← Chapters

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

အပိုင်း ( 133 )

မေ့လိုက်တော့၊ မင်းဘာသာသွားတော့

ရှောင်ဟေးသည် အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှ၊ သတိပြန်ဝင်လာခဲ့သည်။

လုချန်ရှန်းမှာလည်း သူ့ကိုနှစ်သိမ့်ပေးနေခဲ့သည် “ မီထျန်း၊ စိတ်မလှုပ်ရှားသွားနဲ့။ ငါတို့က ပြဿနာကို ဖြေရှင်းရဦးမယ်လေ။ အဲ့လူက အဲ့နေရာမှာ စောင့်နေတုန်းပဲ။ ငါကလည်း မင်းကို မင်းရဲ့ ဆွေမျိုးတွေဆီ ပြန်ပို့ပေးချင်တာပေါ့ကွာ “

“ ဟက်၊ မင်းက ဝိညာဥ်ကျောက်တုံးတွေကို စောစောစီးစီး လိုချင်နေတာ မဟုတ်ဘူးလား “

“ အဲ့လိုမပြောပါနဲ့ကွာ၊ အဲ့တာက ငါတို့ရဲ့ စိတ်ခံစားချက်တွေကို၊ တော်တော်ကြီး ထိခိုက်သွားစေတယ် “ လုချန်ရှန်းက သူ၏ဦးခေါင်းကို အဆက်မပြတ် ခါရမ်းနေတော့သည်။

မင်းလိုကောင်မျိုးဆီကနေ ဒီလိုစကားမျိုး ထွက်လာခဲ့တယ်ပေါ့

မီထျန်းသည် သူနှင့် ငြင်းခုန်ရမည်ကို၊ ပျင်းရိလွန်းနေခဲ့ကာ၊ စကားထပ်ပြောလာခဲ့၏ “ ငါ့ရဲ့ အခြေအနေကို သူမကို ပြောပြလိုက် “

“ တကယ်လို့ မယုံဘူးဆိုရင်ရော “

“ ငါ့ဆီမှာ နည်းလမ်းတစ်ခု ရှိတယ် “

မီထျန်းသည် စကားပြောနေရင်းဖြင့်၊ သူ၏ တောင်ပံများကို ဖြန့်လိုက်သည်၊ သူ၏အစိမ်းရောင် မျက်လုံးများအတွင်းတွင်၊ စူးရှသော အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို၊ စိမ်းနက်ရောင် ဝိညာဥ်ချီတစ်ခုက အုပ်မိုးလာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ အနက်ရောင် ငှက်မွှေးတစ်ခု ကျွတ်ကျလာခဲ့သည်။

လုချန်ရှန်းသည် မီးဖိုအပြင်ဘက်မှတစ်ဆင့်၊ စူးစမ်းလေ့လာနေခဲ့၏။ အလွန်တရာ ရှုပ်ထွေးသော အစိမ်းရောင် ပုံစံကွက်များသည်၊ အဆိုပါ အနက်ရောင် ငှက်မွှေးတွင် ကပ်ညိသွားခဲ့သည်။ ၎င်းသည် ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

“ အဲ့တာက ဘာလဲ “ ဟု လုချန်ရှန်းမှ မေးမြန်းလာခဲ့၏။

မီထျန်းမှ တုံ့ပြန်လာခဲ့၏ “ အဲ့တာက ငါ့ရဲ့ အစစ်အမှန် ငှက်မွှေးပဲ။ တကယ်လို့ ဒီဟာကို သူမဆီ ယူသွားလိုက်မယ်ဆိုရင်၊ သူမက မင်းကို သေချာပေါက် ယုံကြည်သွားလိမ့်မယ် “

“ ငါက အဲ့ဟာကို ဘယ်လိုလုပ် ယူသွားရမှာလဲ “

လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ နတ်ဝိညာဥ်တွေကပဲ ယွမ်နယ်မြေထဲကို ဝင်နိုင်တာလေ၊ ငါက အဲ့တာကြီးကို ဘယ်လိုလုပ် ယူသွားရမှာတုန်း

ကန်းယွင်ကားချပ်ကို ယူဆောင်သွားနိုင်သည်ဆိုသည်ကို၊ သူသိနေခဲ့သော်လည်း၊ ၎င်းအား ထုတ်ယူနိုင်မည်လားဆိုသည်ကို၊ သူမရေရာ မသေချာ ဖြစ်နေခဲ့၏။

ထို့နောက်တွင် မီထျန်းမှ စကားထပ်ပြောလာခဲ့သည် “ ငါ့ရဲ့ အစစ်အမှန် ငှက်မွှေးကို၊ မင်းရဲ့ နတ်ဝိညာဥ်ဆီ သန့်စင်ပေးလိုက်မယ်၊ အဲ့တာဆိုရင် မင်းယူသွားလို့ရပြီ “

“ အဲ့လိုလုပ်လို့ရတာလား “ လုချန်ရှန်းသည် အံ့အားသင့်သွားကာ၊ မေးခွန်းပြန်ထုတ်လိုက်သည် “ အဲ့တာကို သန့်စင်ရတာက ပြဿနာများတယ် မဟုတ်ဘူးလား “

“ နည်းနည်းလေးတော့ ပြဿနာများတယ်၊ အဲ့တာက ……. “

စကားဆုံးအောင် မပြောရသေးခင် အချိန်မှာပင်၊ လုချန်ရှန်းက သူ၏လက်ကို ဝေ့ရမ်းကာ၊ ကြားဖြတ်ပြောလာခဲ့သည် “ ပြဿနာများတယ်ဆိုရင်၊ မေ့လိုက်တော့။ သူမကို မင်းဘာသာသွားရှာလိုက်တော့။ မျက်နှာချင်းဆိုင်ပြီးတော့၊ ရှင်းပြလိုက်တာက ပိုကောင်းတယ် “

မီထျန်းမှ ပြန်ပြောလာခဲ့သည် “ အရင်ကတည်းက ပြောခဲ့ပြီးသားလေ၊ ယွမ်နယ်မြေထဲကို ဝင်ဖို့အတွက်ဆိုရင်၊ ငါက မီးဖိုထဲက ထွက်ရလိမ့်မယ်၊ အဲ့တာဆိုရင် အဲ့လူတွေက ငါ့ကို အာရုံခံမိသွားလိမ့်မယ်။ ငါ့ဆီမှာ အဲ့တာကို ဖုံးကွယ်ပေးနိုင်မဲ့၊ မှော်ပစ္စည်း မရှိဘူး “

“ မှော်ပစ္စည်းကို မလိုပါဘူးကွာ။ တစ်ခြားလူတွေက မင်းရဲ့ အရှိန်အဝါကို အာရုံမခံမိအောင် ငါလုပ်ပေးနိုင်တယ် “

“ မင်းဘာပြောလိုက်တယ် “

“ နားမလည်ဘူးလား “ လုချန်ရှန်း ဇဝေဇဝါ ဖြစ်သွားခဲ့၏။

မီထျန်း၏ ခန္ဓာကိုယ် တုန်ရင်သွားကာ၊ ပြန်ပြောလာခဲ့သည် “ မင်းက အဲ့လိုလုပ်နိုင်တာလား “

“ ဟုတ်တယ်လေ “

ဖူးး

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ မီထျန်းသည် ထိန်းမထားနိုင်တော့ဘဲ၊ သွေးအန်နေတော့၏။

“ ဘာဖြစ်တာလဲဟ “

“ မင်းလုပ်နိုင်တယ်ဆိုရင်၊ ဘာလို့စောစောစီးစီး မပြောခဲ့ရတာလဲ။ ငါ့ရဲ့ တစ်ခုတည်းသော အစစ်အမှန် ငှက်မွှေးကို ဆွဲထုတ်ဖို့အတွက်၊ ဘာတန်ကြေး ပေးခဲ့ရလဲဆိုတာကို မင်းသိလား “ ဟု မီထျန်းမှ မေးခွန်းထုတ်လာခဲ့၏။

လုချန်ရှန်း မျက်မှောင်ကြုတ်သွားကာ၊ တုံ့ပြန်လိုက်သည် “ မင်းက စောစောစီးစီး မမေးခဲ့တာကိုးကွ၊ အမွှေးလေး ဆွဲနှုတ်လိုက်ရတာပဲ မဟုတ်ဘူးလား။ ပြန်စိုက်လိုက်ပေါ့ “

“ ပြန်စိုက် ….. “

မီထျန်းသည် တောင့်မခံနိုင်တော့ဘဲ၊ သွေးနှစ်အောင်စ ထပ်အန်လိုက်ရသည်။

သူသည် လုချန်ရှန်းကြောင့်၊ ခံစားသွားရမည့် နေ့ရက်မျိုး ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ပြန်စိုက်လိုက်ဆိုသည့် စကားလုံးမှာ သူ့ကို ဆွံ့အသွားစေခဲ့သည်။

အဆုံးတွင် မီထျန်းသည် ဘာစကားမှ မပြောလာတော့ဘဲ၊ လုချန်ရှန်းကိုသာ လှုပ်ရှားခွင့်ပေးလိုက်သည်။

ချက်ချင်းဆိုသလိုပင်၊ ဓားဆန္ဒ အမျှင်တန်းများ ပေါ်ထွက်လာကာ၊ အင်မော်တယ်ဂူ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ အနားကို ချဥ်းကပ်လာသည့် စိတ်စွမ်းအားတိုင်းသည် ၎င်း၏ ခုတ်ပိုင်းဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။ ၎င်းက အရှိန်အဝါ ဖုံးကွယ်ခြင်း နည်းစနစ်ကို လေ့လာခဲ့သည့် အချိန်တွင်၊ ရရှိလာခဲ့သည့် မထင်မှတ်ထားသော အကျိုးအမြတ်တစ်ခု ဖြစ်သည်။

လုချန်ရှန်းသည် ယွမ်နယ်မြေအတွင်းသို့ ထပ်ဝင်သွားကာ၊ ယဲ့မီထျန်းအကြောင်းကို ပြောပြ၍၊ နှစ်ရက်မျှ စောင့်ဆိုင်းရန်၊ မိန်းမပျိုကို သတင်းပေးလိုက်သည်။ မီထျန်းမှာလည်း ယွမ်နယ်မြေနှင့် ဆက်သွယ်ရန်၊ ကြိုးပမ်းနေတော့၏၊ တတိယမြောက်ရက်တွင်မူ၊ သူသည် ယွမ်နယ်မြေ အတွင်းသို့ ဝင်ရောက်လာခဲ့၏။

၎င်းကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် စိတ်သက်သာရာရစွာဖြင့်၊ သက်ပြင်းချနေတော့သည်။ သူသည် အိပ်ရာပေါ်တွင် လှဲလျောင်းကာ၊ မည်သည့်ကိစ္စကိုမှ မပြုလုပ်ဘဲ၊ ဓားချီလည်ပတ်မှုကိုသာ ထိန်းသိမ်းနေခဲ့၏။

သူသည် မီထျန်းပြန်ရောက်လာမည့်၊ အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့၏။

သို့ရာ၌ သူသည် သူ့ထံတွင် ရှိနေသည့် ဝိညာဥ်ကျောက်တုံးများကို၊ တွက်ချက်နေခဲ့သည်။ ယခုလေးတင် သူရရှိထားခဲ့သည့် အရာများနှင့်သာဆိုပါက၊ သူ့ထံတွင် ဆယ်သန်းနီးပါးရှိနေခဲ့ပြီ ဖြစ်သည်။

၎င်းက ကြီးမားသော ပမာဏတစ်ခု ဖြစ်သော်လည်း၊ အဆင့်ထိုးဖောက်ရန်အတွက်မူ၊ ၎င်းက အနည်းငယ် နည်းနေနိုင်သေးသည်။

တိုက်ပွဲအလံများ ငှားရမ်းခကို၊ နောက်ထပ်နှစ်လတိတိ စုဆောင်းနေခဲ့ပြီးသည့်နောက်တွင်၊ ၎င်းက အဆင့်ထိုးဖောက်ရန်အတွက် လုံလောက်သွားမည် ဖြစ်သည်။

မီထျန်းပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက်၊ မွေးရာပါ ဝိညာဥ် အဆင့်၆ကိုပင် လက်လှမ်းမှီသွားလိမ့်မည် ဖြစ်သည်။

ထိုနည်းလမ်းနှင့်သာဆိုပါက၊ သူ၏ ကျင့်ကြံရေး အမြန်နှုန်းက လွန်စွာနှေးကွေးနေမည် မဟုတ်‌ပေ။ သူသည် နှစ်နှစ်(သို့) သုံးနှစ်အတွင်းမှာပင်၊ မွေးရာပါ ဝိညာဥ် အဆင့်၉သို့ ရောက်ရှိသွားနိုင်ပေသည်။ ၎င်း၏အထက်အဆင့်အတွင်မူ၊ နည်းလမ်းတစ်ခု ရှာဖွေရလိမ့်မည် ဖြစ်သည်။

သို့ရာ၌၊ အသွင်ပြောင်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက်၊ သူသည် ဝိညာဥ်ကျောက်တုံးများကို ဒုက္ခခံ၍ ရှာဖွေရတော့မည် မဟုတ်ဘဲ၊ ဝိညာဥ်ချီတစ်ခုလုံးကိုပါ အားကိုးနေရတော့မည် မဟုတ်ပေ။

သို့တိုင်အောင် ၎င်းက ရှည်လျားသော လမ်းတစ်ခုသာ ဖြစ်နေခဲ့သည်၊ သူသည် သူလိုအပ်သည့် ဝိညာဥ်ကျောက်တုံးက၊ မည်မျှရှိလဲဆိုသည်ကိုပင် မတွက်ချက်ရဲပေ။ ၎င်းက အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းနေခဲ့၏။

တဖြည်းဖြည်းဖြင့်၊ လုချန်ရှန်းသည် ထိုနေရာတွင် လှဲလျောင်းနေရင်းဖြင့်၊ အိပ်ပျော်လုနီးပါး ဖြစ်သွားခဲ့၏။ အချိန်အတော်ကြာခဲ့ပြီးသည့်နောက်၌၊ စားပွဲပေါ်တွင် ရှိနေသည့် အနက်ရောင် အဖုလေးက ရုတ်တရက် ရွေ့လျားလာခဲ့၏။

“ သူပြန်လာပြီပဲ “

လုချန်ရှန်းသည် သူ၏ မျက်လုံးများကို အနည်းငယ် ဖွင့်ဟကာ၊ လှမ်းကြည့်လိုက်သည်။

သို့သော် မီထျန်းက မျက်လုံးများ ပြူးကျယ်နေကာ၊ အချိန်အတော်ကြာ စကားမပြောနိုင်ဘဲ၊ မယုံကြည်နိုင်ဖြစ်နေသည်ကိုသာ မြင်တွေ့လိုက်ရ၏။

မီထျန်းသည် သူ့အရှေ့တွင် ရှိနေသည့် ပျင်းရိစွာ လှဲလျောင်းနေသော၊ လူငယ်ကို စိုက်ကြည့်နေကာ၊ ဘာပြောရမှန်းမသိ ဖြစ်နေခဲ့၏။

သူသည် လုချန်ရှန်းက ယွမ်နယ်မြေအတွင်းတွင် ငြိမ်ငြိမ်မနေဘဲ၊ ပြဿနာရှာမည်ဆိုသည်ကို သိနေခဲ့ပြီး၊ မေးမြန်းရန်ပင် ပျင်းရိလွန်းနေခဲ့သည်။

သို့သော် ယွမ်နယ်မြေသို့ ရောက်သွားခဲ့ပြီးသည့်နောက်တွင်မူ၊ သူသည် ထိုလူဖြစ်ပေါ်စေခဲ့သည့်၊ လှုပ်ခတ်မှုက ထိုမျှ ကြီးမားလွန်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယွမ်နယ်မြေသို့ ရောက်ရှိခဲ့ပြီးသည့်နောက်တွင်၊ ထိုလူပထမဦးဆုံး လုပ်ခဲ့သည့် အရာက အလံကိုးခုကို ဆွဲထုတ်၊ သိမ်းပိုက်ခြင်း၊ ကျောက်ကုန်းမင်ကို သတ်ဖြတ်ခြင်းနှင့်၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ကို ရှင်းလင်းခြင်းတို့သာ ဖြစ်နေခဲ့သည်။ အစတွင်၊ သူသည် ၎င်းတို့သာလျှင် ဖြစ်ပျက်ခဲ့လိမ့်မည်ဟု ထင်နေခဲ့သည်၊ သို့သော် ထိုအကောင်သည် ဒုတိယအလွှာသို့ပင် တက်သွားခဲ့သေး၏။

ချူချန်ခုန်းကို သတ်ဖြတ်ခဲ့ပြီးသည့်နောက်တွင်၊ သူသည် နတ်ဘုရား သန့်စင်ခြင်း နန်းတော်ကို ရှင်းလင်းကာ၊ မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်များကိုပင် သတ်ဖြတ်ခဲ့၏။

အဆုံးတွင် အမျိုးမျိုးသော အင်အားစုတို့အား တိုက်ပွဲအလံများကို ငှားရမ်းခဲ့သည်၊ ၎င်းက တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ရသော ကိစ္စတစ်ခုဖြစ်ပြီး၊ ထိုလူတစ်ဦးတည်းကပင် ထိုကဲ့သို့ပင် လုပ်ဆောင်နိုင်ပေသည်။

“ လုချန်ရှန်း “ ရှောင်ဟေးမှ စကားစပြောလာခဲ့သည်။

“ ဟမ် “

“ မင်းက ဘယ်လိုမွန်းစတားမျိုးလဲ။ မင်းက ဒုတိယ ကွေ့ဝူချန်ဖြစ်လာတော့မှာလား “

မီထျန်းသည် ယွမ်နယ်မြေမှ အကြောင်းအရာများနှင့် ကောလဟာလမျိုးစုံကို ကြားခဲ့ရပြီးသည့်နောက်တွင်၊ မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ။

လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ၊ ပြန်ပြောလာခဲ့သည် “ ကွေ့ဝူချန်က ဘယ်သူလဲ “

“ မင်းက ယွမ်နယ်မြေမှာ အကြာကြီး ရှိနေခဲ့တာလေ၊ မသိဘူးလား ”

“ ငါက တော်တော်လေးကို အလုပ်များနေခဲ့တာလေ “

မီထျန်းသည် ၎င်းကို မငြင်းပယ်ခဲ့ဘဲ၊ ခေါင်းငြိမ့်ပြလာခဲ့သည် “ တကယ်ကို အလုပ်များနေခဲ့တာ “

လုချန်ရှန်းဆိုတဲ့ အကောင်က ဘယ်အချိန်တုန်းက အားဖူးလို့လဲ။ ဘယ်နေရာကိုပဲ သွားသွား၊ တစ်ခုမဟုတ်၊ တစ်ခုတော့ ဖြစ်လာတာကြီးပဲ

လုချန်ရှန်းမှ ထပ်မံ၍ မေးမြန်းလိုက်သည် “ ဆိုတော့ ကွေ့ဝူချန်ဆိုတာက ဘယ်သူလဲ “

“ ရက်စက်တဲ့ လူတစ်ယောက်ပေါ့ “

“ ဘယ်လို ရက်စက်လို့လဲ “

“ မင်းလုပ်ခဲ့တာတွေထပ် ဆယ်ဆကျော် ပိုရက်စက်တယ် “ ဟု မီထျန်းမှ တုံ့ပြန်လာကာ၊ အမူအရာ ပြောင်းလဲသွားသည်။

လုချန်ရှန်း၏ မျက်လုံးများ ချက်ချင်းတောက်ပသွားတော့၏ “ အို့။ ငါတို့မျိုးဆက်အတွက် စံပြပုဂ္ဂိုလ်လား “

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ မီထျန်း ဆွံ့အသွား၏။

မီထျန်းသည် တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးမှ၊ လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “ မင်းက နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းကို သွားမှာလား “

“ ဘာနတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းလဲ။ အဲ့ကို ဘာလို့ သွားရမှာလဲ “ လုချန်ရှန်းသည် မျက်မှောင်ကြုတ်ကာ၊ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

သူသည် ထိုနေရာအကြောင်းကို တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ၊ ဝိညာဥ်ကျောက်တုံးများ မရှိဘူးဆိုပါက၊ သူသည် ထိုနေရာသို့ သွားမည် မဟုတ်ပေ။

သို့ရာတွင် မီထျန်းမှာ ထပ်မံ၍ မှင်သက်သွားခဲ့ရပြန်သည်။

“ မင်းက နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းအကြောင်းကို မသိဘူးလား “

“ ငါက သိသင့်လို့လား “ လုချန်ရှန်းမှာလည်း နားမလည်နိုင် ဖြစ်သွားခဲ့၏။

မီထျန်းမှ ရှင်းပြလာခဲ့၏ “ မင်းက လူတွေကို ဒုက္ခပေးဖို့အတွက်ပဲ ယွမ်နယ်မြေကို သွားခဲ့တာလား “

“ လူတွေကို ဒုက္ခပေးတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ အဲ့တာက ဘာစကားကြီးလဲ “

“ ယွမ်နယ်မြေက နတ်ဝိညာဥ် ကျင့်ကြံရေးအတွက်ပဲ မဟုတ်ဘူး၊ အဲ့တာက သတင်းအချက်အလက်တွေအတွက်ပါ၊ လူအများဆုံး စုဝေးကြတဲ့ နေရာတစ်ခုပဲ။ မင်းက ဘာကိုမှ မသိဘူးပဲ “

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ မင်းသိပါတယ်ကွာ၊ ငါတော်တော်လေးကို အလုပ်များနေခဲ့တာလေ “

မီထျန်းသည် သူနှင့် ငြင်းခုန်နေရန် ပျင်းရိလွန်းနေခဲ့ကာ၊ ယခင်က အကြောင်းအရာကိုသာ ဆက်ပြောလာခဲ့၏ “ အရင်က ငါတို့တွေ့ခဲ့ရတဲ့ အနက်ရောင်မြစ်ကို မှတ်မိသေးလား “

“ မှတ်မိတယ်လေ “

“ အနက်ရောင်မြစ်ရဲ့ အရင်းအမြစ်က နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းမှာ ရှိတယ် “

“ ဟမ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်း၏ အမူအရာ ပြောင်းလဲသွားသည်။ အဆိုပါ မြစ်က အလွန်တရာ ထူးဆန်းကာ၊ ကျိန်စာသင့်နေပြီး၊ အလိုတရာ ဆိုးရွားသည်ဟု၊ ကူချန်ကျွင်းမှ ပြောပြခဲ့ဖူးသည်။

သူရှင်းရှင်းလင်းလင်း အမှတ်မိဆုံး အရာကမူ အနက်ရောင်မြစ်အတွင်းတွင် ရှိနေခဲ့သည့်၊ ရွှေရောင်စာရွက်ပင် ဖြစ်သည်။ သူသည် ကျမ်းစာသုံးပိုဒ်ကို မြင်တွေ့ခဲ့ရပြီး၊ စိတ်နှလုံးသားကို တည်ငြိမ်အောင် မထားနိုင်ခဲ့ပေ။

တစ်ချက်မျှငေးကြည့်ရုံနှင့်တင်၊ သူသည် သူက အဆိုပါ ကျမ်းစာကို ရရှိခဲ့မည်ဆိုပါက၊ အကယ်၍ ၎င်းက မပြည့်မစုံဖြစ်နေမည်ဆိုလျှင်တောင်မှ၊ ၎င်းက သူ့အား ဓားတာအို၏ လမ်းကြောင်းကို၊ မြင်တွေ့ရအောင် ပြုလုပ်ပေးနိုင်သည်ဟု ခံစားနေခဲ့ရ၏။

သူ၏ ဓားတာအိုက အဆင့်မတက်နိုင်ဘဲ၊ ပိတ်ဆို့နေခဲ့သည်မှာ တစ်နှစ်ကျော်ကြာနေခဲ့ပြီ ဖြစ်သည်။

“ ဆိုတော့၊ အဲ့နေရာမှာ ကျမ်းစာတွေ ရှိနေနိုင်တယ်လို့ ပြောချင်နေတာလား “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်၏။

မီထျန်းမှ ခေါင်းခါပြလာခဲ့သည်။

“ ရှိနေနိုင်တာ မဟုတ်ဘူး၊ အဲ့နေရာမှာ သေချာပေါက်ကို ရှိတယ် “

…………………………………………………………………………………………………………………………………….

အပိုင်း ( 134 )

နတ်ဘုရား မြှပ်နှံခြင်းတောင်တန်း

ရှောင်ဟေး၏ စကားလုံးများမှာ မထင်မှတ်ထားသော အရာများသာ ဖြစ်နေခဲ့သည်။

လုချန်ရှန်းသည် စိတ်ဝင်တစား ဖြစ်သွားခဲ့သည်၊ အကယ်၍ ဝိညာဥ်ကျောက်တုံးများ မရှိဘူးဆိုပါက၊ သူက ထိုနေရာတွင် ပိတ်ဆို့နေသည်မှာ ကြာနေခဲ့ပြီဖြစ်သောကြောင့်၊ ကျမ်းစာမှာလည်း အလုပ်ဖြစ်မည် ဖြစ်သည်။

“ ငါ့ကို အသေးစိတ်ပြောပြ “

ရှောင်ဟေးသည် ခေါင်းငြိမ့်ပြကာ၊ ပြန်ပြောလာခဲ့သည် “ ငါ့မျိုးနွယ်စုနဲ့ ဆက်သွယ်ခဲ့ပြီးတော့၊ သူတို့က ငါ့ကို ကိစ္စတစ်ချို့ ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ငါးရာကျော်လောက်တုန်းက၊ လူတစ်ယောက်က အံ့ဖွယ်ကောင်းတဲ့ ကျမ်းစာတစ်ခုကို ရသွားခဲ့တယ်တဲ့၊ အဲ့တာက ရှေးခေတ်ရဲ့ အစွမ်းအထက်ဆုံး ဓားကျမ်းစာတွေထဲက တစ်ခုဖြစ်နိုင်တယ် “

“ အစွမ်းအထက်ဆုံးလား “ လုချန်ရှန်း အံ့အားသင့်သွားခဲ့သည်။

ထိုကဲ့သို့သော စကားလုံးများမှာ ပေါ့ပေါ့ပါးပါး မပြောသင့်သော အရာများ ဖြစ်သည်။

ရှောင်ဟေးမှ စကားဆက်ပြောလာခဲ့၏ “ ကျမ်းစာကို ရသွားခဲ့တဲ့ လူက၊ ဆယ်စုနှစ်တစ်ခုကျော် အတွင်းမှာပဲ၊ ဓားတာအိုရဲ့ နတ္ထိ/ဟင်းလင်းပြင်နယ်ပယ်ကို ရောက်သွားခဲ့တယ်။ အဲ့တာကြောင့်ပဲ၊ အင်အားစု အကုန်လုံးက သူ့ကို လိုချင်တပ်မက်ခဲ့ပြီးတော့၊ သူက နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းကို ထွက်ပြေးသွားခဲ့တယ်။ သူသေသွားဖို့ များတယ်၊ ဒါပင်မဲ့၊ ကျမ်းစာကိုတော့ အဲ့နေရာမှာ တွေ့နိုင်တယ်။ သူက ကျမ်းစာကို၊ အဲ့နေရာက ရခဲ့တာ ဖြစ်ဖို့များတယ်လို့၊ ငါ့မျိုးနွယ်စုကတောင် ပြောခဲ့တယ် “

လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ၊ ပြန်ပြောလိုက်သည် “ စိတ်လှုပ်ရှားဖို့ကောင်းမဲ့ပုံပဲ “

“ မင်းသွားစမ်းကြည့်လို့ရတယ် “

“ မင်းပြောစကားတွေအရဆိုရင်၊ အဲ့တာက လူတော်တော်များများကို သေချာပေါက် ဆွဲဆောင်သွားလိမ့်မယ်။ အဲ့တာက တော်တော်လေးကို အန္တရာယ်များတယ်လို့ ခံစားနေရတယ် “

ရှောင်ဟေးသည် ခေါင်းငြိမ့်၍၊ တုံ့ပြန်လာခဲ့၏ “ အမှန်ပဲ၊ အထူးသဖြင့် လျှပ်စီးငှက်နဲ့ ကောင်းကင်ဝါးမျိုငှက်ပဲ၊ သူတို့တွေက သေချာပေါက်ရလာလိမ့်မယ်။ လူသားမျိုးနွယ်စုကလည်း အဲ့ကို စုပြုံရောက်လာလိမ့်မယ် “

“ လျှပ်စီးငှက်နဲ့ ကောင်းကင်ဝါးမျိုငှက်လား။ ဘာကိုဆိုလိုတာလဲ “ လုချန်ရှန်း စိတ်ရှုပ်ထွေးသွား၏။

ရှောင်ဟေးမှ ပြောပြလာခဲ့သည် “ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင်၊ ကျမ်းစာကို ရသွားတဲ့ လူဆီမှာ သွေးမျိုးဆက် အများကြီး ရှိတယ်။ သူ့ဆီမှာ ငါ့မျိုးနွယ်စုနဲ့ လျှပ်စီးငှက်အပြင်၊ လူသားမျိုးနွယ်စုရဲ့ သွေးမျိုးဆက်ပါ ရှိတယ်။ လူသားမျိုးနွယ်စုက သူ့ကို မရှာနိုင်ဘူး၊ ဒါပင်မဲ့ အဲ့ဒီမျိုးနွယ်စု နှစ်ခုကတော့၊ သွေးမျိုးဆက်တွေကနေ သူ့ကို ရှာနိုင်တယ် “

“ သွေးမျိုးဆက်တွေ များတာလား။ နောက်ထပ်သွေးနှောတစ်ယောက်လား “

“ ဟုတ်တယ် “ ရှောင်ဟေးမှ ပြန်ပြောလာခဲ့၏ “ သူ့အဘိုးက ကောင်းကင်ဝါးမျိုငှက်၊ သူ့အဘွားကျတော့ လျှပ်စီးငှက်လေ၊ ပြီးတော့ သူ့အဖေက လူသားမျိုးနွယ်စုဝင်တစ်ယောက်နဲ့ လက်ထပ်ခဲ့တာ၊ အဲ့တာကြောင့် သူ့ဆီမှာ သွေးမျိုးဆက် သုံးခုရှိတယ် “

“ တော်တော်လေးကို မျိုးစုံရောနေတာပဲ “

လုချန်ရှန်း မျက်မှောင်ကြုတ်သွား၏။ သူကျင်းယုနှင့် ဆုံတွေ့ခဲ့ရသည်မှာ သိပ်မကြာသေးပေ၊ ယခုတွင်မူ နောက်တစ်ဦးကို ထပ်မံ၍ ကြားသိခဲ့ရပြီ ဖြစ်သည်။

ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့သည် “ အဲ့တာကြောင့် ကောင်းကင်ဝါးမျိုငှက်နဲ့ လျှပ်စီးငှက်၊ မျိုးနွယ်စုနှစ်ခုလုံးက အဲ့ဒီအမွေအနှစ်ကို၊ ရဖို့အတွက် စိတ်ပိုင်းဖြတ်ထားတယ် “

“ မင်းတို့ အကုန်လုံးက၊ အဲ့တာက မင်းတို့နဲ့ဆိုင်တယ်လို့ ထင်နေကြတယ်ပေါ့၊ ဟက် “

“ ဟမ် …… “

ရှောင်ဟေးသည် ဆွံ့အသွားကာ၊ မငြင်းပယ်နိုင် ဖြစ်သွားခဲ့သည်။ သူတို့သည် ထိုအတိုင်းသာ တွေးနေခဲ့ကြသည်။

လုချန်ရှန်းမှာလည်း ဆွံ့အသွားခဲ့သည်။ ဒီကောင်တွေကတော့၊ အမွေအနှစ် မရှိတဲ့ ကျင်းယုကျတော့ သွေးမသန့်ဘူးတဲ့၊ အခုအမွေအနှစ်ရှိတဲ့ လူတစ်ယောက်ကျတော့၊ သူတို့ရဲ့ မျိုးနွယ်စုဝင်လို့ ထင်နေကြတယ်၊ တော်တော်ကို တရားကျဖို့ကောင်းတဲ့ကောင်တွေပဲ

ရှောင်ဟေးသည် ထိုအကြည့်ကို အာရုံခံမိသွားကာ၊ သူဘာတွေးနေလဲဆိုသည်ကို ခံစားမိပုံရကာ၊ အနည်းငယ် ရှက်ရွံ့သွား၏။

သို့ရာတွင် သူသည် သူ၏လည်ချောင်းကိုရှင်းကာ၊ စကားထပ်ပြောလာခဲ့သည် “ ဆိုတော့၊ မင်းကရော အဲ့ကိုသွားတော့မှာလား “

“ မင်းရဲ့ မျိုးနွယ်စုနဲ့ တွေ့ခဲ့တဲ့ အချိန်တုန်းက၊ ငါ့ကို ခေါ်သွားပေးဖို့ ဘာလို့ မပြောခဲ့ရတာလဲ။ ငါသွားမှာလားလို့ ဘာကိစ္စမေးနေရတာလဲ “

လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေတော့သည်။ သူသည် ဝိညာဥ်ကျောက်တုံးများ စုဆောင်းရန်၊ ထိုနေရာသို့ သွားမည် ဖြစ်သည်။

သူကိုယ်တိုင်မှာလည်း သူက အဆိုပါ ကျမ်းစာအား ရ၊ မရဆိုသည်ကို မြင်တွေ့ချင်နေခဲ့သည်။ ထိုကဲ့သို့သော ကိစ္စမျိုးက အတော်ပင် အန္တရာယ်များလှသည်၊ ထို့ကြောင့် သူသည် ဂရုတစိုက် စီစဥ်ပြင်ဆင်ရဦးမည် ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် သူသည် ရှောင်ဟေးကို ယွမ်နယ်မြေသို့ သွားရန်ပြောလိုက်သည်။ ထိုနေရာ၏ ဝိညာဥ်စွမ်းအင်က အလွန်တရာ ပေါများကြွယ်ဝသောကြောင့်၊ ၎င်းက ကျင့်ကြံရေးတွင် သူ့ကို ကူညီပေးလိမ့်မည် ဖြစ်သည်။ ဤကာလအတွင်းတွင်၊ ရှောင်ဟေးက ဓားတာအိုကို အဆင့်၅အထိ နားလည်ထားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူ၏ နတ်ဝိညာဥ်ကသာ တိုးတက်အားကောင်းလာမည်ဆိုပါက၊ သူ၏ ဓားတာအို ကျင့်ကြံရေးက ပိုမိုမြန်ဆန်လာလိမ့်မည် ဖြစ်သည်။

သူကိုယ်တိုင်အတွက်ကမူ၊ သူသည် ထိုနေရာသို့ သွားရောက်ရန်၊ အလွန်တရာပျင်းရိနေခဲ့သည်။

ရှောင်ဟေးသည် သူ၏ ပြဿနာကို ကူညီဖြေပေးရန်အတွက်၊ မေးမြန်းခဲ့သည်။

နယ်ပယ်တစ်ခုချင်းစီတိုင်း၏ နတ်ဝိညာဥ်တွင် အကန့်အသတ် ရှိနေခဲ့ပြီး၊ သူသည် သူ၏အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်၊ ထို့ကြောင့်သာလျှင် ဝိညာဥ်စွမ်းအင်များကို၊ မစုပ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယွမ်ပြည်နယ်က သူ့အတွက် အသုံးမဝင်တော့သည့်အလား ဖြစ်နေခဲ့သည်။

သို့သော် အကယ်၍ သူကသာ အဆင့်၂ဆင့်(သို့) ၃ဆင့်တက်သွားမည်ဆိုပါက၊ သူသည် တိုက်ပွဲအလံများကို လုယူကာ၊ ၎င်းတို့ကို ပြန်လည်ငှားရမ်း၍၊ ဝိညာဥ်ကျောက်တုံးများ ရှာဖွေရန်အတွက်၊ ဒုတိယအလွှာ သွားနိုင်ပေ၏။

အစီအစဥ် တစ်ခုကို ရေးဆွဲခဲ့ပြီးသည့်နောက်တွင်၊ သူသည် ဝိညာဥ်ကျောက်တုံး တစ်ချို့ကို ချွေတာနိုင်ရန်အတွက်၊ စတင်၍ ကျင့်ကြံနေတော့သည်။

နတ်ကောင်းကင်ဂိုဏ်းမှာလည်း အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ရုပ်သေးပါ ပြန်လည်ရောက်ရှိလာခဲ့၏။ ထိုလူများသည် မည်သည့်လှည့်ကွက်မှ၊ မသုံးဝံ့ဘဲ၊ ဝိညာဥ်ကျောက်တုံး နှစ်သန်းကို အသာတကြည် ထည့်ပေးခဲ့ကြ၏။

နောက်ထပ် ရက်ပိုင်းမျှအကြာတွင်၊ ကူချန်ကျွင်းပါ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ဂိုဏ်းမှာလည်း တစ်ဖန်ပြန်၍ သက်ဝင်လှုပ်ရှားလာခဲ့၏။

သိပ်မကြာခင် အချိန်မှာပင်၊ ကူချန်ကျွင်းနှင့် လအရှင်သခင်တို့၊ အပြင်ထွက်သွားကြသည်။ သူတို့သည် နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်း ကိစ္စကို၊ သွားရောက်စုံစမ်းကြခြင်း ဖြစ်သည်။ ၎င်းက မကြာခင် အချိန်မှာပင် ပွင့်တော့မည် ဖြစ်သည်။

ကူချန်ကျွင်းသည် သူ၏ တပည့်သုံးဦးစလုံးကို ခေါ်လာခဲ့သည်။

သူသည် နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းဆီသို့၊ ကျိုးချင်ယုကို ခေါ်သွားချင်နေ၏။ သူတို့၏မှန်းဆ၊ တွက်ချက်မှုများအရ၊ ဓားတာအိုကို နားလည်တတ်ကျွမ်းထားသူများက၊ ထိုနေရာတွင် အသာစီးရပြီး၊ ကျမ်းစာကို ရှာတွေ့နိုင်ခြေ မြင့်မားသည်ဟု၊ သိရှိခဲ့ရသည်။

“ တျန်ရီ၊ ချန်ရှန်း၊ မင်းတို့ရဲ့ စီနီယာအစ်ကိုကြီးကို ခေါ်ပြီးတော့၊ ငါခရီးထွက်ဦးမယ်။ မင်းတို့နှစ်ယောက်က ဂိုဏ်းထဲမှ ကောင်းကောင်းကျင့်ကြံကြ “ ဟု ကူချန်ကျွင်းမှ ပြောလာခဲ့သည်။

ယဲ့တျန်ရီမှ တုံ့ပြန်လိုက်၏၊ သို့သော် လုချန်ရှန်းကမူ ဘာစကားမှ ပြန်မပြောလိုက်ပေ။ သူသည် ထိုလူများက မည်သည့်အရာများ ပြုလုပ်မလဲဆိုသည်ကို သိနေခဲ့သည်။

တပည့်တစ်ဦးတည်း ခေါ်ဆောင်သွားခြင်းမှာ ကူချန်ကျွင်းက မျက်နှာလိုက်နေခြင်း မဟုတ်ပေ၊ ထိုနေရာက ဖရိုဖရိုဖြစ်ကာ၊ အင်အားစု အမျိုးမျိုး ဆုံစည်းကြသည့် နေရာမျိုး ဖြစ်ပြီး၊ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူများက အနည်းငယ်မျှသာ အရေးပါနေခဲ့သည်။ သူတို့နှစ်ဦး၏ ကျင့်ကြံရေးဖြင့်၊ ထိုနေရာသို့ သွားခြင်းက၊ ယုတ္တိမဲ့သော ကိစ္စတစ်ခု ဖြစ်သည်။

သို့ရာ၌၊ ကူချန်ကျွင်းသည် စကားပြောခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းကို ငေးကြည့်လာခဲ့ပြီး၊ တစ်စုံတစ်ခုကို မှတ်မိသွားပုံရကာ၊ စကားထပ်ပြောလာ၏ “ တျန်ရီ၊ မင်းရဲ့ ဂျူနီယာညီလေးကို သေချာစောင့်ကြည့်ထား။ သူ့ကို လျှောက်ပြေးနေခွင့် မပြေးနဲ့ “

“ ဟုတ်၊ ဆရာ “

ယဲ့တျန်ရီသည် အလွယ်တကူ သဘောတူလာခဲ့၏။

လုချန်ရှန်းကမူ မျက်မှောင်ကြုတ်ကာ၊ စိတ်ရှုပ်ထွေးသွားခဲ့သည်၊ အထူးသတိပေးချက်တစ်ခုကို လိုအပ်လောက်တဲ့အထိ၊ ငါက ဆိုးရွားနေလို့လားဟ

ကူချန်ကျွင်းမှ စကားဆက်ပြောလာခဲ့သည် “ ချန်ရှန်း၊ ဂိုဏ်းထဲမှာပဲ ရိုးရိုးသားသားနေပါ။ မင်းရဲ့ ဆရာက မင်းအတွက် တာအိုလက်တွဲဖော်လောင်းတွေ ရွေးထားခဲ့ပြီးပြီ၊ သူတို့အားလုံးက အလှလေးတွေချည်းပဲ။ ဒီတစ်ခါ ငါပြန်ရောက်တဲ့ အချိန်ကျရင်၊ သူတို့နဲ့ တွေ့ဖို့ ခေါ်သွားပေးမယ် “

လုချန်ရှန်း : “ ??? “

သူသည် ရှင်းပြခွင့်ပင် မပေးဘဲ၊ ချက်ချင်းလှည့်ထွက်သွားခဲ့သည်။

ယဲ့တျန်ရီမှာလည်း လုချန်ရှန်း၏ ပခုံးကို ပုတ်ကာ၊ ပြုံးစိစိသွားခဲ့ပြီး၊ သူ၏ အကြည့်များ ခိုင်မာပြတ်သားနေခဲ့၏။

လုချန်ရှန်းသည် ဆွံ့အသွားပြီး၊ သူ၏အင်မော်တယ်ဂူဆီသို့ ပြန်သွားကာ၊ ဆက်လက်၍ ကျင့်ကြံနေတော့သည်။

အတွင်းနှင့် အပြင်ဂိုဏ်း၊ နှစ်ခုစလုံးက ကြိုတင်ပြင်ဆင်မှုများကို စတင်၍ လုပ်ဆောင်နေကြပြီ ဖြစ်သည်။ အရှင်သခင်လေးပါးစလုံး လှုပ်ရှားမည်ဟု သတင်းထွက်နေခဲ့ပြီး၊ ၎င်းသည် နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းသို့၊ သွားရောက်မည့် ခရီးစဥ်က မည်မျှအရေးကြီးလဲဆိုသည်ကို သက်သေပြနေခဲ့သည်။

ရှောင်ဟေးပါ ပြန်ရောက်လာခဲ့ပြီး၊ လုချန်ရှန်း၏ အမြင်ကို ထပ်မံ၍၊ မေးမြန်းလာခဲ့သည်။

“ သွားကြည့်ဖို့ အဆင်ပြေပါတယ် “

လုချန်ရှန်းသည် ထိုနေရာသို့ သွားရန် ဆုံးဖြတ်ထားစဲပင်။ ဝိညာဥ်ကျောက်တုံးများသာလျှင် မဟုတ်ဘဲ၊ ထိုနေရာတွင် ကျမ်းစာပါ ရှိ၊ မရှိဆိုသည်ကို သူသိချင်နေခဲ့၏။ သူက ရေစက်ပါသူ ဖြစ်နေမည်လော။

ပို၍အရေးကြီးသော အရာမှာ ကျမ်းစာက စွဲမက်ဖွယ်ကောင်းနေခြင်းပင် ဖြစ်သည်။

သူကသာ ဂရုတစိုက်ဖြင့် မျက်နှာဖုံးကို ဝတ်ဆင်ထားကာ၊ လူအုပ်ကြီးအတွင်းသို့ ရောနှောဝင်ရောက်နိုင်သရွေ့၊ အခြေအနေများ ဆိုးရွားလာမည်ဆိုလျှင်တောင်မှ၊ သူသည် ကန်းယွင်ကားချပ်ကြောင့်၊ အန္တာရာယ် အများစုကို ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။

မကြာခင် အချိန်မှာပင်၊ သူတို့အားလုံး ထွက်ခွာရမည့် နေ့ရက် ရောက်ရှိလာခဲ့သည်။

အရှင်သခင်လေးပါးစလုံး လှုပ်ရှားလာခဲ့ပြီး၊ သူတို့သည် သူတို့၏ ကိုယ်ပိုင်တပည့်များကို အရှေ့ပိုင်းသို့ ခေါ်ဆောင်သွားကြ၏။

နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းသည်၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းပြည်နယ်များ အကြားတွင်၊ တည်ရှိ၏။

လူတိုင်း ထွက်ခွာသွားသည့် အချိန်တွင်၊ နတ်ကောင်းကင်ဂိုဏ်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ညအမှောင်ယံတွင်၊ လုချန်ရှန်းသည် ကူချန်ကျွင်း၏ တာအိုနယ်မြေမှ၊ လမ်းလျှောက်ထွက်လာခဲ့ပြီး၊ ဂိုဏ်းမှ တိတ်တဆိတ် ထွက်သွားကာ၊ နတ်ဘုရား မြှုပ်နှံခြင်း တောင်တန်းဆီသို့ ဦးတည်သွားတော့သည်။

သူသည် အသွားလမ်းတွင် မြို့တစ်မြို့ကို တွေ့ရှိခဲ့ပြီး၊ ပို့ဆောင်ရေး အစီအရင်ကို အသုံးပြုကာ၊ ထိုနေရာသို့ သွားနေတော့၏။ ၎င်းက မိုင်သိန်းနှင့်ချီ၍ ဝေးကွာနေသောကြောင့်၊ ကိုယ်တိုင်ပျံသန်းသွားလာနေမည်ဆိုပါက၊ အချိန်မည်မျှ ယူရမလဲဆိုသည်ကို မည်သူမှ မသိကြပေ။

ထိုကဲ့သို့ဆိုလျှင်တောင်မှ၊ ထိုနေရာအနားသို့ ရောက်ရှိရန်၊ ဆယ်ရက်နီးပါး အချိန်ယူခဲ့ရသည်။

ရှောင်ဟေးကမူ မီးဖိုအတွင်းတွင်၊ အလွန်တရာ စိတ်လှုပ်ရှားနေလျက်ရှိသည်။ နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းသို့ ရောက်ရှိသွားသရွေ့၊ သူသည် သူ၏မျိုးနွယ်စုဝင်များနှင့် ပြန်လည်ပေါင်းစည်းနိုင်ကာ၊ မည်သည့်အရာကိုမှ ကြောက်စရာလိုတော့မည် မဟုတ်ပေ။ သူသည် ၎င်းကို အတော်လေးမျှော်လင့်မိနေတော့သည်။

လီသုံးထောင်(ကီလိုမီတ ၁၅၀၀)ခန့် ထပ်သွားခဲ့ပြီးသည့်နောက်၌၊ လူတိုင်း၏ အမြင်အာရုံအတွင်းသို့၊ မှောင်မိုက်သော နယ်မြေတစ်ခု၊ တိုးဝင်လာခဲ့၏။ အဆုံးတွင် နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်း အနားသို့၊ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လုချန်ရှန်းသည် လမ်းတစ်လျှောက်လုံးတွင်၊ လူအများအပြားနှင့် ဆုံတွေ့ခဲ့ပြီး၊ အခြေအနေ အများပြားနှင့် ကောလဟာလ အမျိုးမျိုးကို၊ ကြားသိခဲ့ရသည်။

သို့သော် အဆိုပါ တောင်တန်းကို မြင်လိုက်ရသောအခါတွင်၊ သူ၏စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်။ ထိုနေရာကို အဆုံးမဲ့ တိမ်မည်းများ ဖုံးလွှမ်းနေပြီး၊ မျက်စိတစ်ဆုံးမြင်နိုင်သမျှတွင်၊ အနက်ရောင် မြစ်တစ်စင်းက ၎င်းကို ဝိုင်းရံထားပြီး၊ လူတိုင်းအား နက်နဲရှုပ်ထွေးသော ခံစားချက်တစ်ခုကို၊ ခံစားသွားရစေခဲ့၏။

လုချန်ရှန်းသည် ကောင်းကင်ယံရှိ၊ တိမ်တိုက်များကို ငေးကြည့်နေတော့သည်။ တောင်တန်းဒေသ၏ အလယ်ဗဟိုရှိ၊ အမြင့်ဆုံး တောင်ထိပ်တစ်ခုအပေါ်တွင်၊ ဓားဆန္ဒတစ်ခု ရစ်ဝဲမျောလွင့်နေလျက်ရှိ၏။

“ ဒဏ္ဍာရီတွေကတော့၊ အဲ့ဒီတောင်ပေါ်မှာ၊ အဖိုးမဖြတ်နိုင်တဲ့ နတ်ဓားတစ်လက်ကို ဖွက်ထားပြီးတော့၊ ကောင်းကင်ဘုံကို ဆန့်ကျင်နေတဲ့၊ ဓားတာအို အမွေအနှစ်တစ်ခု ရှိတယ်လို့ ပြောကြတယ် “ ဟု ရှောင်ဟေးမှ ပြောပြလာခဲ့သည်။

လုချန်ရှန်းသည် ကောင်းကင်ထက်သို့ ခုန်တက်သွားကာ၊ တောင်တန်းဒေသတစ်ခုလုံးကို၊ ချုံငုံကြည့်ရှုနေတော့သည်။ အလယ်ပိုင်းသည် အမှန်တကယ် ထူးခြားနေခဲ့သည်၊ သို့သော် သူ၏အကြည့်က တောင်ပေါ်သို့ ကျရောက်သွားသည့် အချိန်မှာပင်၊ ဧရာမ အရိပ်မည်းတစ်ခုက အဝေးရှိ ကောင်းကင်ယံကို ကျော်ဖြတ်လာခဲ့၏၊ ၎င်း၏ ချဥ်းကပ်လာမှုနှင့်အတူ၊ ပတ်ဝန်းကျင် တစ်ခုလုံး မည်းမှောင်သွားခဲ့သည်။

၎င်းက ကောင်းကင်ဝါးမျိုငှက်တစ်ကောင်ပင် ဖြစ်သည်။

…………………………………………………………………………………………………………………………………..

အပိုင်း ( 135 )

ကိုယ်ကျင့်တရားက ဘယ်မှာလဲ။ သည်းခံနိုင်စွမ်းက ဘယ်မှာလဲ

ဧရာမ ကောင်းကင်ဘုံ ဝါးမျိုငှက်သည် ကောင်းကင်ထက်တွင် ပျံသန်းနေလျက်ရှိပြီး၊ ၎င်း၏ တောင်ပံများကို ခတ်နေခဲ့ကာ၊ တုန်ခါမှု လှိုင်းလုံးများကို ဖြစ်ပေါ်သွားစေခဲ့၏။

သက်ရှိသတ္တဝါ အားလုံး မှင်သက်သွားကာ၊ သူတို့၏ မျက်လုံးများ အတွင်းတွင် ရိုသေလေးစားမှုတို့ဖြင့်၊ ပြည့်နှက်သွားခဲ့သည်။

အဆိုပါ မျိုးနွယ်စုသည် တောင်ပိုင်းဒေသ၏ အရှေ့ပိုင်းပြည်နယ်တွင်၊ တည်ရှိပြီး၊ ရှေးခေတ်ကတည်းက၊ လက်ဆင့်ကမ်းလာခဲ့သော အမွေအနှစ်တစ်ခုနှင့်၊ ကြောက်ခမမ်းလိလိ နက်ရှိုင်းသော အခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။

လုချန်ရှန်းသည် ၎င်းကို အာရုံခံမိနေခဲ့၏၊ ထိုငှက်က အလွန်တရာ အားကောင်းနေပြီး၊ မွေးရာပါ ဝိညာဥ်နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေဖို့များသည်။

ရှောင်ဟေးကပါ ၎င်းကို အာရုံခံမိနေခဲ့သည်၊ မီးဖိုတုန်ခါသွားကာ၊ စိမ်းနက်ရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူသည် တောင်ပံများကို ခတ်ကာ၊ ကောင်းကင်ထက်သို့ ပျံသန်းသွားတော့၏၊ သူ၏ခန္ဓာကိုယ် အရွယ်အစားသည် မူလအတိုင်း ပြန်ဖြစ်သွားကာ၊ ကောင်းကင်ပြင်ကို လှည့်ပတ်နေတော့သည်။

“ ဘာတွေ ဖြစ်နေတာလဲဟ “

တစ်ခြားလူများသည် နားမလည်နိုင် ဖြစ်သွားကြသည်၊ သို့သော် သူတို့သည် ကောင်းကင်ဝါးမျို ငှက်နှစ်ကောင် တွေ့ဆုံသည်ကို၊ ယခင်က မြင်တွေ့ထားခဲ့ပြီးပြီ ဖြစ်သည်။

ဤအချိန်၌၊ သူတို့အားလုံး၏ အကြည့်များ အောက်မှာပင်၊ ရှောင်ဟေးသည် လူသားပုံစံအဖြစ် အသွင်ပြောင်းပြီး၊ ချောမောသော အသွင်အပြင်များဖြင့်၊ အသက်နှစ်ဆယ့်ငါး(သို့) နှစ်ဆယ့်ခြောက်နှစ်အရွယ် လူငယ်တစ်ဦး၏ ရုပ်ရည်ကို ပိုင်ဆိုင်ထားခဲ့သည်၊ သို့သော် သူ၏မျက်လုံးများကမူ စိမ်းနက်ရောင် အလင်းတန်းဖြင့်၊ တောက်ပနေကာ၊ အရာအားလုံးကို ဝါးမြိုနိုင်စွမ်းရှိနေသည့်အလား ဖြစ်နေခဲ့သည်။

လုချန်ရှန်း အံ့အားသင့်သွားခဲ့သည်၊ သူသည် ရှောင်ဟေးက လူသားပုံစံအဖြစ်၊ အသွင်ပြောင်းလိုက်သည်ကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

တစ်ခြားသော ကောင်းကင်ဝါးမျိုငှက်မှာလည်း လူသားပုံစံအဖြစ် အသွင်ပြောင်းသွားခဲ့သည်၊ ထိုလူသည် အသက် ငါးဆယ်(သို့) ခြောက်ဆယ်အရွယ် သက်လတ်ပိုင်းလူတစ်ဦး ဖြစ်ပြီး၊ သူသည် ရှောင်ဟေးကို ကြည့်ကာ၊ ပြုံးနေခဲ့သည်။

“ မီထျန်း “

ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

ရှောင်ဟေးမှ တုံ့ပြန်လိုက်၏ “ မျိုးနွယ်စု ဦးလေး “

၎င်းကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် ရှောင်ဟေး၏ ဘေးတစ်ဖက်သို့ ရောက်လာခဲ့ပြီး၊ သူ၏ပခုံးပေါ်သို့ လက်တင်ကာ၊ အပြုံးဖြင့် စကားဝင်ပြောနေတော့၏ “ ရှောင်ဟေး၊ နောက်ဆုံးတော့ မင်းက အိမ်ပြန်နိုင်ခဲ့ပြီပဲ “

၎င်းကို မြင်လိုက်ရသောအခါတွင်၊ ကောင်းကင်ဝါးမျိုငှက်သည် လေးလေးနက်နက် ဖြစ်နေသော လေသံမျိုးဖြင့် တုံ့ပြန်လာခဲ့သည် “ မောက်မာချက်၊ မင်းး ……. “

“ မျိုးနွယ်စုဦးလေး၊ သူက ကျွန်တော်ရဲ့ သူငယ်ချင်းကောင်းပါ၊ ဒီတစ်ချိန်လုံး သူကပဲ ကျွန်တော့်ကို ကာကွယ်ပေးခဲ့တာပါ “ ဟု ရှောင်ဟေးမှ ရှင်းပြလိုက်၏။

ငှက်အိုကြီးသည် အံ့အားသင့်သွားကာ၊ စိတ်သဘောထား ပြောင်းလဲသွားခဲ့သည်။

“ မိတ်ဆွေလေး၊ စိတ်ထဲမထားပါနဲ့ “

“ ကျွန်တော်တို့က မိသားစုတွေပဲလေ၊ ယဥ်ကျေးမနေပါနဲ့ဗျာ “

လုချန်ရှန်းသည် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းထားခဲ့သည်၊ ရှောင်ဟေး၏ အမူအရာ ရှုံ့မဲ့သွား၏၊ ဒီကောင်က လုံးဝအရှက်မရှိဘူးပဲ

ချက်ချင်းဆိုသလိုပင်၊ သူတို့သည် ကောင်းကင်ဝါးမျိုငှက်၏ ခံတပ်ဆီသို့၊ ဦးတည်သွားကြသည်။

တောင်ထိပ်တစ်ခုအပေါ်တွင်၊ ပုံရိပ်အများအပြား မတ်တပ်ရပ်နေလျက်ရှိ၏။

ရှောင်ဟေးကို မြင်လိုက်ရသောအခါတွင်၊ လူတော်တော်များများက အံ့ဩသွားပြီး၊ တစ်ဦးပြီးတစ်ဦး ရှေ့တက်ကာ၊ သူ့အနားသို့ တိုးလာကြ၏။

လုချန်ရှန်းကမူ သူတို့၏ အနောက်ဘက်တွင် အပြုံးတစ်ခုဖြင့်၊ တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့ပြီး၊ အနည်းငယ် စိတ်အားထက်သန်နေလျက်ရှိ၏။

သို့ရာတွင် ထိုလူများသည် ယခင်က ရှောင်ဟေးကဲ့သို့ပင်၊ မာနကြီးသော အမူအရာများဖြင့်၊ သူတို့၏ ဦးခေါင်းများကို မိုးထိလုမတတ် မော့ထားခဲ့ကြသည်။

တစ်ခဏအကြာတွင်၊ လူငယ်တစ်ဦးသည် လုချန်ရှန်းကို သတိပြုမိသွားကာ၊ အပြုံးဖြင့် မေးမြန်းလာခဲ့သည် “ မီထျန်း၊ ဒါက ဘယ်သူလဲ။ မင်းရဲ့ အစေခံအသစ်လား “

“ ပေါက်ကရတွေ လျှောက်မပြောနဲ့၊ သူက ငါ့မိတ်ဆွေ “ ဟု ရှောင်ဟေးမှ ပြန်ပြောလိုက်သည်။

လုချန်ရှန်းမှာလည်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုလူငယ်မှ စကားထပ်ပြောလာခဲ့သည် “ မင်းက လူသားမျိုးနွယ်စုနဲ့ ဘယ်အချိန်တုန်းက သူငယ်ချင်း ဖြစ်သွားရတာလဲ။ မင်းက ငါတို့ ကောင်းကင်ဝါးမျိုငှက်မျိုးနွယ်စုကို မျက်နှာလိုမျက်နှာရလုပ်ဖို့ ကြိုးစားနေတာလား “

“ ပေါက်ကရတွေ တော်လိုက်တော့ “ ရှောင်ဟေးမှ လေးလေးနက်နက် ပြန်ပြောလိုက်ကာ၊ စိတ်နှလုံးသား တင်းကြပ်သွားခဲ့သည်။ သူ၏ လုချန်ရှန်း၏ အကြည့် ပြောင်းလဲသွားသည်ကို ယခုလေးတင် သတိပြုမိနေခဲ့၏။

သို့သော် လူငယ်ကမူ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ပေါ့ပေါ့ပါးပါး ပြောလိုက်တဲ့ မှတ်ချက်လေးတစ်ခုပါပဲ၊ စိတ်ထဲထားနေဖို့ မလိုပါဘူး။ အရင်က ငါခရီးသွားခဲ့တုန်းကလည်း၊ ငါတို့ မျိုးနွယ်စုကို ဖားယားချင်နေတဲ့ လူသားမျိုးနွယ်စုတွေမှ အများကြီး၊ အဲ့ဒီအဆင့်နိမ့်ကောင်တွေ ……. “

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် ဒေါသမထွက်သွားဘဲ၊ ပြုံးပြုံးရွှင်ရွှင်ဖြင့်၊ အရှေ့သို့ ငေးကြည့်နေတော့သည်။

ရှောင်ဟေးသည် ၎င်းကို မြင်တွေ့သွားကာ၊ စိတ်နှလုံးသား လေးလံသွားပြီး၊ လျင်မြန်စွာ အော်ငေါက်လိုက်သည် “ ပါးစပ်ပိတ်ထားစမ်း “

“ ကောင်လေး၊ ငါမင်းကို သတိပေးလိုက်မယ်၊ ငါတို့အရှေ့မှာ …… “

“ ပါးစပ်ပေါက်ကို ပိတ်ထားလို့ ငါပြောနေတယ်လေ “

ရှောင်ဟေး၏ အမူအရာ ပြောင်းလဲသွားကာ၊ သူ၏လက်ကို မြှောက်၍၊ အဆိုပါ လူငယ်၏ မျက်နှာကို ရိုက်ချလိုက်သည်။

အဆိုပါ ဖြစ်ရပ်သည် လူတိုင်းကို အငိုက်မိသွားစေခဲ့သည်၊ လူငယ်သည် ဘေးတစ်ဖက်သို့ ချက်ချင်းလွင့်ထွက်သွားကာ၊ တောင်၏ကိုယ်တည်တစ်ဝက်ကို တိုက်ရိုက်ပြိုကျသွားစေခဲ့သည်။

အားလုံးသည် ရှောင်ဟေးက အမှန်တကယ် လှုပ်ရှားလာလိမ့်မည်ဟု၊ မထင်မှတ်ထားသောကြောင့်၊ တအံ့တဩ ဖြစ်သွားကြသည်။

သူက လုချန်ရှန်းကို ကြည့်ကာ စကားပြောလိုက်သောကြောင့်၊ လူတိုင်းပို၍ အံ့ဩမှင်သက်သွားကြသည် “ သူတို့ကို စိတ်ထဲထားမနေနဲ့၊ သူတို့က အလိုလိုက်ခံထားရတာ “

“ မင်းက သူ့ကို ဘာကိစ္စရိုက်လိုက်ရတာလဲ။ အဲ့တာက ငါ့ရဲ့ ကိစ္စလေ၊ ငါ့ဟာငါ ကိုင်တွယ်နိုင်ပါတယ် “ လုချန်ရှန်း၏ အပြုံး ပျောက်ကွယ်သွားကာ၊ မျက်မှောင်ကြုတ်သွားခဲ့သည်။

တစ်ခြားလူများသည် နားမလည်နိုင် ဖြစ်သွားကြသည်။

သို့ရာတွင် ရှောင်ဟေးကမူ အနည်းငယ် ပျာယာခတ်သွားခဲ့သည်။

တစ်ခြားလူများက မသိကြသော်လည်း၊ သူကောင်းစွာ သိရှိနေခဲ့သည်၊ ထို့လူကို မည်သို့မျှ ရန်စ၍ မ‌ရပေ။ နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှာ သက်ရှိသာဓက တစ်ခုဖြစ်သည်၊ ၎င်းက မည်မျှသနားဖွယ်ကောင်းလိုက်သနည်း။

“ ယဲ့မီထျန်း၊ မင်း အပြင်လူတစ်ယောက်အတွက် ငါ့ကို တိုက်ခိုက်ခဲ့တယ်ပေါ့၊ မင်း …….. “

တစ်ချိန်တည်းမှာပင်၊ အဆိုပါ လူငယ်မှ အော်ဟစ်ဟိန်းဟောက်လာခဲ့၏။

ဝှစ်

ရှောင်ဟေးမှ ထပ်မံ၍ ထိုးချလိုက်ရာ၊ စိမ်းနက်ရောင်မှော်စွမ်းအား ပေါက်ထွက်လာခဲ့ပြီး၊ သူ့ကို တိုက်ရိုက်ရိုက်ချကာ၊ ဖိနှိပ်လိုက်သည်။

ထိုလှုပ်ရှားမှုသည် လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်၊ သူက သူ့ရဲ့ မျိုးနွယ်တူ ညီအစ်ကိုတစ်ယောက်ကို လူသားတစ်ယောက်အတွက်၊ တကယ်ကြီး တိုက်ခိုက်လိုက်တယ်ပေါ့။

လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့သည် “ အို့၊ ရှောင်ဟေး၊ မင်းက ဘာကိစ္စ ကြားဝင်စွက်ဖက်နေရတာလဲ။ ထားလိုက်ပါလေ၊ ငါအရင်သွားတော့မယ်။ ငါ့ကို ပစ္စည်းတွေ ပေးရဦးမယ်ဆိုတာကို သတိရဦး “

ထို့နောက်တွင် သူလှည့်ထွက်သွားတော့သည်။

“ နေဦး “

ရှောင်ဟေးသည် စကားပြောဆိုနေရင်းဖြင့်၊ သူ့အနောက်သို့ လိုက်သွားတော့သည်၊ ထိုကိစ္စကို ယခုချက်ချင်း ဖြေရှင်းခြင်းကသာလျှင် အကောင်းဆုံး ဖြစ်သည်၊ အကယ်၍ သူကိုယ်တိုင် ကိုင်တွယ်ခွင့်ပေးလိုက်မည်ဆိုပါက၊ မည်သည့်အရာများ ဖြစ်ပျက်လာမည်နည်း။

တစ်ခြားလူများသည် နားမလည်နိုင်ဖြစ်သွားကြပြီး၊ အကြီးအကဲများကပင် စကားဝင်ပြောလာကြသည် “ မီထျန်း၊ တကယ်လို့ မင်းရဲ့ မျိုးနွယ်စုညီက နည်းနည်းလေး ရိုင်းပြမိသွားတယ်ဆိုရင်တောင်မှ၊ ဒီလောက်ကြီးအထိ မလုပ်သင့်ဘူးလေ၊ အဲ့တာက သူစိမ်းကွ “

“ သူဘယ်သူလဲဆိုတာကို ခင်ဗျားတို့ သိကြလား။ ခင်ဗျားတို့က သူ့ကို ဘယ်လိုလုပ် စော်ကားရဲတာလဲ “

“ ဘယ်သူလဲ “

“ ချင်းယီ “

“ အဲ့တာက ……. “

စကားလုံးအနည်းငယ်ဖြင့်၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ယွမ်နယ်မြေ ပြန်ပွင့်လာခြင်းနှင့်အတူ၊ သတင်းပေါင်းစုံ ပျံ့နှံ့လာခဲ့သည်။

ချင်းယီဆိုသည့် အမည်ကို ကလေးအစ၊ ခွေးအဆုံး သိနေကြပြီး ဖြစ်သည်။

သူ၏လုပ်ရပ်များကို ကြားသိခဲ့ရပြီးသည့်နောက်တွင်၊ လူတိုင်းက လေးစားမှုတို့ဖြင့်၊ သက်ပြင်းတချချ ဖြစ်သွားခဲ့ကြ၏။

တစ်ခြားလူများမှ ပြန်ပြောလာခဲ့သည် “ အဲ့လိုဆိုရင်တောင်မှ၊ မင်းအဲ့လိုမလုပ်လိုက်သင့်ဘူး “

ရှောင်ဟေးမှ ပြန်ပြောလိုက်သည် “ ခင်ဗျားတို့နဲ့ ထပ်မပြောချင်တော့ဘူး။ အခုအချိန်ကနေစပြီးတော့၊ သူ့ကို စော်ကားတဲ့လူတိုင်းက၊ ကျုပ်ရဲ့ရန်သူ ဖြစ်လာလိမ့်မယ် “

ထို့နောက်တွင် သူသည် လုချန်ရှန်းအနောက်သို့၊ ပြေးလိုက်သွားတော့သည်။

အကယ်၍ လုချန်းရှန်းအတွက်သာ မဟုတ်ဘူးဆိုပါက၊ သူ၏ယခုလက်ရှိ အခြေအနေက မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို မသိပေ၊ သူလုပ်ဆောင်နေသည့် အရာက၊ မျိုးနွယ်စု၏ ကောင်းကျိုးအတွက်ပါ ဖြစ်သည်။

လုချန်ရှန်းက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို၊ မည်သူကမှ သူ့ထပ်ပိုမသိနိုင်ပေ၊ သူ့ကို ရန်စခြင်းမှာ ကိုယ့်သေကြောင်းကြံနေခြင်း ဖြစ်သည်။

တစ်နည်းဆိုရသော်၊ အကယ်၍ သူကသာ ယခုလေးတင် မလှုပ်ခဲ့ဘူးဆိုပါက၊ လုချန်ရှန်းကိုယ်တိုင် လှုပ်ရှားလာမည်ဖြစ်ကာ၊ အခြေအနေ ပိုဆိုးသွားမည် ဖြစ်သည်။

“ အဲ့ကိစ္စကို ထားလိုက်ပါတော့၊ သူတို့က အဲ့လိုပဲ။ ငါက သူတို့ကို သင်ခန်းစာတစ်ခုပေးခဲ့ပြီးပြီလေ “ ရှောင်ဟေးသည် လုချန်ရှန်းကို လိုက်မှီလာခဲ့ကာ၊ စကားထပ်ပြောလာခဲ့၏။

လုချန်ရှန်းမှ ပြုံးပြလာခဲ့၏ “ အို့၊ မင်းရောပဲ၊ မင်းက မင်းရဲ့မျိုးနွယ်တူ ညီအစ်ကိုအပေါ်မှာ တော်တော်ကြီးကို ရက်စက်တာပဲ “

“ သူက မင်းကို မလေးမစား လုပ်ခဲ့တယ်လေ၊ သူကိုယ်တိုင်က အဲ့လိုဖြစ်လာဖို့အတွက် တောင်းဆိုခဲ့တာ “

“ တကယ်တော့ ငါက စိတ်ထဲထားမနေပါဘူး ” လုချန်ရှန်းမှ အပြုံးဖြင့် ပြန်ပြောလာခဲ့၏။

ရှောင်ဟေးသည် မယုံကြည်နိုင်ဖြစ်သွားကာ၊ တုံ့ပြန်လာခဲ့သည် “ ဆိုတော့ မင်းက သူ့ကို လွှတ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလား “

“ မင်းဘာတွေ ပြောနေတာလဲ “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည် “ သူက မင်းရဲ့ မျိုးနွယ်တူ ညီအစ်ကိုလေ၊ မင်းက သူ့ကို သင်ခန်းစာပေးလိုက်ပြီလေ၊ ငါက သူ့ကို ဘာမှမလုပ်ပါဘူးကွာ “

“ ကောင်းတယ် “ ရှောင်ဟေးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်၊ သူသည် လုချန်ရှန်းက အငြှိုးအတေးထားနေမည်ကို၊ အမှန်တကယ် ကြောက်ရွံ့နေခဲ့သည်။

သို့ရာတွင် လုချန်ရှန်းမှ စကားဆက်ပြောလာခဲ့သည် “ စိတ်မပူပါနဲ့၊ ငါက အဲ့လောက် သဘောထားသေးသိမ်နေတဲ့ လူမဟုတ်ပါဘူး။ သူ့ရဲ့ တောင်းပန်မှုအတွက် ဝိညာဥ်ကျောက်တုံး နှစ်သိန်းပဲ ပြင်ဆင်ထားပေး “

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ရှောင်ဟေး၏ မျက်ဝန်းများ လှုပ်ရမ်းသွားခဲ့သည်၊ သူသည် လုချန်ရှန်း၏ စိတ်ပုပ်မှုကို လျှော့တွက်မိနေခဲ့၏။ ဒီကောင်က အငြှိုးအတေး ထားထားတာပဲ

လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ကာ၊ စကားထပ်ပြောလာခဲ့သည် “ စိတ်မကောင်းမဖြစ်ပါနဲ့၊ မင်းမျက်နှာကြောင့် နှစ်သိန်းပဲ ယူထားတာ၊ တစ်ခြားလူတွေဆိုရင် တစ်သန်းပဲ “

“ ကျေးဇူးတင်ပါတယ် “

ရှောင်ဟေး ဆွံ့အသွားတော့၏၊ ငါ့မျက်နှာက တကယ်ကို တန်ဖိုးရှိတာပဲ၊ ရှစ်သိန်းလောက် လျှော့ဈေးရလိုက်တာပဲ

သို့ရာတွင် သူသည် လုချန်ရှန်းနှင့် မည်သို့မျှ ရန်သူမဖြစ်လိုခဲ့ပေ၊ နှစ်သိန်းဆိုသည်မှာ သေးငယ်သော ပမာဏ မဟုတ်ပေ။

ရှောင်ဟေးသည် စကားပြောနေရင်းဖြင့်၊ လက်စွပ်တစ်ကွင်းကို ကမ်းပေးလာခဲ့သည် “ ဒါက ဝိညာဥ်ကျောက်တုံး တစ်သန်းနှစ်သိန်း။ အရင်က ငါတို့သဘောတူထားခဲ့တဲ့ တစ်သန်းနဲ့၊ ခုနက လျော်ကြေးနှစ်သိန်းအတွက်ပဲ။ ကျန်တာတွေအတွက်ကတော့ ပမာဏက ကြီးလွန်းနေတယ်၊ မျိုးနွယ်စုကို ရှင်းပြရဦးမယ် “

“ အင်း “

လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ မည်သို့မျှ အလျင်လိုမနေခဲ့ပေ။

“ ကောင်းပြီလေ၊ မင်းရဲ့ မျိုးနွယ်တူ အဖွဲ့ဝင်တွေနဲ့ ပြန်ပေါင်းစည်းနေဦး။ ငါလျှောက်ကြည့်လိုက်ဦးမယ် “

“ နေဦး “

ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့၏။

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ကိစ္စရှိသေးလို့လား “

“ ငါ့ရဲ့မီးဖို “

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းမှ စိတ်ရှုပ်ထွေးစွာဖြင့်၊ မေးခွန်းပြန်ထုတ်လာခဲ့၏ “ ဘာမီးဖိုလဲ “

“ ငါအမြဲဝင်နေခဲ့တဲ့ဟာလေ “

“ မင်းက အရင်က ဘယ်ထဲမှာ ဝင်နေခဲ့တာလဲ “

ရှောင်ဟေး : “ … “

ရှောင်ဟေး အံ့ဩတုန်လှုပ်သွားခဲ့သည်၊ ဒီကောင်က ငါ့ရဲ့မီးဖိုကို တကယ်ကြီး ခိုးဖို့လုပ်နေတာပဲ

ဘာမှမသိဟန်ဆောင်နေသည့် အချိန်တွင်၊ သူ၏ အမူအရာတွင် အံ့အားသင့်နေသည့် အရိပ်အငွေ့များ စွန်းထင်းနေပြီး၊ သူ၏မျက်လုံးတို့မှာလည်း အပြစ်ကင်းစင်ကာ၊ မည်သည့်ကိစ္စမှ မဖြစ်ပျက်ခဲ့သည့်အလား ဖြူစင်နေခဲ့သည်၊ ၎င်းက ထိုလူ့အပေါ်တွင် ရှိနေသည့် သူ၏အမြင်ကို ထပ်မံ၍ ဆန်းသစ်သွားစေခဲ့သည်။

မီးဖိုက ဘယ်မှာလဲ။ ကိုယ်ကျင့်တရားက ဘယ်မှာလဲ။ သည်းခံစိတ်က ဘယ်မှာလဲ။

……………………………………………………………………………………………………………………………

All Chapters