အခန်း (၃၇၆-၃၇၈)
Vol. 26 Ch. 376-378
အခန်း 376
နောက်တစ်နေ့ မနက် အစောပိုင်းတွင်
အားလုံးက ထို့နေရာတွင် တိတ်တဆိတ် ရပ်နေရင်း အရှေ့မှ အပျက်အစီးပုံကို ကြည့်ကာ တိတ်ဆိတ်နေကြသည်။ တစ်ညလုံး ကယ်ဆယ်ပြီးနောက် ယခုတွင် ထို့ရုပ်ရှင်ရုံအပျက်အစီး နယ်မြေတစ်လုံးကို တူးထုတ်၍ ပြီးသွားသည်။ လူ အယောက် ၂၀ ကို ကယ်ဆယ်နိုင်ခဲ့သည်။
ကံကောင်းသည်မှာ ပေါက်ကွဲမှုကြောင့် သေသွားခဲ့သော လူသတ်သမားများက လွဲပြီး မည်သည့် ဆုံးရှုံးမှု မရှိခဲ့ပေ။
“ဒါရိုက်တာ ဆုပိုင် ငါတို့ အမျိုးမျိုး စစ်ဆေးရေး ဂိတ်တွေ အားလုံးကို စုံစမ်းစစ်ဆေးပြီးပြီ။ ဒီလူတွေ ချင်တူကနေ ထွက်သွားခွင့် မရှိဘူး”
ဒါရိုက်တာ လီယီုက ဆုပိုင်၏အရှေ့တွင် လေးနက်သော လေသံနှင့် ပြောသည်။
“ငါတို့ စောင့်ကြည့်လေ့လာ စစ်ဆေးမှုူတွေအရ ဒီလူတွေမှာ ပန်းတိုင်တစ်ခုပဲ ရှိတယ်။ ဒီဗုံးသယ်လာတဲ့ လူထဲက ဘယ်သူကိုမှ ထိခိုက်စေချင်လို့ မဟုတ်ဘူး။ ရုပ်ရှင်ရုံကို ဖောက်ခွဲဖို့ပဲ”
“မဟုတ်ရင် ငါတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေက”
ဟူး
ဆုပိုင်က အံကို ကြိတ်ပြီး ခေါင်းကို ငြိမ့်သည်။ ထို့လူများသည် လူအုပ်ထဲတွင်သာ တိုက်ရိုက်ဖောက်ခွဲလိုက်မည်ဆိုပါက အကျိုးဆက်က ကြောက်စရာ ကောင်းနိုင်သည်။
ထို့အဖွဲ့က ယခုလိုမျိုး ရုပ်ရှင်ရုံကို ဖောက်ခွဲခဲ့သည့်မှာ အာဟကို ဖမ်းဆီးရန် ဖြစ်သည်။
ဟုတ်တယ်။
သေချာ စစ်ဆေးခဲ့ပြီးနောက် လူသတ်သမားများက ဟက်စကီးကို နောက်ထပ် တစ်ကြိမ် ထပ်ဖမ်းသွားပြန်ကြောင်း သိလိုက်သည်။ ဘယ်သူမှ မသေသွားသော်လည်း မရေမတွက်နိုင်သော လူပေါင်းများစွာက ဒဏ်ရာ ရသွားကြသည်။ ထို့လူများအားလုံးက အပြစ်ကင်းသူများ ဖြစ်သည်။
ဆုပိုင်က အသက်ကို ပြင်းပြင်းရှုပြီးနောက် တစ်ဖက်သို့ လှည့်ကာ ပြောသည်။
“ဒီအဖွဲ့က ပြည်ပကို ထွက်ပြေးလိမ့်မယ်။ ငါ မင်းတို့ကို ချက်ချင်း အကြောင်းကြားပြီး နယ်စပ်ကို ချက်ချင်း ပိတ်လှောင်စေချင်တယ်။ ဒီအဖွဲ့ကို သေချာပေါက် ရအောင် ရှာရမယ်”
“ငါတို့ ဒီလူတွေကို ဒီတစ်ကြိမ် ထွက်သွားခွင့်ပြုလို့ မရတော့ဘူး”
“ဟာရီနှင့် ဟိန်းကျစ်က လမ်းကို ဦးဆောင်နေတော့ ဒီလူတွေကို ဖမ်းနိုင်မှာပဲ”
ဒါရိုက်တာလျိုက မျက်လုံးကို မှေးကျဉ်းလိုက်သည်။ ထို့နောက် လုံခြုံရေးအစောင့်များနှင့်အတူ ခပ်မြန်မြန် ထွက်သွားသည်။
ထို့နောက် သူသည် ဒါရိုက်တာ ဆုပိုင်က အလွန်အကျွံ့ ဒေါသထွက်နေသည့် ဖြစ်ရပ်ကို တွေးကြည့်၍ ရသည်။ ထို့လူများသည် တရုတ်ပြည်တွင် တိုက်ရိုက်လာပြီး ထို့မျှအထိ ရမ်းကားရဲကြသည်။ ထို့အခြေအနေကို သူတို့ သည်းညည်းခံ၍ မရပေ။
…
ဝုတ်
အာဟက ဟောင်သည်။ သူသည် မျက်လုံးကို ဖွင့်လိုက်၏။
သူဟာ ခေါင်းကို ခါပြီးနောက် မြေပြင်မှ ကုန်းထသည်။ ထို့နောက် ဘေးဘီကို ကြည့်သည်။
ထို့နောက် သူသည် အလွန် အိုဟောင်းသော ဆေးရုံထဲတွင် ရှိနေကြောင်း မြင်လိုက်ရသည်။ သူ၏အရှေ့တွင်မှု သွေးများ ပေကျံနေသော ခွဲစိတ်ကုတင် ဖြစ်သည်။
ဝုတ်
“ဒါက ဘာဖြစ်တာလဲ”
သူသည် ရုတ်တရက်ဆိုသလို့ တစ်ကိုယ်လုံးမှ အမွှေးများက ထောင်တက်သွားသည်။ သူသည် သတိထားကာ ချဉ်းကပ်သွားလေသည်။
376 02
ထိုခွဲစိတ်ကုတင်ပေါ်တွင် ကောင်ငယ်လေးတစ်ယောက်က လဲနေသည်။ သူ၏ဝမ်းဗိုက်တွင် ကြီးမားသော အမာရွတ်ကြီး ရှိသည်။ ယခုလေးတင် ချုပ်ထားပုံရသည်။
အဟွတ်
ထိုလူငယ်က မျက်လုံးကို တဖြည်းဖြည်းချင်းစီ ဖွင့်ရင်း သူ၏မျက်နှာတွင် အားနည်းသော အမှုအရာက ပေါ်လာ၏။
“အိုး နိုးပြီလား”
အဖြူရောင်ကုတ်နှင့် မက်စ့် တပ်ထားသော အသက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ဝင်လာသည်။ သူ၏လက်ထဲတွင် ပိုက်ဆံအုပ် နှစ်အုပ်ကို ကိုင်ထားသည်။
“ဒီမှာ မင်းအတွက်”
“ခွဲစိတ်ထားတာကတော့ ပြီးသွားပြီ။ ဒါပေမဲ့ အခုတလော ကျုံ့ဆန့်ရတဲ့ လေ့ကျင့်ခန်းတွေ ဘာမှ မလုပ်နဲ့အုန်း။ အစားကောင်း များများစား”
“ဟား ဟား ဒီလောက် အများကြီးလား”
ထိုကောင်ငယ်လေးက ပိုက်ဆံကို ယူပြီး သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားသော အမှုအရာက ပေါ်နေ၏။
“ငါ နောက်ဆုံးတော့ အဲဒီ skin(gameထဲက ဖြစ်နိုင်)တွေ အားလုံး ဝယ်နိုင်တော့မယ်”
သူဟာ ထိုသို့ပြောပြီးပြီးချင်း ပိုက်ဆံများကို အိတ်ထဲသို့ ထည့်ကာ ခုန်ထွက်သည်။
“ဒါက တိရစ္ဆာန်လား”
အသက်လတ်ပိုင်း လူကြီးက မြေပြင်တွင် ငေးငိုင်ကာ လဲနေသော ဟက်စကီးကို ကြည်ပြီးနောက် စိတ်ဝင်တစားပြောသည်။ ထို့နောက် တဖြည်းဖြည်းချင်းစီ ဆောင့်ကြောင့် ထိုင်လာသည်။
“တကယ်ကို တော်တော်လေး ထူးခြားတာပဲ။ ဒါပေမဲ့ မင်းက ဒီလို အကောင်လေးကို ဒီလို ကြိုးနဲ့ချည်ပြီး ခေါ်လာနိုင်ဖို့အတွက်နဲ့တင် ပိုက်ဆံ အများကြီး ပေးခဲ့ရတာ”
“တရုတ်ကနေ ဖြတ်သွားဖို့က လွယ်တာ မဟုတ်ဘူး”
“ငါ အရင်ဆုံး သူရဲ့ဗိုက်ကို ခွဲပြီး အစိတ်အပိုင်းတွေ ထုတ်ပြီးမှ အဲဒီအစိတ်အပိုင်းတွေပဲ ပြန်သယ်သွားရင် ဘယ်လိုလဲ”
ဝုတ်
အာဟက အရှေ့မှ ထို့လူအိုကြီး၏ သူ့ကို ကြည့်သော အကြည့်ကို ကြည့်ပြီး အနောက်သို့ ပြန်ဆုတ်သည်။
ကြောက်ဖို့ ကောင်းလိုက်တာ။
ဒါပေမဲ့
သောက်ငရဲလိုပဲ။ ဒီလူတွေ ဘာဖြစ်တာလဲ။ ဒီတစ်ခေါက်က သူ့ကို ကြိုးချည်ပြီး ခေါ်လာသည့် အကြိမ်မှာလည်း…
အား ဒါက ရိုးသားတဲ့ ခွေးကို အနိုင်ကျင့်လို့ ရတယ်လို့ ထင်နေကြတာလား။
သူဟာ ရင်ထဲတွင် နှစ်ကြိမ်ခန့် အော်ဟစ်ပြီးနောက်တွင် အာဟက ထွက်ပြေးသွားခဲ့သည်။ ထို့အစား တစ်ဖက်သို့ လှည့်လိုက်ပြီးနောက်တွင် တိတ်တဆိတ် စောင့်သည်။ သူသည် ထောင့်တစ်နေရာတွင်သာ လဲနေလိုက်သည်။
ဒါရိုက်တာ ဆုပိုင်က ဒီနေရာကို သေချာပေါက် ရှာတွေ့ပါလိမ့်မယ်။
ဟွန်း အဲဒီအချိန်ကျမှ ဒီကောင်တွေကို ဘယ်လို ကိုင်တွယ်မလဲ ကြည့်လိုက်။
ဘေးအိမ်ထဲတွင်
အဆိပ်ပြင်းပင့်ကူက သူ၏အရှေ့မှ ဆရာဝန်ကို ကြည့်ပြီးနောက် တစ်ခဏတာ တုံ့ဆိုင်းသွားသည်။ ထို့နောက် ခပ်တိုးတိုး မေးသည်။
“ခေါင်းဆောင်က ခင်ဗျားမှာ ငါတို့ကို ထုတ်ပေးနိုင်တဲ့ နည်းလမ်းရှိတယ်လို့ ပြောတယ်”
376 03
“ငါတို့ ဘယ်အချိန် ထွက်သွားမလဲဆိုတာကို မသိသေးဘူး”
“အဲဒီတိရစ္ဆာန်က တရုတ်နိုင်ငံအတွက် အရမ်း အရေးကြီးတယ်။ ဒါကြောင့် သူတို့က အနံနောက်ကို ခြေရာခံ ကောက်နိုင်ခြင်း ရှိတယ်။ စိုးရိမ်တာက သိပ်မကြာခင်မှာပဲ”
“ဟား ဟား ရပါတယ်”
“ငါတို့ ခဏနေရင် သွားလို့ ရပြီ”
ထို့ဆရာဝန်က သူရဲ့အဖြူရောင်ကုတ်ကို ဖြည်းဖြည်းချင်းစီ ချွတ်ပြီးနောက် ပင်ပန်းနေသော လည်ကို တစ်ချက် အညောင်းပြေ အညာပြေ အကြောဆန့် ပြီးနောက် လေးနက်သော လေသံဖြင့် ပြောသည်။
“သူတို့ ဒီနေရာအထိ ငါတို့ကို လာမဖမ်းနိုင်ဘူး။ ခွေးတွေက လူတွေအနံမခံနိုင်တဲ့ ရနံကို ရနိုင်တယ်ဆိုပေမဲ့လည်း ငါတို့ကသာ ဒီအနံတွေကို ဖျက်နိုင်တဲ့ အမှုန့်တစ်မျိုးကို ဖြူးထားသမျှ ရှာနိုင်တော့မှာ မဟုတ်ဘူး”
“ဒါပေမဲ့ မင်းပြောတာလည်း ဟုတ်ပါတယ်”
“တရုတ်နိုင်ငံက ဒီတိရစ္ဆာန်တွေကို အရမ်း ကာကွယ်ဖို့ ဆုံးဖြတ်ထားတာတော့ အမှန်ပဲ။ ငါတို့အနေနဲ့ ထွက်သွားဖို့ မလိုဘူး။ ဒါပေမဲ့ ဟေး ငါတို့ အဓိက ပင်လယ်ဘက်ကနေ ထွက်သွားလို့ ရတယ်”
“အခု အဲဒီ လူအိုကြီး ဘယ်လိုနေလဲ ပြောစမ်းပါအုန်း။ သူ အဲဒီ ကလေးတွေကို လူသတ်သမားဖြစ်ဖို့ လေ့ကျင့်ပေးနေတုန်းပဲလား။ အဲဒီနောက် မင်းတို့ လူတွေအများကြီး ရှိတယ် မဟုတ်လား။ ဒါဆိုရင် မင်းတို့ရဲ့ ကျောက်ကပ်တွေက တော်တော် ကောင်းမှာပဲ။ ရောင်းရင် ပိုက်ဆံအများကြီး ရမှာ”
“ဟစ်”
အဆိပ်ပြင်းပင့်ကူသည် မကြာခဏဆိုသလို သေခြင်းရှင်သန်ခြင်းအကြားတွင် လျှောက်လှမ်းနေခဲ့သူ ဖြစ်သည့်တိုင်အောင် ထိုလူ၏ စကားများကြောင့် တုန့်သွားသည်။
သူ ပထမဦးဆုံး စတင် ရောက်လာခဲ့ချိန်က ထို့လူဟာ ဆယ်ကျော်သက်တစ်ယောက်နှင့် ဈေးညှိနေချိန်ဖြစ်သည်။ နောက်ဆုံးတွင် သူဟာ ထိုကောင်လေးက ဒေါ်လာ တစ်သောင်းဈေးနှင့် အောင်မြင်စွာ ညှိနှိုင်း၍ ရသွားသည်။ ဒီနည်းအားဖြင့် သူ့အရှေ့တွင် ပြန်ပေါ်လာသောအခါ ကောင်လေး၏ ဝမ်းဗိုက်မှ တစ်စိတ်တစ်ပိုင်းကို ထုတ်ယူပြီးသွားလေပြီ။
အဆိပ်ပြင်းပင့်ကူသည်လည်း သူ၏အရှေ့မှ ထို့လူ၏ ရူးသွပ်မှုကို နားမလည်နိုင်ပေ။ သူဟာ ကိုယ်တွင်းအင်္ဂါများကို ရောင်းချမှုတွင် ရူးသွပ်နေသူ ဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင်အတွက်ပင် လုပ်တတ်သော သူဖြစ်သည်။
ထို့လူဟာ ပိုက်ဆံအတွက် လုပ်နေခြင်း မဟုတ်လေဘဲ သာယာမှုအတွက် လုပ်နေခြင်း ဖြစ်သည်။
ထို့အချက်ကတင် အဆိပ့်ပြင်းပင့်ကူကို ကြောက်လန့်စေသည်။
“ဟား ဟား မင်းက ကြောက်လို့လား”
သူ၏အရှေ့မှ အဆိပ်ပြင်းပင့်ကူကို အနည်းငယ် ကြောက်သွားပုံရကြောင်း မြင်သောအခါ ထို့လူက သူ့ဘာသာသူ တစ်ချက်ပုတ်ရင်း ရယ်သည်။
ထို့နောက် အဝတ်များကို တဖြည်းဖြည်းချင်းစီ မတင်လိုက်ပြီးနောက် သူ၏ဗိုက်မှ အမာရွတ်ကို ပြသည်။
“တကယ်တော့ သာမန် လူတစ်ယောက်က အလုပ်လုပ်ဖို့အတွက် ကျောက်ကပ်တစ်ခုပဲ လိုတာ။ နောက်ထပ်တစ်ခုက ပိုနေတယ်လေ။ ဒါကြောင့် ငါကိုယ်တိုင်တောင် ငါ့ဘာသာငါ ထုတ်ထားတာ”
“ငါ ဒီတစ်ကြိမ် မင်းနဲ့အတူ လိုက်ခဲ့မယ်။ ငါ အဲဒီတိရစ္ဆာန်ကို တော်တော်လေး စိတ်ဝင်စားတာ။ ဖြစ်နိုင်မယ်ဆိုရင် ငါ့ကို နည်းနည်းလေး ဗိုက်ခွဲခိုင်းမယ်ဆိုရင် … “
“ဟီး ဟီး ဟီး ဟီး…”
******
377 01
အခန်း 377
“ဝူး ဝူး ဝူး”
စက်က ဆက်တိုက်ဆိုသလို အသံများ ထွက်နေသည်။
အာဟက မျက်လုံးကို တဖြည်းဖြည်းချင်းစီ ဖွင့်ရင်း အဝတ်အိတ်ထဲမှ ကုန်းထွက်လာသည်။ သူဟာ ဘေးဘီကို ကြည့်သည်။ ထို့အခါ မှေးမှိန်သော တဲလေးထဲတွင် ရှိနေတာ တွေ့လိုက်ရသည်။ သူဟာ နှာခေါင်းကို ခပ်ပြင်းပြင်း ရှုသွင်းကြည့်သည်။
“ဝုတ်”
“ဒါက ဘာအနံ့လဲ”
သူက အော်သည်။ သူသည် ရုတ်တရက် မြေပြင်ပေါ်မှ ကုန်းထလိုက်ပြီးနောက် အောက်သို့ ပြန်ငုံကြည့်လိုက်သည်။ ထိုနောက် ထရယ်သည်။
တကယ်ကို။
သူ့ကို ကြိုးတောင် မချည်ထားဘူး ဟမ်။ သူ ဘယ်လောက်တောင် ရဲရင့်လိုက်သလဲ။
သူသည် မျက်လုံးကို ပြူးကျယ်အောင် ဖွင့်ရင်း ထိုတဲအိမ်ထဲတွင် ပတ်လျှောက်လိုက်သည်။ ထိုနောက် ပြတင်းပေါက်သေးသေးနားသို့ ကပ်သွားပြီး အပြင်ဘက်သို့ ချောင်းကြည့်လိုက်သည်။ အပြင်ဘက်တွင်မှု မိုးပြာရောင် ပင်လယ်ပြာကလွဲပြီး ဘာမှ ရှိမနေပေ။
အိုး သောက်ကျိုးနည်း။
သောက်ငရဲလိုပဲ သူ့ကို ဘယ်ကိုခေါ်သွားမလို့လဲ။
သို့ရာတွင် ထိုလူများသည် သူ့ကို ဒီနေရာတွင် ထားခဲ့ကတည်းက …
သူ၏မျက်လုံးက လည်ထွက်သွားသည်။
အာဟသည် သူ၏လက်သည်းကို ဆန့်ထုတ်လိုက်ပြီး အောက်ဘက်ခြမ်းရှိ သစ်သားပြားကို စတူးသည်။
“ဗြီ ဗြီ ဗြီ”
သိပ်မကြာခင် အချိန်တွင် သစ်သားဘုတ်ပြားက ထက်ရှသော လက်သည်းကြောင့် ကောက်ကွေးကာ ပွင့်သွားသည်။ အောက်ဘက်သို့ ငုံကြည့်လိုက်သောအခါတွင် အောက်ဘက်တွင် သစ်သားထပ်ရှိနေသေး၏။
“ဒါက”
“ဝုတ်”
“အား သူ ဒီနေရာတစ်ခုလုံးကို တူးရမယ်ထင်တယ်”
အာဟက ခပ်တိုးတိုး အော်သံဖြင့် တစ်ဖက်သို့ လှည့်လိုက်ပြီးနောက် တံခါးဆီသို့ အပြေးသွားသည်။ ထို့နောက် ဂရုတစိုက် နားထောင်ကြည့်၏။ သို့သော် အပြင်ဘက်မှ လာသောအသံကို မကြားရပေ။ ထိုအခါမှသာ သူသည် အထဲသို့ စိတ်အေးအေး ပြန်ဝင်သွားသည်။
ဗြီ
ခရက်
သိပ်မကြာခင် အချိန်တွင် ထိုလျို့ဝှက်ခန်း သေးသေးလေးထဲတွင် ကြမ်းတမ်း ဩရှသော တဗြီဗြီ အော်သံများကို ကြားရသည်။
“ငါတို့ ထွက်သွားနိုင်မှာ သေချာလား”
အဆိပ်ပြင်းပင့်ကူက အခန်းထဲတွင် ထိုင်နေရင်း သူ၏အရှေ့ဘက်မှ အဆုံးအစမဲ့သော ပင်လယ်ပြင်ကို ကြည့်ကာ လေးနက်သော လေသံနှင့် မေးသည်။
“ဟား ဟား”
အသက်အလတ်ပိုင်းအရွယ် ဆရာဝန်ကြီးက သူ၏လက်ထဲမှ အပ်နှင့် အပ်ချည်ကို ဘေးဘက်သို့ ချလိုက်ရင်း အသာပြုံးသည်။
377 02
“တိရစ္ဆာန်တွေ မျိုးတုံးသွားကတည်းက ပင်လယ်ပြင်ပေါ်မှာ ထိန်းချုပ်ရေး မရှိတော့တာ ကြာပြီ။ ဒီတော့ ငါတို့လမ်းကနေ သွားဖို့က အလုံခြုံဆုံးပဲ။ နောက်ပြီး”
“အဲဒီတရုတ်လူမျိုးတွေကလည်း ငါတို့က ဒီလို ငါးဖမ်းလှေပေါ်ကနေတစ်ဆင့် ပင်လယ်ပြင်ထဲကနေ ထွက်သွားမယ်ဆိုတာ သိထားမှာ မဟုတ်ဘူး”
“မင်းတို့တွေ တရုတ်ပိုင်နက်ထဲက ထွက်နိုင်သမျှ မင်းတို့အနားကလူတွေကို ဆက်သွယ်လို့ ရပြီ”
“ကောင်းပြီ ကောင်းပြီ ငါ့ကို အနှောင့်အယှက် မပေးနဲ့တော့။ ငါ ဒီမှာ ခွဲစိတ်နေတာ မမြင်ဘူးလား”
“ဝိုး ဝိုး ဝိုး”
အဆိပ်ပြင်းပင့်ကူက ကုလားထိုင်တွင် ကြိုးချည်ထားသော သေနှင့်နေသည့်လူကို ကြည့်လိုက်သည်။ ထိုနောက် ဆရာဝန်က ထိုလူ၏ဗိုက်ထဲသို့ လက်ကို နှိက်လိုက်ပြီး တစ်ခဏခန့် မွှေနှောက်ကာ ရှာဖွေနေသည်။ ထိုနောက် ရက်စက်သော အပြုံးတို့ကို ပြသည်။
“ဟေး မကြောက်ပါနဲ့”
“မင်းသာ ကျန်းမာရေးကောင်းနေသမျှ ဒီကျောက်ကပ် တစ်ခုက လုံလောက်ပါတယ်။ မလှုပ်နဲ့”
“ငါ မင်းအတွက် ထုတ်ပေးမယ်လေ။ မနာပါဘူး။ မစိုးရိမ်နဲ့”
အဆိပ်ပြင်းပင့်ကူသည် အသက်ကို ပြင်းပြင်းရှုလိုက်သည်။ ထိုအခန်းထဲမှ တစ်ထောင်းထောင်း ထနေသော သွေးရနံ့များကြောင့် သူသည်လည်း ချက်ချင်း ထရပ်ပြီး ထွက်သွားလိုက်သည်။
အား… ဒီလူက တကယ်ကို အန္တရာယ်များတယ်။
ကုလားထိုင်နှင့် တွဲချည်ခံထားရသော အသက်အလတ်ပိုင်းအရွယ် လူကြီးက ဒီလှေပိုင်ရှင် ဖြစ်သည်။ သို့သော်
တစ်စုံတစ်ယောက်ကသာ ဒီနေရာသို့ လာပြီး သူ၏ ကျောက်ကပ်ကို ထုတ်မည်ဆိုတာကို သိထားမည်ဆိုလျှင် သူသည်လည်း သေချာပေါက်…
“အောက်က တိရစ္ဆာန်က နိုးပြီလား”
ကုန်းပတ်လမ်းထဲသို့ တဖြည်းဖြည်းချင်းစီ ပြန်ဝင်ပြီးသည်နှင့် သူ၏လူများကို တစ်ချက်ကြည့်လိုက်ကာ အဆိပ်ပြင်းပင့်ကူက အေးစက်သော လေသံနှင့် မေးသည်။
“ငါ သူ့ကို သွားစစ်ကြည့်ပြီးသွားပြီ။ သူ မနိုးသေးဘူး။ မေ့ဆေးက ပြယ်သွားဖို့ဆိုရင်တော့ ညနေလောက်မှ နိုးမယ်ထင်တယ်”
ဘေးဘက်တွင် ရပ်နေသော လက်အောက်ငယ်သားတစ်ယောက်က လေးစားစွာ ဖြေသည်။
“ဒါပေမဲ့ ငါတို့ လှေကို စီးသွားရင် ငါတို့ကို လာကြိုမဲ့ နေရာနဲ့ ပိုပြီး ဝေးသွားမှာ စိုးရတယ်”
“ငါတို့ ဒါကို နောက်မှ ပြောလို့ ရတယ်။ အရေးကြီးဆုံးက တရုတ်ရဲ့ ပိုင်နက်ထဲက ထွက်ဖို့ပဲ”
အဆိပ်ပြင်းပင့်ကူက အဝေးမှ ပင်လယ်ပြင်ကို ကြည့်ပြီး ခပ်တိုးတိုး ရွတ်သည်။ ထိုသို့ ပြောပြီးသည့်နှင့် သူသည် တစ်ဖက်သို့ လှည့်လိုက်ပြီး လှေအောက်ဖက်သို့ ဆင်းလာလိုက်လေသည်။
တစ်ဖက်တွင် ကိုးရိုးကားယားနိုင်သော ဆရာဝန်ရှိနေသည်။ သူသည်လည်း ထိုသွေးသံရဲရဲ မြင်ကွင်းကို မမြင်ချင်ပေ။
လူသတ်သမားများသည် မရေမတွက်နိုင်သော မြင်ကွင်းများကို မြင်တွေ့နေကြ ဖြစ်သည့်တိုင်အောင် ယခုလိုမျိုးက …
အဆိပ်ပြင်းပင့်ကူသည်ပင် တောင့်မခံနိုင်။
သူသည်လည်း အောက်ဘက်ရှိ တိရစ္ဆာန်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာဟာ မူမမှန်သလို အမြဲတစေ ခံစားနေရသည်။
သူတို့၏ လူများထံမှ ရရှိထားသော သတင်းအချက်အလက်များအရ အောက်ဘက်မှ အကောင်သည် တိရစ္ဆာန်ရုံတွင်ပင် အတော်ဆိုးသွမ်းသော အကောင် ဖြစ်ပြီး တခြားသော တိရစ္ဆာန်များကိုပင် ဒုက္ခလိုက်ပေးတတ်ကာ ပြဿနာရှာတတ်လွန်းသော အကောင်မျိုးလည်း ဖြစ်သည်။
377 03
သို့သော် သူ့ကို ဖမ်းမိလာကတည်းက ထို့အကောင်က အလွန်ပင် တိတ်ဆိတ်နေခဲ့သည်။ အသံပင် မထွက်ချေ။ ထိုကြောင့် လူအများသည်လည်း ပဟေဠိဖြစ်လာကြသည်။
ထို့သို့ဖြင့် သူဟာ တဖြည်းဖြည်းချင်းစီ အောက်ဘက်ခြမ်းသို့ ဆင်းလာရင်း ငါးဖမ်းလှေအောက်ဘက်ခြမ်းမှ အခန်းထံသို့ ရောက်သွားသည်။
ဗြီ
ရုတ်တရက် အခန်းအတွင်းမှ လာသည့် အသံကျယ်များကို ကြားရသည်။ အဆိပ်ပြင်းပင့်ကူက အနည်းငယ်မှင်သက်သွားသည်။ ထိုနောက် တံခါးကို ခပ်ကြမ်းကြမ်း တွန်းဖွင့်လိုက်သည်။
“တစ်ယောက်ယောက် လာစမ်း”
သူတစ်ချက် အော်လိုက်ပြီး အထဲသို့ ပြေးဝင်သွားသည်။
သူ၏အရှေ့မှ အကောင်၏ ခန္ဓာကိုယ်တစ်ဝက်က သစ်သားဘုတ်ပြား အောက်ဘက်တွင် ကွေးနေပြီး ဘေးဘက်တွင်လည်း သစ်သားတုံးများ အထပ်လိုက်ရှိနေသည်။
ဒီလှေရဲ့သစ်သားတွေကို တူးထားတာပဲ။
သိထားရမည်မှာ သူတို့၏ သင်္ဘောက ငါးဖမ်းသင်္ဘောသေးသေးသာလျှင် ဖြစ်သည်။ ထိုကြောင့် စက်ကလွဲပြီး ဒီအောက်တစ်ခန်းလုံးက သစ်သားများသာ ဖြစ်သည်။
ထိုအကောင်ကသာ ဆက်တူးနေမည်ဆိုပါက လှေ၏အောက်ခြေအထိ တူးမိသွားနိုင်သည်။ ထိုကြောင့် ပင်လယ်ရေများက အတွင်းသို့ ဝင်လာသည်နှင့် ထိုနောက် သူတို့သည်လည်း ပင်လယ်သမုဒ္ဒရာထဲတွင် ရှင်သန်နိုင်မည် မဟုတ်ပေ။
သူတို့က ရေကူးနိုင်လျှင်ပင် ဒီလိုနေရာမျိုးတွင် ဆက်တိုက် မကူးသွားနိုင်လောက်ပေ။
“ဝုတ်”
“လူလာပြီလား”
အာဟက အသံကို ကြားသောအခါ ရုတ်တရက် ခေါင်းကို မော့ကာ ကြည့်သည်။
ထို့အခါ သူကိုသယ်ကာ ခေါ်လာခဲ့သည့် လူငယ်က တံခါးနားတွင် ရပ်နေရင်း တင်းမာသော မျက်နှာဖြင့် ကြည့်နေတာ မြင်လိုက်ရသည်။ အထဲတွင်လည်း နောက်တစ်ယောက်ရှိနေသည်။
ဖွီ
ရတော့မဲ့ဟာကို။ သူ ထွက်နိုင်တော့မှာကို။
ဝုတ်
သူဟာ တံခါးကို ကြည့်ကာ တစ်ချက်အော်ပြီးသည့်နှင့် လျင်မြန်စွာ ထွက်ပြေးသည်။
အခြေအနေကို မြင်သောအခါ သူသည်လည်း ဆက်တူးနိုင်တော့မည် မဟုတ်ပေ။
“ဖမ်းစမ်း”
“မြန်မြန် မြန်မြန် အလောတကြီး မလုပ်နဲ့ တံခါးကို ပိတ်။ သူ့ကို မထွက်စေနဲ့”
“အိုး မကောင်းတော့ဘူး။ သင်္ဘောက ရေတွေ ယိုနေပြီ”
သူတို့ အဖွဲ့က အတွင်းဘက်သို့ အပြေးအလွှား ဝင်ကြည့်ပြီးနောက် နီရဲသော မျက်နှာဖြင့် အော်ကြသည်။
“ဝုတ်”
“မလာနဲ့နော်”
အာဟသည် တင်းတင်းကြပ်ကြပ် ပိတ်ထားသော တံခါးကို ကြည့်ပြီးနောက် ထိတ်လန့်တကြား ဟောင်သည်။ ထိုနောက် လျင်မြန်စွာ နောက်ဆုတ်သည်။ ထိုနောက် အောက်ဘက်သို့ ကြည့်သည်။ ထိုနေရာတွင် သူ၏ အောင်မြင်သော အလုပ်ရှိနေသည်။ သူဟာ အံကို ကြိတ်လိုက်သည်။
သူသည် ဒီတစ်သုတ်မှ လွှတ်နိုင်ခြေ ရှိမရှိက သူ၏ခန္ဓာကိုယ်ပေါ် မူတည်သွားလေပြီ။
ထို့နောက် သူသည် ရေထဲသို့ ထိုးဆင်းလိုက်သည်။
++++++
378 01
အခန်း 378
ဘန်း ဘန်း ဘန်း
သူဟာ သူ၏နဖူးဖြင့် အောက်ဘက်ရှိ ဘုတ်ပြားကို ခပ်ပြင်းပြင်းဖြင့် တိုက်လိုက်သည်။ သူ၏နဖူးသည် တိရစ္ဆာန်ရုံထဲတွင်ဆိုလျှင် မကြာခဏ တပိုင်တို့က ဝိုင်းရိုက်ခြင်းကို ခံနေကြဖြစ်သည်။ ထိုကြောင့် အလွန်မာကျောနေတာ ကောင်းလိုက်တာ။
ဟွန်း သူ မယုံပါဘူး။ သူ သေချာပေါက် ဒီလှေကို မှောက်ပစ်နိုင်တယ်။
“မြန်မြန်လာကြ”
“ငါ့အတွက် ထိန်းထားအုန်း”
အဆိပ်ပြင်းပင့်ကူက အရှေ့သို့ အပြေးလာသည်။ သူသည် တစ်ချက် အော်ဟစ်ပြီးသည်နှင့် လက်ထဲမှ အပ်ဖြင့် လှမ်းထိုးသည်။
ဖူး
သို့သော် ထိုအခိုက်အတန့်တွင်
ထိုအောက်ဘက်ခြမ်းမှ ရေကြီးက ပန်းတက်လာပြီး သူ့ကို လွှင့်ထွက်သွားစေသည်။
အား မကောင်းတော့ဘူး။ အခုပဲ ထွက်ကြတော့။
“ပင်လယ်ရေတွေ ဝင်လာပြီ။ သိပ်မကြာခင်မှာ မှောက်တော့မယ်”
“တစ်ယောက်ယောက် လာစမ်း။ ဒီအပေါက်ကို လာပိတ်စမ်း”
တံခါးနားတွင် ရပ်နေသော လူတစ်ဖွဲ့ကလည်း မရေမတွက်နိုင်သော ပင်လယ်ရေပေါင်းများစွာက အလုံးလိုက် ဝင်လာကြောင်း မြင်သည့်နှင့် ကြောက်လန့်တကြား အော်ဟစ်ကြကာ အပြေးအလွှား ထွက်သွားကြသည်။
“သေစမ်း အမှိုက်တစ်သိုက်”
အဆိပ်ပြင်းပင့်ကူက မြေပြင်မှ ကုန်းထရင်း ဆဲသည်။ ထိုအချိန်တွင် စိမ့်ထွက်နေသော ပင်လယ်ရေများက တစ်ခန်းလုံး ပြည့်တော့မည် ဖြစ်သည်။
သူဟာ စိုနေသော အဝတ်များကို ဆွဲပြီး တံခါးဆီသို့ အပြေးအလွှား သွားသည်။
ခရက်
သို့ရာတွင် သူဟာ ခြေတစ်လှမ်းသာ လှမ်းရသေးသည်။ သူ၏ခြေထောက်မှ နာကျင်လာပြီး သွေးများ ထွက်လာသည်။ သူဟာ ငုံကြည့်လိုက်သောအခါ
အခုလေးတင် သစ်သားဘုတ်ပြားအတွင်း ဝင်သွားသော တိရစ္ဆာန်က ပြန်ကုန်းထွက်လာပြီး ခြေထောက်ကို လာကိုက်သည်။
ဗြီ ဗြီ ဗြီ
အာဟက သူ၏ခြေထောက်မှ အသားတစ်တုံးကို ကိုက်ဖဲ့လိုက်ပြီး ခပ်တိုးတိုး အော်သည်။
ဘန်း
“မင်း သေချင်နေတာလား”
သူဟာ တစ်ချက် ကန်ပြီးသည်နှင့် တစ်ကောင်လုံးက လွှင့်ထွက်သွားသည်။ အဆိပ်ပြင်းပင့်ကူကလည်း အခန်းထဲမှ ပြေးထွက်လာခဲ့သည်။
သူ အဲဒီမှာ ဆက်နေလို့ မရဘူး။ အခု ဘယ်လို ရှင်သန်အောင် လုပ်ရမလဲဆိုတာကို တွေးရမယ်။
သူတို့က ပင်လယ်ပြင်ကို ရွေးချယ်ခဲ့သည်မှာ အလုံးအရင်းနှင့် မျိုးတုန်းပျောက်ကွယ်သွားပြီးနောက်တွင် ပင်လယ်ထဲ သက်ရှိသတ္တဝါများ မရှိတော့၍ ဖြစ်သည်။ ထိုကြောင့် သင်္ဘောအနည်းငယ်သာ သွားလာသည်။ သို့သော်
ထို့ကြောင့် သူတို့သင်္ဘောသာ မြုပ်သွားခဲ့လျှင် ရှင်သန်နိုင်မည်ဆိုလျှင် ယခုလောက်ကျယ်ပြောသော သမုဒ္ဒရာထဲတွင် အနှေးနဲ့အမြန် ငတ်သေပေလိမ့်မည်။
378 02
ဂလု ဂလု
အာဟက ရယ်မောလိုက်သည်။
သူသည် ပင်လယ်ထဲမှ ကုန်းထွက်ပြီး အပေါ်သို့ မော့ကြည့်လိုက်ကာ ဘုတ်ပြားအောက်ဘက်သို့သာ ထိုးဆင်းလာလိုက်သည်။
သူဟာ ခပ်ကြမ်းကြမ်း ထုရိုက်ပြီးသည့်နှင့် နောက်ဆုံးတွင် အပေါက်အကြီးကြီး ပေါက်အောင် လုပ်နိုင်ခဲ့သည်။ ထိုအခါ ထွက်ပြေးနိုင်ပြီ ဖြစ်သည်။
ထိုနောက်
ဟွန်း ရေမကူးတတ်တဲ့ လူတွေပဲ။
ဟီး ဟီး
ငါက ရေကူးတတ်တယ်လေ။ မင်းတို့ ဒေါသမထွက်ဘူးလား။
အခု အပျော်ရှာလို့ ရပြီ။
ဘန်း
အဆိပ်ပြင်းပင့်ကူက တံခါးကို တွန်းဖွင့်လာရင်း စူးစိုက်ကြည့်ကာ အော်သည်။
“ခေါင်းဆောင် ဘယ်ရောက်သွားလဲ။ ဒီငါးဖမ်းလှေထဲမှာ အရေးပေါ်ထွက်ပြေးလို့ရမဲ့ ပစ္စည်းတွေ မရှိဘူးလား။ လှေက ရေယိုနေပြီ။ ဒီနေရာကနေ ထွက်ရတော့မယ်”
“ငါတို့သာ ထပ်စောင့်နေမယ်ဆိုရင် လှေက မြုပ်တော့မယ်”
ဖြန်း
ဆရာဝန်က သူ၏လက်ထဲမှ အနက်ရောင်ကျောက်ကပ်ကို ကြည့်နေသည်။ ထိုနောက် အသံကို ကြားသောအခါ လက်ကို ချက်ချင်း လွှတ်ချလိုက်သည်။
“လှေက မြုပ်တော့မယ် ဟုတ်လား”
“ငါ … ခေါင်းဆောင် … သူက မနိုးသေးဘူး။ သူရဲ့ဒဏ်ရာတွေက ချုပ်တောင် မချုပ်ရသေးဘူး”
“ငါ သောက်ကျိုးနည်း”
အဆိပ်ပြင်းပင့်ကူက သတိလစ်နေသော ခေါင်းဆောင်ကို ကြည့်ပြီး ဆဲလိုက်သည်။
သေစမ်း။ ဒီတာဝန်က ချောမွေ့တော့မှာ မဟုတ်ဘူး။ နောက်ပြီး သူ့ခေါင်းဆောင်က သူ့ကို ဘယ်လိုလူမျိုးနဲ့ မိတ်ဆက်ပေးလိုက်တာလဲ။
စိတ်ကျန်းမာရေးဆေးရုံတွေက လူပြည့်နေလို့လား။
ဘာလို့ အထဲမှာ မနေပဲနဲ့ အပြင်ပဲ ထွက်နေတာလဲ။
“ကောင်းပြီ အချိန်ကြန့်ကြာမိစေတဲ့အတွက်တော့ စိတ်မကောင်းပါဘူး”
ဆရာဝန်က ခေါင်းကို ငုံကိုင်းလိုက်ပြီးနောက် ကျောက်ကပ်ကို ပြန်ကောက်သည်။ ထိုနောက် ဘာမှ မဖြစ်လို ပြောသည်။
“ဒီကျောက်ကပ်က လုပ်ဆောင်နိုင်စွမ်းအား ရှိသေးတယ်လို့ ထင်တယ်။ ဒါပေမဲ့ လက်စသတ်တော့ ပျက်စီ’နေတဲ့ ကျောက်ကပ်ပဲ”
“ဒီကောင်က ပုံမှန်အားဖြင့် သေးတောင် ကောင်းကောင်း မပေါက်နိုင်လောက်ဘူး။ ဒါပေမဲ့ မစိုးရိမ်နဲ့။ ငါ သူ့ကို ချက်ချင်း ပြန်ချုပ်ပေးလိုက်မယ်။ ၂ မိနစ်ပဲ ကြာမှာ။ ငါရဲ့ စွမ်းရည်ကို ယုံ”
“အွန်း ငါတို့ သွေးတိတ်အောင်လည်း လုပ်ရအုန်းမယ်ဆိုတော့ ၃ မိနစ်ပဲ”
ဗုန်း
ထိုအချိန်တွင် ငါးဖမ်းလှေကြီးတစ်ခုလုံးက စောင်းသွားသည်။ အဆိပ်ပြင်းပင့်ကူက လက်ကိုင်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားပြီး ကျယ်လောင်စွာ အော်သည်။
“မြန်မြန်လုပ်”
378 03
“သင်္ဘောက မြုပ်တော့မယ်”
“မစိုးရိမ်နဲ့။ မစိုးရိမ်နဲ့”
“ငါရဲ့ကျွမ်းကျင်မှုကို ယုံ”
ဆရာဝန်က ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ခေါင်းဆောင်ကို ကုလားထိုင်ပေါ်မှ ဆွဲမလိုက်ပြီး လက်မောင်းထဲတွင် ပွေ့ပြီး ဘေးဘက်မှ ပစ္စည်းများကို ယူကာ စတင်ကာ လျင်မြန်စွာ ချုပ်သည်။
ဘေးဘက်မှ ကြေမွနေသော ကျောက်ကပ်ကြောင့်သာ မဟုတ်လျှင် သူသည် အမှန်တကယ် အားကိုးထိုက်သော ဆရာဝန်နှင့် တူသည်။
“ဟစ် နာတယ်။ နာတယ်။ အရမ်း နာတယ်”
ခေါင်းဆောင်က ဟစ်တစ်ချက်ချသည်။ သူ ရုတ်တရက် မျက်လုံးကို ဖွင့်လာပြီး သူ့ကို လက်မောင်းထဲတွင် ပွေ့ဖက်ထားသော ဆရာဝန်ကို ကြည့်သည်။
“မင်း ဘာလုပ်နေတာလဲ”
“မဟုတ်ဘူး။ သောက်ငရဲလိုပဲ ငါ့ကို ဘာလုပ်လိုက်တာလဲ”
“ငါ မင်းတို့ကို အပြင်ပို့ပေးမယ်လို့ ပြောတယ်လေ။ ဘာလို့ ငါ့ကို ကြိုးချည်ထားတာလဲ”
သူဟာ ထို့သို့ ပြောနေရင်းမှ ဘေးဘက်မှ ပစ္စည်းကိရိယာကို ယူပြီး ထရပ်သည်။
ဖူး
ရုတ်တရက် သူ၏ခြေထောက်အောက်ဘက်မှ တစ်စုံတစ်ရာကို ခံစားမိပြီး ငုံကြည့်လိုက်သည်။ သူ၏ မျက်မှောင်က တွင်တွင်ကျယ်ကျယ် ကျုံ့သွားသည်။
ဒါက ဘာလဲ။
ဟစ်
သူဟာ ငုံကိုင်းလိုက်သည့် အခိုက်အတန့်တွင်ပင် အနောက်ဘက်မှလာသည့် ပြင်းထန်သည့် နာကျင်မှုကို ခံစားရသည်။ သူ၏ဗိုက်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသည့် ဒဏ်ရာကြီးက ရှိနေပြီး သွေးများ ထွက်နေသည်။
သူဟာ သူ၏အရှေ့မှ ဆရာဝန်ကို မယုံနိုင်သလို ကြည့်သည်။
“ဟီး ဟီး အား မင်းရဲ့ ကျောက်ကပ်က တစ်ခုခု မှားနေတာ။ ဒါကြောင့် ငါ မင်းအတွက် ထုတ်ပေးတာ”
“ဘာလို့ ငါတို့ ကမ်းစပ်အထိ ရောက်ပြီးမှ မစောင့်နိုင်လို့ ငါမင်းကို တစ်ခု ထပ်ထည့်ပေးမယ်လေ”
“အား”
“ငါ မင်းကို သောက်ကျိုးနည်း သတ်တော့မယ်”
ခေါင်းဆောင်သည် ရက်စက်သော လူဖြစ်သည်။ ဘာဖြစ်နေမှန်း သိလိုက်ပြီးသည်နှင့် သူဟာ ချက်ချင်းဆိုသလို အပြေးထွက်သွားကာ ထိုဆရာဝန်၏ လည်ပင်းကို လက်နှစ်လုံးကိုင်ပြီး နီရဲသော မျက်နှာဖြင့် အော်သည်။
“ငါရဲ့ကျောက်ကပ်က ပြဿနာရှိတာ မင်းနဲ့ ဘာ သောက်ကျိုးနည်း ပတ်သက်နေလို့လဲ”
“မင်းက လူ ဟုတ်ရဲ့လား။ ဟမ် ဝူး ဝူး ဝူး ငါ အခုလေးတင် ပိုက်ဆံရှာနိုင်ခဲ့တာ။ ဒါကို မင်းက ငါရဲ့ကျောက်ကပ်ကို ယူသွားတယ်”
“မင်းလည်း မင်းရဲ့ကျောက်ကပ်ကို အဆုံးခံသင့်တယ်။ ငါ မင်းကို ဒီနေ့ သတ်မယ်”
အဆိပ်ပြင်းပင့်ကူက အသက်ကို ပြင်းပြင်းရှုလိုက်ရင်း အခန်းထဲမှ ရှုးသွပ်နေသော လူနှစ်ယောက်ကို ကြည့်သည်။ သူသည်လည်း ငါးဖမ်းလှေက စောင်းသထက် စောင်းနေသည်ကို ခံစားရသည်။ ထိုကြောင့် အံကို ကြိတ်ပြီး နောက်ဆုတ်လိုက်သည်။
ဘန်း
သူဟာ ဘေးဘက်မှ သစ်သားဘုတ်ပြားကို ဆောင့်ကန်လိုက်ပြီးနောက် နက်ရှိုင်းသော ပင်လယ်ပြင်ကို ကြည့်ကာ ခုန်ချလိုက်သည်။
ဗုန်း
သူ၏ အနောက်ဘက်မှ ငါးဖမ်းလှေက စောင်းသထက်စောင်းသွားပြီး တဖြည်းဖြည်းချင်းစီ မြုပ်သွားသည်။
++++++