟိန်းကျစ်ကို ဖက်ထားရင်း စိုးရိမ်တကြီး လှမ်းအော်လိုက်သည်။
“အရေးပေါ် ခွဲစိတ်မှုလုပ်လို့ရတဲ့ နေရာများ ရှိလား။ ပစ္စည်းများ ရှိလား”
358 03
အထဲရှိ လူတိုင်းက သူ့ကို မော့ကြည့်ကြသည်။ အပြေးအလွှားဝင်လာသော လူငယ်ကို သူတို့ အံဩတကြီး ကြည့်ကြ၏။ သို့သော် သူဖက်ထားသည်မှာ သွေးအလိမ့်လိမ့်နှင့် ခွေးတစ်ကောင်သာ ဖြစ်ကြောင်း မြင်ချိန်တွင် အားလုံးက မျက်မှောင် ကြုတ်ကြသည်။
သူက ခွေးကိုတောင် သယ်ပြီးလာသေးတယ်။
“ထွက်သွားစမ်း။ မင်းက ဘာကောင်လဲ။ တိရစ္ဆာန်တွေကို ဝင်ခွင့်မပြုဘူး။ ဒီမှာ ဒဏ်ရာတဲ့ လူနာတွေ ရှိတယ်”
“ဟုတ်တယ်။ ဒီခွေးက ဖျားနေရင် ဘယ်လိုလုပ်မလဲ”
“ဒီကောင်က ဘာကောင်လဲ။ လူကြည့်တော့ သားသားနားနားနဲ့ လူ့ကို ကယ်မဲ့အစား ခွေးတစ်ကောင်ကိုတောင် ခွဲစိတ်ဖို့ ခေါ်လာသေးတယ်။ ကန်းနေတာလား။ ဒီမှာ ဒဏ်ရာရနေတဲ့ လူနာတွေအများကြီး ဆိုတာကို မမြင်ဘူးလား ဟမ်။ ဒီခွေးတစ်ကောင်အတွက် ဒီလောက်အထိ လုပ်ပေးဖို့ လိုအပ်လို့လား။ လူ့အသက်ထက် ပိုရေးကြီးနေလို့လား”
“…”
ဆုပိုင်က ထို့နေရာတွင် အော်ဟစ်ကာ ကြိမ်းဆဲနေကြတဲ့ လူများကို အေးစက်စွာ တစ်ချက်ကြည့်လျှက် အနီးနားရှိ ဆရာဝန်ကို ခပ်မြန်မြန် လှမ်းဆွဲသည်။
“ငါ ငါဘာသာငါ ခွဲနိုင်တယ်။ ငါ ပစ္စည်းပဲ လိုတာ”
“ရှိလား”
ထို့ဆရာဝန်က စကားမပြောနိုင်သေးခင် ဘေးဘက်ခြမ်းမှ အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ယောက်က ရုတ်တရက် ထရပ်ပြီး ဆုပိုင်ကို လက်ညှိုးကာ အော်သည်။
“မရှိဘူး”
“ဒီနေရာမှာ ရှိနေတဲ့ ပစ္စည်းတွေအားလုံးက လူသားတွေအပေါ် ခွဲစိတ်ပေးဖို့ပဲ။ မင်းက ခွေးတစ်ကောင်ကို ခွဲစိတ်သွားတဲ့အခါ ငါတို့က ဘာကို ပြန်သုံးရမှာလဲ”
“ငါတို့တွေ”
ဘန်း
ဆုပိုင်က ခေါင်းကို တစ်ချက်လှည့်လျှက် ထိုအမျိုးသမီးကို တစ်ချက်ဆောင့်ကန်လိုက်ပြီး လွှင့်ထွက်သွားစေလိုက်သည်။
သူဟာ ကျန်သော သူများကို မျက်လုံးဖြင့် ပြူးကျယ်စွာ ကြည့်၍ အေးစက်စွာ အော်သည်။
“ဒီခွေးက မင်းတို့ထက်တောင် ခွဲစိတ်ဖို့ ပိုပြီး အရည်အချင်း ပြည့်မှီနေသေးတယ်”
“မင်းတို့ထက်တောင် ပိုပြီး သန့်ရှင်းနေသေးတယ်”
“ဆရာဝန်”
ချန်ဟွာက ကလေးနှစ်ယောက်ကို ခေါ်ပြီး လိုက်ကာကို မြှောက်ကာ ဝင်ရောက်ရင်း စကားပြောတော့မည့်အချိန်တွင်ပင် ရုတ်တရက် အထဲက လေုထုအခြေအနေက မှားယွင်းနေကြောင်း သိလိုက်သည်။ သူမက ချက်ချင်း စကားပိတ်လိုက်သည်။
“မား ဒါက ငါတို့ကို ကယ်ထားတဲ့ ခွေး မဟုတ်ဘူးလား”
“ဟုတ်တယ်။ ဟုတ်တယ်။ မား ဒါက ငါတို့ကို အရင် ရှာတွေ့တဲ့ ခွေးလေ”
ကလေးနှစ်ယောက်၏စကားကို နားထောင်ပြီးနောက် ချန်ဟွာက အရှေ့သို့ ခြေလှမ်း အနည်းငယ်ခန့် တိုးလာပြီးနောက် အရှေ့မှ ခံစားချက်ပြည့်နှက်လွန်းနေပုံရသည့် လူငယ်ကို တွေ့သွားသည်။
သူတို့ပဲ။
သူတို့ကြောင့်သာ မဟုတ်ရင် …
ချန်ဟွာအနေဖြင့် သူမကိုယ့်ကိုကိုယ် သတ်သေမိလောက်မည်ဟု တွေးမိသွားသည်။ ထိုကလေးနှစ်ယောက်ကိုလည်း ကယ်ဆယ်ရန် မဖြစ်နိုင်လောက်ပါပေ။
ထို့အပြင် သူမ၏ယောက်ကျားကို အဆုံးသတ်တွင် မကယ်တင်နိုင်ခဲ့သည့်တိုင်အောင် ထိုရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးများကြောင့်သာ မဟုတ်ရင် သူမ၏ မိသားစုက အမှန်တကယ် အဆုံးသတ်သွားပေလိမ့်မည်။
358 04
“ပြောမနေနဲ့တော့။ မင်းက ဒီလောက် လူအများကြီးကို ကယ်ရမဲ့အစား ခွေးတစ်ကောင်ကို ကယ်ရမယ် ပြောနေတယ် ဟုတ်လား။ ဘာလို့ ငါက မမြင်ရတာလဲ ဟမ်။ ဒီကယ်ဆယ်ရေး ခွေးက ဘာဖြစ်နေလို့လဲ။ ဒါက သူရဲ့တာဝန်ပဲ မဟုတ်ဘူးလား”
“စကားပိတ်စမ်း”
ချန်ဟွာက ပြူးကျယ်သော မျက်လုံးများဖြင့် ထအော်သည်။ ထို့နောက် အတွင်းမှ လူများကို လက်ညှိုးထိုးပြီး ပြောဆို ဆူပူလေသည်။
“သူပြောတာ မှန်တယ်။ ဒီကယ်ဆယ်ရေးခွေးက နင်တို့ အားလုံးထက်တောင် ဒီကိရိယာတွေကို သုံးဖို့ ပိုပြီး ထိုက်တန်နေတယ်။ နင်တို့ ဘာလုပ်နိုင်လို့လဲ”
“ဒီခွေးက ငါတို့တစ်မိသားစုလုံးကို ကယ်ထားတာ။ အချိန်တွေ ဘယ်လောက် ကြာသွားခဲ့ပြီလို့ ထင်လဲ ဟမ်”
“လျို့ယုံ ကျောင်းက နင့်ကလေးကို ကယ်ခဲ့တာ ဘယ်သူလဲဆိုတာကို ဘာလို့ မမေးတာလဲ။ ဒီရှာဖွေရေးနှင့် ကယ်ဆယ်ရေး ခွေးတွေကြောင့်သာ မဟုတ်ရင် နင့်ကလေးက အဲဒီမှာတင် သေသွားတာ ကြာလောက်ပြီ။ နင်က လူဟုတ်ရဲ့လား”
အနားရှိ လူတစ်ဖွဲ့က ခံစားချက် ပြင်းထန်လွန်းနေသော ချန်ဟွာကို ကြည့်ပြီး ခေါင်းငုံလိုက်ကြသည်။
ဟူး
ဆုပိုင်က လူတိုင်းကို အေးစက်စွာ တစ်ချက်ကြည့်သည်။ ထို့နောက် ဘေးဘက်ရှိ ရိုးရှင်းသော ခွဲစိတ်ခန်းထဲသို့ အပြေးဝင်သွားလိုက်သည်။
ယခုအခြေအနေက သူမျှော်လင့်ထားပြီးသား အနေအထားမျိုး ဖြစ်သည်။ ယခင် အတိတ်ကလည်း အလားတူသော ဖြစ်ရပ်မျိုးများ ဖြစ်ပျက်ခဲ့ပြီးသား ဖြစ်သည်။
ယခုထက် ပို၍ ရွံ့စရာကောင်းသော အခြေအနေများပင် ရှိကြသေးသည်။
…
++++++ 359 01
အခန်း 359
ရက်အနည်းခန့်ကြာပြီးနောက်
ဆုပိုင်က ဝမ်းဗိုက်ကို ပတ်တီးများ စည်းထားသည့် ဟိန်းကျစ်ကို ဉီးဆောင်ကာ အပျက်အစီး နယ်မြေများသို့ တဖြည်းဖြည်းချင်းစီ ဝင်ရောက်ကာ ရှာဖွေသည်။ ထို့အချိန်တွင် မရေမတွက်နိုင်သော ကယ်ဆယ်ရေး အသင်းများက ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် ကယ်ဆယ်ရေးခွေး ဆယ်ကောင်ကျော်က ရောက်ရှိလာပြီ ဖြစ်သည်။
ဟူး
ဆုပိုင်က အပျက်အစီးများအကြားတွင် လျင်မြန်စွာ သွားလာနေသော ကယ်ဆယ်ရေး ခွေးများကို ကြည့်ပြီးနောက် နဖူးမှ ချွေးများကို သုတ်သည်။
“ငါတို့ ဒီနေရာကို စစ်ဆေးကြည့်လို့ ပြီးသွားပြီဆိုတော့ နောက်ထပ် တစ်နေရာကို သွားရအောင်”
သူက ခြေထောက်နားမှ ဟိန်းကျစ်ကို ခပ်တိုးတိုး ပြောပြီးသည့်နှင့် အပျက်အစီးပုံ၏ထိပ်သို့ ဂရုတစိုက် လျှောက်သွားလိုက်သည်။
ယခုအချိန်အထိ ထို့အပျက်အစီးပုံများကို ထပ်ကာ တလဲလဲ ရှာဖွေပြီး မရေမတွက်နိုင်သော လူပေါင်းများစွာကို ကယ်တင်ခဲ့ပြီးသား ဖြစ်သည်။ ငါး ရက်ကပင် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကယ်ဆယ်၍ ရသော လူတိုင်းကို ကယ်ဆယ်ပြီးသား ဖြစ်လေသည်။ အတွင်းတွင် မြုပ်နေသော လူများအတွက်ကမှု ရှင်သန်ရန် အခွင့်အရေး မရှိလောက်တော့ပေ။
ဝုတ်
ဟိန်းကျစ်က ဆုပိုင်၏ ဘေးဘက်သို့ ခက်ခက်ခဲခဲ လျှောက်လာပြီးနောက် အဝေးရှိ အပျက်အစီးပုံများကို ကြည့်ကာ ခပ်တိုးတိုး ဟောင်သည်။ သူသည် ခေါင်းကို ငုံ၍ အပျက်အစီးများကို အနံရှုကြည့်သည်။
“တီ။ ဂုဏ်ယူပါတယ်။ ပိုင်ရှင်က ဒီဆုလဒ်တာဝန်ကို အောင်မြင်စွာ ပြီးမြှောက်သွားပါပြီ”
“တီ။ ဂုဏ်ယူပါတယ်၊ ပိုင်ရှင်က ကယ်ဆယ်ရေး ခွေးကို အောင်အောင်မြင်မြင်နဲ့ ကယ်ဆယ်လိုက်နိုင်ပါပြီ။ ဆုလဒ် မတ်တပ် လေ့ကျင့်ရေးခွေး လေ့ကျင့်တဲ့နည်းပညာ”
“စနစ်က စစ်မှန်တဲ့ နေရာကို ပြန်လည်ပို့ဆောင်ပေးပါတော့မယ်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖျက်သိမ်းလိုက်ပါပြီ”
စနစ်၏အသံက ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ဆုပိုင်က အဝေးရှိ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေး ဟိန်းကျစ်ကို အနားသို့ လာစေလိုက်သည်။ ထို့နောက် တဖြည်းဖြည်းချင်းစီ ငုံကိုင်း၍ တစ်ဖက်သူကို ပွေ့ဖက်လိုက်ပြီး နဖူးကို အသာပွတ်သပ်လိုက်ကာ အပျက်အစီးပုံထဲမှ ပျောက်ကွယ်သွားလေသည်။
…
ကောင်းကင်ပြာ တိရစ္ဆာန်ရုံ။
တပိုင်က ဒန်းပေါ်တွင် လဲနေရင်း သိပ်မဝေးသော နေရာရှိ ဟက်စကီးကို မျက်လုံးမှေးကာ ကြည့်သည်။ ထို့နောက် အံကို ကြိတ်ပြီး အော်၏။ သူသည် ဒန်းပေါ်မှ ရုတ်တရက် ခုန်ဆင်းလိုက်သည်။ ထို့နောက် အာဟ၏အရှေ့သို့ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။
ဝေါင်း
“မင်း အခြားနေရာ သွားလို့ မရဘူးလား။ ဒါက ပန်ဒါ ဥယျာဉ်နော်။ မင်း ဒီမှာ နေနေတာ တော်တော်ကြာနေပြီ။ ဘယ်တော့ သွားမှာလဲ”
359 02
အာဟက အရှေ့မှ ပန်ဒါကြီးကို ကြည့်ပြီး စွံ့အစွာ ပြောသည်။
“ရက်နည်းနည်းလောက်ပဲ ပိုနေခိုင်းစမ်းပါ။ အပြင်မှာ ငါ့ကို ချောင်းနေတဲ့ ကောင်တစ်အုပ် ရှိတယ်။ ငါ ဘယ်လို ထွက်ရဲမှာလဲ။"
“သူဌေးပိုင်ရယ် ငါ့ကို ရက်နည်းနည်းလောက်ပဲ နေခိုင်းပါ။ မင်းအပေါ် မထိခိုက်စေရပါဘူး”
ထို့သို့ ပြောပြီးနောက် သူက ပန်ဒါ ဥယျာဉ်အပြင်ဘက်တွင် စုစည်းနေသော အကောင်တစ်ဖွဲ့ကို ကြည့်လိုက်သည်။ ဉီးဆောင်နေသော ကုလားအုပ်က သူ့ကို ရယ်ပြနေသည်။
အား ငါ သွားတောင် ယားလာပြီ။
သေစမ်း။
ဒီအတိုင်း လူနည်းနည်းနဲ့ ကစားရုံပဲ မဟုတ်ဘူးလား။ ဘယ်လိုကြောင့် ဒီလို ဝရုန်းသုန်းကား လုပ်နေတာလဲ။
ဒါရိုက်တာဆုပိုင်က ဘယ်အချိန် ပြန်လာမှာလဲ။
ဒါရိုက်တာဆုပိုင် မင်းသာ ပြန်မလာသေးဘူးဆိုရင် ငါတော့ ငတ်သေတော့မယ်။
သူသည် ဒီပန်ဒါ ဥယျာဉ်ထဲတွင် သုံးရက်လုံးလုံး နေပြီးသွားလေပြီ။ သို့သော် ထိုအကောင်များအားလုံးက အရွက်စားများ ဖြစ်နေသည်။
သူ၏အရှေ့မှ ပန်ဒါကြီးက ဖင်ကိုခါကာ အဝေးသို့ လျှောက်သွားကြောင်း မြင်သောအခါ အာဟက သူ့ခန္ဓာကိုယ်ကိုလည်း ရွေ့ပြောင်း၍ သူ၏ကိုယ်အောက်မှ မြက်များကို ငုံကြည့်လိုက်သည်။
ကျွတ်
သူဟာ တစ်ကိုက်ကိုက် ကြည့်သည်။
ဟူး
ထို့နောက် ဆိုးရွားစွာ အန်ထုတ်လိုက်လေသည်။
ဒါက ဘာကြီးလဲ။ ဒါကို ဘယ်လိုစားတာလဲ။
သူဟာ အသက်ကို ပြင်းပြင်း ရှူ၍ တစ်ဖက်သို့ လှည့်လိုက်သောအခါ ရုံးခန်းထဲမှ ထွက်လာသော ဒါရိုက်တာဆုပိုင်ကို မြင်လိုက်ရသည်။ ဟက်စကီးက ချက်ချင်းဆိုသလို မြေပြင်မှ ခုန်ထသည်။
ဝုတ်
“ဒါရိုက်တာဆုပိုင် ငါ့ကို ကယ်ပါအုန်း”
သူဟာ အော်သံတစ်ချက်နှင့်အတူ ပန်ဒါဥယျာဉ်ထဲမှ ပြေးထွက်လေသည်။
တပိုင်က အသံကို ကြားသောအခါ အနောက်သို့ လှည့်ကြည့်သည်။ သူ၏မျက်လုံးက ပြူးကျယ်သွား၏။ သူဟာ မျှစ်များထံသို့ လျှောက်သွားသည်။
ဒါ ဒါ ဒါ သောက်ကျိုးနည်း ခွေး ဟမ်။ သူရဲ့မျှစ်တွေကို လာစားရဲတယ်။ နောက်ပြီး ဒီလိုမျိုး ပုံပျက်ပန်းပျက် ဖြစ်တဲ့အထိတောင် ပျက်စီးသွားသေးတယ်။
ဒါကို ဘယ်လို သည်းခံရမှာလဲ။ သည်းခံလို့ မရဘူး။
ဝေါင်း
“အား သောက်ကျိုးနည်း ခွေး သေဖို့သာ ပြင်တော့”
တပိုင်က အော်သံတစ်ချက်နှင့်အတူ ပန်ဒါဥယျာဉ်ထဲမှ ပြေးထွက်လေသည်။
“လုံလောက်ပြီ။ လုံလောက်ပြီ”
ဆုပိုင်က သူ၏ခြေသလုံးကို ဖက်ထားသော ဟက်စကီးကို ကန်ထုတ်သည်။
ဒီတစ်ခါ တစ်ခုခု ဆိုးတာ လုပ်ထားတာ ဖြစ်မယ်။ တစ်ဖက်က ချောင်းကြည့်နေတဲ့အကောင်ကို ကြည့်အုန်း။ ဘယ်လိုပဲ ကြည့်ကြည့် အခြေအနေကို နားလည်နိုင်မှာပဲ။
359 03
ဒီကောင် အရိုက်ခံဖို့ပဲ စောင့်သင့်တယ်။
“လောင်ကျိုး ဆက်လုပ်တော့”
သူဟာ သူ၏ခြေသလုံးကို ထပ်လာဖက်သည့် ဟက်စကီးကို လျစ်လျူရှုပြီးနောက် တစ်ဖက်သို့ လှည့်ကာ လောင်ကျိုးကို ပြောသည်။
သူဟာ ပြန်လာပြီး သိပ်မကြာခင် လောင်ကျိုးက ရုပ်ရှင်နဲ့ ရိုက်ကူးရေး ကုမ္မဏီတစ်ခုက သူ့ကို ဆက်သွယ်လာကြောင်း တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနက မိတ်ဆက်ပေးလိုက်သည်ဖြစ်ကြောင်း ပြောကြားလာလေသည်။
သူဟာ အဝေးသို့ ရောက်ရှိနေသောကြောင့် ထို့လူများက ကောင်းကင်ပြာတိရစ္ဆာန်ရုံတွင်သာ ဆက်နေကြသည်။
“ကောင်းပြီ”
လောင်ကျိုးက အနားသို့ လာပြီးနောက် ဂရုစိုက် ပြန်ပြောသည်။
“ပထမဦးဆုံး တစ်ရက်မှာ ဒါရိုက်တာနန်ကုန်းကိုယ်တိုင် ရောက်လာတာပဲ။ သူက လူနှစ်ယောက်ကို ဦးဆောင်ခေါ်လာတယ်။ ဒါပေမဲ့ ဒါရိုက်တာဆုပိုင် အဲဒီအချိန်က မင်းမှ မရှိတာ။ ဒီတော့ သူတို့က အကြမ်းဖျဉ်းလောက်ပဲ ပြောသွားတာ။ ယေဘုယျ အဓိပ္ပာယ်ကတော့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ရုပ်ရှင်နဲ့ ပတ်သက်တယ်”
“ကြည့်ရတာ သူတို့က ငါတို့ တိရစ္ဆာန်ရုံက တိရစ္ဆာန်နည်းနည်းကို ရွေးချယ်ပြီးနောက် ရုပ်ရှင်ရိုက်လို့ အဓိက ရုပ်ရှင်ရုံတွေမှာ ပြသချင်တဲ့ ပုံစံပဲ။ ဒီလိုနည်းနဲ့ဆိုရင် တိရစ္ဆာန်တွေရဲ့ ကာကွယ်စောင့်ရှောက်မှုကို မြှင့်တင်နိုင်မဲ့အပြင် လူအများစုကလည်း ဒီအကြောင်းကို သိသွားကြလိမ့်မယ်”
“ဆိုတော့”
ဆုပိုင်က မျက်မှောင် ကြုတ်သည်။ သူသည် ခေါင်းကို ငုံပြီး တွေးလိုက်သည်။
သီအိုရီအရ ဒါဟာ အကြံကောင်း ဖြစ်သည်။ ယခင် မြေကမ္ဘာခေတ်တွင် ရှိသော ရုပ်ရှင်အများစုကိုလည်း အလားတူ ရိုက်ခဲ့ကြပြီး ဂန္တာဝင်ဆန်လေသည်။
“ဟက်ချီကို မတ်တပ် အစက်တစ်စက် ခွေးပုံပြင်”
“စကားတစ်ခွန်းမဆိုပဲ သစ္စာရှိ”
… စသဖြင့် ရုပ်ရှင်ကားပေါင်းများစွာက မျက်ရည် ချူနိုင်လေသည်။
သို့သော် အဓိက ဇာတ်လိုက်အများစုက ခွေးများသာ ဖြစ်သည်။
ယခုအခါ လမ်းညွှန်ခွေးများကလွဲပြီး ဟက်စကီး၊ အလက်စခန်းနှင့် အသစ်စက်စက် ကယ်ဆယ်ပြီးခါစ ဟိန်းကျစ်သာ ရှိသည်။
အခြားသော တိရစ္ဆာန်များသာဆိုရင် ဆုပိုင်အနေဖြင့် ထိုရုပ်ရှင်အား မည်သို့ဖြစ်သွားနိုင်ကြောင်း မတွေးရဲတော့ပေ။
“ကောင်းပြီ။ သေချာသွားပြီး စကားပြောကြည့်ရအောင်”
ဆုပိုင်က ခပ်တိုးတိုး ပြောပြီး တစ်ဖက်သို့ လှည့်ကာ ထွက်ခဲ့လိုက်သည်။
…
“မာလီ ဒါရိုက်တာဆုပိုင်က သဘောတူမယ်လို့ မင်းထင်လား”
“ငါတို့ရဲ့ ရုပ်ရှင်က အရမ်းကို သိသာ ထင်ရှားပြီး အမျိုးမျိုးသော ဌာနတွေက အထောက်အပံ့ ပေးထားတယ်ဆိုပေ့မဲ့လည်း ငါတို့ ရန်ပုံငွေတွေက အကန့်အသတ်နဲ့ပဲ”
“နောက်ပြီး ငါတို့ ဒီဇာတ်လမ်းပုံစံမှာ ခွေးကိုပဲ သုံးလို့ရမှာ။ ဟာရီက အသက်ကြီးနေပြီဆိုတော့ သူက မသင့်တော်တော့ဘူး။ လမ်းညွှန့်ခွေးတွေကလည်း အလုပ်လုပ်ဖို့ လိုသေးတယ်။ ဒီတော့ ဟက်စကီးကိုပဲ ရွေးချယ်စရာ ရှိတယ်”
“ဒါပေမဲ့ အရင်တိုက်ရိုက်ထုတ်လွှင့်မှုမှာဆိုရင် အဲကောင်က အခြားလူတွေအမိန့်ကို နာခံတာ မဟုတ်မှန်း သိသာနေသေးတယ်”
ချန်းကျန်းက သစ်လုံးအိမ်ထဲတွင် ထိုင်ရင်း သူ၏အရှေ့မှ အမျိုးသမီးကို ကြည့်ကာ စိုးရိမ်မှုအပြည့်ဖြင့် ပြောသည်။
“သရုပ်ဆောင်တွေအတွက်ကတော့ လွယ်တယ်။ ဒါပေမဲ့ တိရစ္ဆာန်တွေအတွက်ကတော့”
359 04
“တကယ်ပဲ အလုပ်ဖြစ်ပါ့မလား”
“ဟေး အခု မပြောနဲ့တော့”
မာလီက ခေါင်းခါလိုက်သည့်အခါ သူမ၏အနောက်ဘက်မှ ထုံးထားသော ဆံတုံးကပဲ လှုပ်သွားသည်။ သူမက စိတ်မရှည်သလို့ အော်သည်။ သူမသည်လည်း ပြဿနာများကို နားလည်သည်။ သို့သော် …
သူတို့ ရိုက်ကူးလို့သည့် ဟိုင်ခုန်ဆိုသော ဇာတ်လမ်းကတင် ဌာနအများစုနှင့် ဆက်စပ်နေခဲ့ပြီးသား ဖြစ်သည်။ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးဌာနတစ်ခုတည်းကတင် သူတို့ကို အကူအညီ အများကြီး ပေးထားသည်။ ဒါဟာ သူမ ရိုက်ကူးမည့် ပထမဦးဆုံးသော ရုပ်ရှင်လည်း ဖြစ်ပြီး ဘွဲ့ရပြီးနောက် ပထမဆုံး ရုပ်ရှင် ဖြစ်သည့်အလျှောက် ဒီစီမံကိန်းက ပျက်စီးသွားခဲ့ပါက အနာဂတ်တွင် ဒုက္ခရောက်ပေလိမ့်မည်။
ထို့အပြင် အိမ်မှ အဘိုးကြီးများကလည်း ခွင့်ပြုပေးတော့မည် မဟုတ်ပေ။ ဒါဟာ သူမ လိုချင်တဲ့ အခြေအနေမျိုး မဟုတ်ပါပေ။
သူမက အချိန်ကြာကြာ စဉ်းစားပြီးနောက် အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ်သွားသည့် ကာလ မတိုင်ခင်က ရုပ်ရှင်များကိုသာ စုစည်းပြီး ပြန်လည် တုပကာ ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ရသည်မှာ မာလီက သစ္စာရှိမှုနှင့် ချစ်ခြင်းဆိုသော ရုပ်ရှင်မျိုးကို ပြန်လည်ရိုက်ကူးလိုသည်။ မည်သို့ပင်ဆိုစေ ကယ်ဆယ်ထားခံရသော တိရစ္ဆာန်များက တရုတ်နိုင်ငံတွင်သာ ရှိနေလေသည်။
“ငါ သေချာပေါက် အောင်မြင်မှာ။ ဒါရိုက်တာဆုပိုင်က ရှိနေသမျှ အဲဒီတိရစ္ဆာန်တွေက အရမ်းကို နာခံမှာပါ။ ငါတို့တွေနဲ့ ပူးပေါင်းပေးလိမ့်မယ်”
မာလီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် ယုံကြည်မှုအပြည့်နှင့် ပြောသည်။
“ကြည့် ဒါရိုက်တာဆုပိုင်လာပြီ”
ချန်းကျန်းက သစ်လုံးအိမ်အပြင်ဘက်သို့ မျက်နှာမူကာ ထိုင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် အပြင်ဘက်သို့ ကြည့်လိုက်ရုံဖြင့် ဆုပိုင်ကို တအံတဩ ထအော်ကာ ထရပ်သည်။
“ငါ့ကို စောင့်လေ။ အတူတူ သွားတာပေါ့”
မာလီကလည်း ခေါင်းကို တစ်ချက်ရမ်း၍ ထွက်လာခဲ့လိုက်သည်။
ရုံခန်းထဲတွင် ဆုပိုင်က ထို့နှစ်ယောက်ကို ရေတစ်ခွက်စီ ထည့်ပေးထားသည်။ ထို့နောက် မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ကာ အပြုံးနှင့် မေးသည်။
“မင်းတို့ရဲ့ ရုပ်ရှင်နာမည်က ဘာလဲ”
“ဘယ်လို တိရစ္ဆာန်မျိုးကို လိုချင်တာလဲ။ နောက်ပြီး ရုပ်ရှင်အကြောင်းအရာက ဘယ်လိုမျိုးလဲ။ အန္တရာယ်များတဲ့ အခန်းတွေ ပါနိုင်လား”
ထိုမေးခွန်းများကို ရင်ဆိုင်ရသည့်အခါ မာလီက နှုတ်ခမ်းကို တင်းတင်းစေ့ ပိတ်လိုက်ပြီး ခပ်မတ်မတ် ထိုင်ကာ လေးနက်သော လေသံနှင့် ပြောသည်။
“ငါတို့ရဲ့ ရုပ်ရှင်က အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ်သွားတဲ့ ကာလမတိုင်ခင်က အရမ်းကို နာမည်ကျော်ကြားတဲ့ ရုပ်ရှင်တစ်ခုပဲ။ ဒါပေမဲ့ ရုပ်ရှင်တစ်ကားလုံးတော့ မကျန်တော့ဘူး။ အပိုင်းအစတွေပဲ ကျန်တော့တယ်။ အခု ရုပ်ရှင်နဲ့ ရိုက်ကူးရေး ပစ္စည်းတွေအားလုံးကလည်း အပြည့်အစုံ ကျန်တော့တာ မဟုတ်ဘူး”
“ဒါပေမဲ့ ငါတို့ရဲ့ ရိုက်ကူးမဲ့ ဇာတ်လမ်းကတော့ အစွယ်ပါတဲ့ သတ္တဝါ တစ်မျိူးအကြောင်းပဲ။ ဒါကို ဟာချီကိုရဲ့ အစစ်အမှန် ပုံပြင်လို့ ခေါ်ကြတယ်”
“ဒါရိုက်တာဆုပိုင် ကျေးဇူးပြုပြီး ငါတို့ကို ယုံပါ။ ဒါက တကယ်ကို ကောင်းမွန်တဲ့ ရုပ်ရှင်ပါ။ လူအများစုကလည်း အစွယ်ပါတဲ့ သတ္တဝါတွေ အထူးသဖြင့် ခွေးတွေရဲ့ အရေးပါမှုကို နားလည်သွားကြပြီး လူသားတွေအတွက် ခံစားချက်ပြည့်ဝတယ်ဆိုတာကို သိသွားလိမ့်မယ်”
“ကျေးဇူးပြုပြီး နင် ငါတို့ကို သဘောတူပေးရမယ်။ ဒီရုပ်ရှင်မှာ အန္တရာယ်များတာတွေ မပါပါဘူး”
မာလီ၏အသံကို နားထောင်ရင်း ဆုပိုင်က မျက်မှောင် အသာကြုတ်သည်။
ဒီက ဟာချီကိုရဲ့ ခွေးပုံပြင် မဟုတ်ဘူးလား။
359 05
သို့ရာတွင် ယခု တိရစ္ဆာန်ရုံတွင် ထို့ကဲ့သို့သော ခွေးမျိုး မရှိပေ။ သူဟာ ခေါင်းကို အသာခါ၍ တောင်းပန်လိုက်သည်။
“ငါ တောင်းပန်ပါတယ်။ ငါ တကယ် ကူညီပေးချင်ပေမဲ့လည်း ကောင်းကင်ပြာတိရစ္ဆာန်ရုံမှာ အခု လက်ရှိ အနေအထားအရ အဲဒီလို ခွေးမျိုး မရှိဘူး”
“အဲဒီလို ခွေး ဟုတ်လား”
မာလီက ရုတ်တရက် ထအော်မိသွားသည်။ ထို့နောက် ဒါရိုက်တာဆုပိုင်ကို မယုံနိုင်သလို့ ကြည့်သည်။
ထို့ ဇာတ်လမ်းထဲမှ ခွေးအကြောင်း သိနေကတည်းက ထိုဇာတ်လမ်းကို သေချာပေါက် ကြည့်ဖူးရပေမည်။ သို့ရာတွင် သူမတို့သည်လည်း လောကနေရာအနှံ့တွင် လိုက်လံရှာဖွေခဲ့ပြီးလေပြီ။ သို့သော် ဇာတ်ဝင်ခန်း အနည်းငယ်ကိုသာ ရရှိခဲ့ပေ။ ကျန်သော အခန်းများကိုမှု မသိနိုင်တော့ပါပေ။ ထို့အပြင် ပြီးပြည့်စုံသော ဇာတ်လမ်းတစ်ခုလုံးကလည်း မကျန်ရစ်တော့ချေ။
ဒါကို ဒါရိုက်တာဆုပိုင်က ဘယ်လိုသိတာလဲ။
သူမက သံသဃများကို ဖိနှိပ်ပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်ကာ ပြောသည်။
“ငါတို့ အခြားတိရစ္ဆာန်တွေကို သုံး၍ရတာပဲ။ ခံစားချက်တွေ ထုတ်ပြနိုင်ရင် ပြီးတာပဲ”
“ငါ သိပြီ”
ဆုပိုင်က ခေါင်းကို အသာညိတ်သည်။
ထို့သို့သာဆိုလျှင် တိရစ္ဆာန်ရုံတွင်လည်း ခွေးတွေ အများကြီး ရှိလေသည်။ ဟက်စကီးကလွဲပြီး တခြားသော အစွယ်ပါသည့် ခွေးတိုင်းက ရုပ်ရှင်၏ အဓိက ဇာတ်လိုက် ဖြစ်နိုင်သည်။ ထို့ခွေးများ၏ ဆက်သွယ်နိုင်စွမ်းရည်က ယခင်ဇာတ်လမ်းထဲမှ ခွေးထက်ပင် ပိုသာသေးသည်ဟု ပြောလို့ ရလေသည်။
“မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ မင်းတို့က ဘယ်ခွေးကို လိုချင်တာလဲ”
“အာဟ”
“ဟက်စကီး”
ထိုလူနှစ်ယောက်လုံးက တစ်ပြိုင်တည်း ပြောလာသည့်ကို နားထောင်ပြီး ဆုပိုင်က ရုတ်တရက် မျက်လုံးပြူးသွားကာ မသေချာ မရေရာသလို မေးသည်။
“မင်းတို့ ဟက်စကီးဆိုတာ သေချာလား”
“တိရစ္ဆာန်ရုံမှာ နေခဲ့တဲ့ အရင်ရက်တွေထဲမှာလည်း ဒီကောင်ရဲ့ စိတ်နေသဘောထားကို နားလည်ပြီးပြီဟု ယုံကြည်တယ်။ ဒီကောင်က ရုပ်ရှင်ရိုက်မယ်လို့ ထင်လို့လား”
မည်သို့ပင် ကြည့်ကြည့် ထို့လူနှစ်ယောက်ဟာ မယုံသလို့ ဆုပိုင်က ခွေးပိုင်ရှင်ကိုယ်တိုင်ပင် မယုံကြည်ပါပေ။
သူ၏မှတ်ဉာဏ်ကသာ မှန်ကန်နေမည်ဆိုလျှင် ရုပ်ရှင်ထဲမှာ ရထားဘူတာ မြင်ကွင်းမျိုးတွင် အာဟက ထိုရထားဘူတာရုံတစ်ခုလုံးကို ဖျက်စီးနိုင်လေသည်။
“ဒါရိုက်တာဆုပိုင် ငါတို့က အဲဒီလို့ပဲ တွေးထားတာပါ”
မာလီက တစ်ခဏခန့် တွေးတောပြီးနောက် ခေါင်းကို မော့ကာ ဆက်ပြောသည်။
“ဟာရီက အိုနေပြီ။ ရုပ်ရှင်ရိုက်တဲ့အခါ ဇာတ်ဝင်ခန်း တစ်ခန်းမက ရိုက်ရမှာ နောက်ပြီး ပင်ပန်းလိမ့်မယ်။ လမ်းပြခွေးတွေအတွက်ကတော့ သူတို့မှာလည်း ကိုယ်ပိုင်အလုပ် ရှိတာပဲလေ။ ငါတို့က တစ်ကောင်ကို ရွေးချယ်တဲ့အချိန်တိုင်းမှာ မျက်မမြင်တစ်ယောက်က ရက်အနည်းငယ် ဒါမှမဟုတ် လဝက်လောက်အထိ တစ်ယောက်တည်း ဖြစ်နေလိမ့်မယ်။ နောက်ပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေးက ကယ်ဆယ်ပြီးခံထားရတယ်ဆိုတာ ငါသိပါတယ်။ သူ့မှာ ဒဏ်ရာလည်း ပြင်းပြင်းထန်ထန် ရရှိထားသေးတာ ဆိုတော့ ဟက်စကီးက ဆိုးသွမ်းပေမဲ့ အွန်း… နင်ရဲ့ လမ်းညွှန့်မှုနဲ့သာဆိုရင် အဆင်ပြေမယ်လို့ ငါထင်တာပဲ။ ဒါရိုက်တာဆုပိုင် ငါတို့ သေချာပေါက် အောင်မြင်မှာပါ”
++++++ 360 01
အခန်း 360
“နောက်ပြီး ရုပ်ရှင်က ရတဲ့ ၈၀ ရာခိုင်နှုန်းကိုလည်း ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို လှူမှာပါ”
ထိုစကားကို ပြောပြီးနောက် သူတို့နှစ်ယောက်က တစ်ချိန်တည်းတွင်ပင် မတ်တပ်ထရပ်ကာ ဆုပိုင်ကို လေးစားစွာ ဂါရဝ ပြုကြသည်။
ဟူး
ဆုပိုင်က အသက်ကို ပြင်းပြင်းရှူသည်။ အရှေ့မှ လူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုခွေး၏နေရာတွင် ဟက်စကီးကို အစားသွင်းခြင်းက အောင်မြင်ခြင်း ရှိမရှိ မသေချာသလို ဖြစ်သွားသည်။
“ဒီလိုဆိုရင် ဘယ်လိုလဲ”
တစ်ခဏခန့်တွေးတောပြီးနောက် ဆုပိုင်က တဖြည်းဖြည်းချင်းစီ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါ ငါနဲ့အတူ ဟာရီကို ခေါ်လာခဲ့ပေးမယ်။ ဟက်စကီးက အဆင်မပြေရင် ဟာရီနဲ့ပဲ လုပ်တာပေါ့”
“ဒီရုပ်ရှင်ထဲမှာ အရေးကြီးတာက ခံစားချက် ပေါက်ထွက်မှုတစ်မျိုးပဲ။ ဒီတော့ လှုပ်ရှားမှုလည်း အများကြီး လိုတာမှ မဟုတ်တာ။ ဟာရီက ကိုင်တွယ်နိုင်မယ်လို့ ငါ ယုံတယ်”
“ဒါပေမဲ့ ဟက်စကီးကိုတော့ အရင် စမ်းခိုင်းပေါ့”
ဒါက အာဟကို အင်အားနည်းနည်း ထုတ်သုံးခိုင်းလို့ရမဲ့ အခွင့်အရေးပဲ။
သူဟာ ရက်အနည်းငယ် တိရစ္ဆာန်ရုံတွင် မရှိသည့်နှင့် ထိုအကောင်က တိရစ္ဆာန်တစ်အုပ်ကို ရန်စထားလေသည်။
“ကောင်းပြီလေ။ ငါတို့ ပြန်ပြီး ရိုက်ကူးဖို့အတွက် ပြင်ဆင်လိုက်အုန်းမယ်။ ရိုက်ကူးမဲ့နေရာက ဟန်ချန်းမှာ၊ နောက်ပြီး အဲဒီမှာ ရထားဘူတာ သေးသေးလေးလည်း ရှိတယ်လေ။ ဒီတော့ တစ်ခုခုသာ မမှားယွင်းဘူးဆိုရင် နှစ်ရက်အတွင်း စတင်ရိုက်ကူးနိုင်မှာပါ”
မာလီက လက်သီးကို လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးနောက် စိတ်လှုပ်ရှားစွာ အော်ပြောသွားလေသည်။
…
ကျိုတို။
တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာန။
နန်ကုန်းယွမ်က သူ၏အရှေ့မှ မှတ်တမ်းကို ကြည့်ပြီးနောက် ရေးသားထားသော ဦးဆောင်ခွေးနာမည်များကို ဖတ်ကာ မျက်လုံးကို ပြန်ပွတ်သည်။ ထို့နောက် အမြင်မမှားကြောင်း သေချာအောင် ပြန်လုပ်ပြီးနောက် အောက်ဘက်ရှိ လူများထံသို့ ပြန်ကြည့်သည်။ ထို့နောက် မသေချာ မရေရာသလို့ လှမ်းပြောလိုက်သည်။
“ဒါက ဒီ ဒီ ဒီမှတ်တမ်းက မှန်ရဲ့လား”
“ဟက်စကီးကို ခေါင်းဆောင်အဖြစ် သုံးမှာ ဟုတ်လား”
“ဒါက ပေါက်ကရ မဟုတ်ဘူးလား။ ဒီရုပ်ရှင် ရိုက်လို့ ရပါ့အုန်းမလား”
“အား”
လက်ထောက်ကမှု ဆုံးဖြတ်ချက် ပြတ်သားနေပုံရသည်။
“သူတို့ အမှား မလုပ်တာ အတည်ပြုပြီးပါြပီ။ ငါကိုယ်တိုင် မှတ်တမ်းကို ရတဲ့အချိန်မှာ မယုံကြည်နိုင်သလို ဖြစ်လို့ သေချာ ထပ်ကာ တလဲလဲ သွားမေးပြီးတဲ့နောက်မှာ မမှားမှန်း သိရပါတယ်။ သူတို့ရဲ့ အရင်ဦးဆုံး ရွေးချယ်မှုက ဟက်စကီးပါ။ ဒါပေမဲ့ …”
“ဒါရိုက်တာဆုပိုင်ကတော့ ဖြစ်စဉ်တောက်လျှောက် အတူရှိနေမယ်လို့ ပြောတယ်။ ဒါကြောင့် ဟက်စကီးက အဆင်မပြေရင် ဟာရီကို လုပ်ခိုင်းမယ်တဲ့”
“ဒါပေမဲ့ ဒါရိုက်တာ ဒီရုပ်ရှင်က တကယ်ပဲ အဆင်ပြေပါ့မလား”
“သူတို့က ရုံတင်လို့ရတဲ့ ငွေရဲ့ ၈၀ ရာခိုင်နှုန်းကို ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို လှူမယ်လို့ ပြောထားတယ်။ နွေဦးပွဲတော်ကလည်း ရောက်လာတော့မှာလေ။ ဆိုတော့ အဲဒီအချိန်ကျရင် ဟာသကားတွေ အများကြီး ဖြစ်လာတော့မှာ။ ဒီလို ရုပ်ရှင်မျိုးက အဆင်ပြေပါအုန်းမလား”
360 02
“မင်းက ငါ့ကို လာမေးတယ်။ ငါက ဘယ်သူ သွားမေးရမှာလဲ”
နန်ကုန်းယွမ်က ပါးကို ပွတ်ပြီး ခေါင်းကိုက်လာသည်။
နွေဦးပွဲတော် ကာလအတောအတွင်းတွင် နှစ်သစ်ကူး ဟာသများ ရှိတတ်သည်။ ထို့ကြောင့် သူတို့၏ ရုပ်ရှင် အောင်မြင်ခြင်း ရှိမရှိ မပြောနိုင်ပေ။
“ဒါပေမဲ့ မင်းတို့အများကြီး မစိုးရိမ်သင့်ဘူး”
နန်ကုန်းယွမ်က သူ၏အရှေ့မှ မျက်မှောင် ကြုတ်နေသော လူများကို ကြည့်ပြီးနောက် လေးနက်သော လေသံနှင့် ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် အလုံးအရင်းနဲ့ မျိုးတုန်းပျောက်ကွယ်သွားပြီးတဲ့ နောက်မှာ ပထမဦးဆုံး ကယ်တင်ခံရတဲ့ တိရစ္ဆာန်တွေနဲ့ ရိုက်ကူးထားမှာလေ။ ဆိုတော့ စိတ်ဝင်စားစရာတော့ ကောင်းမှာပါ”
“နောက်ပြီး ဒါက အများရဲ့ ဂရုစိုက်မှုနဲ့လည်း ပတ်သက်တာ ဖြစ်လို့ အချိန်ကျလာတဲ့အခါ အခြေအနေ ဘယ်လိုရှိလဲဆိုတာကို သိရမှာပေါ့”
“ငါတို့ရဲ့ မူလရည်ရွယ်ချက်က ကောင်းနေပြီးသား။ ငါတို့ ဘယ်လိုနည်းလမ်းကိုမဆို စမ်းသပ်ကြည့်လို့ ရသေးတယ်။ ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို မှီခိုတာကတော့ တအားကို ရိုးရှင်းလွန်းတယ်။ နောက်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အချိန်တိုင်းလိုလို နောက်ဆုံး ကယ်ဆယ်ခံရတဲ့ တိရစ္ဆာန်တွေကိုပဲ ပြနေတာ။ ဒါကြောင့် အရင်ကယ်ဆယ်ပြီးသား ကလေးတွေကိုလည်း မမေ့သွားသင့်ဘူး။ ဒါကြောင့် ရုပ်ရှင်ရိုက်တာက အကောင်းဆုံးပဲ”
“ငါတော့ အလုပ်ဖြစ်မယ်လို့ ထင်တယ်”
“ကောင်းပြီ”
အောက်ဘက်တွင် ထိုင်နေသော အသက်အလတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ခေါင်းညိတ်၍ ဝင်ပြောသည်။
“ငါတို့သာ အောင်မြင်မယ်ဆိုရင် သဘောတူလက်မှတ်စာချုပ် ရေးထိုးထားတဲ့ အဲဒီတိုင်းပြည်မှာ ဒီတိရစ္ဆာန်တွေကို ဒီထက်ပိုပြီးတော့တောင် အလေးထားအောင် ကြေညာလို့ ရသွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် နေရာအများစုက တရုတ်နိုင်ငံနဲ့ အချိန်ကွာခြားချက် ရှိတယ်။ ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေက ပုံမှန်အချိန်အတိုင်း ရှိနေတာ မဟုတ်ဘူး။ ဒီတော့ ညသန်းခေါင်အချိန်မျိုးမှာဆိုရင် လူအများစုက ကြည့်မှာ မဟုတ်ဘူး”
“ဒါပေမဲ့ ရုပ်ရှင်ဆိုရင်တော့ ကွာခြားသွားပြီ။ ဘယ်အချိန်မဆို ပြလို့ ရတယ်။ ဘယ်အချိန်မဆို ကြည့်လို့ရတယ်။ ဒါကြောင့် ရုပ်ရှင်ရုံမှာ ပြသတဲ့ အချိန်နဲ့ လွှဲသွားရင်တောင်မှ သူတို့ အင်တာနက်ကနေ ဒေါင်းလုပ်ဆွဲပြီး ပြန်ကြည့်လို့ ရသေးတယ်”
“ဘာပဲဖြစ်ဖြစ် ဒါရိုက်တာဆုပိုင်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို သိမ်းထားပြီး ပြန်ကြည့်လို့ရတယ် ဆိုပေမဲ့လည်း ဒီလို ပြန်ကြည့်တဲ့ လူတွေက သိပ်များတာမှ မဟုတ်တာ”
ထိုစကားများက ထွက်လာသည့်နှင့် လူတိုင်းက မျက်မှောင်ကြုတ်ကြသည်။ ထို့အကြံကလည်း ကောင်းမွန်လောက်သည်။
ပြည်ပမှ လူအများစု၏ အလေ့အကျင့်များက တရုတ်နိုင်ငံသားများနှင့် ကွာခြားသည်။ ဒါရိုက်တာဆုပိုင် တိုက်ရိုက်ထုတ်လွှင့်မှုအတွက်ကမှု လူအများစုက သဘောကျချင်မှ ကျပေလိမ့်မည်။ မည်သို့ပင်ဆိုစေ မည်သူကမှ ဖန်သားပြင်အရှေ့တွင် တောက်လျှောက် ထိုင်ပြီး ကြည့်မနေနိုင်ပေ။
မည်သို့ပင်ဆိုစေ လူအများစုတွင် အလုပ်ရှိသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို အားသော အချိန်မှသာ ကြည့်နိုင်ပေလိမ့်မည်။ သို့ရာတွင် ရုပ်ရှင်ကမှု ကွာခြားသည်။
“ကောင်းပြီ။ ဒီလိုဆိုမှတော့ ငါတို့ရဲ့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနက ဒီရုပ်ရှင်ရိုက်ကူးဖို့အတွက် အပြည့်အဝ ထောက်ခံအားပေးရမယ်”
နန်ကုန်းယွမ်က ထိုင်ခုံမှ ဖြည်းဖြည်းချင်းစီ ထပြီးနောက် လေးနက်သော မျက်နှာထားဖြင့် ပြောသည်။
“ဒီရုပ်ရှင်ရိုက်မဲ့နေရာက ချင်တုမြို့ပဲ။ ဌာနတွေ အားလုံးကို အကြောင်းကြားစာတွေ အားလုံး သေချာပို့ထား။ ရုပ်ရှင်ရိုက်ကူးဖို့အတွက် အပြည့်အဝ ပူးပေါင်း ပေးရမယ်”
“အရန်တွေအတွက်ကတော့ ငါတို့ကိုယ်ပိုင်လူတွေကလည်း လုပ်နိုင်မယ်လို့ ထင်တာပဲ”
“ခေါင်းဆောင် မင်းသားအတွက် … လက်ထောက် မင်း လေယာဉ် မြန်မြန်လေး ဖြတ်လိုက်၊ ခေါင်းဆောင် မင်းသားက အသက်အရွယ်ကြီး ရမယ်လို့ ပြောတယ်။ ဒါဆိုရင် ငါတော့ အဆင်ပြေတယ်လို့ ထင်တာပဲ”
360 03
“မြန်မြန်လုပ်။ ငါ့ကို ရုပ်ရှင်ရိုက်ဖို့အတွက် အချိန်မကြန့်ကြာစေနဲ့”
ထို့သို့ ပြောပြီးသည့်နှင့် နန်ကုန်းယွမ်က သူ၏အဝတ်များကို သပ်သပ်ရပ်ရပ် ဖြန့်သည်။ ထို့နောက် တစ်ဖက်သို့ လှည့်ပြီး အပြင်ဘက်သို့ ထွက်သွားသည်။
“ဝိုး ဒီအဘိုးကြီးက ငါနဲ့ အတွေးတူနေတာပဲ ဟမ်။ ငါ အစကတည်းက သရုပ်ဆောင် လေ့ကျင့်ထားတာလေ”
“လာ လာ လာ အခုမှ ကြွားဝါးနေသေးတယ်။ ဒါက ရုပ်ရှင်ရိုက်ဖို့ အဝေးကြီး လိုအပ်သေးတာ မဟုတ်ဘူးလား။ ငါတို့တွေ ဟန်ချန်းကို အမြန်ဆုံး သွားရအောင်။ ခြေတစ်လှမ်း ကြိုစောရင်လည်း တိရစ္ဆာန်တွေနဲ့ ရိုက်ကူးခွင့်ရမှာပဲ။ ဒီလိုဆိုရင် ငါတို့က ကင်မရာပေါ်မှာ အတူရှိတဲ့အတိုင်း ထာဝရ သိမ်းထားနိုင်မှာ”
“ဟေ့ ပြောမနေနဲ့တော့ ပြောမနေနဲ့တော့။ မြန်မြန် သွားရအောင် ငါတို့အဘိုးကြီး နန်ကုန်းထက် အရင်ရောက်ရမယ်”
ထို့လူတစ်ဖွဲ့က အလျင်စလို ထွက်သွားသော နန်ကုန်းယွမ်ကို ကြည့်ပြီးနောက် သူတို့၏လက်များကို မြှောက်၍ အော်ဟစ်ကာ လိုက်ကြသည်။
…
ကောင်းကင်ပြာ တိရစ္ဆာန်ရုံ။
“ဟေး ဟေး”
“ဟေး ဟေး”
“ဒီကောင် ရူးနေတာလား”
မြက်ခင်းပြင်ပေါ်တွင် ထိုင်နေသော အဖြူရောင်ဝက်ဝံကြီးက အဝေးတွင် ပတ်ပြေးနေသော ဟက်စကီးကို ကြည့်ပြီးနောက် တစ်ဖက်သို့ လှည့်ကာ စိုးရိမ်တကြီး မေးသည်။
“ဒီကောင် မနက်ကနေ ညနေအထိ တောက်လျှောက် ရယ်နေတာ။ ငါလည်း ဘာမှ မလုပ်ဘဲနဲ့ သူ့ကို ထိုင်ကြည့်နေတာ။ သူ ဒါကို တောက်လျှောက် ရယ်နေတုန်းပဲ”
“မဟုတ်ဘူး။ ဒါရိုက်တာဆုပိုင် သူ့ကို ဘာပြောလိုက်လဲဆိုတာကို ဘယ်သူသိမှာလဲ”
“ဖြစ်နိုင်တာက”
ငှက်တောက နှင်းကျားသစ်၏ နဖူးပေါ်တွင် နားနေရင်း မနာလိုကြီးသော မျက်နှာမျိုးဖြင့် စိုက်ကြည့်ကာ ပြောသည်။
“သူ့အတွက် ဇနီးများ ရှာပေးလိုက်တာလား”
“ဝိုး ဒါကတော့ ဘက်လိုက်လွန်းပါတယ်။ ငါ ငှက်တောက သူ့ထက်အရင် ရောက်တာ။ ဘာလို့ ငါ့ကိုကျ မရှာပေးတာလဲ”
“ငါက တအားချောတာလေ။ အရမ်းလည်း ဆွဲဆောင်မှု ရှိတယ်။ အရမ်းလည်း ကြည့်ကောင်းတယ်။ ဒါပေမဲ့ အာဟကို အရင်ရှာပေးတယ်။ ဒါက မမျှတဘူး”
ဝေါင်း
“ငါတော့ အဲဒီလို မထင်ဘူး။ ဒါရိုက်တာဆုပိုင်များ ခေါ်လာတဲ့ ကယ်ဆယ်ရေး ခွေးကလည်း အထီးလေ”
နှင်းကျားသစ်က တုံးအစွာ ပြောသည်။
“မဟုတ်ဘူး။ ငါ သွားမေးရမယ်”
တပိုင်က နဖူးကို ပွတ်သည်။ ထို့နောက် မြေပြင်ပေါ်မှ ချက်ချင်း ခုန်ထပြီးနောက် တစ်စုံတစ်ရာကို ရေရွတ်ကာ အာဟဆီ လျှောက်သွားသည်။
ဖြန်း
သူဟာ ထို့အကောင်၏ နဖူးကို ဖြောင်းကနဲ့ ရိုက်ပြီးနောက် ဘေးဘက်တွင်ထိုင်ကာ ခပ်တိုးတိုး မေးသည်။
“ညီအစ်ကို ဒါရိုက်တာဆုပိုင်က မင်းကို ကောင်းတဲ့ကိစ္စတစ်ခုခု ပြောလိုက်လို့လား။ ငါတို့ကို ပြောစမ်းပါ”
“ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့ကို အမြန်ပြော။ မင်းအတွက် မိန်းမရှာပေးတာလား”
ငှက်တောကလည်း ပျံလာပြီးနောက် ပန်ဒါကြီး၏နဖူးပေါ်တွင် လာနားကာ အသံကို ဟစ်ပြီး အော်သည်။
“ဘာကို မိန်းမလဲ”
“ဘာ အမျိုးအစားလဲ”
“အဖြုလား။ အမည်းလား။ မင်း လွန်ခဲ့တဲ့ ရက်နည်းနည်းက ရှောင်ရုံ့ရဲ့ လမ်းပြခွေးနား နှာခေါင်းကပ်နေတာ မဟုတ်ဘူးလား။ သူ့ကို လိုက်လို့ ရသွားတာလား”
++++++