← Chapters

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အပိုင်း 394

"သူဌေး… သူဌေး တစ်ဖက်က မိဘမဲ့ဂေဟာကို မနက်စာပို့ပေးနိုင်မလား"

ပိုင်ကျွင်းက မနက်စာဆိုင်ရှေ့တွင် ရပ်ရင်း သူတွင် ရှိသည့် ပိုက်ဆံများအားလုံးကို စားပွဲပေါ်တင်သည်။

အလုပ်များနေသော မနက်စာဆိုင်ပိုင်ရှင်က သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းကို ညိတ်သည်။

ကလစ်

အဆောက်အဉီးရှေ့တွင် ရပ်နေရင်း ပိုင်ကျွင်းက သူ၏ဆေးလိပ်ကို မီးညှိသည်။ သူ၏အဆုတ်မှ ပြင်းထန်လွန်းသော နာကျင်မူကို ခံစားမိသည့်တိုင်အောင် ခြေထောက်အောက်မှ စီးကရက်ကို ခြေမွ ပစ်လိုက်၏။

"ကယ်ဆယ်ရေးစင်တာ"

သူ၏အရှေ့မှ တစ်ခုသည် မိဘမဲ့ဂေဟာများကို ထောက်ပံ့ပေးသော ရှမ်းတု၏ ဌာနကြီးတစ်ခု ဖြစ်သည်။ သူ အလာဖြစ်ဆုံးနေရာတစ်ခုလည်း ဖြစ်သည်။ သို့သော် အချိန်တိုင်းလိုလို စိတ်ပျက်ရသည်။

မည်သည့်အချိန်က စမှန်းမသိ သူတို့ရဲ့ မိဘမဲ့ဂေဟာက ခရီးသွားများ ဆွဲဆောင်ရာ နေရာ ဖြစ်လာသည်။ အကြောင်းပြကြီးတစ်ခုကမှု ထိုလူများကြောင့် ကလေးများက နှိမ့်ကျလွန်းသောကြောင့် ဖြစ်သည်။ လူချစ်တတ်သော သူများက သူတို့ရဲ့ မိဘမဲ့ဂေဟာကို လာတိုင်း အချိန်တိုင်းလိုလို ပြုံးရယ်နေတတ်ပြီး ကလေးများနှင့် အတူ ဓာတ်ပုံ ရိုက်တတ်ကြသည်။ သို့သော် အချိန်တိုင်းလိုလို ကလေးများ၏ စိတ်ဒဏ်ရာကို ထိုးနှက်တတ်သည်။

ပိုင်ကျွင်းကို ဒေါသထွက်စေဆုံးက ထိုလူချစ်သူများက လာလည်ပြီးသည့်နှင့် လှူဒါန်းသည့် ပိုက်ဆံများအားလုံးကို ကယ်ဆယ်ရေးစင်တာက သိမ်းသွားတတ်ခြင်း ဖြစ်သည်။

ထိုကလေးများက အလှောင်ခံ၊ အရယ်ခံပြီး လဲလှယ်ထားသော ပိုက်ဆံများဖြစ်သည်။ သို့သော် ယခုအချိန်အထိ သူသည်လည်း ထိုလူများက မိဘမဲ့ကလေးအချို့၏ သနားစဖွယ်ကောင်းသည့်ပုံစံကို သက်ပြင်းချတတ်ကာ ကင်မရာများနဲ့ ဓာတ်ပုံရိုက်ပြီးနောက် သူတို့၏ ကိုယ်ပိုင်ကြီးကျယ် လှူဒါန်းမှုများကို ကြွားဝါ၍ ပျော်ရွှင်စွာ ပိုစ့်တင်တတ်ခြင်းကို မမေ့သေးပေ။ အထူးတလည် အခြေအနေမျိုးတွင်ဆိုလျှင် သူတို့၏ ဂေဟာက လူအယောက် ၅၀ ကိုပင် ကြိုဆိုရသည်။ ကလေးတစ်ယောက်ချင်းစီတိုင်းက သူ၊သူမတို့၏ ငယ်ဘဝမှ သနားကောင်းသော ပုံပြင်များကို ၁၀ ကြိမ်မက ပြန်ပြောပြရသည်။ ထိုအခြေအနေကလည်း သူတို့၏ နှလုံးသားကို အစားထိုး၍ မရသော ထိခိုက်မှုမျိုး ဖြစ်စေသည်။

သူသည် အဆုတ်ကင်ဆာရှိကြောင်း သိပြီးချိန်ကတည်းက ထိုကလေးများအတွက် သီးခြားအကြံအစည် ဆွဲပေးခဲ့သည်။ မရေမတွက်နိုင်အောင် ဖောင်များတင်၍ အာခေါင်ခြောက်မတတ် ပြောသည်။ သို့သော် ဒီနေရာမှ လူများကမှု မည်သည့်ပိုက်ဆံကိုမှ ခွဲဝေမပေးကြချေ။

သူသည် ထိုကလေးများကို ကောင်းကင်ပြာတိရစ္ဆာန်ရုံကိုလည်း ယုံကြည်အပ်နှံလိုသေးသည်။ သို့သော် …

အတွင်းမှ ကလေးများ၏ပုံစံကို မြင်ပြီး ပိုင်ကျွင်းက ထိန်းထားလိုက်သည်။ သူတို့ကဲ့သို့သော မိဘမဲ့ဂေဟာမှ ကလေးများက မြှောက်များစွာ ရှိလောက်သည်။ သူသည်လည်း အပြစ်ကင်းစင်ပြီး တက်ကြွရွှင်လန်းလွန်းသော ကလေးများက မည်သို့မည်ပုံထိုင်းမှိုင်းကာ တိတ်ဆိတ်သွားတတ်ကြောင်း တချို့သောဆိုလျှင်ပင် အသေးစား စိတ်ဒဏ်ရာပင် ရှိနေကြသည့် ပုံစံကိုပင် မြင်တွေ့ခဲ့ရသည်။ သို့ရာတွင် ထိုမြင့်မားလွန်းသော ရုံးခန်းထဲတွင် ထိုင်နေသော လူကမှု မိဘမဲ့ဂေဟာတစ်ခုချင်းစီတိုင်း၏ အခြေအနေကို ဘယ်သောအခါမှ မေးမြန်းတတ်ခြင်း မရှိသလို လူချစ်သူများကို အထူးတလည် ခေါ်ဆောင်လာပေးချိန်ကလွဲပြီး အာရုံမစိုက်တတ်ပေ။

ထိုကြောင့် ပိုင်ကျွင်းက ထပ်ခါတစ်လဲလဲ တိုင်တန်းစာ ပို့သည်။ သို့သော် …

အကြိမ်တိုင်းလိုလို သမုဒ္ဒရာထဲမှ ရေစက်များ ဖြစ်သွားကြသည်။ ထိုလူများက သိသွားပြီးသည့်တိုင်အောင် ပို၍သာ လွန်ကဲလာကြသည်။ နောက်ပိုင်း လွှဲပြောင်းပေးသော ငွေများကလည်း အကန့်အသတ်နှင့် ဖြစ်လာသည်။ သူသည် အမှန်ပင် စိတ်ပျက်နေရလေပေ။

သူသည် ကုသ၍ မရသော ရောဂါရှိနေပြီးသား ဖြစ်ပြီး အကြာကြီး မထိန်းနိုင်လောက်တော့ပေ။

394 02

တစ်ညတာ ရုန်းကန်းပြီးနောက် နောက်ဆုံးတွင် ဆိုရှယ်မီဒီယာပေါ်မှ အာရုံများကို ဆွဲဆောင်၍ သူတို့၏ မိဘမဲ့ဂေဟာပေါ် အာရုံစိုက်လာအောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် အနက်ရောင်ကားတစ်စီးက တဖြည်းဖြည်းချင်းစီ ရပ်လာသည်။ ပိုင်ကျွင်းက အံကိုကြိတ်ပြီး ကျောပိုးအိတ်ကို ခပ်တင်းတင်းဖက်ကာ ခပ်မြန်မြန် ပြေးသည်။

"ဒါရိုက်တာ ကု"

သူဟာ ခပ်တိုးတိုး ခေါ်သည်။

ကားပေါ်မှ ဆင်းလာသော သူက မျက်မှောင်အသာ ကြုတ်သည်။

"ငါ ဒီနေ့ ဒီမှာ အလုပ်လုပ်ဖို့ လာတာ မဟုတ်ဘူး။ နောက်ပြီး မင်းလျှောက်ထားတဲ့ အဲဒီရန်ပုံငွေကလည်း အသိအမှတ်ပြု မခံရသေးဘူး"

အသက်လတ်ပိုင်းလူက စွံ့အစွာ ပြောသည်။

"ငါက နှစ်သစ်ကူးမှာ တာဝန်ကျရုံပဲ။ အခု မင်း ပိုက်ဆံ လာယူဖို့ မလိုဘူး။"

"ဒါအပြင် ငါမင်းကို အကြိမ်ပေါင်းများစွာ ပြောထားပြီးသား။ ဒီလိုအချိန်မျိုးမှာ မင်းတို့ရဲ့ မိဘမဲ့ဂေဟာကို ဘာပိုက်ဆံမှ ပေးစရာ မရှိဘူး"

"နောက်ပြီး အခုတလော လာလည်တဲ့ လူရှိတယ်။ မင်းတို့ရဲ့ မိဘမဲ့ဂေဟာက ဒုက္ခိတတွေ အနည်းဆုံးပဲလေ။ ဆိုတော့ ဒီတာဝန်ကို မင်းတို့ကို ပေးလိုက်မယ်"

"ကလေးတွေကိုလည်း အရင်တစ်ခေါက်ကလိုမျိုး လျစ်လျူမရှုဖို့ ပြောထား။ မင်းတို့က အရပ်သား မိဘမဲ့ဂေဟာဆိုတာ သိတယ်နော်။ မင်းတို့ဆက်ပြီး ရှင်သန်ချင်ရင် ဒီလူတွေကို ကိုင်တွယ်ဖို့ လိုတယ်"

"ဆိုတော့ အဲဒီကလေးတွေက ဘာတွေ တွေးနေကြတာလဲ"

ပိုင်ကျွင်းက အေးစက်သော မျက်နှာနှင့် ပြောသည်။

"ကလေးတွေက ဘယ်အသက်ရှိသေးလို့လဲ။ သူတို့က ဘာတွေးနိုင်မှာလဲ"

အသက်လတ်ပိုင်းလူက ချက်ချင်း ပြန်လှည့်ကာ အေးစက်သော မျက်နှာနှင့် အော်သည်။

"နှစ်သစ်ကူးမှာ စိတ်ပျက်စရာပဲ လာမပြောစမ်းနဲ့ မင်းတို့ရဲ့ မိဘမဲ့ ဂေဟာက ကလေးတွေကို မွေးစားပေးသွားတဲ့ မိဘတွေ အားလုံးက သေကုန်ကြပြီး ဒီကလေးတွေ အကြောင်းကို တွေးနေစရာကို မလိုတော့တာ အမ် သူတို့ကို တစ်ယောက်‌ယောက်က လာလည်ပေးတာနဲ့တင် ကျေးဇူးတင်ရအုံးမှာ"

"မင်းထွက်သွားပြီးရင် ဒီကလေးတွေ ဘယ်လို ငိုနေမယ်လို့ ထင်လဲ"

"သူတို့အားလုံးက အပြစ်ကင်းစင်ကြတယ်။ သူတို့က အတတ်နိုင်ဆုံး ကြိုးစားပြီး မင်းတို့ကို ကျေနပ်အောင် လုပ်နေကြတာ။ ဒါပင်မဲ့ သူတို့ ဘယ်အချိန်များ ပိုက်ဆံ ရခဲ့လို့လဲ။ ဘယ်အချိန်များ အလှူတန်းငွေတွေ ရခဲ့လို့လဲ"

ပိုင်ကျွင်း၏ အမူအရာက ပိုပို၍ စိတ်လှုပ်ရှား လာတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက တုန်လာတယ်...

"မင်းဘာလုပ်တာလဲ... "

အသက်လတ်ပိုင်းလူက ရွံ့ရှာ သလိုကြည့်သည်။

"ပိုက်ဆံ ရဖို့အတွက် အထက်က လက်ခံပေးဖို့ လိုအပ်တယ်။ သူတို့က ပိုက်ဆံ လိုရင် သေချာပေါက် ပေးမှာပေါ့ ဟုတ်တယ်မလား။ ဒီလောက် မိဘမဲ့ ဂေဟာတွေများနေတာ မင်းတို့က အဆိုးဆုံးလား"

"မင်းကသာ ပိုက်ဆံကို အချက်အချာဆုံး တောင်းတဲ့သူ ဖြစ်မ။ယ် ဘာလို့ ကိုယ့်ကိုယ်ကို လွတ်လမ်း မတွေးနိုင်တာလဲ"

"မြန်မြန်လေး ဒီနေ့ အတွက် ပြင်ဆင်ထားစမ်းပါ ဒီတစ်ခေါက် လာလည်ပြီးရင် ငါမင်းတို့ကို ပိုက်ဆံ နည်းနည်း ပေးမယ်"

အသက်လတ်ပိုင်းလူက လက်ကိုမဆင်မခြင် ရမ်းပြလိုက်ပြီး အဆောက်အဦးထဲသို့ ၀င်သည်။

394 03

"ကံဆိုးလိုက်တာ နှစ်သစ်ကူးမှာမှ လာတိုးရတယ်လို့”

သူဟာ ခပ်တိုးတိုး ဆဲရေးသွားသေးသည်။ သူတို့သည် မရေမတွက်နိုင်သော မိဘမဲ့ဂေဟာများကို စီမံခန့်ခွဲနေရသည်။ ရန်ပုံငွေရှိသော်လည်း ပိုင်ကျွင်း၏ မိဘမဲ့ဂေဟာကမှု အစိုးရပိုင်အဖွဲ့အစည်းတစ်ခု မဟုတ်ပေ။ သူတို့က တာဝန်ယူထားခြင်း ဖြစ်သည်။ သို့သော် ဝါဒရေးရာဆိုင်ရာ အောင်မြင်မှုမျိုးလည်း မရှိပြန်ပေ။ ထိုကြောင့် သူတို့၏အခြေအနေက မည်မျှကောင်းကာ အသုံးမဝင်ပါ‌ပေ။

ထိုအတွက်ကြောင့်လည်း ထိုမိဘမဲ့ဂေဟာသို့ လှူဒါန်းမှုတိုင်းကို အမြဲတစေ အတတ်နိုင်ဆုံး အချိန်ဆွဲထားခြင်း ဖြစ်ပြီး … သို့မဟုတ် လုံးဝ မပေးခဲ့ခြင်း ဖြစ်သည်။ ပို၍ ဆိုးသည်မှာ အချိန်တွေ ကြာလာပြီးနောက် ထိုကလေးတစ်ယောက်ချင်းစီ၏ အရေအတွက်က မတိုးလာတော့ချေ။

သူတို့က ဘာလို့ အခုထိ မထိန်းနိုင်ရမှာလဲ။

ရုတ်တရက် ဒါရိုက်တာကုသည် သူ၏လည်ဂုတ်က နာကျင်သွားသလို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ အနောက်ဘက်မှ ပိုင်ကျွင်းက နီရဲနေသော မျက်လုံးတစ်စုံဖြင့် စိတ်လှုပ်ရှားစွာ အော်သည်။

“မိဘမဲ့ဂေဟာက လူတွေက တစ်နေ့မှာ တစ်နပ်ပဲ စားရတယ်ဆိုတာ မင်းသိလား”

“ငါက ပြင်းပြင်းထန်ထန် ကြိုးစားပြီး ပုလင်းတွေ ကောက်ရတယ်။ ဒီလောက် ကလေးတွေ အများကြီးကို မမွေးနိုင်ဘူး မင်းသိလား။ ဝူး ဝူး ဝူး”

“မင်းတို့က ကလေးတွေကို နာကျင်အောင် လုပ်ဖို့ပဲ သိတာ။ သားရဲတစ်အုပ်ပဲ။ မင်းတို့ သေသင့်တယ်။ မင်းတို့ သေသင့်တယ်”

နှစ်ပေါင်းများစွာကြာအောင် ဒေါသကို ဖိနှိပ်ထားသော ပိုင်ကျွင်းက ထိုအခိုက်အတန့်တွင် အော်ထုတ်ပစ်လိုက်သည်။

ကလစ်

လမ်းပေါ်မှ လူအများ၏ ထိတ်လန့်တကြား အော်သံများကိုပင် သူဟာ လျစ်လျူရှုလိုက်ပြီးနောက် လှေကားထစ်ပေါ်တွင် ထိုင်ချကာ စီးကရက်တစ်လိပ်ကို ထပ်ညှိသည်။

“ငါက သူတို့ကို ဒီအတိုင်း သာမန်လူတွေလို နေစေချင်တာ။ နေ့တိုင်းလိုလို ဝမ်းဗိုက်အပြည့် စားရမယ်။ နေ့တိုင်းလိုလို ပျော်ရွှင်နေမယ်။ နေ့တိုင်းလိုလို အတန်းတက်မယ်”

“အခုလိုမျိုး တဖြည်းဖြည်း အငုံ့စိတ်တွေ ကြီးထွားလာမဲ့အစား သူတို့က ဆာလောင်မှုဒဏ်ကို ခံနေရသေးတဲ့အပြင် မင်းတို့ကောင်တွေနဲ့လည်း သရုပ်ပြနေရသေးတယ်”

“ဘာလို့ ဒီလောက်အထိ ခက်ခဲတာလဲ။ ဘာလို့ ဒီလောက်အထိ ခက်ခဲတာလဲ”

…

“ဘာ”

ဆုပိုင်က လက်ထဲတွင် ဖုန်းကို ကိုင်ထားပြီး ထိုနေရာတွင် ရပ်နေကာ မယုံကြည်နိုင်သလို မေးသည်။

“သူသေသွားပြီဆိုတာ သေချာလား”

“ဟုတ်တယ်”

ဒါရိုက်တာလျိုက သူ၏အရှေ့ဘက် ဖန်သားပြင်ပေါ်မှ အချက်အလက်များကို ကြည့်ပြီး လေးနက်သော အသံနှင့် ပြောသည်။

“ဒါပေမဲ့ နောက်ဆုံးအခိုက်အတန့်မှာပဲ သူက မိဘမဲ့ဂေဟာက ကလေးတွေအားလုံးကို လုံခြုံရေးရုံးတော်ကို လာပို့တယ်။ အဲဒီနောက် အဲဒီနယ်မြေခံ လုံခြုံရေးရုံးတော်က မိဘမဲ့ဂေဟာအခြေအနေက အဲလိုဖြစ်နေတာကို သိသွားတယ်”

ဟူး

ဆုပိုင်က အသက်ကို ပြင်းပြင်းရှုပြီး အံကြိတ်ကာ ပြောသည်။

“ဒီကလေးတွေအားလုံးကို ကောင်းကင်ပြာတိရစ္ဆာန်ရုံကို ပို့ပေးနိုင်မလား။ ငါ… ငါ မွေးစားမယ်”

394 04

သူသည်လည်း ထိုမိဘမဲ့ဂေဟာမှ ဆရာအကြောင်း စုံစမ်းစစ်ဆေးနေသည့်အချိန်မှာတင်ပဲ သူ၏သတင်းကို ကြားရလိမ့်မည်ဟု မထင်ထားမိပေ။ ဒါ ထိုတောင်တန်းမြို့တစ်မြို့လုံးကိုပင် လှုပ်ခေတ်သွားစေသေးသည်။

“အခုတော့ မဖြစ်နိုင်မှာ ကြောက်တယ်။ အထက်က လူတွေက စုံစမ်းစစ်ဆေးနေကြပြီး ရှမ်းတုကလည်း မိဘမဲ့ဂေဟာအပေါ် စီမံမှုအပေါ် ရှိလာတဲ့ အမှားတွေကို အလေးအနက် ထားတယ်။…

ထိုသို့ ပြောပြီးနောက် ဒါရိုက်တာ လျိုက ရပ်တန့်သွားသည်။

“စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ ကလေးအများစုက ပြင်းထန်တဲ့ အထီးကျန် စိတ်ဝေဒနာ ရှိနေတာမျိုးကို တွေ့ရတယ်”

“တချို့ကဆိုရင် ကုသဖို့တောင် လိုအပ်နေပြီ”

“ဆိုတော့ ငါတို့ မင်းရဲ့ အကူအညီကို လိုအုန်းမှာပါ ဒါရိုက်တာ ဆုပိုင်။ ဒါပေမဲ့ ဒီကလေးတွေက …”

“ငါသိတယ်”

ဆုပိုင်က ဖုန်းကို ချလိုက်သည်။ သူသည်ပင် ထိုဆရာ၏ ကိစ္စကို ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းက လွန်ကဲလွန်းသည်ဟု ထင်မြင်ကြောင်း ဝန်ခံရပေမည်။ သို့သော် မြှင့်မားသော ပညာရေးအဆင့်အတန်းကို ပိုင်ဆိုင်ထားသော လူတစ်ယောက်က ထိုအခိုက်အတန့်သို့ ရောက်ရှိစေရန် အလိုငှာ သူသည် နှလုံးသားထဲတွင် ဒေါသကို ကြာရှည်စွာ ဖိနှိပ်ထားခဲ့ရလောက်သေးသည်။ ထိုအတွက်ကြောင့် အချိန်ကြာလာပြီး နောက်ဆုံးတွင် တောင့်မခံနိုင်တော့ပဲ ပေါက်ထွက်သွားခဲ့ခြင်း ဖြစ်ရပေမည်။ မိဘမဲ့ဂေဟာတွင် မည်သူမှ မသိသေးသော တစ်စုံတစ်ရာလည်း ဖြစ်နေလောက်သေး၏။

ထိုနေ့က ထိုကလေးများနှင့် စကားပြောဆိုမှုကတစ်ဆင့် ဆုပိုင်ကိုယ်တိုင်ကလည်း တန်ချုန်းအမည်ရသော ကလေးမက နည်းနည်း ပုံမှန်ဖြစ်သော စိတ်နေသဘောထားမျိုး ရှိသေးသော်လည်း တခြားသော ကလေးတိုင်းနီးပါးက …

ထိုကလေးတစ်အုပ်က တိရစ္ဆာန်များနှင့် ကစားနေသည့် အချိန်တွင်ပင် ကလေးများက ကြောင်အကာ ရပ်နေတတ်သည်။

“အထီးကျန် စိတ်ဝေဒနာလား”

ဆုပိုင်က တစ်ခဏခန့် တွေးတောပြီး မျက်မှောင်အသာ ကြုတ်သည်။ ထိုရောဂါက စိတ်ကျရောဂါကဲ့သို့ မဟုတ်ချေ။ သို့သော် အနှောင်းပိုင်းအဆင့်သို့ ရောက်သွားခဲ့သော် အလွန်အမင်း ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်သည်။ စိတ်ထိခိုက်မှုဖြစ်လာသည့်နှင့် သက်ရောက်မှုက တစ်ဘဝလုံးအထိ ကြာသွားပေလိမ့်မည်။

သူတို့သည် အန္တာရာယ်ကိုပင် အာရုံခံနိုင်စွမ်းအား မရှိတော့ပဲ ကိုယ့်ကိုကိုယ် ထိခိုက်အောင် လုပ်မိကြလောက်သည်။

ထိုအကြောင်းကို တွေးမိသော ဆုပိုင်ကလည်း သက်ပြင်းအရှည်ကြီးကို ချမိသည်။ ကံကောင်းသည့်မှာ ထိုကလေးများက အပျော့စားလက္ခဏာသာ ပြလောက်သေးသည်။ စိတ်ကျရောဂါရှိနေသော ကလေးများ နည်းတူ တိရစ္ဆာန်ရုံထဲမှ တိရစ္ဆာန်များနှင့် အချိန်တွေကြာအောင် နေခြင်းအားဖြင့် သက်သာနိုင်သည်။ ရောဂါကို မကုနိုင်လောက်သော်လည်း အမြှင့်ဆုံးသို့ လျော့သွားနိုင်သည်။

ထိုနောက် …

ဆုပိုင်ကလည်း ဒီနေ့ခေတ် အသိုင်းအဝိုင်းထဲတွင်ပင် ယခင်ကနှင့် တူညီလုနီးပါး ဖြစ်နေသော မိဘမဲ့ဂေဟာများက ရှိနေအုန်းမည်ဟု မထင်ထားမိပေ။ ထိုကလေးများ၏ စိတ်ကျန်းမာရေးအခြေအနေကိုသာ ကြည့်ရှု၍ မရလောက်တော့ပေ။ ထိုကလေးများကို အသက်ရှင်အောင် အတတ်နိုင်ဆုံး ကြိုးစားရတော့ပေမည်။ တချို့ကဆိုလျှင် ပိုင်ကျွင်း၏ မိဘမဲ့ဂေဟာနည်းတူ ခက်ခဲစွာ ကြိုးစားနေရလောက်သေးသည်။

“ကြည့်ရတာ ဟမ်း လူတွေကို ကုစားပေးနိုင်တဲ့ တချို့ ချစ်စရာ ကောင်းတဲ့ တိရစ္ဆာန်လေးတွေကို ပြန်ကယ်ရတော့မယ် ထင်တယ်”

ဆုပိုင်က တစ်ခဏခန့် စဉ်းစားပြီးနောက် ရုံးခန်းထဲသို့ တဖြည်းဖြည်း ပြန်ဝင်သည်။

တပိုင်ကလည်း ပန်ဒါလေး မွေးပြီးချိန်ကတည်းက ပြောင်းလဲသွားပုံထင်ရသည်။

သူသည် အများကြီး တည်ငြိမ်လာပြီး ယခင်ကလောက် ရူးကြောင်ကြောင် မနိုင်တော့ပေ။

အာဟကလည်း အခုတလော ဝံပုလွေမကိုသာ လိုက်နေသည်။ သူသည်လည်း ကလေးများနှင့် ကစားချိန်တိုင်းလိုလို သတိလက်လွတ် ဖြစ်နေတတ်၏။

394 05

“ဒါပေမဲ့ တိရစ္ဆာန်တွေ တအားနည်းလွန်းတယ်”

သူဟာ ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း သက်ပြင်းကို ချသည်။

သူသည်ပင် တိရစ္ဆာန်ရုံက စိတ်ကျရောဂါကို ကုသပေးရန်သာမကသေးလေပဲ အထီးကျန် စိတ်ဝေဒနာကို ကုသပေးရန် လိုအပ်ကြောင်း သိလိုက်သည်။ ကျန်သော တိရစ္ဆာန်များအား ဝေခွဲရန် ခက်လောက်သည်။ ချစ်စရာကောင်းပြီး လူသားများနှင့် ကျွမ်းဝင်လွန်းသော ရေနေသတ္တဝါများကို ကယ်ဆယ်နိုင်ခဲ့လျှင် တခြားသော လူနာများကို ထိုနေရာတွင် နေရာချထားပေးလို့ ရလောက်သည်။ ထိုအချက်ကို တွေးမိသော ဆုပိုင်က ရုတ်တရက် စနစ်၏ မောလ်ကို ဖွင့်လိုက်ပြီးနောက် တိရစ္ဆာန်အပိုင်းအစ ကဏ္ဏာထဲသို့ ဝင်ရောက်သည်။

“တိရစ္ဆာန်အပိုင်းအစ မောလ်”

စကော့တစ်ကုန်းမြှင့်ပိုင်း ကျွဲအပိုင်းအစ အစ်တူ အံအားသင့်မှု အမှတ် ငါးသိန်းနဲ့ လဲလှယ်နိုင်ပါတယ်။ (အထူးသီးသန့်ထုတ် ချစ်စရာပုံစံ)

ဗာလစ်နှာမည်းသိုးအပိုင်းအစ အစ်တူ အံအားသင့်မှု အမှတ် ငါးသိန်းနဲ့ လဲလှယ်နိုင်ပါတယ်။ (အထူးသီးသန့် ချစ်ရာပုံစံ)

အမြှီးတိုသားပိုက်ကောင်အပိုင်းအစ အစ်တူ အံအားသင့်မှု အမှတ် ငါးသိန်းနဲ့ လဲလှယ်နိုင်ပါတယ်။ (အထူးသီးသန့် ချစ်စရာ)

တိုးတိုးရိုအပိုင်းအစ အစ်တူ အံအားသင့်မှု အမှတ် ငါးသိန်းနဲ့ လဲလှယ်နိုင်ပါတယ်။ (အထူးသီးသန့် ချစ်ရာ)

တခြားသော သားပိုက်ကောင်အပိုင်းအစ အစ်တူ အံအားသင့်မှု အမှတ် ငါးသိန်းနဲ့ လဲလှယ် နိုင်ပါတယ်။ (အထူးသီးသန့် ချစ်စရာ)

ပင်လယ်ဖျံအပိုင်းအစ အစ်တူ အံအားသင့်မှု အမှတ် ငါးသိန်းနဲ့ လဲလှယ်နိုင်ပါတယ်။ (အထူးသီးသန့် ချစ်စရာ)

“ဖက်စ့်”

သေသေသပ်သပ် စီတန်းထားသော လဲလှယ်ရမည့် အံအားသင့်မှု အမှတ်များကို ကြည့်ပြီး ဆုပိုင်က ရုတ်တရက် လန့်ပြီး အော်သည်။

ဒါက …

အထူးသီးသန့် ချစ်စရာတဲ့လား။

******

395 01

အခန်း 395

“ခရက်စ်”

“မင်း အခုတလော ပိုပြီး အာရုံစိုက်သင့်တယ်”

“ကြားလား ဟမ်။ ရှဉ့်(တောင်အမေရိက ရှဉ့်တစ်မျိုး) ရဲ့အမွှေးတွေက အခု ရူးလောက်အောင် ဝယ်လိုအားများနေတာ။ ငါတို့ တူးထားတဲ့ ရွှေထက်တောင် တန်ကြေးကြီးသေးတယ်”

“မိုင်းတူးသမားတွေ အားလုံးကို အမိန့်ထုတ်လိုက် အစ်တူ မိုင်းတူးတာကို ချက်ချင်းရပ်ပြီး အဲဒီရှဉ့်တွေကိုသာ သွားရှာတော့”

“တစ်ကောင်မှ မလွတ်စေနဲ့”

ဝူကျင်းက သစ်ကိုင်းခြောက်တစ်ကိုင်းကို နှင်းခြေလိုက်ရင်း သူ၏လူများကို နက်ရှိုင်းသော အသံနှင့် ပြောသည်။

“ဉရောပတစ်ခုလုံးက ရူးနေကြပြီ။ … အရှင်ဘုရင်မကလည်း အဲဒီရှဉ့်အမွှေးကုတ်ကို အရမ်းသဘောကျမယ်လို့တောင် မထင်ထားဘူး”

“အထက်တန်းလွှာအမျိုးသမီးတွေ အားလုံးကလည်း ဒီရှဉ့်အမွှေးကုတ်အတွက် ပိုက်ဆံအများကြီး ပေးထားကြတာ။ ငါတို့ ချမ်းသာမဲ့ အခွင့်အရေးပဲ”

“ငါတို့ကသာ တစ်ထည်လုပ်နိုင်မယ်ဆိုရင် အဆုံးအစမဲ့တဲ့ ကြွယ်ဝမှုအပြည့် ရရှိမဲ့အပြင် အနာဂတ် ရွှေမိုင်းတူးတာအတွက်တောင် အရေးကြီးတဲ့ လုပ်ရပ်တစ်ခု လုပ်ပြီးသွားသလို့ ဖြစ်သွားလိမ့်မယ်”

“ဟုတ်ကဲ့”

“အရှင်ဝူကျင်း ငါတို့ နားလည်ပါပြီ။ ငါတို့ မိုင်းတွင်းသစ်တွေကို အခုပဲ ချက်ချင်း သွားပြောလိုက်မယ်။ သူတို့တွေကလည်း ရှဉ့်တွေရဲ့ သဲလွန်စကို ကြိုတင် ရှာဖွေနိုင်မှာ သေချာပါတယ်”

အိမ်တော်ထိန်းနဲ့အတူ လူအိုကြီးတစ်ယောက်က ခေါင်းကို အသာညိတ်ပြပြီးသည့်နှင့် တစ်ဖက်သို့ လှည့်ထွက်ကာ အဝေးရှိ မိုင်းထံသို့ သွားသည်။

“ဟေး ဟေး”

ဝူကျင်းက အဝေးမှ တောင်တောအုပ်များကို ကြည့်ကာ ရယ်သည်။

ထိုရှဉ့်အမွှေးကုတ်များသည် ဉရောပတစ်ခုလုံးအနှံ့ ဝယ်လိုအား အလွန်ကြီးမားနေသောအခါ သူဟာ ဒီနေရာသို့ ပထမဦးဆုံး လာရောက်သူ ဖြစ်ပြီး အခွင့်အရေးကို အရယူရန် ဆုံးဖြတ်ထားသည်။ ထိုရှဉ့်များ၏ အရေအတွက်က အလွန်အမင်း နည်းပါးသော်လည်း … သို့သော် အနည်းငယ်ကို ရှာတွေ့ရုံနှင့် တစ်ကောင်ချင်းစီ၏ အမွှေးတိုင်းက ရွှေနည်းတူ တန်ကြေးကြီးနေမည် ဖြစ်သည်။

အဝေးတွင် အတူတကွ ရပ်နေသော လူအနည်းငယ်လည်း ရှိသည်။ သူတို့သည်လည်း အဝေးမှ ဝူကျင်းကို ကြည့်နေသည်။ မက်က နှုတ်ခမ်းကို တစ်ချက်သပ်ရင်း အလေးတကြည့် မျက်နှာမျိုးနှင့် ပြောသည်။

“ငါတို့ အမြန်လှုပ်ရှားရမယ်။ အဲဒီအရင်းရှင်တွေက ဒီရှဉ့်တွေကို မျိုးတုန်းသွားအောင် အမဲလိုက်ပြီး သတ်လိမ့်မယ်”

“ငါတို့ တားဖို့ ကြိုးစားမယ်ဆိုရင် ငါတို့ရဲ့ လူအရေအတွက် အနည်းငယ်လောက်နဲ့ မျှော်လင့်ချက် မရှိလောက်ဘူး”

“ဒါပေမဲ့ ငါ့မှာ အတင့်ရဲတဲ့ အကြံတော့ ရှိတယ်။ ငါတို့ အဲဒီရှဉ့်တွေကို ဒီနေရာဆီ ယူလာပြီး နည်းပညာတွေ သုံးပြီး သားဖောက်မယ်ဆိုရင် ငါတို့တွေ”

“မက် ရူးနေလား။ အဲဒီနေရာရဲ့ လေထု အခြေအနေက ဒီနေရာနဲ့ ဘယ်လောက်တောင် ခြားနားလိုက်သလဲ။ ငါတို့ တစ်ကောင်ကောင်ကို ပြန်ခေါ်သွားမယ်ဆိုရင်တောင်မှ လမ်းမှာတင် သေသွားမှာ။ တစ်ကောင်ချင်းစီတိုင်းက ဘယ်လောက်တောင် တန်ကြေး ကြီးလိုက်သလဲ။ သူတို့ အကျန်းမာဆုံး အနေအထားမျိုးမှာ ခွာမှ အဲဒီအမွှေးတွေက တန်ကြေး အမြင့်ဆုံးရတာ။ ငါတို့ ပြန်သယ်သွားပြီးတဲ့ နောက်မှာ သူတို့ သေသွားမယ်ဆိုရင် ငါတို့တွေ …”

ရွှေရောင်ဆံပင်နှင့် အမျိုးသမီးက ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်ပြီး ဝင်ပြောသည်။

“မဟုတ်ဘူး။ နင် နားမလည်ပါဘူး”

395 02

မက်က ခေါင်းကို လှည့်၍ နံဘေးနားမှ အပေါင်းအဖော်များကို ကြည့်ကာ လေးနက်သော အသံနှင့် ပြောသည်။

“ငါတို့အားလုံးက ရွှေအတွက် လာတာ။ ဒါပေမဲ့ အခုအခြေအနေအရ ငါတို့ ၆ ယောက်ပဲ ကျန်တော့တယ်။ ဆိုတော့ ဒီလူ့သမားတွေနဲ့ ယှဉ်နိုင်မှာတဲ့လား။ သူတို့က တောင်တောအုပ်တစ်ခုလုံးကို ခပ်မြန်မြန် ရှာနိုင်လိမ့်မယ်”

“ငါ့မှာ အကြံတစ်ခုရှိတယ်။ ဒါက အလုပ်ဖြစ်လိမ့်မယ်ဆိုရင် ဒီမျိုးစိတ်ကို မျိုးပွား ထုတ်လုပ်နိုင်အုန်းမဲ့အပြင် အဆုံးအစမဲ့တဲ့ ကြွယ်ဝမှုတွေ ရရှိလိမ့်မယ်”

“ငါ့ကို ယုံ။ ငါတို့ နည်းနည်းပဲ လိုတာ။ ဒီသားဖောက်တာက အောင်မြင်သွားတာနဲ့ ဒီရှဉ့်ဘယ်လောက်များများ ရနိုင်လောက်မလဲ ဟမ်။ တွေးကြည့်စမ်းပါ”

ထိုစကားလုံးများကို ပြောပြီးသည့်နှင့် အနားရှိ လူအများကလည်း အတွေးနက်သွားကြသည်။ ယခုအခါ ရှဉ့်တစ်ကောင်ချင်းစီတိုင်း၏ အမွှေးတွေက ကောင်းကင်မတက် ထိုးတက်နေသော ဈေးမျိုးဖြင့် ရောင်းချ၍ ရနိုင်သည်။ သူတို့အရေအတွက်က လျော့နည်းလာသည်။ ထိုကြောင့် လူအများ၏ အမဲလိုက်မှုကို မည်မျှ ခက်ခဲနိုင်ကြောင်း တွေးကြည့်၍ ရသည်။ ထိုတိရစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်သွားရန် အချိန်သည် မကြာလောက်ပေ။ ထိုနောက် သူတို့သည် ရှဉ့်များကို အမှန်တကယ် သားဖောက်နိုင်ခဲ့သော် …

“ငါ သဘောတူတယ်။ အရင်းအနှီးကတော့ ကြီးတယ်။ ဒါပေမဲ့ လုပ်ဖို့လည်း တန်ပါတယ်။ ဆုလဒ်က အဆုံးအစမဲ့တယ်လေ”

“ဒါပေမဲ့ သားဖောက်တာကတော့ ခက်လောက်တယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ငါတို့က မျိုးပွားနိုင်မဲ့ ရှဉ့်အနည်းအငယ်ကို ရမယ်ဆိုရင် ရမဲ့ တန်ကြေးက တော်တော်လေး မြင့်သွားလိမ့်မယ်”

“ငါတို့ စမ်းကြည့်လို့ ရတယ်။ ငါတို့သာ အောင်မြင်သွားခဲ့ရင် ဒီသတ္တဝါကို ကောင်းကောင်း သားဖောက်လို့ ရပြီ။ အဲဒီနောက် … တစ်လောကလုံးကလည်း ရှဉ့်တွေ ငါတို့ဆီက လာဝယ်ရလိမ့်မယ်”

မိနစ်အနည်းအငယ်တည်းနဲ့တင် မက်က သူ၏အရှေ့မှ ရင်းနှီးမြုပ်နှံသူအဖွဲ့က တုံ့ဆိုင်းမနေဘဲ သဘောတူကြသည်အား ကြည့်လိုက်သည်။ အကျိုးအမြတ်က ကြီးလွန်းသည်။ အောင်မြင်သွားသည့်နှင့် အဆုံးအစမဲ့သော ကြွယ်ဝမှုကို ရမည်ဟု ပြောနိုင်သည်။

ဟူး

မက်က အသက်ပြင်းပြင်းရှုပြီးသည့်နှင့် တစ်ဖက်သို့လှည့်ကာ တောင်တောအုပ်ကို လှမ်းကြည့်သည်။

ထိုနည်းလမ်းကသာ ထိုမျိုးစိတ်ကို ဆက်လက်ပြီး ထိန်းသိမ်းထားနိုင်မည်ဆိုလျှင် အကြံကောင်း ဖြစ်လေသည်။ သူတို့ကို လူသားများက အမဲလိုက်အုန်းမည် ဖြစ်သော်လည်း အနာဂတ်တွင် မွေးထုတ်ထားနိုင်မည်ဆိုလျှင်မူ ပျောက်ကွယ်သွားခြင်းထက် အများကြီး ပိုကောင်းလာမည်။

သူတို့က ထိုနေရာကို ခြေချလိုက်သည့် အခိုက်အတန့်တွင်ပင် မက်ကိုယ်တိုင်ကလည်း ထိုအကောင်သေးသေးလေးများက အရေခွံ့စုတ်ကာ အသတ်ခံရသည်ကို ကြည့်ပြီး အလွန်အမင်း မသက်မသာ ဖြစ်ရသည်။ ရက်အနည်းငယ်ခန့် တွေးကြည့်ပြီးနောက် နောက်ဆုံးတွင် ယခုလိုမျိုး အလားလာရှိသည့်ကို ရလိုက်သည်။

သို့ရာတွင် ထိုလူအနည်းငယ်ကသာ ပူးပေါင်းပေးကြသည်။ တခြားသော ရွှေတူးသူပိုင်ရှင်များကမှု ဘယ်တော့အခါမှ သဘောမတူကြပေ။ သူတို့သည် ချက်ချင်း ရမည့် အကျိုးအမြတ်ကိုသာ စိတ်ဝင်စားသည်။ ထိုနောက် ရှဉ့်များ ကျော်ကြားရုံတစ်ခဏသာ ဖမ်းယူရန် အမိန့်ထုတ်ထား၏။ ထိုကဲ့သို့သော အရာမျိုးက အနာဂတ်တွင် မြှင့်မားသော တန်ကြေးမရှိတော့သောအခါ မှိုင်းပြန်တူးကြမည် ဖြစ်သည်။

ထိုတိရစ္ဆာန်များက မျိုးတုန်း ပျောက်ကွယ်သွားခြင်း ရှိမရှိဆိုလျှင် ထိုလူများက ဂရုမစိုက်ကြပေ။

…

ဘန်း

ဆုပိုင်က ကျောပိုးအိတ်ကို လွယ်ပြီး ကျောက်သားအဟကြားများအနှံ့ ဂရုတစိုက် လိုက်ရှာသည်။ သူ၏မျက်လုံးကလည်း အရှေ့မှ မိုင်းတူးသူ အဖွဲ့ထဲ ဖြတ်ပြေးသွားသေး၏။

ဒီနေရာကို ရောက်ရှိလာပြီး အခြေအနေကို သိကျွမ်းပြီး နောက်တွင် ဆုပိုင်သည်လည်း ယခုကာလကို ကောင်းကောင်း နားလည်သည်။

395 03

ဒီနှစ်မှ ဒေတာများက အမှားအယွင်းမှ မရှိချေ။ ဒီနေရာတစ်ခုလုံးတွင် ထိုရှဉ့် ၁၁ ကောင် ကျန်လောက်သေးသည်။

ထိုအချိန်တွင်ပင် ထိုရှဉ့် ၁၁ ကောင်ကို အဖွဲ့တစ်ဖွဲ့က တန်ကြေးကြီးကြီးပေးကာ ဝယ်သွားခဲ့ပြီးနောက်တွင် နည်းပညာသုံးကာ သားဖောက်သည့်နည်းလမ်းကို စတင်ခဲ့သည်။ ထိုအချိန်မှ စတင်ပြီး ရှဉ့်များက ပျောက်သွားကြသည်။

ထိုလူများသည်လည်း ထိုချစ်စရာကောင်းသော မျိုးစိတ်ကို ဖုံးကွယ်သော နည်းလမ်းဖြင့် ကယ်တင်နိုင်ခဲ့သည့်တိုင်အောင် ထိုသို့ နည်းပညာသုံးကာ သားဖောက်ဖြင်း မတိုင်ခင် အသတ်ခံခဲ့ရသည့် အရေအတွက် မည်မျှ ကြောက်စရာကောင်းကြောင်း တွေ့ရပေမည်။

ထိုရှဉ့်များအားလုံးက အရွယ်ရောက်ရှိသွားသည့်နှင့် အိမ်မွေးတိရစ္ဆာန်များအဖြစ် ရောင်းချခြင်း မရှိပါက လည်သာပစ္စည်းများအတွက် အရောင်းခံရပေလိမ့်မည်။

ပြောရမည်ဆိုလျှင် ဒါကလည်း ဝမ်းနည်းမှု တစ်မျိုး ဖြစ်သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက ထိုချစ်စရာကောင်းသော တိရစ္ဆာန်လေးများ၏ တန်ကြေးကိုသာ အာရုံစိုက်ကြပြီး သူတို့ဟာ တစ်ဘဝလုံး ပျောက်သွားနိုင်ချေ ရှိမရှိ ဂရုမစိုက်ကြပေ။ ထိုအတွက်ကြောင့် ဆုပိုင်သည် ဒီအတွင်းထဲသို့ ဝင်ရောက်ကာ ရှဉ့်ကို ရှာနေခြင်း ဖြစ်သည်။ ထိုမှိုင်းတူးသမားများနှင့် ပေါင်းခြင်းအားဖြင့် ကျောက်သားကွဲအက်ကြားရာများအနှံ့ လိုက်ရှာသည်။

“ငါရဲ့ အိမ်နီးချင်း တိုတိုရို ဒါက ဘာလဲ။ ကြောင်လား”

“ဒါပေမဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက အခြေအနေကို ကြည့်ခြင်းအားဖြင့် သက်ရှိသတ္တဝါ ထင်တယ်။ နောက်ပြီး တော်တော်လေးကို ခက်ခဲမဲ့ပုံစံပဲ။ လူတိုင်းနီးပါးက အမဲလိုက်ပြီး သတ်နေတာလေ”

“အဲ … စာကြည့်တိုက်မှူး ကျေးဇူးပြုပြီး ဒီတိရစ္ဆာန် ရှဉ့်ရဲ့ အချက်အလက်တွေ ပေးပါအုန်း”

“ဒါရိုက်တာဆုပိုင်ရဲ့ အမှုအရာကို ကြည့်ရတာ သူတော်တော်လေးကို စိုးရိမ်နေတာ။ သူတို့တွေ တစ်နေ့လုံးနီးပါးရှာနေတာ။ ဒီလောက် လူတွေအများကြီး ဒါပေမဲ့ တစ်ကောင်တောင် မတွေ့ဘူး။ ဒီအခြေအနေကလည်း ဒီတိရစ္ဆာန်တွေက ဘယ်လောက်အတိုင်းအတာအထိ အမဲလိုက်ခံထားရလဲဆိုကို သိနိုင်တယ်”

“ဟုတ်တယ်။ ဒီနေရာက ငါတို့ မြင်နိုင်တဲ့ တစ်နေရာ၊ ဒါပေမဲ့ တခြားမမြင်နိုင်တဲ့ နေရာတွေမှာ လူတွေ အများကြီး ရှိနေအုန်းမှာ”

“ဒါရိုက်တာ ဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ မုဆိုးတွေကို မြင်တွေ့လိုက်တဲ့ အချိန်တိုင်းလိုလို ငါ ဒီလူတွေကို လည်ပင်းညစ်သတ်ချင်တယ်။ သူတို့က အရမ်းကို လွန်ကဲလွန်းတယ်”

…

ဆုပိုင်က ဆင်းသက်ပြီးသည့်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ဖွင့်သွားသည်။ ထိုနောက် လူတိုင်းကလည်း လိုက်ပါကြည့်ရှုကြရင်းမှ ဆုပိုင်နှင့်မှ လူသတ်သမားအဖွဲ့က တစ်နေ့လုံး ရှာနေခဲ့သော်လည်း တစ်ကောင်မှ ရှာမတွေ့သည့် ဖြစ်ရပ်ကို တွေ့သွားသည်။ ထိုအခြေအနေက လူတိုင်းကို အံဩစေသည်။ ထိုရှဉ့်ဟုခေါ်သော အကောင်ကလည်း သိပ်မကြာခင် မျိုးတုန်းတော့မည် သို့မဟုတ် မျိုးတုန်းပြီးလောက်ချေပြီ။

သို့မဟုတ်ပါက ထိုလူများက ထိုမျှ အချိန်တွေကြာအောင် ရှာနေသည့်တိုင်အောင် ရှဉ့်တစ်ကောင်ကိုမှ ရှာမတွေ့ဘဲ သဲလွန်စတောင် ပျောက်နေသည့် အနေအထားမျိုး ဖြစ်နေလိမ့်မည် မဟုတ်ပေ။

မုဆိုးများ၏ ပုံစံကို ကြည့်ခြင်းအားဖြင့် ပြည်သူများကလည်း ဆုပိုင်ကို စိုးရိမ်လာမိသည်။ ဒါ လက်ရှိအခြေအနေအရ လူတိုင်းက ထို တိုရိုရိုကို ရှာနေကြသည်။

ဒါ…

သူတို့သည်ပင် သူတို့ တစ်ကောင်ကို ရှာတွေ့ခဲ့လျှင် ရရှိနိုင်မည့် အကျိုးဆက်ကိုပင် မတွေး တောနိုင်ပေ။ ထိုမျှကြမ်းတမ်းသော မသမာသည့် သူများနှင့်ဆိုလျှင် ဒါရိုက်တာ ဆုပိုင်က တိရိစ္ဆာန်များကို ကယ်တင်နိုင်မည်မဟုတ်ပေ။

"ဘန်း"

သူ၏ အောက်ဘက်မှ ကျောက်တုံးကို ဘေးဘက်သို့ ရွေ့လိုက်ပြီးနောက်ဆုပိုင်က အမော သကောထိုင်ချလိုက်သည်။ ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မူ ဖန်သားပြင်ကို အပြုံးနှင့် ကြည့်ပြီးနောက် ပြောသည်။

"မစိုးရိမ်နဲ့ ဒီတိုရိုရိုတွေက မျိုးသုဉ်း‌ပျောက်ကွယ်သွားမှာ မဟုတ်သေးဘူး။ ဒါပေမဲ့လဲ သူတို့ရဲ့ အရေအတွက်က တော်တော်လေးကို ရှားပါးနေပြီ

395 04

"ဒီတိုရိုရိုလေးတွေကို ရှဉ့်လို့လည်း လူသိများတယ်။ ဒါပေမဲ့ သူတို့က ကြောင်မဟုတ်ဘူး။ ရှဉ့်အမျိုးအစားတစ်မျိုးပေါ့

တော်တော်လေးကို ထူးခြားတဲ့ တိရိစ္ဆာန်မျိုးရိုးတွေ တော်တော်လေးလဲ ချစ်ဖို့ကောင်းတယ်"

"တောရိုင်း ရှဉ့်မျိုးတွေက သဘာ၀ကြောင့် ကြောက်တတ်တယ်။ နောက်ပြီး အပေါင်းအသင်းတော့ ၀င်ဆန့်တဲ့ ကလေးတွေပါ။ ဒါပေမဲ့လဲ....."

ထိုသို့ပြောနေရင်းမှ ရုတ်တရက် အကြောများစွာ ထောင်သလို ဖြစ်သွားသည်။ ထိုဖြစ်စဉ်ကို ကြည့်ရတာ ရှဉ့်တွေရဲ့ ရှဉ့်ဦးရေက တော်တော်နည်းနည်းလောက်ပြီ ကျန်တဲ့ အကောင်တွေကလည်း ပုန်းနေလောက်ပြီ။

"ဒီလောက် လူတွေ အများကြီး ရှဉ့်တွေကိုဖမ်းဖို့ ရူးသွပ်နေတဲ့ အကြောင်းပြချက်က သူတို့ကိုယ်ပေါ်က အမွှေးတွေကြောင့်"

"အတိတ်မှာ ဒီရှဉ့်တွေကို စားစရာအတွက် အမဲလိုက်တဲ့ နေထိုင်သူတွေ ရှိတယ်။ ဒါပေမဲ့ နောက်ထပ်ပိုများတဲ့လူတွေက ဒီကုန်းမြေကြီးကို ရောက်ရှိလာပြီးတဲ့ နောက်မှာ ရှဉ့်အမွှေးတွေရဲ့ အဖိုးတန်မှုကို တွေ့သွားကြတယ်။ ဒါကြောင့် အလုံးအရင်းနဲ့ အမဲ လိုက်ကြတော့တာပေါ့"

"အဲ့ဒီနောက် HBY က လူမျိုးတွေက ဒီရှဉ့်အမွှေးကုတ်အင်္ကျီကို မရေမတွက်နိုင်တဲ့ ရှဉ့်အမွှေးတွေနဲ့ လုပ်ထားတဲ့ ကုတ်အင်္ကျီတစ်ထည်ကို သူတို့ရဲ့ ဘုရင်မကို ဆက်သခဲ့တယ်။ သူတို့ရဲ့ ကုတ်အင်္ကျီ ကလည်း ဥရောပ တစ်ခုလုံးကို ၀ရုန်းသုန်းကား ဖြစ်သွားစေခဲ့ပြီးနောက် အခုလိုတွေ ဖြစ်လာတော့တာပဲ "

"ရှဉ့်‌ တွေရဲ့ အဆုံးသတ်က ရောက်လာတယ်လို့ ပြောရမှာပဲ။ အဲဒီ ရွှေထက်တောင် တန်ကြေးကြီးသေးတယ် ဒီတော့

မရေမတွက်နိုင်သော ရွှေတူးသမားတွေကိုတောင် ဆွဲဆောင်နိုင်တယ်"

"အဲ့ဒီလိုနဲ့ မျိုးသုဉ်းလု နည်းပါးအထိ အမဲလိုက်ခံရတော့တာပဲ"

"ကောင်းပြီ ကောင်းပြီ တင်ဆက်သူက ဆက်ပြီး ရှာလိုက်အုံးမယ်"

ဆုပိုင်သည်လည်း အဝေးမှ မှိုင်းတူးသမားများ ထရပ်လိုက်တာကို မြင်လိုက်သည်နှင့်သူသည် တိုက်ရိုက်ထုတ်လွှင့်မူအခန်းကို ခပ်မြန်မြန်ပိတ်ကာ အနောက်မှ လိုက်သွားသည်။

ထိုမှိုင်းတူးသမားများက ရှဉ့်ကို အရင်တွေ့သည်နှင့် ဆုပိုင်သည်လည်း လူတိုင်းထက်အရင် ရှေ့ကိုပြေးသွားကာ ထိုရှဉ့်ကို ၀ယ်ရန် ဆုံးဖြတ်ထားသည်။ ထို၀ယ်သူများက တိရိစ္ဆာန်များအဖြစ် ပြောင်းလဲသည်ထက် ဆုပိုင်ကမူ ကောင်းကင်ပြာတိရိစ္ဆာန်ရုံဆီသို့ ပြန်ယူသွားခြင်းက ပိုကောင်းသည်ဟုထင်သည်။

ဒီနည်းအားဖြင့် ထိုကလေးများအား အမွှေးချွတ်ခံရပြီး ဆိုးရွားသော အနေထားမျိုးမှ ကယ်တင်နိုင်သည်။

"ဒီမှာ"

ရုတ်တရက် အရှေ့ဘက်မှ အသားမဲမဲနှင့် မိုင်းတူးသမား တစ်ယောက်က အော်သည်။ ချက်ချင်းဆိုသလို သူက မြေပြင်ပေါ်သို့ ကုန်းလိုက်ပြီး အရှေ့ဘက် ကျောက်စွန်းတစ်နေရာကို လက်ဖြင့် ထိုးသွင်းသည်။

"ရှီ"

"အား အား ငါ့ကို လွတ်ပေး ငါ့ကို လွတ်ပေး"

ဆုပိုင်ကလည်း မိုင်းတူးသမား၏ လက်ထဲတွင် ကိုင်ထားသော မီးခိုရောင်ရှဉ့်လေးကို မြင်သောအခါ အရှေ့သို့ ပြေးသွားသည်။

"ဟားဟား ငါမိပြီ ငါမိပြီ"

"တကယ်တော့ အဖြူရောင် အမြှီးတန်းရှည်ပဲ။ မင်းတော့ ချမ်းသာပြီ"

"ဒီအမွှေးအရှည်က သူဌေးဆီက ပိုက်ဆံအများကြီးနဲ့ လဲလို့ရတယ်"

"အား အား မြန်မြန်လုပ်။ ဒီသောက်ကျိုးနည်းကောင်တွေက တော်တော်လေးကို နည်းလာပြီ။ ငါတို့တွေက တစ်ကောင်ကိုရတာနဲ့ ထပ်ပြီးမိုင်းတူးစရာမလိုတော့ဘူး"

ထိုမိုင်းတူးသမားအုပ်က ဝိုင်းနေရင်း ကံကောင်းလွန်းသော လူကို ဝိုင်းကာ ကြည့်ကြသည်။

395 05

ဆုပိုင်က ထွက်ပြောသော အချိန်တွင်ပင်အဝေးမှ ရွှေအိုရောင် ဆံပင်နှင့် အသက်လတ်ပိုင်းလူကြီးက မျှော်လင့်ထားစွာ ပြေးလာတာ မြင်ရသည်။

"ဒီရှဉ့်ကို ငါတို့ဆီရောင်းရင် ဘယ်လိုလဲ ငါတို့တန်ကြေး နှစ်ဆပေးမယ်"

မက်ကလည်း အရှေ့မှ မီးခိုရောင်ရှဉ့်ကိုမြင်သည်နှင့် တုန်ယင်စွာ ပြောသည်။

အချိန်အတော်ကြာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် တစ်ကောင်ကို တွေ့ရလေပြီ။ သူသည်လည်း အရှေ့တစ်လှမ်းတိုးလာ၏။

“နှစ်ဆ ဟုတ်လား”

“တကယ် နှစ်ဆလား”

မိုင်းတူးသမားကလည်း အ‌ရှေ့မှ လူဖြူ၏ စိုးရိမ်စိတ်များနေသော အကြည့်ကို ကြည့်လိုက်ပြီးနောက် အထဲမှ အကောင်လေးကို မယုံနိုင်သလို ကြည့်သည်။

သူတို့၏ သူဌေးပေးသော ကြေးက အလွန်မြှင့်နေပြီးသား ဖြစ်သည်။ သို့သော် အ‌ရှေ့မှ လူက နှစ်ဆ ပေးမည်ဟု မထင်ထားမိပေ။

“ဟုတ်တယ် ဒါပေမဲ့ မင်း ငါ့ကို အခုပေးရမယ်။ ငါ ဒီနေရာကနေ ချက်ချင်း ထွက်သွားရလိမ့်မယ်။ သူဌေးကသာ ငါ သီးသန့်ရောင်းတာကို သိသွားရင် ငါ့ကို လွှတ်ပေးမှာ မဟုတ်ဘူး”

မိုင်းတူးသမားက ခေါင်းကို ငုံပြီး အံကြိတ်ကာ ပြောသည်။ အထဲမှ ရှဉ့်ကို လှမ်းပေးသည်။

“ပြဿနာ မရှိဘူး”

မက်က ထိုသို့ ပြောပြီး ရှပ်အင်္ကျီကို အလျင်စလို ကြယ်သီးချွတ်သည်။

“ငါ သုံးဆပေးမယ်”

ထိုအချိန်တွင် အနက်ရောင်ဆံပင်နှင့် လူငယ်တစ်ယောက်က အော်ဟစ်ကာ ပြေးလာပြီးနောက် မိုင်းတူးသမားလက်ထဲမှ ရှဉ့်ကို လုသည်။

“မဟုတ်ဘူး။ ငါအရင် မြင်တာ”

မက်က မျက်နှာ နီရဲစွာ အော်သည်။

“ငါ့ကို ပေး။ မင်း ဓားပြ။ ငါ့ကို ပေး”

“ထွက်သွားစမ်း”

ဆုပိုင်က အော်ဟစ်လိုက်ပြီးနောက် အိတ်ထဲမှ ပိုက်ဆံတစ်ထပ်ကို ထုတ်ကာ မိုင်းတူးသမား၏ လက်ထဲသို့ ထည့်သည်။ ထိုနောက် သူသည် မိုင်းတူးသမားများကို လှမ်းပြောသည်။

“မင်းတို့ ဒီတိရစ္ဆာန်တွေကို ဘယ်သူပဲ ရှာတွေ့တွေ့။ ငါက တစ်ကောင်ချင်းစီတိုင်းကို သုံးဆပေးမယ်။ ဘယ်လောက်များများ တွေ့တွေ့နော်”

“တကယ်လား။ သုံးဆနော်။ ငါသာ ရှာတွေ့ရင်တော့ အဲဒီသောက်ကျိုးနည်း မိုင်းတွင်းကို သွားတူး မနေတော့ဘူး”

“မြန်မြန်လေး မြန်မြန်လေး အဲဒီတိရစ္ဆာန်လေးတွေက တော်တော်နည်းလာပြီ။ ငါတို့ မြန်မြန် လုပ်ရမယ်”

“သေစမ်း။ အရင်က ငါ ၁၀ ကောင်ကျော်လောက် တွေ့ပါသေးတယ်။ အားလုံးကို သူဌေးက ယူသွားတာ ရှုံးလိုက်တာ”

ထိုစကားကို ကြားပြီးသည့်နှင့် မိုင်းတူးသမားများအားလုံးကလည်း စိတ်လှုပ်ရှားသွားကြကာ အသည်းအသန် ရှာကြသည်။

“မင်း… မင်း… မင်း ဒီလိုလုပ်တာ တိရစ္ဆာန်လေးတွေကို သတ်တာ။ သူတို့ မျိုးတုန်းပျောက်ကွယ်သွားခဲ့ရင် မင်းက လူသတ်သမားပဲ”

မက်က လူအုပ်၏ စိတ်လှုပ်ရှားသော အမှုအရာကို ကြည့်ပြီးနောက် ဆုပိုင်၏အင်္ကျီကော်လံကို ဆွဲကာ ခပ်ကြမ်းကြမ်းအော်သည်။

ဘန်း

ဆုပိုင်က လက်တစ်ဖက်က တိုရိုရိုကို ကိုင်ပြီး တခြားလက်တစ်ဖက်က တစ်ဖက်သူ၏လက်ကို ဖြတ်ရိုက်ကာ အေးစက်စွာ ကြည့်သည်။

“ခင်ဗျားရဲ့နည်းလမ်းက မှန်နေလို့လား ဟမ်။ နည်းပညာသုံးပြီး သူတို့ကို သားဖောက်တာ အောင်မြင်ခဲ့ရင်တောင်မှ လူတွေ အမဲလိုက်တာ ခံရတဲ့ ကံကြမ္မာက လွှတ်လို့လား”

“အတူတူပဲ။ ခင်ဗျားက သူတို့ကို အရေခွံစုတ်လို့ လွယ်အောင် လုပ်ပေးရုံပဲ ရှိမယ်”

အစပိုင်းတွင်မှု ဒီလိုရှဉ့်များ၏ မျိုးပွားမှုကိုသာ ဂရုစိုက်ခဲ့ကြသည်။ အစပိုင်းတွင်မှု ကောင်းမွန်သော အရေအတွက် ရှိလောက်၏။ သို့သော် လူများက ပြောင်းတတ်သည်။ အကျိုးအမြတ်က ကြီးသည်။ သူဟာ မပြောင်းလျှင်ပင် အပေါင်းအဖော်များကလည်း ထိုရှဉ့်များက ဒီထက် ပိုများလာသည်အား ကြည့်နေရင်း တခြားသော အတွေးမများဘဲ မနေချေ။

******

396 01

အခန်း 396

ထိုလူများသည် ထိုရှဉ့်များကို အောင်မြင်စွာ မွေးနိုင်ပြီးသည့်နှင့် ထိုရှဉ့်အမွှေးများကို အလုံးအရင်းနှင့် ရောင်းချရန် သိပ်မကြာလောက်ချေ။ အခုမှု စနစ်က သူ့ကို ဒီနေရာသို့ ခေါ်ဆောင်လာပြီးလေသည်။

ဒါက …

ထိုရှဉ့်များတွင် မတူညီသော အနာဂတ်ရှိလာသည်။ သူတို့ဟာ သဘာဝအပိုင် ဖြစ်သည်။ အမွှေးများက လူဝတ်ရန် မဟုတ်သလို လူများက အကျိုးအမြတ်ရရန် ကုန်ထုတ်ပစ္စည်းအဖြစ် အသုံးပြုရန်လည်း မဟုတ်ပေ။

“ရှီ”

“အား လူဆိုးကောင် ငါ့ကိုလွှတ်”

ဆုပိုင်၏ လက်ထဲမှ ရှဉ့်လေးက ရုန်းကန်သည်။ မျက်လုံးသေးသေးလေးများကို မှေးကျဉ်းပြီး သူ့ကို စိုက်ကြည့်ကာ ကိုယ်ကို တွန့်လိမ်နေသည်။

ခရက်စ့်

သူဟာ ရုတ်တရက် ပါးစပ်ကို ဟပြီး ဆုပိုင်လက်ကို ကိုက်သည်။

“ရှီ”

“ငါ့ကို လွှတ်။ ငါ့ကို လွှတ်”

ဆုပိုင်က ကုန်းကြည့်ကာ သူ၏လက်ချောင်းလေးကို အသာ ဆန့်ထုတ်၍ ထိုအကောင်လေး၏ လည်ဂုတ်လေးကို ညှင်သာစွာ ကုတ်ပေးသည်။

“ကူး ကူး”

“အား အား ယားတယ် ယားတယ်နော်။ မကုတ်နဲ့တော့ မင်း မျိုးမစစ်ကောင် ဟမ်။ မကုတ်နဲ့တော့လို့ ပြောနေတယ်။ ဟီး ဟီး။ ယားတယ် ယားတယ်”

သူ၏လက်ထဲမှ ရှဉ့်လေးက ရုတ်တရက် မျက်လုံးလေးများ ကျဉ်းမြောင်းသွားပြီးနောက် ပျော်ရွှင်သော မျက်နှာထားမျိုးလေး ဖြစ်သွားသည်။

“မလှုပ်နဲ့”

“ဒီနားမှာ မင်းရဲ့ အပေါင်းအဖော်တွေ ရှိသေးလား”

ဆုပိုင်က ဘေးဘက်သို့ လျှောက်သွားပြီးနောက် ထိုအကောင်လေးကို ခပ်တိုးတိုး ပြောသည်။

ရှဉ့်လေးက ခေါင်းကို လှည့်သည်။ သူ့ကိုလည်း နဖူးကြောများ ထောင်တက်လာသည့်အထိ စူးရဲစွာ စိုက်ကြည့်ပြီးနောက် အထင်သေးသေး နှုတ်ခမ်းမဲ့ပြသည်။

“ဟွန်း”

သူသည် ဂုဏ်ယူစွာပင် “ဟွန်း” လိုက်သေးသည်။

“ဟားဟား”

ဆုပိုင်ကလည်း ထိုအကောင်လေး၏ ချစ်စရာကောင်းသော ပုံစံကြောင့် သဘောကျသွားသည်။ ထိုနောက် လက်ချောင်းလေးကို တစ်ဖန်ပြန် ထပ်ဆန့်ထုတ်ကာ လည်ပင်းကို ကုတ်ပေးပြန်သည်။

“ဟီးဟီးဟီး မကုတ်နဲ့လို့ ပြောနေတယ်”

“အား အား အား မကုတ်နဲ့ မကုတ်နဲ့။ ကယ်ကြပါ။ ယားတယ်နော်”

“ဟုတ်တယ် ဟုတ်တယ်။ ဟိုဘက်မှာ … ဟိုဘက်မှာ ငါ့သူငယ်ချင်း နှစ်ယောက်ရှိတယ်”

ရှဉ့်က နောက်ဆုံးတွင်မှု ဘဝ၏ မျှော်လင့်ချက်များအားလုံး ကုန်ဆုံးသွားပုံပေါ်သည်။ ဆုပိုင်လက်ထဲတွင် ပြိုလဲကျသွားပြီး အမောတကော အသက်ရှုနေ၏။ သူဟာ မျက်လုံးကို ပြူးထားပြီးနောက် အ‌ရှေ့မှအကောင်ကို ရှင်းရှင်းလင်းလင်း မြင်ရန် ကြိုးစားသည်။

396 02

သို့သော် …

သူဟာ မည်သို့ပင် ကြိုးစားကြိုးစား ဝါးနေသေးသည်။

“အား ငါ ဒေါသထွက်လို့ သေတော့မယ်”

သူဟာ ဒေါသကြီးကြီး အော်သည်။

“အား”

အထူးဆန်းဆုံးအရာကမှု ထိုရှဉ့်လေး၏ နဖူးက တွန့်သွားပြီး သူဟာ ဘေးဘက်သို့ သိချင်စိတ် ပြင်းပြစွာ ကြည့်လိုက်သည်။ ထိုနောက် သူ့လက်သည်းလေးကို ဆန့်ထုတ်ကာ သူ၏အရှေ့မှ ဖောက်ထွင်းမြင်နေရ ကြည်လင်သော အရာလေးကို မယုံနိုင်သလိုမျိုး သွားတို့နေသည်။

သူသည် ထိုအရာကို ဘယ်သောအခါကမှ ရှင်းရှင်းလင်းလင်း မမြင်ရဖူးချေ။ ယခုမှု ဝါးမနေတော့ချေ။ ထိုနောက် ထိုမှန်လေးက တဖြည်းဖြည်း လျောကျသွားသည်။ ရှဉ့်လေးကလည်း လက်သည်းလေးကို လှမ်းဆုတ်ကာ ကိုင်လိုက်၏။

“ဒါကဘာလဲ”

သူဟာ ခပ်တိုးတိုး မေးသည်။ ထိုမှန်လေးကို ကိုင်ထားရင်း အရှေ့မှ လူသားကို ပြန်ကြည့်သည်။

“မျက်မှန်လေ။ မင်း အခုကစပြီး တပ်လို့ ရပြီ”

ဆုပိုင်က ထိုအကောင်လေး၏ နဖူးလေးကို အသာပုတ်လိုက်ပြီး သူ၏ အိတ်ထဲမှ ထုတ်ထားသည့် စတုရန်းပုံသဏ္ဏာန် ပေါင်မုန့်သေးသေးလေးကို ထုတ်လိုက်သည်။ ထိုနောက် ထိုအကောင်လေး၏ လက်ထဲသို့ ညှင်သာစွာ ထည့်ပေးသည်။

ခရက်စ့် ခရက်စ့်

ရှဉ့်က ခေါင်းကို ငုံပြီး နှာခေါင်းတရှုတ်ရှုတ်ဖြင့် လုပ်ကြည့်သည်။ ထိုနောက် လျှာကို ထုတ်ကာ ယက်ကြည့်၏။ ထိုနောက် တစ်ကိုက် ကိုက်ကြည့်သည်။ ထိုနောက် ဝါးကြည့်သည်။

“ဂူး ဂူး ဂူး”

“အွန်း မင်းက ငါရဲ့သူငယ်ချင်းကောင်းပဲ”

ထိုသို့ ပြောပြီးသည့်နှင့် သူက ဆုပိုင်ကို မျက်လုံးမှိတ်ပြကာ ပေါင်မုန့်ပြန်ပေးသည်။

“ဒါဆိုရင်လည်း ငါ မင်းကို တစ်ကိုက်ပေးမယ်။ ဒါပေမဲ့ တစ်ကိုက်ပဲနော်”

“ဟား မလိုဘူး မလိုဘူး။ မင်းဘာသာမင်း စား”

ဆုပိုင်ကလည်း ထိုအကောင်လေးက ထိုသို့သော စိတ်နေသဘောမျိုး ရှိမည်ဟု မထင်ထားမိပေ။ သူသည် ရယ်မောလိုက်ပြီးနောက် အရှေ့မှ ကျောက်သားဆီသို့ ခပ်မြန်မြန် လျှောက်သွားသည်။

ထိုရှဉ့်၏ပြောစကားအရ အရှေ့ဘက်တွင် သူ၏သူငယ်ချင်းနှစ်ယောက်ရှိသေးသည်။ ထိုကြောင့် ထိုမှိုင်းသားများအထက် အရင် ရှာရပေမည်။

သူဟာ တစ်လမ်းလုံး ပြေးသည်။

“ဒီမှာ ဒီမှာ”

“ဖြည်းဖြည်းလုပ်ပါ။ ငါရဲ့မျက်မှန်က ကျွတ်တော့မယ်”

“ဒီမှာ ဒီမှာ ရပ်တော့”

တိုရိုက ဆုပိုင်၏ ကျောပိုးအိတ်ကပ်လေးထဲမှ ခေါင်းကို ဆန့်ထုတ်လိုက်သည်။ သူ၏ မျက်မှန်ကိုလည်း လက်တစ်ဖက်ဖြင့် ထိန်းထားပြီး လမ်းကို ညွှန်ပြသည်။ သိပ်မကြာခင် ကြီးမားသော ကျောက်တုံးကြီးအောက်သို့ ရောက်သွားသည်။

ကျောက်တုံးအောက်ဘက်တွင်ပင် ပေါင်တစ်မျှ တုတ်သည့် ကွဲအက်အကြောင်းရာ ရှိသည်။

“အဲဒီထဲမှာ”

“ဒါပေမဲ့ သူတို့အခု အိပ်နေမယ် ထင်တယ်”

“မင်းက အဲဒီလူတွေလိုတော့ မဟုတ်ပါဘူးနော်။ ဟုတ်တယ် မှတ်လား”

396 03

ရှဉ့်လေးကလည်း မော့ကြည့်လိုက်ပြီးနောက်တွင် ဆုပိုင်၏ မေးစေ့ကို မြင်ရသည်။ ထိုကြောင့် စိုးရိမ်တကြီး ပြောလိုက်သည်။

သူဟာ တဖန် ပြန်တွေးကြည့်သည်။ ထိုလူသားကမှု ထိုသူတို့နှင့် ခြားနားလေသည်။ သူတို့၏ အမျိုးအနွယ်များက ဖမ်းယူခံရပြီးနောက် နေရာတွင်ပင် အသတ်ခံရတတ်သည်။

ဒီနေရာတွင်မှု သူတို့ သုံးကောင်သာ ကျန်တော့သည်။

သို့ရာတွင် အရှေ့မှ လူသားကမှု သူ့ကို ထိခိုက်အောင် မလုပ်သေးပေ။ ထိုအပြင် မျက်မှန်လည်း ပေးသည်။ စားစရာလည်း ပေးသည်။

ဆိုတော့ နတ်သားများလား။

သေချာပေါက်ကို သူတို့ကို ကယ်ဆယ်ဖို့ လွှတ်လိုက်တာ ဖြစ်မယ်။

ဆုပိုင်က မြေပြင်တွင် ဆောင့်ကြောင့် ထိုင်ပြီးနောက် ထိုရှဉ့်လေးကို ညှင်သာစွာ ထုတ်ကာ မြေပြင်တွင် ချသည်။

“မင်း သူတို့ကို သွားဝင်ပြီး ခေါ်ပေးလို့ ရမလား”

“ငါက ဒီမှာ မင်းတို့ကို ကယ်ဖို့ လာတာ။ မင်းတို့ကို ထိခိုက်အောင် မလုပ်ဘူး”

“ငါ ကတိပေးတယ်”

ဆုပိုင်က အရှေ့မှ အကောင်လေးကို ကြည့်ပြီး ခပ်တိုးတိုး ပြောသည်။

“ဂူး ဂူး”

“ကောင်းပြီလေ”

ထိုရှဉ့်ကလေးက ခပ်မတ်မတ် ထရပ်ပြီး သူ၏ ရှဉ့်လက်နှစ်ဖက်ကို အသာပွတ်သည်။ ထိုနောက် မျက်လုံးသေးသေးလေးက တစ်ဖြတ်ဖြတ် လက်သွားသည်။

“ဒါဆိုရင်လည်း ငါ ဝင်ပြီနော်”

ဆုပိုင်က အချိန်တွေ ကြာအောင် စောင့်သည်။ သို့သော် အရှေ့မှ အကောင်လေးက တစ်ဖက်သို့ မလှည့်သေးကြောင်း မြင်သဖြင့် သူ့ကို တိုက်တွန်းလိုက်သေးသည်။

“ကူ့ ကူ့ ကူ့ ကူ့”

“ကောင်းပါပြီ”

ထိုရှဉ့်လေးက ခပ်မြန်မြန် သဘောတူပြီးနောက် သူ့ကို မော့ကြည့်သေးသည်။

“ဒါဆိုလည်း မင်း မြန်မြန် လုပ်လေ”

“ကူ့ ကူ့”

“ကောင်းပြီ”

ထိုရှဉ့်က လက်သည်းလေးကို ဆန့်ထုတ်ကာ ဆုပိုင်အ‌ရှေ့တွင် ရမ်းပြသည်။

ဆုပိုင်ကလည်း ထိုရူးကြောင်ကြောင်နှင့် ချစ်ရာကောင်းသော ပုံစံလေးကို ကြည့်ပြီး ကျောပိုးအိတ်ထဲ မွှေနှောက် ရှာဖွေပြီးနောက် နောက်ဆုံးတွင် တစ်စုံတစ်ရာကို ထိမိကာ သူ၏လက်ထဲသို့ ထည့်ပေးသည်။ ထိုနောက် ခေါင်းလေးကို အသာပွတ်ကာ ခပ်တိုးတိုး ပြောသည်။

“ငါ ဒီမှာ မင်းတို့ကို စောင့်နေမယ်။ မြန်မြန်လုပ်နော်။ အဲဒီလူတွေ ရောက်လာတော့မယ်”

“ကူ့ ကူ့”

“သိပါတယ်”

ရှဉ့်က ခေါင်းလေးကို ငုံကာ သူ၏ လက်ထဲမှ နီနီရဲရဲအရာကို နှာခေါင်းရှုံ့ရှုံ့ လုပ်ကြည့်ပြီးနောက် ကျေနပ်သွားသည်။ သူဟာ ပါးစပ်ထဲတွင် ကိုက်ထားရင်းမှ တစ်ဖက်သို့လှည့်ကာ ထိုအဟကြားနေရာမှ ဝင်သွားသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများကလည်း တိုရို၏ ပျော်ရွှင်စွာ ဝင်သွားသော ပုံစံကို မယုံနိုင်သော မျက်နှာထားမျိုးနှင့် ကြည့်သည်။

396 04

“ဟားဟားဟားဟား ဒီကောင်… ဒီကောင်တော့ သိပ်မကြာခင် သေချာပေါက် ဒေါသထွက်တော့မှာ”

“အရမ်းချစ်ဖို့ကောင်းလိုက်တာ။ ဒါရိုက်တာဆုပိုင်က ဘယ်နေရာကနေ မျက်မှန်သေးသေးလေးတွေ ရလာတာလဲ။ မာဖလာသေးသေးလေးသာ ပတ်ပေးထားလိုက်ရင်တော့ ဆရာတစ်ယောက်နဲ့ တူတယ်”

“ဒါပေမဲ့ ဒါရိုက်တာ ဆုပိုင်က အရမ်းလွန်တာပဲ။ အဆုံးသတ်မှာတော့ သူအခု ငရုတ်သီးတောင့်ကြီး ပေးလိုက်တယ်”

“အိမ်နီးနားချင်း တိုရိုရို အစ်တူ ဒီလူက အကျင့်စရိုက်ဆိုးတယ်။ … ငါတော့ သေအောင် ရယ်နေရပြီ။ ဒီကလေးလေးကတော့ ပြန်ထွက်လာတာနဲ့ သေအောင် ဒေါသထွက်မှာပဲ”

“ဟုတ်တယ်။ ပထမဦးဆုံးအကြိမ် ဒါရိုက်တာ ဆုပိုင်က ဒီလောက်အထိ လွန်ကဲတာကို မြင်ဖူးတာပဲ။ ဒါက တိုရိုရိုလား။ ငါရဲ့ မိန်းကလေးဆန်တဲ့ နှလုံးသားကတော့ အရည်ပျော်တော့မယ်”

“ဒီတိရစ္ဆာန်လေးကို အိမ်မွေးတိရစ္ဆာန်အဖြစ် ခေါ်ထားလို့ ရလား။ ငါ ပိုက်ဆံတွေ အားလုံး သုံးပြီး တစ်ကောင်လောက် မွေးချင်တယ်။ အရမ်းချစ်ဖို့ကောင်းတာပဲ”

“ငါ အခုချက်ချင်းပဲ ကောင်းကင်ပြာတိရစ္ဆာန်ရုံကို သွားတော့မယ်။ ငါ မင်းတို့ကောင်တွေထက် အရင် ရောက်မှာ သေချာတယ်”

All Chapters