အခန်း (၁၂၄-၁၂၆)
Vol. 9 Ch. 124-126
အပိုင်း ( 124 )
ပစ်မှတ်ထားခံနေရတာလား
လူတိုင်း၏ အမူအရာများ အဆက်မပြတ် ပြောင်းလဲနေခဲ့ပြီး၊ လူတိုင်း အံ့ဩတုန်လှုပ်နေကြ၏။
လူကိုးဦး တစ်ပြိုင်နက် ပေါ်ထွက်လာခဲ့ကာ၊ တိုက်ပွဲအလံကိုးခုကို သိမ်းပိုက်သွားခြင်းနှင့်၊ လူတစ်ဦးတည်းက အဆိုပါ အလံကိုးခုကို တစ်ပြိုင်နက် သိမ်းပိုက်သွားခြင်းမှာ လုံးဝမတူညီ၊ ကွဲပြားသောအရာ ဖြစ်သည်။
အဆိုပါ သတင်းသည် တုန်လှုပ်ဖွယ်ကောင်းနေခြင်းသာ မဟုတ်တော့ဘဲ၊ သူတို့သည် သူတို့၏ နတ်ဝိညာဥ်များက မိုးကြိုးအပစ်ခံလိုက်ရအလား၊ ခံစားနေကြရပြီး၊ အချိန်အတော်ကြာသည်အထိ မခံမရပ်နိုင်လောက်အောင် ဖြစ်သွားခဲ့ကြ၏။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “
“ အလံကိုးခုကို လူတစ်ယောက်တည်းက သိမ်းပိုက်သွားတာလား၊ ကွေ့ဝူချန် ပြန်ပေါ်လာတာလား “
“ … “
သူတို့သည် စကားပြောဆိုနေခဲ့ကြသော်လည်း၊ နှစ်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့သည့်၊ အမှောင်ထုကြီးက ပြန်လည်ပေါ်ပေါက်လာခဲ့ကာ၊ သူတို့၏ မျက်လုံးအရှေ့သို့ ပျံ့လွင့်လာသည်ဟု ခံစားသွားရပြီး၊ ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြ၏။
တိုက်ပွဲအလံ ကိုးခုကို ထိန်းချုပ်ခြင်းသည် ပထမအလွှာတစ်ခုလုံးတွင် ရှိနေသည့် ဝိညာဥ်ချီအားလုံးကို ထိန်းချုပ်လိုက်သည်နင့် တူညီလုနီးပါး ဖြစ်နေခဲ့သည်၊ မည်မျှပင် အစွမ်းထက်နေခဲ့ပါစေ၊ ၎င်းတို့ကို ပြန်လည်ရယူနိုင်မည် မဟုတ်ပေ။
တစ်စုံတစ်ဦးက ထိုလူ့ကို တိုက်ခိုက်ကာ၊ အလံများကို ပြန်လုလာခဲ့မှသာလျှင်၊ ၎င်းတို့ကို ပြန်လည်ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
သို့သော် သူတို့သည် အလံကိုးခုကို ယူဆောင်သွားသူက မည်သူလဲဆိုသည်ကိုပင် မသိကြပေ၊ ထို့အပြင် အလံကိုးခုစလုံးကို ယူဆောင်ခဲ့သည့်၊ အဆိုပါ မွန်းစတားကို မည်သူက အနိုင်ယူနိုင်မည်နည်း။
“ တကယ်တော့ အဲ့လူက နည်းလမ်းတစ်ချို့ကို သုံးပြီးတော့၊ အလံကိုးခုကို ယူသွားတာ ဖြစ်နိုင်တယ်၊ သူက အဲ့လောက်ကြီး မစွမ်းလောက်ဘူး “ ထိုအချိန်တွင် နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ အကြီးအကဲတစ်ဦးက စကားဝင်ပြောလာခဲ့၏။
သူသည် သူ၏ခန့်မှန်းချက်ကို ဝေမျှလာခဲ့သည် “ ဒါဆိုရင်လည်း စမ်းကြည့်ဖို့အတွက် ကျုပ်တို့က နတ်ဘုရား သန့်စင်ခြင်း နန်းတော်ကိုပဲ ဒုက္ခပေးရတော့မယ် “
“ အဲ့တာက …… “
ထိုလူ ဆွံ့အသွားခဲ့သည်။ စကားပြောလာခဲ့သော်လည်း၊ သူကိုယ်တိုင်ကပင် ယုံကြည်ချက် မရှိပေ၊ အကယ်၍ သူကသာ တကယ့်မွန်းစတားတစ်ဦး ဖြစ်နေမယ်ဆိုပါက၊ မည်ကဲ့သို့ ဖြစ်သွားရမည်လော။
မည်သူကမှ အရင်ဦးဆုံး ရှေ့ထွက်မသွားလိုကြပေ။
သို့ရာတွင် ဤနေရာရှိ ဝိညာဥ်ချီများ ပျောက်ကွယ်သွားမှုနှင့်အတူ၊ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူ အားလုံးသည် ကျင့်ကြံရေးအတွက် သူတို့၏အားကိုးရာကို ဆုံးရှုံးသွားကာ၊ ယွမ်နယ်မြေ အတွင်းသို့ ဝင်ရောက်လာခြင်းက အချည်းနှီးဖြစ်သွားခဲ့ပြီ ဖြစ်သည်။
မွေးရာပါ ဝိညာဥ် ကျင့်ကြံသူများသည် ပထမအလွှာသို့ ဝင်ရောက်ရန်အတွက်၊ သူတို့၏ ကျင့်ကြံရေးများကို ဖိနှိပ်နိုင်ပေသည်၊ သို့သော် ဒုတိယအလွှာကို ဝင်ရောက်ရန်အတွက်မူ၊ သူတို့သည် မွေးရာပါ ဝိညာဥ်ကျင့်ကြံရေးကို ပိုင်ဆိုင်ထားရမည်ဖြစ်ကာ၊ သူတို့၏ နတ်ဝိညာဥ်များကပါ မွေးရာပါ ဝိညာဥ်အဆင့်သို့ ရောက်ရှိသည်အထိ သန်မာအားကောင်းနေရမည် ဖြစ်သည်။
“ ဒါမှမဟုတ် …….. “ ရုတ်တရက်ဆိုသလိုပင်၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ အကြီးအကဲမှ စကားထပ်ပြောလာခဲ့သည်။
“ ဘာလဲ “
“ တကယ်လို့ အဲ့လူက အလံကိုးခုကို တစ်ယောက်တည်း သိမ်းပိုက်နိုင်တဲ့အထိ သန်မာနေမယ်ဆိုရင်တောင်မှ၊ သူက တစ်ယောက်တည်း ဖြစ်နေတုန်းပဲလေ။ တကယ်လို့ အစွမ်းထက် အင်အားစုတစ်ခုခုက သူ့ကို ကျောထောက်နောက်ခံလုပ်ပေးထားမယ်ဆိုရင်တောင်မှ၊ သူက ငါတို့ကို ယှဥ်ရဲမှာမို့လို့လား “
အဘိုးအိုသည် သူ၏အတွေးများကို ချပြလာခဲ့သည်။
တစ်ခြားလူများသည် မျက်မှောင်ကြုတ်ကာ၊ မွေးခွန်းထုတ်လာခဲ့ကြသည် “ ငါတို့က ပူးပေါင်းပြီးတော့၊ သူနဲ့ ညှိနှိုင်းသင့်တယ်လို့ ပြောနေတာလား။ သူ့ဆီကနေ ဝေစုနည်းနည်းတောင်းမယ်ပေါ့ “
“ အမှန်ပဲ “
“ တကယ်လို့ သူက မကြောက်ဘူးဆိုရင်တောင်မှ၊ သူ့အနောက်မှာ ရှိနေတဲ့ အင်အားစု ငါတို့တွေကို တစ်ပြိုင်နက် စော်ကားရဲမှာ မို့လို့လား “
” အဲ့တာက ယုတ္တိရှိတယ် “ ကျောက်ကုန်းမင်မှ ခေါင်းငြိမ့်ပြလာခဲ့၏။
အားလုံးသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။
ထိုကဲ့သို့ ပြောနေခဲ့သော်လည်း၊ သူတို့သည် အနည်းငယ် တုံ့ဆိုင်းနေကြသေး၏။ ထိုကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်ရချိန်တွင် စိုးရိမ်စိတ်မဝင်သည့် လူဟူ၍ မရှိပေ။
သို့ရာတွင် လူတိုင်းက လက်လျော့လိုစိတ် မရှိကြပေ။
နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ လူမှ စကားထပ်ပြောလာခဲ့၏ “ ဒါဆိုရင်လည်း အတူတူ သွားကြတာပေါ့ “
လူတိုင်း ခေါင်းငြိမ့်ပြလာခဲ့ကာ၊ ချက်ချင်းထွက်ခွာသွားကြ၏။
တစ်ချိန်တည်းမှာပင်၊ လုချန်ရှန်းမှာ ထိုနေရာတွင် ထိုင်နေလျက်ရှိ၏၊ တိုက်ပွဲအလံကိုးခုသည် တာအိုစည်းချက်တစ်ခုနှင့်အတူ လွင့်မျောနေခဲ့၏၊ အဆုံးမဲ့ ဝိညာဥ်ချီစီးကြောင်းတစ်ခု စုစည်းနေကာ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့သည်၊ သို့သော် သူ၏မျက်မှောင်ကြုတ်နေမှုမှာ ပိုမိုထင်ရှားနေခဲ့၏။
ရုတ်တရက်ဆိုသလိုပင် သူသည် မျက်လုံးများ ဖွင့်လာခဲ့ကာ၊ မည်းမှောင်နေသော အမူအရာဖြင့်၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။
“ ငါ့ရဲ့ နတ်ဝိညာဥ်ကို ကျင့်ကြံနိုင်တယ်လို့ သူတို့တွေပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ ငါအလိမ်ခံလိုက်ရတာလား “ လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့၏။
သူသည် အချိန်အတော်ကြာ စုပ်ယူနေခဲ့ပြီး၊ ၊ ဝိညာဥ်ချီမှာလည်း သူ၏ခန္ဓာကိုယ် အတွင်းသို့ စီးဝင်နေခဲ့သော်လည်း၊ သူ၏ နတ်ဝိညာဥ်ထံတွင် ကြီးထွားတိုးတက်လာမည့် မည်သည့်အရိပ်အယောင်မှ ရှိမနေခဲ့ပေ။ ထို့အစား ဝိညာဥ်ချီတစ်ချို့သာ သူ၏ခန္ဓာကိုယ်အတွင်းတွင် ကပ်ညိနေခဲ့၏။
သို့သော် အဆိုပါ ဝိညာဥ်ချီများသည် ဝိညာဥ် ကျောက်တုံးများထံမှ ထုတ်ယူရရှိသည့်အရာနှင့် မည်သို့မျှ ကွာခြားမနေခဲ့ပေ။
သူသည် ဝိညာဥ်ချီများက မှော်စွမ်းအားအဖြစ် ပြောင်းလဲသွားနိုင်သည်ဟု မှန်းဆတွက်ချက်ခဲ့ဖူးသည်။ အကယ်၍ ထိုကဲ့သို့ ဖြစ်နေမည်ဆိုပါက၊ အနိမ့်ဆုံးအနေဖြင့်၊ သူ၏ကျင့်ကြံရေး တိုးတက်လာလိမ့်မည် ဖြစ်သည်။
သို့ရာတွင် ဝိညာဥ်ချီ ပမာဏ အများအပြားကပင်၊ မှော်စွမ်းအား အနည်းငယ်အဖြစ် မပြောင်းလဲသွားခဲ့ပေ၊ ပြောင်းလဲမှုနှုန်းထားမှာ အလွန်တရာ နှေးကွေးနေခဲ့ပြီး၊ သန့်စင်သော အရင်းအမြစ်ကို ပြုန်းတီးစေလျက်ရှိ၏။
“ ဘယ်နေရာက မှားနေတာလဲ “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ၊ ပြဿနာကို တွေးတောစဥ်းစားနေတော့၏။ သူသည် ဤနေရာသို့ ရောက်လာခဲ့ပြီးပြီဖြစ်သောကြောင့်၊ လက်ဗလာဖြင့် ပြန်သွားမည် မဟုတ်ပေ။
ထိုစဥ် သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ လူအများအပြားက အမှောင်ထုအတွင်းတွင် ပုန်းကွယ်နေပြီး၊ ထိုလူများအကြားတွင်၊ တောက်ပြောင်သော အဝတ်အစားများကို ဝတ်ဆင်ကာ၊ အဝေးမှ စောင့်ကြည့်နေသည့်၊ လူငယ်တစ်ဦး ရှိနေကြောင်းကို သတိပြုမိသွား၏။
ထိုလူမှာ ကျင်းယုမှတစ်ပါး၊ အခြားလူမဟုတ်ပေ။
၎င်းကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းမှ စကားလှမ်းပြောလိုက်သည် “ ကျင်းယု၊ ဒီကိုလာခဲ့ “
ကျင်းယုသည် ထိုအသံကိုကြားကာ၊ အထိတ်တလန့် ဖြစ်သွားခဲ့သည်။ အစပိုင်းတွင် သူသည် ကျင့်ကြံရေးအတွက် ယွမ်နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်၊ ထို့နောက်တွင်၊ ဝိညာဥ်ချီအားလုံး စုစည်းနေသည်ကို သိရှိသွားကာ၊ စုံစမ်းရန်အတွက် သတိတကြီး ရောက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ဝိညာဥ်ချီက အလွန်တရာ သိပ်သည်းနေသောကြောင့်၊ အတွင်းရှိ မည်သည့်အရာကိုမှ မမြင်ခဲ့ရပေ။
ယခုတွင် သူသည် တစ်စုံတစ်ဦးက သူ့ကို အော်ခေါ်လာခဲ့ပြီး၊ သူက ထိုအသံကို ရင်းနှီးသည်ဟု ခံစားနေခဲ့ရ၏။
သူသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ချဥ်းကပ်သွားကာ၊ သတိတကြီး မေးမြန်းလိုက်သည် “ အစ်ကိုချင်း။ မင်းလား “
“ ဟုတ်တယ်၊ ဒီကိုလာခဲ့ “
လုချန်ရှန်မှ တုံ့ပြန်လိုက်ပြီး၊ သူ၏တုံ့ပြန်ချက်ကိုပင် စောင့်မနေခဲ့ဘဲ၊ သူ့ကို တောင်ထိပ်ပေါ်ရှိ မြူထုအတွင်းသို့ တိုက်ရိုက်ဆွဲခေါ်လိုက်၏။
“ အစ်ကိုချင်း၊ တကယ်ကို မင်းဖြစ်နေခဲ့တာပဲ “ ကျင်းယုသည် တအံ့တဩ ဖြစ်သွားပြီး၊ ပတ်ဝန်းကျင်ကို သိလိုစိတ်တို့ဖြင့်၊ စူစမ်းလေ့လာကာ၊ ကြောက်ရွံ့နေသေးသည်။
သူသည် နတ်တောင်တန်းတွင် ဖြစ်ပျက်ခဲ့သမျှ အရာတိုင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။
ယခုတွင်လည်း သူသည် လုချန်ရှန်းက အလံကိုးခုစလုံးကို သိမ်းပိုက်လိုက်ပြီဆိုသည်ကို သိသွားခဲ့သည်။
သူ၏စိတ်နှလုံးသား အတွင်းတွင် အံ့ဩတုန်လှုပ်မှုတို့နှင့်သာ ပြည့်နှက်နေခဲ့ပြီး၊ သူသည် ထိုလူက မည်ကဲ့သို့သော တည်ရှိမှုမျိုးလဲဆိုသည်ကို မမှန်းဆနိုင် ဖြစ်သွားခဲ့၏။
လုချန်ရှန်းကမူ လေကုန်ခံမနေဘဲ၊ တိုက်ရိုက်ပြောဆိုလာခဲ့သည် “ မင်း ဒီနေရာ ကျင့်ကြံလိုက်၊ ပြီးရင် ဘယ်လိုခံစားရလဲဆိုတာကို ငါ့ကိုပြော “
“ ကျွန်တော်လား။ ကျင့်ကြံရမှာလား။ ဒီနေရာမှာလား။ တကယ်ကြီးလား “
“ ဟုတ်တယ် “
ကျင်းယု အပျော်လွန်သွားခဲ့သည်။ ဤနေရာရှိ ဝိညာဥ်ချီမှာ အလွန်တရာ သိပ်သည်းနေသောကြောင့်၊ သူမည်မျှ ပျော်ရွှင်သွားမည်နည်း။
“ အစ်ကိုချင်း၊ မင်းက တကယ်ကို ငါ့ရဲ့အစ်ကိုကြီးပဲ “
သိပ်မကြာခင် အချိန်မှာပင် သူသည် တင်ပျဥ်ခွေထိုင်လိုက်ပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးတုန်ရင်သွားခဲ့သည်။ ဖော်ပြ၍မရသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့ပြီး၊ အလွန်အမင်း သက်တောင့်သက်တာ ရှိသွားကာ၊ သူ့အား ညီးသံများပင် အချိန်အတော်ကြာ ပေါ်ထွက်သွားစေခဲ့၏။
သူ၏ နတ်ဝိညာဥ် စွမ်းအားသည် အလွန်တရာ မြန်ဆန်သော အမြန်နှုန်းဖြင့် ကြီးထွားလာခဲ့သည်။
အချိန်အတိုင်းအတာ တစ်ခုအကြာတွင်၊ ကျင်းယုသည် စစ်မှန်သော ပျော်ရွှင်မှုအပြည့်ဖြင့် နိုးထလာခဲ့သည်။
“ ဘယ်လိုနေလဲ “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်၏။
ကျင်းယုမှ ပြန်ပြောလာခဲ့သည် “ ဒီနေရာက ဝိညာဥ်ချီက တော်တော်ကြီးကို သိပ်သည်းလွန်းနေတယ်။ ခဏလေးပဲ ကျင့်ကြံရသေးတယ်ဆိုပင်မဲ့၊ ကျွန်တော့်ရဲ့ နတ်ဝိညာဥ်က သိသိသာသာ အားကောင်းလာတာကို ခံစားနေခဲ့ရတယ်။ တကယ်လို့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်၊ အကျိုးအမြတ်က စိတ်ကူးကြည့်လို့တောင် ရမှာ မဟုတ်ဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ၊ ထပ်မံ၍ မေးမြန်းလိုက်သည် “ ကြီးထွားလာတာလား “
“ ဟုတ်ပါတယ် “
“ အသုံးဝင်တယ်ပေါ့ “
“ အသုံးဝင်ပါတယ် “
ထိုအချိန်တွင် လုချန်ရှန်းသည် ပို၍ပင် မပျော်မရွှင်ဖြစ်သွားတော့၏။ သူသည် ကျင်းယုကို အကဲခတ်ကြည့်နေခဲ့ပြီး၊ သူက အမှန်တရားကိုသာ ပြောဆိုနေကြောင်းကို သေချာနေခဲ့သည်။
တစ်ခြားလူတွေအတွက်ကျ အသုံးဝင်ပြီးတေ့း၊ ငါ့အတွက်ကျ ဘာလို့ ဘာမှမထူးခြားရတာလဲ
“ ငါ့ကိုပစ်မှတ်ထားနေတာလား “ လုချန်ရှန်းသည် တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ကျင်းယုကမူ မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို မသိဘဲ၊ ဘေးတစ်ဖက်တွင် တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။
ယခင်ကဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရပြီးသည့်နောက်၊ အထူးသဖြင့် တိုက်ပွဲအလံကိုးခုကို မြင်လိုက်သည့် အချိန်တွင်၊ သူသည် အကယ်၍ သူသေသွားရမည်ဆိုလျှင်တောင်မှ၊ သူက ဤလူ့ကို မည်သို့မျှ ရန်စ၍ မရဘူးဆိုသည်ကို သိနေခဲ့သည်။
တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင်၊ အဝေးတွင် ကြီးမားသော အရိပ်မည်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းသည် ဝိညာဥ်ချီ စုစည်းမှုနောက်သို့ လိုက်ကာ၊ ဤနေရာသို့ ဦးတည်လာနေသည့်၊ အင်အားစု အမျိုးမျိုးမှ လူများပင် ဖြစ်၏။
ထိုအချိန်တွင် လုချန်ရှန်းသည် မကျေမနပ်ဖြစ်နေကာ၊ မည်းမှောင်နေသော အမူအရာဖြင့်၊ တောင်ထိပ်စွန်းတွင် မတ်တပ်ရပ်နေလျက်ရှိ၏။
ချဥ်းကပ်လာသည့် ထိုလူများမှာလည်း လုချန်ရှန်းကို မြင်တွေ့သွားခဲ့သည်။
သို့ရာ၌ သူ့ကို မြင်လိုက်ရသည့် အချိန်တွင်၊ လူတော်တော်များများ၏ အမူအရာများ ပြောင်းလဲသွားသည်။
“ ဘာကြီး၊ သူပဲဟ “
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူသည် အရင်ဦးဆုံး စကားပြောလာခဲ့ပြီး၊ သူ၏မျက်နှာပေါ်တွင် အေးစက်မှု အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည်။
သူ၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုစိတ်များ အရူးအမူး မြင့်တက်လာခဲ့၏။
ပန်မျိုးနွယ်စု၏ လူများမှာလည်း မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားကြသည်။
သို့ရာတွင် တစ်ခြားလူများကမူ စိတ်ရှုပ်ထွေးနေသော အမူအရာများဖြင့်၊ မေးမြန်းလာကြသည် “ သူက ဘာဖြစ်လို့လဲ “
“ အခြေအနေက ဘယ်လိုလုပ် ထူးဆန်းသွားရတာလဲ “
လူတော်တော်များများသည် လုချန်ရှန်းကို မတွေ့ဖူးကြချေ။
တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင်၊ ပန်မျိုးနွယ်စု၏ လူတစ်ဦးမှ တုံ့ပြန်ပြောဆိုလာခဲ့၏ “ သူက ချင်းယီပဲ “
“ ချင်းယီလား “
“ ပန်ဘုရင်လေးကို အနိုင်ယူခဲ့တဲ့ အဲ့ဒီချင်းယီလား၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ရဲ့ နန်းတော်သခင်ရဲ့ ကိုယ်ပွားကို သတ်ဖြတ်ခဲ့ပြီးတော့၊ နတ်တောင်တန်းမှာ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ရဲ့ လူတွေကို ထိခိုက်အောင် လုပ်ခဲ့တဲ့လူပေါ့ “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများ၏ အမူအရာများမှာ ပို၍ ဆိုးရွားသွားခဲ့သည်။
သူတို့သည် အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှ၊ စကားထပ်ပြောလာခဲ့၏ “ ဟုတ်တယ်၊ သူပဲ “
……………………………………………………………………………………………………………………………….
အပိုင်း ( 125 )
ငါပျော်မနေဘူး၊ မင်းတို့ ကံဆိုးသွားပြီ
ထိုအကြောင်းကို ပြောလာခဲ့သည့်အချိန်တွင်၊ အားလုံးသည် စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းချနေတော့သည်။
သူတို့သည် တောင်ပိုင်းပြည်နယ်တွင် ထိုကဲ့သို့သော လူတစ်ဦး ပေါ်ထွက်လာသည်ကို အချိန်အတော်ကြာကတည်းက သိရှိထားခဲ့ပြီး ဖြစ်၏၊ သို့သော် သူတို့သည် ၎င်းက ထိုလူဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
“ ချင်းယီ၊ မင်းနဲ့ မြန်မြန်ဆန်ဆန် ထပ်တွေ့ရလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “ ဟု နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ လူတစ်ဦးမှ စကားလှမ်းပြောလာခဲ့၏။
လုချန်ရှန်းကမူ မော့ကြည့်ကာ၊ တုံ့ပြန်လာခဲ့သည် “ ဘယ်လောက်တောင် ကံဆိုးလိုက်လဲ ”
“ မင်းး …… “
လူတိုင်း ဆွံ့အသွားကြသည်။
သူတို့သည် လုချန်ရှန်း၏ အမူအရာက မည်းမှောင်နေကာ၊ မပျော်မရွှင်ဖြစ်နေပုံရသည်ဆိုသည်ကို မြင်တွေ့နေခဲ့ရသည်။
အားလုံးသည် အကြည့်များ ဖလှယ်နေကြတော့သည်၊ ကျောက်ကုန်းမင်မှာလည်း လုချန်ရှန်းကို စိုက်ကြည့်နေလျက်ရှိ၏။ တစ်ချို့သော အကြောင်းအရင်းများကြောင့်၊ ထိုလူ့ကို မြင်လိုက်ရသည့် အချိန်တွင်၊ သူသည် ရှင်းပြ၍မရသော စက်ဆုပ်မှု ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။
ထို့အပြင် တပည့်တော်တော်များများကလည်း သူတို့၏အနောက်မှ လိုက်ပါလာခဲ့ကြသည်။
တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင်၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူတစ်ဦးသည် လုချန်ရှန်းကို ကြည့်ကာ၊ တလေးတနက်ဖြစ်နေသော လေသံမျိုးဖြင့်၊ စကားထပ်ပြောလာခဲ့သည် “ ချင်းယီ၊ မင်းက လူထုရဲ့ ဒေါသကို အကြိမ်ကြိမ် နှိုးဆွပေးနေခဲ့တယ်ဆိုတော့၊ မင်းက လူတိုင်းရဲ့ ရန်သူလုပ်ဖို့ စဥ်းစားနေတာလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားပြီး၊ သူ့ကို ပြန်ကြည့်လိုက်သည်၊ သို့သော် မည်သို့မျှမတုံ့ပြန်လိုက်ပေ။ သို့ရာတွင် သူ၏မျက်လုံးများကမူ အရူးတစ်ယောက်ကို ကြည့်နေရသည့်အလား ဖြစ်နေခဲ့ပြီး၊ ၎င်းကို မည်သို့မျှ မကွယ်ဝှက်ထားခဲ့ပေ။
“ အဲ့အကြည့်က ဘာသဘောလဲ “ အားလုံးသည် ၎င်းကို သတိပြုမိသွားကာ၊ မကျေမနပ် ဖြစ်သွားကြသည်။
လုချန်ရှန်းမှ ပြန်ပြောလာခဲ့၏ “ ချူလျူရှန်းက တောင်ပိုင်းဒေသတစ်ခုလုံးကို အုပ်ချုပ်နေတာလား “
“ မင်းက ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ “
“ မဟုတ်ဘူးဆိုရင် သူ့ကို သတ်လိုက်တာက လူထုရဲ့ ဒေါသကို နှိုးဆွပေးတယ်ဆိုပြီးတော့၊ ဘယ်လိုလုပ်ဖြစ်သွားခဲ့ရတာလဲ။ ဒါမှမဟုတ် မင်းတို့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က ဒေသလေးခုစလုံးကို အုပ်ချုပ်နေပြီးတော့၊ မင်းတို့က လူတိုင်းကို ကိုယ်စားပြုနေတာလား၊ အဲ့တာကြောင့် မင်းနဲ့ သဘောထားကွဲလွဲတာနဲ့၊ လူတိုင်းရဲ့ ရန်သူဖြစ်သွားရတာလား “ လုချန်ရှန်းသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့်၊ ပြန်လည်တုံ့ပြန်လာခဲ့၏။
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှလူသည် လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “ ပေါက်ကရတွေ၊ အခြေအမြစ် မရှိတဲ့ စကားတွေ “
“ အဲ့လိုမဟုတ်ဘူးဆိုရင်၊ ငါက လူထုရဲ့ ဒေါသကို ဘယ်လိုလုပ် နှိုးဆွခဲ့မိတာလဲ “
အဘိုးအိုမှ တုံ့ပြန်လာခဲ့၏ “ မင်းက ခေါင်းမာနေတုန်းပဲကိုး။ ယွမ်နယ်မြေက သက်ရှိသတ္တဝါတွေက သူတို့ရဲ့ နတ်ဝိညာဥ်တွေကို ကျင့်ကြံဖို့အတွက်၊ ဖန်တီးထားတဲ့ အရာတစ်ခုပဲ၊ အခုမင်းက အဲ့တာကို အင်အားသုံး သိမ်းပိုက်သွားပြီးတော့၊ ဝိညာဥ်ချီ ၉၀%ကို တစ်ကိုယ်တည်း မောင်ပိုင်စီးနေတယ်။ အဲ့တာက လူတိုင်းရဲ့ ရန်သူဖြစ်လာတာမဟုတ်ရင် ဘာလဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လူတိုင်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။
လုချန်ရှန်းကမူ အေးအေးလူလူ တုံ့ပြန်လာခဲ့သည် “ မင်းတို့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က ဘယ်လိုပေါက်တတ်ကရ စကားတွေ ပြောနေတာလဲ “
“ မင်းဘာပြောချင်နေတာလဲ “
“ ယွမ်နယ်မြေကို မင်းမိသားစုက စီမံခန့်ခွဲနေတာလား။ မင်းတို့က အလယ်ပိုင်းဒေသကို သိမ်းပိုက်ထားပြီးတော့၊ တစ်ခြားလူတွေကို ဝင်ခွင့်မပေးခဲ့တာကရော၊ တော်တော်ကြီးကို ဖြောင့်မတ်နေတာလား “ လုချန်ရှန်းမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
အဘိုးအိုမှ ပြန်ပြောလာခဲ့၏ “ ငါတို့က သိမ်းပိုက်ထားရင်ကော ဘာဖြစ်လဲ။ တကယ်လို့ တစ်ခြားလူတွေက သိမ်းပိုက်ချင်တယ်ဆိုရင်၊ သူတို့ဘာသာ လုပ်လို့ရတယ်။ ငါတို့က ခွင့်မပြုဘူးလို့ ပြောခဲ့လို့လား “
“ အဲ့တာဆို တိုက်ပွဲအလံတွေက ဒီနေရာမှာ ရှိနေတယ်လေ၊ ခင်ဗျားတို့ လိုချင်တယ်ဆိုရင်၊ လာယူကြည့်လိုက် “
လုချန်ရှန်း၏ အသံ ဟိန်းထွက်လာခဲ့ကာ၊ ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခါသွားစေခဲ့၏။
သူသည် အလံများ၏ အရှေ့တွင် မတ်တပ်ရပ်ကာ၊ ထိုလူများကို ငေးကြည့်နေခဲ့သည်၊ သူ၏ စိတ်အခြေအနေက ဆိုးရွားနေခဲ့ပြီး ဖြစ်ကာ၊ ထိုလူများက သူ့ကို သရဲပုံပြင်များ လာပြောနေသေး၏။
မင်းတို့က အလယ်ပိုင်းဒေသကို သိမ်းထားတာကျတော့ အဆင်ပြေပြီး၊ ငါအလံလေးတွေကို သိမ်းလိုက်တာကျတော့၊ လူတိုင်းရဲ့ ရန်သူဖြစ်သွားတယ်ပေါ့။
ဟာသပဲ
လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။
ကျောက်ကုန်းမင်က စကားထပ်ပြောလာခဲ့၏ “ မိတ်ဆွေလေး၊ ငါတို့က မင်းကို အပြစ်တင်နေတာ မဟုတ်ဘူး။ မင်းယူသွားတာက များလွန်းနေရုံလေးတင်ပဲ။ တစ်ချို့တစ်လေကို မျှဝေသင့်တယ်၊ တစ်ယောက်တည်း မောင်ပိုင်မစီးသင့်ဘူး။ ငါတို့က သက်ရှိသတ္တဝါ အကုန်လုံးအတွက် ကောင်းချီတစ်ချို့ ရှာဖွေပေးချင်ရုံပါပဲ “
“ ဒီလိုစကားမျိုးတွေ ပြောရဲနေတဲ့ ငါးရှဥ့်အိုကြီးက ဘယ်တွင်းထဲက ထွက်လာခဲ့တာလဲ။ အလယ်ပိုင်းဒေသကို သိမ်းခဲ့တဲ့ အချိန်တုန်းကရော၊ တစ်ခြားလူတွေအတွက် ဘာလို့ တစ်ခုခု မချန်ထားပေးခဲ့ရတာလဲ။ သက်ရှိသတ္တိတွေကို သုံးပြီးတော့၊ ကျုပ်ကို ဖိအားပေးချင်နေတယ်ပေါ့။ ကျုပ်ဆီကနေ လုပြီးတော့၊ ခင်ဗျားတို့က လူကောင်းတွေ လုပ်ကြမယ်ပေါ့ “
လုချန်ရှန်းသည် ထိုလူ၏ စကားများက ရယ်စရာကောင်းသည်ဟု ခံစားနေခဲ့ရသည်။ တစ်ယောက်ယောက်ကို လက်လျှော့ခိုင်းမယ်ဆိုရင်၊ အဲ့တာက မင်းတို့တွေပဲဖြစ်သင့်တယ်။ ဘာကိစ္စ ငါ့ကို လက်လျှော့ခိုင်းနေရတာလဲ။ ငါ့ကို နာမည်ဆိုးပေးပြီးတော့၊ မင်းတို့ကတော့ နာမည်ကောင်း ယူသွားကြမယ်ပေါ့။
ထို့အပြင် သူနှင့် ကျောက်ကုန်းမင်အကြားတွင် ရန်ငြှိုးတစ်ခု ရှိနေခဲ့ပြီးဖြစ်သောကြောင့်၊ သူသည် ထိုကဲ့သို့သော ဟန်ဆောင်မှုမျိုးကို သည်းမခံနိုင်ခဲ့ပေ။
ထိုစကားကို ကြားလိုက်ရသောအချိန်၌၊ ကျောက်ကုန်းမင် အနောက်တွင် ရှိနေသည့် လူငယ်တစ်ဦးမှ အေးစက်စွာ စကားဝင်ပြောလာခဲ့၏ “ ချင်းယီ၊ မင်းက မောက်မာလွန်းနေတာလား။ ငါ့ဆရာက မင်းကို ကောင်းကောင်းမွန်မွန် ပြောနေတာနော်၊ မင်း ……….. “
အဆိုပါ လူငယ်သည် ကျောက်ရုန်မှတစ်ပါး အခြားလူမဟုတ်ပေ။ သူ့စကားကို ပြီးဆုံးအောင် မပြောရသေးခင် အချိန်မှာပင်၊ အနီရောင် အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့၏။
လုချန်ရှန်းမှ သူ၏လက်ကို မြှောက်လိုက်ရာ၊ အနီရောင် တိုက်ပွဲအလံသည် သူ၏လက်ဝါးအတွင်းသို့ ပျံသန်းလာခဲ့ပြီး၊ ကြမ်းကြမ်းတမ်းတမ်း ပစ်ပေါက်ခံလိုက်ရ၏။ အားလုံး၏ အရှေ့မှာပင်၊ ၎င်းသည် ကျောက်ရုန်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး၊ သူ့ကို ၎င်းနှင့်အတူ အနောက်သို့ ခေါ်ဆောင်သွားကာ၊ သူ့ကို တောင်စွန်းနှင့် တိုက်ရိုက်ထိုးစိုက်လိုက်၏။
အနီရောင်အလံသည် လေထုအတွင်းတွင် မျောလွင့်နေကာ၊ တဖျပ်ဖျပ် အော်မြည်သံများကို ထုတ်လွှတ်နေခဲ့သည်။
ကျောက်ရုန်သည် အသတ်ခံလိုက်ရကာ၊ ယွမ်နယ်မြေအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
“ လူကြီးတွေ စကားပြောနေတဲ့ အချိန်မှာ၊ ကလေးက ဘာကိစ္စ ဝင်ရှုပ်နေရတာလဲ “
ကျောက်ကုန်းမင်၏ အမူအရာ ချက်ချင်းမည်းမှောင်သွား၏။
“ ချင်းယီ၊ မင်းလွန်နေပြီ “
ကျောက်ကုန်းမင်မှ အော်ငေါက်လာခဲ့သည်၊ သို့သော် သူသည် လုချန်ရှန်းက လက် ထပ်မြှောက်လိုက်သည်ကိုသာ မြင်တွေ့လိုက်ရသည်။ အနက်ရောင် အလံသည် သူ့ဆီသို့ ထပ်မံ၍ ပျံသန်းလာခဲ့ပြီး၊ ကျောက်ကုန်းမင်ထံသို့ ထပ်မံ၍ ပစ်ပေါက်ခံလိုက်ရသည်။
ဝှစ်
မှော်စွမ်းအား ပေါက်ထွက်လာခဲ့၏။ ကျောက်ကုန်းမင်သည် ဒေါသတကြီးဖြစ်သွားကာ၊ တိုက်ပွဲအလံကို ပိတ်ဆို့တားဆီးရန်အတွက် သူ၏လက်ကို မြှောက်လာခဲ့သည်။ သို့သော် ထိတွေ့သွားသည့် အခိုက်အတန့်တွင်၊ သူ၏ အမူအရာ ပြောင်းလဲသွား၏။
သူသည် ခုခံတားဆီး၍ မရသော အားတစ်ခုက သူ့ဆီသို့ ပြေးဝင်လာနေသည်ဟု ခံစားလိုက်ရပြီး၊ သူ၏ခုခံမှုများကို ရိုက်ချိုးသွားကာ၊ သူ၏ပခုံးကို ထိုးဖောက်၍၊ သူ့ကို လွင့်ထွက်စေကာ၊ တောင်စွန်းပေါ်တွင် သူ့ကို ထိုးစိုက်လိုက်၏။
“ အားး “
ပြင်းထန်သော နာကျင်မှုတစ်ခု ရိုက်ခတ်လာသောကြောင့်၊ ကျောက်ကုန်းမင် အော်ဟစ်နေတော့သည်။
လူအုပ်ကြီး၏ မျက်ဝန်းများ လှုပ်ခတ်သွားခဲ့သည်။ သူက အင်အားစု အများအပြား၏ အရှေ့တွင် လှုပ်ရှားလာလိမ့်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။ ပထမဦးဆုံးအနေဖြင့် သူသည် ကျောက်ရုန်ကို သတ်ဖြတ်ခဲ့ပြီး၊ ဒုတိယအနေဖြင့် ကျောက်ကုန်းမင်ကိုပါ တိုက်ခိုက်ခဲ့လေ၏။
“ ချင်းယီ၊ ဒါကဘာသဘောလဲ “ နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူသည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်၏ “ ဒါဆိုရင် ခင်ဗျားတို့ကရော ဘာသဘောလဲ။ ကျုပ်ကို အတင်းအကြပ် အရှုံးပေးခိုင်းနေတာလား။ ဒါမှမဟုတ် သက်ရှိသတ္တဝါတွေကို အသုံးချပြီးတော့၊ ကျုပ်ကို ဖိအားပေးနေတာလား “
“ မင်းက ၉၀%ကို တစ်ယောက်တည်း သိမ်းသင့်လို့လား “
“ ကျုပ်က ၉၀%ကို သိမ်းပိုက်ခွင့် မရှိဘူးဆိုရင်၊ ခင်ဗျားတို့ကရော အလယ်ပိုင်းဒေသကို သိမ်းပိုက်ခွင့် ရှိလို့လား။ တကယ်လို့ လိုချင်တယ်ဆိုရင်၊ လာယူကြလိုက်။ မလုပ်ရဲဘူးဆိုရင်၊ လစ်လိုက်တော့။ ကျုပ်ကို ဟာသတွေ လာပြောမနေနဲ့ “ ဟု လုချန်ရှန်းမှ အေးအေးလူလူ တုံ့ပြန်လိုက်၏။
နောက်လူတစ်ဦးက စကားဝင်ပြောလာ၏ “ မင်းက ထူးခြားပြီးတော့၊ အလံကိုးခုကို သိမ်းနိုင်ခဲ့တယ်ဆိုပင်မဲ့၊ မင်းကိုယ်တိုင်နဲ့ မင်းအနောက်မှာ ရှိတဲ့ အင်အားစုအတွက်ရော စဥ်းစားမိရဲ့လား “
“ သောက်ပေါက်ကရတွေ “
လုချန်ရှန်းသည် သူ၏လက်ကို မြှောက်ကာ၊ နောက်ထပ်အလံတစ်ခုကို ထပ်မံ၍ ပစ်ပေါက်လိုက်သည်။
အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်နေခဲ့ပြီး၊ မည်သူကမှ မတုံ့ပြန်နိုင်ခဲ့ဘဲ၊ ထိုလူကို ချက်ချင်းသတ်ဖြတ်သွားခဲ့သည်။
အားလုံးသည် အထိတ်တလန့် ထပ်ဖြစ်သွားကြရပြန်သည်။
ထို့နောက်တွင် လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့၏ “ မင်းတို့အားလုံး အတူတူလာလိုက်ရုံနဲ့၊ ငါ့ကို ဖိအားပေးနိုင်မယ်လို့ ထင်နေတယ်ပေါ့။ ကံမကောင်းစွာနဲ့၊ အဲ့တာက အသုံးမဝင်ဘူး “
“ မင်း …… “
“ စကားပြောနေတာ တော်လိုက်တော့၊ မင်းတို့နဲ့ လေကုန်ခံနေရမှာကို ငါပျင်းတယ်။ ငါဒီနေ့ စိတ်အခြေအနေ မကောင်းဘူး၊ ဆိုတော့ မင်းကိုယ်မင်းတို့ ကံဆိုးသွားပြီလို့သာ မှတ်လိုက်ကြတော့ “
စကားပြောဆိုမှု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက်၊ လုချန်ရှန်းသည် လေထုအတွင်းသို့ ချက်ချင်း ခုန်တက်လာခဲ့၏၊ သူ့အနောက်တွင် အလံအားလုံး ပျံသန်းလာခဲ့ပြီး၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများကို တိုက်ရိုက်တိုက်ခိုက်နေတော့သည်။
လူအုပ်ကြီးသည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့်၊ အံ့ဩတုန်လှုပ်သွား၏။
နှစ်ဦးနှစ်ဖက် သဘောတူညီမှု မရသည်က တစ်ကိစ္စဖြစ်သည်၊ သို့သော် တစ်ဖက်လူသည် သူတို့ မလှုပ်ရှားရသေးခင် အချိန်မှာပင်၊ တိုက်ခိုက်ခဲ့ပြီး ဖြစ်၏။
ထိုလူများက ပြန်လည်တိုက်ခိုက်လာသောကြောင့်၊ လုချန်ရှန်း ရှေ့တက်သွားတော့၏၊ လေတိုးသံများ ဟိန်းထွက်လာခဲ့ပြီး၊ များပြားလွန်းလှသော ဓားချီများ ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်၊ ထို့နောက်တွင် ၎င်းတို့သည် ချက်ချင်းဆင်းသက်လာခဲ့ပြီး၊ သူ၏ပတ်ပတ်လည်တွင် စုဝေးနေတော့သည်။
ထိုအချိန်တွင်၊ ကျောက်ကုန်းမင်သည် တိုက်ပွဲအလံကို ဆွဲထုတ်ရန် ကြိုးပမ်းနေလျက်ရှိ၏၊ သူ၏ပခုံးထံမှ လတ်ဆတ်ပူနွေးသော သွေးနီများ အဆက်မပြတ် စီးကျလာနေခဲ့သည်။
ယွမ်နယ်မြေသည် အရာအားလုံးကို ပြီးပြည့်စုံလုနီးပါး ပြန်လည်ကောင်းမွန်စေနိုင်ပေ၏။ ဒဏ်ရာရသွားသည့် အချိန်တွင် သွေးများကျဆင်းလာလေ့ရှိပြီး၊ ကျဆင်းလာသည့် သွေးများကလည်း သူ၏ကိုယ်ပိုင် မှော်စွမ်းအားကြောင့်၊ အဆက်မပြတ် ခမ်းခြောက်သွား၏။
ကျောက်ကုန်းမင်၏ အမူအရာ နီရဲနေလျက်ရှိပြီး၊ သူသည် ဂျူနီယာတစ်ဦးကြောင့်၊ အရှက်ကွဲသွားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ ချင်းယီ၊ မင်း …. “
“ ဘာကိုမင်းလဲ။ ဒီနေ့ကစပြီးတော့၊ မင်းနဲ့ မင်းရဲ့တပည့်က ယွမ်နယ်မြေထဲကို ရောက်လာတဲ့ အချိန်တိုင်းမှာ၊ မင်းတို့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်တွေ ပျောက်ကွယ်သွားတဲ့အထိ၊ တစ်ခေါက်စီ ငါသတ်မယ် “
လုချန်ရှန်း၏ စကားပြောဆိုမှု ပြီးဆုံးသွားသည့်နောက်တွင်၊ ဓားချီတစ်ခု ဆင်းသက်လာခဲ့ပြီး၊ ကောင်းကင်ပြင်ကို ကျော်ဖြတ်ကာ၊ ကျောက်ကုန်းမင်ကို တိုက်ရိုက်သုတ်သင်သင်လာခဲ့၏။
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများသည် အံ့ဩတုန်လှုပ်သွားသည့် အမူအရာများကို ချပြလာကြသည်။ သူတို့က မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိသည်မှာ ကြာနေခဲ့ပြီဖြစ်ပြီး၊ အသွင်ပြောင်းခြင်းနယ်ပယ်သို့ ရောက်ရှိနေသည့် လူများပင် ရှိနေခဲ့သော်လည်း၊ သူတို့သည် အူတိုင်ဖွဲ့စည်းခြင်းအဆင့်အထိ ဖိနှိပ်ခံထားရသောကြောင့်၊ မည်သို့မျှမခုခံနိုင်ကြပေ။
“ အားလုံးပဲ၊ မင်းတို့က ဘာလို့မတိုက်ခိုက်ရတာလဲ “
သူတို့၏ မျက်လုံးများအတွင်းတွင် အကြောက်တရားတို့သာ ပြည့်နှက်နေခဲ့၏။ သူတို့သည် လုချန်ရှန်းက ကြောက်မက်ဖွယ်ကောင်းသည်ဆိုသည်ကို သိနေခဲ့သော်လည်း၊ ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ သူတို့သည် သူ၏ တိုက်ခိုက်မှုများကိုပင် တောင့်မခံနိုင်ခဲ့ကြပေ။
“ အဲ့တာက ….. “
စောင့်ကြည့်နေသည့် တစ်ခြားလူများသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားကြပြီး၊ သူတို့၏ မျက်လုံးများအတွင်းတွင် တွေဝေတုံ့ဆိုင်းများ ကြီးစိုးနေလျက်ရှိ၏။
သူတို့သည် သူတို့၏ အရှေ့တွင် ရှိနေသည့် လူငယ်ကို လျှော့တွက်မိနေစဲဖြစ်ပြီး၊ တိုက်ပွဲအလံကိုးခုကို သိမ်းပိုက်ထားနိုင်သည့် တည်ရှိမှုကိုပါ လျှေ့ာတွက်နေခဲ့ကြ၏။
သူတို့သည် အင်အားစုအားလုံး ပူးပေါင်းခြင်းက အဟန့်အတားတစ်ခုကို ဖန်တီးကာ၊ သူ့ကို နာခံလာအောင် ပြုလုပ်နိုင်မည် ဖြစ်ပြီး၊ အကယ်၍ ၎င်းက အလုပ်မဖြစ်ဘူးဆိုပါက၊ လူအင်အားဖြင့် အများနှင့်အနည်း တိုက်ခိုက်မည်ဟု ကြံရွယ်ထားခဲ့ကြသည်။
သို့သော် သူတို့သည် သူတို့၏ ပေါင်းစပ်အင်အားကပင်၊ အဆိုပါ လူငယ်ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ဘူးဟု၊ မည်သို့မျှ မမျှော်လင့်ထားခဲ့ကြပေ။
ထို့အပြင် အဆိုပါမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့နေခဲ့ရသောကြောင့်၊ မည်သူက တိုက်ခိုက်ရဲတော့မည်နည်း။
…………………………………………………………………………………………………………………………………..
အပိုင်း ( 126 )
ဒီအတိုင်း ပြန်သွားကြတော့မလို့လား
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများသည် သတ်ဖြတ်မှုကို ခုခံလိုက်ကြကာ၊ မလှမ်းမကမ်းတွင် ရှိနေသည့် လူအုပ်ကြီးကို လှမ်းကြည့်လာကြ၏။
ထိုလူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ မည်သူကမှ မလှုပ်ရှားလာခဲ့ကြပေ။ လူတစ်ချို့ကမူ နောက်သို့ပင် ဆုတ်သွားကြကာ၊ သူတို့နှင့် အကွာအဝေးတစ်ခု ခြားထားလိုက်ကြသည်။
သူတို့၏ အမူအရာများသည် သူတို့က ထိုလူများကို လုံးဝမသိသည့်အလား ဖြစ်နေခဲ့သည်။
ယခုတွင် ဉာဏ်အနည်းငယ် ရှိသည့် လူတိုင်းက အဆိုပါ လူငယ်က မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို မြင်တွေ့နိုင်ပေ၏။ အကယ်၍ သူတို့ထံတွင် လူများများ ရှိနေမည်ဆိုလျှင်တောင်မှ၊ သူ၏ တိုက်ခိုက်မှုများကို လူမည်မျှက ခုခံနိုင်မည်နည်း။
နတ်ကောင်းကင်ဂိုဏ်း၏ စိတ်ဝိညာဥ် အရှင်သခင်ကပင် တစ်ကွက်တည်းဖြင့် အသတ်ခံလိုက်ရလုနီးပါး ဖြစ်သွားခဲ့သည်။ ယခုလက်ရှိအချိန်တွင် ဝင်ပါလိုက်ခြင်းနှင့် ကိုယ့်သေတွင်းကိုယ်တူးနေခြင်း အကြားတွင်၊ မည်သည့်ကွာခြားချက် ရှိနေဦးမည်လော။
လူတိုင်းသည် ကိုယ့်ကိုကိုယ် ကာကွယ်ရန်သာ ရွေးချယ်ခဲ့ကြ၏။
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများသည် ၎င်းကို မြင်တွေ့သွားကာ၊ ဒေါသတကြီး ဖြစ်သွားကြသည် “ အားလုံးပဲ၊ မင်းတို့က ဘာလုပ်နေကြတာလဲ။ ဘာလို့ မတိုက်ခိုက်ရသေးတာလဲ “
“ ဘာကို တိုက်ခိုက်ရမှာလဲ “ ကောင်းကင်တံခါးဂိုဏ်း၏ အကြီးအကဲသည် ဇဝေဇဝါ ဖြစ်နေသော ဟန်အမူအရာမျိုးဖြင့်၊ အရင်ဦးဆုံး စကားပြောလာခဲ့၏။
ပန်မျိုးနွယ်စုမှ လူတစ်ဦးကပါ စကားဝင်ပြောလာခဲ့သည် “ ဟုတ်ပ၊ ဘာလို့ တိုက်ခိုက်ရမှာလဲ “
“ ဒီနေရာမှာ ပါရမီရှင်တစ်ယောက် ရှိတယ်လို့ ကြားခဲ့ရလို့၊ လာကြည့်ကြတာ မဟုတ်ဘူးလား “
“ အို့၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က တာအိုရောင်းရင်းတို့၊ မင်းတို့က အဲ့လူငယ်နဲ့ ဘယ်လိုလုပ်ပြီးတော့ တိုက်ခိုက်နေကြတာလဲဟ “
“ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ “
နတ်ဘုရား သန့်စင်ခြင်း နန်းတော် : “ … “
လုချန်ရှန်းပင် မျက်မှောင်ကြုတ်သွားခဲ့၏။ ဒီလူတွေက ဒီလိုဖြစ်နေတော့ ငါက ဘယ်လိုလုပ် တိုက်ခိုက်နိုင်တော့မှာလဲ။
သူတို့၏ စကားများကို ကြားလိုက်ရသောအချိန်၌၊ သူတို့၏ အနောက်တွင် ရှိနေသည့် တပည့်တပန်းများကပါ ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။
ဒါက ငါတို့ဂိုဏ်းတွေရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ အကြီးအကဲတွေလား
“ ဒီကိုမလာခင် အချိန်တုန်းက၊ ငါတို့အားလုံး သဘောတူခဲ့ကြတယ်မဟုတ်ဘူးလား “ နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူတစ်ဦးသည် ဒေါကြီးမောကြီး အော်ငေါက်လာခဲ့၏။
တစ်ခြားလူများသည် မျက်မှောင်ကြုတ်သွားကာ၊ တုံ့ပြန်လာကြသည် “ ဘာကို သဘောတူထားတာလဲ “
“ အတူတူ တိုက်ခိုက်ဖို့ “
“ အဲ့လိုကိစ္စမျိုး ရှိခဲ့လို့လား “
“ ငါတို့က ဘာမှ မပြောခဲ့ပါဘူးဟ “ ပန်မျိုးနွယ်စုသည် သူတို့၏ဦးခေါင်းများကို ပေါ်ပေါ်တင်တင် ခါရမ်းနေတော့သည်။
အဆိုပါ စကားတစ်ခွန်းသည် ထိုလူများကို ဒေါသတို့ဖြင့်၊ ပေါက်ကွဲလုမတတ် ဖြစ်သွားစေခဲ့၏။
သူတို့သည် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။
နတ်ဘုရား သန်စင်ခြင်း နန်းတော်၏ လူမှ စကားထပ်ပြောလာခဲ့သည် “ အဲ့အချိန်တုန်းက ငါကပဲ အဲ့တာကို အဆိုပြုခဲ့ပြီးတော့၊ မင်းတို့အားလုံး ခေါင်းငြိမ့်ခဲ့ကြတယ်လေ။ အခု မင်းတို့က ကိုယ့်စကားကိုယ် ရိုက်ချိုးနေကြပြီးတော့၊ ငါတို့ ခံစားနေရတာကို စောင့်ကြည့်နေကြတာလား “
တစ်ခြားသော အင်အားစုများမှ ပြန်၍ တုံ့ပြန်လာခဲ့၏ “ တာအိုရောင်းရင်း၊ အဲ့တာက မမှန်ဘူးလေ။ ဒါက မင်းတို့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်နှင့် အစိမ်းဝတ်လူငယ်ကြားက ရန်ငြှိုးလေ။ ငါတို့က ကြားဝင်မစွက်ဖက်မသင့်ဘူး “
“ အမှန်ပဲ၊ ငါတို့က တစ်ခြားလူတွေရဲ့ ကိစ္စထဲကို ဘယ်လိုလုပ် ဝင်ရှုပ်နိုင်မှာလဲ။ အဲ့တာက ဟိုမိတ်ဆွေလေးအတွက် မမျှတဘူးလေ “
“ ပြီးတော့ မင်းတို့က နားလည်မှုလွဲနေတာဖြစ်နိုင်တယ်။ အဲ့အချိန်တုန်းက ငါတို့ခေါင်းငြိမ့်ခဲ့တယ်ဆိုတာက ငါတို့က အသက်ကြီးနေပြီး၊ မတ်တပ်ရပ်တာ အတော်ကြာနေခဲ့ပြီဖြစ်တဲ့အတွက်၊ ငါတို့လည်ပင်းတွေ သက်တောင့်သက်သာ မရှိလို့၊ ဆန့်လိုက်ရုံလေးပါပဲ “
ထိုစကား အနည်းငယ်သည် နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူတိုင်းကို လုံးဝကြက်သေသေသွားစေခဲ့၏။
လုချန်ရှန်းကမူ သူတို့ကို အကဲခတ်ကြည့်ရှုနေခဲ့သည်။ ထိုလူများ၏ အရှက်မဲ့မှုသည် သူနှင့်ပင် ယှဥ်နေနိုင်ပေသည်။ သူတို့သည် ထိုကဲ့သို့သော စကားလုံးများကိုပင် ထုတ်ပြောရဲလေသည်။
သူ့ကို မဆိုထားနှင့်၊ ထိုစကားများကို ကြားလိုက်ရပါက၊ ခွေးတစ်ကောင်ကပင် ခေါင်းတခါခါ ဖြစ်သွားရမည် ဖြစ်၏။
“ မင်းတို့ပဲဖြစ်ရမယ် “
လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေတော့သည်။ ဤမြေခွေးအိုကြီးများသည် လူတိုင်းထပ် ပိုမိုပါးနပ်ပြီး၊ တစ်ယောက်ချင်းစီတိုင်းက သူတို့၏ကိုယ်ပိုင် ရည်ရွယ်ချက်များကို ထိန်းသိမ်းထားကြ၏။ သူတို့သည် သူတို့၏ ရပ်တည်ချက်ကို အလျင်စလို မဖော်ပြခဲ့ကြပေ၊ ထို့အစား တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိသွားသောအခါတွင်၊ သူတို့သည် ချက်ချင်းစွန့်ခွာသွားကာ၊ ထိုလူများနှင့် အကွာအဝေးတစ်ခု ခြားခဲ့ကြ၏။
မြင့်မားသော ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် လူတစ်စုသည် လည်ပင်းနာကျင်မှုဆိုသည့် အကြောင်းပြချက်မျိုးကိုပင် ပေးလာခဲ့သည်။ ၎င်းက ကိုယ်ကျင့်တရားကို ချိုးဖောက်လိုက်ခြင်းပင်။
“ မင်းတို့ …… “
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူသည် တစ်စုံတစ်ခုကို ပြောလိုနေသေးသည်။
သို့ရာတွင် လုချန်ရှန်းမှ ကြားဖြတ်ဝင်ပြောလိုက်သည် “ ဘာလဲ၊ အခုထိ နားမလည်သေးဘူးလား။ အခု မင်းတို့ ဘာပြောပြော အသုံးမဝင်တော့ဘူး “
“ ချင်းယီ၊ မင်းမလုပ်ရဲပါဘူးကွာ “
“ ပေါက်ကရတွေ ပြောပြန်ပြီ။ တကယ်လို့ ငါမလုပ်ရဲဘူးဆိုရင်၊ အခုငါဘာလုပ်နေလဲဆိုတာကို မမြင်ဘူးလား။ ပြန်ရောက်တဲ့ အချိန်ကျရင်၊ အားရင်ငါ့ကို လာရှာပါလို့ ချူလျူရှန်းကို ပြောလိုက်။ ငါသူ့ကို ထပ်သတ်မယ် “
ရွှမ်
ချက်ချင်းဆိုသလိုပင်၊ ဓားချီပဲ့တင်ထပ်လာခဲ့ပြီး၊ ရေစီးကြောင်းတစ်ခုအဖြစ် အသွင်ပြောင်းကာ၊ ထိုလူများကို လုံးဝသုတ်သင်ရှင်းလင်းလိုက်၏။
၎င်းကို မြင်လိုက်ရသောအခါတွင်၊ အင်အားစု အသီးသီးမှ လူတို့၏ နှလုံးသားများ အရူးအမူး ခုန်ပေါက်သွားခဲ့၏။
ဤနေရာတွင် အသတ်ခံလိုက်ရခြင်းက အမှန်တကယ် သေဆုံးသွားခြင်း မဟုတ်သော်လည်း၊ အသတ်ခံလိုက်ရသည့် အချိန်တိုင်းတွင်၊ တန်ဖိုးတစ်ခု ပေးချေရမည် ဖြစ်ပြီး၊ သူတို့၏ မူလချီများကို ထိခိုက်သွားစေမည် ဖြစ်သည်။ သူတို့သည် အကြိမ်ပေါင်းများစွာ အသတ်ခံရခြင်းကို တောင့်ခံနိုင်မည် မဟုတ်ပေ။
မည်သူကမှ အသတ်မခံလိုကြပေ။
ဤအချိန်၌ လူတိုင်း၏ မျက်နှာများပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
“ မိတ်ဆွေလေးက တကယ်ကို ပြိုင်ဘက်ကင်းတာပဲ၊ တိုက်ပွဲအလံကိုးခုကို ဆက်တိုက်ဆွဲထုတ်နိုင်ခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “
“ ဒီနေ့မှာ ငါတို့က တကယ်ကြီးကို အမြင်ကျယ်သွားခဲ့ရပြီ “
“ ဒီလိုပါရမီရှင်မျိုးက ဒီကမ္ဘာကြီးမှာ တကယ်ရှားတယ်။ နောင်အနာဂတ်မှာ သူက အမြင့်တစ်နေရာကို ရောက်သွားပြီးတော့၊ ငါတို့ကျင့်ကြံသူတွေအတွက် စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ် “
“ အားကျဖို့ကောင်းတယ်၊ တကယ်ကို အားကျဖို့ကောင်းလွန်းတယ် “
“ ... “
မြှောက်ပင့်နေသည့် မှတ်ချက်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်၊ သို့သော် လုချန်ရှန်းသည် ထိုလူများကို အေးအေးလူလူ ငေးကြည့်နေခဲ့၏။
ပုံမှန်အခြေအနေများအောက်တွင်သာဆိုပါက၊ သူသည် အတော်လေး စိတ်ကျေနပ်သွားမည် ဖြစ်သည်။ ချီးကျူးခံရခြင်းမှာ သူ၏စိတ်ကို အလွန်တရာ သက်တောင့်သက်တာ ဖြစ်သွားစေတတ်၏။
ကံဆိုးစွာဖြင့်၊ ယနေ့တွင် သူ၏စိတ်အခြေအနေ ဆိုးရွားနေခဲ့သည်။
ထိုများသည် ၎င်းကို ကောင်းကောင်းကြီး သိနေခဲ့ကာ၊ စကားထပ်ပြောလာခဲ့သည် “ ငါတို့က မိတ်ဆွေလေးရဲ့ သာလွန်တဲ့ စိတ်သဘောထားကို မြင်ခဲ့ရပြီးပြီလေ၊ အဲ့တာကြောင့် မင်းကို ထပ်ပြီးတော့ မနှောင့်ယှက်တော့ဘူးနော် “
“ ဟုတ်တယ်၊ ငါတို့အရင်သွားတော့မယ်နော်။ မိတ်ဆွေလေး၊ အချိန်ရရင် ငါတို့ဂိုဏ်းမှာ ဧည့်သည်လာလုပ်ပေးပါဦး “
ထို့နောက်တွင် သူတို့သည် ထွက်သွားရန် ပြင်လိုက်သည်။
သို့သော် နောက်လှည့်လိုက်သည့် အချိန်မှာပင်၊ သူတို့အားလုံး ရပ်တန့်သွားခဲ့သည်။ ဓားချီများသည် ကောင်းကင်ထက်သို့ ရွေ့လျားလာပြီး၊ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားကာ၊ သူတို့ကို အလယ်ဗဟိုပြု၍ ဝိုင်းရံလာခဲ့၏။
လုချန်ရှန်းသည် လေထုအတွင်းတွင် မတ်တပ်ရပ်နေခဲ့ပြီး၊ အောက်သို့ ငုံ့ကြည့်ကာ၊ တိတ်တဆိတ် စူးစမ်းနေတော့သည်။
“ ရောက်လာပြီးပြီဆိုမှတော့၊ အလျင်စလို မထွက်သွားကြနဲ့ “
“ မိတ်ဆွေလေးဆီမှာ ကိစ္စတစ်ခုခု ရှိနေသေးလို့လား “ ထိုလူများအနက်မှ တစ်ဦးသည် အပြုံးကို ထိန်းသိမ်းထားကာ၊ ပြန်ပြောလာခဲ့သည်။
ထိုလူများက အချင်ယောင်ဆောင်နေသည်ကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် အပြုံးဖြင့်၊ တုံ့ပြန်လိုက်သည် “ အားလုံးပဲ၊ ကျုပ်တို့အားလုံးက ဘာတွေဖြစ်နေလဲဆိုတာကို သိကြပါတယ်။ တကယ်လို့ ခင်ဗျားတို့က ကျုပ်အပေါ်မှာ ဘာရည်ရွယ်မှ မရှိဘူးလို့ ပြောလာခဲ့မယ်ဆိုရင်၊ ကျုပ်လုံးဝမယုံပါဘူး “
လူတိုင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ သူတို့အားလုံး သိနေကြသော်လည်း၊ လုချန်ရှန်းက တိုက်ရိုက်ထုတ်ပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ မိတ်ဆွေလေး၊ အဲ့တာက ဘာကိုဆိုလိုတာလဲ “
လုချန်ရှန်းမှ ပြန်ပြောလိုက်၏ “ ဘာပဲဖြစ်ဖြစ်၊ ကျုပ်က ဆုံးရှုံးစရာ မရှိဘူးလေ။ တကယ်လို့ ကိစ္စက ကြီးလားမယ်ဆိုရင်၊ တစ်ခြားဒေသတွေဆီကို သွားလိုက်ရုံပဲ။ အဲ့လောက်ကြီးအထိ ဂရုစိုက်မနေပါဘူး “
ထိုလူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ သူ၏ဆိုလိုရင်းကို နားလည်သွားကြ၏။
ထိုလူငယ်သည် သူတို့ကို အလွယ်တကူ အလွတ်ပေးမည် မဟုတ်ပေ။
အရိုးသားဆုံးပြောရမည်ဆိုပါက၊ သူတို့သည် ယခုလက်ရှိ အခြေအနေကို နားလည်ခဲ့ပြီး ဖြစ်သည်။ ပထမအလွှာတစ်ခုလုံးတွင်၊ မည်သူကမှ အဆိုပါ လူငယ်ကို လှုပ်ခါစေနိုင်မည် မဟုတ်ပေ။
သူသည် အလွန်တရာ စွမ်းလွန်းနေခဲ့သည်။ အကယ်၍ အင်အားစုအားလုံး ပေါင်းစပ်လိုက်မည်ဆိုလျှင်တောင်မှ၊ သူတို့၏ အနိုင်ရနိုင်ခြေမှာ မြင့်မားမနေခဲ့ပေ၊ ထိုလူငယ်သည် အကြောက်တရားကို နှိုးဆွပေးထားခဲ့ပြီး ဖြစ်သည်။
ယခုတွင် သူတို့သည် အဖြေတစ်ခုကို တွေးတောစဥ်းစားနေလျက်ရှိ၏။
ခြိမ်းခြောက်မှုများက မည်သို့မျှ အသုံးဝင်နေလိမ့်မည် မဟုတ်ပေ။ ဤနေရာတွင် ဥပမာ သာဓကများကို မြင်တွေ့ခဲ့ရပြီး၊ မည်သူကမှ မသေလိုကြပေ။
အသတ်ခံလိုက်ရမည်ဆိုပါက၊ ထိခိုက်နာကျင်ရရုံတင်မဟုတ်ဘဲ၊ သူတို့၏ မူလချီများပါ ထိခိုက်သွားရမည် ဖြစ်သည်။ သူတို့သည် သေခြင်းတရားကို အချိန်မတန်ခင် တွေ့ကြုံမခံစားလိုကြပေ။
သူတို့က အဖြေတစ်ခုကို တွေးတောစဥ်းစားနေသည့် အချိန်မှာပင်၊ ပန်မျိုးနွယ်စုမှ လူတစ်ဦးသည် အရင်ဦးဆုံး ရှေ့ထွက်ကာ၊ စကားပြောလာခဲ့၏ “ မိတ်ဆွေလေး၊ မင်းတော့ မသိလောက်ပင်မဲ့၊ မင်းက လော့ယွမ်တောင်တန်းမှာ သင်ခန်းစာပေးလိုက်ပြီးတဲ့ အချိန်ကစပြီးတော့၊ ရင်ဖုန်းက အပြင်းအထန် ကြိုးစားအားထုတ်နေခဲ့ပြီးတော့၊ သူ့ကိုယ်သူ ကျင့်ကြံရေးထဲမှာပဲ တစ်ချိန်လုံး မြှုပ်နှံထားခဲ့တယ်။ ငါတို့ရဲ့ မျိုးနွယ်စုက အဲ့ကိစ္စကို အတော်လေး စိတ်ကျေနပ်နေကြတယ် “
“ အို့။ အဲ့လိုလား “
“ အမှန်ပဲ။ အဲ့တာကြောင့် ငါတို့မျိုးနွယ်စုက မင်းဘယ်နေရာမှာ ရှိနေလဲဆိုတာကို စုံစမ်းမေးမြန်းခဲ့ပြီးတော့၊ မင်းကို ထပ်ပြီးတော့ ကျေးဇူးတင်ဖို့အတွက်၊ ဝိညာဥ်ကျောက်တုံး တစ်သိန်း ပြင်ဆင်ပေးထားခဲ့တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လူတိုင်းမှင်သက်သွားကြသည်။
လုချန်ရှန်းမှာလည်း အတွေးနက်သွားခဲ့သည်။
တစ်ခြားလူများမှာ မယုံကြည်နိုင်ဖြစ်နေလျက်ရှိ၏၊ ပန်မျိုးနွယ်စု၏ လုပ်ရပ်များက သူတို့မထင်မှတ်ထားသော အရာများသာ ဖြစ်နေခဲ့သည်။
သို့ရာတွင်၊ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် လုချန်ရှန်းဆိုသည့် ဆူးတစ်ခုကို ဆွဲနှုတ်နိုင်ခဲ့ရုံတင်မဟုတ်ဘဲ၊ မျက်နှာပျက်ရခြင်းကိုပါ ပျောက်ကွယ်သွားစေကာ၊ သူတို့၏ တပည့်များကို အရှက်ခွဲခံရခြင်းနှင့် ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးတစ်ခုမှ လွတ်မြောက်သွားစေခဲ့၏။
၎င်းက ကောင်းမွန်သော နည်းလမ်းတစ်ခုပင် ဖြစ်၏။
“ မိတ်ဆွေလေး၊ ငါကလည်း ဒီကိစ္စကို ပြောဖို့အတွက် လာခဲ့တာပါ။ ငါတို့ဂိုဏ်းရဲ့ တပည့်တွေက မင်းကို တော်တော်ကြီးကို လေးစားနေကြတယ်၊ သူတို့ကို လမ်းညွှန်သင်ပြပေးဖို့အတွက်၊ မင်းကို ဖိတ်ခေါ်ဖို့ပါ တွေးနေကြတာကွ။ ငါတို့ကလည်း ငါတို့ရဲ့ ရိုးသားမှုကို ပြဖို့အတွက် ဝိညာဥ်ကျောက်တုံး တစ်သိန်းဆိုတဲ့ လက်ဆောင်သေးသေးလေးတစ်ခုကို ပြင်ဆင်ထားတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ တစ်ခြားလူများမှာလည်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားကာ၊ စကားဝင်ပြောလာကြ၏ “ အမှန်ပဲ၊ ငါကလည်း အဲ့တာအတွက် ရောက်လာခဲ့တာ “
“ ငါလည်း အဲ့စကားကို ပြောချင်နေခဲ့တာက၊ အခွင့်အရေး မရခဲ့လို့ပေါ့ “
“ ငါရောပဲ “
အသံများ တစ်ခုပြီးတစ်ခု ဟိန်းထွက်လာခဲ့၏။ လုချန်ရှန်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ အနည်းငယ် စိတ်ညစ်သွားခဲ့သည်။
ဆိုရိုးစကားအတိုင်းပင် ပြုံးပြနေသူကို ရိုက်နှက်၍ မရချေ။ သူတို့က ထိုကဲ့သို့ ပြောလာနေပြီဖြစ်ပြီး၊ အကယ်၍ သူကသာ အလွန်အကျွံ ရန်ထပ်လိုနေမည်ဆိုပါက၊ သူ၏အမှား ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ဝိညာဥ်ကျောက် တစ်သိန်းဆိုသည့် ပမာဏက သေးငယ်နေခဲ့သော်လည်း၊ ဤနေရာတွင် လူများစွာ ရှိနေခဲ့၏။ အင်အားစု ခုနစ်(သို့) ရှစ်ခုခန့် ရှိနေခဲ့ပြီး၊ ၎င်းသည် ဝိညာဥ်ကျောက်တုံး ခုနစ်သိန်း(သို့) ရှစ်သိန်းကို ကိုယ်စားပြုနေခဲ့သည်။ ၎င်းက သေးငယ်သော ပမာဏတစ်ခု မဟုတ်ပေ။
၎င်းကို တွေးမိသွားသောအခါတွင်၊ လုချန်ရှန်းသည် အပြုံးဖြင့်၊ စကားထပ်ပြောလိုက်သည် “ ကျွန်တော်သိပြီ၊ ကြည့်ရတာတော့ ခင်ဗျားတို့ကို အထင်လွဲသွားတဲ့ပုံပဲ၊ တောင်းပန်ပါတယ်ဗျာ “
“ ရပါတယ်၊ ဘာမှ မဖြစ်ပါဘူးကွာ “
အားလုံးသည် အပြုံးဖြင့် တုံ့ပြန်လာခဲ့ကြ၏၊ သို့သော် သူ၏ စိတ်ထဲတွင်မူ ရွံ့ရှာစက်ဆုပ်မှုများ ပြည့်နှက်နေခဲ့သည်။
သူတို့သည် ဤလူက ဝိညာဥ်ကျောက်တုံးများကို၊ လောဘဇောတိုက်နေသည်ကို နားလည်သွားကြသည်။
သို့ရာတွင် ဝိညာဥ်ကျောက်တစ်သိန်းကို အသုံးပြုကာ၊ ဤကိစ္စပြီးဆုံးသွားစေခြင်းက ဆုံးရှုံးမှုတစ်ခု မဟုတ်ပေ။ နောင်အနာဂတ်ကို မဆိုထားနှင့်၊ ယခုလက်ရှိ အချိန်မှာပင် သူအလိုရှိမည်ဆိုပါက၊ သူသည် ပထမအလွှာတစ်ခုလုံးကို အပြတ်ရှင်းနိုင်လေ၏။
………………………………………………………………………………………………………………………………..