အခန်း (၈၄၇-၈၄၉)
Vol. 57 Ch. 847-849
အပိုင်း ( ၈၄၇ ) သတ်ဖြတ်ခြင်း
သားရဲအုပ်ကြီးဟာ သူတို့ရဲ့ ခေါင်းဆောင်ကို ဆုံးရှုံးလိုက်ရပါပြီ..။ သူတို့ရဲ့ ထိုးစစ်အရှိန်အဟုန်ကလည်း ချိုးနှိမ်ခံလိုက်ရသလို.. မျက်လုံးမပါတဲ့ မိစ္ဆာတွေရဲ့ လျှို့ဝှက်လက်နက်ကလည်း အသုံးမဝင်တော့ပါဘူး..။ အရေးကြီးဆုံးကတော့ သူတို့ထဲက အတော်များများဟာ အသက်ဆုံးရှုံးသွားခဲ့ရတာပါပဲ..။
ဒါပေမဲ့လည်း အိပ်မက်ဆိုး သတ္တဝါ တွေကတော့ အဖွဲ့အတွက် သေစေနိုင်တဲ့ အန္တရာယ်အဖြစ် ရှိနေဆဲပါ..။
ဆန်နီ နဲ့ သူ့စစ်သားတွေကို အသားပုံတွေ ၊ လက်သည်းတွေ ၊ အစွယ်တွေအောက်မှာ မြှုပ်နှံပစ်ဖို့ သားရဲ အရေအတွက်က လုံလောက်နေဆဲပါပဲ..။ လူသား ခုနစ်ယောက်ကို ဝါးမျိုဖို့ ရှေ့ကို တိုးဝင်လာတဲ့ ကျရှုံးမူအဆင့် မိစ္ဆာ တစ်ဒါဇင်ကျော်လည်း ကျန်နေပါသေးတယ်..။
ဆန်နီ့ မျက်နှာပေါ်မှာ ရုပ်ဆိုးတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
'လာခဲ့လေ.. ကြည့်ကြတာပေါ့...'
ရက်စက်သော မြင်ကွင်း ရဲ့ လှံသွားက တောက်ပတဲ့ အလင်းရောင်တွေနဲ့အတူ.. ခုန်ဝင်လာတဲ့ သားရဲတစ်ကောင်ရဲ့ ခန္ဓာကိုယ်ကို ဖြတ်တောက်လိုက်ပြီးနောက် ဆန်နီ အမြန် အမိန့်ပေးလိုက်ပါတယ်..။
"ရှေ့တန်းအဖွဲ့.. ငါ့နောက် လိုက်ခဲ့.."
သူက လေးလံလှတဲ့ လှံတံကို ပါးစပ်ကြီးတစ်ခုရဲ့ လမ်းကြောင်းမှာ ပိတ်ဆို့လိုက်ပြီး.. ရန်သူကို မြေပြင်ပေါ် လှဲချဖို့ ကြိုးစားလိုက်တယ်။ပြီးတာနဲ့ သူ့ရဲ့ ကိုယ်အလေးချိန်ကို ရွှေ့လိုက်ကာ.. အခြား မိစ္ဆာတစ်ကောင်ကိုတော့ လက်နက်ရဲ့ အရင်းပိုင်းနဲ့ ရိုက်ချလိုက်ပါတယ်..။
"ကင်မ်.. တောင်ကုန်းထိပ်ကို တက်ခဲ့တော့..။
ဆမ်မာရာ.. အနားကို တိုးလာပြီး ကျရှုံးမူအဆင့် တွေကို ဆက်ပြီး ဖိအားပေးထား"
သူက တစ်ပတ်လှည့်ပြီး သားရဲတစ်ကောင်ရဲ့ ခေါင်းကို ဖြတ်ပစ်လိုက်တဲ့ အချိန်မှာပဲ.. မှတ်သားမူ အသစ်တစ်ခုက ဖြစ်တည်လာခဲ့ပါပြီ..။
သံကြိုးအသေးလေး တစ်ခုက သူ့လည်ပင်းမှာ ပတ်ထားလျက် ရှိနေခဲ့တယ်..။ ဒီကြိုးမှာတော့ လက်တစ်ဖက်က လှံကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က လူသားနှလုံးသားကို ကိုင်ထားတဲ့ လှပတဲ့ အမျိုးသမီးငယ် ပုံစံ ရုပ်တုလေး တစ်ခု ချိတ်ဆွဲထားပါတယ်..။ သူမရဲ့ ဗလာကျင်း ဖြစ်နေတဲ့ ရင်ဘတ်က ဟာလာဟင်းလင်း ဒဏ်ရာထဲကနေ သွေးတွေ စီးကျနေခဲ့တယ်..။
သူ့ရဲ့ အဆီအနှစ်တွေ ဒီအဆောင်ထဲကို စီးဝင်သွားတဲ့အခါမှာတော့ သေဆုံးခြင်း စိတ်ဆန္ဒ က သက်ရှိတစ်ခုလို ဖြစ်လာခဲ့ပါပြီ..။
[ သေဆုံးခြင်း စိတ်ဆန္ဒ ] အဆောင်လက်ဖွဲ့ စွမ်းရည် ဖော်ပြချက် - "ဒီ မှတ်သားမူ ကို ပိုင်ဆိုင်သူကို မြင်တွေ့ရသူတိုင်းဟာ ဖိအားပေးခြင်း ခံကြရမည်..။ မိတ်ဆွေတွေဟာ စိတ်ဓာတ်တက်ကြွလာမှာ ဖြစ်ပြီး.. ရန်သူတွေကတော့ ပိုင်ဆိုင်သူကို လိုက်ရှာဖို့ အတင်းအကျပ် ခိုင်းစေခံရမည်..။ သူတို့ သေခြင်းတရား လက်ဆောင် ပေးလိုက်တဲ့ ရန်သူ အရေအတွက် များလာလေလေ မှတ်သားမူ ရဲ့ စွမ်းအားက ပိုကြီးမားလာလေလေ ဖြစ်ပြီး.. ပိုင်ဆိုင်သူရဲ့ ဒဏ်ရာတွေကို ကုသဖို့အတွက်လည်း ပြန်လည် အသုံးချနိုင်သည်.."
သေမင်းအားသွင်းချက် - [၀/၁၀၀၀]
အခုဆိုရင် ဆန်နီ က တိုက်ပွဲပုံစံရဲ့ ရှေ့ဆုံးမှာ ရှိနေတာကြောင့်.. သူ့စစ်သားတွေရော အိပ်မက်ဆိုး သတ္တဝါ တွေပါ သူ့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေပါပြီ..။.. မျက်လုံးမပါတဲ့ မိစ္ဆာတွေက တစ်ခုခုကို မြင်နိုင်ရဲ့လားဆိုတာ သူ သေချာမသိပေမဲ့.. သူတို့က ဆန်နီ ကို တစ်နည်းနည်းနဲ့တော့ အာရုံခံမိနေတာ အသေအချာပါပဲ..။
အထွတ်အထိပ်အဆင့် အဆောင်လက်ဖွဲ့ရဲ့ အကျိုးသက်ရောက်မှုကို ချက်ချင်း ခံစားလိုက်ရတယ်..။ သူ့နောက်က ရှေ့တန်းတိုက်ခိုက်ရေးသမား လေးယောက်ဟာ ရုတ်တရက် အားအင်တွေ ပြန်ပြည့်လာခဲ့ကြပါတယ်..။ သူတို့ရဲ့ လှုပ်ရှားမှုတွေက ပိုမြန် ၊ ပိုစူးရှပြီး ပိုပြီးတော့လည်း အာရုံစိုက်လာနိုင်ကြတယ်..။ အခြားတစ်ဖက်မှာတော့ ရန်သူတွေက ပိုပြီး ရူးသွပ်လာကြပါတယ်..။ သူတို့က ဆန်နီ့ ကို ရူးသွပ်နေတဲ့ သားရဲတွေလိုမျိုး မုန်းတီးမှု ၊ ဆာလောင်မှုနဲ့ ရူးသွပ်မှုတွေနဲ့ ခုန်အုပ်လာကြပါတယ်..။
ဒီလို ဒေါသတကြီး တိုက်ခိုက်မှုတွေ အားလုံးက သူ့တစ်ယောက်တည်းပေါ်မှာပဲ စုပြုံသွားတာကြောင့်.. ချီတင် ၊ ဘယ်လီ ၊ ဒွန်း နဲ့ လူစတာ တို့အတွက် အသက်ရှူဖို့ နေရာရသွားခဲ့တာပါ..။
ဒါက ကောင်းတဲ့အချက် ဆိုပေမဲ့လည်း...
' ချီးပဲ..'
ဒါက ဆန်နီ ဒီမှတ်သားမူ ကို ပထမဆုံးအကြိမ် သုံးဖူးတာ ဖြစ်ပေမယ့်.. သူ အခုကတည်းက အနည်းငယ် နောင်တရချင်နေပါပြီ..။ မှတ်သားမူ ကြောင့် လွှမ်းမိုးခံနေရတဲ့ အိပ်မက်ဆိုး သတ္တဝါ တွေက သူ့အပေါ်ကို အရူးအမူး ပစ်မှတ်ထားပြီး တိုက်ခိုက်လာတဲ့ ဖိအားက နောက်ပြောင်နေတာ မဟုတ်ပါဘူး..။
သူက အံကြိတ်လိုက်ပြီး တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ရင်း လှည့်ပတ်ကခုန်နေခဲ့တယ်..။ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ရှေ့တန်းအဖွဲ့က သားရဲအုပ်ထဲကို ဖြည်းဖြည်းချင်း တိုးဝင်သွားပြီး ရှေ့ကို ခြေလှမ်းအနည်းငယ် တက်နိုင်ခဲ့ပါတယ်..။ ဆန်နီ က သူတို့ရဲ့ တပ်ဦးအဖြစ် တာဝန်ယူထားပြီး.. တောက်ပတဲ့ ငွေရောင် နဲ့ အေးစက်တဲ့ သံမဏိတွေရဲ့ သွေးသံတရဲရဲ ဟာရီကိန်းမုန်တိုင်းကြီး အဖြစ် ပြောင်းလဲသွားခဲ့တယ်..။
သူ့ရဲ့ အားကောင်းတဲ့ ခွန်အားနဲ့ အရှိန်အဟုန် ရှိနေပေမဲ့လည်း.. အခြား မာစတာတွေ သာ ဆိုရင် ရေတွက်လို့မရတဲ့ အိပ်မက်ဆိုး သတ္တဝါ တွေရဲ့ အရေအတွက်နဲ့ ကြမ်းတမ်းမှုကြောင့် ခနလေးအတွင်းမှာပဲ အနိုင်ယူခံလိုက်ကြရမှာပါ။သူတို့က.. မြေပြင်ပေါ် လဲကျကာ နင်းချေခံရတာ ဒါမှမဟုတ် အပိုင်းပိုင်း ဆွဲဖြတ်ခံရမှာ အသေအချာပါပဲ..။ ကံကောင်းတာက ဆန်နီ ဟာ ဝိုင်းရံပိတ်ဆို့ခံရဖို့အတွက် အရမ်းကို လျင်မြန်ဖြတ်လတ်လွန်းနေခဲ့တယ်..။ အရိပ်သုံးခုက သူ့ခန္ဓာကိုယ်မှာ ပတ်ထားတာကြောင့် သူ့ရဲ့ လျင်မြန်မှုနဲ့ လှုပ်ရှားမှုက လူသားတွေထက် ကျော်လွန်တဲ့ အဆင့်ကို ရောက်ရှိနေခဲ့ပါတယ်..။
ပိုပြီး အရေးကြီးတာကတော့ ဒါနဲ့ မလုံလောက်တဲ့ အခါမျိုးမှာဆိုရင်.. သူက ရူးသွပ်နေတဲ့ သားရဲအုပ်ကြီးကြားကနေ လွတ်မြောက်ဖို့ အရိပ်ခြေလှမ်း ကို အလွယ်တကူ သုံးလိုက်ရုံပါပဲ..။ သူ့ရဲ့ ထူးကဲလှတဲ့ နတ်ဘုရားနဲ့ ရင်းနှီးမှုကြောင့် ထာဝရချိန်း က သူ့ရဲ့ ကာကွယ်ရေးကို ဖောက်ထွက်လာတဲ့ တိုက်ခိုက်မှုတွေကို အလွယ်တကူ တောင့်ခံပေးထားနိုင်ခဲ့တယ်..။ ရက်စက်သော မြင်ကွင်း ကတော့ ဝိဥာဥ် ရိတ်သိမ်းသူ ရဲ့ တံစဉ်လိုပဲ တစ်ကောင်ပြီးတစ်ကောင် အသက်နှုတ်နေခဲ့ပါပြီ..။
သူ့နောက်မှာတော့ ရှေ့တန်းအဖွဲ့ဟာ သတ်ဖြတ်လိုစိတ် အပြည့်နဲ့ တိုက်ခိုက်နေကြပြီး သူတို့ရဲ့ စည်းလုံးမှုကလည်း လျင်မြန်စွာ တိုးတက်လာနေခဲ့တယ်..။ သူတို့က ဆန်နီ အတွက် လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ရုံတင်မကဘဲ နောက်ကနေ တိုက်ခိုက်လာမယ့် ရန်သူတွေကိုလည်း တားဆီးပေးထားနိုင်ပါတယ်။ပြီးတော့ သူတို့.. တစ်ယောက်ချင်းစီတိုင်းကလည်း သားရဲတွေကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်နေကြတာပါ..။
ဘယ်လီ ရဲ့ ဓားက ဘာအတားအဆီးမှ မရှိသလိုမျိုး ခန္ဓာကိုယ်တွေကို ဖြတ်တောက်နေပြီး.. ဒွန်း ရဲ့ တူကြီးကတော့ ဖျက်ဆီးအားပြင်းတဲ့ သံလုံးကြီးလိုပဲ ရိုက်ချေနေခဲ့တယ်..။ ချီတင် ရဲ့ တိုက်ခိုက်မှုတွေကတော့ သိပ်ပြီး ထူးထူးခြားခြား မရှိပေမဲ့လည်း.. သူ ဒဏ်ရာပေးလိုက်တဲ့ မိစ္ဆာတိုင်းဟာ မကြာခင်မှာပဲ ယိမ်းယိုင်သွားတာ ၊ တွန့်လိမ်သွားတာ ဒါမှမဟုတ် ဒီတိုင်းပဲ လဲကျသေဆုံးသွားတာမျိုး ဖြစ်ကုန်ကြတယ်..။
လူစတာ တောင်မှ သူ့တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နေပြီး.. သူ့ရဲ့ လှံရှည်နဲ့ ထိုးနှက်တာ ဒါမှမဟုတ် လှံရဲ့ ချိတ်ကို သုံးပြီး မျက်လုံးမပါတဲ့ သားရဲတွေကို ဟန်ချက်ပျက်အောင် လုပ်ကာ တခြားလူတွေ သတ်ရလွယ်အောင် ကူညီပေးနေခဲ့တယ်..။
ဆမ်မာရာ ကတော့ သူမရဲ့ ပစ်ခတ်တဲ့ နေရာကို စွန့်ခွာပြီး ဆန်နီ ဖန်တီးထားတဲ့ တိတ်ဆိတ်ခြင်း စက်ဝန်းထဲကို ဝင်ဖို့ တောင်ကုန်းထိပ်ဆီ တိုးလာခဲ့ပါပြီ..။ သူမရဲ့ နေရာသစ်က အရင်လောက် အားသာချက် မရှိပေမဲ့လည်း ပစ်ချက်အတော်များများကိုတော့ ထိမှန်အောင် ပစ်နိုင်ဆဲပါပဲ..။ ပစ်ချက်တိုင်းက ကျရှုံးမူအဆင့် မိစ္ဆာတွေရဲ့ နဖူးက အားနည်းချက်ကို မထိပေမဲ့လည်း.. ဒီအစွမ်းထက်တဲ့ သတ္တဝါတွေကို ပြင်းထန်တဲ့ ဒဏ်ရာတွေတော့ ရရှိစေခဲ့ပါတယ်..။
သားရဲအုပ်ကြီးက အသံနဲ့ ပထမဆုံး စတင်တိုက်ခိုက်ခဲ့တုန်းက မျက်လုံးမပါတဲ့ သားရဲအချို့ဟာ ရှေ့တန်းအဖွဲ့ရဲ့ ကာကွယ်ရေးကို ဖောက်ထွက်သွားနိုင်ခဲ့ကြတယ်..။ သူတို့က ဘာအတားအဆီးမှ မရှိဘဲ ဆမ်မာရာ ရှိရာဘက်ကို အရှိန်နဲ့ ပြေးလာနေခဲ့ကြပါတယ်..။
...ဒီလို ဖြစ်နေတုန်းမှာပဲ ကျည်ဆန်မိုးတွေက မိစ္ဆာတွေကို ဘေးတိုက် ထိမှန်သွားပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ဖောက်ထွက်သွားခဲ့တယ်..။ လမ်းပေါ်ကို ပြေးတက်လာတဲ့ ကင်မ် ဟာ အရှိန်မလျှော့ဘဲ သူမရဲ့ ကာဘိုင်သေနတ်နဲ့ ဆမ်မာရာ ဆီကို ဦးတည်လာတဲ့ အိပ်မက်ဆိုး သတ္တဝါ တွေကို အားဖြည့်ကျည်ဆံတွေနဲ့ ပစ်ခတ်လိုက်တာပါ..။
နောက်ဆုံးတစ်ကောင်နားကို ရောက်တဲ့အခါမှာတော့ သူမက လက်နက်ကို လွှတ်ချလိုက်ပြီး သိုကြိုးနဲ့ပဲ လွယ်ထားလိုက်တယ်..။
အမျိုးသမီးငယ်က ရူးသွပ်နေတဲ့ သတ္တဝါကြီးရဲ့ ခုန်အုပ်မှုကို ရှောင်လိုက်ပြီး.. သူမရဲ့ ဒိုင်းနဲ့ အားပြင်းတဲ့ ပင့်ထိုးချက်တစ်ခု လုပ်ဆောင်လိုက်ပါတယ်..။ ဒိုင်းရဲ့ အနားသတ်က သားရဲရဲ့ မေးရိုးကို ထိမှန်သွားပြီး မျက်လုံးမပါတဲ့ ခေါင်းကြီးကို အပေါ်ကို ဆတ်ခနဲ ဖြစ်သွားစေခဲ့တယ်။
အဲ့အချိန်မှာပဲ.. သွယ်လျတဲ့ ဓားသွားလေးက ရှေ့ကို ထိုးထွက်သွားပြီး မိစ္ဆာရဲ့ လည်ပင်းကို ထိုးဖောက်လိုက်ပါတော့တယ်..။
တစ်ခနအတွင်းမှာပဲ သားရဲက သေဆုံးသွားခဲ့ပါပြီ..။
ယင်းနောက် မကြာခင်မှာပဲ ကင်မ် က တောင်ကုန်းထိပ်ကို ရောက်လာပြီး.. ဒူးတစ်ဖက် ထောက်လိုက်ကာ သူမရဲ့ ကာဘိုင်သေနတ်ကို နောက်တစ်ကြိမ် ပြန်ကိုင်လိုက်ပါတယ်..။ အခုဆိုရင် ရှေ့တန်းအဖွဲ့က လမ်းအတိုင်း နည်းနည်း ရှေ့တိုးသွားတာကြောင့်.. သူမမှာ သားရဲအုပ်ကြီးကို ပစ်ခတ်ဖို့ ရှင်းလင်းတဲ့ လမ်းကြောင်း ရသွားခဲ့ပါပြီ..။ အမျိုးသမီးငယ်က တရစပ် ပစ်ခတ်ရင်းနဲ့ ဒီသတ်ဖြတ်ပွဲထဲမှာ ပါဝင်လာခဲ့ပါတော့တယ်..။
ရူးသွပ်နေတဲ့ မိစ္ဆာတွေကြားမှာ ပိတ်မိနေရင်း ဆန်နီ က ပြုံးလိုက်တယ်..။
"ဒွန်း.. သားရဲတိုင်းကို သတ်ဖို့ မကြိုးစားနဲ့.. ရရင် ချောက်ထဲကိုပဲ တွန်းချပစ်လိုက်! ဒီလောက် အမြင့်က ပြုတ်ကျတာနဲ့ သူတို့ သေမှာ မဟုတ်ပေမဲ့.. အကြွင်းအကျန်တွေကိုတော့ ငါတို့ နောက်မှ ရှင်းလို့ ရတယ်..။ လူစတာ.. တိုက်ပွဲကနေ ခဏခွာပြီး ဆမ်မာရာ ကို အဆီအနှစ်တွေ ပြန်ရအောင် ကူညီပေးလိုက်..။ ကျန်တဲ့လူတွေ... လုပ်လက်စကိုပဲ ဆက်လုပ်ကြ! သူတို့ကို အပြတ်သတ်ကြစမ်း"
အဖွဲ့သားတွေက နာခံခဲ့ကြပြီး သူ့ရဲ့ နောက်ဆုံးအမိန့်ကို သူတို့ရဲ့ တိုက်ပွဲခေါ်သံတွေနဲ့အတူ ပြန်လည် ဟစ်ကြွေးလိုက်ကြပါတယ်..။
"သူတို့ကို သတ်ပစ်.."
"အကုန်သတ်စမ်း"
"...သတ်ပစ်ကြ.."
ပြီးတာနဲ့ သူတို့ ဆက်ပြီး သတ်ဖြတ်ကြပါတော့တယ်..။
အပိုင်း ( ၈၄၇ ) ပြီး၏။
အပိုင်း ( ၈၄၈ ) အမြဲရှိနေသော ခြိမ်းခြောက်မှု
နောက်ဆုံးမှာတော့ အဖွဲ့သားတွေဟာ မျက်လုံးမပါတဲ့ အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးကို အမြစ်ပြတ် သုတ်သင်နိုင်ခဲ့ကြတယ်..။ ဒါက မလွယ်ကူခဲ့သလို လူတိုင်းကလည်း သေမင်းနဲ့ နီးကပ်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ကြပါတယ်..။ ဒါပေမဲ့ နောက်ဆုံးမှာတော့ လူသား ခုနစ်ယောက်ဟာ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာပေးတွေနဲ့ ကျယ်ပြောလှတဲ့ သတ်ကွင်းကြီးကို ကြည့်နေခဲ့ကြတယ်..။ သူတို့ အားအင်ကုန်ခမ်းနေပေမဲ့ အသက်ရှင်နေကြဆဲပါပဲ..။
ပျက်စီးနေတဲ့ လမ်းပေါ်မှာတော့ အပိုင်းပိုင်းပြတ်နေတာ ၊ ကြေမွနေတာနဲ့ ဆွဲဖြတ်ခံထားရတဲ့ အလောင်းပေါင်း ရာနဲ့ချီပြီး ပုံနေခဲ့တယ်..။ သွေးတွေက တောင်ကုန်းပေါ်ကနေ စီးကျနေပြီး အောက်ခြေမှာတော့ နီရဲတဲ့ သွေးအိုင်တွေ ဖြစ်နေခဲ့ပါပြီ..။ ကျရှုံးမူအဆင့် သတ္တဝါကြီးတွေရဲ့ အလောင်းတွေကတော့ သူတို့ရဲ့ အောက်ခြေအဆင့် သားရဲတွေရဲ့ အလောင်းပုံတွေကြားမှာ ပုပ်သိုးနေတဲ့ အသားပုံကြီးတွေလို ထောင်ထွက်နေခဲ့တယ်..။
ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ မြင်ကွင်းကို ကြည့်ရင်း ဆန်နီ ဟာ စစ်တပ်က သူတို့ကို တကယ့် အစားအစာတွေ ထောက်ပံ့ပေးတာကိုပဲ အရမ်းဝမ်းသာနေမိပါတယ်..။ အခုအချိန်မှာ သူက သားရဲ အသားတွေပဲ စားရတဲ့ အရင်က စားသောက်မူ ပုံစံဆီကို ပြန်သွားဖို့ လုံးဝ စိတ်မပါတော့ပါဘူး..။
သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ရဲ့ စုတ်ပြတ်နေတဲ့ တပ်သားတွေဆီကို လှည့်ကြည့်လိုက်တယ်..။ သူတို့ရဲ့ တိုက်ပွဲက ပြီးဆုံးသွားပြီဆိုပေမဲ့ အချိန်ကတော့ အရေးကြီးနေတုန်းပါပဲ..။
"လူစတာ.. လမ်းကြောင်းကို ရှင်းလင်းပြီးပြီလို့ စစ်ဌာနချုပ်ကို သွားအကြောင်းကြားလိုက်ဦး..။ ပြီးရင် ရိုင်နို ကို တောင်ကုန်းထိပ်ဆီ ယူလာပြီး တောင်စောင်းပေါ်မှာ ရပ်ထားလိုက်..။ ကျန်တဲ့လူတွေကတော့ ရသလောက် အနားယူကြ..။ အော်.. ပြီးတော့ အားလုံးပဲ ကောင်းကောင်း လုပ်နိုင်ခဲ့ကြတယ်.."
အဖွဲ့သားတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပင်ပန်းနေတဲ့ မျက်နှာတွေပေါ်မှာ တက်ကြွတဲ့ အပြုံးတွေ ပေါ်လာခဲ့ကြပါတယ်..။
"ငါတို့ တကယ်ပဲ ကောင်းကောင်း လုပ်နိုင်ခဲ့ကြတာပဲ မဟုတ်ဘူးလား.."
ယင်းနောက်မှာတော့ သူတို့က တွန့်လိမ်နေတဲ့ အလောင်းပုံကြီးတွေဆီကနေ ထွက်ခွာလာပြီး မြေပြင်ပေါ်မှာ ပစ်လှဲချလိုက်ကြတယ်..။ သွေးတွေ စွန်းထင်းနေတဲ့ သူတို့ရဲ့ သံချပ်ကာတွေဆီကနေ အငွေ့တွေက အေးစက်တဲ့ လေထုထဲကို လွင့်တက်နေခဲ့ပါပြီ..။ မကြာခင်မှာပဲ ရိုင်နို ရောက်လာခဲ့ပြီး သူ့ရဲ့ ရှေ့မီးကြီးတွေနဲ့ မကြာသေးခင်က တိုက်ပွဲမြေပြင်ရဲ့ ကြောက်စရာကောင်းတဲ့ ပုံရိပ်ကို ပိုပြီး ပေါ်လွင်နေစေခဲ့တယ်..။ စစ်သားတွေကတော့ အနားယူရင်း သူတို့ရဲ့ အဆီအနှစ်တွေကို ပြန်လည် ဖြည့်တင်းနေကြပါတယ်..။ ဘယ်သူမှ ပြင်းပြင်းထန်ထန် ဒဏ်ရာမရထားတာကြောင့် ချီတင် ကလည်း ဒဏ်ရာရသူတွေကို ကုသပေးဖို့ သိပ်ပြီး အလျင်မလိုခဲ့ပါဘူး..။
ဘယ်သူမှ ကင်းစောင့်မနေကြပေမဲ့ ဆန်နီ့ ရဲ့ အရိပ်တွေက ဘယ်လူသားထက်မဆို ပိုပြီး ကောင်းမွန်အောင် ကင်းစောင့်ပေးနိုင်တာကြောင့် အဆင်ပြေနေခဲ့တယ်..။
အရာအားလုံးက အေးချမ်းပြီး ဘေးကင်းပုံရပေမဲ့... သူကတော့ အလှည့်စား မခံပါဘူး..။
တောင်ကြားအောက်ခြေမှာတော့ လက်တွေ့ကမ္ဘာမှာ ဟာလာဟင်းလင်း ဖြစ်နေတဲ့ အက်ကွဲကြောင်းကြီးက ထူးဆန်းတဲ့ အမှောင်ထုတွေနဲ့ တုန်ခါနေတုန်းဖြစ်ပြီး ဆန်နီ ကို တိတ်တဆိတ် ခေါ်ယူနေခဲ့တယ်..။ ထွက်ပေါက် က ပွင့်နေဆဲပါပဲ..။ ဒီထဲက ထွက်လာတဲ့ ပထမဆုံး အိပ်မက်ဆိုး သတ္တဝါ လှိုင်းကို သူတို့ အနိုင်ယူနိုင်ခဲ့ပေမဲ့ နောက်ထပ် သားရဲတွေက အချိန်မရွေး ထပ်ရောက်လာနိုင်ပါတယ်..။
ပုံမှန်အားဖြင့် ပထမဆုံးလှိုင်းက အန္တရာယ်အရှိဆုံး ဖြစ်တတ်ပေမဲ့ အမြဲတမ်းတော့ မဟုတ်ပါဘူး..။အကြောင်းရင်းကတော့ အိပ်မက်ဆိုး မျိုးစေ့ ပွင့်ထွက်လာတဲ့ အချိန်မှာ အနားမှာ ရှိနေတဲ့ မိစ္ဆာတွေ ပါဝင်လေ့ရှိပေမဲ့ ထွက်ပေါက် ပွင့်နေသရွေ့တော့ နောက်ထပ် သားရဲတွေက
အစစ်အမှန်ကမ္ဘာထဲကို လျှောက်လှမ်းဝင်ရောက်လာနိုင်ပါသေးတယ်..။
ဆန်နီ သံသယဖြစ်မိတာကတော့ အိပ်မက်ဆိုး သတ္တဝါ တွေဟာ နိုးထသူ တွေ ခံစားရတဲ့
ခေါ်ယူမှု မျိုးနဲ့ ဆင်တူတဲ့ ခေါ်ယူမှု တစ်ခုကို ခံစားရတာ ဖြစ်နိုင်ပါတယ်..။ ဒါက သူတို့ကို အိပ်မက်ကမ္ဘာ ရဲ့ နေရာအသီးသီးကနေ ပွင့်နေတဲ့ မျိုးစေ့ဆီကို ဆွဲခေါ်သွားတာပါပဲ..။ အနားမှာ ရှိနေတဲ့ သူတွေက အရင်ဆုံး ရောက်လာကြပေမဲ့ နောက်ပိုင်းမှာတော့ အများကြီး ထပ်ရောက်လာနိုင်ပါသေးတယ်..။
ဒါ့ကြောင့်မို့လို့ ထွက်ပေါက် တစ်ခုကို ပိတ်လို့ မရဘူးဆိုရင် အစိုးရတပ်ဖွဲ့တွေက အဲဒီနေရာကို ဝန်းရံထားပြီး အမြဲတမ်း စောင့်ကြည့်နေကြ ရတာပါ..။ အနည်းဆုံးတော့ လူနေထူထပ်တဲ့ နေရာတွေ အနားမှာပေါ့..။ အချိန်ကြာလာတာနဲ့အမျှ ဒီလို ဝန်းရံထားရတဲ့ နေရာတွေ များလာတာကြောင့် အစိုးရရဲ့ လုံခြုံရေး ပေးနိုင်တဲ့ စွမ်းဆောင်ရည်ကလည်း အကန့်အသတ် ဖြစ်လာခဲ့ပါတယ်..။
ဒါကြောင့် အဖွဲ့က လုံးဝ ဘေးကင်းသွားပြီလို့ ပြောလို့မရပါဘူး..။
...သူက ဒီထူးဆန်းတဲ့ အက်ကြောင်းကြီးကို အချိန်အတော်ကြာ စိုက်ကြည့်နေရင်း သူ့ရဲ့ စိတ်ကို တဖြည်းဖြည်း တိုက်စားနေတဲ့ ခေါ်ယူမှု ကို ခံစားနေရတယ်..။ယင်းနောက် ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး ရိုင်နို နားကို လမ်းလျှောက်သွားကာ သူ့ရဲ့ အရိပ်အောက်မှာ ထိုင်ချလိုက်ပါတယ်..။
သူလည်း ပင်ပန်းနေပါပြီ..။
အခုကတော့ တိုက်ပွဲရဲ့ ရလဒ်တွေကို စစ်ဆေး
ရမယ့် အချိန်ပါပဲ..။
သူက ရူးနစ် စာလုံးတွေကို ဆင့်ခေါ်လိုက်ပြီး သေချာ လေ့လာကြည့်လိုက်တယ်..။
အမည် - ဆန်းလပ်စ်
အစစ်အမှန် နာမည် - အလင်းမှ ပျောက်ဆုံးသူ
အဆင့် - တက်ရောက်သူ
အမျိုးအစား - နတ်ဆိုး
အရိပ်အမြုတေ - [၄/၇]
အရိပ်အပိုင်းအစ - [၁၂၄၆/၄၀၀၀]
' ချီးပဲ...'
မကြာသေးခင်က တိုက်ပွဲရဲ့ အတိုင်းအတာက ပြင်းထန်မှုတွေ ရှိခဲ့ပေမဲ့လည်း သူက အရိပ်အပိုင်းအစ ကတော့ သုံးဆယ်လောက်ပဲ ရခဲ့ပါတယ်..။ ထွက်ပေါက်ရဲ့ အစောင့်အကြပ် ကို သတ်လိုက်လို့ လေးခုရပြီး ကျန်တာကတော့ ကျရှုံးမူအဆင့် မိစ္ဆာတွေကို သတ်လို့ ရတာပါ..။ ဆန်နီ က အခု တက်ရောက်သူ ဖြစ်နေတာကြောင့် အိပ်စက်သူ နဲ့ နိုးထသူ အဆင့် ရှိတဲ့ အိပ်မက်ဆိုး သတ္တဝါ တွေကို သတ်ရင် ဘာမှ မရတော့ပါဘူး..။
တိုင်းရန့် တစ်ယောက် ဖြစ်လာဖို့ကတော့... လွယ်မှာ မဟုတ်ပေ..။
'ထားလိုက်တော့..'
သူက စိတ်ပျက်လက်ပျက်နဲ့ ရူးနစ် စာလုံးတွေကို ဆက်ဖတ်နေခဲ့တယ်..။
မှတ်သားမူ များ - [ငွေရောင်ခေါင်းလောင်း] ၊ [ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်]၊ [သန်းခေါင်ယံ အမြုတေ]၊ [ထူးကဲသော ကျောက်တုံး]၊ [သုံးမြှောင့် ဆူးချွန်]၊ [အဆုံးမရှိ စမ်းချောင်း]၊ [အနက်ရောင်တောင်ပံ]၊ [လအမြုတေ]၊ [မြေအောက်ကမ္ဘာ ဝတ်ရုံတော်]၊ [ဝီဗာ မျက်နှာဖုံး]၊ [ကျိုးပျက်ကျိန်စာ]၊ [ဆောင်းဦး သစ်ရွက်]၊ [ရက်စက်သော မြင်ကွင်း]၊ [တပ်မက်ခြင်းသေတ္တာ]၊ [ထာဝရချိန်း]၊ [ကောင်းကင်ဖိအား]၊ [မီးမှတ်သားမူ]၊ [ရေခဲမှတ်သားမူ]၊ [မိုးကြိုးလျှပ်စီး]၊ [မော်ဂန်ရဲ့ စစ်ပွဲလေး]၊ [အရိပ်မီးအိမ်]၊ [အရိုးသီဆိုသူ]၊ [အရိပ်ထိုင်ခုံ]၊ [စျေးကြီးသောကုန်းနှီး]၊ [သေဆုံးခြင်း ဆန္ဒ]၊ [နတ်ဆိုးမျက်လုံး]...
ဆန်နီ ဟာ အိပ်မက်ဆိုးကနေ ပြန်လာပြီးနောက်ပိုင်း သူကိုယ်တိုင် ဖန်တီးတဲ့ မှတ်သားမူ တွေထဲကို နာမည်တွေ ထည့်သွင်းဖို့ သင်ယူခဲ့ပါတယ်..။ [အရိပ်ထိုင်ခုံ] ဆိုတာက နိုတစ် ဆီကနေ သူ ခနငှားယူခဲ့တဲ့ လက်ရာမြောက်လှတဲ့ သစ်သားထိုင်ခုံပါ..။ ဝမ်းနည်းစရာကတော့ ဆန်နီ အစစ်အမှန်ကမ္ဘာကို သယ်ယူလာဖို့ ကြိုးစားခဲ့တဲ့ တခြားပစ္စည်းတွေကတော့ လွတ်မြောက်မလာခဲ့ပါဘူး..။ သူ ပြန်ရောက်လာတာနဲ့ အရာအားလုံးက ပျောက်ကွယ်သွားခဲ့တာကြောင့် သူ တကယ့်ကို စိတ်ပျက်ခဲ့ရပါတယ်..။ ဒါပေမဲ့လည်း သူဖန်တီးထားတဲ့ မှတ်သားမူ ကတော့ ကျန်ရှိနေခဲ့တယ်..။
[စျေးကြီးသောကုန်းနှီး] ကတော့ အိပ်မက်ဆိုး အတွက် သူ အထူးမှာယူထားတဲ့ တကယ့်ကို ဈေးကြီးလွန်းလှတဲ့ ကုန်းနှီးပါပဲ..။
[နတ်ဆိုးမျက်လုံး] ကတော့ ဆိုးယုတ်သော အမြင်အာရုံ လို့ ခေါ်တဲ့ နတ်ဆိုး ကို သတ်လိုက်လို့ အခုလေးတင် ရရှိခဲ့တဲ့ မှတ်သားမူ အသစ်ပါ..။ သူရရှိထားတဲ့ နိုးထသူ အဆင့် မှတ်သားမူ အချို့လည်း ရှိသေးပေမဲ့ အဲဒါတွေကတော့ သူ့ရဲ့ အရိပ်တွေကို ကျွေးဖို့ပဲ ကောင်းပါလိမ့်မယ်..။
'အဲဒါတွေကို နောက်မှပဲ ရှင်းတော့မယ်..'
သူက ရူန်းစာလုံးတွေဆီကို အာရုံ ပြန်ပြောင်းလိုက်တယ်..။
ထပ်တူညီမူ - မရှိ
အရိပ်များ - [မာဗယ်သူတော်စင်]၊ [အိပ်မက်ဆိုး]၊ [ဝိဥာဥ်မြွေ]
အရည်အသွေးများ - [ကံစီမံရာ]၊ [နတ်ဘုရားမီးတောက်]၊ [အရိပ်အရှင်သခင်]၊ [ဝီဗာသွေး]၊ [ဝီဗာအရိုး]
ဂဏ္ဍ - [အရိပ်အစေခံ]
ဂဏ္ဍ အဆင့် - နတ်ဘုရားအဆင့်
ဂဏ္ဍ စွမ်းရည်များ - [အရိပ်ထိန်းချုပ်မူ]၊ [အရိပ်ခြေလှမ်း]၊ [အရိပ်သရုပ်ဖော်ခြင်း]
ဂဏ္ဍ အမွေအနှစ် - [အရိပ်ကခုန်မူ ]
အားနည်းချက် - [ ရှင်းလင်းသော သိစိတ်]
အိပ်မက်ကျောက်ဆူး - မျှော်လင့်ချက်တာဝါ
ဝိဥာဥ်မြွေ ရဲ့ အမည်ကတော့ မှိန်ဖျော့ပြီး အသက်မဲ့နေခဲ့တယ်..။ ဆန်နီ က ဒီအရိပ်ကို ရိန်း ဆီကို လက်ဆောင်ပေးခဲ့ပြီးနောက်ပိုင်း ပြန်သိမ်းလို့ရော ပြန်ဆင့်ခေါ်လို့ရော မရတော့ပါဘူး..။ အနည်းဆုံးတော့ အဝေးကနေပေါ့..။ ဒါပေမဲ့ သူက ဒီအရိပ်နဲ့ သိမ်မွေ့တဲ့ ဆက်နွယ်မှုတစ်ခု ရှိနေတုန်းပါပဲ..။ မြွေ က အသက်ရှင်နေပြီး အဆင်ပြေနေတယ်ဆိုတာကို သူ သိနေခဲ့တယ်..။
'အနည်းဆုံးတော့ ဒါက တစ်ခုခုပဲ.. သူတို့နှစ်ယောက်လုံး အဆင်ပြေနေတာပဲလေ..'
ဆန်နီ သက်ပြင်းတစ်ချက်ချလိုက်ရင်း သူ့ရဲ့ မှတ်သားမူ အသစ်ဖြစ်တဲ့ [နတ်ဆိုးမျက်လုံး] ကို အာရုံစိုက်လိုက်ပါတယ်..။ ဖော်ပြချက်ကို ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ ဒါက အမြင်အာရုံကို မြှင့်တင်ပေးနိုင်စွမ်း ရှိပြီး.. အသေးစိတ်အချက်အလက်တွေကို ပိုမိုခွဲခြားနိုင်ကာ ဝေးလံတဲ့ နေရာက အရာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း ရှိစေတယ်လို့ သိလိုက်ရပါတယ်..။ ဒါက ကျရှုံးမူအဆင့် နတ်ဆိုး ဆီက ရတာဖြစ်လို့ အကျိုးသက်ရောက်မှုက တကယ်ကို အစွမ်းထက်မှာပါ..။ ဒါပေမဲ့ ဒါကို ဘာလုပ်ရမလဲဆိုတာ သူ ဆုံးဖြတ်ရပါဦးမယ်..။
ဆန်နီ က ဒီမှတ်သားမူကို ကိုယ်တိုင် သုံးလို့ရသလို.. သူ့ရဲ့ အရိပ်တစ်ခုခုကို ကျွေးတာ ဒါမှမဟုတ် သူ့စစ်သားတစ်ယောက်ယောက်ကို ပေးလို့လည်း ရပါတယ်..။
ဆမ်မာရာ နဲ့ ကင်မ် တို့ကတော့ အသင့်တော်ဆုံး လူတွေပါပဲ..။ နိုးထသူ အဝေးပစ် ကျွမ်းကျင်သူ အတွက်ဆိုရင် ပစ်မှတ်တွေကို အဝေးကြီးကနေ ပစ်နိုင်မှာဖြစ်လို့ သိသာတဲ့ အကျိုးကျေးဇူး ရှိပါလိမ့်မယ်..။ သို့ပေမဲ့ ကြောက်တတ်တဲ့ မိန်းကလေး အတွက်ဆိုရင်တော့... နတ်ဆိုးမျက်လုံး ရဲ့ ပံ့ပိုးမှုက ရန်သူတွေရဲ့ အားနည်းချက်ကို မြင်နိုင်တဲ့ သူမရဲ့ အစွမ်းအပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာကို ဆန်နီ တကယ် သိချင်နေမိတယ်..။
သူ ခနလောက် စဉ်းစားပြီးနောက်မှာတော့ ခေါင်းကို လှည့်ပြီး ပြောလိုက်ပါတယ်..။
"ဟေး.. ကင်မီ... ဒီကို ခနလောက် လာပါဦး..."
အပိုင်း ( ၈၄၈ ) ပြီး၏။
အပိုင်း ( ၈၄၉ ) ဝန်းရံထားသည့် စစ်ဆင်ရေး
[နတ်ဆိုးမျက်လုံး] က ကင်မ် ရဲ့ စွမ်းရည်နဲ့ တော်တော်လေး လိုက်ဖက်ပုံရပါတယ်..။ ဒါပေမဲ့ ဒီမှတ်သားမူက ဘယ်လောက်အထိ တိုးတက်ပြောင်းလဲသွားမလဲဆိုတာကိုတော့ နောက်တစ်ကြိမ် တိုက်ပွဲကျမှပဲ အဖွဲ့သားတွေ အမှန်တကယ် သိခွင့်ရတော့မှာပါ..။ အဲဒီတိုက်ပွဲကလည်း သံသယဖြစ်စရာမလိုဘဲ မကြာခင်မှာ ရောက်လာပါလိမ့်မယ်..။
…ဒါပေမဲ့ အခုတော့ မဟုတ်သေးပါဘူး..။
ဆန်နီ မြေပြင်ပေါ်မှာ ထိုင်ရင်း မှိန်ပျပျ ကောင်းကင်ယံမှာ ကခုန်နေတဲ့ နှင်းပွင့်လေးတွေကို ကြည့်နေတဲ့ အနားယူနေခဲ့တယ်။ မျက်လုံးမပါတဲ့ သားရဲအုပ်ကြီးနဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း သူ့စစ်သားတွေရဲ့ စွမ်းဆောင်ရည်နဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကိုပါ ပြန်လည် ဆန်းစစ်နေခဲ့ပါတယ်..။ ခြုံငုံကြည့်ရမယ်ဆိုရင် သူက ရလဒ်အပေါ် ကျေနပ်မိပါတယ်..။ သူ့ရဲ့ လက်အောက်ငယ်သား တစ်ယောက်မှ ပြင်းထန်တဲ့ ဒဏ်ရာ မရရှိခဲ့ပဲ ရန်သူတွေကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တာကြောင့် သူ ဘာလို့ မကျေနပ်ပဲ နေပါ့မလဲ..။
လူတိုင်းက ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ကြတယ်..။ ဘယ်လီ ၊ ဒွန်း နဲ့ ချီတင် တို့ဟာ ထိပ်တန်း တိုက်ခိုက်ရေး ကျွမ်းကျင်သူတွေ ဖြစ်ကြောင်း သူတို့ရဲ့ တန်ဖိုးကို သက်သေပြခဲ့ကြပါတယ်..။ ဆမ်မာရာ ကတော့ သူ့ရဲ့ မြင့်မားလှတဲ့ မျှော်လင့်ချက်တွေကိုတောင် ကျော်လွန်ပြီး ယုံကြည်မှုအပြည့်နဲ့ စွမ်းဆောင်နိုင်ခဲ့တယ်..။
ကင်မ် ကလည်း သူတို့ရဲ့ စုပေါင်းစွမ်းအားအတွက် အရေးပါခဲ့သလို လုံလောက်တဲ့ ပံ့ပိုးမှုတွေ ပေးနိုင်ခဲ့ပါတယ်..။ လူစတာ ရဲ့ ပါဝင်မှုက သိပ်ပြီး ထူးထူးခြားခြား မရှိဘူးလို့ ထင်ရပေမဲ့လည်း တကယ်တမ်းတော့ သူ့ရဲ့ ရှိနေမှုက အရာအားလုံးကို ပြောင်းလဲသွားစေခဲ့တာပါ..။ ဒီလူငယ်လေးက ဒုတိယတန်း တိုက်ခိုက်ရေးသမား တစ်ယောက်အနေနဲ့ သူ့တာဝန်ကို သူ ကျေပွန်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်..။
ဒါပေမဲ့ အရာအားလုံးက ထင်သလောက်တော့ မရိုးရှင်းပါဘူး..။
ဆန်နီ့ မျက်နှာပေါ်မှာ သိမ်မွေ့တဲ့ မျက်မှောင်ကျုတ် မှုတစ်ခု ပေါ်လာခဲ့တယ်..။
'တကယ် ပြသနာပဲ...'
သူတို့ အခုလို အလွယ်တကူ အောင်ပွဲရခဲ့တာက အချက်အချို့အပေါ်မှာ အခြေခံနေခဲ့တာပါ..။ ပထမဆုံးနဲ့ အရေးအကြီးဆုံးကတော့ မြေပြင်အနေအထားကို ထိန်းချုပ်နိုင်တာနဲ့ သူတို့ရဲ့ အားသာချက်တွေကို ကောင်းကောင်း အသုံးချနိုင်ခဲ့တာ ကြောင့်ပါ..။ ဒုတိယအချက်ကတော့ သားရဲအုပ်ရဲ့ ကျရှုံးမူအဆင့် ခေါင်းဆောင်ကို ချက်ချင်း သုတ်သင်နိုင်ခဲ့တာပါပဲ..။ ဆိုးယုတ်သော အမြင် မရှိတော့တဲ့အတွက် ကျန်တဲ့ အိပ်မက်ဆိုး သတ္တဝါ တွေမှာ ကြောက်စရာကောင်းတဲ့ သဘာဝလွန် စွမ်းအားတွေ မရှိကြတော့ပါဘူး..။
နတ်ဆိုး တွေနဲ့ အဆင့်မြင့် သားရဲတွေ ပိုင်ဆိုင်ထားတဲ့ စွမ်းရည်တွေက တိုက်ပွဲတိုင်းကို ခန့်မှန်းရခက်တဲ့ အခြေအနေတွေ ဖြစ်စေပါတယ်..။ ဒီလို မတည်ငြိမ်မှုတွေက ဘယ်လို ဗျူဟာနဲ့ စီမံချက်ကိုမဆို ယုံကြည်လို့မရအောင် လုပ်ပစ်တတ်တာပါ..။ ဒီတစ်ကြိမ်မှာတော့ ဆန်နီ က ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်ခဲ့ပြီး စစ်ရေးအရ အသာစီးရအောင် လုပ်နိုင်ခဲ့ပေမဲ့ နောက်တစ်ကြိမ်မှာရော ဘယ်လိုဖြစ်မလဲ..။ နောင်လာမယ့် တိုက်ပွဲတိုင်းက အခုလိုမျိုး စနစ်တကျ ရှိနေလိမ့်မယ်လို့ သူ မထင်ပါဘူး..။
နောက်ဆုံးအနေနဲ့ အဖွဲ့သားတွေဟာ သားရဲအုပ်ကို ချေမှုန်းဖို့ သူတို့ရဲ့ စွမ်းအားအပြည့်ကို ထုတ်သုံးပြီး နောက်မဆုတ်တမ်း တိုက်ခိုက်ခဲ့ကြတယ်..။ ဆန်နီ က သူ့ရဲ့ ဝှက်ဖဲတွေကို မသုံးဘဲ ရှောင်ရှားခဲ့ပေမဲ့လည်း အခုဆိုရင် သူ့ရဲ့ အဆီအနှစ် ပမာဏက တစ်ဝက်ကျော်လောက် ကုန်ဆုံးသွားပါပြီ..။ သူ့ရဲ့ စစ်သားတွေကတော့ ပိုဆိုးတဲ့ အခြေအနေမှာ ရှိနေကြပါတယ်..။ သူတို့ ပြန်လည် နာလန်ထူဖို့အတွက် ရက်အနည်းငယ်လောက် အချိန်ယူရမှာပါ..။လူစတာ သာ ပါဝင်လာမယ်ဆိုရင်တော့ အချိန်နည်းနည်း ပိုမြန်နိုင်ပါတယ်..။
ဆန်နီ က အစွမ်းကုန် ထုတ်သုံးခဲ့တာကို နောင်တမရမိပေ..။ ဒါက သူ့အဖွဲ့ရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ရှိလဲဆိုတာကို စံသတ်မှတ်ချက်တစ်ခု ဖန်တီးနိုင်စေခဲ့လို့ပါပဲ..။ ဒါပေမဲ့ အနာဂတ်မှာ သူတို့ရဲ့ အဆီအနှစ်တွေကို အခုလို ပေါ့ပေါ့ဆဆ ဖြုန်းတီးပစ်ဖို့ အခွင့်အရေး ရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကတော့ သူ့မှာ ရှိနေခဲ့ပါတယ်..။ နောက်ထပ် တိုက်ပွဲက ဘယ်အချိန်မှာ ရောက်လာမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ..။ သူတို့ အားပြန်ဖြည့်ဖို့ လိုအပ်တဲ့ အချိန်ကို ရလိမ့်မယ်လို့လည်း အာမခံချက် မရှိပါဘူး..။
'အဆီအနှစ်ကို ချွေတာဖို့က ပထမဦးစားပေး ဖြစ်လာလိမ့်မယ်... ဒါကို ငါ့အရိုးထဲကနေ ခံစားမိနေတယ်..'
သူ့ရဲ့ မျက်နှာအမူအရာက နက်မှောင် သွားခဲ့တယ်..။ သူ့ စစ်သားတွေက သူတို့ရဲ့ စွမ်းအားတွေကို ထုတ်သုံးဖို့ ကန့်သတ်ချက်တွေ များလာလေလေ သူတို့ ရင်ဆိုင်ရမယ့် အန္တရာယ်က ပိုများလာလေလေ ဖြစ်မှာပါ..။
ဆန်နီ က ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး လူစတာ ကို တွက်ချက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်..။ လူငယ်လေးက ရုတ်တရက် တုန်ရီသွားပြီး ပြန်ကြည့်လာခဲ့တယ်..။
"အာ... ကပ္ပတိန်..။ ကျွန်တော့်ကို ဘာလို့ စိုက်ကြည့်နေတာလဲ.."
ဆန်နီ သူ့ကို စိတ်အေးစေမယ့် အပြုံးတစ်ခု ပြုံးပြလိုက်ပေမဲ့ ဘာကြောင့်မှန်းမသိဘဲ ဒီအပြုံးက လူစတာ ကို ပိုပြီးတော့တောင် စိတ်လှုပ်ရှားသွားစေခဲ့ပါတယ်..။
"အိုး.. အနာဂတ်အကြောင်း စဉ်းစားနေလို့ပါ..။ ဒါနဲ့ စကားမစပ်... ကင်မ် ကို ခေါ်ပြီး ငါတို့အတွက် ဝိဥာဥ် အမြုတေ အပိုင်းအစ တချို့ သွားယူလိုက်ဦး..။ ကျရှုံးမူအဆင့် သားရဲတွေကိုတော့ သွားမထိနဲ့တော့..။ သူတို့ရဲ့ အရေခွံတွေက အရမ်းမာလွန်းတာ ဆိုတော့ အချိန်ကုန်တာပဲ ရှိလိမ့်မယ်.."
ဒါတွေကိုတော့ စစ်တပ်ကပဲ ရှင်းလင်းပေးပါလိမ့်မယ်..။
အဖွဲ့ကို တာဝန်ခံရတဲ့ အရာရှိတစ်ယောက်အနေနဲ့ ဆန်နီ က သူ့လက်အောက်ငယ်သားတွေရဲ့ ဝိဥာဥ် အမြုတေတွေ ဘယ်လောက်အထိ ပြည့်ဝနေပြီလဲဆိုတဲ့ အချက်အလက်တွေကို သိပိုင်ခွင့် ရှိနေခဲ့တယ်..။ဒါကို မကြည့်ရရင်တောင် သူက ကြည့်လိုက်ရုံနဲ့ ခန့်မှန်းနိုင်ပါသေးတယ်..။
အမှန်တော့ သူတို့မှာ အပိုင်းအစတွေ အများကြီး မလိုတော့ပါဘူး..။ ဒွန်း နဲ့ ဆမ်မာရာ တို့က အပြည့်အဝ ရှိနေတာ ကြာပါပြီ..။ ဘယ်လီ နဲ့ ချီတင် တို့ကလည်း ဒီအဆင့်ကို ရောက်ဖို့ တကယ့်ကို နီးစပ်နေခဲ့ပါပြီ..။ လူစတာ နဲ့ ကင်မ် တို့ကပဲ သူတို့ရဲ့ အသက်အရွယ်ကြောင့် နည်းနည်း နောက်ကျကျန်နေခဲ့တာပါ..။
ဒီအဖွဲ့က မကြာခင်မှာပဲ သူတို့ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ရောက်ရှိလာပါလိမ့်မယ်..။
လူစတာ နဲ့ ကင်မ် တို့ ထွက်သွားတဲ့အခါမှာတော့... ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သူ့ရဲ့ အရိပ်တစ်ခုက သူတို့နောက်ကနေ လိုက်ပါသွားခဲ့တယ်..။ ဆန်နီ က ရိုင်နို ရဲ့ ကိုယ်ထည်ကို မှီလိုက်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်ပါတယ်..။
သေစေနိုင်ပြီး ခန့်မှန်းရခက်တဲ့ အိပ်မက်ကမ္ဘာ ထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက်မှာတော့ သူက ရှားပါးပြီး အဖိုးတန်လှတဲ့ အနားယူဖို့ အခွင့်အရေးတွေကို ဘယ်တော့မှ လက်လွတ်မခံတတ်တော့ပါဘူး..။
အခုအချိန်အတွင်းမှာတော့ သေးငယ်တဲ့ တောင်ကြားလေးက ငြိမ်သက်တိတ်ဆိတ်နေခဲ့တယ်..။ သိပ်မဝေးတဲ့ နေရာက တောင်စောင်းတွေရဲ့ နောက်ကွယ်မှာတော့ ညနေခင်း ကောင်းကင်ယံရဲ့ မှောင်မည်းမှုဟာ အမြောက်ကြီးတွေရဲ့ ပစ်ခတ်မှုကြောင့် လိမ္မော်ရောင် အလင်းတန်းတွေနဲ့ ပွင့်ထွက်နေခဲ့ပါတယ်..။ မိုးခြိမ်းသံလို ပြင်းထန်တဲ့ ပေါက်ကွဲသံတွေရဲ့ ပဲ့တင်သံက တောင်ကြားထဲကို တစ်ခါတစ်ရံ ရောက်ရှိလာနေခဲ့နယ်။... ဒီဖျက်ဆီးမှုတွေကတော့ စစ်တပ်ရဲ့ အဓိက တပ်ရင်းတွေက အိပ်မက်ဆိုး သတ္တဝါ အုပ်စုလေးနဲ့ သွေးချောင်းစီး တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ ဖြစ်နေခဲ့တာပါ။
ဒါပေမဲ့ မကြာခင်မှာပဲ အသံတွေက နီးကပ်လာခဲ့ပြီး ပျက်စီးနေတဲ့ လမ်းမပေါ်မှာ သိမ်မွေ့တဲ့ တုန်ခါမှုတွေ ပြန့်နှံ့သွားခဲ့တယ်..။
ဆန်နီ က မျက်လုံးတစ်ဖက်ကို ဖွင့်ပြီး အောက်ဘက်ကို ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ တောင်စောင်းပေါ်ကို တက်လာတဲ့ စစ်တပ်ယာဉ်တန်း ရှည်ကြီးကို မြင်လိုက်ရပါတယ်..။ ယာဉ်တန်းရဲ့ ရှေ့ဆုံးမှာတော့ စစ်မြေပြင်သုံး ယန္တရား အဖွဲ့တစ်ဖွဲ့က ချီတက်လာနေခဲ့တယ်..။ သူတို့ရဲ့ ကျယ်ပြန့်တဲ့ သံခြေထောက်တွေက ခြေလှမ်းတိုင်းမှာ လမ်းကို အက်ကွဲသွားစေခဲ့ပါတယ်..။ သေးငယ်တဲ့ စက်ရုပ် အချို့ကတော့
ဆမ်မာရာ ကိုင်ထားတဲ့ လျှပ်စစ်သံလိုက်သေနတ်နဲ့ မခြားနားတဲ့ သေနတ်တွေကို ကိုင်ဆောင်ထားကြတယ်..။
ဒါပေမဲ့ သူတို့ရဲ့ ကြီးမားလှတဲ့ လက်တွေထဲမှာတော့ ဒီ သေနတ်တွေက သေးငယ် ပေါ့ပါးနေကာ သာမန် လက်နက်ငယ်လေးတွေလိုပဲ ထင်မှတ်ရပါတယ်..။
အဖွဲ့သားတွေ လုံခြုံအောင် စောင့်ရှောက်ပေးဖို့ အမိန့်ပေးထားတဲ့ တပ်ရင်းက နောက်ဆုံးမှာတော့ ရောက်ရှိလာခဲ့ပါပြီ..။ သူတို့က လမ်းအတိုင်း လိုက်သွားပြီး သားရဲအုပ်ကြီးရဲ့ ဘေးတိုက်ကနေ တိုက်ခိုက်ကာ ဝန်းရံထားတဲ့စစ်ဆင်ရေးကို အဆုံးသတ်ကြရတော့မှာပါ..။
ဒါက ဆန်နီ နဲ့ သူ့စစ်သားတွေရဲ့ တိုတောင်းတဲ့ အနားယူချိန် ပြီးဆုံးသွားပြီလို့ ဆိုလိုတာပါပဲ။
မကြာခင်မှာပဲ မြင့်မားတဲ့ စစ်မြေပြင်သုံး စက်ရုပ်တွေဟာ ရိုင်နို ရပ်ထားတဲ့ တောင်ကုန်းထိပ်ကို ရောက်ရှိလာကြပြီး ခနလောက် ရပ်နားကာ တောင်ကြားထဲကို ဆက်လက် ဆင်းသွားကြပါတယ်..။ စစ်တပ်ယာဉ်တွေနဲ့ စက်မှုစစ်သည်တွေ နောက်ကနေ နိုးထသူ အများအပြားလည်း လိုက်ပါလာခဲ့ကြတယ်..။
သူတို့ထဲက တစ်ယောက်က အဖွဲ့သားတွေ အနားယူနေတဲ့ နေရာမှာ ရပ်လိုက်ပြီး အောက်ဘက်က သတ်ကွင်းကြီးကို လှမ်းကြည့်လိုက်ပါတယ်..။ သူ့ရဲ့ မျက်နှာက ဖြူလျော်သွားခဲ့တယ်..။
အဲဒီလူက ခနလောက် တိတ်ဆိတ်နေပြီးမှ
အနားက ကျောက်တုံးပေါ်မှာ အနားယူနေတဲ့ ဘယ်လီ ကို လှမ်းကြည့်လိုက်ပါတယ်..။
"မင်း... မင်းတို့တွေက ဒီသားရဲတွေ အကုန်လုံးကို သတ်လိုက်တာလား.."
ဓားသမားကတော့ ဒီတိုင်းပဲ ပြုံးလိုက်တယ်..။
"သေချာတာပေါ့.."
နိုးထသူ က သူ့ကို မယုံကြည်နိုင်သလိုမျိုး စိုက်ကြည့်နေခဲ့တယ်..။
"ဒါပေမဲ့... ဒီမှာ သားရဲတွေ ရာနဲ့ချီ ရှိနေတာလေ"
ဘယ်လီ က အကြိမ်အနည်းငယ်မျက်တောင်ခတ်လိုက်ပြီးနောက် ပုခုံးတွန့်ပြလိုက်ပါတယ်..။
"အဲတော့ရော။..ငါတို့ကအထူးတပ်ဖွဲ့လေ.."
စစ်သားက တစ်ခုခု ပြောဖို့ ပါးစပ်ဟလိုက်ပေမယ့် ပြန်ပိတ်သွားခဲ့တယ်။
အဲ့အချိန်မှာပဲ ဘယ်လီ က ခနလောက် စဉ်းစားပြီး ထပ်ပြောလိုက်ပါတယ်..။
"အာ.. အရမ်းကြီး အထင်မကြီးနဲ့ဦး..။ ငါတို့ ကပ္ပတိန် ကပဲ တဝက်လောက်ကို သတ်ထားတာ..။ ငါတို့က နောက်မှာနေပြီး တတ်နိုင်တာလေးတွေကို ဝိုင်းလုပ်ပေးရုံပဲ.."
နိုးထသူ စစ်သားကတော့ တကယ့်ကို အထင်ကြီးသွားပုံရပါတယ်..။ သူက ဓားသမားကို မနာလိုတဲ့ လေးစားမှုမျိုးနဲ့ ကြည့်နေရင်း ခနလောက် တိတ်ဆိတ်နေပြီးမှ မေးလာခဲ့တယ်..။
"...မင်းတို့ရဲ့ ကပ္ပတိန် က ဘယ်သူလဲ.."
ဘယ်လီ က ရုတ်တရက် ရယ်မောလိုက်ပြီး..
"ငါတို့ ကပ္ပတိန် လား..။သူက နတ်ဆိုး ပဲ..
သူကိုယ်တိုင်က နတ်ဆိုး တစ်ကောင်ပဲလေ..."
အပိုင်း ( ၈၄၉ ) ပြီး၏။