အရောင်းအဝယ် စတင်ခြင်း
Vol. 76 Ch. 794
အနန္တစကြာဝဠာ ကုန်သွယ်ရေး အစီအစဉ်က အရှိန်အဟုန်ဖြင့် တိုးတက်နေသည်။
ဘုံရန်သူကို ရင်ဆိုင်ရမည်ဖြစ်သဖြင့် လူတိုင်း၏ တက်ကြွမှုမှာ အလွန်ပင် မြင့်မားနေကြသည်။
မကြာမီမှာပင် လူတစ်ချို့က သူတို့ ပိုင်ဆိုင်မှုများ၏ တန်ဖိုးကို အသေးစိတ် တွက်ချက်ပြီး ယဇ်ပလ္လင်ရှိရာသို့ ရောက်ရှိလာကြသည်။
ထန်ထျန်းသည်လည်း ၎င်းတို့နှင့် စတင်တွေ့ဆုံခဲ့သည်။
ပထမဆုံး ရောက်လာသူမှာ ထိုစဉ်က နေနတ်ဘုရား နန်းတော်တွင် နေနတ်ဘုရားကို မေးခွန်းထုတ်ခဲ့သည့် ကျိကျွင်းအိုကြီးပင် ဖြစ်သည်။
သူ၏ အမည်မှာ ကူဟိုင် ကျိကျွင်း ဟု ခေါ်သည်။
ကူဟိုင် ကျိကျွင်းက သူ့ကို မွေးဖွားပေးခဲ့သော ဤကမ္ဘာအပေါ် အလွန် နက်ရှိုင်းသော သံယောဇဉ် ရှိနေသည်ကို မြင်ရုံဖြင့် သိနိုင်သည်။
သို့မဟုတ်ပါက နေနတ်ဘုရား၏ အမျက်တော်ရှခြင်းကို ခံရမည့် အန္တရာယ်ကြားမှ မဟာပျက်သုဉ်း မြို့ဟောင်း အခြေအနေကို မေးမြန်းရန် ရှေ့ထွက်လာခဲ့မည် မဟုတ်ပေ။
ထို့ပြင် နေနတ်ဘုရား၏ အမိန့်ကို ရရှိပြီးနောက်တွင်လည်း မည်သည့် ဝေဖန်ချက်မျှ မပေးဘဲ တန်ဖိုးဖြတ်ခြင်း ထဲသို့ ချက်ချင်း ပါဝင်လာခဲ့ခြင်း ဖြစ်သည်။
“ အရှင်ထန်...”
ကူဟိုင် ကျိကျွင်းက ထန်ထျန်း၏ ရှေ့မှောက်သို့ အလွန် ရိုသေစွာ ရောက်ရှိလာသည်။
“ကျွန်တော် အရာအားလုံးကို အဆင်သင့် ပြင်ဆင်ပြီးပါပြီ”
ထန်ထျန်းက ခေါင်းငြိမ့်ပြပြီး လက်ဟန်ဖြင့် ဖိတ်ခေါ်လိုက်သည်။ “ဒီလောက်ကြီး အားနာမနေပါနဲ့"
"ထိုင်ပါ”
ကူဟိုင် ကျိကျွင်းက လက်သီးဆုပ် နှုတ်ဆက်ပြီး ထန်ထျန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
ထို့နောက် သူက အလင်းဖြာနေသော ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်၏။
“ဒီထဲမှာ ကျွန်တော် နှစ်ပေါင်းများစွာ တည်ထောင်ခဲ့တဲ့ အင်အားစုတွေ၊ လုပ်ငန်းတွေနဲ့ တခြား တန်ဖိုးရှိတဲ့ အသေးစိတ် အချက်အလက်တွေ အကုန် ပါပါတယ်”
“ခန့်မှန်းခြေ တန်ဖိုးကိုလည်း အထဲမှာ ရေးထားပါတယ်၊ အရှင် ကြည့်ပေးပါ”
ကူဟိုင် ကျိကျွင်းက ပြော၏ ။
ထန်ထျန်းက ကျောက်စိမ်းပြားကို ယူကာ စစ်ဆေးလိုက်သည်။
ကျောက်စိမ်းပြားကို ဖွင့်လိုက်သည်နှင့် များပြားလှသော အချက်အလက်များက ထန်ထျန်း၏ အာရုံထဲသို့ တိုးဝင်လာသည်။
ကျိကျွင်း ဆိုသည်မှာ ကမ္ဘာကြီး၏ အထွတ်အထိပ်တွင် ရှိနေသူများ ဖြစ်ကြသည်။ လုံးဝ လူသူမနီးသည့် နေရာတွင် ပုန်းအောင်းနေသူများ မဟုတ်လျှင် ကျိကျွင်းတို့၏ ပိုင်ဆိုင်မှုမှာ အလွန်ပင် ကြွယ်ဝလှသည်။
အထူးသဖြင့် နှစ်ပေါင်း သိန်းနှင့်ချီ အသက်ရှင်ခဲ့သော ကူဟိုင် ကျိကျွင်း၏ စုဆောင်းမှုမှာ အံ့မခန်းပင်။
ပထမဆုံးမှာ သူ၏ အဓိက အင်အားစုဖြစ်သော တုနန့် မြင့်မြတ်နယ်မြေ ဖြစ်သည်။
ဤနယ်မြေက ကူဟိုင် ကျိကျွင်း၊ ကျိကျွင်းအဆင့်သို့ ရောက်ရှိပြီး နှစ်ပေါင်း တစ်သိန်းကျော်အကြာတွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
၎င်းက နှစ်ပေါင်း ငါးသိန်းကျော် သက်တမ်းရှိနေပြီဖြစ်ရာ အနန္တစကြာဝဠာရှိ ရှေးအကျဆုံး မြင့်မြတ်နယ်မြေများထဲမှ တစ်ခု ဖြစ်သည်။
တုနန့် မြင့်မြတ်နယ်မြေ၏ နယ်နိမိတ်မှာ အလွန် ကျယ်ဝန်းလှပြီး ထိုက်ယိ မြင့်မြတ်နယ်မြေထက် ဆယ်ဆခန့် ပိုကြီးသည်။
နှစ်ပေါင်း ငါးသိန်းကျော် တည်တံ့လာသော ထိုကဲ့သို့ အင်အားစုကြီး၏ စည်ကားမှုနှင့် တန်ဖိုးမှာ မှန်းဆ၍ပင် မရနိုင်ချေ။
ထို့အပြင် တုနန့် မြင့်မြတ်နယ်မြေ၏ လက်အောက်တွင် အောက်ကမ္ဘာ ပေါင်း ဒါဇင်ချီ ရှိနေပြီး အရင်းအမြစ် ကြွယ်ဝသော ကမ္ဘာငယ်လေးများလည်း ပါဝင်သည်။ ထိုအရာတစ်ခုချင်းစီ၏ တန်ဖိုးမှာပင် နက္ခတ္တဗေဒ ကိန်းဂဏန်းများကဲ့သို့ များပြား လှသည်။
အထက်ပါ အချက်များမှာ ပုံသေပိုင်ဆိုင်မှုများသာ ရှိသေးသည်။
ကူဟိုင် ကျိကျွင်းတွင် ကုန်သွယ်ရေးလုပ်ငန်းများ အပါအဝင် လုပ်ငန်းပေါင်းစုံ ပါဝင်သော အင်အားစုများစွာ ရှိနေသေးပြီး ၎င်းတို့အားလုံး ပေါင်းစပ်လိုက်လျှင် တန်ဖိုးမှာ ထိတ်လန့်စရာပင်။
နောက်ဆုံးတွင်မူ သူ သိမ်းပိုက်ထားသော လျှို့ဝှက်နယ်မြေများ၊ ရှေးဟောင်း အပျက်အစီးများ စသည်ဖြင့် အစုံအလင် ပါဝင်သည်။
ခြုံကြည့်လိုက်လျှင် ကူဟိုင် ကျိကျွင်းက သူ ပိုင်ဆိုင်သမျှ အရာအားလုံးကို တကယ်ပင် ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။
ထိုအရာအားလုံးကို စုပေါင်း တန်ဖိုးဖြတ်ထားသည့် ဂဏန်းကို မြင်လိုက်ရသောအခါ ထန်ထျန်းပင် အသက်ရှူမှားသွားရသည်။
“သောက်..."
" ဒါကြီးက...”
"ကျောက်သိမ်းခရစ်စတယ်က ဒီလောက်တောင် များတာလား”
ဂဏန်းက အလွန်ကြီးမားလွန်းသဖြင့် သူ လွယ်လွယ်ကူကူပင် ထုတ်မဖတ်နိုင်တော့ချေ။
ထန်ထျန်း၏ တုံ့ပြန်မှုကို ကြည့်ပြီး ကူဟိုင် ကျိကျွင်းက မျက်မှောင်ကြုတ်ကာ ပြော၏ ။ “အရှင်... ဒီဈေးနှုန်းက နေနတ်ဘုရားက အထူးမှာကြားထားတဲ့အတိုင်း ပုံမှန်ပေါက်ဈေးအတိုင်း တန်ဖိုးဖြတ်ထားတာပါ”
“ဒါပေမဲ့ တကယ်တော့ ကျွန်တော့်အတွက် ကျောက်စိမ်းခရစ်စတယ် တွေ မလိုအပ်ပါဘူး”
“အကယ်၍ ဒီပစ္စည်းတွေက နောက်ပိုင်းမှာ ကျွင်းချန်ချင်းကို ရင်ဆိုင်တဲ့နေရာမှာ တကယ် အသုံးဝင်မယ်ဆိုရင် ကျွန်တော် အလကား ပေးဖို့ အဆင်သင့်ပါပဲ၊ ဘာမှ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး”
သူက အလွန် ရိုးသားစွာ ပြောလိုက်သည်။
ထန်ထျန်းက သူ နားလည်မှု လွဲနေသည်ကို သိသဖြင့် လက်ခါပြကာ ပြော၏။ “အလကား ပေးတာကတော့ တကယ် မရဘူးဗျ”
“ခင်ဗျားလည်း အများကြီး မတွေးပါနဲ့၊ ကျွန်တော်က ဒီလောက်ကြီးမားတဲ့ ဂဏန်းကို ပထမဆုံး မြင်ဖူးလို့ အံ့သြသွားရုံတင်ပါ”
“ ကျောက်စိမ်းခရစ်စတယ် က ကျွန်တော့်အတွက် ပြဿနာ မဟုတ်ပါဘူး၊ လုံလောက်ပါတယ်”
“အကယ်၍ ဒီတန်ဖိုးဖြတ်ထားတယ့် အပေါ် ခင်ဗျားမှာ တခြား သဘောထားမရှိဘူးဆိုရင် ကျွန်တော်တို့ အရောင်းအဝယ် ချက်ချင်း လုပ်လို့ရပါပြီ”
ကူဟိုင် ကျိကျွင်း ခေတ္တ တိတ်ဆိတ်သွားသည်။
အမှန်တော့ သူလည်း နေနတ်ဘုရားနှင့် ထန်ထျန်းတို့ ဘာကြောင့် ဤသို့ လုပ်သနည်းဆိုသည်ကို နားမလည်ပေ။
အလကား ပေးသည်ကို မယူဘဲ ပုံမှန် ကုန်သွယ်မှု လမ်းကြောင်းအတိုင်း သွားနေကြသည်။
တစ်ချို့လူတွေ ပေးဆပ်ဖို့ ဝန်လေးနေမှာကို စိုးရိမ်လို့လား
သို့သော် နားမလည်နိုင်သော်လည်း သူက နေနတ်ဘုရားကို ယုံကြည်ရန်နှင့် ကမ္ဘာ့အရှင် ကိုယ်တိုင် ရွေးချယ်ခဲ့သည့် ဤကပ်ဘေးရိပ်သိမ်းသူ ထန်ထျန်းကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
ထို့ပြင် လက်ရှိ အခြေအနေအရ ထိုအင်အားစုများနှင့် ပိုင်ဆိုင်မှုများမှာ ထူးပြီး အဓိပ္ပာယ် မရှိတော့ပေ။
အရာအားလုံးကို တန်ဖိုးတူ ကောင်းကင်တာအိုကျောက်စိမ်းခရစ်စတယ် အဖြစ် ပြောင်းလဲလိုက်ခြင်းက ကျိကျွင်းများအတွက် ပို၍ပင် ကောင်းမွန်သော ကိစ္စဖြစ်နေပေသေးသည်။
“ကောင်းပါပြီ၊ အရောင်းအဝယ် လုပ်ကြတာပေါ့”
“ဒါဆို ကျွန်တော်တို့ ဘယ်လို ပုံစံနဲ့ အရောင်းအဝယ် လုပ်ကြမလဲ”
ကူဟိုင် ကျိကျွင်းက မေးသည်။
ထန်ထျန်းက စဉ်းစားပြီးနောက် ပြော၏။ “ကျွန်တော်တို့ နှစ်ဦးသဘောတူ စာချုပ် တစ်ခု ချုပ် ကြတာပေါ့”
သာမန် အရောင်းအဝယ်ဆိုလျှင် ပိုက်ဆံပေး၊ ပစ္စည်းယူ လုပ်ရုံသာ ဖြစ်သည်။
သို့သော် ယခုကဲ့သို့ ကြီးမားသော အရောင်းအဝယ်မျိုးတွင် ထိုသို့ လုပ်ရန် မဖြစ်နိုင်ပေ။
ပိုင်ဆိုင်မှု အများစုမှာ အင်အားစုများနှင့် နယ်မြေများ ဖြစ်နေသည်ကို ထည့်သွင်းစဉ်းစားပြီး ထန်ထျန်းက စာချုပ် နည်းလမ်းကို တင်ပြလိုက်ခြင်း ဖြစ်သည်။
ဤသည်မှာ ကျင့်ကြံရေးလောကတွင် တရားဝင်ဆုံးသော ကုန်သွယ်မှု နည်းလမ်းဖြစ်သည်။ ကျိကျွင်းအောက် အဆင့်များက ကောင်းကင်တာအိုစာချုပ် ကို အသုံးပြုကြသော်လည်း ကျိကျွင်းအဆင့်နှင့် အထက်တွင်မူ နှစ်ဖက်စလုံး၏ ကျိကျွင်းမူလစွမ်းအား ကို အသုံးပြုကာ နိယာမများ၏ အထက်တွင် ရှိသော ကျိကျွင်း စာချုပ် ကို အတူတကွ တည်ဆောက်ကြရသည်။
ဤသည်မှာ ကောင်းကင်တာအို ၏ ချုပ်နှောင် မှုထက်ပင် ပိုမို အစွမ်းထက်သော စာချုပ် ဖြစ်သည်။
ထန်ထျန်းက ဤမျှအထိ တရားဝင် လုပ်ဆောင်ရခြင်းမှာ ဘေးကင်းစေရန် အတွက်ဖြစ်သည်။
ဤတစ်ကြိမ်တွင် သူ၏ စနစ်နှစ်ခု အကျိုးသက်ရောက်မှုကို သေချာပေါက် အသက်ဝင်စေရန် လိုအပ်သောကြောင့် ဖြစ်သည်။
“ပြဿနာ မရှိပါဘူး”
ကူဟိုင် ကျိကျွင်းက ပြော၏ ။
ထို့နောက် ၎င်းတို့က ကျောက်စိမ်းပြားအတွင်းရှိ အချက်အလက်များအပေါ် အခြေခံကာ အသေးစိတ် အချက်အလက်များ ပါဝင်သော အရောင်းအဝယ် စာချုပ် တစ်ခုကို အမြန်ဆုံး ရေးသားလိုက်ကြသည်။
စာလုံးရေ စုစုပေါင်း သန်းနှင့်ချီ ရှိသော်လည်း ကျိကျွင်းများအတွက်မူ ခက်ခဲသော ကိစ္စမဟုတ်ပေ။
စာချုပ် ရေးသားပြီးနောက် နှစ်ဦးစလုံးက သူတို့၏ ကိုယ်ပိုင် မူလစွမ်းအားများကို ထုတ်ကာ စာချုပ် အတွင်းသို့ ပေါင်းထည့်လိုက်ကြသည်။
မမြင်ရသော စာချုပ်က လေထုထဲတွင် စတင် တောက်ပလာသည်။
ခဏအကြာတွင် စာချုပ် မှာ အလယ်မှ ကွဲထွက်သွားပြီး နှစ်စောင် ဖြစ်သွားကာ ထန်ထျန်းနှင့် ကူဟိုင် ကျိကျွင်းတို့၏ လက်ထဲသို့ အသီးသီး ကျရောက်လာသည်။
ဤသို့ဖြင့် အရောင်းအဝယ် မှာ လုံးဝ ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။
ထန်ထျန်း စာချုပ် ကို လက်ထဲတွင် ကိုင်ထားစဉ်မှာပင် ရင်းနှီးနေသော စနစ်၏ အသိပေးသံက ဦးနှောက်ထဲတွင် မြည်ဟည်းလာခဲ့သည်။
“အရောင်းအဝယ် ပြီးမြောက်ပါပြီ”
“အကန့်အသတ်မဲ့ သုံးစွဲမှုစနစ် ကို အောင်မြင်စွာ အသက်ဝင်စေခဲ့ပါပြီ၊ သင်သည် သုံးစွဲမှုအမှတ်: **** ကို ရရှိခဲ့ပါသည်”
“သုံး လေ တိုးလေစနစ် ကို အောင်မြင်စွာ အသက်ဝင်စေခဲ့ပါပြီ၊ သင်သည် မူလကောင်းကင်တာအိုကျောက်စိမ်း : **** ကို ရရှိခဲ့ပါသည်”
ထန်ထျန်းက သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။
ရင်ထဲတွင် တနုံ့နုံ့ ဖြစ်နေသော စိုးရိမ်မှုကြီးမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
စနစ်နှစ်ခုစလုံးက ဤကုန်သွယ်မှုကို အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။
ထို့ပြင် ရရှိလာသော သုံးစွဲမှုအမှတ် အရေအတွက်မှာလည်း လုံးဝ ပြဿနာ မရှိပေ။
ခန့်မှန်းခြေ တွက်ချက်ကြည့်ပြီးနောက် ထန်ထျန်းက ယခုတစ်ကြိမ် အရောင်းအဝယ်တစ်ခုတည်းကပင် သူ စတင်ချိန်မှ ယနေ့အထိ ရရှိခဲ့သော သုံးစွဲမှုအမှတ် စုစုပေါင်းထက်ပင် ကျော်လွန်နေသည်ကို တွေ့လိုက်ရသည်။
ကျိကျွင်းတစ်ဦးတည်း၏ စုဆောင်းမှုမှာပင် ဤမျှ ကြောက်စရာကောင်းနေလျှင် ဝူရှန့်ကျိကျွင်းတွေ ဆိုရင်ရော ကမ္ဘာ့ ဝိညာဉ်အကြွင်းအကျန်တွေကရော
ဤမျှ များပြားလှသော သုံးစွဲမှုအမှတ်များကို အသုံးပြုလိုက်လျှင် သူ၏ ခွန်အား မှာ...
ကျွင်းချန်ချင်းကို ကျော်ဖြတ်ရန် ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စ မဟုတ်တော့ချေ