အခန်း (၁၂၇-၁၂၉)
Vol. 9 Ch. 127-129
အပိုင်း ( 127 )
ငါဒီမှာရှိနေသရွေ့၊ ပြန်လာဖို့ မစဥ်းစားနဲ့
လူများ အတူတကွ မတ်တပ်ရပ်နေကာ၊ သူတို့၏ မျက်နှာများပေါ်တွင် အပြုံးများ ဆင်မြန်းထားကြသည်။
ဓားချီများသာ မရှိဘူးဆိုပါက၊ ဤကဲ့သို့ နွေးထွေးကာ၊ သဟဇာတရှိသည့် မြင်ကွင်းမျိုး ရှိနေလိမ့်မည်ဟု မှန်းဆကြည့်ရန်ပင် ခက်ခဲနေမည် ဖြစ်သည်။
လုချန်ရှန်းသည် လူတိုင်းကို ငေးကြည့်ကာ၊ စကားထပ်ပြောလာခဲ့သည် “ အခု နားလည်မှုလွဲနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိခဲ့ရပြီဆိုတော့၊ အရာအားလုံးကို ဆွေးနွေးဖို့ လွယ်ကူသွားပြီ “
“ ဒါပေါ့၊ ဒါပေါ့ “
“ ဒါဆိုရင်လည်း၊ အပြာရောင်မြို့ဆီကို တစ်ယောက်ယောက်က ဝိညာဥ်ကျောက်တုံးတွေ လာပို့ပေးဖို့အတွက်၊ အားလုံးကို ဒုက္ခပေးရတော့မယ်။ အဲ့မှာ ကျွန်တော် လာယူလိုက်မယ် “
“ အမ် ….. “
လူတိုင်း ဆွံ့အသွားကြ၏။ ဤလူသည် ဟန်ဆောင်ပန်ဆောင်ပင် မရှိခဲ့ဘဲ၊ ကိစ္စများကို အချိန်တိုအတွင်းမှာပင်၊ ရှင်းရှင်းလင်းလင်းဖြစ်အောင် စီစဥ်နေခဲ့၏။
လုချန်ရှန်းကမူ မည်သည့်အရာကိုမှ ကြောက်လန့်မနေခဲ့ပေ။ သူသည် သူ၏ရုပ်သေးကို ငွေယူရန်အတွက်၊ ပို့လွှတ်လိုက်မည် ဖြစ်သည်။ အကယ်၍ ငွေများရခဲ့မည်ဆိုပါက၊ အဆင်ပြေမည် ဖြစ်သည်။ အကယ်၍ မမျှော်လင့်ထားသော အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့မည်ဆိုပါက၊ (သို့) ထိုလူများက သူ့ကို ချုံခိုတိုက်ခိုက်မည်ဆိုပါက၊ ၎င်းက တစ်ခြားကိစ္စတစ်ခု ဖြစ်သွားမည် ဖြစ်သည်။
“ ကောင်းပြီလေ “
“ အဲ့လိုဆိုမှတော့ ငါတို့အရင်သွားတော့မယ်နော် “
“ ကောင်းကောင်းသွားကြပါ။ အချိန်ရရင် မကြာမကြာ လာလည်ပါ “ ဟု လုချန်ရှန်းမှ တုံ့ပြန်လိုက်၏။
လူတိုင်းဆွံ့အသွားကြသည်။ ဒီလိုသောက်ကျိုးနည်း နေရာမျိုးကို တစ်ခါလောက်လာရုံနဲ့တင် လုံလောက်နေပြီ၊ အသတ်ခံလိုက်ရမယ်ဆိုရင်တောင်မှ၊ ဒီကို ထပ်မလာဘူးကွာ
လုချန်ရှန်းသည် သူ၏လက်ကို ဝေ့ရမ်းကာ၊ ဓားချီများကို လွင့်ပျယ်သွားစေပြီး၊ တိုက်ပွဲအလံများကို ဆွဲယူလိုက်ကာ၊ တောင်ထိပ်ပေါ်သို့ ကျဆင်းသွားစေလိုက်၏။
ထို့နောက်တွင်၊ သူသည် သူ၏မူလနေရာဆီသို့ ပြန်သွားကာ၊ ဝိညာဥ်ချီများကို ငေးကြည့်နေရင်းဖြင့်၊ ထပ်မံ၍ ဒေါသထွက်သွားခဲ့ပြန်သည်။
သူသည် တစ်စုံတစ်ဦးက သူ့ကို ထိခိုက်သွားစေရန်အတွက်၊ လှည့်ကွက်များကို တိတ်တဆိတ် အသုံးပြုနေသည်ဟုပင်၊ သံသယဖြစ်သွားခဲ့သည်။ သူသည် အချိန်အတော်ကြာ ကြိုးစားနေခဲ့သည်၊ သို့သော် သူ၏နတ်ဝိညာဥ်က မည်သို့မျှ မတိုးတက်လာခဲ့ပေ။
သို့ရာတွင် ကျင်းယုကမူ အံ့ဩတုန်လှုပ်နေသော အမူအရာဖြင့်၊ လုချန်ရှန်းကို ငေးကြည့်နေခဲ့၏။
သူသည် ယခုလေးတင် ဖြစ်ပွားခဲ့သည့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ ထိုလူတစ်ဦးချင်းစီတိုင်းသည် ဂိုဏ်းကြီးတစ်ဂိုဏ်းကို ကိုယ်စားပြုနေခဲ့ပြီး၊ ထိုလူများ ပေါင်းစည်းထားခြင်းမှာ တောင်ပိုင်းပြည်နယ်တစ်ခုလုံးကို ချုပ်ကိုင်နိုင်စွမ်း ရှိနေခဲ့၏။
သို့သော် ထိုကဲ့သို့သော အင်အားစုကြီးကပင် လုချန်ရှန်းကို ကြောက်ရွံ့ထိတ်လန့်နေခဲ့ကာ၊ ပိုင်နက်ကို လွှဲပြောင်းပေး၍၊ လျော်ကြေးပင် ပေးနေခဲ့၏။
“ အစ်ကိုချင်း၊ ကျုပ်ရဲ့ ကျန်ဘဝတစ်လျှောက်လုံးမှာ အစ်ကို့အနောက်ပဲ လိုက်တော့မယ် “ ဟု ကျင်းယုမှ စိတ်လှုပ်ရှားစွာဖြင့် စကားစပြောလာခဲ့သည်။
လုချန်ရှန်းသည် သူ့ကို ငေးကြည့်ကာ၊ ပြန်ပြောလိုက်သည် “ မင်းက ငါ့ကို ဝိညာဥ်ကျောက်တုံးတွေ အကြွေးတင်နေတုန်းပဲ “
“ အဲ့တာက ….. “ ကျင်းယု တွေဝေတုံ့ဆိုင်းသွားခဲ့သည် “ အစ်ကိုချင်း၊ မင်းကို အရင်တုန်းက ပေးခဲ့တာတွေက ငါ့ရဲ့ တစ်သက်တာ စုဆောင်းမှုတွေပဲ။ နည်းလမ်းတစ်ခု စဥ်းစားဖို့အတွက် ငါ့ကို အချိန်ပေးပါဦး “
“ မလိုပါဘူး “
လုချန်ရှန်းမှ ခေါင်းခါပြလိုက်၏။
ကျင်းယု မျက်မှောင်ကြုတ်သွားခဲ့သည်။
လုချန်ရှန်းမှ ဆက်ပြောလိုက်၏ “ ငါ့ကို ကိစ္စတစ်ခု ကူညီပေး “
“ ဘာကြီးလဲ “ ကျင်းယု၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့၏ “ ကောင်းကင်ဝါးမျိုငှက်မျိုးနွယ်စုကို ဆက်သွယ်နိုင်မဲ့ နည်းလမ်းတစ်ခု ရှာပေး။ ငါ့ဆီမှာ သူတို့နဲ့ ဆွေးနွေးရမဲ့၊ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်လို့သာ ပြောလိုက် “
“ ကောင်းကင်ဝါးမျိုငှက်လား။ မင်းက သူတို့နဲ့ ဘာလုပ်ချင်လို့လဲ “
“ အဲ့လိုလျှို့ဝှက်ချက်မျိုးကို မင်းကို ဘယ်လိုလုပ် ပြောပြလို့ရမှာလဲ “
“ နားလည်ပါပြီ “
လုချန်ရှန်းမှ ပြန်ပြောလိုက်၏ “ အဲ့တာက လျှို့ဝှက်ချက်ဖြစ်တာကြောင့်၊ ဘာလုပ်ရမလဲဆိုတာကို သိတယ်မလား “
“ ကျွန်တော် နားလည်ပါတယ်၊ အပြည့်အဝ နားလည်ပါတယ်။ ဒီကိစ္စကို သေချာပေါက် မပေါက်ကြားစေရပါဘူး “ ကျင်းယုသည် လေးလေးနက်နက် ခေါင်းငြိမ့်ပြလာခဲ့သည်။
လုချန်ရှန်းသည် ၎င်းကို ကြည့်နေရင်းဖြင့်၊ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွား၏။
သူသည် ရှောင်ဟေးကို ကူညီရန် ကတိပေးထားခဲ့သည်၊ သို့သော် သူသည် အရှေ့ဘက်သို့ လူကိုယ်တိုင် မသွားလိုခဲ့ပေ။
လုချန်ရှန်းသည် ထိုမျှလောက် သေးနုပ်မနေခဲ့ပေ။ သူသည် ကျင်းယု၏ ပခုံးကို ပုတ်ကာ၊ စကားထပ်ပြောလိုက်သည် “ ဆက်လုပ်တော့။ ကိစ္စပြီးသွားရင်၊ မင်းက ဒီနေရာမှာ ကျင့်ကြံလို့ရတယ် “
“ တကယ်လား “
“ ငါ၊ ချင်းယီက ရိုးသားပြီး၊ ယုံကြည်စိတ်ချရတဲ့ လူကြီးလူကောင်း လူငယ်တစ်ယောက်ပဲ၊ အကျင့်သီလကောင်းတဲ့ လူတစ်ယောက်၊ ငါက မင်းတို့လို အငယ်လေးတွေကို ဘယ်လိုလုပ် လိမ်နေမှာလဲ “
“ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ် “
ကျင်းယုသည် အပျော်လွန်သွားကာ၊ ချက်ချင်းလှည့်ထွက်သွားတော့သည်။
ဤနေရာသည် ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားတော့၏၊ လုချန်ရှန်းသည် ကူရာကယ်ရာမဲ့နေသော အမူအရာဖြင့်၊ တောင်ထိပ်ပေါ်သို့ ငေးကြည့်နေတော့သည်။ အဝေးသို့ လှမ်းကြည့်လိုက်သည့် အချိန်၌၊ သူ၏မျက်လုံးများအတွင်းတွင်၊ စူးရှရှ အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။
“ ဒီကို လာရတာက မလွယ်ဘူး။ ငါကလည်း ပျင်းနေတာဆိုတော့၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က လူတွေဆီကို သွားလည်လိုက်ပါမယ်လေ “
ထို့နောက်တွင် သူ၏ပုံရိပ် ပျောက်ကွယ်သွားခဲ့သည်။ ပြန်ပေါ်လာသည့် အချိန်၌၊ သူသည် အလယ်ပိုင်းဒေသတွင် ရှိနေခဲ့ပြီး ဖြစ်သည်။
နန်းတော်ကဲ့သို့သော အဆောက်အဦးများသည် သူ၏အမြင်အာရုံအတွင်းသို့ ဝင်လာခဲ့သည်။ သူတို့သည် ပထမအလွှာ တစ်ခုလုံး၏ အကောင်းဆုံးနေရာတွင်၊ နေရာတစ်ခုစီ သိမ်းပိုက်ထားကြသည်။
၎င်းတို့ကို တည်ဆောက်ထားသည်က အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်၊ သို့သော် ယွမ်နယ်မြေက လွန်ခဲ့သော နှစ်ငါးရာခန့်က ပိတ်သွားခဲ့ပြီး၊ ဤနေရာသည် အချိန်အတိုင်းအတာတစ်ခုအထိ အလုပ်မလုပ်ခဲ့ပေ။
ယွမ်နယ်မြေ ပြန်ပွင့်လာခြင်းနှင့်အတူ၊ သူတို့သည် ဤနေရာသို့ ပြန်ရောက်လာခဲ့သည်၊ သို့သော် ကံဆိုးစွာဖြင့်၊ ယခုလက်ရှိ အချိန်တွင်၊ မည်သည့်ဝိညာဥ်ချီမှ ရှိမနေတော့ပေ။
“ နတ်ဘုရား သန့်စင်ခြင်း နန်းတော် …… တော်တော်ကြီးကို စိတ်ရှုပ်ဖို့ကောင်းတာပဲ “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေရင်းဖြင့်၊ နန်းတော်အဆောက်အဦးများ ရှိရာနယ်မြေအတွင်းသို့ လျှောက်လှမ်းသွားကာ၊ တစ်နေရာလုံးကို လှည့်ပတ်ကြည့်ရှုနေခဲ့၏။
၎င်းသည် အစတွင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်၊ သို့သော် ထို့နောက်တွင်၊ ကောင်းကင်ထက်မှ အပြာရောင် အလင်းတန်းတစ်ခု ဆင်းသက်လာကာ၊ တိုက်ရိုက်ခုတ်ပိုင်းသွားခဲ့၏။ အံ့ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် အဆောက်အဦးများမှတစ်ဆင့် ပျံ့လွင့်သွားကာ၊ ထိုနေရာတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။
အဆောက်အဦးအားလုံးသည် ဟိန်းဟောက်သံနှင့်အတူ ပေါက်ကွဲသွားပြီး၊ ထူထဲ၊ သိပ်သည်းသော ဖုန်မှုန့်များ လှိုက်တက်လာခဲ့ကာ၊ အရပ်လေးမျက်နှာစလုံးကို ဖုံးအုပ်သွားခဲ့သည်။
အဆိုပါ လှုပ်ခတ်မှုသည် အားလုံး၏ အာရုံများကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။
၎င်းတို့အနက်၊ အစောပိုင်း အချိန်များအတွင်းက ထွက်သွားကြသည့် လူများပင် ပါဝင်နေခဲ့၏။
“ ဘာတွေ ဖြစ်နေတာလဲ “
“ ဘာဖြစ်တာလဲ “
“ … “
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။ သူတို့သည် ကောင်းကင်ထက်သို့၊ ထောင်တက်နေသည့် ကိုးရောင်ခြယ် အလင်းတန်းတစ်ခု၊ ထိုနေရာတွင် ရှိနေသည့် ပုံရိပ်တစ်ခုနှင့်၊ ၎င်း၏ဘေးနားတွင် တိုက်ပွဲအလံတစ်ခု မျောလွင့်နေသည်ကို မြင်တွေ့လိုက်ကြရ၏။
“ ချင်းယီပဲ “
ချက်ချင်းဆိုသလိုပင် အရပ်လေးမျက်နှာစလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ပြိုကျပျက်စီးသွားသည့် အပျက်အစီးပုံများထံမှ၊ ပုံရိပ်များစွာ တွားသွားထွက်လာခဲ့ကာ၊ ဒေါသများ ပြည့်နှက်နေသော မျက်လုံးတို့ဖြင့်၊ ကောင်းကင်ထက်သို့ မော့ကြည့်လာကြ၏။
“ ချင်းယီ၊ မင်းလွန်နေပြီ “
စကားပြောလာသူသည် သက်လတ်ပိုင်းလူတစ်ဦး ဖြစ်သည်။
လုချန်ရှန်းသည် အေးဆေးတည်ငြိမ်သော အမူအရာနှင့်၊ ထိုလူ့ကို ကြည့်ကာ၊ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ မင်းတို့ရဲ့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က ငါ့ကို အရင်ရန်စခဲ့တာလေ၊ အဲ့တာက ငါ့အမှားလား “
“ မင်းဘာလုပ်ချင်နေတာလဲ “ နောက်လူတစ်ဦးမှ မေးမြန်းလာခဲ့၏။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ မင်းတို့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ကို ကြည့်မရဘူး။ မင်းတို့အားလုံး ထွက်သွားသင့်တယ်။ ဒီနေရာမှာ မျက်စိလာနောက်မနေနဲ့၊ ငါဒီမှာရှိနေသရွေ့၊ နောင်မှာ ဒီကိုထပ်မလာကြနဲ့ “
“ ဘာကိစ္စ အဲ့လိုလုပ်ရမှာလဲ “
“ ယွမ်နယ်မြေက မင်းဟာလား၊ ငါတို့က ဘာလို့ မဝင်နိုင်ရမှာလဲ “ လူအုပ်ကြီးသည် အံကြိတ်နေကြကာ၊ ဒေါသများ ပိုမိုမြင့်တက်သွား၏။
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ လာမယ်ဆိုရင်လည်း၊ အဆင်ပြေပါတယ်။ မင်းတို့ ရောက်လာတဲ့ အချိန်တိုင်းမှာ၊ ငါမင်းတို့ကို သတ်ပေးမယ်။ မင်းတို့သာ အဲ့တာကို တောင့်ခံနိုင်သရွေ့၊ ဘယ်နှခေါက်လာလာ အဆင်ပြေတယ် “
တစ်ခြားလူများသည် မမှင်သက်ဘဲ၊ မနေနိုင်လောက်သည်အထိ ဖြစ်သွားကြသည်။
လူငယ်၏ အသံက အေးဆေးတည်ငြိမ်နေခဲ့သော်လည်း၊ ထိုကဲ့သို့သော ကြီးစိုးမှုကို သယ်ဆောင်ထား၏။
ထိုစကားကို ကြားလိုက်ရသော အချိန်တွင်၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများသည် ဒေါသများ ပေါက်ကွဲသွားကာ၊ ကောင်းကင်ယံသို့ ပြေးတက်သွားကြ၏။
လုချန်ရှန်းသည် လေကုန်ခံ၍ ပျင်းရိလွန်းနေခဲ့ပြီး၊ သူ၏လက်ကို မြှောက်လိုက်ခြင်းနှင့်အတူ၊ တိုက်ပွဲအလံတစ်ခု ပျံထွက်လာခဲ့သည်။ ခေါင်းဆောင်ဖြစ်သူသည် ၎င်း၏ ထိုးဖောက်ခြင်းကို ခံလိုက်ရကာ၊ ချက်ချင်းသေဆုံးသွားခဲ့သည်။
တစ်ခြားသော တိုက်ပွဲအလံများမှာလည်း လေထုကို ဆုတ်ဖြဲကာ၊ သူ့ဆီသို့ ပြေးဝင်လာနေသည့် လူများကို ထိုးဖောက်ကာ၊ အောင်မြင်စွာ သတ်ဖြတ်လိုက်ကြသည်။
ဤနေရာတွင် မှော်ပစ္စည်း အသုံးပြုခြင်းကို ကန့်သတ်ထားပြီး၊ အနည်းငယ်မျှသာ မှော်ပစ္စည်းတို့ကိုသာလျှင် အသုံးပြုနိုင်ပေ၏။ တိုက်ပွဲအလံက အမြဲလိုလို ထိရောက်မှုရှိသော၊ ချွန်ထက်သည့် လက်နက်တစ်ခုဆိုသည်မှာ မြေကြီးလက်ခတ်မလွဲပင်။
သို့ရာတွင် ပုံရိပ်များ အဆက်မပြတ် ချဥ်းကပ်လာနေသောကြောင့်၊ ဓားချီများသည် လုချန်ရှန်းကို ဝိုင်းရံလာခဲ့သည်။ သူခြေတစ်လှမ်းလှမ်းလိုက်သည့် အချိန်တိုင်းတွင်၊ ၎င်းမှာ သူ၏လှုပ်ရှားမှုနှင့်အတူ လိုက်ပါယိမ်းနွဲ့နေခဲ့၏။
“ အဲ့ဒီချင်းယီက တော်တော်ကြီးကို စွမ်းလွန်းတယ် “
“ သူက နတ်ဘုရား သန့်စင်ခြင်း နန်းတော်တစ်ခုလုံးကို တကယ်ကြီး အပြတ်ရှင်းတော့မှာလား “
“ မင်းပြောတာကြီးက မမှန်ဘူးလေ။ သူနဲ့ သူတို့ရဲ့ နန်းတော်သခင်က ရန်သူတွေ ဖြစ်နေပြီလေ၊ တကယ်လို့ သူဘာမှမလုပ်ဘူးဆိုရင်တောင်မှ၊ အဲ့ဒီအင်အားစုက ဒီအတိုင်း ငြိမ်နေကြမှာ မဟုတ်ဘူး။ အရင်တိုက်ခိုက်ပြီးတော့၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က လူတွေက သူ့ကို ထပ်ပြီးတော့၊ ရန်မစရဲလောက်တဲ့အထိ၊ သတ်ဖြတ်နေတာက နည်းလမ်းကောင်းတစ်ခုပါပဲ “
အဆိုပါ ရှင်းပြချက်ကို ကြားလိုက်ရသောအခါတွင်၊ လူတစ်ချို့က သဘောပေါက်၊ နားလည်သွားပုံရသည်။
သို့ရာ၌ ဤနယ်မြေတွင် အဆိုပါ လူငယ်၏ နတ်ဝိညာဥ်က ပြိုင်ဘက်ကင်းနေခဲ့ပြီး၊ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ ပညာရှင်ကပင် သူ့ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။ ဓားတာအိုတွင် သူ့ထပ် ပိုသာသည့် လူမရှိဘူးဆိုပါက၊ မည်သူကမှ သူ့ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
အဆုံးတွင် ထိုလူများ အထိတ်တလန့် ဖြစ်သွားကြသည်။ တိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့ပြီးသည့်နောက်မှာပင်၊ သူတို့သည် အနားသို့၊ တစ်လက်မလေးပင် မတိုးသွားနိုင်ခဲ့ပေ။
ချဥ်းကပ်လာသည့် ပုံရိပ်ကို ကြည့်နေရင်းဖြင့်၊ သူတို့၏ မျက်လုံးများအတွင်းတွင်၊ အကြောက်တရားများ စွန်းထင်းလာခဲ့၏။ ထိုလူ၏ ချေမှုန်းခြင်းကို မခံယူလိုသည့်အပြင်၊ ပြေးပေါက်ပါ မရှိသောကြောင့်၊ သူတို့သည် ကိုယ့်ကိုကိုယ် ဖျက်စီးလိုက်ရန် ရွေးချယ်လိုက်ကြသည်။
၎င်းမှာ လုချန်ရှန်း မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်သည်။
သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ ဖြည်းဖြည်းချင်း စကားထပ်ပြောလိုက်၏ “ ငါပြောတာကို မှတ်ထား။ ငါဒီမှာရှိနေသရွေ့၊ မင်းတို့အားလုံး ပြန်မလာသင့်ဘူး “
သူ၏အေးဆေးတည်ငြိမ်သော အသံသည် ဘက်ပေါင်းစုံသို့ ပဲ့တင်ထပ် ပျံ့လွင့်သွားပြီး၊ ဤနေရာတစ်ခုလုံးတွင် တိတ်ဆိတ်မှုသာ ကြီးစိုးလာခဲ့၏။
သူသည် အပျက်အစီးပုံပေါ်တွင်၊ စိတ်ခံစားချက် ကင်းမဲ့နေသော အမူအရာမျိုးဖြင့်၊ အေးအေးလူလူ မတ်တပ်ရပ်နေခဲ့သည်။
အားလုံးသည် အကြောက်တရားတို့ဖြင့်၊ သူ့ကို ကြည့်နေခဲ့ပြီး၊ အဆိုပါ လူငယ်ထံတွင် မည်ကဲ့သို့သော စွမ်းအားမျိုး ပိုင်ဆိုင်ထားလဲဆိုသည်ကို မမှန်းဆနိုင်ဖြစ်သွားကြသည်။
သို့ရာ၌၊ သူ၏အသံ ပျောက်ကွယ်သွားသည့် အချိန်တွင်၊ ကျယ်လောင် အသံတစ်သံသည် အဝေးမှ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့ကာ၊ လူတိုင်းကို နားစည်များ ကွဲထွက်လုမတတ် ဖြစ်သွားစေခဲ့၏။
“ ဟက်၊ ကောင်းကင်နဲ့ မြေပြင်ရဲ့ ကျယ်ပြောမှုကို မသိတဲ့ အငယ်လေးတစ်ယောက်ပဲ။ စွမ်းရည်တစ်ချို့ရှိတာနဲ့၊ ကိုယ့်ကိုကိုယ် ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတယ်ပေါ့ “
ထိုအသံ ပေါ်ထွက်မှုနှင့်အတူ၊ ဟင်းလင်းပြင် တုန်ခါသွားပြီး၊ အကြည့်အားလုံးသည် ထိုနေရာဆီသို့ ရောက်ရှိသွားခဲ့သည်။
“ ဟိုဘက်မှာ “
တစ်စုံတစ်ဦးမှ အော်ပြောလာခဲ့၏။
လုချန်ရှန်းမှ မော့ကြည့်လိုက်သည်။ အသံပေါ်ထွက်လာရာ ဦးတည်ချက်မှာ ကောင်းကင်လှေကားအထက်တွင် ရှိနေခဲ့သည်။
…………………………………………………………………………………………………………………………………..
အပိုင်း ( 128 )
ခင်ဗျားဆင်းမလာရဲရင်၊ ကျုပ်တက်လာခဲ့မယ်
အသံသည် ယွမ်နယ်မြေ၏ ဒုတိယအလွှာမှ ရောက်ရှိလာခဲ့ပြီး၊ အဆုံးမဲ့ ပဲ့တင်ထပ်နေခဲ့ကာ၊ ၎င်းနှင့်အတူ ရှင်းပြ၍ မရသော စွမ်းအားတစ်ခုပါ အဖော်ပြုလိုက်ပါလာခဲ့၏။
လုချန်ရှန်းသည် ထိုနေရာမှာပင် မတ်တပ်ရပ်နေကာ၊ ကောင်းကင်ထက်သို့ မော့ကြည့်နေခဲ့၏။ ဓားချီများက သူ့ကို ဝိုင်းရံထားပြီး၊ တိုက်ပွဲအလံတို့မှာလည်း ထည်ဝါသော အငွေ့အသက်များကို ထုတ်လွှတ်ကာ၊ သူ၏ပတ်ပတ်လည်တွင် မျောလွင့်နေခဲ့သည်။
ဘေးပတ်ပတ်လည်တွင် ရှိနေသည့် လူများသည် ထိုနေရာကို ငေးမောကြည့်ရှုကာ၊ စိတ်နှလုံးသားများ အနည်းငယ် လှုပ်ခါသွားပြီး၊ သူတို့၏ မျက်လုံးများ အတွင်းတွင် မျှော်လင့်စောင့်စားနေသည့် အရိပ်အငွေ့များ ပြည့်နှက်နေခဲ့၏။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ အဲ့သူခိုးက ဘယ်ကနေ ရောက်လာခဲ့ပြီးတော့၊ အကျယ်ကြီး အော်ပြောနေတာလဲ “
“ ဟက် “
အဆိုပါ မေးခွန်းပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ မထီမဲ့မြင်ပြုပြင်နေသည့် ရယ်မောသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
တစ်ခဏအကြာတွင်၊ အသံတစ်သံ ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့သည်။
“ ငါက ချူချန်ခုန်း “
“ ချူချန်ခုန်းလား “
“ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ရဲ့ အသက်အကြီးဆုံး အကြီးအကဲ၊ ဓားမိုး ချူချန်ခုန်း “
“ တကယ်ကို သူဖြစ်နေတာပဲ “
“ … “
ထိုအသံကို ကြားလိုက်ရသောအခါတွင်၊ အားလုံး၏ စိတ်နှလုံးသားများ လှုပ်ခါသွားပြီး၊ လူတိုင်း အံ့ဩတုန်လှုပ်သွား၏။
လုချန်ရှန်းကမူ ဇဝေဇဝါ ဖြစ်နေသော အမူအရာမျိုးဖြင့်၊ ငေးကြည့်နေလျက်ရှိ၏။ သူသည် ထိုအမည်ကို ယခင်က တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ၊ သို့သော် ဂုဏ်ပုဒ်ကမူ အတော်လေး ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
“ ဓားမိုး ချူချန်ခုန်းလား။ သူက ချူလျူရှန်းရဲ့သားလား “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်၏။
တစ်ခြားလူများ မှင်သက်သွားကြသည်။ ပန်မျိုးနွယ်စု၏ အကြီးအကဲမှ တုံ့ပြန်လာခဲ့၏ “ မဟုတ်ဘူး “
“ အို့။ ကျုပ်နားလည်ပြီ “ လုချန်ရှန်းသည် ခေါင်းငြိမ့်လိုက်ကာ၊ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ ပြန်ပြောလာခဲ့သည် “ ဒါဆိုရင် သူက တရားမဝင်ကလေးပေါ့ “
“ အမ် …. “
တစ်ခြားလူများသည် ပြောစရာစကား ပျောက်ရှသွားကာ၊ တစ်ခဏခန့် ဆွံ့အသွားခဲ့သည်။ ဘယ်လိုလုပ်ပြီးတော့ အဲ့လိုမျိုး ကောက်ချက်ချလိုက်ရတာလဲ။ တရားမဝင်ကလေးက သားပဲ မဟုတ်ဘူးလား
သို့ရာတွင် ပန်မျိုးနွယ်စု၏ အဖွဲ့ဝင်မှ ပြန်ဖြေလာခဲ့သေးသည် ” သူက ချူလျူရှန်း ခရီးထွက်တဲ့ အချိန်မှာ ကောက်ယူမွေးစားခဲ့တဲ့၊ မိဘမဲ့တစ်ယောက်လို့ ကောလဟာလတွေ ထွက်နေခဲ့တယ်။ သူက အဲ့ကလေးမှာ မိဘတွေ မရှိတာကို မြင်သွားပြီး၊ သနားသွားပြီးတော့၊ ပျိုးထောင်ပေးခဲ့တာတဲ့၊ အဲ့တာကြောင့်ပဲ သူသည် ချူလျူရှန်းရဲ့ မျိုးရိုးနာမည်ကို ယူထားခဲ့တာ “
“ ခရီးသွားနေတုန်းမှာ မွေးစားခဲ့တဲ့ မိဘမဲ့ ကလေးလား “
“ ဟုတ်တယ် “
လုချန်ရှန်းမှ ပြန်ပြောလိုက်၏ “ တရားမဝင်ကလေးပဲလေ“
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လူအုပ်ကြီးမှ စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလာကြ၏ “ ဘာလို့ အဲ့လိုပြောနေရတာလဲ “
“ အဲ့လိုမျိုး ပေါက်ကရတွေကို ယုံတဲ့လူ ရှိနေသေးတာလား။ အဲ့ဒီလိပ်အိုကြီး ချူလျူရှန်းက တော်တော်ကြီးကို ရက်စက်ကြမ်းကြုတ်တယ်လေ၊ သူက တစ်ခြားလူတွေကို သနားတတ်လို့လား။ တကယ်လို့ သူကသာ တရားမဝင်ကလေး မဟုတ်ဘူးဆိုရင်၊ သူ့စရိုက်နဲ့ အဲ့လိုကိစ္စမျိုးကို အာရုံစိုက်နေမှာမို့လို့လား “ လုချန်ရှန်းမှ သူ၏အကြောင်းပြချက်ကို ရှင်းပြလာခဲ့သည်။
လူတိုင်း၏ မျက်လုံးများ တောက်ပသွားကာ၊ ၎င်းက ယုတ္တိရှိသည်ဟု ခံစားသွားကြရသည်။
ထို့နောက်တွင် လုချန်ရှန်းမှ စကားဆက်ပြောလာခဲ့သည် “ ဒီတရားမဝင်ကလေးက ဘယ်လိုလုပ် ရောက်လာလဲဆိုတာကို မင်းတို့တွေ မသိကြသေးဘူးပဲ။ ဒီလိုကိစ္စမျိုးတွေကို ခဏခဏ မြင်ခဲ့ဖူးတယ်။ သူတို့ကတော့ တပည့်တွေ ခေါ်လာခဲ့တာလို့ ပြောကြတာပဲ၊ ဒါပင်မဲ့ သူတို့အားလုံးက တရားမဝင် ကလေးတွေချည်းပဲ။ မင်းတို့တွေပဲ အဲ့တာကို ယုံကြည်နေကြတာ “
“ မဟုတ်သေးပါဘူး၊ သူ့စကားက ပိုပိုပြီးတော့ ကျိုးကြောင်းဆီလျော်လာနေသလိုပဲ “
လူအုပ်ကြီးထံတွင် အမျိုးမျိုးသော အတွေးများ ရှိနေခဲ့ပြီး၊ ဂရုတစိုက် တွေးတော၊ စဥ်းစားနေခဲ့ပြီးသည့်နောက်တွင်၊ ၎င်းက ဖြစ်နိုင်ခြေများသည်ဟု ထင်သွားကြသည်။
သို့သော် ချူချန်ခုန်းကမူ ထိုစကားကို ကြားကာ၊ ရှူးရှူးရှဲရှဲ ဖြစ်သွားခဲ့သည်။
“ ချင်းယီ၊ မင်းက ပေါက်ကရတွေကို ဘယ်လိုလုပ် ပြောရဲနေတာလဲ “ ချူချန်ခုန်း၏ အေးစက်စက် အသံအတွင်းတွင်၊ ဒေါသများ စွန်းထင်းနေခဲ့သည်။
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ တကယ်လို့ ငါ့ကို မယုံဘူးဆိုရင်၊ ပြန်သွားပြီးတော့၊ ချူလျူရှန်းက မင်းကို အသိအမှတ်ပြုလားဆိုတာကိုသာ မေးကြည့်လိုက် “
“ ပါးစပ်ပိတ်ထား “
ချူချန်ခုန်းသည် ဒေါသတကြီး ဖြစ်သွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကမူ ၎င်းကို လျစ်လျူရှုထားခဲ့သည်။ ထို့အစား သူသည် အနီးအနားတွင် ရှိနေသည့် လူများကို ကြည့်ကာ၊ ကောင်းကင်ဘုံလှေကားကို လက်ညှိုးထိုးပြကာ၊ စကားပြောလိုက်သည် “ ကြည့်ကြဦး၊ သူက စိုးရိမ်တကြီး ဖြစ်နေပြီ။ ငါပြောတာ ချက်ကောင်းကို ထိသွားလို့၊ သူစိုးရိမ်နေပြီ “
“ မင်း … “
အသံမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
အောက်ဘက်တွင် ရှိနေသည့် လူတစ်စုမှာလည်း သူတို့၏ ရယ်မောသံများကို ထိန်းချုပ်၊ ချုပ်တည်းနေကြတော့သည်။ အိမ်ပြန်ရောက်သည့် အချိန်၌၊ သူတို့ထံတွင် ပြောစရာ အသစ်တစ်ခု ရှိလာခဲ့မည် ဖြစ်သည်။
ဤကာလအတွင်းတွင် နတ်ဘုရား သန့်စင်ခြင်း နန်းတော်သည် ခေါင်းစဥ် အမျိုးမျိုးကို ဖန်တီးပေးခဲ့သည်။ ပထမဦးဆုံးအနေဖြင့်၊ သူတို့၏ နန်းတော်သခင်က လော့ယွမ်တောင်တန်းတွင် ရိုက်သတ်ခံလိုက်ရသည်၊ ထို့နောက်တွင် သူတို့၏ နှစ်ခြင်းခံယူရာ ရေကန်များ လုယက်ခံခဲ့ရ၏၊ ယခုတွင်ကား တရားမဝင်ကလေး ကိစ္စ ပေါ်ထွက်လာခဲ့သည်။ ပိုတွေးလေလေ၊ ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းလေလေ ဖြစ်နေသည့်အလားပင်။
တိတ်ဆိတ်မှုသည် ဘက်ပေါင်းစုံကို စိုးမိုးထားခဲ့သည်။
အဆုံးတွင် ချူချန်ခုန်း၏ အသံမှ ကောင်းကင်လှေကားအထက်မှ၊ ထပ်မံ၍ ဟိန်းထွက်လာခဲ့သည်။
“ မင်းရဲ့လျှာစောင်းက တကယ်ကိုထက်တာပဲ “
“ မမြှောက်ပါနဲ့ဗျာ “ ဟု လုချန်ရှန်းမှ အေးအေးလူလူ တုံ့ပြန်လိုက်သည်။
ချူချန်ခုန်းမှ စကားထပ်ပြောလာခဲ့၏ “ မင်းက ပထမအလွှာမှာ မောက်မာနိုင်ဖို့အတွက် မင်းရဲ့ အဆင့်၉ ဓားတာအိုလေးကိုပဲ အားကိုးနေတာပါကွာ “
“ အမှန်ပဲ “
လုချန်ရှန်းသည် ဟန်ဆောင်နေခြင်းမရှိဘဲ၊ ပြတ်ပြတ်သားသား ပြန်ပြောလိုက်၏။ ထိုစကားကို ကြားလိုက်ရသော အချိန်၌၊ တစ်ခြားလူများသည် ရန်စခြင်းနှင့် လှောင်ပြောင်ခြင်းက၊ လုချန်ရှန်းနှင့် ရင်ဆိုင်ရာတွင်၊ အသုံးမဝင်ဘူးဆိုသည်ကို နားလည်သွားခဲ့သည်။ သူသည် မည်သို့မျှ ဒေါသမထွက်သွားဘဲ၊ တစ်ခြားလူများကိုသာ ဒေါသထွက်သွားစေခဲ့၏။
“ ဟမ့် “ ချူချန်ခုန်းမှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့၏ “ မင်းက အူတိုင်ဖွဲ့စည်းခြင်းအဆင့်မှာပဲ ရှိနေပြီးတော့၊ ဒုတိယအလွှာကို မဝင်နိုင်ခဲ့တာက နှမြောဖို့ကောင်းတယ်။ အဲ့လိုသာ မဟုတ်ဘူးဆိုရင်၊ ငါ့နတ်ဝိညာဥ်ရဲ့ အရှက်တရားအတွက်၊ မင်းကို အကြိမ်တရာလောက် သတ်ပစ်တယ် “
“ ဒါဆိုရင် မင်းက ဘာကိစ္စ မဆင်းလာခဲ့ရတာလဲ၊ မင်းကလည်း မင်းအဖေလိုမျိုး အရိုက်အနှက်ခံနိုင်မလားဆိုတာကို ငါတို့ကို မြင်တွေ့ခွင့်ပေးလိုက်လေ “ လုချန်ရှန်းမှာ အေးဆေးတည်ငြိမ် နေသေးသည်။
“ ဟားဟားဟား “ အေးစက်စက် အသံတစ်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့သည် “ တကယ်လို့ ငါဆင်းလာနိုင်မယ်ဆိုရင်၊ မင်းသေတာ တော်တော်လေးကို ကြာနေပြီ။ မင်းက ဒီနေရာမှာ လာဟောင်နေရဲမှာ မဟုတ်ဘူး “
လူတိုင်းသည် ၎င်းကို စောင့်ကြည့်နေခဲ့ပြီး၊ လူတစ်ချို့ကမူ ထပ်မံ၍ သည်းမခံနိုင်ကြတော့ပေ။
အကယ်၍ လူတစ်ဦးက လုံလုံလောက်လောက် မြင့်မားမနေဘူးဆိုပါက၊ သူသည် ဒုတိယအလွှာသို့ သွားနိုင်လိမ့်မည် မဟုတ်ပေ၊ သို့သော် မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်ကမူ၊ သူ၏ကျင့်ကြံရေးကို ဖိနှိပ်ကာ၊ အောက်ဆင်းလာနိုင်ပေ၏။
“ အခြေအနေကို ကြည့်ရသလောက်အရဆိုရင်၊ ချူချန်ခုန်းက စကားကိုပဲ မာမာထန်ထန် ပြောရဲတာ၊ ဆင်းမလာရဲဘူး “
“ အမှန်ပဲ၊ သူက ချင်းယီကို ကြောက်နေတာပဲ ဖြစ်ရမယ်။ ချင်းယီက ပထမအလွှာမှာ ပြိုင်ဘက်ကင်းနေပြီးသားလေ၊ အဲ့တာကြောင့် သူ့ကိုယ်သူ အရှက်မခွဲချင်တာပဲ ဖြစ်ရမယ် “
“ ဘယ်သူက စကားကို မာမာထန်ထန် မပြောရဲလို့လဲ “
လူတော်တော်များများသည် လုချန်ရှန်းဘက်တွင် ရှိနေခဲ့ကြသည်။
သို့သော် လူတစ်ဦးသည် တစ်စုံတစ်ခုကို တွေးမိသွားကာ၊ စကားဝင်ပြောလာခဲ့သည် “ အဲ့လိုမျိုး မဟုတ်ဖို့များတယ်၊ တကယ်တော့ ချူချင်ခုန်းက အသွင်ပြောင်းခြင်းကို ကျော်ဖြတ်နေရရင် မဆင်းလာနိုင်ဘူးလေ “
“ အဲ့လိုမှ မဟုတ်ဘူးဆိုရင်၊ သူက ချင်းယီထပ် အားနည်းနေမှာ မဟုတ်လောက်ဘူး “ တစ်စုံတစ်ဦးသည် ချူချန်ခုန်း၏ ကောလဟာလများကို အမှတ်ရသွားခဲ့သည်၊ သူသည်လည်း ဓားတာအို ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့သည်။
အသက်အရွယ် ရှုထောင့်မှကြည့်မည်ဆိုပါက၊ သူ့ထံတွင် မည်သည့် အားသာချက်မှ ရှိမနေခဲ့ပေ၊ သို့သော် သူ၏ဓားတာအိုမှာ စစ်မှန်နေခဲ့သည်။
သူတို့၏ အမြင်တွင် လုချန်ရှန်း၏ တောက်ပမှုက၊ သူ၏ဓားတာအိုမှတစ်ပါး တစ်ခြားသော အရာဟုတ်မနေခဲ့ပေ။
“ ဘာကိုဆိုလိုတာလဲ “
“ နတ်ဝိညာဥ် အသွင်ပြောင်းခြင်းလေ။ သူက ဒုတိယအလွှာကနေ ထွက်သွားလို့မရဘူး၊ ပထမအလွှာရဲ့ ဝိညာဥ်စွမ်းအင်က အဲ့တာကို တောင့်မခံနိုင်ဘူး “
ထိုအချိန်တွင် အေးစက်စက် အသံတစ်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့၏။
“ ဟက် “
ချူချန်ခုန်းသည် လုချန်ရှန်ကို သူ၏စိတ်ထဲတွင်၊ နက်နက်ရှိုင်းရှိုင်း ရွံရှာစက်ဆုပ်နေခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကမူ သူတို့၏ စကားများကို နားထောင်နေခဲ့ကာ၊ တုံ့ပြန်လာခဲ့သည် “ တကယ်ကြီးလား။ သူက အသွင်ပြောင်းနေတာလား။ သွေးကြောင်နေတာ မဟုတ်ဘူးပေါ့ “
“ အဲ့လိုပဲ ဖြစ်ဖို့များတယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင်၊ သူ့ရဲ့ဓားတာအိုနဲ့ဆိုရင်၊ သူက အဆင့်တူအတွင်းမှာ မင်းထပ် ဘယ်လိုမှ အားနည်းနေမှာ မဟုတ်ဘူး “
ထိုစကားကို ကြားလိုက်ရသော အချိန်၌၊ လုချန်ရှန်းသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ၊ အတွေးနက်သွားတော့၏။
ကောင်းကင်နှင့် မြေပြင်အကြားတွင်၊ တိတ်ဆိတ်မှုတစ်ခုသာလျှင် ကျန်နေခဲ့သည်။
ထို့နောက်တွင်၊ ချူချန်ခုန်း၏ အသံ ဟိန်းထွက်လာခဲ့သည် “ တကယ်လို့ မင်းကသာ မွေးရာပါ ဝိညာဥ်အဆင့်ကို ရောက်နေမယ်ဆိုရင်၊ ငါမင်းကို အသေသတ်ပြီးသားပဲ။ ဘယ်လောက်တောင် နှမြောဖို့ကောင်းလိုက်လဲ။ ငါမင်းကို နည်းနည်းလောက် ခုန်ပေါက်ခွင့် ပေးထားလိုက်မယ်။ မင်းငါ့ကို သိပ်မစောင့်ရဘူး၊ သိပ်မကြာခင် အချိန်မှာပဲ၊ ငါမင်းဆီလာခဲ့မယ် “
“ သွေးကြောင်ရင် သွေးကြောင်တယ်ပေါ့ကွာ။ ဘာကိစ္စ ဆင်ခြေတွေ များနေရတာလဲ “
“ ဟက်၊ တကယ်လား “ ချူချန်ခုန်းသည် လှောင်ပြောင်နေသေး၏။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ မင်းဆင်းလာပြီး၊ မသေရဲဘူးဆိုတော့၊ ငါတက်လာပြီးတော့၊ မင်းကို အသေသတ်ပေးမယ် “
“ ဘာကြီး “
ချက်ချင်းဆိုသလိုပင် လူတိုင်း၏ အမူအရာများ အေးခဲတောင့်တင်းသွားကာ၊ အံ့ဩတကြီး ဖြစ်သွားကြသည်။
“ လူငယ်လး၊ စိတ်အေးအေးထား၊ အဲ့တာက ရန်စနေတာလေးပဲ “
“ အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ငါက သူတို့ သားအဖနှစ်ယောက်လုံးကို ကြည့်မရဘူးလေ၊ အဲ့တာကြောင့် သူတို့တွေကို တစ်ခါလောက် အရင်သတ်ထားလိုက်တာပေါ့ “ ဟု လုချန်ရှန်းမှ တုံ့ပြန်လိုက်၏။ သူက ချူချန်ခုန်းကို ဒုတိယအလွှာတွင် သွားရှာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။
ကြည့်ရှုနေသူများသာလျှင် မဟုတ်ဘဲ၊ ချူချန်ခုန်းကပါ အံ့အားသင့်သွားခဲ့သည်။ တစ်ခဏအကြာတွင် သူသည် တဟားဟား ရယ်မောကာ၊ ပြန်ပြောလာခဲ့သည် “ မင်းပဲလား “
“ ပေါက်ကရ ပြောတာတွေကို လျော့လိုက်ပြီးတော့၊ မင်းရဲ့ လည်ပင်းကို ဆေးထားပြီးစောင့်နေ “
ထို့နောက်တွင် လုချန်ရှန်းသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်၊ သူ့ကို ဝိုင်းရံနေသည့် ဓားချီများ ပျောက်ကွယ်သွားကာ၊ အလံများမှာလည်း မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်၊ သူသည် ကောင်းကင်လှေကားထံသို့ တဟုန်ထိုး ပြေးသွားနေတော့၏။
“ ဒုတိယအလွှာကို သွားဖို့အတွက် မွေးရာပါ ဝိညာဥ် ကျင့်ကြံရေးကို လိုအပ်တယ်လေ၊ သူ …….. “
“ မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံရေးကို မလိုပါဘူး။ သူ့ရဲ့ ဓားတာအိုနဲ့ဆိုရင်၊ သူ့ရဲ့ ဝိညာဥ်စွမ်းအားက မွေးရာပါ ဝိညာဥ်နယ်ပယ်နဲ့ ယှဥ်နေနိုင်တယ်၊ အဲ့တာကြောင့် သူက ဒုတိယအလွှာကို သေချာပေါက်သွားလို့ရတယ် “
“ ဒါပင်မဲ့ သူက ချူချန်ခုန်းကို ရင်ဆိုင်နေရတာ “
“ သူက မာနကြီးလွန်းတယ်။ တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒီကပ်ဘေးကို ဖယ်ရှားပေးလိုက်ရင်၊ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူးလား။ အဲ့တာက ကျင့်ကြံရေး ကမ္ဘာကြီးကို ငြိမ်းချမ်းသွားစေမှာ မဟုတ်ဘူးလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လူတိုင်း မှင်သက်သွားကြသည်။
သူတို့သည် လုချန်ရှန်းကို အမှန်တကယ် ကြောက်ရွံ့ကြသည်၊ သို့သော် အပြင်ပန်းတွင် သူတို့က ၎င်းကို အောင့်အီးသည်းခံထားနိုင်ရုံသာ တတ်နိုင်ကြသည်။
ထိုလူက အရူးတစ်ယောက်ကဲ့သို့၊ စည်းမျဥ်းများအတိုင်း မကစားဘူးဘဲ၊ မည်သူ့ကိုမဆို အသေကိုက်သတ်သည်ဆိုသည်ကို လူတိုင်းမြင်တွေ့နေခဲ့ရ၏။ ထိုကဲ့သို့သော လူတစ်ဦးကြီးပျင်းလာခဲ့မည်ဆိုပါက၊ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသွားလိမ့်မည် ဖြစ်သည်။
သူတို့သည် ရှေ့မထွက်လိုသကြသကဲ့သို့၊ ဆုံးရှုံးမှုများကိုပါ မခံစားလိုကြပေ။ ထို့ကြောင့် တစ်စုံတစ်ဦးက လှုပ်ရှားလာမည်ဆိုပါက၊ ပျော်ရွှင်ဝမ်းမြောက်စွာ ထိုင်ကြည့်နေကြမည် ဖြစ်သည်။
ထို့အပြင် ယခုလက်ရှိ အခြေအနေများအရ၊ လုချန်ရှန်းက အစွမ်းထက်သော်လည်း၊ သူက ချူချန်ခုန်း၏ ပြိုင်ဘက် ဖြစ်ပါမည်လော။ ချူချန်ခုန်းသည် သူအလွန်တရာ ဂုဏ်ယူနေသည့် ဓားတာအိုတွင် သူ့ထပ် မည်သို့မျှ နိမ့်ကျမနေခဲ့ပေ။
ယခုလက်ရှိ အချိန်၌ အားလုံး၏ အကြည့်များအောက်မှာပင်၊ လုချန်ရှန်းသည် ကောင်းကင်လှေကားဆီသို့ ရောက်ရှိသွားခဲ့၏။ သူသည် မည်သို့မျှ မရပ်တန့်သွားဘဲ၊ ကောင်းကင်ထက်သို့ တဟုန်ထိုး ပြေးတက်သွားကာ၊ တိမ်တိုက်များအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွား၏။
………………………………………………………………………………………………………………………………..
အပိုင်း ( 129 )
တူတယ်။ တကယ်ကို တူတယ်
ကောင်းကင်လှေကား ပတ်ပတ်လည်ရှိ အခြေအနေက လုံးဝတိတ်ဆိတ်ငြိမ်သက်နေခဲ့၏။
“ သူတကယ် သွားလိုက်တာလား “
“ သူရောက်သွားသင့်နေပြီ “
“ ဒါပင်မဲ့ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်က၊ ဓားတာအို အဆင့်၉ ကောင်းချီး ရှိနေမယ်ဆိုရင်တောင်မှ၊ သူ့လိုပဲ အဆင့်၉ ဓားတာအိုကို ပိုင်ဆိုင်ထားပြီးတော့၊ မွေးရာပါ ဝိညာဥ်နယ်ပယ်မှာ ရှိနေတဲ့ ချူချန်ခုန်းကို ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ “
“ အဲ့တာက၊ ငါလည်း မသိဘူး “
“ ကျွတ်၊ ကျွတ်၊ အဲ့လူငယ်လေးက တကယ်ကို သတ္တိကောင်းတာပဲ “
“ … ”
အမျိုးမျိုးသော မှတ်ချက်များကို ကြားလိုက်ရသောအခါတွင်၊ မွေးရာပါ ဝိညာဥ်နယ်ပယ်မှ လူတစ်ချို့သည် မထိန်းထားနိုင်တော့ဘဲ၊ ဒုတိယ အလွှာသို့ ပြေးတက်သွားတော့၏။ သူတို့က စိတ်လှုပ်ရှားဖွယ်ကောင်းသော ကိစ္စကို မည်ကဲ့သို့ လက်လွှတ်ကြမည်နည်း။
တစ်ခြားလူများကမူ ဤနေရာတွင် မတ်တပ်ရပ်၍၊ စောင့်ကြည့်နေရုံသာ တတ်နိုင်ကြသည်။
သို့ရာတွင်၊ လုချန်ရှန်းက တိမ်တိုက်များ အတွင်းသို့၊ ထိုးဖောက်ဝင်ရောက်သွားကာ၊ ကောင်းကင်လှေကား၏ အဆုံးဖက်တွင် ရပ်နေသည့် အချိန်၌၊ သူ၏မျက်လုံးများ အရှေ့တွင် ခမ်းနားထည်ဝါသော ကြေးတံခါးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းက သံချေးတက်နေပြီဖြစ်ပြီး၊ ရှေးဟောင်း အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေလျက်ရှိ၏၊ အတွင်းတွင် အလင်းတန်းတစ်ခု စီးဆင်းနေကာ၊ အပြင်ဘက်သို့ လျှံထွက်နေခဲ့သည်။
၎င်း၏အနောက်တွင် ဒုတိယအလွှာ ရှိနေခဲ့သည်။
လုချန်ရှန်းသည် တွေဝေတုံ့ဆိုင်းမနေဘဲ၊ ဂိတ်တံခါးပေါက်ကို ကျော်ဖြတ်ကာ၊ အတွင်းသို့ လျှောက်လှမ်းသွားတော့သည်။
သူမြင်တွေ့နေရသမျှ အရာတိုင်းသည် ပထမအလွှာနှင့် မည်သို့မျှ ကွာခြားမနေခဲ့ပေ၊ ထည်ဝါသော တောင်တန်းများ၊ လှပသော ရေကန်များ၊ မျောလွင့်နေသော တိမ်တိုက်များနှင့် တောက်ပသော အလင်းတန်းတို့ ရှိနေခဲ့၏။ သို့ရာတွင် ဤနေရာရှိ ဝိညာဥ်ချီကမူ ပိုမိုများပြားသိပ်သည်းနေခဲ့သည်။
လုချန်ရှန်းကဲ့သို့ တိုက်ပွဲအလံကိုးခုကို၊ သိမ်းပိုက်သွားသည့် တစ်စုံတစ်ဦးသာ ရှိနေမည်ဆိုပါက၊ ဤနေရာမှာ အတော်ပင် အေးချမ်းတည်ငြိမ်နေမည် ဖြစ်သည်။
“ ငါမရှိတဲ့ နေရာက ရေဝပ်နေတဲ့ ရေအိုင်တစ်ခုသာသာပဲ၊ တကယ်ကို ဘာမှထူးခြားမနေဘူးပဲ “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့၏။
သူသည် ကောင်းကင်ထက်တွင် မတ်တပ်ရပ်နေခဲ့ပြီး၊ အဝေးသို့ ငေးကြည့်နေခဲ့၏၊ ထိုအချိန်တွင် သူ၏အသံ ဟိန်းထွက်သွားခဲ့သည်။
“ ကောင်စုတ်လေး ချန်ခုန်း ဘယ်မှာလဲ။ မင်းရဲ့သေခြင်းတရားကို မြန်မြန်လာလက်ခံလိုက် “
သူ၏ အသံသည် အသံလှိုင်းများအဖြစ် အသွင်ပြောင်းကာ၊ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။
ဤနေရာက မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူများ အခြေချနေထိုင်ရာ၊ နေရာတစ်ခုဖြစ်သော်လည်း၊ သူ့ထံတွင် စိုးရိမ်ပူပန်မှု အနည်းငယ်မျှသာ ရှိနေခဲ့သည်။
သူသည် ဓားတာအို ကောင်းချီးကို ပိုင်ဆိုင်ထားသည့်၊ မွေးရာပါ ဝိညာဥ် အဆင့်၄ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်ကပင်၊ သူ့ကို များများစားစား ထိခိုက်စေနိုင်မည် မဟုတ်ပေ။ နတ်ဝိညာဥ်ရှုထောင့်အရသာဆိုပါ၊ သူသည် တတိယအလွှာသို့ပင် လမ်းသလားကောင်း လမ်းသလားနိုင်ပေသည်။
အကယ်၍ သူက အမှန်တကယ် ရှုံးနိမ့်သွားမည်ဆိုပါက၊ သူသည် သူအလိုရှိသည့် အချိန်တိုင်းတွင်၊ ထွက်သွားနိုင်ပေသည်။ အကယ်၍ မျက်နှာပျက်သွားရမည်ဆိုလျှင်တောင်မှ၊ ၎င်းက ချင်းယီ၏ မျက်နှာသာလျှင် ဖြစ်ပြီး၊ လုချန်ရှန်းနှင့် မည်သို့မျှ သက်ဆိုင်နေလိမ့်မည် မဟုတ်ပေ။
အကယ်၍ ကိစ္စများကသာ ဤအတိုင်း ဆက်ဖြစ်နေမည်ဆိုပါက၊ ချင်းယီ၏ ရန်သူများက သိပ်မကြာခင် အချိန်မှာပင်၊ နေရာအနှံ့တွင် ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် အလင်းတန်းတစ်ခု လိမ်ယှက်လာခဲ့ကာ၊ တစ်စုံတစ်ဦး ရောက်ရှိလာခဲ့၏။
အသက်နှစ်ဆယ့်ရှစ်(သို့) နှစ်ဆယ့်ကိုးအရွယ် လူငယ်တစ်ဦး ရောက်ရှိလာခဲ့သည်။ သူသည် ချူချန်ခုန်းမှတစ်ပါး တစ်ခြားလူမဟုတ်ပေ။
သူ၏အနောက်တွင် အဘိုးအိုများစွာ ရှိနေခဲ့သည်။
ယခင်က အသံသည် လူတစ်ချို့ကို ဆွဲဆောင်သွားခဲ့ပြီး၊ ပထမအလွှာမှ လူတစ်ချို့ပါ ရောက်လာခဲ့ကြသည်။
ဤကဲ့သို့သော မြင်ကွင်းမှာ အမှန်ပင် ရှားပါးလွန်းနေခဲ့သည်၊ အထူးသဖြင့် ချူချန်ခုန်းဖြစ်ပြီး၊ သူသည် အသက်သုံးဆယ် မပြည့်ခင် အချိန်မှာပင်၊ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေခဲ့၏။ သူ့ထပ်ပိုမိုတောက်ပကာ၊ ကျင့်ကြံရေး ပိုမြင့်သည့် လူတစ်ချို့ ရှိနေခဲ့သော်လည်း၊ သူသည် ဓားတာအိုကို အဆင့်၉သို့ ရောက်သည်အထိ ကျင့်ကြံထားနိုင်ခဲ့သည်။ တောင်ပိုင်းပြည်နယ်ကို မဆိုထားနှင့်၊ တောင်ပိုင်းဒေသတစ်ခုလုံးမှာပင်၊ သူသည် သူ့မျိုးဆက်၏ ထိပ်တန်းတည်ရှိမှုများအကြားတွင် ပါဝင်နေခဲ့သည်။
ချူချန်ခုန်းသည် လုချန်ရှန်းကို ကြည့်ကာ၊ စကားစပြောလာခဲ့၏ “ မင်းတကယ်လာရဲလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ပတ်ပတ်လည်ရှိ လူအုပ်ကြီးမှာ ပိုပို၍ စိတ်လှုပ်ရှားသွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက ထိုစကားကို မကြားရသည့်အလား ဖြစ်နေခဲ့သည်။ ထို့အစား၊ သူသည် ချူချန်ခုန်း၏ မျက်နှာကိုသာ တစ်ခဏခန့် စိုက်ကြည့်နေခဲ့ပြီး၊ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။
၎င်းက လူတိုင်းကို ဇဝေဇဝါ ဖြစ်သွားစေခဲ့၏။
ချူချန်ခုန်းကိုယ်တိုင်ကပင် မျက်မှောင်ကြုတ်သွားကာ၊ စကားထပ်ပြောလာခဲ့၏ “ မင်းက ဘာကိုကြည့်နေတာလဲ “
“ ဒီလေသံ၊ ဒီစိတ်ထား၊ အရှိန်အဝါကတောင် တူနေသေးတယ်၊ အထူးသဖြင့် အဲ့ဒီမျက်လုံးတွေပဲ၊ အဲ့တာတွေက ချူလျူရှန်းနဲ့ တော်တော်ကြီးကို တူတယ် “
“ မင်း …… “
ဂျွတ်
ချူချန်ခုန်း၏ အမူအရာ မည်းမှောင်သွားကာ၊ လက်ဆစ်ချိုးသံ ပေါ်ထွက်လာခဲ့သည်။
အနီးအနားတွင် ရှိနေသည့် လူတစ်ချို့သည် မအောင့်ထားနိုင်တော့ဘဲ၊ အော်ရယ်နေခဲ့ပြီး ဖြစ်၏။
သူတို့သည် သူက သူ၏ပြိုင်ဘက်ကို လေ့လာစူးစမ်းနေသည်ဟုသာ ထင်နေခဲ့ကြသည်၊ သို့သော် ထိုလူငယ်သည် ချူချန်ခုန်းက ချူလျူရှန်းနှင့်၊ မည်မျှ တူညီလဲဆိုသည်ကိုသာ ကြည့်ရှုနေခဲ့၏။
ချူချန်ခုန်းက ချူလျူရှန်း၏ ပျိုးထောင်ပေးခြင်းကို ခံယူခဲ့ရပြီး၊ အဆက်မပြတ် ထိတွေ့ဆက်ဆံနေခဲ့ရသောကြောင့်၊ သူတိုနှစ်ဦး၏ လေသံနှင့် စိတ်သဘောများ တူညီနေခြင်းက ထူးဆန်းသော အရာမဟုတ်ပေ။ အရှိန်အဝါအတွက်ကမူ၊ ချူလျူရှန်း၏ အမွေအနှစ်ကို ဆက်ခံကာ၊ တူညီသော နည်းစနစ်တစ်ခုကို ကျင့်ကြံခဲ့ကြသောကြောင့်၊ မည်ကဲ့သို့ မတူဘဲ နေမည်နည်း။
၎င်းတို့ကို တွေးမိသွားသောအခါတွင်၊ သူတို့သည် မအောင့်ထားနိုင်တော့ဘဲ၊ ပိုမိုရယ်မောနေကြတော့သည်။ အဆိုပါ လူငယ်သည် ကိုယ့်ကိုကိုယ် စိတ်မပူဘဲ၊ ချူချန်ခုန်းကိုသာ ဆက်တိုက်ရန်စနေခဲ့၏။
“ အစိမ်းဝတ်ကောင်၊ မင်းသေချင်နေတာပဲ “
ချူချန်ခုန်းသည် ဟိန်းဟောက်ကာ၊ ရှေ့တက်လာခဲ့သည်၊ ဓာချီ အများအပြား ပေါက်ထွက်လာခဲ့ပြီး၊ ဘက်ပေါင်းစုံသို့ ပျံ့လွင့်လာခဲ့ကာ၊ ပတ်ဝန်းကျင်ရှိ လူများကို နောက်ဆုတ်သွားစေခဲ့သည်။
သူနှင့်အတူ ရောက်လာခဲ့သည့် လူများကပါ လှောင်ပြောင်လာကြ၏။
သူတို့သည် လုချန်ရှန်းက မောက်မာလွန်းသည်ဟုသာ ခံစားနေခဲ့ရသည်။ သူသာ ဤနေရာသို့ မရောက်လာသရွေ့၊ ပထမအလွှာရှိ မည်သူကမှ သူ့ကို ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ယခုတွင်ကား သူသည် ကိုယ်သေတွင်းကိုယ်တူးနေခဲ့သည်။
“ ဟက် “
လှောင်ပြောင်သံနှင့်အတူ၊ ချူချန်ခုန်း၏ ဓားချီသည် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပြည့်နှက်နေကာ၊ ပြေးပေါက်များကို ပိတ်ဆို့သွား၏။
လုချန်ရှန်းသည် အရာအားလုံးကို အေးအေးလူလူ စောင့်ကြည့်နေခဲ့ကာ၊ ဖြည်းဖြည်းချင်း ခေါင်းငြိမ့်နေတော့သည်။
“ မင်းဆီမှာ စွမ်းရည်တစ်ချို့ ရှိသားပဲ၊ ဒါပင်မဲ့ ဒီဓားတာအိုကတော့ အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး၊ နည်းနည်းလေး ချို့ယွင်းနေတယ် “
“ အို့၊ တကယ်လား “
ချူချန်ခုန်းမှ အေးစက်စွာ လှောင်ပြောင်လာခဲ့၏၊ သူ၏မျက်နှာပေါ်တွင် မည်သည့်အမူအရာ မရှိဘဲ၊ အေးစက်စက် မျက်နှာထားတစ်ခုသာ ဖြစ်တည်နေခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်၊ ဓားချီများ လိမ်ယှက်လာကာ၊ ဓားပင်လယ်တစ်ခု ဖြစ်တည်လာခဲ့၏၊ လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ အရှေ့တွင် ရှိနေသည့် လူကို တိုက်ရိုက်အုပ်မိုးသွားခဲ့သည်။
လူတစ်ချို့သည် အံ့ဖွယ်ကောင်းသော ဓားတာအိုကြောင့်၊ အံ့ဩတကြီး ဖြစ်သွားကြသည်။
ချူချန်ခုန်း၏ မျက်နှာပေါ်တွင်လည်း၊ လှောင်ပြောင်နေသည့်၊ မထီမဲ့မြင်ပြုနေသည့် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။
သို့ရာတွင် ထိုအပြုံးမှာ ချက်ချင်း အေးခဲတောင့်တင်းသွားခဲ့ရသည်။
အရာအားလုံး ပြီးဆုံးသွားပြီဟု၊ လူတိုင်းက ထင်နေကြသည့် အချိန်တွင်၊ လုချန်ရှန်းသည် ဓားပင်လယ်အပေါ်တွင်၊ ဖြည်းဖြည်းချင်း လမ်းလျှောက်နေခဲ့ပြီး၊ ဓားချီများကို ခြေထောက်များဖြင့် အေးအေးလူလူ တက်နင်းနေခဲ့၏၊ သူ၏မျက်နှာပေါ်တွင်လည်း မည်သည့်စိုးရိမ်ပူပန်မှု(သို့) ကြောက်ရွံ့မှုမှ ရှိမနေခဲ့ပေ။
သူဖြတ်သန်းသွားသည့် နေရာတိုင်းတွင်၊ ဓားချီများသည် သူ၏တည်ရှိမှုကို တောင့်မခံနိုင်သည့်အလား၊ ပြိုကွဲသွားခဲ့သည်။
“ ဘာကြီး “
စောင့်ကြည့်နေသူများ အံ့ဩတုန်လှုပ်သွားကြသည်။
ချူချန်ခုန်းကပင် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုအချိန်တွင် လုချန်ရှန်းမှ စကားစပြောလာတော့၏ “ မင်းရဲ့ ဓားတာအို နားလည်မှုက မပြည့်စုံသေးဘူး။ ချူလျူရှန်းက မင်းကို အရာအားလုံး သင်ပေးထားတယ် မဟုတ်ဘူးလား၊ ထိန်ချန်ထားမနေနဲ့ “
“ ပါးစပ်ကို ပိတ်ထား “
သူဂုဏ်ယူရသည့် ဓားတာအိုက၊ လူငယ်တစ်ဦး၏ မှတ်ချက်ပေးခံနေရသည်ကို ကြားလိုက်ရသောအခါတွင်၊ သူ၏ဒေါသများ ကြီးထွားလာခဲ့သည်။
ဓားချီများ ထပ်မံ၍ ပေါက်ထွက်လာခဲ့၏။
သို့ရာတွင် လုချန်ရှန်းကမူ သူ၏လက်ကို ပေါ့ပေါ့ပါးပါး မြှောက်ကာ၊ ဓားချီများကို ပြိုကွဲသွားစေပြီး၊ ဖြည်းဖြည်းချင်း စကားထပ်ပြောလာ၏ “ တကယ်လို့ ဓားနှလုံးသား သန့်စင်မှုနယ်ပယ်ဆီ သွားဖို့ စဥ်းစားထားတယ်ဆိုရင်၊ အခုလက်ရှိ မင်းရဲ့အခြေအနေအရ၊ ကျရှုံးဖို့ပဲများတယ် “
“ ငါ့ကို သင်ပေးနေရအောင် မင်းက ဘာမို့လို့လဲ “ ချူချန်ခုန်းမှ ဟိန်းဟောက်လာခဲ့၏၊ သူ၏လက်ဝါးအတွင်းတွင် ဓားဆန္ဒ ဖွဲ့စည်းလာခဲ့ပြီး၊ ဓာရှည်လစ်လက်အဖြစ် အသွင်ပြောင်းကာ၊ ချက်ချင်းခုတ်ပိုင်းလာခဲ့သည်။
လုချန်ရှန်းသည် ခေါင်းတခါခါ ဖြစ်သွားတော့သည်။
“ ငါက မင်းကို ကြင်ကြင်နာနာ အကြံပေးနေခဲ့တာ၊ ဒါပင်မဲ့ မင်းကတော့ မင်းရဲ့ဆရာလို၊ ကျေးဇူးမသိတတ်ဘူးပဲ “
သူသည် စကားပြောနေရင်းဖြင့်၊ ရှေ့တက်သွားကာ၊ သူ၏လက်ဝါးကို ရိုက်ချ၍၊ ဓားအလင်းတန်းကို ပြိုကွဲသွားစေလိုက်သည်။
အစတွင် ချူချန်ခုန်းသည် ဓားနှင့်အတူ ရောက်လာခဲ့ခြင်း ဖြစ်သည်၊ သို့သော် သူမတိုက်ခိုက်ရသေးခင် အချိန်မှာပင်၊ လုချန်ရှန်းက သူ၏ဓားဆန္ဒဖြင့် ဖွဲ့စည်းထားသော၊ ဓားရှည်ကို ရိုက်ချကာ၊ ချက်ချင်းပြိုကွဲသွားစေခဲ့ပြီး၊ သူ့ကို တိုက်ရိုက်လွင့်ထွက်သွားစေခဲ့သည်။
ဘုမ်းး
ကျယ်လောင်သော အသံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်၊ ချူချန်ဖုန်းသည် အလျားလိုက် လွင့်ထွက်သွားကာ၊ တောင်နံရံနှင့် တိုက်မိသွားခဲ့သည်။
ကျောက်တုံးများ လိမ့်ဆင်းလာကာ၊ ဖုန်မှုန့်များ လှိုက်တက်လာခဲ့သည်။ အားလုံးသည် မယုံကြည်နိုင်ဖြစ်နေသော အမူအရာများဖြင့်၊ လုချန်ရှန်းကို ကြည့်လာကြသည်။
“ ဘာတွေ ဖြစ်နေတာလဲ “
သူတို့၏ မျက်လုံးများအတွင်းတွင် အကြောက်တရားများ ဖြစ်တည်လာခဲ့သည်။
ချူချန်ခုန်းကဲ့သို့သော လူတစ်ဦးကို ရိုက်ချက်တစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေကာ၊ မည်သို့မျှ မခုခံနိုင်လောက်သည်အထိ ဖြစ်သွားစေရန်အတွက်၊ မည်မျှ အစွမ်းထက်ရန် လိုအပ်နေမည်နည်း။
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများမှာလည်း အံ့ဩတုန်လှုပ်သွားကြပြီး၊ သူတို့၏ မျက်လုံးများ အတွင်းတွင် သတ်ဖြတ်လိုစိတ်များ ဖြစ်တည်လာခဲ့သည်။
“ သတ် “
ချူချန်ခုန်းသည် အော်ဟစ်ဟိန်းဟောက်ကာ၊ လက်ဟန်တစ်ခု ပြုလုပ်လာခဲ့သည်။ သူ၏မျက်ခုံးများအကြားတွင်၊ ဓားဆန္ဒတစ်ခု ဖွဲ့တည်လာခဲ့ပြီး၊ ဓားချီအမြောက်အများ ပေါက်ထွက်လာကာ၊ ရေစီးကြောင်းတစ်ခုအဖြစ် ဖွဲ့စည်း၍၊ တိုက်ခိုက်လာခဲ့၏။
သို့သော် ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးမှာ လုချန်ရှန်းအတွက်၊ ဘာမှဟုတ်မနေခဲ့ပေ။ လက်ချောင်းတစ်ချောင်းနှင့် တောက်ချလိုက်ရုံဖြင့်၊ ဓားချီများ လွင့်ပျယ်သွားခဲ့သည်။
ချူချန်ခုန်း၏ မျက်ဝန်းများ လှုပ်ခါသွား၏၊ သူ၏လက်ဟန်များ ဆက်တိုက်ပြောင်းလဲသွားပြီး၊ ဓားချီကို ထိန်းချုပ်ကာ၊ ထပ်မံ၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့ရာတွင် လုချန်ရှန်းသည် သူ၏လက်ကို ဝေ့ရမ်းကာ၊ အဆိုပါ ဓားချီများ၏ ဦးတည်ချက်ကို ပြောင်းလဲသွားစေပြီး၊ ချူချန်ခုန်းထံသို့ ဦးတည်သွားစေလိုက်သည်။
သူသည် မယုံကြည်နိုင် ဖြစ်သွားခဲ့ပြီး၊ ဓားချီများက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိမနေတော့ဘဲ၊ အရာအားလုံးက လုချန်ရှန်း၏ ထိန်းချုပ်မှုအောက်သို့၊ ရောက်ရှိသွားပြီဆိုသည်ကို နားလည်သွားခဲ့သည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “
အံ့အားသင့်မှုများ ထင်ဟပ်နေသည့်၊ အသံပေါင်းများစွာ ပေါ်ထွက်လာခဲ့ပြီး၊ သူတို့သည် သူတို့မြင်တွေ့ရသည့် မြင်ကွင်းကို၊ မယုံကြည်နိုင် ဖြစ်နေလျက်ရှိ၏။
သို့သော် လူတစ်ဦးသည် တစ်စုံတစ်ခုကို နားလည်သွားပုံရကာ၊ အံ့ဩတကြီး အော်ပြောလာခဲ့သည် “ မဟုတ်ဘူး၊ သူ့ရဲ့ ဓားတာအိုက အဆင့်၉ မဟုတ်ဘူး၊ ဓားနှလုံးသား သန့်စင်မှုပဲ “
“ ဘာဖြစ်တယ် “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ပတ်ဝန်းကျင်တစ်ခုလုံး အုံ့အောသောင်းနင်း ဖြစ်သွားခဲ့သည်။
ချူချန်ခုန်းကိုယ်တိုင်ကပင် တည်ငြိမ်မနေနိုင်တော့ပေ။
……………………………………………………………………………………………………………………………………