အခန်း (၃၉၁-၃၉၃)
Vol. 27 Ch. 391-393
အခန်း 391
“ပျော်ရွှင်စရာ နှစ်သစ်ပါ”
“ဟားဟား မင်းရဲ့မိသားစုက ဒီနေ့ ကောင်းကင်ပြာတိရစ္ဆာန်ရုံကို သွားတာပဲလား”
“ဟုတ်တယ်လေ မနေ့ညက တိရစ္ဆာန်ရုံကို သွားမယ်ချည်းပြောနေကြတာ ငါတို့ရဲ့ ချင်တုက ကောင်းကင်ပြာတိရစ္ဆာန်ရုံနဲ့ ယှဉ်နိုင်မဲ့ နေရာမှ မရှိတာ”
“ဟုတ်တယ် ဟုတ်တယ်။ တရုတ်နှစ်သစ်ကူးအတောအတွင်းမှာ တိရစ္ဆာန်လေးတွေနဲ့အတူတူ ညစာစားနိုင်တဲ့ အစီအစဉ်မျိုးရှိတယ်ဆိုပဲ။ ငါတောင်မှ သွားပြီး ပါဝင်ဆင်နွှဲရမယ်။ ဒီအခွင့်အရေးက အရမ်းကို ရှားပါးတယ်လေ”
မနက် ၈ နာရီ မတိုင်ခင် ကောင်းကင်ပြာတိရစ္ဆာန်ရုံ၏ ဝင်ပေါက်က လူများ အုံနေသည်။ လူတိုင်းကလည်း အချင်းချင်း တီးတိုးကာ ကိုယ်စီကိုယ်စီ စကားပြောနေကြသည်။
“အဖေ ဒီလူက ဘယ်သူတွေလဲ”
ကလေးလေးက အဝေးမှ ကလေးတစ်အုပ်ကို လက်ညိုးထိုးပြရင်း စိတ်ရှုပ်ထွေးစွာ မေးသည်။
“သူတို့က နှစ်သစ်ကူး အတောအတွင်းမှာ ဘာလို့ အဝတ်အစားအသစ်တွေ မဝတ်ထားကြတာလဲ။ အရမ်းကို ညစ်ပတ်တာပဲ”
“ရှုး အဲလို လျှောက်မပြောရဘူး”
အသက်လတ်ပိုင်းလူက သားဖြစ်သူ၏ အကြည့်ကို လိုက်ကြည့်လိုက်သောအခါ အဝေးမှ ကြောက်လန့်တကြား ဖြစ်နေသည့် ကလေးများကို မြင်လိုက်ရပြီး မျက်မှောင် အသာကြုတ်သည်။ ကလေးများက ညစ်ပတ်သော မျက်နှာမျိုးနှင့် ဖြစ်သည်။ ကလေးအများစု နားရွက်များက နီနေသည်။ သိသာစွာပင် အစာအာဟာရ ပြတ်လတ်မှု လက္ခဏာဖြစ်နေသေးသည်။ ကလေးနှစ်ယောက်၏ လက်ချောင်းနှစ်ချောင်းက ယောင်နေ၏။ နှင်းကိုက်ခြင်း ဖြစ်လောက်သည်။ သို့ရာတွင် ထိုကလေးများက အလွန်လိမ္မာသည်။ ဘေးဘက်တွင်သာ တိတ်တဆိတ် ရပ်နေကြပြီး ကိုယ့်ခြေထောက်ကိုယ်သာ ငုံ့ကြည့်နေကြသည်။
“ဒီကလေးတွေ ဘယ်ကလာတာလဲ။ မျက်မှန်နဲ့ လူက ခေါ်လာတာ ထင်တယ်”
“ဒီလိုကလေးမျိုးတွေ မြင်ရတာ ရင်နာဖို့ကောင်းလိုက်တာ။ အပြင်က ဒီလောက်ထိ အေးနေတာ သူတို့ ဝတ်ထားတာ နည်းနည်းလေး။ ဘာလို့ သူတို့ မိဘတွေ မတွေ့ရတာလဲ”
“လူအများစုက ဂျက်ကတ်တွေကို ၀တ်ထားကြတုန်းပဲ။ သူတို့မှာ သုညအောက်အထိ အပူချိန်တက်နေကြတာလေ။ သူတို့ရဲ့ခြေထောက်ခံနိုင်လို့လား”
ထူးဆန်းသောကလေးတစ်အုပ်က လူတိုင်း၏အာရုံကို ဆွဲဆောင်လွန်းသည်။ လူတိုင်းကလည်း သနားသောအမူအရာမျိုးဖြင့် ကြည့်ကြသည်။
“အဖေ သား..........”
ကောင်လေးက အရင်ဦးဆုံး ဖခင်ဖြစ်သူကို မော့ကြည့်သည်။ ထို့နောက် သူ၏နောက်ဆုံးပေါ်လက်အိတ်ကိုကိုင်ပြီး နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်သည်။
“ဟို ဟို ဟိုကောင်မလေးကလေး လက်ကို ဆက်တိုက်ပွတ်နေတာ အရမ်းအေးလို့များလား”
“အဖေ သား ဒီလက်အိတ် ပေးလိုက်ရမလား”
“သား မအေးပါဘူး၊အဖေ ကျေးဇူးပြုပြီးသူမကို ပေးလိုက်ရအောင်၊ ဟုတ်ပြီလား”
“ကောင်းပြီ”
သူ၏ငါးနှစ်အရွယ်သာ ရှိသေးသော ကလေးဆန်လွန်သည့်အသံနှင့် သားဖြစ်သူကို ငုံ့ကြည့်လိုက်ရင်း အသက်လတ်ပိုင်းလူကြီးက စိတ်အေးစွာ ပြုံးသည်။ ထို့နောက် တဖြည်းဖြည်းချင်း စောင့်ကြောင့် ထိုင်လိုက်ကာ သားဖြစ်သူ၏မျက်နှာလေးကို ကိုင်၍ပြုံးရင်းပြောသည်။
391 02
“ရတာပေါ့၊အဖေ သားကို ပေးထားတဲ့ပစ္စည်းတွေကို သားဘယ်သူကို ပေးပေးရတယ်။ အခုလို သူများကို ကူညီတာဆို ပိုတောင်ရသေးတယ်။ ”
“သားက အရမ်းသိတတ်တာပဲ”
“ဘာလို့ ကိုယ်တိုင်ကိုယ်ကျ သွားမပေးတာလဲ”
“ကောင်းပြီ”
ကလေးလေးက လက်အိတ်ကို ချွတ်ပြီးနောက် အနောက်သို့ ပြန်လှည့်၍ ရင်ကို ကော့၍ သွားသည်။
“အာ အစ်မကြီး ဒါ နင့်အတွက်”
“ အရမ်းနွေးတာပဲ”
“စမ်းကြည့်”
“မင်းအတွက်”
“ကောင်းပြီ”
ကောင်လေးက ထိုကောင်မလေး၏ လက်ထဲသို့ လက်ဆောင် ပေးကာ နီရဲသော မျက်နှာဖြင့် အနောက်လှည့်ပြီး ပြန်ပြေးလာသည်။
“............”
“ဆရာ “
“ငါ သူ့ကို သွားပြန်ပေးလိုက်မယ်”
သံချုန်းက သူမ၏လက်ထဲမှ နုနယ်သောဂွမ်းလက်အိတ်လေးကို ကြည့်လိုက်ပြီး အပေါ်တွင် ထိုးထာသော တိရစ္ဆာန်ပုံစံသေးသေးလေးနှစ်ခုကို သူမသည် ထိုတိရစ္ဆာန်ကို မှတ်မိသည်။ ဒါဟာ သူတို့ကြည့်ရတော့မည့် ပန်ဒါကြီးဖြစ်သည်။ သိုရာတွင် သူမ၏အ၀တ်စားနှင့် သူမ၏မဲတူးသောလက်ကို ကြည့်လိုက်ပြီးနောက် ရှက်ရွံစွာခေါင်းငုံ့လိုက်မိသည်။
လက်အိတ်က သန့်ရှင်းလွန်းသည်။ ပြတင်းပေါက်မှတစ်ဆင့် မြင်နေကြဂါ၀န်များကဲ့သို့ ဖြစ်သည်။ သူမ ၀တ်နိုင်သော အရာမျိုး မဟုတ်ပါပေ။
သူမ ၀တ်ဆင်ထားသော အ၀တ်အစားများက သူမအတွက် အသစ်ဆုံးများဖြစ်သည်။ သို့သော် အရှေ့ မှ လူတစ်အုပ်နှင့် နှိုင်းယှဉ်သော သူတို့က .......
ထိုအခိုက်အတန့်တွင် သူမ၏ မျက်၀န်းအတွင်း မျက်ရည်များ ပြည့်နှက် လာသည်။ သူတို့ကသာ အစောပိုင်းကတည်းက သိထားခဲ့မည်ဆိုလျှင် ဆရာဖြစ်သူ၏ အနောက်မှ လိုက်ကာ တောင်တန်းထဲမှ ထွက်ပြီး တိရစ္ဆာန်များကို လာမကြည့်ဖြစ်လောက်ပေ။
ဒါပေမဲ့
သူမသည်လည်း ဖတ်စာအုပ်ထဲတွင် ထည့်ပြောထားသော တိရစ္ဆာန်များကို အမှန်တကယ် ကြည့်လိုပြီး
“ယူထားလိုက်ပါ”
ပိုင်ကျွင်းကလည်း အရှေ့မှ ကလေးမလေး စိတ်မကောင်း ဖြစ်ပုံကိုမြင်သည်။ သို့သော် အခု ကောင်လေးကလည်း မကောင်းသော ရည်ရွယ်ချက်ကြောင့် မဟုတ်ပါပေ။
“ရတယ် မကြောက်နဲ့။ သူတို့ ငါတို့ကို ရယ်နေတာမဟုတ်ဘူး”
“ဒါအပြင် ငါတို့က တိရစ္ဆာန်တွေကို ကြည့်ပြီး ထွက်သွားမှာလေ။ မကြောက်ပါနဲ့”
“ဒါပေမဲ့ သူတို့ အားလုံးက လိမ္မာတဲ့ ကလေးတွေပါ”
သူ့၏ ကျောင်းသားများက ခေါင်းကို နက်ရှိုင်းစွာ ငုံ့ထားပြီး စိတ်မကောင်းဖြစ်နေတာကို မြင်သောအခါ ပိုင်ကျွင်းကလည်း ကလေးများ၏ ခေါင်းကိုပုတ်၍ ညင်သာစွာ နှစ်သိမ့်ပေးသည်။ သူတို့ လာသော နေရာက အလွန်ဆင်းရဲသည်။ သူသည် သူ၏ လခ နည်းနည်းကို ရနိုင်သမျှ စုစည်းပြီး အကောင်းဆုံး အမှတ်ရသော ကျောင်းသားများကို ခေါ်ကာ တိရစ္ဆာန်များကို လာပြ ပေးခြင်းဖြစ်သည်။ သို့သော် ......
သူသည် ကြိုတင် မတွေးခဲ့မိပေ။ ကလေးများ၏ စိတ်ဓာတ်က အလွန်အမင် ဖျော့တော့ လွန်းသည်။ သူတို့၏ ကိုယ်ပေါ်မှ အ၀တ်အစား များကြောင့်ပင် ထိုကလေးများက ......
391 03
“ဒါဆို ကောင်းပြီ မကြည့်နဲ့တော့”
“တစ်ဖက်ကိုလှည့် သူတို့ကို မကြည့်နဲ့တော့”
“တိရစ္ဆာန်ရုံ ဖွင့်မဲ့ အချိန်ကို ကြည့်”
မိဘများကလည်း သူတို့၏ ကလေးများကို တစ်ဖက်ကို လှည့်စေကာ မကြည့်ခိုင်းတော့ပေ။ သူတို့သည်လည်း ထိုကလေးများက အလွန်ဆင်းရဲသောနေရာမှ လာကြောင်း မြင်နိုင်သည်။ ထိုကြောင့် သူတို့သည် အလွန်.... နှိမ့်ကျနေတယ်လို့ ခံစားရ လောက်သည်။ ကလေး အများစုသည် ခေါင်းကိုပင် ငုံ့ပြီး ငိုနေကြလောက်သည်။ လူတိုင်းကလည်း စိတ်မကောင်း ဖြစ်သွားပြီး ခပ်မြန်မြန် အကြည့်လွှဲကြ၏။
“အဖေ ဘာလို့ အဲဒီ အစ်မက မ၀တ်တာလဲ”
ကောင်လေးက ပိုင်ကျွင်းကို လှမ်းကြည့်သည်။ သူမ၏ လက်ထဲတွင် လက်အိတ်ကို ကိုင်ထားပေသည်။
မ၀တ်ထားသော ကြောင့် နှုတ်ခမ်းဆူ၍ မေးသည်။
“ငါရဲ့ လက်အိတ်က ကြည့်မကောင်းလို့လား”
“မဟုတ်ဘူး”
အသက်လတ်ပိုင်းလူက အသက်ကို ပြင်းပြင်းရှု၍ သားဖြစ်သူကို ငုံ့ချီလိုက်ကာ ဘေးဘက်သို့ လျှောက်သွား၏။
“အခုက အဲဒီလောက် မအေးဘူးလေ။ ခဏနေ ၀တ်လိမ့်မယ်”
“ဆရာ”
သံချုန်းကလည်း လက်ချောင်းများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး သူမ၏ လက်မှ နှင်းကိုက်သည့် ဒဏ်ရာများကပေ ကွဲအက်လာသည်။
ထို့နောက် သွေးများ ပန်းထွက် လာသည်။
“ငါဘာလို့ တံခါးနားမှာ မစောင့်နေရမှာလဲ၊ ငါမ၀င်တော့ဘူး”
အချိန်တွေ ကြာအောင် တွေးတော ပြီးနောက် သံချုန်းသည် ပိုင်ကျွင်း၏ ရှေ့တွင် ရပ်ကာ ရှက်ရွံ့သလို ပြောသည်။
“လူတစ်ယောက် လျော့၀င်တယ် ဆိုရင်လည်း ဆရာအတွက် ပိုက်ဆံ အများကြီး ကုန်ကျသက်သာ သွားမှာပဲ။ ငါတို့ ကျောင်းပြန်စတဲ့ အချိန်တွင် ဆရာ အလုပ် ပြင်းပြင်းထန်ထန် ကြိုးစားနေစရာ မလိုတော့ဘူး”
“ဆရာ ငါလည်း မ၀င်တော့ဘူးလေ”
“ဟုတ်တယ် ဟုတ်တယ်။ ငါလည်း မ၀င်တော့ဘူး ငါတံခါးကပဲ လှမ်းကြည့်မယ်”
“ငါတို့လည်း.....”
ပိုင်ကျွင်းသည်လည်း အရှေ့မှ သိတတ်လွန်းသော ကလေးတစ်အုပ်ကိုကြည့်ပြီး တော်တော်လေး မသက်မသာ ဖြစ်လာသည်။ သူတို့သည်လည်း သူတို့၏ကိုယ်ပိုင်ခံယူချက်နှင့် ပတ်သက်ပြီး အကြောင်းပြချက်များ ရှိသော်လည်း သူကိုယ်တိုင်ကမူ ဘ၀က ကြမ်းတမ်းလွန်းသော ကြောင့်ဟု ယုံကြည်သည်။
“ဟား ဟား မလိုပါဘူး ဆရာက ဒီအတွက် ပြင်ဆင်ထားပြီးသား”
“အားလုံးသွား”
“ရတယ် ရတယ် ငါတို့ ဒါကို အားလုံး သဘောတူထားပြီးသား မဟုတ်ဘူးလား
စစ်ဆေးမူမှာ အမှတ်ပြည့်ရတဲ့အခါ ဆရာက မင်းတို့ကို တိရစ္ဆာန်တွေကို ကြည့်ဖို့ ခေါ်သွားပေးမယ် ဆိုတာလေ “
“အား”
ထိုအချိန်တွင် ရောင်စုံငှက်အမွှေးနှင့် ကြက်တူရွေး တစ်ကောင်က တိရစ္ဆာန်ရုံ၏ ၀င်ပေါက် ခြံစည်းရိုးပေါ်တွင် ရပ်ပြီး
အသံကို ဟစ်ကာ လူတိုင်းကို လှမ်းအော်သည်။
“တံခါးက ဖွင့်တော့မယ်။ အားလုံးပဲ လက်မှတ်၀ယ်ဖို့ တန်းစီ”
“ဒီနေ့ တိရစ္ဆာန်ရုံထဲမှာ အတူမျှဝေ ထမင်းစားဆိုတဲ့အစီအစဉ် ရှိတယ်။ မင်းတို့တွေ မျှော်လင့်စောင့်စားနေကြပြီမှတ်လား”
“ဘာကိုစောင့်နေတာလဲ မြန်မြန်သွားကြည့်လေ”
******
392 01
အခန်း 392
“ငါတို့မှာ ကလေးနှစ်ယောက်နဲ့ လူကြီးတစ်ယောက်ပါ”
ပိုင်ကျွင်းက ပြတင်းပေါက်ကောင်တာတွင် ရပ်ပြီး အတွင်းကို ခပ်တိုးတိုး ပြောသည်။
“ဒါဆိုရင် လူတစ်ယောက်စာအတွက်ပဲ လက်မှတ်ဝယ်လိုက်လေ”
ကောင်းယွဲ့က တစ်ချက်မော့ကြည့်ပြီးနောက် ကလေးများ ဝတ်စားထားသည့် အဝတ်အစားများကို မြင်ကာ အမူအရာက နည်းနည်း မှင်သက်သွားသည်။ ဒီနေ့က နှစ်သစ်ကူးနေ့ ဖြစ်သည်။ ဒါကို ဘယ်လိုဖြစ်ပြီး ဒီကလေးတွေ…
သူတို့သည် ခပ်ပါးပါး အဝတ်အစားများကို ဝတ်ဆင်ထားရုံသာမကသေးလေဘဲ ကလေးအများစုသည် နားများတွင် နှင်းကိုက်ရာများ ရှိနေသည်။ သူတို့သည် ထိုအမျိုးသားနောက်သို့ ကြောက်ရွံ့စွာ လိုက်လာကြ၏။ ထိုကြောင့် သူက လက်မှတ်ကို ပေး၍ ညင်သာစွာ ပြုံးလိုက်သည်။
“ကောင်းကင်ပြာ တိရစ္ဆာန်ရုံကလေ အသက် ၁၀ နှစ်အောက် ကလေးတွေအတွက် အလကား ဝင်ခွင့်ရှိတယ်။ နောက်ပြီး ဒီနေ့ နေ့လယ်မှာဆိုရင်လည်း တိရစ္ဆာန်တွေနဲ့အတူ ထမင်းစားခွင့်ဆိုတဲ့ အစီအစဉ်တစ်ခု ရှိသေးတယ်။ မြက်ခင်းပြင်ရဲ့ ဗဟိုနားကိုသာ သွားပြီး စောင့်နေလိုက်နော်”
“ကျေးဇူးတင်ပါတယ်”
ပိုင်ကျွင်းက လက်မှတ်ကိုယူပြီး ကလေးများအား အတွင်းသို့ တဖြည်းဖြည်းချင်းစီ ခေါ်လာသည်။ ထိုအခိုက်အတန့်တွင် တိရစ္ဆာန်ရုံက ခရီးသွားများ ပြည့်နှက်နေသည်။
“ဒီမှာ အရမ်း နွေးတာပဲ”
တန်ချန်းက အတွင်းသို့ ဝင်လာပြီးသည်နှင့် သူမ၏လက်က မအေးတော့ချေ။ ထိုကြောင့် ခပ်တိုးတိုး ရေရွတ်သည်။ သူမက မော့ကြည့်လိုက်သောအခါ မြက်ခင်းပြင်ပေါ်တွင် တိရစ္ဆာန်များနှင့် ကစားနေသော ကလေးတစ်အုပ်ကို မြင်ရသည်။
“သွားကြည့်ရအောင်”
ပိုင်ကျွင်းက ပြုံးရယ်ပြီး တိရစ္ဆာန်ရုံထဲမှ အခြေအနေကို တစ်ချက်ကြည့်ကာ ကလေးများကို ဦးဆောင် ခေါ်လာသည်။
“ဒီလူတွေ …”
ငှက်တောက တိရစ္ဆာန်ရုံ၏ ဝင်ပေါက်နားတွင် ရပ်နေရင်း ထိုထူးဆန်းသော ကလေးများကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး ရေရွတ်သည်။
ဘယ်လိုပဲ ကြည့်ကြည့် ပုံမှန် မဟုတ်ဘူး။
တခြားသော ကလေးများ ဝင်လာသောအခါ သူတို့သည်လည်း မြက်ခင်းဘက်သို့ ခပ်မြန်မြန် ပြေးသွားစဉ် ထိုကလေးများက လူ၏အနောက်ဘက်တွင်သာ လိုက်ပြီး ကြောက်ရွံ့နေပုံပေါ်သည်။
သူမြင်နိုင်တယ်။
ဒီကလေးတွေကလည်း အပြေးသွားပြီး အဲဒီတိရစ္ဆာန်တွေကို ထိချင်တာ ဒါပေမဲ့ သူတို့ရဲ့လက်တွေကို မရေမတွက်နိုင်အောင် မြှောက်ထားပေမဲ့ ပြန်ကျသွားတယ်။
ထိုအကြောင်းအရာကို တွေးမိတဲ့ ငှက်တောကလည်း ရုံးခန်းဘက်သို့ လှည့်ပျံသွားသည်။
ဒါက ဒါရိုက်တာဆုပိုင် ပြောဖူးတယ်။ အထူးဌာနက လူတွေ ထင်တယ်။
သူတို့၏ တိရစ္ဆာန်ရုံတွင် ဒုက္ခိတများ သို့မဟုတ် နေမကောင်းသောသူများကို အထူးတလည် ပြင်ပြရမည့် စနစ်ရှိသည်။ ဒါဟာ ထိုလူများအတွက် အထူးဂရုစိုက်မှုမျိုး ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့သည် တခြားသော ကလေးများနှင့် ကစားသည့် တိရစ္ဆာန်များအတိုင်း ပုံမှန်အတိုင်း ကစား၍ မရချေ။
သိပ်မကြာခင် ဆုပိုင်ကလည်း ရုံးခန်းထဲမှ ထွက်လာသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အဝတ်အဟောင်းများ ဝတ်ထားသော ကလေးများကို မြင်ရသည်။ သို့သော် ထိုအချိန်တွင် ကလေးတစ်ယောက်ချင်းစီတိုင်းက သူတို့၏အနောက်ဘက် ကျောပိုးအိတ်ထဲမှ အဖြူရောင် စက္ကူတစ်စစီကို ထုတ်ကာ နံဘေးရှိ ကျောက်သားထိုင်ခုံလေးပေါ်တွင် ဖြန်း၍ တစ်စုံတစ်ရာကို ဂရုတစိုက် ရွေးစမ်းနေသည်။
392 02
ဆုပိုင်သည် အနားသို့ လျှောက်သွားလိုက်သည်။
“ငါ ပန်ဒါကြီးကို ဆွဲမယ်လေ။ ငါက အကောင်းဆုံးပုံဆွဲတတ်တာ။ မင်းတို့ တခြားဟာ ဆွဲ”
“ဒါဆိုရင်တော့ ငါက ဆရာပြောဖူးတဲ့ ဟာလီအကြောင်း ဆွဲရမယ်”
“အွန်း ဒါဆိုရင်တော့ ငါက တစ်ယောက်ယောက်ပုံ ဆွဲမယ်”
တန်ချန်းက အဝေးရှိ နေရောင်အောက်တွင် နေပူဆာလှုံနေသော အလက်စကားကို ကြည့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်ကာ အနားသို့ တစ်လှမ်းချင်းစီ လျှောက်သွားသည်။
ဆုပိုင်က နံရံနားတွင် မှီပြီး ဟာလီကို တစ်ချက်ကြည့်သည်။ သူမက တစ်စုံတစ်ရာကို ရေဆွဲနေကြောင်းလည်း မြင်ရသည်။
“ကြည့်ရတာ ဆင်းရဲတဲ့ မိသားစုက ကလေးတွေ ဖြစ်မယ်။…”
သူဟာ သက်ပြင်းချပြီးနောက် နောက်လှည့်ကာ ထွက်လာခဲ့လိုက်သည်။ ရုတ်တရက် ဟာလီပုံဆွဲနေသော ကောင်မလေးက ငိုနေကြောင်း မြင်လိုက်ရသည်။ သူဟာ မျက်မှောင်ကြုတ်၍ အနားသို့ တစ်လှမ်းချင်းစီ ကပ်သွားသည်။ သူမ၏နောက်ဘက်တွင် ရပ်လိုက်ပြီးနောက် သူမက သူမ၏နှင်းကိုက်ရာများ ပြည့်နှက်နေသော လက်သေးသေးလေးဖြင့် နေပူဆာလှုံနေသော ဟာလီ၏ပုံအား ရေဆွဲနေသည်အား မြင်ရသည်။
“ငါ တိရစ္ဆာန်ရုံကို ထပ်ပြီး လာရမှာ မဟုတ်ဘူး။ ငါ သူတို့အားလုံးရဲ့ ပုံကို ဆွဲသွားမယ်။ … ဆရာကသာ ငါတို့ကို ဘယ်တော့မှ မထားခဲ့ရင် ကောင်းမှာပဲ”
ထိုကောင်မလေးက တစ်စုံတစ်ရာကို ပြောပြီး ငိုသည်။ မကြာခဏဆိုသလို လက်ကို ဆန့်ထုတ်ကာ မျက်ရည်ကို သုတ်၍ ငိုသေးသည်။
“ဘာလို့ ငိုနေတာလဲ”
ဆုပိုင်က ညင်သာစွာ မေးသည်။
“မင်း ဟာလီရဲ့အနားကို သွားပြီး ဆွဲလို့ ရတယ်လေ။ သူက မင်းကို မကိုက်ဘူး”
“အာ”
“ငါတောင်းပန်ပါတယ်။ ငါတောင်းပန်ပါတယ်။ ငါ …”
တန်ချန်းက ရုတ်တရက် အနောက်ဘက်မှလာသော အသံကို ကြားလိုက်ရပြီး လက်ထဲမှ စာရွက်ကလည်း အောက်သို့ လွှင့်သွားသည်။
“ငါ.. ငါ အဲဒီကို မသွားနိုင်ဘူး။ သူတို့က အရမ်းသန့်ရှင်းတာ။ ငါက …”
“ဟားဟား ရပါတယ်။ မင်းလည်း သန့်ရှင်းတာပဲ”
ဆုပိုင်က သူ၏အရှေ့မှ စိုးရိမ်စိတ်များနေသော ကလေးမလေးကို ကြည့်ပြီး အဝေးမှ ဟာလီကို လက်ရမ်းပြသည်။
“ဝုတ်”
လှမ်းမြင်လိုက်သည့် ဟာလီကလည်း အော်ရင်း အပြေးလာသည်။
သူ၏ အနောက်ဘက်မှ သေးငယ်နေသေးသော အလက်စကာလေးများကလည်း ယိုင်တိုင်ယိုင်တိုင်နှင့် အပြေးလိုက်လာကြသည်။
“ဒီမှာ ထိကြည့်လို့ရတယ်”
ဆုပိုင်က မြေပြင်တွင် ဆောင့်ကြောင့် ထိုင်လိုက်ပြီး ထိုကလေးမလေး၏ လက်ကို ယူကာ ဟာလီ၏ခေါင်းပေါ်တင်ပေးသည်။
“အား ငါ မရည်ရွယ်ပါဘူး”
သို့ရာတွင် ကလေးမလေး၏လက်ထဲမှ နှင်းကိုက်ဒဏ်ရာမှ သွေးက စိမ့်ထွက်ကာ ဟာလီ၏ ခေါင်းပေါ်သို့ ကျသည်။
တန်ချန်းက လက်ကို ခပ်မြန်မြန် ရွပ်ပြီး စိတ်မကောင်း ဖြစ်သွားပုံပေါ်သည်။
“ငါ.. ငါ.. ငါရဲ့လက်မှာ နှင်းကိုက်ရာတွေ ရှိတယ်။ သွေး.. သွေးတွေ ပေကုန်လိမ့်မယ်”
392 03
“အင်း ခဏစောင့်”
ဆုပိုင်က သူ၏အရှေ့မှ ကလေးမလေးရဲ့ နီရဲကာ ယောင်ကိုင်းနေသော လက်များကို ကြည့်လိုက်ပြီး သူ၏နှလုံးသားက တင်းကြပ်သွားသည်။ ဒီနေ့ခေတ် တရုတ်တွင် ထိုကဲ့သို့ ဆင်းရဲလွန်းသော လူမျိုး မရှိသင့်တော့ပေ။ ဆုပိုင်သည်လည်း ယနေ့ခေတ် တရုတ်နိုင်ငံ၏ လုံခြုံရေး အကျိုးအမြတ်များကို ကောင်းကောင်းနားလည်သည်။
ဒါပေမဲ့ …
အရှေ့မှ ကလေးမလေးက အသက် ၇ နှစ်ပင် မရှိသေးပေ။ တစ်ဖက်မှ ကလေးများကလည်း ခပ်ပါးပါး အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ သူတို့၏ လက်များ၊ နားများက နှင်းကိုက်ရာများ အပြည့်နှင့် ဖြစ်သည်။ ဒါတွေ အားလုံးက စစ်မှန်၏။
ထိုမျှအတိုင်းအတာအထိ နှင်းကိုက်ရာ ရရှိအလိုငှာ တစ်ကြိမ်နှစ်ကြိမ်မက ဖြစ်ခဲ့လောက်ခြင်းဖြစ်သည်။ ထိုအတိုက်အခိုက်ဖြစ်နေပါက ဆောင်းတွင်းတိုင်းလိုလို ဒုက္ခရောက်ပေလိမ့်မည်။
သူဟာ ရုံးခန်းထဲသို့ ဝင်ပြီး ဆေးဘူးကို ထုတ်သည်။ ထိုနောက် ပြန်ထွက်လာ၏။ ထိုနေရာတွင် ကလေးမလေးကို မမြင်ရတော့ပေ။
“သူ ဘယ်ရောက်သွားလဲ”
“အိုး”
“သူတို့သွားပြီထင်တယ်”
ဆုပိုင်က ဆေးဘူးကို အလျင်အမြန်ယူကာ တိရစ္ဆာန်ရုံဝင်ပေါက်ဘက်သို့ သွားသည်။
“ဆရာ ငါတို့ သွားရအောင်”
“ငါတို့ ပုံဆွဲလို့ ပြီးပြီ။ ငါတို့ ပြန်သွားပြီး တခြားကလေးတွေကို ပြလို့ရတယ်။ သူတို့ ငါတို့ကို စောင့်နေမှာ”
“ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့ တိရစ္ဆာန်တွေကို မြင်ပြီးပြီလေ။ ငါတို့ ပြန်တာ အရမ်းနောက်ကျသွားရင် ကားမရဘဲ နေလိမ့်မယ်”
ပိုင်ကျွင်းက ကလေးတစ်အုပ်ကိုကြည့်ပြီး သက်ပြင်းချသည်။
“သွားရအောင်”
“ဆရာက ဒီနေ့ လက်မှတ်တစ်စောင်စာပဲ ပေးထားတာ။ ကျန်တဲ့ ပိုက်ဆံနဲ့ နေ့လယ်စာ ဝယ်ကျွေးမယ်”
ထိုသို့ ပြောပြီးသည့်နှင့် သူဟာ ကလေးတစ်အုပ်ကို ခေါ်ကာ တံခါးအပြင်ဘက်သို့ ထွက်သည်။
“စားဖို့ မလိုပါဘူး။ ဒီအတိုင်း မုန့်ပဲ ဝယ်ပြီး ပြန်ရအောင်။ သူတို့ တစ်နေ့လုံးဆာနေမှာ”
တန်ချန်းက ပိုင်ကျွင်း၏ လက်ကို ခို၍ ခပ်တိုးတိုးပြောသည်။
“ဆရာ ငါတို့… ငါတို့ ဗိုက်မဆာပါဘူး။ ပြန်ရအောင်။ ပိုက်ဆံတွေအားလုံးကို ဆရာက အများကြီး ကြိုးစားအားထုတ်ပြီး ရှာထားရတာလေ”
“ဟ မစိုးရိမ်ပါနဲ့ ဆရာက ဘာမှ မဖြစ်ဘူး”
ပိုင်ကျွင်းက သူမ၏ ခေါင်းကို အသာပုတ်၍ ခေါင်းအသာ ညိတ်သည်။
“ဒါဆိုလည်း ပြန်ရအောင်”
“ဒီပိုက်ဆံကို စားစရာတွေ ဝယ်ဖို့ သုံးလိုက်မယ်။ အဲဒီနောက် ဒီနေ့ ငါတို့ ကောင်းကောင်းစားလို့ ရပြီ”
ထိုကလေးများကလည်း အလွန်သိတတ်သည်။ သူတို့သည် ငယ်ရွယ်စဉ်ကတည်းက မိဘမဲ့ဂေဟာတွင်သာ ရှင်သန်ကြီးပြင်းလာခဲ့သည်။ သို့ရာတွင် ထိုမိဘမဲ့ဂေဟာက ဝေးကွာလွန်းသည်။ သူဟာ နှစ်တိုင်းလိုလို ပိုက်ဆံများရသည့်တိုင်အောင် ကလေးများ လုံလောက်အောင် စားစရာရှိရန် မသေချာချေ။ ဝတ်ရုံများအပြည့်ဖြင့် ကျောင်းသို့ သွားရန် မသေချာပါပေ။ ထိုကလေးများအားလုံးက ထိုအခြေအနေကို နားလည်ပုံရသည်။ ထိုကြောင့် အလွန် လိမ္မာကြသည်။
ဒါပေမဲ့ သူ ဒီကလေးတွေ အားလုံးကို မွေးနိုင်ပါ့မလား မသေချာဘူး။
392 04
သူတို့က ထွက်သွားတော့မည်အချိန်တွင် အနောက်ဘက်မှ လူငယ်တစ်ယောက်က အပြေးအလွှားလာသည်။
ဆုပိုင်က အမောတကော အသက်ရှုသည်။
“ဘာလို့ ဝင်လာပြီးပြီးချင်း ပြန်ထွက်သွားတာလဲ။ အခုမှ ၁၁ နာရီပဲ ရှိသေးတာ”
“နောက်ပြီး ကလေးတွေရဲ့လက်မှာ နှင်းကိုက်ဒဏ်ရာတွေနဲ့ ငါဒီမှာ ဆေးယူလာတယ်။ သူတို့ကို လိမ်းပေးရမယ်”
“အိုး ငါ့ကိုယ်ငါ့ မိတ်ဆက်ပေးပါ့ရစေအုန်း။ ငါက ဒီကောင်းကင်ပြာတိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာ ဆုပိုင်ပါ။ ကောင်းကင်ပြာတိရစ္ဆာန်ရုံကနေ ကြိုဆိုပါတယ်”
“ဟယ်လို”
ဆုပိုင်၏ ရိုးသားသော လေသံကို ကြားလိုက်ရရုံဖြင့် ပိုင်ကျွင်းက အနည်းငယ် မှင်သက်သွားသည်။ ထိုနောက် အနားမှ ကလေးများကို ကြည့်သည်။ ကလေးများအားလုံးက တိရစ္ဆာန်ရုံကို တွန့်ဆုတ်စွာ ကြည့်နေတာ မြင်ရ၏။ သူတို့သည် ကောင်းကောင်း ဖုံးကွယ်ထားသောငှာ ထိုကလေးများနှင့်အတူ နေ့ရောညပါ အတူ ရှိနေသူဖြစ်သည့်တိုင် တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်သည်။
“ဟုတ်ကဲ့ ဒါရိုက်တာ ဆုပိုင်ကိုပဲ ဒုက္ခပေးရတော့မယ်”
“လာ လာ လာ”
“ပြန်ဝင်လာခဲ့။ လာ။ ကလေးတွေကို အရင်ဦးဆုံး ဒဏ်ရာတွေကို ဆေးထည့်ပေးရအောင်”
ဆုပိုင်က အားလုံးကို ပြန်လည် ဖိတ်ခေါ်သည်။ ကျိုးဝမ်နှင့် သူသည်လည်း ကလေးများ၏ ဒဏ်ရာကို ဆေးသေချာထည့်ပေးသည်။
++++++ 393 01
အခန်း 393
“ဒီကလေးတွေအားလုံးက မိဘမဲ့တွေ ထင်တယ်”
ဆေးလိမ်းပေးပြီးသည့်နှင့် နံဘေးတွင်ရပ်နေသော ကျိုးဝမ်က ရုတ်တရက် ပြောလိုက်သည်။ ဆုပိုင်က ရပ်တန့်သွားသည်။
“ငါလည်း သိတယ်။ ငါ ငယ်ငယ်တုန်းက ဒီလိုမျိုးပဲလေ။ တခြားသူတွေနဲ့ စကားပြောရမှာကို ကြောက်တာ။ ငါရဲ့စိတ်ဓာတ်ကလည်း မမာဘူး။ ငါက ငကြောက်လေးလိုပဲ ဖြစ်ခဲ့တာ”
ကျိုးဝမ်က တိတ်ဆိတ်၍ အတူရပ်နေသော ကလေးများကို ကြည့်ပြီး အက်ကွဲသော အသံနှင့် ပြောသည်။
“ငါတို့လေ့ကျင့်ရေးစခန်းမှာ ရှင်သန်ဖို့ လိုအပ်ပေမဲ့လည်း ကလေးတိုင်းနီးပါးက သူတို့လိုပဲ ကြောက်တတ်ကြတယ်။ တခြားလူတွေနဲ့ မဆက်သွယ်နိုင်ကြဘူး”
“ဟာလီ”
“သွား တပိုင်နဲ့ တခြားသူတွေကို သွားခေါ်လိုက်”
ဆုပိုင်က ဟာလီကို ညွှန်ကြားချက် ပေးပြီးသည့်နှင့် အရှေ့မှ အသက်လတ်ပိုင်းလူ၏ အနားသို့ လျှောက်သွားသည်။
“အာ ကျေးဇူးပြုပြီး သူတို့နဲ့ သွားကစားချင်ကြလား”
ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် သူသည် ထိုကလေးတစ်အုပ်ကို ဘေးဘက်သို့ တွန်းဖယ်ကာ တိရစ္ဆာန်များနှင့် ကစားခိုင်းလိုက်သည်။
ဆုပိုင်က ထိုလူကြီးအနားတွင် ထိုင်ရင်း …
“ကောင်းပြီ”
ဆုပိုင်က ဘာမှ မပြောရသေးခင် ပိုင်ကျွင်းက အရင် သက်ပြင်းချကာ လေးနက်သော လေသံနှင့် ပြောသည်။
“မင်းလည်း ဒီကလေးတွေက ဘာလို့ ဒီလိုဖြစ်နေလဲလို့ သိချင်မှာပဲ”
“ငါတို့က ရှမ်းတုက။ ဒီကလေးတွေအားလုံးက ငယ်ငယ်ကတည်းက မိဘမဲ့ဂေဟာမှာ ရှင်သန်နေထိုင်လာခဲ့ကြတဲ့ မိဘမဲ့တွေ။ ငါက သူတို့ရဲ့ ဆရာပေါ့”
“ငါတို့အနေနဲ့ ဒီကို လာဖို့ မလွယ်ခဲ့ဘူး။ ငါတို့ မနေ့ညက ထွက်လာတာ။ ဒီနေရာကို ရောက်ဖို့ တစ်ညလုံး ရထားစီးလာရတာ”
“ဒါပေမဲ့ ဒီကလေးတွေကလည်း ငယ်ငယ်ကတည်းက မိဘတွေကို ဆုံးရှုံးထားရတာ။ တစ်ယောက်ချင်းစီတိုင်းက အငုံ့စိတ်ရှိကြတယ်။ ဒါပေမဲ့ သူတို့က ကလေးကောင်းတွေပါ”
“အစိုးရရဲ့ ထောက်ပံ့ကြေးငွေ ရပေမဲ့လည်း ဒီကလေးတွေအားလုံး တခြားသူတွေ နည်းတူ ပုံမှန်ဘဝမှာ နေထိုင်ဖို့ ခက်ခဲတယ်။ သူတို့ရဲ့ ဆရာအနေနဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်ရမယ်”
“ငါ မင်းကို အများကြီး ပြောမိတာတော့ တောင်းပန်ပါတယ်။ ဒါပေမဲ့ ငါတို့ တကယ်ကို သွားသင့်ပြီ။ ဒီထက် နောက်ကျသွားရင် ရထားလွဲတော့မှာ”
ထိုသို့ပြောနေရင်းမှ ပိုင်ကျွင်းက ထရပ်သည်။
“မင်းက အကူအညီလက်ခံခဲ့ရင်ရော ဘယ်လိုဖြစ်မလဲ”
ဆုပိုင်က မျက်မှောင်ကြုတ်ရင်း ပြောသည်။
“ဟားဟား အသုံးမဝင်ဘူး”
ပိုင်ကျွင်းက ခါးသီးစွာ ပြုံးပြီး လက်ကို ရမ်းပြသည်။
“နှုတ်ဆက်ပါတယ်”
393 02
တိရစ္ဆာန်ရုံ၏ အဝတွင် ရပ်နေပြီး ထိုသူမှ ထွက်သွားသည့်အား ကြည့်နေသည့် ဆုပိုင်က သက်ပြင်းကို ချသည်။
သူသည်လည်း ထိုအမျိုးသားက သူ့ကို အများကြီး ပြောခဲ့သလို အကူအညီကို လက်ခံလိုသည်ဟု ထင်ထားသည်။ သို့သော် ဆုပိုင်က မည်သို့ပင် ဖျောင်းဖျဖျောင်းဖျ ထိုလူက ငြင်းသည်။ သူတို့၏ မိဘမဲ့ဂေဟာနာမည်ကိုပင် ထည့်မပြောသွားပေ။ ထိုအခြေအနေက ဆုပိုင်ကို အလွန် ပဟေဠိ ဖြစ်စေသည်။
သို့ရာတွင် ထိုအမျိုးသားက ဒီနေ့ တိရစ္ဆာန်ရုံကို ရည်ရွယ်ချက်ရှိရှိပင် လာခြင်း ဖြစ်ရပေမည်။ ကလေးများကို ခေါ်လာပြီး တိရစ္ဆာန်များကို ပြသည်လောက် မရိုးရှင်းလောက်ပေ။
“တစ်ခုခု မှားနေတာ ဖြစ်မယ်”
တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် ဆုပိုင်က အနောက်ဘက်သို့ ပြန်လှည့်ကာ တိရစ္ဆာန်ရုံထဲသို့ ဝင်သည်။ သူသည် လုံခြုံရေးရုံတော်မှ ဒါရိုက်တာ လျိုကိုသာ မေးမြန်းပြီး ထိုကလေးများအကြောင်းကို စုံစမ်းရတော့ပေမည်။
ထိုဆရာက သိသာစွာပင် ထပ်ခါတလဲလဲ တုန်ဆိုင်းသွားသည်။ သူသည် အဆုံးသတ်တွင် မည်သည့်အတွက်ကြောင့် လက်လျော့ခဲ့မှန်း မသိနိုင်ပေ။ ပိုဆိုးသည်မှာ ကလေးများက အမှန်တကယ် သနားစရာ ကောင်းသည်။ သူတို့သည် ၁၀ နှစ်ပင် မကျော်ကြသေးပေ။ ထိုမျှ အငုံ့စိတ်ပြင်းထန်နေပြီး ထိုအတိုင်း ဆက်သွားခဲ့ပါက ကြီးထွားလာသောအခါ လူမှုအသိုင်းအဝိုင်းနှင့် ကွဲထွက်နေပေလိမ့်မည်။
……
“ဝူး ဝူး”
ရထားအသံကို နားထောင်နေရင်းမှ ပြတင်းပေါက်နားတွင် ထိုင်နေသော ပိုင်ကျွင်းသည် အပြင်မှ ရှုခင်းများကို ကြည့်ရင်း မျက်ရည်များက ကျလာသည်။ ပြောရမည်ဆိုရင် သူသည်လည်း တိရစ္ဆာန်ရုံဝင်ပေါက်ကို ရောက်သောအခါ လက်လျော့ပြီးသားဖြစ်သည်။ ဒါရိုက်တာ ဆုပိုင်က သူနဲ့အတူ စကားပြောလာသောအချိန်တွင်ပင် သူသည် ပြန်ပြောလိုစိတ် ဖြစ်လာသည်။ အဆုံးသတ်တွင် ထိန်းထားလိုက်၏။ တိရစ္ဆာန်ပေါင်း မြောက်များစွာက သူ့ကို အဆုံးအစမဲ့သော ဒုက္ခများ ပေးသည်။ သို့ရာတွင် မိဘမဲ့ဂေဟာတွင် ကလေးအများကြီး ရှိသေးသည်။ သူသည်လည်း ထိုလူငယ်က သူတောင်းဆိုလျှင် သေချာပေါက် သဘောတူမည်မှန်း သိသည်။ သို့သော် သူ မလုပ်နိုင်ပေ။
သူက သူ့တာဝန်ယူရမဲ့ အရာကို တခြားသူတွေဆီကို အတင်းတွန်းပို့ရအောင် ဘယ်လိုအရည်အချင်းမျိုးရှိနေလို့ ဒီလူတွေကို သေချာပေါက်…
“ဆရာ ဘာလို့ ငိုနေတာလဲ”
တန်ချန်းက သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသူ ဖြစ်သည်။ ထိုကြောင့် အခြေအနေကို မြင်လိုက်သဖြင့် မျက်မှောင် ကြုတ်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
“ဒီနေရာကို ဘယ်တော့မှ ပြန်မလာရဘူး။ ဟုတ်ပြီလား”
"ပြောရမယ်ဆိုရင် သမီးတို့လည်း တိရိစ္ဆာန်တွေရဲ့ ပုံကို ဆွဲပြီးပါပြီ။ ဘယ်လိုပုံစုံရှိလဲ ဆိုတာကိုလဲ မြင်ပြီးပါပြီ။ နောက်တော့ မိဘမဲ့ ဂေဟာမှာပဲ ပြန်ကြည့်လို့ရပြီ"
"ဆရာမငိုပါနဲ့တော့ ဟုတ်ပြီလား ဝူး ဝူးဝူး"
"ကောင်းပြီ ကောင်းပြီ"
ပိုင်ကျွင်းက မျက်ရည်ကို သုတ်ပြီးအရှေ့မှ ကလေးမလေး၏ ခေါင်းကို ညင်သာစွာ ပုတ်သည်။
"မဟုတ်သေးဘူး"
ဒီကလေးတွေကို လွတ်လမ်း တစ်ခုရအောင် သူနည်းလမ်းရှာရမည်။ အချိန်ကျလာတဲ့အခါ
မိဘမဲ့ ဂေဟာ တစ်ခုလုံးက ပျက်သွားတဲ့အခါ ကလေးတွေကို တခြားမိဘမဲ့ ဂေဟာတွေကို ပို့ပေးမှာပဲ ဒါမှမဟုတ် ဒီလူတွေ
ရထားက ရှေ့သို့ ဆက်သွားနေသည်။ မှောင်သော အခါမှသာ ပိုင်ကျွင်းနှင့် ကလေးများက အိုဟောင်းနေသော ခြံ၀န်းထဲသို့ ပြန်ရောက်သည်။ ဒါဟာ သူတို့ရဲ့ အိမ်ဖြစ်သည်။ သူတို့ရဲ့ မိဘမဲ့ ဂေဟာ ဖြစ်သည်။
"ဆရာ ပြန်လာပြီ"
393 03
"အိုး ဒီနေ့ တိရိစ္ဆာန်တွေကို တွေ့ခဲ့လား။ ပန်ဒါကြီးက တကယ်ပဲ အဖြူအမဲလား"
"အစ်မကြီး ချန်း ဘယ်လိုပုံတွေ ဆွဲလာခဲ့လဲ ငါတို့ကို ပြပါအုံး"
ထိုကလေး တစ်အုပ်က တံခါးနားတွင် ရပ်နေသည်။ အဝေးမှာ ပုံရိပ်များကို လှမ်းကြည့်ကာ အော်ဟစ်ရင်း ပြေးလာကြသည်။ သူတို့သည် အနားတွင် ဝိုင်းလာပြီး တစ်ချိန်ထဲတွင်ပင် အော်သည်။
"ပြန်လာပြီ နင်တို့ ဗိုက်ဆာနေမှာပဲ"
"ဆရာက မြန်မြန်လေး လုပ်ပြီး နင်တို့အတွက် ချက်ပေးမယ်"
ပိုင်ကျွင်းက လူအရည်အတွက်ကို ရည်တွက်ပြီးနောက် ချက်ချင်းဆိုသလို ထရပ်ကာ မိဘမဲ့ ဂေဟာထဲသို့ ၀င်သွားသည်။
ပြုံးနေသော ကလေးများကို ကြည့်နေရင်းမှ ပိုင်ကျွင်းသည် အံကိုကြိတ်သည်။ မီးဖိုခန်းထဲသို့ လျှောက်သွားသည်။
သူဘာကြောင့် ကလေးတွေကို မခွဲချင်တာလဲ သူတို့က အသက် သိပ်မကြီးသေးပင်မဲ့လဲ မိသားစုဖြစ်နေသည်။ သူတို့ အချင်းချင်း မှီခို နေကြတယ်။ ရှင်သန်ဖို့ ကြိုးစားကြတယ်။ သူတို့အခြေအနေက…
ဒီလိုမျိုးဒါဆိုရင် တခြား မိဘမဲ့ ဂေဟာတွင် သေချာပေါက်
"အဟမ်း"
ရုတ်တရက် ပိုင်ကျွင်း၏ မျက်နှာက ဖျော့တော့သွားသည်။ သူသည် ပါးစပ်ကို အုပ်လိုက်ပြီးနောက် ချောင်းကို ပြင်းပြင်းထန်ထန် ဆိုးသည်။ ထို့နောက် အောက်သို့ ငုံ့ကြည့်လိုက်ပြီးသည်နှင့် ရေပိုက်အောက်သို့ သူ၏လက်ကိုထည့်ကာ လက်မှ သွေးများကို ဆေးလိုက်သည်။
ဟူး ဟူး ဟူး
သူသည် အသက်ကို ပြင်းပြင်းရှုသည်။ သူ၏ ရင်ဘတ်ကလည်း မွန်းကြပ်လွန်းနေသည်ဟု ခံစားရပြီး ခပ်မြန်မြန်အာရုံပြောင်းကာ ဟင်းချက်ရန် စပြင်သည်။
ဆရာ၀န်ပြောသော စကားကသာ မှန်ကန်နေခဲ့လျှင် သူသည် အချိန်အများကြီး မကျန်နေတော့ပေ။
နောက်ပြီး ဒီကလေးတွေ…
ထိုအချက်ကိုတွေးမိသော ပိုင်ကျွင်း၏မျက်နှာမှအမူအရာက ပို၍လေးလံလာသည်။ နောက်တစ်နေ့ မနက်ခင်းတွင် ပိုင်ကျွင်းက လက်ထဲမှ ကျောင်းလွယ်အိတ်ကို တင်းတင်းကြပ်ကြပ်ကိုင်ရင်း မိဘမဲ့ဂေဟာထဲမှ အာရုံမတက်ခင် ထွက်လာသည်။ ထို့နောက်....
မီးဖိုခန်းနှင့် ရင်းနှီးသော မည်သူကမဆို သေချာပေါက် ရှာနိုင်ပေလိမ့်မည်။ အကြောင်းမူက သူ မကြာခဏ ချက်ပြုတ်ရန် အသုံးပြုနေသော ဓားက ပျောက်နေလေသည်။
******