အခန်း (၈၄၄-၈၄၆)
Vol. 57 Ch. 844-846
အပိုင်း ( ၈၄၄ ) အဖွင့် လုပ်ဆောင်ချက်
ဆန်နီ ဟာ ချိုင့်ဝှမ်းထဲမှာ ပြည့်နှက်နေတဲ့ မိစ္ဆာအုပ်ကြီးကို အကဲခတ်လိုက်တယ်..။ ဒီကောင်တွေက ရိန်း ရဲ့ ကျောင်းရှေ့မှာ သူ တိုက်ခိုက်ခဲ့ဖူးတဲ့ မူလ မုဆိုးတွေလောက်တော့ အန္တရာယ်များပုံ မရကြပါဘူး..။ သတ္တဝါတွေမှာ သားရဲ ခန္ဓာကိုယ်တွေ ရှိကြပြီး.. ချွန်ထက်တဲ့ လက်သည်းတွေ နဲ့ ရှည်လျားပြီး တွားသွားနေတဲ့ အရိုးခြေလက် လေးခု ဆီ ရှိနေကြတယ်..။ သူတို့ရဲ့ ကျောရိုးတစ်လျှောက်မှာတော့ စောင်းနေတဲ့ ဆူးချွန်တန်းတွေ ရှိနေပြီး.. ပါးစပ်ထဲမှာလည်း ချွန်ထက်တဲ့ အစွယ်တွေနဲ့ ပြည့်နေခဲ့ပါတယ်..။
အဆိုးရွားဆုံးကတော့.. ကျရှုံးမူအဆင့် တွေကလွဲရင် ကျန်တဲ့ကောင်တွေ အားလုံးက သူတို့ရဲ့ မျက်လုံးတွေကို ပြင်းပြင်းထန်ထန် ထိုးဖောက်ခံထားရတဲ့အတိုင်းပါပဲ..။ အခုဆိုရင် ဘာမှမရှိ ဖြစ်နေတဲ့ မျက်လုံးအိမ်တွေထဲမှာ အမှောင်ထုကပဲ နေရာယူထားပါတယ်..။ ဒါပေမဲ့လည်း ဒီမိစ္ဆာတွေက မျက်မမြင်တွေလိုမျိုး လှုပ်ရှားနေကြတာ မဟုတ်ပေ..။ သူတို့ရဲ့ လှုပ်ရှားမှုတွေက ထူးဆန်းပြီး တိကျတဲ့ သားရဲ ပုံစံမျိုး ရှိနေခဲ့တယ်..။
...သို့ပေမဲ့ နတ်ဆိုး ကတော့ မျက်လုံးမပါတဲ့ သားရဲတွေနဲ့ ကွဲပြားပါတယ်..။ အပြင်ပန်းကြည့်ရတာ ဆင်တူတယ် ဆိုပေမဲ့ သူ့မှာက ပိုပြီး လူသားဆန်တဲ့ ခန္ဓာကိုယ်မျိုး ရှိနေခဲ့တာပါ..။ ဒီသတ္တဝါရဲ့ နောက်ခြေထောက်တွေက မတ်တပ်ရပ်နေပြီး.. ရှေ့ခြေလက်တွေကတော့ လူသားလက်တွေနဲ့ တူနေခဲ့တယ်..။ သူ့ရဲ့ မျက်လုံးတွေက ပိတ်ထားတာကြောင့် အပ်နဲ့ ချုပ်ထားသလိုတောင် ထင်ရပါတယ်..။ မျက်ခွံတွေရဲ့ နောက်ကွယ်မှာ တစ်ခုခုက အမြဲတမ်း လှုပ်ရှားနေတာကြောင့် ဆန်နီ့ ကိုတောင် ကြက်သီးထသွားစေခဲ့တယ်..။
အင်အားကြီးမားတဲ့ ဒီသားရဲဟာ သူ့အမျိုးအနွယ်တွေထဲမှာ အမြင့်ဆုံးဖြစ်ပြီး သုံးမီတာနီးပါးလောက် မြင့်ပါတယ်..။
အိပ်မက်ဆိုး သတ္တဝါ နှစ်ရာခုနစ်ဆယ့်လေးကောင်ဆိုတာ.. နည်းတဲ့အရေအတွက် မဟုတ်ပါဘူး..။ နိုးထသူ အဖွဲ့အများစုဆိုရင် ဒီလောက်များတဲ့ မိစ္ဆာတွေကို တိုက်ခိုက်ဖို့ စဉ်းစားကြမှာတောင် မဟုတ်ပေ။သူတို့က ဒီတိုင်း တိတ်တဆိတ်ပဲ ဆုတ်ခွာသွားကြမှာပါ..။
'ငါ ဒါကို ဂရုစိုက်ဖို့ လိုတယ်..'
ဆန်နီ ခနလောက် စဉ်းစားပြီးမှ ပြောလိုက်တယ်..။
"ဆမ်မာရာ.. ရှေ့ကို တက်ပြီး တောင်စောင်းရဲ့
ပိုမြင့်တဲ့နေရာမှာ နေရာယူလိုက်..။ အဲဒီကနေ လမ်းရဲ့ ထိပ်ကို ကျော်ပြီး ပစ်လို့ရလိမ့်မယ်..။ ရှေ့တန်းအဖွဲ့.. ရှေ့ကိုတက်ပြီး တောင်ကုန်းထိပ်ကို သိမ်းဖို့ ပြင်ဆင်ကြ..။ ကင်မ်မီ.. မင်းရဲ့ စွမ်းရည်ကို ထုတ်သုံးလိုက်တော့.."
သူ့ရဲ့ စကားတွေက အဖွဲ့ရဲ့ တိုက်ခိုက်ရေးသမားတွေဆီကို ဘာပြဿနာမှမရှိဘဲ ရောက်ရှိသွားခဲ့တယ်..။အမှန်တော့ သူက ပိုကောင်းတဲ့ ဆက်သွယ်ရေးအတွက် နည်းပညာပစ္စည်းတွေကို သုံးလို့ရပေမဲ့လည်း.. အိပ်မက်ဆိုး ဂိတ်ပေါက် တွေနားမှာ နည်းပညာတွေက မတည်ငြိမ်တာကြောင့် အရန်နည်းလမ်း ရှိထားတာက အမြဲတမ်း ကောင်းမွန်ပါတယ်..။
ဒီအကြောင်းပြချက်ကြောင့်ပဲ လူစတာ ရဲ့ လက်ထဲမှာ အလွန်ရိုးရှင်းတဲ့ သာမန် ကျောက်တုံးလေး တစ်တုံး ရှိနေခဲ့တာပါ..။ ဒီကျောက်တုံးက သူတို့ ကပ္ပတိန် ရဲ့ အသံနဲ့ စကားပြောနိုင်စွမ်း ရှိနေခဲ့တယ်..။
ဆန်နီ ရဲ့ အရိပ်တွေထဲက တစ်ခုကလည်း ရှေ့တန်းတပ်ဖွဲ့ နောက်ကို လိုက်သွားတာကြောင့် သူတို့ရဲ့ တုံ့ပြန်မှုတွေကို ကြားရဖို့ ဘာမှ မခက်ခဲပါဘူး..။
အဖွဲ့ရဲ့ အဝေးပစ် ကျွမ်းကျင်သူဟာ လေးလံတဲ့ ရိုင်ဖယ်သေနတ်ကို ပုခုံးပေါ်ထမ်းပြီး ရိုင်နို ပေါ်ကနေ ခုန်ဆင်းသွားခဲ့တယ်။ ရှေ့တန်းအဖွဲ့ကလည်း ရှေ့ကို ဖြည်းဖြည်းချင်း တိုးသွားခဲ့ကြပါပြီ..။ ချီတင် က အလယ်မှာ နေရာယူထားပြီး ဘယ်လီ နဲ့ ဒွန်း က ဘေးတစ်ဖက်တစ်ချက်ကနေ ဝန်းရံထားခဲ့တယ်..။ လူစတာ ကတော့ နောက်ကနေ လိုက်ပြီး သူတို့ရဲ့ ကျောပြင်ကို ကာကွယ်ပေးသလို..သားရဲတွေ ရိုင်နို ဆီကို မရောက်လာအောင် တားဆီးဖို့လည်း တာဝန်ယူထားခဲ့တယ်..။
သူက လှပစွာ ထွင်းထုထားတဲ့ လှံရှည်ကြီးကို ယုံကြည်မှုရှိရှိ ကိုင်ထားခဲ့တာပါ..။ ဒီလှံက သူ့ကို အကွာအဝေး တစ်ခုကနေ တိုက်ခိုက်နိုင်စေသလို.. လိုအပ်လာရင် တိုက်ခိုက်ရေးသမား သုံးယောက်ကို ကူညီပေးဖို့လည်း အခွင့်အရေး ရစေပါတယ်..။ သူ့ရဲ့ ဘက်စုံသုံးနိုင်မှုက ရန်သူကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတဲ့ ရွေးချယ်စရာတွေ အများကြီး ပေးထားတာပါပဲ..။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ ဆန်နီ ဟာ သူ့အဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ဖို့နဲ့ စစ်သားတွေရဲ့ မှတ်သားမူ တွေကို အဆင့်မြှင့်ပေးဖို့ တတ်နိုင်သမျှ လုပ်ဆောင်ခဲ့တယ်..။ လက်နက်တွေကို သူ အဓိက အာရုံစိုက်ခဲ့ပေမဲ့လည်း.. စိတ်ရှည်သော လက်စားချေသူ ရဲ့ [ ဇွဲကြီးခြင်း ] စွမ်းရည်ကို သူတို့ရဲ့ ဝတ်စုံတွေထဲကို ထည့်သွင်းပေးပြီး သူတို့ရဲ့ သံချပ်ကာတွေကိုပါ အားဖြည့်ပေးခဲ့တယ်..။ ဒါ့ကြောင့် အဖွဲ့ရဲ့ အသက်ရှင်နိုင်စွမ်းက အဆင့်တစ်ခုကို ရောက်ရှိသွားခဲ့ပါပြီ..။
စိတ်ရှည်သော လက်စားချေသူ ကိုတော့ ချီတင် ဆီကို ပေးထားခဲ့ပါတယ်..။ ဆန်နီ ဟာ
သွေးပန်းပွင့် ကိုလည်း ဘယ်လီ ဆီ လွှဲပြောင်းပေးခဲ့တယ်..။ ဒါပေါ့.. ဒီအတွက် သူ တော်တော်လေး ဝန်လေးနေခဲ့တာပါ..။ သူ့ရဲ့ အခုလက်ရှိ ခွန်အားနဲ့ဆိုရင် ဒီကျိန်စာသင့် အဆောင် ရဲ့ အစွမ်းက ဘာမှ သိပ်မထူးခြားတော့ပါဘူး..။ ဒါပေမဲ့ နိုးထသူ ဓားသမားအတွက်တော့ တစ်မျိုး ဖြစ်နေတာကြောင့်.. စိတ်မကောင်းပေမဲ့လည်း ဒီဆုံးဖြတ်ချက်ကို ချခဲ့ရတယ်။
အဖွဲ့ဝင်တိုင်းကို အအေးဒဏ် အနည်းငယ် ခံနိုင်ရည်ရှိစေတဲ့ အဆောင်လက်ဖွဲ့တွေနဲ့ ထပ်မံ ကာကွယ်ပေးထားပါသေးတယ်..။ ဒါကြောင့်လည်း သူတို့တွေက တောင်တန်းတွေကြားမှာ တိုက်ခတ်နေတဲ့ အေးစက်တဲ့လေနဲ့ ဖြည်းဖြည်းချင်း ကျဆင်းနေတဲ့ နှင်းတွေကို လျစ်လျူရှုထားနိုင်တာပါ..။
...ရိုင်နို ရဲ့ အမိုးပေါ်မှာ ရပ်နေတဲ့ ကင်မ် ဟာ.. ဝိုင်းစက်တဲ့ ဒိုင်းလွှားတစ်ခု ၊ ချွန်ထက်တဲ့ ဓားမြှောင် တစ်လက်ကို ကိုင်ထားပြီး ကျောပေါ်မှာတော့ ပြောင်းတို အော်တိုကာဘိုင် သေနတ်တစ်လက်ကို လွယ်ထားခဲ့တယ်..။ယင်းနောက်သူမက အာရုံစူးစိုက်လိုက်ပြီး သူမရဲ့ စွမ်းရည်ကို ထုတ်လွှတ်လိုက်ပါတယ်..။
ပထမဆုံးအနေနဲ့ သူမက ဆန်နီ့ ရဲ့ အမြင်အာရုံကို ငှားယူလိုက်တယ်..။ ဒါက ဆန်နီရဲ့ အရိပ်တွေ မြင်နေရတာကိုပါ သူမကို မြင်နိုင်ခဲ့တာပါ။. မတူညီတဲ့ အမြင်အာရုံတွေ အများကြီးကို လက်ခံနေရတာက သူမရဲ့ စိတ်ကို အကြီးအကျယ် ဖိအားပေးနေခဲ့တယ်..။ သို့ပေမယ့် သူမက နိုးထခြင်းစွမ်းရည်ကို သုံးပြီး ကျရှုံးမူအဆင့် နတ်ဆိုး ရဲ့ အားနည်းချက်တွေကို ရှာဖွေဖို့ အာရုံစိုက်လိုက်ပါတယ်..။ ပြီးတာနဲ့ သူမက ဒီ အမြင်အာရုံကို ဆန်နီ ဆီကို ပြန်ပြီး မျှဝေပေးလိုက်တယ်။..ဆန်နီ ကိုယ်တိုင်လည်း ဘယ်နေရာကို တိုက်ခိုက်ရမလဲဆိုတာ မြင်တွေ့သွားခဲ့ပါတယ်..။
အရိပ်တွေက အရောင်ကို မမြင်ရတာကြောင့်.. သူ့အတွက်တော့ မြင့်မားလှတဲ့ မိစ္ဆာကြီးရဲ့ ခန္ဓာကိုယ်က မီးခိုးရောင် အရိပ်အမျိုးမျိုးနဲ့ ခြယ်ထားသလို ဖြစ်နေခဲ့တယ်..။ လင်းနေတဲ့ နေရာတွေက ခုခံမှု အကောင်းဆုံး နေရာတွေဖြစ်ပြီး.. မှောင်နေတဲ့ နေရာတွေကတော့ ကာကွယ်မှု အားနည်းတဲ့ နေရာတွေပါ..။
ထူးဆန်းစွာပဲ.. နတ်ဆိုး ရဲ့ နဖူးအလယ် တည့်တည့်က အစက်လေးတစ်ခုကတော့ လုံးဝကို မည်းနက်နေခဲ့တယ်..။
အဲဒီနေရာကိုပဲ ဆန်နီ အာရုံစိုက်လိုက်ပါတယ်..။
သူ့ရဲ့ ခန္ဓာကိုယ်ကို အရိပ်နှစ်ခုနဲ့ ပတ်ထားပြီး ကြွက်သားတွေကို အားစိုက်လိုက်တဲ့အခါမှာတော့.. အနက်ရောင် လေး က ကွေးညွှတ်သွားခဲ့တယ်..။ [ခိုင်မာခြင်း ] လို့ ခေါ်တဲ့ အစွမ်း ပါရှိနေတာကြောင့် မော်ဂန် ရဲ့ စစ်ပွဲလေး ကို အသုံးပြုဖို့ အတွက် ဘီလူးတစ်ကောင်ရဲ့ ခွန်အားမျိုးကို လိုအပ်ပါတယ်.. ။ဒါပေမဲ့ ဒီစွမ်းရည်ကပဲ မြားတွေကို အဝေးကြီး ရောက်အောင် ပစ်နိုင်သလို ကြောက်မက်ဖွယ်ကောင်းတဲ့ အားကိုလည်း ဖြစ်ပေါ်စေတာပါ။
ကံကောင်းတာက ဆန်နီ ဟာ မာစတာ တစ်ယောက်အတွက်တောင် အံ့ဩစရာကောင်းလောက်အောင် သန်မာနေခဲ့တာပါပဲ..။
လေးကြိုးပေါ်မှာ တစ္ဆေလို အရိပ်တစ်ခု ပေါ်လာပြီးနောက်မှာတော့ အနက်ရောင် မြားတစ်စင်းအဖြစ် ပြောင်းလဲသွားခဲ့တယ်..။ မြားတံက နက်မှောင်နေပြီး မြားမြီးကလည်း အနက်ရောင်ပါပဲ..။.မြားခေါင်းက. ချွန်ထက် ရှည်လျားပြီး မီးတောင်ကျောက်နဲ့ လုပ်ထားသလိုမျိုး ရှိနေခဲ့တယ်..။ အရိပ်မြားတွေက လျင်မြန်ပြီး.. ဘာအသံမှ မထွက်ဘဲ ပျံသန်းနိုင်သလို.. ရန်သူ့ရဲ့ သံချပ်ကာ အက်ကြောင်းတွေကို ရှာဖွေနိုင်တဲ့ သဘာဝလွန် စွမ်းရည်လည်း ရှိကြပါတယ်..။
ဆန်နီ မျက်လုံးတွေကို မှိတ်လိုက်ပြီး လေးကို အပေါ်ကို နည်းနည်း မြှင့်လိုက်တယ်..။ တစ်ကီလိုမီတာကျော် ဝေးတဲ့နေရာမှာ ရှိနေပြီး သူ့ရဲ့ အရိပ်ကပဲ မြင်နေရတဲ့ မိစ္ဆာကို ပစ်မှတ်ထားဖို့က မလွယ်ကူပါဘူး..။ ဒါပေမဲ့ ကိုင် နဲ့ အတူ လေ့ကျင့်ခဲ့တာတွေက အလကား မဟုတ်ပေ..။ သူ အသက်ကို အောင့်ထားလိုက်ပေမယ့်.. လေက ရုတ်တရက် တိုက်ခတ်လာတာကြောင့် သူ့ရဲ့ ပစ်မှတ်ကို မီလီမီတာ အနည်းငယ်လောက် ပြန်ပြီး ပြင်လိုက်ပါတယ်..။
နောက်ဆုံးအနေနဲ့ ဆန်နီ ဟာ လေးထဲကို သူ့ရဲ့ အဆီအနှစ်တွေ ထည့်သွင်းလိုက်တာကြောင့် သူ့ရဲ့ အမြုတေ လေးခုထဲက တစ်ခုက ချက်ချင်းဆိုသလို ကုန်ခမ်းသွားခဲ့တယ်..။ [သေဆုံးခြင်း ဖြေရှင်းသူ ] အစွမ်းက အဆီအနှစ်တွေကို သုံးစွဲတဲ့နေရာမှာ တော်တော်လေးကို များပြားတာပါ..။
သို့ပေမဲ့ ဒါက ထိုက်တန်ပါတယ်..။
ခနအကြာမှာတော့ ဆန်နီ က သူ့ရဲ့ လက်ချောင်းတွေကို လျှော့လိုက်ပြီး လေးကြိုးကို အလိုအလျောက် လွတ်ထွက်သွားစေလိုက်တယ်..။ အနက်ရောင် မြားက ကောင်းကင်ထဲကို ဘာအသံမှ မထွက်ဘဲ ပျောက်ကွယ်သွားတာကြောင့် မြင်ရဖို့တောင် ခက်ခဲလှပါတယ်..။
ဒီမြားက လမ်းရဲ့ အထက်ကို ကွေးညွှတ်ပျံသန်းသွားပြီး.. အမြင့်ကို ရောက်သွားကာ ပြန်ပြီး ကျဆင်းလာခဲ့တယ်..။ ကျရှုံးမူအဆင့် နတ်ဆိုး သာ ဘာဖြစ်လာမယ်ဆိုတာ သိခဲ့ရင် ရှောင်နိုင်ကောင်း ရှောင်နိုင်ပါလိမ့်မယ်.. ။သို့ပေမဲ့ အရိပ်မြားက အရမ်းကို မြန်ဆန်ပြီး တိတ်ဆိတ်လွန်းတာကြောင့် မိစ္ဆာအတွက် ဘာအခွင့်အရေးမှ မရှိခဲ့ပါဘူး..။
အနက်ရောင် အလင်းတန်းတစ်ခုက လေထဲမှာ လက်ခနဲ ဖြစ်သွားပြီး.. ဂိတ်စောင့် ရဲ့ နဖူးအလယ်ကို အံ့ဩစရာကောင်းလောက်အောင်ပဲ လွယ်လွယ်ကူကူပဲ ဖောက်ဝင်သွားခဲ့တယ်။ပြီးတာနဲ့. စက္ကန့်ပိုင်းအတွင်းမှာပဲ မြားက ခေါင်းနောက်ဘက်ကနေ ပြန်ထွက်သွားခဲ့ပါတယ်..။
နတ်ဆိုး ရဲ့ မျက်လုံးတွေက ရုတ်တရက် ပွင့်လာခဲ့ပြီး..
သူ့မျက်လုံးထဲမှာ ဘာတွေ ရှိနေလဲဆိုတာကို ဆန်နီ သိခွင့်မရခဲ့ပေ..။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အရိပ်မြား မြေကြီးထဲကို ပျောက်ကွယ်သွားတဲ့ အချိန်မှာပဲ မိစ္ဆာရဲ့ ဦးခေါင်းတစ်ခုလုံးက ပုံပျက်သွားပြီး ပြင်းထန်စွာ ပေါက်ကွဲသွားတာကြောင့်ပါ..။ သူ့ရဲ့ အပေါ်ပိုင်း ခန္ဓာကိုယ်ထဲက အရိုးတိုင်းဟာ မြားချက်ရဲ့ အရှိန်ကြောင့် ကြေမွသွားခဲ့ရတယ်..။ ခေါင်းမပါတဲ့ အလောင်းကြီးက နောက်ကို အရှိန်ပြင်းပြင်းနဲ့ လွင့်စင်သွားတာကြောင့် လမ်းမှာ ရှိနေတဲ့ အိပ်မက်ဆိုး သတ္တဝါ အချို့ကိုတောင် သေဆုံးသွားစေခဲ့ပါတယ်..။
ဒီလိုနဲ့ပဲ.. အိပ်မက်ဆိုး ဂိတ်ပေါက် ကို စောင့်ကြပ်နေတဲ့ ကျရှုံးမူအဆင့် နတ်ဆိုး က ပျောက်ကွယ်သွားခဲ့ပါပြီ..။
အဖွဲ့ဝင်တွေ အားလုံးက ဒီကြောက်မက်ဖွယ်ကောင်းတဲ့ မြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်သွားပြီး ခနလောက် ကြောင်အသွားခဲ့ကြတယ်..။
အိပ်မက်ဆိုး သတ္တဝါ တွေဟာလည်း သူတို့ရဲ့ခေါင်းဆောင် ရုတ်တရက် ဆိုးဆိုးရွားရွား သေဆုံးသွားတာကြောင့် တုန်လှုပ်သွားပုံရပါတယ်..။
ဆန်နီဟာ...ရိုင်နို ရဲ့ အမိုးပေါ်မှာ ရပ်နေရင်း သူ့ရဲ့ လေးကို အောက်ချလိုက်ကာ ကောက်ကျစ်တဲ့ အပြုံးနဲ့ ပြုံးလိုက်တယ်..။
'အစကောင်းသွားပြီ..'
တစ်စက္ကန့်အကြာမှာတော့ တောင်ကြားထဲက သားရဲ ရာပေါင်းများစွာဟာ အနက်ရောင် မြား ရောက်လာတဲ့ ဘက်ကို ဦးတည်ပြီး အရှိန်ပြင်းပြင်းနဲ့ ပြေးထွက်လာကြတာကြောင့် တုန်ခါသွားခဲ့ပါတယ်..။
အပိုင်း ( ၈၄၄ ) ပြီး၏။
အပိုင်း ( ၈၄၅ ) အဝေးပစ် ကျွမ်းကျင်သူများ
[ သင်ဟာ ကျရှုံးမူအဆင့် နတ်ဆိုး ‘ဆိုးယုတ်သော အမြင်အာရုံ ’ ကို သတ်နိုင်ခဲ့သည် ]
[ သင့်ရဲ့ အရိပ်က ပိုပြီး အစွမ်းထက်လာခဲ့ပါပြီ..]
[ သင်ဟာ မှတ်သားမူ တစ်ခုကို ရရှိခဲ့သည်..]
ကြောက်မက်ဖွယ်ကောင်းတဲ့ အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးဟာ တောင်ကြားရဲ့ စောင်းတစ်လျှောက်ကနေ ထိပ်ပိုင်းဆီကို အရှိန်အဟုန်နဲ့ တက်လာခဲ့ကြတယ်..။ ဒီနေရာမှာတော့ နိုးထသူ တိုက်ခိုက်ရေးသမား တစ်စုက ခုခံဖို့ ပြင်ဆင်နေကြပါတယ်..။ မျက်လုံးမပါတဲ့ သားရဲတွေဟာ ပြင်းပြင်းထန်ထန်ကို စိတ်ပိုင်းဖြတ်ထားတဲ့ ပုံစံနဲ့ ပြေးလွှားလာနေကြပြီး.. ကြောက်စရာကောင်းတဲ့ ပါးစပ်တွေထဲကနေလည်း စေးကပ်တဲ့ တံတွေးတွေ စီးကျနေခဲ့ကြတယ်..။
သူတို့ရဲ့ ညာဘက်မှာတော့ တောင်စောင်းတွေ ရှိနေပြီး.. ဘယ်ဘက်မှာတော့ လမ်းတက်လာလေလေ ပိုပြီး နက်ရှိုင်းလာလေလေ ဖြစ်တဲ့ ချောက်ကမ်းပါးကြီး ရှိနေပါတယ်..။
တောင်ကုန်းထိပ်မှာ ရပ်နေတဲ့ ချီတင် ၊ ဘယ်လီ ၊ ဒွန်း နဲ့ လူစတာ တို့ကတော့ သူတို့ဆီကို တရဟော တိုးဝင်လာတဲ့ သားရဲလှိုင်းကြီးကို စိုးရိမ်စိတ်တွေနဲ့ လေးနက်စွာ ကြည့်နေခဲ့ကြတယ်..။ ရှေ့တန်းအဖွဲ့ရဲ့ တိုက်ခိုက်ရေးသမား ဖြစ်တဲ့ ဒွန်း က အစွမ်းထက်တဲ့ တူကြီးကို ပုခုံးပေါ်ကနေ ချလိုက်ပြီး.. အဖွဲ့သားတွေကို ကြည့်ကာ တည်ငြိမ်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။
"မင်းတို့ ဘယ်လို ထင်လဲ.."
ဘယ်လီ က သူ့ရဲ့ ဓားကို အသင့်ပြင်လိုက်ပြီး ပြုံးပြလိုက်တယ်..။
"ဒါက.. ပျော်စရာ ကောင်းတော့မှာပဲ..။ ငါတို့သာ အသက်ရှင်ခဲ့ရင် နောက်ဆုံးတစ်ခေါက်ကလိုမျိုး အိပ်ပျော်နေတဲ့အတွက် ရှက်နေစရာ
မလိုတော့ဘူးလေ.."
ချီတင် ကတော့ တိတ်တဆိတ်ပဲ ခေါင်းခါယမ်းလိုက်တယ်။.. သူတို့ သုံးယောက်ရဲ့ နောက်မှာ ရပ်နေတဲ့ လူစတာ ကတော့ ခနလောက် မျက်လုံးမှိတ်လိုက်ပါတယ်..။
"ရူးနေတဲ့ ခွေးသားလေးပဲ..."
ဓားသမားကတော့ သာမန်အတိုင်းပဲ ရယ်မောလိုက်တယ်..။
ဒီအချိန်မှာပဲ သိမ်မွေ့တဲ့ လျှပ်စစ်သံ တစ်ခုကို ကြားလိုက်ရပြီး.. ပြင်းထန်တဲ့ အသံလှိုင်း ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့တယ်..။ တစ်စက္ကန့်အကြာမှာတော့ သားရဲအုပ်ထဲမှာထိုးထွက်နေတဲ့ သားရဲကြီးတစ်ကောင်ရဲ့ ခေါင်းက သွေးတွေနဲ့ ပေါက်ကွဲသွားခဲ့ပါတယ်..။ ကြီးမားတဲ့ အလောင်းကြီးက ကြိုးပြတ်သွားတဲ့ ရုပ်သေးရုပ်လို လဲကျသွားပြီး.. ချက်ချင်းဆိုသလို လှုပ်ရှားနေတဲ့ အသားပုံကြီး ဖြစ်သွားခဲ့တယ်..။
...ရိုင်နို ရဲ့ အမိုးပေါ်မှာ ရပ်နေတဲ့ ဆန်နီ ကတော့ သူ့ရဲ့ လေးကို ဆွဲလိုက်ပြီး မြားတစ်စင်း လွှတ်လိုက်ပါတယ်..။
"သူတို့ရဲ့ နဖူးတွေကိုပဲ ဆက်ပြီး ပစ်မှတ်ထားပါ ဆမ်မာရာ..။ ရန်သူက ကိုက်နှစ်ရာ အကွာအဝေးကို မရောက်ခင်အထိ ကျရှုံးမူအဆင့် တွေကို တတ်နိုင်သမျှ များများ ရှင်းပစ်လိုက်..။ ပြီးတာနဲ့ ပေါက်ကွဲစေတတ်တဲ့ ခဲယမ်းတွေ ပြောင်းသုံးပြီး နိုးထမူအဆင့် သားရဲတွေရဲ့ ရှေ့တန်းကိုပဲ အာရုံစိုက်လိုက်တော့..။ ငါတို့ သူတို့ရဲ့ အရှိန်ကို ချိုးဖျက်ရမယ်.."
တောင်စောင်းရဲ့ ပိုမြင့်တဲ့ ကျောက်ဆောင်ကြီးတွေကြားမှာ ပုန်းကွယ်နေတဲ့ သေနတ်သမားဟာ.. သူမရဲ့ သံချပ်ကာဖောက် တန်စတင်
ကျည်ဆံထဲကို အဆီအနှစ်တွေ ထည့်သွင်းရင်း သေနတ်ကို အားပြန်ဖြည့်လိုက်ပါတယ်..။
"နားလည်ပြီ.."
ခနအကြာမှာတော့ ရိုင်ဖယ်သေနတ်က နောက်တစ်ကြိမ် မြည်ဟည်းသွားပြီး.. နောက်ထပ် သားရဲတစ်ကောင် မြေကြီးပေါ် လဲကျသွားခဲ့တယ်..။ တစ်ချိန်တည်းမှာပဲ အနက်ရောင် မြားတစ်စင်းကလည်း ကြောက်စရာကောင်းတဲ့ သတ္တဝါတစ်ကောင်ရဲ့ ခေါင်းကို ဖောက်ဝင်သွားခဲ့ပါတယ်..။ ဒီတစ်ခါတော့ အကျိုးသက်ရောက်မှုက အရင်လောက် မပြင်းထန်ပေမဲ့လည်း.. မျက်လုံးမပါတဲ့ သားရဲကတော့ သေဆုံးသွားတာပါပဲ..။
ခိုင်မာတဲ့ စစ်ပွဲလေး ကို နောက်တစ်ကြိမ် ဆွဲလိုက်ရင်း ဆန်နီ မျက်မှောင်ကြုတ်လိုက်မိတယ်..။
'အရမ်း နှေးနေတယ်...'
သားရဲအုပ်ကြီး ရှေ့တန်းအဖွဲ့ဆီကို ရောက်ဖို့ စက္ကန့် နှစ်ဆယ်လောက်ပဲ ကျန်ပါတော့တယ်..။ ဒီအချိန်က ကျန်နေသေးတဲ့ ကျရှုံးမူအဆင့် မိစ္ဆာတွေ အားလုံးကို သတ်ဖို့အတွက် လုံးဝ မလုံလောက်သလို.. ကျန်ရှိနေတဲ့ နိုးထမူအဆင့် သားရဲ နှစ်ရာလေးဆယ့်နှစ်ကောင်လည်း ရှိနေပါသေးတယ်..။
ဆန်နီ နဲ့ ဆမ်မာရာ တို့ နှစ်ယောက်လုံးက အစွမ်းကုန် ကြိုးစားကြရတော့မှာပါ..။
သူ့ဘေးမှာ ရပ်နေတဲ့ ကင်မ် ကတော့ သူမရဲ့ ကာဘိုင်သေနတ်ကို တုန်တုန်ရီရီနဲ့ ကိုင်ထားပြီး.. မှောင်မည်းနေတဲ့ ဆည်းဆာအောက်မှာ အနည်းငယ် လင်းထိန်နေတဲ့ ကျည်အိမ်ကို စစ်ဆေးနေခဲ့တယ်..။ ဒီကျည်ဆံတွေကို တိုက်ပွဲမတိုင်ခင်ကတည်းက ဆမ်မာရာ က အားဖြည့်ပေးထားတာပါ..။ သို့ပေမဲ့ ဝမ်းနည်းစရာကောင်းတာက ဒီလို အစွမ်းထက်တဲ့ ကျည်ဆံတွေက အကန့်အသတ်ပဲ ရှိတာပါပဲ..။ အချိန်ကြာလာတာနဲ့အမျှ ကျည်ဆံတွေရဲ့ အားက တဖြည်းဖြည်း လျော့နည်းသွားတာကြောင့် အဖွဲ့အနေနဲ့ အများကြီး စုဆောင်းထားလို့ မရပါဘူး..။
...အနက်ရောင် မြားတွေက ကောင်းကင်ကနေ မိုးရွာသလို ကျဆင်းလာနေပြီး တစ်ကောင်ပြီးတစ်ကောင် အသက်နှုတ်နေခဲ့တယ်..။ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ကုန်တဲ့ ခေါင်းတွေကြောင့် တောင်တက်လမ်းပေါ်က ပျက်စီးနေတဲ့ လမ်းဟာ သွေးတွေနဲ့ ချော်ထွက်နေပါပြီ..။ ကျရှုံးမူအဆင့် သားရဲတွေရဲ့ အရေအတွက် လျော့နည်းလာတာနဲ့အမျှ ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုး သတ္တဝါ တွေကလည်း စက္ကန့်တိုင်းမှာ လဲကျနေခဲ့တယ်..။
တစ်နေရာမှာတော့ ဆမ်မာရာ က သူမရဲ့ ပစ်မှတ်ကို မျက်မမြင် သားရဲအုပ်ကြီးဆီ ပြောင်းလိုက်ပါတယ်..။ ဂေါ့စ်ရိုင်ဖယ် ရဲ့ ပြောင်းဝထဲကမြည်ဟိန်းသံနဲ့အတူ မတူညီတဲ့ ကျည်ဆံတစ်မျိုး ထွက်ပေါ်သွားတဲ့အချိန်မှာတော့ သူမရဲ့ မျက်လုံးတွေက ထူးခြားတဲ့ အလင်းတန်းတွေနဲ့ တောက်ပနေခဲ့တယ်..။
နောက်တစ်စက္ကန့်မှာတော့ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးက ရှေ့ကို တိုးဝင်လာတဲ့ သားရဲအုပ်ကြီးရဲ့ ရှေ့တန်းကို ဖြိုခွဲလိုက်ပါတယ်..။ သားရဲ တစ်ဒါဇင်လောက်က ချက်ချင်းဆိုသလို အပိုင်းပိုင်းပြတ်သွားခဲ့တယ်..။ အသားစတွေက သွေးမြူတွေကြားကနေ လေထဲကို လွင့်စင်သွားကြပါတယ်..။ ကျိုးပဲ့နေတဲ့ အရိုးစတွေကလည်း ကျည်ဆန်အစအနတွေလိုပဲ ပတ်ဝန်းကျင်က သတ္တဝါတွေကို ထိမှန်ပြီး ဒဏ်ရာရစေခဲ့တယ်..။
ပုံပျက်နေတဲ့ အလောင်းတွေ မြေပေါ်လဲကျသွားတာနဲ့ နောက်ထပ် ပေါက်ကွဲသံတစ်ခုက တောင်တန်းတွေပေါ်မှာ ဟိန်းထွက်သွားခဲ့ပြန်ပါတယ်။ ရူးသွပ်နေတဲ့ သားရဲအုပ်ကြီးထဲမှာ သွေးစိုနေတဲ့ ကွက်လပ်နှစ်ခု ထပ်ပေါ်လာခဲ့တယ်..။ အခုတော့ ဆမ်မာရာ က ပစ်မှတ်ကို သေချာ
ချိန်နေစရာ မလိုတော့တာကြောင့် သူမရဲ့ ပစ်ခတ်နှုန်းက ပိုပြီး မြန်လာပါတယ်..။
ဒါပေမဲ့ သူမရဲ့ ဝိဥာဥ် အဆီအနှစ် ကုန်ဆုံးမှုကလည်း မြင့်တက်လာနေခဲ့တယ်..။
"တော်ပြီ.. အဆီအနှစ်တွေကို ချွေတာပြီး အရေးကြီးတဲ့ ပစ်မှတ်တွေကိုပဲ ပြန်ပစ်တော့.."
ဆန်နီ က နောက်ထပ် ကျရှုံးမူအဆင့် တစ်ကောင်ကို ရှင်းပစ်လိုက်ပြီး အနက်ရောင် လေးကို နောက်တစ်ခါ ဆွဲလိုက်ပြန်ပါတယ်..။ ဒါပေမဲ့ ဒီတစ်ခါတော့ လေးကြိုးပေါ်မှာ ပေါ်လာတဲ့ မြားက အရင်နဲ့ မတူတော့ပါဘူး..။
သစ်သား ဒါမှမဟုတ် သတ္တုနဲ့ လုပ်ထားတာ မျိုးမဟုတ်ပဲ သန့်စင်တဲ့ လျှပ်စီးကြောင်းတွေနဲ့ ပြုလုပ်ထားပုံရပါတယ်..။
ပထမဆုံး အိပ်မက်ဆိုး သတ္တဝါ တွေ တောင်ကုန်းထိပ်ကို မရောက်ခင် စက္ကန့်အနည်းငယ်မှာပဲ ပြင်းထန်တဲ့ လျှပ်စီးတန်းကြီးတစ်ခု ကောင်းကင်ကနေ ကျဆင်းလာခဲ့တယ်..။ သေဆုံးခြင်း ဖြေရှင်းသူ အစွမ်း နဲ့ ဆန်နီ့ ရဲ့ အရိပ်နှစ်ခုကြောင့် အားကောင်းနေတဲ့ ‘လျှပ်စီး ပစ်ခတ်ခြင်း’ ဟာ ထိမှန်သွားတဲ့ သားရဲကို ချက်ချင်းပဲ ပြာအဖြစ် ပြောင်းလဲပစ်လိုက်တယ်..။ ယင်းနောက်မှာတော့ အားကောင်းတဲ့ လျှပ်စစ်စီးကြောင်းတွေက အနီးနားက သားရဲတွေဆီကို ကူးစက်သွားပြီး သားရဲအုပ်ကြီးထဲမှာ ဖျက်ဆီးအားပြင်းတဲ့ ကွင်းဆက်တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ်..။
သားရဲတွေက တစ်ကောင်နဲ့တစ်ကောင် အရမ်းနီးကပ်နေတာကြောင့် လျှပ်စီးက အဝေးကြီးအထိ ပျံ့နှံ့သွားခဲ့ပါတယ်..။ ကူးစက်မှုတိုင်းမှာ အားနည်းသွားတယ်ဆိုပေမဲ့ ပေးစွမ်းနိုင်တဲ့ ပျက်စီးမှုကတော့ ကြောက်စရာပါပဲ..။ ဆန်နီ ကတော့ သူ ဘယ်နှစ်ကောင် သတ်လိုက်မိလဲဆိုတာကို မရေတွက်နိုင်တော့ပေ။.. အနည်းဆုံးတော့ ဒါဇင်အနည်းငယ်လောက် ရှိပါလိမ့်မယ်..။ တခြား သားရဲတွေလည်း အတိုင်းအတာ အမျိုးမျိုးနဲ့ လောင်ကျွမ်းဒဏ်ရာတွေ ရနေကြတယ်..။
...ဒါပေမဲ့ သူ မရပ်သေးပါဘူး..။
သားရဲအုပ်ထဲမှာ လျှပ်စီးတွေ ပျံ့နှံ့သွားပြီး ခနအကြာမှာပဲ ကျောက်ဆောင်ကြီးတွေရဲ့ အရိပ်တွေက ရုတ်တရက် ရှေ့ကို တိုးထွက်လာပြီး လေထဲကို ထိုးထွက်သွားကာ ကြောက်စရာကောင်းတဲ့ ဆူးချွန်ကြီးတွေ အဖြစ် ပြောင်းသွားခဲ့ကြတယ်..။ လမ်းကို စွန့်ခွာပြီး အပေါ်ကို တက်ဖို့ ကြိုးစားနေတဲ့ အိပ်မက်ဆိုး သတ္တဝါ တွေဟာ ဒီဆူးတွေနဲ့ အထိုးခံရတာ ဒါမှမဟုတ် ပိတ်ဆို့ခံလိုက်ရတာကြောင့်.. တောင်စောင်းတစ်ခုလုံးဟာ အလောင်းတွေ နဲ့ ကြောက်စရာကောင်းတဲ့ တောအုပ်ကြီးလိုဖြစ်သွားခဲ့ပါတယ်..။
တစ်ဖက်မှာ သေစေနိုင်တဲ့ အရိပ်ဆူးတွေ ပိတ်ထားသလို နောက်တစ်ဖက်မှာလည်း နက်ရှိုင်းတဲ့ ချောက်ကြီး ရှိနေတာကြောင့် သားရဲအုပ်ကြီးဟာ ကျဉ်းမြောင်းတဲ့ လမ်းအတိုင်း တိုက်ခိုက်ဖို့ကလွဲရင် တခြား ရွေးချယ်စရာ မရှိတော့ပါဘူး..။ လမ်းကြောင်းက ကျဉ်းသွားသလို အရှိန်ကလည်း ပျက်ဆီးသွားတာကြောင့်.. သေဆုံးသွားတဲ့ သူတို့အမျိုးအနွယ်တွေရဲ့ အလောင်းတွေကို ကျော်ဖြတ်ပြီး ခုန်ဝင်လာတဲ့ သားရဲတွေဟာ ရှေ့တန်းအဖွဲ့ကို တစ်ချက်တည်းနဲ့ အသာစီးရဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ချီတင် က ရှေ့ကို လှမ်းထွက်လိုက်ပြီး သူ့ရဲ့ ဒိုင်းနဲ့ ပထမဆုံး တိုက်ခိုက်မှုကို လက်ခံလိုက်တဲ့အချိန်မှာတော့..တကယ်တိုက်ပွဲ အစစ်အမှန်က စတင်ခဲ့ပါပြီ..။
အပိုင်း ( ၈၄၅ ) ပြီး၏။
အပိုင်း ( ၈၄၆ ) ရှေ့တန်း တိုက်ခိုက်ရေးသမားများ
ဧပြီလအစောပိုင်းမှာတော့ အန္တာတိက တိုက်ကြီးဟာ ထာဝရဆည်းဆာအောက်မှာ နစ်မြုပ်နေခဲ့တယ်..။ နေမင်းက မိုးကုတ်စက်ဝိုင်းနောက်ကို ငုပ်လျှိုးသွားပြီး အေးစက်တဲ့ ခရမ်းရောင်ကောင်းကင်ယံမှာ တောက်ပတဲ့ အနီရောင်မျဉ်းတစ်ကြောင်းကို ချန်ထားရစ်ခဲ့သလိုပါပဲ..။ နေ့နဲ့ညကြားမှာ ပိတ်မိနေတဲ့ တောင်ပိုင်းစတုတ္ထဝန်းရံခြင်း ဟာ လပေါင်းများစွာ ကြာရှည်မယ့်
အမှောင်ထုရဲ့ ရင်ခွင်ထဲကို ဖြည်းဖြည်းချင်း လျောကျနေခဲ့ပါတယ်..။
လမင်းရဲ့ လှုပ်ရှားပုံကလည်း ထူးဆန်းပြီး ခန့်မှန်းရခက်လှပါတယ်..။သူက ကောင်းကင်ယံမှာ ရက်သတ္တပတ် အနည်းငယ်လောက် ရှိနေတတ်ပြီးမှ အချိန်အတော်ကြာအောင် အစအနမကျန် ပျောက်ကွယ်သွားတတ်ပါတယ်..။ တစ်ခါတစ်လေ မှာတော့ တောင်ပိုင်းအလင်းတန်း တွေက ဖော်ဆောင်ပေးသလို တောက်ပနေတတ်သေးတယ်..။ ဆန်နီ ကတော့ ဒီအလင်းတန်းတွေဟာ အသက်ရှူမှားလောက်အောင် လှပတယ်လို့ ကြားဖူးပေမဲ့ ကိုယ်တိုင်မြင်တွေ့ရဖို့ကတော့ လိုပါသေးတယ်..။
ဘာပဲဖြစ်ဖြစ်..သူက အခုအချိန်မှာ ကောင်းကင်က အံ့ဖွယ်အရာတွေကို စိတ်မဝင်စားပါဘူး..။ သူ့စစ်သားတွေ ရန်သူကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါ့မလားဆိုတာကိုပဲ သူ အလေးထားနေခဲ့တယ်..။ ရှည်လျားတဲ့ ညတာကြီး မကျရောက်သေးပေမဲ့လည်း မှိန်ပျပျဆည်းဆာအောက်မှာ အရေးကြီးတဲ့ အသေးစိတ်အချက်အလက်တွေကို ခွဲခြားဖို့က ခက်ခဲနေပါပြီ..။ဒါ့ကြောင့်ပဲ
ကင်မ် က ဆန်နီ ရဲ့ အမြင်အာရုံကို အဖွဲ့သားတွေဆီ စီးဆင်းအောင် လုပ်ဆောင်ပေးနေခဲ့တာပါ..။
ဒီအကျိုးသက်ရောက်မှုက ဘယ်လောက်အထိ ကွာခြားသွားလဲဆိုတာ အလွယ်တကူ မြင်နိုင်တယ်..။
တောက်ပတဲ့ အလင်းရောင် မရှိတာကို ဂရုစိုက်စရာ မလိုတော့သလို...အလင်းထုတ်ပေးတဲ့ မှတ်သားမူ တွေကိုလည်း အားကိုးစရာမလိုတော့တာကြောင့် ရှေ့တန်းအဖွဲ့ဟာ နေ့ခင်းကြောင်တောင်မှာလိုပဲ ယုံကြည်မှုရှိရှိ လှုပ်ရှားနေကြတယ်..။
ချီတင် က ရှေ့ကို လှမ်းထွက်လိုက်ပြီး သူ့ရဲ့ ဒိုင်းကို အားပြုကာ အရှိန်နဲ့ ပြေးဝင်လာတဲ့ မိစ္ဆာကို လုံးဝ နောက်မဆုတ်ဘဲ ရင်ဆိုင်လိုက်ပါတယ်..။ သူ့ရဲ့ ဓားက ရှေ့ကို လက်ခနဲ ဝေ့ယမ်းသွားပြီး သားရဲကို ပြင်းထန်တဲ့ ဒဏ်ရာ ရရှိစေခဲ့တယ်..။ ဓားချက်က နက်နက်ရှိုင်းရှိုင်း ဝင်သွားတာကြောင့် ဒဏ်ရာရဲ့ အနားသတ်တွေက ချက်ချင်းဆိုသလို ပုပ်သိုးလာသလို အတွင်းပိုင်း ပျက်စီးမှုကလည်း ပိုပြီး ဆိုးရွားသွားခဲ့ပါတယ်..။
တိုက်ခိုက်ရေး ကုသသူဟာ တွန့်လိမ်နေတဲ့ အိပ်မက်ဆိုး သတ္တဝါ ရဲ့ ခန္ဓာကိုယ်ကို ဘေးကို လွှင့်ပစ်လိုက်ပြီး နောက်တစ်ကောင်ကိုလည်း တွန့်ဆုတ်မနေဘဲ ခုတ်ပိုင်းလိုက်တယ်..။
သူ့ရဲ့ ညာဘက်မှာတော့ ဒွန်း က လေးလံတဲ့ တူကြီးကို အားနဲ့ လွှဲချလိုက်တာကြောင့် ဟစ်ကြွေးနေတဲ့ မိစ္ဆာရဲ့ ခေါင်းဟာ သွေးသံတရဲရဲ နဲ့ အသားဖတ်တွေ ဖြစ်သွားခဲ့တယ်..။ သူ့ရဲ့ ညာဘက်မှာလည်း ဘယ်လီ ရဲ့ ဓားက လေထဲမှာ ဝေ့ယမ်းသွားပြီး နောက်ထပ် သားရဲတစ်ကောင်ရဲ့ ခေါင်းကို ဖြတ်ချလိုက်ပြန်ပါတယ်..။
လမ်းက ကျဉ်းမြောင်းတာကြောင့် သားရဲအုပ်ကြီးက သူတို့ကို ဝိုင်းရံလို့ မရနိုင်သလို.. တောင်စောင်းမှာရှိတဲ့ သွေးဆာနေတဲ့ အရိပ်ဆူးတွေကြောင့်လည်း သေမင်းတမန် ကွင်းပြင်ကြီး ဖြစ်နေခဲ့ပါပြီ..။ ရန်သူတွေဟာ ရှေ့တန်းအဖွဲ့ရဲ့ ဘေးကနေ ပတ်တိုက်လို့ မရတာကြောင့် သူတို့ လုပ်နိုင်တာကတော့ တစ်ကြိမ်မှာ ခြောက်ကောင်လောက်ပဲ ရှေ့ကို တိုးဝင်ပြီး တိုက်ခိုက်ဖို့ပါပဲ..။
အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးရဲ့ ဖိအားတွေ မြင့်တက်လာတာနဲ့အမျှ တိုက်ခိုက်ရေးသမား သုံးယောက်ဟာ ဖောက်ထွင်းလို့မရတဲ့ ခံတပ်ကြီး တစ်ခုလို ဖြစ်သွားခဲ့တယ်..။ ချီတင် က အာရုံစိုက်မှု အများဆုံးကို ရရှိထားပြီး တိုက်ခိုက်မှုတွေကို တစ်ခုပြီးတစ်ခု တောင့်ခံထားတာကြောင့် ဘယ်လီ နဲ့ ဒွန်း တို့အတွက် လှုပ်ရှားဖို့ အခွင့်အရေး ရနေခဲ့တာပါ..။ သူတို့ကလည်း ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချပြီး မျက်လုံးမပါတဲ့ သားရဲလှိုင်းကြီးကို အညှာတာမဲ့ သတ်ဖြတ်နေခဲ့ကြတယ်..။
ဓားသမားဟာ သူတို့ကြားမှာ ကခုန်နေသလို ဖြစ်နေခဲ့တယ်။သူက.. ရန်သူတွေကို ဖောက်ထွက်သွားပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေကို စက္ကူလိုပဲ အပိုင်းပိုင်း ဖြတ်တောက်နေခဲ့ပါတယ်..။ ဒွန်း ကတော့ ပိုပြီး တည်တည်ငြိမ်ငြိမ် တိုက်ခိုက်ပေမဲ့ သူ့ရဲ့ ပြင်းထန်ပြီး ရှောင်လွှဲလို့မရတဲ့ တိုက်ခိုက်မှုတွေက ပိုပြီးတော့တောင် ကြောက်စရာ ကောင်းနေပါသေးတယ်..။
လူစတာ ကတော့ ရံဖန်ရံခါမှာ သူ့ရဲ့ လှံရှည်နဲ့ ရှေ့ကို ထိုးလိုက်ပြီး ဒဏ်ရာရနေတဲ့ ရန်သူတွေကို အပြတ်ရှင်းတာ ဒါမှမဟုတ် ချီတင် ၊ ဘယ်လီ နဲ့ ဒွန်း တို့ တည်ဆောက်ထားတဲ့ သံမဏိတံတိုင်းကြီးကို ရန်သူတွေ ဖောက်မထွက်နိုင်အောင် ကာကွယ်ပေးတာမျိုး လုပ်နေခဲ့တယ်..။
မကြာခင်မှာပဲ ညစ်ညမ်းတဲ့ သွေးတွေက တောင်တက်လမ်းပေါ်ကနေ စီးကျနေခဲ့ပါပြီ..။
ဒါပေမဲ့လည်း... သူတို့အဖွဲ့က အားလုံး အဆင်ပြေနေတာတော့ မဟုတ်ပါဘူး..။
ရှေ့တန်းအဖွဲ့ရဲ့ မယိုင်လဲတဲ့ စိတ်ဓာတ် ၊ ရဲရင့်မှုနဲ့ သေစေနိုင်တဲ့ ကျွမ်းကျင်မှုတွေ ရှိနေပေမဲ့လည်း တိုက်ခိုက်ရမယ့် အိပ်မက်ဆိုး သတ္တဝါ အရေအတွက်က အရမ်းကို များပြားလွန်းနေပါတယ်..။ မိစ္ဆာတစ်ကောင်ချင်းစီကလည်း အစွမ်းထက်ပြီး သေစေနိုင်တဲ့ အစွမ်းတွေ ရှိကြတာပါပဲ..။ ချီတင် ရဲ့ သံချပ်ကာပေါ်ကို ပြင်းထန်တဲ့ ဒဏ်ချက်အချို့ ကျရောက်ခဲ့တာကြောင့် အရောင်တင်ထားတဲ့ ရင်အုပ်ဖုံးပေါ်မှာ အက်ကြောင်းလေးတွေ ပေါ်လာခဲ့ပါပြီ..။
ကုသသူဟာ ဒီဒဏ်ရာတွေကို အလွယ်တကူ ပြန်ကုသနိုင်တယ်ဆိုပေမဲ့ ဒီလို သေစေနိုင်တဲ့
ကခုန်မှုမျိုးကို သူ ဘယ်လောက်အထိ ဆက်ကနိုင်မလဲ မသိနိုင်ပါဘူး..။
ဘယ်လီ နဲ့ ဒွန်း တို့ကတော့ သူ့ထက် အခြေအနေ ပိုကောင်းပေမဲ့ သိပ်တော့ မထူးလှပေ..။ အခုလောလောဆယ်တော့ တစ်ယောက်က သူ့ရဲ့ ဖမ်းရခက်တဲ့ အစွမ်းကြောင့် အပိုင်းပိုင်း အဖြတ်ခံရမယ့် အန္တရာယ်ကနေ လွတ်မြောက်နေပြီး.. နောက်တစ်ယောက်ကတော့ သူ့ရဲ့ ခွန်အားနဲ့ တွက်ချက်တတ်တဲ့ ဦးနှောက်ကို သုံးပြီး အန္တရာယ်ကို ရှောင်ရှားနေခဲ့ရပါတယ်..။
...ပိုပြီး ဆိုးတာက ကျရှုံးမူအဆင့် မိစ္ဆာတွေကိုလည်း ထည့်စဉ်းစားရဦးမှာပါ..။
အဲ့အချိန်မှာပဲ ကြီးမားတဲ့ သတ္တဝါကြီးတွေထဲက ပထမဆုံးတစ်ကောင်ဟာ တောင်ကုန်းထိပ်ကို ရောက်လာခဲ့တယ်။သူက.. လမ်းရှင်းဖို့အတွက် သူ့ထက် အဆင့်နိမ့်တဲ့ သတ္တဝါအချို့ကို ချောက်ထဲကို ရက်ရက်စက်စက် တွန်းချလိုက်ပါတယ်..။ ဒီ ကျရှုံးမူအဆင့် သတ္တဝါ က ရှေ့ကို ခုန်ဝင်လာပြီး ချီတင် ရဲ့ ဒိုင်းကို ကိုက်ဖို့ ပါးစပ်ကြီးကို ဖွင့်လိုက်တယ်..။သူက ကုသသူရဲ့ လက်တစ်ဖက်လုံးကိုပါ ကိုက်ဖြတ်ပစ်တော့မယ့် အတိုင်းပါပဲ..။
သို့ပေမဲ့ ဒီလို မဖြစ်လာခင်မှာပဲ အနက်ရောင် မြားတစ်စင်းက သူ့ရဲ့ လည်ပင်းထဲကို တိတ်တဆိတ် စိုက်ဝင်သွားခဲ့တယ်..။သားရဲ ကတွန့်လိမ်ပြီး လဲကျသွားကာ.. ပါးစပ်ထဲကနေ သွေးတွေ အန်ထွက်ရင်း ကတ္တရာလမ်းပေါ်မှာ လျောကျသွားခဲ့ပါတယ်..။
ဆန်နီ ကတော့ သူ့ရဲ့ လေးကို နောက်တစ်ကြိမ် ပြန်ဆွဲနေပါပြီ..။
တောင်စောင်းရဲ့ အထက်ပိုင်းမှာတော့ ဆမ်မာရာ က သားရဲအုပ်ထဲကို ကျည်ဆန်တွေ တည်တည်ငြိမ်ငြိမ်ပဲ ပစ်သွင်းနေခဲ့တယ်..။
ကင်မ် ကတော့ ငြိမ်ငြိမ်လေး ရပ်နေရင်း အဖွဲ့ဝင် ခြောက်ယောက်လုံးကို စစ်မြေပြင်ရဲ့ အမြင်အာရုံ ရှင်းရှင်းလင်းလင်း ရစေဖို့ နဲ့ အထိရောက်ဆုံး တိုက်ခိုက်နိုင်မယ့် နေရာတွေကို သိအောင် အာရုံစိုက် လုပ်ဆောင်ပေးနေပါတယ်..။
'ငရဲလိုပဲ... ငါတို့ တကယ်ပဲ အောင်မြင်တော့မှာလား..'
အခြေအနေတွေ ဆိုးရွားလာရင် သုံးဖို့အတွက် ဆန်နီ့ မှာ ဝှက်ဖဲအချို့ ရှိနေသေးပေမဲ့ လိုအပ်တာထက် ပိုပြီး မသုံးချင်ပါဘူး..။ ဒီတိုက်ပွဲက အဖွဲ့အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ..။ အခုအချိန်အထိ သူတို့က အတူတူပဲ လေ့ကျင့်ခဲ့ကြတာပါ..။ အခုလို တကယ့်တိုက်ပွဲမှာ သွေးနဲ့ မင်္ဂလာယူရတာက သူ့စစ်သားတွေ ဘယ်လောက် စွမ်းဆောင်နိုင်လဲဆိုတာကို ပြသရုံတင်မကဘဲ သူတို့ကို အမှန်တကယ် စည်းလုံးသွားစေပါလိမ့်မယ်..။
ဝမ်းနည်းစရာကောင်းတာက... သူ ဒီလို တွေးလိုက်တဲ့ အချိန်မှာပဲ အခြေအနေတွေက ရုတ်တရက် ကြောက်စရာကောင်းအောင် ပြောင်းလဲသွားခဲ့တယ်..။
မျက်လုံးမပါတဲ့ သားရဲအုပ်ကြီး တစ်ခုလုံး တောင်ကုန်းထိပ်ကို ရောက်လာတဲ့ အချိန်မှာ သတ္တဝါတွေက ခနလောက် ငြိမ်ကျသွားခဲ့ကြတယ်..။
ယင်းနောက်မှာတော့ သူတို့ရဲ့ ကျောရိုးတွေကနေ ထွက်နေတဲ့ ရှည်လျားတဲ့ ဆူးချွန်ကြီးတွေက ရုတ်တရက် ဝေဝါးလာပြီး.. ပတ်ဝန်းကျင် တစ်ခုလုံးကို အမိုးခုံးတစ်ခုလို ဖုံးလွှမ်းသွားခဲ့တယ်။ပြီးတာနဲ့ ထူးဆန်းတဲ့ တုန်ခါမှုတစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်..။ဒါက ဆန်နီ့ ရဲ့ နားထဲကို ပူပြင်းတဲ့ အပ်တစ်ချောင်းနဲ့ ထိုးလိုက်သလိုမျိုး စူးရှတဲ့ အသံတစ်ခု ဝင်ရောက်လာပြီးနောက်မှာတော့ ကမ္ဘာကြီးတစ်ခုလုံးက ရုတ်တရက် ချာချာလည်သွားခဲ့တယ်..။
' ချီးတဲ့မှပဲ '
သူ ယိမ်းယိုင်သွားပြီး ရိုင်နို အမိုးပေါ်ကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ပါတယ်..။ ရုတ်တရက် ဆန်နီ ဟာ ဘယ်ဟာက အပေါ် .. အောက် ၊ ဘယ်ဟာက ဘယ်..ညာ ဆိုတာကို မခွဲခြားနိုင်တော့ပါဘူး..။ ပတ်ဝန်းကျင်က အရာအားလုံးက ဝါးတားတား ဖြစ်သွားပြီး လမ်းပျောက်နေကာ ဘာကိုမှ ခွဲခြားလို့ မရတော့ပေ..။
အရိပ်တွေကတစ်ဆင့် သူ ခံစားလိုက်ရတာကတော့ ချီတင် ဟာ ခြေလှမ်းမှားသွားပြီး ပြေးဝင်လာတဲ့ မိစ္ဆာတစ်ကောင်ကြောင့် နောက်ကို လွင့်စင်သွားတာပါပဲ..။ ဒွန်း က လဲကျသွားတဲ့ ကုသသူကို ကာကွယ်ဖို့အတွက် သူ့ရဲ့ တူကို ဝေ့ယမ်းလိုက်ပေမဲ့ လွဲချော်သွားပြီး ဟန်ချက်ပျက်သွားခဲ့တယ်....။ ဘယ်လီ ကတော့ နောက်ကို ဆုတ်လိုက်ရင်း ယိမ်းယိုင်သွားပြီး မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားခဲ့ပါတယ်..။
'အသံနဲ့ တိုက်ခိုက်တာလား..'
ဆန်နီ အံကြိတ်လိုက်ပြီး အရိပ်တွေထဲကို ငုပ်လျှိုးဝင်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရှေ့တန်းတပ်ဖွဲ့ဝင်တွေကြားမှာ ပြန်ပေါ်လာခဲ့တယ်..။ မြစိမ်းရောင် အရိုးနဲ့ ထွင်းထုထားတဲ့ ပုလွေ တစ်လက်က သူ့လက်ထဲမှာ ပေါ်လာခဲ့ပါတယ်..။
အနားက သားရဲတစ်ကောင်ကို နံရိုးတွေ ကြေပြီး လွင့်ထွက်သွားအောင် အားနဲ့ ကန်လိုက်ပြီးနောက်.. ဆန်နီ က ပုလွေကို သူ့နှုတ်ခမ်းမှာ တေ့ကာ အသာအယာ မှုတ်လိုက်တယ်..။
ခနအကြာမှာတော့ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေတဲ့ စက်ဝန်းတစ်ခုက တောင်ကုန်းထိပ်ကို ဖုံးလွှမ်းသွားခဲ့ပါပြီ..။
ချက်ချင်းဆိုသလိုပဲ ကမ္ဘာကြီး ချာချာလည်နေတာ ရပ်တန့်သွားပြီး ရှင်းရှင်းလင်းလင်း ပြန်မြင်လိုက်ရတယ်..။
ချီတင် ၊ ဒွန်း နဲ့ ဘယ်လီ တို့က သိသိသာသာစိတ်သက်သာရာရသွားတဲ့ ပုံစံနဲ့ သူတို့ကိုယ်သူတို့ ပြန်ထိန်းပြီး လက်နက်တွေကို အသင့်ပြင်လိုက်တဲ့ အချိန်မှာ.. ဆန်နီ ကတော့ အနားကို ကပ်လာတဲ့ သားရဲတွေကို ကြည့်ပြီး အေးစက်စွာ ပြုံးလိုက်တယ်..။
ရက်စက်သော မြင်ကွင်း က အလင်းစက်တွေနဲ့ အတူပဲ..တဖြည်းဖြည်း ဖြစ်တည်လာခဲ့ပါတယ်..။
ဆန်နီ ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်ရင်း လေးနက်တဲ့ လှံတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ ပြုံးလိုက်တယ်..။
"မရတော့ဘူး.."
အပိုင်း ( ၈၄၆ ) ပြီး၏။