← Chapters

အခန်း (၃၇၀-၃၇၂)

Vol. 25 Ch. 370-372

အခန်း (၃၇၀-၃၇၂)

Vol. 25 Ch. 370-372

အခန်း 370

ကျိုတို။

“အမှိုက်ကောင်”

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ယုံလုံက အလွန်အမင်း ဒေါသထွက်လွန်းသဖြင့် အောက်ဘက်ရှိ လူများထံသို့ လှမ်းအော်သည်။

“ဒီလိုလူမျိုးက လုံခြုံရေးဝန်ထမ်း ဖြစ်သင့်ရဲ့လား”

“ဟမ် ဒီကောင်က ဘယ်လိုကောင်လဲ”

“အမှိုက်ကောင်ပဲ”

သူဟာ အလွန်ဒေါသထွက်နေပြီး သူတို့အားလုံးသည်လည်း ရှောင်ရုန်နှင့် ဆုပိုင်တို့အတွက် တရားမျှတမှု ရလိမ့်မည်ဟု ထင်ထားသည်။ သို့သော် …

အချိန်ကြာလာသည့်နှင့်အမျှ ထိုလူအုပ်၏မျက်နှာက သိသိသာသာ သုန်မှုန်လာသည်။

သူတို့ဟာ တရားမျှတမှု မရသည့်အပြင် အမှန်တကယ်ကို အကြောင်းမသင့်ပေ။

ဘန်း

ယုံလုံက စားပွဲကို ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သည်။ သူ၏မျက်နှာက သုန်မှုန်လွန်းသဖြင့် ရေများကပင် တစ်စက်စက် ကျလောက်သည်။ သူဟာ အသက်ကို ပြင်းပြင်းရှူပြီး ပြောသည်။

“ဒီလိုအရာမျိုးကို ကြည့်နေတဲ့လူတိုင်းကလည်း အသက်တွေအတွက် ဂရုမစိုက်ကြဘူးလား။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ”

“ငါ မင်းတို့ကို ပြောမယ်။ ဒါက တော်‌တော်လေး ကြောက်ဖို့ကောင်းတယ်”

“ငါတို့က ဘာလဲ။ ငါတို့က တရုတ်ပြည်ရဲ့ အခြေအနေတွေအားလုံးကို တည်ငြိမ်အောင် ထိန်းပေးရမဲ့ လူတွေ။ ငါတို့ကသာ အရင်လက်ဦးမှုယူပြီး ဒီလို ရှောင်ရုန်လို့လူမျိုးကို ဂရုစိုက်ကြောင်း၊ ကူညီကြောင်း မပြဘူးဆိုရင် လူမှုအသိုင်းအဝိုင်းကြီးတစ်ခုလုံးက လူ့အသိစိတ်ကို ရှိပါ့အုန်းမလား”

“အခု လောလောဆယ် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအကြောင်း မပြောနဲ့အုန်း။ ဒီတိုက်ရိုက်ထုတ်လွှင်မှုအခန်းထဲမှာ အလှုံဆော်အပေးနိုင်ဆုံးက အလုံးအရင်းနဲ့ မျိုးတုန်း မပျောက်ကွယ်ခင်က အရင်ရှေးခေတ်ကာလက လူတွေပဲ”

“အဲဒီအချိန်က တရုတ်လူမျိုးတွေက တိရစ္ဆာန်တွေကို ကာကွယ်ဖို့ မလုပ်ခဲ့တာကို ငါတို့ ဝန်ခံတယ်။ ဒါပေမဲ့ အဲဒီ ရှောင်ရုန်လို့ခေါ်တဲ့ လူကတော့ လူအစစ်ပဲ။ သက်ရှိ လူသားတစ်ယောက်”

“သူက ငယ်ငယ်ကတည်းက စွန့်ပစ်ခံထားရရင်တောင်မှ ညာဏ်ပညာ ချို့ယွင်းနေရင်တောင်မှ နံဟောင်နေတဲ့ အိမ်ခြေရာမဲ့တစ်ယောက်ဆိုရင်တောင်မှ သူက လူပဲ။ ငါတို့လူတွေထဲက တစ်ယောက်”

“သူတို့က ဘယ်လိုများ သူတို့မျိုးတူ လူသားတစ်ယောက်ကို ဒီလိုလုပ်ရက်ရတာလဲ ဟမ်။ နောက်ပြီး အဲဒီလုံခြုံရေးဝန်ထမ်းကလည်း တည်ငြိမ်မှုကို ထိန်းသိမ်းရမှာ။ ဒါကို သူတို့က အမှားအမှန်ကို ပေါ်တင် ပြောင်းလဲလိုက်ကြတယ်။ ဒါက… ဒါက ငါ သည်းမခံနိုင်ဆုံး ကိစ္စပဲ”

“ညာဏ်ရှိတဲ့ ငါတို့ တရုတ်လူမျိုးတွေက ဒီလိုအခြေအနေမျိုးကို သည်းခံနိုင်မှာ မဟုတ်ဘူး”

သူဟာ ထို့သို့ ပြောပြီးနောက် ယုံလုံသည် အံကို ကြိတ်သည်။ သူသည် ဘေးဘက်မှ လက်ထောက်ကို ကြည့်သည်။

“အခု မင်း စပြီး မှတ်တမ်းတင်လိုက်တော့”

“ဒီလို တာဝန်ကို လစ်လျူရှုတဲ့လူတွေ ငါတို့လက်ရှိ တရုတ်နိုင်ငံအသင်းထဲမှာ ဘယ်လောက်တောင် များနေမလဲ မသိဘူး”

“ဒါပေမဲ့”

“မနက်ဖြန်ကစပြီး နှစ်စဉ် ပြန်လည် သုံးသပ်မှုတွေကို စတင်ကာ လုပ်ဆောင်မယ်။ အထူးသဖြင့် အောက်ခြေပိုင်းအဆင့်က လူတွေပဲ။ သူတို့က နာခံချင် ဟန်ဆောင်နေတာလား။ ပေါ်တင် မနာခံဘဲ နေနေတာလား။ အခြားလူတွေအတွက် မမျှမတ ဆက်ဆံနေသလားဆိုတာကို ကြည့်ရမယ်”

370 02

“ဒီနေ့ကစပြီး ဒီလိုအရာမျိုးတွေကို လုံးဝ ထပ်ဖြစ်ခွင့်မပြုဘူး။ ဘာအကောင်ပဲ ဖြစ်နေဖြစ်နေနော်။ သူ့မှာ ပြဿနာရှိပြီဆိုတာနဲ့ အသင်းထဲက ချက်ချင်းကန်ထုတ်မယ်”

“နောက်ပြီး ဒီလိုလူမျိုးတွေက ဒီနေရာနဲ့ တန်လို့လား”

“နောက်ပြီး တရုတ်နိုင်ငံမှာ စွန့်ပစ်ကလေးတွေနဲ့ ပတ်သက်တဲ့အမှုတွေကလည်း ရှိနေသေးတယ်။ ငါတို့ ဒီကိစ္စတွေကို တင်းတင်းကြပ်ကြပ် စုံစမ်းစစ်ဆေးဖို့ လိုနေပြီ”

“လူတစ်ယောက်တိုင်းက အသက်တစ်ခုပဲ။ ဒီလိုမျိုး ကိုယ့်ကိုယ်တိုင် မွေးလာတဲ့ ကလေးကိုတောင် စွန့်ပစ်နိုင်တဲ့လူက စာနာ သနားစိတ်ရှိမယ်လို့ မျှော်လင့်နေကြတာလား။ လုံးဝ မဖြစ်နိုင်ဘူး”

“ငါတို့ရဲ့ ကယ်ဆယ်မှုတွေက အရင်ကထက်ယှဉ်ရင် အများကြီး ကောင်းလာပြီဆိုပေမဲ့လည်း အများကြီး ကြိုးစားဖို့ လိုအပ်နေတုန်းပဲ။ ငါတို့က ငါတို့ရဲ့ ကိုယ်ပိုင်မျိုးတူ လူသားတွေရဲ့ ကိစ္စတွေကိုတောင် မကိုင်တွယ်ပေးနိုင်ဘူး။ ဒီတိရစ္ဆာန်တွေကို ဘယ်လိုများ သွားပြီး ကာကွယ်ပေးနေမှာလဲ”

“လူအသိစိတ်ရှိတဲ့ လူတွေကိုတောင် မကာကွယ်ပေးနိုင်ဘူးဆိုရင် ဘယ်လိုများ ဒီတိရစ္ဆာန်တွေအများကြီးကို ကာကွယ်နိုင်မယ်လို့ ကြုံးဝါးနေနိုင်ကြတာလဲ”

“ငါ ဒီနေ့ပြောတဲ့အတိုင်း အခုချက်ချင်း လုပ်ဆောင်တော့”

ယုံလုံက နေရာမှ ထရပ်လိုက်ပြီး အလေးအနက်ထား ပြောသည်။

“ငါ ဒီနှစ်ကုန်မတိုင်ခင် အခြေအနေအားလုံးကို တာဝန်ယူပြီးတာကို မြင်ချင်တယ်”

“ဟုတ်ကဲ့”

အားလုံးက အမိန့်ကို နာခံပြီးနောက် အစည်းအဝေးအခန်းထဲမှ ခပ်မြန်မြန် ထွက်သွားကြသည်။

…

“ဟား ဟား ဟား မမျှော်လင့်ထားပဲ ဒီကောင်က ဒီလောက် ပိုက်ဆံတွေ အများကြီး ပေးသွားတာ။ အစ်ကိုကြီးက ၆ သိန်းပဲ တောင်းလိုက်တာ။ သူက မျက်တောင်ပင် မခတ်ဘဲ တန်းပေးလိုက်တယ်”

…

လယ်ယာ ခြံဝင်းတစ်ခုထဲတွင် ပတ်တီးများဖြင့် လူသန်မာကြီးများက ဝိုင်စားပွဲနားတွင် ဝိုင်းထိုင်နေကြသည်။

ပေါင်ကို ပတ်တီးစည်းထားသော အစ်ကိုဟူဆိုသော လူက ခွက်ထဲမှ ဝိုင်ကို တစ်လုတ်တည်းနှင့် အကုန်ကုန်အောင် သောက်သည်။ ထို့နောက် နီရဲသော မျက်နှာဖြင့် ပြောသည်။

“ငါသာ စောစော သိခဲ့ရင် များများတောင်းလိုက်ပါတယ်”

“သူကလည်း ဒီလို သွေးစုပ်ရ လွယ်မယ်လို့ မထင်ထားဘူးလေ ဟမ်။ အိမ်ခြေရာမဲ့ကောင်အတွက်ကြောင့်နဲ့ ဒီလောက် ပိုက်ဆံအများကြီး ပေးတယ်”

“အစ်ကိုကြီးဟူ”

ဘေးဘက်တွင် ထိုင်နေသော လူငယ်တစ်ယောက်က နှုတ်ခမ်းကို ယက်ရင်း ပြောသည်။

“ငါ့ကို ပြောစမ်းပါအုန်း။ အဲဒီအိမ်ခြေရာမဲ့အရူးက အဲဒီလူနဲ့ တကယ်ပဲ ပတ်သက်မှု ရှိတာလား။ အဲဒီလိုမှ မဟုတ်ရင် ဘာလို့ သူ့ကို ကူညီတာလဲ။ သူက သိတဲ့အတိုင်းပဲ အရူးလေ။ ဒါပေမဲ့ တကယ်ကို ...”

“ငါတို့က ဘာလို့ ဒီအိမ်ခြေရာမဲ့ကောင်ကို လမ်းတွေပေါ်မှာ လိုက်မရှာရမှာလဲ။ ဒီလိုဆိုရင် ငါတို့ နောက်ထပ် ပိုက်ဆံတွေ ထပ်ရနိုင်မှာပဲ”

“ဘာပဲဖြစ်ဖြစ် လုံခြုံ့ရေးရုံးတော်က လူတွေကလည်း သူ့ကို အလေးအနက် မထားဘူးလေ။ ဒီလို စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိတဲ့ ကောင်မျိုးက အနှေးနဲ့အမြန် လမ်းထောင့်တစ်နေရာရာမှာ သေသွားမှာပဲ။ ဘယ်သူက သိမှာလဲ”

“အွန်း”

“အကြံကောင်းပဲ”

370 03

အစ်ကို ဟူက တစ်ခဏခန့် စဉ်းစားသည်။ ထို့နောက် အပြုံးနှင့်အတူ ခေါင်းမော့လာသည်။

“ဒါပေမဲ့ ငါတို့ ဒဏ်ရာတွေ ပျောက်သွားတဲ့အထိ စောင့်ရမယ်”

“လာ လာ လာ အားလုံးပဲ စားကြ။ သေစမ်း အဲဒီ ဝတုတ်ကြောင်က ဒီအတိုင်း လွှတ်သွားတာ နှမြောစရာပဲ။ တော်တော် အရသာရှိမှာ”

“ဒါပေမဲ့ ဒီနေ့ကလည်း မဆိုးပါဘူး။ ငါတို့အပြင်ဘက်ကနေ ခွေးကြီးတစ်ကောင် ဝယ်လာခဲ့တယ်လေ။ ဒီည အားလုံး ဆေးရုံကဆင်းလာတဲ့ အထိန်းအမှတ်အနေနဲ့ အောင်ပွဲခံနိုင်အောင် ငါ ကင်ပေးမယ်။ ငါတို့ စားလို့ ပြီးသွားတာနဲ့ အပြင်ထွက်ပြီး နည်းနည်း အပျော်ရှာတာပေါ့”

“ငါတို့ ဒီလို အလကားနေရင်း လျော်ကြေးတွေ အများကြီး ရထားတာ။ သေချာပေါက် ကောင်းကောင်းလေး သုံးရတာပေါ့”

ထို့စကားကို ကြားသောအခါ အားလုံးက တူများကို ကောက်ကိုင်ကြပြီး သူတို့ရှေ့ရှိ ပန်းကန်လုံးထဲမှ ခွေးသားကို ယူစားကြသည်။ သူတို့ဟာ အလွန် မွေ့လျော်နေကြပုံ ပေါ်သည်။

“ဟား ဟား အစ်ကိုဟူ ငါတို့ အစားကြောင်းပြောမယ်ဆိုရင်တော့ အစ်ကိုကြီးက အတော်ဆုံးပဲလို့ ပြောရမယ်။ ဒီခွေးသားက တော်တော်ကောင်းတယ်”

“ဟုတ်တယ်။ ဟုတ်တယ်။ ဘီဘာလည်း သောက်လိုက်ရော ခွေးသားစားလိုက် ဘီယာသောက်လိုက်နဲ့ အိုး ဘယ်လောက်ကောင်းလိုက်လဲ”

“မနက်ဖြန်။ မနက်ဖြန်ဆိုရင် ငါ မင်းတို့အတွက် လမ်းပေါ်မှာ လေလွင့်ခွေးတွေ လိုက်ရှာပေးမယ်။ လာ လာ လာ ဒီည ငါ့အိမ်ကို လာခဲ့ကြ။ ငါ မင်းတို့အတွက် ခွေးသားဟော့ပေါ့ လုပ်ပေးမယ်”

“…”

အစ်ကို ဟူက ပါးစပ်ထောင့်မှ ဆီများကို သုတ်လိုက်ပြီး သူ၏အရှေ့မှ ညီအစ်ကိုများကို ကြည့်ကာ ဆိုးယုတ်စွာ ပြုံးသည်။

“ခွေးကို မရှာနဲ့အုန်း။ မနက်ဖြန် လမ်းပေါ်က အဲဒီကြောင်ဝတုတ်ကို သွားရှာရအောင်”

“ငါ အဲဒီကြောင်ဝတုတ်ကိုပဲ စားချင်နေတာ”

“ကောင်းပြီ။ ကောင်းပြီ။ မနက်ဖြန် လမ်းပေါ်မှာ သွားရှာပေးမယ်”

မြောင်

ရုတ်တရက် ထို့လူများ၏စကားက မဆုံးသေးခင် ပြတင်းပေါက် အပြင်ဘက်မှ ကြောင်အော်သံကို ကြားရသည်။

လူတိုင်းကလည်း ကြောင်အသွားပြီး ခပ်မြန်မြန် လှည့်ကြည့်ကြသည်။

တစ်ကိုယ်လုံး လိမ္မော်ရောင်သန်းကာ တောက်ပနေသော ကြောင်ဝတုတ်လေးက ပြတင်းပေါက်ဘောင်ပေါ်တွင် ဆောင့်ကြောင့်လေးထိုင်ပြီး လူတိုင်းကို သုန်မှုန်သော မျက်နှာဖြင့် ကြည့်သည်။

“ဝိုး သေစမ်း ငါရဲ့အတွေးက တကယ်ဖြစ်လာတာပဲ။ ဒီကြောင်ဝတုတ်က အဲဒီညကကောင် မဟုတ်လား”

“အရောင်ကတော့ ဟုတ်တယ်။ မမှားလောက်ဘူး။ သူ့ဘာသာသူ လာရှာတာပဲ”

“ဟား ဟား ငါတို့အတွက် အဆာပြေအစာတော့ ရပြီ”

ထို့လူများက လှုပ်ရှားရန် ခက်ခဲနေသေးသော်လည်း သူတို့၏ခုံများပေါ်မှ ရအောင် ထလိုက်ကြပြီး ကြောင်နားသို့ ခပ်မြန်မြန် သွားသည်။

ဘန်း

တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် အစ်ကိုကြီး ဟူက သူ၏လက်ထဲတွင် ကိုင်ထားသော မီးဖိုချောင်သုံးဓားနှင့်အတူ ခုန်ဆွခုန်ဆွ ထွက်လာသည်။

“ကြောင်က ဘယ်ရောက်သွားလဲ”

သူသည် တစ်ချက် အော်ပြီး အခြားမြေဘက်သို့ ပေးထွက်လာသည်။

++++++

371 01

အခန်း 371

မြောင်

သို့ရာတွင် သူဟာ သူ၏အရှေ့မှ လူငယ်ကို ဂရုတစိုက် မြင်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားကာ ကြောက်လန့်မှုအပြည့်ဖြင့် အနောက်သို့ ဆုတ်သည်။

“မင်း မင်း အဲဒီ အဲဒီ ကိစ္စက ပြီးသွားပြီနော်။ ငါ ဒီ ဒီကို မလာနဲ့”

ဆုပိုင်သည် သူ၏အရှေ့တွင် တွဲလောင်းဆွဲထားသော ခွေးအရေခွံကို ကြည့်ပြီး အသက်ကို ပြင်းပြင်းရှသည်။ ဒီလူတစ်အုပ်ကလေ။

သေလိုက်ပါတော့။

“မင်းတို့ကောင်တွေ တကယ်ကို လူဖြစ်ဖို့တောင် မတန်ဘူး”

သူဟာ ခပ်တိုးတိုး ပြောပြီးသည့်နှင့် သူ၏အနောက်ဘက်တွင် ဝှက်ထားသော သစ်သားတုတ်ကို ထုတ်လိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

အစ်ကိုဟူ၏ခေါင်းက သွေးများ တစ်စစီ လွှင့်စင်ကာ ထွက်လာသည့်အထိ ရိုက်ချပစ်ခံရပြီးနောက် သူဟာ ထိုအစ်ကိုဟူကို မျက်လုံးအပြူးသားနှင့် နောက်ဆုံးဝင်သက်ကို ရှုရှိုက်နေသည့် အစ်ကိုဟူကို တစ်ချက်ကြည့်ပြီး အံကို ကြိတ်သည်။ ထို့နောက် အနားတွင် တုန်ယင်နေသော လူများကို ကြည့်သည်။

ခွက်

လူသန်မာကြီး အချို့က မျက်လုံးပြူးကျယ်နေပြီး မြေပြင်တွင် ဒူးထောက်လိုက်ကြသည်။

ထို့သို့ပင်ဆိုစေ ထိုလူငယ်ဟာ အမှန်တကယ်ကို ထွက်လာပြီး အစ်ကိုကြီး ဟူကို ရိုက်သတ်သွားမည်ဟု မထင်ထားမိပေ။

အစ်ကိုဟူဟာ မျက်လုံးအပြူးသားနှင့် လဲကျနေကြောင်း မြင်သောအခါ အခြားသောသူများက စိတ်ပိုင်းဆိုင်ရာ ပြိုလဲကျသွားပြီး မြေပြင်ပေါ်သို့ လဲကျကာ တောင်းပန်ကုန်သည်။

“မဟုတ်ဘူး။ ဒါ ဒါ ငါတို့အကြံ မဟုတ်ဘူးနော်။ ဒါ အစ်ကို အစ်ကို ဟူရဲ့အကြံ။ ငါတို့ ငါတို့ ဒီအတိုင်း မတွန်းလှန်ရဲခဲ့တာ”

“ကျေးဇူးပြုပြီး ငါတို့ကို လွှတ်ပေးပါ။ ငါကလေ ငါ ပိုက်ဆံမလိုချင်ပါဘူး။ ငါ့ကို မသတ်ပါနဲ့”

“ကယ်ပါ။ ကယ်ကြပါ။ ငါတို့ မလုပ်ရဲတော့ပါဘူး။ ငါတို့ မလုပ်ရဲတော့ပါဘူး။ ဒါက အစ်ကိုဟူကိုက အတင်း အတင်း တွန်းအားပေးလို့ပါ။ တကယ်ပါ အစ်ကိုဟူက ငါတို့ကို အတင်း လုပ်ခိုင်းတာ”

“…”

အော်ဟစ် ငိုယိုနေကြသော လူသန်မာကြီးများကို ကြည့်ပြီး ဆုပိုင်က အနည်းငယ် မျက်မှောင် ကြုတ်သည်။

အသက်၏ခြိမ်းခြောက်မှုအောက်တွင် သူတို့ဟာ ကြောက်တတ်သည်။

ကံဆိုးစွာဖြင့်ပင် သူဟာ ထို့ခြံထဲတွင် ရပ်နေခဲ့သည့်မှာ ကြာပြီ ဖြစ်သည်။

သူသည် နဂိုက ထို့လူများကို သင်ခန်းစာပေးရုံသာ လုပ်လို့ခဲ့သည်။ မျှော်လင့်ထားစွာပင် ထိုလူများက ရှောင်ရုန်ကို ပစ်မှတ်ထားရဲသေးသည်။

ဒီလူတွေက အမှိုက်ပဲ။

ဆုပိုင်က အံကိုကြိတ်လိုက်ပြီး သစ်သားတုတ်ကို တရွတ်တိုက်ကာ မြှောက်လိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း

ထို့နောက် ခပ်ကြမ်းကြမ်း အသံများက အတန်းလိုက် ထွက်ပေါ်လာသည်။ လိမ္မော်ရောင်ကြောင်က အပြင်ဘက်တွင် ရပ်ရင်း ဆုပိုင်အား သိချင်စိတ်ပြင်းပြစွာ ကြည့်နေသည်။

အွန်း ဒီလူက သူတို့ကို တကယ် ကာကွယ်နိုင်လောက်ပါတယ်။

371 02

သို့ရာတွင် ထို့လူများဟာ သေသင့်သည်။ ထို့လူများသည် ထိုရှောင်ရုန်ကို ထို့အခြေအနေသို့ ရောက်အောင် ရိုက်သွားခဲ့သည်။

ဟူး

ဆုပိုင်က သစ်သားတုတ်ကို ဘေးဘက်သို့ လွှတ်ပစ်လိုက်ပြီးနောက် အောက်ဘက်မှ အလောင်းများကို ကြည့်ကာ ကိုယ်မှ သွေးများကို သုတ်သည်။ ထို့နောက် လိမ္မော်ရောင်ကြောင်လေးကို ကောက်မပြီး ထွက်လာခဲ့လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုက ပိတ်ထားသည်။ ပရိသတ်များသည် သူ လူသတ်နေသည့်ကို မြင်နေကြဖြစ်သည်။ သို့သော် ဒီတစ်ကြိမ်က မတူပေ။ ဆုပိုင်က လူတိုင်းကို မသိစေလို့ပေ။

သို့သော်

အတိတ်တွင် လူမှုအသိုင်းအဝိုင်းက လေလွင့်ကြောင်များကို ထိုသို့ ဆက်ဆံကြသည်။

အပြန်လမ်းတွင် ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်ဖွင့်လိုက်ပြီးနောက် အတွင်းမှ လူများကို ကြိုးစားမှုအပြည့်နှင့် ပြောသည်။

“တိုက်ရိုက်ထုတ်လွှင့်မှုက ဆုံးတော့မှာ။ ဒါပေမဲ့ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကနေတစ်ဆင့် လူတိုင်းလည်း နားလည်နိုင်ဖို့ မျှော်လင့်တယ်”

“ကြောင်တွေ မွေးတာ ပြဿနာ မရှိဘူး။ တိရစ္ဆာန်တွေ အားလုံးက အနာဂတ်မှာ ကယ်ဆယ်ခံရပြီးရင် အိမ်မွေးတိရစ္ဆာန်တွေကို မွေးနိုင်တဲ့ မိသားစုတွေ ပိုများလာမယ်လို့ ငါ ယုံကြည်တယ်။ အခုတောင်မှ အချို့မိသားစုတွေက လယ်မြေကြွက်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးနေကြပြီလေ”

“ဒါပေမဲ့ ဒီတင်ဆက်သူအနေနဲ့ လူတိုင်းကို သတိပေးချင်တယ်”

“ဘယ်တိရစ္ဆာန်ကမဆို အသက်တစ်ခု ပိုင်ဆိုင်ထားကြတယ်။ မင်းတို့ ဂရုမစိုက်နိုင်ရင် မဝယ်နဲ့၊ မမွေးနဲ့”

“သူတို့ရဲ့ သက်တမ်းက အများကြီးဆုံးမှ ၁၀ နှစ်ကျော်လောက်ပဲ ရှိတာ။ သို့မဟုတ် နှစ်အနည်းငယ်လောက်ပဲ ရှင်သန်ကြသေးတယ်။ သူတို့က မင်းတို့ကို အချိန်အကြာကြီး အဖော်မပြုပေးနိုင်ကြဘူး။ နောက်ပြီး အိမ်မွေးတိရစ္ဆာန်တစ်ကောင်မွေးတာကလည်း တော်တော်လေးကို ဒုက္ခများတယ်။ ဒါကြောင့် အစားကျွေးဖို့ လိုတယ်။ အမှိုက်တွေကိုလည်း ရှင်းရအုန်းမယ်။ နောက်ပြီး ပုံမှန်လိုလို ကျန်းမာရေးကိုလည်း စစ်ဆေးပေးနေရမှာ”

“သူတို့က မင်းတို့ရဲ့ မိသားစုဝင်တွေနဲ့ တူတယ်။ ရှေးခေတ်ကာလမှာဆိုရင် ဒီလို လေလွင့်ကြောင်တွေ ခွေးတွေ အရမ်းများတာကလည်း အဲဒီလူတွေက စိတ်လိုက်မာန်ပါနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခေါ်မွေးကြတယ်။ အဲဒီနောက် ညည်းငွေ့လာပြီး စွ့န်ပစ်သွားကြတာပဲ”

“အားလုံးလည်း ဒီလို စွ့န်ပစ်ခံရတဲ့ တိရစ္ဆာန်တွေက ဘယ်လိုမျိုး ကြုံ့တွေ့နေရလဲဆိုတာကို မြင်နိုင်လိမ့်မယ်။ ရောင်းချနေတဲ့အသားတော်တော်များများက ဒီလို လေလွင့်တိရစ္ဆာန်တွေကို သတ်ဖြတ်ပြီး ရလာတယ်လို့ ပြောရင် မမှားဘူး”

“ဒါကြောင့် မင်းတို့လည်း သေချာ မစဉ်းစားနိုင်သေးရင် ဒီတာဝန်ကို သေချာယူနိုင်မယ်လို့ မထင်ထားရင် အသက်တစ်ခုကို ပေါ့သေးသေး သဘောမထားကြဖို့ မျှော်လင့်တယ်”

“မင်းတို့ မမွေးမှ သူတို့ရဲ့ ဘဝတွေက ပိုကောင်းသွားတာလည်း ဖြစ်နိုင်တာပဲ”

မှေးမှိန်တဲ့ တံတားအောက်ခြေသို့ ရောက်သွားပြီးနောက် ဆုပိုင်က ရှောင်ရုန်ကို ကျောပေါ်တွင် တင်လွယ်လိုက်ပြီးနောက် တစ်လှမ်းချင်းစီ ထွက်လာခဲ့လိုက်သည်။

“ငါတို့ ဘယ်သွားမှာလဲ”

“မင်း ဒီအိမ်ကို မလိုချင်တော့ဘူးလား”

ရှောင်ရုန်၏ အားနည်းသော အသံကို နားထောင်ရင်း ဆုပိုင်က လေးနက်သော လေသံနှင့် ပြောသည်။

“ငါတို့မှာ အခု အိမ်အသစ်ရှိပြီ။ ဘယ်သူကမှ မင်းကို နာကျင်အောင် မလုပ်တော့ဘူး”

“နောက်ပြီး မင်းကို စောင့်နေတဲ့ မိသားစုဝင်တွေ အများကြီးလည်း ရှိတယ်”

“ဟီး ဟီး ဒါဆိုလည်း ငါ ငါ ပစ္စည်းတွေ ကောက်ဖို့ ကြိုးစားပေးမယ်နော်။ သူတို့ကို မငတ်စေရဘူး”

“နောက်ပြီး ဗိုက်ဆာတာက ဗိုက်ဆာတာက အရမ်း အရမ်း နာကျင်ရတာ။ ငါလေ ငယ်ငယ်တုန်းက ခဏ ခဏ ဗိုက် ဗိုက်ဆာနေကြ။ သူတို့တော့ ဗိုက်မဆာစေရပါဘူး”

371 03

“ငါမှာလေ မိသားစုဝင်တွေ အများကြီး ရှိလာမှာပေါ့။ ဟာ ကောင်းလိုက်တာ”

“…”

ကောင်းကင်ပြာ တိရစ္ဆာန်ရုံတွင်

မနက်စောစော ဝက်စာကျွေးပြီးနောက် လောင်ကျိုးဟာ ကြက်ခြံထဲသို့သွားကာ အစားကျွေးတော့မည့်အချိန်တွင် ရုတ်တရက် မြက်ခင်းနားတွင် ဆောင့်ကြောင့် ထိုင်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်သည်။ သူ၏အင်္ကျီလက်ထဲမှ တစ်ဝက်ခန့်သာ စားရသေးသော ပေါက်စီတစ်ခုကိုလည်း ထုတ်နေသည်။

“ဒါလေ ဒါလေ မင်း စားဖို့အတွက်”

သူဟာ ထို့သို့ပြောနေပြီးနောက် ထို့ပေါက်စီကို ဖဲ့လိုက်ရင်း မြေပြင်ပေါ်သို့ ပစ်ချပေးသည်။

“ဟီး ဟီး”

ထို့အခြေအနေကို မြင်လိုက်သည့် ကြက်ပေါက်များက ခပ်မြန်မြန် ပြေးထွက်လာပြီး ခေါင်းကို ငုံကာ စစားကြသည်။

“ဟူး”

လောင်ကျိုးက သက်ပြင်းချသည်။ ထို့နောက် ထိုလူ၏အနားသို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။

ထိုလူဟာ ဒါရိုက်တာဆုပိုင် တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် ပြန်ခေါ်လာခဲ့သည့် အိမ်ခြေရာမဲ့လူ ရှောင်ရုန် ဖြစ်သည်။

ထို့လူဟာ ညာဏ်ပညာချို့ယွင်းမှု ရှိသော်လည်း သူသည် တိရစ္ဆာန်ရုံထဲ လာပြီးချိန်ကတည်းက တိရစ္ဆာန်တိုင်းက သူ့ကို ချစ်ကြသည်။

စိတ်ဆတ်လွန်းသော ခွေးတူးဝက်တူကပင် ရှောင်ရုန်၏အရှေ့တွင် ဒေါသထွက်ခဲသည်။ အကြောင်းမှုကာ တိရစ္ဆာန်များဟာ သူ့ကို ထိုမျှအထိ သဘောကျရသည့်မှာ အကြောင်းပြချက်လည်း ရှိသည်။

သူသည် တစ်စုံတစ်ရာကို စားချိန်တိုင်းလိုလို သူ၏အစားများကို ဝှက်ထားတတ်ပြီး တိရစ္ဆာန်များကို လာရောက် ဝေမျှတတ်သည်။

“ရှောင်ရုန် မင်း အခု ဘာကို ဝှက်လိုက်တာလဲ”

အနောက်ဘက်မှ ထွက်လာပြီးသည့်နှင့် လောင်ကျိုးက ခပ်တိုးတိုး မေးသည်။

“ဟီး ဘာမှ မဟုတ်ပါဘူး။ သူတို့ သူတို့က ငါရဲ့မိသားစုလေ။ ငါ ငါ ငါက ဗိုက်ဆာနေကြပါ။ ငါ ငါ ဗိုက်ဆာမှာ မကြောက်ဘူး။ ဒါကြောင့် သူတို့ကိုတော့ ကောင်းကောင်း ကျွေးရမယ်”

“လာ ငါ ဒီကောင်တွေအတွက် အခုပဲ အစာကျွေးတော့မလို့ မင်း ငါတို့နဲ့ ပေါင်းကျွေးချင်လား”

“ကောင်း ကောင်း ကောင်းလိုက်တာ။ ငါလည်း သူတို့စားနေတာကို ကြည့်ရတာ အကြိုက်ဆုံးပဲ။ လူ လူတိုင်း ကောင်းကောင်း စားနိုင်ကြတယ်”

ရှောင်ရုန်က မြေပြင်မှ ကုန်းထပြီး ရယ်သည်။

++++++

372 01

အခန်း 372

“အိုး”

သိပ်မဝေးသော နေရာရှိ မြက်ခင်းပြင်ထဲမှ ဝက်ဝံဖြူကြီးတစ်ကောင်က မြေပြင်တွင် ထိုင်နေရင်း သူ၏အရှေ့မှ တိရစ္ဆာန်များကို ကြည့်ကာ လေးနက်သော လေသံဖြင့် လှမ်းအော်သည်။

“ဒါရိုက်တာဆုပိုင်က ပြောထားပြီးသား မင်းတို့တွေ ရှောင်ရုန်ကို အနိုင်မကျင့်ရဘူးနော်။ ဒါကို မှတ်မိရဲ့လား ဟမ်”

“အထူးသဖြင့် အာဟ ဟမ်… ခေါင်းပြားတကောတောင်မှ ဒါကို နားလည်သေးတယ်။ မင်းကတော့ မရိုးသားဆုံး အကောင်ပဲ”

“ဝုတ်”

“ပေါက်ကရတွေ ငါ ဘယ်အချိန်က သူ့ကို အနိုင်ကျင့်လို့လဲ”

အာဟက ချက်ချင်းဆိုသလို့ မျက်လုံးပြူးကာ ပြန်ငြင်းသည်။

“ငါ ငါ ငါ သိတယ်”

ထိုအချိန်တွင် နှင်းကျားသစ်ပေါ်မှ ကိုအာလာလေးက တုန်ယင်သော လက်သည်းလေးကို ဆန့်ထုတ်ကာ ပြောသည်။

“အဲဒီညကလေ အာဟက ရှောင်ရုန်ကို မီးဖိုအခန်းထဲကနေ ပစ္စည်းတစ်ခု ယူခိုင်းတာ။ ငါ မြင်လိုက်တယ်”

“ဝုတ်”

“ပေါက်ကရတွေ အား မင်းက ငါ့ကို ဘယ်လိုတောင် စွပ်စွဲတာလဲ။ ငါ့ကို ကြည့်စမ်းပါ။ ငါက အဲဒီလို လူလား။ ငါက ဒီအတိုင်းလေး ပြောလိုက်တာ နောက်တာပါ။ ကိုအာလာ အစ်မကြီးကလည်း အရမ်း ချစ်ဖို့ကောင်းတာပဲ မဟုတ်ဘူးလား။ မိုက်ရူးရဲမဆန်ပါနဲ့ ငါက တကယ် နောက်လိုက်တာပါ”

သူ၏အရှေ့မှ အကောင်များက မြေပြင်မှ ခုန်ထလာလုနီးပါး ဖြစ်နေသောအခါ အာဟက ခပ်မြန်မြန် စကားကို ပြောင်းလိုက်သည်။

သေစမ်း…

သူသည် ရုပ်ရှင်ရိုက်ရန် ရှုူံးနိမ့်သွားပြီးအချိန်ကတည်းက သူ၏အဆင့်အတန်းက နိမ့်သထက် နိမ့်သွားသည်။ အတိတ်တွင် ထိုကိုအာလာလေးက သူပါးစပ်ဟလိုက်ရုံဖြင့် မျက်ရည်များ ကျလောက်အောင် သူ့ကို ကြောက်တတ်သည်။ ယခုအခါ သူ့ကိုပင် အပြစ်တင်ရဲလေသည်။

ဟမ် ဒါက ဘယ်လို တိရစ္ဆာန်ရုံလဲ။

ခွေးတွေမှာ အဆင့်အတန်း မရှိတော့ဘူးလား။ ဟုတ်လား။

“ကောင်းပြီ။ ကောင်းတယ်။ ကောင်းတယ်။ မဆိုးပါဘူး။ ကိုအာလာ အစ်မကြီးက တော်တာပဲ။ အခုကစပြီး လူတိုင်းက အာဟကို စောင့်ကြည့်သင့်တယ်”

နောက်ထပ် ပို၍များပြားသော တိရစ္ဆာန်များက ဝိုင်းလာသည်။ တပိုင်က ရုတ်တရက် တည်ငြိမ်သွားသည်။

“ဘယ်သူများ တင်ပြချင်သေးလဲ”

“ငါ”

အာဟက အထင်တသေး ပြုံးလိုက်သည်။

ဟွန်း ဘယ်သူက သူ့ကိုများ ပြန်တိုင်ရဲမှာလဲ ဟမ်။ သူခိုးပြီး လုပ်ထားတဲ့ ကိစ္စတွေကို သူကောင်းကောင်း ဝှက်ထားတာ ဘယ်သူမှ မသိနိုင်ဘူး။

372 02

သို့သော် ရုတ်တရက် အောက်ဘက်မှ နားရွက်ကြီးတစ်စုံက ထွက်လာသည်။ ထို့နောက် ဖင်းမြေခွေး စန်းဟက အသံကို မြှင့်ကာ အော်သည်။

“ငါ တင်ပြမယ်။ အဖေ ဟကလေ မနေ့က ပစ္စည်းနည်းနည်း ဝှက်ထားတယ်”

“ပြော ပြော ပြော”

“ပြော ဘာလဲ”

တပိုင်က သူ၏ ဝက်ဝံလက်သည်းများကို ထုတ်ပြီး မျက်လုံးပြူးကာ မေးသည်။

“အဲဒီ သောက်ကျိုးနည်း ပန်ဒါကလေ တအား ဆူတာပဲ။ သူကလေ သူရဲ့ မျှစ်တွေအားလုံးကို ဝက်ကျွေးဖို့ သွားသုံးလိုက်မယ်လေ ဟွန်း။ အဲဒီကောင်အတွက် စိတ်မကောင်း ဖြစ်လိုက်တာ”

“ဟီး ဟီး”

အာဟက သူ၏ နာခံသိတတ်လွန်းသော မြေးကို ကြည့်ပြီး ကျေနပ်စွာနှင့် ပြုံးလိုက်သည်။

တော်တယ်။

ဒီကောင်က သူရဲ့မြေး ဖြစ်ထိုက်ပါပေတယ်။ ဒီစွမ်းရည်တွေက ဘယ်သူကမှ မသင်နိုင်ဘူး။

ဝေါင်း

ရုတ်တရက် ပန်ဒါကြီးက ဒေါသတကြီး ခုန်ထကြောင်း မြင်မှသာ အာဟက ပါးစပ်ကို မြှင့်ရင်း ထအော်သည်။

“လာစမ်းပါ”

“သေစမ်း။ စစ်သည်တော်တစ်ယောက်က အန္တရာယ်ကို ထိပ်တိုက် ရင်ဆိုင်နိုင်ရမယ်။ မင်းက ငါ မင်းကို မနိုင်ဘူးလို့ ထင်နေတာလား ဟမ်”

“ဒီအတိုင်း မျှစ်နည်းနည်းပါပဲ။ ငါ ဒီအတိုင်း ဝက်လေးပဲ ကျွေးလိုက်တာလေ။ ဘာများ မှားနေလို့လဲ ဟမ်။ မင်းမှာ သတ္တိရှိရင် သတ္တိရှိရင် သောက်ငရဲလို့ပဲ ဘာလုပ်တာလဲ”

“မလှုပ်နဲ့။ ငါက မျှစ်လေးပဲ ချကျွေးလိုက်တာ မဟုတ်လား။ ဘာလို့ ဒီလောက်အထိ ဒေါသထွက်နေတာလဲ”

“ဖက်စ့် မင်း မင်း လူဟုတ်သေးရဲ့လား ဟမ်။ ဘာလို့ ဒီလောက် အများကြီး ဝိုင်းပြီး ရိုက်နေတာလဲ”

“အား အား အား စန်းဟ စောင့်နေစမ်းပါ။ အဖေက မင်းကို ကောင်းကောင်း ရိုက်ပေးမယ်”

“ကယ်ကြပါအုန်း”

ခရက်စ့်

တပိုင်က အာဟ၏အမွှေးကို ဆောင့်ဆွဲလိုက်ပြီး ခပ်ကြမ်းကြမ်း ဆွဲဖြဲသည်။ ထို့နောက် သူ့ကိုလည်း ခပ်ကြမ်းကြမ်း ကိုင်ပေါက်ကာ အမောတကော အသက်ရှုနေသည်။

ဒေါသမထွက်ပါနဲ့။

ဒါရိုက်တာဆုပိုင်က ပြောတယ်။ ပန်ဒါပေါက်လေးတွေက သိပ်မကြာခင် ရောက်လာတော့မှာတဲ့။

သူ တည်ငြိမ်ငြိမ် နေရမယ်။

သူ ဒီအတိုင်း မျှစ်နည်းနည်း ကုန်သွားရုံပဲ။

ဝေါင်း

“အဲဒါ မျှစ်နည်းနည်းပဲ မင်း မျိုးမစစ်ကောင်။ ငါ မင်းကို ဒီနေ့ သတ်မှာ”

သူဟာ အော်ဟစ်လိုက်ပြီးနောက် အာဟ၏ကိုယ်ပေါ်သို့ တစ်ကိုယ်လုံး တက်ဖိချလိုက်သည်။

အား လာစမ်းပါ။ လာစမ်းပါ။ သွေးသွားထားစမ်းပါ တပိုင်။

“အဖေ ပြေးတော့ ထွက်ပြေးတော့ လျှာမထုတ်ထားစမ်းပါနဲ့။ ဘာလို့ လျှာကို ထုတ်နေတာလဲ”

372 03

“အိုး ဘုရားရေ မဟုတ်တော့ဘူး။ သွားပြီ” အာဟက ပါးစပ်က လျှာထွက်ပြီး သတိလစ်သွားသည်။

တိရစ္ဆာန်တစ်အုပ်သည်လည်း ပန်ဒါကြီး၏ ဖင်အောက်ဘက်မှ သွားရည်တများများ ကျနေသော ဟက်စကီးကို ကြည့်လိုက်သည်။ သူ၏မျက်လုံးက အနောက်ဘက်သို့ လှန်ထွက်နေပြီး သတိလစ်သွားသည်။ သူတို့အားလုံးက စိုးရိမ်တကြီး အော်ကြသည်။

“ဘာ သတိလစ်သွားတယ် ဟုတ်လား”

တပိုင်က ချက်ချင်း ခုန်ထသည်။

ထို့နောက် သူ့ဘာသူ ဖိကြည့်သည်။

မဟုတ်သေးပါဘူး။ သူ အခုတလော သူရဲ့ အလေးချိန်ကို ထိန်းထားတာပါ။ သူအလေးချိန်တက်လာပေ့မဲ့လည်း ပေါင် ၃၀ တောင် ပြည့်တာ မဟုတ်ဘူး။ ဘာလို့ ရုတ်တရက်ကြီး သတိလစ်သွားတာလဲ။

ခရက်စ့်

သူဟာ ထို့သို့ နောက်လှည့်ကာ အကူအညီတောင်းတော့မည့်အချိန်တွင် မမျှော်လင့်ထားစွာပင်

“အား”

သူဟာ နာကျင်စွာ အော်လိုက်ရပြီး ပြန်၍ လှည့်ကြည့်လိုက်သောအခါ ဟက်စကီးက သူ့ဖင်ကို ခပ်ကြမ်းကြမ်း ကိုက်နေကြောင်း မြင်လိုက်ရသည်။ တပိုင်က ဒေါသတကြီး အော်သည်။

“သေစမ်း ငါ မင်း မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီ ထင်တယ်”

“အားလုံးပဲ ဒီကို လာစမ်းပါ။ အာဟက ပုန်ကန်နေပြီ။ သူ့ကို ရိုက်ကြရအောင်”

…

++++++

All Chapters