← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅)

ယွမ်မိသားစု၏ သခင်လေး

"ဘာလို့ သွားဖို့ လိုအပ်တာလဲ...။ ဒီလိုလူမျိုးတွေနဲ့ ကင်းကင်းရှင်းရှင်း နေရမယ်လို့ ခုနတင် ပြောခဲ့တာ မဟုတ်လား...။"

လျန်ထျန်းက ဇဝေဇဝါဖြင့် မေးလိုက်လေသည်။

ဝမ်ရှောင်ရို့က လေးနက်သော အမူအရာဖြင့် ပြန်လည်ဖြေလိုက်လေသည်။

"ငါက သူ့ကို ကင်းကင်းရှင်းရှင်းနေမှာပါ၊ သူနဲ့ ဘာပတ်သက်မှုမှလည်း ထပ်ရှိဖို့ မရည်ရွယ်ပါဘူး...။ ဒါပေမဲ့ ငါတို့က မြို့တစ်မြို့တည်းမှာ နေပြီး ကျောင်းတစ်ကျောင်းတည်း တက်နေကြတာလေ...။"

"နောက်ရက်အနည်းငယ်နေလို့ ကျောင်းပြန်တက်တဲ့အခါကျရင် ငါတို့ သေချာပေါက် ပြန်ဆုံကြဦးမှာပဲ..။ ကျောင်းဝင်းထဲမှာကတော့ ခဏခဏ မြင်နေရမှာပဲလေ...။"

"ပြီးတော့ သူကိုယ်တိုင်ကလည်း ဖုန်းဆက်ပြီး တောင်းပန်ထားသလို နင့်ကိုလည်း နောက်ထပ် စိတ်မဝင် စားတော့ဘူးလို့ ပြောထားတာဆိုတော့...။ အခြေအနေတွေကို အရမ်းကြီး တင်းမာအောင် မလုပ်တာက ပိုကောင်းမယ်လို့ ငါထင်တယ်...။"

ထိုစကားကို နားထောင်ပြီးနောက် လျန်ထျန်းသည် ခေတ္တမျှ စဉ်းစားကာ ခေါင်းညိတ်လိုက်လေသည်။

"ရှောင်ရို့... မင်းပြောတာ မှန်ပါတယ်...။ ဒီလိုလူမျိုးနဲ့ သူငယ်ချင်း မဖြစ်နိုင်ရင်တောင် ရန်သူမဖြစ်တာ အကောင်းဆုံးပါပဲ...။"

"ဒါမျိုး မဟုတ်ရင် မင်း နိုင်ငံခြားမှာ ရှိနေတုန်း သူက တစ်ခုခု ဒုက္ခပေးလာမှာကို ငါ စိုးရိမ်မိတယ်...။ အဲ့ဒီလိုဆိုမှတော့...၊ ကောင်းပြီလေ၊ ဒီည ငါတို့ သွားကြတာပေါ့...။"

ဆုံးဖြတ်ချက် ချပြီးနောက် ထိုညနေခင်းတွင် လျန်ထျန်းသည် သူ၏ မာစီးဒီး ဂျီကလပ်စ် ကားကြီးကို မောင်းနှင်ကာ ဝမ်ရှောင်ရို့နှင့်အတူ ကျားရင်းကို တွေ့ရန် ထွက်လာခဲ့လေသည်။

၎င်းမှာ အတော်လေး အဆင့်မြင့်သည့် စားသောက်ဆိုင် တစ်ခုဖြစ်ပြီး အယ်လ် မြို့တော်တွင် ဈေးနှုန်း အလွန်ကြီးမြင့်ခြင်းကြောင့် နာမည်ကျော်ကြားလှပေသည်။

လျန်ထျန်းက ကားကို ရပ်နားလိုက်ချိန်၌ လိမ္မော်ရောင် ပြိုင်ကားတစ်စီးမှာ အင်ဂျင်သံ ကျယ်လောင်စွာ ပြုလျက် မောင်းနှင်လာခဲ့လေသည်။

ထိုလိမ္မော်ရောင် ပြိုင်ကားသည် လျန်ထျန်း၏ မာစီးဒီး ဂျီကလပ်စ် ၏ တည့်တည့်တွင် ရပ်တန့်လိုက်ပြီး နောက် လိပ်ပြာတောင်ပံ တံခါးများမှာ အပေါ်သို့ ပွင့်ထွက်လာကာ ဘေးတစ်ဖက်စီမှ ယောင်္ကျားတစ်ဦး နှင့် မိန်းကလေးတစ်ဦး ဆင်းလာခဲ့ကြလေသည်။

ထိုယောင်္ကျားမှာ အရပ်အမောင်းနှင့် ရုပ်ရည်မှာ ပျမ်းမျှသာ ရှိသော်လည်း သူ၏ ဝတ်စားဆင်ယင်မှုမှာမူ အလွန်ပင် ခေတ်ဆန်လှပြီး တန်ဖိုးကြီး တံဆိပ်များ၊ ဆွဲကြိုးများ၊ နေကာမျက်မှန်များနှင့် ဈေးကြီးသော လက်ပတ်နာရီများကို ဝတ်ဆင်ထားလေသည်။

မိန်းကလေးမှာမူ တန်ဖိုးကြီး ဝတ်စုံများ ဝတ်ဆင်ထားသည့် ကျားရင်းပင် ဖြစ်ပေသည်။ သို့သော် ယခင် နှင့် မတူသည်မှာ ယခုတစ်ကြိမ်တွင် သူမ၏ အဝတ်အစားနှင့် လက်ဆွဲအိတ်မှာ အသစ်စက်စက် ဖြစ်နေ ပြီး ပို၍လည်း အဆင့်မြင့်လှပေသည်။

ဤမျှ အေးစက်လှသော ရာသီဥတုတွင် သူမသည် ရှန်နယ်၏ နောက်ဆုံးပေါ် ဝတ်စုံကို ဝတ်ဆင်ထားရာ သူမ၏ ခန္ဓာကိုယ် အလှအပကို အထင်းသား ဖော်ပြနေတော့သည်။

"ရှောင်ရို့... တကယ်ကို တိုက်ဆိုင်တာပဲ၊ ငါတို့က အချိန်အတူတူ ရောက်လာကြတယ်နော်...။"

သူမ ရောက်လာသည်နှင့် ကျားရင်းက ဟန်ဆောင်ပန်ဆောင် ပြုံးလျက် ပြောလိုက်လေသည်။

လျန်ထျန်းက သူမကို စူးစိုက်ကြည့်ကာ မျက်မှောင်ကြုတ်လျက် စိတ်ထဲမှ တွေးလိုက်မိလေသည်။

*ဒီမိန်းကလေးက ငါတို့ကို ထမင်းကျွေးဖို့ စစ်မှန်တဲ့ စိတ်ဆန္ဒ ရှိပုံမရဘူး...။ နေ့ခင်းက ရှောင်ရို့ဆီ ဖုန်းဆက်ပြီး တောင်းပန်တာကလည်း တခြား ရည်ရွယ်ချက် ရှိလို့ ဖြစ်မှာပဲ...။ အခြေအနေက ဒီလို ဆိုမှတော့...။*

ချက်ချင်းပင် လျန်ထျန်းက ပြောလိုက်လေသည်။

"ဘာတွေ တိုက်ဆိုင်နေတာလဲ...။ ငါတို့ အထဲမဝင်ခင်လေးတင် မင်းတို့ကားက လမ်းဘေးမှာ ရပ် ထားတာကို ငါ မြင်သားပဲ...။"

"ငါတို့ကို မြင်တော့မှ သူတို့က မောင်းဝင်လာတာလေ...။ သူတို့ရဲ့ ပြိုင်ကားကို ငါတို့ကို ကြွားချင်လို့ နေမှာပေါ့...။"

အကွက်ကို အမိဖမ်းခံလိုက်ရသဖြင့် ကျားရင်း၏ ထူထဲလှသော မိတ်ကပ်များ လိမ်းထားသည့် မျက်နှာ မှာ ခေတ္တမျှ တောင့်တင်းသွားသော်လည်း ချက်ချင်းပင် နှာခေါင်းရှုံ့လျက် ပြောလိုက်လေသည်။

"ဒါဆိုရင်ရော ဘာဖြစ်လဲ...။ ငါ့ချစ်သူရဲ့ ကားက နင့်ကားထက် အများကြီး သာတယ်ဆိုတာကို ပြမလို့ ပဲ...။"

"ဒီပြိုင်ကားက အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ထိပ်တန်း အဆင့်မြင့် ပြိုင်ကားပဲ၊ တစ်နှစ်ကို ထိန်းသိမ်း ခတင် ယွမ်သောင်းချီ ကုန်တာ...။ နင့်ရဲ့ သာမန်ကားနဲ့ နှိုင်းယှဉ်လို့တောင် မရဘူး...။"

ထိုစဉ် ကောင်လေးသည်လည်း လျှောက်လာခဲ့ရာ သူ၏ အကြည့်မှာ ဝမ်ရှောင်ရို့၏ မျက်နှာပေါ်သို့ ကျရောက်သွားချိန်တွင် ခေတ္တမျှ မှင်တက်သွားခဲ့ရလေသည်။

ဝမ်ရှောင်ရို့သည် အညိုရောင် ကုတ်အင်္ကျီနှင့် အဖြူရောင် ကတ်ရှ်မီးယား ဆွယ်တာကို ဝတ်ဆင်ထားပြီး ကျားရင်းကဲ့သို့ ထင်ပေါ်ကျော်ကြားအောင် ဝတ်ဆင်ထားခြင်း မရှိသော်လည်း ၊

စင်ကြယ်လှပသော သူမ၏ မျက်နှာနှင့် တည်ငြိမ်အေးချမ်းသော သူမ၏ အရှိန်အဝါတို့က ကျားရင်း ထက် အဆပေါင်းများစွာ သာလွန်နေလေတော့သည်။

ဤခေတ်ကာလတွင် ခွဲစိတ်ပြုပြင်ထားသော မျက်နှာများမှာ မရေမတွက်နိုင်အောင် ရှိနေသော်လည်း ဝမ်ရှောင်ရို့ကဲ့သို့ သဘာဝအတိုင်း ထူးကဲလှပသူမှာမူ ရှားပါးလှပေသည်။

ကျားရင်းသည် သူမ၏ ချစ်သူက ဝမ်ရှောင်ရို့ကို မှင်တက်ကာ ကြည့်နေသည်ကို သတိပြုမိသဖြင့် သဝန် တိုသွားကာ သူ၏ ကျောကို တံတောင်ဖြင့် လျှို့ဝှက်စွာ တွန်းလိုက်လေသည်။

ကျောမှာ နာကျင်သွားသဖြင့် ထိုကောင်လေးသည် ကျားရင်းကို ချက်ချင်းပင် မျက်စောင်းထိုးလိုက်ပြီး နောက် ဝင့်ကြွားစွာဖြင့် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်လေသည်။

"နေကောင်းလား... ငါ့နာမည်က ယွမ်ခယ် တဲ့...။ ယွမ် ဆိုတာ နက်ရှိုင်းတဲ့ ချောက်ကမ္ဘာကို ဆိုလိုတာ ပဲ...၊ ငါ့နာမည်ကို ကြားတာနဲ့ ငါက ဘယ်သူလဲဆိုတာ သိသင့်တယ် မဟုတ်လား...။"

၎င်းကို ကြားသောအခါ လျန်ထျန်းက မျက်မှောင်ကြုတ်လိုက်ကာ စိတ်ထဲမှ တွေးလိုက်မိလေသည်။

*ဒီလူက ဘယ်သူလဲ...။ ဘာလို့ လူတိုင်းက သူ့ကို သိနေရမယ်လို့ ထင်နေရတာလဲ...။*

ဝမ်ရှောင်ရို့က ခေတ္တမျှ စဉ်းစားပြီးမှ ရုတ်တရက် ပြောလိုက်သည်။

"ရှင်က ယွမ်မိသားစုကလား...။ အယ်လ် မြို့တော်ရဲ့ အချမ်းသာဆုံး မိသားစု ဆယ်စုထဲက တစ်ခုဖြစ်တဲ့ ယွမ်ခယ် အိမ်ခြံမြေ က ရှင့်မိသားစု လုပ်ငန်း မဟုတ်လား...။"

ယွမ်ခယ်သည် သူတစ်ပါးက သူ့ကို အသိအမှတ်ပြုလိုက်သဖြင့် ကျေနပ်အားရစွာ ဆိုလိုက်သည်။

"မှန်တာပေါ့...၊ အယ်လ် မြို့တော်မှာ ယွမ် ဆိုတဲ့ မျိုးရိုးနာမည်ရှိတာ ငါတို့ မိသားစု တစ်ခုတည်း ရှိတာ လေ...။ ငါက ယွမ်မိသားစုရဲ့ သားကြီးဖြစ်သလို လက်ရှိမှာလည်း ယွမ်ခယ် အိမ်ခြံမြေ ရဲ့ ဒုတိယ အထွေ ထွေမန်နေဂျာအဖြစ် တာဝန်ယူထားတာပါ...။"

"မြို့ရဲ့ စီးပွားရေးလောကမှာတော့ လူတိုင်းက ငါ့ဖခင်ကို 'အကြီးအကဲယွမ် လို့ ရိုရိုသေသေ ခေါ်ကြပြီး ငါ့ကို ကျတော့ ' အထွေထွေမန်နေဂျာယွမ်' လို့ ခေါ်ကြတယ်...။ မင်းတို့အနေနဲ့ကတော့ ငါ့ကို မန်နေဂျာ ယွမ် လို့ပဲ ခေါ် နိုင်ပါတယ်...။"

ထိုသို့ပြောပြီးနောက် ယွမ်ခယ်သည် လူများကို အထင်သေးသည့်အလား ခေါင်းကို အမြင့်သို့ မော့ထား ကာ သူတစ်ပါးက သူ့ကို မန်နေဂျာယွမ် ဟု ရိုရိုသေသေ ခေါ်ဆိုလာမည့်အချိန်ကို စောင့်ဆိုင်းနေ လေ တော့သည်။

သို့သော် နောက်တစ်စက္ကန့်တွင် လျန်ထျန်းက အားရပါးရ ရယ်မောလိုက်တော့သည်။

"အကြီးအကဲယွမ် တို့ အသေးစားယွမ် ဆိုတာမျိုးတော့ ငါ မကြားဖူးပါဘူး...။ ဒါပေမဲ့ ယွမ်ခယ် အိမ်ခြံမြေ အကြောင်းကိုတော့ မကြာသေးခင်ကမှ နည်းနည်းပါးပါး ကြားလိုက်မိသား...။"

လျန်ထျန်း၏ တမင်တကာ လှောင်ပြောင်သကဲ့သို့ ရှိနေသော စကားကြောင့် ယွမ်ခယ်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့လေသည်။

"ကောင်လေး...၊ မင်း မာစီးဒီး ဂျီကလပ်စ် တစ်စီး မောင်းနိုင်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးနဲ့ဦး...။"

"မင်းလို ရုတ်တရက် ချမ်းသာလာတဲ့သူတွေကို ငါ အများကြီး တွေ့ဖူးတယ်...။ ပိုက်ဆံလေး နည်းနည်း ရှိတာနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘဝင်မြင့်နေကြတာ...။ မင်းရဲ့ မာန်မာနက ဘယ်လောက်အထိ ကြီးနေလဲဆိုတာ မင်းကိုယ်တိုင်တောင် သိမှာ မဟုတ်ဘူး...။"

"မင်းက ယွမ်ခယ် အိမ်ခြံမြေ အကြောင်း ကြားဖူးတယ်ဆိုမှတော့ ငါ မင်းကို ဗဟုသုတ တိုးအောင် ပြော ပြလိုက်ဦးမယ်...။ မကြာခင်မှာပဲ ယွမ်ခယ် အိမ်ခြံမြေ ဟာ ကျင်းတ အိမ်ခြံမြေ နဲ့ ပူးပေါင်းတော့မှာ...။"

"အဲ့ဒီအချိန်ကျရင် ငါတို့ ယွမ်မိသားစုက အယ်လ် မြို့တော်ရဲ့ ထိပ်တန်းမိသားစု ဖြစ်လာတော့မှာ...။ မင်းသာ ငါတို့ ယွမ်မိသားစုကို လာရှုပ်မယ်ဆိုရင် မင်းမှာ အသက်ဘယ်နှစ်ချောင်းပဲ ရှိရှိ လောက်မှာ မဟုတ်ဘူး...။"

စကားအဆုံးတွင် ကျားရင်းက ချက်ချင်းပင် လာရောက်ကာ ယွမ်ခယ်၏ လက်မောင်းကို တင်းတင်း ကြပ်ကြပ် ဖက်လိုက်လေသည်။

"အစ်ကိုယွမ်...၊ အစ်ကိုက အတော်ဆုံးဆိုတာ ညီမတို့ သိပါတယ်...။ အထဲကို အရင်ဝင်ကြရအောင်၊ အပြင်မှာ အရမ်းအေးနေပြီ...။"

ကျားရင်းကဲ့သို့ လူဂုဏ်ထံကြည့်တတ်သည့် မိန်းကလေးက လျန်ထျန်းကို အခက်အခဲမှ ကယ်တင်ရန် ထိုသို့ပြောခြင်း မဟုတ်ပေ။

၎င်းအစား သူမသည် လှပစေရန်အတွက် အအေးဒဏ်ကို အနစ်နာခံထားရခြင်းဖြစ်ရာ သူမ၏ ဝတ်စုံမှ ပေါ်ထွက်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ အအေးဒဏ်ကြောင့် နီရဲနေခဲ့ပြီဖြစ်သည်။

အပြင်မှာသာ ဆက်ပြီး စကားပြောနေမည်ဆိုပါက သူမ အေးခဲသေဆုံးသွားနိုင်သဖြင့် သူမသည် သည်း မခံနိုင်တော့ဘဲ ယွမ်ခယ်ကို စားသောက်ဆိုင်အတွင်းသို့ အတင်းခေါ်ဆောင်သွားလေတော့သည်။

ယွမ်ခယ်သည်လည်း မာန်တက်ရန် အလျင်မလိုတော့ပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ကျားရင်းနှင့် ကြိုတင် တိုင်ပင်ထားပြီး ဖြစ်သလို အထဲသို့ ရောက်ပါကလည်း အဆင့်အတန်း ခွဲခြားပြသရန် အစီအစဉ် များ ရှိနေသေးသောကြောင့် ဖြစ်ပေသည်။

...

ဤအဆင့်မြင့် စားသောက်ဆိုင်သည် အဖွဲ့ဝင်စနစ်ဖြင့် လည်ပတ်ခြင်း ဖြစ်သည်။ ပိုက်ဆံရှိရုံနှင့် မလုံ လောက်ပေ။ သင်၏ အဖွဲ့ဝင်ကတ် အဆင့်အတန်းပေါ် မူတည်၍ သီးသန့်ခန်းကို သတ်မှတ်ပေးခြင်း ဖြစ်လေသည်။

အထဲသို့ ရောက်သောအခါ ယွမ်ခယ်သည် အနီရောင်ကတ် တစ်ခုကို ဝင့်ကြွားစွာ ထုတ်ပြလိုက်သည်။

၎င်းကို မြင်သောအခါ ဧည့်ကြိုသည် ချက်ချင်းပင် ရိုသေကိုင်းညွတ်သွားပြီး သူတို့ကို အလွန်ခမ်းနားလှပ သော သီးသန့်ခန်းကြီး တစ်ခုအတွင်းသို့ ခေါ်ဆောင်သွားခဲ့လေသည်။

ထိုသီးသန့်ခန်း၏ နံရံပေါ်တွင် ကြီးမားသော "နေမင်း" စာလုံးကြီးကို ရေးထွင်းထားပြီး ဘေးပတ်လည် တွင်လည်း ရွှေရောင် နေမင်းပုံ နံရံဆေးရေးပန်းချီများဖြင့် ပြည့်နှက်နေလေ၏။

ယွမ်ခယ်သည် အဓိက နေရာတွင် ထိုင်လိုက်ပြီးနောက် လျန်ထျန်းနှင့် ဝမ်ရှောင်ရို့အား စတင်၍ အဆင့် အတန်း ခွဲခြားပြသလေတော့သည်။

"အင်း... မင်းတို့ရဲ့ ပုံစံကို ကြည့်ရတာ ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာ ဖြစ်ရမယ်...။"

"ငါ အကျဉ်းချုပ် ရှင်းပြပေးမယ်...။ ဒီစားသောက်ဆိုင်မှာ သီးသန့်ခန်း ငါးမျိုး ရှိတယ်၊ အဲ့ဒါတွေကတော့ 'ကောင်းကင်၊ မြေပြင်၊ နေမင်း၊ လမင်း နဲ့ ကြယ်တာရာ' ဆိုပြီး ဖြစ်ကြတယ်...။"

"အဲ့ဒီထဲမှာ 'ကောင်းကင်' အဆင့် သီးသန့်ခန်းက အမြင့်ဆုံးဖြစ်ပြီး 'ကြယ်တာရာ' အဆင့် သီးသန့်ခန်းက တော့ အနိမ့်ဆုံးပေါ့...။"

"အနိမ့်ဆုံးဖြစ်တဲ့ ကြယ်တာရာအဆင့် သီးသန့်ခန်းမှာ စားသောက်နိုင်ဖို့တောင်မှ ပိုင်ဆိုင်မှုတန်ဖိုး ယွမ် (၁၀၀) ကျော်ရှိကြောင်း စစ်ဆေးမှု အောင်မြင်မှသာ အဖွဲ့ဝင်ကတ်ကို ရရှိနိုင်တာ...။"

"ဒါ့အပြင် အဖွဲ့ဝင်ကတ်တွေကိုလည်း နှစ်စဉ် စစ်ဆေးမှုတွေ လုပ်နေတာ...။ ဒီနှစ်မှာ အောင်မြင်ပေမဲ့ နောက်နှစ်မှာ ကျရှုံးသွားရင် ကတ်ကို ပြန်သိမ်းပစ်တာမျိုးပေါ့...။"

"နောက်တစ်ခုက လမင်းအဆင့် သီးသန့်ခန်းတွေပဲ၊ ဒါကို ရဖို့အတွက် ပိုင်ဆိုင်မှုတန်ဖိုး ယွမ် (၅၀၀) ကျော် ရှိရမယ်...။"

"အခု ငါတို့ ရောက်နေတဲ့နေရာကတော့ 'နေမင်း' အဆင့် သီးသန့်ခန်းပဲ၊ ဒါက ငါ့လက်ထဲမှာ ရှိတဲ့ 'နေမင်း' အဖွဲ့ဝင်ကတ် ရှိတဲ့သူတွေပဲ ဝင်လို့ရတာ...။"

"ဒါကို ရဖို့အတွက်ဆိုရင် ပိုင်ဆိုင်မှုတန်ဖိုး ယွမ် (၁,၀၀၀) ကျော် ရှိကြောင်း သက်သေပြနိုင်ရမယ်...။"

အခန်း (၆၆)

ဘဝင်မြင့်နေသော သူဌေးသစ်

ယွမ်ခယ်သည် သူ၏ လက်ချောင်းများကြားတွင် အနီရောင်ကတ်ပြားကို ညှပ်၍ ကိုင်မြှောက်ထားပြီး သူ၏ မျက်နှာတွင်မူ မဖုံးကွယ်နိုင်သော မာန်မာနများဖြင့် ဝင့်ကြွားနေလေသည်။

သို့သော်လည်း သူ ကြွားဝါရခြင်းမှာ အကြောင်းမဲ့တော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အယ်လ် မြို့တော် တစ်ခုလုံးတွင် ဤကဲ့သို့သော နေမင်းအဆင့် အဖွဲ့ဝင်ကတ်ကို ပိုင်ဆိုင်နိုင်သူမှာ အလွန်ပင် ရှားပါးလှသောကြောင့် ဖြစ်ချေသည်။

ကမ္ဘာ့ငွေကြေးတန်ဖိုးများ မပြိုလဲမီ အချိန်နှင့် နှိုင်းယှဉ်ပါက ယွမ် (၁,၀၀၀) ပိုင်ဆိုင်သည်ဆိုသည်မှာ ယွမ်သန်းပေါင်း တစ်ထောင်ကျော် ချမ်းသာကြွယ်ဝခြင်းနှင့် ညီမျှပေသည်။

ဤကဲ့သို့သော နောက်ခံနှင့် ကြွယ်ဝမှုမှာ ယွမ်ခယ်အား အယ်လ် မြို့တော်ရှိ လူငယ်မျိုးဆက်သစ်များ အကြား ထိပ်တန်းမှ ရပ်တည်နိုင်စေရန် လုံလောက်လှပေသည်။

ယွမ်ခယ်သည် သူ့အား လှောင်ပြောင်ဝံ့ခဲ့သည့် လျန်ထျန်းကို ကြည့်ကာ အေးစက်သော အပြုံးဖြင့် ဆက်လက်ပြောဆိုလိုက်လေသည်။

"ကောင်လေး... အယ်လ်မြို့တော်ရဲ့ စီးပွားရေးလောကမှာ မင်းလိုလူမျိုးအကြောင်း ငါ တစ်ခါမှ မကြား ဖူးဘူး...။"

"ဒါကြောင့် ငါ ခန့်မှန်းရသလောက်တော့ မင်းက ကံကောင်းလို့ ရုတ်တရက် ချမ်းသာလာပြီး ဘဝင်မြင့် နေတဲ့ သူဌေးသစ်တစ်ယောက်ပဲ ဖြစ်မှာပါ...။"

"ကဲ... ပြောစမ်းပါဦး၊ မင်းက ဘယ်အသိုင်းအဝိုင်းကလဲ...။ ဖြေရဲရဲ့လား...။"

ယွမ်ခယ်၏ ပြောင်ပြောင်တင်းတင်း ရန်စမှုကို ရင်ဆိုင်ရသော်လည်း လျန်ထျန်းက တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားခဲ့လေသည်။

"ဘာလို့ မဖြေရဲရမှာလဲ...။ ငါ့ရဲ့ အဓိကအလုပ်က အစားအသောက် ပို့ဆောင်ပေးတာပါ...။"

"အစားအသောက် ပို့ဆောင်ပေးတာ" ဟူသော စကားကို ကြားလိုက်ရချိန်တွင် ယွမ်ခယ်မှာ မှင်တက် သွားရလေသည်။

သူသည် မျက်မှောင်ကြုတ်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် မဝံ့မရဲဖြင့် ပြန်မေးလိုက်သည်။

"စားသောက်ကုန် ပို့ဆောင်ရေး ဆိုတာက ဘာကို ဆိုလိုတာလဲ...။"

ယွမ်ခယ်သည် အစားအသောက် ပို့ဆောင်သူဟူသော အဓိပ္ပာယ်ကို အလွန်အမင်း ရှုပ်ထွေးအောင် တွေးတောနေပုံရပေသည်။ အမှန်စင်စစ် မာစီးဒီး ဂျီကလပ်စ် ကားကြီးကို မောင်းနှင်နေသူတစ်ဦးမှာ အစားအသောက် ပို့ဆောင်သူဖြစ်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်ထားမည် မဟုတ်ပေ။

သို့သော် လျန်ထျန်းကမူ အေးအေးဆေးဆေးပင် ပြန်လည်ရှင်းပြခဲ့လေသည်။

"မှာယူထားတဲ့ အစားအသောက်တွေကို လိုက်ပို့ပေးရတဲ့ အလုပ်လေ...။ အမှာစာတစ်ခုရရင် လိုက်ပို့ ပေးရတာပေါ့...။ အလုပ်ကတော့ နည်းနည်းပင်ပန်းပေမဲ့ ကြိုးစားရင်တော့ ပိုက်ဆံ အတော်ရပါတယ်..။"

ယွမ်ခယ်သည် ခေတ္တမျှ ဆွံ့အသွားပြီးနောက် ရုတ်တရက် အားရပါးရ ရယ်မောလိုက်တော့သည်။

"ဪ... ဒီလိုကိုး...။ ဒါဆိုရင် မင်းက တကယ့်ကို အစားအသောက် ပို့တဲ့သူ တစ်ယောက်ပဲပေါ့...။ မင်း မှာ ဂျီကလပ်စ် ဝယ်ဖို့နဲ့ ဝမ်မိသားစု ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံရှိနေတာကတော့ ကံကောင်းလို့ ထီပေါက်ခဲ့တာပဲ ဖြစ်ရမယ်...။ ဟုတ်တယ်မလား...။"

ဘေးနားရှိ ကျားရင်းသည်လည်း ထိုစကားကို ကြားသောအခါ အခြေအနေမှန်ကို ချက်ချင်း ရိပ်မိသွား လေသည်။

"အဲ့ဒီနေ့က လေဆိပ်မှာ နင် အစားအသောက် ပို့နေတာကို ငါ မြင်သားပဲ...။ အဲ့ဒါက တကယ်ပဲ နင့်ရဲ့ အလုပ်ဖြစ်နေတာကိုး...။"

"ငါတော့ အလိမ်ခံလိုက်ရပြီလို့ ထင်နေတာ...။ ချမ်းသာတဲ့သူတွေ ဘဝအတွေ့အကြုံ ယူဖို့အတွက် အစားအသောက် ပို့နေတာလို့ ငါ ထင်ခဲ့တာလေ...။"

ထိုသို့ပြောရင်း ကျားရင်းသည် ဝမ်ရှောင်ရို့ဘက်သို့ လှည့်ကာ ဆက်လက်ပြောလိုက်လေသည်။

"ရှောင်ရို့... အမှန်အတိုင်း ပြောရရင်တော့ နင့်ရဲ့ ချစ်သူက ထင်သလောက် မဟုတ်ပါဘူး...။"

"ကံကောင်းလို့ ထီပေါက်တဲ့သူတွေ အကြောင်း ငါ ကြားဖူးတယ်...။ ပိုက်ဆံတွေကို ဖြုန်းတီးပြီးတဲ့ နောက်မှာ သူတို့ရဲ့ ဘဝတွေက အရင်ကထက်တောင် ပိုပြီး ဆိုးသွားတတ်ကြတာ...။"

"ငါ့ရဲ့ အစ်ကိုယွမ်နဲ့တော့ လုံးဝ မတူဘူးပေါ့...။ သူ့မိသားစုမှာက ခိုင်မာတဲ့ စီးပွားရေး လုပ်ငန်းတွေ ရှိ တယ်၊ ပြီးတော့ အခုလည်း သတင်းကောင်းတွေ ထွက်နေတာပဲ...။ ဟုတ်တယ်မလား အစ်ကိုယွမ်...။"

ချီးကျူးခံလိုက်ရသဖြင့် ယွမ်ခယ်သည် တစ်ဖန် မာန်တက်လာပြန်သည်။

"အေးပေါ့... ယွမ်ခယ် အိမ်ခြံမြေ က အယ်လ်မြို့တော်ရဲ့ ထိပ်တန်း အိမ်ခြံမြေ လုပ်ငန်းတစ်ခုဖြစ်တဲ့ ကျင်းတ အိမ်ခြံမြေ နဲ့ ပေါင်းစည်းဖို့အတွက် အခုပဲ ဆွေးနွေးနေကြပြီ...။"

"အခုလို အိမ်ခြံမြေလောက အကျပ်အတည်း ကြုံနေရတဲ့ အချိန်မှာ ဘယ်သူက အောင်မြင်အောင် ကျော်ဖြတ်နိုင်မလဲဆိုတာက အရေးကြီးဆုံးပဲ...။"

"ယွမ်ခယ် အိမ်ခြံမြေ ကသာ ကျင်းတ အိမ်ခြံမြေ နဲ့ အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်မယ်ဆိုရင် ငါတို့ဟာ အယ်လ် မြို့တော်ရဲ့ အိမ်ခြံမြေလောကမှာ အင်အားအကြီးဆုံး ဖြစ်လာမှာ သေချာတယ်...။"

"အဲ့ဒီအချိန်ကျရင် ငါတို့ ယွမ်မိသားစုက မြို့ရဲ့ ထိပ်တန်းမိသားစု ဖြစ်လာမှာဖြစ်သလို ငါကလည်း ယွမ်မိသားစုရဲ့ အနာဂတ် အကြီးအကဲ ဖြစ်လာမှာပေါ့...။"

ထိုသို့ ပြောဆိုနေချိန်တွင် ယွမ်ခယ်သည် အောင်ပွဲခံနေသည့် စစ်သူကြီးတစ်ဦးအလား အလွန်အမင်း ဝင့်ကြွားလျက်ရှိနေခဲ့လေသည်။

သို့သော်လည်း လျန်ထျန်းကမူ ထိုစကားများကို ကြားသောအခါ ရယ်မောရုံမှတစ်ပါး အခြားမရှိတော့ ပေ။

အမှန်စင်စစ် လျန်ထျန်းသည် ကျင်းတ အိမ်ခြံမြေ ၏ နောက်ကွယ်မှ အဓိက ရှယ်ယာရှင်ကြီး တစ်ဦး ဖြစ်သဖြင့် ယွမ်ခယ် အိမ်ခြံမြေ နှင့် ပေါင်းစည်းမည့် ကိစ္စကို သူ ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။

ယွမ်ခယ် ပြောဆိုနေသည့် "အင်အားကြီးမားသော မဟာမိတ်" ဆိုသည်မှာ အမှန်စင်စစ်တွင် ယွမ်ခယ် အိမ်ခြံမြေ က ပြိုင်ဘက်ကို မယှဉ်နိုင်တော့သဖြင့် အသက်ဆက်နိုင်ရန်အတွက် ကျင်းတ အိမ်ခြံမြေ ထံ၌ လာရောက် ခိုလှုံခြင်းသာ ဖြစ်ပေသည်။

ထို့ကြောင့် ဤပေါင်းစည်းမှုမှာ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ခြင်းထက် ယွမ်ခယ် အိမ်ခြံမြေ ဘက် မှ ကျင်းတ အိမ်ခြံမြေ နှင့် ပူးပေါင်းခွင့်ရရန် အတင်းအကျပ် တောင်းဆိုနေခြင်းသာ ဖြစ်လေ၏။

ကျင်းတ အိမ်ခြံမြေ ဘက်မှမူ ယွမ်ခယ် အိမ်ခြံမြေ ကို လက်ခံရန် စဉ်းစားဆဲ အဆင့်တွင်သာ ရှိသေး သည်။

လျန်ထျန်း၏ ငွေကြေးထောက်ပံ့မှုများ ရှိနေသဖြင့် ကျင်းတ အိမ်ခြံမြေ အနေဖြင့် အခြားကုမ္ပဏီများနှင့် ပေါင်းစည်းရန် မလိုအပ်ပေ။ ပြိုင်ဘက်များကို အနိုင်ယူရန်နှင့် ယွမ်ခယ် အိမ်ခြံမြေ ကို ဝါးမြိုပစ်ရန်မှာ အချိန်တစ်ခုသာ လိုအပ်ပေသည်။

လူချွမ်းရှုံသည် ဤကိစ္စနှင့် ပတ်သက်၍ လျန်ထျန်းကို အကြံဉာဏ် တောင်းခဲ့သော်လည်း လျန်ထျန်းက လူချွမ်းရှုံကို ယုံကြည်သဖြင့် ဆုံးဖြတ်ချက်ကို သူ့ထံ၌သာ လွှဲအပ်ထားခဲ့ခြင်း ဖြစ်လေသည်။

သို့သော်လည်း လူချွမ်းရှုံသည် အချက်အလက်များစွာကို ထည့်သွင်းစဉ်းစားနေရသဖြင့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခြင်း မရှိသေးပေ။

ယွမ်ခယ်ကမူ ဤအချက်များကို လုံးဝ မသိရှိဘဲ တရစပ် ကြွားဝါနေတော့သည်။

"ကောင်လေး... ငါ မင်းကို တစ်ခု ထပ်ပြောပြဦးမယ်၊ အခု ကျင်းတ အိမ်ခြံမြေ နဲ့ ပေါင်းစည်းဖို့ လုပ်နေ တဲ့ ကိစ္စမှာ ငါ့ရဲ့ ကြိုးစားမှုက အကြီးဆုံးပဲ...။"

"ငါက လူပေါင်းစုံနဲ့ ချိတ်ဆက်ပြီး အယ်လ်မြို့တော်ရဲ့ အကြီးဆုံး ဘဏ်မန်နေဂျာနဲ့ ခင်မင်ခွင့် ရထား တယ်၊ မကြာခင်မှာပဲ ငါတို့ ကုမ္ပဏီအတွက် ချေးငွေအများကြီး ရတော့မှာ...။"

"ငါတို့ အိမ်ခြံမြေလောကမှာတော့ ချေးငွေရဖို့က အရေးကြီးဆုံးပဲလေ...။ ဒီအချက်ကြောင့်ပဲ ကျင်းတ အိမ်ခြံမြေ က ငါတို့ကို လုံးဝ ငြင်းပယ်နိုင်မှာ မဟုတ်ဘူး...။"

"ဒါကြောင့် ယွမ်ခယ် အိမ်ခြံမြေ နဲ့ ကျင်းတ အိမ်ခြံမြေ ပေါင်းစည်းဖို့ကတော့ သေချာသလောက် ရှိနေ ပြီလို့ ပြောလို့ရတယ်...။"

သူသည် ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် ဆက်လက်ပြောလိုက်ပြန်လေသည်။

"ယွမ်မိသားစုရဲ့ အနာဂတ် အကြီးအကဲဖြစ်တဲ့ ငါက ဒီနေ့ မင်းလို သူဌေးသစ်တစ်ယောက်နဲ့ အတူ ထမင်း စားပေးတာကို မင်းအနေနဲ့ ဂုဏ်ယူသင့်တယ်...။"

"ဒါပေမဲ့ မင်းက ငါ့ကို အကြိမ်ကြိမ် စော်ကားခဲ့သလို ငါ့ရဲ့ ရှောင်ယောင် ကိုလည်း စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ခဲ့တယ်...။"

"ငါက စိတ်ထားကောင်းတဲ့သူမို့လို့ အခု မင်း ဒူးထောက်ပြီး မင်းရဲ့ အမှားကို ဝန်ခံမယ်ဆိုရင်တော့ ငါ မင်းကို ခွင့်လွှတ်ပေးဖို့ စဉ်းစားပေးမယ်...။"

ထိုသို့ပြောပြီးနောက် ယွမ်ခယ်သည် သူတစ်ပါးက သူ့အား ကြောက်ရွံ့ရိုသေစွာဖြင့် အရှုံးပေးလာမည့် အချိန်ကို စောင့်ဆိုင်းနေတော့သည်။

ဤအခိုက်အတန့်တွင် လျန်ထျန်းသည် သည်းမခံနိုင်တော့ဘဲ အားရပါးရ ရယ်မောလိုက်လေသည်။

"မင်းပြောတဲ့ လူပေါင်းစုံနဲ့ ချိတ်ဆက်ပြီးမှ ခင်ခွင့်ရခဲ့တဲ့ ဘဏ်မန်နေဂျာဆိုတာ...။ မျိုးရိုးနာမည်က ချာ လား...။"

ယွမ်ခယ်မှာ နောက်တစ်ကြိမ် မှင်တက်သွားရပြန်လေသည်။

"မင်းက မန်နေဂျာချာ ကို သိတာလား...။ မင်းနဲ့ သူနဲ့က ဘာပတ်သက်တာလဲ...။"

လျန်ထျန်းက အမှန်အတိုင်းပင် ဖြေကြားခဲ့သည်။

"ဘာမှ ထူးထူးခြားခြား မရှိပါဘူး...။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သူ့ဆီကနေ ရွှေတုံး အချို့ ဝယ်လိုက်လို့ သိနေတာပါ...။"

ထိုအဖြေကို ကြားသောအခါ ယွမ်ခယ်မှာ သက်ပြင်းချလိုက်နိုင်ပြီး တစ်ဖန် လှောင်ပြောင်လိုက် ပြန်လေသည်။

"ဒါပေါ့လေ... မင်းလို သူဌေးသစ်တွေက ပိုက်ဆံတွေကို ဘယ်လိုသုံးရမှန်း မသိတော့ ဒီလို ပစ္စည်းတွေပဲ လိုက်ဝယ်နေကြတာကိုး...။ မန်နေဂျာချာ နဲ့ တွေ့ခွင့်ရတာကိုက မင်းအတွက် ကံကောင်းလှပြီ...။"

"ဒါပေမဲ့ မင်းက မန်နေဂျာချာ အတွက်တော့ သာမန် ဖောက်သည် တစ်ယောက်ပဲဆိုတော့ ငါ စိတ်ပူ နေစရာ မလိုတော့ဘူးပေါ့...။"

ထိုသို့ပြောရင်း ယွမ်ခယ်သည် ဝမ်ရှောင်ရို့ထံသို့ အကြည့်လွှဲလိုက်ရာ သူ၏ ရမ္မက်မျက်ဝန်းများကိုလည်း မဖုံးကွယ်နိုင်တော့ပေ။

"ငါ ကျားရင်း ဆီက ကြားတာတော့ မင်းက ဝမ်မိသားစု ကုမ္ပဏီရဲ့ သမီးကြီး ဆိုပဲ...။ ဝမ်မိသားစု ကုမ္ပဏီ က လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒေဝါလီခံရတော့မလို ဖြစ်ခဲ့တာကို ငါ မှတ်မိသေးတယ်...။"

"အခု လပိုင်းအတွင်းမှာပဲ ပြန်ကောင်းလာတယ်ဆိုတော့...။ မင်းက မင်းရဲ့ အလှတရားကို သုံးပြီး ဒီလို လူယုတ်မာ တစ်ယောက်ကို ရှာခဲ့တာကိုး...။"

"ဒါပေမဲ့ မင်းရှာထားတဲ့ လူကတော့ ဘာမှ မဟုတ်တဲ့သူပါ...။ သူက မင်းကို အစပိုင်းမှာပဲ ပိုက်ဆံပေးပြီး ကူညီနိုင်မှာလေ...။"

"မင်းတို့ရဲ့ ဝမ်မိသားစု ကုမ္ပဏီကို နောင်ကျရင် ပိုပြီး တိုးတက်စေချင်လား...။ ငါ မင်းကို အခု အခွင့်အ ရေး တစ်ခု ပေးမယ်...။ ငါ့နောက်ကို လိုက်ခဲ့ပါ၊ ဒါဆိုရင် မင်းတို့ မိသားစု စီးပွားရေး ပိုပြီး အောင်မြင်လာ အောင် ငါ လုပ်ပေးနိုင်တယ်...။"

ထိုစကားကို ကြားသောအခါ ဘေးနားရှိ ကျားရင်းမှာ စိုးရိမ်တကြီး ဖြစ်သွားရလေသည်။

"အစ်ကိုယွမ်... အစ်ကို့မှာ ညီမ ရှိနေတာပဲလေ၊ ဘာလို့ တခြားလူကို ထပ်ရှာချင်နေရတာလဲ...။"

ယွမ်ခယ်သည် ကျားရင်းကို ချော့မော့လိုက်သည်။

"ရှောင်ယောင်... စိတ်မပူပါနဲ့၊ နင်က သူ့ကို မုန်းတယ်လို့ ပြောခဲ့တယ် မဟုတ်လား...။"

"ငါက နင့်အတွက်ကြောင့်လည်း ပါတာပေါ့...။ သူ့ကို ငါ့ရဲ့ အငယ်အနှောင်း အဖြစ် ထားလိုက်မယ်၊ နင်က တော့ အိမ်သူသက်ထားပေါ့...။ အဲ့ဒီအခါကျရင် သူက နင့်စကားကို နားထောင်ရမှာလေ...။ ဒါဆိုရင် မကောင်းဘူးလား...။ နင် ပိုပြီး ဂုဏ်ရှိသွားတာပေါ့...။"

ယွမ်ခယ်၏ စကားကို ကြားသောအခါ ကျားရင်းသည် နှုတ်ခမ်းလေးစူကာ ခေတ္တမျှ စဉ်းစားပြီးနောက် ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။

"အင်း... အဲ့ဒါလည်း ကောင်းတာပဲ...။ ဒါဆိုရင်တော့ အစ်ကိုယွမ် ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်...။"

All Chapters