အခန်း (၃၈၂-၃၈၄)
Vol. 26 Ch. 382-384
အခန်း 382
“ဝုန်း ဝုန်း ဝုန်း”
ရုတ်တရက် သူတို့က တစ်ဖက်လှည့်ကာ ထွက်သွားတော့မည်အချိန်တွင် အဝေးရှိ လေထဲမှ အင်ဂျင်သံကို ကြားရသည်။ ထိုကြောင့် များပြားလှစွာသော တိုက်ခိုက်ရေး ဂျက်များကလည်း အဝေးရှိ ကောင်းကင်တွင် ပေါ်လာပြီး အလွန်လျင်မြန်စွာဖြင့် ချဉ်းကပ်လာလေသည်။
“ဒါ ဒါ ဒါ”
ထိုလူက စကားပြောကာ မျက်လုံးပြူးသွားသည်။
“ရန်သူတွေက ကပ်လာပြီ”
ရာဖီက အော်သည်။ လိဖ်ကလည်း သူ၏စက်သေနတ်ကို ချက်ချင်း မြှောက်တင်လိုက်ပြီး မောင်းတံကို ဆွဲသည်။
“ဝုန်း ဝုန်း ဝုန်း”
ထိုနောက် ကောင်းကင်တွင် မရေမတွက်နိုင်သော ကျည်ဆံများက ပြည့်နှက်သွားပြီး ပတ်ဝန်းကျင် အိုအေစစ်တစ်ခုလုံးကို ပစ်ချလေသည်။
ထိုအခိုက်အတန်တွင် တစ်မြို့လုံးက ဝရုန်းသုန်းကား ဖြစ်သွားသည်။
“ငါတို့ ချက်ချင်း ပြန်ပြီး သတင်းပို့ရမယ်။ ထရပ်”
လိဖ်က ဘေးပတ်ဝန်းကျင်မှ ပေါက်ကွဲသွားသော တွင်းပေါက်များကို ကြည့်သည်။ ထိုနောက် ရုတ်တရက် မြေပြင်ထံမှ ကုန်းထလိုက်ပြီးနောက် အပေါင်းအဖော်များကို လှမ်းအော်သည်။
“မသွားနဲ့”
“မင်း ကြည့်”
သို့ရာတွင် သူ၏အပေါင်းအဖော်များကမှု သဲပေါ်တွင် လှဲနေကြရင်း သူတို့ဆီ အပြေးလာနေသည့် စစ်သားများကို စိုက်ကြည့်နေကာ ငေးငိုင်ကာ ထရပ်သည်။
“သွားပြီ”
“ဘယ်လိုဖြစ်ပြီး အဲဒီတရုတ်က လာပြန်တာလဲ”
လိဖ်ကလည်း အရပ်မျက်နှာအပြည့် သူတို့ဆီ အပြေးဝိုင်းလာသော စစ်သားများကို ကြည့်သည်။ အယောက် သောင်းကျော်နိုင်သည်။ အိုအေစစ်တစ်မြို့လုံး နီးပါးကို ဝိုင်းလိုက်၏။
“လက်နက်တွေချ”
ဘန်း
တချို့သော တရုတ်စစ်သားများက ချက်ချင်းဆိုသလို အပြေးတက်လာကြပြီး ထိုလူများကို ဝိုင်းသည်။
“၃ ၂ ၁”
“ပစ်တော့”
“ငါတို့ အညံ့ခံတယ်။ ငါတို့ အညံ့ခံတယ်”
382 02
အရှေ့မှ လူများက သူတို့၏ သေနတ်များကို တစ်ပြိုင်တည်း ဆွဲနေကြောင်း မြင်သောအခါ လိဖ်နှင့် အပေါင်းအဖော်များက ချက်ချင်းဆိုသလို သေနတ်များကို ချထားပြီး ဒူးထောက်လိုက်ကြကာ လက်မြှောက်လိုက်ကြသည်။
သူတို့ဟာ ကြေးစားစစ်သားများသာ ဖြစ်သည်။ ထိုကြောင့် ထိုလူများနှင့် မရင်ဆိုင်နိုင်ပေ။
အခု ကြည့်ရတာ။
တရုတ်ကသာ ထိုလူအများကြီးကို ရွေ့လိုက်ပြီဆိုကတည်းက ဒီဆီမဟာမိတ်တစ်ခုလုံးက ဖျက်စီးခံရမည်ကို စိုးရိမ်နေကြသည်။
ရူးလိုက်တာ။ နှစ်ကြိမ်တောင် ထပ်ဖြစ်တယ်။ သူတို့က သင်ခန်းစာ မရသေးဘူးဘဲ တရုတ်တွေကို သွားပြီး ရန်စရဲသေးတယ်။
“ဘာတွေဖြစ်နေတာလဲ”
ဂျက်ဖ်သည်လည်း မြေပြင်က တုန်နေမှန်း ခံစားမိသည်။ ထိုကြောင့် ဆိုဖာပေါ်မှ ချက်ချင်း ခုန်ထလိုက်ပြီး ကြမ်းပြင်မှ မျက်နှာကျက်အထိ ရှည်လျားကြီးမားသော ပြတင်းပေါက်နားသို့ ကပ်သွားလိုက်သည်။
ထိုအခါ မရေမတွက်နိုင်သော လူပေါင်းများစွာက မြို့ထဲသို့ အပြေးလာနေကြောင်း မြင်ရသည်။ ထိုနောက် အဝေးတွင် အစိမ်းရောင် ပြောက်ကြားဝတ်စုံကို ဝတ်ဆင်ထားသည့် စစ်သားတစ်ဖွဲ့က လမ်းများပေါ်တွင် သပ်ရပ်စွာ ချီတက်လာနေတာ မြင်ရသည်။
“သတင်းပို့”
“ကြေးစားစစ်သားတွေ အားလုံးကို ကိုင်တွယ်လို့ ပြီးသွားပြီ”
“ဘယ်သူမှ မခုခံဘူး”
ယုံလုံက အရှေ့မှ စစ်သားတစ်ယောက်ကို ကြည့်ပြီး ကောင်းစွာ ခေါင်းညိတ်သည်။
“အွန်း လူတွေကို ရှင်းထုတ်လိုက်။ ဒီဆီမဟာမိတ်ရဲ့ ခေါင်းဆောင်ပိုင်းတွေကိုပဲ ချန်ထား”
“ဒီနေရာမှာ အသက်ရှင်နိုင်တဲ့ လူတွေကတော့ ဟား ဟား”
သူဟာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မြို့ထဲသို့ ဝင်သည်။
ဒီတစ်ကြိမ်တွင် သူဟာ လူကိုယ်တိုင် လိုက်လာသည်။
ဒါဟာ တရုတ်၏ ယုံကြည်ဦးတည်ချက်ကို ဖော်ပြရန်ဖြစ်ပြီး တစ်ယောက်ယောက်ကသာ တရုတ်ကို ထပ်ပြီး ပစ်မှတ်ထားရဲလျှင်လည်း သူတို့ဟာ သည်းခံပေးရန် မလိုပေ။
ဒီမြို့မှ ကြေးစားစစ်သားများသည် အမြဲတစေ တရုတ်စစ်သားများကို တွန်းလှန်နိုင်စွမ်းရည် မရှိချေ။
ဗုန်း ဗုန်း
ဆုပိုင်က ထရိုင်နိုဆောရပ်စ့်ရက်ပေါ်တွင် စီးဆင်းနေရင်း ကားတစ်စီးပြီး တစ်စီးကို ကြေမွလျှက် အဝေးမှ အဆောက်အဦးထံ လျှောက်လာသည်။
“မင်း မင်းတို့ ဘာလုပ်တာလဲ”
ဂျက်ဖ်ကလည်း အဆောက်အဦး၏ တံခါးနားတွင် ရပ်နေရင်း အဝေးရှိ ထရိုင်နိုဆောရပ်စ့်ရက်ပေါ်မှ ပုံရိပ်ကို ကြည့်ကာ တုန်ယင်စွာ ပြောသည်။
“သွားပြီ”
“ဒီသောက်ကျိုးနည်း လူသတ်သမားတွေက ဖော်ထုတ်လိုက်ပြီ”
382 03
“လူတွေက ဘယ်မှာလဲ”
ဆုပိုင်က ထရိုင်နိုဆောရပ်စ့်ရက်ပေါ်တွင် ထိုင်နေရင်း အောက်ဘက်သို့ ငုံကြည့်ကာ လေးနက်သော လေသံနှင့် ပြောသည်။
“သူ့ကို ငါတို့ဆီ အပ်ရင်အပ် မဟုတ်ရင်”
ဝေါင်း
ထရိုင်နိုဆောရပ်စ့်ရက်က အော်ဟစ်လိုက်သည်။ ထိုနောက် ချက်ချင်းဆိုသလို ဖနှောင့်ပေါက်လိုက်ရင်း အရှေ့မှ အဆောက်အဦးထံ တိုက်ရိုက် ခုန်ဝင်သွားသည်။
“အဲ အဲ အဲမှာပါ”
“ဒါ ဒါပေမဲ့ မင်းတို့က စစ်ဖြစ်ချင်နေတာပဲ။ ငါတို့ရဲ့ ဆီမဟာမိတ်…”
“ဟား ဟား”
ယုံလုံက ဘေးဘက်တွင် ရပ်နေရင်း အေးစက်စွာ နှာခေါင်းရှုံ့သည်။ ထိုနောက် ဘေးဘက်မှ လက်ထောက်ကို လက်ရမ်းပြသည်။
“ရှင်းလိုက်တော့”
“ဟုတ်ကဲ့”
လက်ထောက်ကလည်း ကျောကို မတ်လိုက်ပြီးနောက် ချက်ချင်းဆိုသလို ထအော်သည်။
“အဖွဲ့တွေအားလုံး အာရုံစိုက်၊ ရှင်းတော့”
ဗုန်း
ဗုန်း
ဗုန်း
ရုတ်တရက် အဝေးမှ ကျယ်လောင်သော ပေါက်ကွဲသံကို ကြားရသည်။ တစ်မြို့လုံးက မီးတောက်များအောက် ရောက်သွားသည်။
မြို့ထဲမှ ရှင်းထုတ်ခံလိုက်ရသော မရေမတွက်နိုင်သော လူပေါင်းများစွာက မြို့အပြင်ဘက်တွင် ရပ်နေကြရင်း ကြီးမားလွန်းသော အဆောက်အဦးများကို မယုံကြည်နိုင်စွာ ကြည်နေကြသည်။ ထိုအဆောက်အဦးများဟာ ပြိုလဲကြနေကြသည်။
“သွားပြီ။ ဒီနေရာကတော့ အဆုံးသတ်ပြီ။ ငါတို့တွေ”
“သောက်ကျိုးနည်း ဆီမဟာမိတ် ငါရဲ့ပိုင်ဆိုင်မှုတွေ။ ငါရဲ့ပိုင်ဆိုင်မှုတွေ”
“ငါတို့တွေ အဖမ်းခံရမှာကို ကြောက်ရတယ်။ သောက်ကျိုးနည်း ဒီဆီမဟာမိတ်က ဘာလုပ်တာလဲ။ ငါ ပိုက်ဆံတွေ အများကြီး သုံးပြီး နေရာတစ်ခု ရှာထားတာကို အခု ဘယ်လိုလုပ်ရတော့မလဲ”
အမျိုးမျိုးသော တိုင်းပြည်များမှ ထွက်ပြေးလာသော လူများကလည်း မီးများ တောက်လောင်နေသော အိုအေစစ်မြို့ကို ကြည့်ပြီး စိတ်ပျက်နေကြသည်။ ဆီမဟာမိတ်က ပြိုကျသွားသည်။
ထိုနောက် ထိုလူများသည်လည်း သူတို့၏ ကိုယ်ပိုင် မြို့များဆီသို့ ပြန်လည် ပို့ဆောင်ခံရပေလိမ့်မည်။ သူတို့ကို စောင့်ကြိုနေသည်မှာ …
အဆုံးသတ် မကောင်းလောက်ဘူး။
++++++
383 01
အခန်း 383
“ဒုတိယတစ်ကြိမ်”
ယုံလုံက အဆောက်အဦး၏ အရှေ့တွင် ရပ်နေရင်း မြေပြင်သို့ ပြိုလဲကျနေသော ဂျက်ဖ်ကို ကြည့်ကာ အေးစက်စွာ ပြောသည်။
“ဟွန့် ငါတို့က မင်းတို့နဲ့ အကျိုးအကြောင်း ပြောနေမယ်လို့ ထင်တာလား”
“ဒါဆိုရင်တော့ ဒီနေ့ ငါက အကျိုးအကြောင်း ပြောပြမနေတော့ဘူး။ တစ်ယောက်ယောက် အပြေးလာစမ်း”
“ခုခံတဲ့ လူတိုင်းကို နေရာမှာတင် ပစ်သတ်လိုက်”
“ဆီမဟာမိတ်သေးသေးလေးကို ဘယ်သူကများ သတ္တိတွေ ပေးလိုက်လဲ။ ဟမ်”
“ရပ်”
ရုတ်တရက် အဆောက်အဦးထဲမှ လူအိုကြီးတစ်ယောက်က တုတ်ကောက်နှင့်အတူ ထွက်လာသည်။ သူက လူတိုင်း၏အရှေ့တွင် ရပ်ရင်း ပြုံးကာ ပြောသည်။
“ကြည့်ရတာ ကျရှုံးသွားသေးတာပဲ”
“ဒါပေမဲ့ လုပ်ကြံသတ်ဖြတ်တဲ့ အဖွဲ့အစည်းကတော့ ဘယ်တော့မှ ဖျက်စီးခံရမှာ မဟုတ်ဘူး။ အနှေးနဲ့အမြန်ဆိုသလို”
ဒိုင်း
သေနတ်ပစ်သံ ထွက်လာသည်။
လူအိုကြီး၏ ခြေထောက်မှ သွေးများထွက်လာပြီးနောက် သူဟာ ချက်ချင်းဆိုသလို ဒူးထောက်လျှက်သား ကျသွားသည်။
တင်းမာသော မျက်နှာနှင့် အတွင်းထဲမှ ထွက်လာသော ကျိုးဝမ်က လူအိုကြီးအနားသို့ တဖြည်းဖြည်းချင်းစီ လျှောက်သွားပြီးနောက် သူ့ကို ကူညီကာ ထူပေးသည်။
“ခေါင်းဆောင်။ ခေါင်းဆောင်ရဲ့ ကလေးတွေအားလုံး ဒီမှာလား”
သူမက အရှေ့ဘက်သို့ ညွှန့်ပြသည်။
ထိုအခါ စစ်သားများက ဖမ်းထားသည့် လူအယောက်ရာကျော်ကို တွေ့ရသည်။
“ဒူးထောက်”
ယုံလုံက အော်သည်။
ခွပ် ခွပ် ခွပ်
စစ်သားများအားလုံးကလည်း လုပ်ကြံသတ်ဖြတ်သူများ၏ ခြေထောက်များအားလုံးကို ဖိချလိုက်ကြသည်။
“ခေါင်းဆောင် အဆိပ်ပြင်းပင့်ကူက သေသွားပြီ။ ရေနစ်သေတာ”
ကျိုးဝမ်က အရှေ့မှ လူအိုကြီးကို ကြည့်ရင်း ပြုံးကာ ပြောသည်။
383 02
“ငယ်ငယ်ကတည်းကနေ အရွယ်ရောက်လာခဲ့တဲ့အထိ နင်ရဲ့ ဒီလိုမျက်နှာထားမျိုးကို ငါ မမြင်ဖူးသေးဘူး။ လက်စသတ်တော့ ခေါင်းဆောင်ကလည်း အံဩတတ်တာပဲ။ ဪ လက်စတတ်တော့ ခေါင်းဆောင်လည်း ကြောက်တတ်တာပဲ”
“ဟား ဟား”
ဒိုင်း
ခြေထောက်ကို နောက်ထပ် သေနတ်တစ်ချက် ထပ်ပစ်လိုက်သည်။
ကျိုးဝမ်က သူ့ကို ရယ်မောရင်း ထူပေးကာ အံကြိတ်သံနှင့် ပြောသည်။
“ဒီသေနတ်က နင့်အတွက်။ အဲဒီကလေးတွေအားလုံးအတွက်”
ဒိုင်း
“ဒီတစ်ချက်ကတော့ ငါရဲ့မိဘတွေအတွက်”
ဒိုင်း
“ဒီတစ်ချက်ကတော့ ငါကိုယ်တိုင်အတွက်”
မျက်လုံးအလင်းရောင် စတင်ကာ အရောင်ဖျော့လာသည့် ဒီလူအိုကြီးကို ကြည့်ရင်း ကျိုးဝမ်က တဖြည်းဖြည်းစီ ဆောင့်ကြောင့် ထိုင်လိုက်သည်။ မြေပြင်တွင် ဒူးထောက်နေသော မရေမတွက်နိုင်သော လုပ်ကြံသတ်ဖြတ်သူများကို ညွှန့်ပြကာ ပြော၏။
“သူတို့အားလုံးက နင်ရဲ့ကလေးတွေ။ ဒါက နင့်ဘဝလုံးစာရဲ့ အလုပ်တွေ မဟုတ်လား”
“ဒါဆိုရင်လည်း”
သူဟာ ထိုသို့ ပြောလာပြီးနောက် ဆုပိုင်ကို မော့ကြည့်သည်။
ဆုပိုင်က ကျိုးဝမ်၏ ရူးသွပ်သော ပုံစံကို ကြည့်ပြီး အသက်ကို ပြင်းပြင်းရှုသည်။ ထိုနောက် လေးနက်သော လေသံဖြင့် လှမ်းပြောလိုက်သည်။
“အဆုံးသတ်လိုက်တော့”
“မဟုတ်ဘူး။ မဟုတ်ဘူး”
လူအိုကြီးက သူ၏လက်များကို တုန်ယင်စွာဖြင့် ဆန့်ထုတ်ရင်း သူက အများကြီး ကြိုးစားအားထုတ်ကာ လေ့ကျင့်ပေးထားသော လူသတ်သမားများက တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျနေသည်အား ကြည့်လိုက်သည်။
“ဒါတွေအားလုံးက နင့်အမှားပဲ”
“ငါတို့က လူတွေ နင်သုံးလို့ရတဲ့ လက်နက်တွေ မဟုတ်ဘူး။ နင် ငယ်ငယ်ကတည်းကနေ စိတ်ထင်တိုင်း နှိပ်စက်လို့ ခံရတဲ့ တိရစ္ဆာန် အကောင်ပေါက်လေးတွေလည်း မဟုတ်ဘူး”
“ငါတို့က အစားတစ်ကိုက်အတွက်နဲ့ ငယ်ငယ်ကတည်းက လူသတ်ဖို့ သင်ရတယ်။ ဒါတွေ အားလုံးက နင့်ကိုပဲ ကျေးဇူးတင်ရမယ်”
ဒိုင်း
သေနတ်ပြောင်းကို လူအိုကြီး၏ နဖူးတွင် ကပ်ပြီးသည့်နှင့် ကျိုးဝမ်က မောင်းတံကို ဆွဲလိုက်သည်။
“ဝူး ဝူး ဝူး”
383 03
ထိုနောက် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ရင်း ခါးသီးစွာ ငိုသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ဒီနေ့ရက်က ရောက်ရှိလာခဲ့လေပြီ။ နှစ်ပေါင်းများစွာ ကြာပြီးနောက် နောက်ဆုံးတွင် အိမ်မက်ဆိုးကို ဖယ်ရှားနိုင်ခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် သူမသည်လည်း ညသန်းခေါင်တိုင်းလိုလို လန့်နိုးစရာ မလိုတော့ပေ။
“ဒါရိုက်တာ ယုံလုံ။ ကျန်တာတွေကတော့ ခင်ဗျားပဲ ဆက်လုပ်ရတော့မယ်”
ဆုပိုင်ကလည်း ထရိုင်နိုဆောရပ်စ့်ရက်၏ ကျောပေါ်မှ ဆင်းလာပြီး ကျိုးဝမ်ကို ကူညီကာ ထူပေးရင်း သူ၏အရှေ့မှ လူအိုကြီးကို ကျေးဇူးတင်စိတ်အပြည့်နှင့် ခေါင်း အသာ ညိတ်ပြသည်။ ထိုနောက် ထရိုက်နိုဆောရပ်စ့်ရက်၏ ကျောပေါ်မှ ကြီးမားသော ခုံပေါ်သို့ ပြန်တက်လိုက်သည်။
ဝေါင်း
ထရိုင်နိုဆောရပ်စ့်ရက်ကလည်း အော်ဟစ်ရင်း ထိုနေရာမှ ထွက်ခွာလာလိုက်သည်။
“ဒါ ဒါက ပြီးသွားပြီလား”
ငှက်တောကလည်း နှင်းကျားသစ်၏ နဖူးပေါ်တွင် ရပ်နေခြင်း ဖြစ်သည်။ သူသည်လည်း ထွက်သွားတော့မည် ဒါရိုက်တာ ဆုပိုင်ကို ကြည့်ပြီး မယုံနိုင်သလို ပြောသည်။
“ဆိုတော့ ငါတို့က ဘာလာလုပ်ရမှာလဲ”
“ဒီလောက်အဝေးကြီး ပျံလာပြီးတော့လေ။ ဒီလောက်ပဲလား”
“လွန်လိုက်တာ”
ဝေါင်း
“လာ လာ လာ ဘာလို့ တစ်ချက်လာပြီး မကြည့်တာလဲ”
နှင်းကျားသစ်က အော်ဟစ်ရင်း အပေါ်မှ အကောင်ကို လျစ်လျူရှုလိုက်သည်။
ဒီနေရာသို့ လာသော လမ်းတွင် ထိုအကောင်သည် သူ၏ သူ၏နားရွက်နားတွင် တောက်လျှောက် အော်နေခဲ့သည်။
ဘာလဲ ဟမ်။ ဘာကို ခြေတံရှည်ရှည်နဲ့ အလှလေးတွေလဲ။
ဘာလို့ ကိုယ်ကိုကိုယ် တစ်ချက် သွားမကြည့်တာလဲ။
ဝေါင်း
ဒီကောင်ကလည်း တမင်တကာ ကြွားနေတယ်ဆိုတာ သိသာနေတာပဲ ဟမ်။ သူဟာ အဲဒီ အရူးကောင်လိုပဲ။ အနာဂတ်မှာ ငါ ဒီကောင်တွေနဲ့ ဝေးဝေးနေရမယ်။ လုံးဝကို အားကိုးလို့ မရဘူး။
…
ရက်အနည်းငယ်ခန့် ကြာပြီးနောက်
“မြန်မြန် မြန်မြန် မြန်မြန်”
ကာကွယ်ဝတ်စုံကို ဝတ်ဆင်ထားသည့် တိရစ္ဆာန်ရုံဝန်းထမ်းများက ရုံခန်းထဲမှ အလျင်အမြန် ပြေးထွက်လာကြသည်။ သူတို့၏လက်ထဲတွင် ချစ်စရာကောင်းသော အကောင်ပေါက်လေး နှစ်ကောင်ကို ကိုင်ထားသည်။
ဆုပိုင်က နောက်မှ အလျင်စလို လိုက်လာသည်။
383 04
သူနိုးလာသောအခါ သူ့စောင်ဘေးနားတွင် ထိုအကောင်ပေါက်လေးနှစ်ကောင်က ပေါ်လာမည်ဟု မထင်ထားမိပေ။ ထိုအချိန်က သူ့ကို ကြောက်သွားစေသည်။
တပိုင်ရဲ့ ကလေးတွေ။
သူတို့ဟာ မွေးခါစဖြစ်သောကြောင့် အလွန်အန္တရာယ်များသည်။ လက်တစ်ဖဝါးစာပင် မရှိချေ။
ထိုကြောင့် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနမှ ဝန်ထမ်းများကိုသာ အလျင်အမြန် ခေါ်လိုက်ရသည်။
“သတိထား”
“သတိထား”
“ဒီကလေးမလေးက အရမ်းအားနည်းနေတဲ့ပုံပဲ။ ဘာမှ မဖြစ်ပါစေနဲ့”
ဝန်ထမ်းများကလည်း ထိုကလေးများကို သားဖွားခန်းထဲတွင် ထည့်ပြီး စက်ကိရိယာများကို ခပ်မြန်မြန် ဖွင့်လိုက်ကြသည်။
ထိုကလေးနှစ်ကောင်က ကျန်းမာရေးကောင်းကြောင်း မြင်မှသာ အားလုံးက စိတ်အေးစွာ သက်ပြင်းချနိုင်သည်။
“အား ငါကြောက်လို့ သေတော့မယ်”
ဆုပိုင်က ရင်ဘတ်ကို အုပ်ရင်း သက်ပြင်းချသည်။
စနစ်သည် ထိုအကောင်ပေါက်များကို အကြောင်းမကြားပဲ လှမ်းပို့လိုက်သည်။ ဆုပိုင်သည်လည်း သူသာ တစ်ဖက်သို့လှည့်ပြီး ထိုအကောင်နှစ်ကောင်ကို ဖိလိုက်မိရင် ဆိုပါက ဆက်၍ပင် မတွေးရဲချေ။
ဒါဆိုရင် သူ တပိုင်ကို ဘယ်လိုများ မျက်နှာချင်းဆိုင်ရပါ့မလဲ။
စကားမစပ် တပိုင်က ဘယ်ရောက်သွားလဲ။
သူသည် သားဖွားခန်းထဲမှ ခပ်မြန်မြန်ထွက်လိုက်ပြီး ပန်ဒါဉယျာဉ်ထံသို့ သွားသည်။
အဝေးမှ ကြည့်လိုက်သောအခါ ပန်ဒါကြီးနှင့် ပိုလာဝက်ဝံတို့က ဒန်းပေါ်တွင်ထိုင်ပြီး ပျော်ရွှင်စွာ လွှဲနေကြတာ မြင်ရသည်။
“အဖေဝက်ဝံ။ အဖေရဲ့ကလေးတွေက လာမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား။ ဘာလို့ မတွေ့ရသေးတာလဲ”
ရှောင်ပိုင်က ဘေးဘက်ရှိ ကြိုးကို လွှဲရမ်းနေရင်း ခေါင်းကိုခါကာ ပြောသည်။
“ဝေါင်း”
“ဒါက မင်း စိုးရိမ်ရမဲ့ ကိစ္စလား ဟမ်။ ငါမှ မသိတာ။ ဒါရိုက်တာဆုပိုင်ကတော့ နေ့တိုင်းလိုလို ရောက်လာတော့မယ်လို့ ပြောနေတာပဲ။ ဒါပေမဲ့ ရောက်မလာသေးဘူး”
“ငါလည်း အရမ်းစိုးရိမ်နေတာ”
တပိုင်က သူ၏ဝက်ဝံလက်သည်းလေးကို ထုတ်ပြီး နဖူးကို ပုတ်သည်။ ထိုနောက် မျက်မှောင်ကြုတ်ကာ အော်သည်။
“တပိုင်”
ရုတ်တရက် ဒါရိုက်တာဆုပိုင်၏ အသံက အဝေးမှ ထွက်လာသည်။
383 05
ဘန်း
သူသည် ရုတ်တရက် ဒန်းပေါ်မှ ဖင်ထိုင်ရက် ပြုတ်ကျသည်။
သူဟာ ဖင်ကိုခါလိုက်ရင်း မြက်ခင်းကြားထဲမှ ကုန်းထသည်။ ထိုနောက် ဒါရိုက်တာဆုပိုင်ကို ခေါင်းလေးဆန့်ထုတ်ရင်း ကြည့်သည်။
“မြန်မြန် မြန်မြန် မင်းရဲ့ ပန်ဒါလေးတွေ ရောက်လာပြီ”
“ဘာ”
ဒါရိုက်တာဆုပိုင် ဘာပြောလိုက်တယ်။ သူရဲ့ ပန်ဒါလေးတွေ ရောက်လာပြီ ဟုတ်လား။ ဒီလိုဆိုရင် သူအဖေ ဖြစ်ပြီပေါ့။
တပိုင်၏မျက်လုံးက ချက်ချင်း ပြူးသွားပြီး ချက်ချင်း ခုန်ထသည်။
ဝေါင်း
“ဘယ်မှာလဲ။ ဘယ်မှာလဲ”
“သားဖွားခန်းထဲမှာ”
“မင်း”
ဆုပိုင်ကပင် စကားကိုဆုံးအောင် မပြောရသေးခင် တပိုင်က ပန်ဒါဉယျာဉ်ထဲမှ ချက်ချင်း အပြေးထွက်သွားသည်။
“ငါ့ကလေးက ဘယ်မှာလဲ”
သူဟာ အသံကို ဟစ်ကာ အော်သည်။
အဝေးမှ ကြည့်လိုက်ရုံဖြင့် သားဖွားခန်း၏ အပြင်ဘက် မှန်အရှေ့တွင် တိရစ္ဆာန်တစ်အုပ်စုနေကြောင်း မြင်ရသည်။ သူတို့အားလုံးကလည်း မျက်လုံးများ ပြူးနေလျှက် အထဲမှ အကောင်လေး နှစ်ကောင်ကို ကြည့်နေသည်။
******
384 01
အခန်း 384
…
“ဒါက တပိုင်ရဲ့ ကလေးတွေလား။ လမ်းဘေးကြွက်ပေါက်ထက် နည်းနည်းလေးပဲ ကြီးတယ်”
“ဟားဟား ကိုယ်မှာ အမွှေးတောင် မရှိဘူး။ ဘယ်လိုဖြစ်ပြီး တပိုင်လိုမျိုးကြီးလာမှာလဲ။ ငါတော့ မယုံပါဘူး”
“ပေါက်ကရတွေ ပြောမနေနဲ့။ တပိုင် မကြားစေနဲ့။ သူကြားရင် မင်းကို လာရိုက်လိမ့်မယ်”
အာဟက တိတ်တဆိတ် ပြုံးလိုက်ရင်း ဘေးဘီကို ကြည့်သည်။ တပိုင်ကို မတွေ့ရပါဘူး။ ဟွန်း သူဟာ စိတ်အေးစွာ သက်ပြင်းချသည်။
“လာ နောက်မနေနဲ့။ ငါက ကြောက်မယ်လို့ ထင်နေလား”
“ဝေါင်း”
ရုတ်တရက် သူ၏အနောက်ဘက်မှ ရင်းနှီးကျွမ်းဝင်သော အသံကို ကြားလိုက်ရသည်။ အာဟက ချက်ချင်းဆိုသလို လက်သည်းလေးကို ဆန့်ထုတ်ပြီး ပါးစပ်ကို အုပ်လိုက်သည်။
သူဟာ တိတ်တဆိတ်နဲ့ အနောက်ဘက်သို့ လှည့်ကြည့်သည်။
ပန်ဒါကြီးသည် သွေးနီရောင်မျက်လုံးများဖြင့် အပြေးလာနေပြီး လမ်းပိတ်နေသော အကောင်တိုင်းကို ခန္ဓာကိုယ်ဖြင့် တွန်းတိုက်ပစ်ကာ ထိုသားဖွားခန်း၏ မှန်နားသို့ တဖြည်းဖြည်းချင်းစီ ကပ်သွားသည်။ ထိုနောက် အထဲမှ အကောင်လေးနှစ်ကောင်ကို ဂရုတစိုက် ကြည့်သည်။
“ဝူး ဝူး ဝူး”
ထိုနောက် သူသည် ထငိုသည်။
အား ငါ တကယ်ကို အဖေဖြစ်သွားတာပဲ။
အခု ဘာဆက်လုပ်ရတော့မလဲ။
သူ ဒီကလေးလေးတွေကို ဘယ်လိုဂရုစိုက်ရမှာလဲ။
နောက်ပြီး စကားမစပ် ဒီကလေးတွေက နို့သောက်မှာပေါ့။ သူ နို့ကို ဘယ်ကရှာရမှာလဲ။
တပိုင်က ဘေးဘီကို ကြည့်သည်။ ထိုနောက် သူ၏ အရှေ့မှ တိရစ္ဆာန်တစ်အုပ်ကို မျက်မှောင်ကြုတ်ကာ ကြည့်ပြီး တစ်ကောင်ချင်းစီကို သေချာလိုက်ကြည့်သည်။
ထိုနောက် သူ၏အကြည့်က ကိုအာလာထံ ရောက်သွားသည်။
“ဝေါင်း”
“မင်းမှာ နို့ရှိလား”
ကိုအာလာက ကြောက်လွန်းသဖြင့် မြေပြင်ပေါ်သို့ ဖင်ထိုင်လျှက်သား ကျသည်။
“နို့ရှိလား ဟုတ်လား”
“ငါ့မှာ မရှိဘူး”
“ဝေါင်း”
တပိုင်က ခေါင်းကို လှည့်ပြီး အဝေးမှ ဒါရိုက်တာဆုပိုင်ကို ကြည့်ကာ ခပ်မြန်မြန် အပြေးသွားသည်။
ထိုအကောင်၏ ပုံပြင်ကို နားထောင်ပြီး ဆုပိုင်က ရယ်သည်။ ထိုနောက် နဖူးကို ပုတ်ကာ ခပ်တိုးတိုးပြောသည်။
“ငါ သိတယ်။ မစိုးရိမ်နဲ့ ခဏနေ ရလိမ့်မယ်”
ပန်ဒါလေးက ပြန်ရောက်လာပြီးနောက်တွင် ဆုပိုင်သည် ဂရုတစိုက် စဉ်းစားရန် လိုအပ်လာသည်။
384 02
ပန်ဒါပေါက်များသည် ယခုလို အခြေအနေမျိုးတွင် အလွန်ပင် အားနည်းသည်။ သတိသာ မထားမိသည့်နှင့် အချိန်မရွေး အန္တာရာယ်ကျရောက်သွားနိုင်သည်။ ထိုကြောင့် ပဲနို့ မတိုက်သင့်ပေ။
ဒါဆိုရင်တော့ တခြားနို့သောက်သတ္တဝါတွေရဲ့ နို့ကိုပဲ ရှာရတော့မယ်။ သို့ရာတွင် တိရစ္ဆာန်ရုံထဲတွင် လမ်းဘေးကြွက်များကသာ သားဖောက်နိုင်နေခြင်း ဖြစ်သည်။
သို့သော် လမ်းဘေးကြွက်များဆီကလည်း နို့ယူခြင်းက မဖြစ်နိုင်ပေ။
ထိုအပြင် ထိုဆင်များသည်လည်း သင်းထားပြီးသား ဖြစ်လေသည်။
အာ ဝက်များက ကြီးပြင်းလာသော်လည်း နို့မရှိပေ။
ထိုအကြောင်းကို တွေးမိသော ဆုပိုင်က ရုတ်တရက် ရုံးခန်းထဲသို့ ခပ်မြန်မြန် ဝင်သွားလိုက်သည်။
ထိုအချိန်တွင် သူသည် တာဝန်နယ်မြေထဲသို့ ခပ်မြန်မြန် ဝင်ရောက်ရပေမည်။ ထိုနည်းနဲ့မှသာ ပန်ဒါပေါက်လေးများကို ကျွေးရန် တိရစ္ဆာန်တစ်ကောင်ကောင်ကို ယူရပေမည်။
သူဟာ ကုလားထိုင်ကို ပြန်ထိုင်လိုက်ပြီးသည့်နှင့် တိရစ္ဆာန်အပိုင်းအစ မောလ်ကို ချက်ချင်းဖွင့်လိုက်သည်။
“နို့တိုက်သတ္တဝါတွေ လာပေးပါ။ နို့တိုက်သတ္တဝါတွေ လာပေးပါ”
“နွားဆိုရင် အကောင်းဆုံးပဲ။ ဆိတ်လည်း ရတယ်”
သူဟာ ခပ်တိုးတိုး ရေရွတ်ပြီးနောက် တစ်ချက်မော့ကြည့်လိုက်သည်။
“(တိရစ္ဆာန်အပိုင်းအစ မောလ်)”
“မိုဂိုလီယန် ဝံပုလွေအပိုင်းအစ မတ်တပ် အစက်တစ်စက် အံအားသင့်မှုအမှတ် ငါးသိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
ဝက်ဝံနက်အပိုင်းအစ မတ်တပ် အစက်နှစ်စက် အံအားသင့်မှုအမှတ် ရှစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
ဖြူကောင်အပိုင်းအစ မတ်တပ် အစက်နှစ်စက် အံအားသင့်မှုအမှတ် တစ်သိန်းခွဲနဲ့ လဲလှယ်နိုင်ပါတယ်။
ပင်လယ်ခြင်္သေ့အပိုင်းအစ မတ်တပ် အစက်နှစ်စက် အံအားသင့်မှုအမှတ် သုံးသိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
ခြင်္သေ့အပိုင်းအစ မတ်တပ် အစက်နှစ်စက် အံအားသင့်မှုအမှတ် ရှစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်”
…
တိရစ္ဆာန်အပိုင်းအစ မောလ်မှ ရီဖလက်စ့် ဖြစ်လာသော အကောင်များကို ကြည့်နေပြီး ဆုပိုင်က ရုတ်တရက် သွေးပျက်သွားသည်။
အားလုံးက နို့တိုက်သတ္တဝါတွေ။ သို့ရာတွင် ထိုထဲက လေးကောင်ကသာ ပန်ဒါပေါက်လေးများကို နို့သောက်ရန် အဆင်ပြေလောက်သည်။
မိုဂိုလီယန် ဝံပုလွေ၊ ဝက်ဝံနက်၊ ပင်လယ်ခြင်္သေ့နှင့် ခြင်္သေ့။
ဒါပေမဲ့
ထိုတိရစ္ဆာန်၏ လိင်အမျိုးအစားကိုလည်း စစ်ဆေးကြည့်ရအုန်းပေမည်။ အထီးသာ ဖြစ်နေပါက
“စနစ်ရေ အကောင်ပေါက် ပေါက်ထားပြီးခါစ တိရစ္ဆာန်တွေကိုများ ရွေးပေးလို့ မရဘူးလား”
သူဟာ တစ်ခဏခန့် စဉ်းစားပြီးသည့်နှင့် စနစ်ကိုသာ တိုက်ရိုက်မေးလိုက်သည်။
“ရတယ်။ ဒါပေမဲ့ တာဝန်ရဲ့ ခက်ခဲမှုက မြှင့်မားသွားလိမ့်မယ်။ နောက်ပြီး အံအားသင့်မှုအမှတ်ကလည်း နှစ်ဆဖြစ်မယ်”
မမျှော်လင့်ထားစွာပင် စနစ်က သဘောတူသည်။
အခုအခါ မေးခွန်းထုတ်စရာက
ဘယ်တိရစ္ဆာန်ကို ရွေးရမလဲ။
384 03
အဆုံးအသတ်နားတွင် ဆုပိုင်က မိုဂိုလီယန်ဝံပုလွေကိုသာ ရွေးလိုက်သည်။
ပင်လယ်ခြင်္သေ့များသည် ပင်လယ်ထဲသို့ သွားရပေလိမ့်မည်။
ထိုကြောင့် ပြန်ခေါ်လာပြီးလျှင်လည်း ကျွေးမွေးရန် အဆင်မပြေသေးပေ။
အခြားသော တိရစ္ဆာန်နှစ်ကောင်အတွက်ကမှု ဝံပုလွေက တစ်ကောင်ချင်းစီ တိုက်ခိုက်နိုင်စွမ်းအားအရ အလွယ်ကူဆုံးဖြစ်သည်။
ပို၍ဆိုးသည်မှာ မိုဂိုလီယန်ဝံပုလွေတွေသည်လည်း တရုတ်နိုင်ငံမှ ဇာတိဝင်ပင် ဖြစ်သည်။ အား သဘာဝအားဖြင့် ကြမ်းတမ်းသော်လည်း အခြားသောတိရစ္ဆာန်များကို ကယ်တင်ရသည့်လောက် မခက်ခဲ လောက်ပါပေ။
မည်သို့ပင်ဆိုစေ တရုတ်နိုင်ငံအတွင်းတွင် ဖြစ်နေသေးသည်။ အခြေအနေကို စဉ်းစားဆင်ခြင်ပြီးသည့်နှင့် ဆုပိုင်က အမျိုးအမျိုးသော ပစ္စည်းများကို စတင်ကာ ထုတ်ပိုးသည်။
“စနစ် တာဝန်စတော့”
“မိုဂိုလီယန်ဝံပုလွေတာဝန် စတင်မည်။ သတ်မှတ်ထားတဲ့ ဝံပုလွေအုပ် … တာဝန်၏ ခက်ခဲမှု တိုးမြှင့်”
“စနစ်က စပြီး ရေတွက်နေပါပြီ”
၁၀
၉
၈
…
ဘန်း
ဆုပိုင်က သူ၏လက်နှစ်ဖက်ဖြင့် သစ်ပင် ပင်စည်ကို ခပ်မြန်မြန် ဖက်လိုက်ပြီး အောက်ဘက်သို့ လှိမ့်မကျအောင် တားလိုက်ရသည်။
အဝေးတွင် ကျယ်ပြောသော မြက်ခင်းလွင်ပြင်ကြီး ရှိသည်။
ထိုအရာများအကြားတွင်လည်း သိုးတစ်အုပ်နှင့် ဆိတ်တစ်အုပ်က ခပ်အေးအေး မြက်စားနေကြောင်း မြင်နိုင်သည်။
“ဖူး”
သူဟာ အသက်ပြင်းပြင်း ရှုပြီးသည့်နှင့် တဖြည်းဖြည်းချင်းစီ ထရပ်လိုက်သည်။
အောက်ဘက်သို့ ငုံကြည့်လိုက်သောအခါ တောအုပ်သေးသေးလေးထဲ ရောက်နေတာ သိလိုက်ရသည်။
အဝေးတွင်လည်း မြက်ခင်းလွင်ပြင် ဖြစ်သည်။ ထိုအခြေအနေက ဆုပိုင်အား မကောင်းသော ခံစားချက်ပေးသည်။ ဒါပေမဲ့ မြက်ခင်းလွင်ပြင်တွင် ဝံပုလွေများက လူသားများ၏ ရန်သူဖြစ်သည်။
သူတို့သည် သိုးများ၊ ဆိတ်များကို အမဲလိုက်ရုံသာမကသေးလေဘဲ လူများလည်း တိုက်ခိုက်တတ်ကြောင်း ကျော်ကြားသည်။
ထိုအခြေအနေကြောင့်လည်း ထိုသတ္တဝါမျိုးကို အလွန်အမင်း မုန်းတီးကြခြင်း ဖြစ်သည်။
သို့ရာတွင် ထိုဝံပုလွေအုပ်က အလွန်စည်းရုံးသည်။
နှိမ်နှင်းရေးသမားများကလည်း ဝံပုလွေများ၏ တိုက်ခိုက်မှုကို ခံရသည့်နှင့် ပြင်းထန်သည့် အရှုံးကို ခံရတတ်သည်။
ဖက်စ့်
ဆုပိုင်က ခပ်ကြမ်းကြမ်း ဆဲသည်။
ဒါက လုံးဝကို လက်သင့်မခံနိုင်စရာပဲ။ သူတို့လူသားတွေလည်း အသက်ရှင်ရမယ်လေ။ ဝံပုလွေတွေကလည်း အသက်ရှင်ရမယ်။
လူသားများက သဘာဝ၏ ပိုင်နက်နယ်မြေကို စတင်ကာ ကျူးကျော်လာသည့်နှင့်အမျှ ဝံပုလွေများသည်လည်း အစားနည်းသထက် နည်းလာသည်။ ထိုနောက် ရွေးချယ်စရာ မရှိလေပဲ ထိုလူများက မွေးထားသော တိရစ္ဆာန်များကို တိုက်ခိုက်ရလေသည်။
သို့သော် အရေးကြီးဆုံး လုပ်ရမည့် တာဝန်က ဝံပုလွေကို အရင်ရှာရန် ဖြစ်သည်။
+++++