← Chapters

အခန်း (၁၇၂၉-၁၇၃၁)

Vol. 116 Ch. 1729-1731

အခန်း (၁၇၂၉-၁၇၃၁)

Vol. 116 Ch. 1729-1731

အခန်း( ၁၇၂၉ )

လာရဲရင် ဘယ်တော့မှ မပြန်စေနဲ့

လျှို့ဝှက်လဝန်းနန်းတော်သည် တစ်လအတွင်း ကျောက်စိမ်းနဂါးဂိုဏ်းကို အလုံးအရင်းနှင့် တိုက်ခိုက်ရန် အတည်ပြုပြီးနောက် ပြင်ဆင်မှုများကို စတင်လိုက်၏။ ပုံမှန်အားဖြင့်ဆိုလျှင် လက်အောက်ခံ အင်အားစုတစ်စုကို နှိမ်နင်းရန်အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်နေရန် မလိုအပ်ပေ။

သို့သော် ယခု ကျောက်စိမ်းနဂါးဂိုဏ်းကတော့ အခြေအနေချင်း မတူတော့ပေ။ ၎င်းသည် သိသာ ထင်ရှားလှသော ထောင်ချောက်တစ်ခု ဖြစ်နေသည့်အပြင် ကျောက်စိမ်းနဂါးဂိုဏ်းတွင် နတ်ဘုရင်ခံအဆင့် မိစ္ဆာနတ်နှစ်ပါး ရှိနေကြောင်း ချန်းလု၏ ပြောကြားချက်အရ သိထား၏။

ရန်သူဘက်မှ နတ်ဘုရင်ခံ မည်မျှ စေလွှတ်ဦးမည်ကို မည်သူမှ မခန့်မှန်းနိုင်ကြပေ။ ထို့ကြောင့် ကျောက်စိမ်းနဂါးဂိုဏ်းကို တိုက်ခိုက်ရာတွင် အမှားအယွင်းမရှိစေရန် အစွမ်းကုန် ကြိုးစားအားထုတ်ကြရမည်ဖြစ်သည်။

ကျောက်စိမ်းနဂါးဂိုဏ်းကို မတိုက်ခိုက်မီ ကျောက်စိမ်းနဂါးဂိုဏ်း၏ တပ်ဖြန့်မှုများကို စုံစမ်းစစ်ဆေးရန် တပည့်များစွာကို နတ်ဘုရင် လင်ရင် စေလွှတ်လိုက်၏။

ထိုနေရာသည် ထောင်ချောက်ဖြစ်ကြောင်း အတည်ပြုထားပြီး ဖြစ်သဖြင့် ရန်သူသည် နည်းဗျူဟာ ပုံစံများကို ဧကန်မုချ စီမံထားပေလိမ့်မည်။ အကျအဆုံး နည်းနိုင်သမျှ နည်းစေရန်အတွက် ကျောက်စိမ်းနဂါးဂိုဏ်း၏ ပြင်ဆင်မှုများကို ကြိုတင်သိရန် လိုအပ်ပေသည်။

လျှို့ဝှက်လဝန်းနန်းတော်ရှိ တပည့်များ၏ စိတ်ဓာတ် တည်ငြိမ်စေရန်အတွက်လည်း ဤကာလအတွင်း လျှို့ဝှက်လဝန်းနန်းတော် တစ်ခွင်၌ လုချန်းအား လူလုံးပြစေရန် နတ်ဘုရင်ခံ လင်ရင် စဉ်းစား၏။ လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များ လုချန်းကို မြင်တွေ့လိုက်ရလျှင် လုချန်း သေဆုံးသွားပြီဟူသော ကောလာဟလများလည်း အလိုအလျောက် ငြိမ်သက်သွားတော့သည်။

လုချန်းသည် ကောင်းကင်နတ်အဆင့်ရှိ ကိုယ်ထည်တစ်ခုကို ထပ်မံဖန်တီးလိုက်ပြီး ကျောက်စိမ်းနဂါးဂိုဏ်းအား နှိမ်နင်းသည့် စစ်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့၏။ ကျောက်စိမ်းနဂါးဂိုဏ်းကို တိုက်ခိုက်ရာတွင် လုချန်း ပါဝင်လာသည်ကို တွေ့မြင်ရခြင်းက လျှို့ဝှက်လဝန်းနန်းတော်ရှိ တပည့်များ၏ စိတ်ဓာတ်ကို များစွာ မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

မည်သို့ပင်ဆိုစေ ချန်းလုသည် နန်းတော်သခင်၏ တပည့်ရင်း ဖြစ်၏။ နန်းတော်သခင်က သူ့အတွက် ဝှက်ဖဲများစွာ ပြင်ဆင်ပေးထားမည်မှာ သေချာပြီး အကယ်၍ အသက်အန္တရာယ်နှင့် တကယ်တမ်း ကြုံတွေ့လာရလျှင်လည်း နန်းတော်သခင်က သူမ၏ တပည့်ရင်းကို ပစ်ထားမည် မဟုတ်ကြောင်း ၎င်းတို့ ယုံကြည်ကြ၏။

ထို့ကြောင့် ကျောက်စိမ်းနဂါးဂိုဏ်းတွင် မိစ္ဆာနတ်များ ရှိနေသည်ကို သိထားသော်လည်း လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များကတော့ မကြောက်မရွံ့ ရှိနေကြဆဲပင်။

လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များမှာ အမျိုးသမီးများသာ ဖြစ်ကြသော်လည်း ၎င်းတို့ ပြသသည့် သတ္တိနှင့် ပြတ်သားမှုများက အမျိုးသားများအောက် မနိမ့်ကျကြောင်း မှတ်ချက်ပြုရမည်ဖြစ်သည်။

ထိုသို့ဖြစ်ခြင်းက လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များကို ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ချင်သည့် စိတ်ဓာတ်များစွာကို ယွမ်ယုတိက ရိုက်သွင်းပေးထားခြင်းကြောင့်လည်း ပါဝင်၏။

အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သည့် ဤလောကတွင် ယေဘုယျအားဖြင့် လှပသောအမျိုးသမီးတစ်ဦးသည် လူဆိုးတစ်ဦး၏ လက်ထဲသို့ ကျရောက်သွားပါက သူမ၏ ဂုဏ်သိက္ခာ အဖျက်ဆီးခံရပြီး သူမကိုယ် သူမ ဆုံးရှုံးရမည်မှာ အသေအချာပင်။ ၎င်းက အမျိုးသမီးများ လောကတွင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်၏။

သို့သော် လျှို့ဝှက်လဝန်းနန်းတော်တွင်တော့ အခြေအနေက ကွဲပြား၏။ ထိုနေရာရှိ တပည့်မများတွင် အပျိုစင်ဘဝ သို့မဟုတ် သိက္ခာဟူသော အယူအဆ မရှိကြပေ။

တစ်ဖက်တွင်လည်း ၎င်းသည် အမျိုးသမီးများသာ ရှိပြီး အမျိုးသမီးများကသာ လွှမ်းမိုးထားသည့် နတ်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ရာ စွမ်းအားကြီးသည့် နတ်သမီးအချို့တွင် ကိုယ်ပိုင် အမျိုးသားအစေခံများပင် ရှိကြသေး၏။ ၎င်းတို့အတွက်တော့ အမျိုးသားများ၏ ဖျက်ဆီးခြင်းကို ခံရလျှင်ပင် ကြီးကျယ်လှသည့် ကိစ္စတစ်ခု မဟုတ်ပေ။

လျှို့ဝှက်လဝန်းနန်းတော်မှ နတ်သမီးများ ဂရုစိုက်သည့် တစ်ခုတည်းသော အချက်မှာ ၎င်းတို့က အပေါ်ကနေ လွှမ်းမိုးသူဖြစ်မလား သို့မဟုတ် အောက်ကနေ အနိုင်ယူခံရသူ ဖြစ်မလားဟူသည့် အချက်သာ ဖြစ်၏။

ဥပမာအားဖြင့် ယဲ့ချူယောင်ကို ကြည့်လျှင် သူမသည် သူမ၏ အပျိုစင်ဘဝကို တကယ် ဂရုစိုက်နေခြင်း မဟုတ်ပေ။ သူမ ဂရုစိုက်သည်မှာ စွမ်းအားကြီးသူတစ်ဦး၏ ဂုဏ်သိက္ခာသာ ဖြစ်သည်။

တစ်စုံတစ်ဦး၏ အောက်တွင် အနှိပ်စက်ခံရခြင်းက စွမ်းအားကြီးသူတစ်ဦး၏ ဂုဏ်သိက္ခာကို ဆုံးရှုံးစေသည်ဟု သူမ ခံစားရ၏။ ထို့ပြင် သူမ၏ နှလုံးသားထဲတွင် ဝူကျန်းဝမ်ကို အစဉ်တစိုက် တမ်းတနေမှုလည်း ရှိနေသဖြင့် သူမ၏ စင်ကြယ်မှုကို ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

လုချန်းကို လှည့်စားရန်အတွက်သာ မဟုတ်လျှင် သူမသည် လုချန်းနှင့် မသင့်တော်သည့် ကိစ္စမျိုးကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်မများသည် မိစ္ဆာနတ်များ၏ လက်ထဲသို့ ကျရောက်ပါက အစော်ကားခံရနိုင်သည်ကို သိသော်လည်း ဂရုမစိုက်ကြပေ။ ထိုအကျိုးဆက်များကို ထည့်ပင် မစဉ်းစားကြပေ။

နတ်ဘုရားများ၏ လောကမှာ လူ့လောကနှင့် အလွန်ပင် ကွဲပြားလှ၏။ ဤနတ်ဘုရားများသည် နှစ်ပေါင်း သောင်းချီ၊ သန်းချီ သို့မဟုတ် ကုဋေချီ၍ နေထိုင်ခဲ့ကြသူများ ဖြစ်သဖြင့် ပြင်းထန်သော ကိုယ်ကျင့်တရား ဆိုင်ရာ အသိစိတ်များ မရှိကြတော့ပေ။

ကျောက်စိမ်းနဂါးဂိုဏ်းနှင့် ဖြစ်ပွားမည့် စစ်ပွဲတွင် လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များ ဂရုစိုက်သည့်အရာမှာ အောင်ပွဲ ရရှိရေးသာ ဖြစ်သည်။

……

တစ်လဆိုသည့် အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

လျှို့ဝှက်လဝန်းနန်းတော်၏ စစ်နတ်‌လှေ များသည် ကျောက်စိမ်းနဂါးဂိုဏ်းဆီသို့ ခမ်းနားထည်ဝါစွာ ဦးတည်လာခဲ့ကြလေပြီ။

…

ထိုအခိုက်အတန့်တွင်။

ကျောက်စိမ်းနဂါးဂိုဏ်း...

အစည်းအဝေးခန်းမ။

ဝိညာဉ်ကြွေ နတ်ဘုရင်ခံသည် သူ၏ လက်ထဲရှိ ကျောက်စိမ်းလိပ်ကို ကြည့်ကာ မျက်မှောင်ကြုတ်နေ၏။

ဝိညာဉ်ကြွေ နတ်ဘုရင်ခံက

“မသေဘူးလား... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

ချန်းလု တကယ် သေဆုံးသွားခြင်း မရှိကြောင်းနှင့် သူသည် ကျောက်စိမ်းနဂါးဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ရာတွင် ပါဝင်လာမည် ဖြစ်ကြောင်း လျှို့ဝှက်လဝန်းနန်းတော်မှ ကောလာဟလ သတင်းများကို သူတို့ ရရှိခဲ့ကြရာ နတ်ဘုရင်ခံ သုံးပါးလုံး မယုံနိုင်အောင် ဖြစ်နေကြရသည်။

သွေးမိစ္ဆာနယ်ပယ်ထဲတွင် ချန်းလု ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်သည်ကို သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။

သို့ပါလျက် သူ မည်သို့ မသေပဲ ရှိနေနိုင်ပါမည်နည်း။

ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက

“သွေးမိစ္ဆာနယ်ပယ်မှာ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်တဲ့ ချန်းလုက ကိုယ်ပွားတစ်ခုပဲ ဖြစ်နေမလား... သူက တော်တော်လေး ပြတ်ပြတ်သားသား ဖောက်ခွဲပစ်ခဲ့တာလေ... လူဆိုတာ အသက်ကို နှမြောကြတာပဲ... တကယ်လို့သာ ပင်မကိုယ်ဆိုရင် ဒီလောက်လွယ်လွယ်နဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့ ရွေးချယ်မှာ မဟုတ်ဘူး။”

ကောင်းကင်သတ် နတ်ဘုရင်ခံက

“ကိုယ်ပွားတော့ မဖြစ်နိုင်ဘူး... ကျုပ်တို့ သူနှင့် မျက်နှာချင်းဆိုင်ရတဲ့ အချိန်မှာ သူ့ရဲ့ နတ်အာရုံကို စစ်ဆေးခဲ့တာပဲ... သူ့ရဲ့ နတ်အာရုံ အားကောင်းပုံအရ... အဲ့ဒါက ကိုယ်ပွားဆိုရင် ဒီလောက်အထိ ပြည့်စုံနေစရာ အကြောင်း မရှိဘူး။”

“ နောက်ပြီး သူကျုပ်တိုင်က ကောင်းကင်နတ် တစ်ပါးပဲ... ကောင်းကင်နတ်အဆင့်ရှိတဲ့ ကိုယ်ပွားတစ်ခုကို ကျင့်ကြံဖို့ဆိုတာ အလွန်ခက်ခဲတယ်... ကျုပ်တို့ ရထားတဲ့ သတင်းတွေအရ သူ လျှို့ဝှက်လဝန်းနန်းတော်ကို ရောက်စက ဝိညာဉ်နတ်အဆင့်ပဲ ရှိသေးတာ... ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ကောင်းကင်နတ်အဆင့် ကိုယ်ပွားကို သူ ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ။”

ကောင်းကင်သတ် နတ်ဘုရင်ခံ၏ စကားကို ကြားလျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ တိတ်ဆိတ်သွား၏။ ချန်းလု ကျောက်စိမ်းနဂါးဂိုဏ်းကို ရောက်လာစဉ်က သူသည်လည်း ချန်းလု၏ နတ်အာရုံကို စစ်ဆေးခဲ့ဖူးပြီး သူ၏ နတ်အာရုံမှာ တကယ်ပင် ပြည့်စုံလုနီးပါး ရှိနေခဲ့သည်။

အမှန်စင်စစ် သူသည် လုချန်း၏ နတ်အာရုံ အပြင်းအပျော့ကို ခဏခန့်သာ ခံစားကြည့်ခဲ့ခြင်း ဖြစ်ရာ လုချန်း၏ နတ်အာရုံ တကယ် ပြည့်စုံခြင်း ရှိမရှိကိုတော့ သူ အသေအချာ မပြောနိုင်ပေ။

သို့သော် ကောင်းကင်သတ် နတ်ဘုရင်ခံ ပြောသည်မှာ အလွန်မှန်ကန်၏။ လုချန်း အနေနှင့် ဤမျှ တိုတောင်းသော အချိန်အတွင်း ပင်မကိုယ်နှင့် အဆင့်ချင်းတူသော ကိုယ်ပွားတစ်ခုကို ကျင့်ကြံနိုင်ရန်က မဖြစ်နိုင်သလောက်ပင်။

၎င်းတို့ကိုယ်တိုင်ပင်လျှင် ပင်မကိုယ်ထက် တစ်ဆင့်နိမ့်သော ကိုယ်ပွားတစ်ခုကို ကျင့်ကြံရန် နှစ်ပေါင်း ထောင်ချီ အချိန်ယူရပြီး အဆင့်မြင့်လေလေ ကိုယ်ပွားကျင့်ကြံရန် အချိန်ပိုပေးရလေလေ ဖြစ်သည်။ ကောင်းကင်နတ်အဆင့်ရှိ ကိုယ်ပွားတစ်ခုအတွက် အနည်းဆုံး နှစ်ပေါင်း ရာချီ အချိန်ယူရပေလိမ့်မည်။

ချန်းလုကိုယ်တိုင်ပင် ကောင်းကင်နတ်အဆင့်သို့ ရောက်သည်မှာ မကြာသေးပေ။

သူက ဘယ်လိုလုပ် ကောင်းကင်နတ်အဆင့် ကိုယ်ပွားကို ဤမျှ မြန်မြန် ကျင့်ကြံနိုင်ပါမည်နည်း။

ထိုအခိုက်အတန့်တွင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ၏ စိတ်ထဲ ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး

“ချန်းလု သေသွားတာကို မြင်တော့ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အဖွဲ့သားတွေရဲ့ စိတ်ဓာတ်တွေ အကြီးအကျယ် ကျဆင်းသွားမှာစိုးလို့ ချန်းလုအယောင်ဆောင်ဖို့ တစ်ယောက်ယောက်ကို သူတို့ ဖန်တီးလိုက်တာများလား။”

ကောင်းကင်သတ် နတ်ဘုရင်ခံက

“ဒါက ဖြစ်နိုင်ခြေ ရှိတယ်... ချန်းလုက နန်းတော်သခင်ရဲ့ တပည့်ရင်း ဆိုတော့ သူ့ရဲ့ သေဆုံးမှုက လျှို့ဝှက်လဝန်းနန်းတော်အပေါ် အများကြီး သက်ရောက်မှု ရှိနိုင်တာပဲ။”

ဝိညာဉ်ကြွေ နတ်ဘုရင်ခံက မျက်မှောင်ကြုတ်ကာ

“ကျုပ်တို့ သတ်လိုက်တဲ့ ချန်းလုက အစစ်မဟုတ်ပဲ အယောင်ဆောင် တစ်ယောက် ဖြစ်နေတာလည်း ဖြစ်နိုင်တယ်... လျှို့ဝှက်လဝန်းနန်းတော်က ကျောက်စိမ်းနဂါးဂိုဏ်းရဲ့ မူမမှန်မှုတွေကို ကြိုသိနေလို့ ကျောက်စိမ်းနဂါးဂိုဏ်းကို စမ်းသပ်ဖို့ အယောင်ဆောင် တစ်ယောက်ကို တမင် စေလွှတ်လိုက်တာလည်း ဖြစ်နိုင်တာပဲ။”

ထိုစကားကို ကြားလျှင် ကောင်းကင်သတ် နတ်ဘုရင်ခံနှင့် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံတို့ပါ မှင်တက်သွားကြ၏။

ထိုအချက်က တကယ်ပင် ဤဖြစ်နိုင်ခြေ အလွန် မြင့်မားလှသည်။ ချန်းလုသည် တပည့်ရင်း တစ်ဦး ဖြစ်ရာ သူ့ကို လက်အောက်ခံဂိုဏ်းများကို စစ်ဆေးရန် စေ လွှတ်လိုက်ခြင်းက စွန့်စားရာ ရောက်သော်လည်း လျှို့ဝှက်လဝန်းနန်းတော်က ထိုသို့ ပြုလုပ်ခဲ့သည်။

၎င်းက နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကိုလည်း ဖော်ပြနေ၏။ လက်အောက်ခံ ဂိုဏ်းများထဲတွင် သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းထားသူ ရှိမရှိကို စုံစမ်းရန်အတွက် နန်းတော်သခင်၏ တပည့်ရင်းကို ငါးစာအဖြစ် အသုံးချကာ စေလွှတ်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။

အကယ်၍ ထိုလက်အောက်ခံ ဂိုဏ်းများက သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းထားပါက ၎င်းတို့ အနေနှင့် အကျိုးဆောင်မှု ရယူလိုကြပေလိမ့်မည်။ ထိုအခါ နန်းတော်သခင်၏ တပည့်ရင်းသည် ၎င်းတို့အတွက် အကောင်းဆုံးသော အပေးအယူ ပစ္စည်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ဤဖြစ်နိုင်ခြေကို တွေးမိလိုက်လျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံတို့ သုံးပါးလုံး၏ မျက်နှာများ ပျက်ယွင်းသွားကြတော့သည်။ ၎င်းတို့ကိုယ်တိုင်ပင် ထောင်ချောက်ထဲသို့ ကျရောက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ဝိညာဉ်ကြွေ နတ်ဘုရင်ခံက လျှင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွားပြီး အေးစက်စွာ ရယ်မောလိုက်၏။

ဝိညာဉ်ကြွေ နတ်ဘုရင်ခံက

“ဒါက ထောင်ချောက်ဖြစ်နေရင်လည်း ဘာဖြစ်လဲ... အခု ကျောက်စိမ်းနဂါးဂိုဏ်းကလည်း ထောင်ချောက် ဖြစ်နေပြီလေ... သူတို့ လာရဲတယ်ဆိုမှတော့ ဘယ်တော့မှ ပြန်မသွားစေနဲ့,။”

…………

အခန်း (၁၇၃၀)

တိုက်ခိုက်ရန် ပြင်ဆင်ခြင်း

ချန်းလု အမှန်တကယ် သေဆုံးခြင်း ဟုတ်မဟုတ်ကို ဝိညာဉ်ကြွေ နတ်ဘုရင်ခံ ဂရုမစိုက်တော့ပေ။ အမှန်တရားက မည်သို့ပင် ရှိစေကာမူ ကျောက်စိမ်းနဂါးဂိုဏ်းကို တိုက်ခိုက်ရန် လျှို့ဝှက်လဝန်းနန်းတော်က စစ်တပ် စုစည်းပြင်ဆင်နေခြင်းမှာ အမှန်ပင် ဖြစ်၏။

သို့သော် သူတို့ရောက်လာခဲ့လျှင်တော့ လျှို့ဝှက်လဝန်းနန်းတော်သည် ထောင်ချောက်ထဲသို့ ကျဆင်းသွားရပေလိမ့်မည်။

လျှို့ဝှက်လဝန်းနန်းတော်၏ ချီတက်မှုက အလွန်ပင် လျင်မြန်လှ၏။ လဝက်မျှသော အချိန်အတွင်းမှာပင် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်လှေများသည် ကျောက်စိမ်းနဂါးဂိုဏ်းဆီသို့ ငါးရက်ခရီးအကွာအထိ ရောက်ရှိလာခဲ့ကြသည်။

သို့သော် လျှို့ဝှက်လဝန်းနန်းတော်က တိုက်ခိုက်မှုကို ချက်ချင်း မစတင်ခဲ့ပေ။ အဓိက တိုက်ခိုက်မှု မတိုင်မီ ကျောက်စိမ်းနဂါးဂိုဏ်းကို အစမ်းတိုက်ခိုက်ရန် လက်အောက်ခံဂိုဏ်းများကို လျှို့ဝှက်လဝန်းနန်းတော်က စေခိုင်းလိုက်၏။

ယခု တိုက်ခိုက်မှုတွင် လျှို့ဝှက်လဝန်းနန်းတော်က နတ်ဘုရင်ခံ လေးဦးကို စေလွှတ်ခဲ့သည်။ လက်အောက်ခံဂိုဏ်းများမှ နတ်ဘုရင်ခံများ အပါအဝင်ဆိုလျှင် စုစုပေါင်း နတ်ဘုရင်ခံ ဆယ်ဦးအထိ ရှိနေသဖြင့် ဤစစ်ပွဲ၏ အတိုင်းအတာက မသေးငယ်လှပေ။

ယခုအချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံဂိုဏ်းများက ကျောက်စိမ်းနဂါးဂိုဏ်းကို ဝိုင်းရံပိတ်ဆို့မှု လိုက်ပြီဖြစ်၏။ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို အသုံးမပြုပါက ကျောက်စိမ်းနဂါးဂိုဏ်းသားများ လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သို့သော် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံများတွင် ကန့်သတ်ချက် ရှိနေပြန်သည်။ အဆင့်မြင့် နည်းဗျူဟာ ပုံစံများမှသာ လူအမြောက်အမြားကို ပို့ဆောင်နိုင်ပြီး ထိုသို့ တစ်ကြိမ်ပို့ဆောင်တိုင်း နတ်ကျောက်တုံး အမြောက်အမြားကို အသုံးပြုရ၏။

လျှို့ဝှက်လဝန်းနန်းတော်၏ နတ်လှေများ ရောက်ရှိလာရန် နှစ်လနီးပါး ကြာမြင့်ခဲ့ခြင်းမှာ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို အသုံးမပြုပဲ အရှိန်အကုန်တင်၍ ပျံသန်းလာခဲ့ခြင်းကြောင့် ဖြစ်သည်။

လျှို့ဝှက်လဝန်းနန်းတော်ပင်လျှင် နတ်ကျောက်တုံးများ ကုန်ကျမှုကို ထည့်သွင်းစဉ်းစားရ၏။

ဤကဲ့သို့ အင်အားချင်း မျှနေသည့် စစ်ပွဲများတွင် တစ်ဦးချင်းစီ၏ အစွမ်းထက်မှုသာမက နတ်ဂိုဏ်း၏ အခြေခံအင်အားကိုပါ စမ်းသပ်ခြင်း ဖြစ်သည်။ မည်သည့်ဘက်ကမှ နတ်သခင် တစ်ဦး ပေါ်ထွက်လာခြင်း မရှိပါက စစ်ပွဲ၏ အရင်းအနှီးမှာ အလွန်ပင် ကြီးမားသွားမည် ဖြစ်၏။

လျှို့ဝှက်လဝန်းနန်းတော်နှင့် လက်အောက်ခံ တပ်ကြီး စုရုံးမိလျှင် ခေါင်းဆောင်ဖြစ်သူ နတ်ဘုရင်ခံ ဝေရွှီက ကျောက်စိမ်းနဂါးဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ရေး ဆွေးနွေးရန်အတွက် လက်အောက်ခံဂိုဏ်းများမှ နတ်ဘုရင်ခံများကို ဆင့်ခေါ်လိုက်၏။

……

ကြည်လင်သော ကောင်းကင်အောက်တွင် ကြီးမားလှသော နန်းတော်ကြီးတစ်ခုသည် လေထဲတွင် လွင့်မျောနေ၏။ ဤနန်းတော်သည် နတ်ဘုရင် တစ်ဦး၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်သော ကောင်းကင်အဆင့် နတ်လက်နက် တစ်ခုဖြစ်ပြီး လျှို့ဝှက်လဝန်းနန်းတော်၏ အနည်းငယ်သော ကောင်းကင်အဆင့် နတ်လက်နက်များထဲမှ တစ်ခုလည်း ဖြစ်သည်။

ထိုသို့ဖြစ်သော်လည်း နတ်ဘုရင် တစ်ဦးက စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်လာပါက ဤနန်းတော်၏ အကာအကွယ် နည်းဗျူဟာ ပုံစံ ပျက်စီးသွားရန် အချိန်များစွာ ကြာမြင့်မည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ကျောက်စိမ်းနဂါးဂိုဏ်းကို ဝိုင်းရံရာ၌ ပါဝင်ကြမည့် လက်အောက်ခံဂိုဏ်းများမှ နတ်ဘုရင်ခံများသည် ယာယီအစည်းအဝေးခန်းမသို့ အကုန်အစင် ရောက်ရှိနေကြပြီ ဖြစ်၏။

ထိုစဉ် နတ်ဘုရင်ခံ ဝေရွှီနှင့် လျှို့ဝှက်လဝန်းနန်းတော်မှ ကျန်နတ်ဘုရင်ခံ သုံးဦးတို့ ခန်းမထဲသို့ ဝင်လာကြ၏။ နတ်ဘုရင်ခံ ဝေရွှီ စကားစရန် ပြင်နေစဉ် လက်အောက်ခံဂိုဏ်းတစ်ဂိုဏ်းမှ ဂိုဏ်းချုပ်က မေးမြန်းလိုက်သည်။

လက်အောက်ခံဂိုဏ်းချုပ်က နတ်ဘုရင်ခံ ဝေရွှီကို

“နတ်ဘုရင်ခံ ဝေရွှီ... လျှို့ဝှက်လဝန်းနန်းတော်သခင်ရဲ့ တပည့်ရင်းကို ကျောက်စိမ်းနဂါးဂိုဏ်းက သတ်လိုက်တယ်ဆိုတာ အမှန်ပဲလား။”

ထိုအရာကို ကြားလျှင် ကျန်ရှိနေသည့် လက်အောက်ခံဂိုဏ်းများမှ နတ်ဘုရင်ခံ ငါးဦးသည်လည်း နတ်ဘုရင်ခံ ဝေရွှီထံသို့ အကြည့်များ ပို့လိုက်ကြ၏။

နတ်ဘုရင်ခံ ဝေရွှီက

“သေသွားတာက ချန်းလုရဲ့ ကိုယ်ပွားပဲ ဖြစ်ပါတယ်။ ကျောက်စိမ်းနဂါးဂိုဏ်းရဲ့ ထူးဆန်းတဲ့ အခြေအနေတွေကို သူတွေ့သွားလို့ သူ့ရဲ့ကိုယ်ပွားကိုသုံးပြီး စုံစမ်းခိုင်းခဲ့တာပါ။”

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံများလည်း ယွမ်ယုတိ၏ တပည့်ရင်းကို လျှို့ဝှက်လဝန်းနန်းတော်က အဘယ်ကြောင့် ကင်းလှည့်စစ်ဆေးခိုင်းသည်ကို နားလည်သွားကြ၏။ မည်သည့်လက်အောက်ခံဂိုဏ်းများ သွေးလင်းယုန်ခန်းမဘက်သို့ ကူးပြောင်းသွားသနည်း ဆိုတာကို ဤနည်းလမ်းဖြင့် လျှို့ဝှက်လဝန်း နန်းတော်မှ စမ်းသပ်လိုပုံရသည်။

ကံကောင်းထောက်မစွာပင် သူတို့၌ သစ္စာဖောက်ရန် ရည်ရွယ်ချက် ရှိမ‌နေခြင်းဖြစ်၏။ မဟုတ်ပါက သူတို့လည်း ထောင်ချောက်ထဲသို့ ရောက်သွားပေလိမ့်မည်။

လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်သည့် ဂိုဏ်းများအတွက်တော့ ယွမ်ယုတိ၏ တပည့်ရင်းကို ဖမ်းဆီးရမိခြင်းက ငြင်းပယ်နိုင်စွမ်း မရှိအောင် ကြီးမားလှသည့် အောင်မြင်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

နတ်ဘုရင်ခံ ခြောက်ဦးထဲမှ ပိုင်မန်ဂိုဏ်း၏ ဂိုဏ်းချုပ် နတ်ဘုရင်ခံ ပိုင်မန်က မျက်ခုံးအနည်းငယ် တွန့်လိုက်ရင်း ရုတ်တရက် သူ ကံကောင်းသွားသည်ဟု ခံစားလိုက်ရ၏။ ယဲ့ချူယောင် သူတို့ဂိုဏ်းသို့ စစ်ဆေးရန် လာစဉ်က သူမကို တစ်စုံတစ်ရာ မလုပ်ခဲ့မိခြင်းမှာ ကံကောင်းလှပေသည်။

မဟုတ်ပါက ပိုင်မန်ဂိုဏ်းသည်လည်း ယခုလို ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်ရပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်နှင့် လုချန်းတို့ ခန်းမထဲသို့ တစ်ပြိုင်နက်တည်း ဝင်လာကြ၏။

နတ်ဘုရင်ခံ ဝေရွှီက

“ဒီနှစ်ယောက်ကတော့ ကျုပ်တို့နန်းတော်သခင်ရဲ့ တပည့်ရင်းတွေပါပဲ။”

လူအများက လုချန်းနှင့် ယဲ့ချူယောင်ကို

“ချန်းသခင်လေးကို ဂါရဝပြုပါတယ်... မိန်းကလေးယဲ့ကို ဂါရဝပြုပါတယ်”

နတ်ဘုရင်ခံ ဝေရွှီက

“ကဲ... ကျောက်စိမ်းနဂါးဂိုဏ်းကို ဘယ်လိုတိုက်မလဲဆိုတာ စတင်ဆွေးနွေးကြတာပေါ့။ ကျောက်စိမ်းနဂါးဂိုဏ်းက ချန်းလု သေသွားပြီဆိုတဲ့ သတင်းကို ရဲရဲတင်းတင်း ဖြန့်ဝေရဲတယ်ဆိုကတည်းက သူတို့မှာ အဆင်သင့်ပြင်ထားတာ တစ်ခုခုရှိရမယ်။ အခုဆိုရင် ကျောက်စိမ်းနဂါးဂိုဏ်းထဲမှာ မိစ္ဆာနတ်တွေ အမြောက်အမြား ရှိနေနိုင်တယ်။”

ထို့နောက် နတ်ဘုရင်ခံ ဝေရွှီနှင့် ဂိုဏ်းချုပ်များသည် တိုက်ပွဲနည်းဗျူဟာများကို ရေးဆွဲကြ၏။ လုချန်းနှင့် ယဲ့ချူယောင်တို့ကတော့ ဘေးမှနေ၍ ဝင်ရောက်မနှောင့်ယှက်ပဲ နားထောင်နေကြသည်။

ရှာဖွေရေး အစီအစဉ်ကို အပြီးသတ်ပြီးနောက် နတ်ဘုရင်ခံ ဝေရွှီက

“မေးစရာရှိတာရှိရင် အခု မေးလို့ရပါတယ်”

နတ်ဘုရင်ခံ ပိုင်မန်က

“မကြာသေးခင်ကပဲ လျှို့ဝှက်လဝန်းနန်းတော်က တစ်ယောက်ယောက် နတ်ဘုရင်အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းသွားတယ်လို့ ကြားလိုက်တယ်။ အဲ့ဒီ နတ်ဘုရင်က ဒီဝိုင်းရံတိုက်ခိုက်မှုမှာ မပါဝင်ဘူးလား။”

“သွေးလင်းယုန်ခန်းမမှာလည်း နတ်ဘုရင်ခံအဆင့်ရှိတဲ့ မိစ္ဆာနတ်တွေ အမြောက်အမြား ရှိနေတာပဲ။ ကျုပ်တို့ နတ်ဘုရင်ခံ ဆယ်ယောက်ပေါင်းတိုက်ရင်တောင် သူတို့ကို ဖမ်းဆီးထားနိုင်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ နတ်ဘုရင်တစ်ပါးသာ ပါဝင်လာမယ်ဆိုရင် ကျောက်စိမ်းနဂါးဂိုဏ်းကို အလွယ်တကူ ချေမှုန်းနိုင်မှာပါ။”

နတ်ဘုရင်ခံ ဝေရွှီက

“ဒါဟာ သွေးလင်းယုန်ခန်းမက ကျွန်မတို့ကို မျှားခေါ်တာလားဆိုတာ မသေချာဘူး။ အခုအချိန်မှာ ကျွန်မတို့နန်းတော်သခင်က တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေတာဆိုတော့ သူ့ကို စောင့်ရှောက်ဖို့ တစ်ယောက်ယောက် လိုအပ်တယ်။ ဒါကြောင့် ဒု နန်းတော်သခင် လင်ရင်ကတော့ ဒီစစ်ပွဲမှာ ပါဝင်မှာ မဟုတ်ဘူး။”

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံများ အနည်းငယ် နှမြောတသ ဖြစ်သွားကြ၏။ လျှို့ဝှက်လဝန်းနန်းတော်က လူအမြောက်အမြား စုစည်းထားပြီး နန်းတော်၏ ကိုယ်ပိုင်နတ်ဘုရင်ခံ လေးဦးအထိ စေလွှတ်ထားသော်လည်း ဤတစ်ကြိမ်သည် သွေးလင်းယုန်ခန်းမနှင့် ပထမဆုံးအကြိမ် တိုက်ရိုက်ရင်ဆိုင်ရခြင်း ဖြစ်နိုင်သဖြင့် သူတို့ အနည်းငယ် စိုးရိမ်ထိတ်လန့်နေကြသည်။

နတ်ဘုရင်ခံ ဝေရွှီက

“တခြား မေးစရာရှိသေးလား”

အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက်။”

အထက်ဂိုဏ်းရဲ့ အမိန့်ကို ကျုပ်တို့ တိတိကျကျ လိုက်နာပါ့မယ်။”

နတ်ဘုရင်ခံ ဝေရွှီက

“ဒါဆိုရင် အားလုံးသွားပြီး ပြင်ဆင်ကြပါတော့။ နောက်သုံးရက်နေရင် တိုက်ခိုက်မှု စတင်မယ်။”

ထိုသို့ပြောပြီးနောက် နတ်ဘုရင်ခံ ပိုင်မန်နှင့် အခြားသူများသည် ခန်းမအတွင်းမှ ထွက်သွားကြကာ စစ်ဆင်ရေးအတွက် စီစဉ်ရန် မိမိတို့ စခန်းချရာ နေရာများသို့ ပြန်သွားကြကုန်၏။

….

ထိုအတောအတွင်း။

လျှို့ဝှက်လဝန်းနန်းတော်။

လုချန်း၏ လူနတ်ကိုယ်ပွားသည် ရှောင်ရွှီရင်၊ ကောက်ရှီယွမ်တို့နှင့်အတူ သွေးလင်းယုန်ခန်းမ၏ စစ်မှန်သော ရည်ရွယ်ချက်များကို ဆွေးနွေးနေကြ၏။

ရှောင်ရွှီရင်က

“သူတို့က ကျားကို တောင်ပေါ်ကနေ မျှားခေါ်ချင်တာလို့ ကျွန်မ ထင်တယ်။ နတ်ဘုရင် လင်ရင်ကို အဲဒီကို ရောက်အောင်လုပ်ပြီးမှ လျှို့ဝှက်လဝန်းနန်းတော်ကို ရုတ်တရက် တိုက်ခိုက်မယ့် သဘောပဲ။”

ကောက်ရှီယွမ်က

“ကျောက်စိမ်းနဂါးဂိုဏ်းကို အသုံးချပြီး လျှို့ဝှက်လဝန်းနန်းတော်ရဲ့ စွမ်းအားကို တဖြည်းဖြည်း ချည့်နဲ့သွားအောင် လုပ်ချင်တာလည်း ဖြစ်နိုင်တာပဲ။”

ရှောင်ရွှီရင်က

“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အင်အားကို လျော့ပါးအောင်လုပ်ဖို့က မလွယ်ပါဘူး။ လျှို့ဝှက်လဝန်းနန်းတော်မှာ လက်အောက်ခံအဖွဲ့အစည်းတွေ အများကြီးရှိတာပဲ။ နတ်ဘုရင်ခံ ဝေရွှီကလည်း လျှို့ဝှက်လဝန်းနန်းတော်က တပည့်တွေကို အစောကြီး လွှတ်မှာ မဟုတ်ဘူး။ လက်အောက်ခံ အဖွဲ့တွေကိုပဲ အရင်ဆုံး အခြေအနေ စမ်းခိုင်းမှာ သေချာတယ်။”

ရှောင်ရွှီရင်၏ ပေါင်ပေါ်တွင် လဲလျောင်းနေသည့် လုချန်းကို ကောက်ရှီယွမ် ကြည့်လိုက်၏။

ကောက်ရှီယွမ်က လုချန်းကို

“မောင်လေး... မောင်လေးကော ဘယ်လိုထင်လဲ”

လုချန်း စကားပြောရန် ပြင်လိုက်စဉ် နတ်ဘုရင် လင်ရင် အဆောင်အတွင်းသို့ ရောက်ရှိလာ၏။ နတ်ဘုရင် လင်ရင်ကို မြင်လျှင် အမျိုးသမီး နှစ်ဦး အလျင်အမြန်ပင် နှုတ်ဆက်လိုက်ကြသည်။

“ဒု နန်းတော်သခင် လင်ရင်ကို ဂါရဝပြုပါတယ်”

နတ်ဘုရင် လင်ရင်က

“အားလုံးက မိသားစုတွေမို့ ထုံးစံတွေ ထားလိုက်ပါ”

“မိသားစု” ဟူသော စကားကို ကြားလျှင် အမျိုးသမီး နှစ်ဦး ချက်ချင်းပင် နားလည်သွားကြပြီး လုချန်းကို ကြည့်လိုက်ကြ၏။

လုချန်းက နတ်ဘုရင် လင်ရင်ကို

“နတ်ဘုရင် လင်ရင်... ကျုပ်ကို ပြောစရာ ရှိလို့လား”

နတ်ဘုရင် လင်ရင်က

“သွေးလင်းယုန်ခန်းမက နတ်ဘုရင် တစ်ပါး ကျောက်စိမ်းနဂါးဂိုဏ်းမှာ ပေါ်လာမှာကို ကျွန်မ နည်းနည်း စိုးရိမ်မိတယ်။ သူတို့က လေထိန်းခန်းမကို ယူသွားကြပေမဲ့ နတ်ဘုရင် တစ်ပါးသာ တကယ် ပေါ်လာခဲ့ရင် အဲဒီ ခန်းမက နတ်ဘုရင်ရဲ့ စွမ်းအားအပြည့် တိုက်ခိုက်မှုတွေကို ကြာကြာ ခုခံနိုင်မှာ မဟုတ်ဘူး။”

“လျှို့ဝှက်လဝန်းနန်းတော်ကို ယာယီ ကာကွယ်ပေးနိုင်မယ့် နည်းလမ်း ရှင့်မှာ ရှိမလားဆိုတာ သိချင်လို့ပါ။ နတ်ဘုရင် တစ်ပါး ပေါ်လာခဲ့ရင် ကျွန်မ ကျောက်စိမ်းနဂါးဂိုဏ်းကို သွားပြီး ကူညီနိုင်အောင်လို့ပါ။”

……….

အခန်း (၁၇၃၁)

ဖြောင့်မတ်သော နတ်ဂိုဏ်းဆိုသည်များလည်း ဘာမှ မထူးခြား

လုချန်းသည် ကစဉ့်ကလျား ပင်လယ်အတွင်းမှ ထွက်လာသည်မှာ မကြာသေးသော်လည်း လုချန်းတွင် ဝှက်ဖဲများ ရှိနေသေးသည်ဟု နတ်ဘုရင် လင်ရင် ယုံကြည်နေ၏။

နောက်ဆုံး တစ်ခေါက်က လုချန်းသည် နတ်ဘုရင် အုပ်စုကြားတွင် လုကျင့်ဖူကို သတ်ပြီး ဒဏ်ရာမရပဲ ဆုတ်ခွာနိုင်ခဲ့သည် မဟုတ်လား။

လုချန်း မည်သို့ လုပ်ဆောင်ခဲ့သည်ကို သူမ မသိသော်လည်း လုချန်းတွင် နတ်ဘုရင်များကို ခဏခန့် ရင်ဆိုင်ရန် ထူးခြားသော နည်းလမ်းအချို့ ရှိရမည်ဟု သူမ၏ စိတ်ထဲ ယုံကြည်နေ၏။

တကယ်လို့ လုချန်းမှာ တခြားနည်းလမ်းမရှိပါက သူမသည် လျှို့ဝှက်လဝန်းနန်းတော်တွင်သာ နေရုံရှိပြီး နတ်ဘုရင်ခံ ဝေရွှီနှင့် အခြားသူများကို သွားရောက် မကူညီနိုင်တော့ပေ။ နတ်ဘုရင်ခံ ဝေရွှီနှင့် သူ၏ အုပ်စုတွင် အသက်ကယ် ရတနာများ ရှိသဖြင့် သူတို့ အနိုင်မတိုက်နိုင်သော နတ်ဘုရင်နှင့် တွေ့လျှင်တောင် သူတို့ ထွက်ပြေးနိုင်သေးသည်။

နတ်ဘုရင် လင်ရင် ယခု လုချန်းထံသို့ လာရောက် မေးမြန်းခြင်းမှာ ကံကို စမ်းကြည့်ရန် သက်သက်သာ ဖြစ်သည်။

ထိုအရာကို ကြားလျှင် လုချန်း ခဏခန့် စဉ်းစားလိုက်၏။ ထို့နောက် နတ်ဘုရင်၏ ကျိန်စာ အသုံးပြုနိုင်သည့် အကြိမ်အရေအတွက်ကို စစ်ဆေးလိုက်၏။

ယခုအခါ အသုံးပြုနိုင်မှု နှစ်ကြိမ်အထိ စုဆောင်းမိနေပြီ ဖြစ်သဖြင့် သူ နှစ်ကြိမ် လှုပ်ရှားနိုင်သည်။

ထို့ကြောင့် သူက

“တကယ်လို့ ကျောက်စိမ်းနဂါးဂိုဏ်းမှာ နတ်ဘုရင် တစ်ပါး တကယ် ပေါ်လာခဲ့ရင် ခင်ဗျားကိုယ်တိုင် သွားသင့်တယ်။”

“ဒါနဲ့ ခင်ဗျားကို နတ်ကျင့်စဉ် တစ်ခု သင်ပေးပါရစေ။”

“ဒီကျင့်စဉ်က မိစ္ဆာနတ်တွေကို ဖိနှိပ်နိုင်တယ်။”

ထိုအရာကို ကြားလျှင် နတ်ဘုရင် လင်ရင် အနည်းငယ် မှင်တက်သွား၏။

မိစ္ဆာနတ်တွေကို ဖိနှိပ်ဖို့လား။

တကယ်လို့သာ ဒါကို တကယ် လုပ်နိုင်မယ်ဆိုရင် ၊ ဒီကျင့်စဉ်က လျှို့ဝှက်လဝန်းနန်းတော်မှာ ပျံ့နှံ့သွားလျှင်၊ ဒီစစ်ပွဲမှာ သူတို့၏ အသာစီးရမှုက ပိုပြီး ကြီးမားလာလိမ့်မည်။

ထိုအခိုက်အတန့်တွင် လုချန်းက ကျင့်စဉ်များကို မှတ်ဉာဏ်ပုလဲစေ့ထဲသို့ ပေါင်းစုလိုက်ပြီး နတ်ဘုရင် လင်ရင်၏ နဖူးအတွင်းသို့ ပျံဝင်သွားစေလိုက်၏။

ထိုအရာက ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခု ဖြစ်သည်ကို သိလိုက်ရလျှင် နတ်ဘုရင် လင်ရင် ခဏခန့် မှင်တက်သွားသော်လည်း သူမ ချက်ချင်းပင် သတိပြန်ဝင်လာ၏။ လွန်ခဲ့သော သန်းထောင်ပေါင်းများစွာ ကတည်းက နတ်ဧကရာဇ်များ ချန်ထားခဲ့သော လျှို့ဝှက်နယ်မြေများနှင့် ကမ္ဘာငယ်လေး အမြောက်အမြားကို လုချန်း ရောက်ခဲ့ဖူးသဖြင့် သူ့၌ ဤကဲ့သို့သော ကျင့်စဉ် ရှိနေခြင်းမှာ အံ့သြစရာ မရှိပေ။

နတ်ဘုရင် လင်ရင် ထိုအရာကို အများကြီး မစဉ်းစားတော့ပေ။

ကျင့်စဉ်ကို ရရှိပြီးနောက် နတ်ဘုရင် လင်ရင်က

“ဒါဆို ကျွန်မ အရင်သွား ကျင့်ကြံလိုက်ဦးမယ်။”

လုချန်းက

“ဟုတ်ကဲ့... ကောင်းပါပြီ”

ဟု တုံ့ပြန်လိုက်၏။

ထို့နောက် နတ်ဘုရင် လင်ရင် လှည့်ထွက်သွားပြီး ခြံဝင်းအတွင်းမှ ထွက်သွား၏။ နတ်ဘုရင် လင်ရင် ထွက်သွားပြီးနောက် လုချန်း၏ ဘေးရှိ အမျိုးသမီး နှစ်ဦးက သူ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

သူတို့၏ ထူးဆန်းသော အကြည့်များကို မြင်တော့ လုချန်းက ခပ်ဖွဖွရယ်လိုက်ရင်း

“အဲဒီ အကြည့်တွေက ဘာလဲ”

ဟု မေးလိုက်၏။

ရှောင်ရွှီရင်က သံသယဖြင့်

“မောင်လေး... မောင်လေး လျှို့ဝှက်လဝန်းနန်းတော်ကနေ မထွက်ပဲ နေနေတာက နန်းတော်သခင်ကို စိတ်ဝင်စားနေလို့လား။”

လျှို့ဝှက်လဝန်းနန်းတော်၏ အပြင်စည်း တပည့်များကို ထည့်မတွက်လျှင် အမျိုးသားများနှင့် ပတ်သက်မှု လုံးဝမရှိသလောက် ဖြစ်သည့် အမျိုးသမီး ငါးဦးသာ ရှိသည်။ ကျန်တဲ့သူတွေကတော့ စုံတွဲဖြစ်ရှိသည် ဟူသည့် ကောလာဟလ အနည်းနဲ့အများ ရှိကြသည်။

ထိုငါးဦးမှာ ရှောင်ရွှီရင်၊ ကောက်ရှီယွမ်၊ ယဲ့ချူယောင်၊ ယွမ်ယုတိနှင့် နတ်ဘုရင် လင်ရင်တို့ ဖြစ်ကြသည်။

ယခုအခါ ထိုငါးဦးအနက် လေးဦးမှာ ချန်းလု၏ အမျိုးသမီးများ ဖြစ်နေကြပြီ ဖြစ်သဖြင့် လုချန်း၏ နောက်ထပ် ပစ်မှတ်မှာ သူတို့၏ နန်းတော်သခင် ဖြစ်နေမည်ကို ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ အတော်လေး သံသယဖြစ်နေကြ၏။

လုချန်းကတော့ ပြုံးပဲ ပြုံးနေပြီး ရှောင်ရွှီရင်၏ မေးခွန်းကို မတုံ့ပြန်ခဲ့ပေ။ လုချန်း၏ မျက်နှာပေါ်မှ အပြုံးကို မြင်လိုက်လျှင် အမျိုးသမီး နှစ်ဦးလည်း လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သွားကြ၏။

သူ တကယ်ပဲ သူတို့၏ နန်းတော်သခင်ကို စဉ်းစားနေတာပဲ။

သူနဲ့ နန်းတော်သခင် ရန်ငြိုးရှိတယ်လို့ တစ်ခါက ပြောဖူးပြီး အခုကျတော့ မထွက်သွားချင်တာက အံ့သြစရာ မရှိတော့ပေ။

သူသည် သူမကိုလည်း သူ၏ အမျိုးသမီးများထဲမှ တစ်ဦး ဖြစ်စေချင်နေခြင်းဖြစ်၏။

သို့သော် ထိုအရာက သူ၏ စရိုက်နှင့် လုံးဝကိုက်ညီနေသည်။

အတိတ်တုန်းက လျှို့ဝှက်လဝန်းနန်းတော်၏ သူတော်စင်မသည်လည်း သူနှင့် သေအောင် တိုက်ခဲ့ကြတာ မဟုတ်ပါလား။

နောက်ဆုံးမှာ သူမ ရှုံးနိမ့်သွားတော့မှ ကစဉ့်ကလျား ပင်လယ်ထဲမှာ သူနှင့် အတူတူ လိုက်သွားခဲ့ခြင်းဖြစ်၏။

နတ်များအတွက်တော့ ခွဲမရနိုင်ဘူးဆိုသော စကားမျိုး မရှိ‌ပေ။

လုချန်း ရှုံးနိမ့်သွားချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်၏ သူတော်စင်မသည် သူ့ကို လုံးဝ စွန့်ခွာသွားနိုင်သော်လည်း သူမ စွန့်ခွာမသွားခဲ့ပေ။

ဒါက သူမ လုချန်းကို ချစ်မိသွားကြောင်း သက်သေပြနေသည်။

ထိုကဲ့သို့ ဥပမာများ အမြောက်အမြား ရှိ၏။ ထိုသူတော်စင်မ အပြင် လုချန်း၏ အမျိုးသမီး အမြောက်အမြားသည် အစက သူနှင့် ပဋိပက္ခများ ရှိခဲ့ကြသူများ ဖြစ်သည်။ တကယ်တော့ သူတို့သည် မတိုက်ခိုက်ရသေးခင်အထိ အချင်းချင်း မသိကျွမ်းကြခြင်းပင်။

ဒီလူရဲ့ အဆန်းကြယ်ဆုံး အစွမ်းက ထိုအစွမ်းပင်ဟု အမျိုးသမီး နှစ်ဦး၏ စိတ်ထဲ တွေးနေကြ၏။

တစ်ချိန်က သူ့ကို မုန်းခဲ့သူတွေ သူ့ကို ချစ်လာအောင် လုပ်နိုင်ခြင်းက သူ ဘယ်လောက် ထူးချွန်ကြောင်း သက်သေပြနေသည်။

ထို့နောက် လုချန်းက

“ဒါနဲ့ ခင်ဗျားတို့ကိုလည်း နတ်ကျင့်စဉ် အချို့ သင်ပေးပါရစေ။”

သူတို့ကို ကာကွယ်ရန် သူ၏ ကိုယ်ပွားတစ်ခုကို သူတို့ဘေးတွင် အမြဲထားထားသော်လည်း မည်သည့်အချိန်တွင် မျှော်လင့်မထားသော အခြေအနေများ ဖြစ်လာမည်ဟု မည်သူ သိနိုင်မည်နည်း။

နောက်ပိုင်းတွင် သူတို့ မိစ္ဆာနတ်များနှင့် တွေ့ခဲ့လျှင် သူ သင်ပေးခဲ့သော ကျင့်စဉ်များ ရှိနေပါက သူတို့ကိုယ် သူတို့ ကာကွယ်ရန် စွမ်းအားအချို့ ရှိနေလိမ့်မည်။

ထိုစကားနှင့်အတူ လုချန်းသည် နတ်ကျင့်စဉ် အချို့၏ အကြောင်းအရာများကို အမွေအနှစ် မှတ်ဉာဏ်ပုလဲများထဲသို့ ပေါင်းစုလိုက်ပြီး ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့၏ နဖူးဆီသို့ ပို့လွှတ်လိုက်၏။

မှတ်ဉာဏ်ပုလဲများနှင့် ပေါင်းစပ်သွားပြီးနောက် အမျိုးသမီး နှစ်ဦးစလုံး၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပေါ်လာ၏။

လုချန်း၏ အမျိုးသမီးများ ဖြစ်လာကတည်းက သူတို့ အနည်းငယ် စိုးရိမ်နေခဲ့ကြသည်။ အဓိကအားဖြင့် လုချန်း၏ ယခင် အမျိုးသမီးများက အလွန် ထူးချွန်လွန်းနေသောကြောင့် ဖြစ်သည်။

သူတိုသည် နတ်ဘုရား နိုင်ငံတော် အချို့မှ မင်းသမီးများ မဟုတ်လျှင် အင်အားကြီး အဖွဲ့အစည်းများမှ သူတော်စင်မများ ဖြစ်တတ်ကြသည်။ လုချန်းနှင့် မလိုက်ဖက်မည်ကို သူတို့ နှစ်ဦး စိုးရိမ်နေကြပြီး သူ့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာကို ကြောက်နေကြခြင်းဖြစ်၏။

လုချန်းနှင့် လက်ထပ်ပြီးနောက် သူနှင့် အတူရှိနေသည့် အချိန်မှလွဲ၍ သူတို့သည် ဝီရိယရှိရှိစွာ ကျင့်ကြံနေခဲ့ကြသည်။ သို့သော် သူတို့ ကျင့်ကြံနေသော ကျင့်စဉ်များက သိပ်မကောင်းလှသလို အလယ်အလတ်အဆင့်သာရှိသော သူတို့၏ ပင်ကိုယ် အရည်အချင်းက ထျန်းရန် နတ်ဘုရား နယ်မြေ၏ ထိပ်တန်း အင်အားစုများမှ ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင် အတော်လေး နိမ့်ကျနေသဖြင့် သူတို့ စိတ်ပူနေခဲ့ကြခြင်း ဖြစ်သည်။

ယခု ချန်းလုက သူတို့ကို ကောင်းကင်အဆင့် ကျင့်စဉ်များ ပေးလိုက်ပြီ ဖြစ်ရာ ထိုအရာများကိုသာ ဆက်လက် ကျင့်ကြံသွားလျှင် သူတို့၏ စွမ်းအား အလွန် ကြီးမားလာလိမ့်မည်။

မှတ်ဉာဏ်ပုလဲများနှင့် ပေါင်းစပ်ပြီးနောက် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ ချက်ချင်းပင် ထရပ်လိုက်ကြပြီး ရှောင်ရွှီရင်က

“မောင်လေး... ကျွန်မ အရင်သွား ကျင့်ကြံလိုက်ဦးမယ်။”

ကောက်ရှီယွမ်ကလည်း ခပ်ဖွဖွပြုံးလိုက်ရင်း “မောင်လေး... ကျွန်မလည်း သွားကျင့်ကြံလိုက်ဦးမယ်။”

လုချန်းက

“ကောင်းပါပြီ”

ဟုသာ တုံ့ပြန်လိုက်၏။

ထို့နောက် အမျိုးသမီး နှစ်ဦးသည် သူတို့၏ အခန်းအသီးသီးသို့ ပြန်သွားပြီး တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်ကြ၏။

……

တစ်လအကြာတွင်။

ကျောက်စိမ်းနဂါးဂိုဏ်း။

အစည်းအဝေး ခန်းမအတွင်း၌။

နတ်ဘုရင်ခံ ကျောက်စိမ်းနဂါးသည် တိတ်ဆိတ်နေပြီး သူ၏ ရှေ့ရှိ ပုံရိပ်ကို စိုက်ကြည့်နေကာ သူ၏ မျက်နှာကတော့ ညှိုးငယ်နေ၏။ ကျောက်စိမ်းနဂါးဂိုဏ်းသည် လျှို့ဝှက်လဝန်းနန်းတော်၏ အင်အားကို လျော့ပါးစေရန် ရည်ရွယ်လျက် နည်းဗျူဟာ ထောင်ချောက်များ အမြောက်အမြားကို ဆင်ထားခဲ့သည်။

သို့သော် ထိုနည်းဗျူဟာ ပုံစံများ အားလုံးမှာ လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံဂိုဏ်းများ၏ ဖျက်ဆီးခြင်း ခံလိုက်ရပြီး လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များကတော့ တိုက်ခိုက်ခြင်း မရှိသေးပေ။

တကယ်လို့ ဒီအတိုင်းသာ ဆက်သွားနေပါက ကျောက်စိမ်းနဂါးဂိုဏ်းက ဂရုတစိုက် စီစဉ်ထားသော ထောင်ချောက်များသည် ထိုလက်အောက်ခံ အင်အားစုများကြောင့် မကြာမီ အကုန်လုံး ပေါ်ထွက်လာလိမ့်မည်။

သူ၏ရှေ့မှ ပုံရိပ်ကို မြင်လိုက်ရလျှင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံက လှောင်ပြုံးပြုံးလိုက်ရင်း

“သူတို့က အဲဒီ အင်အားနည်းတဲ့ လက်အောက်ခံဂိုဏ်းတွေကို အမြှောက်စာအဖြစ် သုံးနေတာပဲ။ ဖြောင့်မတ်တဲ့ နတ်ဂိုဏ်းတွေဆိုတာလည်း ဒီလိုပါပဲ။”

ကျောက်စိမ်းနဂါးဂိုဏ်း ဆင်ထားသော နည်းဗျူဟာများမှာ အများအားဖြင့် အစွမ်းထက်သော သတ်ဖြတ်ခြင်း နည်းဗျူဟာများ ဖြစ်ကြသည်။

ထိုအရာများကို ထိတွေ့မိသော မည်သည့်လက်အောက်ခံဂိုဏ်း တပည့်မဆို ဧကန်မုချ သေဆုံးကြရသည်။

တစ်လအတွင်းမှာတင် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံဂိုဏ်းများမှ တပည့် အမြောက်အမြား သေဆုံးခဲ့ရသော်လည်း ပင်မနန်းတော်မှ တပည့်များမှာမူ ထိခိုက်ဒဏ်ရာရမှု လုံးဝမရှိသလောက် ဖြစ်သည်။

ကောင်းကင်သတ် နတ်ဘုရင်ခံက

“ကိစ္စမရှိပါဘူး ဒါတွေ ဖြစ်လာမှာကို ကျုပ်တို့က အစောကတည်းက ကြိုမတွေးထားမိလို့လား”

ဟု မှတ်ချက်ပေးလိုက်၏။

“အဲဒီ လက်အောက်ခံ အဖွဲ့အစည်းတွေက တပည့်တွေက ရိုးရှင်းတဲ့ သတ်ဖြတ်ခြင်း နည်းဗျူဟာအချို့ကိုပဲ ဖွင့်မိသေးတာပါ။ နတ်စွမ်းအား အမြောက်အမြား လိုအပ်တဲ့ နည်းဗျူဟာတွေကတော့ အသုံးမပြုရသေးဘူး။”

“အဲဒီ နည်းဗျူဟာတွေကိုတော့ လျှို့ဝှက်လဝန်းနန်းတော်က တပည့်တွေအတွက် ချန်ထားတာ။”

“နောက်ပြီး လျှို့ဝှက်လဝန်းနန်းတော်ရဲ့ လက်အောက်ခံဂိုဏ်းတွေက တပည့်တွေ အမြောက်အမြား သေဆုံးတာက ကျုပ်တို့အတွက် တကယ်တော့ ကောင်းတဲ့ အရာပဲ။”

သူတို့သည် မိစ္ဆာနတ်များ ဖြစ်ကြပြီး မိစ္ဆာနတ်များ အနေနှင့် ကျင့်ကြံရန် သွေးစွမ်းအားများ လိုအပ်သည်။ ထိုလက်အောက်ခံဂိုဏ်း တပည့် အမြောက်အမြား သေဆုံးခြင်းက ကျောက်စိမ်းနဂါးဂိုဏ်း ပတ်ဝန်းကျင်ကို သွေးစွမ်းအားများနှင် ပြည့်နှက်သွားစေပြီး ထိုအရာက ကျောက်စိမ်းနဂါးဂိုဏ်းကို ရောက်နှင့်နေသော မိစ္ဆာနတ်များအတွက် သွေးလင်းယုန်ခန်းမ နယ်မြေမှာ ရှိနေတုန်းကကဲ့သို့ပင် အလွန် နေလို့ကောင်းစေ၏။

ထိုကဲ့သို့ ထူထပ်သော သွေးစွမ်းအား ပတ်ဝန်းကျင်နဲ့ဆိုလျှင် မိစ္ဆာနတ်များ၏ စွမ်းအားများလည်း သိသိသာသာ တိုးတက်လာပေလိမ့်မည်။

…………

All Chapters