အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း (၆၇)
အမှားပေါင်း တစ်ထောင်၊ အမှားပေါင်း တစ်သောင်း
ယွမ်ခယ်သည် ဝမ်ရှောင်ရို့အပေါ် ရမ္မက်ဇောဖြင့် ကြည့်ရှုနေခြင်းမှာ လျန်ထျန်း၏ ဒေါသကို ဆွပေးလိုက် သကဲ့သို့ ဖြစ်သွားခဲ့လေသည်။
ချက်ချင်းပင် လျန်ထျန်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး သူ၏ ပါးပြင်ထက်၌ အေးစက်လှသော အငွေ့ အသက်များ ဖုံးလွှမ်းသွားတော့သည်။
သို့သော် ယွမ်ခယ်၏ အာရုံမှာ ဝမ်ရှောင်ရို့ထံ၌သာ ရောက်ရှိနေသဖြင့် လျန်ထျန်း၏ အခြေအနေကို သတိမပြုမိဘဲ ညစ်ညမ်းသော စကားများကို ဆက်လက် ပြောဆိုနေခဲ့လေသည်။
"အလှလေး... မင်း ဘယ်လို ဆုံးဖြတ်မလဲ...။"
"ငါ အသေအချာ ပြောနိုင်တာကတော့ အယ်လ်မြို့တော်မှာ ငါ့ရဲ့ အငယ်အနှောင်း ဖြစ်ချင်တဲ့ မိန်းကလေး တွေ အများကြီးပဲ...။ ဒါပေမဲ့ သူတို့မှာ အခွင့်အရေး မရှိကြဘူး...။"
"အခုလို အခွင့်အရေးက မင်းရှေ့ကို ရောက်လာတုန်းမှာ သေသေချာချာ ဆုပ်ကိုင်ထားပြီး ငါ့ရဲ့ ချစ်သူ ဖြစ်လာဖို့ အကြံပေးချင်တယ်...။ ငါ မင်းကို နှိမ်မှာ မဟုတ်ပါဘူး...။"
"မင်းသာ ငါ့ကို စိတ်ချမ်းသာအောင် ထားနိုင်ရင် ဝမ်မိသားစုရဲ့ အနာဂတ်ကတော့ လက်ဖျောက်တစ်ချက် တီးလိုက်သလိုပဲ အေးဆေးပါပဲ...။"
"တခြားတစ်ဖက်မှာကျတော့...၊ ဟင်း... မင်းဘာသာမင်း သေသေချာချာ စဉ်းစားကြည့်ပေါ့...။ ဖြည်း ဖြည်းချင်း အရသာခံပြီး စဉ်းစားပါဦး...။"
ဝမ်ရှောင်ရို့သည် တစ်ခွန်းမျှ ပြန်မပြောဘဲ တိတ်ဆိတ်နေလေသည်။ အမှန်စင်စစ် သူမသည် ယွမ်ခယ်၏ စကားများကို အရေးမစိုက်ဘဲ အဓိပ္ပာယ်မဲ့သော စကားများအဖြစ်သာ သတ်မှတ်ထားခြင်း ဖြစ်ပေ သည်။
သူမ ဤမျှအထိ ယုံကြည်မှု ရှိနေရခြင်းမှာ ဖခင်ဖြစ်သူ ဝမ်ချန်ကျွင်းက သူမအား အကြိမ်ကြိမ် ပြော ကြားခဲ့ဖူးသော စကားများကြောင့်သာ ဖြစ်၏။
"သမီး... သမီးရဲ့ အတန်းဖော်ဟောင်းကတော့ တကယ်ကို အင်အားကြီးပြီး ခန့်မှန်းရခက်တဲ့ နောက်ခံ ရှိတဲ့သူပဲ...။ သမီးသာ သူ့ကို စိတ်ဝင်စားတယ်ဆိုရင် အဖေက အပြည့်အဝ ထောက်ခံတယ်...။"
"သူ ငါတို့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏက အယ်လ်မြို့တော် တစ်ခုလုံးမှာတောင် ယှဉ်နိုင်သူ မရှိဘူး...။"
"ငါတို့ ဝမ်မိသားစုအနေနဲ့သာ သူနဲ့ ပတ်သက်မှု တစ်ခု တည်ဆောက်နိုင်မယ်ဆိုရင် အနာဂတ်ကတော့ အလွန် တောက်ပမှာ သေချာတယ်...။ ဒါပေမဲ့ အရာအားလုံးက သမီးရဲ့ သဘောဆန္ဒပေါ်မှာပဲ မူတည်ပါ တယ်...။"
"အဖေကလည်း လောကဓံကို အများကြီး ကြုံခဲ့ပြီးပြီ...။ အခု အသက်ကြီးလာမှ မိသားစုဝင်တွေ ဘေးကင်းဘေးကင်းနဲ့ အေးအေးချမ်းချမ်း နေရတာက အရေးကြီးဆုံးပဲဆိုတာကို နားလည်လာခဲ့ တယ်...။"
ထို့ကြောင့် ယခုအခါ ဝမ်ရှောင်ရို့သည် လျန်ထျန်း၏ ဘေးနားတွင် ရှိနေသရွေ့ မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်နေစရာ မလိုတော့ပေ။
လျန်ထျန်းသည်လည်း သူမကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။ သူသည် လက်ချောင်းများဖြင့် စားပွဲကို နှစ်ချက်ခေါက်ကာ လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်လေသည်။
ထို့နောက် လျန်ထျန်းသည် ယွမ်ခယ်ကို အေးစက်စွာ စိုက်ကြည့်လျက် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်လေသည်။
"မင်း မလုပ်သင့်ဘူး...။ ငါ့ရှေ့မှာတင် ရှောင်ရို့ ကို စိတ်ဝင်စားကြောင်း ပြသခဲ့တာဟာ မင်းရဲ့ အကြီး မားဆုံး အမှားပဲ...။"
လျန်ထျန်း၏ ထိုကဲ့သို့ အရှိန်အဝါကို မြင်လိုက်ရသောအခါ ယွမ်ခယ်မှာ ခေတ္တမျှ မှင်တက်သွားရ လေသည်။
သို့သော် ၎င်းမှာ ခေတ္တမျှသာဖြစ်ပြီး ယွမ်ခယ်သည် ချက်ချင်းပင် လှောင်ပြောင်လိုက်ပြန်သည်။
"မင်းက အစားအသောက် ပို့တဲ့ သူဌေးသစ်လေး တစ်ယောက်ပါပဲ...။ မင်းရဲ့ မိန်းမကို ငါက မင်းရှေ့မှာ တင် စိတ်ဝင်စားပြနေတာလေ...။ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ...။"
ဘေးနားရှိ ကျားရင်းသည်လည်း အခွင့်အရေးကို အရယူကာ ဝင်ရောက် ပြောဆိုလိုက်သည်။
"ဟုတ်တယ်... အစားအသောက် ပို့တဲ့ ကောင်စုတ်ရဲ့...။ နင်က ကံကောင်းလို့ ပိုက်ဆံလေး နည်းနည်း ရနေတာနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးနဲ့...။ ငါတောင် နင့်ရဲ့ လှည့်ကွက်ထဲမှာ ပါသွားတော့မလို့...၊ ထွီ...။"
၎င်းကို မြင်သောအခါ လျန်ထျန်းသည် သည်းခံခြင်းကို ရပ်တန့်လိုက်တော့သည်။ သူသည် သူ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်ပြီး စပီကာ ဖွင့်ထားလိုက်လေသည်။
ဖုန်းမှာ ချက်ချင်းပင် ပွင့်သွားပြီး တစ်ဖက်မှ ရိုသေကိုင်းညွတ်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။
"မစ္စတာလျန်... ကျွန်တော့်ကို ဘာများ ခိုင်းစရာ ရှိလို့လဲခင်ဗျာ...။"
လျန်ထျန်းက အနည်းငယ် ပြုံးလိုက်ကာ၊
"ချာကျီရှန့်... မင်း အခုတလော အတော်လေး ဘဝင်မြင့်နေတယ်နော်...။ ယွမ်ခယ် အိမ်ခြံမြေ ရဲ့ အထွေ ထွေမန်နေဂျာ ကောင်လေးတောင်မှ မင်းနဲ့ ခင်ဖို့အတွက် လူပေါင်းစုံနဲ့ ချိတ်ဆက်နေရတယ်ဆိုပဲ...။"
"ဟော... မင်းက ဒီလောက်အထိ တော်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...။ ငါတောင် မင်းကို မန်နေဂျာချာ လို့ ရိုရိုသေသေ ခေါ်ရတော့မလား...။"
ထိုစကားကို ကြားလိုက်ရသောအခါ ဖုန်းတစ်ဖက်ရှိ ချာကျီရှန့်မှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွား လေတော့သည်။
"ဟာ... မစ္စတာလျန်... ကျွန်တော့်ကို မနောက်ပါနဲ့ခင်ဗျာ...။ ကျွန်တော်က မစ္စတာလျန် ရဲ့ ရှေ့မှာတော့ အခိုင်းအစေ တစ်ယောက်ပါပဲ...။"
"ဒါ့အပြင် ကျွန်တော် အခုလို ဘဏ်မန်နေဂျာ ရာထူး ရခဲ့တာကလည်း မစ္စတာလျန် ကြောင့်ပါ...။"
"အဲ့ဒီတုန်းကသာ မစ္စတာလျန် မရှိခဲ့ရင် ကျွန်တော် ချာကျီရှန့် ဆိုတာ အခုလို နေရာမျိုး ရောက်လာမှာ မဟုတ်ပါဘူး...။ မစ္စတာလျန် က ကျွန်တော့်ရဲ့ ကျေးဇူးရှင်...၊ မဟုတ်ဘူး...။ ကျွန်တော့်ရဲ့ ဒုတိယ မိဘ လို့ ပြောရင်တောင် မမှားပါဘူး...။"
ချာကျီရှန့်၏ ရင်းနှီးလှသော ဖားသည့် စကားများကို ကြားသောအခါ လျန်ထျန်း၏ နှုတ်ခမ်းတွင် အပြုံး တစ်ခု ပေါ်လာခဲ့လေသည်။
"ကောင်းပြီလေ...၊ မင်းက ငါ့ကို ဒုတိယ မိဘလို သဘောထားတယ်ဆိုမှတော့ ငါ ခိုင်းစရာတစ်ခု ရှိတယ် ...၊ မင်း ငြင်းမှာ မဟုတ်ဘူးမလား...။"
ချာကျီရှန့်က တွန့်ဆုတ်ခြင်းမရှိဘဲ ၊
"သေချာပေါက် မငြင်းပါဘူးခင်ဗျာ...။"
"မစ္စတာလျန် ရဲ့ ကိစ္စက ကျွန်တော့် မိသားစု တစ်ခုလုံးအတွက် အရေးကြီးဆုံးပါပဲ...။ မီးထဲပဲ ဆင်းရ ဆင်းရ၊ ရေထဲပဲ တိုးရ တိုးရ... ကျွန်တော် နောက်မဆုတ်ပါဘူး...။"
လျန်ထျန်းက သူ၏ စကားကို ဖြတ်ပြောလိုက်လေသည်။
"တော်ပြီ... တော်ပြီ...၊ အပိုတွေ ပြောမနေနဲ့တော့...။ ငါ လိုရင်းကိုပဲ ပြောမယ်...။"
ထို့နောက် လျန်ထျန်းက တိုက်ရိုက်ပင် ပြောလိုက်လေသည်။
"ယွမ်ခယ် အိမ်ခြံမြေ ရဲ့ ယွမ်ခယ် ဆိုတဲ့သူက မင်းနဲ့ ခင်မင်ခွင့် ရထားပြီး မင်းက သူ့ကို ချေးငွေအများ ကြီး ပေးတော့မယ်ဆိုတာ အမှန်ပဲလား...။"
ချာကျီရှန့်က ချက်ချင်းပင် အမှန်အတိုင်း ဖြေကြားခဲ့လေသည်။
"မစ္စတာလျန် ကတော့ တကယ်ကို သတင်းအချက်အလက်တွေ စုံလင်လှပါတယ်...။ ဘာကိုမှ ဖုံးကွယ် ထားလို့ မရနိုင်ပါဘူး...။ အဲ့ဒါ အမှန်ပါပဲ...။"
"ယွမ်ခယ် အိမ်ခြံမြေ က ကျင်းတ အိမ်ခြံမြေ နဲ့ ပေါင်းစည်းချင်နေတာပါ...။ ဒါပေမဲ့ ကျင်းတ အိမ်ခြံမြေ ရဲ့ လက်ရှိ အခြေအနေအရဆိုရင် သူတို့ကို လှည့်တောင် ကြည့်မှာ မဟုတ်ဘူးလေ...။"
"ဒါကြောင့် မြို့ရဲ့ စီးပွားရေးလောကမှာ လူမိုက်လေး လို့ ခေါ်ကြတဲ့ အဲ့ဒီ...၊ ဪ... မဟုတ်ဘူး...။ ယွမ်သခင်လေး က ကျွန်တော့်ဆီကို လူကြုံနဲ့ လာခဲ့တာပါ...။"
"ကျွန်တော် စဉ်းစားကြည့်တော့လည်း ဒါက လုပ်သင့်တယ်လို့ ထင်မိတာပေါ့...။ ယွမ်ခယ် အိမ်ခြံမြေ က ဆုတ်ယုတ်နေတယ် ဆိုပေမဲ့ ကျင်းတ အိမ်ခြံမြေ ကတော့ အောင်မြင်နေတာပဲလေ...။"
"ဒါကြောင့် ယွမ်ခယ် အိမ်ခြံမြေ သာ ကျင်းတ အိမ်ခြံမြေ နဲ့ တကယ် ပေါင်းစည်းနိုင်မယ်ဆိုရင် ကျွန်တော်က ပိုက်ဆံ ချေးပေးမယ်လို့ ပြောခဲ့တာပါ...။"
ဤနေရာတွင် ချာကျီရှန့်က ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် သတိထားကာ ဆက်လက် မေးမြန်း လိုက်လေသည်။
"မစ္စတာလျန်... အဲ့ဒီ ယွမ်လေး နဲ့ ဘာပတ်သက်တာလဲခင်ဗျာ...။"
"သူကသာ မစ္စတာလျန် ရဲ့ သူငယ်ချင်းဆိုရင်တော့ ယွမ်ခယ် အိမ်ခြံမြေ နဲ့ ကျင်းတ အိမ်ခြံမြေ ပူးပေါင်း တာကို စောင့်နေစရာ မလိုတော့ပါဘူး...။"
"မစ္စတာလျန် ရဲ့ သူငယ်ချင်းဆိုရင် ကျွန်တော့်ရဲ့ သူငယ်ချင်းပါပဲ...။ ကျွန်တော်ကတော့ အမြဲတမ်း အပြည့်အဝ ထောက်ခံပေးမှာပါ...။"
ချာကျီရှန့် အထင်မှားနေသည်ကို ရိပ်မိသဖြင့် လျန်ထျန်းက ရယ်မောလိုက်လေသည်။
"ဆန့်ကျင်ဘက်ပဲ...၊ သူက ငါ့ရဲ့ ရန်သူပဲ...။"
ဖုန်းထဲမှ ချာကျီရှန့်၏ အသံမှာ သိသိသာသာ တန့်သွားလေသည်။ သူ အနည်းငယ် အနေရခက်သွားပုံရ ပေသည်။
သို့သော်လည်း ဤအဖိုးကြီးမှာ အလွန်ပါးနပ်လှသဖြင့် ချက်ချင်းပင် လေသံပြောင်းလိုက်တော့သည်။
"မစ္စတာလျန် ရဲ့ ရန်သူက ကျွန်တော့်ရဲ့ ရန်သူပါပဲ...။"
"အဲ့ဒီ လူမိုက်လေးက မစ္စတာလျန် ကို ရန်စရဲတယ်ပေါ့လေ...။ ပိုက်ဆံချေးဖို့ ဝေးသေးတယ်...၊ ဘယ်သူ့ ဆီမှာ အကူအညီတောင်းတောင်း မရစေရဘူး...။ ဒါ ကျွန်တော့်စကားပဲ...။"
ယွမ်ခယ်သည် ထိုစကားဝိုင်း တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။
အစပိုင်းတွင် ယွမ်ခယ်သည် ဖုန်းထဲမှ အသံမှာ ရင်းနှီးနေသကဲ့သို့ ခံစားရသော်လည်း တစ်ဖက်လူ၏ လေသံမှာ အလွန်အမင်း ရိုသေကိုင်းညွတ်နေသဖြင့် သူ အတည်မပြုနိုင်ခဲ့ပေ။
နောက်ပိုင်းတွင် ဖုန်းတစ်ဖက်မှလူမှာ ချာကျီရှန့် ဖြစ်ကြောင်း သိရှိသွားချိန်၌ သူသည် မယုံကြည်နိုင် လောက်အောင် ထိတ်လန့်သွားရတော့သည်။
သူသည် ဆက်လက် နားထောင်နေရင်းနှင့် ပို၍ ထိတ်လန့်လာကာ ချွေးစေးများ ထွက်လာတော့သည်။ နွေရာသီ၏ အပူဆုံးနေ့တွင် ရေခဲတိုက်ထဲသို့ ရုတ်တရက် ပစ်ချခံလိုက်ရသကဲ့သို့ပင် ခံစားနေရ၏။
ချာကျီရှန့်က သူ့ကို ပိုက်ဆံမချေးတော့ကြောင်း ပြောလိုက်သည့်အခါ ယွမ်ခယ်မှာ အလွန်အမင်း တုန်လှုပ်သွားကာ ထိုင်နေရာမှ ဝုန်းကနဲ ထရပ်လိုက်ပြီး အော်ဟစ်လိုက်တော့သည်။
"မင်း... မင်းက တကယ်ပဲ မန်နေဂျာချာ လား...။ ဒါမှမဟုတ် ဒီ အစားအသောက် ပို့တဲ့သူက တစ်ယောက် ယောက်ကို အယောင်ဆောင် ခိုင်းထားတာလား...။"
ယခုအချိန်အထိ ယွမ်ခယ်သည် ၎င်းမှာ လိမ်ညာမှုတစ်ခုသာ ဖြစ်လိမ့်မည်၊ လျန်ထျန်း ဟန်ဆောင်နေ ခြင်းသာ ဖြစ်လိမ့်မည်ဟု မျှော်လင့်ချက် အနည်းငယ်ဖြင့် ဆုပ်ကိုင်ထားဆဲ ဖြစ်လေသည်။
သို့သော်၊
"မစ္စတာလျန်... ဒါဆိုရင် မစ္စတာလျန် က အဲ့ဒီ လူမိုက်လေးနဲ့ အတူရှိနေတာပေါ့...။"
"သူက အခုထိ မယုံသေးဘူးဆိုတော့...။ ကျွန်တော် ဖုန်းချလိုက်ပြီး သူ့ဆီကို တိုက်ရိုက် ဖုန်းခေါ်ပြီး သင်ခန်းစာ ပေးလိုက်ပါ့မယ်...။"
ထိုသို့ပြောပြီးနောက် ချာကျီရှန့်သည် လျန်ထျန်းက "အင်း" ဟု ခွင့်ပြုချက် ပေးသည်အထိ စောင့်ဆိုင်းပြီး မှ ဖုန်းကို ချလိုက်လေသည်။
စက္ကန့်အနည်းငယ်အကြာတွင် ယွမ်ခယ်၏ အိတ်ကပ်ထဲမှ ဖုန်းမှာ မြည်လာလေတော့သည်...။
အခန်း (၆၈)
ငါ့ရဲ့ အဓိကအလုပ်က အစားအသောက် ပို့ဆောင်ပေးတာပါ
ယွမ်ခယ်သည် အိတ်ကပ်အတွင်းမှ ဖုန်းမြည်သံကို ကြားလိုက်ရချိန်တွင် တစ်ကိုယ်လုံး တုန်ရီသွားလေ သည်။ သူသည် တုန်ရီနေသော လက်များဖြင့် ဖုန်းကို ထုတ်ယူလိုက်လေ၏။
မျက်နှာပြင်ပေါ်ရှိ ခေါ်ဆိုသူ၏ အမည်ကို မြင်လိုက်ရချိန်တွင် ယွမ်ခယ်၏ မျက်နှာမှာ သွေးဆုတ်ဖြူ လျော့ကာ အသက်မဲ့သွားလေတော့သည်။
လျန်ထျန်းသည် သူ၏ ရယ်စရာကောင်းသော အမူအရာကို ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။
"ကိုင်လိုက်လေ... မြည်နေတာ ကြာလှပြီ၊ အခုချက်ချင်း ကိုင်လိုက်စမ်း...။"
“ဂလု...။”
ယွမ်ခယ်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီးနောက် ဖုန်းကို ကိုင်လိုက်လေသည်။
ချက်ချင်းပင် ဖုန်းထဲမှ ချာကျီရှန့်၏ ဆဲဆိုသံများ ဆက်တိုက်ထွက်ပေါ်လာတော့သည်။
"မင်းလို လူမိုက်လေး... မစ္စတာလျန် ကို ဘယ်လိုတောင် ရန်စရဲရတာလဲ...။ မင်း အယ်လ် မြို့တော်မှာ ဆက်မနေချင်တော့ဘူးလား...။"
အကြီးအကျယ် ဆဲဆိုကြိမ်းမောင်းခံလိုက်ရသော်လည်း ယွမ်ခယ်မှာ အခြေအနေကို နားမလည်နိုင်သေး ဘဲ မေးမြန်းလိုက်ရှာပေသည်။
"မန်နေဂျာချာ... ဘာလို့ ဒီ သူဌေးအသစ် အစားအသောက်ပို့တဲ့သူကို ဒီလောက်အထိ ရိုသေနေရတာ လဲ...။"
ချာကျီရှန့်၏ ဒေါသတကြီး အော်ဟစ်သံမှာ ထပ်မံ ထွက်ပေါ်လာပြန်လေသည်။
"မင်းကတော့ တကယ်ကို သေတွင်းတူးနေတာပဲ...။ မစ္စတာလျန် ကို သူဌေးသစ် အစားအသောက်ပို့တဲ့ သူ လို့ ခေါ်ရဲသေးတယ်ပေါ့...။"
"ငါ မင်းကို ပြောပြလိုက်မယ် လူမိုက်လေး...။ မစ္စတာလျန် ရဲ့ နောက်ခံက မင်းထင်ထားတာထက် အဆပေါင်းများစွာ ပိုပြီး အင်အားကြီးတယ်...။"
"ဒီနေ့မှာ မစ္စတာလျန် တစ်ဦးတည်းရဲ့ အပ်ငွေကတင် ငါတို့ဘဏ်ရဲ့ အပ်ငွေစုစုပေါင်းရဲ့ တစ်ဝက်နီးပါး ရှိတာကွ...။"
"ပြီးတော့ ငါ အခုလို ဘဏ်မန်နေဂျာ ရာထူး ရလာတာကလည်း မစ္စတာလျန် ကြောင့်ပဲ...။"
"အဲ့ဒီတုန်းကသာ မစ္စတာလျန် က ငါ့ဆီကနေ ရွှေတုံး တန်ချီပြီး မဝယ်ခဲ့ရင် ငါလည်း ဒီနေရာမျိုး ရောက် လာမှာ မဟုတ်ဘူး...။"
"ဒါကြောင့် မစ္စတာလျန် ကို ရန်စတာဟာ ငါ့ကို ရန်စတာနဲ့ အတူတူပဲ...။"
၎င်းကို ကြားသောအခါ ယွမ်ခယ်မှာ အံ့သြတကြီး အော်ဟစ်လိုက်မိလေသည်။
"ဘာ...၊ ရွှေတုံးတွေကို တန်နဲ့ချီပြီး ဝယ်တာ ဟုတ်လား...။ ပြီးတော့ ဘဏ်ရဲ့ အပ်ငွေ တစ်ဝက်နီးပါးက သူ့ဆီက ဟုတ်လား...။"
"မန်နေဂျာချာ... ခင်...ခင်ဗျား တစ်ခုခု မှားနေတာ မဟုတ်ဘူးလား...။"
ချာကျီရှန့်က စိတ်မရှည်စွာဖြင့် ၊
"မပြီးနိုင်တော့ဘူးလား...။ ငါက အယ်လ်မြို့တော် အယ်လ်အက်စ် ဘဏ် ရဲ့ မန်နေဂျာလေ၊ ငါပြောတဲ့ စကားတွေက ဘယ်လိုလုပ် မှားမှာလဲ...။"
"အတိုချုပ် ပြောရရင်တော့ မင်းအနေနဲ့ မစ္စတာလျန် ရဲ့ ခွင့်လွှတ်မှုကို မရသရွေ့ ငါတို့ဘဏ်ဆီကနေ ပြားတစ်စေ့မှ ချေးငွေရဖို့ မမျှော်လင့်နဲ့တော့...။"
"ဪ... ဒါနဲ့ မင်းတို့ ယွမ်ခယ် အိမ်ခြံမြေက ချေးထားတဲ့ ပိုက်ဆံတွေကလည်း အချိန်ပြည့်တော့မယ်...။ အမြန်ဆုံး လာဆပ်ကြတော့...။"
"ဒါမှမဟုတ်ရင်တော့ မင်းတို့ရဲ့ ရန်ပုံငွေတွေကို ချိပ်ပိတ်ပြီး အပေါင်ပစ္စည်းတွေကို သိမ်းပစ်ရလိမ့်မယ်..။ မင်းရဲ့ အဖေ အကြီးအကဲယွမ် ရဲ့ မျက်နှာကို ငါ မထောက်တော့ဘူးလို့ မပြောနဲ့ဦး...။"
ပြောချင်ရာများကို ပြောပြီးနောက် ချာကျီရှန့်သည် ဖုန်းကို ချက်ချင်း ချပစ်လိုက်လေသည်။ ယွမ်ခယ်က မည်မျှပင် အော်ဟစ်ခေါ်ဆိုနေပါသော်လည်း ဖုန်းလိုင်းမှာ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
ယွမ်ခယ်မှာ မှင်တက်သွားရသည်။ သူသည် လျန်ထျန်းကို ပြန်လည် ကြည့်လိုက်ချိန်တွင် အရင်က ရှိခဲ့ သော မာန်မာနများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"မင်း... မင်းက တကယ်တော့ ဘယ်သူလဲ...။"
လျန်ထျန်းက ပခုံးတွန့်ပြကာ ရယ်မောလိုက်လေသည်။
"ငါ အရင်က ပြောခဲ့သလိုပဲလေ...။ ငါ့ရဲ့ အဓိကအလုပ်က အစားအသောက် ပို့ဆောင်ပေးတာပါ...။"
ယွမ်ခယ်မှာ ထိုစကားကို ယခုအချိန်တွင် လုံးဝ မယုံကြည်တော့ပေ။ သူသည် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ပုံမှန်လေသံဖြင့် ပြောလိုက်လေသည်။
"ရပါတယ်... ဘဏ်က ချေးငွေ မရရင်တောင် ကျင်းတ အိမ်ခြံမြေ က ငါတို့နဲ့ ပူးပေါင်းဦးမှာပဲ...။"
"ဒီလို ပေါင်းစည်းတာက နှစ်ဦးနှစ်ဖက်လုံးအတွက် ကောင်းတဲ့အရာပဲလေ...။ ကျင်းတ အိမ်ခြံမြေ ရဲ့ ဥက္ကဋ္ဌ လူချွမ်းရှုံ က လူတော်တစ်ယောက်ဆိုတော့ ငါတို့ ယွမ်ခယ် အိမ်ခြံမြေ ရဲ့ အကူအညီကို သူ လိုချင်မှာ သေချာတယ်...။"
"မကြာသေးခင်က သတင်းတွေအရ ကျင်းတ အိမ်ခြံမြေ ရဲ့ နောက်ကွယ်မှာ လျှို့ဝှက်တဲ့ အဓိက ရှယ်ယာရှင်ကြီး တစ်ယောက် ရှိနေတယ်လို့ သိရတယ်...။"
"အဲ့ဒီလူကြောင့်ပဲ ကျင်းတ အိမ်ခြံမြေ က အယ်လ်မြို့တော်ရဲ့ အိမ်ခြံမြေလောကမှာ ထိပ်တန်းကနေ ရပ်တည်နေနိုင်တာလေ...။"
"ငါတို့နဲ့ ပေါင်းစည်းပြီးသွားရင် အဲ့ဒီ ရှယ်ယာရှင်ကြီးက ငါတို့ ယွမ်ခယ် အိမ်ခြံမြေ ကိုလည်း ပိုက်ဆံတွေ အများကြီး ထောက်ပံ့ပေးမှာပဲ...။"
"အဲ့ဒီအချိန်ကျရင် ငါတို့ ယွမ်မိသားစုက ဘဏ်ချေးငွေ မလိုဘဲနဲ့တောင် မြို့ရဲ့ ထိပ်တန်းမိသားစု ဖြစ်လာ မှာပါ...။"
ပြောရင်းနှင့် ယွမ်ခယ်သည် လျန်ထျန်းကို ဒေါသတကြီး ကြည့်ကာ ဆက်လက်ပြောလိုက်လေသည်။
"အဲ့ဒီအချိန်ကျရင်တော့ မင်း ဘယ်သူလဲဆိုတာ ငါ ရှာဖွေပြီး အပြတ်ရှင်းပစ်မယ်...။"
၎င်းကို ကြားသောအခါ လျန်ထျန်းက ထပ်မံ ရယ်မောလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ သူသည် အရင်ကထက် ပို၍ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အခြားဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်လေသည်။
"ဟေး... အစ်ကိုလု...။ ဟိုတစ်ခါက ပြောတဲ့ ယွမ်ခယ် အိမ်ခြံမြေ ကိစ္စ ဘယ်လိုရှိလဲ...။"
လူချွမ်းရှုံ၏ တွန့်ဆုတ်နေသော အသံမှာ ထွက်ပေါ်လာခဲ့လေသည်။
"ညီလေးလျန်...၊ အစ်ကိုလည်း အတော်လေး ဆုံးဖြတ်ရ ခက်နေတယ်...။"
"ကျင်းတ အိမ်ခြံမြေ မှာ ညီလေးလျန် လိုမျိုး အဓိက ရှယ်ယာရှင်ကြီး တစ်ယောက် ရှိနေပြီး ပိုက်ဆံတွေ အမြဲ ထောက်ပံ့နေလို့ ငွေရေးကြေးရေး မပူရဘူး ဆိုပေမဲ့...၊"
"ပိုက်ဆံ ပိုရှိလေလေ ပိုကောင်းလေလေ မဟုတ်ဘူးလား...။ စီးပွားရေးလောကမှာ ပိုက်ဆံ များတာကို ဘယ်သူက မုန်းပါ့မလဲ...။"
"ဒါ့အပြင် ယွမ်ခယ် အိမ်ခြံမြေ က ငါ့ကို လာပြောတယ်...။ သူတို့က အယ်လ်အက်စ် ဘဏ် နဲ့ အဆက် အသွယ် ရှိလို့ ချေးငွေအများကြီး ရတော့မယ်တဲ့...။"
"အဲ့ဒီ ချေးငွေသာ ရမယ်ဆိုရင် ငါတို့က ကျားမှာ အတောင်ပံ တပ်လိုက်သလို ဖြစ်သွားမှာလေ...။"
"ဒါပေမဲ့ သူတို့နဲ့ မပေါင်းစည်းဘူးဆိုရင်တော့ ချေးငွေရထားတဲ့ ယွမ်ခယ် အိမ်ခြံမြေ က ငါတို့အတွက် ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်လာလိမ့်မယ်...။"
"ဒါကြောင့် ငါ စဉ်းစားကြည့်တော့ ပေါင်းစည်းလိုက်တာက အကောင်းဆုံး နည်းလမ်းလို့ ထင်တာပဲ...။ ဒါပေမဲ့ ငါ့ကို တွန့်ဆုတ်နေစေတာက သူတို့ရဲ့ စီမံခန့်ခွဲမှုပဲ...။"
"ယွမ်ခယ် အိမ်ခြံမြေ ရဲ့ စီမံခန့်ခွဲမှုက မျိုးနွယ်စုစွဲတွေ၊ ဆွေမျိုးကောင်းစားရေးတွေနဲ့ အကျိုးစီးပွား ပဋိပက္ခတွေက အရမ်းများတယ်...။ ဒါတွေက နောင်ကျရင် ငါတို့အတွက် အချိန်ကိုက်ဗုံး တစ်လုံး ဖြစ်လာနိုင်တယ်လေ...။"
"ဟိုတစ်ခါက ဟူဖုန်ယို့ တို့ ကိစ္စလိုမျိုး ထပ်ဖြစ်မှာကို ငါ ကြောက်နေမိတယ်...။ ဒါကြောင့် လက်ရှိ အခြေအနေကတော့...၊ ဟူး...။"
လူချွမ်းရှုံသည် ဤကိစ္စနှင့် ပတ်သက်၍ အမှန်တကယ်ပင် စိတ်ညစ်နေရသည်ကို သိသာလှပေသည်။
သို့သော် လျန်ထျန်းကမူ ထိုစကားကို ကြားပြီးနောက် ရယ်မောလျက် ပြောလိုက်လေသည်။
"အစ်ကိုလု... မပူနဲ့တော့၊ ငါ ဆုံးဖြတ်ပေးလိုက်မယ်...။"
"ငါတို့ ကျင်းတ အိမ်ခြံမြေ က ယွမ်ခယ် အိမ်ခြံမြေ နဲ့ မပူးပေါင်းရုံတင် မကဘူး၊ သူတို့ကို လုံးဝ အပြတ် အသတ် ခြေမှုန်းပစ်ရမယ်...။"
လူချွမ်းရှုံမှာ မှင်တက်သွားရပြီး ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်လေသည်။
"ညီလေးလျန်...၊ ဒါဆိုရင် ယွမ်ခယ် အိမ်ခြံမြေ ကို တိုက်ရိုက် စစ်ကြေညာမယ်လို့ ပြောတာလား...။"
"ဒါပေမဲ့ သူတို့က ဘဏ်ကနေ ချေးငွေ ရတော့မှာလေ...။ အဲ့ဒါဆိုရင်တော့ တိုက်ပွဲက နည်းနည်း ခက်ခဲလိမ့်မယ်...။"
လျန်ထျန်းက ပြုံးလျက် ဆက်ပြောလိုက်လေသည်။
"စိတ်မပူနဲ့ အစ်ကိုလု၊ သူတို့ ဘဏ်ချေးငွေ ရမှာ မဟုတ်ဘူး...။ ငါ အယ်လ်အက်စ် ဘဏ် ရဲ့ မန်နေဂျာနဲ့ စကားပြောပြီးပြီ...။"
"ချာကျီရှန့် က ယွမ်ခယ် အိမ်ခြံမြေ ကို ပြားတစ်စေ့မှ မချေးဘူးလို့ ငါ့ကို ကတိပေးထားတယ်...။"
"ဒါ့အပြင် ယွမ်ခယ် အိမ်ခြံမြေ ရဲ့ အကြွေးတွေကိုလည်း ပြန်တောင်းခိုင်းထားသလို သူတို့ရဲ့ ရန်ပုံငွေ တွေကိုလည်း ချိပ်ပိတ်ခိုင်းထားတယ်...။"
"လိုရမယ်ရဆိုရင်တော့ ငါတို့ ကုမ္ပဏီအတွက် ပိုက်ဆံတွေ ထပ်ထည့်ပေးမယ်၊ ဒါမှမဟုတ် ဘဏ်ကနေ ချေးငွေယူပေးမယ်...။ အဆင်ပြေတယ်မလား...။"
၎င်းကို ကြားသောအခါ လူချွမ်းရှုံမှာ အလွန်အမင်း အံ့အားသင့်ကာ ဝမ်းသာသွားလေတော့သည်။
"ညီလေးလျန်...။ ညီလေးရဲ့ အရှိန်အဝါက ဒီလောက်အထိ ကြီးမားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...။"
"ညီလေးရဲ့ စကားတစ်ခွန်းတည်းနဲ့ အယ်လ်အက်စ် ဘဏ် က အကုန်လုံး လိုက်လုပ်ပေးနေတယ်ဆို တော့...။ ဘုရားရေ... ငါဘယ်လိုတောင် အစွမ်းထက်တဲ့ ရှယ်ယာရှင်ကြီးကို ရှာတွေ့ခဲ့တာလဲ...။"
"ကောင်းပါပြီ... ညီလေး ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်...။ အမြန်ဆုံး အနိုင်ယူလိုက်ရအောင်...။"
"သူတို့ အရှုံးပေးသွားပြီဆိုရင်တော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဈေးပေါပေါနဲ့ ဝါးမြိုလိုက်ပြီး ငါတို့ကိုယ် ငါတို့ ပိုပြီး အားကောင်းအောင် လုပ်ကြတာပေါ့...။"
လျန်ထျန်းက ခေါင်းညိတ်လိုက်ကာ ၊
"ကောင်းပြီလေ...၊ ပိုက်ဆံကိစ္စကို ငါ့ဆီမှာ ထားလိုက်ပါ၊ ကျန်တာတွေကိုတော့ အစ်ကိုလု ပဲ စီစဉ် လိုက်တော့...။"
ဖုန်းချလိုက်သည်နှင့် ယွမ်ခယ်၏ ခြေထောက်များမှာ အားပျော့သွားကာ ဘုန်းကနဲ လဲကျသွားတော့ သည်။
ဤအခိုက်အတန့်တွင် ယွမ်ခယ်သည် လျန်ထျန်းကို ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာတစ်ဦးကို ကြည့်နေသည့်အလား စူးစိုက်ကြည့်နေမိတော့သည်။
"မင်း... မင်းက... ကျင်းတ အိမ်ခြံမြေ ရဲ့ နောက်ကွယ်က လျှို့ဝှက်တဲ့ အဓိက ရှယ်ယာရှင်ကြီးလား...။"