← Chapters

အခန်း (၁၃၀၀-၁၃၀၂)

Vol. 87 Ch. 1300-1302

အခန်း (၁၃၀၀-၁၃၀၂)

Vol. 87 Ch. 1300-1302

အခန်း (၁၃၀၀) - အလွန်ကြီးမားသော အံ့အားသင့်စရာ

မှော်ရတနာစံအိမ်တော်ကို ပြန်သွားတာလား, ရွှယ်အန်းမှာ အနည်းငယ် အံ့အားသင့်သွားသည်။

အမှန်တွငိ ဤကမ္ဘာသို့ ဝင်ရောက်လာကတည်းက ရွှယ်အန်းသည် အန်းယန်နှင့် နတ်ဘုရားအာရုံမှတစ်ဆင့် အမြဲမပြတ် ဆက်သွယ်နေခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် အခြေအနေများ မရှင်းလင်းသေးသည့်အပြင် ဆက်တိုက် ခရီးသွားနေရကာ ယန်အာ့အား ခေါ်ဆောင်သွားရန် အဆင်မပြေမှုများကြောင့်သာ ရွှယ်အန်းမှာ သူမအား အပြင်သို့ ထွက်ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အန်းယန်သည် ပြင်ပကမ္ဘာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကောင်းစွာ သိရှိနေခဲ့သည်။ ယခုတစ်ကြိမ် ရွှေမီးဖိုစံအိမ်တော်အား နှိမ်နင်းပြီးနောက် အခြေအနေအရပ်ရပ် တည်ငြိမ်သွားပြီဖြစ်ကြောင်း ရွှယ်အန်း မြင်တွေ့လိုက်ရသောကြောင့် အဆုံးတွင် ယန်အာ့ကို မှော်ရတနာစံအိမ်တော်ထဲမှ ထွက်လာခွင့် ပြုလိုက်သည်။

ဒါပေမဲ့ သူ အခု ဘာလို့ ပြန်သွားရတာလဲ၊

ရွှယ်အန်းက ရင်ထဲတွင် တွေးမိသည်။

ရွှယ်အန်း၏ ရင်ထဲတွင် သံသယအနည်းငယ် ဖြစ်ပေါ်သွားပြီး ရှောင်ယုအား ပြောသည်။

"သူ့ကို သေချာ စောင့်ကြည့်ထား၊ တစ်ခုခု ထူးခြားတာရှိရင် ငါ့ကို ချက်ချင်း သတင်းပို့"

"စိတ်မပူပါနဲ့ သခင်ကြီး၊ သူ့ကို မျက်ခြည်မပြတ် စောင့်ကြည့်ထားပါ့မယ်လို့ ကတိပေးပါတယ်"

ရှောင်ယုက သူ၏ ရေဘဝဲလက်တံများကို ဝှေ့ယမ်းလိုက်ပြီးနောက် ဆုပ်ကိုင်ကာ စိတ်ပိုင်းဖြတ်ထားသော ဟန်အမူအရာဖြင့် ပြောသည်။ ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီးနောက် လျှပ်တစ်ပြက်အတွင်း မှော်ရတနာစံအိမ်တော်အတွင်းသို့ လှမ်းဝင်သွားသည်။ သူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရှောင်ယုသည် သက်ပြင်းချလိုက်နိုင်ပြီး တခစ်ခစ်ရယ်မောကာ ပြောသည်။

"တော်သေးတာပေါ့၊ သခင်ကြီးက အသေးစိတ် မမေးလို့၊ မဟုတ်ရင် ငါ အကုန်ဖွင့်ပြောမိတော့မှာ"

အန်းယန် မထွက်ခွာမီ မှာကြားချက်များနှင့် ဟွီယင်း၏ ခြိမ်းခြောက်မှုကို တွေးမိသောအခါ ရှောင်ယုသည် ဘေးအန္တရာယ်ကြီးတစ်ခုမှ လွတ်မြောက်လာသကဲ့သို့ စိတ်သက်သာရာရသွားသည်။

"ဒါတွေအားလုံးကို သိသွားပြီးရင် သခင်ကြီး ဘယ်လိုများ တွေးမလဲ မသိဘူး၊ ငါ တကယ် ကြည့်ချင်နေပြီ ဟီးဟီး"

ရှောင်ယု စိတ်ထဲတွင် ရေရွတ်လိုက်ပြီးနောက် အိတ်ကပ်ထဲသို့ လက်နှိုက်ကာ ဂိမ်းစက်အသစ်စက်စက်တစ်ခုကို ဆွဲထုတ်လိုက်ပြီး စိတ်အားထက်သန်စွာ ဆက်လက်တိုက်ပွဲဝင်တော့သည်။ ရွှယ်အန်းသည် မှော်ရတနာစံအိမ်တော်ထဲသို့ ဝင်ရောက်သွားသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်အားဖြင့် စည်ကားနေတတ်သော မှော်ရတနာစံအိမ်တော်သည် ယခုအချိန်တွင် ထူးထူးခြားခြား တိတ်ဆိတ်နေသည်ကို သူ တွေ့လိုက်ရသောကြောင့် ဖြစ်ပေသည်။

စံအိမ်တော်ရှေ့ရှိ ကွင်းပြင်တွင် မည်သူမျှမရှိသလို အတွင်းပိုင်းတွင်လည်း ဟာလာဟင်းလင်း ဖြစ်နေသည်။ ရွှယ်အန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းပင် ရေခဲတမျှ အေးစက်သွားကာ သး၏ စွမ်းအားကြီးမားလှသော နတ်ဘုရားအာရုံက မှော်ရတနာစံအိမ်တော်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ သို့သော် သူ၏ နတ်ဘုရားအာရုံ ရောက်ရှိသွားသည့်တိုင် အန်းယန် သို့မဟုတ် ကလေးကလေးနှစ်ဦး၏ အရိပ်အယောင်ကိုမျှ မတွေ့ရချေ။

ကမ္ဘာကြီးတစ်ခုလုံးမှာ အလွန် ခြောက်ကပ်သွားပြီး ပင်လယ်မျက်လုံးထဲရှိ ဧရာမ ပင်လယ်သတ္တဝါအချို့သာ ရှိနေသည်။ ရွှယ်အန်း၏ မျက်လုံးများမှာ ရေခဲတမျှ အေးစက်နေပြီး လက်ကို မြှောက်လိုက်ရာ ပင်လယ်အောက်ခြေတွင် ပုန်းခိုနေသော ဆယ်ကောင်ကျော်ခန့်ရှိသည့် ပင်လယ်သတ္တဝါများသည် ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာကြသည်။

"ဘာတွေဖြစ်နေတာလဲ၊ ယန်အာတို့ ဘယ်ရောက်သွားကြပြီလဲ"

ရွှယ်အန်းက အေးစက်သောအသံဖြင့် မေးလိုက်ရာ သူ၏ကြောင့် ပတ်ဝန်းကျင်ရှိ နေရာလွတ်များတွင် အက်ကွဲကြောင်းများ ဆက်တိုက် ထွက်ပေါ်လာသည်။ ထိုမျှ ကြီးမားလှသော ဖိအားအောက်တွင် ဧရာမ ပင်လယ်သတ္တဝါ ဆယ်ကောင်ကျော်သည် တုန်ယင်နေကြပြီးနောက် အကြီးဆုံးဖြစ်သည့် ခေါင်းဆောင်သတ္တဝါက ခက်ခဲစွာဖြင့် ပြန်ဖြေသည်။

"သ...သခင်ကြီး၊ စံအိမ်တော်လေ..."

နတ်ဘုရားအမျက်ပင်လယ်အတွင်းရှိ အသက်စွမ်းအင်အား ချိတ်ပိတ်ထားခြင်းကြောင့် ဤပင်လယ်သတ္တဝါများသည် ခွန်အားကြီးမားသော်လည်း ဉာဏ်ရည်ဉာဏ်သွေးပိုင်းတွင် နိုးကြားလာခြင်း မရှိသေးချေ။ နတ်ဘုရားသက်ေတသည် မှော်ရတနာစံအိမ်တော်အတွင်းသို့ ဝင်ရောက်လာပြီးနောက်မှသာ ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးများ တဖြည်းဖြည်း နိုးကြားလာခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့၏ မွေးရာပါ စွမ်းရည် ကန့်သတ်ချက်များကြောင့် ၎င်းတို့အထဲတွင် အဆင့်အမြင့်ဆုံးသောကောင်ပင်လျှင် အလွန်ရိုးရှင်းသော စာကြောင်းများကိုသာ ပြောဆိုနိုင်ပေသည်။

သို့သော် ထိုမျှနှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။ ဤစကားကို ကြားသောအခါ ရွှယ်အန်း၏ မျက်လုံးများတွင် နတ်ဘုရားအလင်းတန်းများ တောက်ပသွားပြီး သူ၏ နတ်ဘုရားအာရုံက မှော်ရတနာစံအိမ်တော်အား နောက်တစ်ကြိမ် ဖုံးလွှမ်းလိုက်သည်။သူ ယခုတစ်ကြိမ် သေချာစွာ စူးစမ်းရှာဖွေမှုနှင့်အတူ မှော်ရတနာစံအိမ်တော်၏ အပေါ်ဆုံးထပ်တွင် ထူးခြားသောအရာတစ်ခု ရှိနေပုံရသည်ကို ရွှယ်အန်း ရှာတွေ့သွားသည်။

ထိုနေရာတွင် တစ်စုံတစ်ခု ရှိနေသကဲ့သို့ ခံစားရသော်လည်း ဤခံစားချက်မှာ အလွန် မပီသဘဲ အားနည်းနေသောကြောင့် ရွှယ်အန်း အစပိုင်းတွင် သတိမထားမိခဲ့ခြင်း ဖြစ်သည်။ ရွှယ်အန်း အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မှော်ရတနာစံအိမ်တော်ဆီသို့ တည့်မတ်စွာ ထွက်သွားသည်။

ရွှယ်အန်း ထွက်သွားသည်နှင့် တစ်ပြိုင်နက် ပင်လယ်သတ္တဝါ ဆယ်ကောင်ကျော်ခန့်သည် ရေထဲသို့ ပြန်လည်ကျဆင်းသွားကြသည်။ ထို့နောက် ၎င်းတို့သည် အတူတကွ စုရုံးသွားကြပြီး အုပ်စု၏ ခေါင်းဆောင်ကို စိုးရိမ်တကြီး ကြည့်မိသည်။ ထိုသတ္တဝါက ၎င်း၏အမြီးကို ကူကယ်ရာမဲ့စွာ ခါရမ်းလိုက်ပြီး ပြေယသည်။

"သခင်မက ငါတို့ကို အပြစ်တင်ရင်လည်း ငါတို့ တတ်နိုင်တာ ဘာမှမရှိဘူးကွ"

ထိုသတ္တဝါသည်စကားကို ရှင်းလင်းစွာ ပြောဆိုနိုင်လေသည်။ ထိုအချိန်တွင် ရွှယ်အန်း မှော်ရတနာစံအိမ်တော်အနီးသို့ ရောက်ရှိနေပြီဖြစ်ကာ မည်သည့်စကားမျှ အပိုပြောမနေတော့ဘဲ အပေါ်ဆုံးထပ်၏ ပြတင်းပေါက်ကို ဖောက်ခွဲ၍ အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

သူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည့် အခိုက်အတန့်တွင် ရွှယ်အန်းမှာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို အမြင့်မားဆုံးအထိ မြှင့်တင်လိုက်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ကံကြမ္မာကြာပန်းနီမီးလျှံတစ်ခု ပေါ်လာပြီး ဓားရောင်ဝါအား မှိန်ပျပျ မြင်တွေ့ရချိန် သူ၏ ရင်ထဲတွင်လည်း သတ်ဖြတ်လိုသောဆန္ဒများဖြင့် ပြည့်နှက်သွားသည်။

"ယန်အာ့ရဲ့ ဆံပင်တစ်ပင်ကိုများ ထိခိုက်အောင်လုပ်ရဲတဲ့သူ ရှိရင် တစ်ကမ္ဘာလုံးကို ငါ မြေမြှုပ်ပစ်မယ်

သို့သော် ထိုအချိန်၌ပင် ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ ရောင်စုံပန်းပွင့်များ အောက်သို့ စတင်ကျဆင်းလာသည်။ ရွှယ်အန်းမှာ ခဏတာ အံ့အားသင့်သွားပြီးနောက် အဖြူရောင် မင်းသမီးဝတ်စုံများအား ဝတ်ဆင်ထားသော ရှန်းရှန်းနှင့် နျန်နျန်တို့က သူ့ထံသို့ ပြေးလာသည်ကို မြင်လိုက်ရသည်။

"ဖေဖေ၊ မွေးနေ့မှာ ပျော်ရွှင်ပါစေနော်"

တစ်ချိန်တည်းမှာပင် ယခင်က မှောင်မိုက်နေသော အပေါ်ဆုံးထပ်သည် ရုတ်တရက် လင်းထိန်သွားပြီး အန်းယန်က ဧရာမ ကိတ်မုန့်လှည်းကြီးတစ်ခုကို တွန်းကာ ညင်သာသော အပြုံးဖြင့် ဖြည်းညင်းစွာ ထွက်လာလေသည်။

"ယောကျ်ား၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ"

ရွှယ်အန်းမှာ အနည်းငယ် ဆွံ့အသွားသော်လည်း နောက်တစ်စက္ကန့်တွင် မိန်းကလေးနှစ်ဦးစလုံး သူ၏အနီးသို့ ရောက်ရှိလာသည်။ ရွှယ်အန်းက ကံကြမ္မာကြာပန်းနီမီးလျှံကို အလျင်အမြန် ရုတ်သိန်းလိုက်ပြီး သူ၏ ဓားဆန္ဒအား ပြန်လည်ရုတ်သိမ်းလိုက်ကာ သမီးနှစ်ယောက်ကို ပွေ့ချီလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

ရွှယ်အန်းမှာ အနည်းငယ် မိန်းမောနေဆဲ ဖြစ်၏။ ရှန်းရှန်းက ရွှယ်အန်းကို အသံမြည်အောင် နမ်းလိုက်ပြီးနောက် တခစ်ခစ် ရယ်မောကာ ပြောလာသည်

"ဖေဖေ၊ ဒီနေ့က ဖေဖေ့မွေးနေ့လေ၊ ဖေဖေ မေ့နေတာလား"

"မွေးနေ့ ဟုတ်လား"

"ဟုတ်တယ်"

နျန်နျန်က ဧရာမ ကိတ်မုန့်ကြီးဆီမှ မျက်လုံးကို ဦးစွာလွှဲလိုက်ပြီး နှုတ်ခမ်းကို သပ်ကာ လေးနက်စွာ ပြောသည်။

"ကမ္ဘာမြေကြီးပေါ်က ပြက္ခဒိန်အရဆိုရင် ဒီနေ့က ဖေဖေ့မွေးနေ့ပဲလို့ မေမေက ပြောတယ်"

"ဒါဆို သမီးတို့က..."

ရွှယ်အန်း စကားမဆုံးမီ ဟွီယင်းသည် လေထဲမှ ထွက်ပေါ်လာပြီး အနည်းငယ် ဖိုသီဖတ်သီ ဖြစ်နေသော်လည်း သူမက ပျော်ရွှင်စွာ ပြုံးနေဆဲဖြစ်သည်။

"အစ်ကိုရွှယ်... ဘယ်လိုလဲ၊ ကျွန်မ အသစ်နိုးထလာတဲ့ သွေးကြောစွမ်းရည်က အံ့သြစရာမကောင်းဘူးလား၊ အစ်ကို့ကိုတောင် လှည့်စားနိုင်ခဲ့တာနော်"

ထိုအခါမှသာ ဟွီယင်သည် သူ၏ နတ်ဘုရားအာရုံအား လှည့်စားကာ အန်းယန်နှင့် မိန်းကလေးနှစ်ဦး၏ တည်ရှိမှုကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားခဲ့ခြင်းဖြစ်ကြောင်း ရွှယ်အန်း သဘောပေါက်သွားတော့သည်။ ရွှယ်အန်းမှာ ခါးသက်သက်သာ ပြုံးလိုက်နိုင်ပြီး ခေါင်းညိတ်ကာ ပြောသည်။

"တကယ်ပဲ မဆိုးပါဘူးကွာ"

ဤသည်မှာ ရွှယ်အန်း ယဉ်ကျေးမှုအရပြောခြင်း သက်သက်မဟုတ်ပေ။ ဟွီယင်းသည် အမှန်ပင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ချင်းချိုးမြေခွေးတိုင်းပြည်သည် စကြဝဠာပေါင်းစုံအတွင်းရှိ အရေးပါသော အင်အားစုများထဲမှ တစ်ခုဖြစ်ပြီး ကောင်းကင်မြေခွေးမျိုးနွယ်စု သည် အလွန်မွန်မြတ်သော သွေးကြောရှိသည့် နတ်ဆိုးမျိုးနွယ်၏ ထိပ်တန်းအဆင့် ခက်ဖြာတစ်ခု ဖြစ်သောကြောင့် ၎င်းတို့သည် အလွန်ထူးချွန်သော ပါရမီရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။

သို့သော် သွေးကြောက ပို၍မွန်မြတ်လေလေ နိုးထရန် ပိုမိုခက်ခဲလေလေ ဖြစ်ပြီး ရွှယ်အန်း သိထားသလောက်အရ ဟူယွဲ့ပင်လျှင် အင်မော်တယ်သခင်အဆင့်သို့ ရောက်ရှိပြီးမှသာ သူမ၏ သွေးကြောစွမ်းရည်ကို ပထမဆုံးအကြိမ် နိုးထနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ထင်ရှားမှုမရှိသော ကျင့်ကြံခြင်းအဆင့်သာရှိသည့် ဟွီယင်းသည် ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းရည်ကို နိုးထစေခဲ့ပြီး သူ၏ နတ်ဘုရားအာရုံကိုပင် လှည့်စားနိုင်ခဲ့သည်။

အကယ်၍ ထိုသတင်းသာ ပြန့်နှံ့သွားပါက ချင်းချိုးမြေခွေးတိုင်းပြည် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလောက်သည်။ နှစ်သောင်းချီ၍ ၎င်းတို့၏ တွင်းများထဲတွင် ပုန်းအောင်းနေကြသော မြေခွေးအိုကြီးများသည်ပင် စုရုန်းထွက်ပေါ်လာနိုင်ပြီး ဟွီယင်းအား ၎င်းတို့နှင့်အတူ ပြန်လည်ခေါ်ဆောင်သွားရန် အကြံအစည်များ ကြံစည်ကြမည်သာ ဖြစ်သည်။

ဘိုးဘေးအဆင့်ရှိ မြေခွေးအိုကြီး ဒါဇင်ပေါင်းများစွာက သူ့ထံမှ လူတစ်ယောက်ကို တောင်းဆိုနေသည့် မြင်ကွင်းကို တွေးကြည့်လိုက်ရုံမျှဖြင့် ရွှယ်အန်းပင်လျှင် တုန်လှုပ်သွားရလေသည်။ သို့သော်လည်း ဟွီယင်းကတော့ ဤအရာများထဲမှ မည်သည့်အရာကိုမျှ တွေးတောထားခြင်း မရှိပေ။ သူမက အသစ်နိုးထလာသော စွမ်းရည်ကို အလွန်ပျော်စရာကောင်းသည်ဟုသာ ထင်မြင်နေခဲ့သည်။

သူမ မည်သို့ နိုးထလာခဲ့သနည်းဆိုလျှင် ဟွီယင်း အောင်နိုင်ခဲ့သော တိုက်ခိုက်ရေး ဗီဒီယိုဂိမ်းများကို ကြည့်လိုက်ရုံဖြင့် နားလည်နိုင်ပေလိမ့်မည်။ ဤအခိုက်အတန့်တွင် ကိတ်မုန့်လှည်းကို တွန်းကာ အန်းယန်က ဆွဲဆောင်မှုရှိသော အပြုံးဖြင့် အနီးသို့ ရောက်လာသည်။

"ယောကျ်ား၊ ယင်းအာကို စိတ်မဆိုးပါနဲ့၊ သူ့ကို ဒီလိုလုပ်ဖို့ ကျွန်မက ပြောခဲ့တာပါ၊ ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ မွေးနေ့တွေတုန်းက ကျွန်မတို့က ရှင်နဲ့အတူ မရှိခဲ့ဘူးလေ၊ အခု နောက်ဆုံးတော့ အခွင့်အရေးရလာပြီဆိုတော့ ရှင့်ကို အံ့အားသင့်စရာအကြီးကြီး ပေးချင်ရုံ သက်သက်ပါ"

"ဘယ်လိုလဲ၊ ပျော်ရဲ့လား"

အန်းယန်၏ မျက်လုံးများတွင် လင်းလက်ကာ ညင်သာသော အပြုံးဖြင့် မေးလိုက်သည်။

အခန်း (၁၃၀၁) - ဆုတောင်းလိုက်ပါ

ရွှယ်အန်း၏ ရင်ထဲတွင် နွေးထွေးသော ရေစီးကြောင်းတစ်ခု စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤအခိုက်အတန့်တွင် ရွှယ်အန်းသည် အစောက သူ မည်မျှ စိုးရိမ်ပူပန်ခဲ့ရကြောင်းကို ထုတ်ပြောမည်မဟုတ်ပေ။ သူက ပြုံးကာ ခေါင်းညိတ်သည်။

"ပျော်တာပေါ့၊ ကိုယ် သိပ်ပျော်တာပေါ့ကွာ"

ရှန်းရှန်းက တခစ်ခစ်ရယ်မောကာ ပြောသည်။

"ဖေဖေ၊ ဒီကိတ်မုန့်ကို မေမေ ကိုယ်တိုင် ဖေဖေ့အတွက် လုပ်ပေးထားတာနော်"

နျန်နျန်ကလည်း အလျင်အမြန် ခေါင်းညိတ်သည်။

"ဟုတ်တယ်၊ မေမေ လုပ်တဲ့ ကိတ်မုန့်က တကယ် အရမ်းစားလို့ကောင်းတာ"

ထိုသို့ပြောနေစဉ် နျန်နျန်သည် သူမ၏ တံတွေးကို တိတ်တဆိတ် မျိုမချဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။ ထိုအရာကိုမြင်သောအခါ ရွှယ်အန်းက အားရပါးရ ရယ်မောလိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ ပြောသည်။

"တကယ်လား၊ ဒါဆို ဖေဖေ မြည်းကြည့်ရမှာပေါ့"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သမီးနှစ်ယောက်ကို ပွေ့ချီလျက် ကိတ်မုန့်စားရန် အနီးသို့ လျှောက်သွားလေသည်။ အန်းယန်က ရွှယ်အန်းအား နူးညံစွာကြည့်ကယ ပြောလယသည်။

"ခဏလေးစောင့်ဦးလေ"

ထိုသို့ပြောပြီး အန်းယန်က နေ့လယ်စာဘူးကို ဖွင့်လိုက်ချိန် အံ့သြဖွယ်ကောင်းလောက်အောင် ထိုအထဲတွင် မွေးနေ့ဖယောင်းတိုင် နှစ်ဆယ့်ရှစ်တိုင် ပါဝင်နေသည်။ အန်းယန်သည် ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်များပား ကိုယ်တိုင်စိုက်လိုက်ပြီးနောက် တစ်တိုင်ချင်းစီကို မီးညှိပေးကာ ပြုံးလျက်ပြောသည်။

"ယောကျ်ား၊ အရင်ဆုံး ဆုတောင်းလိုက်ဦးလေ"

ရွှယ်အန်းသည် ကိတ်မုန့်ပေါ်ရှိ ဖယောင်းတိုင်များကို ကြည့်ကာ ခဏတာ ဆွံ့အသွားသည်။ သူ ငယ်ရွယ်စဉ်က ရွှယ်အန်း၏ မိသားစုသည် အလွန်ဆင်းရဲနွမ်းပါးခဲ့သောကြောင့် မွေးနေ့ပွဲကျင်းပရန် တစ်ခါမျှ အိပ်မက်ပင် မမက်ရဲခဲ့ချေ။ သူ အနည်းငယ် ကြီးပြင်းလာပြီးနောက် မိဘများ ကွယ်လွန်သွားသောအခါ မိမိဘာသာ ကျောင်းဆက်တက်ခဲ့ရပြီး တစ်ခါတစ်ရံတွင် ဝမ်းရေးအတွက်ပင် ရုန်းကန်ခဲ့ရရာ မွေးနေ့ပွဲကျင်းပရန်ဆိုသည်မှာ တွေးတောစရာပင် မလိုတော့ချေ။

သူ တက္ကသိုလ်တွင် အန်းယန်နှင့် တွေ့ဆုံချိန်အထိပင် မကျင်းပဖြစ်ခဲ့ဘဲ အသေးအဖွဲ ကိစ္စရပ်အမျိုးမျိုးကြောင့် ထိုအခွင့်အရေးကို အကြိမ်ကြိမ် လက်လွတ်ခဲ့ရသည်။ ထိုစဉ်က ရွှယ်အန်းသည် အလွန်ရိုးရှင်းစွာ တွေးတောခဲ့ပြီး အနာဂတ်တွင် အခွင့်အရေးများစွာ ရှိလိမ့်ဦးမည်ဟု ယုံကြည်ခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ အမှားတစ်ခုကြောင့် နှစ်ပေါင်း သုံးထောင်တိတိ ထွက်ခွာသွားခဲ့ရသည်။ ထိုနှစ်ပေါင်း သုံးထောင်အတွင်း ရွှယ်အန်းသည် သူငယ်ချင်းများစွာကိုရရှိခဲ့ပြီး မရေမတွက်နိုင်သော ခမ်းနားကြီးကျယ်သည့် အခမ်းအနားများကို မြင်တွေ့ခဲ့ရကာ အဆုံးတွင် သူသည် ရှေးခေတ်နှင့် ခေတ်သစ်တွင် ပြိုင်ဘက်နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပြီး သူ၏ အဆင့်အတန်းနှင့် ရာထူးမှာ အမြင့်မြတ်ဆုံးဟု ဆိုနိုင်ပေသည်။

သို့တိုင်အောင် သူသည် မွေးနေ့ပွဲတစ်ပွဲကိုမျှ ကျင်းပခဲ့ခြင်း မရှိခဲ့ချေ။ သူကိုယ်တိုင်ပင်လျှင် မွေးနေ့ပွဲကျင်းပခြင်းဟူသော ရည်ရွယ်ချက်ကို မေ့လုနီးပါး ဖြစ်နေခဲ့ပြီသည်။ ယနေ့ ယန်အာ့၏ ဂရုတစိုက် ပြင်ဆင်မှုများအားလုံးကို မြင်တွေ့ရသောအခါမှသာ သူ၏ မွေးနေ့ဖြစ်ကြောင်းကို သူ ရုတ်တရက် သတိပြုမိသွားတော့သည်။

အန်းယန် ကိုယ်တိုင်စိုက်ပေးထားသော ထိုဖယောင်းတိုင် နှစ်ဆယ့်ရှစ်တိုင်ကို မြင်လိုက်ရသောအခါ ရွှယ်အန်း၏ ရင်ထဲတွင် စကားဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ခံစားချက်မျိုးစုံ ရောယှက်သွားလေသည်။ ထိုအချိန်တွင် အန်းယန်က ညင်သာစွာ ပြောသည်။

"ယောကျ်ား ရှင် ဘယ်လောက်ပဲ ကြာကြာ ထွက်သွားခဲ့ပါစေ ကျွန်မမျက်စိထဲမှာတော့ ရှင်က အရင်တုန်းက ရွှယ်အန်းပါပဲ၊ အသက်အရွယ်အရဆိုရင် ဒီနေ့က ရှင့်ရဲ့ ၂၈ နှစ်ပြည့် မွေးနေ့ အတိအကျပဲလေ၊ ဒါကြောင့်..."

အန်းယန်က သူမ၏ နားသယ်စပ်မှ ဆံပင်ကို သပ်တင်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးဖြင့် ပြောသည်။

"ဆုတောင်းလိုက်ပါ"

ရွှယ်အန်း ပြုံးလိုက်ရာ သူ၏ မျက်နှာတွင် သက်တောင့်သက်သာရှိမှုနှင့် ပျော်ရွှင်မှုတို့ အပြည့်အဝ ရှိနေပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီဗျာ"

ယခင်ကဆိုလျှင် ရွှယ်အန်းသည် မည်သည့်အခါမျှ ဆုမတောင်းခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူသည် သူတစ်ပါးကို အားကိုးခြင်းထက် မိမိကိုယ်ကို အားကိုးခြင်းက ပိုကောင်းသည် ဟူသော စကားတစ်ခွန်းကိုသာ ယုံကြည်သောကြောင့် ဖြစ်၏။

ထို့အပြင် စကြဝဠာပေါင်းစုံ နယ်ပယ်များတွင် သူ့ထက် ပိုမိုစွမ်းအားကြီးပြီး အဆင့်အတန်း ပိုမြင့်သူ မည်သူရှိနိုင်မည်နည်း။ သို့သော် ယနေ့တွင်မူ ရွှယ်အန်းသည် အန်းယန်အတွက် ခြွင်းချက်တစ်ခု ပြုလုပ်ပေးရန် ဆန္ဒရှိသည်။ သူက လက်အုပ်ချီကာ ဆုတောင်းလိုက်ပြီး တိတ်တဆိတ် တစ်စုံတစ်ရာအား ရေရွတ်လိုက်ပြီးနောက် မျက်လုံးများကို ဖွင့်လိုက်သည်။

"ပြီးပြီ"

ဟွီယင်းက အားသို့ မချဉ်းကပ်ဘဲ မနေနိုင်တော့ဘဲ စပ်စုချင်စိတ်ဖြင့် မေးလေသည်။

"အစ်ကိုရွှယ်၊ ဘာဆုတောင်းလိုက်တာလဲဟင်"

"ရှူး... မမေးနဲ့၊ အသံထွက်ပြောလိုက်ရင် ဆုတောင်းမပြည့်ဘဲ နေလိမ့်မယ်"

ကလေးတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားနေသော အန်းယန်မှာ ဟွီယင်းအား ဆက်မမေးရန် တားမြစ်လိုက်သည်။ ရွှယ်အန်းက ပြုံးလိုက်ပြီးနောက် ဖယောင်းတိုင်အားလုံးအား လေတစ်ချက်တည်းဖြင့် မှုတ်လိုက်သည်။

"ဖယောင်းတိုင် မှုတ်ပြီး ကိတ်မုန့်စားရမယ့် အချိန်ရောက်ပြီဟေး"

နျန်နျန်က မနေနိုင်တော့ပဲ ‌အော်မိသွားသည်။ ကျင်းလီသည် ကိတ်မုန့်စားရမည်ဟု ကြားသည်နှင့် အဝေးတစ်နေရာမှ လျှို့ဝှက်ဆန်းကြယ်စွာ ပျံလာပြီး ကိတ်မုန့်အား လိုချင်တပ်မက်စွာ သွားရည်ကျလျက် ဝိုင်းကာလှည့်ကြည့်နေတော့သည်။

၎င်းသည် နတ်ဘုရား အစီအရင်များမှ မွေးဖွားလာသော ဝိညာဉ်တစ်ခုအနေဖြင့် အရသာခံစားနိုင်စွမ်း မရှိသင့်သလို အစားအသောက် စသည်တို့ကိုလည်း စိတ်ဝင်စားမှု မရှိသင့်ပေ။ သို့သော် နျန်နျန်နှင့် အချိန်ပိုမို ကုန်ဆုံးပြီးကတည်းက ၎င်းသည်လည်း အစားအသောက် အလွန်မက်သော အကျင့်တစ်ခု စတင်ဖြစ်ပေါ်လာခဲ့သည်။

ဥပမာအားဖြင့် ဤတစ်ကြိမ်တွင် လက် သို့မဟုတ် ခြေထောက် မရှိသော်လည်း ဤအချက်က သူ၏ စားသောက်ခြင်းကို အနည်းငယ်မျှ အဟန့်အတား မဖြစ်စေခဲ့ချေ။ ကျင်းလီသဘ် ပါးစပ်ကိုဟကာ သူ့အတွက် ဝေစုပေးထားသော ကိတ်မုန့်တုံးကို တစ်လုတ်တည်း မျိုချလိုက်ပြီးနောက် အန်းယန်အား သနားကမား ကြည့်နေသည်။ အန်းယန်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသော်လည်း ၎င်းအတွက် နောက်ထပ် တစ်တုံး လှီးပေးလိုက်ရသည်။

သို့သော် သူမ ချမပေးရသေးမီမှာပင် ကျူးကျူးမှာ တစ်လုတ်တည်း ထပ်မံ မျိုချလိုက်ပြီးနောက် လေထဲတွင် ပျော်ရွှင်စွာ လူးလွန့်သွားလေသည်။ သို့သော် များမကြာမီမှာပင် ၎င်းသည် ကြီးမားလှသော နာကျင်မှုကို ခံစားနေရသည့်အလား ရုတ်တရက် ကွေးကောက်သွားသည်။

"ကျူးကျူး ဘာဖြစ်သွားတာလဲ"

ကိတ်မုန့်အား အငမ်းမရ စားသောက်နေကြသော မိန်းကလေးငယ်နှစ်ဦးမှာ သူတို့၏ ဆော့ဖော်ဆော့ဖက် ထိုသို့ဖြစ်နေသည်ကို မြင်သောအခါ စိုးရိမ်တကြီး ဖြစ်သွားကြလေသည်။ အန်းယန်လည်း လန့်သွားပြီးနောက် သူမကိုယ်တိုင် လုပ်ထားသော ကိတ်မုန့်ကို တွေဝေစွာဖြင့် တစ်လုတ် မြည်းကြည့်လိုက်လေသည်။

ဘာမှမဖြစ်ပါဘူး၊ အရသာကလည်း လုံးဝ မဆိုးပါဘူး၊ ဒါဆို ကျူးကျူး ဘာဖြစ်သွားတာလဲ...

ဤအခိုက်အတန့်တွင် သူ၏ ကိတ်မုန့်တုံးကို အသည်းအသန် စားသောက်နေသော ရွှယ်အန်းက မနေနိုင်ဘဲ တခစ်ခစ် ရယ်မောကာ ပြောလာသည်။

"စိတ်ဝင်စားစရာပဲ၊ ဒီလောက်မြန်မြန် ထပ်ပြီး ဆင့်ကဲပြောင်းလဲတော့မလို့လား"

ထို့နောက် ရွှယ်အန်းက စိုးရိမ်နေကြသော မိန်းကလေးငယ်နှစ်ဦးကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

"ရှန်းရှန်း၊ နျန်နျန်၊ ကျူးကျူး ဘာမှမဖြစ်ပါဘူး၊ သူ ဆင့်ကဲပြောင်းလဲနေတာပါ"

"ဆင့်ကဲပြောင်းလဲတယ်ဆိုတာ... သူက လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာလားဟင်"

ရှန်းရှန်း၏ မျက်လုံးများက စူးစမ်းလိုစိတ်ဖြင့် တောက်ပသွားကာ မေးလိုက်လေသည်။

"ဟုတ်တယ်၊ ကျူးကျူးသာ သမီးတို့နဲ့ ဆော့ဖို့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားရင် သိပ်ကောင်းမှာပဲနော်"

နျန်နျန်က ပါးစပ်ထဲတွင် အပြည့်အမောက် ဝါးစားနေသဖြင့် ပါးပြင်များ ဖောင်းကားနေပြီး ပြောလိုက်သည်။

"လူသားအဖြစ် ပြောင်းလဲတားလား"

ရွှယ်အန်းက ရယ်မောကာ ခေါင်းခါလိုက်ပြီးပြောသည်။

"အဲဒီလောက် မလွယ်ပါဘူးကွာ၊ သူက ကျဆုံးသွားတဲ့ နတ်ဘုရားတစ်ပါးဆီက ကျန်ရစ်ခဲ့တဲ့ အဆီအနှစ် အငွေ့အသက်လေးတစ်ခုလေ၊ မွေးရာပါကိုက လောကကြီးရဲ့ ငြင်းပယ်တာကို ခံထားရတာ၊ သူက လူသားအသွင်ပြောင်းဖို့ ကျင့်ကြံရမယ်ဆိုရင် တခြား နတ်ဆိုးမျိုးနွယ်တွေထက် အဆတစ်ထောင်လောက် ပိုပြီး ခက်ခဲလိမ့်မယ်"

ဟွီယင်းက သဘောတူစွာ ခေါင်းညိတ်သည်။

"အစ်ကိုရွှယ်ပြောတာ မှန်တယ်၊ နတ်ဆိုးမျိုးနွယ်တွေ အသွင်ပြောင်းဖို့ဆိုတာ အဲဒီလောက် မလွယ်ကူဘူး"

ကျူးကျူးဟုခေါ်သော ရွှေငါးလေး၏ အကြေးခွံများပေါ်မှ မှိန်ပျပျ ရွှေရောင်အလင်းတန်းများ စတင်ထွက်ပေါ်လာပြီး ပိုမို၍ တောက်ပလာသည်။ ခဏအကြာတွင် ၎င်းသည် ရွှေရောင်လွှမ်းနေသော ခန္ဓာကိုယ်နှင့် ရွှေငါးလေးတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။

ထို့နောက် တောက်ပနေသော ထိုအော်ရာပေါ်တွင် အက်ကွဲကြောင်းများ စတင်ထွက်ပေါ်လာပြီး အဆုံးတွင် ကျယ်လောင်သော အသံကြီးနှင့်အတူ ပေါက်ကွဲထွက်သွားသည်။ ထိုအတွင်းမှ ယခင်ကထက်များစွာ ပိုမိုကြီးမားသော ရွှေငါးတစ်ကောင် ထွက်ပေါ်လာပြီး ၎င်း၏ ပုံသဏ္ဌာန်မှာ ယခင်ကထက်ပင် ပို၍ နူးညံ့လှပနေသည်။

"ကျူးကျူး"

မိန်းကလေးငယ်နှစ်ဦးက အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။ ရွှေငါးသည် ချက်ချင်း ကူးခတ်လာပြီး ၎င်း၏ခေါင်းဖြင့် ရှန်းရှန်းနှင့် နျန်နျန်တို့ကို ချစ်ခင်ယုယစွာ ပွတ်သီးပွတ်သပ် လုပ်လိုက်ရာ သူတို့လေးများ တခစ်ခစ် ရယ်မောသွားကြပြီးနောက် ကိတ်မုန့်ကို စွန့်ခွာကာ ရွှေငါးစီး၍ အပြင်သို့ ဆော့ကစားရန် ထွက်သွားကြတော့သည်။

အခန်းထဲတွင် လူသုံးယောက်တည်းသာ ကျန်ရစ်သောအခါ လေထုမှာ အနည်းငယ် ထူးဆန်းသွားသည်။ ၎င်းကို အာရုံခံမိသော ဟွီယင်းသည် တိတ်တဆိတ် နှုတ်ခမ်းဆူလိုက်ပြီး စားပွဲပေါ်မှ ကိတ်မုန့်တစ်တုံးကို ယူကာ ပြောသည်။

"ဒါကို ရှောင်ယုဆီ သွားပေးလိုက်ဦးမယ်နော်"

ထိုသို့ပြောပြီးနောက် သူမလည်း ထွက်သွားတော့သည်။ အခန်းကြီးမှာ တိတ်ဆိတ်သွားပြန်သည်။ ရွှယ်အန်းက အန်းယန်အား ပြုံး၍ ကြည့်နေပြီး မည်သည့်စကားမျှ မဆိုဘဲ သူမ၏ ပါးပြင်များ ရဲတက်လာသည်အထိ စိုက်ကြည့်နေသောကြောင့် သူမမှာ မနေနိုင်တော့ဘဲ နှုတ်ခမ်းစူကာ ပြောသည်။

"ရှင်အဲဒီလောက်တောင်ကြည့်နေတာ အရမ်းလှနေလို့လား"

ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီးပြောသည်။

"လှတာပေါ့၊ ဒီကမ္ဘာကြီးမှာ ယန်အာ့ထက် ပိုလှတဲ့သူ ဘယ်သူမှ မရှိဘူး"

အန်းယန်က နှာမှုတ်လိုက်ပြီးပြောသည်။

"စကားတတ်တိုင်း ပြောမနေနဲ့"

သို့သော် သူမ၏ မျက်လုံးများထဲရှိ အပြုံးမှာ သူမ မည်မျှအထိ ပျော်ရွှင်နေကြောင်းကို ဖော်ပြနေသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ ပျော်ရွှင်မှုအားလုံးသည် အော်ဟစ်သံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားရသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းသည် မည်သို့မည်ပုံ သူမ၏ အနောက်ဘက်သို့ ရောက်ရှိသွားသည်မသိဘဲ သူမအား သူ၏ ရင်ခွင်ထဲသို့ ရုတ်တရက် ဆွဲသွင်းလိုက်သောကြောင့် ဖြစ်သည်။

အန်းယန်က ရုန်းကန်ချင်သော်လည်း ရွှယ်အန်းက သူမ၏ နားထဲသို့ တိုးတိုးလေး ကပ်ပြောသည်။

"မရုန်းနဲ့လေ"

ထို့နောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကျသွားလေတော့သည်။ အချိန်အတော်ကြာပြီးနောက် အန်းယန်က သူမ၏ ပါးပြင်များ ရဲတက်နေလျက် ရွှယ်အန်း၏ ရင်ခွင်ထဲသို့ မှီချလိုက်ပြီး တိုးညှင်းစွာ မေးသည်။

"ကောင်းရဲ့လား"

ရွှယ်အန်း၏ မျက်နှာပေါ်တွင် ဆော့ကစားချင်သော အပြုံးတစ်ခု ပေါ်လာသည်။

"မင်းပြောတာက ကိတ်မုန့်ကိုလား၊ မင်းကိုယ်မင်း ပြောတာလား"

အန်းယန်မှာ အလွန်အမင်း ရှက်သွေးဖြာသွားပြီး ရွှယ်အန်း၏ ရင်ဘတ်ကို ခပ်နာနာလေး ထုလိုက်ကာပြန်ပြောသည်။

"ကိတ်မုန့်ကို ပြောတာပေါ့၊ ကျွန်မ ကြိုးစားပြီး လုပ်ထားရတာနော်"

"ကောင်းပါတယ်"

ရွှယ်အန်းက ရိုးသားစွာ ဖြေကြားလိုက်ပြီးနောက် နောက်ထပ် စာကြောင်းတစ်ကြောင်းအား အလျင်အမြန် ထပ်ဖြည့်ပြောလာသည်။

"ဒါပေမဲ့ မင်းလောက်တော့ အရသာမရှိဘူး”

အခန်း (၁၃၀၂) - ကျွန်မကို ဘုရင်မလို့ ခေါ်စမ်းပါ

"ရှင် ဒီလို ဆက်ပြောနေမယ်ဆိုရင် ရှင်ပြောတာတွေကို ကျွန်မ ဆက်နားမထောင်တော့ဘူးနော်"

အန်းယန်က ဟန်ဆောင်ဒေါသထွက်ကာ သတိပေးလာသည်။ ရွှယ်အန်းသည် ရုတ်တရက် နောက်ပြောင်ချင်စိတ် ပေါ်လာပြီး သူ၏ လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ အန်းယန်၏ မေးစေ့ကို ညင်သာစွာ ပင့်မလိုက်ပြီးနောက် မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခုဖြင့်ပြောသည်။

"မိန်းမ... မင်း ဒီလိုလုပ်တာက မီးနဲ့ကစားနေတာဆိုတာ သိရဲ့လား"

အန်းယန်မှာ ခဏတာ ဆွံ့အသွားပြီးနောက် သူမ၏ မျက်လုံးများမှည တဖြည်းဖြည်း ပြူးကျယ်လာကာ နှုတ်ခမ်းနီနီလေးများအား အနည်းငယ် ကိုက်ထားပြီး သူမ၏လက်က မည်သည့်အချိန်က ရွှယ်အန်း၏ ခါးဆီသို့ ရောက်ရှိသွားသည်မသိဘဲ ရုတ်တရက် အားပါးတရ လိမ်ဆွဲတော့သည်။ ရွှယ်အန်းလည်း အစောက ရှိနေသော တည်ငြိမ်အေးဆေးမှုတို့ ပျောက်ကွယ်သွားပြီး လေကို ပြင်းပြင်းရှူသွင်းသံနှင့်အတူ အော်ဟစ်သံများ အစားထိုး၀င်လာသည်။

"အာ့... အာ့... အာ့... နာတယ် ယန်အာရယ်"

"မိန်းမ... ဟုတ်လား၊ မီးနဲ့ကစားနေတာ... ဟုတ်လား"

အန်းယန်က ဒေါသတကြီး ပြောနေသော်လည်း သူမ၏ ဆွဲလိမ်ထားမှုက သတိမထားမိဘဲ အနည်းငယ် လျော့ကျသွားသည်။ ရွှယ်အန်းက မျက်နှာရှုံ့မဲ့ကာ ပြန်ပြောသည်။

"ယန်အာ့၊ ယန်အာ့၊ ကိုယ်မှားသွားပါတယ်၊ ကိုယ်က မင်းကို စချင်ရုံ သက်သက်ပါ"

"စတာ... ဟုတ်လား၊ ကောင်းပြီလေ၊ ဒါဆို ဒီနေ့ ရှင်နဲ့ သေချာလေး ကစားပေးရသေးတာပေါ့"

အန်းယန်က သူမ၏ ဆွဲလိမ်ထားသော အားကို ပိုမိုတိုးမြှင့်လိုက်သည်။ ရွှယ်အန်းမှာ ဆက်တိုက် ညည်းညူကာ သနားခံပြီး အဖန်ဖန် တောင်းဆိုနေသဖြင့် ဒေါသထွက်နေသော အန်းယန်အား ပြန်လည်ငြိမ်သက်သွားစေရန် အတော်လေး အားထုတ်လိုက်ရသည်။

"ဟွန့်၊ ကျွန်မ ဆုံးဖြတ်လိုက်ပြီ၊ အခုကစပြီး ရှင် ကျွန်မကို ယန်အာလို့ ခေါ်ခွင့်မရှိတော့ဘူး"

အန်းယန်က ဒေါသမပြေသေးသဖြင့် မာန်မဲလေသည်။

"ဒါဆို ကိုယ်က မင်းကို ဘယ်လိုခေါ်ရမလဲ"

ရွှယ်အန်းမှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားရသည်။ အန်းယန်က ခဏတာ စဉ်းစားလိုက်ပြီးနောက် သူမ၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားသည်။

"ကျွန်မကို ဘုရင်မလို့ ခေါ်စမ်းပါ"

"အဲဒါက... သိပ်ကောင်းတဲ့ အကြံတော့ မဟုတ်လောက်ဘူးနော်"

ရွှယ်အန်းက အနည်းငယ် တုံ့ဆိုင်းသွားရသည်။

"ဟမ်"

အန်းယန်က မျက်ခုံးပင့်လိုက်သည်။

"ရှင်က ကန့်ကွက်စရာ ရှိလို့လား"

ရွှယ်အန်းက အလျင်အမြန် လက်ကာပြလိုက်သည်။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကိုယ်က ဘယ်လိုလုပ် ကန့်ကွက်စရာ ရှိမှာလဲ၊ ဒါပေမဲ့... ရုတ်တရက်ကြီး ဘုရင်မလေးလို့ ခေါ်ရမှာဆိုတော့ နည်းနည်းတော့ အနေရခက်သလိုပဲ"

"ဘာ ဘုရင်မလေးလဲ"

အန်းယန်က ဒေါသပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။

"ကျွန်မပြောတာ စာလုံးရေ သုံးလုံးတည်းလေ၊ လေးလုံးမဟုတ်ဘူး"

"အော်... ကိုယ် သိပြီ"

ရွှယ်အန်းက နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ပြောကြည့်စမ်းပါဦး၊ ကျွန်မ ကြားချင်တယ်"

"ကောင်းပါပြီ"

ရွှယ်အန်း မျက်နှာပေါ်တွင် အခက်တွေ့နေသည့် အရိပ်အယောင် အနည်းငယ် ပေါ်လာပြီးနောက် လေအားပြင်းပြင်းရှူသွင်းလိုက်ကာ ဖြည်းညင်းစွာ ပြောသည်။

"ဘုရင်မ"

ပန်းရောင် လက်သီးဆုပ်လေးတစ်ခုက ရွှယ်အန်း၏ ရင်ဘတ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာသည်။ အန်းယန်က အလွန်ဒေါသထွက်နေပုံပေါက်စေရန် ကြိုးစားကာ မျက်နှာကို တင်းမာစွာထား၍ ရွှယ်အန်းကို စိုက်ကြည့်နေသည်။

သို့သော် သူမ၏ ကြိုးစားအားထုတ်မှုအားလုံးသည် ရွှယ်အန်း၏ မျက်နှာပေါ်ရှိ စနောကမချင်သော အပြုံးများကြောင့် ပျက်ပြယ်သွားရသည်။

အန်းယန်ကသာ မထိန်းနိုင်ဘဲ အော်ဟစ်ရယ်ချလိုက်သည်။ သူမ ရယ်မောနေစဉ်မှာပင် စိတ်အနှောင့်အယှက် ဖြစ်နေဆဲဖြစ်ကာ ရွှယ်အန်းအား ဆက်တိုက် ထုရိုက်နေသည်။

"ကျွန်မကို စော်ကားရဲတဲ့ နှလုံးသားမရှိတဲ့ရှင့်ကို သေအောင် ရိုက်သတ်ပစ်မယ် ရား"

ရွှယ်အန်း မရှောင်တိမ်းခဲ့သလို အန်းယန်အား ထိခိုက်မိမည်စိုးသဖြင့် ကာကွယ်ရန် သူ၏ စွမ်းအားများကိုလည်း အသုံးမပြုခဲ့ချေ။ ကံကောင်းထောက်မစွာဖြင့် အန်းယန်သည် မည်သို့ ထိန်းချုပ်ရမည်ကို သိပေသည်။ သူမ၏ ရိုက်ချက်များမှာ ရွှယ်အန်းအပေါ်သို့ကျရောက်သွားသောအခါ နူးညံ့သွားရသည်။

"တော်ပါတော့၊ တော်ပါတော့၊ ကိုယ်က နောက်တာပါ၊ တော်တော့လေ"

ရွှယ်အန်း ရယ်မောကာ ရှင်းပြလာသည်။

"ဟွန့်"

အဆုံးတွင် အန်းယန် ရပ်တန့်သွားသော်လည်း ရွှယ်အန်း၏ နောက်ထပ် စကားတစ်ခွန်းကြောင့် သူမ ဒေါသပြန်ထွက်သွားရပြန်သည်။ ရွှယ်အန်းက တခစ်ခစ်ရယ်မောကာပြောသည်။

"ကိုယ့်ရဲ့ ယန်အာက ဘုရင် ဖြစ်နေရင်တောင် ကောင်းကင်အောက်မှာ အလှဆုံး ဘုရင်မ ဖြစ်နေမှာပါ"

"သွားစမ်းပါ"

သူတို့ ရယ်မောနောက်ပြောင်ပြီးနောက် ဆိုဖာပေါ်၌ ပွေ့ဖက်လိုက်ကြပြီး ဤရှားပါးလှသော အေးချမ်းသည့် အခိုက်အတန့်ကို ခံစားနေကြလေသည်။ အချိန်အတော်ကြာပြီးနောက် အန်းယန်က တိုးညှင်းစွာ ခေါ်လာသည်။

"ယောကျ်ား"

"ဟင်"

"အခု ကျွန်မတို့ ရောက်နေတဲ့ ဒီကမ္ဘာက တော်တော်လေး ထူးဆန်းနေသလိုပဲနော်"

အန်းယန်သည် ရွှယ်အန်းကဲ့သို့ နတ်ဘုရားအာရုံမဣာ စွမ်းအားမကြီးမားသော်လည်း ဤကမ္ဘာတွင် တစ်စုံတစ်ခု လွဲချော်နေကြောင်းကို သူမ ခံစားမိနေဆဲ ဖြစ်သည်။ ရွှယ်အန်းက ပြုံးလိုက်ပြီး အန်းယန်၏ ဆံပင်ကို ညင်သာစွာ သပ်ပေးသည်။

"နည်းနည်းတော့ ထူးဆန်းတယ်၊ ဒါပေမဲ့ ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး"

"အင်းပါ"

တိတ်ဆိတ်မှု တစ်ဖန် ပြန်လည်စိုးမိုးသွားပြီးနောက် အန်းယန်က ညင်သာစွာ ထပ်မေးသည်။

"ယောကျ်ား၊ ဒါဆို ကျွန်မတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"

ဆိုဖာပေါ်တွင် မှီခိုနေသော ရွှယ်အန်းက တည်ငြိမ်စွာပင် ပြောသည်။

"ရွှေမီးဖိုစံအိမ်တော်ကတောင် ဟွာမျိုးနွယ်စုရဲ့ ကျင့်စဉ်တွေကို ဆက်ခံထားမှတော့ တခြားအဓိကနယ်ပယ်တွေမှာလည်း ရှုပ်ထွေးတဲ့ ဆက်နွယ်မှုတွေ ရှိနေမှာ သေချာတယ်၊ ဒါကြောင့်မလို့ ကိုယ်က အဲ့အရာတွေအတွက် ပြိုင်ပွဲကို သွားစစ်ဆေးကြည့်ဖို့ စီစဉ်ထားတယ်"

"အင်း"

အန်းယန်က ထပ်မပြောတော့ချေ။ ရွှယ်အန်း၏ မျက်နှာသည် အမှောင်ထုထဲတွင် ဖုံးကွယ်နေပြီး သူ၏ မျက်လုံးများကသာ ကျောက်စိမ်းကဲ့သို့ နွေးထွေးတောက်ပနေသော်လည်း သူ့ ရင်ထဲတွင်မူ အတွေးတစ်ခုက တိတ်တဆိတ် လှုပ်ခတ်သွားသည်။

မိတ်ဆွေဟောင်းကြီး၊ မင်း ပြင်ဆင်ပြီးပြီလား၊ ငါကတော့... မင်းရဲ့ အရိပ်အယောင်လေးတစ်ခုကို အာရုံခံမိနေပြီကွ..

ရွှယ်အန်းနှင့် အန်းယန်တို့သည် မှော်ရတနာစံအိမ်တော်အတွင်း၌ အတူတကွ အချိန်ဖြုန်းကာ ပျော်ရွှင်နေကြစဉ်။ ရွှေမီးထိုစံအိမ်တော်တွင်မူ ဟွီယင်းနှင့် ရှောင်ယုတို့သည် ခေါင်းချင်းဆိုင်ကာ သူတို့၏ လက်ကိုင်ဂိမ်းစက်များကို စိတ်အားထက်သန်စွာ ကစားနေကြသည်။

"နင့်ရဲ့ တုံ့ပြန်မှုအချိန်က အရမ်းညံ့တာပဲ၊ ငါ့ရဲ့ အထူးလှည့်ကွက်ကိုသာ မြည်းစမ်းကြည့်လိုက်တော့"

ဟွီယင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်သည်။ သို့သော် ရှောင်ယုမှာမူ အာရုံလွဲနေရန် အချိန်မရှိချေ။ သူမ၏ မျက်နှာက အလွန်တည်ကြည်လေးနက်နေပြီး ရေဘဝဲလက်တံများက အရိပ်များအထပ်ထပ် ဖြစ်ပေါ်စေကာ အသေအကြေ တိုက်ပွဲဝင်မည့် အခြေအနေမျိုးကို မျှော်လင့်လျက် ဟွီယင်းအား အစွမ်းကုန် တိုက်ခိုက်ရန် ကြိုးစားနေသည်။

ကံမကောင်းစွာဖြင့် ဂိမ်းစက်ထဲတွင် ထည့်သွင်းထားသော ပရိုဂရမ်တစ်ခုကိုပင် အနိုင်မယူနိုင်သော ရှောင်ယုသည် တိုက်ခိုက်ရေးဂိမ်းအားလုံးအား ကျွမ်းကျင်ပိုင်နိုင်ရုံသာမက ထိုအရာကြောင့် ကိုယ်ပိုင် သွေးကြောစွမ်းရည်ကိုပါ နိုးထစေခဲ့သော ဟွီယင်း၏ ပြိုင်ဘက် မည်သို့ဖြစ်နိုင်မည်နည်း။

အသက်ရှူကြိမ် အနည်းငယ်အကြာတွင် KO" ဟူသော အသံ ထွက်ပေါ်လာပြီး ရှောင်ယုသည် နောက်တစ်ကြိမ် ရှုံးနိမ့်သွားပြန်သည်။ ဤတစ်ကြိမ်တွင်မူ ရှောင်ယုသည် မှင်သက်လျက် ထိုင်နေမိပြီး သူမ၏ မျက်နှာက တဖြည်းဖြည်း ဖြူရော်သွားသည်။ ဟွီယင်းက နှုတ်ခမ်းမဲ့လိုက်ပြီးနောက် လက်ကိုင်ဂိမ်းစက်ကို ပေါ့ပေါ့ပါးပါးပင် ဘေးသို့ချထားလိုက်ကာ ပြောလိုက်သည်။

"စာရင်းတွက်ကြည့်ရအောင်၊ နင် အခု ငါ့ကို ဘယ်လောက် အကြွေးတင်သွားပြီလဲ"

ရှောင်ယုက အနည်းငယ် ရပ်တန့်သွားပြီးနောက် နောက်ဆုံးတွင် တိုးညှင်းသော အသံဖြင့်ပြောသည်။

"တစ်ရာ့ သုံးဆယ့်တစ်နှစ်၊ လေးလ နဲ့ နှစ်ရက်ပါ"

ဟွီယင်းက မြေခွေးတစ်ကောင်ပမာ ရယ်မောသည်။

"ကျွတ် ကျွတ်... ဒီလောက်တောင် ဖြစ်သွားပြီပေါ့လေ၊ ဒါပေမဲ့ ဘာလို့ ဒီလိုအများကြီးဖြစ်ရတာလဲ"

ရှောင်ယုက ခေါင်းငုတ်လျက် ပြန်ဖြေသည်။

"အပိုရက်တွေက အတိုးလေ"

"အင်း၊ ငါတောင် မထင်ထားဘူး၊ နင်က ဉာဏ်တုံးပြီး ကိုယ်လက်အင်္ဂါတွေ ဖျတ်လတ်မှုမရှိပေမယ့် နင့်ရဲ့ သင်္ချာကတော့ သိပ်မဆိုးလှပါဘူး"

ထိုသို့ပြောပြီးနောက် ဟွီယင်းက ရှောင်ယု၏ ပခုံးကို ပုတ်လိုက်သည်။

"အလားအလာ ရှိတယ်၊ ဆက်ကြိုးစားပါဦး၊ အချိန်တန်ရင် နင့်ရဲ့ လွတ်လပ်ခွင့်ကို ငါ ပြန်ပေးမှာပါ"

အကယ်၍ ပြင်ပလူတစ်ဦးဦးသာ ရှိနေပါက ထိုသူတို့နှစ်ဦး မည်သည်ကို လုပ်ဆောင်နေကြောင်း သေချာမသိဘဲ စိတ်ရှုပ်ထွေးသွားပေလိမ့်မည်။ သို့သော် ဇာတ်လမ်းတစ်ခုလုံးကို ထိုသူတို့နှစ်ဦးတည်းကသာ သိရှိသည်။

သူတို့နှစ်ဦး တိုက်ခိုက်ရေးဂိမ်းများအား စွဲလမ်းသွားကတည်းက သူတို့သည် အရူးအမူး ဖြစ်သွားကြပြီး နေ့ရောညပါ အနားမယူဘဲ ဆော့ကစားနေခဲ့ကြသည်။ သို့သော် သူတို့က လမ်းကြောင်းမတူညီစွာ သွားခဲ့ကြသည်။ ဟွီယင်းသည် လှည့်ကွက်များကို အလျင်အမြန် ကျွမ်းကျင်လာပြီး အဆင့်အားလုံးကို ကျော်ဖြတ်နိုင်ရုံသာမက အခက်အခဲအဆင့်မြင့်မားသော ဘော့စ်များကို တစ်ယောက်တည်း အနိုင်ယူပြီး ထိခိုက်မှုမရှိဘဲ အဆင့်များကို ကျော်ဖြတ်ခြင်းစသည့် ကစားနည်းအသစ်များကိုပါ တီထွင်နိုင်ခဲ့သည်။

သို့သော် ရှောင်ယုမှာမူ ရေဘဝဲလက်တံ အများအပြား ရှိနေသော်လည်း နားလည်သဘောပေါက်နိုင်စွမ်း မရှိသေးချေ။ ယခုအချိန်အထိပင် သူမသည် အခြေခံအကျဆုံး အဆင့်များကို ကံကောင်းမှုဖြင့်သာ ကျော်ဖြတ်နိုင်ခဲ့သည်။

သို့တိုင်အောင် သူမသည် လက်လျှော့မည့်သူမျိုး မဟုတ်ပေ။ မကြာခဏဆိုသလိုပင် အနည်းငယ် တိုးတက်လာသည်ဟု ခံစားရတိုင်း ဟွီယင်းကို စိန်ခေါ်တတ်လေသည်။ သို့သော် မည်သည့်ရလဒ်ကောင်းမျှ ထွက်ပေါ်မလာခဲ့ချေ။ သူမသည် တိုးတက်မှုမျှ မရှိခဲ့ဘဲ ကိုယ့်ကိုယ်ကို အလွယ်တကူ အနိုင်ယူနိုင်သော ပစ်မှတ်တစ်ခုအဖြစ်သာ ဆက်လက် ပြသနေခဲ့လေသည်။ ဟွီယင်းသည် ထိုအရာကို ငြီးငွေ့လာပြီး သူမအား ဆက်လက်၍ အဖက်မလုပ်ချင်တော့ချေ။

ထိုအခါ ရှောင်ယုသည် ဟွီယင်းနှင့် ပြုလုပ်သော ပွဲစဉ်များတွင် လောင်းကြေးထပ်ရန် စတင်ခဲ့သော်လည်း တန်ဖိုးရှိသော အရာတစ်စုံတစ်ရာမျှ မရှိသဖြင့် သူမ လောင်းကြေးထပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူမကိုယ်တိုင်ပင် ဖြစ်သည်။

ထို့ကြောင့် သူမသည် အချိန်များကို စတင်ရောင်းချခဲ့ပြီး သူမ သတိမထားမိခင်မှာပင် ထောင်ချောက်တစ်ခုထဲသို့ ကျဆင်းသွားကာ အဆုံးတွင် နှစ်တစ်ရာကျော်သော အကြွေးကြီးကို စုဆောင်းမိသွားတော့သည်။ ဤနှစ်တစ်ရာအတွင်း ရှောင်ယုသည် ဟွီယင်းအား ခြွင်းချက်မရှိ အစေခံရမည်ဖြစ်ပြီး တစ်နည်းအားဖြင့်ဆိုသော် သူမသည် အမျိုးသမီး အစေခံတစ်ဦး ဖြစ်သွားတော့သည်။

ထို့ကြောင့် ဟွီယင်း၏ ဂုဏ်ယူဝင့်ကြွားသော စကားများကို ကြားရသောအခါ ရှောင်ယု၏ မျက်နှာအမူအရာသည် သိသိသာသာ ဆိုးရွားသွားသည်။ အဆုံးတွင် သူမ ခေါင်းကိုမော့လိုက်ပြီး အလွန်လေးနက်စွာပြောသည်။

"အစ်မမြေခွေး၊ စိတ်မပူပါနဲ့၊ ကျွန်မ ရှင့်ကို သေချာပေါက် အနိုင်ယူပြီး ရှင့်ဆီမှာ ဆုံးရှုံးခဲ့သမျှ အရာအားလုံးကို ပြန်ယူပြမယ်"

All Chapters