← Chapters

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း 388

“ဝုတ်”

“ဝုတ်”

“ဝုတ်”

ကောင်းကင်ပြာတိရစ္ဆာန်ရုံ၏ ထောင့်တစ်နေရာတွင် ဟက်စကီးဟာ မြေပြင်‌ပေါ်တွင် လဲနေလေပြီး ဆိုးဆိုးရွားရွား အော်နေလေသည်။ ထိုအသံက နားထောင်ကြည့်ရုံနှင့်တင် ရင်နာစေသည်။

“ငါ့ကို ဘာလို့လဲ ပြောပြပါ”

“ငါက ဘာဖြစ်နေလို့လဲ။ ဘာလို့ ငါ့ကို အာရုံလေးတောင် မစိုက်ချင်တာလဲ”

“ဝူး ဝူး ဝူး မင်းက ငါ့ကို ကိုက်တယ်”

ဘေးဘက်တွင် ရပ်နေသည့် ငှက်တောက ရှေ့ဘက်တွင် ရှိနေသော ဟက်စကီးကို ကြည့်ပြီး မျက်မှောင်ကို ကြုတ်နေသည်။

အဖေဖြစ်ဖို့ အခွင့်အရေးတောင် မရှိတာလား။

တော်တော်လေး ခက်ခဲတာပဲ။

မမျှော်လင့်ထားစွာပင် ဟက်စကီးက အပြေးအလွှား သွားပြီး နှုတ်ဆက်ရန် ကြံရုံသာ ရှိသေးသည်။ ထိုဝံပုလွေမက စကားတစ်ခွန်းမဆိုဘဲ သူ၏ အမြှီးကို ပြန်ကိုက်လိုက်သည်။ ထိုအခါ ဟက်စကီးကလည်း ပြင်းထန်လွန်းသော နာကျင်မှုကြောင့်် အော်ငိုလေသည်။

ဒါရိုက်တာဆုပိုင်က မြင်သည့်တိုင်အောင် မတုန်ပြန်ပေ။

“မင်း ချဉ်းကပ်တဲ့ ပုံစံက မမှန်လို့ ဖြစ်မယ်”

ငှက်တောက တစ်ခဏခန့် စဉ်းစားပြီး ဝင်ပြောသည်။

“ဒီအတိုင်း မင်းတို့က အခုမှ စတွေ့တာလေ။ အကျိုးအကြောင်း အတိအကျပြောရရင် တိုက်ရိုက်တော့ မကိုက်သင့်ဘူးဆိုပေမယ်လေ”

“ငါ မင်းကို ဘာမှ ပြောတာ မဟုတ်ဘူး။ ဒီအတိုင်း ညီအစ်ကို ငါ ပြောတာ နားထောင်။ မင်း နည်းနည်းပါးပါး ထိန်းထိန်းသိမ်းသိမ်းနဲ့ တိတ်တိတ်ဆိတ်ဆိတ် နေသင့်တာ”

“ဘာလို့လဲ”

ထိုစကားကို ကြားသောအခါ အာဟက မြေပြင်မှ ချက်ချင်း ခုန်ထပြီး သူ၏ အမြှီးအား ငှက်တောကို ပြသည်။ ထိုနောက် အော်သည်။

“ငါရဲ့ အမြှီးကို ကြည့်ပါအုန်း။ အမွှေးတွေတောင် ကျွတ်ထွက်သွားပြီ။ ဘယ်သူက ဒါကို သည်းခံနိုင်မှာလဲ”

“ဟုတ်တော့ ဟုတ်တယ်”

ငှက်တောကလည်း ထိုခွေးအမြှီးကို ကြည့်သည်။ အမွှေးလက်တစ်ဆုပ်စာ ပျောက်နေသည်။ သူဟာ တစ်စုံတစ်ရာကို မှတ်မိသွားပုံပေါ်ပြီး ခေါင်းညိတ်ကာ သဘောတူသည်။

“အမွှေးနုတ်တာကတော့ တအား နာတာပေါ့”

“အား ဒါဆို မင်း ဘာလို့ ရှောင်ရုပ်ရဲ့ လမ်းပြခွေးကို မမေးကြည့်တာလဲ”

“ငါကတော့ သူက တော်တော်လေး အားနည်းတယ်လို့ ထင်တယ်။ အနည်းဆုံးတော့ မကိုက်လောက်ဘူး”

“မဟုတ်ဘူး”

အာဟက မျက်လုံးကို မှေးကျဉ်းလာပြီး ခေါင်းခါသည်။

“မင်း ငါ့ကို အကြံကောင်းတွေများ ပေးလို့ရမလား ဟမ်။ မင်းကိုယ်မင်း အချစ်ဂုရုကြီးလို့ ခေါ်တာ မဟုတ်ဘူးလား။ ဒီလောက်လေးတောင် အကြံမပေးနိုင်ဘူးလား”

ပြောနေရင်းမှ သူဟာ ငှက်တောကို စိုက်ကြည့်သည်။

388 02

“အွန်း တကယ်တော့ နည်းလမ်းတစ်ခုတော့ ရှိတယ်”

ငှက်တောက အနောက်သို့ ခြေတစ်လှမ်းခန့် ဆုတ်ပြီး ယုံကြည်မှုအပြည့်နှင့် ဖြစ်သွားသည်။

“ဘယ်နေရာက မှားသွားလဲ မင်းသိလား”

“ငါသိရင် မင်းကို မေးနေမှာလား”

အာဟက မျက်လုံးပြူးကာ ကြည့်သည်။

“တွေးကြည့်စမ်းပါ။ မင်းက ဘာလဲ။ သူက ဘာလဲ။ မင်းက ခွေးလေ။ သူက ဝံပုလွေ”

“အဆင့်ကို မတူတာ”

ငှက်တောက တစ်ခဏခန့် စဉ်းစားပြီးနောက် ရိုးသားစွာ ပြောရန် ဆုံးဖြတ်လိုက်သည်။

“ဝံပုလွေတွေက အရမ်းကြမ်းတမ်းတဲ့ သတ္တဝါမျိုး။ အား မင်း တီဗီပေါ်က ဝံပုလွေဘုရင်တွေရဲ့ပုံစံကို မမြင်ဖူးဘူးလား။ သူတို့က အမြဲတမ်း အေးစက်ပြီး ခက်ထန်ကြမ်းကြုတ်တာ။ ဒီလို သတ္တဝါမျိုးက လာပြုံးပြတဲ့ လူတွေကို လျစ်လျူရှုမယ် သူမျိုးပဲ”

“ငါ ယခုတလော တီဗီရှိုးတွေကြည့်နေတာ အဲဒီရှိုးတွေထဲက ဝံပုလွေဘုရင်တွေက အဲဒီလိုတွေချည်းပဲ”

“ဒါကြောင့်”

ထိုသို့ ပြောနေရင်းမှ ငှက်တောက တောင်ပံကို ဖြန့်လိုက်ပြီး အာဟ၏နဖူးပေါ်သို့ တိုက်ရိုက်ပျံသွားသည်။ ထိုနောက် အောက်ကို ငုံရင်း အသံကို အတိုးဆုံးအထိ တိုးလိုက်ကာ ပြောသည်။

“ဝံပုလွေတွေက တော်တော်လေး လန်းတဲ့ ပုံစံမျိုးကို ကြိုက်မယ်လို့ ငါထင်တယ်။ မင်းက သူ့ကို မင်းရဲ့ ရူးကြောင်ကြောင်ပုံစံနဲ့ ချဉ်းကပ်သွားတော့ သူက မင်းကို သေချာပေါက် မုန်းသွားမှာပဲ။ ဒါကြောင့် ကိုက်လိုက်တာ”

“ဘာပဲဖြစ်ဖြစ် သူက ဝံပုလွေလေ။ လုံးဝကို ကြမ်းကြုတ်ပြီး ကြမ်းတမ်းတဲ့ သတ္တဝါ ဝံပုလွေ”

“မင်းသာ မင်းရဲ့ဗျူဟာကို မပြောင်းရင် ငါ့အထင် မျှော်လင့်ချက် မရှိလောက်တော့ဘူး”

ငှက်တောရဲ့ အပြောကို နားထောင်ရင်း အာဟကလည်း တလေးတစား ခေါင်းညိတ်သည်။

လန်းတဲ့ ပုံစံလား။ မပြုံးမရယ်ဘဲ နေရတာကို ပြောတာလား။

ပြဿနာက သူ့ကိုယ်သူ မထိန်းနိုင်ဘူး။

သို့ရာတွင် သူဟာ ထိုဝံပုလွေမကို တွေးမိရုံဖြင့် သူမ၏ ဆွဲဆောင်မှု ပြင်းသော ကိုယ်ထည်အချိုးအစားနှင့် တောက်ပြောင်သော အမွှေးများကို သတိရသွားပြီး ရုတ်တရက် အံကို ကြိတ်သည်။

“ကောင်းပြီ။ ငါ နားလည်ပြီ။ ဒီအတိုင်း လန်းရုံပဲ မဟုတ်လား။ ကိစ္စ မရှိပါဘူး။ ငါ အာရုံစိုက်လိုက်ရင် ရတယ်”

ငှက်တောက လျှာကို ထုတ်ရင်း မြက်ခင်းပေါ်မှ သတ္တဝါတစ်အုပ်ကို ကြည့်ကာ ခပ်တိုးတိုး ပြောသည်။

“ငါသိထားတဲ့အတိုင်းဆိုရင် ဝံပုလွေဘုရင်တွေက တော်တော်လေးကို မာန်နကြီးတဲ့ မျိုးနွယ်တွေ ဝံပုလွေအုပ်ထဲမှာလည်း ပြောရေးဆိုခွင့် အရှိဆုံးပဲ”

“မင်းသာ ဝံပုလွေမရဲ့အာရုံကို ဆွဲဆောင်ချင်ရင် အရင်ဦးဆုံး မင်းရဲ့ အရှေ့က တိစ္ဆာန်တွေကို မင်းရဲ့အမိန့်ကို နာခံအောင် လုပ်ရမှာ။ တွေးကြည့်စမ်းပါ”

“မင်းက တစ်ချက်အော်လိုက်ရုံနဲ့တင် တပိုင်က မင်းရဲ့အရှေ့မှာ ဒူးထောက်မယ်။ ဝံပုလွေမက ဒါကို မြင်သွားတဲ့အချိန်မှာ အရမ်းကို ဂုဏ်မယူသွားလောက်ဘူးလား”

“မင်းသာ ဒီထက်ပိုပြီး အင်အားကြီးမားလို့ လက်သည်းတွေ အောက်မှာ နဂါးဘုရင်မကို ဖိထားမယ်ဆိုရင် အား နဂါးဘုရင်မကတော့ ဒီအတိုင်း နဂါးဘုရင်မက အွန်း ငါ မပြောခဲ့ဘူးလို့သာ ထားလိုက်ပါ။ ဒါကတော့ မဖြစ်နိုင်ဘူး”

388 03

“အွန်း ဘာပဲဖြစ်ဖြစ်ပေါ့။ မင်းအနေနဲ့ မင်းရဲ့ ကြမ်းကြုတ်မှု၊ ထည်ဝါမှုနဲ့ အဆင်အတန်းမြှင့်မှုတွေကို ထုတ်ပြနိုင်မယ်ဆိုရင် ဝံပုလွေမရဲ့ အာရုံကို ဆွဲဆောင်နိုင်မှာပဲ”

“အဲဒီအချိန်ကျရင် ဘယ်လိုလုပ်မလဲ ကြည့်ရအောင်”

“ဝိုး အာဟက အရမ်း အင်အားကြီးတာပဲ။ ဝိုး တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်တွေအများကြီးက အာဟရဲ့စကားကို နားထောင်ကြတာပဲလို့ ပြောမှာပေါ့”

“ငါသာ ဝံပုလွေမဆိုရင် သေချာပေါက် ဒီလိုလူမျိုးကိုပဲ လာရှာမှာ”

“ဟစ်”

ထိုစကားကို ကြားပြီးနောက် အာဟက လေအေးများကို ရှိုက်သွင်းသည်။ သူသည် ထိုမြင်ကွင်းကို တွေးကြည့်ရုံဖြင့် သူ့ခန္ဓာကိုယ်က စတင်ကာ စိတ်လှုပ်ရှားပြီး တုန်ယင်လာသည်။

ဒီခံားချက်က တော်တော်ကောင်းတာပဲ။

ရတယ်။

“ဒီအတိုင်း လန်းရုံပဲ မဟုတ်လား။ ဒါပေမယ် ပြဿနာက ဘာလို့ ဒီကောင်တွေကို သူ့စကားနားထောင်အောင် သူဘယ်လိုလုပ်ရမှာလဲ”

အာဟကလည်း တပိုင်နှင့် အဖွဲ့၏ နေ့စဉ်ပုံစံကို ပြန်တွေးမိပြီး ကူကယ်ရာမယ်လာသည်။

“ဒါက ငါလည်း မကူညီနိုင်ဘူးရယ်။ အား ငါ တိရစ္ဆာန်ရုံထဲမှာ ငါနိုင်တာက မင်းရယ် လန်မင်ကြွက်ရယ် ဖင်းမြေခွေးရယ်ပဲ ရှိတာ”

“တခြားကောင်တွေက ငါပြောတာကို နားထောင်မှာတဲ့လား”

“ဒါက ပြဿနာပဲ”

ငှက်တောကလည်း သူ၏နဖူးကို တောင်ပံဖြင့် ရိုက်သည်။

“ဒီလိုဆိုရင် ဘယ်လိုလဲ။ မင်း ငယ်တဲ့တစ်ကောင်နဲ့ အရင်စကြည့်ပေါ့။ အား မင်းမှာ မွေးစားသား ရှိတယ် မဟုတ်လား။ မင်းရဲ့ မွေးစားသားနဲ့ ဘာလို့ အရင် မစတာလဲ”

“အရင်ဦးဆုံး မင်းရဲ့ သွေးဆာရက်စက်ပြီး ကြမ်းတမ်းတဲ့ ပုံစံကိုပြ”

“ကျန်တဲ့ ကိစ္စတွေကတော့”

“ငါ့ကို လွဲထားလိုက်… ငါတို့နှစ်ယောက်စလုံး အမွှေးနုတ်ခံရဖူးတဲ့အခြေအနေကို ထည့်တွက်ခြင်းအားဖြင့် ငါ မင်းကို ကူညီပေးလိုက်မယ်”

“ငါ တပိုင်ရဲ့ကိစ္စကို သွားပြီး ကူညီလိုက်အုန်းမယ်။ မင်းကတော့ မင်းအလုပ် မင်းလုပ်”

ဝုတ်

ထိုစကားကို ကြားသောအခါ အာဟက စိတ်လှုပ်ရှားစွာ ခုန်ထသည်။

“ညီအစ်ကိုကောင်း”

“ငါ အခုချက်ချင်း စန်းဟဆီ သွားလိုက်မယ်။ ငါ ဒီညပဲ လှုပ်ရှားမယ်”

“ငါ ကျန်တာတွေကိုတော့ မင်းနဲ့ပဲ လွဲထားလိုက်တော့မယ်။ မင်းသာ အောင်မြင်ရင် အနာဂတ်တိရစ္ဆာန်ရုံထဲမှာ … ဝံပုလွေမကြီး ရှိနေသမျှ ငါတို့အနိုင်ကျင့်ခံမှာ မဟုတ်ဘူး။ ဟုတ်တယ်မှတ်လား”

သူဟာ တစ်ချက်အော်ပြီး အဝေးရှိ မြက်ခင်းပေါ်သို့ ပြေးသွားသည်။

“သေစမ်း။ ငါ ဘာလို့ စကားပြောတာ အရမ်းမြန်သွားတာလဲ”

ထွက်ပြေးသွားသော ဟက်စကီး၏ ကျောပြင်ကို ကြည့်ရင်း ငှက်တောက ဘေးနားရှိ သစ်ပင်တွင် နှစ်ကြိမ် ခေါင်းတိုက်လိုက်သည်။

သွားပြီထင်တယ်။

သူ၏ အလျင်စလို ပြောလိုက်မိသော စကားလုံးများကြောင့် သူသည်လည်း အလွန်ပင် ဒုက္ခများသော အခြေအနေသို့ ရောက်သွားသည်။

သူ ဒါကို ဘယ်လိုများ ကိုင်တွယ်ရမှာလဲ။

….

++++++

389 01

အခန်း 389

ထိုညတွင်

တောက်ပသော လရောင်က အောက်ဘက်သို့ ဆင်းကျနေသည်။ ဆုပိုင်က တိရစ္ဆာန်ရုံထဲမှ တိရစ္ဆာန်များ၏ အခြေအနေကို တစ်ချက် စစ်ကြည့်ပြီးနောက် လောင်ကျိုး၏ အဆောင်ဘက်သို့ လျှောက်သွားသည်။

“မနက်ဖြန်က အလုပ်ရဲ့ နောက်ဆုံးနေ့”

“နှစ်ကူးအတွက် ပြင်ဆင်ဖို့ လိုအပ်နေပြီ။ ဘာပဲဖြစ်ဖြစ် ဒါက နှစ်ကူးရဲ့ ပထမဦးဆုံးနေ့ပဲလေ။ ဒီတော့ လူတွေအများကြီး လာကြလိမ့်မယ်။ တော်တော်လေးလည်း လူများမှာ။ ဒါပေမယ် နှစ်ကူးတဲ့ညမှာတော့ ဒီကောင်တွေနဲ့အတူ မြက်ခင်းပေါ်မှာ နှစ်သစ်ကူးပွဲကို ကျင်းပရမယ်”

“မနက်ဖြန်ခါကျရင် ဝက်တွေကို အစာမကျွေးထားနဲ့။ ကျိုးကြံကိုလည်း ပြန်ခေါ်လိုက်။ ငါတို့တွေ လပေါင်းများစွာ အလုပ်များနေခဲ့တာ။ ဒီတစ်ကြိမ်မှာတော့ ကောင်းကောင်း ဆုံစည်းရမယ်”

လောင်ကျိုးက သဘောတူသည်။

“ဒါပေမဲ့ ပစ္စည်းတွေ များများဝယ်ထားနော်။ နှစ်သစ်ကူးနေ့အတွက် ကောင်းတာလေးတွေ များများဝယ်ထား”

ဆုပိုင်က အိပ်ပျော်နေကြပြီဖြစ်သည့် တိရစ္ဆာန်များကို ကြည့်ပြီး ပြုံးသည်။

သူသည်လည်း တိရစ္ဆာန်အပိုင်းအစတာဝန်များကို လုပ်ဆောင်နေသောကြောင့် ကောင်းကင်ပြာတိရစ္ဆာန်ရုံအတွင်းမှ ထိုအကောင်လေးများနှင့် အချိန်မပေးဖြစ်သော်လည်း မသိလိုက် မသိဖာသာပင် တိရစ္ဆာန်ရုံက ထိုမျှအတိုင်းအတာအထိ ကြီးမားပြီ ဖြစ်သည်။

အမျိုးအစားများကလည်း ပိုများလာသည်။ ငါးပြတိုက်ကိုပင် တည်ဆောက်ပြီးလေပြီ။

“အား နှစ်သစ်ကူးပြီးရင်တော့ နောက်နှစ်မှာ တိရစ္ဆာန်တွေ ပိုများလာလိမ့်မယ်”

ဆုပိုင်က သက်ပြင်းချရင်း လောင်ကျိုးကို လက်ရမ်းပြကာ နှုတ်ဆက်၍ ရုံးခန်းဘက်သို့ လျှောက်သွားလိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင် တိရစ္ဆာန်အပိုင်းအစတာဝန်က သုံးရက် ဆိုင်းငံ့ခံထားရသည်။ ပြန်ရမယ်နေ့ကလည်း နှစ်ကူးပြီး နောက်နေ့မှ ဖြစ်သည်။

ဆုပိုင်ကလည်း ဒီနှစ် ပြီးဆုံးသွားမှသာ အပိုင်းအစတာဝန်များကို ပြန်လည်ပြီး စတင်ရန် ဆုံးဖြတ်ထားသည်။ ကောင်းကင်ပြာတိရစ္ဆာန်ရုံကလည်း နှစ်သစ်ကူးအတောအတွင်းတွင် တော်တော်လေး လူများလောက်လေသည်။

ငါးပြတိုက်အတွက်ကမှု အခြေခံအားဖြင့် စိုးရိမ်စရာ မလိုသေးချေ။

မည်သို့ပင်ဆိုစေ ထိုနေရာမှ လူများက ရေအောက်တူးမြောင်းအတွင်းသို့ သွားရမည်ဖြစ်ပြီး အပြင်ဘက်မှ လင်းပိုင်များ၊ ဝေလငါးများကို တိုက်ရိုက်ထိတွေ့နိုင်ခြင်း မရှိနိုင်ပေ။

သို့သော် တိရစ္ဆာန်ရုံကမှု မတူပေ။ အထူးသဖြင့် ကလေးများ ဖြစ်သည်။ ထိုကလေးများကလည်း အကြီးမားဆုံး လာရောက်လည်ပတ်သည့် အဖွဲ့များဖြစ်သည်။

ထိုကြောင့် သူတို့အားလုံးကို လက်ခံကြိုဆိုရန် အလိုငှာ လောင်ကျိုးနှင့် ကျိူးဝမ်ကိုသာ မှီခိုနေ၍ မရပေ။

“ဒီနေ့ စောစော အိပ်လိုက်တော့။ မနက်ဖြန်မှ ဝက်စာကျွေး”

ဆုပိုင်က တစ်ခဏခန့် တွေးတောပြီးနောက် အိပ်ယာပေါ်သို့ တက်လဲလိုက်သည်။ ထိုနောက် အိပ်ပျော်သွားသည်။ ထိုအခိုက်အတန့်တွင်ပင်

ကောင်းကင်ပြာတိရစ္ဆာန်ရုံအတွင်း

ဝုတ်

ရုတ်တရက် ဝံပုလွေအူသံလိုလို အသံမျိုးက မြက်ခင်းပေါ်မှ ထွက်လာသည်။ ဟက်စကီးက သူ၏ခေါင်းကိုမော့ရင်း ရင်ကို ကော့ကာ တဖြည်းဖြည်းချင်းစီ လျှောက်နေသည်မှာ ပိုင်နက်နယ်မြေကို ကင်းလှည့်နေသလိုမျိုး ဖြစ်သည်။

ထိုနောက် သူက ဝံပုလွေမနေသော နေရာဘက်သို့ တလှမ်းချင်းစီ လျှောက်သွားသည်။

389 02

အနောက်ဘက်မှ ဖင်းမြေခွေးလေးက ခေါင်းလေးကို စောင်းပြီး သိချင်စိတ်ပြင်းပြစွာ ကြည့်ရင်း လိုက်လာသည်။

ဒါပေမယ် အဖေက သူ့ကို တစ်ခါမှ ညသန်းခေါင်ကြီး လာမရှာဖူးပါဘူး။ အခု ဘာလုပ်မလို့လဲ။

“ဟာ ဟအဖေ”

“ညသန်းခေါင်ကြီး ဘာလုပ်မလို့လဲ”

သူတို့က ထရိုင်နိုဆောရပ်စ့်၏ ပိုင်နက်နယ်မြေနားသို့ ရောက်လုနီးပါး ဖြစ်နေသဖြင့် စန်းဟက ရုတ်တရက် မနေနိုင်ပဲ မေးလိုက်သည်။

“မမေးနဲ့။ အဖေပြောတာကို နားထောင်”

“နားလည်လား”

အာဟက အေးစက်သောလေသံနှင့် တုန်ပြန့်ပြီး မျက်လုံးကို မှေးကျဉ်းလိုက်ကာ ဖင်းမြေခွေးကို ခက်ထန်စွာ ကြည့်လိုက်သည်။

“မင်း မသေချင်ရင် ပါးစပ်ပိတ်”

ဟစ်

ဖင်းမြေခွေးက လရောင်အောက်တွင် အာဟနောက်လိုက်နေရင်း အရှေ့မှ ထိုအာဟ၏ မှုံမှောင်ကာ အုပ်ဆိုင်းနေသော ပုံစံကို ကြည့်ကာ ရုတ်တရက် တုန်ယင်သွားသည်။

ဒါက ကိစ္စထူး တစ်ခုခုများ လုပ်တော့မလို့လား။

သူတို့သာ အရှေ့ကို ဆက်ဝင်သွားရင် နဂါးဘုရင်မပိုင်နက်ထဲကို ရောက်တော့မှာနော်။ နဂါးအမေကလည်း အိပ်ပျော်နေလောက်ပြီ။ တကယ်လို့ နိုးသွားခဲ့ရင်တော့ အား သွားပြီ။ ကိုယ့်ကိုယ်ကိုယ် သတ်သေအုန်းမလို့လား။

ဝုတ်

အာဟက သစ်ပင်အောက်တွင် ကွေးနေသော ပုံရိပ်ကို လှမ်းကြည့်ပြီး ခပ်တိုးတိုး အော်သည်။ ထိုနောက် သူ၏ခေါင်းကို ခါရင်း ရည်ရွယ်ချက်ရှိရှိဖြင့် အသံကို ခပ်ကျယ်ကျယ်လုပ်ကာ တလှမ်းချင်းစီ လျှောက်သွားသည်။

ဝူး

ဝံပုလွေအမေက ဆူညံသံကို ကြားသောအခါ မျက်လုံးကို သတိဖြင့်ကပ်ကာ ဖွင့််လိုက်သည်။

ရောက်လာသောအကောင်က ထိုအကောင် ဖြစ်ကြောင်း မြင်သောအခါ မျက်မှောင်ကို ကြုတ်သည်။

သူ ပထမဦးဆုံး ရောက်ချိန်က စတင်ပြီး ထိုခွေးအရေအခွံ့ ပလာစတာနှင့်တူသော ထိုအကောင်က ဆက်တိုက်ဆိုသလို သူ့ကို လာပတ်နေတတ်သည်။ သူက တစ်ကြိမ်အကိုက်ခံရပြီးနောက် တစ်ရက်လုံးလုံး ပျောက်သွားသည်။

ဒါကို ဘာလို့ နောက်တစ်ခေါက် ထပ်လာပြန်တာလဲ။

အာဟကလည်း ဝံပုလွေမက မျက်လုံးဖွင့်ပြီး သူ့ကို စိုက်ကြည့်နေတာကြောင်း မြင်သောအခါ ရုတ်တရက် အလွန်အမင်း စိတ်လှုပ်ရှားလာသည်။

ကောင်းလိုက်တာ။

မမျှော်လင့်ထားဘဲ ငှက်တောရဲ့ စကားက မှန်နေတာပဲ။

သူ ဒီလိုမျိုး ပုံစံနဲ့တင် ဝံပုလွေမက အရမ်းကို ဆွဲဆောင်ခံနေရတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဝံပုလွေတွေက ဒီလိုလန်းတဲ့ ပုံစံကို ကြိုက်တာကို။

“အိုး ဝုး”

အာဟက လည်တိုင်ကိုမော့ပြီး ဝံပုလွေတစ်ကောင်လို အူသည်။ သူသည်လည်း ဝံပုလွေမကို ခိုးကြည့်လိုက်သည်။ တစ်ဖက်သူ၏မျက်လုံးက သူ့အပေါ်တွင်သာ ရှိနေကြောင်း တွေ့လိုက်ရသည်။

389 03

အခွင့်အရေးက ရှိနေသည်။ ထိုကြောင့် အခွင့်အရေးက ပျောက်ဆုံးသွားသည့်နှင့် ပြန်ရလာတော့မည် မဟုတ်ပေ။ ကြည့်ရသည့်မှာ ယခုအခါ သူ၏ရက်စက်မှုကို ပြသရတော့ပေမည်။

ဘန်း

ဖင်းမြေခွေးက အနောက်မှ လိုက်လာနေရင်း အဝေးမှ ဝံပုလွေမကို သိချင်စိတ် ပြင်းပြစွာနဲ့ ကြည့်နေသည်။ တစ်စုံတစ်ရာကို နားလည်သွားပုံရသည်။

ကြည့်ရသည့်မှာ အဖေဟက အဖေဖြစ်ချင်နေတဲ့ပုံပဲ။

သူဟာ အကိုက်ခံရပြီးသည့်တိုင်အောင် လက်မလျော့သေးပေ။

“ခဏနေရင် ဘာအသံမှ မထွက်နဲ့နော်။ ငါပြောတာကို ကြားလား။ မင်း ဒီအတိုင်း ငါရဲ့အသံကို ကြားတာနဲ့ မြေပြင်မှာ ဒီအတိုင်း လဲပြီး တုန်နေလိုက်”

ရုတ်တရက် ထိုအခိုက်အတန်တွင် သူ၏အရှေ့မှ အာဟက ရပ်သွားသည်။ ထိုအခါ ဖင်းမြေခွေးက သူနဲ့ဝင်တိုက်ပြီးတာနဲ့ မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားသည်။

ထိုနောက် ခပ်တိုးတိုးအသံက ကြားရသည်။ သူဟာ ခေါင်းကို ညိတ်၏။ ထိုနောက် သူသည် မြင်လိုက်ရသည်။

“ဝေါင်း”

“မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီလား ဟမ်။ ဘယ်လိုကြောင့် ငါ့ကို ဝင်တိုက်တာလဲ”

“မင်း ဒီနေရာကို ပတ်သွားပြီး ကြိုက်တဲ့ နေရာကို မေးကြည့်။ ဒီတိရစ္ဆာန်ရုံတစ်ခုလုံးမှာ ငါက နောက်ဆုံး ပြောရေးဆိုခွင့် ရှိသူပဲ”

“ငါ ဒီနေ့ မင်းကို သင်ခန်းစာပေးရမယ်”

ဟက်စကီးက ရည်ရွယ်ချက် ရှိရှိဖြင့် အကျယ်ကြီး အော်ပြောသည်။ သူဟာ ပါးစပ်ကို ခပ်ကျယ်ကျယ် ဖွင့်ထားပြီး ခက်ထန် ကြမ်းတမ်းစွာနှင့် ထိုဖင်းမြေခွေးကို ဆွဲကာ ဘေးဘက်သို့ လွှတ်ပစ်လိုက်သည်။

ထိုနောက် သူသည်လည်း တစ်ဖက်မှ ငေးငိုင်နေသော ဝံပုလွေမကို ကြည့်လိုက်ပြီး ပျော်ရွှင်မှုများ မြှင့်တက်လာသည်။

ဘုရားရေ အလုပ်ဖြစ်တာပဲ။

လာစမ်း။ ဒါက ဒီအတိုင်း ဖင်းမြေခွေးလေးပဲလေ။ ရက်နည်းနည်းလောက်ကြာရင် ငှက်တောက တပိုင်တို့ကိုတောင် ဖျောင်းဖျနိုင်ခဲ့မှာ။

ဟစ်

အာဟသည် ရုတ်တရက် တုန်ယင်သွားသည်။ ထိုနောက်ပိုင်းတွင် ထိုဝံပုလွေမ၏ သူ့အပေါ် အကြည့်က အများကြီး ပြောင်းလဲသွားလောက်သည်။

ဘုရားရေ အရမ်း အရမ်း လှတာပဲ။

သူဟာ နှုတ်ခမ်းထောင့်ကို တစ်ချက်သပ်လိုက်ပြီးနောက် တစ်ဖက်သို့လှည့်ကာ ဝံပုလွေမ၏ မြင်ကွင်းထဲမှ ထွက်သွားရန် ကြံစည်သည်။

“ဝေါင်း”

ရုတ်တရက် အဝေးမှ ကလေးဆန်သော အသံလေးကို ကြားရသည်။ ထိုနောက် သူနှင့် အရွယ်အစားတူသော အကောင်လေးတစ်ကောင်က ဖင်းမြေခွေးကို ကျော်ကာ အပြေးလာသည်။

တိုက်ပြီ။ တိုက်ပြီ။ ငါ့ကို တိုက်ပြီ။

ထရိုင်နိုဆောရပ်စ့်သေးသေးလေးက အဆုတ်များ ကွဲမတတ်အော်၍ သူ၏ ခြေထောက်တိုတိုလေးနှင့်အတူ ဖင်းမြေခွေးနားသို့ လာသည်။

သူဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်တွင် ဒီအကောင်က မည်သည့်နေရာကမှန်း မသိ ထွက်လာပြီး သူ၏ မျက်နှာကို လက်သည်းဖြင့် လာရိုက်သည်။

အမ် ဒါကို သည်းခံနေစရာလား။

ထိုသို့ဖြင့် သူဟာ လမ်းတောက်လျှောက် ပြေးလိုက်လာပြီးနောက် ရုတ်တရက် ဟိုးအရှေ့နားတွင် ရပ်နေသော အကောင်တစ်ကောင်က သွားကြီးဖြဲပြီး ရယ်နေကြောင်း မြင်လိုက်ရသည်။

389 04

ဝေါင်း

“မင်းက သေချင်နေလို့ လာကြည့်နေတာလား။ ငါ့ကို လာတိုက်ရဲတယ်”

သူဟာ အော်ဟစ်ရင်း ခုန်ပေါက်ကာ အော်သည်။

ဖြန်း

ထိုသို့ဖြင့် ဟက်စကီးဘက်သို့ ပြေးသွားပြီးသော ဖင်းမြေခွေးက မျက်လုံးကို မှေးကျဉ်းလိုက်ပြီး အရှေ့သို့ ခပ်မြန်မြန် အပြေးသွားကာ ထရိုင်နိုဆောရပ်စ့်ရက်လေးကို မြေပြင်ပေါ်သို့ တဖန်ပြန်လည် ဖိချကာ နဖူးကို ဖြတ်ရိုက်သည်။

ကွီ

“မင်းကသာ အသက်ရှင်ဖို့ ပင်ပန်းနေတာ။ ဟအဖေကို ဘယ်လိုများ ပြောရတာလဲ။ ဟအဖေ။ ဟအဖေ ငါတို့ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ။ ဒီကောင်ကို သေတဲ့အထိ ကိုက်သတ်လိုက်လိုက်ကြရအောင်လား”

ဖင်းမြေခွေးလေးက သွားကိုဖြဲပြီး ခပ်ကြမ်းကြမ်း အော်သည်။

သူဟာ တစ်စုံတစ်ရာကို တွေးတောပြီးနောက် နောက်ဆုံးတွင် နားလည်သွားသည်။

အဖေဟက ဒီလိုလုပ်ပြခြင်းအားဖြင့် ဝံပုလွေမကို ကျေနပ်စေချင်လို့ ဖြစ်လိမ့်မယ်။ သူတို့လိုပေါ့။ အင်အားကို ပြရမယ်။

ထိုအကြောင်းအရာကို တွေးမိသော ဖင်းမြေခွေးလေးက ထရိုင်နိုဆောရပ့်စ့်ရက်လေးကို တက်ဖိထားလေသည်။

သူ၏ သေးငယ်သော အရွယ်အစားကြောင့်သာ မဟုတ်လျှင် သူသည်လည်း ထိုနဂါးမကို မကိုက်ရဲသောကြောင့်သာ မဟုတ်လျှင်

“ဝေါင်း ဝေါင်း ဝေါင်း”

“ဝူး ဝူး ဝူး နဂါးအမေ အာဟက ငါ့ကို ရိုက်တယ်။ နဂါးအမေ ဝူး ဝူး ဝူး အာဟက ငါ့ကို ရိုက်တယ်”

ထိုထရိုင်နိုဆောရပ်စ့်ရက်သေးသေးလေးက မြေပြင်မှ ခုန်ထပြီး အဝေးမှ ဟက်စကီးကို လှမ်းကြည့်သည်။ ထိုနောက် သူ၏အရှေ့မှ ခက်ထန်နေသော ဖင်းမြေခွေးကိုကြည့်ပြီး မျက်နှာကိုမဲ့ကာ ငိုသည်။ ထိုနောက် တစ်ဖက်သို့လှည့်ပြီး မြက်ခင်းထဲသို့ ဝင်ပြေးသွားသည်။

“အဖေ ဘယ်လိုနေလဲ”

ဖင်းမြေခွေးလေးကလည်း အာဟ၏အနားသို့ တစ်လှမ်းချင်းစီ လျှောက်သွားသည်။ ထိုနောက် မော့ကြည့်ကာ ပြုံးပြသည်။

“ဟီး ဟီး ဟီး”

အာဟက ကူကယ်ရာမဲ့စွာ ပြုံးသည်။

“အရမ်း တော်တယ်”

အရမ်းတော်တယ်။ သေစမ်း။ ငါဘယ်လိုများ အသက်ရှင်နိုင်တော့မှာလဲ။

“ဝေါင်း”

“ခွေးအသေကောင်”

ရုတ်တရက် အဝေးမှ အော်သံကြီးကို ကြားရသည်။ ဟက်စကီး၏ တစ်ကိုယ်လုံးက တုန်သွားပြီး ရုတ်တရက် ကိုယ်လေးက ကျုံ့သွားသည်။

အား သူ ဒီသားကို မလိုချင်တော့ဘူး။

ဒီကောင်က ဘာကိုမှ မလုပ်နိုင်ဘူး။ အမြဲတစေ ပြဿနာရှာတဲ့ အမှိုက်ကောင်ပဲ ဟမ်။

ဘယ်လိုကြောင့်များ ဒီလောက် ကန်းပြီး ဒီကောင်ကို သူရဲ့ မွေးစားသားအဖြစ် လက်ခံထားပါလိမ့်။

******

390 01

အခန်း 390

“ဘန်း”

“ဘန်း”

“ဘန်း”

ဆုပိုင်သည် တိရစ္ဆာန်ရုံ အလည်ရှိ မြက်ခင်းပြင်ပေါ်သို့ မီးပန်းများကို တစ်ခုပြီးတစ်ခု မီးထွန်းလိုက်ကာ ခပ်မြန်မြန် ပြန်ပြေးလာသည်။

တူညီ‌သည့် တိရစ္ဆာန်အုပ်က မြက်ခင်းများတွင် အတူ ရပ်နေကြပြီး သူတို့၏ လည်ပင်းကို လိမ်၍ သူတို့၏ ခေါင်းထိပ်တွင် ပေါက်ကွဲနေကြသော မီးပန်းများကို ကြည့်နေလေသည်။

“အိုး”

“ချပ်ချပ်”

“လှလိုက်တာ”

ထိုအကောင် အုပ်ထဲမှ အသံတူ အော်သံများကို နားထောင်နေပြီး ဆုပိုင်က စိတ်အေး သက်သာစွာ ပြုံးသည်။ တိရစ္ဆာန်များကို ပြန်လည် ကယ်တင်ခံရပြီးသော တိရစ္ဆာန်များ အားလုံးသည် ဉာဏ်ရည်မြင့်မားကြသည်။ လူသားများသည် သူတို့တွင်လည်း ပျော်ရွှင်မူ ဒေါသ ၀မ်းနည်းမူနှင့် စိတ်ကျေ‌နပ်မူ ဆိုသော ခံစားချက်များ ရှိလေသည်။

ထိုအချိန်တွင် အကောင်လေးများ၏ ပြုံးနေသော မျက်နှာ များကို မြင်ပြီး ဆုပိုင် ကိုယ်တိုင်ကပင် သူယူဆောင် အားထုတ်မူများအားလုံးက ထိုက်တန်သည်ဟု ခံစားရသည်။ ပိုပြီးများပြားလှသည့် တိရစ္ဆာန်များက ရောက်ရှိလာသည်နှင့် အမျှ ဟောင်းနေသည့် တိရစ္ဆာန်ရုံ၏ မိသားစုကြီးကလည်း ပိုပို၍ စည်းကားလာပေလိမ့်မည်။

“အိုး”

သို့ရာတွင် ပတ်တီးများ ပတ်ထားပြီးအဝေးရှိ မြက်ခင်းပေါ်တွင် လဲနေသော ဟက်စကီးကို မြင်သော အခါ ဆုပိုင်၏ နှုတ်ခမ်းက တွန့်သွားသည်။

“ဒီကောင်ကတော့ ဆေးလုံးရှိ မိသားစုထဲမှာ မပါဘူး”

ထိုညက သူ အိပ်ပျော်မလားရှိသေး ရုတ်တရက် ထရိုင်နိုဆောရပ်စ်၏ အော်သံကို ကြားလိုက်ရသည်။ သူဟာ အပြင်ထွက်ပြီး တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ဟက်စကီးသည် ထရိုင်နိုဆောရပ်စ်ကြောင့် ကောင်းကင်ပေါ်သို့ အပစ်ခံရပြီး စမ်းချောင်းထဲသို့ ဝုန်းကနဲ ပြုတ်ကျသွားသလား မှတ်ရသည်။

ထိုသို့မြင်လိုက်မှသာ သူဟာ သွားမေးလိုက်သည်။

“ဟဲဟဲ”

ဆုပိုင်က ထိုအကောင်၏ ဆိုးရွားသော ပုံစံကိုကြည့်ကာ မနေနိုင်ဘဲ ရယ်၏။

“ဒီကောင်က ဝံပုလွေမကိုမှ ကြိုက်သွားမယ်လို့ မထင်ထားဘူး။ ဒါပေမဲ့”

“ဟက်စကီးနဲ့ ဝံပုလွေနဲ့ တွဲတာ တစ်ခါမှ မကြားဖူးသလိုပဲ”

သူတို့က ဖြစ်နိုင်ချေ ရှိမရှိဆိုသည့် အချက်ကမူ ဆုပိုင်ကိုယ်တိုင်ကပေ မသေချာပေ။

“ကောင်းပြီလေ ပြီးတာကတော့ ပြီးသွားပြီ”

“အားလုံးပဲ စားဖို့ အဆင်သင့် ပြင်ကြတာပေါ့”

တဖြည်းဖြည်း ငြိမ်သက်သွားသော မီးပန်းများကို ကြည့်နေရင်း ဆုပိုင်သည်လည်း လက်ခုပ်တီး၍ ထိုအသင်းထဲမှ လျှောက်ထွက် လိုက်ကာ အားလုံးကို လေးစားစွာ ဦးညွှတ်လိုက်သည်။

“ဒီနှစ်က ငါတို့ရဲ့ ပထမဦးဆုံး နှစ်သစ်ပဲ “

“ဒီနှစ်မှာ ငါတို့တွေရဲ့ တိရစ္ဆာန်ရုံထဲမှာ အပေါင်းအဖော်တွေ အများကြီး ရလာတယ်။ နောက်ပြီး လုပ်ဖော်ကိုင်ဖက်တွေလည်း ရှိလာတယ်။ လောင်ကျိုး၊ မြောင်ထိုက်၊ ကျိုးကျန်း၊ ကျိုး၀မ်၊ ရှောင်ရွှတ်၊ ကောင်းယွဲ့ .......”

“သို့အပြင် တိရစ္ဆာန် သေးသေးလေးတွေလည်း အများကြီး ရောက်လာတယ်။ ”

390 02

“ဟောင်းနေတဲ့ တိရစ္ဆာန်ရုံ ကို ဒီလိုမျိုး အကျိုးပြုပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ လူတန်းစား မင်းတို့ အားလုံးကိုလည်း ငါရဲ့ ရိုးသားတဲ့ ကျေးဇူးတင်ချင်ကိုလည်း ဖော်ပြချင်တယ်။ “

ဆုပိုင်က ထိုသို့ပြောရန် ဦးထပ် ညွှတ်ပြန်သည်။

သူသည် တိရစ္ဆာန်ရုံတွင် အမြဲတမ်းလို၍ ရှိမနေနိုင်ချေ။ ထိုလူတွေကြောင့်သာ သူသည် နေ့တိုင်းလိုလို လာလည်သူပေါင်းများစွာကို လက်ခံ ကြိုဆိုနိုင်ပြီး တိရစ္ဆာန် တစ်ယောက်ချင်းစီတိုင်း၏ စား‌၀တ်နေရေးက အဆင်ပြေနေခဲ့ခြင်း ဖြစ်သည်။ သူတို့သာ မရှိလျှင် ဆုပိုင်‌အနေဖြင့် ထို တိရစ္ဆာန်များ အားလုံးကို တစ်ယောက်ထဲ ကယ်တင်၍ မရနိုင်ဟု ပြောရပေမည်။

“ငါတို့ရဲ့ တိရစ္ဆာန်တွေရဲ့ ဒီနှစ်ရလဒ်က တကယ်ကို မှင်သက်ဖို့ ကောင်းတယ်။ ”

“လအနည်းငယ်ထဲနဲ့တင် ငါတို့က စိတ်ဒဏ်ရာ ခံစားနေရသော လူနာ အယောက် သုံးရာ‌ကျော်ကို ကုသမူမှာ ကူညီပေးနိုင်ခဲ့တယ်။ နောက်ပြီး လယ်မြေကြွက်တွေကို သားဖောက်တာကလည်း ခံတွင်းပျက်ရောဂါ ခံစားနေရတဲ့ လူနာသောင်းကျော်ကို သက်သာစေခဲ့တယ်။ ”

“ငါတို့ရဲ့ ဒီ အရုပ်သေးသေးလေးတွေက အသုံးမ၀င်သေးဘူးဆိုပင်မဲ့လဲ ALSရောဂါကို ခံစားနေရတဲ့ ရောဂါတွေကို ကုသဖို့အတွက် အသုံးပြုခံ လိုစိတ်ရှိတယ်။ ”

“ဒါပေါ့ ငါတို့ရဲ့ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ပေးထားတဲ့ လမ်းပြ ခွေးတွေကိုလည်း မမေ့သင့်ဘူးပေါ့။ သူတို့က လူအများစုကို အလင်းတန်းပေးတာလေ”

“ကောင်းပြီ”

သူတို့ပြောနေရင်းမှ ဆုပိုင်သည် သူ၏အရှေ့မှ တိရစ္ဆာန်ပေါင်းမြောက်မြားစွာကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးကလည်း နည်းနည်း နီလာသည်။ အဓိကက မသိမသာ သူတို့သည် လူပေါင်းများစွာကို ကူညီပေးခဲ့သည်။ အလိုအလျောက်ပင် တရုတ်လူမျိုး များက တဖြည်းဖြည်းချင်း စတင်ကာ လိုက်ဖမ်းနေကြပြီ ဖြစ်သည်။

“ကျေးဇူးတင်ပါဝာယ်”

ဆုပိုင်က တိရစ္ဆာန်များကိုပင် လေးနက်စွာ ဦးညွှတ်သည်။

သူသည် သူ့ဘာသူ ထိုအကောင်များကို ကယ်ဆယ်နေခဲ့သော်လည်း လူသားများကို ကယ်ဆယ်သည့်လုပ်ရပ်ကမှု ထိုအကောင်လေးများကိုယ်တိုင်ကိုယ်ကျ လုပ်လိုစိတ်ရှိခဲ့၍ ဖြစ်သည်။

ထိုအချက်တစ်ခုတည်းကတင် ထိုတိရစ္ဆာန်များအားလုံးသည် သူတို့၏ ဉီးညွှတ်မှုနဲ့ ထိုက်တန်တယ်ဆိုတာ ပြသပြီးသားဖြစ်သည်။ ထိုအကောင်ငယ်လေးများအားလုံးသည် မြေပြင်တွင် တိတ်တဆိတ် ဆောင့်ကြောင့်လေးထိုင်ကာ သူတို့၏ အရှေ့မှ စိတ်လှုပ်ရှားနေသော ဒါရိုက်တာဆုပိုင်၏ စိတ်လှုပ်ရှားနေသောအမှုအယာကို ကြည့်နေပြီးနောက် တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။

“ကောင်းပြီ ကောင်းပြီ”

“ဒါက ကောင်းပါတယ်”

ကျိုးဝမ်ကလည်း နံဘေးမှ ရပ်နေရင်း အတူတူ သူမ၏အရှေ့ စည်းစည်းရုံးရုံးရှိနေသည့် မြင်ကွင်းကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ သက်ပြင်းချသည်။

“ဟုတ်တယ် ဒါရိုက်တာဆုပိုင်ရဲ့ အနောက်က အသင်းကြောင့်သာ မဟုတ်ရင် ဒီတိရစ္ဆာန်တွေကို ကယ်တင်နိုင်ခဲ့မှာ မဟုတ်ဘူး။ ဒါပေ့မယ် ဒီတိရစ္ဆာန်တွေရဲ့ ကြိုးစားအားထုတ်မှု မရှိပဲနဲ့လည်း လူတွေအများကြီးကို ကယ်နိုင်မှာ မဟုတ်ပါဘူး”

လောင်ကျိုးက သူမကိုကြည့်သည်။ သူသည်လည်း တူညီတဲ့ ခံစားချက်ကို ခံစားနေရသည်။

“ဒါရိုက်တာဆုပိုင်ရဲ့ ပြောစကားတွေက အရမ်းကို မှန်ကန်တယ်။ တိရစ္ဆာန်တွေက လူသားတွေရဲ့ မိတ်ဆွေတွေ။ အဲတော့ ဘယ်လိုတိရစ္ဆာန်အမျိုးအစားဖြစ်ဖြစ် လူသားတွေကို အပြုံးတွေ ပေးရုံတင် မဟုတ်ဘဲ အဖော်လည်း ပြုပေးသေးတယ်”

“အနာဂတ်မှာ ဒီထက်ပိုများတဲ့ တိရစ္ဆာန်တွေ ရှိလာမှာ ဒီတော့ ငါ မျှော်လင့်တယ်။ တိရစ္ဆာန်တွေကို ကာကွယ်တဲ့ စောင့်ရှောက်မှုက တရုတ်နိုင်ငံမှာတင် မကန့်သတ်ထားသင့်ဘူး”

“လူသားမျိုးနွယ်တွေ အားလုံးက ကယ်တင်ပေးသင့်လား”

“ဝူး ဝူး ဝူး … ဒီကောင်လေးတွေကို အရမ်းကျေးဇူးတင်ပါတယ်”

390 03

အနားတွင် ရပ်နေသော မြောင်ထိုက်ကလည်း ငိုပြန်သည်။

သူသည် ရင်ထဲ အထိရဆုံး ဖြစ်သည်။ သူသည်လည်း တွန်းလှည်းကို ဆွဲကာ တိရစ္ဆာန်ရုံသို့ လာခဲ့ချိန်ကို မှတ်မိနေသေးသည်။ ထိုယုန်လေးများ၏ သည်းခံစိတ်ကြောင့်သာ မဟုတ်လျှင် သူနှင့် သူ့သမီးကလည်း ပြိုလဲကျပြီး သေသွားပြီးလောက်လေပြီ။

သူသည်လည်း ကောင်းကင်ပြာတိရစ္ဆာန်ရုံမှာ နေနေခဲ့သည့်မှာ ရက်ပိုင်းများစွာ ကြာနေပြီ ဖြစ်သည်။ သူဟာ နေ့တိုင်းလိုလို ပျော်ရွှင်နေရသည့်အပြင် သမီးဖြစ်သူကလည်း ပျော်ရွှင်ရသည်။ အမြဲတမ်းလိုလို အလုပ်များသည့်တိုင်အောင် ဝင်ရောက်လာသည့် ဧည်သည်တစ်ယောက်ချင်းစီတိုင်းထံမှ အော်သံတွေကို ကြားချိန်တိုင်းလိုလို ကိုယ့်ဧည်သည်များက တိရစ္ဆာန်များကို မြင်ပြီးနောက် ပြုံးရယ်မှုကို မြင်ချိန်တိုင်းလိုလို သူတို့သည်လည်း ယခုလို ပြင်းပြင်းထန်ထန် ကြိုးစားနေရသည့်မှာ ထိုက်တန်သည်ဟု ခံစားရသည်။ ပိုဆိုးသည်မှာ ထိုအလုပ်ကလည်း လူတိုင်းကို တက်ကြွစေသည်။ နေ့တိုင်းလိုလို ထိုတိရစ္ဆာန်လေးများနှင့် အတူတူ ရှိနေခြင်းအားဖြင့် တခြားသော မြင်သူတိုင်းကပင် မနာလိုဖြစ်ရသည်။

“ကောင်းပြီ ကောင်းပြီ”

“သွား စားကြရအောင်”

“ဘန်း”

ဆုပိုင်က သူ၏လက်မဖြင့် ပုလင်းအဖုံးကို တွန်းဖွင့်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်သည်။ တိရစ္ဆာန်လေးများက အရှေ့သို့ အပြေးလာ၏။

အပင်စားသတ္တဝါများအတွက်ပင် ဆုပိုင်က အထူးတလည် ပန်းကန်များကို ပြင်ဆင်ပေးထားပြီး အရှေ့သို့ ချပေးတာကြောင့် မြန်မြန်လာ ခွက်ချင်း တိုက်မယ်။

သူ၏ ခွက်ကို မြှောက်ပြီးသည့်နှင့် ဆုပိုင်က သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ခွက်ချင်း တိုက်လိုက်သေးသည်။ ထိုနောက် တခြားသော တိရစ္ဆာန်များနှင့်အတူ ထိုင်သည်။

“အစ်ကို ပိုင်”

“နောက်ဆုံး ဆွေးနွေးမှုကို ဘယ်လိုထင်လဲ”

ငှက်တောက တပိုင်၏ နံဘေးတွင် ရပ်ရင်း အဝေးမှ ဆိုးရွာသော ပုံသဏ္ဍာန်နှင့် အာဟကို ကြည့်ကာ ခပ်တိုးတိုး မေးသည်။

“ခရက်စ့်”

တပိုင်က ပါးစပ်ထဲမှ မုန်လာဥနီကို မျိုချလိုက်ပြီး အာဟကို မျက်လုံးမှေးကျဉ်းကာ ကြည့်သည်။ ထိုနောက် ခေါင်းကို တဖြည်းဖြည်းချင်းစီ ညိတ်သည်။

“ငါ ကတိပေးတယ်”

“ဝံပုလွေမေမေက ပေါင်းသင်းဆက်ဆံရေး သိပ်မကောင်းတဲ့ ပုံပဲ။ သူမက သူမတစ်ယောက်တည်းနဲ့ ကလေးတွေကို ဂရုစိုက်ပေးနေတာ။ အာဟကသာ အောင်မြင်နိုင်ရင်တော့ ကောင်းတဲ့ ကိစ္စပေါ့”

“ဒါပေ့မယ် အာဟကသာ အဲဒီလမ်းပြခွေး သွားရှုပ်ရဲရင်တော့ ငါသေချာပေါက် သူ့ကို သေအောင် ဖိသတ်ပြမယ်”

“မစိုးရိမ်ပါနဲ့ ငါတို့ကသာ အာဟကို ဝံပုလွေမရဲ့ အသည်းနှလုံးကို ရအောင် ကူညီပေးနိုင်သမျှ ဒီကောင်ကို အတူ စောင့်ကြည့်စစ်ဆေးလို့ရတယ်”

ငှက်တောကလည်း ခပ်မြန်မြန် ခေါင်းညိတ်သည်။

“ဝုတ်”

ဟက်စကီးက မြက်ခင်းပေါ်တွင် လှဲနေရင်း အဝေးမှ အစားကို ငုံစားနေသော တစ်ဖွဲ့ကို ကြည့်ကာ ရုတ်တရက် လက်သည်းကို တုန်ယင်စွာ မြှောက်သည်။

သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများက ဆန့်သွားပြီးနောက် နာကျင်သွားသည်။ သို့ရာတွင် လူတိုင်းက ပါတီကိုသာ အာရုံစိုက်နေကြပြီး ဘယ်သူကမှ သူ့ကို သတိမထားမိပေ။ အထူးသဖြင့် သူ၏အရူးသားဖြစ်သည်။ ထိုအရူးသားဆိုလျှင် စားပွဲပေါ်သို့ ခုန်တက်ပြီး အလွန်ပျော်ရွှင်နေပုံပေါက်သည်။

390 04

ထိုအခြေအနေက အာဟကို အလွန်ဒေါသ ထွက်စေသည်။ ထိုအကောင်၏ တိုက်တွန်းမှုကြောင့်သာ မဟုတ်လျှင် သူသည်လည်း နဂါးအမေ၏ ရိုက်နှိက်မှုကို ခံရလိမ့်မည် မဟုတ်ပေ။

ဒါက တရုတ်နှစ်ကူး။ မင်းတို့တွေက ပျော်နေ။ ငါက ငိုနေရတယ်။ မမျှတဘူး။

“ဘန်း”

ရုတ်တရက် သူ၏ခေါင်းအထက်မှ လန်မင်ကြွက်ကင်က ပြုတ်ကျလာသောကြောင့် အာဟကပင် မှင်သက်သွားကာ ခေါင်းကို လှည့်ပြီး ကြည့်လိုက်သည်။

တကယ်တော့ …

ဝံပုလွေမပဲ

သူမက သူ့ကို အေးစက်စွာ ကြည့်သည်။ ထိုနောက် လက်သည်းကို ထုတ်၍ သူ၏အရှေ့သို့ ချသည်။ ထိုနောက် တစ်ဖက်သို့ ပြန်လှည့်သွားကာ ဝံပုလွေသေးသေးလေး သုံးကောင်ကိုပင် ခေါ်သွားသည်။

“ဟားဟားဟား”

အာဟက စိတ်လှုပ်ရှားစွာ အော်သည်။

ဒါက ဘာကို ဆိုလိုတာလဲ။ ဆိုလိုတာက သူ့ကို လက်ခံလာပြီပေါ့။

နွေဉီးက သိပ်မဝေးတော့ဘူးလား။

…

++++++

All Chapters