အခန်း (၃၆၁-၃၆၃)
Vol. 25 Ch. 361-362
အခန်း 361
“ဟေး ဟေး”
အာဟက ပါးစပ်ကြီး ဖြဲကာ ရယ်၍ အရူးများကို လှည့်ကြည့်လိုက်သည်။
သူဟာ ခန္ဓာကိုယ်ကို ဘေးဘက်သို့ တည်ငြိမ်စွာ ရွေ့လျှက် သူ၏အမွှေးများကို အနီးနားရှိ သစ်ပင်ပေါ်မှ ပန်ဒါကြီး၏ အမွှေးများနှင့် တစ်ချက်သွားပွတ်လိုက်သည်။
ဟာသပဲ။
သူက စတားတစ်ယောက် ဖြစ်တော့မှာ။ သူက ဒီကောင်တွေလိုမျိုး တောကျိုးအုပ်ကြားက အကောင်တွေနဲ့ အဆင့်မတူဘူး။ ဟုတ်ပြီလား။
သူက စတားလေ။
အတိတ်က တီဗီမှာ ပေါ်လာတဲ့ ဘယ်စတားကများ မကျော်ကြားလို့လဲ။
သူက စင်ပေါ်တက်ပြီး ဒီအတိုင်း ရပ်နေရုံနဲ့တင် အောက်ဘက်က လူတစ်အုပ်က အသံကို ဟစ်ပြီး အော်ကြမှာ။
“အား အရှင်ဟ ငါ မင်းကို ချစ်တယ်။ ငါ မင်းအတွက် ဘေဘီလေးတစ်ယောက် မွေးပေးချင်တယ်”
“ငါ့ကို ကြည့်။ ငါ့ကို ကြည့်”
“အရှင်ဟက ထာဝစဉ် နတ်ဘုရားပဲ”
သူ၏စိတ်ထဲတွင် ထိုမြင်ကွင်းကို တွေးမြင်ယောင်ပြီးနောက် အာဟက ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားကာ စရယ်သည်။
ခံစားလို့ ကောင်းလိုက်တာ။ ဟား ဟား ငါပဲ။
သူဟာ တိရစ္ဆာန်ရုံသို့ ပြန်ရောက်လာသောအခါ ထို့အကောင်များက သေချာပေါက် အံဩသွားလောက်သည်။ လမ်းပြခွေးအတွက်တော့…
ဟွန်း သူ့ကိုတောင် အထင်သေးရဲတယ် ဟုတ်လား။ အနာဂတ်မှာ မင်း ငါ့ကို လိုက်လို့ မမှီစေရဘူး။
ဖြန်း
တပိုင်က အရှေ့မှ ခွေးရူး၏နဖူးကို တစ်ချက် ဖြတ်ရိုက်လိုက်ပြီးနောက် အဝေးရှိ မြွေကို လှမ်းအော်လိုက်သည်။
“အစ်မကြီး ကျင်”
“လာပြီး ကူညီပါအုန်း။ ဒီကောင် ရူးနေပြီ။ သူ့ကို မြန်မြန်လေး ကြိုးတုတ်ပြီး ဒါရိုက်တာဆုပိုင်ဆီ ခေါ်သွားပြီး ပြရတော့မယ်”
“ဒီကောင်မှာ ကူးစက်တတ်တဲ့ ရောဂါ ရှိတယ်လို့တော့ မပြောနဲ့နော်။ ဒါက အရမ်း ကြောက်စရာကောင်းတာပဲ။ သူရဲ့ အပြုံးက ငါရဲ့အမွှေးတွေကိုတောင် ထောင်ထစေတယ်”
ထို့အခြေအနေကို မြင်သောအခါ မြွေကြီးကလည်း အပြေးအလွှားလာသည်။ သူဟာ ဟက်စကီးကို ခပ်တင်းတင်း ညစ်လိုက်၏။
အခြားသော အကောင်များကလည်း ဟက်စကီး၏ အမွှေးများကို ကိုက်၍ ရုံးခန်းဆီ အလျင်အမြန် လိုက်ပို့ပေးလေသည်။
“ဟေး ဟေး ဘာလုပ်တာလဲ။ ဖက်စ့် ငါ့ကို ချပေးစမ်း။ ငါ ပြောပြမယ်။ ငါ ဒီနေ့ကစပြီး ငါ အာဟက သာမန်ခွေး မဟုတ်တော့ဘူး။ နားလည်လား”
“ဒါက ဘာကောင်လဲ။ ငါ့ကို ဘာလို့ ဒီလောက်အထိ ကိုက်ထားတာလဲ ဟမ်။ ငါ ဘယ်လောက်တန်ကြေးရှိလဲ မသိဘူးလား။ ငါ့ကို အခုချက်ချင်းချပေးစမ်း”
“ဝူး ဝူး ကယ်ကြပါအုန်း။ မင်းတို့ စောင့်နေနော်။ အနာဂတ်မှာ ဒုက္ခရောက်ဖို့သာ ပြင်ထား”
“…”
အချိန်တွေ ကြာပြီးနောက်
ထို့အကောင်များက သူတို့၏ အရှေ့တွင် ခေါင်းမော့ ရင်ကော့ကာ လျှောက်နေသော ဟက်စကီးကို ကြည့်၍ အံကြိတ်နေကြသည်။
ဒီအကောင်က ရုပ်ရှင်ရိုက်မှာတဲ့။
တပိုင်သည် ရုပ်ရှင်ရိုက်သည် ဆိုသည်မှာ မည်အရာမှ မသိသည့်တိုင်အောင် ဘေးဘက်မှ ငှက်တော၏ စွံ့အနေသောပုံစံကို ကြည့်ရုံနှင့်တင် ကောင်းမွန်လွန်းသော အခြေအနေတစ်ခုဖြစ်ကြောင်း သိနိုင်လေသည်။
သောက်ငရဲလိုပဲ။ ဘာလို့ အဲဒီလို ဖြစ်သွားတာလဲ။
“ဟေး ဟက်စကီး မင်းရိုက်မဲ့ ရုပ်ရှင်မှာ ဇာတ်လိုက်မ မပါဘူးလား”
361 02
“မင်းက အသက်ဘယ်နှစ်နှစ် ရှိသေးလို့လဲ။ ငါ တီဗီမှာ ကြည့်ဖူးတဲ့အတိုင်းဆိုရင် အဲဒီ ဇာတ်လိုက်တွေမှာ လက်ထောက်တွေ လိုတယ်လေ။ မင်း ငါ့ကို ဘယ်လိုထင်လဲ။ ငါ ရုပ်ရှင်တွေ အများကြီး ကြည့်ထားဖူးပြီးသား။ ငါ ဒီအလုပ်ကို သေချာပေါက် လုပ်နိုင်တယ်”
“တွေးကြည့်စမ်းပါ။ ငါ လခလည်း မလိုဘူးလေ။ ဘယ်လိုလဲ”
အာဟက တစ်ချက်ရယ်၍ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
လက်ထောက်လား။ အဲဒါက ဘာလဲ။
သို့သော် မရှိသည့်ထက်စာလျှင် ရှိနေလျှင် ပိုကောင်းပေလိမ့်မည်။ သူသည် အချိန် အကန့်အသတ်အတွင်းမှာ ကောင်းကောင်း လုပ်ဆောင်ပြမည် ဖြစ်သည်။ ထို့ကြောင့် တိရစ္ဆာန်ရုံထဲမှ သူ၏အဆင့်အတန်းကို မြှင့်တက်လာအောင် ကြိုးစားရပေမည်။
…
နှစ်ရက်ခန့်ကြာပြီနောက် ဟန်ချန်းရှိ အိုဟောင်းနေသော ရထားဘူတာလေးတွင် …
ထို့အချိန်တွင် အမျိုးမျိုးသော ရိုက်ကူးရေး ပစ္စည်းများကို နေရာတကျ ချထားပြီးလေပြီ။ သိပ်မဝေးသော နေရာရှိ စွ့န်ပစ် ရထားဘူတာတွင် လူများ အုံနေကြသည်။
ဟန်ချန်းတွင် နေထိုင်သူများအပြင်မကချေ။ သတင်းကိုရ၍ ချင်တုမှ အပြေးလာသော လူများလည်း ရှိသေးလေသည်။
လူတိုင်း၏အမြင်တွင် ယခုလိုမျိုး ရုပ်ရှင်ရိုက်ကူးသည့် အခြေအနေမျိုးက ရှားပါးလေသည်။ ထို့အပြင် တိရစ္ဆာန်များကို ဇာတ်လိုက်အဖြစ် အသုံးပြုမဲ့ ပထမဦးဆုံး ရိုက်ကူးမည့် ဇာတ်လမ်း ဖြစ်နေသေးလေသည်။
လူတိုင်းကလည်း အာရုံ မတက်ခင်ကတည်းက အပြေးအလွှား ရောက်လာနေကြခြင်း ဖြစ်သည်။
အဝေးရှိ သူတို့အားလုံးက အဝေးရှိ စင်ကကလေးကိုသာ မော့ကြည့်နေကြသည်။
“ကြက်ဉချောင်းတွေ လတ်ဆတ်တဲ့ ဖန်တီးပြုလုပ်ထားတဲ့ အသားတု ကြက်ဉချောင်းတွေ ရမယ်နော်”
အဖာအထေးရာများ ပြည့်နှက်နေသော ဉီးထုပ်ကို ဝတ်ဆင်ထားပြီး သူ၏အရှေ့မှ ကင်ထားပြီးသား ကြက်ဉချောင်းများတင်ထားသည့် စင်ကိုကြည့်ကာ အသံကို ဟစ်ကာ အော်လေသည်။
သူသည် သူ့ကိုယ်သူ အဓိက ဇာတ်လိုက်ဖြစ်မည်ဟု ထင်ထားသည်။ သို့သော် မမျှော်လင့်ထားစွာပင် ကြက်ဉချောင်းကင်ရောင်းသော လူအိုကြီး ဖြစ်သွားသည်။
“ဟေး ငါ ဒီနေရာမှာ မင်းရဲ့ ဖိနပ်ကို ပြင်ပေးဖို့ လာနေတာ ဖိနပ်ကို ကောင်းကောင်း မပြင်ပေးနိုင်ဘူးဆိုရင် ငါ တစ်ပြားမှ မယူဘူး”
နောက်ထပ် လူအိုကြီးတစ်ယောက်ကလည်း နန်ကုန်းယွမ်၏ဘေးနားရှိ ခုံလေးတွင် ထိုင်ပြီး ပြုံးရယ်ကာ အော်လေသည်။
“ဟေ့ ကြက်ဉချောင်း ရောင်းတဲ့သူ ငါ့ကို တစ်ချောင်းပေးစမ်း။ ငါ မင်းကို ဖိနပ်ဆေးရည်တစ်ပုလင်းပေးမယ်။ ဘယ်လိုလဲ”
“ထွက်သွားစမ်းပါ။ မင်းက ပြဿနာ လာရှာနေတာပဲ။ ကိုယ့်ဖိနပ်ကိုယ်သာ တိုက်နေ”
နန်ကုန်းယွမ်က သူ့ကို တစ်ချက် စိုက်ကြည့်ပြီးနောက် စိတ်ရှုပ်ထွေးစွာ အော်လိုက်သည်။ ထိုအချိန်တွင် ထို့နေရာ ဝန်းကျင်တွင် မရေမတွက်နိုင်သော ဈေးသည်များ ပြည့်နှက်နေသည်။ သူတို့အားလုံးကလည်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးဌာနမှ လူများ ဖြစ်ကြလေသည်။
“ရတော့မယ်”
မာလီက ဘေးဘက်ရှိ ဒါရိုက်တာဆုပိုင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှူကာ ပြောသည်။
“ငါတို့ ဒီနေရာကို နှစ်ရက်စာ ဌားထားတာ။ နှစ်သစ်ကူးက သိပ်မကြာခင် ရောက်လာတော့မှာလေ။ ဒီတော့ ရထားလမ်းကြောင်းကို ပိတ်ထားနိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် အခက်အခဲအပိုင်းတွေကို အရင်ရိုက်ရမယ်”
“ဟက်စကီးက ပြင်ဆင်လို့ ပြီးသွားပြီလား မသိဘူး”
“ဟား ဟား ငါ့ကို မေး။ ငါ့ကို မေး”
ထို့အချိန်တွင် ဆုပိုင်၏ပုခုံးပေါ်တွင် နားနေသော ငှက်တောက ထရယ်ပြီးနောက် တောင်ပံကို ဖြန့်ကာ အော်သည်။
361 03
“ငါ့ကိုယ်ငါ မိတ်ဆက်ပေးအုန်းမယ်။ ငါက ငှက်တောပါ။ အစ်ကိုကြီး ဟရဲ့ လက်ထောက်ပေါ့”
“မင်းတို့ အနာဂတ်မှာ မေးခွန်းတွေ မေးစရာရှိတယ်ဆိုရင် ငါ့ဆီ လာပြီး တိုက်ရိုက် ဆွေးနွေးလို့ ရတယ်”
“အားလုံး အဆင့်သင့်ဖြစ်ပြီ။ ငါတို့ အချိန်မရွေး စလို့ ရတယ်”
ဆုပိုင်ကပင် ခေါင်းညိတ်နေတာ မြင်သောအခါ မာလီက အသက်ကို ပြင်းပြင်း ရှုပြီးနောက် အသံကျဲ့စက်ကို ကိုင်ကာ အခြားသောသူများကို လှမ်းအော်လိုက်သည်။
“ငါတို့ စတင် ရိုက်ကူးတော့မှာ ဖြစ်လို့ ကိုယ့်အခန်းကိုယ် သေချာ မှတ်မိကြပြီလား”
“ရထားက ဘူတာကို တဖြည်းဖြည်းစီ ရောက်လာလိမ့်မယ်။ အဲဒီအချိန်မှာ ဟက်စကီးက ကြက်ဉချောင်းရောင်းတဲ့ ဆိုင်ဘေးနားမှာ နေပြီး ပိုင်ရှင်ကို စောင့်နေရမှာ။ ဒါပေမဲ့ ရထားက ပြန်ထွက်သွားတဲ့အထိ အဲဒီပိုင်ရှင်ကို တွေ့ရမှာ မဟုတ်ဘူး”
“အချိန်ကျလာတဲ့အခါမှာ ကင်မရာက ဟက်စကီးရဲ့ မျက်နှာကို ရိုက်မယ်။ သူက စိုးရိမ်တဲ့ မျက်နှာမျိုး ဖြစ်နေရမယ်”
“အရင်ဦးဆုံး ဒီအခန်းလေးကို အရင် ရိုက်ရအောင်။ တစ်သုတ်တည်းနဲ့ အောင်မြင်ဖို့ ကြိုးစားကြည့်ကြရအောင်”
“ဌာနတွေ အားလုံး အသင့်ပြင်”
“စတော့”
ထို့နောက် ကျယ်လောင်သော အော်သံနှင့်အတူ အဝေးရှိ ရထားက တဖြည်းဖြည်းချင်းစီ ချဉ်းကပ်လာသည်။
“ဝူး”
ဉဩဆွဲသံများက ဆက်တိုက်ဆိုသလို့ ထွက်ပေါ်လာပြီးနောက် အထက်မှ မီးခိုးများပင် မြှောက်တက်သွားသည်။
“ကြက်ဉချောင်းတွေ လတ်ဆတ်တယ်။ အသားတု ကြက်ဉချောင်းတွေ ရမယ်နော်”
“ဖိနပ်ကို ပြင်ပေးတယ်။ ဖိနပ်ပြင်လို့ အဆင်မပြေရင် တစ်ပြားမှ ပေးစရာ မလိုဘူး”
“ညီအစ်ကို ဆဲလ်ဖုန်းလိုချင်လား”
“…”
ဆူညံနေသော အသံများအကြား မရေမတွက်နိုင်သော ဖြတ်သွားဖြတ်လာများက ရထားပေါ်မှ ဆင်းလာကြသည်။
“ဝိုး လူတွေအများကြီးကို ဖိတ်ထားတာပဲ”
နန်ကုန်းယွမ်က အရှေ့မှ ကြက်ဉချောင်းကို တစ်ချက်ရမ်းနေပြီးနောက် ရထားပေါ်မှ ဆင်းလာသော လူများကို ကြည့်ကာ ရေရွတ်သည်။
“အွန်”
ရုတ်တရက် သူသည် ခြေထောက်ဘေးနားမှ အမွှေးပွ ခေါင်းလေးတစ်ခေါင်း တိုးလာသလို့ ခံစားရသဖြင့် သူ၏ အမူအယာက ကြောင်အသွားသည်။
ထို့နောက် ဟက်စကီးက သူ၏လက်နှစ်ဖက်ကို စားပွဲပေါ်သို့ တင်ပြီးနောက် ခပ်မတ်မတ် ထရပ်ကာ လျှာကို တလစ်လစ် ထုတ်ပြီး ကြက်ဉချောင်းကင်များကို မျက်တောင်ပင် မခတ်တမ်း ကြည့်နေတာ မြင်လိုက်ရသည်။
“ဖက်စ့်”
“မြန်မြန်လေး ဆင်းတော့ဟ။ မင်းအလှည့် ရောက်တော့မှာ”
“မြန်မြန်”
ထို့အခြေအနေကို မြင်လိုက်သည့် နန်ကုန်းယွမ်က ခေါင်းကို ငုံပြီး အော်ပြောသည်။
“ဟွန်း”
အာဟက အရှေ့မှ အဘိုးကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းများက ကော့တက်သွားသည်။ ထို့နောက် သူသည် အရှေ့မှ ကြက်ဉချောင်းကင်ကို တစ်ချက်ကြည့်ကာ တံတွေးများ စီးကျလာသည်။
သူက အလုတ်ကြီးတစ်လုတ် လှမ်းကိုက်လိုက်ပြီးနောက် ကြက်ဉချောင်းကို လုကာ ခုန်ချသွားသည်။
“ဟား ဟား ဘာဖြစ်တာလဲ”
“ငါတော့ ရယ်ရလို့ သေတော့မယ်။ ရထားကို ခံစားချက်အပြည့်နဲ့ ကြည့်ရမှာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ကြက်ဉချောင်းကို ကြည့်နေတာလဲ”
“ငါတော့ အာဟကို ကြက်ဉချောင်းဆိုင်ဘေးနားမှာ မရပ်ခိုင်းသင့်ဘူးလို့ ထင်တယ်။ ငါတောင် အနံရရုံနဲ့ နည်းနည်း ဗိုက်ဆာလာတာ။ အာဟဆိုရင် ပိုဆိုးမှာပေါ့။ သူဗိုက်ဆာနေတာ ဖြစ်ရမယ်”
“အား ရိုက်ကူးဖို့ ခက်လိုက်တာ။ ဘယ်လိုများ ထိန်းချုပ်ရမလဲ”
“…”
အဝေးတွင် ရပ်နေသော လူတစ်ဖွဲ့က မြေပြင်တွင်ထိုင်ကာ ကြက်ဉချောင်းကိုသာ အဓိက အာရုံစိုက်ပြီး စားနေသော အာဟကို ကြည့်ပြီးနောက် ပါးစပ်များ အုပ်ကာ ရယ်ကြသည်။
“ဒါ”
ဆုပိုင်ကလည်း မတ်တပ်ထရပ်လျှက် အာဟ၏ပုံစံကို လှမ်းကြည့်ပြီးနောက် နဖူးကိုသာ စွံ့အစွာ အုပ်လိုက်သည်။
သူသည်လည်း မရိုက်ကူးခင်ကတည်းက အခြေအနေများအားလုံးကို သေချာ ရှင်းပြထားပြီးသား ဖြစ်သည်။ သို့သော် ထို့အကောင်က တစ်ခွန်းကိုမှ နားမထောင်bJ နေနေလိမ့်မည်ဟု မထင်ထားမိပေ။
အစမှအဆုံးအထိ သူသည် ရထားကိုပင် မကြည့်ပေ။
++++++
362 01
အခန်း 362
“အရမ်းကောင်းတယ်”
“လူတိုင်းက အရမ်းကြည့်ကောင်းတယ်”
“ကင်မရာကို ဟက်စကီးဆီကို အခုချိန်မယ်။ အခု ကတ်စ့် ရိုက်စမ်း”
မာလီက အရံများ၏ အမှုအယာများကို ကြည့်ပြီးနောက် လက်ကို ညှင်သာစွာ ရမ်းလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ကင်မရာမန်းအား ကြက်ဉချောင်းဆိုင်ဘက်သို့ လှည့်ခိုင်းလိုက်သည်။
သို့သော် …
ထို့သို့ လှည့်လိုက်သည့် အခိုက်အတန့်တွင်ပင် ကြောင်အသွားရသည်။
ကြက်ဉချောင်းရောင်းတာလား။ မဟုတ်သေးဘူး။ ခွေးက ဘယ်မှာလဲ။
ကြက်ဉချောင်းဆိုင်နားတွင် မည်သည့်ခွေးမှ မရှိပေ။ ကြက်ဉချောင်းရောင်းသော သူက ပျောက်နေရုံသာမကသေးလေပဲ ဟက်စကီးကပင် ပျောက်နေသည်။
“အား သေစမ်း။ ငါ ဒီနေ့ မင်းနဲ့ မပြီးဘူး။ ငါရဲ့ဘောင်းဘီကို မဆွဲပါနဲ့တော့”
ထို့အချိန်တွင် အဝေးမှ အော်သံကို ကြားရသည်။
ဝုတ်
ထို့နောက် ဟက်စကီးက နန်ကုန်းယွမ်၏ဘောင်းဘီကို ခပ်ကြမ်းကြမ်း ဆွဲ၍ လမ်းတောက်လျှောက် ထွက်ပြေးနေကြောင်း မြင်ရလေသည်။
နန်ကုန်းယွမ်က သူ၏ခါးကို အုပ်ကိုင်ထားရင်း မြေပြင်တွင် လိမ့်နေသည်။
“မကြည့်နဲ့။ မကြည့်နဲ့။ သူ့ကို သွားကယ်ကြ”
မာလီက အော်ဟစ်ပြီး အပြေးအလွှား လိုက်လာသည်။ အချိန်တွေကြာပြီးနောက်
ဝုတ်
“သောက်ငရဲလိုပဲ။ ဘာလို့ ဒီကြက်ဉချောင်းက ဒီလောက် ဆိုးတာလဲ။ အရသာက ဆိုးလိုက်တာ။ ငါတော့ ရူးတော့မယ်”
ဟက်စကီးက သူ၏အရှေ့မှ နန်ကုန်းယွမ်ကို မျက်လုံးပြူးကျယ်ကာ ကြည့်ပြီး ခပ်ကြမ်းကြမ်း အော်သည်။ သူဟာ အချိန်မရွေး ခုန်အုပ်ရန် အသင့်ပြင်ထားပုံရလေသည်။
“ဟူး”
“မဟုတ်ဘူး။ ဒီကောင်က ကြက်ဉချောင်းဆိုင်နားမှာ ရပ်လို့ မရတော့ဘူး”
နန်ကုန်းယွမ်က ဘောင်းဘီကို ဆွဲတင်ရင်း မျက်မှောင် ကြုတ်ကာ ပြောသည်။
“တကယ်လို့ အလုပ်မဖြစ်တော့ဘူးဆိရင်လည်း ဒါရိုက်တာဆုပိုင်ကိုပဲ စင်ပေါ်တက်ပြီး ဒီကောင်ကို စောင့်ကြည့်ခိုင်းလိုက်ပါလား။ ငါတို့ထဲက ဘယ်သူကမှ ဒီကောင်ကို ထိန်းချုပ်လို့ မရဘူး”
“ထပ်ပြီး စမ်းကြည့်ရအောင်”
“ဒီတစ်ကြိမ်တော့ ဖိနပ်ပြင်ဆိုင် ဘေးနားမှာ ရပ်နေခိုင်းရမယ်”
မာလီက ဆုပိုင်၏ခြေထောက်နားတွင် မတရားခံရသော မျက်နှာမျိုးဖြင့် ရပ်နေသော ဟက်စကီးကိုကြည့်ပြီး အံကိုကြိတ်ကာ ပြောသည်။
တော်တော်လေးကိုတော့ ခက်ခဲမှာပဲ။ ဘာပဲဖြစ်ဖြစ် ဒါက တိရစ္ဆာန်အစစ်ကို ဒါပေမဲ့ သူတို့အောင်မြင်သွားတာနဲ့။
ဖြန်း
ဆုပိုင်က အာဟ၏ခေါင်းကို ခပ်ကြမ်းကြမ်း ရိုက်ပြီး လေသံတိုးတိုးနှင့် ပြောသည်။
“ငါမင်းကို ရှင်းရှင်း မပြောထားဘူးလား။ မင်းရမှာ ဘာဆိုတာကို သိထားတယ် မဟုတ်ဘူးလား”
ဝုတ်
ဟက်စကီးက သူ၏မျက်နှာကို လက်လေးဖြင့် အုပ်ကာ ခပ်တိုးတိုး အော်သည်။
362 02
“ငါ ငါသိပါတယ်။ ဒါပေမဲ့ လူတိုင်းက ရထားပေါ်ကနေ ဆင်းလာမှန်း ငါလည်း တွေ့တယ်လေ။ အဲဒီနောက် ငါက မြေပြင်ပေါ်မှာ စငိုရမှာ အဲဒီနောက် ရထားပေါ်ကို အပြေးတက်ပြီး လူရှာရမယ်”
“ဘာမှ ရှာမတွေ့တော့ ပြန်ဆင်းရမယ်”
“အဲဒီနောက် ပြန်ဆင်းပြီး တတ်နိုင်သမျှ ငိုရမယ်”
ကြည့်ရသည့်မှာ သူမေ့သွားပုံ မရချေ။ ဆုပိုင်က ဟက်စကီးကို ခပ်ကြမ်းကြမ်း စိုက်ကြည့်လိုက်သည်။ ထို့နောက် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ပြီးနောက် ထို့အကောင်၏ နဖူးကို ပွတ်ကာ ခပ်တိုးတိုး ပြောသည်။
“မင်းသာ ဒီတစ်ကြိမ် အဆင်ပြေပြေနဲ့ ဖြစ်သွားရင် တပိုင်နဲ့ အခြားလူတွေက မင်းကို စောင့်နေတာ ကြာပြီထင်တယ်”
“မင်းဘာမင်း လုပ်မလား။ ငါက လုပ်ခိုင်းရမလား”
ဟစ်
အာဟ၏ အမှုအယာက ကြောင်အသွားပုံ ရသည်။ သူဟာ မျက်တောင်ကို တဖြတ်ဖြတ် ခတ်ပြီးနောက် ရုတ်တရက် ပြင်ဆိုင်ဘေးသို့ အပြေးသွားကာ တိတ်တဆိတ် ထိုင်နေလိုက်သည်။ သူဟာ မျက်လုံးကိုပင် မှေးကျဉ်းနေပြီး ရထားကိုသာ ကြည့်နေသည်။
ဟူး
မာလီက အသက်ကို ပြင်းပြင်းရှူ၍ လက်ကို ရမ်းလိုက်သည်။
“အားလုံးပဲ အသင့်ပြင်။ ပြန်စမယ်”
ရုတ်တရက် လူတိုင်းက ရထားထဲသို့ ပြန်တက်သွားကြသည်။
ဝူး ဝူး ဝူး
ဝီစီမှုတ်သံနှင့်အတူ ရထားက တဖြည်းဖြည်းချင်းစီ ထွက်လာသည်။
ဒီတစ်ကြိမ်တွင် ဝန်ထမ်းအဖွဲ့ဝင်တိုင်းက နေရာအသင့်ယူထားသော ဟက်စကီးကို သေချာ စိုက်ကြည့်နေကြသည်။ တစ်စုံတစ်ရာက ဖြစ်ပျက်သွားမည်ကိုလည်း စိုးရိမ်နေကြသည်။
သို့ရာတွင် ဟက်စကီးက ဒီတစ်ကြိမ်တွင် နာခံလွန်းသဖြင့် တစ်ကြိမ်မှပင် မလှုပ်ပေ။ သူဟာ ဆင်းလာသော လူတိုင်းကိုသာ ကြည့်နေသည်။
ဝုတ်
အာဟက နာကျင်သော မျက်နှာမျိုးဖြင့် တစ်ချက် ဟောင်သည်။
သေစမ်း။ ငါ အခုလေးတင် စားထားတဲ့ ကြက်ဉချောင်းက ဒိတ်လွန်နေတာ ဖြစ်မယ်။ ငါရဲ့ ဗိုက်က ဆိုးဆိုးရွားရွား နာလာပြီ။
သူဟာ တိတ်တဆိတ်ဖြင့် ပြန်ကြည့်လိုက်သောအခါ လူအုပ်ထဲမှ လူများကို မြင်လိုက်ရသည်။ သူဟာ ခေါင်းကို ပြန်ငုံ၍ ဘေးဘီကို လိုက်ရှာသည်။ ထို့နောက် တည်ငြိမ်စွာဖြင့် နောက်သို့ ပြန်ဆုတ်လာသည်။
ထို့နောက် ဖိနပ်တစ်စုံပေါ် တက်ထိုင်သည်။
ထို့နောက် သူဟာ သက်ပြင်းရျည်ကြီးကို ချ၍ ဝမ်းနည်းသလို့ မျက်နှာလေးကို ချိတ်ဆွဲလိုက်ကာ လည်တိုင်လေးကို စောင်းပြီး ရထားပေါ်မှ ဆင်းလာသော လူအုပ်ကို ပြန်ကြည့်လိုက်သည်။
“မဆိုးပါဘူး။ ဒီမျက်နှာထားက ကွက်တိပဲ”
မာလီက အာဟကို ကြည့်ပြီး ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။ ထို့နောက် ကင်မရာမန်းကို လက်အမှုအယာပြ၍ အာဟ၏မျက်နှာနားသို့ ကင်မရာကို ကပ်ခိုင်းလိုက်လေသည်။
လက်ထောက်များကလည်း ချက်ချင်းဆိုသလိုပင် ကင်မရာကို တွန်း၍ အာဟရဲ့အနားသို့ ကပ်သွားသည်။
ထို့နောက် အာဟ၏အရှေ့တွင် ရပ်ကာ ကင်မရာကို အနီးကပ်ချိန်ရိုက်သည်။
“ငါ ဘာလို့ တစ်ခုခုက မှားတယ်လို့ ခံစားမိနေတာလဲ”
မာလီက အာဟကို မျက်မှောင်ကြုတ်ကာ ကြည့်သည်။ သူဟာ မနေနိုင်bJ တစ်စုံတစ်ရာကို ရေရွတ်လိုက်သည်။
“အရမ်း ဝမ်းနည်းနေတာ”
ဒါပေမဲ့ အခုက လွန်လွန်းနေတာ မဟုတ်ဘူးလား။ အရမ်းကို နာကျင်စရာပဲ။
“အွန့် ထပ်ဖြစ်ပြန်ပြီလား”
362 03
ထိုအချိန်တွင် အာဟ၏မျက်လုံးက မှေးကျဉ်းသွားပြီး သက်တောင့်သက်သာ ရှိသော မျက်နှာမျိုး ဖြစ်သွားသည်။
ထို့နောက် ထူးဆန်းသော အသံတစ်သံက ပေါက်ထွက်လာသည်။
“အား နံလိုက်တာ”
“အား ဒီကောင် ငါရဲ့ ဖိနပ်ပေါ် ချီးပါ ချတယ်”
“ဖက်စ့် ငါမှာ ဒါလေးပဲ ရှိတာ”
ဖိနပ်ပြင်ဆိုင်မှ လူအိုကြီး၏ အသံနှင့်အတူ ကျန်သော ရိုက်ကူးရေး နေရာတစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်သွားသည်။
“ဒါရိုက်တာဆုပိုင် ဝူး ဝူး”
မာလီက သူမ၏ဘေးဘက်တွင် ထိုင်နေသော ဆုပိုင်ကို ကြည့်ကာ မျက်ရည်များ ကျလာသည်။
အရမ်း ခက်ခဲတာပဲ။
သူတို့ဟာ မည်သို့ပင် ကြိုးစားနေစေကာမှု ထူးဆန်းသော ပြဿနာများက မကြာခဏဆိုသလို ဖြစ်ပျက်တတ်သည်။
ကြက်ဉချောင်းကို လုခြင်း၊ ချီးပါချခြင်း၊ သေးပေါက်ချခြင်း အဆိုးတကာ အဆိုးဆုံးဆိုလျှင်ပင် နေရာတွင်ပင် အိပ်ပျော်သွားသေးသည်။
ဒီကောင်က စိတ်ပိုင်းဆိုင်ရာ ပေါက်ကွဲတော့မယ် ထင်တယ်။
“ကောင်းပြီ။ ငါ မင်းတို့ကို ဒီကောင်က မသင့်လျော်ဘူးလို့ ပြောထားပြီးသားပဲ။ ဟာရီနဲ့ ပြောင်းလိုက်တော့”
ဆုပိုင်က သူ၏ခြေထောက်နားမှ ဟာရီ၏ ခေါင်းလေးကို ပွတ်၍ ခပ်တိုးတိုး ပြောသည်။
“အိုး ကောင်းပြီလေ”
မာလီက ဟာရီ၏နာခံသော ပုံစံကို ကြည့်၍ ခေါင်းကို အသာ ညိတ်သည်။
ဟက်စကီးက သူ၏ခြေထောက်နားတွင် လဲနေခဲ့ချိန်ကသာ အလွန် နာခံတတ်သည်။ သို့သော် အပြင်သို့ ထွက်သွားသည့်နှင့် ပြောင်းလဲသွားလေသည်။
…
“လူကြီးမင်းလီ။ ငါ မင်းကို စောင့်နေတာ ကြာပြီ။ မင်း ဘယ်လိုထင်လဲ”
လူအုပ်ထဲမှ ဝတ်စုံအပြည့်နှင့် လူအချို့က အချင်းချင်း ကဲ့ရဲ့နေကြသည်။ ဦးဆောင်နေသော လူက ကြွယ်ဝသော အသက်လတ်ပိုင်း လူကြီး ဖြစ်သည်။
ရှယ်ယာရှင်တစ်ယောက်၏ မေးခွန်းကို နားထောင်ပြီးနောက် လူကြီးမင်းလီက အထင်သေးသေး ပြုံးသည်။
“အကြံကတော့ ကောင်းတယ်။ ဇာတ်လမ်းကလည်း ကောင်းပါတယ်။ ဒါပေrJh ရိုက်ကူးလို့ မဖြစ်နိုင်ဘူး”
“ဒီရုပ်ရှင်က မိနစ် ၉၀ ကြာမှာ။ အခုအခန်းက ၅ မိနစ်တောင် မရှိဘူး။ ဒါပေမဲ့ တစ်နေ့လုံးနီးပါး ရိုက်နေရတယ်။ တစ်ဆင်းတောင် မပြီးသွားဘူး”
“ဘယ်လောက် ရယ်ရလိုက်သလဲ”
ထို့သို့ ပြောနေရင်းမှ လူကြီးမင်းလီက တိရစ္ဆာန်များကို တစ်ချက်ကြည့်၍ အထင်သေးသေး ပြောသည်။
“တိရစ္ဆာန်အစစ်က ကြည့်ရှုသူတွေကို အမှန်တကယ် ဆွဲဆောင်နိုင်တယ်ဆိုပေ့မဲ့လည်း အခု ငါတို့ စက်ရုပ်တွေနဲ့တောင် မယှဉ်နိုင်ဘူးဆိုတာကို ပြသနေတာပဲ မဟုတ်ဘူးလား။ သူတို့က ဘယ်လိုမှ ပူးပေါင်းနိုင်စရာ အကြောင်းမရှိဘူး”
“အဲဒီ ဟက်စကီးလို့ခေါ်တဲ့ အကောင်ကို ကြည့်လိုက်အုန်း။ ငါတို့ နောက်ဆုံးထုတ်ထားတဲ့ စက်ရုပ်တိရစ္ဆာန်လေးဆိုလည်း အဲဒီကောင်နဲ့ တူတာပဲ။ သူရဲ့မျက်နှာ အမူအယာက ဒီကောင်လောက် အသက် မဝင်ဘူးဆိုပေ့မဲ့လည်း အရမ်း နာခံတယ်”
“သူတို့က ငါတို့ပေးတဲ့ ညွှန့်ကြားချက်အတိုင်း ပူးပေါင်းပေးနိုင်တယ်။ ဒီတိရစ္ဆာန်တွေက လုပ်နိုင်လို့လား”
“တိရစ္ဆာန်ရုံထဲက လူတွေနဲ့ ကစားရုံလောက်ပါပဲ။ အစစ်အမှန် ရုပ်ရှင်ထဲမှာ ဝင်မပါနိုင်လောက်ဘူး။ ပိုဆိုးတာက ငါတို့ အန္တရာယ်များတဲ့အခန်းတွေကို ဘယ်လို လုပ်ကြမလဲ။ ငါတို့ရဲ့ စက်တွေက မကျိုးသွားဘူးဆိုရင်တောင်မှ ဒီကောင်တွေက ဘာဖြစ်သွားမှာလဲ။ ငါတို့သာ သတိမထားမိရင် သေသွားအုန်းမှာပဲ”
362 04
လူအများက သူ၏ စကားကို ကြားသောအခါ သဘောတူညီမှုအပြည့်ဖြင့် ခေါင်းညိတ်ကြသည်။
“ဟုတ်တယ်။ ငါတို့ရဲ့နှစ်သစ်ကူး ရုပ်ရှင်ကလည်း တိရစ္ဆာန်တွေ အကြောင်းပဲ။ ဒါပေမဲ့ ငါတို့က စက်ရုပ်တိရစ္ဆာန်တွေကို ကြော်ငြာရိုက်မှာ အစစ်အမှန် တိရစ္ဆာန်တွေလောက် စိတ်ဝင်စားဖို့ မကောင်းပေ့မဲ့လည်း လူတွေကိုတော့ ဒုက္ခမပေးဘူး”
“နောက်ပြီး လုံခြုံတယ်လို့လည်း ငါ ထင်တယ်။ နှစ်သစ်ကူးမှာ ဒီလူတွေ ဓာတ်ပုံလည်း ရိုက်လို့ မပြီးလောက်ဘူး”
“ဟား ဟား ဒီအခြေအနေအရ ဓာတ်ပုံရိုက်လို့ ပြီးမှပဲ ထူးဆန်းနေမှာ။ သွားရအောင် လာ ဆက်ကြည့်စရာ အကြောင်း မရှိတော့ဘူး။ အချိန်ကုန်တာပဲ ရှိမယ်”
“…”
“သွားရအောင် တကယ်ကို ကြည့်စရာကို မရှိတာပါ။ သူတို့ အောင်အောင်မြင်မြင် ရိုက်ပြီးမှာလည်း မဟုတ်ဘူး။ သူတို့သာ မတော်တဆ အောင်မြင်သွားခဲ့ရင်တောင်မှ သဘောကျစရာ မရှိဘူး”
လူကြီးမင်းလီက မျက်မှန်ကို တစ်ချက် ချိန်ညှိလိုက်ပြီးနောက် တစ်ဖက်သို့ တဖြည်းဖြည်းချင်းစီ လှည့်လိုက်ကာ အဝေးသို့ စလျှောက်လာသည်။
“ပြန်ပြီး ဖိတ်ကြားစာတွေ ပို့လိုက်တော့။ ငါတို့ရဲ့ ရုပ်ရှင်က တိရစ္ဆာန်တွေအကြောင်းဆိုပေမဲ့လည်း နာမည်ကြီး သရုပ်ဆောင်တွေကို သေချာပေါက် သုံးရမယ်။ အစစ်အမှန် တိရစ္ဆာန်တွေလောက် မကျော်ကြားရင်တောင်မှ ထည့်ထားတဲ့ သရုပ်ဆောင်တွေနဲ့တင် သူတို့ကို အလဲထိုးရမယ်”
“ကောင်းပြီ”
အာလုံးက တစ်ဖက်သို့ ပြန်လှည့်ကာ ထွက်သွားကြသည်။
သူတို့အားလုံးက ဟုန်တရုပ်ရှင်နှင့်ထုတ်လုပ်ရေး ကုမ္မဏီမှ ဖြစ်သည်။ သူတို့သည်လည်း တရုတ်နိုင်ငံ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနက အစစ်အမှန် တိရစ္ဆာန်များကို သုံးပြီး ရုပ်ရှင်ရိုက်ကူးမည်ဟု သတင်းထုတ်လိုက်ကတည်းက အာရုံစိုက်ထားခြင်း ဖြစ်သည်။ ထို့နောက် …
သူတို့ဟာ ဒီရုပ်ရှင်ကို ထို့မျှအထိ အာရုံစိုက်နေရသည့်မှာ သူတို့၏ ကုမ္မဏီကလည်း တိရစ္ဆာန်ကို အခြေခံထားသည့် ရုပ်ရှင်ကို ရိုက်ကူးရန် စီစဉ်ထားသောကြောင့် ဖြစ်သည်။ သို့သော် သူတို့ ရိုက်ကူးမည့် တိရစ္ဆာန်ကမှု စက်ရုပ် တိရစ္ဆာန် ဖြစ်နေသည်။
ထို့အပြင် ထို့ရုပ်ရှင်သို့ နာမည်ကျော် သရုပ်ဆောင်များကိုလည်း ဖိတ်ကြား ထားသေးပြီး အသစ်စက်စက် ထုတ်ထားသည့် စက်ရုပ်တိရစ္ဆာန်တစ်ကောင်ကလည်း ဉာဏ်ရည် အလွန်မြင့်နေသေးသည်။
အရေးကြီးဆုံးအချက်ကမှု ထို့အကောင်က မွေးထားရန် မလိုအပ်ပေ။ ညွှန့်ကြားချက်များကို ပေးလိုက်ရုံဖြင့် အမျိုးမျိုးသော လှုပ်ရှားမှုများကို လုပ်နိုင်သည်။ အစစ်အမှန် ဟောင်သံများကိုပင် ပေးနိုင်သေးသည်။
မူလနမူနာပုံစံ စက်ရုပ် တိရစ္ဆာန်များနှင့် ယှဉ်၍ပင် မရချေ။ ထို့ကြောင့် ထို့ အဖွဲ့က ကားပေါ်သို့ တက်ပြီး သွားချိန်တွင်ပင် လူအုပ်ထဲမှ အော်သံများက ထွက်လာသည်။
“ဖက်စ့် ဒီဟာရီလို့ခေါ်တဲ့ ကောင်က တော်တော်လေးကို သရုပ်ဆောင်တတ်တာပဲ”
“ဟုတ်တယ်။ သူက ပိုင်ရှင်ကိုတောင် သွား မရှာဘူး။ ဒီအတိုင်း ရထားဘူးတာမှာ အရူးလို့ ပတ်ပြေးနေတာ။ ဒါက …”
“ကြည့်ရုံနဲ့တင် ရင်နာချင်စရာပဲ။ ငါ ဒီလို တိရစ္ဆာန်မျိုး ရရင် ကောင်းမှာပဲ”
…
++++++
363 01
အခန်း 363
ကောင်းကင်ပြာ တိရစ္ဆာန်ရုံ။
အာဟ၏နေရာတွင် ဟာရီကို အစားထိုးပြီးသည့်နှင့် ရုပ်ရှင်က ချောမွေ့စွာ ရိုက်ကူး၍ ပြီးသွားသည်။
နဂိုက လဝက်နီးပါးခန့် ကြာမည်ဟု ခန့်မှန်းထားသော ထို့ရုပ်ရှင်ကို ၁၀ ရက်တည်းနှင့် ရိုက်ကူး၍ ပြီးသွားသည်။ ရိုက်ကူးကွက်များက တစ်ဆင့်တည်းနှင့် အားလုံး အောင်မြင်သွားခြင်း ဖြစ်သည်။
“အရမ်း ကောင်းတယ်”
မာလီက နာခံလွန်းသော ဟာရီကို ဖက်ကာ မြေပြင်တွင် ဆောင့်ကြောင့်လေး ထိုင်ပြီး ရိုးသားစွာ ပြောသည်။
“ငါတို့ ရိုက်ကူးရေးအဖွဲ့တွေ အများကြီးနောက်ကို လိုက်ခဲ့ဖူးတယ်။ လူတွေကတောင် ဟာရီလောက် မတော်ဘူးလို့ ပြောရင် ချဲ့ကားရာတောင် ရောက်မှာ မဟုတ်ဘူး”
“အားလုံးက တစ်ဆင်းတည်းနဲ့ ပြီးသွားတာ။ ဒီလို အရင်က တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး”
“ဒါရိုက်တာဆုပိုင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပတဲ့အချိန်ကျရင် ငါ နင့်ကို ဟာရီကို ခေါ်ပြီး လာခဲ့စေချင်တယ်”
မြေပြင်တွင် ရပ်ရင်း တိရစ္ဆာန်များကို လက်ရမ်း နှုတ်ဆက်ပြပြီးနောက် မာလီက အခြားသော အဖွဲ့ဝင်များနှင့်အတူ တွ့န်ဆုတ်စွာ ထွက်ခွာသွားလေသည်။
“ကောင်းပြီ။ ကောင်းပြီ။ ကြိုးစားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”
ဆုပိုင်ကလည်း ဟာရီ၏နဖူးကို ပွတ်ရင်း ပြောလိုက်သည်။
နေဟာ တဖြည်းဖြည်းဝင်လာသည့်အား ကြည့်နေရင်းမှ ဆုပိုင်က တစ်ဖက်သို့ လှည့်၍ ရုံးခန်းထဲသို့ ဝင်သည်။
ဝုတ်…
“ညီအစ်ကိုတို့ ကလဲ့စားချေဖို့ အချိန်ကျပြီ”
ဒါရိုက်တာဆုပိုင်က ရုံးခန်းထဲ ဝင်သွားကြောင်း မြင်သည့်အခါ တပိုင်က ရုတ်တရက် မြေပြင်မှ ကုန်းထကာ အော်ဟစ်ပြီးနောက် တံခါးနားတွင် ဆောင့်ကြောင့်ထိုင်နေသော ဟက်စကီးဆီ ပြေးသည်။
ဟွန်း
ဒီကောင်က အခုတလော တိရစ္ဆာန်ရုံမှာ တော်တော်လေးကို ထောင်လွှားနေတာ။
မမျှော်လင့်ထားဘဲ ပထမနေ့မှာတင် ကန်ထုတ်ခံလိုက်ရတယ်။ ဇာတ်လမ်းထဲမှာတောင် မပါလိုက်ရဘူးတဲ့။
ဒီတော့ ပြန်လာပြီးတဲ့ နောက်မှာတောင် ဆရာကြီးလို့ ဟန်ဆောင်နေနိုင်ရဲသေးတယ် ဟုတ်လား။
ဝုတ်
“အနားကို မလာနဲ့နော်။ ကယ်ကြပါအုန်း”
အာဟက အပြေးလာနေသော အဖွဲ့ကို မြင်သောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားသည်။ သူသည် တစ်ဖက်သို့ လှည့်လျှက် ဝင်ပေါက်ဆီသို့ ပြေးသည်။
ဘန်း
သို့သော် ကြီးမားသော ခြေထောက်ကြီးဖြင့် တိုက်မိသွားသည်။
သူဟာ မော့ကြည့်လိုက်သောအခါ …
ဝေါင်း
“မင်းက လူလား။ နဂါးအမေက မင်းကို ခေါ်လို့လား”
“နဂါးအမေ ငါ မင်းကို အနိုင်မကျင့်ဘူးနော်။ စိတ်လိုက် မာန်ပါ မလုပ်ပါနဲ့”
“ကယ်ပါ”
ဆုပိုင်က ရုံးခန်းထဲတွင် စနစ်၏ဇယားကို ခေါ်လိုက်ကာ ပေါ်လာသည့် မောလ်ကို ကြည့်နေရင်းမှ ရီဖလက်စ့် ဖြစ်လာသော အရာများကို ကြည့်ပြီး မျက်မှောင် ကြုတ်လိုက်မိသည်။
“တိရစ္ဆာန်အပိုင်းအစ မောလ်”
ရေနဂါးအပိုင်းအစ မတ်တပ် အစက်နှစ်စက် အံ့အားသင့်မှု အမှတ် ၄ သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
ရေဘဝဲအပိုင်းအစ မတ်တပ် အစက်နှစ်စက် အံ့အားသင့်မှု အမှတ် ၇ သိန်းဖြင့် လဲလှယ်နိုင်ပါတယ်။
လိပ်အပိုင်းအစ မတ်တပ် အစက်နှစ်စက် အံ့အားသင့်မှု အမှတ် ၆ သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
ငါးပူတင်းအပိုင်းအစ မတ်တပ် အစက်တစ်စက် အံ့အားသင့်မှု အမှတ် ၃ သိန်းနှင့် လဲလှယ်နိုင်ပါတယ်။
363 02
လိမ္မော်ရောင်ကြောင်အပိုင်းအစ မတ်တပ် အစက်တစ်စက် အံအားသင့်မှု အမှတ် ၁ သိန်းခွဲနဲ့ လဲလှယ်နိုင်ပါတယ်။
“ဆုပိုင် …”
သူဟာ စွံ့အသွားရသည်။ သိသာစွာပင် လိမ္မော်ရောင်ကြောင် အပိုင်းအစ ကိုသာ လဲနိုင်လေသည်။ ကျန်သော အကောင်များက မြစ်များတွင် နေထိုင်သော သတ္တဝါများ သို့မဟုတ် ရေနေသတ္တဝါများ ဖြစ်နေသည်။ ယခုအခါ ငါးပြတိုက်ကို ရရှိထားပြီဖြစ်သော်လည်း သူတို့ကို ကျွေးရန် ဒုက္ခများနိုင်လေသည်။
ထို့အပြင် သူတို့နဲ့ သင့်လျော်သော အစားကွင်းဆက်မျိုးကိုလည်း မပိုင်ဆိုင်သေးပါပေ။
ထို့အပြင် ယခုအခါ မည်သည့်သာမန်ငါးကိုမှ မရရှိထားသေးသည့်အတွက် တိရစ္ဆာန်အပိုင်းအစ မော်လ်မှ refreshဖြစ်မည့်အချိန်ကို စောင့်ရအုန်းပေမည်။
“လိမ္မော်ရောင်ကြောင်အပိုင်းအစကိုပဲ လဲလိုက်တော့”
နှစ်ရက်ခန့်နေလျှင် ရုပ်ရှင်ကားနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို တက်ရပေလိမ့်မည်။ ထို့အပြင် နှစ်သစ်ကူးကို ကြိုဆိုရမည့် အချိန်လည်း ဖြစ်သည်။
ထို့အချိန်ဆိုရင် တိရစ္ဆာန်ရုံက လူစည်းကားနေလောက်သည်။ အမှန်တကယ်အားဖြင့် ကောင်းကင်ပြာ တိရစ္ဆာန်ရုံက လေထုအခြေအနေကို ရှင်းလင်းပေးသော စနစ်ရှိနေပြီးသား ဖြစ်သည့်အပြင် အပူချိန်ကလည်း အမြဲတစေ ၂၅ ဒီဂရီဝန်းကျင်တွင် ထိန်းထိန်းသိမ်းသိမ်း ထားပြီးသားဖြစ်သည့်အလျှောက် အမြဲတစေ မပူလွန်း မအေးလွန်းသော အနေအထားမျိုးတွင် ဖြစ်သည်။
ထို့နောက် လူပေါင်းများစွာက သူတို့၏ မိသားစုဝင်များအား တိရစ္ဆာန်ရုံသို့ ခေါ်ခေါ်လာပြီး တစ်ရက်တာလုံး နေထိုင်တတ်သည်။
တစ်ခဏခန့် ကြာပြီးနောက် ကောင်းကင်ပြာ တိရစ္ဆာန်ရုံက ချင်တု နေထိုင်သူများအတွက် အလည်ပတ်ထွက်ရန် ပထမဦးဆုံး ရွေးချယ်မှု ဖြစ်လာသည်။
ဒီနေရာတွင် အမျိုးမျိုးသော တိရစ္ဆာန်များ ရှိနေရုံသာမကသေးလေbJ ကလေးများကိုလည်း ခေါ်လာနိုင်သည်။ ဘာကိုမှလည်း စိုးရိမ်စရာ မလိုအပ်ချေ။
အတွင်းရှိ တိရစ္ဆာန်များက ကလေးများကို ကောင်းကောင်း ဂရုစိုက်ပေးနိုင်လေသည်။
“တာဝန်စတော့”
ဆုပိုင်က တစ်ချက် အော်လိုက်သည်။
“တီ။ လိမ္မော်ရောင်ကြောင်အပိုင်းအစတာဝန်ကို အောင်မြင်စွာ စလိုက်ပါပြီ”
“တီ။ စနစ်က ရေတွက်ချိန်ကို စမှတ်ပါပြီ”
၁၀
၉
၈
…
တောက်ပလွန်းသော အလင်းတန်းများနှင့်အတူ ဆုပိုင်က ကောင်းကင်ပြာ တိရစ္ဆာန်ရုံထဲမှ ပျောက်ကွယ်သွားလေသည်။
…
ဗုန်း
ဗုန်း
ဗုန်း
ပြတင်းပေါက်အပြင်ဘက်တွင် လျှပ်စီးများလက်ကာ မိုးများ ချိန်းနေသည်။ လိမ္မော်ရောင်အမွှေးများနှင့် လိမ္မော်ရောင်ကြောင်တစ်ကောင်က ပြတင်းပေါက်ဘောင်ပေါ်တွင် တိတ်တဆိတ် vJနေပြီးနောက် အခန်းထဲမှ လာသည့် ဆူပူသံများကို နားထောင်နေသည်။
“နင် နေ့တိုင်း လုပ်သမျှက ကစားတာပဲ”
“ဒီလို သောက်ကျိုးနည်းကြောင်ကို မွေးထားတာ ဘာများ အသုံးဝင်လို့လဲ။ နင်ရဲ့ အမှတ်တွေကလည်း ကောင်းတာ မဟုတ်ဘူး။ အဲဒီအတိုင်း ဒီအရုပ်တွေကို သုံးပြီး ကြောင်နဲ့ပဲ ကစားနေတယ်။ ကြောင်က နင့်ကို ထောက်ပံပေးလို့လား”
“နင်ဟာ ဒီလိုအရှုံးသမားပဲ။ ငါ ဘယ်လိုများ ဒီလိုကောင်မျိုးကို မွေးထားတာလဲ”
“အိမ်မှာ တစ်နေ့လုံး အဲဒီကြောင်အမွှေးတွေချည်းပဲ။ ငါ့ကို ရှင်းလင်းရလွန်းလို့ သေအောင် ပင်ပန်းစေချင်နေတာလား”
363 03
အသက်အလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က အေပရွန်ကို ဝတ်ထားရင်း ခါးထောက်ကာ အိပ်ခန်းအဝတစ်ခုတွင် ရပ်ရင်း နီရဲသော မျက်နှာဖြင့် အော်ဟစ်နေလေသည်။
“နင် ဒီကြောင်ကို ဘယ်လိုနည်းနဲ့မဆို ဒီနေ့ လွှတ်ပစ်ရမယ်”
“ငါ နင့်ကို အရင်ထဲက ပြောထားပြီးသား။ အိမ်ထဲမှာ တိရစ္ဆာန်တွေကို ထားလို့ မရဘူး။ ငါ နင့်ကို ထပ်ပြောမယ်။ နင်သာ ဒီနေ့ အဲဒီကောင်ကို မောင်းမထုတ်ဘူးဆိုရင် ငါ ပြတင်းပေါက်ပေါက်နေ လွှတ်ပစ်တော့မယ်”
“မြန်မြန်သွား”
“ဝူး ဝူး ဝူး”
ငယ်ရွယ်သော ကောင်မလေးတစ်ယောက်က အခန်းထဲမှ ငို၍ ထွက်လာကာ လိမ္မော်ရောင်ကြောင်လေးကို ကောက်ပွေ့ပြီးနောက် အိမ်ထဲမှ အပြေးထွက်သွားသည်။
ညှောင်
လိမ္မော်ရောင်ကြောင်က ကောင်မလေး၏လက်ထဲတွင် ခွေနေရင်း ခပ်တိုးတိုး အော်သည်။
သူဟာ တစ်ဖက်သို့ လှည့်လျှက် အပြင်ဘက်မှ သည်းထန်သော မိုးကို ကြည့်လိုက်သေးသည်။
“ဝူး ဝူး ဝူး တောင်းပန်ပါတယ်”
“ငါ တကယ် တောင်းပန်ပါတယ်။ ငါ နင့်ကို ထပ်မွေးလို့ မရတော့ဘူး”
“ငါ နင့်ကို ကတိပေးထားတာကို မလုပ်ပေးနိုင်တော့ဘူး”
“ငါ တကယ် တောင်းပန်ပါတယ်”
ကောင်မလေးက သူမ၏လက်မောင်းထဲမှ လိမ္မော်ရောင်ကြောင်လေး၏အမွှေးကို ညှင်သာစွာ ပွတ်သပ်ပေးပြီးနောက် အော်သည်။
ထို့ကြောင်လေးကလည်း သခင်ဖြစ်သူ၏ ဝမ်းနည်းမှုကို အာရုံခံမိသည့်အလား လက်မောင်းထဲမှ ညှင်သာစွာ ရုန်းထွက်ရန် ကြိုးစားလျှက် မိုးထဲသို့ ခုန်ဝင်သွားသည်။
ညှောင်
သူ ရောက်လာကတည်းက အိမ်ထဲတွင် အော်ဟစ်သံများက အမြဲပင် ရှိနေတတ်သည်။ သူသည်လည်း တတ်နိုင်သမျှ မရှိပါပေ။
သူလုပ်နိုင်သမျှက နေ့တိုင်းလိုလို ထောင့်တစ်နေရာတွင် ပုန်းကွယ်ရန် ကြိုးစား၍ ခန္ဓာကိုယ်ကို ဖက်ကာ ခွေနေခြင်းသာ ဖြစ်သည်။
သူဟာ သူ့ဘာသာသူ အိမ်အပြင်ထွက်ကာ အိပ်သာ သွားတတ်သလို့ ညဘက်တွင်ဆိုလျှင်ပင် တိတ်တဆိတ် အပြင်ဘက်လေသာဆောင်တွင်သာ စောင့်ကာ အသံတစ်စက် မထွက်ရဘဲ နေနေပေးတတ်သည်။ သို့တိုင်အောင်
သူသည် ယခုအိမ်မှ ထွက်ရန် လိုအပ်လာပြန်သည်။
ထိုကြောင်လေးသည်လည်း သူက ထို့နေရာတွင် ရှိနေသေးမျှ နေ့တိုင်းဆိုသလို စကားများ ရန်ဖြစ်နေနိုင်ကြောင်း နားလည်နေလေသည်။ ထို့အပြင် ထိုသခင်မလေးက နေ့တိုင်း ငိုနေရပေလိမ့်မည်။
မြောင်
“ငါ အခု သွားတော့မယ်”
သူဟာ ခပ်တိုးတိုး အော်လိုက်ပြီးနောက် မိုးရေထဲသို့ ထွက်လိုက်သည်။ သူ၏အမွှေးများအားလုံးက စိုရွှဲသွားသည်။ ထို့နောက် အဝေးတစ်နေရာရှိ တောအုပ်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။
“ကောင်းပြီ။ ပြန်ရအောင်”
ကောင်မလေးက သူ့နောက်သို့ လိုက်တော့မည့်အချိန်တွင်ပင် ရုတ်တရက် လက်ကြီးတစ်စုံက ခပ်ကြမ်းကြမ်း လှမ်းဆွဲသည်။
“နင် ဒီကြောင် မွေးထားရုံနဲ့ စာသင်တဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မို့လို့လား”
“ငါ နေ့တိုင်းလိုလို အဲဒီတစ်ကောင်နဲ့ အလုပ်များနေတာ ဒါက ဒီအတိုင်း သာမန် လိမ္မော်ရောင်ကြောင်ပါပဲ။ ကိစ္စတွေ တည်ငြိမ်သွားတဲ့အခါ ငါ နင့်ကို ဗြိတိန် အမွှေးထူကြောင် တစ်ကောင် မွေးပေးမယ် ဟုတ်ပြီလား”
363 04
“သွားမယ်။ သွားမယ်။ ကြည့်မနေနဲ့တော့။ ဒီကြောင်က အလွယ်တကူ ရှာနိုင်ပါတယ်”
ကောင်မလေးက အခန်းထဲသို့ ငိုရင်း ဝင်ရောက်သွားသည်။
မြောင်
ရေစိုနေသော လိမ္မော်ရောင်ကြောင်လေးက မိုးထဲတွင် တိတ်တဆိတ် ရပ်၍ ထို့လူနှစ်ယောက်က တံခါးပိတ်သွားသော မြင်ကွင်းကို ကြည့်နေလိုက်သည်။
ထို့နောက် သူ့လက်သည်းလေးကို မြှောက်ကာ နှာမှ မိုးရေးစက်များကို သပ်ချလိုက်သည်။
သူသည်လည်း သခင်မလေးက လိုက်လာသည့်အချိန်အထိ မစောင့်တော့ပါပေ။
ဖြစ်နိုင်သည့်မှာ…
သူသည် ဒီတစ်ကြိမ်တွင် လမ်းဘေးကြောင်တစ်ကောင် ဖြစ်သွားလောက်လေပြီ။
သူ၏ကိုယ်ပေါ်မှ ရေစက်များကို ခါချပြီးသည့်နှင့် လိမ္မော်ရောင်ကြောင်လေးက ပါးစပ်လေးကို ဟကာ တစ်ချက် အော်ဟစ်ရင်း အပေါ်ထပ်ရှိ လေသာဆောင်သို့ လှမ်းကြည့်လိုက်သည်။
နင် ငါ့ကို စွန့်ပစ်ရမယ်ဆိုတာကို သိနေကတည်းက ဘာလို့ ခေါ်လာခဲ့သေးတာလဲ။
သို့သော် ဒါက အဖြေဖြစ်လောက်သည်။ ထိုကောင်မလေးကိုယ်တိုင်ကသာ သိလောက်သည်။
ရပ်ကွက်တစ်လုံးတွင် ရေစိုနေသည့် လိမ္မော်ရောင်ကြောင်လေးက ခပ်ကြမ်းကြမ်း ပြေးလွှားနေပြီးနောက်တွင် လမ်းများအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ် သွားလေသည်။
******