← Chapters

စက်မှုလုပ်ငန်းဖြင့် အလုပ်ရှုပ်နေကြသည့် ဂိုဏ်းများ

Vol. 36 Ch. 369

စက်မှုလုပ်ငန်းဖြင့် အလုပ်ရှုပ်နေကြသည့် ဂိုဏ်းများ

Vol. 36 Ch. 369

ကျားရှန်း ထိုသတင်းကို ဂိုဏ်းဆီပြန်ယူလာခဲ့ပြီးနောက် အဇူရာတိမ်ဂိုဏ်းနှင့် ဆွေးနွေးရန် လူများထပ်ပို့လိုက်၏။

အဇူရာတိမ်ဂိုဏ်းက ၀မ်လင်းဂိုဏ်း၏ စိတ်ရင်းစေတနာကို လက်ခံခဲ့ပြီး ထိုကိစ္စကို တတ်နိုင်သလောက်မြန်မြန် စုံစမ်းပေးဖို့သာ တောင်းဆိုခဲ့သည်။

၀မ်လင်းဂိုဏ်းကလည်း သူတို့အမှန်တရားကိုလုံး၀ဖုံးကွယ်ထားမှာ မဟုတ်ပါဘူးဟု ပြန်အကြောင်းပြန်ခဲ့၏။

အဆုံးသတ်တွင် ဘယ်ဘက်ကမှ ထိုကိစ္စကို ပြန်မပြောကြတော့ပေ။

ထိုစဉ် သူတို့ အပြင်းအထန်ဒဏ်ရာရနေသည်ထင်နေသော ကျန်းယန်က အဇူရာတိမ်ကုန်းမြေတိုက်ကြီးမြောက်ပိုင်းတွင် ပေါ်လာခဲ့လေသည်။

ဒါပေါ့ သတင်းစာထဲက အတိုင်းပင် ကျန်းယန်မျက်နှာက ဖြူဖျော့နေပြီး မကြာခဏဆိုသလို သွေးချောင်းများလည်း ဆိုးနေခဲ့၏။

“စီနီယာအစ်ကိုကြီး” စစ်ထူမင်ယွဲ့နှင့် လျန့်ယိတို့သူ့ကို စိတ်ပူစွာ ကြည့်လိုက်ကြသည်။

“ဘာလို့ဂိုဏ်းကိုပြန်ပြီး အရင်မကုတာလဲ အခြားကိစ္စတွေကိုက စောင့်လို့ရပါသေးတယ်”

“အဆင်ပြေပါတယ်” ကျန်းယန် လက်ကာပြလိုက်၏။

“ဂိုဏ်းချုပ်‌တွေအားလုံးကိုစုလိုက် ငါအရင်ဆုံး အစည်းအဝေးလုပ်မယ် ပြီးမှ ပြန်တော့မယ်”

အခြေအနေနှင့်ကိုက်ညီစေရန် သူစစ်ထူမင်ယွဲ့နှင့်လျန့်ယိတို့ကိုပင် အမှန်အတိုင်း ပြောမပြခဲ့ပေ။

လျန့်ယိချက်ချင်းထရပ်ကာ လေးလေးနက်နက်ပြောလိုက်သည်။

“ညီမလေး ကိုယ်တိုင်သွားရှာပြီး သူတို့အားလုံးကို အမြန်ခေါ်လာခဲ့ပါ့မယ်”

ကျန်းယန် ဤနေရာကကိစ္စများကို အမြန်ဆုံးဖြေရှင်းပြီးမှသာ ဂိုဏ်းကိုအမြန်ပြန်ကာ ကုသနိုင်မည်ဖြစ်မှန်း သူမ သိ၏။

လျန့်ယိထွက်သွားပြီးနောက် စစ်ထူမင်ယွဲ့ ကျန်းယန်ကိုအထက်အောက်စုံဆန်ကြည့်ကာ သံသယဖြစ်ဟန်ဖြင့် မေးလိုက်သည်။

“စီနီယာအစ်ကိုကြီး ဘယ်နေရာဒဏ်ရာရသွားတာလဲ ညီမလေး ပြုစုပေးသင့်လား”

“နင်ပြုစုပေးလို့မရဘူး” ကျန်းယန် ခေါင်းခါပြလိုက်၏။

“တကယ်ကြီးလား” စစ်ထူမင်ယွဲ့အံကိုကြိတ်ကာ ဆက်ပြောလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ ညီမလေးကိုအခုပြောပြစမ်းပါ”

ကျန်းယန် မျက်တောင်ခတ်လိုက်ပြီး စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ပြောလိုက်၏။

“ဂျူနီယာညီမလေး ဘာတွေပြောနေတာလဲ ငါတကယ် ဒဏ်ရာအပြင်းအထန်ရထားတာ အဲ့တာကို နင်ကငါ့ကိုဒီလိုဆက်ဆံနေရလား”

စစ်ထူမင်ယွဲ့ ရယ်မောလိုက်သည်။

“အခြားသူတွေ မသိလောက်ပေမယ့် ညီမလေးကတော့သိတယ် အစ်ကိုကြီးရဲ့ ဝိညာဉ်က ဝိညာဉ်အခြေတည်အဆင့်ကိုကျော်လွန်နေပြီ ပြီးတော့ ကာကွယ်ပေးထားတဲ့ ဝိညာဉ်ငြိမ်းအေးအလံလည်း ရှိတယ် ဘယ်လိုလုပ် ဝိညာဉ်ကဒဏ်ရာရနိုင်မှာလဲ ပြီးတော့ အစ်ကိုကြီးခန္ဓာ အစ်ကိုကြီးခန္ဓာလောက် သန်မာတဲ့ခန္ဓာ ညီမလေးတစ်ခါမှ မမြင်ဖူးဘူး အဲ့ဒီကျားကလွဲရင် ဘယ်သူမှ အစ်ကိုကြီးကိုမယှဉ်နိုင်ဘူး အဲ့လိုဆို ဘယ်လိုလုပ် ခန္ဓာဒဏ်ရာရတာ ဖြစ်နိုင်တော့မှာလဲ”

သူမသည် ကျန်းယန်၏စွမ်းရည်များအကြောင်းကောင်းကောင်းသိပြီး ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်နှစ်ခုက သူ့ကိုကာကွယ်ပေးနေမှန်းလည်း သိပေသည်။

ထိုအခြေအနေတွင် ကျန်းယန် ဘယ်လိုလုပ်ဒဏ်ရာရနိုင်ပါမည်နည်း။

ဤနေရာသည် သူတို့အိမ်ဖြစ်ပြီး ဆရာကလည်း ရှိနေသေးသည်။ ထိုအခြေအနေအောက်တွင် ကျန်းယန်ကိုဒဏ်ရာရအောင်လုပ်ဖို့က မဖြစ်နိုင်သလောက်ပင်။

ကျန်းယန် မျက်မှောင်အနည်းငယ်ကြုံ့ကာ ပြုံးလိုက်၏။

“အခု ငါဒဏ်ရာရဖို့ လိုတယ်”

စစ်ထူမင်ယွဲ့နားလည်သွားခဲ့ပြီး ထိုအခါမှ သူစိတ်အေးသွားခဲ့သည်။

သူကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အဓိပ္ပာယ်ပါပါပြောလိုက်၏။

“နောက်ဆုံးတစ်ခေါက် ဆရာညီမလေးကို လာကြည့်သွားတုန်းက…”

“သူဘာလိုချင်တာလဲ” ကျန်းယန် ဘာကိုမှ သတိမပြုမိဟန်ဖြင့် သာမန်အတိုင်း မေးလိုက်သည်။

စစ်ထူမင်ယွဲ့နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ပြောဖို့့ပြင်လိုက်ချိန်တွင် ဖူမိုဂိုဏ်းချုပ် ကျိချူ အလောတကြီး အခန်းထဲ၀င်လာခဲ့၏။

“မဟာမိတ်ခေါင်းဆောင် ကျွန်တော်တို့ကိုဘာလို့ အလောတကြီး ဆင့်ခေါ်လိုက်တာလဲ” သူမေးလိုက်သည်။

ကျန်းယန် စိတ်ချသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်၏။

“ဂိုဏ်းချုပ်ကျိ ကျေးဇူးပြုပြီးထိုင်ပါဦး ကျွန်တော်ဒီတစ်ခေါက်လာခဲ့တာက နောက်ပိုင်းကျွန်တော်တို့တွေ ဘယ်လိုငွေရှာကြမလဲဆိုတာ ဆွေးနွေးဖို့ပါ

မဟာမိတ်ဂိုဏ်းချုပ်တွေအားလုံး ဒီအစည်းအဝေးကိုတက်ကြမှာပါ ဂိုဏ်းချုပ်ကျိလာတာကတော့ နည်းနည်းစောနေသေးတယ် အခြားသူကိုခဏတော့ စောင့်ရဦးမယ်”

“ဟုတ်ကဲ့ပါ မဟာမိတ်ခေါင်းဆောင်” ကျိချူ ထိုင်လိုက်လေသည်။

စစ်ရေးပြပွဲပြီးကတည်းက သူတို့၏ ကျန်းယန်အပေါ် အမြင်များကလုံး၀ပြောင်းလဲသွားခဲ့၏။

အဇူရာတိမ်ဂိုဏ်းသည် အတော်လေး စွမ်းအားကြီးသလို ကျန်းယန်၏အစီအစဉ်များမှလည်း သူတို့အကျိုးအမြတ်များစွာ ရရှ်ိခဲ့ကြသည်။

ထို့ကြောင့် သူတို့ကျနး်ယန်ကိုထောက်ခံတာ မဆန်းပေ။

မကြာခင်တွင် အခြားဂိုဏ်းချုပ်များလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြ၏။

နောက်ဆုံးတွင် တိမ်‌ေတာင်အင်ပါယာရှိ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကလွဲပြီး ဂိုဏ်းတိုင်းက ဂိုဏ်းချုပ်များ ရောက်ရှိလာခဲ့ကြသည်။

အားလုံးထိုင်ပြီးနောက် သူတို့ ကျန်းယန်၏ ဖြူဖျော့အားနည်းနေသောအမူအရာကိုကြည့်ကာ စိတ်ရှုပ်ထွေးသွားခဲ့ကြ၏။

ဘာတွေဖြစ်ခဲ့ပါသနည်း။

မြောက်ပိုင်းတွင် နေထိုင်ကြသူများဖြစ်သောကြောင့် သူတို့သတင်းစာကိုမရရှိသေးပေ။ ထို့ကြောင့် ထိုအဖြစ်အပျက်အကြောင်း မသိသေးပေ။

ကျန်းယန် ချောင်းအနည်းငယ်ဆိုးလိုက်ပြီးနောက် ပြောလိုက်သည်။

“ကျွန်တော်ဒဏ်ရာအချို့ရထားတာ…ဒါပေမယ့် အပြင်းအထန်ကြီးတော့ မဟုတ်ပါဘူး…အဲ့ဒီဒဏ်ရာက ဒီအစည်းအဝေးအပေါ် သက်ရောက်မှုရှိမှာမဟုတ်ဘူး

ကျွန်တော်ဒီတစ်ခေါက်လာခဲ့တာက ဂိုဏ်းချုပ်တို့ဂိုဏ်းတွေရဲ့ ခွန်အားကို ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတဲ့အကြောင်း ဆွေးနွေးကြဖို့ပါ”

“ဂိုဏ်းချုပ်ကျိ ဂိုဏ်းချုပ်ရဲ့ဂိုဏ်းခွန်အားတိုးတက်စေဖို့ ဘာလိုတယ်လို့ ထင်လဲ”

ကျိချုအခြားသူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“ပိုများတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ဆေးတွေ ပြီးတော့ လက်နက်တွေ”

ထိုအရာများနှင့်ဆိုလျှင် သူတို့တပည့်များပိုခန့်အပ်နိုင်သလို ပိုပြီးလည်း မြန်မြန်ကျင့်ကြံနိုင်ပြီး သဘာ၀အားဖြင့် ပိုသန်မာလာမည်သာ။

ကျန်းယန်ပြုံးလိုက်ကာ

“ဂိုဏ်းချုပ်တို့အားလုံးရော သဘောတူလား”

နတ်ဝိညာဉ်အဆင့်ဂိုဏ်းချုပ်တစ်ယောက် မတ်တပ်ထရပ်လာခဲ့ပြီး “ကျွန်တော်တို့မှာ အဆင့်နိမ့်ဆေးတွေကတော့ ရှားမနေဘူး ကျွန်တော်တို့လိုတာက လက်နက်တွေ ပြီးတော့ အဆင့်မြင့်ဆေးဝါးတွေလည်း လိုနေသေးတယ်”

အခြားတစ်ယောက် ပြောလိုက်ပြန်သည်။

“ကျွန်တော်တို့မှာက အရင်းအမြစ်တွေရှိတော့ လက်နက်တွေတော့ ထုလုပ်လို့ရတယ် ဒါပေမယ့် ဆေးလုံးတွေ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှားနေတယ်”

တစ်ယောက်က စဆွေးနွေးလိုက်သည်နှင့် အခြားသူများ၏အမြင်များလည်း ထွက်ပေါ်လာခဲ့၏။

ကျန်းယန် လက်မြှောက်ကာ အားလုံးတိတ်ဖို့ အချက်ပြလိုက်သည်။

“ဆိုတော့ အနှစ်ချုပ်ရရင် အားလုံးလိုတာက စိတ်ဝိညာဉ်ကျောက်တုံးတွေပေါ့ ဟုတ်လား”

လူတိုင်းခေါင်းငြိမ့်လိုက်ကြ၏။

သူတို့အနီးတွင် မိုးပြာလကုန်သွယ်သမဂ္ဂရှိသောကြောင့် လိုတာကို ၀ယ်နိုင်ပေသည်။ လိုအပ်တာကတော့ စိတ်ဝိညာဉ်ကျောက်တုံးသာ။

အားလုံးမျက်လုံးများက ကျန်းယန်ဆီရောက်နေခဲ့ပြီး ကျန်းယန် သူတို့ချမ်းသာလာအောင် ဘယ်လိုကူညီမလဲသိချင်နေခဲ့ကြသည်။

သူဖြည်းဖြည်းချင်း ပြောလိုက်၏။

“ကျွန်တော် ဂိုဏ်းချုပ်တို့ဂိုဏ်းတွေကို အကြာကြီးလေ့လာပြီးသွားပြီ ဂိုဏ်းချုပ်တို့ဂိုဏ်းတွေရဲ့ တိုးတက်မှုက သဘာ၀တွင်းထွက်တွေနဲ့ စိုက်ပျိုးအပေါ် မှီခိုနေတယ်

သဘာ၀တွင်းထွက်တွေက ကောင်းပေမယ့် အဆုံးမဲ့ရှိနေတာ မဟုတ်ဘူး ဆေးပင်တွေစိုက်ပျိုးရေးကလည်း ကောင်းပေမယ့် ဆေးပင်တွေ ကြီးထွားဖို့ အချိန်အကြာကြီးယူရတယ် ကျွန်တော်တို့က ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်လို နေရာမျိုးကိုအသုံးမပြုနိုင်တော့ အဆင့်မြင့်ဆေးပင်တွေ စိုက်ဖို့ကလည်း မလွယ်ဘူး

ဒီတိုင်းသာဆက်သွားနေရင် ဂိုဏ်းချုပ်တို့ ဆက်ဆင်းရဲနေမှာပဲ”

လူတိုင်း စိတ်ရှုပ်ထွေးသွားခဲ့ကြ၏။

“စီနီယာအစ်ကိုကြီး အစ်ကိုကြီးမှာ အခြားနည်းလမ်းရှိလို့လား” စစ်ထူမင်ယွဲ့ မေးလိုက်သည်။

ကျန်းယန် ခေါင်းငြိမ့်ပြလိုက်၏။

“ဂိုဏ်းချုပ်လီ ဂိုဏ်းချုပ်တို့ဂိုဏ်းက ဆေးတာအိုကိုအဓိကထား လေ့လာတာမဟုတ်လား ဘာလို့ အဲ့ဒီအပေါ်မှာပဲ လုံး၀အာရုံမစိုက်ထားတာလဲ”

“ကျွန်တော်တို့မှာ ကုန်ကြမ်းလိုအပ်နေတယ်” ဂိုဏ်းချုပ်လီ ခါးသက်စွာ ပြောလိုက်သည်။

ကျန်းယန်ပြုံးလိုက်၏။

“ဘာလို့ ဆေးပင်တွေ ကိုယ်တိုင်စိုက်တာတို့ ကိုယ်တိုင်ရှာဖွေတာတို့ မလုပ်လဲ ဘာလိုမိုးပြာလကုန်သွယ်သမဂ္ဂက မ၀ယ်လဲ

ကျွန်တော်တွက်ပြီးပြီ အဆင့်ချိုးဖြတ်ခြင်းဆေးလုံးတစ်လုံးကို သန့်စင်ဖို့ ကုန်ကြမ်း စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀ဖိုးပဲလိုတယ် ဒါပေမယ့် ဈေးကွက်ထဲက ပေါက်ဈေးကတော့ ၃၀၀၀၀ ပဲ

ဆိုတော့ ဂိုဏ်းချုပ်လီ ဆေးလုံး ၁၀ လုံးသန့်စင်ပြီး တစ်လုံးပဲ အောင်မြင်ခဲ့ရင်တောင် အရင်းကြေနေပြီ အပိုသန့်စင်လို့ ရသမျှက အမြတ်ပဲ”

ဂိုဏ်းချုပ်လီ ခေါင်းအထပ်ထပ်ငြိမ့်ကာ စိတ်လှုပ်ရှားသွားခဲ့သည်။ သူ့ဆေးသန့်စင်အောင်မြင်နှုန်းက ၄၀ %မှ ၅၀ %ထိရှိပြီး သူဆေးလုံး လေးငါးလုံးသန့်စင်နိုင်တာ သေချာပေသည်။ ထိုသို့ဆိုလျှင် သူစိတ်ဝိညာဉ်ကျောက်တုံး သိန်းချီမြတ်ပေတော့မည်။

ကျန်းယန် ဆက်ပြောလိုက်သည်။

“ဆိုတော့ ဘာလို့ ဆေးပင်တွေကိုယ့်ဟာကိုယ်ရှာ ဆေးလုံးသန့်စင်ရာမှာပဲ တစ်ဂိုဏ်းလုံး အာရုံစိုက်ထားပြီး သန့်စင်ပြီးသားဆေးတွေကို မိုးပြာလကုန်သွယ်သမဂ္ဂကို ပြန်မရောင်းရမှာလဲ

အဲ့ဒီကနေ အကျိုးအမြတ်တွေပိုရလာရင် လက်နက်တွေပို၀ယ်ပြီး ဂိုဏ်းကိုလည်း ချဲ့ထွင်လို့ရပြီပေါ့”

ဂိုဏ်းချုပ်လီချက်ချင်းနားလည်သွားပြီး စိတ်အားထက်သန်စွာ ခေါင်းငြိမ့်ပြလိုက်သည်။

ကျန်းယန် လူတိုင်းကိုကြည့်လိုက်ကာ

“ဒီနည်းလမ်းက အားလုံးအတွက်လည်းအတူတူပဲ ဂိုဏ်းချုပ်တို့အကောင်းဆုံးလုပ်နိုင်တာတွေ အပေါ်မှသာ အာရုံစိုက်ထားကြ ဆေးတာအို လက်နက်သန့်စင်တာ အဆောင်ပညာတို့ပေါ့ ပြီးရင်တော့ မိုးပြာလကုန်သွယ်သမဂ္ဂက အရောင်းပိုင်းနဲ့ပတ်သက်ပြီး တာ၀န်ယူပေးပါရစေ

သေချာတာပေါ့ ကျွန်တော်တို့လည်းအကျိုးအမြတ်တော့လိုတယ် အဲ့တာကြောင့် ဈေးအပြည့်တော့ ပေးမ၀ယ်နိုင်ဘူး ဒါပေမယ့် ဂိုဏ်းချုပ်တို့ အကျိုးအမြတ်များများ ရနေဦးမှာပါ

အဲ့ဒီလိုနည်းလမ်းမျိုးကို ကျွန်တော်က စက်မှူလုပ်ငန်းကျင့်ကြံခြင်းပုံစံလို့ခေါ်တယ် သေချာပါတယ် ဒီနည်းလမ်းနဲ့ဆို ဂိုဏ်းချုပ်တို့ဂိုဏ်းတွေ ချမ်းသာလာလိမ့်မယ်”

All Chapters