← Chapters

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း 364

“မြောင်”

ပြင်းထန်သော မိုးထဲတွင် ထို့လိမ္မော်ရောင်ကြောင်လေးက အမိုးခုန်းတစ်နေရာအောက်တွင် ပုန်းနေရင်း သူ၏အသက်မဲ့နေသော မျက်ဝန်းတစ်စုံဖြင့် မည်းမှောင်နေသော အပြင်ဘက် မြင်ကွင်းကို ကြည့်သည်။ သူ၏ကိုယ်လေးကလည်း အအေးဒဏ်ကြောင့် တစ်သိမ့်သိမ့် တုန်နေသေးလေသည်။

သူသည် မကြာခဏဆိုသလို နှာမှုတ်သံလေးများကို ထုတ်တတ်သည်။ အချိန်ဟာ ညသန်းခေါင်ဖြစ်နေလေပြီ။ လမ်းပေါ်တွင် ဖြတ်သွားဖြတ်လာများပင် မရှိတော့ပေ။

ဂူးလူး

သူ၏အစာအိမ်ထဲမှ ဗိုက်ဆာသောကြောင့် ကျယ်လောင်သော အသံက ထွက်ပေါ်လာသောအခါ လိမ္မော်ရောင်ကြောင်လေးက မိုးထဲသို့ ခြေတစ်လှမ်းခြင်းစီ လှမ်းဝင်လိုက်သည်။

သူသည် အမှိုက်ပုံးနားသို့ သွားလိုက်ပြီး သူ၏ အင်အားကိုသုံးကာ ကုန်းတက်လိုက်သည်။ ထို့နောက် အမှိုက်ပုံးကို ဘေးဘက်သို့ ဆွဲလှဲပစ်လိုက်နိုင်သည်။ သူသည် အတွင်းမှ တစ်စုံတစ်ရာကို ရှာပြီး သူ၏အစာအိမ်ကို ဖြည့်ရန် ကြိုးစားသည်။

ကံကောင်းစွာဖြင့်

သူသည် အခြားသော ကြောင်များနည်းတူ အစာဂျီးမများပေ။

စားလို့ရသမျှ အရာများအားလုံးကို မြိုချနိုင်သည်။ သို့သော် …

သူဟာ ထိုမျှအထိ ကျွေးမွေးရလွယ်ကူသေးသည့်တိုင်အောင် စွန့်ပစ်ခံရလေသည်။

ဟူး…

ထိုအချိန်တွင် တစ်ကိုယ်လုံး အဖာထေးအရာများပြည့်နှက်နေသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အိမ်ခြေရာမဲ့တစ်ယောက်က အဝေးမှ လာရင်း ဘေးဘက်သို့ လြှကနေသော အမှိုက်ပုံးကို ကြည့်ကာ ခပ်တိုးတိုး ညည်းသွားသည်။

သူသည်လည်း မြေပြင်တွင် ဆောင့်ကြောင့်လေး ထိုင်ပြီး မှိုတက်နေသော ပေါက်စီကို စားနေသည့် ရေစိုနေသော လိမ္မော်ရောင်ကြောင်လေးကို မြင်လိုက်သောအခါ ဆောင့်ကြောင့် ထိုင်ပြီး ညှင်သာစွာ ပြောသည်။

“မကြောက်ပါနဲ့”

“မကြောက်ပါနဲ့။ ဒါ ဒါ မင်းစာဖို့”

ထို့အိမ်ခြေရာမဲ့လူက သူ၏လက်မောင်းထဲတွင် ထည့်ဖွက်လာသည့် တစ်ဝက်ခန့်သာ စားရသေးသော ဟမ်ဘာဂါကို တုန်ယင်စွာ ထုတ်လိုက်ပြီး သူ၏ကိုယ်တွင် တစ်ချက်သုတ်သည်။ ထို့နောက် ထိုကြောင်လေး၏အရှေ့တွင် ညှင်သာစွာ ချပေးလိုက်သည်။

“ဟား ဟား မင်းကိုလည်း ဘယ်သူကမှ မလိုချင်ဘူး ဟုတ်လား”

“ငါတို့တွေဟာ အတူတူပဲ”

“မင်း မင်း အခုကစပြီး ငါရဲ့နောက်ကို လိုက်ချင်လား”

လိမ္မော်ရောင်ကြောင်က သူ၏အရှေ့မှ တစ်ဝက်သာ စားရသေးသော ဟမ်ဘာဂါကို ကြည့်ပြီး ခေါင်းလေးကို မော့ကာ သူ၏အရှေ့မှ ညစ်ပတ်လွန်းသော လူကိုကြည့်သည်။

တစ်ဖက်လူတွင် ဖိနပ်ပင် မပါပေ။ သူသည်လည်း ပါးကပ်လွန်းသော အနက်ရောင် အဝတ်များကိုသာ ဝတ်ထားသည်။ သို့သော် သူ၏မျက်ဝန်းက အလွန်တောက်ပသည်။

မြောင်

သူဟာ ခေါင်းလေးကို ညိတ်လိုက်ပြီး ထို့ဟမ်ဘာဂါကိုသာ စစားလိုက်သည်။

ဟီး ဟီး..

အိမ်‌ခြေရာမဲ့လူက မိုးထဲတွင် တိတ်တဆိတ်နှင့် ဆောင့်ကြောင့်လေး ထိုင်ရင်း အရှေ့ဘက်သို့ တအားကုန် ငုံကိုင်းပေးခြင်းအားဖြင့် ထိုမိုးများ ဟမ်ဘာဂါကို မစိုရွှဲသွားစေရန် ကာကွယ်ပေးသည်။

364 02

လိမ္မော်ရောင်ကြောင်လေးက ဟမ်ဘာဂါ တစ်ခုလုံးကို ကုန်အောင်စားပြီးမှသာ သူဟာ ရူးကြောင်ကြောင် ရယ်သည်။

သူသည်လည်း သူ၏လက်ကို တဖြည်းဖြည်းချင်းစီ ဆန့်ထုတ်လိုက်ပြီး တစ်ဖက်ကြောင်လေးကို ကောက်ပွေ့လိုက်ကာ အဝေးတစ်နေရာရှိ တံတားအောက်သို့ သွားလိုက်သည်။

“ဒီမှာ ငါ မင်းကို ဒါပေးရမလား။ ဒီနေရာက ညစ်ပတ်တယ်။ ဒါပေမဲ့ ညဘက်ဆိုရင်တော့ မအေးဘူး”

သူဟာ သူ၏တစ်ခုတည်းသော စောင်လေးကို မြေပြင်ပေါ်ရှိ ရေမစိုသော နေရာတွင် ဖြန့်ခင်းလိုက်သည်။ သို့သော် ထိုစောင်ကမှု အပေါက်ကြီးများ ပြည့်နေသည်။ သို့သော် ထိုနေရာသည် ဒီတံတားကြီးတစ်ခုလုံးတွင် အအေးဒဏ်မှ ကာကွယ်ပေးနိုင်သော တစ်ခုတည်းသော အရာ ဖြစ်နေသည်။

“ငါ ငါ ဒီမှာ ဒီအတိုင်း ထိုင်နေလိုက်မယ်”

“အိပ်တော့လေ”

“ငါ ငါ မင်းကို စောင့်ကြည့်ပေးမယ်”

အိမ်ခြေရာမဲ့လူက အနည်းငယ် တုန်ယင်သော လေသံဖြင့် ပြောသည်။ လိမ္မော်ရောင်ကြောင်လေးကို စောင်ပေါ်သို့ ဂရုစိုက်တင်ပေးလိုက်ပြီးနောက် ညှင်သာစွာ အုပ်ပေးသည်။

သူ့ကိုယ်တိုင်ကမှု အနီးအနားရှိ ကျောက်တုံးပေါ်တွင် သွားထိုင်လိုက်ပြီး တံတားအပြင်ဘက်မှ လေးလံလွန်းသော မိုးကို ကြည့်သည်။

မြောင်

လိမ္မော်ရောင်ကြောင်လေးက စောင်ပေါ်တွင် တိတ်တဆိတ် လှဲနေပြီးနောက် ထို့အရူးကို သိချင်စိတ်ပြင်းပြစွာ ကြည့်နေသည်။

တစ်စုံတစ်ယောက်ဟာ သူအား ခြောက်သွေ့သော စောင်တစ်ထည်ကို ပေးလာသည်။ သူ့ကိုယ်တိုင်ကမှု နဘေးနားတွင် သွားထိုင်ပြီး ကိုယ့်ကိုကိုယ် အခဲခံလေသည်။

“ဟေး ငါ မအေးပါဘူး”

အိမ်‌ခြေရာမဲ့လူက သူ၏အရှေ့မှ လိမ္မော်ရောင်ကြောင်လေးကို ကြည့်လိုက်သောအခါ ထိုကြောင်လေးက သူ့ကို ပြန်ကြည့်နေကြောင်း မြင်လိုက်ရသည်။ သူဟာ လက်ကို ဆန့်ထုတ်လိုက်ပြီး အမွှေးလေးကို ပွတ်သည်။ သို့သော် သူ၏ကိုယ်ပိုင် မည်းတူးနေသော လက်ဖဝါးကို တစ်ချက်ပြန်ကြည့်ပြီး လက်ကို လမ်းတစ်ဝက်နှင့်တင် ရုတ်လိုက်သည်။

သူဟာ ထို့အတိုင်းသာ ရူးကြောင်ကြောင် ရယ်နေသည်။

“ငါ … ငါ မင်းကို ကောင်းကောင်း ဂရုစိုက်ပေးမယ်နော်”

“အခုစပြီး မင်းက ငါရဲ့ တစ်ဉီးတည်းသော မိသားစုဝင်ပဲ။ ငါ ကလေးဘဝတည်းက ဒီလိုပဲ ရှင်သန်ခဲ့တာ”

“သူတို့အားလုံးက ငါ့ကို အရူးလို့ ပြောပြတယ်။ ဘယ်သူကမှ မလိုချင်တဲ့ အရူး။ ဘယ်သူကမှလည်း ငါနဲ့အတူ မရှိချင်ကြဘူး။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ငါ ငါလေ မင်းအတွက်နဲ့ နေ့တိုင်းလိုလို စားစရာတွေ ကောက်ပေးမယ် သိလား။ မင်းကို လုံးဝ ဒုက္ခမရောက်စေရဘူး”

“ဟေး ငါ့မှာလည်း မိသားစု ရှိတယ်”

“ငါ အရမ်းကောင်းတာပဲ”

မြောင်

လိမ္မော်ရောင်ကြောင်လေးဟာ နှာခေါင်းလေး အသာ ရှုံ့လိုက်သည်။ သူဟာ အနောက်ဘက်မှ လူ၏တခွီခွီ ရယ်ကာ တစ်စုံတစ်ရာ ပြောနေသံကို ကြားနေရသည်။ သူသည် နားမလည်သော်လည်း…

ဆိုတော့ သူ့မှာ သခင်အသစ်ရှိပြီပေါ့။

ဒီတစ်ကြိမ်မှာလည်း သူ စွန့်ပစ်ခံရအုန်းမှာလား။

364 03

အပြင်ဘက်မှ မိုးသံက တဖြည်းဖြည်းချင်းစီ လျော့ပါးလာသလို့ လိမ္မော်ရောင်ကြောင်လေးက မျက်လုံးကို တဖြည်းဖြည်းချင်းစီ မှိတ်လိုက်သည်။

“ဟူး”

ဆုပိုင်က မြေပေါ်သို့ ဆင်းသက်လိုက်သည့်နှင့် တစ်ကိုယ်လုံး ကြွက်စုတ်အလား စိုရွှဲသွားသဖြင့် သိပ်မဝေးသော နေရာရှိ မှတ်တိုင်သို့ အပြေးသွားရသည်။

“ဟူး”

“တကယ်ကို ညသန်းခေါင်အချိန်ချည်းပဲ ဟမ်။ ငါ ရောက်လာလာချင်းကို မိုးက ပြင်းပြင်းထန်ထန် ရွာနေသေးတယ်။ ဆိုတော့ ငါက ကြောင်ကို ဘယ်မှာ သွားရှာရမှာလဲ”

သူဟာ တစ်စုံတစ်ရာကို ခပ်တိုးတိုး ရေရွတ်နေပြီးနောက် မျက်မှောင်ကို ကြုတ်သည်။ သူ၏အရှေ့မှ လမ်းကို တစ်ချက် ကြည့်လိုက်သည်။

တစ်လမ်းလုံးက ရေများ ပြည့်နေသည်။ ဖြတ်သွားဖြတ်လာ တစ်ယောက်ကိုပင် မမြင်ရပေ။

သူဟာ ရှင်းလင်းနေသော လမ်းကို ကြည့်ရင်း သည်းထန်လွန်းသော မိုးကျသံများကို နားထောင်ကာ သူ၏ရင်ထဲ ကူကယ်ရာမဲ့မှုက ပြင်းထန်လာသည်။

သူ ဒီမှာ အာရုံတက်တဲ့အထိ နေရမှာလား။

တကယ်လို့ မိုးက အာရုံတက်ရင်တောင် မရပ်ဘူးဆိုရင်ရော

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများကလည်း ဆုပိုင်၏ စိုရွှဲနေသော ပုံစံကို ကြည့်လိုက်ပြီး ဝမ်းသာအားရဖြစ်သော ပုံစံမျိုးဖြင့် ကောမန့်များ မန့်ကြသည်။

“ဟား ဟား ဟား ဟား ဟား ဒီအစီအစဉ်ကို ဖန်တီးတဲ့လူတွေက အမှတ်ပြည့်ရသင့်တာ။ ငါလည်း အိမ်ပြန်ပြီး လမ်းဘေးကြွက် နည်းနည်း ပိုစားလိုက်အုန်းမယ်”

“ဟေး ဒီတစ်ခေါက် တာဝန်ကလည်း လိမ္မော်ရောင်ကြောင်အပိုင်းအစဆိုပဲ။ ငါ ဒီကြောင်အကြောင်းကို ဖတ်စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်။ ဒီကြောင်က တော်တော်လေးကို ဝတုတ်တဲ့ အတိုင်းအတာအထိ ကြီးပြင်းဖို့ လွယ်တယ်။ တော်တော်လေးလည်း စိတ်ဝင်စားဖို့ကောင်းတယ်”

“ခန်းမ်ကိုတောင် ပြိုစေနိုင်တဲ့အထိ”

“အား စန်း စန်း စန်း စန်း စန်း … ဆိုတော့ အားလုံး ဒီအကြောင်းအရာကို သိနေတယ်ပေါ့လေ။ ဒါပေမဲ့ မိုးက တော်တော်လေးကို ပြင်းနေတာနော်။ ဒီလိုမျိုး အခြေအနေမျိုးမှာ ကြောင်ကို ဘယ်လိုသွားရှာမှာလဲ”

“ငါကတော့ ဒါရိုက်တာဆုပိုင်ကို မိုးထဲကို ဝင်ပြေးသွားတယ်လို့ ထင်တယ်။ တကယ်လို့ ကြောင်လေးက အပြင်ဘက်မှာ လျှောက်သွားနေရင် ဘယ်လိုလုပ်မလဲ။ တကယ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ဒါက အိမ်ခြေရာမဲ့ကြောင်သာဆိုရင် အခုတော်တော်ကို အခြေအနေ ဆိုးနေတာ”

364 04

“ဖက်စ့် အပေါ်တစ်ယောက်က ပြောတာလည်း ဟုတ်နေသလိုပဲနော်။ နောက်ပြီး ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက တိရစ္ဆာန်တိုင်းက ဆိုးရွားတဲ့ ပုံစံမျိုးနဲ့ ရှင်သန်နေထိုင်ရတာကို မမေ့နဲ့အုန်း”

“ငါလည် သဘောတူတယ်။ ဒါရိုက်တာဆုပိုင် ဘာလို့ မိုးထဲဝင်ပြီး တစ်ချက်လောက် မကြည့်တာလဲ။ ဒါမှမဟုတ် အသင့်သုံးပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တွေ ဘာတွေ သွားပြီး ထီးဝယ်လိုက်လေ”

…

ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကောမန့်များကို ကြည့်ပြီး အံကို ကြိတ်သည်။ သူသည်လည်း ထို့အခြေအနေကို တွေးတောနေခြင်း ဖြစ်သည်။

အပြင်ဘက်တွင် မိုးက အလွန်သည်းနေသည်။ အကယ်၍သာ လေလွင့်ကြောင်တစ်ကောင် ရှိနေခဲ့မည်ဆိုပါက…

ဒါ ဒါဆိုရင်တော့ ရှာဖို့ တော်တော် ခက်မှာပဲ။ ပို၍ ဆိုးသည့်မှာ ထို့လိမ္မော်ရောင်ကြောင်က ရှားပါးသော မျိုးစိတ်မျိုးလည်း မဟုတ်ချေ။ ကြောင်မွေးသော လူတိုင်းက လိုလို ထိုကဲ့သို့သော အကောင်မျိုးကို တစ်ကောင် ဖမ်းယူမွေးတတ်ကြသည်။ လေလွင့်ကြောင်များထဲတွင်လည်း တွေ့နေကြ မျိုးစိတ်မျိုးဟု ပြောနိုင်သည်။

မည့်သို့ပင်ဆိုစေ လူအများစုက လိမ္မော်ရောင်ကြောင်များက အလွန်ငယ်ရွယ်ချိန်တွင်သာ ချစ်စရာကောင်းသည့်ဟု ထင်ကြသည်။ ထို့ကြောင့် မိုက်ရူးရဲဆန်စွာနှင့် အိမ်သို့ ခေါ်သွားပြီး မွေးတတ်သည်။

သို့သော် …

လိမ္မော်ရောင်ကြောင်များက ကြီးပြင်းလာပြီးနောက် သူတို့ကို စွ့န်ပစ်သည့် လူအရေအတွက်က ပြင်းထန်လာသည်။ အကြောင်းမှုကာ သူတို့ဟာ ဝတုတ်လာကြောင့် ဖြစ်သည်။

ထို့အပြင် ထို့သို့ စွန့်ပစ်မှုများကြောင့်လည်း လေလွင့်ကြောင်များက များသထက်များလာခြင်း ဖြစ်သည်။

++++++

365 01

အခန်း 365

“ဟူး”

ဆုပိုင်က အသက်ကို ပြင်းပြင်းရှုလိုက်ပြီး မိုးထဲသို့သာ တိုက်ရိုက် ထွက်လိုက်သည်။

သူ၏အရှေ့မှ လမ်းတောက်လျှောက် လျှောက်နေရင်း ပုန်းနိုင်သော နေရာများတွင် တောက်လျှောက် ရှာနေခဲ့သည်။

ထို့နောက် သူသည် အဝေးရှိ မှေးမိန်သော တံတားအောက်ဘက်သို့ ရောက်သွားမှသာ လူတစ်ယောက်ဟာ ကျောက်တုံးပေါ်တွင် ထိုင်နေပြီး သူ၏အရှေ့တွင် စောင်လေးကို ချထားကြောင်း မြင်လိုက်ရသည်။

ဆုပိုင်က အလျင် ပြေးဝင်သွားလိုက်သည်။

“ဟယ်လို ဟယ်လို”

ထိုအခါမှသာ အရှေ့မှ လူဟာ အိမ်ခြေရာမဲ့လူဖြစ်ကြောင်း စောင်ပေါ်တွင် လဲနေသော အရာလေးက ရေစိုနေသည့် လိမ္မော်ရောင်ကြောင်လေး ဖြစ်ကြောင်း မြင်လိုက်ရသည်။

ဆုပိုင်က ပြုံးပြီး ခေါင်းညိတ်သည်။ ထို့နောက် စောင်နားသို့ လျှောက်သွားလိုက်ပြီး တုန်နေသော လိမ္မော်ရောင်ကြောင်လေးကို ကြည့်ကာ သူ၏ကျောပိုးအိတ်ထဲမှ သန့်ရှင်းသော တဘက်ကို ထုတ်ပြီး ပြောလိုက်သည်။

“မင်းရဲ့ ကိုယ်ပေါ်မှာ ရေတွေစိုနေတာ ဒီတော့ အရင်ဆုံးပြောင်အောင် သုတ်ရအုန်းမယ်။ အဲဒီလိုမှ မဟုတ်ရင် မိုးတိတ်သွားတာနဲ့ ဖျားမှာပဲ”

သူဟာ ခေါင်းကို ငုံလိုက်ပြီးနောက် လိမ္မော်ရောင်ကြောင်၏အမွှေးများကို ညှင်သာစွာ သုတ်ပေးသည်။

“အိုး”

ထို့အချိန်တွင် သူ၏အရှေ့မှ အနည်းငယ် ခပ်ထှိုင်းထှိုင်းဆန်သော အသံက ထွက်လာသည်။

“မင်းရဲ့ ကိုယ်ပေါ်မှာလည်း ရေစက်တွေရှိတာပဲ။ မင်းလည်း သုတ်ဖို့လိုတယ်။ မင်းကိုယ်မင်း သန့်ရှင်းလိုက်အုန်း။ မဟုတ်ရင် မင်းလည်း ဖျားလိမ့်မယ်”

“ဒါ”

…

သူ၏အရှေ့မှ အိမ်ခြေရာမဲ့လူက ဆုပိုင်ပြောသွားသော စကားကို သူ မှတ်မိသည့်အထိ ထပ်ခါတလဲလဲ ပြန်ရွတ်သည်။ ထို့နောက် သူ့ကို ရယ်ပြသည်။

“ဟစ်”

ဆုပိုင်က လေအေးများကို ရှိုက်သွင်းလိုက်သည်။

သူသာ အထင်မမှားနေရင် သူ၏အ‌ရှေ့မှ အိမ်ခြေရာမဲ့လူက ပြင်းထန်လွန်းသော ဉာဏ်ပညာပိုင်းဆိုင်ရာ ဒုက္ခိတ ဖြစ်နေသူ ဖြစ်လောက်သည်။ ထို့အပြင် အတော်လေးကို ထစ်အစွာ ပြောဆိုနေ၏။

သူ၏အသက်က ၄၀ နီးပါး ဖြစ်လောက်သည်။ သူ၏ ဉာဏ်ရည်ကမှု နှစ်အနည်းငယ်သာ ရှိသေးသော ကလေးဉာဏ်ရည်နှင့်သာ တူလောက်သည်။ ဒါပေမဲ့

ဒီကြောင်ကို အိမ်ခြေရာမဲ့လူက မွေးစားထားတာလား။

ထို့အခိုက်အတန့်တွင် ဆုပိုင်က မည့်သည့်နေရာက စရမှန်းပင် မသိတော့ချေ။

မြောင်

ထိုအချိန်တွင် လိမ္မော်ရောင်ကြောင်လေးက ခပ်တိုးတိုး အော်ရင်း မျက်လုံးကို ဖွင့်လာသည်။

“နိုးပြီလား။ မင်း … ငါ တောင်းပန်ပါတယ်။ မင်းရဲ့ ကိုယ်ပေါ်မှာ ရေစက်တွေရှိနေတာ သုတ်ပေးဖို့ လိုတယ်”

“ငါ ငါ မင်းကို အခုနက မသုတ်ပေးခဲ့မည်ဟု ငါ …”

အိမ်ခြေရာမဲ့လူက ကျောက်တုံးပေါ်မှ ချက်ချင်းဆိုသလို့ ခုန်ဆင်းကာ လိမ္မော်ရောင်ကြောင်လေး၏ ဘေးနားတွင် ဆောင့်ကြောင့်ထိုင်သည်။ သူသည်လည်း လက်ကို ဆန့်ထုတ်ပြီး ကြောင်အမွှေးလေးကို ပုတ်ချင်သည်။ သို့သော် ကြောက်နေပြန်သည်။

“ရော့”

ဆုပိုင်က သူ၏တဘက်ကို ထို့အိမ်ခြေရာမဲ့လူကို ပေးရင် ခပ်တိုးတိုး ပြောသည်။

“ငါ ငါ ငါ ငါ မင်းအတွက် သုတ်ပေးမယ်နော်”

အိမ်ခြေရာမဲ့လူက လိမ္မော်ရောင်ကြောင်လေး၏အမွှေးများကို ဂရုစိုက် သုတ်ပေးနေသည်။ လိမ္မော်ရောင်ကြောင်လေးကလည်း တွန်းလှန်ခြင်း မရှိပေ။ ဆုပိုင်၏ နှလုံးသားက လေးလံလာသည်။

ဒီတာဝန်က နည်းနည်း ခက်ခဲလောက်တယ်။

365 02

ထိုအိမ်ခြေရာမဲ့သူတွင် မည်သည့်အရာမှ မရှိသော်လည်း …

သူသည် ထို့လိမ္မော်ရောင်ကြောင်လေးကို ကောင်းမွန်သော ဘဝတစ်ခု မပေးနိုင်လောက်ပေ။ သို့ရာတွင် အနည်းဆုံး ထိုကြောင်လေးနဲ့အတူ နေပေးနိုင်သည်။ အမြဲတစေ အရေးပါသော ဆွေမျိုးတစ်ယောက်အဖြစ် ဆက်ဆံပေးနိုင်သည်။

ယခုလေးတင် ဆုပိုင်က ထို့အိမ်‌ခြေရာမဲ့လူက ဒီနေရာတွင် ထိုင်နေခဲ့သည့်မှာ သူ၏ တစ်ခုတည်းသော စောင်ကို ထိုလိမ္မော်ရောင်ကြောင်လေးကို ပေးထား၍ ဖြစ်ကြောင်း သိလာသည်။

သာမန်ဉာဏ်ရည်မျိုးနှင့် လူတစ်ယောက်က မလုပ်နိုင်‌သော အခြေအနေမျိုးလည်း ဖြစ်၏။

ဒါက ဒီအတိုင်း လိမ္မော်ရောင်ကြောင်တစ်ကောင်ပဲလေ။

“ကောင်းပြီ။ ကောင်းပြီ။ အခု သန့်ရှင်းသွားပြီ။ သွား သွားအိပ်တော့။ မိုးလင်းလာတဲ့အခါ ငါ မင်းအတွက် စားစရာ ရှာပေးမယ်နော်”

အိမ်ခြေရာမဲ့လူက သူ၏လက်ဖြင့် တဘက်ကို သေချာကိုင်ကာ အရှေ့မှ ကြောင်လေးကို သေချာ ထွေးပွေ့လိုက်ပြီး ရူးကြောင်ကြောင် ရယ်ပြန်သည်။

“ငါ ဘာလို့ ရုတ်တရက်ကြီး မသက်မသာ ဖြစ်လာတာလဲ။ ဒီတာဝန်ရဲ့ လိမ္မော်ရောင်ကြောင်က ဒီတစ်ကောင်လား”

“ဒါပေမဲ့ ဒီအိမ်ခြေရာမဲ့သူက ဟစ် သူ့ကို ဘယ်လို ဝေဖန်ရမလဲတောင် မသိတော့ဘူး။ သူက အဲဒီမှာ ဒီအတိုင်း ထိုင်ပြီး အခဲခံနေတယ်။ သူရဲ့ တစ်ခုတည်းသော စောင်ကိုတော့ ဒီကြောင်ကို ပေးထားတာပေါ့လေ။ ဒါ”

“သူက ဉာဏ်ရည်ချို့တဲ့နေပေမဲ့လည်း ကြည့်ရတာ ဒီလူက တော်တော်လေးကို ဂရုစိုက်တတ်၊ ချစ်တတ်တဲ့ပုံပဲ။ သူက ဒီလေလွင့်ကြောင်ကို အရမ်း ကြင်နာပေးတယ်။ သူက ဒီလိမ္မော်ရောင်ကြောင်ကို မိသားစုဝင်တစ်ယောက်လို ဆက်ဆံနေတာ”

“ဟုတ်တယ်။ ဒါပေမဲ့ လိမ္မော်ရောင်ကြောင်ကိုလည်း ကြည့်လိုက်အုန်း။ မိုးကလွဲပြီး ဘယ်နေရာမှာမှ ညစ်ပတ်မနေဘူး။ သူက သိပ်မကြာခင်ကမှ စွန့်ပစ်ခံထားရတာ ဖြစ်မယ်”

“ဒါရိုက်တာဆုပိုင်က ဒီလိမ္မော်ရောင်ကြောင်ကို ဘယ်လိုများ ကယ်မှာလဲ။ နောက်ပြီး ဒီအိမ်ခြေရာမဲ့လူကို ကူညီနိုင်တဲ့ နည်းလမ်း မရှိတော့ဘူးလား”

“ငါ့အထင် ခက်ခဲလောက်တယ်။ သူ့ဆီကနေ ကြောင်ကို အတင်းအင်အားသုံးပြီး ယူလိုက်ရင်လည်း အရမ်း ဝမ်းနည်းရမှာ”

…

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများ အားလုံးက အိမ်ခြေရာမဲ့လူကို ကြည့်ရင်း မျက်မှောင် ကြုတ်နေကြသည်။ သူတို့၏နှလုံးသားများကလည်း လေးလံလာသလို ခံစားနေကြရ၏။

ထို့အိမ်ခြေရာမဲ့ကြောင်က ထို့အိမ်ခြေရာမဲ့လူနောက်သို့ အမြဲတမ်း လိုက်နေခဲ့သူ မဟုတ်လောက်ချေ။ သို့သော် …

ယခင်ပိုင်ရှင်ကမှု ထို့မြင်ကွင်းကို မြင်ပြီး မည်သို့ ခံစားရမည်ဖြစ်ကြောင်း မသိနိုင်သေးပေ။

“မင်းလည်း လဲအိပ်လိုက်”

ဆုပိုင်က ကျောက်တုံးပေါ်တွင် သွားထိုင်ပြီး မြေပြင်တွင် ဆောင့်ကြောင့်ထိုင်နေသော အိမ်ခြေရာမဲ့လူကို ကြည့်ကာ စောင်ပေါ်သို့ ညွှန့်ပြကာ ခပ်တိုးတိုး ပြောသည်။

“မလို မလို မလိုပါဘူး”

သူဟာ ခေါင်းကို ဆတ်ကနဲခါပြီး နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်ကာ ပြောသည်။

“ငါ ငါ ဒီအတိုင်း ဒီအတိုင်း ဒီ အတိုင်း နေလိုက်မယ်။ သူက သန့်ရှင်းတယ်။ ငါ ငါ ငါက ညစ်ပတ်တယ်…”

“ငါ အာ ရုံ တက်တဲ့ အချိန်အထိ စောင့် … ပြီးမှ … သူ အတွက် တစ်ခုခု … သွားရှာလိုက်မယ်”

“ဟီးဟီး ငါ့မှာလည်း မိသားစုရှိတယ်။ … ဟီးဟီး ဟုတ်ရမယ်။ … တစ်ယောက်ယောက်က … ငါ့လိုမျိုး … စွန့်ပစ်သွားတာ … ဖြစ်ရမယ်”

“ငါ့မှာလည်း … မိသားစု … ရှိပြီ”

365 03

ဟူး

အိမ်‌ခြေရာမဲ့လူက တစ်ယောက်တည်း စကားပြောနေသည့်ကို နားထောင်နေသော ဆုပိုင်က အသက်ကို ပြင်းပြင်း ရှုသည်။ ဒီတာဝန်က အလွန်ခက်ခဲသည်။

သူ ဒီကြောင်ကို အခု ဘယ်လို ကူညီရမှာလဲ။ ဒါမှမဟုတ် ဒီလူကိုပါ ကောင်းယွဲ့ကိုခေါ်ခဲ့သလို့ ပြန်ခေါ်ရမှာလား။ ဒါပေမဲ့

ထိုအိမ်ခြေရာမဲ့လူဟာ ဉာဏ်ပညာပိုင်းဆိုင်ရာ ပြဿနာရှိနေသည်။ တိရစ္ဆာန်ရုံတွင် … သူ့ကို စောင့်ကြည့်ရန် လူပင် လွှတ်ထားရလောက်သည်။

ထိုအခိုက်အတန့်တွင် ဆုပိုင်ဟာ လွန်ဆွဲသွားရသည်။

အခြားတစ်ဖက်တွင် ဒီတာဝန်က ထို့လိမ္မော်ရောင်ကြောင်ကို ပြန်ခေါ်ရန် လိုအပ်နေသည်မှာ သေချာသည်။

သို့သော် အခြားတစ်ဖက်တွင်လည်း ထို့အိမ်ခြေရာမဲ့သူ ပြောသွားသော စကားများအရ သူသည်လည်း ထို့လိမ္မော်ရောင်ကြောင်လေးကို သူကိုယ်တိုင်ထက်ပင် အရေးထားပုံ ပေါ်သည်။

သူကသာ ကြောင်ကို အမှန်တကယ် ယူသွားခဲ့သော် ဆုပိုင်သည်လည်း ထို့အိမ်ခြေရာမဲ့သူ၏ ဘဝက မည်သို့ ဖြစ်သွားနိုင်ကြောင်း မတွေးဝံတော့ပေ။

တွေးကြည့်ရုံနဲ့တင် တော်တော်လေးကို သနားဖို့ကောင်းတယ်။ သူကိုယ်တိုင်ကလည်း လက်ရှိအချိန်မှာ တော်တော်လေးကို သနားကောင်းနေခဲ့ပြီးသား အခု သူက ကြောင်ကို ယူသွားအုန်းမယ်ဆိုရင်

သူက လူ ဟုတ်ပါ့အုန်းမလား။

တစ် တစ် တစ်

မြောင်

လိမ္မော်ရောင်ကြောင်လေးက မျက်လုံးကို ဖြည်းဖြည်းချင်းစီ ဖွင့်ပြီး ဘေးဘီကို သိချင်စိတ် ပြင်းပြစွာ ကြည့်သည်။ ထို့နောက် ခေါင်းကို ပြန်ငုံကာ သူ၏ကိုယ်ပေါ်မှ စောင်ကို ကြည့်သည်။ ထို့နောက် လက်သည်းလေးကို ဆန့်ထုတ်ပြီး နဖူးလေးကို ကုတ်သည်။

သူ မှတ်မိတယ်။

မနေ့ညက သခင်လေးက သူ့ကို မလိုချင်တော့ဘူး။

သူက အစားလိုက်ရှာနေရင်းနဲ့ ညစ်ပတ်တဲ့လူတစ်ယောက်က သူ့ကို ပြန်ခေါ်လာတယ်။ သူဟာ ခေါင်းကို လှည့်ပြီး တစ်ချက်ကြည့်လိုက်သည်။

ထို့အခါ အနောက်ဘက်ရှိ ကျောက်တုံးပေါ်တွင် ထိုင်နေပြီး တစ်ကိုယ်လုံး ရေများ စိုရွှဲကာ ငိုက်မှီးနေသော လူငယ်တစ်ယောက်ကို မြင်ရသည်။

ဒါဟာ သူ မနေ့ညက တွေ့ခဲ့သည့် ညစ်ပတ်သတ်နေသော ပုံစံနှင့် လူလတ်ပိုင်းကြီး မဟုတ်ပေ။

လိမ္မော်ရောင်ကြောင်လေးက မျက်မှောင် အသာ ကြုတ်ပြီး စောင်ပေါ်မှ ထကာ အကြောဆန့်သည်။

“မင်း မင်း နိုးပြီးလား”

ထို့အချိန်တွင် မနေ့ညက အိမ်ခြေရာမဲ့လူက ထပ်ပေါ်လာသည်။ သူ၏တစ်ကိုယ်လုံးက ရွံ့များ ပေကျံနေပြီး လိမ္မော်ရောင်ကြောင်လေး၏ အရှေ့တွင် အဖြူရောင် တဘက်လေးကို ဖြည်းဖြည်းချင်းစီ ဖြန့်ပြသည်။

အတွင်းတွင် ငါးခြောက် နည်းနည်း ရှိနေသည်။

“ဟီး ဟီး ငါ ငါ ငါ ငါလေ … ဟိုနားက ဟို ဟိုနားက ဟိုနားက ရေထဲမှာ သွားဖမ်းလာတာ”

“ဘယ်လိုလဲ ကြိုက်လား”

လိမ္မော်ရောင်ကြောင်လေးက သူ၏အရှေ့မှ အိမ်ခြေရာမဲ့လူကို ကြည့်ပြီး အချိန်တစ်ခု ကြာအောင် နားမလည်တော့ပေ။

“သူက ရေထဲကနေ ဖမ်းလာတာလို့ ပြောနေတာ”

365 04

ရုတ်တရက် လိမ္မော်ရောင်ကြောင်လေး နားလည်နိုင်သော အသံက အနောက်ဘက်မှ ထွက်လာသည်။ သူဟာ ခေါင်းကို ခပ်မြန်မြန် လှည့်ကြည့်လိုက်ပြီး မတ်တပ် ထရပ်လာသည့် လူကိုကြည့်သည်။

“ဟူး”

ဆုပိုင်က သက်ပြင်းချပြီး အရှေ့မှ လိမ္မော်ရောင်ကြောင်ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

“မင်း ငါ ပြောတာကို နားလည်နိုင်တယ်”

“ဒီအောက်က စောင်က သူ မနေ့ညက တစ်ညလုံး မအိပ်ဘဲ မင်း ခြုံဖို့အတွက် ပေးထားတာ”

“နောက်ပြီး အာရုံတက်တာနဲ့ မင်းစားဖို့အတွက် ချက်ချင်း သွားရှာနေတာ”

မြောင်

“တကယ်လား”

လိမ္မော်ရောင်ကြောင်က မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်သလို့ ဖြစ်သွားသည်။

လူတစ်ယောက်က ဘာလို့ ဒီလောက်အထိ ကြင်နာတတ်မှာလဲ။

အတိတ်တွင် သူ၏သခင်လေးက သူ့အား ကြောင်စာလေး နည်းနည်းလောက် ဖြူးပြီး ရေနည်းနည်းသာ ရောကာ ကျွေးတတ်သည်။ ထို့အပြင် အထူးတလည်လည်း အာရုံမစိုက်တတ်တော့ပေ။

ပို၍ဆိုးသည်မှာ သူသာ ဆိုဖာပေါ်သို့ တက်သွားရဲလျှင် အရိုက်ခံရအုန်းမည် ဖြစ်သည်။ စောင်ပေါ်တွင် လဲရန်ဆိုလျှင် ပို၍ ဝေးသေးသည်။

“တကယ်ပေါ့”

ဆုပိုင်က ခေါင်းကို လေးလံစွာ ညိတ်သည်။

“ဟေး ဟေး”

“နောက်ပြီး မင်း မလောက်ရင် … ငါ သွားယူ …”

“အဟမ်း”

ရုတ်တရက် မျက်ကွင်းများ မည်းနက်နေသော အိမ်ခြေရာမဲ့သူဟာ ချောင်းကို ခပ်ကြမ်းကြမ်း ဆိုးပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူဟာ နဖူးကိုလည်း အုပ်ကိုင်ထားသည်။

မြောင်

“ဘာဖြစ်တာလဲ”

လိမ္မော်ရောင်ကြောင်က ရုတ်တရက် မြေပြင်မှ ခုန်ထလိုက်ပြီး အိမ်ခြေရာမဲ့လူ၏အနားသို့ သွားကာ စိုးရိမ်တကြီး တအီအီ အော်နေသည်။

“မင်းလည်း မြန်မြန် လာသင့်တယ်”

ဆုပိုင်က ထိုလိမ္မော်ရောင်ကြောင်လေးကို ခပ်မြန်မြန် ကောက်ဆွဲလိုက်ကာ ကျောပိုးအိတ်ထဲသို့ ထည့်သည်။ ထို့နောက် အိမ်ခြေရာမဲ့လူကို အောက်ဘက်မှ ကောက်ဆွဲလိုက်ပြီး တံတားအောက်ဘက်မှ အပြေးထွက်ခဲ့လိုက်သည်။

******

366 01

အပိုင်း 366

“အခြားနည်းလမ်း မရှိတော့ဘူးလား”

“တောင်းပန်ပါတယ်။ ငါတို့မှာလည်း မွေးရာပါ ရောဂါတွေအတွက် ကုသနည်းလမ်း မရှိဘူး။ ဒါပေမဲ့ ငါတို့ ဆေးဝါးပညာအကူအညီယူပြီး အခြားနည်းကို ထိန်းထားလို့တော့ ရပါတယ်”

“ဒါပေမဲ့လည်း ဈေးက အရမ်းကို ကြီးလိမ့်မယ်။ ကုန်ကျစရိတ်က လတိုင်းလိုလို တအားကို များနေမှာ။ နောက်ပြီး သူ့ကိုလည်း ပုံမှန် စစ်ဆေးမှုတွေ လုပ်ရအုန်းမယ်။ သူရဲ့ ညာဏ်ရည်ကလည်း တအားဆိုးရွားနေတော့လေ။ ငါတို့ စိုးရိမ်တာက …”

ဆရာဝန်ဟာ သူ၏အရှေ့မှ လူငယ်လေးကို ကြည့်ပြီး တွန့်ဆုတ်စွာ ပြောသည်။

သူသည်လည်း ယခုလိုမျိုး အိမ်ခြေရာမဲ့တစ်ယောက်ကို ထို့မျှအထိ ကြင်နာပေးနိုင်သော လူငယ်မျိုးကို မမြင်ဖူးပေ။

ဆေးရုံသို့ ပို့ပြီးနောက် သူနာပြုများကပင် အိမ်ခြေရာမဲ့၏ ကိုယ်ပေါ်မှ အညစ်အကြေးများကြောင့် အနည်းငယ် ရွံ့ရှာနေကြသည်။ သို့သော် ထိုလူငယ်ကမှု အိမ်ခြေရာမဲ့အား အဝတ်အစားလဲရန် ကူညီပေးရုံသာ မကသေးလေဘဲ တစ်ကိုယ်လုံးကိုပင် သုတ်ပေးသေးသည်။

ဒါပေမဲ့

မွေးရာပါ အဆုတ်ရောဂါကို ခံစားနေရပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိနေသော လူတစ်ယောက်အပြင် ငွေကြေးအထောက်အပံ့ မရှိသော လူဟာ သံသယ ဝင်စရာ မလိုလောက်အောင် …

ဟူး

“ကျေးဇူးတင်ပါတယ်။ ဆရာဝန် ငါ နားလည်ပါတယ်”

ဆုပိုင်က နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်ကာ ခေါင်းညိတ်လိုက်သည်။ သူသည် တစ်ဖက်သို့ လှည့်ပြီး ဆေးရုံအခန်းထဲသို့ ကြည့်သည်။

လိမ္မော်ရောင်ကြောင်လေးက ခုတင်၏အရှေ့တွင် တိတ်တဆိတ်လေး ဆောင့်ကြောင့်လေး ထိုင်နေကာ အိမ်ခြေရာမဲ့သူကို ပြင်းပြစွာ စိုက်ကြည့်နေသည်။

ဆုပိုင်က မေးမြန်းပြီးနောက်မှသာ ထို့အိမ်ခြေရာမဲ့သူတွင် နာမည်ပင် မရှိကြောင်း သိလိုက်ရသည်။

သူဟာ တံခါးကို တွန်းဖွင့်ပြီး ဝင်လာသည်။

“မြောင်”

“အခြားနည်းလမ်း မရှိတော့ဘူးလား”

လိမ္မော်ရောင်ကြောင်က ဆုပိုင်ကို ကြည့်ပြီး ခပ်တိုးတိုး ပြောသည်။

“ငါတို့အခု အပြင်ထွက်လို့ ရပြီလား”

“ရတယ်။ သူ နိုးလာတာနဲ့ သွားလို့ရပြီ”

ဆုပိုင်က ခုတင်ဘေးနားတွင် ထိုင်သည်။

“အွန်း”

“မထားခဲ့ ငါ ငါ့ကို မထားခဲ့ပါနဲ့”

ထို့အချိန်တွင် ဆေးရုံခုတင်ပေါ်တွင် လှဲနေသော အိမ်ခြေရာမဲ့လူက ရုတ်တရက် ထထိုင်သည်။ သူဟာ မျက်လုံးကို ပြူးပြီး အော်သည်။

သူသည် မရင်းနှီးသော ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ဘေးဘီကို အလျင်စလို ရှာသည်။ သူဟာ လိမ္မော်ရောင်ကြောင်လေးကို တွေ့လိုက်ရသည့်အခိုက်အတန့်တွင်

“ဟေး ဟေး”

“မင်း မင်း မင်း ငါ့ကို မထားခဲ့ဘူးနော်”

“ကောင်းလိုက်တာ… မင်း မင်း ငါ့ကို သူတို့လိုမျိုး ထား ထား ခဲ့ပြီလို့ ထင်နေတာ”

366 02

“မင်း ငါ့ကို မထားခဲ့ဘူး။ မင်း မင်း ဗိုက်ဆာနေတော့မှာ ငါသိတယ်။ ငါ မင်းစားဖို့ တစ်ခုခု သွားရှာပေးမယ်”

သူဟာ ထို့သို့ ပြောပြီးသည့်နှင့် စောင်ကို ချက်ချင်းမကာ ခုန်ဆင်းရန် ကြံစည်သည်။

“အဝတ်တွေ ဝတ်လိုက်အုန်း”

ဆုပိုင်က ကုလားထိုင်ပေါ်မှ ထပြီး အသစ်စက်စက် ဝယ်လာသည့် အဝတ်များကို ထုတ်ကာ ပေးလိုက်သည်။

“မင်း မင်းလည်း ငါတို့ရဲ့ မိသားစုဝင်ပဲလား”

အိမ်ခြေရာမဲ့သူက တစ်ဖက်သို့ လှည့်ပြီး သူ၏အဝတ်များကို ကြည့်သည်။ ထို့နောက် ရယ်ရင်း ဆုပိုင်ကို မော့ကြည့်သည်။

“ဟူး”

ဆုပိုင်က အသက်ကို ပြင်းပြင်းရှူကာ ခေါင်းကို လေးလံစွာ ညိတ်လိုက်သည်။

“အွန်း ငါလည်း မင်းရဲ့ မိသားစုဝင်ပဲ”

“သွားရအောင်”

လိမ္မော်ရောင်ကြောင်ကို ဖက်ထားရင်းမှ သူသည် အိမ်ခြေရာမဲ့သူနှင့်အတူ ဆေးရုံထဲမှ ထွက်သည်။

ယခုအချိန်အထိ စနစ်ထံမှ တာဝန်ကို သတိပေးသည့် အချက်ပြမှုကို မရသေးသလို ဆုပိုင်သည်လည်း ထိုအိမ်ခြေရာမဲ့သူက ဆိုးရွားသော တစ်စုံတစ်ရာကို ထပ်တွေ့မည်ကို စိုးရိမ်နေမိသည်။

ဆေးရုံတွင် တိတိကျကျ စစ်ဆေးခဲ့ပြီးနောက် ထို့အိမ်ခြေရာမဲ့သူဟာ ပြင်းထန်သော ညာဏ်ရည် ချို့ယွင်းမှုရောဂါကို ငယ်စဉ်ကတည်းက ခံစားခဲ့ရရုံတင်မကသေးလေပဲ အန္တရာယ်အများဆုံး အချက်တစ်ခုဖြစ်သည့် … ပြင်းထန်သော မွေးရာပါ အဆုတ်ရောဂါ ရှိနေခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ကုသ၍လည်း မရနိုင်သလို နေ့စဉ် ဆေးပညာ၏အကူအညီဖြင့်သာ ထိန်းထားရပေမည်။

ဆရာဝန်၏ ပြောစကားအရ ထို့လူဟာ သေသွားခဲ့သင့်သည့်မှာ ကြာပြီ ဖြစ်သည်။ သူသည်လည်း မည်သည့် ဆေးကိုမှ မသောက်ခဲ့ချေ။ ထို့ကြောင့် သာမန်အသိစိတ်အရဆိုလျှင် သူအနေဖြင့် ထိုမျှအထိ အသက်မရှင်သင့်ပေ။

“ဟေး မင်း မင်း မင်း ဗိုက်ဆာလား”

သူ၏အနောက်မှ လိုက်လာသော အိမ်ခြေရာမဲ့သူ၏စကားကို နားထောင်နေတဲ့ ဆုပိုင်က အလွန်အမင်းကို မသက်မသာ ဖြစ်လာသည်။

သူသာ တစ်ဖက်သူကို စနစ်ကို သုံးပြီး ပြန်မခေါ်သွားခဲ့လျှင် သူသည်လည်း အဲတံတားအောက်တွင် သိပ်မကြာခင် သေသွားလောက်သည်။

ဒါပေမဲ့

သူ့ကို အိမ်ပြန်ခေါ်သွားချင်လျှင်လည်း သူဟာ တစ်လလုံးလုံး တိရစ္ဆာန်အပိုင်းအစတာဝန်ကို အသုံးပြုရလိမ့်မည် မဟုတ်ပေ။

“ဟူး”

ဆုပိုင်က အံကိုကြိတ်လိုက်ပြီး ခေါင်းကို လှည့်ကာ ခပ်တိုးတိုး ပြောသည်။

“မင်း ဗိုက်ဆာနေမှာပဲ။ ငါ မင်းကို စားဖို့ ခေါ်သွားပေးမယ်”

ထို့သို့ဖြင့် သူဟာ အဝေးရှိ ဟမ်ဘာဂါဆိုင်သို့ တစ်လှမ်းချင်းစီ ခေါ်သွားပေးလိုက်သည်။

အမျိုးမျိုးသော စားစရာများကို မှာပြီးသည့်နှင့် သိချင်စိတ် ပြင်းပြနေသော လူတစ်ဖွဲ့၏ အရှေ့တွင်ပင် ဆုပိုင်က သူ့ကိုကြည့်ကာ ညှင်သာစွာ ပြုံးပြပြီး ဟမ်ဘာဂါများကို သူ၏အနားသို့ တိုးပေးသည်။

“စား”

သို့ရာတွင် အိမ်ခြေရာမဲ့သူ၏ နောက်ပိုင်း ထပ်လုပ်သော အမှုအပြုက ဆုပိုင်ကို အနည်းငယ် ပဟေဠိ ဖြစ်စေသည်။

366 03

တစ်ဖက်သူသည် ဟမ်ဘာဂါ၏ အပေါ်ပိုင်း ပေါင်မုန့်အသားတစ်လွှာကို ခွာထုတ်လိုက်ပြီး ပါးစပ်ထဲသို့ ထည့်သည်။ ထို့နောက် အတွင်းမှ အသားကို ထုတ်ယူလိုက်သည်။

ထို့နောက် သူသည် ဘေးဘက်ရှိ တစ်ရှုးဖြင့် ဂရုစိုက် ပတ်သည်။

“ဟီး ဟီး မင်း ညပိုင်း ဗိုက်ဆာရင် ဒါကို စားလို့ ရတယ်”

“ငါ ညဘက်ဆိုရင် ရှင်းရှင်းလင်းလင်း မြင်ရတာ မဟုတ်ဘူး။ ဒီတော့ ငါ စားစရာ ထွက်ရှာနိုင်မှာ မဟုတ်ဘူး”

“ဒါပေမဲ့ မစိုးရိမ်နဲ့နော်။ ငါ နေ့ဘက်မှာ အများကြီး ရှာပေးမယ်”

မြောင်

လိမ္မော်ရောင်ကြောင်လေးက အိမ်ခြေရာမဲ့လူ၏ အပြုအမှုကို ကြည့်သည်။ သူဟာ ထို့လူပြောသော စကားကို နားမလည်နိုင်သော်လည်း စိုးရိမ်မှုများကို ခံစားမိနိုင်သည်။

အထူးသဖြင့် သူဟာ အသားလေးများကို တစ်ခုချင်းစီ ဖဲ့ကာ ကျွေးလာချိန်တွင် သူသည် ပင်သက် ရှိုက်လိုက်မိသည်။

“မင်း မင်း သူ့ကို ကယ်နိုင်လား”

သူသည် ကလေးဘဝမှ အရွယ်ရောက်ပြီးသည့်အထိ မည်သူကမှ သူ့ကို ယခုလို မဆက်ဆံ ပေးခဲ့ဖူးချေ။ သူ ငယ်ရွယ်ချိန်က သူ့ကို လှောင်အိမ်ထဲတွင် ပိတ်ထားခဲ့ကြပြီး တစ်စုံတစ်ယောက်က လာဝယ်မည့်အချိန်ကို စောင့်နေခဲ့ရသည်။

သူဟာ ကံကောင်းခဲ့လျှင် သခင်ဖြစ်သူနှင့် အမြဲနေနိုင်ပေလိမ့်မည်။ သူသာ ကံဆိုးခဲ့ပါက ယခုလိုမျိုး အဆုံးသတ်ရနိုင်သည်။

ဒါပေမဲ့

သူသည်လည်း အလွန် ကံကောင်းလောက်သည်။ မည်သို့ပင်ဆိုစေ သူ၏အရှေ့မှ လူနှင့် ဆုံခဲ့သည်။ ထို့အပြင် ဘေးဘက်မှ လူငယ်လေးလည်း ရှိသေးသည်။

နောက်ပြီး သူဟာ အဲဒီ လူငယ်နဲ့လည်း ဆက်သွယ်နိုင်သေးတယ်။

“အွန်း”

ဆုပိုင်က နဖူးကို ပွတ်ပြီး အပြုံးလေးနှင့် ဖြေသည်။

ငါရဲ့ကိုယ်ပိုင် မိသားစုဝင်။

အိမ်ခြေရာမဲ့သူက သူအား မိသားစုဝင်ဟု ပြောသောအခါ ဆုပိုင်သည်လည်း သူ့အား ပြန်ခေါ်သွားရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

သူသည် ညာဏ်ပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ရှိနေသော်လည်း၊ ပြင်းထန်လွန်းသော ရောဂါတစ်ခု ဖြစ်ပျက်နေခဲ့သော်လည်း၊ အခြားသော သူများနှင့် မည့်သို့ ဆက်သွယ်ရမှန်း မသိသော်လည်း။

ဒါပေမဲ့ သူ၏နှလုံးသားက တောက်ပသည်။ ထို့ကဲ့သို့သော သူမျိုးတွင် မကောင်းသော ရည်ရွယ်ချက်မျိုး မရှိနိုင်ပေ။

အဲဒီတိရစ္ဆာန်တွေလို့ပေါ့။ ခံစားချက်တွေက အရမ်းကို စစ်မှန်လွန်းတယ်။

“အွန်း”

ဆုပိုင်က သက်ပြင်းချပြီး အိမ်ခြေရာမဲ့သူကိုကြည့်ကာ ခပ်တိုးတိုး ပြောသည်။

“ငါ မင်းကို အခုကစပြီး ရှောင်ရုန်လို့ ခေါ်ရင် ဘယ်လိုလဲ”

“ရှောင်ရုန် ဟုတ်လား”

တစ်ဖက်သူက အနည်းငယ် မှင်သက်သွားသည်။ ထို့နောက် ရယ်ပြီး ထပ်ခါတလဲလဲ ရေရွတ်နေသေးသည်။

“အား ဒီလို လူကောင်းက ဘာလို့ ကံမကောင်းတာလဲ။ ဒါရိုက်တာ ဆုပိုင်ကြောင့်သာ မဟုတ်ရင် ဒီလူ အသက်မရှင်လောက်ဘူး”

366 04

“ဟုတ်တယ်။ ဒါပေမဲ့ သူတစ်ယောက်တည်း အသက်ရှင်ဖို့ကတင် ခက်ခဲနေပြီးသား။ နောက်ပြီး ဒီလို ကြောင်ကလည်း ရှိနေသေးတယ်။ ဒါ …”

“ဒါရိုက်တာ ဆုပိုင် ရှိတယ်မဟုတ်ဘူးလား။ နောက်ပြီး ဒီအိမ်ခြေရာမဲ့သူကလည်း သူရဲ့ လုပ်နိုင်စွမ်းရည်အတွင်းမှာလည်း တစ်ခုခု လုပ်နိုင်တာပဲလေ။ သူက သာမန်လူတွေလိုလည်း လိမ်ညာတတ်တာမျိုး မဟုတ်ဘူး။ လှည့်ကွက်တွေလည်း မသုံးတတ်ဘူး။ သူက တကယ်ကို အလေးအနက် ထားပြီးလုပ်မှာ”

“အပေါ်က လူပြောတာ မှန်တယ်လို့ ငါ ယုံတယ်။ ဒါပေမဲ့ ဆရာဝန်ပြောတာကို မကြားဘူးလား။ လတိုင်းလိုလို အရမ်းကို ဈေးကြီးလွန်းတဲ့ ဆေးဝါးတွေကို အသုံးပြုဖို့လိုတယ်တဲ့”

“ဒါက ဟုတ်ဟုတ် မဟုတ်ဟုတ် ငါကတော့ ဒီလူရဲ့ ဆေးဝါး ကုသစရိတ်ကို ပေးလို့စိတ်ရှိတယ်။ သူ့ကို ကြည့်ရတာ အရမ်း သနားဖို့ကောင်းတယ်လေ။ ဒီလိုမျိုး တိရစ္ဆာန်လေးတွေအပေါ်မှာ အရမ်းကြင်နာတတ်တဲ့လူမျိုးက ဒီလို မဖြစ်သင့်ဘူး”

…

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများက အိမ်ခြေရာမဲ့သူဟာ ခြောက်ကပ်သော ပေါင်မုန့်သားကိုသာ ဝါးစားနေသည့်အား ကြည့်ရင်း မျက်လုံးများက နီလာကြသည်။ တစ်ခါတစ်ရံတွင် ကံကြမ္မာဟာ မမျှတပေ။

ထို့မျှအထိ ဘဝကို ခက်ခဲစွာ ရှင်သန်နေထိုင်ရသော သူက ထို့မျှကြင်နာတတ်သော အကျင့်စရိုက်မျိုး ထိန်းထားနိုင်သေးသည်။ ထို့အပြင် ကိစ္စများဟာ ခက်ခဲလျှင်ပင် ဘယ်သောအခါမှ အထွန့် မတတ်တတ်ပေ။ ထို့အခြေအနေက လူတိုင်းက သူ့အား လေးစားမိစေသည်။

ညာဏ်ရည်ချို့ယွင်းမှု ရောဂါလည်း ရှိနေသေးပြီး ပြင်းထန်လွန်းသော မွေးရာပါ အဆုတ်ရောဂါကို ဖြစ်နေသော ထိုလူကပင် ထိုသို့ လုပ်နိုင်ခဲ့လျှင် သာမန်လူများကလည်း …

+++++

All Chapters