← Chapters

မိစ္ဆာလက်နက်၏ ကြမ်းတမ်းလွန်းသောစွမ်းအား

Vol. 36 Ch. 371

မိစ္ဆာလက်နက်၏ ကြမ်းတမ်းလွန်းသောစွမ်းအား

Vol. 36 Ch. 371

တာအိုပေါင်းစည်းခြင်းတစ်ယောက်၏ တိုက်ကွက်ကို အခြေခံတည်ဆောက်ခြင်းအဆင့်များနှင့် ရွှေအမြုတေအဆင့်အနည်းငယ်က မည်သို့ ခုခံနိုင်ပါမည်နည်း။

ရိုးရှင်းစွာပင် သူတို့မခုခံနိုင်ခဲ့ပေ။

ပိုင်နက်ကိုထုတ်လွှတ်လိုက်သည်နှင့် သူတို့သည် ချေမွခံရတော့မည့် ပုရွက်ဆိတ်များလို ဖြစ်သွားခဲ့၏။

အဇူရာတိမ်ဂိုဏ်းသားများသည် စန်းစုန့်နှင့်လေ့ကျင့်ရာ၌ လက်စွမ်းပြနိုင်ခဲ့သော်လည်း ယခုရန်သူက ခိုး၀င်လာသော တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် ဖြစ်နေခဲ့သည်။ အဖြစ်မှာ ပြင်ဆင်ထားခြင်းမရှိသော သိုးအုပ်ထဲ ခိုး၀င်လာသော ကျားတစ်ကောင်နှယ်။

ထိုအခြေအနေနှင့် ရင်ဆိုင်ရသောအခါကျန်းချန်းရှန် နှလုံးကွဲမတတ် အော်ဟစ်လိုက်လေသည်။

“အမြန် သင်္ဘောပျံပေါ် တက်ကြ”

ထိုအကာအကွယ်အပေါ် မှီခိုမှသာ သူတို့အတွက် ရှင်သန်ဖို့အခွင့်အရေး ရှိလာပေလိမ့်မည်။

သို့သော် ရန်သူက တဟုန်ထိုးတိုက်ခိုက်နေပြီဖြစ်လေရာ သူတို့အတွက် အခွင့်အရေး ရှိပါဦးမည်လော။

ထိုအခိုက်တွင် မိန်းမစိုးဟုန်ရောက်ရှ်ိလာပြီး အော်ပြောလိုက်၏။

“ဂုဏ်သရေရှိ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်က ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ရလား အရှက်မဲ့လိုက်တာ”

သူကျန်းယန်ပေးထားသောစိတ်ဝိညာဉ်လက်နက်ကို မှီခိုကာ ဖိအားကို ခုခံလိုက်သည်။

တိုက်ခိုက်သူလှောင်ပြောင်လိုက်၏။

“ငါကတာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်‌လေ မင်းကတော့ နတ်ဝိညာဉ်အဆင့်လေးပါ မိန်းမစိုးလေးရာ အဲ့ဒီ စိတ်ဝိညာဉ်လက်နက်တစ်ခုတည်းနဲ့ မင်းငါ့ကို တားနိုင်မယ် ထင်လား”

သူသူ့ကိုယ်ပိုင်လက်နက်နှင့်တာအိုကိုအသက်သွင်းကာ မိန်းမစိုးဟုန်ကို ဖိချလိုက်လေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် မိန်းမစိုးဟုန်သည် သူ့ပြိုင်ဘက်မဟုတ်ခဲ့ဘဲ အကူအညီမဲ့စွာသာ ကြည့်ရှုနေခဲ့ရ၏။

သို့သော် သူ့အချိန်ဆွဲပေးမှုကြောင့် ၀တ်စုံပြာစစ်တပ်က ပြန်လည်စုစည်းသွားနိုင်ခဲ့သည်။

“ပစ်”

ကျန်းချန်းရှန်၏ အမိန့်ပေးသံနှင့်အတူ တပည့်၆ထောင်ကျော်က တစ်ပြိုင်တည်းပစ်ခတ်လိုက်လေရာ အထူးကျည်များအပါအ၀င် ကျည်၆ထောင်ကျော်က ပိုင်နက်ကို ၀န်းရံသွားခဲ့၏။

ထိုပိုင်နက်ကိုမချိုးဖြတ်နိုင်ခဲ့သော်လည်း မိန်းမစိုးဟုန်အတွက် အချိန်အနည်းငယ်ရသွားခဲ့သည်။

“ပုရွက်ဆိတ်တစ်သုိက်ကများ” တိုက်ခိုက်သူ ဟိန်းဟောက်လိုက်၏။

သူပိုင်နက်ကို ချဲ့ထွင်လိုက်ကာ လူတိုင်းကို သတ်ပစ်ဖို့ ပြင်လိုက်လေသည်။

သို့သော် သူလှုပ်ရှားလိုက်သည်နှင့်

သူ့ပိုင်နက်က တစ်စဆီ ကွဲကြေသွားခဲ့ရ၏။

သူမြင်လိုက်ရသည်မှာ သူ့ရှေ့တွင် ရပ်နေသော ချင်းယွင်ကျိပင်။

တိုက်ခိုက်သူ တုန်လှုပ်သွားခဲ့၏။

“မင်း မင်းဘယ်လိုလုပ် ဒီရောက်လာတာလဲ…”

သူစစ်ဆေးမှုများကို သေချာရှောင်ကွင်းကာ ကုန်းမြေတိုက်ကြီးထဲ ၀င်လာခြင်းဖြစ်သော်လည်း ချင်းယွင်ကျိက ရောက်လာခဲ့သေးသည်။

ကျဆုံးသွားသော တပည့်များကိုကြည့်ကာ ချင်းယွင်ကျိ၏ သတ်ဖြတ်ခြင်းဆန္ဒများ ထိုးတက်လာခဲ့၏။

အရင်ကဆိုလျှင် သူအခုလို တိုက်ပွဲလေးကို သတိထားမိမည်မဟုတ်ပေ။ သို့သော် ယခုအခါ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၂ထောင်ကျော်က ထောက်ပံ့ပေးထားသောကြောင့် အဇူရာမဟာတိမ်၀င်္ကပါ၏ စွမ်းအားက ပိုကြီးလာခဲ့ပြီး သူ့အာရုံကလည်း ပိုထက်ရှလာခဲ့သည်။

ထို့ကြောင့် သူအချိန်မီရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

သူထိုလူ့ကို ချက်ချင်းသတ်ပစ်လိုက်ချင်သော်လည်း သေဆုံးသွားသော တပည့်များကို လျစ်လျူရှုထား၍ မရပေ။

ထို့ကြောင့် ထိုသူသတ်သေလို့မရအောင် သူ့ကိုယ်ကိုကိုင်ထားလိုက်ရင်း ကျန်းချန်းရှန်ကို ပြောလိုက်သည်။

“ကျဆုံးသွားတဲ့ ဂိုဏ်းသားတွေရဲ့အလောင်းတွေကိုသယ်ပြီး ဂိုဏ်းကိုပြန် အမိန့်ကိုစောင့်နေ”

ထို့နောက် မိန်းမစိုးဟုန်ဘက်လှည့်ကာ “သူတို့နဲ့လိုက်သွားလိုက်”

သူကတော့ သားကောင်ကိုသယ်ကာ အဇူရာတိမ်ဂိုဏ်းဆီ ပြန်လာခဲ့လိုက်၏။

သူတားမြစ်နယ်မြေဆီ တိုက်ရိုက်ရောက်သွားခဲ့ပြီး ဂူဒူအာကို မေးလိုက်သည်။

“ဘယ်သူ သူ့သရုပ်မှန်ကို ထုတ်ပေးနိုင်မလဲ”

တပည့်များ၏ သေဆုံးမှုကို မဖြေရှင်းဘဲ ထားမရပေ။

ဂူဒူအာ သားကောင်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ဂူမေ့ယင်ဘက် လှည့်လိုက်ကာ

“နင့်ရဲ့ ပုံရိပ်ယောင်စွမ်းအားက ဒါကိုကိုင်တွယ်နိုင်လောက်တယ်”

သူမခေါင်းငြိမ့်ပြလိုက်ပြီး စွမ်းအားကို ထုတ်လွှတ်လိုက်၏။

မကြာခင်တွင် ထိုသူ ပုံရိပ်ယောင်များထဲအသိစိတ်ပျောက်သွားခဲ့ပြီး သူသိသမျှအရာအားလုံးကို ထုတ်ပြောခဲ့လေသည်။

“ကျေးဇူးတင်ပါတယ်” ချင်းယွင်ကျိ ပြောလိုက်၏။

ထို့နောက် သူအသိစိတ်ပျောက်နေသောသားကောင်ကိုခေါ်ကာ ကျန်းယန်နှင့်တွေ့ဖို့ အဇူရာတိမ်တောင်ထွတ်ဆီ သွားခဲ့လေသည်။

ချင်းယွင်ကျိ တာအိုပေါင်းစည်းခြင်းအဆင့်ကို မြေပေါ်ပစ်ချလိုက်ပြီး ခပ်တင်းတင်းပြောလိုက်၏။

“ဒီတိရစ္ဆာန်က မကြာသေးခင်က ၀တ်စုံပြာအဖွဲ့ကို တိုက်ခိုက်ခဲ့တယ် ဂိုဏ်းသား ၂၀၀၀လောက် သူ့လက်ထဲမှာ သေဆုံးသွားခဲ့ရတယ်”

ကျန်းယန်ကိုယ်မှ သတ်ဖြတ်ခြင်းဆန္ဒများ ချက်ချင်း ထိုးတက်လာခဲ့သည်။

သူသည် တပည့် ၁သောင်းရရှိရန် အများကြီးကြိုးစားတည်ဆောက်ခဲ့ရခြင်းဖြစ်ပြီး အခုတော့ တပည့် ၂ထောင်ကို ဆုံးရှုံးလိုက်ရခြင်းပေလော။

“ဆရာ သူကဘယ်သူလဲ” ကျန်းယန် အေးစက်စက်မေးလိုက်သည်။

“မိီရှန်ဂိုဏ်းက ၀မ်လင် တာအိုပေါင်းစည်းခြင်းအလယ်အဆင့်” ချင်းယွင်ကျိ ဖြေလိုက်၏။

“မီရှန်ဂိုဏ်းက ၀မ်လင်းဂိုဏ်းမြေတိုက်ကြီး မြင့်မြတ်ဝိညာဉ်ကုန်းမြေတိုက်ကြီးနဲ့ ကွေ့ယွမ်ဘုရားကျောင်းတို့ ကြားမှာရှိတဲ့ ပထမအဆင့်ဂိုဏ်းကြီးတစ်ဂိုဏ်းပဲ

စစ်ဆေးပြီးတဲ့နောက် သူကအမိန့်အရ ဆောင်ရွက်ခဲ့တယ်ဆိုတာ တွေ့ခဲ့တယ် ဒါပေမယ့် သူ့မှတ်ဉာဏ်တွေကိုဖျက်ထားတော့ သူ့ကိုဘယ်သူလွှတ်လိုက်လဲဆိုတာ သေချာမသိဘူး ဖြစ်နိုင်တာကတော့ ၀မ်လင်းဂိုဏ်း မြင့်မြတ်ဝိညာဉ်ဂိုဏ်းနဲ့ ကွေ့ယွမ်ဘုရားကျောင်း သုံးခုထဲက တစ်ခုခုပဲဖြစ်လိမ့်မယ်”

ချင်းယွင်ကျိ ဒေါသထွက်နေခဲ့သည်။ ၀မ်လင်းဂိုဏ်းက အဖြစ်နိုင်ဆုံးဟု သူထင်နေမိသော်လည်း သက်သေမရှိဘဲ ရမ်းသမ်းစွပ်စွဲ၍ မရပေ။

ထို့ကြောင့် သူကျန်းယန်ကိုဆုံးဖြတ်ချက်ချခိုင်းခဲ့ခြင်း ဖြစ်၏။

တခဏအကြာတွင် ကျန်းယန် အေးအေးဆေးဆေးပြောလိုက်သည်။

“သူ့ကိုဘယ်သူအမိန့်ပေးလဲ ကျွန်တော်ဂရုမစိုက်ဘူး သူ့သရုပ်မှန်က မီရှန်ဂိုဏ်းသားဆိုတာကတော့ သေချာတယ်

တကယ်လို့ အဇူရာတိမ်ဂိုဏ်းက ဂိုဏ်းသား ၂ထောင်ဆုံးရှုံးသွားခဲ့ရရင် မီရှန်ဂိုဏ်းကအဲ့ဒီအတွက် တစ်ဂိုဏ်းလုံး ပြန်ပေးဆပ်ရမယ်

သူတို့ကို ဥပမာအဖြစ်သုံးပြရမယ် ကျွန်တော်တို့ဂိုဏ်းကိစ္စကို လာရှုပ်တဲ့သူမှန်သမျှ သူတို့လိုပဲ အလုံးစုံပျက်သုဉ်းခြင်းနဲ့ပဲ ရင်ဆိုင်ကြစေရမယ်”

ချင်းယွင်ကျိ မျက်မှောင်ကြုံ့လိုက်သည်။

“မီရှန်ဂိုဏ်းက ဒီနေရာနဲ့ မိုင်၂သောင်းဝေးတယ် ပြီးတော့ ၀မ်လင်းဂိုဏ်းနယ်မြေကိုဖြတ်ရမှာ သူတို့ကိုဖျက်ဆီးဖို့က မခက်ပေမယ့် ဒါက ၀မ်လင်းဂိုဏ်းမြင့်မြတ်ဝိညာဉ်ဂိုဏ်းနဲ့ ကွေ့ယွမ်ဘုရားကျောင်းတို့ရဲ့ ထောင်ချောက်ဖြစ်နေရင် အရမ်းအန္တရာယ်ရှိသွားလိမ့်မယ်”

လက်ရှိတွင် အဇူရာတိမ်ဂိုဏ်း၏ ကပ်ဘေးဖြတ်ကျော်ခြင်း၆ယောက်က အင်အားစု၃ခုကိုတော့ တစ်ပြိုင်တည်း ရင်မဆိုင်နိုင်သေးပေ။

“အဲ့လိုဆိုရင်တောင် မီရှန်ဂိုဏ်းကို ကျိန်းသေပေါက် ဖျက်ဆီးပစ်ရမယ်” ကျန်းယန် ပြတ်ပြတ်သားသား ပြောလိုက်သည်။

“တကယ်လို့ ကျွန်တော်တို့သာ ဖျက်ဆီးမပြရင် အခြားသူတွေက ကျွန်တော်တို့ကို တိုက်ခိုက်ရင် အသက်တစ်သက်ပဲ ဆုံးရှုံးရမှာလို့ ထင်သွားကြလိမ့်မယ်

အဲ့တာကြောင့် သူတို့ဆုံးရှုံးရမှာက အသက်တစ်သက်တင်မဟုတ်ဘူး သူတို့ဂိုဏ်းတစ်ခုလုံးဆိုတာ သူတို့သိအောင် ပြပေးရမယ်”

“ဆရာ ဆရာနေခဲ့ပါ ကျွန်တော်မိစ္ဆာငါးယောက်နဲ့ မီရှန်ဂိုဏ်းကို သွားဖျက်ဆီးလိုက်မယ်”

“မဖြစ်ဘူး” ချင်းယွင်ကျိ ချက်ချင်းငြင်းလိုက်၏။

မိစ္ဆာများသည် သန်မာသော်လည်း ကျန်းယန်က အားနည်းပေသည်။ ထိုအရာကသာ ထောင်ချောက်တစ်ခုဖြစ်နေခဲ့လျှင် ကျန်းယန်အတွက် အတော်ကြီး အန္တရာယ်များသွားပေလိမ့်မည်။

ကျန်းယန် အလျှော့မပေးပေ။

“ဆရာကကုန်းမြေတိုက်ကြီးထဲက ထွက်သွားလို့မဖြစ်ဘူး လိုအပ်လာရင် ၀င်္ကပါကိုထိန်းချုပ်ရဦးမှာ ပြီးတော့ ဆရာ့လိုဘယ်သူမှ မိစ္ဆာတွေရဲ့ အရှိန်အဝါကိုဖိနှိပ်နိုင်တာ မဟုတ်ဘူး

အဲ့တာကြောင့် ကျွန်တော်သွားမှဖြစ်မှာ တပည့် ၂ထောင်ကျော်ရဲ့ သွေးကြွေးကို သွေးနဲ့ပြန်ဆပ်ရမယ်”

ချင်းယွင်ကျိ တိတ်ဆိတ်သွားခဲ့သည်။

အတန်ကြာမှ သူခေါင်းငြိမ့်ပြလိုက်၏။

“ကမ္ဘာကြီး ပြောင်းပြန်လန်သွားရင်တောင် ကျိန်းသေပေါက် ကလဲ့စားချေရမယ် ‌ဒီမှာစောင့်နေ”

သူပျောက်ကွယ်သွားခဲ့သည်။

တခဏအကြာမှ သွေးများဖြင့်ရွှဲနေသော အလံကြီးတစ်ခုကိုကိုင်ကာ ပြန်ရောက်လာခဲ့၏။

သူတားမြစ်နယ်မြေသို့သွားကာ ဂူဒူအာကိုကြည့်လိုက်ပြီး ပြောလိုက်သည်။

“ငါမင်းရဲ့ မိစ္ဆာလက်နက်ကိုပြန်ပေးမယ် ဒါပေမယ့် ကျန်းယန်ရဲ့လုံခြုံရေးကို အာမခံရမယ်”

“နားလည်ပြီ” ဂူဒူအာ ခပ်တည်တည်ပြန်ပြောလိုက်သည်။

သူ့အလံ သူ့ဆီရောက်သွားသည်နှင့် ကြောက်မက်ဖွယ်အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး ထိုအရှိန်အဝါက အရပ်မျက်နှာအနှံ့သို့ ပျံ့သွားကာ ပတ်ပတ်လည်ရှိ စည်းတံဆိပ်များပင် တုန်ခါသွားခဲ့ရ၏။

တားမြစ်နယ်မြေတစ်ခုလုံးကလည်း မိစ္ဆာနယ်မြေအဖြစ် ပြောင်းလဲသွားခဲ့ရသည်။ ထိုနယ်မြေတွင် မရေတွက်နိုင်သော မိစ္ဆာနှင့်နတ်ဘုရားပုံရိပ်ယောင်များက အမှောင်စွမ်းအင်များထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ကိုမော့ကြည့်၍ ဟိန်းဟောက်နေခဲ့ကြ၏။

All Chapters