← Chapters

အခန်း (၁၇၂၆-၁၇၂၈)

Vol. 116 Ch. 1726-1728

အခန်း (၁၇၂၆-၁၇၂၈)

Vol. 116 Ch. 1726-1728

အခန်း (၁၇၂၆)

ချန်းလု သေဆုံးခြင်း

ကျောက်စိမ်းနဂါးဂိုဏ်း။

ကျောက်စိမ်းနဂါး နတ်ဘုရင်ခံသည် သွေးလင်းယုန်ခန်းမ၏ အကြောင်းပြန်ကြားချက်ကို ဂိုဏ်းအစည်းအဝေးခန်းမအတွင်း စိုးရိမ်တကြီး စောင့်ဆိုင်းနေ၏။

သူ၏ အမြင်အရ ချန်းလု သေဆုံးသွားသည့် သတင်းကို လျှို့ဝှက်လဝန်းနန်းတော်က သိသွားလောက်ပြီ ဖြစ်သည်။ သူ၏ တပည့်ရင်းအတွက် လက်စားချေဖို့ တံခါးပိတ်ကျင့်စဉ်စခန်းမှ ထွက်လာရန် ယွမ်ယုတိ ဆုံးဖြတ်လိုက်ပါက ကျောက်စိမ်းနဂါးဂိုဏ်းသို့ သူမ ခဏချင်းအတွင်း ရောက်ရှိလာနိုင်သည်။

နတ်ဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကို ကျောက်စိမ်းနဂါးဂိုဏ်း၏ နည်းဗျူဟာပုံစံက တောင့်ခံနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။

ထိုသို့တွေးတောရင်း ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ၏စိတ်ထဲ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။

ထိုစဉ် ဝိညာဉ်ကြွေ နတ်ဘုရင်ခံ၏ လက်ထဲရှိ ကျောက်စိမ်းတံဆိပ်ပြားထံမှ တောက်ပသော အလင်းတန်းများ ဆက်တိုက် ထွက်ပေါ်လာ၏။ ထိုအရာကို မြင်လျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

နောက်ဆုံးတွင် သတင်းရောက်လာပြီ ဖြစ်သော်လည်း သွေးလင်းယုန်ခန်းမက မည်သို့ စဉ်းစားထားသည်ကိုတော့ သူ မသိရသေးပေ။

သွေးလင်းယုန်ခန်းမသို့ တိုက်ရိုက်သွားရမှာလား သို့မဟုတ် အခြားတစ်နေရာတွင် ပုန်းနေရမှာလား။

ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ အတွေးထဲ နစ်မြောနေစဉ် ဝိညာဉ်ကြွေ နတ်ဘုရင်ခံက ကျောက်စိမ်းတံဆိပ်ပြားကို ကောက်ယူကာ အသက်သွင်းလိုက်၏။ အကြောင်းအရာကို ဖတ်ပြီးနောက် သူ ခဏခန့် တိတ်ဆိတ်သွား၏။

ဝိညာဉ်ကြွေ နတ်ဘုရင်ခံ စကားမပြောသည်ကို မြင်လျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက

“သံတမန်... ဘယ်လိုအခြေအနေရှိလဲ”

ဝိညာဉ်ကြွေ နတ်ဘုရင်ခံက

“တတိယ ခန်းမသခင်က ကျုပ်တို့ကို ကျောက်စိမ်းနဂါးဂိုဏ်းမှာပဲ ဆက်စောင့်ပြီး ထောင်ချောက်တွေ ဆင်ထားစေချင်တယ်။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ စစ်တပ်လာတာကို စောင့်ပြီး သူတို့ရဲ့ အင်အားကို လျှော့ချပစ်ဖို့ပဲ။”

ထိုအရာကို ကြားလျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ မျက်မှောင်ကြုတ်သွား၏။ လျှို့ဝှက်လဝန်းနန်းတော် နောက်ဆုံးတွင် ရှုံးနိမ့်သွားလိမ့်မည်ဟု ယူဆသောကြောင့် သူတို့သည် သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။

သွေးလင်းယုန်ခန်းမ၏ ရက်စက်မှုနှင့်ဆိုလျှင် ကျောက်စိမ်းနဂါးဂိုဏ်းကို သွေးချောင်းစီး သတ်ဖြတ်ပစ်နိုင်သဖြင့် သူ့ကိုယ်သူ ကယ်တင်ရန် သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

သို့သော် ယခု သွေးလင်းယုန်ခန်းမသည် ကျောက်စိမ်းနဂါးဂိုဏ်းတွင် စစ်ပွဲစတင်လိုနေပြီး သူတို့၏ လူများကို စတေးခံများကဲ့သို့ သဘောထားနေပေပြီ။

ကျောက်စိမ်းနဂါးဂိုဏ်းအတွင်း စစ်ပွဲတကယ် ဖြစ်ပွားလာပါက အသက်ရှင်ကျန်ရစ်သူ အရေအတွက် အနည်းငယ်မျှသာ ရှိပေလိမ့်မည်။

ထိုသို့ တွေးတောမိရင်း ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ၏ မျက်နှာ ပျက်ယွင်းသွား၏။ သွေးလင်းယုန်ခန်းမက သူတို့ကို စတေးခံများအဖြစ် သဘောထားမည်မှန်း သိခဲ့ပါက သူ ဤမျှ မြန်မြန် ပူးပေါင်းခဲ့မည် မဟုတ်ပေ။

သွေးလင်းယုန်ခန်းမနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့၏ စစ်ပွဲ ပြီးဆုံးလုနီးမှသာ ပူးပေါင်းမည်ဆိုပါက ကျောက်စိမ်းနဂါးဂိုဏ်း၏ တပည့်များကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်ပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် ဘာပြောပြော နောက်ကျသွားခဲ့ပေပြီ။ အကယ်၍ ချန်းလုသာ ကျောက်စိမ်းနဂါးဂိုဏ်းတွင် မသေဆုံးသွားခဲ့ပါက သူတို့၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး လျှို့ဝှက်လဝန်းနန်းတော်သို့ တိတ်တဆိတ် ဆက်သွယ်ကာ ဟန်ပြ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုနိုင်သေးသည်။

သို့သော် ယခုတော့ လျှို့ဝှက်လဝန်းနန်းတော် သခင်၏ တပည့်ရင်း ကျောက်စိမ်းနဂါးဂိုဏ်းတွင် သေဆုံးသွားခဲ့ပြီဖြစ်ရာ သူတို့၏ ပူးပေါင်းမှုမှာ အတုအယောင်ဖြစ်ကြောင်း ပြောဆိုရန် လူလွှတ်ပါက ထိုသူ ချက်ချင်း အသတ်ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ၏ ပျက်ယွင်းနေသော မျက်နှာအမူအရာကို မြင်လျှင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံလည်း သူ၏ အတွေးနေကို သိသဖြင့် ပြုံးလျက်

“ဂိုဏ်းချုပ်... စိတ်ပူစရာမလိုပါဘူး။ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံကို တည်ဆောက်ပြီးတာနဲ့ သွေးလင်းယုန်ခန်းမရဲ့ တပည့်တွေက ကျောက်စိမ်းနဂါးဂိုဏ်းဆီ တိုက်ရိုက် ရောက်လာကြလိမ့်မယ်။ ကျောက်စိမ်းနဂါးဂိုဏ်းက တပည့်တွေကတော့ နောက်တန်းကနေ ကူညီပေးရုံပါပဲ။”

သွေးလင်းယုန်ခန်းမသည် ယုတ်မာသော်လည်း လူမိုက်များတော့ မဟုတ်ကြပေ။ အကယ်၍ သူတို့သည် ပူးပေါင်းလာသည့် ဂိုဏ်းများကို စတေးခံများအဖြစ် သဘောထားခဲ့ပါက ထိုအရာကို လျှို့ဝှက်လဝန်းနန်းတော်၏ အခြားလက်အောက်ခံ ဂိုဏ်းများ သိသွားလျှင် သွေးလင်းယုန်ခန်းမထံ ပူးပေါင်းလာတော့မည် မဟုတ်ပေ။ ထိုအခါ အခြားဂိုဏ်းများကို စည်းရုံးရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။

ထို့ပြင် မိစ္ဆာနတ်များသည် သဘာဝအရ ဖြောင့်မတ်သောနတ်များကို ဖိနှိပ်နိုင်စွမ်း ရှိကြ၏။ အရေးကြီးဆုံးမှာ မိစ္ဆာနတ်များသည် သတ်ဖြတ်မှုများလေလေ စွမ်းအား ပို၍ မြန်မြန် တိုးတက်လေလေ ဖြစ်သည်။ သွေးလင်းယုန်ခန်းမ တပည့်များအတွက် စစ်ပွဲသည် အခွင့်အရေးကောင်း တစ်ခုပင်။

ကျောက်စိမ်းနဂါးဂိုဏ်းမှ စစ်ပွဲသည် သွေးလင်းယုန်ခန်းမ တပည့်များ၏ စွမ်းအားကို မြှင့်တင်ရန် အဖိုးမဖြတ်နိုင်သော အခွင့်အရေးဖြစ်ရာ ထိုအခွင့်အရေးကို ကျောက်စိမ်းနဂါးဂိုဏ်း၏ တပည့်များထံ ပေးအပ်ရန် သူတို့တွင် အစီအစဉ်မရှိပေ။ ကျောက်စိမ်းနဂါးဂိုဏ်းမှာ နည်းဗျူဟာပုံစံများကို ထိန်းသိမ်းရန်နှင့် အချိန်တန်လျှင် ထောင်ချောက်များ ဆင်ထားရန်သာ ဖြစ်သည်။

ထိုစကားကို ကြားလျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွား၏။

ထိုအချက်က အဓိပ္ပာယ်ရှိသည်။ အကယ်၍ ပူးပေါင်းလာသော မဟာမိတ်များကို အစကတည်းက စတေးခံအဖြစ် သဘောထားခဲ့လျှင် မည်သူက သူတို့နှင့် ပူးပေါင်းလိုတော့မည်နည်း။

ထို့ပြင် ကျောက်စိမ်းနဂါးဂိုဏ်းသည် သေးငယ်သော ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ပေ။ သူတို့ သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းလိုက်သည့် သတင်း ပျံ့နှံ့သွားပါက လျှို့ဝှက်လဝန်းနန်းတော်လက်အောက်ခံ အခြားအင်အားစုများက အမြဲတမ်း စောင့်ကြည့်နေကြပေလိမ့်မည်။

ဝိညာဉ်ကြွေ နတ်ဘုရင်ခံက

“နောက်တစ်ဆင့်အနေနဲ့ ချန်းလု သေဆုံးသွားတာကို ကြေညာပေးပါ။ နန်းတော်သခင်ရဲ့ တပည့်ရင်းက ကျောက်စိမ်းနဂါးဂိုဏ်းမှာ သေဆုံးသွားတာက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ စိတ်ဓာတ်ကို ပြင်းပြင်းထန်ထန် ရိုက်ချိုးနိုင်လိမ့်မယ်။”

ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက

“ကောင်းပါပြီ... ချန်းလု သေဆုံးသွားတဲ့ သတင်းကို ချက်ချင်း ဖြန့်ခိုင်းလိုက်ပါ့မယ်”

လဝက်ခန့် ကြာပြီးနောက် လျှို့ဝှက်လဝန်းနန်းတော် သခင်၏ တပည့်ရင်း သေဆုံးသွားသည့် သတင်း လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ကြီးကျယ်သော တုန်လှုပ်ချောက်ချားမှုကို ဖြစ်ပေါ်စေခဲ့သည်။

……

နှင်းခဲမြို့။

မြို့တော်ဝန် စံအိမ်။

မြို့တော်ဝန် ဟန်ရှုဝမ် စီစဉ်ပေးထားသော အဆောင်အတွင်း၌ ယဲ့ချူယောင် ကျင့်ကြံနေ၏။ သူမသည် တာဝန်တစ်ခုဖြင့် ဖြတ်သန်းသွားလာရင်း ဤနေရာ၌ ရက်အနည်းငယ်ကြာ အနားယူရန် စဉ်းစားထားခြင်း ဖြစ်သည်။

ယခုအခါ နှင်းခဲမြို့တွင် လျှို့ဝှက်လဝန်းနန်းတော်လက်အောက်ရှိ နတ်မြို့များသို့ တိုက်ရိုက်ဆက်သွယ်ထားသော တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံများ ရှိနေပြီ ဖြစ်သည်။ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံကို အသုံးပြု၍ သူမသည် နတ်မြို့တော်သို့ တိုက်ရိုက် သွားရောက်နိုင်သည်။

သို့သော် ယဲ့ချူယောင်၌ ပြန်ရန် အစီအစဉ်မရှိပေ။ အကြောင်းရင်းတစ်ခုခုကြောင့် လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ရန် တွေးလိုက်တိုင်း ချန်းလု၏ ပုံရိပ်က သူမ၏ စိတ်ထဲ အလိုလို ပေါ်လာတတ်သောကြောင့် ဖြစ်၏။

အေးမြသော လေပြေတစ်ချက် ဝှေ့ယမ်းလာကာ ယဲ့ချူယောင်၏ နားထင်မှ ဆံနွယ်များကို အသာအယာ လှုပ်ခါသွားစေ၏။ သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး အဆောင်၏ အဝင်ဝသို့ ကြည့်လိုက်၏။

နောက်တစ်ခဏတွင် ဟန်ရှုဝမ် အဆောင်အတွင်းသို့ အလောတကြီး ဝင်ရောက်လာ၏။

ယဲ့ချူယောင်က

“ဘာကိစ္စရှိလို့လဲ”

ဟန်ရှုဝမ်သည် ခဏခန့် တုံ့ဆိုင်းနေပြီးနောက် ကျောက်စိမ်းလိပ်ကို ထုတ်ယူကာ

“သံတမန်... ဒါကို ကိုယ်တိုင်ပဲ ကြည့်လိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။”

ယဲ့ချူယောင် လက်ကို မြှောက်လိုက်ရာ ဟန်ရှုဝမ်၏ လက်ထဲရှိ ကျောက်စိမ်းလိပ် သူမ၏ လက်ထဲသို့ ပျံဝင်လာ၏။ ထို့နောက် သူမ၏ နတ်စွမ်းအားကို အသုံးပြု၍ ကျောက်စိမ်းလိပ်ကို အသက်သွင်းကာ အကြောင်းအရာများကို ဖတ်ရှုလိုက်သည်။

နောက်တစ်ခဏတွင် ယဲ့ချူယောင်၏ စိတ်များ ဗလာဖြစ်သွား၏။

ကျောက်စိမ်းလိပ်အတွင်းရှိ သတင်းကို သိလိုက်သောအခါ သူမ စိတ်ထဲ မယုံကြည်နိုင်ပဲ

“ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...”

ကျောက်စိမ်းလိပ်အတွင်းရှိ သတင်းမှာ ချန်းလု သေဆုံးသွားသည့် သတင်းပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွား၏။ သူမ၏ နတ်အငွေ့အသက်များသည် ခန္ဓာကိုယ်အတွင်း၌ ကစဉ့်ကလျား ဖြစ်နေပြီး သူမ၏ ခန္ဓာကိုယ်ကလည်း အချိန်မရွေး လဲပြိုတော့မည့်အတိုင်း ယိမ်းထိုးနေ၏။

ဟန်ရှုဝမ်က

“သံတမန်... စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားပါ...”

ယဲ့ချူယောင်က စိတ်ကို ပြန်လည် စုစည်းလိုက်ပြီး

“ဒီသတင်းက ဘယ်ကလာတာလဲ”

ဟန်ရှုဝမ်က

“ကျောက်စိမ်းနဂါးဂိုဏ်းကပါ။ အခု ကျောက်စိမ်းနဂါးဂိုဏ်းက သွေးလင်းယုန်ခန်းမနဲ့ ပူးပေါင်းသွားပြီ။ ကျောက်စိမ်းနဂါးဂိုဏ်းနားက မြို့တော်ဝန်တွေကလည်း သခင်လေးချန်း အဲ့ဒီကို သွားတာကို မြင်လိုက်ကြတယ်ဆိုတော့ ဒီသတင်းက မှန်ဖို့ များပါတယ်။”

ယဲ့ချူယောင်၏ မျက်နှာမှာ ဖြူလျော်သွား၏။ သူတို့၏ နောက်ဆုံးလမ်းခွဲမှုမှာ ထာဝရ နှုတ်ဆက်ခြင်း ဖြစ်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

လျင်မြန်စွာပင် ယဲ့ချူယောင် တစ်စုံတစ်ခုကို တွေးမိသွား၏။ အရှင်လတ်လတ် ချန်းလုသည် သေဆုံးသွားသော ချန်းလုထက် ပို၍ သွေးလင်းယုန်ခန်းမအတွက် တန်ဖိုးရှိသည်။ သူတို့ အနေနှင့် ချန်းလုကို တိုက်ရိုက် သတ်ပစ်စရာ အကြောင်း မရှိပေ။

ဤအရာက သွေးလင်းယုန်ခန်းမက တမင်တကာ ထုတ်လွှင့်လိုက်သော သတင်းမှားလည်း ဖြစ်နိုင်သည်။

ချန်းလုသည်သွေးလင်းယုန်ခန်းမ၏ လက်ထဲတွင် ရှိနေနိုင်သေးသည်။ သူ မထွက်ခွာမီ ချန်းလုသည် ရှောင်ရွှီရင် သို့မဟုတ် ကောက်ရှီယွမ်တို့ထံတွင် ဝိညာဉ်မီးအိမ် သို့မဟုတ် အသက်ဓာတ် ကျောက်စိမ်းပြားကို ထားခဲ့လောက်သည်။

ချန်းလု သေဆုံးခြင်း ရှိ မရှိ အတည်ပြုရန် အကောင်းဆုံးနည်းလမ်းမှာ လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်၍ ရှောင်ရွှီရင် သို့မဟုတ် ကောက်ရှီယွမ်တို့ကို မေးမြန်းရန်သာ ဖြစ်သည်။

ထိုသို့ တွေးမိသည်နှင့် ယဲ့ချူယောင်လည်း တုံ့ဆိုင်းမနေပဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နှင်းခဲမြို့ရှိ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံဆီသို့ ချက်ချင်း ဦးတည်သွား၏။

လျှို့ဝှက်လဝန်းနန်းတော်သို့ ယဲ့ချူယောင် လျင်မြန်စွာ ပြန်ရောက်လာခဲ့သည်။ သူမ ပြန်ရောက်သည်နှင့် ချန်းလု၏ အဆောင်သို့ တန်းတန်းမတ်မတ် သွားလိုက်၏။

ချန်းလု၏ အဆောင်အတွင်း၌ မည်သည့် နည်းဗျူဟာပုံစံမှ ဆင်ထားခြင်း မရှိပေ။ နောက်ဆုံးတွင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့က သူ့ကို လက်ထပ်ထားပြီး ဖြစ်သည်။ သူသည် ထိုသူနှစ်ဦးနှင့် ပွင့်ပွင့်လင်းလင်း စုံတွဲကျင့်စဉ်ကို ကျင့်ကြံနိုင်သည်။

ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်အတွင်း၌ သီးခြားခွဲထုတ်ခြင်း နည်းဗျူဟာပုံစံများ ဆင်ထားခြင်းမှာလည်း အသုံးမဝင်သလောက်ပင် ဖြစ်၏။ ယွမ်ယုတိ၏ စွမ်းရည်နှင့်ဆိုလျှင် သီးခြားခွဲထုတ် နည်းဗျူဟာပုံစံများအတွင်း၌ ဖြစ်ပျက်နေသည်များကို အလွယ်တကူ မြင်နိုင်သည်။

………….

အခန်း (၁၇၂၇)

ကိုယ်ပွား

ချန်းလု၏ အဆောင်သို့ ယဲ့ချူယောင် ရောက်ရှိချိန်တွင် ရှောင်ရွှီရင်၏ အခန်းထဲမှ အမျိုးသမီးတစ်ဦး အော်ဟစ်နေသည့် အသံကို ကြားလိုက်ရ၏။ ထိုအသံမှာ ရှောင်ရွှီရင်၏ အသံဖြစ်ကြောင်း သိလိုက်လျှင် ယဲ့ချူယောင်၏ မျက်နှာ ချက်ချင်းပင် အေးစက်သွားသည်။

ချန်းလု သေဆုံးသွားသည်မှာ မကြာသေးသော်လည်း ရှောင်ရွှီရင်သည် အခြားအမျိုးသားတစ်ဦးနှင့် ပတ်သက်နေပြီ ဖြစ်၏။

ဒေါသအဟုန်ကြောင့် ရှောင်ရွှီရင်၏ အခန်းတံခါးကို ယဲ့ချူယောင် ဓားဖြင့် ခုတ်ဖြတ်ဖွင့်လှစ်လိုက်ပြီး အတွင်းသို့ တန်းတန်းမတ်မတ် ဝင်သွားကာ အေးစက်စွာ ပြောလိုက်၏။

ယဲ့ချူယောင်က

“ညီမလေးရှောင်... နင်ကတော့ ငါ့ကို တကယ် စိတ်ပျက်အောင် လုပ်လိုက်တာပဲ။”

ရုတ်တရက် ဖြစ်ပျက်သွားသည့် မြင်ကွင်းကြောင့် ချန်းလုနှင့် ရှောင်ရွှီရင်တို့ မှင်တက်သွားကြပြီး ယဲ့ချူယောင်ထံသို့ လှည့်ကြည့်လိုက်ကြ၏။ အဆောင်အတွင်းသို့ တစ်စုံတစ်ဦး ဝင်လာသည်ကို သူတို့ ခံစားမိသော်လည်း သူတို့၏ နေအိမ်ဖြစ်သဖြင့် မည်သူမှ အတင်းဝင်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

သို့သော် ယဲ့ချူယောင်သည် တံခါးကို ဓားချက်တစ်ချက်ဖြင့် ဖျက်ဆီးကာ တကယ်ပင် ဝင်ရောက်လာခဲ့၏။

စကားအဆုံး၌ ယဲ့ချူယောင်လည်း သူမ၏ ရှိရင်းစွဲနေရာတွင်ပင် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ရှောင်ရွှီရင်၏ နောက်ရှိ လူမှာ တကယ်ပင် ချန်းလု ဖြစ်နေသောကြောင့်ပင်။

ဤအရာက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။ ကျောက်စိမ်းနဂါးဂိုဏ်းတွင် မိစ္ဆာနတ်၏ လက်ချက်ဖြင့် သူ သေဆုံးသွားခဲ့ပြီဟု ကြားခဲ့ရသည် မဟုတ်ပါလား။

ထိုအခိုက်အတန့်တွင် ရှောင်ရွှီရင်လည်း သတိပြန်ဝင်လာ၏။ သူမက ယဲ့ချူယောင်ကို အနေရခက်စွာ ကြည့်လိုက်သည်။

သူမသည် ချန်းလု၏ အမျိုးသမီး ဖြစ်နေပြီ ဖြစ်သဖြင့် ချန်းလုနှင့် ရင်းနှီးကျွမ်းဝင်နေခြင်းမှာ သဘာဝကျသော်လည်း အပြင်လူတစ်ဦး၏ ရှေ့မှောက်တွင် ဤသို့ အကြည့်ခံရခြင်းက ရှက်စရာကောင်းနေသည်။

ရှောင်ရွှီရင်က ယဲ့ချူယောင်ကို

“အစ်မ... အစ်မ ဘာလုပ်နေတာလဲ”

ရှောင်ရွှီရင်၏ စကားကြောင့် ယဲ့ချူယောင် သတိပြန်ဝင်လာပြီး သူမကို ကြည့်နေသည့် ချန်းလုထံသို့ အကြည့်များ ရောက်သွား၏။ ချန်းလု၏ အငွေ့အသက်သည် အားနည်းနေပြီး လူနတ်အဆင့်တွင်သာ ရှိနေသည်ကို ယဲ့ချူယောင် သတိပြုမိလိုက်သည်။

ယဲ့ချူယောင် ချက်ချင်းပင် သံသယဝင်သွား၏။

သူမ၏ အကြည့်များ ထပ်မံ အေးစက်သွားပြန်သည်။

ယဲ့ချူယောင်က ချန်းလုကို

“ရှင်က ချန်းလု မဟုတ်ဘူး... ဘယ်သူလဲ”

ချန်းလုသည် ကောင်းကင်နတ်အဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီ ဖြစ်သဖြင့် ရှောင်ရွှီရင်က လူများကို လှည့်စားရန် ဤလူနတ်ကို ချန်းလုအဖြစ် ဟန်ဆောင်ခိုင်းထားခြင်း ဖြစ်မည်ဟု သူမ သံသယဝင်မိ၏။

ယဲ့ချူယောင်က ရှောင်ရွှီရင်ကို

“ညီမလေးရှောင်... မောင်လေးချန်းက အခုလေးတင် မတော်တဆမှု ဖြစ်ထားတာကို နင်က အခြားအမျိုးသားတစ်ဦးနှင့် ပတ်သက်နေပြီလား... သူ့ကို ဘယ်လို မျက်နှာပြမှာလဲ။”

ယဲ့ချူယောင်၏ စကားကြောင့် ရှောင်ရွှီရင် ဇဝေဇဝါ ဖြစ်သွား၏။

ချန်းလု တစ်ခုခု ဖြစ်သွားခဲ့သလား။

သူမ ဘာကြောင့် မသိခဲ့ရသနည်း။ ချန်းလုသည် သူမနှင့် အမြဲတစေ ရင်းနှီးစွာ ရှိနေခဲ့သော်လည်း မည်သည့်အရာကိုမှ ပြောပြခဲ့ခြင်း မရှိပေ။

ရှောင်ရွှီရင်က ချန်းလုကို

“မောင်လေး... မောင်လေး တစ်ခုခု ဖြစ်ခဲ့လို့လား”

ချန်းလုက ရှောင်ရွှီရင်ကို

“ထွေထွေထူးထူးတော့ မဟုတ်ပါဘူး... ကျုပ်ရဲ့ ကိုယ်ပွားတစ်ခုက ကျောက်စိမ်းနဂါးဂိုဏ်းမှာ ပုန်းအောင်းနေတဲ့ မိစ္ဆာနတ်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရရုံပါ။”

ထိုအရာကို ကြားလျှင် ယဲ့ချူယောင် ထပ်မံ၍ မှင်တက်သွားပြန်၏။

ကိုယ်... ကိုယ်ပွားလား။

သို့ဆိုလျှင် သူမ ရှေ့မှောက်ရှိ လူမှာ ချန်းလု အစစ်အမှန် ဖြစ်နေသလား။

ထို့ပြင် ကိုယ်ပွားတစ်ခုသာ ဖြစ်နေခဲ့သလား။

သူမ အတင်းဝင်ရောက်လာချိန်၌ ချန်းလုအစစ်နှင့် ရှောင်ရှိီယွမ်တို့ ရင်းနှီးနေတာကို မြင်တွေ့ခဲ့ရတာလား...

ယဲ့ချူယောင်က ချန်းလုကို

“ရှင်... ရှင်က တကယ်ပဲ မောင်လေးချန်းလား”

လုချန်းက

“ကျုပ်နဲ့ အစ်မတို့ နှင်းခဲကမ္ဘာငယ်လေးထဲမှာ...”

ယဲ့ချူယောင်က

“တော်တော့... ကျွန်မ နားလည်ပြီ”

နှင်းခဲကမ္ဘာငယ်အကြောင်းကို ချန်းလု ပြောလိုက်သောအခါ သူ တကယ်ပင် သူမ၏ မောင်လေးဖြစ်ကြောင်း ယဲ့ချူယောင် ယုံကြည်သွား၏။ နှင်းခဲကမ္ဘာငယ်လေးထဲ၌ သူမနှင့် ချန်းလုတို့ကြား ဖြစ်ပျက်ခဲ့သည့်အရာများကို သူမ၊ ချန်းလုနှင့် ဆရာတို့သာ သိကြသောကြောင့် ဖြစ်သည်။

ကျောက်စိမ်းနဂါးဂိုဏ်းတွင် သေဆုံးသွားသူမှာ သူ၏ ကိုယ်ပွားဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမမှာတော့ သူ့အတွက် အလွန်စိုးရိမ်နေခဲ့သော်လည်း သူ၏ ကိုယ်ပွားကတော့ လျှို့ဝှက်လဝန်းနန်းတော်၌ အပျော်အပါး မက်နေခဲ့သည်။

ယဲ့ချူယောင်က လုချန်းကို

“ရှင် ဘာမှမဖြစ်ဘူးဆိုရင် ပြီးတာပဲ”

ထိုသို့ပြောပြီးနောက် ယဲ့ချူယောင် အခန်းထဲမှ ထွက်ခွာရန် လှည့်လိုက်၏။

လုချန်းက ယဲ့ချူယောင်ကို

“အစ်မ... ကျုပ်တို့ တံခါးကို ဖျက်ဆီးထားပြီး ဒီအတိုင်း ထွက်သွားတော့မလို့လား။”

ယဲ့ချူယောင်က

“ရှင် ဘာဖြစ်ချင်တာလဲ”

မဖိတ်ခေါ်ပဲ အတင်းဝင်ရောက်လာခြင်းနှင့် တံခါးကို ဖျက်ဆီးခဲ့ခြင်းမှာ သူ၏ အမှားဖြစ်ကြောင်း သူမ လက်ခံ၏။ သို့သော် သူမသည် ရှောင်ရွှီရင် အခြားအမျိုးသားတစ်ဦးနှ ဖောက်ပြန်နေသည်ဟု ထင်မှတ်ကာ ဒေါသဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သူမ၏ ရည်ရွယ်ချက်မှာလည်း ဤလူအတွက်သာ ဖြစ်သည်။

လုချန်းက ယဲ့ချူယောင်ကို

“အစ်မ ခုနက ဒီလောက်တောင် ဒေါသထွက်နေတာက ကျုပ်အတွက်ကြောင့် မဟုတ်ဘူးလား။”

ချန်းလုနှင့် ယဲ့ချူယောင်တို့၏ စကားများကြောင့် ရှောင်ရွှီရင် အနည်းငယ် အံ့အားသင့်သွား၏။

ယဲ့ချူယောင်သည် သူ့ကို အမြဲတမ်း သတ်ချင်နေသည်ဟု ချန်းလု ပြောဖူးသည် မဟုတ်ပါလား။

သူတို့၏ စကားများက အဘယ်ကြောင့် ဤမျှ ဇဝေဇဝါ ဖြစ်စရာ ကောင်းနေရသနည်း။

ချန်းလုတွင် ကိုယ်ပွားများစွာ ရှိသဖြင့် သူမအပေါ် သက်ရောက်မှု မရှိသောကြောင့် နောက်ထပ် ညီအစ်မတစ်ဦး တိုးလာခြင်းကို ရှောင်ရွှီရင် စိတ်မရှိပေ။

သို့သော် ယဲ့ချူယောင်က ချန်းလုကို ထိခိုက်အောင် လုပ်မည်ကိုတော့ သူမ စိုးရိမ်မိသည်။

ယဲ့ချူယောင်က

“မဟုတ်ဘူး”

ထိုစကားနှစ်ခွန်းကို ပြောပြီးနောက် ယဲ့ချူယောင်လည်း နောက်သို့ပင် လှည့်မကြည့်ပဲ ထွက်ခွာသွားတော့သည်။

ယဲ့ချူယောင် ထွက်သွားပြီးနောက် သူမ ဖျက်ဆီးခဲ့သော တံခါးကို ရှောင်ရွှီရင်က လက်ကိုဝှေ့ယမ်း၍ ချက်ချင်း ပြန်လည် ပြင်ဆင်လိုက်၏။

ရှောင်ရွှီရင်က

“မောင်လေး... မောင်လေးနဲ့ အစ်မယဲ့က...”

ရှောင်ရွှီရင်၏ စကားလုံးများ တုံ့ဆိုင်းနေ၏။

လုချန်းက ရှောင်ရွှီရင်၏ မွှေးပျံ့သော ပုခုံးပေါ်သို့ မှီလိုက်ပြီး သူမ၏ နားနားသို့ တိုးတိုးလေး ကပ်၍

“အစ်မယဲ့က ကျုပ်ရဲ့ အမျိုးသမီး ဖြစ်နေတာ ကြာပါပြီ။”

သူမ၏ စိတ်ထဲတွင် ကြိုတင် ခန့်မှန်းထားသော်လည်း လုချန်း၏ နှုတ်မှ တိုက်ရိုက် ကြားလိုက်ရသဖြင့် ရှောင်ရွှီရင် အံ့အားသင့်သွားရပြန်သည်။ ယဲ့ချူယောင်သည် အမျိုးသားများအပေါ် အမြဲတမ်း အေးစက်စွာ ဆက်ဆံလေ့ရှိသူ ဖြစ်သည်။ အမျိုးသားများကို မုန်းတီးသော သူတို့၏ နန်းတော်သခင်နှင့်ပင် စိတ်နေသဘောထား တူ၏။

ထို့ပြင် ယဲ့ချူယောင်သည် သူ့အပေါ် ရန်ငြိုးထားကာ သတ်ချင်နေသည်ဟု လုချန်းက ပြောဖူးသည် မဟုတ်ပါလား။

ယခုတော့ သူမက အဘယ်ကြောင့် သူ၏ အမျိုးသမီး ဖြစ်လာခဲ့ရသနည်း။

လုချန်းက

“အဲဒီတုန်းက အစ်မနဲ့ ရှီယွမ်ကို ကျုပ်နဲ့ ပေးစားဖို့ ဆရာ သဘောတူခဲ့တာက အစ်မယဲ့နဲ့ ကျုပ်တို့ကြားက ပတ်သက်မှုတွေကို အပြီးတိုင် ဖြတ်တောက်ရမယ်ဆိုတဲ့ ကတိနဲ့ပဲ။”

ရှောင်ရွှီရင်က

“ကျွန်မတို့ နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ပေးစားဖို့ နန်းတော်သခင်က ဘာလို့ သဘောတူခဲ့တာလဲလို့ တွေးနေတာ... အစ်မယဲ့အတွက်ကြောင့်ကိုး။”

ရှောင်ရွှီရင်က

“နန်းတော်သခင်ကို ကတိပေးထားမှတော့ နောင်ကျရင် ရှင်က...”

လုချန်းက

“ကျုပ်ရဲ့ အမျိုးသမီး ဖြစ်လာပြီဆိုရင်တော့ တစ်သက်လုံး ကျုပ်ရဲ့ အမျိုးသမီးပါပဲ။”

လုချန်း၏ ဩဇာအာဏာပါသော စကားများကို ကြားလျှင် ရှောင်ရွှီရင်က သူ့ကို စွဲမက်ဖွယ် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်၏။

လုချန်းက

“ကဲ... ဒါတွေ ထားလိုက်ပါတော့... ကျုပ်တို့ ဆက်ကြရအောင်”

ရှောင်ရွှီရင်၏ ပါးပြင်များ အနည်းငယ် နီမြန်းသွားပြီး

“အင်း... ကောင်းပြီလေ”

ချန်းလု၏ အဆောင်မှ ထွက်လာပြီးနောက်

တောင်ထိပ်တစ်ခုသို့ ယဲ့ချူယောင် ရောက်ရှိသွား၏။ သူမသည် ချောက်ကမ်းပါးစွန်းတွင် တိတ်ဆိတ်စွာ ရပ်နေရင်း ချန်းလု၏ အဆောင်ရှိရာသို့ လှမ်းကြည့်နေမိသည်။

ယခုအခါ သူမ၏ စိတ်အခြေအနေ အလွန်ပင် ရှုပ်ထွေးနေသည်။ ချန်းလု သေဆုံးခြင်းမရှိကြောင်း သိလိုက်ရသဖြင့် စိတ်သက်သာရာ ရသွားသော်လည်း ခုနက မြင်ကွင်းကို ပြန်တွေးမိတိုင်း သူမ၏ ရင်ထဲ နာကျင်မှု ခံစားနေရ၏။

ဤသို့ အဘယ်ကြောင့် ဖြစ်နေရသည်ကို သူမ ကိုယ်တိုင်လည်း နားမလည်နိုင်ပေ။ ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့သည် ချန်းလုနှင့် လက်ထပ်ကာ ပွင့်ပွင့်လင်းလင်း ရင်းနှီးခွင့် ရထားကြသော်လည်း သူမကတော့...။

ရှုပ်ထွေးနေသော အတွေးများထဲ ထပ်မံ နစ်မြောမသွားစေရန် သူမ၏ စွမ်းအားကို အသုံးပြု၍ စိတ်ကို အမြန်ဆုံး ငြိမ်သက်အောင် လုပ်လိုက်ရ၏။

သူမ ဘာတွေ တွေးနေမိသနည်း။ ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ကို ချန်းလု ရွေးချယ်ခဲ့သည့် အချိန်ကတည်းက သူမနှင့် သူကြား မည်သို့မှ မပတ်သက်တော့ပေ။

ယခုအချိန်တွင် ချန်းလုသည် သူမ၏ မောင်ငယ်တစ်ဦးသာ ဖြစ်သည်။

ထိုသို့တွေးရန် အတင်းအကျပ် ကြိုးစားနေသော်လည်း ယဲ့ချူယောင်၏ ရင်ထဲတွင်တော့ ဟာတာတာကြီး ဖြစ်နေဆဲပင်။

ထိုလူယုတ်မာ ချန်းလုနောက်သို့ ဝူကျန်းဝမ် လိုက်သွားခဲ့သည့် အချိန်ကတည်းက သူမ ဤကဲ့သို့ မခံစားရသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် နတ်ဘုရင် လင်ရင်၏ အသံ သူမ၏ နားထဲသို့ ရောက်ရှိလာ၏။

နတ်ဘုရင် လင်ရင်က

“အမြန်လာခဲ့တော့... အစည်းအဝေး ရှိတယ်။”

…………

အခန်း (၁၇၂၈ )

ကျောက်စိမ်းနဂါးဂိုဏ်းသို့ စစ်ချီခြင်း

လျှို့ဝှက်လဝန်းနန်းတော်။

အစည်းအဝေးခန်းမ။

ထိုအခိုက်အတန့်တွင် ခန်းမအတွင်းရှိ အငွေ့အသက်မှာ တစ်စုံတစ်ခုကြောင့် လေးလံထိုင်းမှိုင်းနေဟန် ရှိ၏။ ယခု ချန်းလု သေဆုံးသွားသည့် သတင်းကို လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲအားလုံး ကြားသိထားကြပြီဖြစ်သည်။

ချန်းလုသည် နန်းတော်သခင်၏ တပည့်ရင်း တစ်ဦး ဖြစ်သည်။ မိစ္ဆာနတ်တစ်ပါး၏ လက်ချက်ဖြင့် သူ အသတ်ခံလိုက်ရခြင်းက မိစ္ဆာနတ်များကို ရင်ဆိုင်တိုက်ခိုက်နေကြသည့် တပည့်များ၏ စိတ်ဓာတ်ရေးရာကို ထိခိုက်သွားစေနိုင်၏။

နန်းတော်သခင်၏ တပည့်ရင်း ဖြစ်သည့်အလျောက် ချန်းလုထံတွင် ကာကွယ်ရေး နတ်လက်နက်များစွာ ရှိနေမည်မှာ အမှန်ပင်။ သို့သော် ထိုကဲ့သို့သော တပည့်မျိုးပင် မိစ္ဆာနတ်၏ လက်တွင်း၌ အသက်ဆုံးပါးခဲ့ရလျှင် သာမန်တပည့်များ၏ ကံကြမ္မာကတော့ ပြောနေရန်ပင် မလိုတော့ပေ။

နတ်ဘုရင် လင်ရင်က အားလုံးကို

“ချန်းလုရဲ့ အခြေအနေကို အားလုံး ကြားပြီးကြပြီ မဟုတ်လား။”

နတ်ဘုရင် လင်ရင်သည် လုချန်း၏ ယုံကြည်စိတ်ချရသူ ဖြစ်ရာ သူ သေဆုံးခြင်း မရှိကြောင်း အလိုအလျောက် သိထားပြီးဖြစ်၏။ သတင်းကို စတင်ကြားသိရစဉ်က သူမ၏ ရင်ထဲ၌ စိုးရိမ်စိတ် အနည်းငယ် ဝင်ရောက်ခဲ့သော်လည်း လုချန်း၏ ကိုယ်ပွားသည် ရှောင်ရွှီရင်နှင့် ပြင်းထန်စွာ ရင်ဆိုင်နေသည်ကို နတ်အာရုံဖြင့် ခံစားမိလိုက်မှသာ စိတ်အေးသွားခဲ့၏။

ကိုယ်ပွား အသက်ရှင်လှုပ်ရှားနေပါက လုချန်း၏ ပင်မကိုယ် ဘေးကင်းနေမည်မှာ ဧကန်မုချပင် ဖြစ်၏။ လုချန်း အသတ်ခံရသည် ဆိုဦးတော့ ထိုအရာမှာ ကိုယ်ပွားတစ်ခုသာ ဖြစ်ပေလိမ့်မည်။

သို့သော်ငြားလည်း ဤကိစ္စကို ဒီအတိုင်း ပစ်ထား၍ မရနိုင်ပေ။ လုချန်း သေသည်ဖြစ်စေ မသေသည်ဖြစ်စေ ကျောက်စိမ်းနဂါးဂိုဏ်း၏ သစ္စာဖောက်မှုကိုတော့ ပြင်းထန်စွာ အရေးယူရမည်သာ ဖြစ်သည်။

ကျောက်စိမ်းနဂါးဂိုဏ်းကို အပြစ်ပေးခြင်း မပြုပါက နောင်တွင် ၎င်းတို့ကဲ့သို့သော ဖြစ်ရပ်မျိုး ဆက်တိုက် ပေါ်ပေါက်လာလိမ့်မည်။ ယခုအချိန်တွင် လက်အောက်ခံဂိုဏ်း ဘယ်လောက်တောင် သွေးလင်းယုန်ခန်းမရှိ မိစ္ဆာနတ်များနှင့် တိတ်တဆိတ် ပူးပေါင်းနေကြသည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။

နတ်ဘုရင် လင်ရင်၏ စကားကို ကြားလျှင် အကြီးအကဲတစ်ဦးက ထရပ်ကာ

“နတ်ဘုရင် လင်ရင်... ချန်းလုရဲ့ အခြေအနေကို လျှို့ဝှက်လဝန်း နန်းတော်သခင် သိသွားပြီလား။”

နတ်ဘုရင်ခံ လင်ရင်က

“သူက တံခါးပိတ် ကျင့်စဉ်စခန်းထဲမှာပဲ ရှိနေသေးတာဆိုတော့ ဒီကိစ္စကို မသိသေးဘူး။”

ထိုစဉ် အခြားအကြီးအကဲ တစ်ဦးကလည်း ထရပ်ကာ

“ချန်းလုကိစ္စကို ထားလိုက်ပါဦး... ကျောက်စိမ်းနဂါးဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်လိုက်တာကတင် သူတို့ကို အမြစ်ပြတ် ချေမှုန်းဖို့ လုံလောက်နေပါပြီ... ဒါမှမဟုတ်ရင် ကျောက်စိမ်းနဂါးဂိုဏ်းလိုပဲ သွေးလင်းယုန်ခန်းမဘက်ကို ပါသွားမယ့် လက်အောက်ခံ အင်အားစုတွေ တစ်နေ့တခြား ပိုများလာပါလိမ့်မယ်။”

နတ်ဘုရင် လင်ရင်က

“ကျွန်မ ရထားတဲ့ သတင်းတွေအရ ချန်းလု သေဆုံးသွားပြီဆိုတဲ့ သတင်းကို ထုတ်ပြန်ပြီးတဲ့နောက်မှာ ကျောက်စိမ်းနဂါးဂိုဏ်းက ချက်ချင်း ထွက်မသွားပဲ အဲ့ဒီမှာပဲ ဆက်ရှိနေတုန်းပဲ။”

“ချန်းလု သေတဲ့သတင်း လျှို့ဝှက်လဝန်းနန်းတော်ဆီ ရောက်သွားတာနဲ့ သူတို့ကို လာတိုက်မယ်ဆိုတာ သူတို့ သိမှာပဲ... ဒါကိုမှ မကြောက်မရွံ့ ရှိနေတာကို ကြည့်ရင် ကျောက်စိမ်းနဂါးဂိုဏ်းဟာ သွေးလင်းယုန်ခန်းမက ထောင်ထားတဲ့ ငါးစာပဲ ဖြစ်ရမယ်။”

“ကျွန်မတို့ ကျောက်စိမ်းနဂါးဂိုဏ်းကို သွားတိုက်တာနဲ့ သွေးလင်းယုန်ခန်းမက တခြားဘက်ကနေ လျှို့ဝှက်လဝန်းနန်းတော်ကို ဝင်တိုက်တာမျိုး ဒါမှမဟုတ် ကျောက်စိမ်းနဂါးဂိုဏ်းမှာတင် ကျွန်မတို့ကို ခြုံခိုတိုက်တာမျိုး လုပ်နိုင်တယ်။”

နတ်ဘုရင် လင်ရင်သည် လူမိုက်တစ်ဦး မဟုတ်ပေ။

ကျောက်စိမ်းနဂါးဂိုဏ်း၏ လုပ်ရပ်များက ထင်ရှားလွန်းလှ၏။

၎င်းတို့နောက်ကွယ်တွင် သွေးလင်းယုန်ခန်းမ ရှိနေသည်မှာ အထင်အရှားပင်။

မဟုတ်ပါက အစောကတည်းကကျောက်စိမ်းနဂါးဂိုဏ်း ထွက်ပြေးတိမ်းရှောင်သွား လောက်ပြီဖြစ်သည်။

လျှို့ဝှက်လဝန်းနန်းတော်၏ စစ်တပ် လာရောက် ချေမှုန်းသည်ကို သူတို့ ဘာ့ကြောင့် စောင့်ဆိုင်းနေမည်နည်း။

သူတို့ ဆက်ရှိနေခြင်းမှာ ကျောက်စိမ်းနဂါးဂိုဏ်းသည် ထောင်ချောက်တစ်ခု ဖြစ်ကြောင်း သက်သေပြနေပြီး သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်မှ လူများ ကျော့ကွင်းထဲ ဆင်းလာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။

ထိုအခိုက်အတန့်တွင် အကြီးအကဲတစ်ဦးက သက်ပြင်းချကာ

“ဒါက ထောင်ချောက်တစ်ခု ဖြစ်နေရင်တောင် ကျွန်မတို့ဘက်က စစ်သည်တော်တွေ စေလွှတ်ရမှာပဲ။”

ကျောက်စိမ်းနဂါးဂိုဏ်းသည် ထောင်ချောက်တစ်ခု ဖြစ်နိုင်သော်လည်း ၎င်းတို့ကို အမြစ်ပြတ် မချေမှုန်းပဲ စံနမူနာ မပြနိုင်ပါက နောင်တွင် အခြားသော လက်အောက်ခံ အင်အားစုများကို မည်သို့ ထိန်းချုပ်နိုင်ပါမည်နည်း။

ထို့ပြင် အရေးအကြီးဆုံး အချက်မှာ ကျောက်စိမ်းနဂါးဂိုဏ်းသည် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်း၌ တည်ရှိနေခြင်း ဖြစ်၏။ ထိုကဲ့သို့သော မိစ္ဆာနတ်တို့၏ စခန်းကြီးကို ဒီအတိုင်း ပစ်ထားပါက ကျောက်စိမ်းနဂါးဂိုဏ်း၏ တည်နေရာရွှေ့ပြောင်း နည်ဗျူဟာ ပုံစံ မှတစ်ဆင့် မိစ္ဆာနတ်များ လျှို့ဝှက်လဝန်းနန်းတော်သို့ စဉ်ဆက်မပြတ် ဝင်ရောက်လာပေလိမ့်မည်။

သွေးလင်းယုန်ခန်းမ၏ ဤလုပ်ရပ်ကို ဗြောင်ကျကျ စီစဉ်ထားသည့် အကွက်ဟု ဆိုနိုင်၏။ ဤအရာသည် ထောင်ချောက်ဖြစ်ကြောင်း လျှို့ဝှက်လဝန်းနန်းတော်က သိသွားမည်ကိုပင် သွေးလင်းယုန် ခန်းမက စိုးရိမ်ပုံ မရပေ။

ထောင်ချောက်မှန်း သိနေလျှင်ပင် လျှို့ဝှက်လဝန်းနန်းတော် အနေနှင့် သွားရောက် ရင်ဆိုင်ရမည်သာ ဖြစ်သည်။

အကြီးအကဲ၏ စကားအဆုံးတွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြန်၏။

ထိုစဉ် ယဲ့ချူယောင် ခန်းမအတွင်းသို့ ဝင်လာသည်။ အကြီးအကဲများ တိတ်ဆိတ်နေသည်ကို မြင်လျှင် သူတို့ ဘာအကြောင်း ဆွေးနွေးနေကြသည်ကို သူမ ခန့်မှန်းမိလိုက်၏။

နတ်ဘုရင် လင်ရင်က ခဏခန့် တုံ့ဆိုင်းသွားပြီးမှ

“အကြီးအကဲ ဝေရွှီ ပြောတာ မှန်ပါတယ်... ကျောက်စိမ်းနဂါးဂိုဏ်းက ထောင်ချောက်တစ်ခု ဖြစ်နေရင်တောင် သစ္စာဖောက်တွေကိုတော့ ချေမှုန်းရမှာပဲ... ချန်းလု သေဆုံးသွားတဲ့ သတင်းနဲ့ ပတ်သက်လို့တော့...”

သူမ စကားမဆုံးမီမှာပင် ယဲ့ချူယောင်က ကြားဖြတ်၍

“မောင်လေး ချန်းလု မသေပါဘူး... ကျောက်စိမ်းနဂါးဂိုဏ်းမှာ သေသွားတာက သူ့ရဲ့ ကိုယ်ပွားတစ်ခုပါ။”

ထိုစကားကို ကြားလျှင် ခန်းမအတွင်းရှိ အကြီးအကဲများအားလုံး မှင်တက်သွားကြ၏။

မသေဘူးလား။

အမှန်ပဲလား။

ချန်းလုသည် နန်းတော်သခင်၏ တပည့်ရင်း ဖြစ်ရာ သူ့ကို ဘေးအန္တရာယ် မကြုံစေချင်တာက ဂိုဏ်းဝင်များ၏ ဆန္ဒအမှန်ပင်။

နတ်ဘုရင် လင်ရင်က မသိချင်ဟန် ဆောင်ကာ

“ချူယောင်က... ဒါကို ဘယ်လို သိတာလဲ”

ယဲ့ချူယောင်က

“ချန်းလုရဲ့ နောက်ထပ် ကိုယ်ပွားတစ်ခုက လျှို့ဝှက်လဝန်းနန်းတော်ထဲမှာ ရှိနေသေးတာပါ... ကျွန်မ အခုလေးတင်ပဲ သူ့ဆီသွားပြီး ကျောက်စိမ်းနဂါးဂိုဏ်းရဲ့ အခြေအနေကို မေးခဲ့တာ။”

အကြီးအကဲ တစ်စုလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။

အကြီးအကဲ တစ်ဦးက

“သူ ကျောက်စိမ်းနဂါးဂိုဏ်းကို ရောက်ခဲ့ဖူးတာဆိုတော့ အခု အခြေအနေတွေကို သူ သိမှာပဲ... ဒါဆိုရင် ကျောက်စိမ်းနဂါးဂိုဏ်းကို သွားတိုက်ဖို့အတွက် ကျွန်မတို့ကို အထောက်အကူ အမြောက်အမြား ဖြစ်စေမှာပါ။”

နတ်ဘုရင်လင်ရင်က

“သူ့ကို အခုပဲ အစည်းအဝေးခန်းမဆီ လာဖို့ ခေါ်လိုက်မယ်။”

ထို့နောက် နတ်အာရုံကို သုံး၍ လုချန်း၏ အဆောင်ကို နတ်ဘုရင် လင်ရင် စစ်ဆေးလိုက်ရာ လုချန်း တစ်ယောက် ကြိုးကြိုးစားစား အလုပ်လုပ်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူမ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသော်လည်း လုချန်းထံသို့

“သခင်... အစည်းအဝေးခန်းမကို လာခဲ့ပါဦး”

နတ်ဘုရင် လင်ရင်၏ အသံကို ကြားလျှင် လုချန်း၏ ခန္ဓာကိုယ် သိသိသာသာ တုန်ရင်သွား၏။

အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးမှ

“ကောင်းပါပြီ... ကျုပ် လာခဲ့ပါ့မယ်”

ထိုသို့ပြောပြီးနောက် လုချန်း အနည်းငယ် ပြင်ဆင်လိုက်ပြီး အစည်းအဝေးခန်းမဆီသို့ ထွက်လာခဲ့၏။ လုချန်းကို အဝေးမှ မြင်လိုက်ရလျှင် အကြီးအကဲများလည်း သက်ပြင်းချနိုင်ကာ စိတ်အေးသွားကြတော့သည်။

သူသာ တကယ် သေဆုံးသွားခဲ့လျှင် တပည့်များ၏ စိတ်ဓာတ် အကြီးအကျယ် ထိခိုက်သွားပေလိမ့်မည်။

လုချန်းက နတ်ဘုရင် လင်ရင်ကို

“နတ်ဘုရင် လင်ရင်... ကျုပ်ကို ဘာကိစ္စကြောင့် ခေါ်တာလဲ။”

နတ်ဘုရင် လင်ရင်က

“ကျောက်စိမ်းနဂါးဂိုဏ်းရဲ့ အခြေအနေကို ပြောပြပါဦး”

လုချန်းက

“ကျုပ်ကို ဂိုဏ်းအသီးသီးကို စစ်ဆေးဖို့ တာဝန်ပေးထားတာမို့လို့ ကျောက်စိမ်းနဂါးဂိုဏ်းကို သွားခဲ့တာပါ... အဲ့ဒီရောက်တော့ ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက သူ့မှာ သတင်းပို့စရာ အရေးကြီးကိစ္စ ရှိတယ်ဆိုပြီး ကျောက်စိမ်းနဂါးဂိုဏ်းရဲ့ အနောက်ဖက်တောင်ဆီ ခေါ်သွားတယ်... ကျုပ်က အဲ့ဒီကိစ္စကို မေးမယ်လုပ်တုန်းမှာပဲ နတ်ဘုရင်ခံ အဆင့်ရှိတဲ့ မိစ္ဆာနတ်နှစ်ပါး ရုတ်တရက် ပေါ်လာတယ်။”

“မိစ္ဆာနတ် တစ်ပါးက ပုလဲတစ်လုံးကို ထုတ်လိုက်ပြီး ကျုပ်ရဲ့ ကိုယ်ပွားကို အထဲကို ဆွဲသွင်းလိုက်တာ... အဲ့ဒီ ပုလဲထဲမှာ ကန့်သတ်ချက်တွေ အမြောက်အမြား ရှိနေတယ်... ကိုယ်ပွားက အထဲကနေ ဖောက်ထွက်လို့ မရတော့တာနဲ့ နောက်ဆုံးမှာ ကျုပ်ဘာသာကျုပ် ဖောက်ခွဲပစ်လိုက်ရတယ်။”

လုချန်း၏ စကားအဆုံးတွင် နတ်ဘုရင် လင်ရင်က နှာခေါင်းရှုံ့လိုက်ကာ

“ကျောက်စိမ်းနဂါးဂိုဏ်းက တော်တော် သတ္တိကောင်းနေတာပဲ... ရှင် သေသွားပြီလို့ လူသိရှင်ကြား ကြေညာပြီးတာတောင် သူတို့ ထွက်မပြေးတာ မဆန်းတော့ဘူး... သူတို့ နောက်ကွယ်မှာ နတ်ဘုရင်ခံအဆင့် မိစ္ဆာနတ်တွေ ရှိနေတာကိုး။”

“ဒီနေ့ကစပြီး စစ်ပွဲအတွက် ပြင်ဆင်ကြတော့... နောက်တစ်လနေရင် ကျောက်စိမ်းနဂါးဂိုဏ်းကို သွားရောက်ပြီး သစ္စာဖောက်တွေကို အမြစ်ပြတ် ချေမှုန်းမယ်။”

မိစ္ဆာနတ်တို့၏ စွမ်းအားသည် ဖြောင့်မတ်သောနတ်များကို အကြီးအကျယ် ဖိနှိပ်ထားနိုင်၏။ အကယ်၍ နှစ်ဖက်စလုံး၌ နတ်ဘုရင်ခံအဆင့် ဖြစ်နေလျှင် ဖြောင့်မတ်သော နတ်ဘုရင်ခံ တစ်ပါးအနေနှင့် မိစ္ဆာနတ်ဘုရင်ခံ တစ်ပါးကို သတ်ရန် အလွန်ပင် ခက်ခဲလှသည်။

ထို့ကြောင့် ထိုမိစ္ဆာနတ်ဘုရင်ခံ နှစ်ပါး ရှိနေခြင်းကပင် လျှို့ဝှက်လဝန်းနန်းတော် အနေနှင့် စစ်အင်အား အလုံးအရင်း သုံးရန် လုံလောက်သော အကြောင်းပြချက် ဖြစ်သည်။

အမှန်စင်စစ် နတ်ဘုရင် လင်ရင်ကိုယ်တိုင် တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်နိုင်သော်လည်း ဤအရာက သွေးလင်းယုန်ခန်းမ၏ အာရုံလွှဲသည့် နည်းဗျူဟာ ဖြစ်နေမလား ဆိုတာကို မည်သူမှ မသိနိုင်ပေ။

ယခုအချိန်တွင် နန်းတော်သခင်သည် တံခါးပိတ် ကျင့်စဉ်စခန်းထဲ၌ ရှိနေပြီး သွေးလင်းယုန်ခန်းမ၏ နတ်ဘုရင်ကလည်း ဤအချက်ကို ဧကန်မုချ သိပေလိမ့်မည်။ အကယ်၍ နတ်ဘုရင် လင်ရင်သာ လျှို့ဝှက်လဝန်းနန်းတော်မှ ခဏခန့် ထွက်ခွာသွားခဲ့လျှင် သွေးလင်းယုန်ခန်းမ၏ နတ်ဘုရင်က အခွင့်ကောင်းယူကာ တံခါးပိတ် ကျင့်စဉ် ကျင့်နေသည့် ယွမ်ယုတိကို တိုက်ခိုက်လာပါက သူမ သွေးလေချောက်ချားကာ ကျင့်စဉ်ဖောက်ပြန်သွားနိုင်သည်။

………..

All Chapters