အခန်း (၃၇၃-၃၇၅)
Vol. 25 Ch. 373-375
အခန်း 373
မှေးမှိန်သောအခန်းထဲတွင်
“ပင့်ကူက ဘေးဘက်တွင် တလေးတစား ရပ်နေသည်”
“သတင်းက ယုံကြည်လို့ ရလား”
လူအိုကြီးက ခပ်တိုးတိုး မေးသည်။ သူဟာ လက်ထဲမှ ဓားမြှောင်နှင့် ကစားနေသည်။
“ငါတို့ အားလုံးကို ရှာတွေ့ထားတယ်”
ထိုပင့်ကူက နှုတ်ခမ်းထောင့်ကို သပ်သည်။ မျက်လုံးကို မှေးကျဉ်းလိုက်ရင်း အသံကို အတိုးဆုံးဖြစ်အောင် တိုးချကာပြောသည်။
“ငါတို့လူအများစုက တရုတ်နိုင်ငံထဲကို ဝင်နေပြီးသား။ သူတို့က ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို နေတိုင်းသွားပြီး စစ်ကြည့်နေကြတာ။ အဲဒီ အနက်ရောင် မုဆိုးမက ဆေးရုံမှာ မေ့နေတုန်းပဲ။ နောက်ပြီး စောင့်ကြည့် လေ့လာမှုတွေကအရ …”
“ရုပ်ရှင်ပြတဲ့အခါ တိရစ္ဆာန်ရုံကလူတိုင်းက အဲဒီကို သွားလိမ့်မယ်။ နောက်ပြီး အဲဒီ တိရစ္ဆာန်တွေကလည်း တိရစ္ဆာန်ရုံကို ရောက်နေမှာ”
“ဒါက ငါတို့အတွက် လှုပ်ရှားဖို့ အကောင်းဆုံး အခွင့်အရေးပဲ”
“ငါတို့အတွက် နောက်ဆုတ်ဖို့က ခက်လိမ့်မယ်။ တရုတ်တွေက အရမ်း စည်းရုံးကြတာ။ တိရစ္ဆာန်တွေကို ရပြီဆိုတာနဲ့ ငါတို့အတွက် တရုတ်နိုင်ငံက ထွက်ဖို့ ခက်မှာပဲ”
“ကောင်းပြီ”
လူအိုကြီးက ခေါင်းကို အသာညိတ်သည်။ သူသည် အိတ်ကပ်ထဲမှ စာရွက်တစ်စကို ထုတ်လိုက်ပြီး စားပွဲပေါ်တွင် ဖြန့်ကာ ခပ်တိုးတိုး ပြောသည်။
“ဒီမှာ ငါ မဆက်သွယ်တာ တော်တော်ကြာပြီဖြစ်တဲ့ သူငယ်ချင်းရဲ့ ဆက်သွယ်ရမဲ့ နံပါတ်။ သူက မင်းတို့ကို တရုတ်နိုင်ငံက ထွက်ပြေးနိုင်အောင် ကူညီပေးလိမ့်မယ်”
“ဒါပေမဲ့ ငါတို့အရင်တစ်ခေါက် မျက်နှာပျက်သွားတယ်ဆိုတော့ ဒီအတိုင်း လွှတ်ပေးလို့ မရဘူး”
“လူနည်းနည်း စီစဉ်ပြီး သူတို့ရဲ့ကိုယ်ပေါ်မှာ ဗုံးတပ်သွားစေလိုက်”
“နောက်ပြီး ဗုံးကို ဖောက်ခွဲပြီးသွားတာနဲ့ ငါ ကျန်ရစ်တဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ဂရုစိုက်ပေးလိုက်မယ်”
“အရာအားလုံးက ဒီအခွင့်အရေးကြီးအတွက်ပဲ”
“ဟုတ်ကဲ့”
ထိုစကားကို ကြားပြီးနောက် အဆိပ်ပင့််ကူက ခေါင်းကို လေးလံစွာ ညိတ်ပြီး မလိုလားသလို ပြောသည်။
“အဲဒီ အနက်ရောင် မုဆိုးမအတွက် ငါတို့ ဆေးရုံကို လူလွှတ်ဖို့ လို…”
“သတ်လိုက်တော့။ အပြင်ဘက်မှာ တရုတ်စစ်သားတွေအများကြီး စောင့်နေတယ်ဆိုပေမဲ့လည်း သေချာပေါက် အောင်မြင်မှာပဲ”
လူအိုကြီးက အသက်ကို ပြင်းပြင်း ရှုပြီး ခေါင်းကို တဖြည်းဖြည်းချင်းစီ ခါသည်။
“အခုလောလောဆယ် မလိုသေးဘူး။ မင်း ဒီတစ်ကြိမ် အောင်မြင်နိုင်သမျှ ငါတို့ တရုတ်နိုင်ငံနဲ့ ဖြည်းဖြည်းချင်း ကိုင်တွယ်လို့ ရတယ်။ နောက်ပြီး”
“သူမရဲ့ အသက်က အသုံးမဝင်တာမှ မဟုတ်တာ ငါတို့ နောက်မှ ကိုင်တွယ်လိုက်မယ်”
“အခုအရေးကြီးဆုံး လုပ်ရမဲ့ ကိစ္စက အဲဒီ တိရစ္ဆာန်တစ်ကောင်ကောင် ရဖို့ပဲ။ အဲဒီလိုမှ မဟုတ်ရင် ငါတို့ ဒီနေရာကနေ ဘာအကျိုးအမြတ်မှ မရနိုင်ဘူး။ နောက်ပြီး ရေရှည်အတွက် မဖြစ်နိုင်မှာ စိုးရတယ်”
“ခေါင်းဆောင် ငါတို့ ဘာလို့ ဒီနိုင်ငံက မထွက်ရမှာလဲ။ ဒီလူတွေက ငါတို့ကို အသုံးချနေတယ်လို့ ငါ ခံစားရတယ်”
အဆိပ်ရှိပင့်ကူကမှု ထို့လူများ၏မျက်နှာကို ပြန်တွေးမိပြီးနောက် အံကို ကြိတ်သည်။
“ငါတို့သာ ကျရှုံးသွားခဲ့ရင် သူတို့နဲ့ ဘာမှ မသက်ဆိုင်ဘူး။ ဒါပေမဲ့ အောင်မြင်သွားခဲ့ရင်တော့ အရင်းအနှီးက ငါတို့အားလုံးအပေါ်ရောက်မှာ။ အသက်ကို ရင်းပြီး တိုက်ခိုက်ရမဲ့ ဒီလူတွေက ငါတို့လူတွေနော်”
“ဒီလူတွေက ဘာမှလည်း မထောက်ပံ့ဘူး။ သူတို့က နေစရာနဲ့ ပိုက်ဆံလောက်ပဲ ပေးတာ”
လူအိုကြီးက အဆိပ်ရှိပင့်ကူကို ကြည့်လိုက်ပြီး လက်ကို ဖြည်းဖြည်းချင်းစီ ဆန့်ထုတ်လိုက်သည်။
အဆိပ်ရှိပင့်ကူက ချက်ချင်းဆိုသလို့ ဒူးထောက်ချပြီး ခေါင်းကို ရှေ့တိုးလာသည်။
“ငါ့ကလေး ငါက အိုနေပြီ။ ဒီအဖွဲ့အစည်းက အနာဂတ်မှာ မင်းအပိုင်ပဲ ဖြစ်မှာ။ ဒါပေမဲ့ မိုက်ရူးရဲမဆန်မိစေနဲ့။ ဒီလူတွေက အများကြီး မကူညီနိုင်ပေမဲ့လည်း သူတို့က တရုတ်နိုင်ငံကို ပေါ်တင် ရင်ဆိုင်ရဲတဲ့နေရာတွေထဲက တစ်ခုပဲ။ ငါတို့ အောင်မြင်သမျှ”
373 02
“အနာဂတ်အတွက်ကတော့ ဒီနေရာကိုပဲ မှီခိုနေရင်းနဲ့ အဆင်ပြေလောက်မှာပါ။ အနာဂတ်မှာလည်း ငါတို့ ပိုပြီး အင်အားကြီးလာလိမ့်မယ်”
“သွား ဆက်လုပ်တော့”
“ဒီတာဝန်က အောင်မြင်လို့ပဲ ရမယ်။ ကျရှုံးလို့ မရဘူး”
“ငါ မင်းကို ဒီနေရာက စောင့်နေမယ်”
“ဟုတ်ကဲ့”
အဆိပ်ရှိပင့်ကူက လေးစားစွာနှင့် ပြောပြီး နောက်ဆုတ်သွားသည်။
“ထွက်လာတော့”
အဆိပ်ရှိပင့်ကူ ထွက်သွားပြီးသည့်နှင့် လူအိုကြီးက အနောက်ဘက်ရှိ အခန်းကို လှမ်းပြောသည်။
“ဟား ဟား လူသတ်ဘုရင်က လူသတ်ဘုရင် ဖြစ်ထိုက်ပါပေတယ်”
“သူက မတိုက်ခိုက်နိုင်တော့ပေ့မဲ့လည်း လက်အောက်ငယ်သားတွေကို လေ့ကျင့်နိုင်တဲ့ စွမ်းရည်ကတော့ အံအားသင့်စရာ ကောင်းနေတုန်းပဲ”
ရွှေအိုရောင် ဆံပင်နှင့် အသက်အလတ်ပိုင်း လူကြီးတစ်ယောက်က ဗီရီုကို တွန်းဖွင့်ပြီး ထွက်လာသည်။
သူဟာ လူအိုကြီး၏ အရှေ့တွင် ရပ်ရင်း ပြုံးကာ ပြောသည်။
“ငါတို့ အရင်တစ်ခေါက်က တော်တော်အထိနာသွားတယ်။ ကိုလိုစီယံက ဖျက်စီးခံလိုက်ရတဲ့အပြင် မကောင်းဆိုးဝါးတွေအားလုံးကလည်း သေသွားတယ်”
“ဒါက ငါတို့ စီမဟာမိတ်တစ်ခုလုံး လက်မခံနိုင်တဲ့အချက်ပဲ။ ဒါကြောင့်”
“မင်း ငါတို့ကို ရှာတွေ့တာလား”
လူအိုကြီးက ဓားမြှောင်ကို စားပွဲပေါ် တင်ထားလိုက်ပြီးနောက် အသက်အလတ်ပိုင်း လူကို ကြည့်ကာ စူးရှလွန်းသော အကြည့်မျိုးဖြင့် ဒေါသတကြီး ပြောသည်။
“ဂျက်ခ် မင်း နားလည်သင့်တယ်။ ငါတို့က အရင်တစ်ခေါက်က အဲဒီ တိုင်းပြည်ပေါ်ကို အပြစ်တင်ဖို့ တွန်းပို့ရင်းနဲ့ တန်ကြေးကြီးကြီး ပေးဆပ်လိုက်ရတာ”
“ငါရဲ့လုပ်ကြံသတ်ဖြတ်ခြင်း အဖွဲ့အစည်းကလည်း အများကြီး ဆုံးရှံးနစ်နာသွားတာပဲ။ မင်း …”
“ဟား ဟား မင်း ဒါကို စိုးရိမ်ဖို့ မလိုပါဘူး”
ဂျက်ခ်က ပြုံးပြီး ခေါင်းကို ခါသည်။
“မင်းရဲ့အဖွဲ့အစည်းက ငါတို့ရဲ့ အထောက်အပံ့ ရှိနေတယ်။ သိပ်မကြာခင် ပြန်လည် တည်ဆောက်နိုင်လိမ့်မယ်။ မင်းက လူသတ်သမားအသစ်တွေကို လေ့ကျင့်တာမျိုးပဲ ဖြစ်ဖြစ် ငါတို့က မင်းကို ကျေနပ်အောင် လုပ်ပေးနိုင်တယ်”
“ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ငါတို့ အဲဒီတိရစ္ဆာန်တွေကို ဖမ်းမိပြီးရင် ငါတို့နဲ့ အဆက်အသွယ် လုံးဝ မရှိအောင် သေချာစေရမယ်။ ငါတို့ အကြောင်း ပေါ်သွားလို့ မရဘူး”
“အဲဒီလိုမှ မဟုတ်ရင် တရုတ်နိုင်ငံရဲ့ ဒေါသဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး”
“နောက်ပြီး မင်းလည်း သူတို့က ဒီတိရစ္ဆာန်တွေကို ကာကွယ်ဖို့ ဘယ်လောက်အထိ ဆုံးဖြတ်ချက်ချထားသလဲဆိုတာကို သိနိုင်တယ်။ ငါတို့ဆီမှာသာ သက်ရှိ တိရစ္ဆာန်တစ်ကောင် ရှိနေသမျှ ဓာတ်ခွဲခန်းကို ပေါ်တင်ဖွင့်လို့ ရပြီ။ အဲဒီအချိန်ကျရင် မင်းက လူနည်းနည်းလောက် စတေးပေးမယ်ဆိုရင် ငါတို့ကလည်း မင်းအတွက် လေ့ကျင့်ဖို့ မရေမတွက်နိုင်တဲ့ ကလေးတွေနဲ့ အစားထိုး လျော်ကြေးပေးလို့ရတယ်”
လူအိုကြီးက နှုတ်ခမ်းကို သပ်သည်။ သူဟာ စားပွဲပေါ်မှ ဓားမြှောင်ကို ပြန်ကိုင်ပြီး ခပ်တိုးတိုး ပြောသည်။
“ငါ ကလေးတွေ မလိုဘူး။ ငါက မင်းရဲ့ အဲဒီမကောင်းဆိုးဝါးတွေကို သားဖောက်တဲ့ နည်းပညာကို အရမ်း စိတ်ဝင်စားတယ်။ ဖြစ်နိုင်မယ်ဆိုရင် ငါ ငါရဲ့ ကလေးကို သုံးပြီး စမ်းသပ်ကြည့်ချင်တယ်”
373 03
“ငါကသာ ပြီးပြည့်စုံတဲ့ လူသတ်သမားတစ်ယောက်ကို မွေးထုတ်ပေးနိုင်မယ်ဆိုရင် အဲဒီနောက် ငါက အင်အားကြီးမား သွားလိမ့်မယ်”
“ဟား ဟား ဟား မင်းသာ အောင်မြင်သမျှ ဒါပေါ့ ရတယ် ငါစီစဉ်ပေးမယ်”
…
တရုတ်ပြည်။
ချင်ဆေးရုံ။
“ဘယ်လိုနေလဲ”
ဆုပိုင်က ဆေးရုံအခန်းထဲတွင် ရပ်နေသည်။ ဟာလီနှင့် အခြားသော သူများကလည်း သူ၏ဘေးနားတွင် ရပ်နေကြသည်။ သူတို့အားလုံးက ဆေးရုံဝတ်စုံနှင့် ကျိုးဝမ်ကို လာကြည့်ရင်း မေးသည်။
“အခု အများကြီး သက်သာလာပြီ”
“ဒါက ကယ်ဆယ်ရေး ခွေးလေ။ အရမ်း လန်းတာပဲ”
ကျိုးဝမ်က ပြုံးပြီး သူမ၏ပတ်တီးစည်းထားတဲ့ လက်ကို ဟိန်းကျစ်ထံသို့ ရမ်းပြကာ နှုတ်ဆက်သည်။
“နင်တို့တွေ ရုပ်ရှင်ရိုက်တယ်လို့ ငါ ကြားတယ်။ ဒါပေမဲ့လေ ငါ ဆေးရုံကနေပဲ ကြည့်နိုင်တော့မယ် ထင်တယ်။ ငါလည်း လူကိုယ်တိုင်လိုက်ပြီး နင်တို့နဲ့ အတူ ကြည့်ချင်လိုက်တာ”
သူမသည် ဆေးရုံတွင် နေနေရသော်လည်း ဒါရိုက်တာဆုပိုင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကိုမှ မလွှဲချော်စေခဲ့ပေ။ ပို၍ဆိုးသည့်မှာ ဆေးရုံမှ လူတိုင်းကလည်း သူမဟာ ကောင်းကင်ပြာ တိရစ္ဆာန်ရုံမှ ဝန်ထမ်းမှန်း သိနေသည်။ ထို့နောက် လူတိုင်းနီးပါးက သူမဆီ လာရောက်ပြီး စကားပြောကြသည်။
“ဟီး ဟီး”
“ရတယ်။ ငါ မင်းကို အဖော်ပြုဖို့အတွက် အကောင်ငယ်လေးတစ်ကောင် ခေါ်လာပေးတယ်”
သူဟာ ထို့သို့ပြောပြီးနောက် ဆုပိုင်က သူ၏အနောက်ဘက်မှ ကျောပိုးအိတ်ကို ထုတ်ပြီး လိမ္မော်ရောင်ကြောင်လေးကို ထုတ်သည်။
“မြောင်”
“မင်းက ငါ့ကို ဒီလူကို အဖော်ပြုပေးစေချင်တာလား”
လိမ္မော်ရောင်ကြောင်က ဆေးရုံခုတင်ပေါ်သို့ ခုန်တက်ပြီး ဆုပိုင်ကို ပြန်မေးသည်။
“အား”
“ဒါက နင် သိပ်မကြာခင်ကမှ ပြန်ခေါ်လာတဲ့ လိမ္မော်ရောင်ကြောင်လေး မဟုတ်လား”
“သူကို ငါနဲ့အတူ ဒီမှာ တကယ် ထားသွားမှာလား”
ကျိုးဝမ်က စောင်ပေါ်တွင် လဲနေသော ချစ်စရာကောင်းသည့် အကောင်သေးသေးလေးကို ကြည့်ပြီး တအံတဩ အော်သည်။
“အင်း။ သူဟာ မင်းဆေးရုံကဆင်းတဲ့အထိ မင်းနဲ့အတူ နေပေးလိမ့်မယ်”
ဆုပိုင်က ကြောင်လေး၏နဖူးကို အသာပွတ်ပြီး ခပ်တိုးတိုး ပြောသည်။
“မင်းလည်း သိပ်မကြာခင် ပြန်ကောင်းလာရမယ်။ လောင်ကျိုးကလေ တိရစ္ဆာန်တွေအများကြီးကို သူတစ်ယောက်တည်း အစာကျွေးရင်း ဒုက္ခများတယ်လို့ ညည်းနေတာ”
“ဆိုတော့ သူ ဝက်စာကျွေးရင်း ပိန်သွားပြီလား”
ကျိုးဝမ်က အနည်းငယ် ကြောင်သွားပြီး ခပ်မြန်မြန် မေးသည်။
“ဝက်တွေကို မပိန်စေနဲ့နော်။ ငါ သူတို့တွေ ဝတုတ်လာတဲ့အထိ ကျွေးထားရတာ”
လေးနက် တည်ကြည်နေသော ကျိုးဝမ်ကို ကြည့်ရင်း ဆုပိုင်က ရယ်သည်။
ထိုကောင်မလေးဟာ ဆဲရေးရင်း ဝက်စာကျွေးနေတာ ဖြစ်သည်။ သို့သော် ထို့အချိန်တွေဟာ အလွန်ချမ်းသာခဲ့သလို့ ခံစားရစေပြန်သည်။
သူမသည် သူမကိုယ့်သူမ ကောင်းကင်ပြာ တိရစ္ဆာန်ရုံမှ လူဟု သတ်မှတ်လိုက်ပုံရသည်။
++++++
374 01
အခန်း 374
ရုပ်ရှင်က ဒီည ပြမည် ဖြစ်သည်။
ဆုပိုင်သည်လည်း ရုပ်ရှင်အတူ ကြည့်ရန်အတွက် အကောင်ငယ်လေးများကို သိသိသာသာ ခေါ်လာခဲ့သည်။ တိရစ္ဆာန်ရုံကို ဒီနေ့ ပိတ်ထားသည်။ အနောက်တွင် ကျန်ရစ်ပြီး တံခါးကို စောင့်ကြပ်နေမဲ့ လောင်ကျိုးကလွဲပြီး ဘယ်သူကမှ မရှိပေ။
“လိမ္မော်ရောင်ကြောင်က မင်းနဲ့အတူ နေလိမ့်မယ်။ ဒါဆိုရင် ငါတို့ သွားတော့မယ်နော်”
သူဟာ လက်ကို တစ်ချက် ရမ်းပြီးနောက် ဆေးရုံထဲမှ ထွက်လာလိုက်သည်။
ထို့နောက် ရုပ်ရှင်ရုံ၏ ဝင်ပေါက်သို့ တိုက်ရိုက်သွားလိုက်သည်။
“အား ဒါရိုက်တာဆုပိုင်”
အဝေးမှ ဘေဘီက လက်မောင်းကို ပွေ့ရင်း သူ့ဆီ အပြေးလာသည်။
“ဘာလို့ တပိုင်ကို မခေါ်လာတာလဲ”
“တိရစ္ဆာန်ရုံထဲမှာ အတူကြည့်လို့ ရတယ်လေ။ တပိုင်က အခုတလော အရမ်း အလုပ်များနေတာ။ သူဟာ အဖေဖြစ်ဖို့ ပြင်ဆင်နေတယ်လေ။ ဒီတော့ သူ မထွက်လောက်ဘူး”
“အား”
ဘေဘီ၏မျက်လုံးက ရုတ်တရက် ပြူးသွားသည်။
“တပိုင်က အဖေဖြစ်တော့မှာလား။ ဆိုလိုတာက ဘေဘီက သူ့အပေါ် တက်စီးလို့ မရတော့ဘူးပေါ့”
“ဒါပေမဲ့ ဒါပေမဲ့ တပိုင်ကလေ တပိုင်က အထီးလေ။ သူက ဘယ်လိုဖြစ်ပြီး ကလေးလေး ထွက်လာမှာလဲ”
ဆုပိုင့်နှုတ်ခမ်းထောင့်က တွန့်သွားသည်။ သူသည် ထိုဘေဘီ၏ နဖူးလေးကို အသာပွတ်ပြီးနောက် မေးခွန်းကို မဖြေတော့ပေ။
အား သူက သကြားလုံးတစ်လုံးနဲ့ လိမ်သွားတယ်လို့ သူပြောလို့ မရဘူး ဟုတ်တယ်မှတ်လား။
“ဘေဘီ လာ လာ အထဲဝင်ရအောင်”
ကောင်းရွဲ့က ထို့ကလေးမကို ကောက်ချီလိုက်ပြီး လူအုပ်နှင့်အတူ အတွင်းသို့ ဝင်သည်။
ဘေးဘက်တွင်ရပ်နေသော လူများက ဆုပိုင်က ခေါ်သွားသော အကောင်လေးများကို သိချင်စိတ် ပြင်းပြစွာ ကြည့်ကြသည်။
“ဒါက အဓိက သရုပ်ဆောင် ဟာရီ ဖြစ်မယ်”
“ငါတို့က ဒီနေ့ အဓိက သရုပ်ဆောင်နဲ့အတူ ရုပ်ရှင်ရုံတစ်ခုတည်းမှာ ကြည့်ရလိမ့်မယ်လို့ မထင်ထားဘူး”
“ဟား ဟား ဟား မြန်မြန်လေး မြန်မြန်လေး မိုးမန့်ပေါ် တင်လိုက်စမ်း။ ဒါက တိရစ္ဆာန်ရုံတောင် မဟုတ်ဘူးနော်။ ငါက ငါရဲ့အိုင်ဒေါနဲ့လာတိုးတာပဲ။ ဟာရီက တိရစ္ဆာန်ရုံထဲမှာ”
“…”
လူတိုင်းက အလွန် သိချင်စိတ် ပြင်းပြနေကြသည်။ သို့သော် ဆုပိုင်က တရားဝင် ကြော်ငြာထားသောကြောင့် မည်သူကမှ အရှေ့သို့ အပြေးအလွှားထွက်ပြီး မနှောင့်ယှက်ကြပေ။
ရုပ်ရှင်ရုံထဲတွင်
မရေမတွက်နိုင်သော လူပေါင်းများစွာက ရုပ်ရှင်ရုံထဲမှ ထွက်လာကြသည်။ ရုပ်ရှင်က ပြီးကာစ ဖြစ်သည်။
374 02
“အဖေ ငါတို့ မသွားဘူးလား”
ကောင်လေးတစ်ယောက်က ဘေးနားမှ အသက်လတ်ပိုင်း လူ၏လက်ကို ခါရင်း ကလေးအသံလေးနှင့် မေးသည်။
“အဲဒီတိရစ္ဆာန်ကလေ စိတ်ဝင်စားဖို့ မကောင်းပါဘူး။ တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်တွေက သူတို့ရဲ့ လျှာကို ထုတ်ပြီး ယယ်ကြလိမ့်မယ်။ ဒါပေမဲ့ ရုပ်ရှင်ထဲက ဒီခွေးကတော့ အရမ်းကို ရူးလွန်းတယ်”
“ငါ ဒီလိုစက်ရုပ်တိရစ္ဆာန်မျိုးကို မလိုချင်တော့ဘူး”
“ငါရဲ့ နာမည်ကျော်လေးလောက်တောင် မကောင်းဘူး”
“ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်”
အသက်လတ်ပိုင်းလူကြီးက သားဖြစ်သူကို ကောက်ချီလိုက်ရင်း အပြုံးနှင့်ပြောသည်။
“ဟာရီရိုက်ထားတဲ့ ရုပ်ရှင်က သိပ်မကြာခင် ပြတော့မှာ။ သွားဝယ်ပြီး ကြည့်ကြမလား”
“ဒီတစ်ကားက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ဟာရီက အရင်တစ်ခေါက် သားထိုင်စီးခဲ့တဲ့ ခွေးလေးလေ”
“အား အခု မှတ်မိပြီ။ ဒါရိုက်တာ ဆုပိုင်ကပြောတော့ ဟာရီက အရမ်းရဲရင့်တာတဲ့”
“အား …”
လူကြီးမင်းလီက ရုပ်ရှင်ထဲမှ ထွက်လာသော လူအုပ်ကို ကြည့်ပြီး သက်ပြင်းရှည်ကို ချသည်။ သူ၏အမှုအယာက အကျဉ်းတန်သွားသည်။
သူတို့သည်လည်း လူအုပ်၏ ဆွေးနွေးသံများကို ကြားနိုင်သည်။ သူတို့အားလုံးက မကောင်းသော မှတ်ချက်များ ပေးနေကြသည်။
“လွန်ကဲလွန်းတယ်”
လူကြီးမင်းလီက ညည်းညူလိုက်ပြီးနောက် ရင်းနှီးမြုပ်နှံသူတစ်ဖွဲ့ကို တစ်ချက် ကြည့်သည်။
“ငါတို့လည်း တစ်ချက် ဝင်ပြီး ကြည့်ရအောင်။ ငါတို့ရဲ့ စက်ရုပ်တိရစ္ဆာန်တွေက ပျင်းစရာကောင်းမယ်လို့ ငါတော့ မယုံပါဘူး။ သူတို့ ရိုက်ထားတာက ဘာများ စိတ်ဝင်စားစရာ ကောင်းနေလို့လဲ”
“တိရစ္ဆာန်အစစ်တွေက ဘာများ မှားနေလို့လဲ ဟမ်။ တိရစ္ဆာန်အစစ်တွေက အဲဒီလောက်ထိ အံဩစရာကောင်းနေလို့လား”
“သွားမယ်။ လာ”
သူဟာ လူတစ်ဖွဲ့ကို ဉီးဆောင်ပြီး ဝင်လာသည်။
ဆူညံနေသော လူအုပ်ထဲတွင် လူအနည်းငယ်ကသာ ဆုပိုင်၏ဘေးနားမှ အကောင်ငယ်လေးများကို ကြည့်ကြသည်။
“လူစုခွဲထား”
“ရုပ်ရှင်ဆုံးတဲ့အထိစောင့်။ လူတွေက အပင်အပန်းဆုံး အချိန်မှာ ငါတို့ စလို့ရတယ်”
အဆိပ်ပြင်းပင့်ကူက အမိန့်ကို ပေးသည်။ သူဟာ ဦးထုပ်ကို အောက်ဘက်သို့ ရောက်သည့်အထိ ဆွဲချလိုက်ပြီး အနောက်မှ လိုက်ဝင်သွားသည်။
သူတို့ ထိုင်ပြီး အနည်းငယ်ကြာပြီးနောက် သူတို့ဟာ ဒါရိုက်တာ ဆုပိုင်နှင့် တော်တော်လေး ဝေးနေကြောင်း သိလိုက်ရသည်။ လက်မှတ်ဝယ်ရန် အပြေးအလွှားလာသော လူက များလွန်းသည်။ သို့တိုင်အောင် သူတို့သည်လည်း ပိုက်ဆံ အတော် သုံးပြီးမှသာ လက်မှတ်ဝယ်နိုင်ခဲ့သည်။
သို့ရာတွင် သူ၏ဘေးနားတွင် ထိုင်နေသော ဝတ်စုံအပြည့်များနှင့် အသက်လတ်ပိုင်း လူများကို ကြည့်နေရင်း အဆိပ်ပြင်းပင့်ကူက မျက်မှောင် အသာ ကြုတ်သည်။
တစ်ခုခုတော့ မှားနေပြီ။
ဒီနေရာသို့ လာသော ရုပ်ရှင်ကြည့်သော လူအများစုက စုံတွဲများနှင့် မိသားစုများ ဖြစ်သည်။
ယခုလိုမျိုး အသက်လတ်ပိုင်း လူကြီးများ လာရောက်ခြင်းက ရှားပါးသည်။ အထူးသဖြင့် သူတို့ဟာ ပွဲတက်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
374 03
“ဟီး ဟီး”
ဘေးဘက်မှ လူကိုကြည့်ပြီး အဆိပ်ပြင်းပင့်ကူက ပြုံးသည်။ ထို့နောက် ခေါင်းကို လှည့်ကာ ဖန်သားပြင်ကိုသာ စိုက်ကြည့်နေလိုက်သည်။
ထို့အချိန်တွင် ဆံပင်အမြင့် မြှောက်စီးထားသော မိန်းမကြီးတစ်ယောက်က စင်ပေါ်တွင် ရပ်နေသည်။ သူမက လက်ထဲတွင် မိုက်ခရိုဖုန်းကို ကိုင်ထားပြီး လေးစားစွာနှင့် ဂါရဝ ပြုသည်။
“အားလုံးပဲ တိတ်ပေးကြပါ”
မာလီက ထိုင်ခုံအပြည့်နေရာ ယူထားသော လူအုပ်ကို တစ်ချက်ကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
ဟန်ချန်းက နေရာငယ်လေး ဖြစ်သော်လည်း ထို့မျှလူပေါင်းများစွာ လာရောက်ကြည့်ရူခြင်း အရင်က မြို့ကြီးများထက်ပင် ရူးသွပ်သေးလေသည်။
“ပထမဦးဆုံး တိရစ္ဆာန်တွေကို သုံးပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို လာရောက်ကြည့်ရူပေးကြတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်”
“နောက်ပြီး ငါတို့ရဲ့ အဓိက ဇာတ်လိုက်ကို အရမ်းကြီး သဘောကျပေးဖို့လည်း ကျေးဇူးအများကြီး တင်ပါတယ်”
“ဟာရီ”
ဝုတ်
ဆုပိုင်က ဟာရီ၏နဖူးကို ပွတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ထို့အလက်စကားခွေးက စင်မြှင့်ပေါ်သို့ ကောက်တက်ပြီး လူတိုင်းကို လှမ်းဟောင်သည်။
“ရိုက်ကူးရေးအဖွဲ့ဝင်တွေက ရိုက်ကူးနေရင်းနဲ့ ငိုယိုခဲ့ကြတယ်ဆိုပြီး ပြောရင် ချဲ့ကားရာ မရောက်ဘူး”
“နောက်ပြီး ငါပြောနိုင်သမျှက ဟာရီရဲ့ ဖော်ဖြေမှုက အရမ်းကို ပြီးပြည့်စုံတယ်ဆိုတာပဲ”
“တိရစ္ဆာန်တွေက အရမ်းကို သန့်စင်တဲ့ ခံစားချက်တွေကိုသာ ပိုင်ဆိုင်ထားကြတယ်။ ဟာရီက ဒီလို စစ်မှန်လွန်းလောက်အောင် သရုပ်ဆောင်နိုင်တာကလည်း သူရဲ့နှလုံးသားထဲမှာ ရှိတဲ့ သူရဲ့သခင်က ရုပ်ရှင်ထဲက သခင်နဲ့ တူနေလို့ပဲ”
“ဒီမှာ ငါတို့ရဲ့ ဒီရုပ်ရှင်အဖွဲ့သားတစ်ခုလုံးက ဒါရိုက်တာဆုပိုင်ကို ကျေးဇူးတင်ဖို့ လိုအပ်တယ်”
မာလီက စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။
“ဒီနေရာမှာ ထိုင်နေတဲ့ လူအများစုက ဟန်ချန်းကပေါ့။ ပြီးတော့ ဒီလူတွေလည်း ဒါရိုက်တာဆုပိုင်က ကြားရက်တွေမှာ အရမ်း အလုပ်များတာကို သိကြလိမ့်မယ်။ ဒီရုပ်ရှင်အတွက်ကြောင့်နဲ့ ဒါရိုက်တာ ဆုပိုင်က ဟာရီနဲ့အတူ ရုပ်ရှင်ရိုက်လို့ ပြီးတဲ့အထိ အစကနေ အဆုံးအထိ နေထိုင်ပေးခဲ့တယ်”
“ဒီလူက တိရစ္ဆာန်တွေကို တကယ်ကို ချစ်တတ်တဲ့ လူတစ်ယောက်”
“အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ပထမဦးဆုံးအကြိမ် အစစ်အမှန် တိရစ္ဆာန်တွေကို သုံးပြီး ရိုက်ကူးခဲ့တဲ့ ဒီဇာတ်လမ်းမှာ ပါဝင်ခဲ့တဲ့လူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလူတွေအားလုံးကိုလည်း အားလုံးပဲ အသိအမှတ်ပြုကြမယ်လို့ မျှော်လင့်တယ်”
“နောက်ဆုံးအနေနဲ့ ရင်းရင်းနှီးနှီး သတိပေးပါ့ရစေ။ ကျေးဇူးပြုပြီး ကိုယ်ပိုင် တစ်ရှူးတွေ ကိုင်ထားကြပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ အင်္ကျီလက်တွေ စိုကုန်လိမ့်မယ်”
ထို့သို့ ပြောပြီးသည့်နှင့် မာလီက စင်ပေါ်မှ တိုက်ရိုက်ဆင်းသွားပြီး ဆုပိုင်၏ဘေးနားတွင် လာထိုင်သည်။
အခန်းတစ်ခုလုံးက တဖြည်းဖြည်းချင်းစီ မှောင်သွားသည်။
ဝုတ်
ဖန်သားပြင်ပေါ်တွင် ဟာရီက တံခါးဝအနားတွင် ရပ်နေပြီး ဟောင်နေသည်။
ရုပ်ရှင်က တဖြည်းဖြည်းချင်းစီ စတင်နေသည်။
374 04
“ကိုယ်ပိုင် တစ်ရှူးယူထားတဲ့။ အရှက်မဲ့လိုက်တာ”
လူကြီးမင်းလီက ဗွီဒီယိုကို ကြည့်နေပြီး မျက်မှောင် ကြုတ်သည်။ သူဟာ တစ်စုံတစ်ရာကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့အခိုက် သူ၏ဘေးဘက်မှ လူက သူ့ကို သိချင်စိတ် ပြင်းပြစွာ လာကြည့်နေကြောင်း မြင်သောအခါ အသာပြုံးပြလိုက်ပြီး အရှေ့ကို ဆက်ကြည့်ပြီး ပြောသည်။
“မင်းက ဘယ်ကလာတာလဲ။ ညီငယ်လေး”
“မင်းလည်း တစ်ရှူး ယူထားတာ မတွေ့ဘူး။ မင်းလည်း ဒီလို လှည့်ကွက်တွေကို မယုံဘူး မှတ်လား။ သူတို့က ဒီအတိုင်း တိရစ္ဆာန်တွေပဲ မဟုတ်ဘူးလား။ ဘာလို့ လူတိုင်းက ငိုပေးရမယ်လို့ ထင်နေတာလဲ ဟမ်။ ညီငယ်လေး မင်းရော ငိုမှာလား”
“ငါ မငိုဘူး”
အဆိပ်ပြင်းပင့်ကူ၏နှုတ်ခမ်းများက ကော့တက်သွားသည်။ သူဟာ အထင်တသေး ပြောသည်။
“ဒါဆိုရင်လည်း ကောင်းကောင်း ကြည့်ရအောင်။ ငါတော့ မယုံပါဘူး။ စက်ရုပ်တိရစ္ဆာန်တွေက သူတို့ထက် ပိုဆိုးမှာတဲ့လား”
“ငါသာ ငိုရင် ငါ ခွေးပဲ”
လူကြီးမင်းလီက ခပ်တိုးတိုး ဆဲရေးလိုက်ပြီး ဂရုစိုက်ကြည့်လိုက်သည်။
အဆိပ်ပြင်းပင့်ကူက အနီးနားတွင် တည်ငြိမ်စွာ ထိုင်နေသည်။ သူနှင့် သူ၏လူများကလည်း ရုပ်ရှင်ကိုသာ စိုက်ကြည့်လိုက်ကြသည်။
******
375 01
အခန်း 375
“ဝူး ဝူး ဝူး”
“ဝူး ဝူး ဝူး”
“ဝူး ဝူး ဝူး”
ပြဇာတ်ရုံ၏ တစ်ခုလုံးအနှံ့ တရှုံ့ရှုံ့ ငိူသံများကို ကြားနေနိုင်သည်။ အားလုံးက တစ်ရှုးများ အသီးသီး ထုတ်ကာ မျက်ရည်များ သုတ်ကြသည်။
“သေစမ်း သောက်ကျိုးနည်း ကောင်းတဲ့ ရိုက်ချက်”
လူကြီးမင်းလျိုကပင် သူ၏အင်္ကျီလက်ဖြင့် မျက်ရည်ကို သုတ်သည်။ သူသည် မနေနိုင်ဘဲ သက်ပြင်းချ၏။
ပြောရမယ်ဆိုရင် သူတို့၏ ရုပ်ရှင်ဟာ နာမည်ကျော် စတားပေါင်းများစွာကို အလုံးအရင်းဖြင့် ခေါ်ဆောင်ကာ ထည့်သွင်းရိုက်ကူးသည့်တိုင်အောင် ဒီရုပ်ရှင်နှင့် ယှဉ်တော့ အမှိုက် ဖြစ်နေသည့်မှာ မှန်ကန်နေသည်။ အကြောင်းမှုကား သူတို့၏ ရုပ်ရှင်တွင် အနှစ်သာရ မပါပေ။
သူတို့အရှေ့မှ ရုပ်ရှင်က ဟာရီသည် ထိုစင်လေးပေါ်တွင် ဝပ်နေခဲ့ချိန်က အထီးကျန်ဆန်သော အကြည့်ကြောင့်ပင် ဖြစ်စေ၊ အထူးသဖြင့် အဆုံးအသတ်နားတွင် ဟာရီဟာ အသက်ကြီးသွားပြီးသည့်တိုင်အောင် ထိုနေရာတွင် ၁၀ နှစ်လုံးလုံး နေပြီး သခင်ဖြစ်သူ ပြန်လာမည့်အချိန်ကို စောင့်နေခဲ့သော အခန်းကပင် ဖြစ်စေ … သူသည် သေသွားသည့်အထိ။
ထိုမြင်ကွင်းကို မြင်ပြီးနောက် သူသည် နောက်ဆုံးတွင် တောင့်မခံနိုင်တော့ဘဲ ချက်ချင်း ထငိုမိသည်။
ပြဇာတ်ရုံထဲမှ လူတိုင်းကလည်း မျက်နှာကို အုပ်ပြီး ငိုနေကြသည်။
သူနှင့်အတူ လိုက်လာသော ရင်းနှီး မြုပ်နှံသူများကို ပြန်ကြည့်သောအခါ အားလုံး၏ မျက်လုံးများက နီနေကြသည်။
“ဟူး …. ငါ လက်ခံသွားပြီ။ အခုက စပြီး ကောင်းကင်ပြာတိရစ္ဆာန်က တိရစ္ဆာန်တွေနှင့် ရုပ်ရှင်ရိုက်ဖို့ပဲ ငါ ရင်းနှီးမြုပ်နှံဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီသရုပ်ဆောင်မှုက အရမ်းကောင်းလွန်းတယ်”
“တကယ်ကို ငါ့ကို ရင်နာစေတယ်။ ဟူး မျှော်လင့်ထားတဲ့အတိုင်းပဲ။ စက်ရုပ်တိရစ္ဆာန်တွေက ဘယ်လောက်ပဲ အဆင့်မြင့်မြင့် တစ်ခုခုတော့ လိုနေသေးတာပဲ။ ဒီရုပ်ရှင်ကို ကြည့်ပြီးသွားတော့မှပဲ ဘာလိုနေလဲဆိုတာကို သိလိုက်ရတယ်။ တကယ်တော့ တိရစ္ဆာန်တွေက ဒီ ဟာရီလိုမျိုး အနှစ်သာရ အပြည့် စိတ်ဝိညာဉ်အပြည့် ဖြစ်ရမှာ။ ငါတို့ရဲ့ ပရိုဂရမ်တွေကို ဘယ်လိုပဲ ကောင်းကောင်းမွန်မွန် ဒီဇိုင်းဆွဲဆွဲ သူတို့က သက်ရှိတွေမှ မဟုတ်ဘဲ”
“ဟုတ်တယ်။ ငါတို့ လူသားတွေလိုပေါ့။ ဘယ်သူက စက်ရုပ်ဇနီးကို လက်ထပ်ချင်ကြလို့လဲ။ သေချာပေါက် လက်မထပ်ချင်ကြဘူးလေ။ ဒီတိရစ္ဆာန်တွေက မသေချာ မရေရာမှုတွေကြောင့် စိတ်ဝင်စားစရာ ကောင်းနေတာ။ သူတို့က ပျော်နိုင်တယ်။ ဝမ်းနည်းနိုင်တယ်။ အား ငါတို့ လူသားတွေနဲ့ အတူတူပဲ။ ငါလည်း မင်းလို့ပဲ အနာဂတ်မှာ ရင်းနှီးမြုပ်နှံတဲ့အခါ ကောင်းကင်ပြာ တိရစ္ဆာန်ရုံမှာပဲ သွားပြီး ရင်းနှီး မြုပ်နှံတော့မယ်”
“…”
လူတိုင်း၏ တိတ်တဆိတ် ဆွေးနွေးသံများကို နားထောင်ပြီး လူကြီးမင်းလျိုက အနည်းငယ် မှင်သက်သွားသည်။
သို့သော် သူသည်လည်း ဝန်ခံရဲရပေမည်။ သူတို့၏ စက်ရုပ်တိရစ္ဆာန်များဖြင့် ရိုက်ကူးထားသော ရုပ်ရှင်ရုံက လူအများကို သစ်လွင်သည့်ဟု ခံစားရစေသည့်တိုင်အောင် ဒီရုပ်ရှင်လောက် ရင်ထဲ မထိစေပေ။
“ညီငယ်လေး မင်းက တကယ်ကို ရက်စက်တာပဲ။ မင်းက တကယ်ကို မငိုရက်ဘူး”
သူ၏နံဘေးမှ လူငယ်ကို တစ်ချက်ကြည့်ပြီးနောက် သူဟာ လေးစားမှုအပြည့်နှင့် ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် လူငယ်တွေကို။ ငါတို့က အသက်ကြီးနေပြီ။ ငါတို့က မျက်ရည်တွေ မထိန်းနိုင်တော့ဘူး”
“မင်း”
375 02
“ဟေး မင်း ဘာလုပ်တာလဲ။ ရုပ်ရှင်က မပြီးသေးဘူးလေ”
သူ၏ စကားက မဆုံးသေးခင် သူ့နံဘေးမှ လူငယ်ဟာ ကုလားထိုင်မှ ထရပ်လိုက်သည်။ ထို့နောက် အိတ်ထဲမှ တစ်စုံတစ်ရာကို အပြင်ဘက်သို့ ပစ်လိုက်သည်။
ထို့နောက် ရုပ်ရှင်ရုံထဲမှ လူအများစုက ခပ်မြန်မြန် ထရပ်ပြီး ထိုင်ခုံပေါ်မှ ခုန်ထကြကာ အရှေ့ဘက်သို့ ပြေးသည်။
“ဖက်စ့်”
“ဒီလူတွေ တစ်ခုခုပဲ”
“သူတို့က ဒီကို လာပြီး တိရစ္ဆာန်တွေ လာခိုးတာ”
လူကြီးမင်းလျိုက ပါးစပ်ကို အုပ်လိုက်ပြီး တအံတဩ အော်သည်။ သူ၏ တစ်ကိုယ်လုံးကလည်း အနည်းငယ် တုန်နေ၏။
“သတိထား။ တစ်ယောက်ယောက်က အန္တာရာယ် ပေးလိမ့်မယ်”
သူဟာ ရုတ်တရက် ကုလားထိုင်မှ ထပြီး အသံကို ဟစ်ကာ အော်သည်။
ဗုန်း
ထို့အခိုက်အတန့်တွင် အရှေ့ဘက်မှ တစ်ခန်းလုံးက ပေါက်ကွဲသွားသည်။ ဖန်သားပြင်ကြီးကလည်း ချက်ချင်းဆိုသလို ပြိုကျသည်။
“သတိထား”
ထိုအခြေအနေကို မြင်သောအခါ ဆုပိုင်က လူကြီးမင်းလီ၏ နဖူးကို တစ်ချက် ဖိချလိုက်ပြီး ဘေးဘက်သို့ ခပ်မြန်မြန် ခုန်ချသည်။
“ဟာရီ၊ ဟိန်းကျစ်၊ အာဟ တံခါးကို မြန်မြန် ဖွင့်စမ်း”
ထိုနောက် အော်သံတစ်သံက ထွက်လာသည်။ တိရစ္ဆာန်သုံးကောင်က တံခါးထံသို့ အပြေးအလွှားသွားပြီး လေးလံသော တံခါးကြီးကို ချိုးဖဲ့ ဖွင့်သည်။ ထို့နောက် အလင်းရောင်လေး အနည်းငယ်က ဝင်လာ၏။
“သတိထား သတိထား”
ထိုအချိန်တွင် ဆုပိုင်သည် အော်ဟစ်တော့မည်အချိန် ရုတ်တရက် ပြဇာတ်ရုံကြီးတစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်သွားသည်။
“အား ကယ်ကြပါ။ ငါ့ကို ခေါ်ထုတ်ကြပါအုန်း”
“ကလေး ငါ့ကလေး ငါ့ကလေး ဒီနေရာက ထွက်လာခဲ့”
“လူတွေ ဘယ်ရောက်သွားလဲ။ လူတွေ ဘယ်ရောက်သွားလဲ။ မီးတွေ ဖွင့်ကြပါ”
ထိုသို့ဖြင့် အော်သံများနှင့် အော်ဟစ် အကူအညီတောင်းသံများက ပြည့်သွားသည်။
ဆုပိုင်က နေရာမှ ခပ်မြန်မြန် ထပြီး လူတိုင်းကို လှမ်းအော်သည်။
“အားလုံးပဲ မတွန်းကြနဲ့။ တံခါးကနေ ထွက်ကြ”
ယခုချိန်အထိ လူသတ်သမားများ၏ သဲလွန်စကို မတွေ့ရသေးချေ။ သူတို့သည် လူအုပ်နှင့် ရောနှောနေလောက်သည်။
လူကြီးမင်းလျိုက ထိုင်ခုံမှ ခုန်ထပြီးနောက် တံခါးဆီသို့ ခပ်မြန်မြန် အပြေးသွားသည်။ ထို့အချိန်တွင်ပင်
ဝုတ်
ရုတ်တရက် တံခါးထံမှ နာကျင်မှု အပြည့်နှင့် အော်သံက ထွက်လာသည်။ ယခုလေးတင် သူ၏နဘေးတွင် ထိုင်နေသော လူငယ်လေး တစ်ယောက်က သူ၏ အင်္ကျီလက်ထဲမှ ဆေးထိုးအပ်ကို ထုတ်လိုက်ပြီး တံခါးဝနားရှိ တိရစ္ဆာန်တစ်ကောင်ကို ခပ်မြန်မြန် ထိုးသွင်းလိုက်သည်။
အနားမှ လူများကလည်း ထိုတိရစ္ဆာန်ကို ခပ်မြန်မြန် ဝိုင်းပြီး အိတ်ထဲသို့ ထိုးထည့်သည်။
ဘာလုပ်ရမလဲ။
375 03
ထိုအခိုက်အတန့်တွင် သူသည် ထိတ်လန့်သွားသည်။ ထိုလူများဟာ သိသာစွာပင် ကောင်းမွန်စွာ လေ့ကျင့်ထားပြီး လှုပ်ရှားရန် အသင့်ပြင်လာသည်။
“အရူးကောင် ကောင်းပြီ စိတ်ထဲထား မနေတော့ဘူး”
သူဟာ ခပ်တိုးတိုး အော်ပြီးသည့်နှင့် တံခါးဆီ ခပ်မြန်မြန် သွားသည်။
ဘန်း
သူသည် အနောက်ဘက်မှ နေ၍ ထို့လူငယ်ကို ဆောင့်ကန်လိုက်ပြီး မြေပြင်ပေါ်သို့ တွန်းချသည်။
“ဟမ် သားရဲတစ်အုပ်။ ငါက လူကောင်းတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့က ပိုဆိုးနေမယ်လို့ မထင်ထားဘူး။ တိရစ္ဆာန်တွေကိုတောင် လုပ်ကြံဖို့ ကြံစည်ထားသေးတယ်”
“တစ်ယောက်ယောက် လာစမ်း”
“ဒီမှာ လူတွေက”
ဒိုင်း
ရုတ်တရက် သေနတ်သံကို ကြားရသည်။ လူကြီးမင်းလျိုက မြေပြင်ပေါ်သို့ လဲကျသွားပြီး ဗိုက်ကို အုပ်ထားသည်။
“သွား”
“အခု စတော့”
အဆိပ်ပြင်းပင့်ကူက မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး မြေပြင်မှ အဝတ်အိတ်ကို ကောက်မသည်။ ထို့နောက် အမိန့်ကို ထုတ်ပေးရင်း လူအုပ်ထဲမှ ခပ်မြန်မြန် ပြေးထွက်ခဲ့သည်။
“ဘာတွေ ဖြစ်သွားတာလဲ။ သေနတ်ပစ်သံ ကြားလိုက်သလို့ပဲ”
ဆုပိုင်က ရုပ်ရှင်ရုံထဲမှ အတင်းတိုးဝေ့ကာ ထွက်လာချိန်တွင် ရုတ်တရက် သေနတ်ပစ်သံကို ကြားပြီး ကြောင်သွားသည်။
ဒီလူတွေက
“မကောင်းတော့ဘူး”
သူသည် ခပ်တိုးတိုး အော်ဟစ်လိုက်ပြီး တစ်ဖက်သို့ လှည့်ကာ တံခါးဝသို့ အပြေးထွက်လာခဲ့လိုက်သည်။
သူသည် အဝေးမှ နေ၍ ကြည့်လိုက်သောအခါ မြေပြင်တွင် အသက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် လဲနေကြောင်း တွေ့လိုက်ရသည်။ သူသည် ဝမ်းဗိုက်ကို အုပ်ထားသည်။
“တစ်ယောက်ယောက် လာ တစ်ယောက်ယောက် လာ တစ်ယောက်ယောက်က တိရစ္ဆာန်တစ်ကောင်ကို ဖမ်းသွားတယ်။ သူတို့နောက်က လိုက်”
“သူတို့ရဲ့ ကိုယ်မှာ ဗုံးတွေ တပ်ထားတဲ့ လူတွေရှိတယ်။ မြန်မြန်လေး မြန်မြန်လေး အားလုံးကို ထွက်သွားဖို့ပြော”
“မြန်မြန်လေး အားလုံးကို အပြေးထွက်ခိုင်း”
ဆုပိုင်က ထို့လူအား ပုခုံးကနေ တွဲထူ၍ မပေးသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ လူများကို လှမ်းအော်လိုက်သည်။
“မြန်မြန်လေး အပြင်ထွက်ကြတော့”
“ချက်ချင်း ထွက်”
ထိုစကားလုံးများက မဆုံးလိုက်ပေ။
ဗုန်း
ရုတ်တရက် အဝေးတစ်ရာရှိ ထောင့်နားမှ သွေးတိမ်စိုင်မြူက ပေါက်ထွက်လာပြီး ကောင်းကင်သို့ မီးတောက်တစ်ခုအလား မြှောက်တက်သွားသည်။
ကျန်သောသူများအားလုံးကလည်း ရောက်ရာနေရာတွင် ရပ်ကာ မှင်သက်နေကြသည်။
375 04
ထိုနောက် မြေပြင်ပေါ်သို့ ပြုတ်ကျလာသော ခြေပြတ် လက်ပြတ်များနှင့် အုတ်အပိုင်းအစ အကျိုးအပဲ့များကို မြင်လိုက်ကြရသည်။
“သွားကြတော့”
ဆုပိုင်က အသံကို ဟစ်ပြီး အော်လိုက်သည်။ လူတိုင်းက ထိုအခါမှသာ အသိပြန်ဝင်ပြီး တုန်တုန်ရီရီနှင့် ပြေးထွက်ခဲ့ကြသည်။
ထို့လူများသည် သူတို့၏ ကိုယ်ပေါ်တွင် ဗုံးများ တပ်ဆင်လာလိမ့်မည်ဟု မထင်ထားမိပေ။ ယခုအခါ ဗုံးများ သယ်ဆောင်ထားသော လူသတ်သမားများက ရုပ်ရှင်ရုံ၏ နေရာအနှံ့တွင် ရှိနေလာက်လေသည်။
ကံကောင်းသည့်မှာ ဟန်ချန်းတွင် ရုပ်ရှင်ရုံက သိပ်မကြီးပေ။ လူအုပ်ကလည်း သိပ်မကြာခင် အပြေးထွက်နိုင်သွားသည်။
သူတို့ဟာ ကြောက်လန့်တကြား အပြေးထွက်ပြီးနောက် ချစ်ရသော သူများကို ရှာကြသည်။
ဗုန်း
နောက်ထပ်တစ်ခါ ပေါက်ကွဲသံက ထွက်လာပြန်သည်။
“အား ပြိုကျတော့မယ်။ ပြိုကျတော့မယ်။ အထဲမှာ တစ်ယောက်ယောက် ရှိသေးလား”
“ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်လာတာလဲ”
“မြန်မြန် လာ မြန်မြန်လာ သူတို့ကို ကယ်ကြ။ အဲဒီမှာပဲ ရပ်မနေကြနဲ့”
အားလုံးက ပြိုကျနေသော ရုပ်ရှင်ရုံကြီးကို မျက်လုံးပြူးကာ ကြည့်ရင်း အော်ြကသည်။
ဟူး
ဆုပိုင်က အသက်လတ်ပိုင်းလူကို မြေပြင်တွင် ခဏချထားပေးပြီး အပျက်အစီးပုံဖြစ်သွားသော ရုပ်ရှင်ရုံကို ကြည့်ကာ အံကို ကြိတ်သည်။
ယခုလိုမျိုး တန်ကြေးကြီးကြီး ပေးကာ တိုက်ခိုက်ရဲသော အဖွဲ့အစည်းက တစ်ခုသာလျှင် ရှိသည်။ ဒါဟာ ထိုလူသတ်အဖွဲ့အစည်း ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ သူသည်လည်း ထို့လူများက လူသားများ၏ ကိုယ်ပေါ်တွင် ဗုံးများကို တပ်ဆင်ကာ လွှတ်ပြီး ဖောက်ခွဲခိုင်းလိုက်လိမ့်မည်ဟု မထင်ထားမိပေ။
“သေလိုက်ပါတော့”
သူဟာ အော်ဟစ်ကာ ကျိန်ဆဲလိုက်သည်။ ထို့နောက် မြေပြင်မှ ကုန်းထသည်။
“ဟိန်းကျစ်”
ဆုပိုင်က တစ်ချက် အော်ဟစ်လိုက်ပြီးနောက် သူထံ အဝေးမှ အပြေးလာနေသော ကယ်ဆယ်ရေးခွေးကို ကြည့်သည်။ ထို့နောက် အပျက်အစီးပုံထဲသို့ ချက်ချင်း ပြေးသွားကာ အထိတ်တလန့် ဖြစ်နေသော လူအုပ်ကို လှမ်းအော်သည်။
“အားလုံးပဲ မထိတ်လန့်ကြနဲ့။ မြန်မြန်လေး မြန်မြန်လေး ကလေးတွေ ရှိလားဆိုတာကို စစ်ဆေးကြည့်ကြအုန်း”
“အခြားလူတွေက ရေတွေ သွားသယ်ပြီးတော့ မီးကို ငြိမ်းကြပါ”
“အလုပ်လုပ်လို့ရတဲ့ ဘယ်သူမဆို လုံခြုံရေး ရုံးတော်ကို သွားပြီး အကြောင်းကြား ပေးလိုက်ပါအုန်း။ ရုပ်ရှင်ရုံထဲမှာ အခြားလူတွေ ရှိနေသေးလား မသိဘူး။ အရင်ဆုံး သူတို့ကို ကယ်ရအောင်”
“ငါရဲ့ နောက်ကို လိုက်ခဲ့ကြ”
ထိုသို့ပြောပြီးသည့်နှင့် သူဟာ ဟိန်းကျစ်၏ခေါင်းကို အသာပွတ်၍ အပျက်အစီးပုံထဲသို့ ဝင်သည်။
“ဟုတ်တယ်။ ဟုတ်တယ်။ အားလုံးပဲ စိတ်အေးအေးထားပြီး ဒါရိုက်တာ ဆုပိုင်ပြောတာကို လိုက်နားထောင်ကြ။ ငါတို့မှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးခွေး ရှိတယ်။ ဒီတော့ ဒီလူတွေကို ကယ်နိုင်မှာပဲ”
“ငါ ရေသွားယူလိုက်မယ်။ မင်းတို့ အဆင်ပြေတယ်ဆိုရင် ငါရဲ့နောက်ကို လိုက်ခဲ့ပြီး ရေတွေ အရင် လာသယ်ပြီး မီးတွေ ငြိမ်းပေးကြပါအုန်း”
375 05
“ကလေး ရှိတဲ့ လူတွေ ကျေးဇူးပြုပြီး ကိုယ့်ကလေးကို ကြည့်ကြပါ။ ကလေးကို တစ်ယောက်တည်း မထားခဲ့ချင်ရင် ငါတို့ဆီကို လာခဲ့။ ငါတို့ ခေါ်ထားပေးမယ်”
ထိုသို့ဖြင့် တစ်ယောက်က ဦးဆောင်ပြီးသည့်နှင့် ကိုယ့်မိသားစုကိုယ် မရှာနိုင်သော လူများကလွဲပြီး ကျန်သော လူများက အလုပ်များသွားကြသည်။
“ဝူး ဝူး ဝူး”
မိနစ် အနည်းငယ် ကြာပြီးနောက် ကင်းလှည့်ကားများက အပြေးရောက်လာသည်။
ဒါရိုက်တာလျိုက တံခါးကို တွန်းဖွင့်ကာ ခက်ထန်သော မျက်နှာဖြင့် ချက်ချင်းခုန်ထွက်ပြီး ထို့နောက် အသံကို ဟစ်ကာ အော်သည်။
“ကလေးတွေနဲ့ မိန်းမတွေ ဒီအနီးနားကနေ အရင်ဖယ်ကြ”
“ကျန်တဲ့သူတွေက ငါရဲ့နောက်ကို လိုက်ပြီး တူးကြတော့”
“မြန်မြန်လေး လမ်းဖယ်ကြ။ ဒါမှ လူကို မြန်မြန် ကယ်လို့ရမှာ”
လူတိုင်းကလည်း ခပ်မြန်မြန် လှုပ်ရှားပြီး အပျက်အစီးရုံထဲသို့ အပြေးဝင်သွားကြသည်။
…
++++++
376 01