← Chapters

တာအိုသက်သေပြပစ္စည်း

Vol. 20 Ch. 280

တာအိုသက်သေပြပစ္စည်း

Vol. 20 Ch. 280

အခန်း (၂၈၀) : တာအိုသက်သေပြပစ္စည်း

ချောင်းနဉ်က ဝမ်ဝေ့အား ဥယျာဉ်အလယ်သို့ ခေါ်သွားလိုက်သည်။ သူမ လက်တစ်ချက်အဝှေ့တွင် ဥယျာဉ်က နှစ်ခြမ်းကွဲထွက်သွားပြီး တောက်ပနေသည့် အစိမ်းရောင်ရွှံ့တုံး တစ်ခု ထွက်ပေါ်လာသည်။

“ ဒါက အဝါရောင်ချီမြေပဲ။ ကုန်းမြေတွေကို ပြန်လည်စိုက်ပျိုးလို့ရအောင် အားဖြည့်ပေးနိုင်တဲ့ ပင်ကိုပစ္စည်းလို့ လူသိများကြတယ်။ ရှေးခေတ်တုန်းက အားကောင်းတဲ့လူတွေက ဒီပစ္စည်းကို သုံးပြီး သူတို့ရဲ့ စိတ်ဝိညာဉ် ဆေးဥယျာဉ်တွေကို ကြီးထွားအောင် လုပ်ဖို့ အသုံးပြုကြတယ်။ လက်ရှိအချိန်မှာ မဟာဧကရာဇ် တော်တော်များများက ဒီလိုပစ္စည်းမျိုးကို လိုက်ရှာနေခဲ့ပေမဲ့ လူနည်းနည်းပဲ အောင်မြင်ခဲ့တယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “ ဒါ ကျုပ်ကို ပေးတာလား။ ဒီလိုမျိုးပဲလား”

ချောင်းနဉ်က ခေါင်းညိတ်လိုက်သည်။

“ ဘာလို့လဲ။ ကျုပ်က တိထျန်းရဲ့ ပြိုင်ဘက်ဖြစ်ပြီးတော့ ဒါကို ပေးလိုက်တဲ့အကျိုးဆက်ကို သိထားတယ် မဟုတ်ဘူးလား”

ချောင်းနဉ်က နေမင်းကြီးကို မော့ကြည့်လိုက်ရင်း ပြန်ဖြေလိုက်သည် “ ကျွန်မ ပြောတဲ့ဟာကို ရှင် နားလည်နိုင်မှာ မဟုတ်ပေမဲ့ တချို့ကိစ္စတွေက ဖြစ်လာဖို့ ကံကြမ္မာဖန်လာပြီးသားပဲ။ တိုက်ခိုက်နေမဲ့အစား အခြေအနေကို အသုံးချလိုက်တာက အကောင်းဆုံးပဲ”

ထို့နောက် သူမက သူ့အားကြည့်ကာ “ ရှင့်ကို ဒီပစ္စည်းလွယ်လွယ်ကူကူ ပေးတဲ့အကြောင်းအရင်းက နောင်အနာဂတ်မှာ ကျွန်မအတွက် ပြင်ဆင်နေသလိုပဲ သဘောထားလိုက်ပါ။ တစ်ရက်ကျရင် ရှင် ပြန်ဆပ်ရမဲ့ ကံကြမ္မာကို အခု ချေးငှားပေးတယ်ဆိုတဲ့ သဘောမျိုးပေါ့”

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ဘာလုပ်ရမလဲဟု စဉ်းစားလိုက်သည်။ သူက ထိုအမျိုးသမီးသည် ထူးဆန်းကြောင်း သိထားပြီး သူမက မည်သူမှန်း နောက်ဆုံးတော့ သိသွားလေပြီ။ သူမက သေဆုံးသွားသည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း ယခုအထိ တည်ရှိနေဆဲ ဖြစ်၏။

သူမက ဝိညာဉ် သို့မဟုတ် တစ္ဆေအဖြစ် ပြောင်းလဲသွားလျှင်ပင် ဧကရာဇ်အစောပိုင်းခေတ်ကတည်းက အသက်ရှင်ဖို့ မဖြစ်နိုင်ပေ။

ပို၍အရေးကြီးသည်က သူမတွင် ကံကြမ္မာကြိုးမျှင် ရှိမနေပေ။ ယခင်စမ်းသပ်မှုများအရ တစ္ဆေများနှင့် ဝိညာဉ်များတွင်ပင် ကံကြမ္မာကြိုးမျှင် ရှိတတ်ကြသည်။ သို့သော် သူမတွင် ကံကြမ္မာကြိုးမျှင် မရှိသည့်အတွက် ရှင်းမပြနိုင်သည့် တည်ရှိမှုမျိုး ဖြစ်နေလေသည်။

ဝမ်ဝေ့က စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည် “ ကောင်းပြီ။ ခင်ဗျားရဲ့ အပေးအယူကို လက်ခံတယ်”

သူက တစ်ရက်တွင် ပြန်လည်ပေးဆပ်ရမည်မှန်း သိထားသော်လည်း ယခု သူ့အား ပေးနိုင်သည့် အကျိုးအမြတ်ကြောင့် လက်ခံလိုက်လေသည်။

ဝမ်ဝေ့က ဥယျာဉ်မှ အဝါရောင်ချီမြေအား ထုတ်ယူဖို့ သင့်တော်သည့်နည်းလမ်းကို အသုံးပြုပြီးနောက် ပစ္စည်းတစ်ခုထဲ ထည့်သိမ်းဆည်းကာ မေးလိုက်သည် “ ခင်ဗျားက ကံကြမ္မာကို ချေးငှားချင်တယ်ဆိုတော့ ပင်ကိုမီးဓာတ်ပစ္စည်းနဲ့ ပတ်သက်ပြီးတော့ ပြောပြပေးလို့ရမလား”

“ ဘယ်လောက်တောင် ရဲတင်းလိုက်တဲ့ လူငယ်လေးလဲ” ချောင်းနဉ်က အပြုံးဖြင့် ပြန်ဖြေလိုက်သည် “ ဒါပေမဲ့ ငါ သိထားသမျှ ပင်ကိုမီးဓာတ်ပစ္စည်းတွေက ယူသွားပြီး အသုံးပြုသွားကြပြီ။ မင်း တကယ်လို့ ကမ္ဘာဦးခေတ်ကတည်းက လျှို့ဝှက်နယ်မြေတစ်ခုကို ရှာတွေ့နိုင်မယ်ဆိုရင်တော့ ရှာတွေ့နိုင်ချေ ရှိတယ်”

“ ကမ္ဘာဦးခေတ်ကတည်းက လျှို့ဝှက်နယ်မြေလား။ အဲလိုအရာက ရှိရော ရှိလို့လား”

“ ကမ္ဘာဦးခေတ်ကိုတော့ မင်းသိတယ်မလား”

“ ကျုပ် နည်းနည်းတော့ သိထားပါတယ်”

ချောင်းနဉ်က ခေါင်းညိတ်ကာ “ ဒီကမ္ဘာမှာ ဟွင်သွမ်းချီနဲ့ ကောင်းကင်ချီတွေ စတင်ပျောက်ကွယ်လာတုန်းက တာအိုက အဲဒီရှားပါးပစ္စည်းတွေကို ထိန်းသိမ်းဖို့အတွက် လျှို့ဝှက်နယ်မြေတချို့ ဖန်တီးခဲ့တယ်။

အဲဒါက လက်ရှိမူလလမ်းစဉ် အဖွဲ့အစည်းကိုလည်း အားဖြည့်ပေးထားတယ်။ ဒါပေမဲ့ လက်ရှိခေတ်ကာလမှာ လျှို့ဝှက်နယ်မြေအရေအတွက်က လက်တစ်ဖက်တည်းနဲ့ ရေတွက်လို့ရတယ်။ ကြည့်ရတာ သူတို့တွေက မကြာခင် ပျောက်ကွယ်သွားတော့မဲ့ပုံပဲ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် သူမနှင့် စကားအနည်းငယ် ဆက်ပြောခဲ့သည်။ နာရီအနည်းငယ်ကြာပြီးသည့်နောက် ထွက်လာခဲ့လိုက်၏။

ချောင်းနဉ်က သူ ထွက်သွားသည်ကို ကြည့်ရင်း ရေရွတ်လိုက်သည်

“ ထျန်းအာ … ရှင် တကယ်လို့ အောင်မြင်ခဲ့ရင်တောင် ကျွန်မ ချစ်ကျွမ်းဝင်ခဲ့သူနဲ့ တစ်ယောက်တည်း ဖြစ်နေဦးမှာလား။ အချိန်တွေက ရှင့်အပေါ် ရက်စက်လိုက်တာ”

ထို့နောက် သူမက ဝမ်ဝေ့၏ ပျောက်ကွယ်သွားသော ကျောပြင်အား ကြည့်နေပြီး “ သူက ရှင်နဲ့ အများကြီးတူတယ်။ ခြားနားချက်တစ်ခုတည်းက ရှင့်လိုမျိုး သူ့ဆီမှာ သူ အလေးထားရတဲ့ဟာတွေ မဆုံးရှုံးရသေးဘူး။ ဒီလိုမျိုး ကျန်ရှိနေဖို့ မျှော်လင့်ပါတယ်”

………..

ဝမ်ဝေ့က သန့်စင်ရေးဂိုဏ်းမှ ထွက်လာပြီးသည့်နောက် ပို့ဆောင်ရေးအဆောင်ဖြင့် အလယ်ပိုင်းကုန်းမြေသို့ ချက်ချင်းပြန်မသွားသလို ယန်းချန်အား ခေါ်သွားဖို့လည်း မပြောပေ။ သူက ယင်စန္ဒာဂိုဏ်း၏ လက်အောက်ရှိ အနီးဆုံး မြို့တစ်မြို့ဆီ ပျံသန်းသွားလိုက်သည်။ ထို့နောက် သူက ဘူတာရုံဆီ ရောက်သွားလေသည်။

“ ဆရာ ဘယ်များ သွားချင်ပါလဲခင်ဗျ” လက်မှတ်ရောင်းသည့်ဝန်ထမ်းက မေးလိုက်သည်။

“ လုံဝေမြို့ကို” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ ဒါက ခရီးစဉ်အရှည်ကြီးဆိုတော့ လုံလောက်ပါတယ်” ဝန်ထမ်းက ထပ်ဖြေလိုက်သည် “ အဆင့်နိမ့် မူလကျောက်တုံးတစ်ထောင် ကျသင့်ပါမယ်ခင်ဗျာ”

“ ဒီဈေးနှုန်းက သေမျိုးတွေ တတ်နိုင်လောက်အောင် နည်းနည်းများလွန်းမနေဘူးလား”

“ ဆရာ သေမျိုးတွေက တွားသွားနဂါးယာဉ်နဲ့ ဘာလို့များ ခရီးသွားကြမှာလဲ”

“ ငါ ကြားသလောက် ယာဉ်တွေက အလယ်ပိုင်းကုန်းမြေမှာ သေမျိုးတွေရော ကျင့်ကြံသူတွေအတွက်ပါ တတ်နိုင်အောင် တည်ဆောက်ပေးထားတယ်လို့ ကြားတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ ဒီအရှေ့ပိုင်းမှာတော့ ကိစ္စတွေက မတူညီဘူး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် တန်ကြေးကို ပေးကာ ရထား သို့မဟုတ် ယာဉ်ထဲ ဝင်ရောက်လိုက်သည်။ သူက အခန်းငယ် တစ်ခုစာလုံး ပေးထားသည့်အတွက် တစ်ယောက်တည်း ထိုင်ကာ ပြတင်းပေါက်မှ ရှူခင်းများကို ကြည့်နေလိုက်သည်။

ဤရထား၏ အရှိန်က ကမ္ဘာမြေရှိအရာနှင့် မယှဉ်နိုင်ပေ။

“ ဒီလိုယာဉ်တွေက နှစ်နှစ်ရာကြာပြီးတဲ့နောက်မှာ အတော်လေး ပျံ့နှံ့လာတာကို မယုံကြည်နိုင်သေးဘူး” ယန်းချန်က အံ့ဖွယ်အသိစိတ်မှ ပြောလိုက်သည်။

“ ကျွန်တော်အတွက် ဒီအမြန်နှုန်းက မလုံလောက်သေးဘူး။ နှစ်နှစ်ရာဆိုတာက သေမျိုးတွေအတွက် မျိုးဆက်အနည်းငယ်နဲ့ ညီမျှတယ်လေ။ ကျွန်တော်တို့လို ကျင့်ကြံသူတွေက သေမျိုးတွေနဲ့ယှဉ်ရင် ကျွန်တော်တို့ရဲ့ သက်တမ်းရှည်လျားမှုကြောင့် နှေးတယ်လို့ ခံစားရတယ်”

“ကျုပ်တို့ ကမ္ဘာ ဘယ်လောက်ကျယ်ပြောလဲဆိုတာ မူတည်ပြီးတော့ တစ်ကမ္ဘာလုံးကို ဖြန့်ဖို့အတွက် နှစ်ထောင်ချီ ကြာမြင့်နိုင်တယ်”

“ အဟုတ်ပဲ။ ဒါပေမဲ့ ကျွန်တော် ခံစားမိတာက ဒါတစ်ခုထဲကြောင့်တော့ မဟုတ်ဘူး။ လူအိုကြီးတွေက ကမ္ဘာရဲ့အပြောင်းအလဲကို ခံစားမိပြီးတော့ သူတို့က မကြိုက်ကြဘူးလေ။ သူတို့က မရပ်တန့်နိုင်တော့ကြတော့ နှေးအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတာ” ဝမ်ဝေ့က လှောင်ပြုံးဖြင့် ပြောလိုက်သည်။

ယန်းချန်က သက်ပြင်းချလိုက်၏။ အကယ်၍ သူ့ဂိုဏ်း၏ သခင်ငယ်လေးသာ ဤအပြောင်းအလဲကို စီစဉ်ခဲ့သူ မဟုတ်လျှင် သူသည် ထိုလူအိုကြီးများထဲမှ တစ်ယောက် ဖြစ်လောက်သည်။

“ သခင်လေး … ဒါတွေကို ကမ္ဘာအနှံ့ဖြန့်ပြီးသွားတာနဲ့ ဘာလုပ်မှာလဲ”

“ နောက်အဆင့်က နောက်ထပ် မဟာမိတ်အဖွဲ့ပြီးတော့ ကုန်းမြေလေးခုလုံး ပေါင်းစပ်ရမဲ့ အချိန်ပဲ။ အဲဒီနည်းနဲ့ဆိုရင် ကုန်သွယ်ရောင်းဝယ်ရေးကလည်း ပိုပြီး လွယ်ကူလာလိမ့်မယ်”

“ ဒီလိုဆိုရင် သခင်လေးက ပင်လယ်မျိုးနွယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်။ သူတို့က သူတို့ခွင့်ပြုချက် မရှိဘဲ ပင်လယ်ထဲ ခြေချခွင့်ပြုမှာမဟုတ်ဘူး”

“ ခင်ဗျား ပြောတာမှန်တယ်။ ဒါပေမဲ့ ခင်ဗျားပြောတဲ့အတိုင်း အချိန်တွေအများကြီး ကျန်ပါသေးတယ်။ လူတွေက တိတ်တဆိတ် ဝင်ရှုပ်နေတာဆိုတော့ ကျွန်တော် ဧကရာဇ် မဖြစ်မလာမချင်း ရလဒ်တော့ ရှိနိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်ဖြစ် လူတွေက ကျွန်တော်တို့ရဲ့ ယာဉ်တွေကို အတုခိုးတာမျိုးဖြစ်စေချင်တာက တာအိုသက်သေပြပြီးတဲ့နောက်မှာ တည်ဆောက်မဲ့ အခြေခံအဖြစ် လုပ်စေချင်တာပဲ။ အဲဒါကြောင့် အလျင်လိုနေဖို့ မလိုဘူး”

ဝမ်ဝေ့က သူဖန်တီးထားသည့် ယာဉ်ဖြင့် ယှဉ်ရင်း စီးနင်းမှုကို ခံစားနေသည်။

လမ်းတစ်ဝက်တွင် ကျင့်ကြံသူတစ်ယောက်က ပြဿနာလာရှာသောကြောင့် အနှောင့်အယှက်အနည်းငယ် ဖြစ်သွားလေသည်။ ကံဆိုးစွာဖြင့် ထိုသူက ယင်စန္ဒာဂိုဏ်းတွင် ဒီလိုအခြေအနေမျိုးအတွက် တပည့်များကို ဘူတာရုံတွင် စောင့်ဆိုင်းစေလိမ့်မည်ဟု ထင်မထားမိပေ။ ထို့ကြောင့် ထိုသူက ရိုက်နှက်ခံလိုက်ရပြီး ကန်ထုတ်ခံလိုက်ရသည်။

ဝမ်ဝေ့က သူ့ဦးတည်ချက်သို့ ရောက်ပြီးသည့်နောက်တွင် မြို့ကို လည်ပတ်သွားလိုက်သည်။ သို့သော်လည်း ဖြစ်စဉ်က သူ ထင်ထားသလောက် စိတ်ချမ်းမြေ့စရာ မကောင်းပေ။

အစားအသောက်များသည် ကောလဟာလများအတိုင်း ကောင်းမွန်ထူးကဲသော်လည်း မြို့တစ်မြို့လုံးက သေရည်မူးနေသည့် ဓားသမားများ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေသည်နှင့်သာ ပြည့်နှက်နေသည်။ သူက သူတို့၏ မိခင်နှင့် ဇနီးများထပ် ဓားကို ချစ်မြတ်နိုးနေသည့် လူများနှင့် အဆင်မပြေလှပေ။

ထို့ကြောင့် သူက အစားအစာ စားသောက်ပြီးသည်နှင့် ယန်းချန်နှင့်အတူ ထွက်လာလိုက်၏။

အိမ်သို့ ပြန်ရောက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က အလုပ်ကိစ္စအပေါ် တန်း၍ အာရုံစိုက်လိုက်သည်။ သူက ဝမ်ကျူ စောင့်ဆိုင်းနေသည့် ကွင်းပြင်သို့ ပျံသန်းသွားလိုက်၏။ သူတို့ရှေ့တွင် နွမ်းပါးသည့် ဝတ်စုံများ ဝတ်ဆင်ထားသည့် သေမျိုးများစွာ ရှိနေလေသည်။

“ ငါ စီစဉ်ထားတဲ့အတိုင်း လုပ်ထားလား”

“ ဟုတ်ကဲ့ သခင်လေး။ သူတို့ထဲက တစ်ဝက်က ပြစ်မှုရှိတဲ့သူတွေပါ။ ကျန်တဲ့တစ်ဝက်ကတော့ စိတ်ထားဖြူစင်ပြီးတော့ ရိုးသားတဲ့ဘဝမှာ နေထိုင်ကြတဲ့သူတွေပါ”

“ လူကောင်းတွေကို သူတို့ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်ကို ပြောပြထားလား”

“ ဟုတ်ကဲ့ပါ”

“ သူတို့ရဲ့ ပေးချေမှုကရော..”

“ ဟုတ်ကဲ့။ သူတို့ရဲ့ မျိုးဆက် ၉ ဆက်ကို တာဝန်ယူပေးမယ်လို့ ပြောထားပါတယ်။ တကယ်လို့ သူတို့မှာ ကျင့်ကြံနိုင်မဲ့သူ တစ်ယောက်ယောက် ထွက်ပေါ်လာခဲ့ရင်လည်း သူတို့ပါရမီက သာမန်ဖြစ်နေရင်တောင် ဂိုဏ်းက သူတို့ကို တပည့်အဖြစ် လက်ခံပေးပါလိမ့်မယ်”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် လူအုပ်ကြီးအား ကြည့်လိုက်သည်။ သူ့လက်တစ်ချက်အဝှေ့တွင် ထိုလူများ၏ ကံကြမ္မာကြိုးမျှင်များက ထွက်ပေါ်လာလေသည်။ ထို့နောက် နောက်ထပ် လက်တစ်ချက်အဝှေ့တွင် သူ့လက်ထဲတွင် ကတ်ကြေးတစ်လက် ပေါ်လာပြီး ကံကြမ္မာကြိုးမျှင်ကို ဖြတ်တောက်လိုက်၍ ထိုလူများအားလုံးက မြေပေါ် လဲကျသွားကြသည်။

ကံကြမ္မာဆိုးနဲ့ ကံကြမ္မာကောင်းနှစ်ခုလုံး ကံကြမ္မာကြိုးမျှင် ၁၃ သန်းနဲ့ဆိုရင် ငါ အားကောင်းပြီး ထူးကဲတဲ့ တာအိုသက်သေပြပစ္စည်းကို ဖန်တီးနိုင်ပြီ …

“ ဒီလူတွေကို ကောင်းကောင်းမြှုပ်နှံပေးလိုက်ပါ” ဝမ်ဝေ့က ဝမ်ကျူအား ပြောပြီးနောက် အိမ်သို့ ပြန်သွားလေသည်။ သူက ပြန်လည်မွမ်းမံရေးအခန်းထဲသို့ ဝင်ကာ တင်ပျဉ်ခွေထိုင်လိုက်၏။ သူက မီးခိုးရောင် သဲကို ထုတ်ကြည့်လိုက်သည်။

“ ဒီကံကြမ္မာသဲက ဂိုဏ်းကနေ ကံကြမ္မာနဲ့ ပတ်သက်တဲ့ ရှာတွေတဲ့ တစ်ခုတည်းသော ပစ္စည်းဆိုတော့ ငါ့ဘာသာငါ ဖန်တီးရတော့မယ်။ ပြန်လည်သန့်စင်ခြင်းအတွက် လိုအပ်တဲ့ အံ့ဖွယ်သင်္ကေတတွေကိုလည်း ဖန်တီးရဦးမယ်။ ကံကောင်းတာက ငါ့ဆီမှာ နမူနာအနေနဲ့ ပါကွားလိပ်ခွံ ရှိထားတယ်”

သူ့လက်ထဲတွင် မီးတောက်တစ်ခု ပေါ်ထွက်လာပြီးနောက် ပစ္စည်းအတွင်း ကံကြမ္မာကြိုးမျှင်နှင့် ကံကြမ္မာသဲတို့ကို သန့်စင်ဖို့အတွက် လျှို့ဝှက်နည်းစနစ်တစ်ခုကို ထုတ်သုံးလိုက်သည်။

All Chapters