← Chapters

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း 385

သူဟာ တောင်တန်းနှင့် တောအုပ်ထဲ တစ်လှမ်းချင်းစီ လှမ်းသည်။

ခရက်စ့်

ရုတ်တရက် ဆုပိုင်၏ မျက်နှာထားက တောင့်ခဲသွားပြီး ခြေထောက်အောက်မှ သစ်ကိုင်းစကို ငုံကြည့်သည်။ အတွင်းတွင်လည်း သတ္ထုအသံကို ကြားရသည်။

သူဟာ ဂရုတစိုက်နှင့် သစ်ရွက်များကို ဖယ်ကြည့်ပြီးနောက် အောက်ဘက်မှ ကြောက်စရာကောင်းသော အမဲလိုက်ထောင်ခြောက်ကို မြင်ရသည်။

“ဒါ”

ဆုပိုင်က ထိုထောင်ခြောက်ကို ဂရုတစိုက် သိမ်းလိုက်ပြီးနောက် ဘေးဘက်သို့ ဖယ်လိုက်သည်။

အား တော်သေးတယ်။ သူ နင်းမိတော့မလို့။

ဒီနေရာတွင် ထောင်ခြောက်များ ရှိနေသည်။ ထိုကြောင့် ဖြတ်သွားစရာ တစ်ခုသာ ရှိတော့သည်။ ဒါက ထိုသိုးနှင့်ဆိတ်များ မွေးမြူသူများကလည်း ဝံပုလွေများကို ရည်ရွယ်ထားလေသည်။

သူသည် ဘေးဘက်မှ သစ်သားတစ်ချောင်းကို ကောက်ယူပြီးသည့်နှင့် အမျိုးမျိုးသော သစ်ရွက်ခြောက်များထဲတွင် ဟိုစမ်းဒီစမ်း ရှာဖွေလိုက်သည်။

“ဒီလောက် ထောက်ခြောက်အကြီးကြီးနဲ့ တိရစ္ဆာန်ကို ဖမ်းဖို့ သုံးတာလား။ ခြေထောက်က တန်းပြီး ကျိုးသွားလောက်တယ်နော်”

“ကံကောင်းစွာနဲ့ ဒါရိုက်တာဆုပိုင်က ကံကောင်းသွားလို့ပဲ။ အဲဒီလိုမှ မဟုတ်ရင် အား တိုက်ရိုက်ထုတ်လွှင်မှုကတော့ ပိတ်ရတော့မယ်ထင်တယ်”

“ဒါပေမဲ့ ဒီလူတွေက ဘာလို့ ထောင်ခြောက်ဆင်ထားတာလဲ။ တိုက်ရိုက်ထုတ်လွှင့်ရေးနဲ့ တိရစ္ဆာန်ဖမ်းဖို့ပဲ မဟုတ်ဘူးလား”

“အပေါ်က တစ်ယောက်ပြောတာ တော်တော်လေးတော့ ဖြစ်နိုင်ချေရှိပါတယ်။ အဲ စာကြည့်တိုက်မှုး … ကျေးဇူးပြုပြီး ဘာတွေ ဖြစ်နေလဲ ပြောပြပါအုန်း”

“ငါ အခုလေးတင် ရှာတွေ့ထားတာ မစိုးရိမ်နဲ့။ ဒါရိုက်တာဆုပိုင် ရှာတွေ့ထားတဲ့ တိရစ္ဆာန်က မီးခိုးရောင်ဝံပုလွေတဲ့။ အမ် တရုတ်နိုင်ငံရဲ့ ထူးခြားတဲ့ တိရစ္ဆာန်တစ်မျိုးပေါ့။ ဒေတာတွေအရဆိုရင် ဒီလိုတိရစ္ဆာန်က တော်တော်လေးကို ကြမ်းတမ်းရက်စက်တာ။ ဒါပေမဲ့ လူတွေရဲ့ လူဦးရေ များပြားလာတာနဲ့အမျှ ဒီလိုဝံပုလွေတွေက တဖြည်းဖြည်းချင်းစီ လျော့နည်းလာတယ်။ အဲဒီနောက် နောက်ဆုံး အလုံးအရင်းနဲ့ မျိုးတုန်း မပျောက်ကွယ်ခင် ကာလမှာဆိုရင် တိရစ္ဆာန်တွေ အားလုံးနီးပါးသေကုန်တယ်”

“လူသားတွေပဲ ဖြစ်ပြန်ပြီလား။ ငါကတော့ စိတ်ရှုပ်လာပြီ။ တိရစ္ဆာန်တစ်ကောင်ချင်းစီရဲ့ အရေအတွက်က နည်းပါးလာတာကလည်း ဒီလူသားတွေကြောင့်ပဲ”

…

ဖန်း

မနီးမဝေးရှိ သစ်ပင်အောက်ဘက်မှ အမဲလိုက်ထောင်ခြောက်ကို ဘေးဘက်သို့ လွှတ်ပစ်ပြီးသည့်နှင့် ဆုပိုင်က ထိုင်ကာ အမောတကော အသက်ရှုသည်။

သူ၏အရှေ့ရှိ တောထဲတွင် ထိုကဲ့သို့သော ထောင်ခြောက် အခု ၂၀ ကျော်ကို တွေ့ထားသည်။ အများစုက သွေးများ စွန်းထင်းနေသည်။

ကြည့်ရသည့်မှာ ဝံပုလွေများကလည်း တစ်ကြိမ်ထက်မနည်း အဖမ်းခံဖူးလောက်သည်။

သူဟာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို တစ်ချက်ကြည့်လိုက်ပြီး ကောမန့်များကို ကြည့်ကာ တစ်ခဏခန့် စဉ်းစားပြီးနောက် ပြောလိုက်သည်။

385 02

“စုံစမ်းစစ်ဆေးမှုပြောသွားတာက တအားမှန်တယ်။ ဒီတိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက တိရစ္ဆာန်တွေက ရှေးခေတ်ကာလတွေတုန်းကဆိုရင် တော်တော်လေးကို များပြားတဲ့ အရေအတွက်မှာ ရှိတယ်။ တော်တော်လေးလည်း ကြောက်စရာကောင်းကြတယ်”

“ဒါပေမဲ့ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကတော့ ဒီဝံပုလွေတွေရဲ့ ပမာဏ လျော့ကျသွားပြီးတဲ့နောက်မှာ ရိုက်ကူးထားတာပါ။ အခုတွေ့ထားရတဲ့ ထောင်ခြောက်တွေကနေတစ်ဆင့် ဒီတိရစ္ဆာန်တွေကလည်း လူသားတွေနဲ့ ဆက်ဆံရေး မကောင်းဘူးဆိုတာကို သိလိမ့်မယ်”

“အတိတ်မှာ ဒီသားရိုင်းနဲ့ ရန်လိုတဲ့ သတ္တဝါတွေက လူသားတွေနဲ့ ဆက်ဆံရေး မကောင်းကြဘူး။ နောက်ပြီး ဒါကိုလည်း ဘာမှ ဖြေရှင်းလို့ မရဘူး”

“လူဦးရေက မြှင့်တက်လာတာနဲ့အမျှ လူသားတွေကလည်း နယ်မြေတွေကို သိမ်းယူဖို့ လိုအပ်လာတယ်။ အဲဒီလိုနဲ့ တိရစ္ဆာန်တွေရဲ့ နယ်မြေတွေကို ကျူးကျော်မိတယ်။ ဒီလိုနဲ့ အမျိုးမျိုးသော ရှုပ်ထွေးမှုတွေ ဖြစ်လာတာပေါ့”

“အတိတ်မှာ ဒီဝံပုလွေတွေက ဒီသိုးကျောင်းသားတွေ၊ မွေးမြူသူတွေကို တိုက်ခိုက်ခဲ့ဖူးတယ်။ အဲဒီအတွက်ကြောင့်လည်း တိရစ္ဆာန်တွေကို ဖမ်းစီးတာမျိူးတွေ များပြားလာပြီး ဒီမြက်ခင်းလွင်ပြင်ဒေသက အစားအစာတွေက လျော့နည်းလာတာပေါ့”

“ဒါပေမဲ့ ဘယ်သူက မှားလဲဆိုတာကို ငြင်းခုန်ဖို့ကတော့ ခက်တယ်။ လူသားတွေကလည်း နယ်မြေတွေ လိုအပ်တယ်။ တိရစ္ဆာန်တွေကလည်း ရှင်သန်ဖို့ လိုအပ်တယ်လေ။ ငါ အခု လေ့လာထားတဲ့အတိုင်းဆိုရင် ဒီနယ်မြေမှာ ဝံပုလွေအုပ်တစ်အုပ်ကတော့ ရှိတာ သေချာတယ်။ ဒါပေမဲ့ အခုကြည့်ရတာတော့ တော်တော်လေးကို ထိခိုက်ဆုံးရှုံးနစ်နာမှုတွေ ရှိနေလောက်တယ်”

“ဒါကြောင့် ငါတို့ သိပ်မကြာခင် တွေ့နိုင်ဖို့ မျှော်လင့်ရပါတယ်”

တိုက်ရိုက်ထုတ်လွှင့်မှု၏ ကောမန့်ကဏ္ဏာကို ပြန်ပိတ်ပြီးသည်နှင့် ဆုပိုင်က မတ်တပ် ထရပ်လိုက်သည်။ ထိုနောက် တောထဲသို့ တစ်လှမ်းချင်းစီ ဝင်သည်။

…

“မောင်း”

အသားမည်းသော လူတစ်ယောက်က မြင်းပေါ်တွင် ထိုင်နေရင်း ကျောပေါ်မှ လွယ်လာသည့် ရိုင်ဖယ်သေနတ်နှင့် အတူ အမဲလိုက်နေသည်။ သူသည်လည်း အပေါင်းအဖော်များကို ကြည့်ကာ လေးနက်သော လေသံနှင့် ပြောသည်။

“နောက်ထပ် ငါတို့ရဲ့ နွားတစ်ကောင်ကို အဲဒီဝံပုလွေတစ်အုပ်က လာသတ်သွားပြန်ပြီ”

“ဒီသောက်ကျိုးနည်း ဝံပုလွေတွေ ငါတို့ ဒီနေ့ ဒီတောအုပ်ထဲမှာ ဒီကောင်တွေကို ညဉ့်နက်ပစေ ရအောင် ရှာရမယ်”

“ထောင်ခြောက်တွေကလည်း အများကြီး ဖမ်းမိထားပြီးသား။ ဒီတော့ ဒီကောင်တွေရဲ့ အရေအတွက်က တော်တော်နည်းနေလောက်ပြီ။ ငါတို့ တွေ့မိတာနဲ့ ဒီကောင်တွေကို တန်းသတ်ရမယ်”

အရှေ့ဆုံးမှ လူ၏ ပြောစကားကို နားထောင်ရင်း အားလုံးကလည်း ခေါင်းညိတ်ကြသည်။

“ဟုတ်တယ်။ ဟုတ်တယ်။ ဒီဝံပုလွေအုပ် တိုက်ခိုက်လာကတည်းက ငါတို့ရဲ့ မိသားစုက သိုးဆယ်ကောင်မက သယ်နေပြီ”

“သူတို့ ဒီနေ့တော့ ပြန်မလာလောက်သေးဘူး။ ဒါပေမဲ့”

“သွားရအောင်။ ဒီလောက် သေနတ်တွေများတာ သူတို့အားလုံးကို ရင်မဆိုင်နိုင်ဘူးလို့ မယုံဘူး”

ဘာတာက သူ၏လက်ထဲမှ ကြာပွတ်ကို တစ်ချက်မြှောက်လိုက်ပြီး အောက်မှ မြင်းကို ခပ်ကြမ်းကြမ်းရိုက်ကာ အော်သည်။

“သွား”

ထိုလူတစ်ဖွဲ့က အမဲလိုက်ရိုင်ဖယ်များကို ကိုင်ရင်း အဝေးရှိ တောအုပ်ထဲသို့ ဖြတ်လာခဲ့ကြသည်။

သူတို့သည်လည်း ဒီနယ်မြေမှ သိုးများ၊ ဆိတ်များကို မွေးမြူသော ပိုင်ရှင်များ ဖြစ်သည်။ သို့သော် ဝံပုလွေအုပ်ကလည်း မည်သည့်နေရာကမှန်းမသိ ပေါ်လာသည်။ သူတို့ကို အကြိမ်ပေါင်းများစွာ ဒုက္ခပေးပြီးနောက်တွင် သူတို့သည်လည်း ထိုဝံပုလွေအုပ်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

385 03

သို့သော် ထိုသို့ တိုက်ခိုက်ခဲ့ခြင်းက သူတို့ကို ပို၍ စိတ်ရှုပ်သွားစေပုံရသည်။ ထိုကြောင့် သူတို့က မွေးထားသော တိရစ္ဆာန်များကို ထပ်ကာတလဲလဲ ဒုက္ခပေးကာ တိုက်ခိုက်လာသည်။ မကြာခဏဆိုသလို လာတိုက်ခိုက်ခံရ၏။ သို့သော်ပင် မစားသွားကြချေ။

ထိုအခြေအနေက ထိုလူများကို ပို၍ပင် ဒေါသထွက်စေသည်။

သူတို့သည်လည်း တောင်တန်းနှင့် တောအုပ်များကို ဆက်တိုက်ဆိုသလို ရှာဖွေခဲ့သည်။ ထောင်ခြောက်များကိုလည်း တူးပြီး အမျိုးမျိုးသော အမဲလိုက်နည်းများကို ကျင့်သုံးခဲ့ကြသည်။

သက်ရောက်မှုကလည်း သိသာသည်။ ထိုဝံပုလွေအုပ်က အကောင် ၅၀ ကျော်နေရာမှ ယခုဆို ၁၀ ပင် မကျန်လောက်တော့ပေ။

သို့ရာတွင် ကလဲ့စားချေမှုက ပို၍ပင် ပြင်းထန်လာသည်။

အထူးသဖြင့် ညပိုင်းတွင် ဖြစ်သည်။ ထိုညတိုင်းလိုလို ဝံပုလွေအနည်းငယ်က ခိုးခိုးဝင်တတ်ပြီး သိုးများ၊ ဆိတ်များကို သတ်သွားတတ်သည်။ ထိုနောက် ထွက်ပြေးသွားတတ်သည်။

မနေ့ညက ဆိုလျှင်လည်း ဘာတာ၏မိသားစုမှ တစ်ကောင်က အကိုက်ခံခဲ့ရသည်။

ထိုအကြောင်းအရာကို တွေးမိသည့်နှင့် ဘာတာက အံကိုကြိတ်သည်။

တကယ်ကို လက်သင့်မခံနိုင်စရာပင်။

နွားနဲ့ ဆိတ် ခုနှစ်ကောင်။ ဒါကိုသာ ရောင်းလိုက်ရင် ပိုက်ဆံတွေ ဘယ်လောက်တောင် ရလောက်မလဲ။

ထိုသို့ဖြင့် သူတို့ဟာ အလွန်ပင် ဒေါသထွက်နေကြသည်။

“ဟိုနားက သစ်ပင်မှာ မြင်းကို ချည်ထားလိုက်။ လူတစ်ယောက်ပဲ စောင့်ကြည့်ဖို့ ချန်နေရစ်ခဲ့။ ကျန်တဲ့လူတွေက တောင်ပေါ်တက်ကြမယ်”

တောထဲသို့ ရောက်သည့်နှင့် ဘာတာက အရင်ဆုံး ခုန်ချသည်။ ထို‌နောက် လူတိုင်းကို ပြောလေပြီး တောထဲသို့ အရင်ဝင်သည်။

“အာလူဒါ မင်း ဒီမှာနေပြီး မြင်းတွေ ကြည့်ထား”

လူငယ်လေးသည် လူကြီးတစ်ဖွဲ့က တောင်ပေါ်တက်သွားသည့်အား ကြည့်နေရင်း မြက်ခင်းနားတွင် လှဲချလိုက်ကာ သက်တောင့်သက်သာနှင့် နေပူဆာလှုံ နေသည်။

ဘာပဲဖြစ်ဖြစ် ဒီလူတွေပြန်လာဖို့ ကြာအုန်းမှာပဲလေ။ မှောင်လောက်တယ်။

နောက်ပြီး အဲဒီဝံပုလွေတွေကလည်း သွားရှုပ်လို့ မရဘူး။

“အား ဒီလိုဖြတ်သွားဖြတ်လာ ဝံပုလွေအုပ်ကို သွားပြီး ရန်မစခဲ့သင့်ဘူး။ ဒီလိုဆိုရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး”

သူဟာ တစ်ခဏခန့် ညည်းညူးသည်။

အာလူဒါက ခေါင်းကို ကူကယ်ရာမဲ့စွာ ခါသည်။

သူသည်လည်း ထိုအတွက်ကြောင့် ထိုလူများ အမဲလိုက်တဲ့အချိန်က မလိုက်သွားခဲ့ခြင်းပေ။ ယခုအခါ သူတို့၏ မိသားစုက မွေးထားသော သိုးနှင့် ကျွဲများကသာ တိုက်ခိုက်ခံရခြင်း မရှိဘဲ ကျန်နေခဲ့ရခြင်း ဖြစ်သည်။

ထိုအခြေအနေကတစ်ဆင့် ထိုလူများကသာ အရင်ရန်စခြင်းဖြစ်ကြောင်း သိနိုင်သည်။

“အဘိုးက အဲဒီလိုပြောတာ မအံဩတော့ပါဘူး။ ဝံပုလွေတွေကသာ ပြန်လှည့်လာတယ်ဆိုရင် ဒါက အကြောင်းပြချက် ရှိလိမ့်မယ်။ ဒါက ကျေးဇူးကြွေး ပြန်ပေးတာ ဟုတ်ရင်ဟုတ် မဟုတ်ရင် ပြန်ကလဲ့စားချေတာပဲ”

အာလူဒါသည် မျက်လုံးကို မှေးကျဉ်းလိုက်ပြီး ကောင်းကင်ပြာကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်သည်။

အစပိုင်းတွင်လည်း ထိုဝံပုလွေအုပ်က ဒီအတိုင်း မြက်ခင်းပြင်ဒေသနားမှ ဖြတ်သွားရုံသာ ဖြစ်သည်။ အမှန်တကယ် မတိုက်ခိုက်ခဲ့ပေ။

“အား အခုတော့ နောက်ကျသွားပြီ”

အာလူဒါက သက်ပြင်းကို ချရင်း ဘေးသို့ လဲလိုက်ကာ မျက်လုံးကို မှိတ်လိုက်သည်။

385 04

…

“ဘာတာ ငါတို့ရဲ့ ထောင်ခြောက်တွေ ပျောက်နေတယ်”

ထိုအဖွဲ့က တောထဲသို့ ဝင်လာပြီး ဂရုတစိုက် ရှာဖွေ့ပြီးသည့်နှင့် သူတို့ချထားသော ထောင်ခြောက်များအားလုံး ပျောက်နေတာ မြင်လိုက်ရသည်။

“မဖြစ်နိုင်တာ”

ဘာတာက မျက်မှောင်ကြုတ်ပြီး ပြောသည်။

“တစ်ယောက်ယောက်များ ရှိနေတာလား။ မဖြစ်လောက်ပါဘူး”

“ငါတို့ရဲ့ နေရာကို လူတစ်ယောက်ယောက် လာတယ်လို့တော့ မကြားမိပါဘူး”

“အာလူဒါများလား။ ဘာပဲဖြစ်ဖြစ် ဒီကောင်က အစကနေ အခုထက်ထိ ဘာမှ ဆုံးရှုံးနစ်နာထားတာမှ မဟုတ်ဘူးလေ။ အဲဒီဝံပုလွေတွေကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာထင်တယ်။ သူတို့ရဲ့ ကျွဲတွေ နွားတွေက သိသိသာသာပဲ အများဆုံးလေ။ နောက်ပြီး အဝဆုံး ဖြစ်နေသေးတယ်။ ဒါတောင်မှ သွားပြီး မထိကြဘူး”

“မေ့လိုက်တော့။ အဲဒါကို တွေးမနေနဲ့အုန်း။ အရင်ဦးဆုံး တောင်ပေါ်တက်ပြီး တစ်ချက်ကြည့်ရမယ်။ ငါတို့က အဲဒီဝံပုလွေတွေအားလုံးကို ဖယ်ရှားနိုင်သမျှ ထောင်ခြောက်တွေ မရှိတော့လည်း ကိစ္စမရှိဘူး”

အမိန့်တစ်ခု ရသည့်နှင့် အားလုံးက သူတို့၏ ပြောင်းစို့သေနတ်များကို ကိုင်ရင်း တောထဲသို့ တစ်လှမ်းချင်းစီ ဝင်ကြသည်။

“ဟူး”

လူတိုင်း၏ အနောက်ဘက်တွင် ရှိသည့် မြက်ခြောက်ထံမှ အသံသဲ့သဲ့တစ်သံက ထွက်လာသည်။ ထိုနောက် အားဝူး ဆိုသော အသံက ထွက်လာသည်။

ထိုနောက် ရှုပ်ထွေးသော မီးခိုးနက်ရောင် အမွှေးနှင့် ဝံပုလွေတစ်ကောင်က တဖြည်းဖြည်းချင်းစီ ထရပ်လာရင်း အရှေ့မှ လူတစ်ဖွဲ့ကို သုန်မှုန်စွာ ကြည့်သည်။ ထိုနောက် သစ်ပင်အနောက်ဘက်တွင် ဂရုတစိုက် ပုန်းလိုက်သည်။

ဒီလူတွေနဲ့ အကွာအဝေး ခြားတတ်ရမယ်။

ထိုဝံပုလွေသည် အလွန်အပြေးမြန်သည်။ သူဟာ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ရပ်နေရင်း အဝေးသို့ ကြည့်ကာ ကျယ်လောင်စွာ အူသည်။

“ဝူးးးးးး”

ထိုသို့ဖြင့် သစ်ပင်အနောက်ဘက် တွင်းများထံမှ မီးခိုးရောင်ဝံပုလွေပေါင်းများစွာက ထွက်လာသည်။ ဝံပုလွေဘုရင်ကို ကြည့်သည်။

“အား အား”

ထိုအချိန်တွင် ဝံပုလွေပေါက်လေး သုံးကောင်က လှဲလိပ့်နေရင်း တွားသွားလာသည်။ သူသည်လည်း ဘေးဘက်မှ မီးခိုးရောင် ဝံပုလွေများကို ကြည့်ပြီး လျင်မြန်စွာဖြင့် လိုက်အော်ကြည့်သည်။

“အား အား အား ပြန် ပြန် ပြန်”

“ပြန်လာခဲ့”

ပိန်ပါးသော ဝံပုလွေအမတစ်ကောင်က တဖြည်းဖြည်းချင်းစီ လျှောက်ထွက်လာသည်။ သူမက သူမ၏လက်သည်းလေးဖြင့် ထိုအကောင်လေးသုံးကောင်ကို ဘေးဘက်သို့ တွန်းလိုက်ပြီး မောင်းလိုက်သည်။ ထိုနောက် ပြန်ဆုတ်သွားသည်။

သူမက အနောက်သို့ တစ်ချက်ကြည့်လိုက်သည်။ ဝံပုလွေဘုရင်နှင့် အခြားသော ကျန်ရစ်သည့်အဖွဲ့သားများက ထွက်ခွာသွားကြပြီ ဖြစ်သည်။

သူမ၏ ကလေးသုံးယောက်ကို ပြန်ကြည့်သည်။ မိခင်က ခန္ဓာကိုယ်လေးကို ကွေးလိုက်သည်။

ဒီမှာ ဒီကလေးတွေတင် ရှိတာ မဟုတ်ဘူး။ သေသွားတဲ့ အဖွဲ့ဝင်တွေလည်း ရှိတယ်။

“အသက်ရှင်လျှက် ပြန်လာကြပါ”

385 05

သူ၏ မိတ်သည်လည်း ကျန်ရစ်သော ဝံပုလွေအထီးများထဲတွင် ပါဝင်သည်။ သို့သော် အချိန်တွေကြာအောင် ကလဲ့စားချေပြီးနောက်တွင် သူတို့၏တစ်ဖွဲ့လုံးနီးပါးက မျိုးတုန်းတော့မည်ဖြစ်သည်။

ဒီကလေးသုံးကောင်တောင် ရှင်သန်နိုင်ပါ့မလား မသိဘူး။

ခရက်စ့်

ထိုအချိန်တွင် အနောက်ဘက်မှ သစ်ကိုင်းခြောက်များကို နင်းသံက ထွက်ပေါ်လာသည်။ ဝံပုလွေအမက ချက်ချင်းဆိုသလို သတိအပြည့်ကပ်ကာ ထရပ်လိုက်သည်။

သူမ၏ အမြှီးကိုလည်း ထောင်ထား၏။ သူမ၏ ပုံစံက တည်ကြည်နေလေပြီး အသံလာရာဘက်သို့ တဖြည်းဖြည်းချင်းစီ ရွေ့လာသည်။

******

386 01

အခန်း 386

သူ၏အူနေသော ဝံပုလွေမကိုကြည့်ပြီး ဆုပိုင်က သူ၏လက်နှစ်ဖက်ကို ခပ်မြန်မြန် မြှောက်ပြ၍ သူတွင် မကောင်းတဲ့ ရည်ရွယ်ချက် မရှိကြောင်း ဖော်ပြလိုက်သည်။

သို့သော် သိပ်ဟုတ်ပုံ မရချေ။

အနောက်ဘက်မှ သေးငယ်သော ဝံပုလွေ အကောင်ပေါက်လေး သုံးကောင်က ထွက်လာပြီး သူတို့၏ မျက်လုံးသေးသေးလေးများဖြင့်် စိုက်ကြည့်သည်။ ထို့နောက် သူတို့မိခင်ကို တစ်ဖန်တုပပြီး သွားကို ဖြဲကာ မာန်ဖီသည်။

“စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်”

ထိုဝံပုလွေမက အမြှီးကို တဖြည်းဖြည်းချင်းစီ ထောင်တက်လာပြီး အမွှေးများကလည်း ပွလာတာ မြင်လိုက်ရသည်။ ဆုပိုင်သည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“ငါမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိတာ။ ငါက အဲဒီ လူတွေနဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူး”

“ကောင်းပြီ ကောင်းပြီ”

“အခု ထွက်သွား ငါ အခု သွားပြီ”

မိခင်ဝံပုလွေက တစ်ဖန်ပြန်လည်ပြီး နီးလာပြန်သည်။ ဆုပိုင်က ရွေးချယ်စရာ မရှိပဲ နောက်ဆုတ်ရပြန်၏။ ပြီးနောက် ဝံပုလွေ၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။

“ဆက်လျှောက်”

တဖြည်းဖြည်း ဝေးကွာသည့် နေရာသို့ လျှောက်ထွက်သွားသော သူကို နက်ရှိုင်းစွာ စိုက်ကြည့်ပြီးသည့်နှင့် မိခင ဝံပုလွေကြီးက သုန်မှုန်သော မျက်နှာနှင့်အတူ အူသည်။ ထိုနောက် ဝံပုလွေပေါက်လေးတစ်ကောင်ကို ကောက်ချီလိုက်ပြီး တောအုပ်ထဲသို့ တဖြည်းဖြည်းချင်းစီ ထွက်လာလိုက်သည်။

သူရဲ့လက်တွဲဖော်ကို ရှာရမယ်။

အသိုက်ကို ရှာတွေ့သွားပြီ သူတို့ အဲဒီမှာ ဆက်နေလို့ မရဘူး။ ပိုဆိုးတာက‌ သူတို့ ကလဲ့စားချေလို့ မရတော့ဘူး။ အဲဒီလိုမှ မဟုတ်ရင် သူတို့အားလုံး သေကုန်ရုံတင် မဟုတ်ပဲ ဒီကလေးသုံးကောင်ပါ သေလိမ့်မယ်။

“အာ ဝူးးးး”

ဝံပုလွေပေါက်လေး သုံးကောင်ကလည်း မိခင်ဝံပုလွေမကြီး အနောက်ဘက်မှ တဖြည်းဖြည်းလိုက်လာ၏။ ဘေးဘီကို သိချင်စိတ် ပြင်းပြစွာ ကြည့်သည်။

မိခင်ဝံပုလွေမကြီး ပျောက်ကွယ်သွားပြီးနောက် ဆုပိုင်က မြေပြင်မှ နေ၍ တဖြည်းဖြည်း ကုန်းထလိုက်ကာ အသက်ကို ခပ်ပြင်းပြင်းရှူသည်။ ကြည့်ရသည့်မှာ သူ့အတွက်ကြောင့်နှင့် ဝံပုလွေမကြီးက သံသယပြင်းနေလေပြီ။ ဒါပေမဲ့ ကျန်တဲ့ ဝံပုလွေအုပ်တွေက ဘယ်ရောက်သွားတာလဲ။

ဝံပုလွေမတစ်ကောင်တည်း သားပေါက်တွေနဲ့အတူ ကျန်တာကတော့ မဖြစ်သင့်ဘူး။

ဆုပိုင်က သံသယအပြည့်နှင့်အတူ သစ်ပင်အနောက်ဘက်မှ ထွက်လာလိုက်ပြီး သိပ်မဝေးသော နေရာရှိ ဝံပုလွေမကြီးနောက်သို့ လိုက်လာခဲ့လိုက်သည်။

အခြေအနေအရ စနစ်၏ တာဝန်က ထိုဝံပုလွေမနှင့် ပတ်သက်လောက်သည်။ သူကသာ ထိုဝံပုလွေမကို ကယ်ဆယ်ပြီး ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့သမျှ ပန်ဒါပေါက်များကို သားသတ်၍ ရလေပြီ။

“ဒီရန်လိုစိတ်ကတော့ တော်တော်လေး ပြင်းတယ်”

ဆုပိုင်က တစ်ခဏခန့် တွေးတောလိုက်သည်။ ထိုနောက် ဝံပုလွေပေါက်လေးနှစ်ကောင်က သူ၏မြင်ကွင်းမှ ပျောက်ကွယ်သွားသောကြောင့် ခပ်မြန်မြန် လိုက်ရသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများသည်လည်း ဖန်သားပြင်ပေါ်တွင် တဖြည်းဖြည်းချင်းစီ သွားနေသော မီးခိုရောင် ဝံပုလွေပေါက်လေး နှစ်ကောင်ကို ကြည့်ရင်း ရယ်နေကြသည်။

“မိခင်ဝံပုလွေက တော်တော်လေး ကြမ်းတမ်းပေမဲ့လည်း ဝံပုလွေပေါက်လေးတွေက ဒီလောက်အထိ ချစ်စရာကောင်းမယ်လို့ မထင်ထားဘူး”

386 02

“အဲဒီကောင်ရဲ့အမွှေးက အရောင်ပြောင်းလိုက်မယ်ဆိုရင် ဟက်စကီးနဲ့ တူမယ်လို့ ထင်လား”

“အာဟ ငါက ခွေးနော်။ ခွေး သူတို့က ဝံပုလွေ ဟုတ်ပြီလား၊”

“ဟား ဟား ဟား ဟား ငါ့ကို မပြောနဲ့အုန်း။ တွေးကြည့်ရုံနဲ့တင် တော်တော်လေး တူနေတာ။ ဒါပေမဲ့ ဒီဝံပုလွေမကလည်း ဒါရိုက်တာဆုပိုင်ကို တော်တော်လေး ရန်လိုနေတယ်လို့ ထင်တယ်။ ငါ အခုနက တော်တော်လေးကို ကြောက်သွားတာ။ သူ့ကို ခုန်အုပ်တော့မယ်လို့ ထင်လိုက်တာ”

“အဲဒီ မျိုးနွယ်စုတွေကြောင့် ဖြစ်မှာပေါ့။ ထောင်ခြောက်တွေ အများစုက သွေးတွေ စွန်းထင်းနေတာကို မှတ်မိကြတယ်။ အဲဒီ ဝံပုလွေအုပ်ကလည်း အဲဒီလူတွေကြောင့် အကြိမ်ပေါင်းများစွာ အသတ်ခံခဲ့ရတာလေ”

“အား အဲဒီဝံပုလွေတွေအတွက် တကယ်ကို စိတ်မကောင်းဘူး။ ဒီလူတွေက သူတို့ကို အသက်ရှင်ဖို့ အခွင့်အရေး ပေးလို့ မရဘူးလား။ ဒါပေမဲ့ ဒီလို မုန်းတီးမှုကို ဘယ်လိုများ ဖြေရှင်းကြမှာလဲ”

“ခေါင်းကိုက်လိုက်တာ။ အဲဒါဆို ဆုပိုင် ဘာလုပ်မလဲ ကြည့်ရအောင်”

…

ထိုဝံပုလွေမက ဒါရိုက်တာဆုပိုင်အပေါ်သို့ အတော်လေး ခက်ထန်နေခဲ့ကြောင်း လူတိုင်းက မြင်နိုင်သည်။ သို့သော် ဒါရိုက်တာဆုပိုင်က ရှင်းပြပြီးသည့်နှင့် အားလုံးသည်လည်း ထိုဝံပုလွေအုပ်နှင့် လူသားများကြားမှ ဆက်ဆံရေးက မည်မျှပင် ပြင်းထန်နေခဲ့ကြောင်း နားလည်သွားသည်။

သူတို့ဟာ ရန်သူများ ဖြစ်သွားသည့်ဟု ပြောလျှင်ပင် ချဲ့ကားရာ မရောက်ပေ။ ဝံပုလွေများက အလွန် ရန်ငြိုးကြီးကြသည်။ ဖြစ်နိုင်သည်မှာ သေသည်အထိ တိုက်ခိုက်ရုံကလွဲပြီး တခြားသော နည်းလမ်း မရှိတော့လောက်ပေ။

ဒိုင်း

ရုတ်တရက် ဆုပိုင်က သစ်ပင်အနောက်ဘက်တွင် ပုန်းကွယ်နေချိန်တွင်၌ပင် အဝေးမှ သေနတ်အသံကို ကြားရသည်။

“အဲဒီလူတွေလား”

သူဟာ တစ်ချက်အော်လိုက်သည်။ သူသည် ဘာကိုမှ ဂရုမစိုက်နိုင်တော့ပဲ သစ်ပင်အနောက်ဘက်မှ အပြေးထွက်လာ၏။

အဲဒီဝံပုလွေမကို တတ်စွမ်းသမျှ ကယ်ရမယ်။

ဒါဟာ ပန်ဒါ အကောင်ပေါက်လေးများ၏ ရှင်သန်မူတင် မကသေးလေဘဲ ထိုဝံပုလွေပေါက် သုံးကောင် အတွက်ပင် အရေးပါလေသည်။

အား ဝူး ဝူး ဝူး

ဆုပိုင်က အပြေးထွက်သွားချိန်တွင် အဝေးရှိ ဝံပုလွေမကြီးက ခေါင်းကို မော့လိုက်ပြီး အူသည်။ ထိုနောက် အကောင်ပေါက်လေး သုံးကောင်ကို သူရဲ့ ခြေထောက်အောက်ဘက်တွင် ဝှက်ထားလိုက်ပြီး တောထဲသို့ အပြေးသွားသည်။

ဒိုင်း

အဝေးမှ သေနတ်သံများက ဆက်တိုက်ထွက်နေသည်။

ဆုပိုင်က ခြေလှမ်းများကို မြန်လိုက်ပြီး အကောင်ပေါက်လေး သုံးကောင်ဆီ သွားသည်။

ဖူး ဖူး ဖူး ဖူး ဖူး

ထိုအကောင်ပေါက်လေး သုံးကောင်က သူတို့၏အရှေ့မှ ဆုပိုင်ကို သတိကပ်ပြီး ကြည့်သည်။ သစ်ရွက်ခြောက်များထဲမှ အနည်းငယ်ကြီးသော အကောင်လေးက ခုန်ထွက်လာပြီး သွားကိုဖြဲကာ မာန်ဖီသည်။ သူဟာ ကြောက်စရာကောင်းအောင် ဟန်ဆောင်ကြည့်နေသည်။

သူ၏လက်ဖဝါးနှစ်ဖက်စာ အရွယ်အစားခန့် ရှိသော ဝံပုလွေပေါက်လေးက မည်မျှပင် အူအူ ချစ်စရာကောင်းနေသည်။

“ကောင်းပြီ။ မအော်နဲ့တော့နော်။ ငါ မင်းကို အဲဒီကို ခေါ်သွားပေးမယ်”

386 03

သူဟာ လက်ကို ခပ်မြန်မြန်လှမ်း၍ ဝံပုလွေပေါက်လေး သုံးကောင်ကို သူ၏ကျောပိုးအိတ်ထဲသို့ ခပ်မြန်မြန် ထိုးလိုက်သည်။ ထိုနောက် ဆုပိုင်က မတ်တပ်ကို ထရပ်လိုက်ပြီး သေနတ်ပစ်သံ ထွက်လာရာဘက်သို့ သွားသည်။

ထိုအချိန်တွင် ဝံပုလွေခေါင်းဆောင်က မြေပြင်တွင် သွေးအလိမ့်လိမ့်နှင့် လှဲနေပြီး မျက်လုံးကို မှေးကျဉ်း၍ သူ၏ အရှေ့မှ လူသားများကို ကြည့်သည်။ ထိုနောက် စူးရှစွာ အော်ဟစ်သည်။

မြေပြင်ပေါ်တွင် လဲကျနေသော သူ၏အဖွဲ့မှ အလောင်းနှစ်လောင်း ရှိနေသည်။ သို့သော်

သူတို့သည်လည်း ကျူးကျော်သူတစ်ယောက်ကို တိုက်ခိုက်နိုင်ခဲ့သည်။

“အား ဝူး ဝူး”

အသံတစ်ချက်နှင့်အတူ ဝံပုလွေခေါင်းဆောင်က အရှေ့ဘက်သို့ အပြေးခုန်အုပ်ပြန်သည်။

ဒိုင်း

ဘာတာက သူ၏သွေးခြေထောက်ကို တစ်ချက်အုပ်ထားရင်း ခက်ထန်သော မျက်နှာမျိုးဖြင့် ပစ်ခတ်ရန် ကြိုးစားသည်။

“ငါတို့ ငါတို့”

အခြားသော အဖွဲ့ဝင်များက မြေပြင်ပေါ်မှ အလောင်းကောင်ကို ကြည့်ကာ သူတို့၏ ရိုင်ဖယ်သေနတ်များကို တုန်ယင်စွာ မြှောက်ကြသည်။

သူတို့သည်လည်း ထိုဝံပုလွေများက ထိပ်တိုက်ဆုံမိသည့်နှင့် ထိုမျှအထိ ကြမ်းတမ်းလိမ့်မည်ဟု မထင်ထားမိပေ။

ပထမဆုံးနှစ်ကောင်ကို ငါးစားအဖြစ် သုံးပြီး သူတို့ကို အနောက်ဘက်မှ ချောင်း၍ တိုက်ခိုက်ကြသည်။

သူတို့၏အဖွဲ့ဝင်များထဲမှ တစ်ယောက်ကိုတောင် သေအောင် ကိုက်သတ်ခဲ့ရုံသာမကသေးလေဘဲ နှစ်ယောက်ပါ ဒဏ်ရာ ရသွားသည်။

ဒိုင်း

သေနတ်ပစ်သံက ထွက်လာသည်။ ခုန်အုပ်ရန်အတွက် လေထဲသို့ ခုန်တက်လာသော ဝံပုလွေခေါင်းဆောင်၏ ကိုယ်မှ သွေးတိမ်မြူတို့က ပေါက်ထွက်သွားသည်။

ဒိုင်း

ဝံပုလွေ၏ တစ်ကိုယ်လုံးက မြေပြင်ပေါ်သို့ လေးလံစွာ ပြုတ်ကျသည်။ တခြားသော ဝံပုလွေများက ထိုအခြေအနေကို မြင်သောအခါ စတင်ကာ နောက်ဆုတ်သည်။ သူတို့က ဝံပုလွေဘုရင်ကို သူတို့၏ကိုယ်များဖြင့် ဝိုင်းကာ ကာလိုက်သည်။

“မြန်မြန်လုပ် ငါ့ကို ထူပေး”

ဝံပုလွေများက တပ်ခေါက်သွားကြောင်း မြင်သည့်နှင့် ဘာတာကလည်း စိတ်အေးစွာ သက်ပြင်းချလိုက်ပြီး အပေါင်းအဖော်များ၏ အကူအညီနှင့်အတူ မြေပြင်မှ ကုန်းထသည်။

ထိုနောက် သုန်မှုန်သော အကြည့်မျိုးဖြင့် ကျန်သော ဝံပုလွေများကို ကြည့်သည်။

“အားလုံးကို သတ်”

သူဟာ အံကြိတ်ပြီး အော်သည်။

“ငါ့ကို သေနတ်ပေး”

သူဟာ ထိုသို့ ပြောပြီးသည့်နှင့် ပြောင်းတိုသေနတ်ကို လှမ်းယူလိုက်ကာ အရှေ့မှ ဝံပုလွေတစ်‌ကောင်ကို ချိန်ပြီး မောင်းတံကို ဆွဲသည်။

ဒိုင်း

“အား ဝူး ဝူး”

ဝံပုလွေအထီးတစ်ကောင်က မြေပြင်ပေါ်သို့ လဲကျပြီး ဆွေးမြေ့စွာ အူသည်။

အခြားသော သူများကလည်း ကြောက်လန့်တကြား နောက်ဆုတ်ကြပြီး ထိုလူသားများကို ကြည့်သည်။ ထိုနောက် တစ်ဖက်သို့ လှည့်၍ တောအုပ်ထဲသို့ ဝင်ရောက်ကာ ထွက်ပြေးလေသည်။

386 04

“နောက်ကလိုက်”

သူ၏အပေါင်းအဖော်များက ထိုအတိုင်းရပ်နေကြောင်း မြင်သောအခါ ဘာတာသည်လည်း ကူကယ်ရာမဲ့စွာ အော်သည်။

“ငါတို့ လူတစ်ယောက် သေသွားပြီ။ ငါတို့ ပြန်သွားတဲ့အခါ ဘယ်လိုရှင်းပြကြမှာလဲ”

“ဟုတ်တယ်။ ဒီလောက်ကြီးတဲ့ ကိစ္စက ဖြစ်သွားတာ။ သူတို့ရဲ့ မိသားစုဝင်တွေကို ပြန်ပြီး အရင်းဆုံး ရှင်းပြသင့်တယ်လို့ ထင်တယ်”

“ငါတို့ ဘာလို့ အမြန်မပြန်ရမှာလဲ။ ဝံပုလွေက သုံးကောင်တည်း ကျန်တော့တာပါ။ ငါတို့ အနာဂတ်မှာ သေချာပေါက် အဆင်ပြေမှာပဲ။ ခေါင်းဆောင် ဝံပုလွေကလည်း သေသွားပြီလေ”

“မင်း”

ဘာတာက အော်ဆဲသည်။ သူဟာ ခုန်ဆွ ခုန်ဆွ ထလာ၏။

ထိုအခြေအနေကို မြင်သောအခါ တခြားသော သူများက အလောင်းကို မြေပြင်မှ ခပ်မြန်မြန် ကုန်းမလိုက်ကြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်သည်။ ထိုနောက် သက်ပြင်းကိုချရင်း လှည့်ပြေးရန် ပြန်ကြည့်သည်။ ဝံပုလွေအုပ်ကို ကိုင်တွယ်၍ ပြီးသော်လည်း သို့သော် သူတို့ထဲမှ လူတစ်ယောက်က သေသွားသည်။

သူတို့က ပြန်ရောက်သွားသည့်နှင့် ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်တော့ပေမည်။

…

++++++

387 01

အခန်း 387

သူတို့ ထွက်သွားပြီး သိပ်မကြာခင် ဝံပုလွေအမက အဝေးမှ နေ၍ အပြေးထွက်လာသည်။ မြေပြင်ပေါ်မှ အလောင်းများထဲမှ တစ်လောင်းကို ကြည့်ပြီး အပြေးအလွှားသွားက လိမ့်ပြီး အူသည်။

“အား ဝူး ဝူး”

ထိုဝံပုလွေမက စူးရှစွာ အော်ဟစ်ပြီး ထိုဝံပုလွေအထီး၏ အနားတွင် ပတ်ကာ အူနေသည်။

သူ၏လက်တွဲဖော်က သေသွားသည်။ ဝံပုလွေဘုရင်ကလည်း သေသွားသည်။

ကျန်သော အဖွဲ့ဝင်များက ပျောက်သွားသော်လည်း ယခုက စတင်လေပြီး သူတို့က အထီးကျန် ဝံပုလွေများ ဖြစ်သွားလေပြီ။

ဒီမြက်ခင်းလွင်ပြင်တွင် အထီးကျန်ဝံပုလွေ၏ဘဝက အလွန်အန္တာရာယ်များသည်။

ထို့အပြင် သူဟာ ကလေးသုံးကောင်ကိုလည်း ခေါ်လာရသေးသည်။

ဘယ်လိုများ ရှင်သန်ရမှာလဲ။

“မကောင်းတော့ဘူး”

ဝံပုလွေမ၏ ပုံစံကိုမြင်သည့်နှင့် ဆုပိုင်က စိတ်ထဲတွင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အခြေအနေအရ ထိုဝံပုလွေအထီးက သေသွားလေပြီ။

ဝံပုလွေသည် သစ္စာရှိသော မျိုးနွယ်ထဲတွင် ပါဝင်သည်။ လက်တွဲဖော်က သေသွားသည့်နှင့် ဝံပုလွေအုပ်ဆိုပြီး မရှိတော့ချေ။ ထိုဝံပုလွေမကလည်း လက်တွဲဖော်အသစ်ကို ရှာဖွေ့ရန် အခွင့်အရေး ပျောက်ဆုံးသွားကောင်း ပျောက်ဆုံးနိုင်သည်။ ထိုအတွက်ကြောင့် သူမအနေဖြင့် ကလေးသုံးကောင်နှင့် ရှင်သန်နိုင်မည် မဟုတ်ပေ။

“ဒါ”

“သောက်ငရဲလိုပဲ။ ငါဘယ်လိုလုပ်ရတော့မလဲ”

ဆုပိုင်က တစ်ချက်အော်ပြီး ကလေးသုံးကောင်ကို တဖြည်းဖြည်းချင်းစီ ထုတ်ကာ ထိုမိခင်ဖြစ်သူဆီ လာသည်။

“အား ဝူး”

“အား ဝူး”

“အား ဝူး”

ဝံပုလွေပေါက်လေး သုံးကောင်ကလည်း ခပ်တိုးတိုး အော်ပြီး မိခင်ဖြစ်သူဆီ ခပ်မြန်မြန် အပြေးသွားသည်။

ကလေးသုံးကောင်က ခပ်မြန်မြန် အပြေးလာနေကြောင်း မြင်သောအခါ ဝံပုလွေမကြီးကလည်း လျှာကို ထုတ်လိုက်ပြီး ကလေးများကို ယက်ပေးသည်။ ထိုနောက် ရုတ်တရက် ပါးစပ်ကို ဟပြီး ကိုက်ရန် ကြံစည်သည်။

“မလုပ်နဲ့”

ဆုပိုင်က အော်လိုက်ပြီး အပြေးသွားသည်။

ထိုဝံပုလွေမကမှု သူကိုယ့်သူ သတ်သေမည့် လက္ခဏာ မပြသေးပေ။ သို့သော် သူသည် ရှင်သန်ရန် အလိုငှာ ကလေးနှစ်ကောင်ကို ကိုက်သတ်ပြီး တစ်ကောင်တည်းကို မွေးမြူရန် ကြံပေလိမ့်မည်။

“သောက်ငရဲလိုပဲ”

“မင်းတို့ ပန်ဒါကြီးရဲ့ အပိုင်းကို ကြည့်ဖူးကြတယ် မှတ်လား။ သဘာဝက အရမ်းရက်စက်တာ။ ဒီဝံပုလွေမကလည်း ကလေးသုံးကောင်ကို တစ်ယောက်တည်း မမွေးနိုင်ဘူးလို့ ထင်လိမ့်မယ်။ ဒါကြောင့်”

“ဟေး ဒါက အရမ်းရက်စက်လွန်းတယ်လေ။ ဒါပေမဲ့ အဲဒီလူတွေက”

387 02

“သေစမ်း။ ဒါရိုက်တာဆုပိုင် သေချာပေါက် တားရမယ်နော်။ မဟုတ်ရင် တော်တော်လေး သနားဖို့ကောင်းပါတယ်။ ဒီဝံပုလွေပေါက်လေးနှစ်ကောင်က သေချာတောင် ကြီးသေးတာ မဟုတ်ဘူးလေ။ သူတို့ ဘာလို့များ ဒီအတိုင်း သေရမှာလဲ”

“ကျေးဇူးတင်ပါတယ် ဘုရားရေ။ ကျေးဇူးပြုပြီး ကယ်တင်ပေးပါ”

“ဒီဝံပုလွေမက ဒါရိုက်တာဆုပိုင်ကိုတောင် ကိုက်လိုက်တယ်။ ရူးသွားပြီလား”

“ဟေး ကြည့်အုန်း။ ဒါရိုက်တာဆုပိုင်က ဝံပုလွေမကို ထိန်းသိမ်းလိုက်နိုင်ပြီ”

…

ဆုပိုင်က ဝံပုလွေမကို သူ၏သွေးများ စိုရွှဲနေသော လက်ဖြင့် အသာပွတ်နေကြောင်း မြင်မှသာ အားလုံးက စိတ်အေးသွားကြသည်။

ဝံပုလွေမက နောက်ဆုံးတွင် ရူးသွပ်နေမှုက ရပ်တန့်သွားလေပြီ။ သို့သော် ဆုပိုင်၏ လက်မှ ကြောက်စရာကောင်းသော ဒဏ်ရာကိုကြည့်ပြီး အားလုံးက မျက်နှာမဲ့နေကြသည်။

ဒီထက်သာ ခပ်စူးစူးကိုက်ခဲ့မယ်ဆိုလျှင်

“ရတယ်။ ရတယ်”

“ငါ မင်းကို မလိမ်ဘူး”

“ဒါက အမှန်တွေပဲ”

ဆုပိုင်က လက်မှ သွေးကို သုတ်ပြီး ဝံပုလွေမကို ခပ်တိုးတိုး ပြောသည်။ သူဟာ မှတ်ဉာဏ်ဖျက်တောက်သည့် ဝန်ဆောင်မှုကို သုံးရန် ကြံစည်မိသေးသည်။ သို့သော် ကံကောင်းစွာဖြင့်ပင် ထိုဝံပုလွေမက စိတ်များ ထိန်းသိမ်း၍ ရသွားသည်။

“အား ဝူး”

ထိုအခိုက် တောင်အောက်ခြေမှ အော်ဟစ်သံကို ကြားရသည်။

ဒိုင်း

ထပ်ပြီး သေနတ်သံ ထွက်လာပြန်သည်။

ဆုပိုင်က မြေပြင်မှ တဖြည်းဖြည်းချင်းစီ ရပ်ပြီး မော့ကြည့်သည်။ ထိုနောက် မီးခိုးရောင် ဝံပုလွေ သုံးကောင်က မြင်းပေါ်မှ လူအဖွဲ့ကို ရူးသွပ်စွာ တိုက်ခိုက်နေကြောင်း မြင်ရသည်။ အခြားသော အဖွဲ့ဝင်များက သေနတ်များကို မြှောက်ထားကြ၏။

သို့ရာတွင် သိသာစွာပင် ထိုမြင်းများကလည်း ကြောက်လန့်နေကြသည်။ ထိုနောက် လူတစ်ယောက်ပြီး တစ်ယောက်ကို ခါချနေသည်။

“ဟူး သွားရအောင်”

ဆုပိုင်က သက်ပြင်းကို ချလိုက်သည်။ သိသာစွာပင် ထိုဝံပုလွေသုံးကောင်က လွတ်မြောက်ခဲ့သည်။ သို့သော် သူတို့ဟာ ပြန်လှည့် လာကြသည်။ ပြန်လှည့်ပြီး ကလဲ့စားချေကြ၏။

ထိုလူများဟာ မြင်းပေါ်တွင် မဟုတ်နေလျှင် အဆင်ပြေသေးသည်။ သို့သော် ယခုအခါ သူတို့ဟာ မြင်းများပေါ်မှ ခါချခံရပြီးနောက် သူတို့၏အမဲလိုက် ရိုင်ဖယ်ရှည်များကလည်း ပျောက်ကုန်သည်။ ထိုကြောင့် သိပ်မကြာခင် သေသည်အထိ ကိုက်သတ်ခံရနိုင်သည်။

တစ်ယောက်က ရှင်သန်နိုင်လျှင်ပင် ပေးဆပ်ရမည့် တန်ကြေးက …

ဆုပိုင်က ဝံပုလွေအကောင်ပေါက်လေး သုံးကောင်ကို ကောက်မလိုက်ပြီး ဝံပုလွေမ၏လည်ပင်းကို အသာဖက်ရင်း ခပ်တိုးတိုး ပြောသည်။

“ဒီလို ထပ်မဖြစ်စေရဘူး”

“ငါတို့ ဒီကလေးသုံးကောင်ကို မွေးမယ်”

ယခုလို ဖျောင်းဖျနိုင်ခဲ့သည့် အဓိက တရားခံက ကလေးသုံးကောင် ဖြစ်သည်။ ထိုသို့မှ မဟုတ်လျှင်…

ကြည့်ရတာ ဝံပုလွေမကလည်း လူသားများကို ရန်လိုနေသေးသည်။ ထိုကြောင့် သူ့ကို ပြန်ခေါ်သွားပြီးသည့်နှင့် ဆက်ဆံရေးကို တည်ထောင်ရအုန်းပေမည်။

ပြန်သွားနိုင်ခဲ့တာကတင် ကောင်းနေပါပြီ။

387 03

“တီ ဂုဏ်ယူပါတယ်။ ပိုင်ရှင်က မိုဂိုလီယန်ဝံပုလွေအပိုင်းအစတာဝန်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်သွားပါပြီ”

“တီ ပိုင်ရှင်အနေနဲ့ ဒီတာဝန်ကို သာမန်အတိုင်း ပြီးမြောက်အောင် လုပ်ဆောင်ခဲ့တာ မဟုတ်တဲ့အတွက် အံအားသင့်မှုအမှတ်တွေကို ရရှိမှာ မဟုတ်ပါဘူး။ ဒီတိရစ္ဆာန်အပိုင်းအစဖန်ရှင်ကလည်း သုံးရလို့ သုံးမိနိုင်မှာ မဟုတ်ပါဘူး”

“စနစ်က ပုံမှန်နယ်မြေကို ပြန်လည်ပို့ဆောင်ပေးနေပါပြီ။ တိုက်ရိုက်ထုတ်လွှင့်မှုကလည်း ဖျက်သိမ်းသွားပါပြီ”

ဆုပိုင်က သက်ပြင်းရှည်ကို ချသည်။ ဒီတာဝန်က လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည့်မှာ သူသည် ထိုလူသားများနှင့် မတွေ့ဆုံခဲ့၍ ဖြစ်သည်။ မည်သို့ပင်ဆိုစေ စနစ်က တိရစ္ဆာန်များဘက်မှ ရပ်တည်ပေလိမ့်မည်။ သို့သော်

ဒီလူသားတွေ

ယခုအခါ ထိုလူများသည် သူတို့နှင့် ထိုက်တန်သည့်အပြစ်ဒဏ်ကို ရရှိသွားကြလေပြီ။

…

“အား ငါ့ကို ထပ်ပြောပြနိုင်မလား”

“နို့ မရှိဘူး။ တကယ်ကို နို့ မရှိဘူး”

ဆုပိုင်က ရောက်ရုံသာ ရှိသေးသည်။ သူ၏အရှေ့မှ ရှုပ်ထွေးနေသော တိရစ္ဆာန်များကို ကြည့်ပြီး သူကိုယ်တိုင်ကလည်း ရှုပ်ထွေးသွားသည်။

ထိုနောက် တပိုင်သည် မျောက်ဘုရင်၏ ကိုယ်ပေါ်တွင် တက်စီးနေရင်း သူ၏ဝက်ဝံလက်သည်းဖြင့် မျောက်ဘုရင်၏ဖင်ကို ထပ်ခါတလဲလဲ ရိုက်နေကြောင်း မြင်ရသည်။

“ဝေါင်း”

“မင်းမှာ မိန်းမတွေ ဒီလောက်များတာ။ ငါတော့ ရှိမယ်လို့ ထင်တယ်”

“မင်း အဲဒီနေ့က သောက်နေတာတောင် ငါမြင်လိုက်သေးတယ်”

“ဟမ် ငါ့ကို မရှိဘူးလို့ ဘယ်လိုတောင် ပြောရဲတာလဲ”

“ငါ မင်းတို့ကို သတ်မှာ”

“မင်း အရူးလား”

မျောက်ဘုရင်၏ ဖင်က ဆက်တိုက် အရိုက်ခံထားရသဖြင့် နာကျင်လာသည်။ သူက ရင်ကျိုးမရဖြစ်သလို အော်သည်။

သူရဲ့အသက်က ဘယ်နှစ် နှစ်မို့လို့လဲ။

နောက်ပြီး ပန်ဒါက အဖေ ဖြစ်လာတယ်။ ဒါတောင်မှ သူ့မှာ ပုံမှန် အသိစိတ် မရှိဘူးလား။

နောက်ပြီး အဲဒီနေ့က ကိုယ့်ဟာကိုယ် အဲဒီငှက်တောဆိုတဲ့အကောင်က ပေါက်ကရတွေ လျှောက်သင်ထားတာ မဟုတ်လား။

“ကောင်းပြီ။ ကောင်းပြီ။ မြန်မြန်ဆင်းလာခဲ့”

ဆုပိုင်က တပိုင်ကို နားရွက်မှ ဆွဲပြီး ခေါ်ကာ ခပ်တိုးတိုး ပြောသည်။

“ငါ့မှာ တစ်ကောင်ရှိ … မဟုတ်ဘူး။ ငါပြောတာက ရမယ်။ လျှောက်မရှုပ်နဲ့တော့”

“နောက်ပြီး အနာဂတ်မှာ ဒီကလေးသုံးကောင်ကို ဘယ်သူမှ အနိုင်ကျင့်ခွင့် မပြုဘူးနော်။ နောက်ပြီး ဒီဝံပုလွေမနှင့်လည်း ဝေးဝေးနေကြ။ ဒီဝံပုလွေမလေးက ပန်ဒါကလေးတွေကို နို့တိုက်ပေးလိမ့်မယ်”

ဆုပိုင်က ထိုသို့ ပြောပြီးသည်နှင့် ဝံပုလွေမကို ဦးဆောင်ကာ သားဖွားခန်းဆီသို့ လာသည်။

“ဝေါင်း”

“ဝံပုလွေမလား”

တပိုင်က သူ့နဖူးသူ ရိုက်ပြီး မျက်လုံးကို လန်ကာ ကြည့်သည်။ ထိုနောက် ကိုယ်ကို တစ်ချက်လိမ့်ရင်း ဝံပုလွေမ၏ ဘေးဘက်သို့ သွားကာ ဂရုတစိုက် ကြည့်သည်။

387 04

အဝေးရှိ မြက်ခင်းပြင်ပေါ်မှ အာဟက ဝံပုလွေမ၏ ပုံစံကိုကြည့်ပြီး မျက်ဝန်းက တောက်ပလာသည်။

“ဝုတ်”

“အရမ်း လှတာပဲ”

“ဖက်စ့် … ဒါရိုက်တာဆုပိုင် နောက်ဆုံးတော့ သူ့ကို စဉ်းစားပေးလိုက်ပြီလား”

“ဘုရားရေ ငှက်တောက ငါရဲ့ခေါင်းပေါ်ကို လာလာတက်တက် နင်းနေတာ။ ငါ ဒီဝံပုလွေမလေးကို လိုက်ရမယ်”

သူဟာ ထိုသို့ ပြောပြီးသည့်နှင့် နဖူးကို တစ်ချက်ခါလိုက်ပြီး ငှက်တောကို ခါထုတ်ပစ်လိုက်သည်။

ထိုနောက် သူ၏ပါးစပ်ထောင့်ကို တစ်ချက်ယက်ကာ ခြေဖျားလေး ထောက်ပြီး ခုန်လာသည်။

“ဘုရားရေ”

ငှက်တောက ဘေးဘက်သို့ လှိမ့်ပြီး ဖင်းမြေခွေးပေါ်သို့ ဆင်းသက်လိုက်သည်။ ထိုနောက် ဟက်စကီး၏ ပုံစံကို ကြည့်ပြီး တအံတဩ ရယ်သည်။

သူသည်လည်း ဖင်းမြေခွေးကို ခပ်တိုးတိုး ပြောလိုက်သေးသည်။

“မင်းအဖေက အရူးဖြစ်လောက်တယ်”

“ဘာလို့လဲ။ ဘာလို့လဲ”

ဖင်းမြေခွေးလေးက စိတ်ရှုပ်နေသည်။

“သိသာနေတာပဲ မဟုတ်လား။ ဟိုက ဝံပုလွေလေ။ နောက်ပြီး သူ့မှာ ကလေးသုံးကောင်တောင် လိုက်နေသေးတယ်”

ငှက်တောက သူ့နဖူးသူ အုပ်ပြီး စွံ့အစွာ ပြောသည်။

“ဒါက ဒဏ္ဏာရီလာ အဖေ ဖြစ်ချင်စိတ်များလား”

******

All Chapters