အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း (၂၅) - မီးပြတိုက်အကယ်ဒမီ
မျှော်စင်၏ ဒုတိယအဆင့်နှင့် တတိယအဆင့်ကြားရှိ နားနေဆောင် ပလက်ဖောင်းသို့ လျူယန် ရောက်ရှိသွားသည်နှင့် သူသည် ဂုဏ်သတင်းကျော်စောမှုဇယားတွင် နံပါတ် (၁) နေရာ၌ ရပ်တည်နေကြောင်း တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏မျက်စိရှေ့၌ အသိပေးချက်တစ်ခု ပေါ်လာ၏။
[ ဂုဏ်ပြုပါသည်။ ဒုတိယအဆင့်၏ ဂုဏ်သတင်းကျော်စောမှုဇယားတွင် နံပါတ် (၁) ရရှိသည့်အတွက် ဆုလာဘ်အဖြစ် 'ရွှေရောင်ရတနာသေတ္တာ' ကို ရရှိပါသည်]
ထိုသို့ အသိပေးပြီးနောက် သူ၏ရှေ့မှောက်တွင် တောက်ပလှသော ရွှေရောင်ရတနာသေတ္တာကြီး တစ်လုံး ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် ဘေးနားရှိ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည့် ချူလုံ၏ ရှေ့တွင်လည်း ဆုလာဘ်အဖြစ် ငွေရောင်ရတနာသေတ္တာ တစ်လုံး ပေါ်လာခဲ့၏။
လျူယန်သည် သူ၏ ရွှေရောင်သေတ္တာကို ဖွင့်လိုက်သည်။ ထိုကြီးမားလှသော သေတ္တာကြီးအတွင်းဝယ် အခြားအရာမရှိဘဲ ဖြူစင်ပြီး အလင်းဖောက်နိုင်သော၊ အလွန်ပင် ရိုးရှင်းလှသည့် လက်စွပ်တစ်ကွင်းသာ ရှိနေသည်။ လျူယန်သည် ၎င်း၏ အချက်အလက်များကို စစ်ဆေးလိုက်၏။
[ အခြေခံ တယ်လီပို့လက်စွပ် ]
အဆင့်: A
အာနိသင်: အသုံးပြုသူသည် (၁၀) မီတာ ပတ်လည်အတွင်းရှိ မည်သည့်နေရာသို့မဆို ချက်ချင်း ကူးပြောင်းနိုင်သည်။
အသုံးပြုနိုင်သောအကြိမ်ရေ: ၁/၁ (၂၄ နာရီလျှင် တစ်ကြိမ် ပြန်လည်ပြည့်ဖြည့်သည်)
လျူယန်သည် ဤအာနိသင်ကို မြင်သောအခါ အံ့ဩသွားမိသည်။ စွမ်းရည်များနှင့် ကိရိယာများအားလုံးတွင် 'အချိန်' နှင့် 'ဟင်းလင်းပြင်' ဆိုင်ရာ အရာများမှာ အဆန်းကြယ်ဆုံးနှင့် အဖိုးတန်ဆုံး ဖြစ်သည်။ ထိုဓာတ်များနှင့် ပတ်သက်သမျှ အရာအားလုံးမှာ အလွန်ပင် အစွမ်းထက်လှ၏။
ဤလက်စွပ်မှာ A-အဆင့်ဖြစ်ပြီး အာနိသင်မှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း စနစ်တကျ အသုံးပြုတတ်ပါက တိုက်ပွဲ၏ အလှည့်အပြောင်းကို ဖန်တီးနိုင်သည်။ ဥပမာအားဖြင့် ယခင်က မီးချီလင် သို့မဟုတ် ရေခဲငှက်နှင့် တိုက်ပွဲများတွင် ရန်သူ၏ ချုပ်ကိုင်မှုမှ လွတ်မြောက်ရန် ခက်ခဲခဲ့သော်လည်း ဤလက်စွပ်ရှိပါက ချက်ချင်း တယ်လီပို့လုပ်ကာ အကွာအဝေးတစ်ခုသို့ ဆုတ်ခွာနိုင်မည် ဖြစ်သည်။ တိုက်စစ်တွင်လည်း ရန်သူ၏ နောက်ကျောဘက်သို့ ရုတ်တရက် ပေါ်ထွက်ကာ တိုက်ခိုက်ခြင်းဖြင့် ရန်သူကို အငိုက်မိစေနိုင်ပေသည်။
တစ်ခုတည်းသော အားနည်းချက်မှာ ၎င်းသည် အခြေခံအဆင့်သာ ဖြစ်သဖြင့် တယ်လီပို့နိုင်သည့် အကွာအဝေးမှာ အနည်းငယ်တိုတောင်းပြီး အကြိမ်ရေမှာလည်း နည်းပါးနေခြင်းပင်။ သို့သော် လျူယန်တွင် [နတ်ဘုရားအဆင့် ထုတ်ယူခြင်း] ရှိနေသည် မဟုတ်ပါလား။ သူသည် လက်စွပ်အပေါ် စွမ်းရည်အသုံးပြုလိုက်ရာ အဖြူရောင်အလင်းတန်းများ ဖုံးလွှမ်းသွားပြီး အောင်မြင်မှု အသိပေးချက် ပေါ်လာတော့သည်။
[ အခြေခံ တယ်လီပို့လက်စွပ် (A-Grade) ကို ထုတ်ယူခြင်း အောင်မြင်ပါသည်။ အဆင့်မြင့် တယ်လီပို့လက်စွပ် (S-Grade) အဖြစ်သို့ ပြောင်းလဲသွားခြင်းအတွက် ဂုဏ်ယူပါသည်]
မူလက အလင်းဖောက်ရုံသာ ရှိသော လက်စွပ်မှာ ယခုအခါ လုံးဝနီးပါး ပွင့်လင်းမြင်သာသွားပြီး ကြည့်ရုံဖြင့်ပင် ထူးခြားလှသည်။ လျူယန်သည် ဝမ်းသာအားရဖြင့် ၎င်း၏ အချက်အလက်များကို ထပ်မံစစ်ဆေးလိုက်၏။
[ အဆင့်မြင့် တယ်လီပို့လက်စွပ်]
အဆင့်: S
အာနိသင်: အသုံးပြုသူသည် (၁၀၀) မီတာအတွင်း မည်သည့်နေရာသို့မဆို တယ်လီပို့နိုင်သည်။ မိမိအပြင် အလေးချိန် ၁၀၀ ကီလိုဂရမ်အောက် ရှိသော အခြားပစ္စည်းများ သို့မဟုတ် လူများကိုပါ တယ်လီပို့ပေးနိုင်သည်။
အသုံးပြုနိုင်သောအကြိမ်ရေ: ၁၀/၁၀ (၂ နာရီလျှင် တစ်ကြိမ် ပြန်လည်ပြည့်ဖြည့်သည်)
လျူယန်မှာ အလွန်ပင် ဝမ်းသာပီတိ ဖြစ်သွားရသည်။ S-အဆင့်သို့ ရောက်သွားပြီးနောက် တယ်လီပို့နိုင်သည့် အကွာအဝေးမှာ (၁၀၀) မီတာအထိ တိုးသွားရုံသာမက အခြားသူများကိုပါ ခေါ်ဆောင်သွားနိုင်ပြီ ဖြစ်သည်။ အကြိမ်ရေမှာလည်း (၁၀) ကြိမ်အထိ တိုးလာကာ (၂) နာရီလျှင် တစ်ကြိမ် ပြန်လည်ပြည့်ဖြည့်သဖြင့် အလွန်ပင် အသုံးဝင်လှသည်။ သူသည် လက်စွပ်ကို ဝတ်ဆင်လိုက်ရာ ၎င်းမှာ လုံးဝ ပွင့်လင်းမြင်သာနေသဖြင့် သေချာမကြည့်ပါက ရှိနေမှန်းပင် မသိနိုင်ချေ။
ထိုစဉ် ချူလုံ ရောက်လာပြီး သူမ၏ ငွေရောင်သေတ္တာထဲမှ B-အဆင့် ကိရိယာတစ်ခု ရရှိကြောင်း ဂုဏ်ယူစွာ ပြောပြသည်။ လျူယန်ကမူ သူ၏ အဆင့်မြင့်လက်စွပ်အကြောင်းကို လျှို့ဝှက်ထားလိုက်၏။ ဤကဲ့သို့ အစွမ်းထက်သော အရာမျိုးကို လိုအပ်မှသာ ထုတ်သုံးမည့် 'ဝှက်ဖဲ' အဖြစ် သိမ်းဆည်းထားခြင်းက ပို၍ ဘေးကင်းပေလိမ့်မည်။
"အမယ်... ကပ်စေးနှဲလေး"
ချူလုံက နှုတ်ခမ်းလေးစူကာ ပြောသော်လည်း လျူယန်၏ စရိုက်ကို သိနေသဖြင့် ဘာမှထပ်မပြောတော့ချေ။
သူတို့နှစ်ဦးသည် ပတ်ဝန်းကျင်ကို လေ့လာလိုက်ကြသည်။ ဤနားနေဆောင်မှာ ယခင်အဆင့်များကဲ့သို့ အိမ်အနည်းငယ်သာ ရှိသည်မဟုတ်ဘဲ စည်ကားလှသော လမ်းမကြီးတစ်ခုသဖွယ် ကျယ်ဝန်းလှသည်။ ဤနေရာမှာ မျှော်စင် (၂၀) လုံးမှ တက်ရောက်လာကြသော နိုးထသူများအားလုံး ဆုံစည်းရာ နေရာပင် ဖြစ်သည်။ အဆင့် (၃) သို့ ရောက်ရှိနိုင်သူ ရာဂဏန်းခန့် ရှိနေပြီး နောင်တွင် ပိုမိုများပြားလာဦးမည်။
ဤနေရာတွင် လူသားတို့၏ စားသောက်ကုန် လမ်းမကြီးများလည်း ရှိနေသဖြင့် လျူယန်နှင့် ချူလုံတို့သည် မျှော်စင်အတွင်း သားရဲသားများနှင့် တောသစ်သီးသစ်နှံများသာ စားခဲ့ရသော ဒုက္ခမှ ကင်းဝေးကာ အရသာရှိသော အစားအစာများကို အဝစားရင်း ခေတ္တ အပန်းဖြေလိုက်ကြသည်။
မွန်းတည့်ချိန်သို့ ရောက်သောအခါ တယ်လီပို့စင်များ ပိတ်သွားပြီး အဆင့် (၂) မှ တက်နိုင်သူ အားလုံး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် လမ်းညွှန်ဆရာပေါ်လာပြီး အရေးကြီးသော အချက်များကို ကြေညာတော့သည်။
"အားလုံးပဲ ဂုဏ်ယူပါတယ်... ဒီနေရာကို ရောက်လာတာဟာ အဆင့် (၃) ကို တက်လှမ်းဖို့ အရည်အချင်း ပြည့်မီသွားတာပဲ... မင်းတို့အားလုံးဟာ လူသားမျိုးနွယ်ရဲ့ ဂုဏ်ဆောင်တွေနဲ့ အနာဂတ်တွေပဲ... အခု မင်းတို့နောက်ကွယ်မှာ မြင်နေရတဲ့ အဆောက်အအုံကြီးကတော့ မီးပြတိုက်အကယ်ဒမီရဲ့ အောက်ခြေအဆောက်အအုံပဲ ဖြစ်တယ်"
နိုးထသူများမှာ လမ်းညွှန်ဆရာ ညွှန်ပြရာသို့ ကြည့်လိုက်ကြရာ တိမ်တိုက်များထဲအထိ မြင့်တက်နေသော ခန့်ညားထည်ဝါလှသည့် မျှော်စင်ပုံစံ ကျောင်းတော်ကြီးကို တွေ့လိုက်ရသည်။
"အဆင့် (၃) ကနေစပြီး အန္တရာယ်အဆင့်အတန်းက အရင်အဆင့်တွေထက် အဆပေါင်းများစွာ မြင့်တက်သွားလိမ့်မယ်... ရှေ့က အဆင့်နှစ်ခုမှာ သေဆုံးသွားသူတွေဟာ များသောအားဖြင့် အရည်အချင်း မရှိသူတွေ ဒါမှမဟုတ် ကံမကောင်းသူတွေ ဖြစ်ကြတယ်... ဒီကို ရောက်လာတဲ့ မင်းတို့အားလုံးကတော့ လူသားမျိုးနွယ်အတွက် အဖိုးတန်တဲ့ အရင်းအမြစ်တွေပဲ... မင်းတို့ကို အလွယ်တကူ အဆုံးရှုံးမခံနိုင်ဘူး... ဒါကြောင့် အဆင့် (၃) မှာ အသက်အန္တရာယ် မဖြစ်စေဖို့ ငါတို့ရဲ့ ဘိုးဘေးတွေက ဒီစစ်ဘက်အကယ်ဒမီကို တည်ဆောက်ထားခဲ့တာ... ဒီမှာ မင်းတို့ မျှော်စင်ကို ဘယ်လို ဆက်တက်ရမလဲဆိုတာ သင်ယူရမယ်"
"မီးပြတိုက်အကယ်ဒမီမှာ ဘိုးဘေးတွေရဲ့ ဉာဏ်ပညာတွေ စုစည်းထားတယ်... ဒါက အောက်ခြေကျောင်းတော်ပဲ ရှိသေးတယ်၊ အထက်တန်းကျောင်းတော်ကတော့ ပိုမြင့်တဲ့ အဆင့်တွေမှာ ရှိတယ်... အကယ်ဒမီဟာ မင်းတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးရုံတင်မကဘဲ သင့်တော်တဲ့ အသင်းဖော်တွေ ရှာဖွေဖို့ ပလက်ဖောင်းတစ်ခုလည်း ဖြစ်တယ်... အဆင့် (၃) ကစပြီး တစ်ယောက်တည်း သွားဖို့ဆိုတာ အလွန်အန္တရာယ်များတယ်... မင်းတို့အနေနဲ့ စွမ်းရည်စုံလင်တဲ့ အသင်းတစ်သင်း ဖွဲ့စည်းနိုင်မှသာ အသက်ရှင်ပြီး ရှေ့ဆက်နိုင်မှာ ဖြစ်တယ်"
အခန်း (၂၆) - မကြုံစဖူး ထူးကဲသော စံချိန်
လမ်းညွှန်ဆရာ၏ မိတ်ဆက်စကားများကို ကြားရသောအခါ နိုးထသူအုပ်စုမှာ အံ့အားသင့်သွားကြပြီး တိုးတိုးတိတ်တိတ် ဆွေးနွေးငြင်းခုံကြတော့သည်။
ယခင်က သူတို့သည် ပထမနှင့် ဒုတိယအဆင့်များတွင်ပင် အန္တရာယ်မျိုးစုံနှင့် ရင်ဆိုင်ခဲ့ရပြီး လူပေါင်း ၈၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ သို့သော် ယခုအခါ လမ်းညွှန်ဆရာက ပထမအဆင့်နှစ်ခုမှာ ဘေးကင်းသည်ဟု ဆိုနိုင်ပြီး တတိယအဆင့်မှသာ အမှန်တကယ် အန္တရာယ်ရှိသည်ဟု ပြောနေခြင်းလော။
ခဏမျှ သူတို့အားလုံး တတိယအဆင့်၏ အန္တရာယ်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲနေကြ၏။
"တတိယအဆင့်က တကယ်ကို အန္တရာယ်များပုံပဲ... ငါတို့ မီးပြတိုက်အကယ်ဒမီမှာ ရှိနေတဲ့အချိန်အတွင်း ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် အမိအရ လုပ်ရမယ်... မဟုတ်ရင် အဆင့် (၃) ထဲ ရောက်သွားရင် အသက်ရှင်ဖို့ မလွယ်ဘူး"
"သင့်တော်တဲ့ အသင်းဖော်တွေ ရှာဖို့ကလည်း အရမ်းအရေးကြီးတယ်... လုံလောက်တဲ့ အင်အားနဲ့ စွမ်းရည်စုံစုံလင်လင် ရှိမှပဲ အတောင့်တင်းဆုံး တိုက်ခိုက်ရေးစွမ်းအားကို ရမှာ"
"မျှတတဲ့ အသင်းတစ်သင်းဆိုတာ ရှေ့တန်းမှာ အနီးကပ်တိုက်ခိုက်ရေးသမားတွေ ရှိရမယ်၊ နောက်တန်းမှာတော့ တိုက်စစ်ဆင်သူ၊ ထိန်းချုပ်သူနဲ့ ကုသပေးသူတွေ ရှိရမှာ မဟုတ်လား"
"ဟင်း... နောက်ပိုင်းမှာ ဒီလောက်အထိ ခက်ခဲလာလိမ့်မယ်လို့ မထင်ထားမိဘူး"
နိုးထသူများမှာ လေသံအနိမ့်ဖြင့် ပြောဆိုနေကြစဉ် ရှေ့ဆုံးမှ လမ်းညွှန်ဆရာက ဆက်လက်ပြောကြားသည်။
"အားလုံးပဲ ငါ့နောက်ကို လိုက်ခဲ့ကြပါ... အခု အကယ်ဒမီရဲ့ အစည်းအဝေးခန်းမကို သွားကြမယ်... လူသစ်ဲကြိုဆိုပွဲ စတင်တော့မယ်"
လမ်းညွှန်ဆရာ၏ ဦးဆောင်မှုဖြင့် နိုးထသူအားလုံး မီးပြတိုက်အကယ်ဒမီအတွင်းရှိ အစည်းအဝေးခန်းမကြီးထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့သည် နေရာယူကာ စပ်စုချင်စိတ်ဖြင့် စောင့်ဆိုင်းနေကြ၏။
မကြာမီ ကျောင်းအုပ်ကြီး ပေါ်လာသည်။ ခန်းမအတွင်းရှိ နိုးထသူ ၃၀၀ ကျော်ကို မြင်သောအခါ သူက ခေါင်းတစ်ချက် ငြိမ့်လိုက်၏။ ယခုအသုတ် ကျောင်းသားများ၏ စုစုပေါင်းအင်အားမှာ မဆိုးလှချေ။ အဆင့် (၃) သို့ တက်လှမ်းရန် အရည်အချင်းပြည့်မီသူ ၃၀၀ ကျော် ရှိနေခြင်းမှာ ကျေနပ်စရာပင်။
ထို့နောက် ကျောင်းအုပ်ကြီးက မိန့်ခွန်းစတင်ပြောကြားသည်။
"နိုးထသူများအားလုံး ကြိုဆိုပါတယ်... မင်းတို့ရဲ့ နိုးထလာမှုနဲ့ ကြီးထွားလာမှုကို မျက်မြင်တွေ့ရတဲ့အတွက် ငါအရမ်း ဂုဏ်ယူမိတယ်... အချိန်က အရမ်းတန်ဖိုးရှိတာမို့ စကားရှည်မနေတော့ဘူး... အခု ပထမဆုံး အစီအစဉ်အနေနဲ့ အဆင့်သတ်မှတ်ချက်ဇယားကို အကျဉ်းချုပ် ကြည့်ကြမယ်... ငါတို့ မျှော်စင် ၂၀ လုံးရဲ့ စုစုပေါင်း အဆင့်သတ်မှတ်ချက်မှာ ဘယ်သူက နံပါတ် (၁) ရမလဲဆိုတာ ကြည့်ရအောင်... စုစုပေါင်း အဆင့် (၁) ရတဲ့သူက အလွန်တန်ဖိုးရှိတဲ့ ဆုလာဘ်ကို ရရှိမှာ ဖြစ်တယ်"
ကျောင်းအုပ်ကြီး စကားပြောအပြီး ဘေးသို့ ဖယ်ပေးလိုက်သောအခါ မျက်နှာပြင်ကြီးတစ်ခု ပေါ်လာသည်။ နိုးထသူများမှာ အလွန်ပင် စိတ်ဝင်စားသွားကြ၏။ မျှော်စင် ၂၀ လုံးမှ နိုးထသူအားလုံးထဲတွင် ဘယ်သူက အဆင့် (၁) ဖြစ်မည်နည်း။
မျက်နှာပြင်ပေါ်တွင် မျှော်စင် ၂၀ လုံးမှ အဆင့် (၁) ရသူများ၏ အမည်များ ပေါ်လာသည်။ ထို့ပြင် ယခင်နှစ်ပေါင်းများစွာက စုစုပေါင်း အဆင့် (၁) စံချိန်တင်ထားသူများ၏ မှတ်တမ်းများကိုလည်း ဖော်ပြထား၏။
လွန်ခဲ့သော (၃) နှစ်အတွင်း စုစုပေါင်း ဂုဏ်သတင်းကျော်စောမှု အမှတ်များမှာ: ၁၂၄,၃၅၃ ၊ ၁၃၅,၅၆၄ နှင့် ၁၁၅,၄၅၃ တို့ ဖြစ်ကြသည်။
သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်တင်ထားသည့် ဂုဏ်သတင်းကျော်စောမှု အမှတ်မှာမူ ၂၀၄,၃၄၂ ဖြစ်၏။
နိုးထသူများမှာ ထိုမှတ်တမ်းများကို မြင်သောအခါ ဝိုင်းဝန်းဆွေးနွေးကြပြန်သည်။ လတ်တလော မှတ်တမ်းများအရ အမှတ် (၁) သိန်းကျော်ခန့်သာ ရှိသော်လည်း၊ အမြင့်ဆုံးစံချိန်မှာမူ (၂) သိန်းကျော်အထိ ရှိနေပြီး အမှတ်အတော်များများ ကွာဟနေသည်။
"တောက်... ငါက မျှော်စင် (၁၂၀) ရဲ့ နံပါတ် (၁) ပဲ.. ဒါပေမဲ့ ငါ့အမှတ်က ၃ သောင်းကျော်ပဲ ရှိသေးတယ်... ဟိုလူတွေက ဘယ်လိုလုပ်လိုက်တာလဲ"
"မင်းမှာ ၃ သောင်းပဲ ရှိတာလား... ကံကောင်းလို့ နံပါတ် (၁) ဖြစ်တာပဲ... ငါက မျှော်စင် (၁၀၉) ကပါ.. ၅ သောင်းနဲ့ ဒုတိယပဲ ရတယ်... ငါတို့ဆီက နံပါတ် (၁) ကတော့ ဘီလူးတစ်ကောင်ပဲ၊ သူ ဒီမှာ အဆင့် (၁) ရဖို့ များတယ်"
"ဘာလို့ အမြင့်ဆုံးစံချိန်က အဲဒီလောက်တောင် များနေရတာလဲ"
"မျှော်စင်တွေ စပေါ်ကာစအချိန်မှာ တင်ထားတဲ့ စံချိန်လို့ ပြောကြတယ်... အဲဒီတုန်းက အစွမ်းထက်တဲ့ လူသားတွေ အများကြီးရှိခဲ့တယ်၊ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာတော့ ထိပ်တန်းပညာရှင်အစစ်အမှန် တစ်ယောက်မှ မပေါ်ခဲ့ဘူး"
"လူသားတွေရဲ့ အင်အားက တဖြည်းဖြည်း ဆုတ်ယုတ်လာနေတယ်ဆိုတာ တကယ်ပဲ"
နိုးထသူများ ဆွေးနွေးနေစဉ် မျက်နှာပြင်ကြီးပေါ်တွင် စာရင်းအင်းများ စတင်ပြသလာသည်။ အမည် ၂၀ နောက်ကွယ်မှ ဂုဏ်သတင်းကျော်စောမှု အမှတ်များမှာ တရိပ်ရိပ် တက်လာပြီး အဆင့်များမှာ ခဏခဏ ပြောင်းလဲနေ၏။
နောက်ဆုံးတွင် အမည်တစ်ခုမှာ နံပါတ် (၁) နေရာ၌ ရပ်တန့်သွားသည်။ ထိုသူ၏ အမှတ်မှာ ၁၄၀,၀၀၀ ကျော် ဖြစ်၏။ သမိုင်းဝင်အမြင့်ဆုံး စံချိန်ကို မမီသော်လည်း လွန်ခဲ့သော (၃) နှစ်အတွင်း အမြင့်ဆုံးမှတ်တမ်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ချက်ချင်းပင် လူတိုင်းက မျှော်စင် (၁၀၉) မှ အဆင့် (၁) လူမှာ စုစုပေါင်း အဆင့် (၁) ဖြစ်ဖို့ သေချာသွားပြီဟု ထင်မှတ်လိုက်ကြသည်။ ၁၄၀,၀၀၀ ဆိုသည်မှာ လုံလောက်သော ပမာဏပင်။
လူအုပ်ကြီး၏ ထောင့်တစ်နေရာတွင် မျှော်စင် (၁၀၉) ၏ နံပါတ် (၁) လူမှာ ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ဆုလက်ခံရန် ထရပ်လိုက်သည်။ သို့သော် ထိုအချိန်တွင် ခန်းမတစ်ခုလုံး အံ့ဩသံများဖြင့် ဆူညံသွားတော့သည်။
မျက်နှာပြင်ကြီးပေါ်တွင် လျူယန်၏ ရမှတ်များကို စတင်တွက်ချက်ပြနေသည်။ လျူယန်၏ အမှတ်မှာ ယခင်နံပါတ် (၁) ကို ချက်ချင်းကျော်တက်သွားပြီး ၁၈၀,၀၀၀ သို့ ရောက်ရှိသွား၏။
ပို၍ အံ့ဩစရာကောင်းသည်မှာ သူ၏ အမှတ်တွက်ချက်မှုမှာ မပြီးဆုံးသေးခြင်းပင်။ အမည်နောက်ကွယ်မှ ကိန်းဂဏန်းများမှာ ဆက်လက်တိုးမြင့်နေဆဲ ဖြစ်သည်။
မကြာမီပင် ၂၁၀,၀၀၀ ကို ကျော်ဖြတ်ကာ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်ကို ချိုးဖျက်သွားတော့သည်။ ထိုအချိန်အထိ အမှတ်များမှာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တက်နေဆဲ။
ခန်းမတစ်ခုလုံးရှိ လူတိုင်း ဆွံ့အသွားကြသည်။
"ဟေး... ဘာတွေဖြစ်နေတာလဲ... စာရင်းတွေ မှားနေတာလား"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါတစ်ချိန်လုံး သားရဲတွေကိုပဲ လိုက်သတ်နေတာတောင် ငါးသောင်းပဲ ရတယ်... သူက ဘယ်လိုလုပ် နှစ်သိန်းကျော် ရတာလဲ"
"လျူယန် ဆိုတာ ဘယ်သူလဲ... ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ"
"သူက မျှော်စင် (၁၀၅) ကတဲ့... တစ်ယောက်တည်း သွားတတ်တဲ့ ကြောက်စရာကောင်းတဲ့ ဘီလူးတစ်ကောင်လို့ ကြားတယ်"
လမ်းညွှန်ဆရာနှင့် ကျောင်းအုပ်ကြီးပင်လျှင် မျက်လုံးပြူးကာ မယုံနိုင်အောင် ဖြစ်နေကြသည်။ လွန်ခဲ့သော အနှစ် ၂၀ အတွင်း လူသားမျိုးနွယ်၌ ဤမျှအစွမ်းထက်သူ မပေါ်ထွန်းခဲ့ချေ။ အမြင့်ဆုံးစံချိန်ကို ကျော်ဖို့နေနေသာသာ၊ အနားပင် ကပ်နိုင်သူ မရှိခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ နီးပါး ရှိခဲ့ပြီ။
"ကျောင်းအုပ်ကြီး... စာရင်းတွေ မှားနေတာများလား"
လမ်းညွှန်ဆရာက သံသယဖြင့် မေးလိုက်သည်။ အခြေအနေမှာ အလွန်တရာ အံ့ဩဖွယ်ကောင်းလွန်းနေသောကြောင့်ပင်။
ကျောင်းအုပ်ကြီးမှာလည်း သံသယဖြစ်ကာ အလျင်အမြန် သွားရောက်စစ်ဆေးပြီးနောက် ဝမ်းသာအားရဖြင့် ပြန်လာခဲ့သည်။
"စိတ်မပူပါနဲ့ လမ်းညွှန်ဆရာမ ဖန်း... စနစ်ကို စစ်ဆေးပြီးပြီ၊ ဘာမှမမှားဘူး... အချက်အလက်တွေက လုံးဝအမှန်ပဲ... ဒီတစ်ခါတော့ လူသားမျိုးနွယ်မှာ ထိပ်တန်းပညာရှင်တစ်ယောက် ထွက်ပေါ်လာရုံတင်မကဘူး၊ ဒါက မကြုံစဖူး ထူးကဲတဲ့ ပါရမီရှင်ပဲ... လျူယန်သာ ချောချောမောမော ကြီးပြင်းလာနိုင်ရင် သူက ငါတို့လူသားသမိုင်းမှာ အစွမ်းအထက်ဆုံး ပညာရှင် ဖြစ်လာလိမ့်မယ်... သူက လူသားမျိုးနွယ်ရဲ့ ဆုတ်ယုတ်မှုကို ပြောင်းလဲပေးနိုင်ရုံတင်မကဘူး၊ ငါတို့ကို အထွတ်အထိပ်သစ်ဆီ ခေါ်ဆောင်သွားနိုင်လိမ့်မယ်"
လမ်းညွှန်ဆရာမ ဖန်းသည် လျူယန်မှာ သူမ၏ ကျောင်းသားဖြစ်သဖြင့် အလွန်ပင် ဂုဏ်ယူမိသွားသည်။
ထိုအချိန်တွင် မျက်နှာပြင်ကြီးပေါ်ရှိ လျူယန်၏ အမှတ်များမှာ နောက်ဆုံးတွင် ရပ်တန့်သွားတော့သည်။ ထိုကိန်းဂဏန်းမှာ အလွန်ပင် ချောက်ချားဖွယ်ကောင်းလှ၏။
၃၂၄,၅၆၆... စုစုပေါင်း အမှတ် (၃) သိန်း နှစ်သောင်းကျော်... ၎င်းသည် အမှန်တကယ်ပင် မကြုံစဖူး ထူးကဲသော စံချိန်ကြီး ဖြစ်ပေသည်။