← Chapters

အခန်း (၄၀၀-၄၀၂)

Vol. 27 Ch. 400-402

အခန်း (၄၀၀-၄၀၂)

Vol. 27 Ch. 400-402

အခန်း (၄၀၀)

“သူ ဘယ်မှာလဲ”

ဝူးကျွင်းကလည်း အလျင်စလို လိုက်လာသည်။ အရှေ့မှ ရေကန်ကို ကြည့်ကာ အော်သည်။

“ကန်ထဲဆင်းပြီး တစ်ချက်ကြည့်စမ်း”

သူက မှိုင်းတူသမားများကို အော်သည်။ သို့ရာတွင် မှိုင်းတူးသမားတိုင်းက ကြောက်လန့်မှုအပြည့်နှင့် လက်ရမ်းကြသည်။

“အရှင် ဝူးကျွင်း မင်း ဒီနေရာကို မလာသင့်ဘူး”

“ဒီနေရာမှာ မိချောင်းတွေ အများကြီးရှိတယ်။ ဆင်းသွားရဲရင်တော့ အသတ်ခံရမှာပဲ”

“ငါတော့ မဆင်းနိုင်ဘူး”

“အမှိုက်”

ဝူးကျွင်းကလည်း ထိုကောင်များက သူ့ကို ငြင်းရဲမည်ဟု မထင်ထားမိပေ။ သူဟာ သူ့လူများကို လှည့်ကြည့်ပြီး အမိန့်ပေးသည်။

“လူနည်းနည်း ခေါ်ပြီးနောက် ဒီမြစ်တောက်လျှောက် ရှာကြစမ်း။ မိချောင်းတွေကိုတော့ မဆွဲဆောင်မိစေနဲ့ သတိထား”

သူတို့သည်လည်း လူတိုင်းများတွင် သေနတ်များပါသည်။ သို့သော် မိချောင်းအုပ် အဝိုင်းခံရသည့်နှင့်

ဝူးကျွင်းကိုယ်တိုင်ကပင် လက်ရှိအခြေအနေကို ကောင်းကောင်း နားလည်ပြီး အနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်သည်။ သူသည် ရေကန်အနားသို့ မကပ်သွားရဲပေ။ သူ၏မျက်လုံးကလည်း မရပ်မနား ရှာနေသော လူအုပ်ထံတွင်သာ ရှိသည်။ ထိုလူငယ်၏ သဲလွန်စကို ရှာတွေ့သွားသည့်နှင့်

“အဲဒီလူငယ်ကိုသာ ရှာတွေ့ရင် အရှင်ဖမ်းမနေနဲ့ တစ်ခါတည်းသာ သတ်လိုက်တော့”

“ရှဉ့်အမွှေး ထိခိုက်သွားရင်တောင်မှ ငါ လက်ခံတယ်”

အနားမှ လက်အောက်ငယ်များကို ကြည့်ပြီး ဝူးကျွင်းက အော်သည်။

“ရှီ”

“ငါ အန္တာရာယ်အရှိန်အဝါကို ရနေပြီ”

“ဒါပေမဲ့ ဘာလို့ မခံစားမိတာလဲ”

“လုံယီက ပေါက်ကရ ပြောတာ ဖြစ်မယ်။ ဒီလူတွေက ငါတို့ကို ရှာတွေ့ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီနေရာက အရမ်းစိုစွတ်တာနော်။ ငါရဲ့အမွှေးတွေ စိုတယ်”

“အသံမထွက်နဲ့။ ငါလည်း ငါ ခံစားမိပြီ ထင်တယ်”

မြက်ခင်းထဲတွင် ပုန်းနေသော ဆုပိုင်က အကောင်လေးများ၏ စကားပြောသံကို နားထောင်နေပြီးနောက် မျက်မှောင်ကို ကြုတ်လိုက်သည်။ တိရစ္ဆာန်များ၏ အန္တာရာယ်ကို ခံစားနိုင်စွမ်းရည်က လူသားများထက် မရေမတွက်နိုင်အောင် သာသည်။ ထိုလူများ အန္တာရာယ်ကို ခံစားနိုင်ကတည်းက သူတို့ကို ကြည့်နေသော မျက်လုံးများ ရှိလောက်သည်။

“တိတ်တိတ်နေ”

အိုးအို့

ဆုပိုင်က ခပ်တိုးတိုး ပြောပြီးနောက် ခန္တာကိုယ်ကို တဖြည်းဖြည်းရွေ့သည်။

“အွန့်”

ရုတ်တရက် မာကျောသော တစ်စုံတစ်ရာက သူ၏ကျောကို လာဖိသလို ခံစားရသည်။

သူသည် ထိမျှအထိ ကံမဆိုးလောက်ပါပေ။

ဆုပိုင်က တစ်ခဏခန့် တွေးတောပြီးနောက် နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ပိတ်ကာ ခေါင်းကို တဖြည်းဖြည်းချင်းစီ လှည့်သည်။

“ဟီးဟီး”

ဆုပိုင်က အရှေ့မှ အရာကို ကြည့်ပြီး ငိုသည့်ထက် အကျဉ်းတန်လွန်းသော အကြည့်ကို ပြသည်။

“ကူး ကူး”

“သွားပြီ။ သွားပြီ။ သွားပြီ”

400 02

ရှဉ့်လေးများအားလုံးက ကြောက်ရွံ့ကာ အော်ကြသည်။ သူတို့၏ မျက်လုံးကို လက်ဖြင့် အုပ်လိုက်ကြသည်။

“အိုး မကောင်းတော့ဘူး။ ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ငါ့မှန်ကွဲသွားမယ် ထင်တယ်”

မျက်မှန်တပ်ထားသော ကောင်လေးများက သူတို့၏ မျက်မှန်ကို နဖူးပေါ် ကောက်တင်လိုက်ကာ မျက်လုံးကို ပြန်အုပ်သည်။ ထိုနောက် ကျောပိုးအိတ်ထဲသို့သာ ခေါင်းငိုက်စိုက်ချလိုက်သည်။

သူ၏ အရှေ့ဘက် မြေပြင်မှ တဖြည်းဖြည်းထလာသော မိချောင်းကို ကြည့်ပြီး ဆုပိုင်က အသက်ကို ခပ်ပြင်းပြင်း ရှုသည်။ ထိုနောက် လက်ကို ဆန့်ထုတ်ကာ ခပ်တိုးတိုး ပြောသည်။

“ငါ အခု သွားမယ်နော်”

“မစိုးရိမ်နဲ့ ငါ အခု သွားမယ်။ ဒေါသမထွက်ပါနဲ့။ ဒေါသမထွက်ပါနဲ့”

“ငါ ထွက်…”

ရုတ်တရက် မိချောင်းများအားလုံးက တစ်ချိန်တည်းတွင်ပင် ကြီးမားသော ပါးစပ်ကြီးကို အော်ဟစ်ကာ ခုန်လာသည်။ ဆုပိုင်ကလည်း အော်ဟစ်ပြီးနောက် ခြုံပုတ်ထဲမှ ကြမ်းတမ်းသော မျက်နှာမျိုးဖြင့် ခုန်ထွက်လာသည်။

“ဘယ်မှာလဲ”

“မပစ်နဲ့အုန်း။ သူ့ကို အရှင်ဖမ်း”

“မြန်မြန်လေး မြန်မြန်လေး ငါ့ဆီလာ”

ဝူးကျွင်းက အော်သံကို ကြားသည့်နှင့် ကြည့်လိုက်သောအခါ မြက်ခင်းထဲမှ ခုန်ထွက်လာသော ဆုပိုင်ကို မြင်ရသည်။ ထိုကြောင့် တခြားသော သူများကို ခပ်မြန်မြန် လက်ပြ ခေါ်သည်။

“ခရက်စ့်”

“အား အား ကယ်ကြပါ”

လူတစ်ယောက်က ခါးအထိမြှင့်သော မြက်ခင်းပြင်ထဲသို့ ဝင်လိုက်သည့်နှင့် ရုတ်တရက် အော်သံကို ထုတ်ပြီးနောက် ခပ်မြန်မြန် ဆွဲချခံရသည်။

“မိချောင်းတွေ မိချောင်းတွေ လာနေပြီ”

နယ်မြေခံများအားလုံး၏ မျက်နှာက ဖျော့တော့ကုန်ကြသည်။ သူတို့သည် နောက်လှည့်ကာ ပြေးကြသည်။

“ကျွတ် ကျွတ် ကျွတ်”

ထိုအချိန်တွင်ပင် အားလုံးက ကျောချမ်းဖွယ်ကောင်းသော ကိုက်စားခံရခြင်းကို ကြားပြီး ကြောက်ရွံ့တကြား နောက်ဆုတ်ကြသည်။

ဒိုင်း

မြက်ခင်းထဲမှ သွေးသံရဲရဲ ခန္တာကိုယ်တစ်ပိုင်းက ထွက်လာသည်။

“ပစ် ပစ် ပစ်”

“ဒီကောင်တွေ မထွက်လာစေနဲ့”

ဝူးကျွင်းက အော်ဟစ်သည်။

ဒိုင်း

သူဟာ သေနတ်ကို မြှောက်၍ ပစ်ခတ်သည်။

ရုတ်တရက် ခြုံပုတ်ထဲမှ အော်သံထွက်လာ၏။

နှုတ်ခမ်းထောင့်များက စိုရွဲနေသော သွေးများနှင့် မိချောင်းများက ထွက်လာသည်။ ကြီးမားသော ခန္တာကိုယ်ကြီးများကိုလည်း တရွတ်တိုက် ဆွဲလာ၏။ သူ၏ အေးစက်သော မျက်လုံးများက အရှေ့မှ ကျူးကျော်သူတစ်အုပ်ကို ကြည့်သည်။

ဝေါင်း

400 03

ခေါင်းဆောင် အကြီးဆုံး မိချောင်းကြီးက ပါးစပ်ကြီးကို ဖြဲကာ အော်ဟစ်ပြီးနောက် အရှေ့ဘက်သို့ ခုန်ဝင်လာသည်။

“အား ကယ်ကြပါ”

“မပြေးနဲ့ မပြေးနဲ့ ငါတို့ကို ကယ်အုန်း”

“ဒီကောင်တွေကို သေအောင် ပစ်စမ်းပါ”

ဆုပိုင်က အဝေးရှိ သစ်ပင်၏ အနောက်ဘက်တွင် ပုန်းနေရင်း အရှေ့ဘက်မှ မြင်ကွင်းကို ကြည့်ကာ ရှုရာကွင်းကဲ့သို့ ခံစားနေရသည်။ ပါးစပ်က လှုပ်သွားသည်။

“တကယ်ကို ထိပ်တန်းအဆင့် အမဲလိုက်မုဆိုးပဲ”

ထိုမုဆိုးတစ်အုပ်၏ အမဲလိုက်နိုင်စွမ်းအားက ကြောက်စရာကောင်းသည်။ သို့သော် ကံကောင်းစွာပင် သူ၏ ဒီတစ်ခေါက် ပစ်မှတ်က မိချောင်း မဟုတ်ပါပေ။ သို့မဟုတ်ပါက အမှန်တကယ် ခက်ခဲလောက်သည်။

ရွှေမှိုင်းပိုင်ရှင်၏ ခန္တာကိုယ်တစ်ခုလုံးက မိချောင်းနှစ်ကောင်၏ ဆွဲဖြဲခံရပုံကို ကြည့်လိုက်ရင်း သူသည်လည်း သက်ပြင်းရှည်ကို ချသည်။ ထိုနောက် အနောက်လှည့်ကာ ထွက်သွားရန် ကြံစည်၏။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်သူရှုသူအများစုသည်လည်း နှလုံးသားထဲမှ ကျောက်တုံးများက ပြုတ်ကျသွားကြသည်။

“ဖက်စ့် ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင် အဲဒီမိချောင်းတွေအားလုံးက ခေါင်းပြားအစ်ကိုကြီး သတ်တာကို ခံခဲ့ရဖူးတယ် မှတ်လား”

“အမ် အကောင်ရေ ရာကျော်မယ် ထင်တယ်။ ကြောက်စရာကောင်းလိုက်တာ”

“ရက်စက်လိုက်တာ။ ကောင်းကင်ပြာတိရစ္ဆာန်ရုံက ဘယ်အချိန်မှပဲ ဒီလို တိရစ္ဆာန်မျိုးကို ပြန်ကယ်မှာလဲ။ ငါတော့ တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်တွေအားလုံး ဒုက္ခရောက်ကုန်မယ် ထင်တယ်”

“အွန်း ငါလည်း ကြည့်နေရုံနဲ့ ကြက်သီးတွေ ထတယ်။ ဒါပေမဲ့ ဒီလူတွေ သေရတာ တကယ် တန်တယ်လေ။ ဘယ်သူက သူတို့ကို တိရစ္ဆာန်တွေကို ဒီလို ရက်စက်ခိုင်းလို့လဲ။ ရှဉ့်လေးတွေကိုတောင် မလွတ်ပေးဘူး။ ဒီနေရာအထိတောင် လိုက်လာကြတာ သူတို့ရဲ့ အမှားပဲ”

“ဟုတ်တယ်။ ဟုတ်တယ်။ မင်းတို့က ဆိုးယုတ်တာတွေကို လုပ်ရင် သေချာပေါက် အဲဒီအကျိုးဆက်ကို ခံရမှာပဲ”

“ဟစ် ဒါရိုက်တာ ဆုပိုင် သတိထားနော်။ နောက်မှာ လူရှိတယ်”

“ဒါက ဒါရိုက်တာ ဆုပိုင်နဲ့ ရှဉ့်ဝယ်ဖို့ ကြိုးစားတဲ့ လူမှတ်လား။ သူက အတွင်းယုတ်တယ်။ အနောက်ကနေ လိုက်လာတယ်”

အားလုံးကလည်း ဆုပိုင်၏ နဖူးကို အနောက်ဘက်မှ သေနတ်နဲ့ချိန်ထားပြီးနောက် ခုံများအသီးသီးမှ ထကာ ကျိန်ဆဲကြသည်။ မည်သို့ပင်ဆိုစေ ရှဉ့်ကိုပင် မဝယ်နိုင်ချိန်တွင် လူတစ်ယောက်က လုသွားလိမ့်မည်ဟု မထင်ထားဘူး။ သူတို့ကပင် ရှဉ့်ကို မဝယ်ရသေးပဲ တခြားလူက လုသွားမည်ဟု မထင်ထားပေ။

“ဟားဟား ငါတို့ အောင်မြင်ပြီ”

မက်က ဆုပိုင်၏ ရင်ဘတ်မှ ကျောပိုးအိတ်ကို လုလိုက်ပြီးနောက် ရှဉ့်တစ်ကောင်ကို ထုတ်ယူကာ ဂရုတစိုက် စစ်ကြည့်သည်။

“အထီး ၅ ကောင် အမ ၂ ကောင်”

“လုံလောက်ပြီ”

“ငါတို့အတွက် နည်းပညာသုံးပြီး မွေးဖို့ လုံလောက်ပြီ”

ကျောပိုးအိတ်ကို စိတ်လှုပ်ရှားစွာ ယူလိုက်ပြီးနောက် မက်က အရှေ့မှ သုန်မှုန်သော လူငယ်ကို ကြည့်ကာ လက်ကို ဆန့်ထုတ်၍ ရင်ဘတ်ကို ပုတ်သည်။ ထိုနောက် စနောက်၏။

“မမျှော်လင့်ထားဘူး မှတ်လား”

400 04

“ဟားဟား ဒီရှဉ့်တွေက အနှေးနဲ့အမြန် ငါ မက်က အောင်အောင်မြင်မြင် မျိူးပွားနိုင်မဲ့ သတ္တဝါတွေ ဖြစ်လာမှာ”

“မင်းတို့ လူသတ်သမားတစ်အုပ်ကတော့ ရှဉ့်အမွှေးကိုပဲ ယူဖို့သိတာ။ အနှေးနဲ့အမြန်ဆိုသလို ဒီမျိုးစိတ်က မင်းတို့ကြောင့် ဖျက်စီးခံရမှာ”

“ငါရဲ့နည်းလမ်းကသာ အချိန်တွေကြာအောင် မျိုးပွားနိုင်လိမ့်မယ်။ ငါက ကြွယ်ဝမှုကို ရရုံတင်မကသေးပဲ သူတို့ကိုလည်း မျိုးမတုန်းအောင် ကာကွယ်နိုင်သေးတယ်”

“မင်း အရင်က အမွှေးတွေ ရပြီးသား မှတ်လား”

ဆုပိုင်က မျက်လုံးကို မှေးကျဉ်းလိုက်ပြီး လေးနက်သော အသံနှင့် ပြောသည်။

“ဟားဟား ဒါပေါ့။ ငါ သေချာပေါက်ယူမှာ။ ဒါပေမဲ့ ပမာဏက အရမ်းများလာမှာလေ။ ဆိုတော့ အမွှေးနည်းနည်းလောက်က ပြဿနာ မရှိပါဘူး”

သေနတ်ကိုင်ထားသော လူက ဆုပိုင်၏နဖူးကို တေ့ရင်း ရယ်သည်။

“ဟားဟား ရယ်စရာကောင်းလိုက်တာ။ ဒီတိရစ္ဆာန်တွေကသာ တန်ကြေး မကြီးနေခဲ့ရင် ငါတို့က ဘာလို့ ဒီလောက်အထိ လာမှာလဲ”

“အနှေးနဲ့အမြန်ဆိုသလို”

ဒိုင်း

ထိုနောက်တွင် သေနတ်ပစ်သံထွက်လာ၏။

“ကူး ကူး”

“အရှေ့မှာ အရှေ့မှာ”

“ငါ့မျက်မှန် ဘယ်မှာလဲ”

“ဘုရားရေ ဘာလို့ အရာအားလုံးက ဝါးနေတာလဲ။ ငါ ဘာမှ မမြင်ရတော့ဘူး။ ငါ ဘယ်သူကို ကိုက်သင့်လဲ”

“အား အား အား လုံယီ မျိုးမစစ်ကောင်။ ဘာလို့ ငါ့ကို တက်နင်းတာလဲ”

ထိုကျောပိုးအိတ်ထဲတွင် ပုန်းနေသော ရှဉ့်များက တစ်ကောင်ပြီး တစ်ကောင် ထွက်လာကာ ဆုပိုင်၏ နဖူးကို သေနတ်နှင့်ချိန်ထားသော လူငယ်ကို ခုန်အုပ်လေသည်။

******

401 01

အခန်း 401 အစပိုင်း ကုသမှု။

ဘန်း

ဆုပိုင်က ခြေတစ်လှမ်းခန့် နောက်ဆုတ်လိုက်သည်။ သူ၏နံဘေးတွင် ပြုတ်ကျနေသော ပစ္စတိုကို လက်တစ်ဖက်တွင် ကောက်ကိုင်လိုက်ပြီးနောက် ခပ်မြန်မြန် မောင်းတင်သည်။

ဒိုင်း

သူသည် ဒူးကို ချက်ချင်းမြှောက်၍ နံဘေးမှ အသက်လတ်ပိုင်းလူကို ချက်ချင်းဆိုသလို ကန်ထုတ်ပစ်လိုက်သည်။ သူသည်လည်း မြေပြင်မှ ပစ္စတိုကို ခပ်မြန်မြန် ပြန်ကောက်လိုက်ကာ အရှေ့မှ လူကို ပြန်ချိန်သည်။

“မင်း”

မက်က မြေပြင်တွင် လဲသွားသော အပေါင်းအဖော်ကို ကြည့်ပြီးနောက် တစ်ဖက်သူ၏ ငိုညည်းပုံကို ကြည့်ရင်း အနောက်ဘက်သို့ ကြောက်တလန့်ကြား စဆုတ်သည်။

“ငါ မမှားဘူးနော်။ ငါက ဒီတိရစ္ဆာန်တွေ ရှင်သန်ဖို့ လုပ်တာ”

“မင်း ငါ့ကို သတ်လို့ မရဘူး”

“ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့”

ဆုပိုင်က မြေပြင်မှ အကောင်ငယ်လေးများကို မျက်လုံးတစ်ချက် ရမ်းပြလိုက်သည်။ သူတို့သည်လည်း အဝတ်အစားများတစ်လျှောက် တစ်ယောက်ချင်းစီတိုင်းလာပြီး ကျောပိုးအိတ်ထဲသို့ ခပ်မြန်မြန် ပြန်ဝင်သည်။

“ကူး ကူး”

“ဟားဟား မဆိုးဘူး။ မဆိုးဘူး”

လုံယီက လက်နှစ်ဖက်ကို ပွတ်ရင်း ကုန်းတက်လာသည်။

ထိုရှဉ့်အုပ်က ခေါင်းလေးများကို ဆန့်ထုတ်၍ အရှေ့ဘက်မှ လူကို ကြည့်သည်။

“ရှီ”

“မင်းတို့တွေထဲက ဘယ်သူ ငါ့ကို မျက်မှန် ငှားနိုင်မလဲ။ သေချာ မမြင်ရဘူး”

“အိုး ငါ့မျက်မှန်က နဖူးမှာ ကပ်နေတယ်။ ရွေ့လို့ မရတော့ဘူး”

“ဟုတ်တယ်။ ဟုတ်တယ်။ ငါလည်း ရွေ့လို့ မရတော့ဘူး”

“အား ဘယ်မှာလဲ။ ငါ့မျက်မှန်”

“အသံမထွက်နဲ့”

ဆုပိုင်က သူတို့အကောင်လေးများ၏ အော်သံကို နားထောင်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။

ထိုနောက် အရှေ့မှ လူများကို အေးစက်စွာ တစ်ချက်ကြည့်၍ အပြင်သို့ ပြုတ်ကျနေပြန်သော နောက်ထပ် ပစ္စတိုတစ်လက်ကို ကောက်ကိုင်လိုက်သည်။ သူသည် မက်၏ နံဘေးသို့ လျှောက်သွားပြီးနောက် လေးနက်သော လေသံနှင့် ပြောသည်။

“မင်းနေရာမှာသာ သူတို့နဲ့ ပြောင်းသွားရင် ဘယ်လိုဖြစ်သွားမလဲ သိလား။ တခြားတစ်ယောက်က ကျွေးမွေးတာကို စား။ အဲဒီနောက် အရေခွံ့ဆုပ်ပြီး ရောင်းမှာကို စောင့်နေမယ်လို့ ထင်လား”

“အကျိုးအမြတ်ဆိုတာ ပါဝင်လာသမျှ မင်းသူတို့ကို သေချာပေါက်ကို ရောင်းထုတ်မှာပါ။ မင်းက ဒီတိရစ္ဆာန်တွေကို တကယ် မကြိုက်ပါဘူး”

“ဒါပေမဲ့ ငါက … ငါက သူတို့အတွက် ရင်းလိုစိတ်ရှိတယ်လေ”

“မင်းလိုလူမျိုးတွေကြောင့် တိရစ္ဆာန်တွေက အနှေးနဲ့အမြန် မျိုးတုန်းမှာ”

ဒိုင်း

ဆုပိုင်က အသက်လတ်ပိုင်းလူ၏ နဖူးကို တိုက်ရိုက်ပင် ပစ်ခတ်လိုက်ကာ လှောင်ရင်း တောထဲသို့ ဝင်ပြေးလာသည်။

401 02

နောက်ထပ် ရှဉ့်နှစ်ကောင်ကို ရှာရအုန်းပေမည်။ သူတို့သည်လည်း ကမ်းစပ်နားတွင် ဖြစ်လောက်၏။

“ဒါ”

“ဘယ်လို ဖြစ်နိုင်မှာလဲ”

မက်က ရေရွတ်ရင်း မြေပြင်ပေါ်သို့ လဲကျသွားကာ မြေပြင်မှ အလောင်းကို မယုံနိုင်သလို ကြည့်သည်။

“သူသေသွားပြီ”

“မက်”

“ငါတို့ ပြီးပြီ။ ငါတို့ ရှဉ့်ကို မရတဲ့အပြင် အပေါင်းအဖော်တွေလည်း သေကုန်ပြီ။ ဒီသောက်ကျိုးနည်း နေရာက မြန်မြန် ထွက်သွားစမ်းပါ။ ငါတို့ ဘယ်သူနဲ့မှ မပူးပေါင်းတော့ဘူး”

ရွှေရောင်ဆံပင်နှင့် အမျိုးသမီးတစ်ယောက် မျက်လုံးမှေးသွားသော မက်ကို တစ်ချက်ကြည့်ပြီးနောက် စကားကိုသာ ချန်ထားရစ်ခဲ့ကာ လူအနည်းငယ်ကို ခေါ်၍ တောထဲမှ ထွက်သွားလေသည်။

သူတို့၏ အပေါင်းအဖော်များက သေသွားရုံသာမကသေးလေပဲ ရွှေမှိုင်းပိုင်ရှင်ကလည်း သေသွားလေပြီ။ ဒီနေရာလည်း ရှဉ့်အနည်းငယ်ကိုလည်း လူငယ်က ယူသွားပြီ ဖြစ်သည်။ သူတို့တွင် အခွင့်အရေး မရှိတော့ပေ။

“ကူး ကူး”

“ပင်လယ်နားမှာ အဟကြားနေရာတစ်ခုရှိတယ်”

လုံယီက မျက်တောင် တစ်ဖြတ်ဖြတ် ခပ်ပြီး သူ၏လက်ကို ဆန့်ထုတ်၍ ထောင့်ကြားနေရာကို ညွှန်ပြသည်။

“အွန်း အဲဒီမှာ ဖြစ်မယ်။ သူတို့ကို မြန်မြန်လေး သွားထုတ်လိုက်။ အဲဒီလူဆိုးကောင်တွေ ငါတို့ကို မှီလာမယ် ထင်တယ်”

“မမှီပါဘူး”

ဆုပိုင်က တစ်ချက်ပြောလိုက်ရင်း ကျောက်ပြားအောက်တွင် လှဲလိုက်သည်။ ထိုနောက် အတွင်းမှ အကောင်ငယ်လေး နှစ်ကောင်ကို ဆွဲထုတ်ကာ ကျောပိုးအိတ်ထဲ ထိုးထည့်သည်။ ထိုနောက် နောက်သို့ လှည့်ကြည့်သည်။ ဒီတာဝန်က ပြီးမြောက်သွားပြီဟု ယူဆ၍ ရလောက်သည်။

ကမ္ဘာပေါ်မှ ရှဉ့်များကဲ့သို့သော တည်ရှိမှုများ တည်ရှိနေသေးလား မသိသေးသော်လည်း အနည်းဆုံး အနှေးနဲ့အမြန် ရောက်ရှိလာသောအခါ သူတို့၏ အသက်အန္တာရာယ်ကို စိုးရိမ်စရာ မလိုအပ်လောက်တော့ပေ။

နှစ်အနည်းငယ် ကုန်လွန်သွားပြီးနောက်တွင် ရှဉ့်များသည်လည်း အလုံးအရင်းနဲ့ မျိုးပွားနေလောက်လေပြီ။

“တီ ဂုဏ်ယူပါတယ်။ အသုံးပြုသူက ရှဉ့်အပိုင်းအစကို အောင်အောင်မြင်မြင် လုပ်လိုက်ပါပြီ”

“တီ ဂုဏ်ယူပါတယ်။ အသုံးပြုသူက ရှဉ့်တွေကို ပြန်လည် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အမျှင်အပေါင်း တစ်”

“စနစ်က ပြန်လည် ပို့ဆောင်ပေးနေပါပြီ။ တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်တန့်လိုက်ပါတော့မယ်”

…

“ဒီကလေးရဲ့ အဆိုးရွားဆုံးပဲ”

“တစ်ချိန်လုံး သူ့ကို အဖော်ပြုနေတဲ့ လူရှိနေမှ ဖြစ်တော့မယ်။ အန္တာရာယ်ကို မခံစားမိတဲ့အခါ ကိုယ့်ကိုကိုယ် ထိခိုက်အောင် လုပ်မိနိုင်တယ်”

“သတိမပေါ့ကြနဲ့”

အသက်လတ်ပိုင်းအရွယ် ဆရာဝန်မက မျက်မှောင်ကို ကြုတ်ရင်း လူနာအခန်းထဲမှ ကောင်ငယ်လေးကို ကြည့်ကာ မျက်နှာက စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာသည်။

401 03

ဒါတွေ သူတို့က မိဘမဲ့ဂေဟာရှိ ကလေးများအားလုံး၏ ခန္တာကိုယ်ကို စစ်ဆေးပေးခဲ့ရာတွင် အဆိုးရွားဆုံးသော အထီးကျန် စိတ်ဝေဒနာကို ခံစားနေရသူကို တွေ့မြင်ရခြင်း ဖြစ်သည်။ တစ်ရက်ထဲတွင် ကလေးက စကားတစ်ခွန်းမှ မတုံ့ပြန်လာပေ။

စစ်ဆေးမှုတစ်ခုချင်းစီတိုင်းတွင်လည်း ထိုရှောင်မုန့်အမည်ရသော ကလေးကလည်း ပါးစပ်ထောင့်ကိုသာ ကိုက်ထားပြီး စိုးရိမ်ပူပန်မှုကြောင့် သွေးများပင် ထွက်လာသည်။

“ဟုတ်ကဲ့”

အနားတွင် စောင့်နေသော သူနာပြုမက ခေါင်းကို ညိတ်ပြီး မှတ်တမ်းတင်သည်။

“ဒေါက်တာ ရွှီ။ ကောင်းကင်ပြာတိရစ္ဆာန်ရုံက တိရစ္ဆာန်တွေက ဒီလိုရောဂါမျိုးကို ကုသနိုင်မယ် ထင်လား”

“ငါ မသိဘူး”

အသက်လတ်ပိုင်းအရွယ် ဒေါက်တာ ရွှီက ခေါင်းကို ညှင်သာစွာ ခါသည်။

“စိတ်ကျရောဂါကိုတော့ ကုနိုင်တယ်။ ဒါပေမဲ့ … ဒီလို အထီးကျန် စိတ်ဝေဒနာကို ကုသနိုင်မလား ဆိုတာကတော့ အတည်ပြုရအုန်းမယ်။ နောက်ပြီး ငါတို့က ချင်တုနဲ့ တအားဝေးတယ်”

“အဲဒီကိုသာ ကလေးတွေ အသုတ်လိုက်ခွဲပြီး သွားမယ်ဆိုရင်တော့ အချိန်ကြာအုန်းမှာ”

“မိဘမဲ့ဂေဟာကနေ စစ်ဆေးမှုကို ခံယူဖို့ စောင့်နေတဲ့ ကလေးတွေလည်း အများကြီးပဲ။ ခက်လိုက်တာ”

ဒေါက်တာ ရွှီက သက်ပြင်းချသည်။ ကလေးတိုင်းနီးပါးကလည်း သူတို့ကို နေ့တိုင်းလိုလို လမ်းပြပေးမည့် သူနာပြုများ လိုအပ်သည်။ သူတို့ဆေးရုံကလည်း မိဘမဲ့ဂေဟာမှ ပို့လိုက်သော ကလေးတိုင်းက အနည်းနှင့်အများ ဆိုသလို စိတ်ကျန်းမာရေး ရောဂါများ ရှိနေမည်ဟု မထင်ထားမိပေ။ သို့သော် တချို့ကဆိုလျှင် တော်တော်လေး ပျော့သေးသည်။ ထိုကြောင့် အချိန်တစ်ခုကြာ ကုသပေး၍ ရလောက်သည်။ သို့သော်

ထိုအပြင် အလယ်လတ်အဆင့် သို့မဟုတ် အလွန်အမင်း ပြင်းထန်လွန်းသော စိတ်ရောဂါကို ခံစားနေရသော ကလေးများလည်း များပြားသေးလေသည်။ ထိုကလေးများကိုမှု ဆေးရုံတွင် စောင့်ကြည့်ရန် ခေါ်ထားရသေးသည်။

ထိုအပြင် သူတို့သည်လည်း သာမန်ခန္တာကိုယ်နှင့် ကလေးများသာ ဖြစ်သည်။ မိဘမဲ့ဂေဟာတွင်မှု အများစုက ဒုက္ခိတများ ဖြစ်သည်။ ထိုကြောင့် ဒေါက်တာရွှီက ကလေးများ၏ အခြေအနေကို တွေးတောပြီးနောက် သူမ့နှလုံးသားက ဓားနှင့် အခွဲခံရသလို ခံစားရသည်။ သို့ရာတွင် ဆေးရုံတွင်လည်း ဒေါက်တာများသာ ရှိသည်။ သူတို့သည် အတတ်နိုင်ဆုံး ကြိုးစားပြီး ကလေးများကို ကုပေးနေကြ၏။ အကောင်းဆုံး ကုသရေးနည်းလမ်းကမှု ကောင်းကင်ပြာတိရစ္ဆာန်ရုံကိုသာ အသုတ်လိုက်ခွဲပြီး ပို့ရတော့ပေမည်။

လူအများစုကလည်း တိရစ္ဆာန်များဟာ ထိုရောဂါကို ကုသနိုင်ခြေ ရှိမရှိအပေါ် သံသယဝင်နေကြသေးသော်လည်း ဒါပေမဲ့…

ဒါကလည်း မျှော့်လင်ချက်ပါပဲ။

သူလည်း ဒီကလေးတွေက အောင်အောင်မြင်မြင်နဲ့ သက်သာသွားဖို့ မျှော့်လင့်တယ်။

++++++ 402 01

အခန်း 402

“ဟေး ဘယ်သူလဲ”

“ဒီလို ဝင်လာလို့ မရဘူးလေ”

“မြန်မြန် ထွက်သွား”

ရုတ်တရက် ရွံ့များ ပေကျန်နေသော လူငယ်တစ်ယောက်က အဝေးရှိ လှေကားထစ်များထံမှ ဝင်ရောက်ပြီး ဘေးဘီကို ကြည့်နေသည်။ အနားရှိ သူနာပြုက ချက်ချင်း ဆူ၏။

“ငါတို့က အချိန်တစ်ခုကြာ အတောအတွင်း အင်တာဗျူးတွေ လက်မခံသေးဘူး။ ကျေးဇူးပြုပြီး ဒီနေရာက ကလေးတွေကို လေးစားပေးလို့ ငါတို့ရဲ့ အလုပ်ကို ဝင်မပါပါနဲ့”

“အား”

“တောင်းပန်ပါတယ်”

ဆုပိုင်က ကိုးရိုးကားရား ဖြစ်သလိုမျိုး ပြုံးလိုက်ရင်း လှည့်ထွက်လိုက်သည်။

“ဒါရိုက်တာ ဆုပိုင်”

ထိုအချိန်တွင် ဆေးရုံအခန်းတံခါးနားရှိ ကောင်မလေးတစ်ယောက်က ကြောက်လန့်တကြား လှမ်းအော်သည်။

“တန်ချုံးလား”

ဆုပိုင်က အနားသို့ သွားလိုက်ပြီးနောက် ကောင်မလေး၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ခပ်တိုးတိုး မေးသည်။

“ဘာလို့ ဒီကို ရောက်နေတာလဲ”

“ကျန်တဲ့ ကလေးတွေ ဘယ်မှာလဲ”

“သူတို့ အားလုံး ဒီမှာ။ ဆရာက မရှိတော့ဘူး။ သမီးတို့ … သမီးတို့အားလုံး ခန္ဓာကိုယ် စစ်ဆေးဖို့ အပို့ခံလိုက်ရတာ။ သူတို့က ပြောတယ်။ သမီးတို့က … သမီးတို့က ဖျားနေတာတဲ့”

တန်ချုံးက သူမ၏လက်များကို ညှစ်ရင်း ထစ်ထစ်အအ ပြောသည်။

“အားလုံး ဒီမှာလား”

ဆုပိုင်က ရုတ်တရက် သိလိုက်သည်။ ကြည့်ရသည့်မှာ စနစ်က သူ့ကို ရှမ်းတုသို့ ပို့လိုက်သည့်အချိန်တွင် ဆေးရုံက ထိုအထီးကျန် စိတ်ဝေဒနာရှိသော ကလေးများကို ဖြေရှင်းပေးခဲ့ပုံပေါ်သည်။

“ဒါဆိုရင်လည်း အဲဒီကလေးတွေဆီကို ငါ့ကို ခေါ်သွားပေးမလား”

သူသည် လက်ကို ဆန့်ထုတ်၍ အရှေ့မှ ကလေးမလေးကို ဆွဲလိုက်သည်။ ဆုပိုင်က အဝေးရှိ ဆရာဝန်ထံသို့ တစ်လှမ်းချင်းစီ လျှောက်သွားသည်။

“ဟယ်လို ငါ ဒီကလေးကို သိတယ်။ … ဆေးရုံက အဲဒီကလေးတွေရဲ့အခြေအနေကို ငါကြည့်လို့ ရမလား”

“ရှင်က ကောင်းကင်ပြာတိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာ ဆုပိုင်လား”

ဒေါက်တာရွှီက အရှေ့မှ လူငယ်ကို ကြည့်ပြီး တအံ့တဩ ပြောသည်။

“ရတယ်။ ရတယ်။ ကျွန်မ ရှင့်ကို အဲဒီကလေးတွေရဲ့ အခြေအနေကို ကြည့်ဖို့ ခေါ်သွားပေးမယ်”

အသက်လတ်ပိုင်းအရွယ် ဆရာဝန်နောက်မှ လိုက်ပြီးနောက်တွင် ဆုပိုင်က ဆေးရုံအခန်း တစ်ခန်းပြီး တစ်ခန်းကို ကျော်ြဖတ်သည်။ သူ၏မျက်နှာက ပို၍ လေးလံလာသည်။

“အား”

402 02

ဒေါက်တာ ရွှီက သက်ပြင်းချပြီး လျှောက်လမ်း၏အဆုံးနား ပြတင်းပေါက်နားတွင် ရပ်၍ လေးလံသော အသံနှင့် ပြောသည်။

“အခြေအနေက အရမ်းဆိုးတယ်။ ဒါရိုက်တာ ဆုပိုင် ရှင်လည်း ကလေးတိုင်းက အရမ်းတိတ်နေတာကို မြင်နိုင်တာပဲ။ သူတို့ကို လမ်းညွှန်ပေးဖို့ တော်တော်လေးကြာမှာ။ ဒီကလေးတွေက အပျော့စားလက္ခဏာ ရှိတဲ့ လူတွေ။ တချို့ကဆိုရင် ၂၄ နာရီလုံး အဖော်ပြုပေးဖို့ လိုအပ်နေတယ်”

“တိရစ္ဆာန်ရုံက ဒီကလေးတွေကို ကုသမဲ့နေရာမှာ ကူညီပေးနိုင်မယ်လို့တော့ ငါမသိဘူး။ ဒါပေမဲ့ ငါတို့ရဲ့ ဆေးရုံက လူတွေကတော့ တိရစ္ဆာန်တွေက စိတ်ကျရောဂါရှိတဲ့ လူနာတွေကို ကုသပေးနိုင်တယ်။ ဒါပေမဲ့ ဒီအထီးကျန် စိတ်ဝေဒနာရှိတဲ့ ကလေးတွေကတော့ လူတွေနဲ့ ဆက်သွယ်ဖို့ တော်တော်လေးကို တွန်းလှန်တယ်။ ဒါကြောင့် အလုပ်ဖြစ်မဖြစ် ဆိုတာကတော့ ငါတို့လည်း …”

“…”

“ငါဒီနေ့ တိရစ္ဆာန်နည်းနည်း ယူလာခဲ့တယ်။ အရင်ဆုံး စမ်းကြည့်ရအောင်”

ဆုပိုင်က တစ်ခဏခန့် တွေးတောပြီးနောက် ခေါင်းကို မော့ကာ ခပ်တိုးတိုး ပြောသည်။

“တကယ်လား”

ဒေါက်တာ ရွှီ၏ မျက်လုံးက ချက်ချင်း ပြူးသွားသည်။

“ခဏစောင့်အုန်း။ ဒါရိုက်တာ ဆုပိုင် ငါတို့ ဆေးရုံက ဒေါက်တာတွေအားလုံးကလည်း တိရစ္ဆာန်တွေက လူတွေနဲ့ ဘယ်လိုဆက်သွယ်မလဲ၊ စိတ်ရောဂါကို ဘယ်လိုကုသမလဲဆိုတာကို အရမ်းစိတ်ဝင်စားကြတာ။ ငါတို့ အပြင်ဘက်ကနေ ရပ်ကြည့်ပြီး စောင့်ကြည့်မယ်ဆိုရင် အဆင်ပြေလောက်မလား”

“အွန်း ဒါပေမဲ့ အောင်မြင်မလားတော့ မသိဘူး”

ဆုပိုင်က ခေါင်းကို ညိတ်၍ ထပ်မေးသည်။

“ဒီကလေး‌တွေက ဘယ်လို တုံ့ပြန်မှုမျိုး ရှိရင် အစောပိုင်းအဆင့် အောင်မြင်မှုလို့ ပြောနိုင်တယ်”

သိသာစွာပင် လူနာများ၏စိတ်ကျရောဂါများက တိုးတက်မှု ပြသလာသောအခါ သူတို့သည် တိရစ္ဆာန်များနှင့် စတင်ကာ ကစားတတ်သည်။ တိရစ္ဆာန်များကို အရင် စရှာကြ၏။ များများစားစားပြောရသော် ကလေးများ၏နှလုံးသားက အစပိုင်း စဖွင့်သည့်ဟု ပြော၍ ရသည်။

သို့သော် အထီးကျန် စိတ်ဝေဒနာရောဂါအတွက်ကမှု ဆုပိုင်ကိုယ်တိုင်ကလည်း နားမလည်သေးပေ။

“ဟူး”

ဒေါက်တာ ရွှီက နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်လိုက်ပြီး ခပ်တိုးတိုး ပြောသည်။

“ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးများအတွက် သူရဲ့အာရုံကိုသာ ဆွဲဆောင်နိုင်ပြီး သူ့ကို ကြည့်ချင်စိတ် ရှိအောင် လုပ်ပေးနိုင်တဲ့ အခြေခံအားဖြင့် အောင်မြင်ပြီ။ သူတို့က စိတ်ကျရောဂါခံစားနေရတဲ့ ကလေးတွေလိုမျိုး တိရစ္ဆာန်တွေနဲ့ ကစားမယ်ဆိုရင်တော့ ဒီနည်းလမ်းက အရမ်းကို အောင်မြင်တာပေါ့။ ကုသနိုင်ဖို့တောင် ဖြစ်နိုင်တယ်”

“ငါ နားလည်ပြီ”

ဆုပိုင်ကလည်း နားလည်ကြောင်း ပြောသည်။

“ရှောင်လျို့ သွား။ ဌာနတိုင်းက ဒေါက်တာတိုင်းကို ဒီနေရာမှာ ခပ်မြန်မြန် စုစည်းဖို့ ဆက်သွယ်လိုက်။ ဒါက ဘဝတစ်သက်မှာ တစ်ကြိမ်ပဲ ရနိုင်တဲ့ အခွင့်အရေး”

ဒေါက်တာ ရွှီက အဝေးမှ သူနာပြုကို လက်ရမ်းပြသည်။

“ဟေး”

သူနာပြုက ဆုပိုင်ကို ကြည့်ပြီးနောက် လှေကားများထံ အလျင်အမြန် သွားလိုက်သည်။

“တန်ချုံးကို ငါ့ကို ကူညီပြီး ဂရုစိုက်ပေးနိုင်မလား”

ဆုပိုင်က ထိုနေရာတွင် ရပ်နေသော ကလေးမလေးကို ကြည့်လိုက်ပြီးနောက် ကျောပိုးအိတ်ကို ညှင်သာစွာ ဖွင့်၍ ရှဉ့်တစ်ကောင်ကို ထုတ်ကာ လက်ဖဝါးထဲသို့ ထည့်ပေးသည်။

402 03

“အား”

တန်ချုံးက တအံ့တဩ အော်ပြီးနောက် ချက်ချင်း လွှတ်ပစ်လိုက်ချင်သည်။ သို့သော် ထိုတိရစ္ဆာန်လေးက ပြုတ်ကျသွားမည်ကို စိုးရိမ်ပြီး ခပ်မြန်မြန် ပွေ့ဖက်လိုက်၏။

“ဒါဆိုရင် သမီး … သမီး ဂရုစိုက်လို့ ရလား”

“ဒါရိုက်တာ ဆုပိုင်က ခဏနေရင် အရေးကြီးတဲ့ ကိစ္စတွေနဲ့ အလုပ်များနေမှာဆိုတော့ ဒါလေးကို ဂရုစိုက်ပေးဖို့ သမီးကိုပဲ တာဝန်ပေးရတော့မယ်။ လုပ်နိုင်တယ် မှတ်လား”

သူ၏အ‌ရှေ့မှ တန်ချုံးက ရောဂါအနည်းဆုံး ဖြစ်သည်။ သူမက ဒီအတိုင်း အငုံ့စိတ်ရှိနေရုံသာ ဖြစ်သည်။ ထိုကြောင့် ဆုပိုင်သည်လည်း သူမအား ထိုရှဉ့်လေးကို ဂရုစိုက်ခွင့်ပြုလိုက်သည်။ မည်သို့ပင်ဆိုစေ သူမကို အားပေးကာ ယုံကြည်မှု ရှိစေမဲ့ နည်းလမ်းလည်း ဖြစ်လေသည်။

“သမီး”

တန်ချုံးက လွန်ကဲလွန်းစွာ ချစ်စရာကောင်းသော အကောင်လေးကို တစ်ချက်ကြည့်ပြီး နှုတ်ခမ်းလေးကို တင်းတင်းစေ့ပိတ်ကာ ခေါင်းကို လေးလံစွာ ညိတ်သည်။

“သမီး သေချာပေါက် ဂရုစိုက်မှာပါ”

“ကောင်းပြီ။ ဒါရိုက်တာ ဆုပိုင်က ယုံတယ်နော်”

“လူတွေက သူရဲ့လည်ပင်းကို ညှင်သာစွာ ကုတ်ပေးတာကို သူကြိုက်တယ်။ စမ်းကြည့်လေ”

ဆုပိုင်က တန်ချုံးအား ရှဉ့်လေးနှင့် မည်သို့ ဆက်သွယ်ရမည်ဖြစ်ကြောင်း သင်ပေးချိန်တွင် ဆရာဝန်တစ်အုပ်ကလည်း လှေကားများထံသို့ အပြေးအလွှားလာသည်။

“အိုး ဒါရိုက်တာ ဆုပိုင် မင်းလာတာ ကောင်းလိုက်တာ။ ငါတို့ဆေးရုံကြီး တစ်ခုလုံးကလေ ကောင်းကင်ပြာတိရစ္ဆာန်ရုံက တိရစ္ဆာန်တွေက စိတ်ရောဂါခံစားနေရတဲ့သူတွေကို ဘယ်လို ကုသမလဲဆိုတာကို အရမ်း စိတ်ဝင်စားနေတာ။ ငါတို့လည်း မင်းက ကိုယ်တိုင်ကိုယ်ကျ လာမယ်လို့ မထင်ထားဘူး”

“ဒီကလေးတွေရဲ့ ကိုယ်စား ရိုးသားစွာနဲ့ ကျေးဇူးတင်ပါတယ်”

လူအိုကြီးတစ်ယောက်က ဆုပိုင်၏လက်ကိုကိုင်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

“ငါတို့ရဲ့ဆေးရုံက စိတ်ကျရောဂါခံစားရတဲ့ ကလေးအများစု ရှိပေမဲ့ တိရစ္ဆာန်ရုံနဲ့ အရမ်းဝေးလွန်းတယ်လေ။ ချင်တုက လူနာအရေအတွက်ကလည်း တော်တော်လေးကို ကိုင်တွယ်ဖို့ များတယ်။ ငါတို့”

“ဟားဟား အနာဂတ်မှာ တဖြည်းဖြည်း အဆင်ပြေသွားပါလိမ့်မယ်”

ဆရာဝန်တိုင်းက အရမ်း စိတ်လှုပ်ရှားနေကြသည်။ ဆုပိုင်က ညှင်သာစွာ ပြုံးပြီး ပြောသည်။

“ဘာပဲဖြစ်ဖြစ် အခုတိရစ္ဆာန်ရုံမှ တိရစ္ဆာန်တွေက အကန့်အသတ်နဲ့ပဲ။ နောက်ပြီး စိတ်ရောဂါကုသပေးနိုင်တဲ့ တိရစ္ဆာန်တွေရဲ့ အရေအတွက်ကလည်း နည်းတယ်။ အနာဂတ်မှာတော့ ပိုပိုပြီး များလာမှာပါ။ ခင်ဗျားတို့ရဲ့ လူနာတွေကို တိရစ္ဆာန်ရုံကို ခေါ်လာပေးလို့ ရတယ်”

“ဒီနေ့ ဘယ်ကလေးကို အရင် စမ်းကြည်ကြမလဲ”

“ပထမဦးဆုံးအကြိမ်ဆိုတော့ ငါကိုယ်တိုင်လည်း မသေချာဘူး”

“ဒါဆိုရင် ဘာလို့ ရှောင်မုန့်နဲ့ မစမ်းကြည့်တာလဲ။ သူ့အခြေအနေက အဆိုးဆုံးလေ။ သူသာ တုံ့ပြန်မယ်ဆိုရင်တော့ ဒီနည်းလမ်းက ကုသလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”

လူအိုကြီးက တစ်ခဏခန့် တွေးတောပြီးနောက် အသက်ကို ပြင်းပြင်းရှုပြီး ပြောသည်။

“အိုး ဒါက တိရစ္ဆာန်လေးလား”

“ဒီကောင်လေးက ချစ်ဖို့ကောင်းလိုက်တာ။ ဒီလို တိရစ္ဆာန်လေးသာဆိုရင်တော့ မျှော်လင့်ချက် ရှိလောက်မယ်လို့ ထင်တယ်”

“ဟုတ်တယ်။ ဟုတ်တယ်။ ဒါက ဒါရိုက်တာ ဆုပိုင်ရဲ့ နောက်ဆုံး တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက ရှဉ့်လေး မဟုတ်လား။ ငါ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ထားတယ်။ ဒီကောင်လေးတွေက အရမ်းညာဏ်ကောင်းတာ”

402 04

ဆရာဝန်များကလည်း တန်ချုံး၏ ရင်ခွင်ထဲမှ အကောင်လေးကို ဝိုင်းကာ ကြည့်နေကြသည်။

“နင်တို့ သူ့ကို ထိခိုက်အောင် လုပ်လို့ မရဘူးနော်။ ငါ ကာကွယ်မှာ”

လူတိုင်းက သူမကို ကြည့်နေတာ မြင်၍ တန်ချုံးက ခေါင်းကို ခပ်မြန်မြန် မော့လိုက်ပြီးနောက် နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်ကာ သတ္တိစုစည်း၍ ပြောသည်။ ဆရာဝန်များက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးနောက် ထူးဆန်းသော အမှုအရာဖြင့် ခေါင်းညိတ်ကြသည်။

“ငါ မှတ်မိတာ မှန်မယ်ဆိုရင် ဒီကလေးမလေးမှာလည်း အသေးစား အထီးကျန် စိတ်ဝေဒနာ ရှိတာပဲ။ ဒါပေမဲ့ ငါတို့ကိုတောင် ရဲရဲဝံဝံနဲ့ စကားလာပြောမယ်လို့ မထင်ထားဘူး။ ဒါက”

“ကြည့်ရတာ မျှော်လင့်ချက်အကြီးကြီး ရှိနေတာ”

လူအိုကြီးက တန်ချုံးကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။ ကုသနည်းအသစ်များ ထွက်ပေါ်လာခြင်းထက် စိတ်လှုပ်ရှားစရာ ကောင်းနေသည်။

“ဒါရိုက်တာ ဆုပိုင် ငါတို့ ဘယ်လို ပြင်ဆင်မှုမျိုးတွေ လိုအပ်လဲဆိုတာကိုတော့ ငါ မသိဘူး။ ဒီအတိုင်း မင်း လိုချင်တာကိုသာ ပြောလိုက်ပါ။ ငါတို့ အပြီးအဝ ပူးပေါင်းပေးမယ်”

“အား မလိုပါဘူး။ တံခါးသာ ဖွင့်ပြီး ငါ့ကို ဝင်ခိုင်းပါ”

ဆုပိုင်က တံခါးဝတွင် ရပ်လိုက်ပြီး လက်ကို တစ်ချက်ရမ်းပြီး တစ်စုံတစ်ရာကို ပြောသည်။ ထိုနောက် တံခါးကို ဖွင့်ကာ ဝင်သွားသည်။

ခုတင်၏ စားပွဲအရှေ့တွင် ရပ်ပြီးနောက်တွင် သူဟာ ရှဉ့်လေး ၉ ကောင်ကို ထုတ်လိုက်သည်။

ဆရာဝန်များကလည်း လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဖိဆုပ်ရင်း အခန်းထဲရှိ စားပွဲပေါ်တွင် ရပ်နေသော သေးငယ်သော အကောင်ငယ်လေးများကို စိုက်ကြည့်နေကြလေသည်။

******

All Chapters