မြေအောက်ကမ္ဘာမိစ္ဆာနယ်မြေ
Vol. 36 Ch. 375
မီရှန်တောင်ခန်းမထဲတွင် ဂိုဏ်းသားများအားလုံး ပြတ်သားသော အမူအရာများကို ပြသထားခဲ့ကြသည်။
ထို့နောက် သူတို့တစ်ယောက်ချင်းစီ၏တာအိုစွမ်းအားများအားလုံးကို မူချန်းရှန်ဆီ ပို့လွှတ်လိုက်ကြ၏။
မူချန်းရှန်က တာအိုပိုင်နက်ကို ထုတ်လွှတ်လိုက်ပြီး သူတို့စွမ်းအားများကို ထိုပိုင်နက်ထဲ ပေါင်းထည့်လိုက်ကြသည်။
သူတို့တစ်ယောက်ချင်းစီတိုင်းသည် တာအိုကိုတည်ဆောက်ထားကြပြီးသူများ ဖြစ်ကြ၏။ အခုလိုလုပ်ရပ်မှာ သူတို့အသက်များကို စတေးပြီး မူချန်းရှန်၏တာအိုပြီးပြည့်စုံသွားအောင် လုပ်ပေးသော လုပ်ရပ်မျိုး ဖြစ်ပေသည်။
ထိုသို့လုပ်၍ ရခြင်းမှာ မူချန်းရှန်၏ တာအိုလမ်းစဉ်က ပေါင်းစပ်ခြင်းလမ်းစဉ်ဖြစ်သောကြောင့်ဖြစ်ပြီး သူသည် အခြားသူများ၏စွမ်းအားကို စုပ်ယူကာ သူ့ကိုယ်သူ သာမန်လာအောင် လုပ်နိုင်၏။
သူတို့ပေါင်းစပ်ခွန်အားကိုသုံးပြီး မူချန်းရှန် သူ့ကိုယ်သူ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဆီ တွန်းပို့နေခဲ့သည်။
ထို့နောက် သူအဆင့်ချိုးဖြတ်လိုက်သည်နှင့် ကောင်းကင်က တုန့်ပြန်လာခဲ့၏။
ကောင်းကင်မိုးကြိုးကပ်ဘေး စတင်ကျဆင်းလာခဲ့လေသည်။
သူတို့တာအိုများကိုလွှဲပြောင်းပေးလိုက်ရသော်လည်း ထိုအကြီးအကဲများ မသေကြသေးပေ။ မိုးကြိုးကပ်ဘေးကိုမြင်မှသာ နောက်ဆုံးတွင် သူတို့စိတ်ချလက်ချ သေဆုံးသွားနိုင်ခဲ့ကြ၏။
နောက်ဆုံးတွင် မီရှန်တောင်က ဝိုင်းထားခံရပြီးဖြစ်ပြီး သူတို့တွင်တတ်နိုင်တာမရှိတော့ပေ။ အခုလို ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်မွေးထုတ်ပြီး ဂိုဏ်း၏အမွေအနှစ်မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းကသာ သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်သည်။
မိုးကြိုးများပေါ်ပေါက်လာသည်နှင့် တိုက်ခိုက်နေသောဂူဒူအာ အသာအယာပြုံးလိုက်၏။
“စိတ်၀င်စားစရာပဲ”
သူချက်ချင်းမိစ္ဆာစစ်သည်များအားလုံးကို ပြန်ဆုတ်စေပြီး ကျူးကျော်မှုကို ရပ်တန့်လိုက်ကာ မူချန်းရှန်ကို ကပ်ဘေးဖြတ်ကျော်ခွင့် ပေးလိုက်သည်။
ထို့နောက် ကျန်းယန်ဘေးတွင်ပေါ်လာပြီး ပြောလိုက်၏။
“မင်းမှာ ပစ္စည်းတွေကိုသန့်စင်နိုင်တဲ့ရတနာရှိတယ်မလား အသင့်ပြင်ထား”
ကျန်းယန် အမတသန့်စင်အမွှေးတိုင်အိုးကို ထုတ်လိုက်လေသည်။
“ဒီတစ်ခုလား”
“အတိအကျပဲ” ဂူဒူအာ မီရှန်တောင်ကိုစိုက်ကြည့်နေခဲ့၏။
“ငါဖြည်းဖြည်းချင်း တိုက်ခိုက်နေတာက တစ်ခုခုမှားနေမှန်း သတိထားမိလို့ပဲ ဒီလိုအားနည်းတဲ့ဂိုဏ်းလေးတစ်ဂိုဏ်းက အဇူရာတိမ်ဂိုဏ်းကို အပြစ်ပြုရဲတာက အဓိပ္ပာယ်မရှိလှဘူး
အစကတော့ သူတို့နောက်ကွယ်မှာ ဂိုဏ်းကြီးတစ်ဂိုဏ်းဂိူဏ်းရှိမယ် ထင်ခဲ့တာ
အခုတော့ ဘာငါးကြီးကြီးမှပေါ်မလာခဲ့ဘူး ဒါပေမယ့်လည်း ကန်ထဲမှာ နဂါးတစ်ကောင်ရှိနေတယ်”
ကျန်းယန်ချက်ချင်းနားလည်သွားခဲ့သည်။ ဤမိစ္ဆာအရှင်က သူထင်ထားတာထက်ပိုပြီး တွက်ချက်တတ်ပုံပင်။
သို့သော် အဘယ်ကြောင့် ထိုသူသည် ငါးဖမ်းဖို့ကြိုးစားနေရပါသနည်း။
ဂူဒူအာသူ့ကိုတစ်ချက်ကြည့်လိုက်ကာ
“မင်းက မိစ္ဆာနတ်ဘုရားတီးတိုးရေရွတ်သံ ပညာကိုကျင့်ကြံတယ်ဆိုတော့ မြေအောက်ကမ္ဘာမိစ္ဆာနတ်ဘုရားပညာကိုလည်း သိတယ်မလား”
ကျန်းယန် တိတ်တဆိတ်ခေါင်းငြိမ့်ပြလိုက်၏။
ထိုမိစ္ဆာက သိလွန်းလှသည်။
ဂူဒူအာ ဆက်ပြော၏။
“မိစ္ဆာနတ်ဘုရားတီးတိုးရေရွတ်သံက မြေအောက်ကမ္ဘာနတ်ဘုရားပညာရပ်ရဲ့ အပိုင်းသုံးထဲက ကြောက်စရာ ပညာတစ်ခုပဲ
ဖန်ဆင်းခြင်းခန်းမကို မင်းရောက်ပြီးပြီဆိုတော့ မင်းပညာရပ်တစ်ခုလုံးကို အမွေဆက်ခံပြီးပြီလို့ ငါထင်တယ်
ငါက နာမည်အစစ် အသုံးပြုတဲ့နည်းလမ်းကိုလည်းသိတယ် အဲ့တာက အပိုင်း ၇ ကပဲ”
“အဲ့တော့” ကျန်းယန် မေးလိုက်သည်။
ဂူဒူအာ မျက်ခုံးကိုပင့်လိုက်ကာ
“အဲ့တော့ အပိုင်း၂ကို ပြင်ထားလိုက်တော့ ဒီနေ့ သေဆုံးမှုတွေအများကြီးရှိမှာ အဲ့ဒီပညာကိုကျင့်ဖို့ အကောင်းဆုံးအချိန်ပဲ
ပြီးတော့ ငါတို့ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ကိုသာ အမဲလိုက်နိုင်ခဲ့ရင် မင်း အပိုင်း ၁ ကိုတောင် ဖွင့်နိုင်လောက်တယ်
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် တစ်ယောက်လောက်ဆို လုံလောက်လောက်မှာပါ
မင်းအဲ့ဒီပညာတွေကို အမွေဆက်ခံထားနိုင်ပေမယ့် လေ့ကျင့်ဖို့တော့ မဖြစ်နိုင်လောက်ဘူး
အခု မင်းလေ့ကျင့်လို့ရပြီ”
ကျန်းယန် တိတ်ဆိတ်သွားခဲ့သည်။
မြေအောက်ကမ္ဘာမိစ္ဆာပညာရပ်၏ ဒုတိယအပိုင်းကို မိစ္ဆာအားလုံးဧ။်ဦးညွှတ်မှု ဟုခေါ်ဆို၏။
ပထမပိုင်းကိုတော့ မြေအောက်ကမ္ဘာမိစ္ဆာနယ်မြေဟု ခေါ်ဆိုပေသည်။
ထိုအပိုင်း ၉ပိုင်းလုံးကို တတ်မြောက်သွားလျှင် ထိုသူသည် မြေအောက်ကမ္ဘာမိစ္ဆာနတ်ဘုရား၏ အနှစ်သာရကို ဖော်ထုတ်နိုင်ပေလိမ့်မည်။
အပိုင်း ၂ ကိုထားဦး အပိုင်း၁ကပင် အလွန်ခက်ခဲသောပညာဖြစ်သောကြောင့် ၉ပိုင်းလုံးကိုတတ်မြောက်ဖို့က မဖြစ်နိုင်သလောက်ပင်။
အခုတော့ သူ့ရှေ့က မိစ္ဆာက သူ့ကိုရိုးရှင်းစွာပင် လေ့ကျင့်ခွင့်ပေးနေခြင်းပေလော။
အတန်ကြာတိတ်ဆိတ်နေပြီးနောက် ကျန်းယန် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“စီနီယာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ဖမ်းမိရင် ကျွန်တော့်လက်ထဲသာ အရင်အပ်လိုက်ပါ ဘာဆက်လုပ်မလဲဆိုတာ ကျွန်တော်ပဲ ဆုံးဖြတ်မယ်”
“ကောင်းပြီ” ဂူဒူအာ မထူးခြားဟန်ဖြင့် ပြန်ပြောလိုက်သည်။
သူ့အတွက် ကျန်းယန်ကို အခုလိုကြောက်စရာကျင့်စဉ်မျိုး ကျင့်ကြံဖို့ ကူညီရခြင်းသည် ဘာမှမထူးခြားသလိုပင်။
သူ့အမူအရာက ခပ်အေးအေးသာ။
သူတို့ဘေးက ဂူယန်ကတော့ စိတ်ရှုပ်နေခဲ့သည်။ သူတို့ဘာတွေ ပြောနေပါသနည်း။ မြေအောက်ကမ္ဘာမိစ္ဆာနတ်ဘုရားပညာရပ်ဆိုတာကရော ဘာဖြစ်နိုင်ပါသနည်း။ သူမသိပေ။
ထိုစဉ် ဂူချမ်း ဂူဟွမ်နှင့်ဂူမေ့ယင်တို့ ကျန်းယန်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ရှုနေခဲ့၏။
ထိုပညာရပ်က ဘာလဲဆိုတာ သူတို့သိမှန်း ထင်ရှားနေခဲ့သည်။
ထိုအခိုက်တွင် မီရှန်ဂိုဏ်းထဲ၌ မိုးကြိုးကပ်ဘေးကြီးတစ်ခု စတင်နေခဲ့ချေပြီ။
မိုးကြိုး ၇ချက်မြောက်တွင် ဂိုဏ်းကာ ၀င်္ကပါက ပျက်ဆီးသွားခဲ့၏။
လက်ကျန် မိုးကြိုး အချက် ၂၀က မူချန်းရှန်၏ ကိုယ်ပေါ် တစ်ချက်ချင်း ကျရောက်နေခဲ့သည်။
သူ သူ့ခွန်အားအကုန်သုံးပြီး ခုခံနေသော်လည်း ထိုမိုးကြိုးကပ်ဘေးမှ ပျံ့လာသောအားလှိုင်းများက မီရှန်တောင်ပေါ်က တပည့်များအားလုံးကို သေဆုံးသွားစေခဲ့၏။
ထိုအရာသည် မိုးကြိုးကပ်ဘေးဖြတ်ပြီး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များပင် မခုခံနိုင်သောအရာ ဖြစ်သည်။ သာမန်ကျင့်ကြံသူများက မည်သို့ တောင့်ခံနိုင်ပါမည်နည်း။
ဝိညာဉ်အခြေတည်အဆင့် ရွေအမြုတေအတင့် အခြေခံတည်ဆောက်ခြင်းအဆင့်များအားလုံး ချက်ချင်းဆိုသလို ပြာမှုန်အဖြစ် ပြောင်းလဲသွားခဲ့ရသည်။
မရေတွက်နိုင်သောတပည့်များက ကြောက်လန့်တကြားအော်ဟစ်ပြေးလွှားနေခဲ့ကြရ၏။
သို့သော် ဂူဒူအာ၏စစ်တပ်က သူတို့မလွတ်မြောက်အောင် တားဆီးထားခဲ့သည်။
ထို့ကြောင့် အားလုံးသည် မိုးကြိုးများအောက်တွင် သေဆုံးသွားခဲ့ရ၏။
အဆုံးသတ်တွင်တော့ မူချန်းရှန်ကလွဲပြီး ဘယ်သူမှ အသက်ရှင်မကျန်ရစ်တော့ပေ။
မီရှန်တောင်ကို ဖျက်ဆီးသူမှာ အဇူရာတိမ်ဂိုဏ်းမဟုတ်ခဲ့ပေ။ ထိုအစား မူချန်းရှန်ကိုယ်တိုင်က သူ့ဂိုဏ်းသူ ပြန်ဖျက်ဆီးခဲ့မိသလို ဖြစ်သွားခဲ့လေသည်။
ထိုစဉ် ၀မ်လင်းဂိုဏ်း ကွေ့ယွမ်ဘုရားကျောင်းနှင့် မြင့်မြတ်ဝိညာဉ်ဂိုဏ်းမှလူများ ကပ်ဘေးကို အာရုံခံမိလိုက်ကြပြီး သူတို့အမူအရာများ မည်းမှောင်သွားခဲ့၏။
နောက်ထပ်ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်သည် မီရှန်တောင်မှ ထွက်ပေါ်လာတော့မည်လော။
ချက်ချင်းဆိုသလို သူတို့စိတ်ထဲအတွေးပေါင်းစုံ ဖြတ်သန်းသွားခဲ့သည်။
၀မ်လင်းဂိုဏ်းရှိ ကျိုးရွှမ်ရှန်း၏ မျက်လုံးများ အရောင်လက်သွားခဲ့၏။ အကယ်၍ မူချန်းရှန်သာ မိစ္ဆာများကိုခုခံနိုင်ခဲ့လျှင် သူတို့ မူချန်းရှန်နှင့်ပူးပေါင်းပြီး မိစ္ဆာများကို ၀င်သတ်သင့်မသင့် သူတွက်ချက်နေခဲ့၏။
အကယ်၍ မိစ္ဆာများသာ အသတ်ခံလိုက်ရလျှင် အဇူရာတိမ်ဂိုဏ်း၏ ခွန်အားက သိသိသာသာ ကျဆင်းသွားပေလိမ့်မည်။
ထို့အပြင် အဇူရာတိမ်ဂိုဏ်းနောက်ကွယ်က အဓိကသော့ချက်ဖြစ်သော ကျန်းယန်ကိုလည်း သတ်ဖြတ်နိုင်ပေဦးမည်။
သူ့အတွေးထဲ ဖြစ်နိုင်ချေများစွာကို တွက်ချက်နေခဲ့သည်။
ကွေ့ယွမ်ဘုရားကျောင်းနှင့်မြင့်မြတ်ဝိညာဉ်ဂိုဏ်းကလည်း အကျိုးအပြစ်များကို ချိန်ဆနေခဲ့၏။
အားလုံး၏ အစီအစဉ်များကြားက အဓိကသော့ချက်ဖြစ်သော မူချန်းရှန်ကတော့ သူ့ဂိုဏ်းတစ်ဂိုဏ်းလုံးကို စတေးပြီး ၂၇ချက်သော မိုးကြိုးကပ်ဘေးကို ခုခံနေခဲ့သည်။
ထို့နောက်သူကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေသည်။
ဂူဒူအာကျန်းယန်ကိုတစ်ချက်ကြည့်ကာ အေးအေးဆေးဆေးပြောလိုက်၏။
“ကောင်းတယ် သူ့တာအိုပြီးပြည့်စုံသွားပြီ ငါလှုပ်ရှားရမယ့် အချိန်ရောက်ပြီ”