← Chapters

မီရှန်တောင်ကို တိုက်ခိုက်ခြင်း

Vol. 36 Ch. 373

မီရှန်တောင်ကို တိုက်ခိုက်ခြင်း

Vol. 36 Ch. 373

ကျန်းယန်နှင့်မိစ္ဆာငါးယောက်တို့ စစ်တပ်ကြီးကို ဦး‌‌ေဆာင်ရင်း ၀မ်လင်းဂိုဏ်းကိုဖြတ်ကာ မီရှန်တောင်ဆီ ချီတက်လာခဲ့ကြသည်။

မရေတွက်နိုင်သော ကျင့်ကြံသူများက သူတို့ခေါင်းပေါ်တွင် ပျံသန်းနေသော သောင်းချီသည့် စစ်သားများကိုကြည့်ရှုနေကြသော်လည်း သူတို့ကိုယ်ပေါ်က မိစ္ဆာစွမ်းအင်ကြောင့် ဘယ်သူမှ ဘာမှမပြောရဲကြပေ။

ထိုကြောက်စရာအင်အားစုမျိုးကို သူတို့အနာဂတ်တွင် ဘယ်လိုရင်ဆိုင်ရပါမည်နည်း။

ကျန်းယန် ထိပ်ဆုံးရှိ မိစ္ဆာစွမ်းအင်မှဖြစ်တည်လာသော ဧရာမသားရဲကြီးတစ်ကောင်ပေါ်တွင် ထိုင်နေခဲ့သည်။ ထိုကောင်ကြီးသည် တကယ့်သားရဲအစစ်တစ်ကောင်နှင့် ဘာမှမခြားပေ။

“စီနီယာ စစ်တပ်ကြီးကိုဒီလောက်အဝေးကြီးထိ ခေါ်လာရတာ စီနီယာ့စွမ်းအင်တွေ အများကြီးကုန်သွားမှာပဲ ဟုတ်တယ်မလား” ကျန်းယန် ဂူဒူအာကို မေးလိုက်၏။

ဂူဒူအာအလံကို အေးအေးဆေးဆေးဝေ့ယမ်းလိုက်ကာ “အဆင်ပြေပါတယ် သူတို့က အရေအတွက်များနေပေမယ့် ဖြစ်တည်မှုတစ်ခုတည်းလို့ ပြောလို့ရတယ် စွမ်းအင် နည်းနည်းကုန်ပေမယ့် ဒီလောက်ပမာဏက ငါ့အတွက် လျစ်လျူရှုထားလို့ရတယ်”

သူကျန်းယန်ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ကာ

“အဲ့တာက မင်းလိုချင်တာမဟုတ်ဘူးလား”

အဇူရာတိမ်ဂိုဏ်းသည် သူ့အာဏာကိုတည်ဆောက်ဖို့ လိုပေသည်။ အခုလို စစ်သည်သောင်းချီကိုဦးဆောင်ပြီး ချီတက်ခြင်းသာ ထိုအရာအတွက်သာ ဖြစ်၏။

ချင်းယွင်ကျိ သူ့ကို မိစ္ဆာလက်နက်ပြန်ပေးလိုက်ကတည်းက ဘာလုပ်ရမလဲ ဂူဒူအာ သိသွားခဲ့သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ” ကျန်းယန် ပြောလိုက်၏။

သူတိုခ့ရီးသွားနေရင်း ကျန်းယန် ဂူဒူအာထံမှ စွမ်းအားကြီးနည်းစနစ်များကို ဆက်လက်သင်ကြားနေခဲ့သည်။

အခြားမိစ္ဆာများကတော့ မသက်မသာခံစာ‌းနေခဲ့ကြရ၏။ အခုသူတို့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်မှ ထွက်ခွာလာပြီဖြစ်လေရာ သူတို့ ကျန်းယန်ကို မိစ္ဆာအရှင်အကြောင်း မေးသင့်ပါသလော။

သူတို့ ဂူဒူအာကိုသာ ခဏခဏကြည့်မိနေကြသော်လည်း ဂူဒူအာကတော့ ဘာတုန့်ပြန်မှုမှ မရှိခဲ့ပေ။ ဂူဒူအာက သူတို့ထဲတွင် ဉာဏ်အကောင်းဆုံးသူဖြစ်သောကြောင့် သူတို့ ဂူဒူအာကိုကျော်ပြီးလည်း ဘာမှမလုပ်လိုကြပေ။

ကျန်းယန်ကလည်း မိစ္ဆာမျိုးနွယ်များအကြောင်း ဆွေးနွေးခြင်းကို ရှောင်ရှားနေခဲ့ပြီး နည်းစနစ်များ သင်ကြားခြင်းတွင်သာ အာရုံစိုက်ထားခဲ့သည်။ မိစ္ဆာများကလည်း သူ့ကို ဆရာစားမချန် သင်ပေးခဲ့ကြ၏။

သူတို့အမြန်နှုန်းနှင်ပင် ၀မ်လင်းကုန်းမြေတိုက်ကြီးကိုဖြတ်ဖို့ နေ့၀က်ကြာသွားခဲ့သည်။

နောက်ဆုံးတွင် မီရှန်တောင်က သူတို့မြင်ကွင်းရှေ့သို့ရောက်ရှိလာခဲ့၏။

“ကျန်တာကို စီနီယာတို့လက်ထဲထည့်ထားလိုက်ပြီနော် စီနီယာတို့” ကျန်းယန် ခေါင်းစောင်းကြည့်ကာ ပြောလိူက်သည်။

ဂူ‌ဒူအာ အသာအယာပြုံးလိုက်၏။

“ဂူယန်မင်းကို ကာကွယ်ပေးလိမ့်မယ် မီရှန်တောင်ကိုတော့ ငါတို့ကိစ္စထား”

လက်တစ်ချက်ဝေ့ယမ်းလိုက်သည်နှင့် ကျန်းယန်သည် ဂူယန်၏ လက်ဝါးကြီးထဲ ရောက်သွားခဲ့ပြီး လုံခြုံသွားခဲ့သည်။

ဂူဒူအာ သူ့အလံကိုတစ်ချက်ဝေ့ယမ်းလိုက်လေရာ မိစ္ဆာစစ်သည်များကိုယ်ပေါ်တွင် ချပ်၀တ်များ ဖွဲ့တည်လာခဲ့၏။

နောက်တစ်ချက်ဝေ့ယမ်းလိုက်ရာ စစ်သည်အရေအတွက်ကလည်း တိုးလာခဲ့ပြန်သည်။

“ဒါက သံသွေးစစ်အလံပဲ” ဂူယန်အသံနက်ကြီးဖြင့် ရှင်းပြလိုက်၏။

“ဂူဒူအာက အဲ့ဒီလက်နက်ကို မိစ္ဆာလမ်းစဉ်ကိုသုံးပြီး သွန်းလုပ်ခဲ့တာ သူ့မှ စစ်ပွဲနိယာမ ၂၃ခုပါတယ်

နိယာမတစ်ခုချင်းစီတိုင်းက သူ့ကိုပိုသန်မာစေပြီးတော့ စစ်တပ်ကိုလည်း ပိုပြီး ကြမ်းတမ်းလာစေတယ်

တကယ်လို့ မင်းစစ်ပွဲနိယာမတွေကို နားလည်ချင်ရင် သေချာသာကြည့်နေ”

“ကျေးဇူးတင်ပါတယ်စီနီယာ” ကျန်းယန် ပြန်ပြောလိုက်လေသည်။

ဂူယန့်လက်ဖဝါးထဲတွင်ရပ်နေရခြင်းကြောင့် စစ်ပွဲတစ်ခုလုံးကို သူသေချာမြင်နေရပြီး အန္တရယ်လည်း ကင်းနေခဲ့၏။

နောက်ဆုံးတွင်တော့ သူတို့ မီရှန်တောင်ဆီ ရောက်လာခဲ့ကြသည်။

ဂူဒူအာ သူ့စစ်တပ်ကို အသင့်ပြင်ထားလိုက်ကာ မလောဘဲ အလံကိုဖြည်းဖြည်းချင်းသာ ဝေ့ယမ်းလိုက်၏။

ထိုအခါ စစ်ပွဲနိယာမ ၂၃ခုလုံးသည် စစ်သည်များနှင့်ပေါင်းစပ်သွားခဲ့လေသည်။

စစ်သည်များသည် အရင်ကထက်များစွာ ပိုကြီးလာသလို သူတို့စွမ်းအားများကလည်း ပိုမို ကြမ်းကြုတ်လာခဲ့ကြ၏။

သောင်းချီသောစစ်သည်များသည် မီရှန်တောင်ကို အရပ်မျက်နှာပေါင်းစုံမှ ဝိုင်းထားခဲ့ကြသည်။

ဂိုဏ်း၏ ကောင်းကင်ပေါ်မှာပင် မိစ္ဆာစစ်သည်များ မိစ္ဆာသားရဲများဖြင့် ပြည့်နှက်နေခဲ့၏။

ဘယ်သူမှ မီရှန်တောင်ပေါ်မှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ယခုအခါ ဂိုဏ်းတွင်လည်း အချက်ပေးသံများဖြင့် ညံနေခဲ့ချေပြီ။ ဂိုဏ်းကာ၀င်္ကပါကလည်း အပြည့်အ၀ အသက်၀င်လာခဲ့သည်။

“မင်းတို့က ဘယ်သူတွေလဲ ဘာလိုချင်လို့လဲ” ဒေါသထွက်နေသော်လည်း ကြောက်နေဟန်ရသော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့၏။

“စီနီယာ ကျွန်တော့်ကို သူတို့ဆီတစ်ခုခုပို့ခွင့်ပြုပါ” ကျန်းယန် ဂူယန့်ကိုပြောလိုက်သည်။

ဂူယန် သူ့ဧရာမလက်ကြီးကိုဆန့်တန်းကာ ကျန်းယန်ကို ၀င်္ကပါရှေ့သို့ ပို့ပေးလိုက်၏။

“မီရှန်တောင်ကလူတွေ မင်းတို့တွေ ဒီလူ့ကို မှတ်မိသင့်တယ်” ကျန်းယန် ၀မ်လင်၏ ခေါင်းနှင့်ခန္ဓာကို ၀င်္ကပါပေါ်သို့ ပစ်ချလိုက်လေသည်။

“အကြီးအကဲ ၀မ်လင်”

အော်ဟစ်ငိုကြွေးသံများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

“ကောင်းတယ် မင်းတို့သူကိုမှတ်မိသားပဲ” ကျန်းယန် အေးစက်စက်ပြောလိုက်လေသည်။

“၀မ်လင်က အဇူရာတိမ်ဂိုဏ်းသား ၂၀၀၀ကျော်ကို သတ်ခဲ့တယ် ဒီနေ့ မီရှန်ဂိုဏ်းက အဲ့ဒီသွေးကြွေးကို သွေးနဲ့ ပြန်ပေးဆပ်ရမယ်”

“ခဏနေပါဦး” အဖိုးကြီးတစ်ယောက် သူတို့ရှေ့တွင်ပေါ်လာကာ အော်ပြောလိုက်၏။

“မင်းက ကျန်းယန်ပဲဖြစ်ရမယ် ငါက မူချန်းရှန်ပါ လက်ရှိ မီရှန်ဂိုဏ်း ဂိုဏ်းချုပ်ပေါ့ ငါတို့ ၀မ်လင်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ပါဘူး

သူ့ကြောင့် ငါတို့တစ်ဂိုဏ်းလုံးကို အပြစ်တင်တာက အကျိုးအကြောင်းညီညွတ်မနေဘူး ကျေးဇူးပြုပြီး ငါတို့ကို ‌စုံစမ်းခွင့်လေးပေးပါ ငါတို့တွေအဇူရာတိမ်ဂိုဏ်းကျေနပ်ရလောက်မယ့် ဖြေရှင်းချက်တစ်ခု ပေးပါ့မယ်”

ကျန်းယန် လှောင်ရယ်ရယ်လိုက်သည်။

“သူ့ကို မင်းတို့ဂိုဏ်းကပျိုးထောင်ခဲ့တာ မင်းတို့အရင်းအမြစ်တွေနဲ့ လေ့ကျင့်ပေးခဲ့တာ ပြီးတော့ မင်းတို့မျက်စိအောက်မှာပဲ တာအိုပေါင်းစည်းခြင်းအဆင့်ကိုရောက်လာခဲ့တာ ဒါတောင် အခုကျ မင်းတို့နဲ့မဆိုင်ဘူးတဲ့လား

သူကမင်းတို့ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပဲ သူ့လုပ်ရပ်တွေကို မင်းတို့ဘာမှမသိဘူးလို့ ပြောရဲရသလား

မင်းတို့ကိုယ်မင်းတို့ မှားယွင်းစွပ်စွဲခံရတယ်လို့ ထင်နေရင် ငါတို့ ဂိုဏ်းသား ၂ထောင်ကျော်ကရော

ဒါကမင်းရဲ့ရပ်တည်ချက်ဆိုမှတော့ မီရှန်တောင်က ကျိန်းသေပေါက် ပျက်ဆီးရမယ်

စီနီယာဂူဒူအာရွှေအမြုတေအဆင့်အထက် တပည့်တွေအားလုံးကို သတ်ပစ်လိုက်ပါ တစ်ယောက်မှမချန်နဲ့ အဲ့ဒီအောက်က တပည့်တွေကိုကတော့ သူတို့ကိုထိန်းချုပ်လို့မရရင် သတ်သာပစ်လိုက်”

ပြောပြီးသည့်နောက် ဂူယန်က ကျန်းယန်ကို ပြန်ခေါ်သွားခဲ့သည်။

ဂူဒူအာ အလံကိုမီရှန်တောင်ဆီ ညွှန်ပြလိုက်၏။

ထိုအခါ မိစ္ဆာစစ်တပ်ကြီးက ၀င်္ကပါကို ဖျက်ဆီးကြလေတော့သည်။

အထဲတွင် မူချန်းရှန်၏မျက်နှာ ဖြူဖျော့နေခဲ့၏။

“လူတိုင်းပဲ အားကုန်သုံးပြီးကာကွယ်ကြ မဟုတ်ရင် ငါတို့အားလုံး သေရလိမ့်မယ်”

ဂိုဏ်းတစ်ဂိုဏ်းလုံးသည် စွမ်းအားအကုန်လုံးကို ၀င်္ကပါထဲ လောင်းထည့်ကာ ခုခံ‌လေတော့သည်။

ဂူဒူအာကတော့ ခပ်အေးအေးပင် သူ့အလံကို ဖြည်းဖြည်းချင်း ဝေ့ယမ်းနေခဲ့၏။

စစ်သည်များသည် တစ်လှိုင်းပြီးတစ်လှိုင်းပြောင်းလဲသွားနေပြီး ၀င်္ကပါကြောင့် သူတို့ချေမွခံလိုက်ရလျှင်တောင် ပြန်ဖွဲ့တည်ပြီး ပြန်တိုက်ခိုက်နေခဲ့ကြသည်။

ထိုတိုက်ပွဲအဟုန်က အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားခဲ့၏။

မကြာခင်တွင် ကွေ့ယွမ်ဘုရားကျောင်းနှင့် မြင့်မြတ်ဝိညာဉ်ဂိုဏ်းလည်း သတိထားမိသွားခဲ့သည်။

နှစ်ဖက်လုံးက ချက်ချင်းဆိုစလို စုံစမ်းစစ်ဆေးရန် လူများ ပို့ခဲ့ကြ၏။

များစွာသောမိစ္ဆာများက မီရှန်တောင်ကို တိုက်ခိုက်နေသည်အားမြင်လိုက်ရသောအခါ သူတို့ ပင့်သက်ရှိုက်သွားပြီး ချက်ချင်း ဂိုဏ်းဆီသတင်းပြန်သွားပို့ခဲ့ကြသည်။

အဇူရာတိမ်ဂိုဏ်းကသတင်းက သူတို့ဆီမရောက်သေးသောကြောင့် ဘာတွေဖြစ်နေလဲ သူတို့မသိသေးပေ။

သို့သော် အားလုံးက ထိုမိစ္ဆာများသည် အဇူရာတိမ်ဂိုဏ်းအမိန့်အောက်တွင်ရှိနေသော မိစ္ဆာများဆိုတာကိုတော့ သိရှိကြ၏။

ဂိုဏ်းကြီးနှစ်ဂိုဏ်းလုံး ချက်ချင်းဆိုသလို ထိုကိစ္စအကြောင်းဆွေးနွေးရန် စုဝေးလိုက်ကြလေသည်။

သူတို့သိချင်သည်က တစ်ခုတည်းပင်။

အဇူရာတိမ်ဂိုဏ်းသည် ဘာတွေလုပ်နေပါသနည်း။

All Chapters