အခန်း (၃၆၇-၃၆၉)
Vol. 25 Ch. 367-369
အခန်း 367
“ဗိုက်ပြည့်ပြီလား”
ပေါင်မုန့်တစ်ခုလုံး စားပြီးကြောင်း မြင်သောအခါ ဆုပိုင်က ထရပ်လိုက်ပြီး သူ့အား ဟမ်ဘာဂါဆိုင်ထဲမှ ခေါ်ထုတ်လာသည်။
ထို့နောက် တံတားအောက်ဘက်သို့ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်ကြသည်။
သူသည် လမ်းတွင် လူအများစုက ဆုပိုင်နှင့် အိမ်ခြေရာမဲ့သူကို မျက်မှောင် ကြုတ်ကာ ခပ်ဝေးဝေးမှ သွားကြသည်။
“ဟူး”
ရုတ်တရက် ဆုပိုင်က တစ်စုံတစ်ယောက်က အနောက်ဘက်မှ ဆွဲလာသလို့ ခံစားရသဖြင့် လှည့်ကြည့်လိုက်သောအခါ ရှောင်ရုန်က စိတ်ရှုပ်ထွေးစွာ ကြည့်နေကြောင်း မြင်ရသည်။
“ငါ ငါ ငါတို့ က ညစ် ညစ် ညစ်ပတ်တယ်။ သူ သူ သူတို့က ဝေး ဝေး ဝေးနေကြမှာ။ မင်း မင်း မင်းလည်း အပြော အပြောခံ ခံ ခံရလိမ့်မယ်”
“ငါတို့ မင်းကို … အဆူ အဆူ အဆူ မခံချင်ဘူး”
သူဟာ ထို့သို့ ပြောပြီးနောက် လမ်း၏ အတွင်းဘက်ခြမ်းသို့ ညွှန့်ပြသည်။
“အွန်း ကောင်းပြီ”
ဆုပိုင်က အံကို ကြိတ်လိုက်ပြီးနောက် အတွင်းဘက်ခြမ်းမှ သွားသည်။ အိမ်ခြေရာမဲ့သူက အပြင်ဘက်ခြမ်းမှ လျှောက်၏။
တံတားသို့ သွားသည့် လမ်းတောက်လျှောက် ဆုပိုင်သည် ရှောင်ရုန်ကို မဖျောင်းဖျနိုင်ခဲ့ဘဲ စောင်နှင့်အတူသာ လဲချလိုက်ရသည်။
ယခုအချိန်အထိ စနစ်က မည်သည့်အချက်ပေးသံမှ မထွက်လာချေ။ သူဟာ ထို့အိမ်ခြေရာမဲ့သူကို ပြန်ခေါ်သွားရန် ဆုံးဖြတ်ပြီးသည့်တိုင်အောင် တာဝန်က မပြီးမြှောက်သေးချေ။
“နောက်ပိုင်း ပိုပြီး ကြီးလေးတဲ့ ကိစ္စတွေ ရှိလာမှာ မို့လို့လား”
ဆုပိုင်က မျက်မှောင် ကြုတ်လိုက်သည်။
သူဟာ ခေါင်းကို လှည့်ပြီး လိမ္မော်ရောင်ကြောင်လေးကို ပိုက်၍ ကျောက်တုံးပေါ်တွင် ထိုင်နေသော ရှောင်ရုန်ကို ကြည့်သည်။ တစ်ဖက်သူက တစ်ယောက်တည်း ရေရွတ်နေသည့်ကိုလည်း နားထောင်နေရင်း ဆုပိုင်က တစ်ညလုံး မအိပ်စက်ရသေးသည့်အလျှောက် ငိုက်မှေးကာ အိပ်ပျော်သွားသည်။
“ငါရဲ့နာမည်က ရှောင်ရုန်၊ တွေ့ရတာ ဝမ်းသာပါတယ်”
“အခုကစပြီး ရှောင်ရုန်က ဘာရှိရှိ မင်းကို အကုန်ပေးမယ်”
“ဟေး ငါလေ အဲဒီအသားကို ခိုးပြီး ဝှက်ထားတာ သိလား။ စားချင်လား”
“အား…”
“အား ငါ မေ့နေတာ မင်း မင်း မင်းလည်း ရေလိုတာပဲ မှတ်လား။ မင်းအတွက် ရေသွားယူပေးမယ်”
ဆုပိုင်က အိပ်ပျော်ပြီးနောက် ရှောင်ရုန်က လိမ္မော်ရောင်ကြောင်လေးကို မြေပြင်ပေါ် ချသည်။ ထို့နောက် တံတားအောက်မှ ခပ်မြန်မြန် ပြေးထွက်သွားသည်။
“မြောင်”
လိမ္မော်ရောင်ကြောင်က ဆုပိုင်ကို ကြည့်သည်။ ထို့နောက် တစ်ဖက်သူ၏အနောက်မှ ပြေးလိုက်သွားလိုက်သည်။
367 02
…
အချိန်တွေ ကြာပြီးနောက်
ဆုပိုင်က မျက်လုံးကို ဖြည်းဖြည်းချင်းစီ ဖွင့်ကာ ဘေးဘီကို ကြည့်သည်။ ထို့အခါ ရှောင်ရုန်နှင့် ကြောင်လေးက ပျောက်နေတာ မြင်သောအခါ သူသည် ရုတ်တရက် စောင်ထဲမှ ထထိုင်သည်။
“ရှောင်ရုန်”
အပြင်ဘက်က မည်းမှောင်နေပြီ ဖြစ်သည်။
သူဟာ အော်ဟစ်နေပြီးသည့်တိုင်အောင် အချိန်တွေ ကြာသည့်အထိ တုံ့ပြန့်သံကို မကြားရချေ။ ထို့ကြောင့် ဆုပိုင်ကလည်း တံတားအောက်ဘက်မှ ပြေးထွက်လာလိုက်သည်။
သူဟာ တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်မှ ကောမန့်များကို ကြည့်ပြီး မျက်မှောင်ကို ကြုတ်သည်။
“ဒါရိုက်တာ ဆုပိုင် မင်း နောက်ဆုံးတော့ နိုးပြီးပေါ့။ မြန်မြန်လေး သွားလိုက်ပါအုန်း။ မင်းသာမသွားရင် လူသေတော့မယ်”
“အဲဒီသားရဲကောင်တွေက သေအောင် ရိုက်သတ်ခံရသင့်တာ။ ငါ့ကို အရမ်း ဒေါသထွက်စေတာပဲ”
“ဒါရိုက်တာဆုပိုင် မြန်မြန်လေး သွားလိုက်အုန်း။ တစ်ယောက်ယောက်ကလေ အဝေးနားက အသားကင်ဆိုင်မှာ လိမ္မော်ရောင်ကြောင်ကို ကင်တော့မှာ။ မင်းသာ နောက်ကျသွားရင် ရှောင်ရုန်က တစ်ယောက်တည်း ခံရလိမ့်မယ်”
“ဟုတ်တယ်။ မြန်မြန်သွား”
“ဒါကို ကြည့်ရတာ အရမ်းကို ရင်နာစရာပဲ။ ဘယ်လိုကြောင့်များ ဒီလောက် သားရဲဆန်တဲ့ လူတွေက ရှိနေရတာလဲ ဟမ်။ သူတို့ကို ထိန်းချုပ်မဲ့ လူမျိုးတွေက မရှိတော့ဘူးလား။ ဘယ်လိုတောင် ဒီလိမ္မော်ရောင်ကြောင်ကို ကင်စားမှာလဲ”
“အား ငါ သည်းမခံနိုင်တော့ဘူး။ ငါ ဒီလူတွေကို သေအောင် ရိုက်တော့မယ်”
…
ဆုပိုင်က အိပ်ပျော်သွားချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကင်မရာက ရှောင်ရုန်နှင့် လိမ္မော်ရောင်ကြောင်နောက်သို့ လိုက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကလည်း ထို့နှစ်ယောက်အကြောင်း သိချင်စိတ် ပြင်းပြစွာ ကြည့်နိုင်ခဲ့သည်။
သို့သော် …
လူသူရှင်းလင်းသော အသားကင်ဆိုင်နားမှ ဖြတ်သွားသောအခါ
သန်မာသော လူတစ်ယောက်က လိမ္မော်ရောင်ကို ကောက်ကိုင်ပြီး သူ ကင်စားချင်ကြောင်း ပြောသည်။
လူတိုင်းကလည်း ရှောင်ရုန်ဟာ အလွန်အမင်း ကြောက်နေတာ မြင်သာသည့်တိုင်အောင် သူသည် အရှေ့သို့ ရဲဝံစွာ ပြေးထွက်ခဲ့သေးသည်။
သို့သော် အိမ်ခြေရာမဲ့သူတစ်ယောက်က လူထွားကြီးများကို မယှဉ်နိုင်ပေ။
ထို့လူတစ်အုပ်က ကီးဘုတ်ပေါ်တွင် ချက်ချင်းရိုက်ပြီး ဆုပိုင်ကို ခပ်မြန်မြန် နိုးစေရန် လှုံဆော်နေရသည်။
“အရူးပဲ”
ဆုပိုင်က ခပ်တိုးတိုး ရေရွတ်ပြီးနောက် တံတားအောက်မှ ပြေးထွက်ခဲ့လိုက်သည်။
ဖြန်း ဖြန်း ဖြန်း
သန်မာသော လူကြီးတစ်ယောက်က လက်ထဲတွင် ဘီယာပုလင်းကို ကိုင်ထားရင်း ရှောင်ရုန်၏ခေါင်းကို ရိုက်ခွဲကာ နီရဲသော မျက်နှာဖြင့် နောက်နေသည်။
“ဘာ ဒါက မင်းရဲ့ကြောင် ဟုတ်လား”
367 03
“ငါက မင်းရဲ့ကြောင်ကို ကင်စားတာ ဘာဖြစ်လဲ။ မင်းကဒီအတိုင်း အိမ်ခြေရာမဲ့တစ်ကောင်ပဲ ဟမ်။ မင်းက ဘယ်ရက်သေမှန်းတောင် မသိတဲ့အကောင်။ ဟား ဟား ဟား ဒါကို မင်းရဲ ကြောင်လို့ ပြောရဲသေးတယ် ဟုတ်လား”
“မင်း ခဏနေရင် ထွက်သွားခွင့် မရှိဘူး။ လိမ္မော်ရောင်ကြောင် ကင်ပြီးတဲ့အခါ ငါနဲ့အတူ စားပေါ့”
“ဖက်စ့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိတဲ့ အိမ်ခြေရာမဲ့ကောင်တစ်ကောင်ကများ ထရပ်လာပြီး ငါတို့ကို ဒီလိုစကား ပြောလာရဲတယ်။ အသက်ရှင်ရတာ ပင်ပန်းနေတာ ဖြစ်မယ်”
သန်မာသော လူကြီးတစ်ယောက်က ရှောင်ရုန်၏ကျောကို ခပ်ကြမ်းကြမ်း ဆောင့်ကန်လိုက်ပြီး အပေါင်းအဖော်များနှင့်အတူ ရယ်နေသည်။
“မင်း သူ သူ သူက ငါရဲ့ မိသားစု…”
“ငါ တောင်းပန်… ငါ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး သူ သူ့ကို မကင်ပါနဲ့ ဟုတ်ပြီလား”
“ငါ့ ငါ့ကို ကင်ပါ။ ငါ ငါရဲ့ မိ မိသားစုဝင် ကို မကင်ပါနဲ့။ ရှောင် ရှောင် ရုန် မှာလေ သူ သူပဲရှိတာ”
ရှောင်ရုန်က သွေးအပြည့်အန်ထုတ်လိုက်ရင်း သန်မာသော လူကြီး၏လက်ထဲတွင် ရုန်းကန်နေသေ လိမ္မော်ရောင်ကြောင်လေးကို ကြည့်သည်။ ထို့နောက် မြေပြင်မှ ကုန်းထပြန်သည်။ သို့သော် သူ၏ကိုယ်က တုန်ယင်နေ၏။
“မြောင်”
လိမ္မော်ရောင်ကြောင်လေးကလည်း တစ်ကိုယ်လုံးသွေးများ စိုရွှဲနေသော ရှောင်ရုန်ကို ကြည့်ပြီး နှာခေါင်းလေး ရှုံသည်။ သူ၏အမွှေးများက ထောင်တက်နေပြီး ပါးစပ်ကို ဟကာ သူ၏ကိုင်ထားသည့် လက်ကြီးကို ကိုက်သည်။
“ဗွီ”
သူဟာ အသားတစ်စကိုပင် ဆွဲကာ ကိုက်ဖြတ်လိုက်သည်။
“အား”
လူသန်မာကြီးက နာကျင်စွာ အော်သည်။
ဘန်း
“မြောင်”
သူဟာ လိမ္မော်ရောင်ကြောင်ကို ခပ်မြှင့်မြှင့် မြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ ဆောင့်ပစ်လိုက်သည်။
ထို့နောက် ခြေထောက်ကိုပင် မြှောက်ကာ တက်နင်းရန် ကြိုးစားလေသည်။
“မလုပ်ပါနဲ့”
ရှောင်ရုန်က အော်ဟစ်ပြီး အရှေ့သို့ အပြေးဝင်လာသည်။
သူဟာ သွေးတစ်တုံးကို အန်ထုတ်လိုက်သေးသည်။ သူ့ခန္ဓာကိုယ်ကို သုံးကာ လိမ္မော်ရောင်ကြောင်ကို ခပ်တင်းတင်း ဖက်လိုက်သည်။
“မ မ မ မကြောက်နဲ့နော်။ ငါ ငါရဲ့ ငါရဲ့ မိသားစုဝင်ကို နာကျင်အောင် မလုပ်ပါနဲ့”
“ဝူး ဝူး ကျေးဇူးပြုပြီး ငါ့ကို ငါ့ ငါ့ကိုပဲ ရိုက်ပါ။ သူ့ သူ့ကို မလုပ်ပါနဲ့”
“အဆင်ပြေ အဆင်ပြေတယ်နော်။ ရှောင် ရှောင်ရုန်ကလေ မ မနာဘူးနော်”
သန်မာသော လူကြီးက သူ၏လက်မှ ဒဏ်ရာကို ကြည့်ပြီး အံကိုကြိတ်သည်။ ထို့နောက် အောက်ဘက်မှ အော်ဟစ်နေသော အိမ်ခြေရာမဲ့ကို ဒေါသတကြီး ကြည့်လိုက်သည်။
“သေစမ်း ငါ ကာကွယ်ဆေးထိုးဖို့ လိုသွားပြီ။ ဒါတွေ အားလုံးက မင်းကြောင့်ပဲ ဟမ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကြောင်က ဒီနေ့ သေကို သေရမယ်”
ဝေါင်း
သူဟာ ချက်ချင်းဆိုသလိုပင် အပေါင်းအဖော်များကို လှမ်းပြီး လက်ရမ်းပြလိုက်သည်။ သူတို့ကလည်း ထို့အိမ်ခြေရာမဲ့လူကို စတင်ကာ ဝိုင်းလိုက်ကြသည်။
ထိုရှောင်းရှောင်ဆိုင်အနားတွင် စားသောက်နေသော လူတစ်အုပ် ရှိနေပြီးသား ဖြစ်သည်။
လူအများစုသည်လည်း သနားတသ ဖြစ်နေသာ မျက်နှာမျိုးဖြစ်နေသေးသည့်တိုင်အောင် မည်သူကမှ အရှေ့ထွက်ပြီး မကူညီပေးကြချေ။
++++++
368 01
အခန်း 368
“ဟေး ရှောင်းရှောင်ရဲ့ သူဌေးက ဘယ်ရောက်သွားတာလဲ။ မြန်မြန်လေးသွားပြီး သူတို့ကို တားလိုက်အုန်း။ သူတို့က အိမ်ခြေရာမဲ့ကြောင်တစ်ကောင်အတွက်နဲ့ ဒီလောက်အထိ တိုက်ခိုက်နေမယ်ဆိုရင် လူသေသွားလိမ့်မယ်”
“ဟုတ်တယ်။ သူတောင်းစား သူတို့ကို ကြောင်ပေးလိုက်စမ်းပါ။ မဟုတ်ရင် သူ သေလိမ့်မယ်”
“လုံခြုံရေးတွေဆီကို အကြောင်းမကြားဘူးလား”
“ငါ အကြောင်းကြားထားပြီးသား။ ဒါပေမဲ့ ရောက်လာဖို့အတွက် အချိန်ကြာအုန်းမှာ”
“…”
မကြည့်ရက်သော လူအများစုက ရှေ့ထွက်ပြီး ဖျောင်းဖျပေးရန် ကြိုးစားသည်။ အိမ်ခြေရာမဲ့လူအား လိမ္မော်ရောင်ကြောင်ကို ပေးလိုက်ရန် ပြော၏။
“ဝူး ဝူး ဝူး အား အား အား ငါ ငါ ငါရဲ့ မိသားစုကို မလုပါနဲ့”
“မဟုတ်ဘူး။ မဟုတ်ဘူး”
“ငါ မင်းကို ယူသွားခွင့် မပြုဘူးနော်။ ငါ မင်းကို ယူသွားခွင့် မပြုဘူး”
ရှောင်ရုန်က မြေပြင်တွင် ကွေးနေပြီး ကြောင်လေးကို ခပ်တင်းတင်း ဖက်ထားသည်။
သူသည် အနားပတ်ဝန်းကျင်မှ ဆူညံနေသော အသံများကို ကြားသော်လည်း ထို့လူများက သူအား ကြောင်ကို ပေးစေချင်နေသော်လည်း
ဒါပေမဲ့ ဒါက သူရဲ့မိသားစုဝင်လေ။
သူ ဒီလောက် အချိန်အကြာကြီး ဒီလောက် တစ်ယောက်တည်း နေခဲ့ပြီးတဲ့နောက်မှာ ပထမဦးဆုံး ရလာတဲ့ မိသားစုဝင်။
“မဟုတ်ဘူး။ ငါ မင်းကို မပေးဘူး။ ငါ ငါ မင်းကို ကာကွယ်မှာ။ ရှောင်ရုန်ကလေ ရှောင်ရုန်က မင်းကို ကာကွယ်မှာ”
ရှောင်ရုန်သည် အံကိုကြိတ်ထားပြီး ခပ်တိုးတိုး ရေရွတ်သည်။ ထို့နောက် တစ်ချက်အောင်ရင်း ရုတ်တရက် မြေပြင်မှ ကုန်းထကာ လူသန်မာကြီးများကို စိုက်ကြည့်သည်။ သူ၏ မျက်လုံးက နီရဲနေသည်။
“မင်း”
“ငါရဲ့ မိသားစုဝင်ကို ထပ်ပြီး ခိုးဖို့ ကြိုးစားရင်”
“ငါ မင်းတို့ကို ဒီနေ့သတ်မယ်”
ထို့အချိန်တွင် လူသန်မာကြီးများက အိမ်ခြေရာမဲ့လူကိုကြည့်ကာ ကြောက်ရွံ့မှုဖြင့် နောက်ဆုတ်သွားကြသည်။
သူ၏မျက်လုံးများက သွေးရောင် ပြောင်းလဲနေသည်။ သွေးများဆက်တိုက် စီးကျနေသော မြင်ကွင်းက သူ၏မျက်နှာကို ခက်ထန်စေသည်။
“ဟား ဟား အရူးက ငါတို့ကို သတ်မယ်တဲ့”
“ညီအစ်ကိုတို့ လာ လာ လာ သူ့ကို အဝတ်တွေ ချွတ်လိုက်ပြီး သစ်ပင်ပေါ်မှာ တွဲလောင်းချည်ထားရအောင်”
“သေစမ်း လုံခြုံရေးအဖွဲ့ဝင်တွေ လာတဲ့အခါ ဒီအိမ်ခြေရာမဲ့ကြောင်က ငါတို့ရဲ့ စားစရာကို ခိုးသွားတယ်လို့ ပြောရမယ်။ သူတို့က သာမန်လူကို ယုံမလား။ ဒီအရူးကို ယုံမလားဆိုတာ ကြည့်ကြရအောင်”
ခေါင်းဆောင် သန်မာသော လူကြီးက အံကို ကြိတ်လိုက်ပြီး အော်ဟစ်ကာ အရှေ့သို့ အပြေးတက်လာသည်။
“မြောင်”
368 02
လိမ္မော်ရောင်ကြောင်က ရုတ်တရက် ရှောင်ရုန်၏ လက်မောင်းထဲမှ ခုန်ထွက်လိုက်သည်။ သူ၏လိမ္မော်ရောင်အမွှေးများက သွေးများ စွန်းထင်းနေသည်။ ထို့အမွှေးများကလည်း ထောင်ထွက်နေလေပြီး ရှောင်ရုန်၏အရှေ့တွင် ရပ်ကာ စူးရှသော အော်သံများ ထုတ်သည်။
“ဟမ် ဆူညံတဲ့ ကြောင်။ ငါ မင်းကို ဒီနေ့ သေအောင် ချေမွ ပစ်မယ်”
လူသန်မာကြီးက အော်ဟစ်ရင်း ခြေထောက်ကို မြှောက်ကာ ဆောင့်ကန်သည်။
“လုပ်ရဲလား”
ထို့အခိုက် လူအုပ်ထဲမှ အော်သံထွက်လာသည်။
လူငယ်တစ်ယောက်က အပြေးထွက်လာပြီးနောက် ရှောင်ရုန်ကို ဘေးဘက်သို့ ဆွဲပို့လိုက်ပြီး ခန္ဓာကိုယ်မှ ဒဏ်ရာများကို စစ်ဆေးကြည့်သည်။
အထူးသဖြင့် ဘီယာပုလင်းကြောင့်ဖြစ်သော ပြင်းထန်သည့် ဒဏ်ရာကို မြင်လိုက်သည့်နှင့် ဆုပိုင်၏အမှုအရာက အလွန်အမင်း သုန်မှုန်သွားသည်။
“ပြန်လာခဲ့”
ဆုပိုင်က လိမ္မော်ရောင်ကြောင်ကို လှမ်းအော်လိုက်သည်။ ထို့နောက် အရှေ့မှ လူသန်မာကြီးများကို ကြည့်ပြီး အံကြိတ်ကာ ပြောသည်။
“သားရဲတစ်သိုက်ပဲ”
“ဟွန်း အား ဖြောင့်မတ် မှန်ကန်မှု အပြည့်နဲ့ ထွက်လာရဲတဲ့ လူတွေ ရှိနေသးတာပဲ။ လာ လာ လာ ညီအစ်ကိုတို့ သွားရအောင်”
သန်မာသော လူကြီး၏ မျက်လုံးက အနည်းငယ် မှေးကျဉ်းသွားပြီး အော်ဟစ်လိုက်သည်။ အနောက်မှ လူတစ်ဖွဲ့က အနီးဝန်းကျင်မှ ထိုင်ခုံများကို ကောက်ကိုင်ပြီး ပြေးထွက်လာကြသည်။
“လူငယ်လေး အခု ထွက်သွားတော့နော်။ မင်း ဒီလူတွေကို သွားမရှုပ်နဲ့”
“အိုး ဘယ်သူက သူတို့ကို တားရဲမှာလဲ။ တကယ်သာ တိုက်ခိုက်မယ်ဆိုရင် လူသေတော့မှာပဲ”
“အား အား ငါတော့ ဒါကို မကြည့်ရက်တော့ဘူး”
အနီးအနားတွင် ရပ်နေသော လူများက ဆုပိုင်၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို ကြည့်၍ သူတို့၏မျက်လုံးကပင် နာကျင်လာသလို့ ဖြစ်လာသည်။
ဆုပိုင်က သူ၏နဘေးမှ ဘီယာပုလင်းကို ကောက်ကိုင်လိုက်သည်။ သူ့ကို ကောက်ပစ်လိုက်သည့် ကုလားထိုင်ကို ရှောင်လိုက်ပြီး ထို့သန်မာသော လူကြီး၏ခေါင်းကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်သည်။
ဘီယာပုလင်းက ကွဲသွားပြီးနောက် တစ်ဖက်သူကို ဆောင့်ကန်လိုက်သည်။
ထို့နောက် သူသည်လည်း တစ်ဖက်လူက ကောက်ပစ်လိုက်သော ဘေးဘက်ခြမ်းမှ ထိုင်ခုံကို လက်တစ်ဖက်တည်းဖြင့် ကောက်ကိုင်လိုက်သည်။ ထို့နောက် သူ၏လက်ထဲမှ ဘီယာပုလင်းအကွဲနဲ့အတူ သန်မာသော လူကြီးတစ်ယောက်၏ ရင်ဘတ်ကို ထိုးပစ်လိုက်သည်။
ထို့နောက် သူ၏အရှေ့တွင် သန်မာသော လူနှစ်ယောက်သာ ကျန်တော့လေသည်။ ဆုပိုင်က ဘီယာပုလင်းအကွဲကို တစ်ဖက်သူ၏ဗိုက်ထဲမှ ပြန်လည်ဆွဲလိုက်ပြီးနောက် မြေပြင်ပေါ်တွင် လဲကာ အော်ညည်းနေသည့် လူသန်မာကြီး နှစ်ယောက်ကို ကြည့်သည်။ ထို့နောက် တစ်လှမ်းချင်းစီ ချဉ်းကပ်သွားလိုက်၏။
“မင်းတို့က သားရဲတစ်သိုက်ပဲ။ အိမ်ခြေရာမဲ့တစ်ယောက်လောက်ကိုတောင် မလွှတ်ပေးဘူး ဟမ်။ သူက မင်းတို့ကို အရင်ရန်စခဲ့လို့လား”
“အား”
“သေစမ်း”
ဆုပိုင်က တစ်ချက် အော်ဟစ်လိုက်ပြီး အရှေ့ဘက်သို့ ခပ်ကြမ်းကြမ်း လက်သီးဖြင့် ထိုးသည်။
ခရက်စ့်
368 03
သူဟာ သန်မာသော လူကြီးတစ်ယောက်ကို ဆောင့်ကန်လိုက်ပြီးနောက် ခြေသလုံးပေါ် တက်နင်းသည်။ ထို့နောက် အရိုးကျိုးသံက ထွက်လာပြီး အရိုးစုများပင် ငေါထွက်လာသည်။
“မင်း မင်း မလာနဲ့နော်”
“ဒီနားကို မလာပါနဲ့။ လုံခြုံရေး၊ လုံခြုံရေးတွေ ရောက်လာတော့မှာ မင်း မင်း ထောင်ထဲဝင်ရလိမ့်မယ်။ အနားကို မလာနဲ့”
“အား”
နောက်ဆုံးကျန်သည့် ဖျော့တော့သောမျက်နှာဖြင့် လူသန်မာကြီးကို ကြည့်လိုက်ပြီး ဆုပိုင်က အံကိုကြိတ်သည်။ သူသည် သူ၏ဆံပင်ကို တစ်ချက်သပ်တင်လိုက်ပြီးနောက် မျက်လုံးကို မှေးကျဉ်းကာ သုန်မှုန်စွာ ပြောသည်။
“မင်းက ကြောင်ကို စားချင်တာ မဟုတ်ဘူးလား”
“ကြောင်ကို စားချင်တယ် မှတ်လား ဟမ်”
ဖူး ဖူး ဖူး
သူဟာ သူ၏လက်ထဲမှ ဘီယာပုလင်းအကွဲ၏ ချွန်ထက်နေသော အပိုင်းကို သုံးပြီး ထို့သန်မာသော လူကြီး၏ ပါးစပ်ထဲသို့ ထိုးထည့်ကာ ဆောင့်ကန်သည်။
ဆုပိုင်သည် ရှောင်ရုန်၏ နဘေးသို့ အပြေးပြန်သွားလိုက်ပြီး သူ့ကို ညှင်သာစွာ ထူမပေးသည်။ ထို့နောက် စိတ်ဓာတ်ကျသလို ပြောသည်။
“မင်း အဆင်ပြေရဲ့လား”
“စကားမပြောနဲ့။ ငါ မင်းကို ဆေးရုံကို ချက်ချင်း ခေါ်သွားပေးမယ်။ အဆင်ပြေသွားလိမ့်မယ် ဟုတ်ပြီလား”
“ဟေး ဟေး ငါ အဆင်ပြေတယ်။ သူ သူ အဆင်ပြေရင် ပြီးတာပဲ”
“ငါ မင်းကို ပြောတယ်။ ငါ မင်းကို ကောင်းကောင်း ဂရုစိုက်မယ်လို့လေ။ မင်း အဆင်ပြေတယ် မဟုတ်လား”
“ရှောင်ရုန် ရှောင်ရုန်က စိတ်အေးပါပြီ”
ရှောင်ရန်က ရယ်သည်။ ပါးစပ်မှ သွေးများ စီးကျလာသည်။
“မြောင်”
“မလိုချင်ဘူး”
လိမ္မော်ရောင်ကြောင်လေးက ရှောင်ရုန်၏ ဘေးနားတွင် လှဲပြီး စူးရှစွာ အော်သည်။
ဘာလို့ ဒီလူတွေက ဒီလို လုပ်ရတာလဲ။
သူတို့ကလည်း ဒီလူတွေကို ရန်မစဘူးလေ။ ဘာလို့ သူတို့ကို ဒီလို လုပ်ရတာလဲ။
ဒီလောက် အနားမှာ လူတွေ အများကြီး ရှိနေတာ သူတို့က နည်းနည်းလေး တားမြစ်ပေးမဲ့ စကားလေး ပြောပေးပါရောလား။
တစ်ခွန်းမှ မပြောကြဘူး။
“ဝူး”
ထို့အချိန်တွင် စူးရှသော လေချွန်သံက ထွက်လာသည်။
ယူနီဖောင်းများနှင့် လုံခြုံရေးအစောင့်များက ပြေးဝင်လာကြသည်။ ခေါင်းဆောင် အသက်လတ်ပိုင်း လူကြီးက ဘေးနားတွင် လဲကျနေသော လူများကို ကြည့်ပြီး လေးနက်သော အသံဖြင့် အော်သည်။
“အားလုံးကို ဆေးရုံကို ခေါ်ပြီး ပတ်တီးစည်းပေးလိုက်။ နောက်ပြီး သူတို့အားလုံးကို ပြန်ခေါ်ခဲ့”
သိပ်မကြာခင် အချိန်တွင် လုံခြုံရေးဝန်ထမ်းတစ်ဖွဲ့က အနောက်ဘက်မှ အပြေးထွက်လာပြီး ဆုပိုင်တို့အားလုံးကို ကားထဲသို့ ထည့်ခေါ်သည်။
သန်မာသော လူများကိုလည်း သယ်သွားကြသည်။
368 04
“ရှေးခေတ်ကာလမှာ ဒီလိုလူမျိုးတောင် ရှိနေပြီလား။ တကယ်ကို ဆိုးသွမ်းတဲ့ ကောင်တွေပဲ။ ဘာလို့ လူသားတွေရဲ့အရည်အသွေးက ဒီလောက်အထိ နိမ့်ကျနေတာလဲ”
“တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ပေါ်လာသမျှ အရာအားလုံးက စစ်မှန်လောက်တယ်။ ဒါပေမဲ့ အတိတ်က ဒီလို ရက်စက်လွန်းတဲ့ လူမျိုးတွေ ရှိမယ်လို့တော့ မထင်ထားဘူး”
“တိရစ္ဆာန်တွေ မျိုးတုန်းသွားတာ မအံဩတော့ပါဘူး။ လမ်းပေါ်မှာ ကြောင်တစ်ကောင်ကို မြင်တဲ့အခါ သူ့ကို ဖမ်းဆွဲပြီး ကင်ဖို့ ကြိုးစားတယ်။ ဟုတ်လား။ တိရစ္ဆာန်တွေကို ကာကွယ်ပေးတာမျိုးတွေ မရှိတော့ဘူးလား။ အရမ်း သနားဖို့ကောင်းတာပဲ။ တွေးကြည့်စမ်းပါ။ ဒီနေ့မှာသာ အခြားလေလွင့်ကြောင်တစ်ကောင်ဆိုရင် ရှောင်ရုန်ကသာ မရှိခဲ့ရင် တကယ်ကို အကင်ခံပြီး အစားခံရတော့မှာ”
“တိရစ္ဆာန်တွေ သူတို့မှာလည်း အသက်ရှိတာပဲ။ ဒါပေမဲ့ ဘာလို့ ဒီလောက်အထိ အဖြစ်ဆိုးကြတာလဲ”
“ဒါရိုက်တာဆုပိုင် အဆင်ပြေဖို့ မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူအခု အင်အားအများကြီး သုံးမိလိုက်တာလေ”
“အဆင်ပြေမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီလူတွေက အရင် စတာလေ”
“ဒါပေမဲ့လည်း ရှောင်ရုန်က အိမ်ခြေရာမဲ့ဆိုတာကို မမေ့နဲ့အုန်း။ ဒီလုံခြုံရေးတွေက အိမ်ခြေရာမဲ့ရဲ့အသက်ကို ဂရုစိုက်မှာတဲ့လား။ နောက်ပြီး ပတ်ဝန်းကျင်က လူတွေကလည်း ဒီအိမ်ခြေရာမဲ့သူရဲ့ အသက်ကို ဂရုမစိုက်ဘူးလို့ ပြောနေကြတာလေ”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရှိသူများကလည်း ရှောင်ရုန်ဟာ သွေးများ စိုရွှဲနေသည့်တိုင်အောင် ကားထဲသို့ ဆွဲတင်ခံရသည့်အား ကြည့်၍ သူတို့၏နှလုံးသားက လည်ချောင်းတွင် လာတစ်နေသလို့ ခံစားနေရသည်။
++++++
369 01
အခန်း 369
ဒီလုံခြုံရေးတွေက ဒီအိမ်ခြေရာမဲ့လူကို အလေးအနက် ထားပါ့မလား။
အားလုံးက စိုးရိမ်နေကြသည်။
ယခုဖြစ်သွားခဲ့သော ရန်ပွဲတွင် ထို့လူများက စတင် ကျူးလွန်ခဲ့ခြင်း ဖြစ်ပြီး အနီးအနားရှိ လူပေါင်းများစွာက ဝင်ရောက်မရပ်တည်ပေးခဲ့သောအချက်ကတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှ လူများသည်လည်း ရှောင်ရုန်ကို မည်သူကမှ အလေးအနက် မထားကြောင်း မြင်နိုင်သည်။
သူတို့ကသာ သနားစိတ်အပြည့်နှင့် ရှောင်ရုန်အား ထွက်သွားရန် ဖျောင်းဖျကြသည်။
“ရတယ်။ မစိုးရိမ်နဲ့”
ဆုပိုင်က ရှောင်ရုန်၏ ဘေးနားတွင် ထိုင်ပြီး သူ၏လက်ကို ကိုင်ကာ ခပ်တိုးတိုး ပြောသည်။
“ငါတို့ အားလုံး အဆင်ပြေမှာ”
ထို့အချိန်တွင် အရှေ့ဘက်တွင် ထိုင်နေသော လုံခြုံရေးအစောင့်ကြပ်က အေးစက်စွာ နှာခေါင်းရှုံပြီး သုန်မှုန်သော လေးသံနှင့် ပြောသည်။
“ပြောဖို့ကတော့ လွယ်တယ်”
“မင်း သူတို့ကို ဘယ်လောက်အထိ ရိုက်ထားလဲ သိလား ဟမ်။ အခြားလူတွေဆိုရင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ။ သူတို့သာ ဒုက္ခိတ ဖြစ်သွားခဲ့ရင် မင်း ထောင်ထဲမှာ အဆုံးသတ်ရတော့မှာ”
“လူငယ်လေး မင်းက တော်တော်လေး ညာဏ်ကောင်းတဲ့ ပုံပါ။ မင်းအနေနဲ့ ဒီအိမ်ခြေရာမဲ့တစ်ယောက်အတွက်လောက်နဲ့ ထောင်ထဲမှာ နှစ်အနည်းငယ် အပိတ်ခံရဖို့ တန်တယ်လို့ ထင်လား”
ဆုပိုင်က ထို့လူကို မော့ကြည့်ပြီး သူ၏နှလုံးသားက ရုတ်တရက် လေးလံသွားသည်။
မျှော်လင့်ထားသည့်အတိုင်းပါပင် ထို့လူများက အိမ်ခြေရာမဲ့အား အလေးအနက် မထားကြပေ။
သူတို့သည် သူ့အသက်ကို အလေးအနက် မထားကြပေ။ ထို့ကြောင့် ထို့လူများ၏အမြင်တွင် လေလွင့်ကြောင်များက …
…
နောက်တစ်နေ့ မနက်အစောပိုင်းတွင် … ဆုပိုင်က သူ၏အရှေ့တွင် လုံခြုံရေးအစောင့်များ ဝိုင်းထိုင်နေသည့် စားပွဲတွင် တိတ်တဆိတ် ထိုင်နေရသည်။ ထို့ထဲမှ လူအိုကြီးတစ်ယောက်က ရိုးသားစွာ ပြောသည်။
“ဆုပိုင် မဟုတ်လား။ မင်း ဂရုစိုက် တွေးတောရမယ်။ ဒါက အခြားတစ်ဖက်က ကမ်းလှမ်းလာတဲ့ အခြေအနေနော်”
“မင်းအနေနဲ့ လျော်ကြေး မပေးဘူးဆိုရင် ငါတို့ကလည်း နဂိုထုံးတမ်းအစဉ်အလာအတိုင်း မင်းကို ထောင်ကျရတော့မှာ”
“နောက်ပြီး ငါတို့ အချိန်အကြာကြီး ကြိုးစားပြီးမှ တစ်ဖက်သူက လျော်ကြေးကို လက်ခံဖို့ ဆန္ဒရှိတာ။ မင်းကလည်း အရမ်း ကြမ်းလွန်းပါတယ်။ အဲဒီလူတွေက အိပ်ယာထဲမှာ အချိန်တွေကြာအောင် လဲနေရတော့မှာ”
“ဒါကြောင့် ပိုက်ဆံ မလုံလောက်ရင် မင်းရဲ့မိသားစုကို ဆက်သွယ်ဖို့ ပြောချင်တယ်”
“ငါရဲ့ မိသားစုက အဲဒီရှောင်ရုန်လေ”
ရုတ်တရက် ဆုပိုင်က မော့ပြီး ထို့လူများကို အေးစက်စွာ ကြည့်သည်။
“ဟား ဟား ဒေါသတကြီး မပြောနဲ့”
ထိုလူအိုကြီးက အနည်းငယ်ပြုံးပြီး အလေးအနက်ထားကာ ပြောသည်။
369 02
“ငါတို့ သေချာ စုံစမ်း စစ်ဆေးပြီးပြီ။ အဲဒီမှာ ရှိနေတဲ့ လူတွေရဲ့ သက်သေတွေအရ ဒီကိစ္စရဲ့ ဇစ်မြစ်က လေလွင့်ကြောင်မှန်း သိလိုက်ရတယ်”
“ဒီလူတွေက မူးနေတာ ဒါကြောင့် သူတို့ရဲ့ စကားလုံးတွေက ရန်စမှုအပြည့် ဖြစ်နေမှာပဲ။ အဲဒီအိမ်ခြေရာမဲ့သူကလည်း စိတ်မှန်တာ မဟုတ်ဘူးလေ။ ဒီတော့ သူက အရင်ဦးဆုံး တိုက်ခိုက်ခဲ့တာ။ ဒီအခြေအနေတွေက နောက်ပိုင်း အခြေအနေတွေကို ဆက်ဖြစ်လာစေတာပဲ။ မင်းက အဲဒီအိမ်ခြေရာမဲ့သူနဲ့ ဘာမှ ပတ်သက်မှု မရှိတာလည်း အမှန်ပဲ”
“ဂရုစိုက် စဉ်းစားကြည့် မင်းသာ လျော်ကြေးပေးလို့စိတ်ရှိရင် ငါတို့ မင်းအတွက် အကောင်းဆုံး ကြိုးစားပြီး တိုက်ခိုက်ပေးမယ်”
ခရက်စ့်
ဆုပိုင်က အံကိုကြိတ်သည်။ သူ၏လက်ကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
သူသည်လည်း ထို့လူများ အိမ်ခြေရာမဲ့ကို အလေးအနက် မထားကြောင်း သိထားသည်။ သို့သော် သူတို့သည် အမှားအမှန်ကိုပင် ထို့မျှအထိ ရှုပ်ထွေးစွာ ပြောလာမည်ဟု မထင်ထားမိပေ။
ရှောင်ရုန်၏ အကျင့်စရိုက်အရ သူသည် ဘယ်သောအခါမှ အခြားသောသူကို စတင်ပြီး တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ ဒီလူတွေက
ဟား ဟား တကယ်ကို အံဩဖို့ကောင်းတယ်။
“ရှောင်ရုန်ရဲ့ ဒဏ်ရာတွေကို ဘယ်လို လုပ်မလဲ”
“တစ်ဖက်သူတွေကလည်း ကုသစရိတ်ပေးမှာပါ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူက အမည်မသိရတဲ့ နောက်ခံနဲ့ အိမ်ခြေရာမဲ့တစ်ယောက်လေ။ ဒါကြောင့် ငါတို့အလုပ်ရဲ့ ခက်ခဲမှုကို နားလည်ပေးဖို့ မျှော်လင့်တယ်”
လူအိုကြီးက လူငယ်၏ ဒေါသများကို ခံစားမိသည်။
သို့သော် သူတို့သည်လည်းကိုင်တွယ်စရာနည်းလမ်း မရှိပါပေ။ ထို့အိမ်ခြေရာမဲ့သူက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူ ဖြစ်သည်။
သူအတွက် လျော်ကြေးရမယ်ဆိုရင်တောင်မှ ဒီလူတွေက ပြန်ထွက်လာပြီးရင် ကလဲ့စားချေရင် ဘယ်လိုလုပ်မလဲ။ နောက်ပြီး ဒီအိမ်ခြေရာမဲ့သူ …
“ဟား ဟား ရတယ်။ ငါ ဘယ်လို ပမာဏကိုမဆို လျော်ကြေး ပေးမယ်။ အဆင်ပြေတယ်”
“ငါ အမြန်ဆုံး ထွက်နိုင်ဖို့ပဲ လိုတာ”
ဆုပိုင်က နှုတ်ခမ်းထောင့်ကို တစ်ချက်ယက်ရင်း ရယ်သည်။
“နောက်ပြီး ငါထွက်သွားပြီးရင် အဲဒီလူတွေရဲ့ အိမ်တွေဆီကို သွားပြီး တောင်းပန်ပေးအုန်းမယ်။ ငါ တကယ်ကို မိုက်ရူးရဲဆန်မိသွားတာ။ ငါရဲ့အပြုအမှုကလေ …”
“ကောင်းပြီ။ ကောင်းပြီ။ မင်းက အဲဒီလို ထင်မှတော့လည်း ငါတို့ စိတ်အေးပါပြီ”
လူအိုကြီးက ခေါင်းကို ညိတ်ပြီး ကျေနပ်စွာ ပြောသည်။ သို့သော် သူသည် ဆုပိုင်၏မျက်ဝန်းထဲမှ သုန်မှုန်မှုကို သတိမထားမိချေ။
လျော်ကြေးအဖြစ် ဒေါ်လာ သိန်းပေါင်းများစွာကို ပေးချေပြီးနောက် ဆုပိုင်က လွတ်မြှောက်လာသည်။
သူသည် ကျယ်ပြောသော လမ်းတွင်ရပ်နေရင်း အနည်းငယ် ငေးငိုင်သွားသည်။
ဒါဟာ သိသာစွာပင် ရန်ပွဲ ဖြစ်သည်။ သို့သော် မတရားခံရသူဟာ လျော်ကြေးပေးရသူ ဖြစ်သွားသည်။
အစမှအဆုံးအထိ ထို့လူများဟာ လိမ္မော်ရောင်ကြောင်ကို အာရုံပင် မစိုက်ခဲ့ကြပေ။
“မြောင်”
“ဝူး ဝူး ငါ မင်းကို စောင့်နေတာ တော်တော် ကြာပြီ။ မင်း နောက်ဆုံးတော့ ထွက်လာပြီပေါ့”
ထိုအချိန်တွင် လိမ္မော်ရောင်ကြောင်က ဘေးဘက်ရှိ မြက်ခင်းထဲမှ ခုန်ထွက်လာသည်။ သူ၏တစ်ကိုယ်လုံးမှ သွေးများက ခြောက်နေပြီ ဖြစ်သည်။
369 03
ထို့လူများသည် ထို့ကြောင်လေးပေါ်မှ သွေးများကိုပင် မသုတ်ပေးကြဘဲ ဒီအတိုင်း တံခါးတွင် ပစ်ချထားသည်။
“ကောင်းပြီ။ ရှောင်ရုန်ကို သွားခေါ်ရအောင်”
ဆုပိုင်က သူ့ကို ကောက်မလိုက်ရင်း ခပ်တိုးတိုး ပြောသည်။
ဆေးရုံထဲသို့ လမ်းလျှောက်နေရင်းမှ သူသည် စိတ်ထဲမှ စနစ်ကို ဆက်သွယ်လိုက်သည်။
“စနစ်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ညဘက်မှာ အလိုအလျောက်ပိတ်တဲ့ စနစ်မျိုး လုပ်ပေးနိုင်မလား”
“ရတယ်”
စနစ်သည်လည်း ဆုပိုင်လုပ်လိုသော အကြောင်းအရာကို နားလည်ပုံရပြီး ချက်ချင်း သဘောတူပေးသည်။
“ပိုင်ရှင် စနစ်က ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက်မှာ ဒီတာဝန်ရဲ့ ခက်ခဲမှုက မြင့်တက်သွားတာကို သိခဲ့ရတယ်။ ဒါကြောင့် ဆုလဒ်က ပြောင်းသွားပြီ”
“အိမ်ခြေရာမဲ့လူကိုသာ ပြန်ခေါ်နိုင်ခဲ့ရင် အံအားသင့်မှုအမှတ် ၃ သန်း ပေးမယ်။ နောက်ပြီး အပိုင်းအစတာဝန်ကို သက်ရောက်စေမှာ မဟုတ်ဘူး”
“ကောင်းပြီ”
ဆုပိုင်က တောက်ပစွာ ရယ်သည်။
“မြောင်”
“ဒါရိုက်တာဆုပိုင် မင်း ဘာကို ရယ်တာလဲ”
လိမ္မော်ရောင်ကြောင်က ဆုပိုင်ကို ကြည့်သည်။ ဆုပိုင်ဟာ ရုတ်တရက် ထရယ်သောကြောင့် သူက မနေနိုင်ဘဲ မေးလိုက်သည်။
သူသည် ယခုအချိန်အထိ အပြစ်မကင်းစိတ် အနည်းငယ် ခံစားနေရသေးသည်။ သူကသာ ထို့အသားဆိုင်ထဲသို့ မပြေးသွားခဲ့လျှင် ထို့မျှများပြားသော ကိစ္စများက ဖြစ်ပျက်လိမ့်မည် မဟုတ်ပဲ ရှောင်ရုန်ကလည်း ထို့မျှအထိ ဆိုးရွားစွာ ဒဏ်ရာ မရနိုင်ပေ။
“ဟား ဟား သိပ်မကြာခင် အိမ်ပြန်နိုင်တော့မှာ”
ဆုပိုင်က နဖူးကို ပွတ်ရင်း အသာ ပြုံးသည်။
“အဲဒီနောက် မင်းမှာ မိသားစုဝင်တွေ အများကြီးရလိမ့်မယ်။ အများကြီးနော်”
…
++++++
370 01