← Chapters

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အခန်း 397

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများကလည်း ထိုရှဉ့်လေး၏ မျက်နှာကို ပြန်တွေးကြည့်မိတိုင်း သူတို့၏အစာအိမ်များကို ပုတ်ကာ ရယ်ကြသည်။ ဘယ်သူကမှလည်း ထိုအကောင်လေးကို ထိုသို့ ရူးကြောင်ကြောင်ဖြစ်ကာ ချစ်စရာကောင်းလိမ့်မည်ဟု မထင်ထားကြပေ။ အထူးသဖြင့် မျက်မှန်တပ်လိုက်ပြီးနောက် လူကြီးလေးနှင့် တူသေးသည်။

သူဟာ ရယ်နေချိန်ဖြစ်စေ မျက်မှောင်ကျုံ့နေချိန်ဖြစ်စေ လူအများကို သူ့ကို ကြည့်ရုံဖြင့် စိတ်မကောင်းဖြစ်စေသည်။

“ဟားဟား”

ဆုပိုင်ကလည်း တစ်ဖက်သို့ လှည့်လိုက်သောအခါ အဝေးမှ မှိုင်းတူးသမားကို မြင်သည်။ သူဟာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပြန်ပိတ်ကာ ရယ်သည်။

“ဒါက တိုရိုရိုလေ။ သူက အရမ်းချစ်ရာကောင်းတဲ့ ကလေး။ ဒီလို အရမ်းကို အသက်ဝင်တဲ့ အမှုအရာမျိုးတွေလည်း ရှိတယ်”

“တင်ဆက်သူက မျက်မှန်သေးသေးလေး ဆောင်ထားတယ်ဆိုတာကလည်း တိုရိုရိုတွေက သူတို့ရဲ့ ခန္တာကိုယ်တည်ဆောက်ပုံတွေကြောင့် မွေးရာပါအမြင်အာရုံ အားနည်းတယ်။ သူတို့ရဲ့ အရှေ့က အရာအားလုံးက ဝါးနေတာ။ သူတို့ သေချာ မမြင်ရဘူး”

“ဒါကြောင့်ပဲ ဒီလိုရှဉ့်လေးတွေက ဖမ်းလို့ လွယ်တာပေါ့။ အဲဒါအပြင် ဒီအကောင်လေးတွေက အရမ်းကို ကြင်နာတတ်သေးတယ်။ အရမ်းလည်း စပ်စုကြတယ်။ သူတို့ကသာ အရင်က မမြင်ဖူးတဲ့ အရာဆိုရင် အရင်ဦးဆုံး အနံ့သွားခံပြီး ကိုက်ကြည့်မှာပဲ။ နောက်ဆုံးတော့ ဒီတိရစ္ဆာန်လေးတွေကို နည်းပညာသုံးပြီး မွေးတဲ့ကိစ္စကတော့…”

ဆုပိုင်က နှုတ်ခမ်းထောင့်ကို တစ်ချက်သပ်၍ လေးနက်သော အသံမျိုးနှင့် ပြောသည်။

“သူတို့ကို နည်းပညာသုံးပြီး မွေးလို့ ရတယ်။ ဒါပေမဲ့ ဒီရှဉ့်တွေက လွတ်လွတ်လပ်လပ်နေတတ်တဲ့ တိရစ္ဆာန်မျိုးတွေလေ။ ရင်းနှီးမှုရဖို့က လွယ်တာ မဟုတ်ဘူး။ နောက်ပြီး အရေးကြီးဆုံးအချက်က ဒီလိုရှဉ့်အမွှေးတွေက အရမ်းတန်ကြေး ကြီးတာ။ သူတို့အရေအတွက်က များလာတာနဲ့အမျှ တင်ဆက်သူကတော့ တချို့လူတွေရဲ့ စိတ်ကို ကြောက်မိတယ်”

“ဆိုတော့ ကောင်းကင်ပြာတိရစ္ဆာန်ရုံရဲ့ ရှဉ့်တွေကို အောင်အောင်မြင်မြင် ကယ်တင်ပြီး မျိုးပွားပြီးတဲ့နောက်မှာ တိရစ္ဆာန်ရုံထဲက ရှဉ့်တွေရဲ့ အသိအမှတ်ပြုမှုကို ရသမျှ သခင်ဖြစ်နိုင်တယ်။ အဲဒီနောက် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနမှာလည်း လျှောက်လွှာတင်ပြီးတာနဲ့ မွေးလို့ ရပြီ”

“ဒါပေမဲ့ ရှဉ့်တစ်ကောင်ချင်းစီတိုင်းကို စာရင်းသွင်းထားတယ်နော်။ ဆိုတော့ ရှဉ့်တွေ မွေးဖို့ကတော့ မလွယ်ဘူး။ ဒီအကောင်လေးတွေကလည်း အပူချိန်အရ တင်းကြပ်တဲ့ လိုအပ်ချက်ရှိတယ်။ အပူချိန်ကသာ မလုံလောက်ဘူးဆိုရင်တော့ သူတို့ကို ဖြစ်သလို ကောက်မွေးလို့ မဖြစ်နိုင်ဘူး။ အရေးကြီးဆုံးအချက်ကတော့ တစ်ယောက်ကသာ ဒီရှဉ့်အမွှေးတွေကို ရောင်းရဲရင်တော့ ဟွန်း ထောင်ကျမဲ့အပြင် ကောင်းကင်ပြာတိရစ္ဆာန်ရုံကလည်း ဒီမိသားစုလုံးကိုပါ တားမြစ်စာရင်းထဲ သွင်းရလိမ့်မယ်”

“ဒီလိုလူမျိုးတွေက တိရစ္ဆာန်တွေကို မွေးဖို့ မတန်ဘူးလေ”

“ဒီမှာ ဒါရိုက်တာ ဆုပိုင်က အားလုံးကို အကြံပေးချင်တာက ဝယ်ရောင်းလုပ်တာမျိုးကို လုံးဝတားမြစ်တယ်ဆိုတာပဲ။ ဒီလောက် ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေကို ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတာက သူတို့ကို ချစ်ပြီး ကာကွယ်တာမျိုးမှ မဟုတ်တာ”

ထိုသို့ ပြောပြီးသည့်နှင့် ဆုပိုင်က မြေပြင်အနားအထိ သူ၏နဖူးကို ကပ်ထားပြီးနောက် ထိုအဟကြားမှနေ ဂရုတစိုက် လှမ်းကြည့်သည်။ သို့ရာတွင် သူသည်လည်း ဖြောင့်တန်းနေသော လမ်းကြောင်းကို မမြင်ရသည့်အတွက် ဘာမှကို မမြင်ရပါပေ။

…

တရုတ်ပြည်။

တောင်အိုမြို့တော်။

ယုံလုံက မီးပျက်နေသော မိဘမဲ့ဂေဟာထဲမှ ထွက်လာသည်။ သူ၏မျက်နှာက အလွန်အမင်း သုန်မှုန်နေသည်။ မိဘမဲ့ဂေဟာတစ်ခုလုံးက ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေ၏။ မည်သည့်ကလေးငိုသံကိုမျှ မကြားရပေ။ ရယ်သံ၊ တီးတိုးပြောသံမျိုးကိုလည်း မကြားရပါပေ။

“အားလုံးပဲ ဒီကိုလာကြ”

397 02

ယုံလုံက သူ၏လက်ထောက်ကို ပြောလိုက်သည်။ ထိုနောက် မိဘမဲ့ဂေဟာ၏အရှေ့မှ မြေကွက်လပ်ပြင်ဆီသို့ တိုက်ရိုက်လျှောက်သွားသည်။ ထိုနောက် လူတစ်ဖွဲ့က ထိုနေရာတွင် လေးနက်သော မျက်နှာမျိုးနှင့် စုဝေးနေကြသည်။

“ကလေးက အယောက် ၅၀ ကျော်တယ်။ အားလုံးက တိတ်လွန်းတယ်။ သူတို့ရဲ့ မျက်လုံးထဲမှာ ဒေါသတောင် မရှိဘူး။ ဒီလူတွေ ဒါကို မြင်တဲ့အချိန်မှာ ဘယ်လိုတွေ တွေးကြလဲ မသိပါဘူး။ ငါ ရင်နာတယ်”

“ဘယ်လို မိဘမဲ့ဂေဟာမျိုးက ဒီလိုဖြစ်နေရတာလဲ”

“မိဘမဲ့ဂေဟာတွေက အများကြီးပဲ။ အားလုံးက ဒီလိုအခြေအနေမျိုး ဖြစ်နေမလားဆိုတာ မသိနိုင်ဘူး”

ယုံလုံက လက်သီးကို ခပ်ကြမ်းကြမ်း ညစ်လိုက်ရင်း သုန်မှုန်သော မျက်နှာနှင့်ပြောသည်။

“ရှမ်းတု ကယ်ဆယ်ရေးစင်တာအတွက်ကတော့ အဲဒီစင်တာက ဝန်ထမ်းတွေအားလုံးကို ဖြုတ်လိုက်။ အဓိကခေါင်းဆောင်တွေကိုတော့ စာရင်းရှင်းဖို့ ဖမ်းချုပ်ထားရမယ်”

“ဒါက လူတွေကို ဒုက္ခပေးနေတာ”

“သူတို့က ဒီလောက် ငယ်သေးတာ။ အနာဂတ်မှာ မအောင်မြင်လာဘူးလို့ ဘယ်သူ သိမှာလဲ။ တိုင်းပြည်ကို အကျိုးပြုနိုင်မဲ့ ထူးချွန်လွန်းတဲ့ လူတွေ မရှိနိုင်ဘူးလို့ ဘယ်သူ သိမှာလဲ”

ထိုကိစ္စက အမှန်တကယ်ပင် အံဩစရာကောင်းသည်။ ကြေကွဲဝမ်းနည်းဖွယ်ကောင်းတဲ့ ဖြစ်ရပ်က ဖြစ်ပေါ်လာပြီးနောက်တွင် ထိုလူသတ်သမားဆရာက ကောင်းကင်ပြာတိရစ္ဆာန်ရုံသို့ ကြိုတင်ကာ မသွားလည်ခဲ့သောကြောင့် အာရုံကိုသာ မဆွဲဆောင်ခဲ့လျှင် ထိုကိစ္စက တချို့သော လူများ၏ ဖိနှိပ်မှုကြောင့်နှင့်ပင် ပြီးသွားလောက်သည်။ ဒါဟာ သူတို့လာရောက်လှည့်ပတ်သည့် တတိယမြောက် မိဘမဲ့‌ဂေဟာ ဖြစ်သည်။

အခြေအနေကလည်း သဘောကျစရာ မကောင်းပေ။ ပြဿနာကလည်း ပြင်းထန်လွန်းနေပြန်သည်။ ထိုအပြင် ကလေးတစ်ယောက်ချင်းစီတိုင်းက ရှက်တတ်သည်။ တချို့ကမှု အထီးကျန် စိတ်ဝေဒနာများ ရှိသည်။ သူတို့သည် အချင်းချင်းပင် စကားပြောရသည်ကို သဘောမကျကြပေ။ ကလေးများကို စောင့်ရှောက်ပေးသော ဝန်ထမ်းများကလည်း နေ့လည်စာ စားချိန်မှသာ လာသည်။ ထိုနောက် စားပြီးသည့်နှင့် ထွက်သွားကြ၏။

ကျောင်းတွင် ထိုကလေးများ၏ အခြေအနေကိုပင် မသိနိုင်ပေ။

“အားလုံးပဲ ငါရဲ့နောက်ကို လိုက်ပြီး ဝင်ခဲ့ကြ”

ယုံလုံက အသက်ကို ပြင်းပြင်းရှု၍ မိဘမဲ့ဂေဟာထဲသို့ ထပ်ဝင်သည်။

ထိုနောက် လှုပ်ရှားရေးအခန်းသို့ သွားသည်။

ကလေးများအားလုံးက အရှေ့တွင် ပေါ်လာပြန်သော လူများကို ထိုင်းမှိုင်းသော မျက်လုံးဖြင့် ကြည့်ပြီး ခေါင်းကို ကြောက်လန့်တကြား ငုံ့သည်။ ယုံလုံသည် ကောင်ငယ်လေးတစ်ယောက်၏ အရှေ့သို့ သွားကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခပ်တိုးတိုး မေးသည်။

“နာမည် ဘယ်လိုခေါ်လဲ။ အဘိုးကို ပြောပြပါအုန်း”

ကောင်လေးက ကြောက်လန့်စွာ အနောက်သို့ ဆုတ်သွားပြီး လက်က တုန်နေသည်။

“ငါရဲ့နာမည်က ကောင်း … ကောင်းချန်။ အသက် … အသက် ၅ နှစ် … ငါငယ်ငယ်တုန်းက ငါရဲ့မိဘတွေ သေသွားတာ။ လာ..လာကြည့်ပေးတာ ကျေးဇူးတင်ပါတယ်”

“ငါ…”

ဟူး

ယုံလုံက ထိုကောင်လေးကို ရင်ခွင်ထဲကို ဆွဲသွင်းလိုက်ကာ ပွေ့ဖက်ရင်း ညှင်သာစွာ သက်ပြင်းချသည်။ သိသာစွာပင် ထိုကလေးကလည်း သူ အလွတ်ကျက်ထားပြီးသား စာများကို ပြောနေခြင်း ဖြစ်လောက်သည်။ သို့ရာတွင် ထို ၅ နှစ်အရွယ် ကလေးထံမှ မည်သည့် ခံစားချက် ရှိမနေပဲ ထိုကဲ့သို့ စကားများ ပြောနေသည်အား နားထောင်ရသည်မှာ ရင်နာစေလောက်သည်။

“အဘိုးက တောင်းပန်ပါတယ်”

ယုံလုံက မျက်လုံးများ နီရဲလာသည်။ တရုတ်နိုင်ငံ၏ အနာဂတ်။ ဒါပေမဲ့…

397 03

“အဘိုး … အဘိုး ဓာတ်ပုံရိုက်ရင် ငါ့ကို ပြောပေးနိုင်မလား”

ရုတ်တရက် ထိုကောင်ငယ်လေးက တုန်ယင်သော အသံဖြင့် တစ်စုံတစ်ရာကို ပြောချိန်တွင် ယုံလုံက ပဟေဠိ ဖြစ်သွားသည်။ သူက ခေါင်းကိုငိုက်စိုက်ထားပြီး လက်သီးလေး ဆုပ်ထားသော ကလေးကို ကြည့်ကာ ခပ်တိုးတိုး မေးသည်။

“ဘာလို့ ဓာတ်ပုံရိုက်မှာလဲ”

“သူတို့က လာတိုင်း ဓာတ်ပုံရိုက်တယ်။ သူတို့ ဓာတ်ပုံရိုက်တိုင်း ငါ … ငါ ငိုရတယ်လေ။ ငါမငိုရင် သူတို့က သဘောမကျတော့ဘူး”

ကလေးက နှုတ်ခမ်းကို မဲ့၍ ခေါင်းကို ငုံ့သည်။

လက်တစ်ဖက်မှ လက်သည်းက အသားထဲကို စိုက်ဝင်သည်။ ထိုနောက် မျက်ရည်အပြည့်နှင့် ခေါင်းမော့လာသည်။

“အဘိုး အခု ဓာတ်ပုံ ရိုက်လို့ ရပြီ”

အရှေ့မှ ကလေး၏ ပုံစံကို ကြည့်ပြီး ယုံလုံသည်လည်း မျက်ရည်များကို မထိန်းနိုင်တော့ပေ။ သူဟာ အကြည့်လွှဲလိုက်သည်။ အနောက်မှ ကလေးများကလည်း အကျင့်သားရနေသလိုမျိုး ထိုကောင်လေး၏ အပြုအမှုကို မအံဩကြပေ။

ဟူး

“ဓာတ်ပုံရိုက်ဖို့ မလိုဘူး။ တောင်းပန်ပါတယ်။ ဒီအဘိုးက အဲဒီလို ထပ်မလုပ်ခိုင်းတော့ဘူး”

“အဘိုးက ကတိပေးတယ်”

ထိုသို့ ပြောပြီးသည်နှင့် ယုံလုံက ထိုကလေး၏ မျက်ရည်များကို ညှင်သာစွာ သုတ်ပေးသည်။

“ဒီသောက်ကျိုးနည်းတွေ … မိဘမဲ့ဂေဟာကို ဘယ်လိုစီမံ့နေတာလဲ မသိဘူး”

“ဒါက ကလေးတွေကို တမင်တကာ စိတ်ပျက်အောင် လုပ်နေတာ မဟုတ်ဘူးလား။ အမှိုက်…”

“ဟူး ဘယ်လောက်တောင် သိတတ်လိုက်တဲ့ ကလေးတွေလဲ ဟမ်။ ဒါက မိဘမဲ့ဂေဟာ မဟုတ်ဘူး။ ဒါက အကျဉ်းထောင်”

ယုံလုံ၏အနောက်မှ လူများသည်လည်း အရှေ့မှ မြင်ကွင်းကို ကြည့်ပြီး တစ်ကိုယ်လုံးက ကျောစိမ့်လာကြသည်။ အခန်းထဲတွင် ကလေး ၁၀ ယောက်ကျော်ရှိသည်။ တစ်ခန်းလုံးကလည်း အရှေ့မှ မြင်ကွင်းကို အေးစက်စွာ ကြည့်နေကြသည်။ သူတို့၏မျက်လုံးထဲတွင် စာနာသနားစိတ်များနှင့် စိုးရိမ်စိတ်များပင် မရှိကြပေ။ ထိုကလေးသည် အထီးကျန်စိတ်ဝေဒနာက ပြင်းထန်နေလောက်သည်။ ဒါ အသက် ၅ နှစ်အရွယ်ကတည်းက ကလေး၏ အနာဂတ်ကို ပျက်စီးစေခြင်း ဖြစ်သည်။

“ဟူး”

ယုံလုံက လက်ကိုင်ပါဝါကို ထုတ်၍ မျက်ရည်ကို သုတ်သည်။ ထိုနောက် တံခါးအပြင်ဘက်တွင်သာ ရပ်နေလိုက်ပြီး အထဲမှ အရာအားလုံးကို ကြည့်ကာ အေးစက်သော အသံနှင့် ပြောသည်။

“ဒီနေ့ကစပြီး ငါတို့ တရုတ်နိုင်ငံရဲ့ မိဘမဲ့ဂေဟာတိုင်းကို အသေးစိတ် ပတ်စေ့တိုက် စစ်ဆေးမယ်။ အစိုးရလက်အောက်က ဟုတ်ဟုတ် မဟုတ် အားလုံးကို စစ်ရမယ်”

“ပြဿနာရှိတဲ့ လူတိုင်း စစ်ဆေးခံရမယ်။ အမှန်တကယ် ပြဿနာ ရှိတာ မှန်ရင် အသင်းထဲက ထုတ်ပယ်ခံရမယ်”

“ဒီကလေးတွေ အားလုံးကို အသေးစိတ်စစ်ဆေးဖို့ ဆေးရုံတွေအားလုံးကို ပို့လိုက်”

“သူတို့အားလုံးမှာ အထီးကျန် စိတ်ဝေဒနာ ရှိနေခဲ့ရင် ကုသဖို့အတွက် တစ်သုတ်စီ ခွဲပြီး ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို ပို့။ ဒီနေ့ကစပြီး … အဖွဲ့အစည်းတိုင်းက မိဘမဲ့ဂေဟာတွေကို စီမံ့ခန့်ခွဲပြီး သီးသန့် အလှူငွေကို လက်ခံတဲ့ အဖွဲ့အစည်းတိုင်းက စစ်ဆေးမှု ခံရမယ်”

“အဲဒီ မျက်နှာထိန်းတတ်တဲ့ ပရောဂျက်တွေ ဘယ်တော့မှ ထပ်ဖြစ်ခွင့် ပြုလို့မရဘူး”

“တစ်ခုခု ပေါ်လာတာနဲ့ ဒီလူတွေရဲ့ ရာထူးကနေ ချက်ချင်း ထုတ်ပယ်ရမယ်။ တရုတ်နိုင်ငံရဲ့ အနာဂတ်။ ငါတို့တွေက ဒီလိုမျိုး ကပ်ပါးကောင်တွေကြောင့် အဖျက်စီးခံလို့ မဖြစ်ဘူး”

အနောက်ဘက်မှ မိဘမဲ့ဂေဟာကို ပြန်ကြည့်ပြီးနောက် ယုံလုံက သက်ပြင်းချလေသည်။ ကြည့်ရသည်မှာ သူတို့သည် အစစ်အမှန် လူမှုအသိုင်းအဝိုင်းထဲမှ ကြီးမားသော ပြဿနာကို ရင်ဆိုင်နေရသေးပုံပေါ်သည်။

သို့သော် …

******

398 01

အခန်း 398

…

ကံကောင်းသည့်မှာ သူတို့ ဒီတစ်ကြိမ် အချိန်ကိုက် ရှာတွေ့ခဲ့သည်။ ကောင်းကင်ပြာတိရစ္ဆာန်ရုံမှ တိရစ္ဆာန်များကလည်း ထိုသို့ စိတ်ကို ပိတ်ထားသော ကလေးများ၏ နှလုံးသားကို တဖြည်းဖြည်း နွေးပေးစေနိုင်သည်။ သို့မဟုတ်ပါက အကျိုးဆက်က ကြောက်စရာကောင်းသည်။

…

“မထွက်လာသေးဘူးလား”

ဆုပိုင်က မြေပြင်တွင် ဆောင့်ကြောင့်ထိုင်နေသောကြောင့် ခြေထောက်ကပင် နည်းနည်း ကြွက်တက်ချင်လာသည်။ သို့သော် ထိုရှဉ့်လေးများကို မမြင်ရသေးပေ။ သူ တစ်စုံတစ်ရာကို ရေရွတ်လိုက်သည်။

သူ့ကိုများ လှည့်စားသွားတာလား။

ထိုနောက် သူသည် နံဘေးမှ ကျောက်စလစ်ခဲလေးကို ယူကာ အတွင်းသို့ ပစ်လိုက်သည်။

“ကူး ကူး ကူး”

“အား”

အတွင်းမှ အော်သံကို ကြားရသည့်နှင့် ဆုပိုင်၏ မျက်နှာက အနည်းငယ် မှင်သက်သွားသည်။ ထိုနောက် အရူးကဲ့သို့ ပြေးထွက်လာသော အကောင်လေးသုံးကောင်က လျှာကို ထုတ်ကာ အော်ဟစ်တာ မြင်ရသည်။

“အား ဘာလဲ”

“ဟမ် အရသာက ဆိုးလိုက်တာ။ ရေဘယ်မှာလဲ။ ရေဘယ်မှာလဲ”

“ဟေး ဟေး ငါ မရတော့ဘူး။ ငါ မရတော့ဘူး”

ထိုအကောင်သုံးကောင်က ဆုပိုင်ကို ဝိုင်းပြီး ရူးသွပ်စွာ အော်ဟစ်သည်။ မျက်နှာများက နာကျင်နေပုံပေါက်သည်။

“ဟူး”

ဆုပိုင်က ရယ်ချင်စိတ်ကို ထိန်းထားပြီး အိတ်ထဲမှ ရေသန့်ဘူးကို ထုတ်ကာ ခွက်သေးလေးထဲသို့ လောင်းထည့်ပေးသည်။ ထိုနောက် ထိုအကောင်လေး သုံးကောင်က ဝိုင်းကာ သောက်ကြ၏။

“ဖိ”

“ငါနဲ့ မလုနဲ့။ ဘာလုပ်တာလဲ”

“အား အား အား ငါ အရမ်းနာနေတာနော်။ ယုံချင်ယုံ မယုံချင်နေ ငါ မင်းကို ကိုက်တော့မှာ”

“ဖယ်စမ်း။ ရေက ငါ့ဟာ”

…

အချိန်တွေ ကြာပြီးတဲ့နောက်မှာ ဆုပိုင်က ကျောပိုးအိတ်ထဲမှ ခေါင်းထွက်နေသော အကောင်ငယ်လေး သုံးကောင်ကို ကြည့်ပြီး ညှင်သာစွာ ပြုံးသည်။ ထိုနောက် အစိမ်းရောင်အစာကို ထုတ်ကာ သူတို့ကို ပေးလိုက်သည်။

“စားချင်လား”

ရှဉ့်သုံးကောင်က သူတို့၏မျက်မှန်အသီးသီးကို ချိန်ညှိလိုက်ပြီးနောက် တစ်ချိန်တည်းတွင်ပင် ခေါင်းခါသည်။

“ကူ့ ကူ့”

“မင်းအရင် စားကြည့်”

“ဒီလူက အရမ်းဆိုးတာ။ အခုနတုန်းက အနီရောင်ကြီးက တအားရွံ့ဖို့ကောင်းတာပဲ”

“ဟားဟား”

398 02

ဆုပိုင်က သူတို့၏ သတိကပ်နေသော ပုံစံကို ကြည့်လိုက်ပြီးနောက် ထိုအစိမ်းရောင်ပေါင်မုန့်လေးကို ပါးစပ်ထဲသို့ ထည့်သည်။ အကြိမ်အနည်းငယ် ဝါးကြည့်ပြီးနောက် မျိုချသည်။

“အွန်း”

“သူ တကယ်စားလိုက်တာလား”

“ဒါဆိုရင် ငါတို့လည်း စားကြည့်ကြမလား”

ရှဉ့်များက ဆုပိုင်ကို ကြည့်ပြီးနောက် သူတို့၏ လက်နှစ်ဖက်ကို ထုတ်ပေးလာကြသည်။

“မရှိတော့ဘူ”

ဆုပိုင်က ခေါင်းကို တဖြည်းဖြည်း ခါပြီးနောက် မကျန်တော့ကြောင်း ဖော်ပြသည်။

“တို”

“ရှီ”

“အား အား အား ငါတအား ဒေါသထွက်လာပြီ။ ဒီကောင်က တမင်တကာ လုပ်တာ”

“အမ် ငါတို့ဘယ်လိုလုပ်ရမှာလဲ။ ငါတို့ မနိုင်ဘူးလေ”

“ငါ သည်းမခံနိုင်တော့ဘူး။ ငါ အိပ်တော့မယ်”

ထိုသို့ အကြိမ်အနည်းငယ် အော်ဟစ်ပြီးသည့်နှင့် ကျောပိုးအိတ်ထဲ ပြန်ဝင်သွားသည်။ ဆုပိုင်က အိတ်ကို ဇစ်ပိတ်လိုက်ပြီးသည့်နှင့် အရှေ့ဘက်သို့ စပြေးသည်။

ထိုတိုရိုရိုများက ထိုနေ့က ရှဉ့် ၁၁ ကောင် သယ်သွားခဲ့ခြင်း ဖြစ်သည်။ အခုမှု ၈ ကောင်ကို မတွေ့ရသေးပေ။

အဝေးမှ နေ၍ ကြောက်လန့်တကြား ရပ်နေသော လူတစ်အုပ်ကို မြင်ရသည်။ သူတို့၏ အရှေ့တွင်လည်း အေးစက်သော မျက်နှာနှင့် အသက်လတ်ပိုင်း လူကြီးတစ်ယောက် ရှိသည်။

“အမှိုက်တစ်သိုက် ဟမ်။ ဒီလောက်ကြာပြီ တစ်ကောင်တောင် ရှာမတွေ့ဘူးလား”

“တခြားအသင်းတွေက ၅ ကောင်တောင် ရှာတွေ့ပြီးပြီ။ ငါ့ကို ပြောစမ်းပါ ဟမ်။ မင်းတို့ သူတို့ဆီ ရောင်းလိုက်သေးလား။ မင်းတို့ တခြားလူတွေဆီကို ရောင်းလိုက်သေးလား။ မင်းတို့ဘာသာ တခြားလူတွေဆီကို ရောင်းရဲလို့ကတော့ ဟမ်း မင်းတို့အဖွဲ့ဝင်တွေ ဘယ်သူက မှိုင်းတူးဖို့ ထပ်ပြီး မစဉ်းစားနဲ့တော့”

မှိုင်းတူးသမားများအာလုံးက ခေါင်းငုံသွားသည်။ သို့သော် ဘယ်သူကမှ သူတို့၏အပေါင်းအဖော်များကို သစ္စာမဖောက်ကြပေ။ ထိုကြီးကြပ်သူက သူတို့ကို ဆူပူပြီးသွားသည့်နောက်တွင် မှိုင်းတူးသမားများ အားလုံးက ကျောက်သားများပေါ် ထပ်တက်ကာ ဆက်ရှာကြသည်။

ဆုပိုင်က သိပ်မဝေးသော နေရာတွင် ရပ်နေပြီး ကြီးကြပ်သူ၏ စကားများကို နားထောင်ကာ အမှုအရာက အနည်းငယ် မှင်သက်သွားသည်။

အခြားသူတွေက ၅ ကောင် ရှာတွေ့ပြီတဲ့လား။

ဒါ

ဒုက္ခရောက်တော့မယ်။

ထိုရှဉ့်များကို မှိုင်းတူးသမားများက အရင်းရှင်များထံသို့ လွှဲပြောင်းပေးလိုက်သည့်နှင့် ထိုလူများက နေရာတွင်ပင် သတ်ဖြတ်တတ်ကြသည်။ ထိုအကြောင်းကို တွေးမိသော ဆုပိုင်ကလည်း တောထဲသို့ ခပ်မြန်မြန် ပြေးဝင်ကာ အဝေးရှိ အဖွဲ့သို့ ဦးတည်ကာ သွားသည်။

မှိုင်းတူးသမားများက အခြေခံအားဖြင့် အဖွဲ့လိုက်နေသည်။ ရှဉ့်များကို ပြန်ခေါ်သွားပြီးသည့်နှင့်

“မြန်မြန်လုပ်”

သူသည် အရှိန်ကို မြှင့်တင်လိုက်ပြီးသည့်နှင့် ထိုလူများထံသို့ အပြေးသွားသည်။

“ဟားဟားဟားဟား”

398 03

“ကောင်းတယ်။ ကောင်းတယ်”

“မီးခိုးရောင်အမွှေး ၃ ကောင်၊ အဖြူရောင်အမွှေး ၂ ကောင်။ ဟားဟား အရမ်းကောင်းတယ်။ ငါတော့ ချမ်းသာပြီ”

ဝူးကျွင်းက ပါးစပ်တွင် စီးကရက်ကို ကိုက်ထားပြီး သူ၏အရှေ့မှ အကောင်ငယ်လေး ၅ ကောင်ကို လောဘကြီးသော အမှုအရာမျိုးဖြင့် ကြည့်သည်။

“စရအောင်”

“အဖွဲ့က ဒီကောင်တွေကို စားစရာအဖြစ် သုံးတယ်လို့ ကြားတယ်။ အွန်း ဒီနေ့တော့ စမ်းကြည့်ရမှာပဲ”

“အမွှေးကို မပျက်စီးစေနဲ့ သတိထားကြနော်။ ခေါင်းထိပ်ကနေ စပြီး အရေခွံ့နွှာ ကြားလား”

ဝူးကျွင်းက နံဘေးမှ အဖွဲ့ဝင်များကို လက်ရမ်းပြပြီးနောက် ဆုံလည်ကုလားထိုင်တွင် သွားထိုင်သည်။

“ကောင်းပြီ။ ကောင်းပြီ”

သန်မာသောလူကြီးတစ်ယောက်က သေးငယ်သော သစ်သားတူလေးကို ကောက်ယူ၍ ရက်စက်သော အပြုံးမျိုးနှင့် ပြုံးသည်။

အဖြူရောင်အမွှေးနှင့် ရှဉ့်လေးက လှောင်အိမ်ထဲမှ ဆွဲထုတ်ခံရသည်။

“ရှီ”

ထိုရှဉ့်လေးသည်လည်း အလွန်အမင်း ဒေါသထွက်နေပုံရကာ သွားကို ဖြဲပြီး မာန်ဖီလေသည်။ အားနည်းသော ခန္တာကိုယ်ကိုလည်း တွန့်လိမ်နေ၏။

ဘန်း

ထိုနောက် တူလေးက သူ၏နဖူးကို ခပ်ပြင်းပြင်း ရိုက်မိသွားသောအခါ ထိုရှဉ့််၏ မျက်လုံးက ချက်ချင်း ပြူးကျယ်သွားပြီးနောက် ရှဉ့်လက်တစ်ဖက်က ခေါင်းကို ကာ၍ မြေပြင်တွင် လဲသွားသည်။

“ရှီ”

“အား နာတယ်။ နာတယ်။ အရမ်းနာတယ်”

ဘန်း

နောက်ထပ် တူက ထပ်ကျလာပြန်သည်။ ရှဉ့်၏ကိုယ်က တွန့်လိမ်သွားပြီးနောက် လှုပ်ရှားမှု ကင်းမဲ့သွားလေသည်။

လှောင်အိမ်ထဲမှ အကောင်လေးများက ထိုမြင်ကွင်းကို မြင်သောအခါ ကြောက်လန့်ကြား ကျုံ့ကာ ကပ်နေကြသည်။ သူတို့သည် အချင်းချင်း ပွေ့ဖက်ထားကြပြီးနောက် မြေပြင်မှ အလောင်းကို လှမ်းကြည့်သည်။

“နောက်တစ်ကောင်”

ဝူးကျွင်းကလည်း မြေပြင်မှ အလောင်းကို ကောက်ယူလိုက်ပြီးနောက် အနားမှ တစ်ယောက်ဆီ ပစ်ပေးသည်။

“အရေခွံ့နွှာတာ သတိထားနော်”

ဘန်း

သူက လှောင်အိမ်ကို ရိုက်သည်။ ကြီးမားသော လက်ကြီးကဝင်လာ၏။

“ရှီ”

မီးခိုးရောင်အမွှေးနှင့် ရှဉ့်လေးတစ်ကောင်က ရုတ်တရက် ခေါင်းကို လှည့်လိုက်ကာ တစ်ကိုက်ကိုက်သည်။ ခန္တာကိုယ်တစ်ခုလုံးက ထိုလက်တစ်ဖက်ကို ကိုက်ပြီး တင်းတင်းကြပ်ကြပ် ညှစ်ပစ်လိုက်သည်။

ထိုနောက် ဒေါသတကြီး အော်သည်။

“ဟားဟား ဒီကောင်လေးက ဒေါသထွက်နေတာ”

အသက်လတ်ပိုင်း လူကြီးကလည်း သစ်သားတူကို ကိုင်ထားပြီး ရယ်သည်။ သူဟာ အောက်ဘက်မှ အကောင်ကို ငုံကြည့်ပြီး အထင်သေးသေးပြောသည်။

“အမွှေးကသာ ဈေးမကြီးနေရင် သူဌေး… တစ်ကောင်လောက် အိမ်ခေါ်ပြီး မွှေးထားရင်တောင် မဆိုးဘူးနော်”

“ကောင်းပြီ။ ကောင်းပြီ။ မြန်မြန်လုပ်”

ဝူးကျွင်းက စိတ်မရှည်သလို ပြောသည်။ သူဟာ တစ်ဖက်သို့ လှည့်လိုက်ပြီးနောက် အရေခွံ့ခွာပြီးခါစ သွေးသံရဲရဲ အမွှေးများကို ကောက်ကိုင်ကာ ဂရုတစိုက်ကြည့်သည်။

“တကယ်ကို ရှဉ့်အမွှေးပဲ။ ဒီပုံစံ၊ နူးညံ့မှု”

“အထက်တန်းလွှာအမျိုးသမီးတွေ မျက်စိကျနေတာကလည်း ဖြစ်သင့်ပါတယ်။ ဒါပေ့မယ် နည်းနေတာကတော့ နှမြောစရာပဲ”

“ငါတို့ကသာ ဒီလိုနေရာကို စောစောလာနိုင်ခဲ့မယ်ဆိုရင် ရှိသမျှအကောင်တွေ အကုန်လုံးရဲ့ အမွှေးတွေကို ချွတ်ပြီးတာနဲ့ ဟမ်း ငါတို့တော့ ချမ်းသာပြီ”

“ကူး ကူး”

“အား လူဆိုးကောင်”

ထိုအချိန်တွင် မီးခိုရောင်ရှဉ့်လေးက မြေပြင်ပေါ်ကို အဖိခံလိုက်ရသည်။ ခေါင်းကလည်း ပေါ်နေ၏။ သူဟာ ငယ်သံပါအောင် အော်သည်။ သစ်သားတူက တဖြည်းဖြည်းချင်းစီ ကျလာသည်။

398 04

ဒိုင်း

သေနတ်ပစ်သံထွက်လာသည်။

ဆုပိုင်က မြေပြင်မှ သွေးသံရဲရဲ အလောင်းကို ကြည့်ပြီးနောက် မှိုင်းတူးသူဌေး၏ လက်ထဲမှ အဖြူရောင်အမွှေးကို မြင်ကာ မျက်လုံးပြူးသွားသည်။ သူသည် ခြေတစ်လှမ်းနောက်ကျသွားသည်။

တစ်ကောင်က အသတ်ခံလိုက်ရလေပြီ။

သူတို့ အမွှေးကိုပင် ခွာပြီး သွားလေပြီ။

“ရပ်စမ်း”

“မတ်မတ်ရပ်”

ဆုပိုင်က အေးစက်သော မျက်နှာနှင့် ပြောပြီး အ‌ရှေ့မှ သန်မာသော လူကို စောင့်ကန်လိုက်သည်။ ထိုနောက် မြေပြင်မှ တုန်ယင်နေသော အကောင်လေးကို ကောက်ယူကာ ကျောပိုးအိတ်ထဲသို့ ထည့်သည်။

“မင်းက ဘယ်ကလာတာလဲ”

“ဟမ် ဘယ်လိုတောင် ငါတို့ရဲ့ သားကောင်ကို ခိုးရဲတာလဲ။ ဒီနေ့ ဒီနေရာကနေ အရှင်လတ်လတ် မထွက်သွားချင်တော့ဘူးထင်တယ်”

“လူတွေ ဘယ်မှာလဲ”

ဝူးကျွင်းက အရှေ့မှ သေနတ်နှင့် လူငယ်ကို ကြည့်ကာ နီရဲသော မျက်နှာနှင့် ထအော်သည်။

ရုတ်တရက် အမဲလိုက်ရိုင်ဖယ်များကို ကိုင်ထားသော ကြီးကြပ်သူတစ်အုပ်ကလည်း အဖွဲ့ထဲမှ ထွက်လာပြီး ဆုပိုင်ကို ချိန်သည်။

“ဂလု”

ဆုပိုင်က တံတွေးအပြည့်မျိုချလိုက်ပြီးနောက် လှောင်အိမ်ထဲမှ ရှဉ့်များအားလုံးကို ကျောပိုးအိတ်ထဲသို့ ထိုးထည့်သည်။ ထိုနောက် အရှေ့မှ လူတစ်အုပ်ကို ကြည့်သည်။

“ရှဉ့်တွေကို ချလိုက်”

ဝူးကျွင်းကလည်း သူ၏ကုလားထိုင်မှ ထရပ်လာသည်။ သူသည်လည်း လက်အောက်ငယ်သားထံမှ ပြောင်းတိုသေနတ်ကို လုယူလိုက်ကာ သုန်မှုန်သော မျက်နှာဖြင့် အော်သည်။

ခရက်စ့်

သူသည် ထိုသေနတ်ကိုပင် မောင်းတင်လိုက်သေးသည်။ ဆုပိုင်က စတင်ကာ နောက်ဆုတ်သည်။

သူသည် အရှေ့မှ ကျောပိုးအိတ်ကို တစ်ချက် ငုံကြည့်သည်။ ရှဉ့် ၇ ကောင်က ခေါင်းများ ထုတ်လာကာ အရှေ့မှ လူများကို ကြောက်လန့်တကြား ကြည့်သည်။ အထူးသဖြင့် အဝေးမှ အမွှေးကို ဖြစ်သည်။

“ရှီ”

“အား အား အား ဒီလူတွေက အရမ်းလွန်တာပဲ။ အရင်က လူတွေနဲ့လည်း အတူတူပဲ”

“ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ငါ… ငါရဲ့ အမွှေးတွေကို အရေခွံ့ဆုပ်ကြမှာ။ ငါမသွားချင်ဘူး”

“မင်းက အရူးလား။ မင်းသေသွားပြီလေ။ ဘာမှ ခံစားရမှာ မဟုတ်ဘူး”

“ဟေး မင်း ဘာဝတ်ထားတာလဲ ငါ့ကို ပြစမ်းပါအုန်း”

“ရှင်းရှင်းလင်းလင်း မြင်ရတယ်ပေါ့။ ဝိုး ကောင်းလိုက်တာ။ မင်း အခုနတုန်းက မီးခိုးရောင်မှတ်လား။ ဘာလို့ ဖြူသွားတာလဲ”

ဆုပိုင်က ထိုအိတ်ထဲမှ အကောင်ငယ်လေးများ၏ ဆွေးနွေးပုံက တဖြည်းဖြည်း ကောက်ကွေးသွားကြောင်း မြင်သောအခါ နှုတ်ခမ်းထောင့်ကပင် တွန့်သွားသည်။

သူသည် စတင်ကာ နောက်ဆုတ်သည်။

သူသည် အရှေ့မှ လူများကလည်း မပစ်ရဲကြောင်း လောင်းရဲသည်။

သူတို့၏လက်များတွင်လည်း အမဲလိုက်ရိုင်ဖယ်များ ရှိသည်။ သို့သော် သူတို့ ပစ်သမျှက ပြောင်းတိုကျည်ဆံများ ဖြစ်သည်။ သူ၏အိတ်ထဲတွင်လည်း ရှဉ့် ၇ နှစ်ကောင် ရှိနေ၏။ ထိုကြောင့် ထိုလူများသည်လည်း ရှဉ့်အမွှေးများကို မထိခိုက်စေရဲကြပေ။

ထိုအချိန်က ဆုပိုင်ကို အခွင့်အရေး ပေးလိုက်သည်။

“မပစ်နဲ့”

ဝူးကျွင်းကလည်း အရှေ့မှ အကောင်ငယ်လေး ၇ ကောင်၏ ခေါင်းများကို မြင်လိုက်သည့်နှင့် မျက်လုံးကို မှေးကျဉ်းလိုက်ကာ လက်ကို မြှောက်၍ အားလုံးကို တားရသည်။ ထိုနောက် အ‌ရှေ့ကို တစ်လှမ်းတိုး၍ အပြုံးတစ်ခုနှင့်‌ ပြောသည်။

“ညီငယ်လေး မင်းက ပိုက်ဆံအတွက် လုပ်တာ ဖြစ်မယ် ဟုတ်တယ်မှတ်လား။ ဒီရှဉ့်တွေ ငါ့ကို ရောင်းရင် ဘယ်လိုလဲ"

“ငါ မင်းကို တစ်ကောင်ချင်းစီတိုင်း၏ တန်ကြေး နှစ်ဆပေးမယ်လေ။ ဘယ်လိုလဲ”

“မင်းအနေနဲ့ ကြွယ်ဝတဲ့ နေထိုင်မှုဘဝပေါ်မှာ နေထိုင်ဖို့ လုံလောက်တယ်နော်။ ဂရုစိုက်တွေး”

398 05

ရှဉ့် ၇ ကောင်၏ အမွှေးများနှင့်သာ ဆိုလျှင် သူတွင် ရှိသည့် တစ်ခုနှင့် ပေါင်းပြီး ၈ ခု ဖြစ်သွားပေလိမ့်မည်။ ဒါဆိုရင် ကုတ်တစ်ထည် လုပ်၍ ရနေလေသည်။ သူသာ ပြန်ယူသွားခဲ့လျှင် သေချာပေါက် လှုပ်ခတ်မှု ဖြစ်သွားနိုင်သည်။

ဒါက ယခင်တစ်ခေါက် ရှဉ့်အမွှေးပို့ပြီးနောက် ဒုတိယမြောက် နောက်ဆုံးတစ်ထည်လည်း ဖြစ်နိုင်သည်။

ယခုနောက်ပိုင်းတွင် ထိုအကောင်ငယ်လေးများက အလွန်အမင်း နည်းပါးနေလေပြီ။ ဒါဟာ နောက်ဆုံး ရှင်သန် လွတ်မြောက်လာခဲ့သည့် အကောင်ငယ်လေးများ ဖြစ်၏။

ဒိုင်း

ဆုပိုင်က ရုတ်တရက် ထပစ်လိုက်သည်။ အရှေ့မှ ဝူးကျွင်းသည်လည်း အနောက်ဘက်တွင် ပစ္စတိုကို ဝှက်ထားမည်ဟု မထင်ထားမိပေ။ ထိုပစ်ချက်က သူ့ကို မသတ်နိုင်ပေ။ ထိုကြောင့် ဆုပိုင်က တစ်ဖက်သို့ လှည့်ပြေးကာ တောထဲသို့ ဝင်သည်။

ဝူးကျွင်းက ကြောက်လန့်တကြားနှင့် ရင်ဘတ်ကို အုပ်သည်။

ထိုလူငယ်က သူ့ကို သေအောင် ပစ်လိုက်မည်ကို စိုးရိမ်ပြီး သူဟာ အမှန်တကယ် ကြောက်ခဲ့ရသည်။

“အနောက်က လိုက်”

“အားလုံးကို အရှင်ဖမ်းနော်။ ရှဉ့်တွေကို မထိခိုက်စေနဲ့”

“ဒါက မင်းတို့အားလုံးထက် ပိုပြီး တန်ကြေး ကြီးတယ်။ ဒီသောက်ကျိုးနည်း လုယက်သမားကိုတော့ ရအောင် ဖမ်းရမယ်”

ဝူးကျွင်းက မျက်နှာနီရဲလာပြီး ဒေါသကြီးကြီး အော်သည်။ ထိုနောက် လက်ထဲမှ ပြောင်းတိုသေနတ်နှင့် လိုက်သည်။

******

399 01

အခန်း 399

…

“ဒါရိုက်တာ ဆုပိုင် သတိထားနော် … လူတွေက ရူးနေကြပြီ”

“ရက်စက်လိုက်တာ။ ဘယ်လိုကြောင့်များ ဒီလောက် ချစ်စရာကောင်းတဲ့ ရှဉ့်လေးတွေကို အရေခွံ့ဆုတ်တာလဲ”

“ဒါရိုက်တာဆုပိုင်ကလည်း အရမ်း အတင့်ရဲတယ်။ ဒီလူတွေကသာ အရမ်းလောဘကြီးနေပြီး ရှဉ့်အမွှေးတွေကို မပျက်စီးစေချင်တာကြောင့်သာ မဟုတ်ရင် ငါ စိုးရိမ်တာက …”

“မပြောနဲ့တော့ မပြောနဲ့တော့ ဒီလူတွေက သေသင့်တယ်။ သေစမ်း … ဒီလောက် ချစ်ရာကောင်းတဲ့ ကောင်လေးတွေ မျိုးတုန်း ပျောက်ကွယ်သွားတာ အဆင်ပြေရဲ့လား ဟမ်။ သူတို့မှာ လူသားဆန်စိတ်ကို မရှိကြဘူး။ သူတို့က ဒီအမွှေးတွေပဲ ဂရုစိုက်ကြတာ”

“အဲဒီ ဖျံတွေလို့ပေါ့။ သူတို့လည်း သေရမယ်”

“ဒီလူတွေက ရှဉ့်တွေကို မွေးချင်တဲ့ လူတွေကရော သူတို့က လက်လျော့သွားပြီလား”

“အထက်ကလူ ပြောတာ ငါပြန်ပြောပေးမယ်။ ဒါရိုက်တာ ဆုပိုင်အနေနဲ့ သေချာ မလှုပ်ရှားသေးခင် သတိထားသင့်တယ်။ သူတို့တွေက မှိုင်းတူးပိုင်ရှင်တွေလောက် မဟုတ်ပေမဲ့လည်း ဒါရိုက်တာ ဆုပိုင် ပြောသွားသေးတယ် မဟုတ်လား။ သူတို့က အောင်မြင်အောင် မွေးပြီးပြီဆိုတာနဲ့ပဲ သေချာပေါက် ပြန်ရောင်းအုန်းမှာပဲတဲ့”

…

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူအများစုက ဆုပိုင်နဲ့အတူ ထိုအဖွဲ့၏ ဂိတ်ထဲသို့ လိုက်ဝင်လာသည်။ ထိုနောက် ပြုတ်ကျတော့မည် သစ်သားတူတစ်လက်ကို မြင်ရသည်။ သူတို့အားလုံး၏ပါးစပ်ကို အုပ်ပြီး တအံတဩပင် အော်လိုက်ကြရသည်။

ရှဉ့်တစ်ကောင်က အသတ်ခံရပြီး အရေခွံ့ဆုတ်ခံရတာကို မြင်သောအခါ အားလုံးသည်လည်း မြေပြင်ပေါ် လွှတ်ပစ်ခံထားရသည့် သွေးသံရဲရဲအလောင်းကို မြင်ပြီးနောက် သူတို့၏ နှလုံးသားအတွင်းသို့ ဒေါသများ ပြည့်နှက်လာသည်။ ဒါရိုက်တာ ဆုပိုင်က အောင်မြင်စွာ ပြေးဝင်ပြီးမှသာ အားလုံးက စိတ်အေးနိုင်ကြသည်။

သို့သော် …

ထိုနေရာတွင် ထိုသို့လွန်ကဲလွန်းသော မှိုင်းတူးသမားများကလွဲပြီး အားလုံးက ရက်စက်သည့် ရွှေတူးသမားများသာ ဖြစ်သည်။ သေချာပေါက် အဝိုင်းခံရဿည့်နှင့် အန္တရာယ်များသည်။

ဆုပိုင်ကလည်း အသက်ကို ပြင်းပြင်းရှုပြီး တောထဲတွင် လျင်မြန်စွာ ပြေးလွှားသည်။

ဒိုင်း ဒိုင်း ဒိုင်း

အနောက်ဘက်မှ သေနတ်ပစ်သံများကိုလည်း ကြားရသည်။ ထိုအချိန်တွင် ဆုပိုင်၏အနောက်မှ လိုက်နေသော လူများအားလုံးက ကျောပိုးအိတ်ကိုသာ ကြည့်နေကြသည်။ သူတို့အားလုံးက သေနတ်ကို မြှောက်ပြီး တုန့်ဆိုင်းမနေဘဲ ပစ်ကြ၏။

ထိုနေရာတွင် ရှဉ့် ၇ ကောင်ရှိသည်။

သူတို့က ထိုလူငယ်ကို သေအောင် ပစ်သတ်ပြီးသည့်နှင့် ပစ္စည်းကို လု၍ ရပြီ။

ဒါက …

အရှင် ဝူးကျွင်းကလည်း သူတို့ကို ပိုက်ဆံအများကြီး ချီးမြှင့်လောက်လေသည်။

ဒိုင်း

ဆုပိုင်က သစ်ပင်ကို မှီကပ်နေပြီးနောက် လက်တစ်ဖက်ကို မြှောက်ကာ ပစ်သည်။

“ကူး ကူး”

“ဘုရားရေ ဒီလမ်းအတိုင်းပဲ။ သွား မြန်မြန်သွား။ အဲဒီဘက်ခြမ်းကလေ ပင်လယ်ကို ဦးတည်တာ။ အဲဒီမှာ ငါတို့အပေါင်းအဖော်တွေ ရှိတယ်”

ထိုအချိန်တွင်ပင် ရှဉ့်တစ်ကောင်က ကျောပိုးအိတ်ထဲမှ ထွက်လာပြီး လမ်းညွှန်ပြသည်။

399 02

ဆုပိုင်က ငုံကြည့်သည်။ သူ့တွင် အခု ရှဉ့် ၁၁ ကောင်ထဲမှ ၇ ကောင် ရှိနေပြီ ဖြစ်သည်။ သေသွားသော တစ်ကောင်ကလွှဲလျှင် နောက်ထပ် ၃ ကောင်သာ ကျန်တော့သည်။ သူက အံကိုကြိတ်လိုက်သည်။

“သတိထားနော်။ ပြုတ်မကျစေနဲ့”

ဆုပိုင်က သေချာညွှန်ကြားပြီးသည့်နှင့် ကိုယ်ကို ငုံကိုင်းလိုက်ကာ လက်ကို မြှောက်ပြီး ထပ်ပစ်လိုက်သေးသည်။ ထိုနောက် လျင်မြန်သော အရှိန်ဖြင့် ဘေးဘက်ခြမ်းသို့ သွားသည်။

“ဟိုမှာ။ မြန်မြန် ငါတွေ့ပြီ။ သူက ပင်လယ်ဘက်ကို ဦးတည်နေတာ”

“သူ့ကို ပင်လယ်ဘက်ကို မသွားစေနဲ့။ အဲဒီမှာ လှေတွေရှိတယ်။ သူထွက်သွားလိမ့်မယ်။ ငါတို့ …”

အားလုံးက အနောက်မှ ကပ်လိုက်ကြသည်။ သူတို့အားလုံးက အော်ဟစ်ကြပြီး သေနတ်ကို မြှောက်ကာ ပစ်ခတ်ကြသည်။

“ကူး ကူး”

“ငါ ခေါင်းမူးလာပြီနော်။ ရပ်ပြီး ခဏနားလို့ ရမလား”

“မြန်မြန်လေး အောက်ဆင်းပြီး အဲဒီအရူးကောင်ကို ကယ်ဆယ်ရအောင်။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်”

မျက်မှန်တပ်ထားသော မီးခိုးရောင် ရှဉ့်တစ်ကောင်က အော်ဟစ်လိုက်ပြီးသည့်နှင့် လက်ကိုဆန့်ထုတ်ကာ အပေါင်းအဖော်တစ်ယောက်ကိုလည်း ကျောပိုးအိတ်အတွင်းထဲသို့ ဆွဲသွင်းသည်။ ထိုအကောင်လေးသည် လူငယ်၏အနောက်သို့ လိုက်ခဲ့သော ပထမဦးဆုံး ရှဉ့်ဖြစ်သည်။ ထိုလူငယ်က သူ့ကို လုံယီဟုခေါ်သည်။ သူ့အတွက် ထိုနာမည်က အလွန်ပင် သိုသိပ်လွန်းသည့်ဟု ခံစားရသည်။ ထိုကြောင့် ခပ်တိုးတိုး ကျိန်ဆဲပြီးနောက်တွင် အရှေ့မှ လမ်းကိုသာ အာရုံစိုက်ကြည့်လိုက်ပြီးနောက် ထအော်သည်။

“ရှီ”

“ပင်လယ်ဘက်ကို မသွားနဲ့အုန်း။ တောဘက်က မြစ်အနက်ပိုင်းထဲကိုသာ ပြေး။ အဲဒီက အကောင်ကြီးတွေက ငါတို့ကို သေချာပေါက် ကယ်မှာ”

“ဘာ”

ဆုပိုင်က အငမ်းမရ အသက်ရှုရင်း မေးသည်။

“ဝိုး ဝိုး ကြောက်စရာကောင်းတဲ့ အကောင်ကြီးလေ”

လုံယီကလည်း ချစ်စရာကောင်းလွန်းသော အမှုအရာမျိုးဖြင့် ပါးစပ်ကို ဖြဲပြကာ ပြောသည်။

“ငါတို့ အနောက်ဘက်က အဲဒီလူဆိုးကောင်တွေကို သူ့ကို သုံးပြီး ကိုင်တွယ်လို့ ရတယ်။ မင်း လုံယီရဲ့ ခန့်မှန်းချက်ကို ယုံကြည်ရမယ်”

ဆုပိုင်က တစ်ချက်ကြည့်ပြီးနောက်တွင် ဦးတည်ရာဘက်ကို ခပ်မြန်မြန် ပြောင်း၍ တော၏အနက်ပိုင်းသို့ ဦးတည်လိုက်သည်။

“ကူး ကူး”

“မင်းက ဘာလို့ ကိုယ့်ကိုယ်ကိုယ် လုံယီလို့ ခေါ်နေတာလဲ”

“အွန်း ဘာလို့ မင်းကို လုံယီ လို့ ခေါ်တာလဲ။ ငါတို့ ဘယ်သွားနေတာလဲ။ ကြောက်စရာ ကောင်းလိုက်တာ”

“ရှီ”

“အော် မနေနဲ့တော့။ ဝင်လာခဲ့။ ငါ မင်းတို့ကို ငါရဲ့ နာမည်က လုံယီ ဖြစ်နေလဲ ပြောပြမယ်”

ဆုပိုင်က ကျောပိုးအိတ်ကိုသာ ပြန်တင်လိုက်ပြီး အရှေ့ဘက်ကိုသာ ဆက်သွားရသည်။ ရုတ်တရက် သူသည်လည်း ထိုရှဉ့်လေးများကို နည်းနည်း နားလည်လာသည်ဟု ပြောရပေမည်။ သူတို့သည် နှလုံးသားမဲ့သော အကောင်များ ဖြစ်သည်။ သူတို့သည် တစ်စက္ကန့်တွင် ထွက်ပြေးရန် ဆွေးနွေးနေတတ်သည်။ အဲဒီ တစ်စက္ကန့််တွင်မှု စကားလမ်းကြောင်း ပြောင်းသွားပြန်၏။ လမ်းတစ်လျှောက်တွင် ဆုပိုင်ကလည်း ထိုကလေးများ၏ ပြောစကားကို နားထောင်နေရင်းနှင့် အတော်လေးကို ဖိအားများလာ၏။

399 03

သို့သော် …

ထိုနှလုံးသားမဲ့သော အကောင်လေးများကလည်း အထီးကျန် စိတ်ဝေဒနာကို ခံစားနေရသော ကလေးများကို ကုသပေးနိုင်လေသည်။

သိသာစွာပင် တစ်ကောင်ချင်းစီတိုင်းက အလွန် ကြင်နာတတ်သည်။ သူတို့သည်လည်း လက်ရှိ တိရစ္ဆာန်ရုံတွင် ရှိနေသော တိရစ္ဆာန်များထက်ပင် ကလေးများကို ကိုင်တွယ်ရာတွင် ပို၍ အားသာချက်ရှိလောက်သည်။

ထိုအပြင် ထိုအကောင်ငယ်လေးများက သွေးထွက်စေလောက်အောင် ချစ်စရာကောင်းသေးသည်။

…

“ဘယ်လိုများ တောထဲကို ပြေးတာလဲ ဟမ်”

“အနောက်ကလိုက်”

ဝူးကျွင်းကလည်း ဦးတည်ရာဘက်ပြောင်းသွားပြန်သော ဆုပိုင်ကို ကြည့်ကာ အလောတကြီး အော်သည်။

သူသည် လက်ကို မြှောက်၍ ခပ်မြန်မြန် လိုက်ခိုင်းသည်။

“နယ်မြေခံ မှိုင်းတူးသမားတွေကို လွှတ်လိုက်”

“အနောက်ကနေလည်း လိုက်ခိုင်းလိုက်အုန်း။ အဲဒီလူကိုသာ ဖမ်းမိရင် မှိုူင်းတွင်းကို ဆင်းစရာ မလိုတော့ဘူး။ ပြည်ပကို တိုက်ရိုက်လွှတ်ပေးမယ်”

အော်သံတစ်ချက်နှင့်အတူ ဝူးကျွင်းက လက်ကို မြှောက်၍ ပစ်ခတ်သည်။

သူဟာ အနောက်မှ အဖွဲ့ကို ချိန်ရွယ်ပြီးနောက်တွင် မက်နှင့် ပစ္စတိုကိုင်ထားသော အပေါင်းအဖော်များကလည်း သူ၏အနောက်ဘက်မှ တိတ်တဆိတ် ထွက်လာသည်။

“မက် ဒါက အရမ်း အန္တာရာယ်များတယ်နော်။ ဝူးကျွင်းနဲ့ တခြားလူတွေသာ အောင်မြင်သွားခဲ့ရင် ငါတို့တွေ ဒီရှဉ့်တွေ ရမှာ မဟုတ်ဘူး”

အပေါင်းအဖော်များက မေးခွန်းထုတ်သည့် စကားကို ကြားသောအခါ မက်ကလည်း ခေါင်းကိုလှည့်၍ လူတိုင်းကို ကြည်ပြီး စိတ်လှုပ်ရှားစွာ အော်သည်။

“မင်းတို့သာ အသက်ကို မရင်းချင်ဘူး။ ဒါပေမဲ့ ပိုက်ဆံလိုချင်သေးတယ်ဆိုရင်တော့ ဒီလောက် ကောင်းတဲ့ အခွင့်အရေးက ဘယ်ရှိပါ့မလဲ”

“အသီးသီးလိုပဲ။ ငါက ဝူးကျွင်းကို အဲဒီ အကောင်ရစေမှာထက် တတ်နိုင်သမျှ ပိုက်ဆံပေးပြီးပဲ ဝယ်ချင်သေးတယ်”

“ဒါပေမဲ့ အဲဒီလူငယ်ကတော့ သူရဲ့လက်ထဲက အဲဒီရှဉ့်တွေကို ဘယ်တော့မှ ရောင်းမှာ မဟုတ်ဘူး”

“ဒီလူငယ်က ရူးသွားပြီး ပေါ်တင်တောင် ပစ်ရဲတယ်။ နောက်ပြီး ဝူးကျွင်းရဲ့ သားကောင်ကိုတောင် လုရဲတာနော်”

“အနောက်က အမြန် လိုက်ရအောင်။ ငါတို့ ဒီနေ့ ရှဉ့်နည်းနည်းလောက် ရမှာပါ။ ဒါက ငါတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ဒီထက်ပိုပြီး အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး”

လူတိုင်းက တစ်ယောက်ကို တစ်ယောက်ကို ကြည့်နေကြသည်။ အံကိုကြိတ်ကာ ခေါင်းငြိမ့်သည်။

“ကောင်းပြီလေ။ ဒါဆိုလည်း … ဒါပေမဲ့ ငါ ပိုပြီး ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်။ ရှဉ့်တွေကို အနာဂတ်မှာ နည်းပညာသုံးပြီး အောင်အောင်မြင်မြင်နဲ့ မွေးနိုင်ခဲ့ရင်တော့ ငါ အကျိုးအမြတ်များကို ၂၀ ရာခိုင်နှုန်း ယူမယ်။ ဒီအကျိုးအမြတ်များက ထာဝရအကြွေးတွေပဲ”

“ငါလည်း အတူတူပဲ။ အရင်းအနှီးက ကြီးတယ်”

“ငါ သဘောတူတယ်။ ဝူးကျွင်းသာ နိုင်သွားခဲ့ရင် ငါတို့ ပေးရမဲ့ ပိုက်ဆံပမာဏကလည်း မြှောက်များတယ်လေ”

မက်က လူအုပ်ထဲမှ အသံကို နားထောင်နေပြီးနောက် နှာခေါင်းရှုံ့သည်။

အစပိုင်းတွင်မှု မက်သည်လည်း ထိုအကောင်လေးများကို သနားသောကြောင့် သဘောတူခဲ့ခြင်း ဖြစ်လောက်သည်။ သို့သော် လူသားများသည် ထူးဆန်းသော တိရစ္ဆာန်များ ဖြစ်ပြန်သည်။ မက်ကိုယ်တိုင်ကပင် ဆုပိုင်က သူ၏လက်ထဲမှ ထိုရှဉ့်ကို လုယူသွားခဲ့ပြီးနောက်တွင် သူ၏ နဂိုမူလ ရည်ရွယ်ချက်က ပြောင်းသွားကြောင်း မသိလောက်ပေ။ သူသည်လည်း ထိုရှဉ့်များကို မည်သည့်တန်ကြေး တော်တော်ရအောင် ယူမည်ဟုသာ ဆုံးဖြတ်မိတော့သည်။

399 04

ထိုအချိန်တွင် သူဟာ နည်းပညာကို သုံးကာ သားဖောက်အောင်မြင်သွားခဲ့သော် ထိုလူငယ်ပင်ဖြစ်စေ၊ သူ ရွှေတွင်းမှိုင်းတွင်းပိုင်ရှင်များပင်ဖြစ်စေ၊ သူ၏အပေါင်းအဖော်များပင်ဖြစ်စေ လူတိုင်းက နောင်တရပေလိမ့်မည်။ လူတိုင်းကလည်း သူ၏အမိန့်ကို နာခံကြပေလိမ့်မည်။ သူကသာ ထိုရှဉ့်များ သားဖောက်မှုကို ကျွမ်းကျင်သည့်သူ ဖြစ်ပေလိမ့်မည်။

“ကောင်းပြီ။ ကောင်းပြီ။ ငါကတိပေးတယ်”

“အခု အလုပ်ရမဲ့ အရေးကြီးဆုံးတာဝန်က ဒီရှဉ့်တွေကို ရဖို့ပဲ။ ငါတို့သာ တိရစ္ဆာန်တွေ ရပြီဆိုရင် အကြံက အောင်မြင်ပြီလေ”

“မင်းတို့လိုချင်တဲ့ အကျိုးအမြတ်ကတော့ အောင်မြင်သွားပြီဆိုတာနဲ့ မင်းတို့က ဉရောပက အကြွယ်ဝဆုံး လူတွေ ဖြစ်ပြီပဲ”

မက်ကလည်း နှုတ်ခမ်းကို တစ်ချက်သပ်၍ ထိုသို့ ပြောလိုက်သည်။

“သွားရအောင်။ အနောက်ကပဲ တိတ်တဆိတ် လိုက်ကြမယ်”

“ဝူးကျွင်းကသာ အဲဒီရှဉ့်‌တွေကို ရသွားပြီဆိုရင် ငါတို့ ဝယ်မယ်။ ဘယ်လောက်ပဲ ပေးရ ပေးရ”

“အဲဒီလူငယ်ကသာ ရသွားမယ်ဆိုရင် ငါတို့တွေ”

အသက်လတ်ပိုင်းလူက သုန်မှုန်သော မျက်နှာဖြင့် အမှုအရာတစ်မျိုး လုပ်ပြသည်။ အားလုံးကလည်း နားလည်စွာ ခေါင်းငြိမ့်ကြ၏။ သူတို့သည် သစ်ပင်အနောက်ဘက်မှ ထွက်လာပြီးနောက် ဝူးကျွင်း၏ အသင်းနောက်မှ လိုက်သည်။

“ကူး ကူး”

“မြန်မြန်လုပ် မြန်မြန်လုပ်။ ပုန်းစရာ နေရာတစ်ခုရှာကြ”

လုံယီက အရှေ့ဘက်မှ ရေကန်သေးသေးလေးကို ကြည့်ပြီး နောက်တုန်ယင်သော အသံနှင့် ပြောသည်။

“အနောက်ကကောင်တွေ ရှာမတွေ့သွားစေနဲ့”

“ငါငယ်ငယ်လေးနဲ့ သူတို့စားတာ မခံချင်ဘူး”

ဆုပိုင်ကလည်း ရေတိမ်ရာပိုင်းတွင် လျှောက်နေရင်းမှ အရှေ့ဘက်ရှိ သိပ်သည်းသော ခြေရာများကို ကြည့်သည်။ ထိုနောက် မည်သည့်အတွက်ကြောင့် ကြောက်စရာကောင်းသော သတ္တဝါများ ရှိနေကြောင်း နားလည်သွားသည်။ ဒီထဲတွင် မိချောင်းအုပ် ရှိရပေမည်။ အရွယ်အစားအရ မသေးလောက်ပေ။

သေနတ်ပါသော ဆုပိုင်အတွက်ကမှု မိချောင်းတစ်ကောင်လောက်ကို အေးဆေး ခုခံနိုင်လောက်သည်။ သို့သော် အရှေ့မှ အုပ်လိုက်ကမူ…

ထိုနောက် ထွက်ပြေးရုံကလွှဲပြီး တခြားသော နည်းလမ်း မရှိလောက်ပါပေ။

ထိုတိရစ္ဆာန်က အလွန်အမင်း သွေးအေးသော သတ္တဝါ ဖြစ်သည်။ ရေကန်ထဲတွင် ထိပ်တန်းအဆင့် မုဆိုးဖြစ်သည်။

မိချောင်းကိုစားနိုင်သော တိရစ္ဆာန်အရေအတွက်က လက်တစ်ဆုပ်စာသာ ရှိသည်။

ဆုပိုင်က အနောက်ဘက်ကို ပြန်ကြည့်ပြီးနောက် အဝေးရှိ ရွံထူသော ရေကန်ဘက်သို့ ခပ်မြန်မြန် လျှောက်သွားသည်။ သူသည်လည်း သူ၏ခန္တာကိုယ်ကို သိပ်သည်းသော ရေကန်မြက်များထဲသို့ ငုံ့လိုက်ပြီးနောက် တိတ်တဆိတ်သာ နေသည်။

ရှဉ့်များက ခေါင်းထုတ်လာကြပြီးနောက် အဝေးရှိ ရေကန်ကို တည်ကြည်သော အကြည့်မျိုးဖြင့် ကြည့်ကြသည်။

All Chapters