← Chapters

မေးခွန်း

Vol. 20 Ch. 278

မေးခွန်း

Vol. 20 Ch. 278

အခန်း (၂၇၈) : မေးခွန်း

“ အဖေ ဒီမှာ ဘာလုပ်နေတာလဲ။ ဘယ်လိုလုပ် ဒီရောက်နေတာလဲ” ပိုင်ဟန်က တအံ့တဩဖြင့် မေးလိုက်သည်။

“ တစ်ခုခုများဖြစ်ရင်ဆိုပြီး မင်း ဝိညာဉ်ထဲမှာ ငါ့စိတ်ဆန္ဒ အစိတ်အပိုင်းတစ်ခုကို ချန်ထားခဲ့တာ” ဧကရာဇ်ခုံက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ ကျွန်တော် ခင်ဗျားရဲ့ အကူအညီကို မလိုဘူး”

“ ဒါပေမဲ့ အခု မင်း လိုနေတာပဲလေ” ထို့နောက် ဧကရာဇ်ခုံက သူ့သားအား လျစ်လျူရှုကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ “ အသင်္ချေအင်ပါယာကမ္ဘာ ငါ့အိမ်။ ငါ ထွက်သွားတာတောင် ကြာနေပြီ။ ဘာတွေဖြစ်နေပြီလဲ ကြည့်ရအောင်”

ထိုစဉ် သူက ကုန်းမြေငါးခုလုံးကို စစ်ဆေးကြည့်လိုက်သည်။

ကြည့်ရအောင် … ဒီမျိုးဆက်က ပါရမီများစွာရှိတဲ့ ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် အချိန်ကာလပဲ။ တားမြစ်ခံ သုံးယောက်၊ အဆုံးမဲ့ ပါရမီရှင် နှစ်ယောက်နဲ့ ဧကရီဝူရဲ့ ကိုယ်ပွားလား … ပြန်လည်ဝင်စားတာလား…။

ဒီလိုတော့ မဖြစ်နိုင်ဘူး ဒါပေမဲ့ ဧကရီဝူသာဆိုရင်တော့ အံ့ဩစရာ မဟုတ်ပါဘူး …

အခု ငါ့မျိုးဆက်ကို စစ်ဆေးကြည့်ရအောင်။ အော် သူတို့က ခေတ်တစ်ခေတ်ရဲ့ စိတ်ဝိညာဉ်ကို ပျောက်ဆုံးသွားတာပဲ။ ပြီးတော့ ချီကံကောင်းမှုကလည်း လျော့ကျသွားတယ်။ အော် ဒီမသိတတ်တဲ့ မျိုးဆက်တွေ။ အခု ဒီဟာတွေ အကုန်လုံးရဲ့ တာဝန်ရှိသူက ဘယ်သူလဲကြည့်ရအောင် …

ဧကရာဇ်ခုံက ကံကြမ္မာကြိုးမျှင်အလိုက် သူ့ကျောင်းတော်၏ ကံဆိုးမှုအားလုံး၏ တာဝန်ရှိသူကို ကြည့်ရှုလိုက်သည့်အခါ ထိုအရာအားလုံးက ဝမ်ဝေ့ထံ ဦးတည်နေကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူက ဝမ်ဝေ့အား ကြည့်လိုက်၏။ ဧကရာဇ်ခုံက မုတ်ဆိတ်ရှည်ကြီးအား သတ်လိုက်ရင်း ဝမ်ဝေ့အား ငုံ့ကြည်လိုက်သည်။

စိတ်ဝင်စားဖို့ကောင်းတဲ့ လူငယ်လေးပဲ။ စံပြအရည်အသွေးဝိညာဉ်၊ တားမြစ်ခံတစ်ယောက်၊ ပြီးတော့ အဆုံးမဲ့ ပါရမီရှင်တစ်ယောက်…

သူက ဧကရီဝူနဲ့ ပတ်သက်နေပုံပဲ။ ကလေးရဲ့ လျှို့ဝှက်ချက်တွေက သိတဲ့သူတွေတောင် အသတ်ခံရနိုင်တဲ့ လျှို့ဝှက်ချက်မျိုးပဲ…။

ငါ့ကိစ္စ ငါပဲ အာရုံစိုက်တာပဲ ကောင်းပါတယ်…

နောက်ဆုံးတွင် ဧကရာဇ်ခုံက သူ့သားအား ပြန်ကြည့်လိုက်သည်။ “ အခု မင်း ငါနဲ့ ထွက်သွားဖို့အချိန်ပဲ”

“ ခင်ဗျားနဲ့ လိုက်မဲ့အစား ကျုပ် ဒီမှာပဲ အသေခံလိုက်မယ်” ပိုင်ဟန်က အံကြိတ်ကာ ပြောလိုက်သည်။

“ မင်းရဲ့ မတော်မလျော် အပြုအမူတွေကို ခွင့်လွှတ်ပေးထားတာက မင်းရဲ့ လမ်းစဉ်ကို မင်းရှာတွေ့ပြီးတော့ ငါ့အရိပ်ထဲမှာ မပိတ်မိနေအောင်လို့ပဲ။ ဒါပေမဲ့ ဒီလောက် မင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ ကြည့်ဦး။ မင်းက မင်းထက် အဆင့်သုံးဆင့်နိမ့်တဲ့ လူငယ်မျိုးဆက်ကြောင့် ဒဏ်ရာရသွားတယ်”

ပိုင်ဟန်က အံကြိတ်သော်လည်း ဘာမှမပြောပေ။

“ ဒါတွေအားလုံးက ငါတို့ကြားမှာ နားလည်မှုလွဲတာကနေ စတင်ခဲ့တာပဲ” ဧကရာဇ်ခုံက ထပ်ပြောလိုက်သည် “ ဒါပေမဲ့ မင်းကို ပြောပြမယ်။ မင်း အမေက တခြားကမ္ဘာမှာ ပြန်လည်ဝင်စားပြီး တာအိုကို သက်သေပြနိုင်ပြီးတော့ မဟာဧကရာဇ် ဖြစ်လာပြီ။ အခု ငါတို့ မိသားစု ပြန်လည်ဆုံစည်းဖို့အချိန်ပဲ”

ပိုင်ဟန်၏ မျက်ဝန်းထဲ အံ့အားသင့်သည့် အရိပ်အယောင် ဖြတ်ပြေးသွားကာ “ ခင်ဗျား အမှန်အတိုင်း ပြောနေတာလား”

“ ဒီလိုကိစ္စမျိုးကို မင်းကို လိမ်ညာနေဖို့ မလိုဘူး”

ပိုင်ဟန်က တုံ့ဆိုင်းသွားပြီးနောက် သူ့ကိုယ်သူ ကြည့်လိုက်ရင်း သူ့ကမ္ဘာဦးစိတ်ဝိညာဉ်က မှေးမှိန်နေပြီး သူ့ တာအိုသက်သေပြ ပစ္စည်းသည်လည်း အစိတ်စိတ်အမြွာမြွာဖြစ်သွားကာ သူ့ညာဖက်လက်လည်း မရှိတော့ပေ။ သူက သက်ပြင်းရှည်ချလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။

ဧကရာဇ်ခုံက ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် တွေးလိုက်သည်။

ဒီမသိတတ်တဲ့သားက အဆင့်နိမ့် ကပ်ဘေးချီရဲ့ သက်ရောက်ခံရတာမလို့ တော်သေးတာပေါ့။ မဟုတ်ရင်တော့ ငါလည်း တတ်နိုင်မှာ မဟုတ်ဘူး…

ထို့ကြောင့် သူက ထွက်သွားဖို့ ပြင်လိုက်သည်။ သို့သော် အသံတစ်သံက သူ့အား ရုတ်ချည်းတားဆီးလာလေ၏။

“ အရှင်ဧကရာဇ်ခုံ ကျွန်တော် မေးခွန်းတချို့များ မေးလို့ရမလား” တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ဝမ်ဝေ့က ဘေးတွင်ရှိနေပြီး အပူချိန် ၁၁၀ ဒီဂရီလောက်တွင် ငရုတ်သီးတောင့်စားထားသလိုမျိုး ချွေးထွက်နေသည့် ယန်းချန်နှင့် မတူဘဲ ထုတ်မေးလိုက်သည်။

ဧကရာဇ်ခုံက ဝမ်ဝေ့အား ကြည့်ကာ “ ကောင်လေး မင်း ငါ့သားနဲ့ ကျောင်းတော်ကို လုပ်ခဲ့တာတွေကိုတောင် မပြောရသေးဘူး။ မင်းက ငါ့ကို မေးခွန်းမေးရဲတယ်လား။ မင်းကို ဘာမှမလုပ်တာနဲ့တင် မင်း ပျော်သင့်နေပြီ”

ဝမ်ဝေ့က ထိုအဖြေကြောင့် ပြုံးလိုက်သည်။

“ ဘယ်လောက်တောင် အတင့်ရဲတဲ့ လူငယ်လေးလဲ…” ဧကရာဇ်ခုံက တွေးလိုက်သည်။

ငါသာ သူ့ကို တိုက်ခိုက်ရင် သူ့ဘိုးဘေးတွေက ဆင်းလာကယ်မယ်လို့များ ထင်နေတာလား။ ဒါပေမဲ့ သူသိသလောက်ဆိုရင် သူ့ဂိုဏ်းက ဧကရာဇ်တွေ အကုန်လုံးက ထာဝရအဆုံးမဲ့ တက်လှမ်းမှုကမ္ဘာထဲကနေ ပျောက်ကွယ်သွားတာ ကြာလှပြီ။ အများစုက သူတို့ကို သေပြီလို့ ထင်နေကြတာလေ

သို့သော် ဧကရာဇ်ခုံက ထိုလူများထဲမှ တစ်ယောက် မဟုတ်ပေ။ ထာဝရဧကရာဇ်တစ်ပါးအနေနှင့် သူ့မျိုးနွယ်ကို သတ်ဖြတ်ဖို့ရာ မဖြစ်နိုင်ကြောင်း သိထားလေသည်။ သူတို့၏ နာမည်ကို သိသည့်သူ တစ်ယောက်ရှိနေသရွေ့ သို့မဟုတ် သူတို့၏ နာမည်တည်ရှိနေသည့် အကြောင်းအရင်းတစ်ခုခု ရှိနေသရွေ့ ထာဝရဧကရာဇ်က သူတို့ဘာသာသူတို့ ထိုအချက်ကို အသုံးပြု၍ ပြန်လည်ရှင်သန်ထမြောက်လာနိုင်သည်။

ထိုကြောင့် တာအိုအခွင့်အလမ်းဂိုဏ်း၏ ဧကရာဇ်ချီယွမ်နှင့် ဓားဧကရီတို့က အသက်ရှင်နေဆဲ ဖြစ်၏။ ထို့အပြင် သူက ကမ္ဘာကို စစ်ဆေးကြည့်လိုက်သည့်အခါ ဂိုဏ်း၏ တိုက်ပွဲမျှော်စင်အတွင်း ကျန်ရစ်နေသည့် တိုက်ပွဲရူးဧကရာဇ်၏ အငွေ့အသက်ကို သတိထားမိလိုက်သည်။

ဒီလူငယ်လေးက လျှို့ဝှက်ချက်တွေ၊ အလားအလာတွေနဲ့ ပြည့်နေတယ်ဆိုတော့ သူ့အပေါ် ကံကြမ္မာအချို့ ပျိုးကြဲပေးလိုက်တာ မဆိုးပါဘူး

“ လူငယ်လေး  … မင်းရဲ့မေးခွန်းက ဘာလဲ”

“ အရှင်က ဘယ်နယ်ပယ်မှာလဲ။ အတိအကျဆိုရရင် မဟာဧကရာဇ်အဆင့်ပြီးတဲ့အချိန်မှာ ဘယ်နယ်ပယ် ရှိတာလဲ”

“ ရည်မှန်းချက် ကြီးလိုက်တာ” ဧကရာဇ်ခုံက ဖြေလိုက်သည် “ မင်းရဲ့ ပါရမီနဲ့ ဒီအရာကို သိချင်တာ နားလည်ပါတယ်။ ဒီကျင့်ကြံဆင့်ရဲ့ နောက်အဆင့်က ကောင်းကင်ဘုံအဆင့်ပဲ”

ထို့နောက် ဧကရာဇ်ခုံနှင့် ပိုင်ဟန်တို့က တစ်ခါမှ မတည်ရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားလေသည်။ ထိုစဉ် ဝမ်ဝေ့က အတွေးများကြား နစ်မြောနေလေ၏။

ကောင်းကင်ဘုံအဆင့်လား။ စံပြကအဆင့်က ဒါပြီးရင် ရောက်လာတာလား။ ဒါမှမဟုတ် ဒီနှစ်ခုကြားမှာ တခြားနယ်ပယ်အဆင့်တွေ ရှိသေးတာလား။ ဒါတွေက ငါ့အတွက် အလှမ်းဝေးလွန်းတယ်

ဧကရာဇ်ခုံက ဒီလိုမျိုး လျှို့ဝှက်ချက် ပြောပြတဲ့အခါမှာ အထွတ်အထိပ်စိတ်ဆန္ဒက ဘာလို့ ပေါ်မလာရတာလဲ။ သူ့ရဲ့ ကျင့်ကြံဆင့်က မြင့်မားနေလို့လား။ ဒါမှမဟုတ် တခြားတစ်ခုကြောင့်လား။ ဒါမှမဟုတ် ပေါ်လာဖို့အတွက် လိုအပ်ချက်တွေ ရှိတာလား

“ သခင်လေး ဒီလိုမျိုး မစွန့်စားသင့်ဘူး” ဧကရာဇ်ခုံထွက်သွားပြီးနောက် ယန်းချန်က အသက်ပြင်းပြင်းရှူရင်း သတိပေးလိုက်သည်။ စောနလေးကအထိ သူက အဆုံးသတ်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ တစ်ခုတည်းသော အတွေးက သူ့ကိုယ်သူ ဖောက်ခွဲလိုက်ပါက သူ့သခင်လေး ထွက်ပြေးနိုင်မည့် အခွင့်အရေး ရ၊ မရသာ ဖြစ်၏။

“ အကြီးအကဲချုပ်က မဟာဧကရာဇ်တစ်ယောက်ရဲ့ စိတ်ကို လျှော့တွက်လွန်းတယ်။ သူက လူငယ်မျိုးဆက်တစ်ယောက်နဲ့ သဘောထား မတူညီတာနဲ့ တိုက်ခိုက်မှာ မဟုတ်ပါဘူး”

“ ဒါပေမဲ့ သခင်လေးရဲ့ အပြုအမူတွေက မဆင်မခြင် ပြုမူလွန်းတယ်”

“ မဆင်မခြင် ပြုမူတာ မဟုတ်ပါဘူး။ တွက်ချက်ပြီးမှ ပြုမူတာပါ”

“ သခင်လေး ဘာကို ပြောချင်တာလဲ”

“ မဟာဧကရာဇ်တွေက သူတို့ ထွက်သွားပြီးတဲ့နောက်မှာ လောကကိစ္စတွေမှာ ဝင်မပါဘူးဆိုတာကို သတိထားမိလား။ သူတို့ရဲ့ မိသားစု ဒါမှမဟုတ် သူတို့ရဲ့ ဂိုဏ်း ပျက်သုဉ်းသွားတာတောင်မှပဲ သူတို့က တစ်ခါမှ ပေါ်ထွက်မလာကြဘူး” ဝမ်ဝေ့က ဖြေလိုက်သည်။

“ သခင်လေး ဆိုလိုချင်တာက…”

“ ဟုတ်တယ်။ သူတို့မှာ အဲလိုလုပ်ဖို့အတွက် အတားအဆီးတွေ ရှိနေတဲ့ပုံပဲ”

ယန်းချန်က ခဏတာ စဉ်းစားပြီးနောက် သက်ပြင်းချလိုက်ကာ “ သခင်လေးပြောတာ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမဲ့ အဖြေမရတဲ့ မေးခွန်းကို အသက်စွန့်မေးဖို့ ထိုက်တန်ရဲ့လား”

ဧကရာဇ်ခုံက အဖြေကို ငါ တစ်ယောက်တည်းကြားရအောင် လုပ်သွားတာတူတယ်။ အဲဒါကြောင့် အထွတ်အထိပ်ဆန္ဒ ပေါ်မလာတာများလား ဒါမှမဟုတ် ဧကရာဇ်က တခြားနည်းလမ်းတစ်ခုခုကို သုံးပြီးတော့ ငါ့ကို သတင်းအချက်အလက် ပြောပြသွားတာလား …

ဝမ်ဝေ့၏ မျက်နှာပေါ်မှ ထူးထူးဆန်းဆန်း အပြုံးကိုမြင်ကာ ယန်းချန်၏ အကြည့်များက တောက်ပသွားကာ တစ်ခုခုကို သဘောပေါက်သွားလေသည်။

“ ဒီလိုဆိုရင်တော့ အမှန်တကယ် ထိုက်တန်ပါတယ်။ ကောင်းပြီ။ ကျုပ်တို့ တခြားသူတွေ မစိုးရိမ်ခင် ဂိုဏ်းကို မြန်မြန်ပြန်ရအောင်”

လေဟာနယ်ကို ချိုးဖျက်ပြီးသည့်နောက်တွင် ယန်းချန်က ဝမ်ဝေ့နှင့်အတူ အိမ်သို့ အမြန်ပြန်ရောက်လာသည်။ မိနစ်ပိုင်းကြာမြင့်ပြီးနောက် သူတို့က ရောက်ရှိလာသည့်အခါ ဝမ်ဝေ့က ဝူဟုန်သည် သူ့အား တောင်ခြေတွင် စောင့်နေကြောင်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူက သူမအား သွား၍ နှုတ်ဆက်လိုက်သည်။

“ စောစောလေးက တစ်ကမ္ဘာလုံးကို စစ်ဆေးသွားတဲ့ အားကောင်းတဲ့ စိတ်ဆန္ဒတစ်ခုကို ခံစားမိလိုက်တယ်။ အားလုံးအဆင်ပြေရဲ့လား” ဝူဟုန်က မေးလိုက်သည်။

“ ဟုတ်တယ်။ ကိုယ် ဧကရာဇ်ခုံနဲ့ တွေ့လာတာ”

“ သူလား။ သူ့လိုသတိကြီးတတ်တဲ့ သဘာဝမျိုးနဲ့ ရှင့်အနားက ထူးခြားချက်တွေကို မြင်တာနဲ့ သူ့အလိုလိုသိစိတ်က ရှင့်ကို လျစ်လျူရှုဖို့ ပြောနေမှာပဲ။ ရှင်သာ သူ့ကို ရန်မစခဲ့ဘူးဆိုရင်ပေါ့။ ရှင် သူ့ကို ရန်စမိသေးလား”

“ ဘယ်ဟုတ်ပါ့မလဲ။”

“ ဒါပေမဲ့ ရှင် သူ့ကို အဲလိုမျိုး လွှတ်လိုက်တာတော့ မဟုတ်ဘူးမလား”

ဝမ်ဝေ့က ခဏတာ ဆွံ့အသွားပြီးနောက် “ သူ့ကို မဟာဧကရာဇ်အဆင့်ပြီးရင် ဘာအဆင့်လဲလို့ပဲ မေးလိုက်တာပါ”

“ အဲတာဆိုတော့ ရှင်က မိုးမြေရဲ့ လျှို့ဝှက်ချက်ကို ပြောပြတာ သူ ပြဿနာတတ်၊ မတတ် သိချင်နေတာမလား။ ဒါပေမဲ့ ဧကရာဇ်ခုံရဲ့ စွမ်းအားနဲ့ဆိုရင် ဒီစည်းမျဉ်းတွေကို ဘာအကျိုးဆက်မှ မခံယူဘဲနဲ့ ပြောပြဖို့ လွယ်ကူပါတယ်။”

“ အဲလိုဖြစ်ပုံပါပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ဝူဟုန်နှင့်အတူ သူ့မိသားစုအား သွား၍ တွေ့ဆုံလိုက်သည်။ သူတို့နှင့် မတွေ့ရသည်မှာ နှစ်နှစ်ရာကျော် ကြာမြင့်ခဲ့သည် မဟုတ်ပါလော။

သူ့မိသားစုနှင့် ပြန်လည်ဆုံတွေ့ပြီးနောက်တွင် နှစ်ယောက်သားက ဂိုဏ်းရှိ တောင်ထိပ်တစ်ခုသို့ ပျံသန်းသွားလိုက်ကြသည်။ ထိုနေရာတွင် ဂိုဏ်းရှိ အထက်ပိုင်းများစွာက စောင့်ဆိုင်းနေကြ၏။

“ အရာအားလုံး အဆင်သင့်ဖြစ်ပြီလား” ဝမ်ဝေ့က ပြန်လည်မွမ်းမံရေး ခန်းမဆောင်၏ မဟာအကြီးအကဲဖြစ်သူ ဝမ်ဖူအား မေးလိုက်သည်။

“ ဟုတ်ကဲ့ သခင်လေး” ဝမ်ဖူက သူ့သိုလှောင်လက်စွပ်အတွင်းမှ ကြည်လင်နေသည့် အဖြူရောင်သတ္တုလုံးများ ထုတ်လိုက်သည့်အချိန် လေထဲတွင် လွင့်မြောသွားကြလေသည်။

ဝမ်ဝေ့က ဝူဟုန်အား ကြည့်လိုက်ပြီးနောက် ပြောလိုက်သည် “ အခု မင်း အလှည့်ပဲ”

သူမက ခေါင်းညိတ်လိုက်ပြီးနောက် သူ့နဖူးပေါ် လက်တင်လိုက်သည့်အချိန် သူ့ နဖူးအထက် သင်္ကေတများစွာ ထွက်ပေါ်လာလေသည်။ ပြောရလျှင် သူ့ဝိညာဉ်မှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ထိုသင်္ကေတများက ကောင်းကင်တွင် ပျံသန်းသွားကာ ပြီးပြည့်စုံသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

နောက်ဆုံးတွင် ထိုအလင်းသုံးထောင်က သင်္ကေတအစီအရင်အတွင်း ဝင်ရောက်သွားပြီးနောက် မြောလွင့်နေသည့် သတ္တုလုံးအတွင်း ဝင်ရောက်သွားကြပြီး ပို၍ပင် မြင့်မြတ်ကြီးကျယ်လာသည်။ ကျမ်းများအကြောင်း ရှင်းပြနေသည့် လူများစွာ၏ အသံကိုလည်း ကြားနေရသည်။

“ အစ်ကိုကြီးက တာအိုကျောက်ပြားတွေရဲ့ သတင်းအချက်အလက်အကုန်လုံးကို မှတ်သားနိုင်တာကို တကယ်ကို မယုံနိုင်သေးဘူး။ ကျွန်တော်အဖေ ပြောစကားအရတော့ သူတို့က မဟာဧကရာဇ်တွေရဲ့ တာအိုရှင်းပြတဲ့ အသံဆို။ သူတို့ကို မှတ်သားဖို့၊ ရေးမှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နားလည်ဖို့ပဲ ဖြစ်နိုင်တာဆို”

“ မင်း မှားနေတယ်။ တကယ်က ငါလည်း မှတ်သားဖို့ ကြိုးစားခဲ့ပေမဲ့ ငါလည်း မလုပ်နိုင်ခဲ့ဘူး”

“ ဒါဆိုရင် ဒါတွေကို ဘယ်လိုလုပ် ကျောင်းတော်ကနေ ပြန်ယူလာနိုင်တာလဲ”

“ ဝူဟုန်က ငါ့ဝိညာဉ်ထဲမှာ သူတို့ကို တိတ်တဆိတ် စည်းပိတ်ပေးထားတာ။ အခု သူတို့ကို ဂိုဏ်းက ပြင်ဆင်ပေးထားတဲ့ ပစ္စည်းတွေထဲမှာ ထည့်ပြီးတော့ သိမ်းဆည်းထားလိုက်တာ”

ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူက ဧကရာဇ်ခုံသည် သူ့လှည့်ကွက်အားလုံးကို မြင်တွေ့သွားမည်လားဟု စိုးရိမ်နေမိခဲ့သည်။ အမှန်တကယ် ကံကောင်းစွာဖြင့် ဧကရာဇ်ခုံက သတိမပြုမိခဲ့သလို ဂရုစိုက်ခြင်းလည်း မရှိပေ။

ထိုအစီအစဉ် အောင်မြင်သွားပြီးသည့်နောက် တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့ဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ တိုးတက်လာ၍ အောင်ပွဲခံနေကြသည်။ တာအိုသတ္တုလုံး သုံးထောင်ဖြင့် လူများစွာက ဉာဏ်အလင်းပွင့်နိုင်ပြီ ဖြစ်ကာ သူတို့၏ ကျင့်ကြံရေးလမ်းကြောင်းကို ပိုမိုချောမွေ့အောင် လုပ်နိုင်ကြလိမ့်မည်။

ထို့အပြင် အသင်္ချေအင်ပါယာကမ္ဘာအတွင်း သတင်းတစ်ခု အလျင်အမြန် ပျံ့နှံ့လာသည်။

“ တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့ရဲ့တာအိုကျောက်ပြားတွေ ရှိပြီဆိုတော့ နောက်မျိုးဆက်မှာ သူတို့ရဲ့ ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူ စစ်ဆေးပွဲကို သူတို့ဘာသာ သူတို့ ကျင်းပကြလိမ့်မယ်”

All Chapters