← Chapters

ကြောက်မက်ဖွယ် စုံစမ်းရေးအဖွဲ့

Vol. 36 Ch. 368

ကြောက်မက်ဖွယ် စုံစမ်းရေးအဖွဲ့

Vol. 36 Ch. 368

အထူးသတင်း: အဇူရာတိမ်ကုန်းမေတိုက်ကြီးမြောက်ပိုင်းသို့ သွားလာနေချိန်တွင် စီနီယာအစ်ကိုကြီးကျန်းယန် ခြုံခိုတိုက်ခိုက်ခံခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဤခြုံခိုတိုက်ခိုက်ခံရမှုက လုပ်ကြံခြင်းတစ်ရပ်ဆိုတာ ‌အတည်ပြုနိုင်ခဲ့ပြီး ကျန်ရှိနေသေးသော သဲလွန်စများကို ဆက်လက်စုံစမ်းနေဆဲပါ။

ထိုသေစေနိုင်သောတိုက်ခိုက်မှုတွင် စီနီယာအစ်ကိုကြီးကျန်းယန် အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့ပြီး သူ့တာအိုအုတ်မြစ်ပင် ထိခိုက်သွားခဲ့ရပါတယ်။

လုပ်ကြံသူအရေအတွက်ကို လတ်တလောမသိရှိရသေးသော်လည်း လုပ်ကြံခံရသောနေရာတွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ရဲ့စွမ်းအားပေါ်ထွက်လာတာကိုတော့ အတည်ပြုနိုင်ခဲ့ပါတယ်။ ထို့ကြောင့်လည်း စီနီယာအစ်ကိုကြီးကျန်းယန် အပြင်းအထန်ဒဏ်ရာရခဲ့ခြင်းပါ။

သဲလွန်စများအရ လုပ်ကြံသတ်ဖြတ်သူ ၃ ယောက်ကိုတော့ အတည်ပြု့နိုင်ခဲ့ပြီး ထိုသူများမှာ နန်းကုန်းချီယု ကျန်းချွမ်းချူနှင့်စုမင်းယန်တို့ ဖြစ်ကြပါတယ်။

စုမင်းယန်သည် အဇူရာတိမ်ကုန်းမြေတိုက်သားဖြစ်ပြီး လွန်ခဲ့သော ၂နှစ်ကမှ ၀မ်လင်းဂိုဏ်းသို့ ထွက်ပြေးခိုလှုံခဲ့သူ ဖြစ်ပါတယ်။

ကျန်းချွမ်းချူသည်လည်း လွန်ခဲ့‌ေသာ နှစ်၅၀ကအဇူရာတိမ်ကုန်းမြေတိုက်ကြီးမှ ထွက်ပြေးသွားပြီး ၀မ်လင်းဂိုဏ်းထဲ ၀င်ခဲ့သူ ဖြစ်ပါတယ်။

နန်းကုန်းချီယုသည်လည်း ထို့နည်းတူပင်။ လွန်ခဲ့သောနှစ် ၅၀ခန့်က အဇူရာတိမ်းကုန်းမြေတိုက်ကြီးပေါ်မှ ထွက်ပြေးသွားခဲ့ပြီး လန်ကျားအထွတ်အမြတ်မြေတွင် ပြောင်းရွှေ့အခြေချခဲ့သူ ဖြစ်ပါတယ်။

လုပ်ကြံသတ်ဖြတ်မှုပြီးသည့်နောက် အဇူရာတိမ်ဂိုဏ်းက သူ့မဟာမိတ်လန်ကျားအထွတ်အမြတ်မြေကို ချက်ချင်းဆက်သွယ်ခဲ့ပါတယ်။

ဂိုဏ်းနှစ်ဂိုဏ်းကြားက မဟာမိတ်ဆက်ဆံရေးကြောင့် နန်းကုန်းချီယုကို ပစ်ပယ်ထားသည်မှာ ကြာပြီဖြစ်ကြောင်း လန်ကျားအထွတ်အမြတ်မြေဘက် တုန့်ပြန်ခဲ့ပြီး ဂိုဏ်းတွင် ဂိတ်စောင့်အဆင့်လောက်ရှိသော နန်းကုန်းချီယုက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် စွမ်းအားကို သယ်ဆောင်နိုင်စရာအကြောင်းမရှိဘူးဟု ဖြေရှင်းချက်ပေးခဲ့ပါတယ်။

ထို့ကြောင့် အဓိကသံသယဖြစ်စရာမှာ ၀မ်လင်းဂိုဏ်းသာ ကျန်ရှိပါတော့တယ်။

အမှန်တရားကို ရှာဖွေရန်အတွက် အဇူရာတိမ်ဂိုဏ်းသည် မကြာခင် ၀မ်လင်းဂိုဏ်းဆီ စုံစမ်းစစ်ဆေးရေးအဖွဲ့ပို့လွှတ်ပါတော့မည်။ ၀မ်လင်းဂိုဏ်းကလည်း သူတို့နဲ့ပူးပေါင်းကာ အထင်လွဲမှုများကို ရှောင်ရှားပြီး ပြဿနာများကိုလျင်မြန်စွာ ဖြေရှင်းနိုင်ဖို့ မျှော်လင့်မိပါတယ်။

စုံစမ်းရေးအဖွဲ့ အဖွဲ့ဝင်များ:

အဖွဲ့ခေါင်းဆောင်အဖြစ် အဇူရာတိမ်ဂိုဏ်းဂိုဏ်းချုပ် ချင်းယွင်ကျိ၊ သူ့အားအဖော်ပြုမည့် မိစ္ဆာမျိုးနွယ်စုဝင်များမှာ ဂူဒူအာ ဂူချမ်း ဂူဟွမ် ဂူယန် ဂူမေ့ယင်။

………

အဇူရာတိမ်သတင်းစာ၏ ခေါင်းကြီးပိုင်းတွင် ထိုသတင်းက ပါ၀င်လာခဲ့သည်။

သတင်းထွက်လာသည်နှင့် ကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံး ပွက်လောရိုက်သွားခဲ့၏။

အခုလိုအချိန်တွင် ဘယ်သူကအဇူရာတိမ်ဂိုဏ်းကို စော်ကားရဲပါသနည်း။

ပြီးတော့ ကျန်းယန်ကရော တကယ်ကြီး ဒဏ်ရာအပြင်းအထန်ရသွားခြင်းပေလော။

အဇူရာတိမ်ဂိုဏ်းပြုလုပ်ခဲ့သော ပွဲများအပြီးတွင် လူတိုင်းက အဇူရာတိမ်ဂိုဏ်းတိုးတက်လာမှုသည် ကျန်းယန်ကြောင့်ဆိုတာ သိရှိနေခဲ့ကြချေပြီ။

အခုထိုအဓိကပုဂ္ဂိုလ်က ဒဏ်ရာအပြင်းအထန်ရသွားလေရာ အဇူရာတိမ်ဂိုဏ်း အခုလို ကြမ်းတမ်းစွာတုန့်ပြန်လာခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။

စာကြောင်းများကို ဖတ်ပြီးနောက် လူတိုင်းနီးပါးက ထိုလုပ်ကြံသတ်ဖြတ်မှုနောက်တွင် ၀မ်လင်းဂိုဏ်းရှိနေမည်ဆိုတာ နားလည်သွားခဲ့ကြ၏။

မဟုတ်လျှင် စုမင်းယန်နှင့်ကျန်းချွမ်းချူဘာကြောင့် ပါနေရပါမည်နည်း။

ပိုအရေးကြီးသည်မှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်စွမ်းအားက ဘယ်က ထွက်လာပါသနည်း။

ရှင်းလင်းစွာပင် နောက်ကွယ်တွင် ၀မ်လင်းဂိုဏ်းရှိနေခြင်းပင်။

အဇူရာတိမ်ဂိုဏ်းကတော့ ၀မ်လင်းဂိုဏ်း၏လုပ်ရပ်ကို တုန့်ပြန်သည့်အနေနှင့် စုံစမ်းရေးအဖွဲ့ကိုပို့လွှတ်မည်ဟု ဆိုလာခဲ့သည်။

ထိုအဖွဲ့၏စွမ်းအားကလည်း မသေးလှပေ။ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁ယောက်နှင့် မိစ္ဆာ ၅ ကောင်ဆိုသည်မှာ အတော်လေး အားကောင်းသော စွမ်းအားပင်။

ထိုအဖွဲ့သာ ၀မ်လင်းကုန်းမြေတိုက်ကြီးထဲ၀င်လာလျှင် သူတို့ ဘယ်အရာကို ဖုံးကွယ်နိုင်ပါတော့မည်နည်း။

ပိုအရေးကြီးသည်မှာ ယခုလိုအချိန်တွင် ၀မ်လင်းဂိုဏ်းက ထိုအင်အားစုကို သူတို့ကုန်းမြေတိုက်ကြီးထဲ ၀င်ခွင့်ပြုပါမည်လော။

အခြေအနေများအရ စစ်ပွဲကိုရှောင်လွှဲနိုင်တော့မည်ပုံ မပေါ်ပေ။

ထိုအချက်ကိုသိသော ဂိုဏ်းကြီးများက သတင်းစာဖတ်ပြီးသည်နှင့် သူတို့ရပ်တည်ချက်ကို ပြန်သုံးသပ်လာခဲ့ကြ၏။

သူတို့ ဘယ်သူ့ကို ထောက်ခံသင့်ပါသနည်း။

လန်ကျားအထွတ်အမြတ်မြေကလူတိုင်း မျက်မှောင်ကြုံ့နေခဲ့ကြသည်။

သူတို့သည် အဇူရာတိမ်ကုန်းမြေတိုက်ကြီးနှင့်မဟာမိတ်ဖွဲ့ထားသောကြောင့် ပုံမှန်အားဖြင့်တော့ အဇူရာတိမ်ဂိုဏ်းကို ကူညီရမည်သာ။ သို့သော် သူတို့လက်ရှိအခြေအနေက မကောင်းလှသောကြောင့် သူတို့ စစ်ပွဲကို အလိုမရှိကြပေ။

အဇူရာတိမ်ဂိုဏ်းက သူတို့ကိုစစ်ပွဲထဲအတင်းဆွဲသွင်းရန် ကြိုးစားလာလျှင် ဘယ်လိုလုပ်ပါမည်နည်း။

သူတို့ခံစားချက်များ လေးလံလာခဲ့၏။

အတန်ကြာအောင် တွေးတောပြီးနောက် သူတော်စင်သခင်တုရှန်ကိုပြောလိုက်သည်။

“အဇူရာတိမ်ဂိုဏ်းကိုသွားပြီး ဘာတွေဖြစ်နေလဲ သွားမေးခဲ့ ကျန်းယန် အပြင်းအထန်ဒဏ်ရာရထားတယ်မလား မြင့်မြတ်ရေစင်တစ်ပုလင်းယူသွားပြီး သူ့ကိုတွေ့ရင် ကူညီပေးလိုက်”

လမ်းမှန်စွမ်းအားများ ကိန်း၀ပ်သော လန်ကျားကုန်းမြေတိုက်ကြီးပေါ်တွင် မြင့်မြတ်ရေစင်က သဘာ၀အလျောက်ဖြစ်ပေါ်လာသော ရတနာဖြစ်ပြီး သူတို့ကုန်းမြေတိုက်ကြီး၏ အဖိုးတန်ဆုံး ရတနာဆိုလည်း မမှားပေ။

ထိုရတနာကို သူတို့ကိုယ်တိုင်ပင် မသုံးကြသော်လည်း အခုတော့ ကျန်းယန်အတွက် တစ်ပုလင်းပေးလိုက်ကြသည်။

အချို့အကြီးအကဲများဆိုလျှင် သူတို့တောင် မသုံးရက်သော ရေစင်တော်ကို သူများကိုပေးရတော့မည်ဖြစ်သောကြောင့် နှမြောတသပင် ဖြစ်နေခဲ့ကြ၏။

သို့သော် ဘယ်သူကမှ မငြင်းရဲကြပေ။

သူတို့သည် တစ်ဖက်တည်းဖြစ်သောကြောင့် ကျန်းယန်၏ အရေးပါပုံကို သူတို့သိပေသည်။ အကယ်၍ ကျန်းယန်သာပြန်ကောင်းလာခဲ့လျှင် စစ်ပွဲကို ရှောင်ကောင်းရှောင်နိုင်ပေလိမ့်မည်။

တုရှန် မြင့်မြတ်ရေစင်တော်ကိုယူကာ အဇူရာတိမ်ဂိုဏ်းဆီသွားပြီး ချင်းယွင်ကျိနှင့်တွေ့ဆုံခဲ့သည်။

သူရိုကျိုးစွာပြောလိုက်၏။

“တွေ့ရတာ၀မ်းသာပါတယ် စီနီယာ ဒါက သူတော်စင်သခင်ပေးလိုက်တဲ့ ရတနာပါ ဒီရတနာကိုသုံးပြီး ကျန်းယန်ပြန်သက်သာလာစေဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်”

ချင်းယွင်ကျိအစကတော့ကျန်းယန်အဆင်ပြေပါတယ်ဟု ပြောဖို့ပြင်ထားသော်လည်း ရေစင်တော်ကိုမြင်သောအခါ သူနောင်တရဟန်ဖြင့် ပြောလိုက်လေသည်။

“သူတော်စင်သခင်ကို ကျေးဇူးတင်ပါတယ်…ဒါပေမယ့် ကျန်းရွှမ်ရှန်းကိုယ်တိုင်လှုပ်ရှားလိုက်တယ်ဆိုတာ သေချာသလောက်ပဲ အဲ့တာကြောင့်လည်း ကျန်းယန်ဒီလောက် ဒဏ်ရာရသွားတာ တကယ်လို့ အဇူရာတိမ်ဂိုဏ်းရဲ့ အုတ်မြစ်သာမနက်ရှိုင်းဘူးဆိုရင် သူ့ကိုကယ်နိုင်ခဲ့မှာတောင် မဟုတ်ဘူး”

သူမြင့်မြတ်ရေစင်တော်ကို လက်ခံလိုက်၏။

တုရှန်တုန်လှုပ်သွားခဲ့သည်။ ကျန်းယန်၏ဒဏ်ရာက အတော်လေး ပြင်းထန်နေမှာ သေချာနေခဲ့ချေပြီ။

“ကျွန်တော်တို့ ကူညီနိုင်တာ တစ်ခုခုများရှိမလား” သူမေးလိုက်၏။

“ဘာမှ မလို‌ေတာ့ပါဘူး” ချင်းယွင်ကျိ ဖြေလိုက်သည်။

“၀မ်လင်းဂိုဏ်းတစ်ဂိုဏ်းတည်းဆို ရင်ဆိုင်ရလွယ်ကူပါတယ် တကယ်လို့ သူတို့သာ ဖြေရှင်းချက်မပေးရင် ငါတို့စုံစမ်းရေးအဖွဲ့က သွားရလိမ့်မယ် လန်ကျားအထွတ်အမြတ်မြေကတော့ စောင့်သာ ကြည့်နေပါ”

စကားအနည်းငယ်ပြောပြီးနောက် တုရှန် ခပ်မြန်မြန်ပင် ပြန်သွားခဲ့၏။

သူ့သတင်းပို့ချက်ကို နားထောင်ပြီးနောက် သူတော်စင်သခင် မျက်မှောင်ကြုံ့သွားခဲ့သည်။

“ကြည့်ရတာ ကျန်းယန်ရဲ့ ဒဏ်ရာကထင်ထားတာထက် ပိုပြင်းထန်နေပုံပဲ”

သူချင်းယွင်ကျိ၏ ရိုးသားမှုကို ယုံကြည်၏။ အခြေအနေက သူတို့ဖော်ပြထားတာထက် ပိုဆိုးနေပုံပင်။

သူတွေးတောပြီးနောက် ကျားရှန်ကိုပြောလိုက်သည်။

“၀မ်လင်းဂိုဏ်းကို လျှို့ဝှက်သွားပြီး သူတို့ကိုသတိပေးလိုက် သူတို့စစ်ပွဲကိုရှောင်ချင်ရင် ဒီကိစ္စကို သေချာကိုင်တွယ်ရမယ်”

အကယ်၍ စစ်ပွဲသာ ဖြစ်ပွားလာခဲ့လျှင် သူတို့လည်း မလွဲမသွေ စစ်ပွဲထဲ ဆွဲသွင်းခံရမည်သာ။

ကျားရှန် ၀မ်လင်းဂိုဏ်းဆီ သွားခဲ့၏။

ထိုစဉ် ကျိုးရွှမ်ရှန်း အဇူရာတိမ်သတင်းစာကိုဖတ်ပြီး ကျိန်ဆဲလိုက်သည်။

“အသုံးမကျလိုက်တဲ့ကောင်”

သူကျန်းချွမ်းချုကို ပို့ခဲ့ခြင်းဖြစ်ပြီး ကျန်းယန်ကို သေချာသတ်နိုင်ဖို့ သူ့လေဟာနယ်စွမ်းအားတစ်ပိုင်းတစ်စကိုပင် ပေးအပ်ခဲ့သေး၏။ သူ့ရည်ရွယ်ချက်က ဘာသဲလွန်စမှ မကျန်ဘဲ အားလုံးကို အပြတ်ရှင်းရန်ပင်။

သို့သော် ကျန်းချွမ်းချူက ကျန်းယန်ကိုမရှင်းနိုင်ခဲ့သည့်အပြင် သဲလွန်စများပင် ချန်ထားခဲ့သေး‌သည်။

အခုတော့ အဇူရာတိမ်ဂိုဏ်းက သူတို့နောက် လိုက်နေခဲ့ချေပြီ။ ပြဿနာက မသေးလှပေ။

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၆ယောက်ပါသော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ၀မ်လင်းဂိုဏ်းကခုခံနိုင်မည် မဟုတ်ပေ။

သူတို့ စစ်ပွဲဆင်နွှဲသင့်ပါသလော။

ထို့နောက်တွင်တော့ ကျားရှန်ရောက်ရှိလာသောသတင်း သူ့ဆီရောက်လာခဲ့၏။

သူတွန့်ဆုတ်စွာပင် တွေ့ဆုံဖို့ သဘောတူလိုက်သည်။

ကျားရှန် တိုက်ရိုက်သာ ပြောလိုက်၏။

“ကျွန်တော်တို့ ကျန်းယန်ရဲ့ဒဏ်ရာကိုကုသဖို့ မြင့်မြတ်ရေစင်တော်ပို့ပြီးသွားပါပြီ အဲ့တာနဲ့ဆို သူအဆင်ပြေလောက်မှာပါ သူတော်စင်သခင်က စီနီယာတို့ရဲ့ စိတ်ရင်းကိုပြဖို့ လျော်ကြေးအချို့ပေးဖို့ အကြံပေးလိုက်ပါတယ် လန်ကျားအထွတ်အမြတ်မြေရဲ့ ကြား၀င်စေ့စပ်ပေးမှုနဲ့ဆိုရင် ဒီကိစ္စကို အေးချမ်းစွာ ဖြေရှင်းနိုင်မှာပါ”

ကျိုးရွှမ်ရှန်း စိတ်အေးသွားခဲ့သည်။ ထိုအရာက စစ်ပွဲထက်စာရင်တော့ အများကြီး ကောင်း၏။

သူလေးလေးနက်နက်ပြောလိုက်သည်။

“ကျန်းချွမ်းချူကို ငါတို့ဂိုဏ်းက ထုတ်ပယ်ပြီးသားပါ သူဘယ်သူနဲ့ပူးပေါင်းနေလဲ ငါတို့မသိဘူး ဒါပေမယ့် သူကဂိုဏ်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေတော့ ငါတို့ဘက်က တာ၀န်အချို့ယူလိုက်ပါ့မယ်

ကျန်းယန်ရဲ့ ဒဏ်ရာအတွက်တော့ ငါတို့နက်နက်ရှိုင်းရှိုင်း ၀မ်းနည်းရပါတယ် ကျေးဇူးပြုပြီး အဇူရာတိမ်ဂိုဏ်းကို စုံစမ်းရေးအဖွဲ့လွှတ်စရာမလိုပါဘူးလို့ ပြောပေးပါ

ငါတို့ကရိုးသားပေမယ့် ငါတို့တပည့်တွေက မိစ္ဆာတွေကိုကြောက်သွားနိုင်တယ်လေ အဲ့တာကြောင့် ဒီကိစ္စကို ငါတို့ပဲ စုံစမ်းလိုက်ပါ့မယ်

လျော်ကြေးအတွက်ကတော့ တောက်ပနတ်ကျောက်စိမ်းတစ်ပြား ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၃၀ နဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းဆေးလုံး ၁ လုံး ပေးမယ် ဒါတွေက ကျန်းယန်ပြန်ကောင်းလာဖို့ အထောက်အကူပြုမှာပါ”

သူတို့မသတ်နိုင်ခဲ့မှတော့ လျော်ကြေးပေးခြင်းက ရွေးစရာတစ်ခု ဖြစ်လာခဲ့ချေပြီ။

၀မ်လင်းဂိုဏ်းသည် သူတို့စစ်မှန်မှုကို ပြသနေခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ကပ်ဘေးဖြတ်ကျော်ခြင်းဆေးလုံးပင်။ ထိုဆေးလုံးက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ဒဏ်ရာများကိုပင် သက်သာပျောက်ကင်းစေနိုင်သည်ဟု ဆိုကြသည်။

သူတို့သည် ရှင်းလင်းစွာပင် ဤကိစ္စကို ကြေအေးနိုင်ရန် လျော်ကြေးများများပေးလိုနေကြခြင်း ဖြစ်၏။

All Chapters