ဘယ်လောက်ပဲဝေးဝေး ငါတို့တိုက်မယ်
Vol. 36 Ch. 372
ဂူဒူအာကိုလက်နက်ပြန်ပေးပြီးနောက် ချင်းယွင်ကျိ ကျန်းယန်ကို လေးလေးနက်နက်ပြောလိုက်လေသည်။
“မင်းသူတို့ကိုခေါ်သွားပြီး ကလဲ့စားသွားချေလို့ရပြီး တကယ်လို့ အန္တရာယ်တစ်ခုခုကြုံလာရင် ငါပေးထားတဲ့ အမှတ်အသားကို ဖျက်ဆီးလိုက် ငါမင်းကိုအနန္တလမ်းညွှန်ချက် သုံးပြီး ပြန်ခေါ်ပေးမယ်”
Translation note- ဖြစ်စဉ်အားလုံးအတွက် လမ်းညွန်ချက်ကို ဒီမှာ အနန္တလမ်းညွှန်ချက်လို့ သုံးလာလို့ ဒီအတိုင်းပဲဆက်သုံးပါတော့မယ်
မီရှန်ဂိုဏ်းသည် အလွန်ဝေးသောကြောင့်
ချင်းယွင်ကျိပင် သူ့စွမ်းအားသက်သက်ဖြင့် သူတို့ကို ပြန်ခေါ်နိုင်ဖို့ ယုံကြည်ချက် မရှိပေ။
ကျန်းယန် ခေါင်းငြိမ့်ပြလိုက်သည်။
“စိတ်မပူပါနဲ့ဆရာ မိစ္ဆာငါးယောက်က အရမ်းစွမ်းအားကြီးပါတယ် ပြီးတော့ ဂူဒူအာမှာလည်း လက်နက်ပြန်ရနေပြီပဲ ပိုသန်မာနေမှာ တကယ်လို့ ဒါကဂိုဏ်းကြီးတွေရဲ့ ထောင်ချောက်ဖြစ်နေရင်တောင် ကျွန်တော်တို့ အဆင်ပြေမှာပါ”
ထိုကိစ္စတွင် ဂိုဏ်းကြီးတစ်ဂိုဏ်းဂိုဏ်းပါ၀င်ပတ်သက်နေနိုင်သော်လည်း ဂိုဏ်းကြီး၃ခု အတူတူအလုပ်လုပ်လိမ့်မည်လို့တော့ သူမထင်ပေ။
ထို့နောက် ကျန်းယန်၀မ်လင်ကိုဆွဲကာ အဇူရာတိမ်မြို့ပေါ်ပျံတက်သွားခဲ့ပြီး အော်ပြောလိုက်၏။
“အဇူရာတိမ်မြို့ကလူတိုင်း အထူးသဖြင့် အခြားကုန်းမြေတိုက်ကြီးကကျင့်ကြံသူတွေ သေချာနားထောင်ပေးပါ
ကျုပ်လက်ထဲက လူသေက မီရှန်ဂိုဏ်းက တာအိုပေါင်းစည်းခြင်းအဆင့် အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ၀မ်လင်ပဲ မကြာသေးခင်က ဒီလူက ကျုပ်တို့ဂိုဏ်းရဲ့ ရတနာတွေကိုလိုချင်လို့ ကျူပ်တို့ဂိုဏ်းသား ၂၀၀၀ကျော်ကို တိုက်ခိုက် သတ်ဖြတ်ခဲ့တယ်
ကျုပ်တို့ အဇူရာတိမ်ဂိုဏ်းက အမြဲငြိမ်းချမ်းရေးကို တန်ဖိုးထားပါတယ် ဒါပေမယ့် အခြားသူတွေက ကျုပ်တို့ကို ခဏခဏ စော်ကားလာတဲ့အခါ ကျုပ်တို့ ဂုဏ်သိက္ခာကို ထိပါးလာတဲ့အခါ ပြီးတော့ ကျုပ်တို့တပည့်တွေကို သတ်ဖြတ်လာတဲ့အခါ ကျုပ်တို့က အလွယ်တကူ အလွတ်ပေးမှာ မဟုတ်ဘူး
မီရှန်တောင်က ပထမအဆင့်ဂိုဏ်းလေးသက်သက်ပဲ ဒီလိုပြစ်မှုမျိုးကို ကျူးလွန်ဖို့ သူတို့ဘယ်က သတ္တိတွေရလာသလဲ ကျုပ်တို့မသိဘူး ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျဆုံးသွားတဲ့ ကျုပ်တို့ဂိုဏ်းသားတွေရဲ့ ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ အလုံးစုံပျက်သုဉ်းခြင်းနဲ့ ပြန်ပေးဆပ်ရမယ်
ကျုပ်တို့ဂိုဏ်းသားတွေဟာ ဘယ်တော့မှပြဿနာမရှာတတ်ကြဘူး ဒါပေမယ့် အဲ့တာက ပြဿနာရှာရမှာ ကြောက်လို့မဟုတ်ဘူး
ကျုပ်တို့ကို တိုက်ခိုက်လာရဲတဲ့သူမှန်သမျှ ဘယ်သူပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျိန်းသေပေါက် သေဆုံးရမယ်
ဘယ်လောက်ပဲဝေးနေပါစေ ကျုပ်တို့ တိုက်ခိုက်မယ်”
ပြောပြီးသည့်နောက် သူ၀မ်လင်၏ခေါင်းကို ဆွဲဖြုတ်လိုက်လေသည်။
ထို့နောက် သူအော်ပြောလိုက်၏။
“၀မ်လင်ရဲ့ သွေးနဲ့ ဒီခရီးကိုစတင်မယ် ဒီခရီးမှာ ပါဝင်ဖို့ မိစ္ဆာအကြီးအကဲတွေကိုလည်း ဖိတ်ကြားအပ်ပါတယ်”
မိစ္ဆာငါးကောင် တားမြစ်နယ်မြေထဲမှ ထွက်လာခဲ့ပြီး သူ့ဘေးတွင် ချက်ချင်းပေါ်လာခဲ့ကြသည်။ ဂူဒူအာက သူ့အလံကို မြှောက်လိုက်သောအခါ ကြောက်မက်ဖွယ်သွေးအရိပ်များ ကောင်းကင်တွင် ပြည့်နှက်သွားခဲ့သည်။ ချက်ချင်းဆိုသလို သောင်းချီသော မိစ္ဆာများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
“အပေါ်တက်” ဂူဒူအာ အလွန်ကြီးမားသော မိစ္ဆာသားရဲကြီးတစ်ကောင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
ကျန်းယန် ထိုအကောင်ကြီးပေါ် တက်လိုက်ပြီးနောက် ဂူဒူအာသူ့အလံကို တစ်ချက်ဝေ့ယမ်းကာ သူ့ဦးဆောင်မှုနှင့် မီရှန်တောင်ဆီ စတင်ထွက်ခွာလာခဲ့ကြ၏။
အဇူရာတိမ်မြို့ရှိလူတိုင်း ငေးကြောင်နေခဲ့ကြသည်။
မြို့သူမြို့သားများက သူတို့ဂိုဏ်းသား ၂၀၀၀ကျော်ကို သတ်ဖြတ်ရဲသည့်သူ့ကို အံ့အားသင့်နေခဲ့၏။ ထိုသူသည် အမှန်တကယ်ပင် သေခြင်းတရားနှင့် ထိုက်တန်ပေသည်။
အခြားကုန်းမြေတိုက်ကြီးများမှ ကျင့်ကြံသူများကတော့ ကြောက်ရြွံမှုနှင့် တုန်လှုပ်မှုကိုရောပြွန်းခံစားနေခဲ့ကြရ၏။ အဇူရာတိမ်ဂိုဏ်းသည် ထိုမျှဆုံးရှုံးမှုလေးအတွက် တစ်ဂိုဏ်းလုံးကို ဖျက်ဆီးပစ်ဖို့ မိစ္ဆာများကိုပင် စေလွှတ်လိုက်သေးသည်။
ကြောက်စရာအကောင်းဆုံးအရာမှာ သူတို့သဘောထားသာ ဖြစ်၏။
ဘယ်လောက်ပဲဝေးဝေး ငါတို့ တိုက်ခိုက်မယ်!
ကုန်းမြေတိုက်ကြီးများကိုဖြတ်ရမည်ဆိုလျှင်တောင် သူတို့ မီရှန်တောင်ကို ဖျက်ဆီးပစ်ကြပေလိမ့်မည်။
ထိုအရာက ဂိုဏ်းများစွာကို ကျောချမ်းသွားစေခဲ့၏။အထူးသဖြင့် အဇူရာတိမ်ဂိုဏ်းကို ဆန့်ကျင်ဖို့ ကြိုးစားနေသော သူများ ဖြစ်သည်။
ထိုစဉ် အဇူရာတိမ်ဂိုဏ်း တည်းခိုခန်းများရှ်ိ ခြေသလုံးအိမ်တိုင်းကျင့်ကြံသူများ စိတ်အေးသွားခဲ့ကြ၏။ ယခုအခါ ဤနေရာသည် သူတို့အတွက် အလုံခြုံဆုံးနေရာဖြစ်မှန်း သူတို့သိသွားခဲ့ကြသည်။ စည်းမျဉ်းများကို လိုက်နေနေသ၍ သူတို့ကို ဤနေရာ၌ ဘယ်သူမှ ဘာမှလုပ်ရဲမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ဖြစ်သော ၀မ်လင်ပင် လူအများရှေ့၌ ခေါင်းဖြတ်ခံလိုက်ရခြင်းကြောင့် ဖြစ်၏။
ထို့အပြင် ပထမအဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော မီရှန်ဂိုဏ်းကလည်း ဖျက်ဆီးခံရပေတော့မည်။
အဇူရာတိမ်သတင်းစာတိုက်မှ လျူမင် ထိုအဖြစ်အပျက်ကို မြင်ပြီးနောက် လျင်မြန်စွာပင် နောက်ထွက်မည့် သတင်းစာထဲတွင် ထည့်ဖို့ သတင်းတစ်ပုဒ် စတင်ရေးသားလေတော့သည်။
ခေါင်းစည်းသတင်း: အဇူရာတိမ်ဂိုဏ်းကို စော်ကားရဲသူမှန်သမျှ ဘယ်လောက်ပဲဝေးဝေး ဖျက်ဆီးခံရမယ်!
ထိုစဉ် ဂိုဏ်းကြီးများမှ သံတမန်များ ချက်ချင်းထိုသတင်းကို ပြန်ပို့ရန် သူတို့ဂိုဏ်းများဆီ အလျင်အမြန် ပြန်ပြေးသွားခဲ့ကြ၏။
ထိုကိစ္စက ကိစ္စကြီးတစ်ခုပင်။
၀မ်လင်းဂိုဏ်းတွင် ကျိုးရွှမ်ရှန်း ချက်ချင်း သူ့ပလ္လင်မှ ထရပ်လိုက်ပြီး သူ့မျက်နှာက တင်းမာနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျိုးကျွင်းချန် ခန်းမထဲ အလောတကြီး ၀င်လာခဲ့၏။
“ဂိုဏ်းချုပ်”
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များဖြစ်သောကြောင့် ကြောက်မက်ဖွယ်အင်အားကြီးတစ်ခု သူတို့ကုန်းမြေတိုက်ကြီးဆီ ချဉ်းကပ်လာမှန်း သူတို့အာရုံခံမိခဲ့ကြသည်။
ကျိုးရွှမ်ရှန်း အဝေးကို စိုက်ကြည့်နေခဲ့၏။ ဂူဒူအာ၏ မိစ္ဆာစွမ်းအားကို သူအာရုံခံမိနေခဲ့ချေပြီ။
“ငါသွားမေးလိုက်မယ် ငါ့အပြန်ကိုစောင့်နေ”
သူကုန်းမြေတိုက်ကြီးအစွန်းတွင်ပေါ်လာခဲ့ပြီး အော်ပြောလိုက်၏။
“အဇူရာတိမ်ဂိုဏ်း မင်းတို့ နောက်ပဋိပက္ခတစ်ခု ထပ်ဖြစ်ချင်နေကြတာလား”
“စီနီယာ ကျေးဇူးပြုပြီး စောင့်ပါဦး” ကျန်းယန် ဂူဒူအာကို ပြောလိုက်သည်။
ဂူဒူအာမိစ္ဆာအလံကို တစ်ချက်ဝေ့ယမ်းလိုက်ရာ စစ်တပ်ကြီးက ရပ်တန့်သွားခဲ့၏။
ကျန်းယန် များစွာသောမိစ္ဆာမျးာရှေ့သို့ တက်ကာ အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။
“စီနီယာကျိုး ကျွန်တော်တို့က ၀မ်လင်းကုန်းမြေတိုက်ကြီးပေါ်က ဖြတ်ချင်ရုံပါ ကျွန်တော်တို့မှာ ၀မ်လင်းဂိုဏ်းကို တိုက်ခိုက်လိုစိတ် မရှိပါဘူး”
ကျိုးရွှမ်ရှန်း အနည်းငယ်စိတ်အေးသွားသော်လည်း သူ့အမူအရာက အေးစက်နေဆဲပင်။
“ဒါဆို မင်းဘာလုပ်နေတာလဲ”
ကျန်းယန် ၀မ်လင်၏ခေါင်းကို မြှောက်ပြလိုက်၏။
“ဒီမီရှန်တောင်ကလူက ကျွန်တော်တို့ဂိုဏ်းသား ၂ထောင်ကျော်ကို သတ်ဖြတ်ခဲ့တယ် ကျွန်တော်တို့က မီရှန်တောင်ကိုဖျက်ဆီးဖို့ သွားနေကြတာပါ စီနီယာကျိုးရဲ့ ကုန်းမြေတိုက်ကြီးပေါ်က ဖြတ်သန်းခွင့် တောင်းချင်ပါတယ်”
ကျိုးရွှမ်ရှန်း၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။ သူမီရှန်ဂိုဏ်းကို ကောင်းကောင်းသိပေသည်။
အဇူရာတိမ်ဂိုဏ်းသည် ထိုမျှဝေးသော အကွာအဝေးကိုဖြတ်ပြီးတောင် မီရှန်ဂိုဏ်းကို ဖျက်ဆီးချင်နေခြင်းပေလော။
ဘယ်လိုရူးသွပ်မှုက ၀မ်လင်းအား အဇူရာတိမ်ဂိုဏ်းကို သွားထိစေရဲခဲ့ပါသနည်းး။
“မီရှန်ဂိုဏ်းလွတ်မသွားစေဖို့ ကျွန်တော်တို့ အချိန်ဆွဲနေလို့ မဖြစ်ပါဘူး” ကျန်းယန် အေးအေးဆေးဆေးဆက်ပြောလိုက်၏။
“အမြန်နှုန်းက အရေးကြီးနေလို့ ကျေးဇူးပြုပြီးနားလည်ပေးပါ စီနီယာ”
ထို့နောက်သူမိစ္ဆာစစ်တပ်ထဲ ပြန်၀င်သွားခဲ့သည်။
ကျိုးရွှမ်ရှန်းကတော့ ဒေါသကြောင့် တုန်ရီနေခဲ့၏။ ဒီခွေးကောင်လေး….
ကြည့်ရသည်မှာ သူ့တွင် ဖြတ်သန်းသွားလာခွင့်ပြုလိုက်ဖို့ကလွဲ ရွေးစရာ မရှိတော့သည့်ပုံပင်။
တကယ်တော့ ဂူဒူအာက သူ့စစ်တပ်ကိုပင် စတင်ရွှေ့နေခဲ့ချေပြီ။
ဒေါသထွက်နေသော်လည်း ဤအချိန်စစ်ပွဲဖြစ်လျှင် ၀မ်လင်းဂိုဏ်းအများကြီး ဆုံးရှုံးရမည်ဖြစ်မှန်း ကျိုးရွှမ်ရှန်းသိသည်။ သူတို့သည် အလကားသက်သက် မီရှန်ဂိုဏ်းအစား ကြား၀င်ခံစားသွားပေလိမ့်မည်။
“ဒီတစ်ခေါက်ပဲ ရမယ်”
သူအေးစက်စက်ပြောပြီး ပျောက်ကွယ်သွားခဲ့၏။
နေနတ်ဘုရားခန်းမသို့ ပြန်ရောက်သောအခါ သူတင်းမာနေသော မျက်နှာထားဖြင့် အနီးရှိ ပလ္လင်လက်ကိုင်ကို ချေမွှပစ်လိုက်လေသည်။
“ဂိုဏ်းချုပ်…”ကျိုးကျွင်းချန် ဂရုတစိုက်မေးလိုက်၏။
“သူတို့မလာဘူးမလား”
“မီရှန်တောင်” ကျိုးရွှမ်ရှန်း အံကိုကြိတ်၍ ပြောလိုက်လေသည်။
ကျိုးကျွင်းချန် တုန်လှုပ်သွားခဲ့၏။
“သူတို့က မီရှန်ဂိုဏ်းဆီသွားနေတာလား အဲ့လောက်မိစ္ဆာတွေ အများကြီးနဲ့လေ”
ကျိုးရွှမ်ရှန်း ပြောလိုက်သည်။
“ချင်းယွင်ကျိက မိစ္ဆာလက်နက်ကိုတောင် ပြန်ပေးထားတယ် အဇူရာတိမ်ဂိုဏ်းက ပိုပိုပြီး အန္တရာယ်များလာပြီ”
အဇူရာတိမ်ဂိုဏ်းဘက်ကြည့်ကာ သူဒေါသနှင့်ဖိအားကို တစ်ပြိုင်တည်း ခံစားလိုက်ရ၏။
အဇူရာတိမ်ဂိုဏ်းသာ အခုလိုမျိုး သန်မာလာနေလျှင် သူတို့ဘယ်လိုရင်ဆိုင်ရပါတော့မည်နည်း။
အကယ်၍သူသာ အစစ်အမှန်အမတ ဖြစ်မလာခဲ့လျှင် သူ့တွင် အခွင့်အရေးတစ်ခုပင် ရှိလာတော့မည် မဟုတ်ပေ။