အခန်း (၃၇၉-၃၈၁)
Vol. 26 Ch. 379-381
အခန်း 379
ဖူး
အဆိပ်ပြင်းပင့်ကူက ပင်လယ်ရေများကို မှုတ်ထုတ်လိုက်ပြီးနောက် ခေါင်းမှ ရေစက်များကို အသာခါရင်း ကူးခတ်လိုက်သည်။
ထိုအချိန်တွင် လူသတ်သမားအများစုသည် ပင်လယ်ပြင်တွင် မျောလျှက် ရှိနေကြသည်။ တချို့ကမှု သတိလစ်နေကြပြီး လှိုင်းကြောင့် လွှင့်ထွက်သွားကြသည်။
“အား”
ရုတ်တရက် သူတို့၏အနားမှ လူတစ်ယောက်က စူးရှစွာ ထအော်လိုက်ပြီး ပင်လယ်ရေထဲသို့ ဆွဲချခံရသည်။
အားလုံးကလည်း ကြောက်လန့်တကြား ကြည့်ကြပြီး အတူတကွ စုစည်းကာ ကူးခတ်လိုက်ကြသည်။
“ဘာဖြစ်တာလဲ”
“ဒီနေရာမှာ အရင်က တိရစ္ဆာန် မဟုတ်လား။ သူက ဒီပင်လယ်ရေအောက်ထဲမှာ ချောင်းနေတာ ငါတို့က သူ့ကို ဘယ်လိုယှဉ်ရမှာလဲ”
“အားလုံးပဲ မထိတ်လန့်ကြနဲ့။ အတူကပ်နေကြ။ ငါတို့က လူဒီလောက်များတာ ဒီကောင် ငါတို့ကို ဘာမှ မလုပ်နိုင်ဘူး”
လူတိုင်းသည် အလွန်ကြောက်လန့်နေကြသည့်တိုင်အောင် သူတို့သည် အထူးလေ့ကျင့်ပေးထားသော လူသတ်သမား ဖြစ်လေသည်။ ထိုကြောင့် စိတ်ငြိမ်သွားသည်။
ထိုတစ်ဖွဲ့က အတူတကွ ကပ်နေလိုက်ပြီး ပင်လယ်ပြင်ကို အနီးကပ်စိုက်ကြည့်သည်။
ဖူး
ရုတ်တရက် ပင်လယ်ရေအောက်ဘက်ပိုင်းက မိုးပြာရောင် အရည်က ပိန်းပိန်အောင် မည်းမှောင်သွားကြောင်း တွေ့လိုက်ရသည်။ ထိုနောက် ကြီးမားသော အနက်ရောင် အရိပ်ကြီးက ပေါ်လာသည်။
ဘန်း
ပင်လယ်ရေထဲမှ ငါးအမြှီးကြီးတစ်ခုက ထွက်လာပြီး လူတိုင်း၏ ခေါင်းကို ရိုက်သည်။
အိုး
“လာ လာ ငါ့ကို သတ်ပေးစမ်းပါ”
အာဟကလည်း ဝေလငါးလေး၏ ထိတ်ပေါ်တွင် ရပ်နေရင်း သူ၏အရှေ့မှ အထိတ်တလန့်ဖြစ်နေသော လူတစ်ဖွဲ့ကို ကြည့်ကာ အော်သည်။
ဟား ဟား ဟား
ငါ့ညီအစ်ကိုက ဒီမှာလေ ဟွန့် သူက ဆရာကြီးနော် ဟွန့် ဒီကောင်တွေ လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး။
ဟွန်း ဟွန်း အရမ်းလွန်သွားပြီ။ နှစ်ကြိမ်။
ဘာလို့ တခြားအကောင်တွေကို မဖမ်းဘဲ သူ့ကိုပဲ ဖမ်းနေတာလဲ ဟမ်။ ဒါက ဒီခွေးကို လူလို မသတ်မှတ်တာပဲ။
“ဝူး ဝူး ဝူး”
“သူတို့ မပြေးနိုင်တော့ဘူး”
ဝေလငါးလေးက ငိုသံလိုလို နှာမှုတ်သံလေး ပြုလုပ်သည်။ ထိုနောက် သူ၏ အရှေမှ လူများထံသို့ ချဉ်းကပ်သွားလိုက်၏။
အဝေးတွင် တူညီသော အရှိန်နှုန်းနှင့် ကူးခတ်လာသော လင်းပိုင်အဖွဲ့ကိုလည်း မြင်ရသည်။ ထိုအပြင် ချက်ချင်းဆိုသလိုပင် လူတိုင်း၏အောက်တွင် ပေါ်လာသည်။ ထိုနောက် တစ်ယောက်ချင်းစီကို သူတို့၏ ခန္ဓာကိုယ်တွင် ကောက်ကာ မတင်လိုက်သည်။
379 02
အလွန်ဝေးကွာသော တစ်နေရာတွင် စစ်သင်္ဘောတစ်စီးက လျင်မြန်စွာ ချဉ်းကပ်လာသည်။ ဆုပိုင်က သူ၏ ပုခုံးပေါ်မှ ရွှေသိမ်းငှက်ကို ကြည့်ပြီး အေးစက်စွာ ပြောသည်။
“သူ့ကို အရှင်ဖမ်း။ အာဟ သူ့ကို မသတ်စေနဲ့”
ရွှေသိမ်းငှက်က တောင်ပံကို ဖြန့်ကားလိုက်ပြီးနောက် လေထဲသို့ ပျံတက်သွားသည်။ ထိုနောက် ပင်လယ်ပြင်ထဲမှ လေတစ်ဖွဲ့သဏ္ထာန် ထိုးဆင်းလာသည်။
“ဒါရိုက်တာ ဆုပိုင် မင်းရဲ့သိမ်းငှက်က တကယ် သက်ရောက်မှု ရှိတာပဲ။ ငါတို့က ရေဒါကို သုံးမယ်ဆိုရင်တောင်မှ ဒီငါးဖမ်းလှေကို ဖမ်းယူမိဖို့ ခက်မှာ”
အနီးအနားတွင် ရပ်နေသော ဒါရိုက်တာ လီယိုက သူ၏အရှေ့မှ လင်းပိုင်များကို ကြည့်ပြီး ခံစားချက်အပြည့်နှင့်ပြောသည်။
“သူတို့က သမုဒ္ဒရာထဲမှာ အရမ်းမြန်တာပဲ”
ဆုပိုင်က အသာပြုံးသည်။ ထိုနောက် ခေါင်းညိတ်၏။
ဟာလီနှင့် ဟိန်းကျစ်တို့၏ ဦးဆောင်မှုအောက်တွင် သူတို့သည် တစ်နေ့လုံးလုံး ခရီးထွက်ပြီးမှသည် ကမ်းခြေသို့ ရောက်ခဲ့သည်။
ထိုလူများသည် တိုင်းပြည်ထဲမှ ထွက်ခွာရန် အလိုငှား ပင်လယ်လမ်းကြောင်းကို သုံးမည်ဟု မည်သူကမှလည်း မထင်ထားခဲ့ကြပေ။ သို့သော် လင်းပိုင်များ၏ ပင်လယ်ထဲမှ ရှာဖွေနှုန်းက ထိုစစ်သင်္ဘောများထက်ပင် အများကြီး မြန်ဆန်သေးသည်။
နေ့တစ်ဝက်သာ အချိန်ယူလိုက်ရသည်။ ထိုလင်းပိုင်တစ်ဖွဲ့၏ ဦးဆောင်မှုနှင့်အတူ ထိုလူများ၏ သဲလွန်စကို ရှာတွေ့လိုက်သည်။
မြုပ်သွားသော ငါးဖမ်းလှေကို ကြည့်နေရင်း ဆုပိုင်သည်လည်း ဆက်ပြင်းချမိသည်။
အား ဒီလူတွေရဲ့ကံက ဆိုးတာပဲ။
ဟာလီနှင့် ဟိန်းကျစ်တို့နှစ်ယောက်လုံးကလည်း ရုပ်ရှင်ရုံထဲတွင် ရှိခဲ့ကြသည်။
ဒါကို ဘာလို့ တခြားကောင်တွေကို မဖမ်းဘဲ အာဟကို ဖမ်းသွားတာလဲ။
ဒါက သေချင်တယ်လို့ တောင်းဆိုသလို မဖြစ်သွားဘူးလား။
အချိန်တွေ ကြာပြီးနောက် ကုန်းပတ်လမ်းပေါ်မှ ဖမ်းမိထားသော လူသတ်သမားများကို ကြည့်ပြီး ဆုပိုင်က မျက်လုံးကို မှေးကြည့်လိုက်သည်။
အရင်တစ်ခေါက် ဗီဒီယိုထဲက လူပဲ။
“အလောင်းတွေ အားလုံးကို ဆွဲချသွားလိုက်”
ညွှန်ကြားချက်အချို့ ပေးပြီးသည့်နှင့် ဆုပိုင်က သူ၏ဘေးနားတွင် လဲရင်း မရပ်မနားအော်နေသော ဟက်စကီးကို ကြည့်သည်။
“ဝူး ဝူး ဝူး ဒါရိုက်တာ ဆုပိုင်”
“ငါ့အတွက် တကယ် မလွယ်ကူဘူးနော်။ အထဲက ရူးနေတဲ့တစ်ကောင်ကလေ ငါ့ကို တစ်ကိုယ်လုံး ဖြုတ်ချင်နေတာတဲ့”
“မင်း ငါ့အတွက် ကလဲ့စား ချေပေးရမယ်”
“တော်ပြီ တော်ပြီ တော်ပြီ”
ထိုအကောင်၏ နဖူးကို တစ်ချက် ပိတ်ရိုက်လိုက်ပြီးနောက် ဆုပိုင်က မပျော်မရွှင် ဖြစ်သလို ပြောလိုက်သည်။
တခြားသောသူများက မသိလောက်ပေ။ သို့သော် သူကမှု ထိုအကောင်ကို ကောင်းကောင်း သိသည်။ သူဟာ ယခုအခါ သနားစဖွယ် ဖြစ်ဟန်ဆောင်နေသည်။ သို့သော် သူဟာ တိရစ္ဆာန်ရုံသို့ ပြန်ရောက်သွားသည့်နှင့် မည်မျှ ကြွားမည်ဖြစ်ကြောင်း မည်သူမှ မသိနိုင်ပေ။
…
379 03
နောက်တစ်ရက်တွင်
ချင်တု လုံခြုံရေးကျောင်းတော်
“ဘယ်လိုလဲ”
ဆုပိုင်က စစ်ဆေးမေးမြန်းခန်း၏ အပြင်ဘက်တွင် ရပ်နေရင်း အသွင်းမှ စစ်ဆေးနေသော အကောင်ကို ကြည့်ကာ ခပ်တိုးတိုး မေးသည်။
“သူတို့ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းအဖွဲ့အစည်းက တကယ်ပဲ ဘယ်နေရာမှာ ရှိနေတာလဲ သိရပြီလား”
“နောက်ကွယ်မှာ လူတစ်ယောက်ရှိနေလိမ့်မယ်။ ဒီလူသတ်သမားတွေက နောက်ခံမရှိဘဲ ဘာမှ မလုပ်ရဲဘူး”
ဒါရိုက်တာ လျိုက ဝမ်းနည်းသော မျက်နှာဖြင့် သက်ပြင်းချသည်။
“ဒီလူတွေက အရမ်း ခေါင်းမာတယ်။ သူတို့ကို မေးဖို့ နည်းလမ်းကို မရှိတာ”
“သူတို့ကို ဘယ်လောက်ပဲ မေးမေး သူတို့က တစ်ခွန်းမှ မပြောကြဘူး။ ငါတို့အားလုံး ကြိုးစားပြီးပြီ”
ဆုပိုင်က ထိုလူများကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်ကို တစ်ချက်သပ်သည်။
“ငါ့ကို စမ်းကြည့်ခိုင်းရင် ဘယ်လိုလဲ”
“ဒါ”
“ဒါရိုက်တာ ဆုပိုင် ဒီလူတွေက သေသင့်တယ်ဆိုပေ့မဲ့လည်း ငါတို့ အရမ်းလွန်ကဲတဲ့ နည်းလမ်းတွေတော့ မသုံးနိုင်ဘူး”
ဒါရိုက်တာ လျိုက သတိပေးသည်။
သူသည်လည်း လွန်ကဲလွန်းသော နည်းလမ်းမျိုးဖြင့် ဝန်ခံအောင် လုပ်လိုသော်လည်း ထိုနည်းလမ်းများက ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ အချက်မှာ အာဏာပိုင်များ မရှိသမျှ ထိုလူများကို ပစ်သတ်၍ ရလျှင်ပင် ထိုနည်းလမ်းကိုတော့ အသုံးပြု၍ မရပေ။ သို့သော် ဒါရိုက်တာ ဆုပိုင်ကမှု ခြားနားသည်။
သူသည် ဒီမတော်တဆမှုမှ တိုက်ရိုက်မတရားခံရသူ ဖြစ်နေသည်။
ထိုလူများသည်လည်း ထပ်ခါတလဲလဲ လှုပ်ရှားကာ ဒုက္ခ ပေးနေကြသည်။ ထိုကြောင့် ဒါရိုက်တာ လျိုက ဒေါသကို ဖောက်ထုတ်ချင်သည့်တိုင်အောင် အထက်မှ လူများ၏ အမိန့် လိုအပ်သေးသည်ဟု ထင်သည်။
“ဟ မလိုပါဘူး”
ဆုပိုင်က လက်ကို ရမ်းလိုက်ပြီးနောက် ပြုံး၍ ပြောသည်။
“ငါ ခဏနေ ထွက်လာခဲ့မယ်”
ထိုသို့ ပြောပြီးသည့်နှင့် သူဟာ တံခါးကို ဖွင့်ကာ ဝင်သွားသည်။
ဆုပိုင်သည် ကုလားထိုင်တွင် ထိုင်ပြီးသည့်နှင့် သူ၏အရှေ့မှ ရွှေအိုရောင်ဆံပင်နှင့် လူကို သိချင်စိတ်ပြင်းပြစွာ ကြည့်လိုက်သည်။
သို့သော် စကားတစ်ခွန်းမှ မဆိုပေ။ ထိုနောက် ကျောပိုးအိတ်ကို ဖွင့်သည်။
“ဟား ဟား အချိန်ဖြုန်းမနေနဲ့ ငါတို့ ဒီအတိုင်း ကျရှုံးသွားရင်တောင်မှ နောက်တစ်ကြိမ်ဆို အောင်မြင်မှာ”
ရွှေရောင်ဆံပင်နှင့် လူငယ်က ဆုပိုင်၏အပြုအမှုကို ကြည့်ပြီး အထင်သေးသေး ရယ်သည်။
“ငါတို့က ငယ်ငယ်ကတည်းက နှိပ်စက်ခံထားရတာ။ ဟား ဟား မင်းက ဟီး ဟီး”
သူတို့၏ နားလည်သဘောပေါက်မှုအရ ထိုသူများသည်လည်း ဒီတိရစ္ဆာန်ရုံမှ ဒါရိုက်တာ ဆုပိုင်က သာမန် လူသာ ဖြစ်ကြောင်း သိထားသည်။
ထိုကြောင့် သာမန် လူတစ်ယောက်သည် သူထံမှ အချက်အလက်ကို အရယူလိုလျှင် ဟား ဟား စိတ်ကူးယှဉ်နေချင်တာ ဖြစ်ရပေမည်။
ဆုပိုင်သည် သူပြောသော စကားကိုကြားသောအခါ အနည်းငယ် မှင်သက်သွားသည်။ ထိုနောက် ခေါင်းကို အသာခါပြီး သူ၏ကျောပိုးအိတ်ထဲမှ အနက်ရောင်မြွေကို ထုတ်လိုက်သည်။
ဟစ်
…
ထိုအနက်ရောင်မန်ဘာမြွေက နှစ်မီတာခန့် ရှည်ပြီး ငွေအဖြူရောင် စားပွဲလေးပေါ်တွင် အသာလေး ခွေနေသည်။
မြွေ၏ခေါင်းက တဖြည်းဖြည်းချင်းစီ မြှောက်ပြီးနောက် အရှေ့မှ ရွှေအိုရောင် ဆံပင်နှင့်လူကို ကြည့်သည်။
“ဟစ်”
ပိန်းပိန်အောင် မည်းမှောင်နေသော မြွေ၏လျှာက တစ်လစ်လေး ထွက်လာပြီးနောက် ထိုလူ၏နှာခေါင်းနားကို လှမ်းကိုင်သည်။
အေးစက်သော မျက်ဝန်းတစ်စုံကလည်း မျက်နှာကို အကဲခတ်နေသေးသည်။
++++++
380 01
အခန်း 380
“ဘာ ဘာ ဘာ ဘာ ဘာကြီးလဲ”
ရွှေအိုရောင်ဆံပင်နှင့် လူသည်လည်း အရှေ့မှ ကြောက်စရာကောင်းသော သတ္တဝါကြောင့် ကြောက်သွားသည်။ သူ၏ ကြွက်သားများက ရုတ်တရက် တင်းကြပ်သွားလေပြီး သူ၏နဖူးမှလည်း ပဲစေ့အရွယ်အစားခန့် ကြီးသည့် ချွေးစေးကြီးများက ပေါ်ထွက်လာပြီး တစ်တောက်တောက် စီးကျသည်။
သူသည်လည်း ယခုလိုမျိုး ခံစားချက်မျိုးကို မရဘူးပေ။ သူသည်လည်း အရှေ့မှ ထိုသတ္တဝါ၏လက်ထဲတွင် ချက်ချင်း သေလိမ့်မည်ဟု ခံစားရသည်။
သူ၏အရှေ့မှ တိရစ္ဆာန်ရုံ၏ ဒါရိုက်တာသည်လည်း တစ်ဖက်ကောင်၏ အပြုအမှုကို မတားလေဘဲ ရွှေရောင် အကောင်တစ်ကောင်ကို ထပ်ထုတ်လိုက်လေသည်။
“ဟစ်”
ရွှေမြွေက ကုလားထိုင်ပေါ်သို့ ကုန်းတက်လာပြီးနောက် ရွှေအိုရောင်ဆံပင်နှင့် လူ၏လည်ပင်းကို ရစ်ပတ်လိုက်သည်။ မြွေ၏ခေါင်းကလည်း သူ၏အနောက်ဘက်မှ တဖြည်းဖြည်းချင်းစီ ထောင်လာပြီး ပါးစပ်ကြီးကို ဖြဲ၍ တဖြည်းဖြည်းချင်းစီ အောက်သို့ ထိုးဆင်းလာသည်။
“သောက်ငရဲလိုပဲ”
ဒါရိုက်တာလျိုသည် အတွင်းမှ မြင်ကွင်းကို ဖန်သားပြင်မှတစ်ဆင့် ကြည့်နေရင်း ရုတ်တရက် သူ၏ခြေထောက်များ ခွေကျသွားပြီး ကုလားထိုင်ပေါ်သို့ ပြုတ်ကျသည်။
ကြောက်ဖို့ကောင်းလိုက်တာ။
ထိုအနက်ရောင်မန်ဘာမြွေသည် လူသတ်သမား၏ အရှေ့တွင် ရှိနေသေးပြီး လျှာကို ဆက်တိုက်ဆိုသလို ထုတ်လျှက်သား သားကောင်ကို ကြည့်ရှုနေသည်။ သူဟာ ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်းစီ ရွေ့လာပြီး သူ၏တင်းကြပ်နေသော ကြွက်သားများက အချိန်မရွေး တိုက်ခိုက်မည်ပုံပေါ်သည်။
ရွှေရောင်မြွေကမှု ပို၍ ကြောက်စရာကောင်းသည်။ သူ၏ပါးစပ်ကြီးကို ဖြဲထားပြီးနောက် ရွှေရောင်ဆံပင်နှင့် လူငယ်၏ခေါင်းကိုပင် ပါးစပ်ထဲသို့ စထည့်သည်။
သိသိသာသာပင်။
လူသတ်သမားသည်လည်း သူ၏ခေါင်းအထက်မှ မြင်ကွင်းကြီးကို အရှေ့က မှန်ကတစ်ဆင့် ရှင်းလင်းစွာ မြင်နေရသည်။
“ဒါ ဒါ ဒါ ဒီလောက်နဲ့ သူ့ကို ခြောက်လို့ မရဘူး”
“မြန်မြန် မြန်မြန် မြန်မြန် မြန်မြန်လေး ငါ့ကို ထိန်းထားစမ်းပါ။ ငါရဲ့ခြေထောက်တွေက မရတော့ဘူး။ ငါရဲ့ခြေထောက်တွေက အားနည်းနေပြီ”
“ဒီတိရစ္ဆာန်ရုံက ဒီအကောင်လေးတွေက ဒေါသထွက်သွားရင် ဒီလောက်အထိ ကြောက်စရာ ကောင်းမယ်လို့ မထင်ထားဘူး။ လူသတ်သမားကလည်း သူရဲ့ကိုယ်ပိုင်ခေါင်းက အဲဒီမြွေရဲ့ ပါးစပ်ထဲကို တစ်ဝက်ကျော်ကျော်လောက် မြုပ်နေတာကို ကိုယ်ပိုင်မျက်လုံးနဲ့ မြင်လိုက်ရတာက အား”
စစ်ဆေးမေးမြန်းခန်း အပြင်ဘက်တွင် ရပ်နေသော လုံခြုံရေးအစောင့်တစ်ဖွဲ့ကလည်း အတွင်းမှ မြင်ကွင်းကို ကြည့်နေရင်း သူတို့၏ မျက်လုံးများ ဖြူစုတ်လာသည်။
380 02
“အခု အသင့်ပြင်ထား ဒီလူသတ်သမားက အကြာကြီး တောင့်မခံနိုင်လောက်ဘူး”
ဒါရိုက်တာလျိုက အံကိုကြိတ်လိုက်ပြီး ကုလားထိုင်မှ ထရပ်လိုက်သည်။ သူသည် စားပွဲကိုပင် အကူအညီယူကာ ထရ၏။
သူသည်လည်း ယခုလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြင်းထန်လွန်းသည်ကို တောင့်ခံနိုင်မည်ဟု မယုံကြည်ပေ။
ကိုယ်ဟာကိုယ် စဉ်းစားကြည့်။ ဒီမြွေက သူ့ကို တဖြည်းဖြည်းချင်းစီ မျိုနေတာကို ဘယ်သူက တောင့်ခံနိုင်မှာလဲ။
“သုံးမိနစ်ပဲ ကြာမယ်”
…
ဆုပိုင်က ကုလားထိုင်မှ ထရပ်လိုက်ပြီးနောက် ဆက်တိုက်ဆိုသလို တုန်ခါနေသော ရွှေရောင်ဆံပင်နှင့် လူကို ကြည့်ပြီး တဖြည်းဖြည်းချင်းစီ ပြောသည်။
“အဲဒီနောက် မင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အမျိုခံရလိမ့်မယ်။ အွန်း အစပိုင်းမှာတော့ မင်း အသိစိတ်ရှိနေမှာပဲ။ ဒါပေမဲ့ နည်းနည်းလောက်တော့ နာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီရွှေမြွေက အစာခြေတဲ့အခါ မင်းရဲ့ အပြင်ဘက်အဆုံးက အရေပြားတစ်လွှာကနေ စပြီး ခြေတာကို”
“အဲဒီနောက် တဖြည်းဖြည်းချင်းစီ အရည်ဖျော်ချသလိုမျိုး အစာခြေဖြစ်စဉ်က ရောက်လာမှာပဲ။ အဆုံးသတ်မှာတော့ မင်းရဲ့အရိုးတွေကို တစ်ခုချင်းစီ ပြန်ထုတ်ပေးပါလိမ့်မယ်”
“ဒါမှမဟုတ်ရင်လည်း မင်း ဒီအရှေ့က မြွေအနက်ကို ရွေးလို့ရတယ်နော်။ သူက မင်းကို တစ်ကိုယ်လုံး မမျိုဘူး။ စိတ်ချ။ ဒါပေမဲ့ သူက မင်းကို ကိုက်မှာ။ သူကိုက်လိုက်တာနဲ့ မင်းရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်းချင်းစီ အသိစိတ်လွှတ်လာပြီး ထုံထိုင်းလာသလို ခံစားရလိမ့်မယ်။ အဲဒီနောက်”
“အား တော်ပါပြီ”
“ကျေးဇူးပြုပြီး မပြောပါနဲ့တော့။ ကျေးဇူးပြုပြီး မပြောပါနဲ့တော့။ သူတို့ကို လွှတ်ခိုင်းလိုက်ပါ။ ငါ အရှုံးပေးတယ်။ ငါ ပြောပြမယ်။ ငါပြောမယ်။ သူတို့ကို လွှတ်ခိုင်းလိုက်”
ရွှေရောင်ဆံပင်နှင့် လူငယ်သည် ဆုပိုင်၏ နတ်ဆိုးဆန်သော ပုံစံကို ကြည့်နေပြီး အလွန်အမင်း ထိတ်လန့်လာသည်။ အထူးသဖြင့် သူ၏ အရှေ့မှ ပါးစပ်ကြီးက သူ၏ခေါင်းအပေါ်တွင် အုပ်ထားပြီး တဖြည်းဖြည်းချင်းစီ မျက်လုံးကိုပင် အုပ်လာသောအခါ စူးဝါးစွာ အော်တော့သည်။
ကြောက်ဖို့ကောင်းလိုက်တာ။
ဒီလူက မကောင်းဆိုးဝါးပဲ။ သူသည် တကယ်ပဲ သူရဲ့ တိရစ္ဆာန်တွေကို အရှင်စားခိုင်းတော့မှာ။
ဆုပိုင်က လက်ချောင်းလေးများကို အသာရိုက်လိုက်ပြီးနောက် ထိုနှစ်ကောင်ကို လက်ရမ်းပြသည်။ ထိုနောက် ချက်ချင်းဆိုသလို စစ်ဆေးမေးမြန်းခန်းထဲမှ ထွက်လာလိုက်သည်။ ရွှေမြွေနှင့် အနက်ရောင်မန်ဘာမြွေတို့ကလည်း လိုက်သွားသည်။
“သွား လူသတ်အဖွဲ့အစည်းရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲ သွားမေးလိုက်တော့”
“ငါအပေါ်က လူတွေနဲ့ ကောင်းကောင်း စကားပြောလိုက်မယ်”
“ကောင်းပြီ”
ဒါရိုက်တာလျိုက နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လိုက်ပြီး သူ့ကို နှုတ်ဆက်ကာ အထဲသို့ ဝင်သွားလိုက်သည်။ ထိုနောက် တိုက်ရိုက်ပင် စစ်ဆေးမေးမြန်းလိုက်၏။
…
ဆီမဟာမိတ်…
“ဘာသတင်းမှ မရသေးဘူးလား”
ဂျက်ဖ်သည် မှေးမိန်သော မြေအောက်ခန်းထဲတွင် ထိုင်ရင်း အရှေ့မှ လူအိုကြီးကို ကြည့်ကာ စိတ်မရှည်သလို့ မေးသည်။
“စီမံကိန်းက ကျရှုံးသွားတာလား”
380 03
“အဝေးကြီးပဲ။ မင်းရဲ့ လူတွေက ဘာအချက်အလက်မှ မပို့လာသေးဘူး။ တရုတ်နိုင်ငံက အခု မာရှယ်လောအောက်ကို ရောက်နေတာ။ ဖောက်ခွဲမှုတစ်ခုတော့ ဖြစ်သွားတာလည်း အမှန်ပဲ”
“ဒါပေမဲ့ အဲဒီတိရစ္ဆာန်ကို ခေါ်လာနိုင်ခဲ့ပြီလားဆိုတာကို မသိသေးဘူး”
“ဂျက်ဖ် မစိုးရိမ်နဲ့”
ထိုလူအိုကြီးက မျက်လုံးကို အသာဖွင့်ပြီး ပြုံးကာ ပြောသည်။
“ငါရဲ့ကလေးက သေချာပေါက် အောင်မြင်လိမ့်မယ်။ စိတ်ရှည် စောင့်။ မင်းက ဘာကို ကြောက်တာလဲ”
“စီမံကိန်းက ကျရှုံးသွားရင် တာဝန်က မင်းနဲ့ ပတ်သက်တာမှ မဟုတ်တာ။ ငါတို့ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းအဖွဲ့အစည်းကပဲ အားလုံးကို တာဝန်ယူထားမှာလေ။ ပြောပါအုန်း မင်းက ဘာကို ကြောက်တာလဲ”
ဂျက်ဖ်က အသက်ပြင်းပြင်း ရှုပြီးနောက် စိတ်ကို တည်ငြိမ်အောင် ထိန်းသည်။
“ဒါပေမဲ့ မင်းရဲ့လူတွေကလည်း ငါတို့ အတူပူးပေါင်းတယ်ဆိုတာကို သိထားတယ်လေ”
“သူတို့ကို ဖမ်းမိသွားတာနဲ့ မင်းပဲ အဆုံးသတ်မှာ မဟုတ်ဘူး။ ငါတို့ရဲ့ ဆီမဟာမိတ်ကလည်း အဆုံးသတ်မှာပဲ”
“တရုတ်နိုင်ငံမှာ ပေါ်တင် ဖောက်ခွဲမှု လုပ်တာက တိုင်းပြည်အားလုံးကို ဆန့်ကျင့်တာပဲ။ ငါတို့ တွန်းလှန်နိုင်မှာ မဟုတ်ဘူး”
“ဟား ဟား ဟား ဟား”
လူအိုကြီးက ရယ်သည်။ သူသည် တဖြည်းဖြည်းချင်းစီ ဖြောင့်ဖြောင့်မတ်မတ် ထထိုင်ပြီး အရှေ့မှ ဂျက်ဖ်ကို ကြည့်ကာ အေးစက်သော လေသံနှင့် ပြောသည်။
“မင်းဟာ ငါတို့ရဲ့နည်းလမ်းတွေကို မေးခွန်း ထုတ်နေတာပဲ”
“ဒီအဖွဲ့အစည်းတည်ထောင်ခဲ့တဲ့ နှစ် ၅၀ ကြာသွားပြီ။ ငါရဲ့ ကလေးတွေက ဖမ်းမိသွားရင်တောင်မှ ပါးစပ်ဟမှာ မဟုတ်ဘူး။ သူတို့အားလုံးက ငါကိုယ်တိုင် သူတို့ငယ်ငယ်ကတည်းက လေ့ကျင့်ပေးလာခဲ့တဲ့ လုပ်ကြံသတ်ဖြတ်သူတွေ။ တရုတ်နိုင်ငံက ဘယ်လောက် ရက်စက်တဲ့ နည်းလမ်းကို သုံးသုံး ဘာအချက်အလက်မှ ထုတ်ပြောမှာ မဟုတ်ဘူး”
“ဒီတော့ စိတ်အေးအေး ထားလိုက်တော့”
“မင်း သေချာလား”
ဂျက်ဖ်က စိတ်အေးသွားသလို သက်ပြင်းချသည်။
သို့ရာတွင် နှစ်ရက်က ကုန်သွားသည်။ တရုတ်နိုင်ငံက မာရှယ်လောအောက်တွင် ရှိနေသေးသည်။ သို့သော်
လုပ်ကြံသတ်ဖြတ်သူများနှင့် ပတ်သက်ပြီး မည်သည့် သတင်းမှ မရတော့ပေ။ သူတစ်ယောက်တည်းကသာ စိုးရိမ်စိတ် များနေခြင်း မဟုတ်လေဘဲ အထက်မှ လူများကလည်း စိုးရိမ်တကြီး စောင့်နေကြသည်။
…
စီမံကိန်းက ကျရှုံးသွားခဲ့လျှင်လည်း သူတို့ဟာ ထိုလုပ်ကြံသတ်ဖြတ်ရေးအဖွဲ့နှင့် ပူးပေါင်းကြံစည်ထားကြောင်း ပေါ်ထွက်သွားပေလိမ့်မည်။
အမ်…. ဒါဆိုရင် တရုတ်နိုင်ငံက ဘယ်လောက်တောင် ဒေါသထွက်မလဲ မသိဘူး။
“ဟူး”
“ဒီလိုဆိုရင် နောက်ထပ် တစ်ရက် ထပ်စောင့်ရအောင်၊ ဒါမှ သတင်းမရသေးဘူးဆိုရင်တော့ ငါတို့ မင်းကို လက်လျော့ရတော့မယ်”
“ဒါကြောင့် အချိန်ကျလာတဲ့အခါ ကျေးဇူးပြုပြီး ဆီမဟာမိတ်ထဲက ထွက်သွားပေးပါ”
380 04
ဂျက်ဖ်က ထရပ်သည်။ ထိုနောက် အေးစက်စွာ ပြောပြီး ထွက်သွားသည်။
လူအိုကြီးက သူ၏ကျောကို ကြည့်ပြီး အမှုအယာက သုန်မှုန်လာသည်။
သူသည်လည်း သူ၏လူများကို ယုံကြည့်မှုရှိသော်လည်း သို့သော် …
ဒီတစ်ကြိမ် ရှုံးနိမ့်သွားပြီးနောက်တွင် ဒီတာဝန်က ပို၍ပင် ခက်ခဲလာပေ့လိမ့်မည်။ နောက်ထပ် အခွင့်အရေး မရတော့သည်လည်း ဖြစ်နိုင်သည်။
“ငါရဲ့ ကလေးတွေ မင်းတို့ အောင်မြင်ရမယ်”
…
++++++
381 01
အခန်း 381
ကောင်းကင်ပြာ တိရစ္ဆာန်ရုံ။
“ဝုတ်”
“မင်းတို့ ဘာသိလို့လဲ”
အာဟက တိရစ္ဆာန်ရုံထဲရှိ ကျောက်စားပွဲပေါ်တွင် တက်တက်ကြွကြွ ရပ်နေရင်း အောက်ဘက်က တိရစ္ဆာန်တစ်သိုက်ကို ကြည့်ကာ ဩရှသော လေသံနှင့် ပြောသည်။
“အဲဒီအချိန်တွေတုန်းက ဘယ်လောက်တောင် လျင်လိုခဲ့သလဲဆိုတာကို မင်းတို့တွေ သိလား”
“ဒါရိုက်တာဆုပိုင်ဆိုရင်လေ ကြောက်လွန်းလို့ ခုံအောက်မှာ လဲနေရတာ။ ငါ အာဟကသာ ရှေ့တက်ပြီး အဲဒီရုပ်ရှင်ရုံရဲ့ နောက်တံခါးကို ဖောက်ခွဲပစ်ခဲ့တာလေ”
“ဒါပေမဲ့ ရန်သူတွေက အရမ်းကောက်ကျစ်တာ။ သူတို့ ငါ့ကို အနိုင်ယူပြီး တိုက်ခိုက်ရဲတယ်။ ဒါပေမဲ့ ငါက ကြီးမြတ်တဲ့ ဟက်စကီး မဟုတ်ဘူးလား။ ဒါပေါ့ သေချာပေါက် ဘယ်အညံ့ခံပါ့မလဲ”
ကွီ ကွီ ကွီ
ဖေးလ်မြေခွေးလေးက နှင်းကျားသစ်၏ ကျောပေါ်သို့ ကုန်းတက်ပြီးနောက် ခေါင်းလေးကို စောင်းကာ မေးသည်။
“ဆိုတော့ အဖေ။ အဖေ ဘယ်လိုများ ဖမ်းမိသွားတာလဲ”
“ငါလည်း ဟာလီနဲ့ ဟိန်းကျစ်တို့ နှစ်ယောက်စလုံး အဆင်ပြေတယ်ဆိုတာကို မြင်လိုက်တယ်လေ။ သူတို့က လူတွေကို ကူညီပြီး ကယ်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းက ဘာလုပ်နိုင်လဲ”
အာဟက သူ၏အရူးသားကို စိုက်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းကို ယက်ကာ အော်သည်။
“အွန့် ငါ မင်းကို ပုံမှန်အားဖြင့် ဘာတွေ သင်ပေးထားလဲ နားမလည်ဘူးလား”
“ငါက ရည်ရွယ်ရှိရှိနဲ့ အဖမ်းခံလိုက်တာ။ ဒါပေါ့ ငါက ရန်သူကို သုတ်သင်ဖို့အတွက် အဖမ်းခံရမယ်လေ။ နားမလည်ဘူးလား”
“မင်းတို့ကို ကြည့်ရုံနဲ့တင် မင်းတို့ တီဗီ မကြည့်ဘူးမှန်း သိသာတယ်။ ဆိုတော့ ဘယ်နားလည်ပါမလဲ။ ဒါပေမဲ့ အဲဒီငှက်တောက ရန်သူတွေထဲကို ဖောက်ဝင်ပြီး လုံးဝ ဖျက်စီးပစ်နိုင်တဲ့ နည်းလမ်းအကြောင်း ငါ့ကို ပြောပြထားသေးတယ်”
“တကယ်တမ်းတော့ ငါ့ကြောင့်သာ မဟုတ်ရင် ဒါရိုက်တာဆုပိုင်ကလည်း ဒီသောက်ကျိုးနည်းလူတွေကို ဘယ်လို ဖမ်းမိမှာလဲ”
“သေချာပေါက်ကို မဖြစ်နိုင်ဘူးလေ။ ဒီတော့ စောင့်ပဲ စောင့်နေ။ သိပ်မကြာခင် ငါရဲ့ ဆုလာဘ်တွေက လာလိမ့်မယ်”
ထိုသို့ ပြောနေရင်း အာဟက အသံကို တိုးလိုက်သည်။
“ငါကြားထားတဲ့အတိုင်းဆို တပိုင်ရဲ့ သားက ရောက်လာတော့မှာတဲ့။ ဟား ဟား ဟား ငါ အာဟက ဒီလောက် ကိစ္စကြီးလုပ်ထားတာ။ အချိန်ကျလာတဲ့အခါ …”
“မင်းတို့တွေ ခေါင်းဆောင် ထပ်ရွေးသင့်တယ်။ အဲဒီအခါကျရင် ငါ့ကို ရွေးနော် ဟုတ်ပြီလား”
“အထူးသဖြင့် စန်းဟ ငါ မင်းအကြောင်း ပြောနေတာ။ ဟမ် မင်း အမြဲတမ်း ငါ့ကို မဆွဲထားနဲ့ နားလည်လား”
“ကောင်းပြီ ကောင်းပြီ ဆင်းလာတော့”
ရုတ်တရက် အဝေးမှ အော်သံက ထွက်လာသည်။ ဆုပိုင်က နှင်းကျားသစ်ကြားသို့ လက်ရမ်းပြလေပြီး တိရစ္ဆာန်ရုံ၏ အတွင်းပိုင်းသို့ လျှောက်ဝင်သွားသည်။
“ဒါရိုက်တာဆုပိုင် ဘယ်သွားမလို့လဲ။ ငါ့ကိုလည်း ခေါ်သွားအုန်းလေ”
381 02
အာဟက ချက်ချင်းဆိုသလို ကျောက်စားပွဲပေါ်ကနေ ခုန်ဆင်းပြီး ဆုပိုင်ဆီ ပြေးသည်။ ထိုနောက် လည်တိုင်ကို ဆန့်ကာ ပြောသည်။
“စီမံကိန်း ရှိတယ်”
ဆုပိုင်က အာဟကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်သည်။
“သောက်ကျိုးနည်း တကယ်ကို လှုပ်ရှားတော့မှာလား။ ဟာ… သေချာပေါက် လှုပ်ရှားရမှာပေါ့”
အာဟက ချက်ချင်း ထရယ်သည်။
“အွန်း မင်း လှုပ်ရှားရမယ်”
“လောင်ကျိုး”
ဆုပိုင်က တစ်ချက်ကြည့်လိုက်ပြီးနောက် သဘောတူသလို ခေါင်းညိတ်လိုက်သည်။ ထိုနောက် အဝေးမှ သူ၏ စနိုက်ပါရိုင်ဖယ်ကို သန့်ရှင်းရေး လုပ်နေသော လောင်ကျိုးကို လှမ်းပြောလိုက်သည်။
“ငါ့ကို ကြိုးတစ်ချောင်းပေး”
အချိန်တွေ ကြာပြီးနောက်…
ဝုတ်
“ငါ့ကို လွှတ်ပေး။ ဒါရိုက်တာဆုပိုင် ငါ ပြောမယ်။ အရမ်း မလွန်လာနဲ့နော်”
“ငါ့ကို မြန်မြန် လွှတ်ပေးလိုက်စမ်း ဟမ်။ သူရဲကောင်းကို တစ်ယောက်ကို ဘယ်လို ဆက်ဆံတာလဲ”
“အား”
အာဟက လည်တိုင်မှ ကြိုးကို ဆွဲပြီး အော်သည်။
သူ့ကို ဖြတ်ပြေးသွားသော လူတစ်ဖွဲ့ကို မြင်သောအခါ အာဟ၏ မျက်လုံးက နီသွားပြီး ဒေါသကြီးကြီး အော်သည်။
အွန်း ရမ်းကားလိုက်တာ။
အား သူ့ကို နာအောင် ဂိတ်နားက သစ်ပင်မှာ ကြိုးနဲ့ချည်ရင်းလေ။
သေစမ်း။
ဘာလို့ သူရဲ့အဆင့်အတန်းက ဒီလောက်အထိ နိမ့်သွားတာလဲ။
လက်သင့်မခံနိုင်ဘူး။
“ဆုပိုင် မင်း စောင့်နေ။ ဒီကြိုးလောက်က ငါ့ကို ချည်ထားနိုင်မယ်လို့ မင်းထင်လား။ အိမ်မက် မက်နေတာပဲ”
“ငါက အာဟ။ ငါ ဒီတိရစ္ဆာန်ရုံကနေ ထွက်သွားတော့မယ်။ မင်းက ငါ့ကို အနိုင်ကျင့်နေတာ”
“ငါကို နောက်ထပ် ကြိုးတစ်ချောင်းပေး”
381 03
ဆုပိုင်က လောင်ကျိုး၏ အရှေ့တွင် ရပ်ရင်း ရူးသွပ်စွာ အော်နေသော ဟက်စကီးကို ကြည့်ကာ မျက်မှောင် အသာကြုတ်သည်။ ထိုနောက် တဖြည်းဖြည်းချင်းစီ လျှောက်သွားသည်။ သူ၏လက်ထဲတွင် အလွန်ထူသော ကြိုးပါသည်။
“ဝုတ်”
“ဟီး ဟီး ငါ ဒီအတိုင်း လျှောက်အော်နေတာပါ။ ဘာ အဓိပ္ပာယ်မှ ရှိတာ မဟုတ်ဘူး။ ဒါရိုက်တာဆုပိုင် ငါ ဒီအတိုင်း ကြုံ့ရာကျပန်း အော်နေတာနော်။ ကျေးဇူးပြုပြီး ဘာမှ မလုပ်ပါနဲ့”
“ငါက ဒီအတိုင်း ပေါက်ကရတွေ လျှောက်အော်နေတာပါ။ နောက်ပြီး ငါက ကောင်းကင်ပြာ တိရစ္ဆာန်ရုံက ခွေးတစ်ကောင်နော်။ ကောင်းကင်ပြာတိရစ္ဆာန်ရုံက သေသွားတဲ့ ခွေးဖြစ်တော့မယ် ထင်တယ်။ ဝူး ဝူး ဝူး”
“အား တော်ပါတော့ တော်ပါတော့။ ငါရဲ့ ပါးစပ်ကို မအုပ်ပါနဲ့”
“ကောင်းပြီ ကောင်းပြီ။ ငါတို့ ပြန်လာရင် မင်းအတွက် ဖွင့်ပေးမယ်”
ထိုဟက်စကီး၏ ခေါင်းကို ကြိုးနှင့် တုပ်ပြီးသည့်နှင့် ဆုပိုင်က စကားလုံး အနည်းငယ်ကို ချန်ခဲ့လိုက်ကာ တိရစ္ဆာန်ရုံ၏ ဝင်ပေါက်ထံသို့ တခြားသော တိရစ္ဆာန်များနှင့်အတူ ထွက်သွားသည်။
သူသည် ဒီတစ်ခေါက်တွင် ရှင်းရှင်းလင်းလင်း မေးမြန်းပေးသွားလေပြီး ထိုဆီမဟာမိတ်က လူသတ်သမားများနှင့် ပူးပေါင်းထားသည်။
နောက်ပြီး ဒါက တတိယတစ်ကြိမ်။
မည်သို့ပင်ဆိုစေ ဒီတစ်ကြိမ်ကမှု ဒီအဖွဲ့အစည်းကို ဖျက်ဆီးမှ ရတော့ပေမည်။
ဒီအတိုင်း ဆီတွေပဲ မဟုတ်ဘူးလား။
နက်ရှိုင်းတဲ့ ပင်လယ်ပြင်က တိရစ္ဆာန်တွေအားလုံးကို ကယ်ပြီးတာနဲ့ အနှေးနဲ့အမြန် အဲဒီဆီတွေ ရှာတွေ့မှာပဲ။ …
ကျယ်ပြောသော ကန္တာရ၏ အစွန်းတစ်ဖက်တွင်
ကင်းလှည့်နေသော ကြေးစားစစ်သားများက ဆီမီးခွက်များကို မီးညှိလိုက်ကြရင်း အိုအေစစ်မြို့ကို ကြည့်လိုက်ကာ ရယ်မောရင်း စကားပြောနေကြသည်။
“ငါတို့ ခဏနေရင် လူလဲရမယ်”
မုတ်ဆိတ်မွှေးနှင့် လူတစ်ယောက်က မီးခိုးများကို မှုတ်ထုတ်လိုက်ပြီးနောက် နဖူးမှ ချွေးကို သုတ်ကာ မျက်မှောင်ကြုတ်ရင်း ပြောသည်။
“ဒီသောက်ကျိုးနည်း နေရာက အမြဲတမ်း နေပူနေတာပဲ”
“ဒီတစ်သုတ် တာဝန် လဲပြီးရင် ငါ မြို့ထဲမှာပဲ အစောင့်လုပ်ဖို့ လျှောက်တော့မယ်။ ဒီအလုပ်ကို ထပ်မလိုချင်တော့ဘူး။ အရမ်း နာကျင်နေရတယ်”
“ဟား ဟား လိဖ် လဝက်ပဲ ကြာသေးတာ မဟုတ်ဘူးလား။ မင်း ဒါလေးတောင် မထိန်းနိုင်တော့ဘူးလား”
ဘေးနားတွင် ရပ်နေသော လူမည်းက ရယ်သည်။ သူ၏အဖြူရောင် သွားနှစ်တန်းက ပေါ်လာ၏။
“မြို့ထဲမှာ ရှင်သန်ရတာထက် ပိုက်ဆံပိုရတာက ပိုမကောင်းဘူးလား။ မင်း လက်လျော့ချင်တာ သေချာလား”
“ဒီမှာ တစ်ရက်လောက် ရပ်နေရုံနဲ့ ရတဲ့ ပိုက်ဆံက ဘားလည်း သွားလို့ ရသလို အပျော်တွေလည်း ရှာလို့ ရတယ်လေ”
381 04
“ဟေး”
လိဖ်က အရှေ့မှ လူမည်းကို ကြည့်လိုက်သည်။ သူ၏ မျက်နှာတွင်လည်း ပေတိတိ မျက်နှာကြီးက ပေါ်နေ၏။ သူက လေသံတိုးတိုးနှင့် ပြောသည်။
“မင်း အရင်တစ်ခေါက်က ဘားထဲမှာ လူဖြူကောင်မလေး တစ်ယောက် ရှာတွေ့ထားတယ်လို့ ငါကြားတယ်။ ဘယ်လို ခံစားရလဲ”
“သောက်ရမ်းကိုပဲ ငါလည်း သွားချင်တာ။ ဒါပေမဲ့ ဈေးက တအားကြီးတယ်”
“မင်း အဲဒီ ဆီမဟာမိတ်မှာသာ ရှိနေရင် ပိုကောင်းမှာပဲ။ ပိုက်ဆံ လောင်းနိုင်လိမ့်မယ်”
ထိုအကြောင်းအရာကို သိသည့်နှင့် တခြားသော သူများကလည်း သဘောတူကြသည်။
“ဟုတ်တယ်။ သူ ပြောတာ ဟုတ်တယ်။ အမှန်ပဲ အဲဒီဆီမဟာမိတ် မရှိတော့ရင် တခြား လောင်းကစားတဲ့ နည်းလမ်းတွေက အဓိပ္ပာယ် မဲ့သွားသလို့ပဲ။ ပိုက်ဆံရတာ နှေးလွန်းတယ်”
“ပေါက်ကရတွေ ပြောမနေနဲ့။ ဓာတ်ခွဲခန်းကလည်း အခုတလော လှုပ်ရှားမှုတွေ စတင်နေတဲ့ ပုံပဲ။ ဆိုတော့ ညီအစ်ကိုအများစုတောင်မှ လျို့ဝှက်သဘောတူစာချုပ်တွေ ချုပ်ထားရတာ။ အဲဒါမှ အဲဒီအဆောက်အဦးတွေထဲကို ဝင်ခွင့်ရှိတာလေ”
“ဟစ် တကယ်လို့ အဲဒီအတိုင်းသာဆိုရင် ဆီမဟာမိတ်က ထပ်ပြီး ဖွင့်တော့မှာပေါ့။ ဒါပေမဲ့ အရင်တစ်ခေါက်ကလည်း ဓာတ်ခွဲခန်းက ဖျက်စီးခံလိုက်ရတယ် မဟုတ်ဘူးလား။ ဆိုတော့ အဲဒီ ကျောက်ဖြစ်ရုပ်ကြွင်းတွေက ဘယ်နေရာကနေ ရတာလဲ”
အိုအေစစ်မြို့ထဲတွင် ရှိသော စစ်သားများသည်လည်း ကင်းလှည့်ရုံကလွဲပြီး တခြားသော လုပ်စရာ မရှိပေ။
ထိုကြောင့် သူတို့သည်လည်း အချင်းချင်း အတင်းပြောခြင်းအားဖြင့် ဖော်ဖြေနေရလေသည်။ သူတို့၏ နောက်ဆုံးသော၊ တစ်ခုတည်းသော ဖော်ပြေမှုအား အရင်တစ်ခေါက်က တရုတ်များက လာရောက် ဖျက်စီးသွားခဲ့ကြသည်။ သို့သော်
“ဟုတ်တယ်။ ဟုတ်တယ်။ အခု အနားယူရမဲ့ အချိန်ကျပြီ။ နောက်တစ်ပတ်လောက် ထပ်လျှောက်ပြီးတာနဲ့ အနားယူကြရအောင်”
ထိုလူတစ်ဖွဲ့က စိတ်အားထက်သန်နေကြသည့်နှင့် လိဖ်ကလည်း စက်သေနတ်ကြီးကို သယ်ရင်း ပြောလိုက်သည်။
++++++