← Chapters

အခန်း (၈၄၁-၈၄၃)

Vol. 57 Ch. 841-843

အခန်း (၈၄၁-၈၄၃)

Vol. 57 Ch. 841-843

အပိုင်း ( ၈၄၁ ) ပညာရှိသော ဆုံးဖြတ်ချက်

အချိန်ခနလောက် သူတို့ သုံးယောက်ကြားမှာ အနေရခက်တဲ့ တိတ်ဆိတ်မှုတစ်ခု ဖြစ်သွားခဲ့တယ်..။ နောက်ဆုံးမှာတော့ ဆန်နီ သက်ပြင်းချလိုက်ပါတယ်..။

"နားထောင်.. အဖြစ်ပျက်တွေကတော့ ဒီအတိုင်းပဲ..။ ငါ တောင်ပိုင်းစတုတ္ထဝန်းရံခြင်း ရဲ့ စစ်ဆင်ရေးမှာ ပါဝင်တာက ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိတယ်..။ အစိုးရက ဖော်ပြထားတဲ့ ပုံရိပ်တွေက အမှန်တရားနဲ့ အလှမ်းဝေးတယ်ဆိုတာ သိလောက်အောင်တော့ မင်းတို့နှစ်ယောက် ဉာဏ်ကောင်းကြမှာပါ..။ အမှန်တရားက..အမှန်တရားက..အန္တာတိက မှာ ကပ်ဘေးတစ်ခု ဖြစ်လာတော့မှာပဲ..။ပြီးတော့ ဘယ်သူမှ.. ငါတို့လို မာစတာ တွေတောင် အသက်ရှင်ဖို့ အာမမခံနိုင်ဘူး..။ ဒါကြောင့်.. မင်းတို့ဘာသာ ဆုံးဖြတ်ကြရလိမ့်မယ်.."

သူက အယ်ဖီ နဲ့ ကိုင် ကို လေးနက်တဲ့ အမူအရာနဲ့ ကြည့်ပြီး ဆက်ပြောလိုက်တယ်..။

"တကယ်လို့ မင်းတို့က ဒုတိယမြောက် စစ်တပ် ကို ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက် ရှိပါစေ..။ ကိုယ့်အတွက် ၊ ကိုယ့်ရဲ့ ဆန္ဒ အတွက် ၊ ကိုယ့်ရဲ့ မူဝါဒတွေအတွက်ပဲ လုပ်ကြ..။ အဓိက ပြောချင်တာက ဘာပဲလုပ်လုပ် ငါ့အတွက်ကြောင့်တော့ လုံးဝ မလုပ်ပါနဲ့..။ မင်းတို့ အန္တာတိက ကို ရောက်လာရင်တောင် ငါတို့ တွေ့ဆုံနိုင်ဖို့ အခွင့်အရေးက နည်းတယ်လေ..။ အဲ့နေရာက မင်းတို့ သိတဲ့အတိုင်း အရမ်း ကျယ်ပြောတယ်.."

သူ့ရဲ့ သူငယ်ချင်းတွေက သူ့ကို ဘာမှန်းမသိတဲ့ မျက်နှာပေးတွေနဲ့ စိုက်ကြည့်နေခဲ့ကြတယ်..။

ခနအကြာမှာတော့ ကိုင် က နူးညံ့တဲ့ အပြုံးတစ်ခုနဲ့ ခေါင်းခါလိုက်ပါတယ်..။

"ငါတို့ကို စိတ်ပူပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ဆန်နီ..။ ဒါပေမဲ့ မင်း ငါတို့ကို သတိပေးနေဖို့ မလိုပါဘူး.. တကယ်ပြောတာ..။ ငါတို့ နှစ်ယောက်လုံးမှာ ကိုယ်ပိုင် စဉ်းစားဆင်ခြင်နိုင်စွမ်း တွေရှိတယ်လေ..။ ငါတို့က အမျှော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက် အရည်အချင်း ရှိတာထက်တောင် ပိုပါတယ်.."

အယ်ဖီ ကလည်း ခေါင်းငြိမ့်လိုက်တယ်..။

"အတိအကျပဲ..။ဒီမှာ ပညာရှိတဲ့ အကြံဉာဏ်တွေ ပေးရမယ်ဆိုရင်တောင် အဲဒါက ငါတို့ပဲ ဖြစ်သင့်တာ..။ ငါတို့က နင့်ထက်လည်း အသက်ကြီးတယ်.. ပြီးတော့.. အဲဒါက အရေးမပါတော့ဘူး.. ဘာလို့လဲဆိုတော့ ငါတို့က စစ်ထဲဝင်ဖို့ စာရင်းပေးပြီးသွားပြီမို့လို့ပဲ.."

ဆန်နီ မျက်တောင် ခတ်လိုက်တယ်။

"နင်တို့ ဘာဖြစ်တယ်.."

မုဆိုးမိန်းကလေးက ပြုံးလိုက်ပြီး သူ့ပုခုံးကို ပုတ်လိုက်ပါတယ်..။

"ဘာလဲ.. ကမ္ဘာပျက်နိုင်တဲ့ အိပ်မက်ဆိုး သားရဲအုပ်ကြီးတွေကို တိုက်ခိုက်ရမယ့် အခွင့်အရေးကို ငါတို့က လက်လွှတ်ခံမယ်လို့ နင် ထင်နေတာလား..။ အိပ်မက်မက်နေလိုက် ကောင်လေး..။ ကိုင် နဲ့ငါ နှစ်ယောက်စလုံးက စစ်သားစုဆောင်းရေး ရုံးမှာ အရင်ဆုံး လျှောက်လွှာတင်ခဲ့တဲ့ သူတွေထဲမှာတောင် ပါတယ်နော်.."

သူက သူမကို တစ်စက္ကန့်လောက် စိုက်ကြည့်နေပြီးမှ နားထင်ကို ပွတ်လိုက်တယ်..။

"နေဦး.. တကယ်ကြီးလား..။ ဘာလို့လဲ.."

အယ်ဖီ နဲ့ ကိုင် က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပခုံးတွန့်လိုက်ကြတယ်..။ လေးသည်တော်က အရင်ဆုံး ပြန်ဖြေလာခဲ့ပါတယ်..။

"ဘာလို့လဲဆိုတော့ အကူအညီ လိုအပ်နေတဲ့ လူပေါင်း သန်းနဲ့ချီ ရှိနေလို့ပေါ့..။ ဒါက လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလား.."

မုဆိုးမလေးက ခေါင်းခါယမ်းလိုက်တယ်..။

"ဘာလို့လဲဆိုတော့ ငါက စစ်သည်တော် တစ်ယောက်ဖြစ်နေလို့ပဲ..။ ရန်သူက နင့် အိမ်ကို ကျူးကျော်လာရင် ပုန်းနေလို့ မရဘူးလေ..။ စစ်ပွဲထဲကို သွားပြီး ရန်သူရဲ့ ဖင်ကို ကန်ထုတ်ပစ်ရမှာပဲ..။ ငါတို့ လူသားတွေက ကိုယ့်နေရာကို ကာကွယ်ဖို့ လိုအပ်တယ်..။ အဲဒီလောက်တောင် မလုပ်နိုင်ဘူးဆိုရင် ငါတို့က လူသားတွေ မဟုတ်တော့ဘူး..။ ငါတို့က.သားရဲတွေရဲ့ အစာပဲ ဖြစ်သွားလိမ့်မယ်.."

ဆန်နီ ဟာ သူတို့ရဲ့ မျက်နှာတွေကို သေချာကြည့်လိုက်ပြီး ခေါင်းနောက်ကို ကုတ်လိုက်ပါတယ်..။

"ကောင်းပြီလေ.. ဟုတ်ပါပြီ..။ ဒါက အဓိပ္ပာယ်ရှိတယ်လို့တ့ ထင်တာပဲ..။ ဒါဆိုရင်တော့ ရပ်ဝေးကနေ ကြိုဆိုပါတယ်..။မင်းတို့ရဲ့ စွမ်းအားတွေနဲ့ စွမ်းရည် တွေကိုမြင်ပြီး ဒုတိယ စစ်တပ် ကတော့ သွားရည်ကျနေလောက်ပြီ..။ မကြာခင်မှာပဲ မင်းတို့က ငါ့ထက်တောင် ရာထူးကြီးသွားနိုင်တယ်နော်.."

'အမျှော်မြင်ရှိတဲ့ ဆုံးဖြတ်ချက်တွေတဲ့လား..သံသယ ဖြစ်စရာပဲ '

သူတို့တွေ ဆင်စွယ်ရောင် တာဝါ ဆီကို လျှောက်သွားရင်း ဆန်နီ က စစ်ဆင်ရေးရဲ့ အသေးစိတ် အချက်အလက်အချို့ကို သူတို့နဲ့ ဝေမျှပေးလိုက်ပါတယ်..။ လူသားတပ်ဖွဲ့တွေရဲ့ အခြေအနေ ၊ စစ်ဆင်ရေးရဲ့ အဆင့်ဆင့်နဲ့ ပထမ အမြောက်တပ်ခွဲ ရဲ့ ကပ္ပတိန် အဖြစ် သူ့ရဲ့ အခန်းကဏ္ဍတွေကို ပြောပြလိုက်တာပါ..။

သူ ပြောပြနေတာကို နားထောင်ရင်း အယ်ဖီ နဲ့ ကိုင် တို့က အနည်းငယ် စဉ်းစားနေခဲ့ကြတယ်။

"အင်း.. အစိုးရက တကယ်ကြီး ဒါကို အောင်အောင်မြင်မြင် လုပ်နိုင်ပါ့မလားဆိုတာ ငါ မသေချာဘူး..။ ငါတို့က ကယ်ဆယ်ရေး စင်တာတွေကို ထိန်းချုပ်ထားနိုင်ရင်တောင်မှ လပေါင်းများစွာ အိပ်မက်ဆိုး သတ္တဝါ တွေရဲ့ ဝိုင်းရံမှုကို တွန်းလှန်ဖို့က မလွယ်ဘူးလေ..။ တစ်နှစ်လောက် ခံနိုင်ရည် ရှိမယ်ဆိုရင်တောင် ဒါက အံ့ဩစရာဖြစ်နေပြီ..။ ဒါပေမဲ့ သင်္ဘောတွေက တစ်နှစ်အတွင်းမှာ လူတိုင်းကို ကယ်ထုတ်နိုင်ပါ့မလား.."

ဆန်နီ ခနလောက် တုံ့ဆိုင်းနေပြီးမှ ခေါင်းငြိမ့်ပြလိုက်တယ်..။

"အဲဒါက အစီအစဉ်ပဲလေ..။ သင်္ဘောတွေက.. အရမ်းကို ကြီးမားတယ်..။ ငါ အခု ရောက်နေတဲ့ စစ်ရေယာဉ်စုက စစ်သား တစ်သိန်းလောက် တင်ဆောင်လာတာ.. ။ဒါပေမဲ့ အဲဒါက နေရာအများစုကို စစ်လက်နက်တွေ၊ ရိက္ခာတွေနဲ့ စစ်တပ်ကြီးကို ထောက်ပံ့ဖို့ လိုအပ်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေက ယူထားလို့ပဲ..။ အပြန်ခရီးဆိုရင်တော့ ဒီရေယာဉ်စုကတင် ဒုက္ခသည် သန်းပေါင်းများစွာကို တင်ဆောင်သွားနိုင်တယ်..။ ဒီထက်များတဲ့ ရေယာဉ်စုတွေလည်း ရှိသေးတာပဲ..။ ဒါကြောင့် တစ်နှစ်ဆိုတာ မဖြစ်နိုင်တဲ့ ပန်းတိုင်တော့ မဟုတ်ဘူး..။အမှန်တော့ ဒါက ခန့်မှန်းချက် အတော်များများထက်တောင် ပိုနေသေးတယ်.."

သူ့ရဲ့ မျက်နှာက ပိုပြီး နက်မှောင်သွားခဲ့တယ်..။

"ဒါပေမဲ့ အဲဒါက ရေယာဉ်စုတွေအနေနဲ့ သူတို့ရဲ့ လမ်းကြောင်းမှာ အတားအဆီးတွေနဲ့ မတွေ့ဘူးဆိုမှ ဖြစ်လာမှာလေ..။ ဒါကြောင့် ဘယ်သူက ပြောနိုင်မှာလဲ..။ ဒီခန့်မှန်းချက်တွေက လက်တွေ့နဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကြံ့ကြံ့ခံနိုင်ပါ့မလားဆိုတာ ငါ သံသယ ဖြစ်မိတယ်.."

ကိုင် က သက်ပြင်းချလိုက်တယ်..။

"ဒုတိယ စစ်တပ် က လောလောဆယ် စစ်မြေပြင်ကို ထွက်ဖို့ အဆင်သင့် ဖြစ်မှာ မဟုတ်သေးဘူး ထင်တယ်..။ ငါတို့ အန္တာတိက ကို ရောက်တဲ့အချိန်ကျရင် အခြေအနေတွေက လုံးဝ ထိန်းမနိုင် သိမ်းမရ ဖြစ်နေနိုင်တယ်..။ လအနည်းငယ်အတွင်းမှာပဲ အများကြီး မှားယွင်းသွားနိုင်တာပဲလေ.."

ဆန်နီ လည်း ဒီအတိုင်းပဲ ခံစားနေရပါတယ်..။

"မင်းတို့ ကိုယ်တိုင် လက်တွေ့ မခံစားရခင်မှာတော့ အဆိုးရွားဆုံး အခြေအနေတွေ ဖြစ်မလာဖို့ မျှော်လင့်ရမှာပဲ..။ အိပ်မက်ဆိုး ချိန်းကြိုး တွေက အချိန်ကြာလာတာနဲ့အမျှ ပိုပြီး ပြင်းထန်လာလိမ့်မယ်..။ ဒါကြောင့် မင်းတို့တွေ တကယ်ကြောက်စရာကောင်းတဲ့ အပိုင်းတွေကို ဖြတ်သန်းရဖို့ အခွင့်အရေးတွေ အများကြီး ရှိနေတယ်.."

သူတို့တွေဟာ မျှော်လင့်ချက် ကို တစ်ချိန်က အကျဉ်းချထားခဲ့တဲ့ ဆင်စွယ်ရောင် တာဝါ ထဲကို ဝင်လိုက်ကြပါတယ်..။ ပုံဖော်လို့မရလောက်အောင် လှပတဲ့ ဒဲလ်မွန် နဲ့ တွေ့ဆုံခဲ့ရတဲ့ ခန်းမကြီးကို မြင်လိုက်ရတဲ့အချိန်မှာတော့ ဆန်နီဟာ

သူ့ရဲ့ ခန္တာကိုယ်နဲ့ ဝိဥာဥ် တစ်လျောက်လုံး

ကြက်သီးမွှေးညှင်း ထသွားသလို ခံစားလိုက်ရတယ်..။

အခုဆိုရင် မျှော်လင့်ချက် ရဲ့ အရင်က အကျဉ်းခန်းဟာ လူသား ခံတပ် ရဲ့ နှလုံးသား ဖြစ်နေပါပြီ..။ ကျိုးပဲ့နေတဲ့ ချိန်းကြိုး ခုနစ်ချောင်းက မြေပြင်ပေါ်မှာ ရှိနေပြီး ဂိတ်ပေါက် အဖြစ် အသုံးပြုတဲ့ စက်ဝိုင်းရဲ့ ကျယ်ပြန့်တဲ့ နယ်နိမိတ်တွေကို ဖန်တီးပေးထားတယ်..။ ဒီ အပေါ်မှာတော့ မရေမတွက်နိုင်တဲ့ ရုန်းစာလုံး တွေက မှိန်ဖျော့စွာ တောက်ပနေကြပါတယ်..။

မီးစောင့်ရှောက်သူတွေ က ဘုရားကျောင်းကြီးရဲ့ အထက်ပိုင်း အလွှာတွေမှာ အခြေချနေထိုင်ကြတာကြောင့် ပထမ အလွှာကတော့ အများအားဖြင့် လစ်လပ်နေခဲ့တယ်..။ သူတို့ထဲက အနည်းငယ်လောက်ပဲ အိမ်မှုကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့ကြတာပါ..။ ဆန်နီ ကို မြင်လိုက်တဲ့အခါမှာတော့ သူတို့က စိတ်လှုပ်ရှားစွာနဲ့ ပြုံးပြီး နှုတ်ဆက်လာခဲ့ကြပါတယ်..။

'ထူးဆန်းတဲ့ လူတွေပဲ..'

ဆန်နီ က သူတို့ကို လက်ဝှေ့ယမ်းပြလိုက်ပြီး အယ်ဖီ နဲ့ ကိုင် ဘက်ကို လှည့်လိုက်တယ်..။

"ဒါနဲ့.. နစ်ဖီ ရော ဘယ်မှာလဲ..။ သူမ ရောက်ပြီလား.."

ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကို ဆင်စွယ်ရောင် တာဝါ ဆီ ခေါ်ဆောင်လာဖို့က ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ် တစ်ခုပါ..။ သူမက အရင်ဆုံး နိုတစ် ရဲ့ မြင့်မြတ်နယ်မြေ ဆီကို သွားရပါတယ်..။ အဲဒါကလည်း သူတော်စင် ကောင်းကင်ဒီရေ အစား ချိန်းကျွန်းစု ကို တာဝန်ယူထားတဲ့ သူတော်စင် ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တောင်းခံခဲ့ရတာပါ..။ ယင်းနောက်မှာတော့ မီးစောင့်ရှောက်သူတွေ သူတို့ရဲ့ သင်္ဘောကို အနက်ရောင် တာဝါ ကနေ ကုန်းပြင်မြင့်အထိ ပျံသန်းလာပြီး သူမကို ခေါ်ကာ အောက်ဘက်ကောင်းကင် ရဲ့ အနက်ရှိုင်းဆုံး နေရာတွေဆီ ပြန်လာခဲ့ရတယ်..။

...သို့ပေမဲ့ ပျံသန်းနိုင်တဲ့ သင်္ဘောက ဆင်စွယ်ရောင် ကျွန်း ပေါ်ကို ဘယ်လို ရောက်နေလဲဆိုတာကိုတော့ သူ သတိမထားမိဘဲ မနေပါဘူး..။

မီးစောင့်ရှောက်သူတွေ က ဖိနိုပ်ခြင်း ကို အံတုနိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားခဲ့တာလား..။

ကိုင် က ခေါင်းငြိမ့်ပြလိုက်တယ်..။

"သူ တာဝါ ကို ရောက်တာ ရက်အနည်းငယ်လောက် ရှိပြီ..။ ငါတို့ ထင်ထားသလောက် မကြာပါဘူး..။ နိုတစ် ရဲ့ အကူအညီနဲ့ ကတ်စီ က အိပ်မက်ဆိုး ထဲမှာ သင်္ဘောပျံ အကြောင်းကို အကျယ်တဝင့် လေ့လာထားခဲ့တာလေ..။ ဘယ်လိုလဲဆိုတာ ငါ အသေအချာ မသိပေမဲ့.. သူမက သင်္ဘောရဲ့ မှော်သင်္ကေတပတ်လမ်းတွေကို ဒီနေရာနဲ့ ကျွန်းစုတွေကြား တိုက်ရိုက် သွားလာနိုင်တဲ့အထိ ပြုပြင်နိုင်ခဲ့တယ်..။ ဒီလုပ်ငန်းစဉ်က နည်းနည်းတော့ အန္တရာယ်များပေမဲ့ မြင့်မြတ်နယ်မြေ နဲ့ ဒီနေရာကြားက ခရီးစဉ်ကို ရက်သတ္တပတ် အတော်များများအထိ လျှော့ချပေးနိုင်ခဲ့တယ်.."

ဆန်နီ ခနလောက် ငြိမ်နေပြီးမှ သက်ပြင်းချလိုက်တယ်..။

"ကောင်းပြီလေ.. သူမကို ဘယ်မှာ ရှာလို့ရမလဲ.."

အယ်ဖီ က သူ့ကို သေချာကြည့်လိုက်ပြီး သူတို့ ဝင်လာခဲ့တဲ့ တံခါးတွေဘက်ကို လက်ညှိုးထိုးပြလိုက်ပါတယ်..။

"သူမ အဲ့မှာ ရှိတယ်.. ရေကန်နားမှာ..။နင် သွားပြီး နှုတ်ဆက်ချင်လို့လား.."

ဆန်နီ အသက်ပြင်းပြင်း ရှူလိုက်မိတယ်..။

"အင်း.. ဒီလိုပါပဲ.."

အပိုင်း ( ၈၄၁ ) ပြီး၏။

အပိုင်း ( ၈၄၂ ) အတိတ်မှ သင်ခန်းစာများ

ဆန်နီဟာ ကြီးမားလှတဲ့ ဘုရားကျောင်းကြီးထဲကနေ ထွက်လာရင်း အိပ်မက်ဆိုး ထဲမှာ ကိုင် သတ်ခဲ့တဲ့ ဆင်စွယ်နဂါး ဆီဗီရက်စ် ရဲ့ အရိုးစုကို သတိထားပြီး ကြည့်လိုက်တယ်။ပြီးမှ ရေကန်ဆီကို ဖြည်းဖြည်းချင်း လျှောက်သွားခဲ့ပါတယ်..။

ရေပြင်ကတော့ ခါတိုင်းလိုပဲ ကြည်လင်တိတ်ဆိတ်နေခဲ့တယ်..။ ငြိမ်သက်နေတဲ့ ရေပြင်ပေါ်မှာ နေရောင်ခြည်က ရောင်ပြန်ဟပ်နေတာကြောင့် တောက်ပနေတဲ့ ငွေရောင်ရေကန်ကြီးတစ်ခုလို ဖြစ်နေခဲ့ပါတယ်..။ ကောင်းကင်ဘုံပေါ်က ရေကန်တစ်ခုလို လှပမှုတွေ ရှိနေပေမဲ့လည်း ဆန်နီ အနားကို ချဉ်းကပ်သွားတဲ့အခါမှာတော့ စိတ်ထဲမှာ မတင်မကျဖြစ်မှုကို ခံစားလိုက်ရတယ်..။ ပြင်းထန်လှတဲ့ ရေတပ်တိုက်ပွဲ အမှတ်တရတွေက သူ့ဦးနှောက်ထဲမှာ လတ်လတ်ဆတ်ဆတ် ရှိနေသေးတာကြောင့် ဘယ်လို ရေပြင်မျိုးကိုမှ ဘေးကင်းတယ်လို့ မခံစားရတော့ပါဘူး။

ကမ်းခြေမှာ အနားယူရင်း သာယာလှပတဲ့ မြင်ကွင်းကို ကြည့်ရှုနိုင်ဖို့ အဖြူရောင်ကျောက်တုံးနဲ့ ထုလုပ်ထားတဲ့ လက်ရာမြောက် ခုံတန်းလေးတစ်ခု ရှိနေခဲ့တယ်..။ အခုတော့ ဒီနေရာမှာ ရင်းနှီးနေတဲ့ လူတစ်ယောက် ထိုင်နေခဲ့ပါတယ်..။ နစ်ဖီ ဟာ ခြေထောက်တွေကို ချိတ်ပြီး ထိုင်နေရင်း တောက်ပနေတဲ့ ရေပြင်ကို ငေးမောကြည့်နေခဲ့တာပါ..။ ဆန်နီ့ ရဲ့ အရိပ်က သူမအပေါ်ကို ကျရောက်သွားတဲ့အခါမှာ သူမက ခနလောက် ငြိမ်နေပြီးမှ မော့ကြည့်လာခဲ့တယ်..။

"ဆန်နီ.."

သူက ခနလောက် တိတ်ဆိတ်နေပြီးမှ ခုံတန်းပေါ်မှာ ဝင်ထိုင်လိုက်ကာ လှပတဲ့ ရေကန်ကြီးကို သူမနဲ့အတူ ငေးကြည့်နေလိုက်တယ်..။

"ဘဝက ဘယ်လိုလဲ..။ ကြီးမြတ်တဲ့ ကလန် တစ်ခုရဲ့ မွေးစားခြင်းခံရတာက ထူးဆန်းတဲ့ အတွေ့အကြုံ ဖြစ်မှာပဲနော်.."

နစ်ဖီ မျက်မှောင်ကျုတ်လိုက်တယ်..။

"အဆင်ပြေပါတယ်..။ ဗာလာ ရဲ့ မော်ဂန် က ငါ့ကို ညီမလေးလို့ ခေါ်တာကတော့ နည်းနည်း ထူးဆန်းနေသလိုပဲ..။ သူမက ငါ အနေရခက်နေတာကို သဘောကျနေပုံရတယ်.."

မော်ဂန် ရဲ့ အစ်ကိုက ဘယ်သူလဲဆိုတာကို စဉ်းစားကြည့်ရင်တော့.. သူမက "ညီမလေး" ဆိုတဲ့ စကားလုံးကို တခြား အဓိပ္ပာယ်နဲ့ သုံးနေတာ ဖြစ်နိုင်ပါတယ်..။ သံယောဇဉ် လုံးဝ မပါတဲ့ အဓိပ္ပာယ်မျိုးပေါ့..။ ခနလောက်တော့ ဆန်နီ တစ်ယောက်ထဲ ကျိတ်ပြီး ရယ်မောမိလိုက်တယ်..။

'စစ်ပွဲမင်းသမီးလေး ကို ငါ သနားမိလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး..။ ဒါပေမဲ့ မော်ဒရက် ရော နစ်ဖီ ကိုပါ မောင်နှမတွေအဖြစ် ပိုင်ဆိုင်ထားရတာကတော့.. ချီးပဲ.. သူမရဲ့ ကံဇာတာက ငါ့ထက်တောင် ဆိုးနေဦးမယ် ထင်တယ်..။ဒါက ဖြစ်နိုင်မယ်ဆိုရင်ပေါ့..'

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သက်ပြင်း ချလိုက်ပြီး သူ့ဘက်ကို အနည်းငယ် လှည့်လိုက်ပါတယ်..။

"နင် ငါ့ကို ပြောသင့်တာ ဆန်နီ.."

သူ ပြုံးလိုက်တယ်..။

"ဘာကိုလဲ.. အန္တာတိက အကြောင်းလား..။ အိုး.. အဲဒါက လျှို့ဝှက်သတင်း အချက်အလက်လေ..။ ငါက ကတ်စီ နင့်ကို ပြောပြပြီးသား ဖြစ်မယ်လို့ ထင်နေတာ..။ သူမက ဒါကို သိနေမှာပဲ မဟုတ်ဘူးလား.."

သူမက သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှ ခေါင်းခါလိုက်ပါတယ်..။

"သူမ သိခဲ့ရင်တောင် သူမဘာသာပဲ သိမ်းထားတာ ဖြစ်လိမ့်မယ်..။ ကတ်စီ က.. မေ့ပျောက်ကုန်းမြေ ကနေ ပြန်လာကတည်းက အများကြီး ပြောင်းလဲသွားခဲ့ပြီ..။ သူမမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်.."

ဆန်နီ မျက်ခုံးပင့်လိုက်မိတယ်..။

'ဟူး.. သာယာတဲ့ နိဗ္ဗာန်ဘုံမှာ ပြဿနာတွေ ရှိနေပြီ ထင်တယ်..'

"ငါကတော့ သူမက နင့်အပေါ်မှာ လုံးဝ သစ္စာရှိတယ်လို့ ထင်နေတာ..။ လမ်းပျောက်နေတဲ့ ခွေးပေါက်လေးလိုမျိုးပေါ့..။ ဒါကို ကြားရတာ အံ့ဩဖို့ကောင်းသားပဲ.."

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ချက်ချင်း ပြန်မဖြေခဲ့ပါဘူး..။ ခနကြာမှ သူမက ပြောလာခဲ့တယ်..။

"ကတ်စီ မှာ သူမရဲ့ ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့ ကိုယ်ပိုင် ဆန္ဒတွေ ရှိတယ်..။ သူမက အစွမ်းလည်း ထက်တယ်.. ငါတို့တွေထက် မနိမ့်ပါဘူး..။ သူမရဲ့ လုပ်ပိုင်ခွင့်တွေကို လျစ်လျူရှုမိတာက အမှားတစ်ခု ဖြစ်လိမ့်မယ်.."

ဆန်နီ ရယ်မောလိုက်ပါတယ်..။

"ဒီကမ္ဘာပေါ်က လူတွေအများကြီးထဲမှာ ကတ်စီ ကို အထင်မကြီးဆုံး လူသားက ငါ ဖြစ်လိမ့်မယ်လို့ နင် ထင်နေတာလား.."

နစ်ဖီ ကတော့ ရေကန်ကိုပဲ ငေးကြည့်နေခဲ့တယ်..။

"...နင် လုံခြုံရဲ့လား.."

သူ ခနလောက် ငြိမ်နေပြီးမှ ပခုံးတွန့်ပြလိုက်တယ်..။

"ဘယ်သူက လုံခြုံနေလို့လဲ..။ ငါ့ပတ်ဝန်းကျင်မှာ စစ်သား ထောင်ပေါင်းများစွာ၊ နိုးထသူ တွေ၊ မာစတာ တွေနဲ့ သူတော်စင် အနည်းငယ်တောင် ရှိတယ်..။ ပြီးတော့ ငါက ငါပဲလေ..။ အန္တာတိက က မေ့ပျောက်ကုန်းမြေ တို့၊ မျှော်လင့်ချက် ဘုရင်နိုင်ငံ တို့လောက်တော့ မဆိုးပါဘူး..။ တကယ်တော့.. အန္တရာယ်ထဲ ရောက်နေတာက နင်ပဲ..။ နင်ရော အဆင်ပြေရဲ့လား.."

သူမရဲ့ မျက်နှာက နက်မှောင်သွားခဲ့တယ်..။ နစ်ဖီ အံကို ကြိတ်ထားခဲ့ပြီးမှ ထူးဆန်းစွာပဲ ခံစားချက်အပြည့်နဲ့ ပြောလာခဲ့ပါတယ်။

"နင် နားမလည်ပါဘူး ဟုတ်တယ်မလား..။ ဒါက ပထမဆုံး စစ်ဆင်ရေး တစ်ခု မဟုတ်ဘူး..။ လူသားထုက အရင်ကလည်း အခိုက်အတန့် ကို တွန်းလှန်ဖို့ ကြိုးစားခဲ့ဖူးတာပဲ..။ နောက်ဆုံး အကြိမ်တုန်းက.. နောက်ဆုံး တစ်ခေါက်တုန်းက ငါ့ရဲ့ အဖိုးနဲ့ ငါ့ရဲ့ အမေ နှစ်ယောက်လုံး အသက်ဆုံးရှုံးခဲ့ရတယ်..။ သူတို့တွေကလည်း အစွမ်းထက်ကြတာပဲ..။ သူတို့ကလည်း ထူးချွန်ပြီး ခေတ်ရှေ့ကို ကြိုရောက်နေတဲ့သူတွေပဲ..။ နင်က သူတို့ထက် ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ဘာလို့ ထင်နေတာလဲ.."

ဆန်နီ ခေါင်းခါလိုက်ပါတယ်..။

"ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ အများကြီး ပြောင်းလဲသွားပြီလေ..။ အဲဒီတုန်းက လူသားထုမှာ နိုးထသူ တွေ အများကြီး မရှိသေးဘူး..။ မာစတာ တွေကလည်း လက်ချိုးရေလို့ ရတယ်..။ သူတော်စင် တစ်ယောက်မှတောင် ပေါ်မလာသေးဘူး.. အနည်းဆုံးတော့ တရားဝင်ပေါ့..။ ငါတို့ရဲ့ နည်းပညာတွေ၊ စပဲလ်နည်းပညာ တွေနဲ့ မဟာဗျူဟာတွေက အများကြီး နောက်ကျနေသေးတာ..။ ငါတို့မှာ ဒီလိုမျိုး ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ အတွေ့အကြုံ မရှိခဲ့ဘူး..။ ဟုတ်တယ်.. မြောက်အမေရိက မှာ ကပ်ဘေးတစ်ခု ဖြစ်ခဲ့တယ်။ဒါပေမဲ့ ငါတို့ အဲဒီကနေ သင်ခန်းစာ ရခဲ့တယ်လေ..။ ဒီစစ်ဆင်ရေးကတော့ ကွဲပြားလိမ့်မယ်..။ ပိုကောင်းလာလိမ့်မယ်..။ ငါ အသက်ရှင်မှာ ဖြစ်သလို ရလဒ်အနေနဲ့ ပိုပြီးတော့လည်း အစွမ်းထက်လာဦးမှာပဲ.."

နစ်ဖီ က သူ့ကို စိန်ခေါ်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။

"ဘယ်သူက ပြောလဲ.."

သူ ပြုံးလိုက်တယ်..။

"ငါ ပြောတာလေ..။ ငါ သေမလား မသေဘူးလားဆိုတာ ငါပဲ ဆုံးဖြတ်မယ်..။ အရာအားလုံးက ငါ့အပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူးလား.."

ဆန်နီ သက်ပြင်းချလိုက်ပြီး တောက်ပနေတဲ့ ရေကန်ကို တစ်ချက်ကြည့်လိုက်တယ်..။

"အိပ်မက်ဆိုး သတ္တဝါ တွေကို ငါ မကြောက်ဘူး..။ အိပ်မက်ဆိုး ချိန်းကြိုး တွေကိုလည်း ငါ မကြောက်ဘူး..။ ဒါပေမဲ့ ငါ့ကို ကြောက်လန့်စေတဲ့ အရာတစ်ခု ရှိတယ်ဆိုရင်.. အဲ့ဒါက ကြီးမြတ်တဲ့ ကလန် တွေနဲ့ သူတို့ရဲ့ ရည်မှန်းချက်တွေပဲ..။ သူတို့က တကယ်ပဲ အန္တာတိက ကို လာပြီး သူတို့ရဲ့ ကိုယ်ပိုင် စစ်ပွဲကို စတင်ကြတော့မှာလား.."

နစ်ဖီ ရဲ့ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးတဲ့ အမူအရာတွေ ပေါ်လာခဲ့တယ်..။ သူမက မဖြေခင်မှာ ခနလောက် တုံ့ဆိုင်းနေခဲ့ပါတယ်..။

"ငါ.. မသိဘူး..။ ဖြစ်နိုင်တယ်..။ ဒါက အကောင်းဆုံး အခွင့်အရေးပဲလေ.."

သူ မျက်နှာ ပျက်ယွင်းသွားခဲ့တယ်..။

"ဘာလို့လဲ..။ သူတို့ ဘာလို့ အခုမှ ဒါကို လုပ်နေကြတာလဲ..။ ဒါက ရူးသွပ်မှု တစ်ခုပဲနော်..။ငါတို့ရဲ့ ယဉ်ကျေးမှုက ပျက်ဆီးဖို့ နောက်ဆုံးခြေလှမ်းကို ရောက်နေပြီလေ.."

နစ်ဖီ ခနလောက် ငြိမ်နေပြီးမှ သက်ပြင်းချလိုက်တယ်..။

"သူတို့ရဲ့ လုပ်ရပ်တွေနောက်မှာ ကျိုးကြောင်းဆီလျော်မှု တစ်ခုတော့ ရှိရမယ်..ဒါပေမဲ့ အဲ့ဒါက ဘာလဲ..။ ငါ မသေချာဘူး..။ ဒါတွေအားလုံးက အရမ်း ထူးဆန်းနေတယ်..။ ငါတို့ တစ်ခုခုကို လွဲချော်နေတယ်လို့ ထင်တာပဲ..။ အရာအားလုံးကို ရှင်းပြနိုင်မယ့် အဓိက သတင်းအချက်အလက် တစ်ခုပေါ့..။ အုပ်စိုးသူတွေက.. အကြောင်းပြချက် မရှိဘဲ ဘာမှ လုပ်ကြမှာ မဟုတ်ဘူး.."

ဆန်နီ နှာခေါင်းရှုံ့လိုက်ပါတယ်..။

"နင် သေချာသိတာရော ရှိရဲ့လား.."

သူမက သူ့ကို ကြည့်ပြီး တည်ငြိမ်တဲ့ လေသံနဲ့ ပြောလာခဲ့တယ်..။

"တစ်ခုတော့ ရှိတယ်.."

နစ်ဖီ အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့တယ်။ သူမရဲ့ အေးစက်တဲ့ မီးခိုးရောင် မျက်လုံးတွေထဲမှာတော့ မီးတောက်တွေ ကခုန်နေခဲ့ကြပါတယ်။

"ကြီးမြတ်တဲ့ ကလန် တွေ အန္တာတိက ကို တကယ် ရောက်လာတဲ့ အခါကျရင်.. ငါတို့အားလုံး အဆင်သင့် ဖြစ်နေတာ ကောင်းလိမ့်မယ်.."

...............

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ဆန်နီ ဟာ ကြီးမားလှတဲ့ စစ်သင်္ဘောကြီးရဲ့ အပေါ်ထပ် ကုန်းပတ်ပေါ်ကို တက်လာပြီး သင်္ဘောဦးဆီကို လျှောက်သွားခဲ့တယ်..။ ကုန်းပတ်ရဲ့ နေရာအနှံ့မှာ ရှိနေတဲ့ ကင်းသမားတွေက သူ့ကို လွတ်လွတ်လပ်လပ် ပေးဖြတ်ခဲ့ကြပါတယ်..။ ဒါက သူ့ရဲ့ အနက်ရောင် ဝတ်စုံ ပုခုံးပေါ်က ကြယ်သုံးပွင့် အပွင့်အမှတ်အသားကြောင့်ဖြစ်သလို ၊ သူတို့ရဲ့ တိုက်ရိုက် အထက်လူကြီး ဖြစ်တဲ့ ညအိမ်တော် ရဲ့ မာစတာ နေဗီ နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့်ပါပဲ..။

ကြီးမားလှတဲ့ အမြောက်စင်ကြီးရဲ့ အရိပ်အောက်မှာ ရပ်လိုက်ရင်း ဆန်နီ ဟာ အေးစက်တဲ့ ရေစက်တွေနဲ့အတူ သူ့ကို ရိုက်ခတ်နေတဲ့ အ

လေပြင်းတွေကို အံတုကာ ရှေ့ကို လှမ်းကြည့်လိုက်တယ်..။

သူ့ရဲ့ ရှေ့မှာတော့ ဝေးကွာလှတဲ့ မိုးကုပ်စက်ဝိုင်းဆီကို ခုတ်မောင်းနေကြတဲ့ စစ်ရေယာဉ်စုက လှိုင်းတွေကို ကျော်ဖြတ်ကာ ခရီးဆက်နေကြတယ်။

ပြီးတော့ ဟိုးအဝေးက မိုးကုပ်စက်ဝိုင်းမှာတော့...

မရေမတွက်နိုင်တဲ့ လှိုင်းတံပိုးတွေရဲ့ အဆုံးမှာ အနက်ရောင် မျဉ်းကြောင်းတစ်ခုက ဖြည်းဖြည်းချင်း ပေါ်လာခဲ့ပါတယ်..။

အန္တာတိက...

ပင်လယ်ပြင် ရဲ့ လှိုင်းတွေထဲမှာ ရက်သတ္တပတ် အတော်ကြာ ခရီးနှင်ပြီးတဲ့နောက်မှာတော့ စစ်ရေယာဉ်စုကြီးဟာ သူတို့ရဲ့ ပန်းတိုင်ကို ရောက်ရှိလာခဲ့ပါပြီ..။

အပိုင်း ( ၈၄၂ ) ပြီး၏။

အပိုင်း ( ၈၄၃ ) ဖယ်ကွန် စကော့

ပျက်စီးနေတဲ့ တောင်တက်လမ်းတစ်ခု ပေါ်မှာတော့ စိုးရိမ်စရာကောင်းလောက်အောင် ရပ်တန့်နေတဲ့ ရိုင်နို ကားကြီးက ငြိမ်သက်စွာရှိနေခဲ့တယ်။.. အဖွဲ့ဝင်တွေကတော့ သတိကြီးစွာနဲ့ အပေါ်ကို တက်လှမ်းနေခဲ့ကြပါတယ်..။ ဘယ်လီ ၊ ဒွန်း နဲ့ လူစတာ တို့က ကိုက်တစ်ရာလောက်အကွာမှာရှိတဲ့.. တောင်ကုန်းမြင့်ရဲ့ ထိပ်ဖျားနားမှာ ပုန်းကွယ်နေကြပြီး.. ဆန်နီ နဲ့ ကင်မ် ကတော့ သံချပ်ကာကားရဲ့ အမိုးပေါ်မှာ ရှိနေကြပါတယ်..။

"ကျွန်မ သူတို့ကို မြင်နေရပြီ.."

ဆမ်မာရာ ဟာ ရှေ့ကို လွှတ်တင်ထားတဲ့ ထောက်လှမ်းရေး ဒရုန်းဆီကနေတဆင့် ဗီဒီယိုပြသနေတဲ့ စစ်သုံး ဆက်သွယ်ရေးစက်ရဲ့ စခရင်ကို ဂရုတစိုက် ကြည့်ရှုနေခဲ့တယ်..။ ဒီထဲမှာတော့ ချိုင့်ဝှမ်းလေးတစ်ခု ရှိနေခဲ့ပါတယ်..။ ပုံရိပ်တွေကတော့ ဝါးတားတားဖြစ်နေပြီး အစက်အပြောက်တွေနဲ့ ရှုပ်ထွေးနေသလို.. တစ်ခါတစ်ရံမှာ အိပ်မက်ဆိုး ဂိတ်ပေါက် ရဲ့ နှောင်ယှက်မှုတွေကြောင့် လုံးဝ ပျက်တောက်သွားတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်..။

ချိုင့်ဝှမ်းထဲမှာတော့ ပြည့်နှက်နေတဲ့ အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးကို မြင်တွေ့နေရတယ်..။

"ရာနဲ့ချီပြီး ရှိနေတာပဲ..။ အများစုက နိုးထမူ အဆင့်တွေ.. ဒါပေမဲ့ ကျရှုံးမူအဆင့် သားရဲတွေလည်း အများကြီး ရှိနေတယ်..။ အစောင့်အကြပ် ကလည်း.. အပြင်ကို ထွက်လာပြီးပြီ..။ ကြည့်ရတာတော့ နတ်ဆိုး အဆင့် ဖြစ်ပုံရတယ်.."

ဆန်နီ ခေါင်းငြိမ့်လိုက်ပါတယ်..။

"မှန်တယ်..။ အဲ့ဒီမှာ သားရဲအရေအတွက် နှစ်ရာခုနစ်ဆယ့်လေးကောင် ရှိတယ်..။ အဲဒီထဲမှာ နှစ်ရာ့လေးဆယ့်နှစ်ကောင်က နိုးထခြင်း အဆင့်တွေ.. သုံးဆယ့်နှစ်ကောင်က ကျရှုံးမူအဆင့် တွေပဲ..။ ဂိတ်စောင့်ကတော့ အမှန်ပဲ ကျရှုံးမူအဆင့် နတ်ဆိုး တစ်ကောင်ပဲ.."

သူ့ရဲ့ အရိပ်တွေထဲက တစ်ခုကတော့ အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးနားကို ပိုပြီး နီးကပ်အောင် တိုးဝင်သွားခဲ့ပါပြီ..။ ဒီအရိပ်ကတော့ ဘယ်လို နှောင်ယှက်မှုမျိုးကိုမှ မခံစားရပါဘူး..။ သို့ပေမဲ့ ဆန်နီ ကိုယ်တိုင် ကတော့...

တည်ငြိမ်တဲ့ ပုံစံကို ဟန်ဆောင်ထားပေမဲ့.. သူ့ရဲ့ အတွင်းစိတ်ထဲမှာတော့ တုန်ရီနေခဲ့တယ်..။ ဂိတ်ပေါက် က သူ့ရဲ့ နားထဲမှာ လာပြီး တိုးတိုးလေး စကားပြောနေသလိုပါပဲ..။ အတွေးတွေ ဒါမှမဟုတ် ခံစားချက်တွေထက် ပိုပြီး နက်ရှိုင်းတဲ့ အရာတစ်ခုကနေ သူ့ကို ခေါ်ယူနေခဲ့တာပါ..။ သူက အရင်ကလည်း ဒီလို ခေါ်ယူမှုကို ခံစားဖူးပေမဲ့.. အခုလို မာစတာ တစ်ယောက် ဖြစ်လာတဲ့အခါမှာတော့ ဒီအသံက ပိုမို ပြင်းထန်လာသလို တွန်းလှန်ဖို့လည်း ပိုပြီး ခက်ခဲလာခဲ့ပါတယ်..။

ပထမဆုံး ကယ်ဆယ်ရေးတပ်ဖွဲ့တွေ

အန္တာတိက ကို ရောက်ရှိပြီးတဲ့နောက်မှာ ဆန်နီ ဟာ ဒီအပြောင်းအလဲကို ချက်ချင်းဆိုသလို ခံစားခဲ့ရတယ်..။ တစ်ခြား စစ်ရေယာဉ်စု သုံးခုက တောင်ပိုင်းစတုတ္ထဝန်းရံခြင်း ရဲ့ အကြီးမားဆုံးနဲ့ လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ အရှေ့အန္တာတိက ဆီကို စေလွှတ်ခြင်း ခံရပေမဲ့.. သူ ပါလာတဲ့ ရေယာဉ်စုကတော့ အန္တာတိက အလယ်ပိုင်းကို တပ်ဖွဲ့တွေ ပို့ဆောင်ဖို့ တာဝန်ပေးခံခဲ့ရတယ်..။

အန္တာတိက အလယ်ပိုင်းက ရှည်လျားကျဉ်းမြောင်းပြီး တောင်ထူထပ်တဲ့ ကုန်းမြေဖြစ်ကာ စီမံခန့်ခွဲရေးနဲ့ စက်မှုလုပ်ငန်း ဗဟိုဌာနလည်း ဖြစ်ပါတယ်..။ ဒီအတွက်ကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကယ်ထုတ်ရမယ့် အရေးကြီး ပန်းတိုင်တွေ အများကြီး ရှိနေခဲ့တာပါ..။

တပ်ဖွဲ့တွေ ရောက်ရှိလာပြီး ပထမဆုံး ရက်အနည်းငယ်ကတော့ လုံးဝကို ရှုပ်ထွေး နေခဲ့တယ်..။ သူတို့ ဝင်ရောက်ခဲ့တဲ့ ဖယ်ကွန် စကော့ မြို့ကြီးဟာ လုံးဝကို ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်..။ လူသန်းပေါင်းများစွာက သူတို့ရဲ့ ဘဝတစ်ခုလုံး အမြစ်ပြတ်သွားတော့မှာ.. ဒါမှမဟုတ် အသက်ဆုံးရှုံးရတော့မယ်ဆိုတာကို ခုမှ သိရှိခဲ့ကြတဲ့ပုံပါပဲ..။ ဒေသခံ အစိုးရ တပ်ဖွဲ့တွေက အမိန့်ကို ထိန်းသိမ်းဖို့နဲ့ အရပ်သားတွေကို ကယ်ထုတ်ဖို့ အကောင်းဆုံး ပြင်ဆင်ထားခဲ့ကြပေမဲ့.. နောက်ဆုံးမှာတော့ သိပ်ပြီး ထိရောက်မှု မရှိခဲ့ပါဘူး..။

မြို့အနားဝန်းကျင် နဲ့ မြို့ထဲတွေမှာ ပွင့်နေတဲ့ ဂိတ်ပေါက် တွေကြောင့် အခြေအနေတွေက ပိုပြီး ဆိုးရွားလာခဲ့ပါတယ်..။

တောင်ပိုင်းစတုတ္ထဝန်းရံခြင်း ရဲ့ နိုးထသူ တစ်ယောက် ပြောခဲ့ပုံအရဆိုရင်.. အရင်တုန်းက ဂိတ်ပေါက် တစ်ခုက ရက်သတ္တပတ် အနည်းငယ်မှ တစ်ခါပဲ ပွင့်တတ်တာပါ..။ ဒီနောက်ပိုင်းမှာတော့ တစ်ပတ်ကို တစ်ခု..အဲဒီကနေတဆင့် တစ်ပတ်ကို အများကြီး ဖြစ်လာခဲ့တယ်..။

အခုဆိုရင်တော့ တစ်နေ့ကို ဂိတ်ပေါက် တစ်ခုလိုတောင် ဖြစ်နေပါပြီ..။

ကယ်ဆယ်ရေးတပ်ဖွဲ့တွေ ရောက်လာတဲ့ အချိန်မှာတော့ အခြေအနေက ပိုပြီး ဆိုးရွားတဲ့ဘက်ကို လျင်မြန်စွာ ဦးတည်နေခဲ့တယ်။

ဒီလောက်အထိ များပြားလှတဲ့ ဂိတ်ပေါက် တွေကြောင့် နိုးထသူ ၊ မာစတာ နဲ့ သူတော်စင် တိုင်းဟာ သူတို့ရဲ့ ခေါ်ယူမှုတွေကို ခံစားနေကြရသလို.. တချို့ဆိုရင် တခြားသူတွေထက် ပိုပြီး ခံစားနေကြရပါတယ်..။

ဒီလို သိမ်မွေ့စွာ ရူးသွပ်စေတဲ့ လက်တွေ့ဘဝမျိုးကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့က

ဆန်နီ အတွက် မလွယ်ကူခဲ့ပါဘူး..။ တကယ်လို့ ဒီလိုမျိုး ခေါ်ယူမှုတွေကို ကြာရှည်စွာ ထိတွေ့နေရမယ်ဆိုရင် လူတော်တော်များများ ရူးသွပ်သွားနိုင်ပါတယ်။

ဒါပေမဲ့ ကမ္ဘာကြီးက ရူးသွပ်နေတယ်

ဆိုရင်တောင်.. သူတို့ကတော့ အဲဒီအဆင့်အထိ မရောက်ကြသေးပါဘူး..။

ဖယ်ကွန် စကော့ ကို ဝါးမြိုနေတဲ့ ထိတ်လန့်စရာ ရှုပ်ထွေးမှုတွေထဲမှာ ရက်အနည်းငယ်ကြာ ဖြတ်သန်းပြီးတဲ့နောက်မှာတော့.. တပ်ဖွဲ့ ရဲ့ အစိတ်အပိုင်း အတော်များများက အဲဒီမြို့ကို

ဖောက်ထွင်းလို့ မရနိုင်တဲ့ ခံတပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲဖို့ ကျန်ရစ်ခဲ့ကြပါတယ်..။

အန္တာတိက အလယ်ပိုင်းရဲ့ မြောက်ဘက်အကျဆုံး မြို့ဟာ အကြီးမားဆုံး ကယ်ဆယ်ရေး စင်တာအဖြစ် တာဝန်ယူရမှာ ဖြစ်တာကြောင့်.. လာမယ့် လအနည်းငယ်အတွင်းမှာ ဒါကို စနစ်ကျတဲ့ ခံတပ်မြို့ကြီး တစ်ခုအဖြစ် ပြောင်းလဲပစ်ရမှာပါ..။

သို့ပေမဲ့ အစိုးရ တပ်ဖွဲ့ အများစုကတော့ မြို့ပြင်ကို ထွက်ခွာခဲ့ကြပြီး တောင်ဘက်ပိုင်းဆီ ရှည်လျားတဲ့ ခရီးအဖြစ် စတင်ခဲ့ကြပါတယ်..။ သူတို့ရဲ့ အလုပ်ကတော့ တခြား လူနေထူထပ်တဲ့ နေရာတွေကို သွားရောက်ဖို့ ၊ ဘေးကင်းတဲ့ ကယ်ဆယ်ရေး လမ်းကြောင်းတွေ ဖော်ဆောင်ဖို့နဲ့ အရပ်သားတွေကို ခံတပ်မြို့တွေဆီကို ရွှေ့ပြောင်းပေးဖို့ ဖြစ်ပါတယ်..။

ပထမ အမြောက်တပ်ခွဲ က ကွင်းဆင်းတပ်ဖွဲ့ နဲ့အတူ ထွက်ခွာလာခဲ့ပြီး တပ်ခွဲအသီးသီးကို ကူညီဖို့အတွက် ခွဲထွက်ခဲ့ကြပါတယ်..။

အခုတော့ တစ်ရက်အကြာမှာပဲ ဆန်နီ့ ရဲ့ အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး တိုက်ပွဲကို စတင်တိုက်ခိုက်တော့မှာပါ..။

သူတို့ လိုက်ပါစောင့်ရှောက်ပေးနေတဲ့ တပ်ခွဲကမြေနိမ့်ပိုင်းမှာရှိတဲ့ ဂိတ်ပေါက် ခြောက်ခုကအိပ်မက်ဆိုး သတ္တဝါ တွေနဲ့ အတိုင်းအတာ တစ်ခုအထိ ရင်ဆိုင်နေကြရတယ်..။ ဒီ မိစ္ဆာတွေကို အလျင်အမြန် ရှင်းထုတ်ပစ်ဖို့အတွက် သူတို့က ဘေးကနေ ဝိုင်းတိုက်ဖို့ လိုအပ်ပေမဲ့.. အကောင်းဆုံး လမ်းကြောင်းမှာ ခုနစ်ခုမြောက် ဂိတ်ပေါက် က ပိတ်ဆို့နေခဲ့တာပါ..။

ဒီလိုမျိုး ကြမ်းတမ်းတဲ့ မြေပြင်အနေအထားမှာ တိုက်ခိုက်ရေး စစ်သားတွေကို စေလွှတ်ဖို့က ပြဿနာရှိနေတာကြောင့်.. အမြောက်တပ်သားတွေကို အစားထိုး စေလွှတ်ခဲ့တယ်။

ရိုင်နို ရဲ့ အမိုးပေါ်မှာ ရပ်နေရင်း ဆန်နီ သက်ပြင်းချလိုက်ပါတယ်..။

"ငါတို့ ကံကောင်းတယ်.."

ဆမ်မာရာ နဲ့ ကင်မ် တို့ နှစ်ယောက်လုံးက သူ့ကို နားမလည်နိုင်တဲ့ အမူအရာတွေနဲ့ စိုက်ကြည့်လိုက်ကြတယ်..။အချိန်ခနလောက် တိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့ ကင်မ် က

ကြောက်လန့်တကြား လေသံနဲ့ ပြောလာခဲ့ပါတယ်..။

"တောင်းပန်ပါတယ် ကပ္ပတိန်.. ဒါပေမဲ့ အိပ်မက်ဆိုး သတ္တဝါ သုံးရာနဲ့ ကျရှုံးမူအဆင့် နတ်ဆိုးတစ်ကောင်ကို ရင်ဆိုင်ရတာက.. ဘယ်လိုဖြစ်ပြီး ကံကောင်းတယ်လို့ ခေါ်နိုင်မှာလဲ.."

သူ ပခုံးတွန့်ပြလိုက်တယ်..။

"ဒါကို ငါက အန္တရာယ်နည်းတဲ့ ဂိတ်ပေါက် လို့ သတ်မှတ်ထားတာလေ..။ ဘာလို့လဲဆိုတာ မင်းတို့ ခန့်မှန်းကြည့်နိုင်လား.."

ဆမ်မာရာ မျက်မှောင်ကျုတ်လိုက်တယ်..။

"ဘာလို့လဲဆိုတော့.. တိုင်းရန့် အဆင့် မပါလို့လား.."

ဆန်နီ ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်ပါတယ်..။

"အတိအကျပဲ..။ ဟုတ်တယ်..ဒီမှာ သားရဲတွေ အများကြီး ရှိနေတာ မှန်ပေမဲ့.. သူတို့ကို ထိန်းချုပ်မယ့် တိုင်းရန့် ဒါမှမဟုတ် တယ်ရာ အဆင့် မရှိဘဲနဲ့တော့ သူတို့က သာမန် တိရစ္ဆာန်အုပ်လိုပဲ..။ တကယ်လို့ ဒီသတ္တဝါတွေ အားလုံးသာ ထိန်းချုပ်မူအောက်ကနေ စနစ်တကျနဲ့ ဝိုင်းတိုက်နိုင်မယ်ဆိုရင် အခြေအနေက အများကြီး ပိုဆိုးသွားလိမ့်မယ်..။ ပြီးတော့ ငါတို့က ပိုပြီး ဉာဏ်ကောင်းတယ်လေ..။ အဲ့ဒါက ငါတို့ အသာစီးရဖို့အတွက် အခွင့်အရေးတွေ ဖန်တီးနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ.."

သူမ ခနလောက် ငြိမ်နေခဲ့တယ်..။

"အခုလည်း ကျွန်မတို့ဘက်က အသာစီးရနေပြီမဟုတ်ဘူးလား..။ ကျွန်မတို့က မြင့်တဲ့ နေရာမှာ ရှိနေသလို.. လေကလည်း မှန်တဲ့ဘက်ကို တိုက်နေတယ်လေ..။ အိပ်မက်ဆိုး သတ္တဝါ တွေက ကျွန်မတို့ရဲ့ အနံ့ကို မရသေးဘူး..။ ဆိုလိုတာက အငိုက်ဖမ်းတိုက်ခိုက်ဖို့ အခွင့်အရေးက တို့ဘက်မှာ ရှိနေတာပဲ.."

ဆန်နီ ခေါင်းခါလိုက်ပါတယ်..။

"အထင်မမှားနဲ့ဦး..။ ငါတို့ ဒီမှာ ရှိနေတာကို သူတို့ သိပြီးသားပဲ..။ မိစ္ဆာတွေမှာ လူသားတွေရဲ့ အသားနဲ့ ဝိဥာဉ်တွေကို သိနိုင်တဲ့ တခြား နည်းလမ်းတွေ ရှိသေးတယ်..။ အမှန်တော့ သူတို့တွေသာ တစ်ခုခုကို မကြံစည်ထားဘူးဆိုရင် ဂိတ်ပေါက် နားမှာ ငြိမ်ငြိမ်လေး နေနေမှာ မဟုတ်ဘူး..။ သူတို့တွေက ပတ်ဝန်းကျင် အနှံ့ လျောက်သွားပြီး တစ်ခုခုကို ဝါးမြိုဖို့ လိုက်ရှာနေကြမှာပဲ.."

ကင်မ် တုန်လှုပ်သွားခဲ့တယ်..။

"ဒါဆိုရင်.. သူတို့က ဘာကို စောင့်နေတာလဲ.."

သူက သူမကို သဘောကျတဲ့ အမူအရာနဲ့ လှည့်ကြည့်လိုက်ပါတယ်..။

"ဒါက သိသာနေတာပဲ မဟုတ်ဘူးလား..။ သူတို့က ငါတို့ ထောင်ချောက်ထဲကို လမ်းလျှောက်ဝင်လာမှာကို စောင့်နေကြတာလေ..။ဒီ ကျရှုံးမူအဆင့် နတ်ဆိုး က မြင်ရတာထက် ပိုပြီး ဉာဏ်ကောင်းတယ်.."

ဆန်နီ့ ရဲ့ အမူအရာက လေးနက်သွားခဲ့ပြီး..

"အဲဒါကြောင့်ပဲ ဒီကောင်က အရင်ဆုံး သေရ

လိမ့်မယ်.."

ဆမ်မာရာ ဟာ သူမရဲ့ ဆက်သွယ်ရေးစက် စခရင်ကို ခနလောက် သေချာကြည့်လိုက်ပြီးမှ သက်ပြင်းချလိုက်ပါတယ်..။

"ဒီအကွာအဝေးကနေ ကျွန်မ ပစ်နိုင်လောက်တယ်.. ဒါပေမဲ့ ပစ်မှတ်ကို တိုက်ရိုက် မမြင်ရဘူး..။ပြီးတော့ ကျွန်မတို့ကို ဖုံးကွယ်ပေးထားတဲ့ တောင်ကုန်းထိပ်ကလည်း ရန်သူကို အဝေးပစ် လက်နက်တွေကနေ ကာကွယ်ပေးထားသလို ဖြစ်နေတယ်.."

ဆန်နီ့ ရဲ့ အပြုံးက ကောက်ကျစ်တဲ့ပုံစံ ဖြစ်သွားခဲ့ပြီး..

"ဒါတော့ အမှန်ပဲ.. မင်းရဲ့ သေနတ်နဲ့ ဆိုရင်ပေါ့.."

နီရဲနေတဲ့ အလင်းစက်လေးတွေက သူ့ရဲ့ လက်တစ်ဝိုက်မှာ တောက်ပလာခဲ့ပြီးနောက်.. ကြောက်မက်ဖွယ်ကောင်းတဲ့ ခွန်အားတွေ အပြည့်နဲ့ အနက်ရောင် လေး တစ်လက် ပေါ်ထွက်လာခဲ့ပါတယ်..။ လေးကြိုးက အနီရောင် ဖြစ်သလို.. လေးရဲ့ ကိုယ်ထည်ပေါ်မှာလည်း ဒီအရောင်နဲ့ပဲ တံဆိပ်တစ်ခု ရှိနေခဲ့ပါတယ်..။ ဒါကတော့ ဓားတစ်လက် စိုက်ဝင်နေတဲ့ အန်ဗီ ပုံပါ..။

"ဒါပေမဲ့ မြားတွေက ကျည်ဆန်တွေနဲ့ မတူဘူး။.. သူတို့က မျဉ်းဖြောင့်အတိုင်း ပျံသန်းနေဖို့ မလိုဘူးလေ..."

အပိုင်း ( ၈၄၃ ) ပြီး၏။

All Chapters